Unicode
အပိုင်း ၂၂
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ
Author - ဆာရာမူး
ခြောက်လကြာပြီးနောက်
လူချော ရေမိုးချိုးသန့်ရှင်းရေးလုပ်ပြီးသည်နှင့် ခုတင်ပေါ်ပစ်လှဲလိုက်သည်။
"ဟဲလို...."
"ကိုကြီး...ထမင်းစားပြီးပြီလား...."
"စံနဲ့ဖုန်းပြောပြီးမှ စားမယ်...."
"ဟင့်အင်း....စားပြီးလည်း ဖုန်းပြန်ပြောရမှာပဲ....."
"စံလေးဒီနေ့ စောစောအိပ်လေ....မနက်ဖြန်ပွဲအတွက် အိပ်ရေးဝနေမှဖြစ်မှာ...."
"ဟုတ်ကဲ့ပါကိုကြီးရဲ့..."
ချစ်သူနဲ့ဖုန်းပြောတာဆိုတော့ စကားတွေက ဟိုရောက်လိုက်ဒီရောက်လိုက်နှင့် ပြောမကုန်နိုင်အောင် ရှိနေသည်။သူ့လုပ်ငန်းကို ရန်ကုန်ကိုရွှေ့လိုက်ပြီးနောက်ပိုင်း သူလည်းစံတို့အိမ်မှာ မနေတော့ပေ။ဝယ်ထားတဲ့ခြံမှာပဲ ပြောင်းနေခဲ့သည်။စံလေးနဲ့ အမြန်ဆုံးလက်ထပ်ပြီး ကိုယ်ပိုင်ဘဝတစ်ခုကို တည်ထောင်ချင်လှပြီ။တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာလေ ကောင်မလေးကို ပိုချစ်လာလေမို့ ခွဲပြီးတော့မနေနိုင်တော့ပါ။
"ကိုကြီး ဘာတွေစဉ်းစားနေတာလဲ...."
"စံ့ကိုလက်ထပ်ခွင့်ရဖို့ ကိုယ့်မှာဘာတွေ လိုအပ်နေသေးလဲဆိုတာ စဉ်းစားနေတာ...."
ဒီဘက်မှာ စံ့အသံလေး တိတ်သွား၏။သူမလည်း ကိုကြီးကိုလက်ထပ်ချင်ပါသည်။မခွဲအတူ ရှိနေချင်သည်။ဒါပေမဲ့ဦးနှောက်ထဲက မေ့ပျောက်ထားတဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်မနှိုးဆွချင်၍ အချိန်တွေဆိုင်းနေခဲ့ခြင်းသာဖြစ်၏။သူမ ရင်ဆိုင်မှဖြစ်တော့မည်။
"ကိုကြီး......"
"ဗျာ....."
"မနက်ဖြန်ပွဲပြီးရင် ကိုကြီးကို ပြောစရာရှိတယ်....."
"အခုပြောလို့မရဘူးလား....."
"ဟင့်အင်း....အခုမပြောချင်ဘူး...."
"စံ့သဘောပါ....ကိုယ့်ကို လက်မထပ်ဘူးလို့ငြင်းဖို့တော့ မဟုတ်ပါဘူးနော်...."
"မဟုတ်ပါဘူး...စံကသာ ကိုကြီး စံ့ကိုအရင်လိုမချစ်တော့မှာ ကြောက်နေတာ....."
"ဘာကိုကြောက်နေရမှာလဲ.....ကိုယ့်ဘဝမှာ မင်းကိုမှမရရင် ဘုန်းကြီးပြန်ဝတ်ဖို့ပဲရှိတော့တယ်...."
"တကယ်ပေါ့....."
"စံလေးကို ဘယ်တော့မှ ခွဲမသွားဘူး....အဲ့ဒါယုံထား...."
"ဟုတ်....."
"အဲ့ဒါဆို အိပ်တော့နော်...မနက်ကျ ကိုယ်လာကြိုမယ်....."
"ဟုတ်...ကိုကြီး..."
ဖုန်းလေးချပြီး စံငိုင်နေ၏။စတွေ့တုန်းကလွဲခဲ့ပေမဲ့ အဆုံးသတ်တော့ လက်တွဲပါရစေ ကိုကြီးရယ်.....
💮💮💮💮💮💮💮💮💮💮💮💮
"နွယ်ရုံ အဆင်သင့်ဖြစ်ပြီလား...."
"အကုန်ပြီးပြီ မစံ......"
* ဟူး....
သူမစိတ်လှုပ်ရှားစွာထရပ်ရင်း သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်သည်။
"မစံ စိတ်လှုပ်ရှားနေတာလား...."
"အေးပေါ့ဟယ်.... ဒီတစ်ခေါက်အောင်မြင်မှုက ငါ့ဘဝအတွက် အရေးကြီးတယ်...."
"မစံလုပ်နိုင်မှာပါ...."
ဟုတ်ပါတယ် ငါလုပ်နိုင်မှာပါ...
ကိုယ့်ကိုယ်ကိုယ်အားပေးပြီးနောက် သူမစင်ရှေ့သွားဖို့ ပြင်ဆင်လိုက်သည်။
💮💮💮💮💮💮💮💮💮💮💮💮
ဒီတစ်ခါယှဉ်ပြိုင်ရမယ့်ပွဲက စံ့အတွက်အရေးကြီးသည်။ဒီနေ့ပွဲမှာ သီဆိုယှဉ်ပြိုင်မယ့်သူတွေအားလုံးဟာ ဂီတလောကမှာ နာမည်ရထားသူများပင် ဖြစ်သည်။ကိုယ်ရဲ့သီချင်းအသစ်နဲ့ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး လူကြိုက်အများဆုံးဆုကို ပရိတ်သတ်တွေရဲ့ voting စနစ်နဲ့သာ အကဲဖြတ်မည်လို့ ကြေညာထားပါသည်။ချောအိန္ဒြေအလှည့်ပြီးတဲ့နောက်မှာ သူမဆိုရမည်။
* ဖြောင်း.....ဖြောင်း.....ဖြောင်း.....
ချောအိန္ဒြေ သီချင်းဆိုပြီးသည့်နောက်မှာ လက်ခုပ်သံတွေ ထွက်ပေါ်လာ၏။သိပ်မကြာခင် သူမနာမည်ခေါ်တော့မည်မို့ အသင့်အနေအထားပြင်ထားသည်။
စင်ပေါ်ကဆင်းလာတဲ့ ချောအိန္ဒြေ
သူမအနားရောက်လာ၏။
"ပင်တိုင်စံ...ဒီတစ်ပွဲမှငါမနိုင်ရင် ဂီတလောကထဲကနေ အပြီးထွက်သွားမယ်..."
"အဲ့ဒါ ငါနဲ့ဘာဆိုင်လဲ..."
"ဆိုင်တော့ မဆိုင်ပါဘူး....ဒါပေမဲ့ စွမ်းအတွက်...နင်ဒီလောက်တော့ ခံစားရသင့်တယ်ထင်လို့......."
"နင်....."
ချောအိန္ဒြေရဲ့နှုတ်မှ စွမ်း ဆိုတဲ့နာမည်ကို ကြားလိုက်သည်နှင့် စံ့မျက်နှာ ကွက်ခနဲ ပျက်သွား၏။ပွဲမစခင် စံ့ကိုမဆိုနိုင်အောင် တမင်စိတ်ရှုပ်စေချင်၍ပြောတယ်လို့ယူဆပြီး သူမစကားတွေကို လျစ်လျူရှု၍ စင်ပေါ်တက်ဖို့ပြင်လိုက်သည်။
ဒီတစ်ခေါက် စံဆိုမယ့်သီချင်းက ချိုချိုအေးအေးလေးဖြစ်ပြီး ကိုကြီးအတွက်ရည်ရွယ်ပြီး ဖွဲ့ဆိုထားတာ ဖြစ်သည်။သံစဉ်နဲ့အတူ ခန္ဓာကိုယ်လေးကို လှုပ်ယမ်းရင်း ယိမ်းနွဲ့သီဆိုနေ၏။သူမသီချင်းသံဆုံးသည်နှင့် အားပေးကြတဲ့ပရိတ်သတ်တွေဆီမှ လက်ခုပ်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာသည်။
💮💮💮💮💮💮💮💮💮💮💮
စံတို့ နားနေခန်းထဲရောက်သောအခါ.....
"စံ ရေသောက်ဦးမလား...."
"အင်း......"
ကိုကြီးဖွင့်ပေးတဲ့ရေဘူးကို မော့သောက်လိုက်၏။
"ရင်ခုန်နေလား....."
"နည်းနည်းတော့ စိတ်လှုပ်ရှားတာပေါ့...."
"စံလေးရမှာပါ..."
ကိုကြီးက စံ့ခေါင်းလေးကို ပွတ်၍ အားပေးစကားပြောလေသည်။ပြိုင်ပွဲက တစ်ယောက်ပဲကျန်တော့သည်။ဒီတစ်ယောက်ပြီးသည်နှင့် voting စနစ်စတော့မည်။
"မစံ....မစံ မဲရလဒ်တွေ တက်နေပြီ ကြည့်မှာလား...."
"တော်ပြီ မကြည့်ရဲဘူး...."
မဲအရေအတွက်တွေကို ပရိုဂျက်တာပေါ်တွင် အချိန်နဲ့တပြေးညီထိုးပြထား၏။ Vote တဲ့အရေအတွက် မပြီးသေး၍ အဆိုတော်တွေရဲ့ နာမည်အောက်မှဂဏန်းလေးတွေက အပြောင်းအလဲဖြစ်နေသည်။
Breaking News
"အဆိုတော်ပင်တိုင်စံက လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကောင်လေးတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးခဲ့ဖူးသည်။မိဘတွေက ဇွတ်အတင်းလိုက်ခွဲတော့ ထွက်ပြေးကြရင်းနဲ့ သူ့ကောင်လေးက ကားမှောက်ပြီး သေသွားတာတဲ့….."
"ဟယ်သတင်းကြီးက အောလီကြီး…ဒါနဲ့များ မီဒီယာရှေ့တွေမှာ အပျိုလို့ ဖြေရဲသေးတယ်နော်...."
"ဟုတ်ပဟယ်….အရှက်လည်းမရှိဘူး…."
"တော်ပြီဟေ့….ဒီကောင်မကို မ vote တော့ဘူး…."
"ဒီသတင်းက မှန်လားမသိ မှားလားမသိနဲ့…..လိုင်းပေါ်တက်တိုင်းယုံရလို့လား…."
"ငါတို့ကတော့ ပင်တိုင်စံရဲ့ အနုပညာကိုချစ်တာ…သူ့ဟာသူ အိုအိုပျိုပျို စိတ်မဝင်စားဘူး… vote မှာပဲ….."
သတင်းတက်လာသည်နှင့်အမျှ ဝေဖန်ချက်တွေကလည်း တရှိန်ထိုးတက်လာသည်။Fb တခွင် အုတ်အော်သောင်းနင်းဖြစ်သွားပြီး ပင်တိုင်စံဆိုတဲ့ နာမည်အောက်မှာပြေးနေတဲ့ဂဏန်းလေးတွေက သိသိသာသာ လျော့ကျလာ၏။ voting စနစ်စသည့်အချိန်ရောက်မှ ဒီသတင်းက အချိန်ကိုက်တက်လာသည်။
"မစံ….မစံ…."
"ဟင်…..ဘာလဲ…အချိန်ပြည့်ပြီလား….ဘယ်သူအများဆုံးလဲ…."
"မဟုတ်ဘူး….မစံ…"
နွယ်ရုံမှာ မစံကိုတလှည့်…ကိုလူချောကိုတလှည့်ကြည့်ရင်း ဖုန်းကိုပြရမှာလည်း
ဝန်လေးနေသည်။
"ဘာဖြစ်လို့လဲ မလေးနွယ်ရုံ….."
ကိုလူချောကပါ ထပ်မေးလာတော့ နွယ်ရုံဖုန်းလေးကို ထိုးပေးလိုက်သည်။
စာတွေကိုဖတ်နေရင်း စံ့လက်တွေ တဆတ်ဆတ်တုန်လာသည်။တက်လာတဲ့ သတင်းကြောင့်မဟုတ်ဘဲ ကိုကြီးအထင်လွဲသွားပြီဆိုတဲ့ အတွေးတွေက စိုးမိုးနေ၏။
"စံ…..စံ…."
"ကိုကြီး စံ့ကိုအထင်လွဲသွားပြီမှတ်လား….."
"ကိုယ်…ကိုယ်…"
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ ကိုကြီးကိုကြည့်ပြီး စံမဲ့ပြုံးတစ်ချက်ပြုံးလိုက်၏။
"စံပြောပြမလို့ပါ….ကိုကြီးကိုလိမ်ခဲ့တာမဟုတ်ဘူး….."
"မဟုတ်ဘူး….ကိုယ်က…."
"ဟင့်အင်း…ဆက်မပြောနဲ့တော့ မကြားချင်ဘူး….."
စံ နားနှစ်ဖက်ကိုပိတ်၍ အခန်းထဲမှ ဇွတ်အတင်းပြေးထွက်ခဲ့သည်။နောက်မှာဘာဖြစ်ဖြစ် ဂရုမစိုက်တော့ပေ။အခုချိန်မှာ စံအလိုအပ်ဆုံးက ဒယ်ဒီ့ရင်ခွင်ပါ။
"စံနေဦး….."
"မစံမပြေးနဲ့လေ...."
"ဟိုမှာ ပင်တိုင်စံထွက်လာပြီ…."
စံပြေးသည့်နောက်ကို လူတွေကလိုက်လာသလို ဖုန်းတွေနဲ့လည်းအဆက်မပြတ် သတင်းယူနေကြသည်။
"ညီထူး စံထွက်လာပြီ…ကားစက်နှိုးထား…...အိမ်ကိုတန်းပို့...."
လူချော ညီထူးဆီဖုန်းလှမ်းဆက်ပြီး ပြောရုံသာတတ်နိုင်၏။လူအုပ်ကြီးရဲ့နောက်မှာသူကျန်နေခဲ့ပြီ။
💮💮💮💮💮💮💮💮💮💮💮💮
"အန်ကယ်....ပင်တိုင်စံရော....."
"ရှိတယ်မောင်လူချော....အန်ကယ် အခုပဲ အခန်းထဲပို့ခဲ့တာ...."
သူ စံ့နောက်ကနေ တောက်လျှောက်လိုက်လာရင်း အိမ်ကိုရောက်တော့ စံ့ဒယ်ဒီနဲ့မာမီပါရှိနေ၏။မျက်နှာတော့ မကောင်းကြပေ။
"သမီးလေးက အခုလောလောဆယ်တော့ တစ်ယောက်တည်းနေချင်ပုံပေါက်တယ်.....နွယ်ရုံ့ကိုတောင် သူ့အခန်းထဲ ပေးမဝင်ဘူး...."
"ကျွန်တော် ပင်တိုင်စံနဲ့ စကားပြောကြည့်လို့ရမလားအန်ကယ်....."
ဦးဇေယျာမင်း သူ့ရှေ့မှာထိုင်နေတဲ့ လူချောမျက်နှာကို အကဲခတ်လိုက်၏။သာမန်ထက်လွန်ကဲတဲ့ စိုးရိမ်ပူပန်မှုတွေကို မြင်တွေ့နေရသည်။
"ဟင်း....အခုတော့ သူ့တစ်ယောက်တည်း နေခွင့်ပေးလိုက်ပါဦး....အန်ကယ်တို့လည်း ဒီကိစ္စကို အကောင်းဆုံးဖြေရှင်းမှာပါ...."
သူဘာမှဆက်မပြောနိုင်တော့ဘဲ ခေါင်းကြီးငိုက်စိုက်နဲ့သာ ပြန်လာခဲ့သည်။စံက သူ့စိတ်ကိုအထင်လွဲနေသည်။အပျိုမဟုတ်လို့ အရင်လိုမချစ်တော့ဘူးလို့လည်း ထင်ကောင်းထင်ပေလိမ့်မည်။သူရှင်းပြချင်လှပါ၏။
💮💮💮💮💮💮💮💮💮💮💮💮
"မလေးနွယ်ရုံ စံ့ကိုဖုန်းလေးပေးပေးပါလား..."
"စံကမပြောချင်ဘူးတဲ့ ကိုလူချောရယ်...."
"ကျွန်တော့်ကို ခဏလေးပဲအချိန်ပေးပါလို့ ပြောပေးပါဗျာ..."
"ကျွန်မပြောတယ်ကိုလူချော....မစံကိုက ခါးခါးသီးသီးဖြစ်နေတာ...."
၃ ရက်တောင်ရှိနေပြီ။သူ နေ့တိုင်းသွားပေမဲ့ စံကထွက်မတွေ့ပေ။ဖုန်းခေါ်တော့လည်း စက်ပိတ်ထားသည်။လေးနွယ်ရုံကနေတဆင့် ဆက်သွယ်စကားပြောတော့လည်း လက်ခံမပြောပေ။သူနေလို့မရအောင် ဖြစ်လာ၏။စံ့ကိုတွေ့ရမှဖြစ်မည်။သူ စံ့ကိုဘယ်လောက်ချစ်ကြောင်း၊ သူ့အချစ်က ဘယ်လိုအကြောင်းမျိုးနဲ့မှပြောင်းလဲမှာမဟုတ်ကြောင်း ရှင်းပြရမည်။
💮💮💮💮💮💮💮💮💮💮💮💮
"မစံ....ကိုလူချောကို တကယ်မတွေ့တော့ဘူးလား...."
"ငါ....ငါ....သူ့စကားတွေကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး....."
"ဘာဆိုင်လို့လဲမစံရဲ့....ကိုလူချောကဖြင့် မစံကိုပဲ စိတ်ပူနေတာ...အဲ့ဒီကိစ္စကို သတိတောင်ရရဲ့လား မသိဘူး....."
စံကတော့ ဟိုတနေ့က ကိုကြီးရဲ့မျက်နှာကို မျက်စိထဲကမထွက်ပေ.....အံ့ဩပြီး စကားတောင် မပြောနိုင်ဘဲ စံ့ကိုသာ စိုက်ကြည့်လို့နေသည်။သူ့အကြည့်တွေကို စံမခွဲခြားနိုင်ပါ။စံ့ကိုအထင်သေးသွားတာလား...သူ့အပေါ်လိမ်ထားလို့စိတ်ပျက်သွားတာလား.....အတွေးပေါင်းများစွာနဲ့ စံ့မှာအဖြေလည်း မရှိပေ။
"မနက်ဖြန် တွေ့မှာလား မစံ..."
"ငါ တစ်ပတ်လောက်အခန်းအောင်းဦးမယ်....မီဒီယာပေါ်ဖြေရှင်းဖို့က ငါ့မှာရှိပြီးသားပါ....ကိုကြီးကိုပဲ ရင်မဆိုင်ရဲတာ...."
"ဟုတ်ကဲ့ပါမစံ....အဲ့ဒါဆို နွယ်ရုံ့အခန်းဆီ သွားတော့မယ်နော်...."
"အင်း..."
💮💮💮💮💮💮💮💮💮💮💮💮
ည ဆယ်နာရီ
"ဒေါက်...ဒေါက်...မစံ အိပ်ပြီလား...."
"ဘာလဲ နွယ်ရုံ....."
စံတံခါးအသာဟ၍ မေးလိုက်သည်။
"ကိုလူချော အနောက်ဖက်က အိမ်ထဲမှာရောက်နေတယ်........"
"ဟမ်....ဘာ...."
"ဟုတ်တယ်....မစံမလာမချင်းမပြန်ဘူးလို့ပြောတယ်...."
"ဒီအချိန်ကြီး သူ့ကိုဘယ်သူတံခါးဖွင့်ပေးတာလဲ....."
နွယ်ရုံမဖြေဘဲ ခေါင်းလေးအသာငုံ့လိုက်၏။
"ခက်ပါလားနွယ်ရုံရယ်....ဒယ်ဒီတို့သိသွားရင်....အရင်ပြဿနာမပြီးသေးဘူး...နောက်ပြဿနာကိုပါ ငါဖြေရှင်းရတော့မယ်...."
"နွယ်ရုံ....ကိုလူချောကို သနားလို့ပါ...."
"သွားတော့....သွား...."
"မစံသွားတွေ့လိုက်ပါနော်....အန်ကယ်တို့လည်း အခန်းထဲရောက်နေကြပါပြီ...ဘယ်သူမှလည်း မရှိကြတော့ပါဘူး...."
စံ ဘာမှဖြေမနေဘဲ အခန်းထဲသာဝင်ခဲ့ပြီး မှန်ရှေ့ထိုင်လိုက်သည်။သွားတွေ့ရင်ကောင်းမလား...မတွေ့ရင်ကောင်းမလား ဝေခွဲမရဖြစ်နေ၏။
စိတ်ကမပြတ်သားပေမဲ့ လူကအလိုက်သင့်ပဲ ခြေလေးဖော့၍ကိုကြီးနေခဲ့တဲ့ အိမ်လေးဆီသွားလိုက်သည်။
အပေါက်ဝရောက်တော့ တံခါးက ဟ ရုံသာ ဟ ထား၏။မီးလည်း ဖွင့်မထားပေ။
"ကိုကြီး...."
စံ အသံလေးခပ်အုပ်အုပ်နဲ့ ခေါ်လိုက်သည်။ပြန်ထူးသံမကြားရ၍ နောက်တစ်ခွန်း ထပ်ခေါ်ဖို့ရန် ပြင်လိုက်၏။
"ကို....အို့...အမေ့...."
အမှောင်ထဲမှာ စံ့နှုတ်ခမ်းလေးတွေနွေးသွားသည်။ရင်နှီးနေကျကိုယ်သင်းနံ့နဲ့ စံ့ကိုမူးမေ့စေမယ့်အနမ်းတွေက ကိုကြီးမှလွဲ၍ အခြားသူမရှိနိုင်ပေ။
To be continued
💙💙💙💙💙💙💙💙💙
Zawgyi
အပိုင္း ၂၂
#Normal #Fiction Name -
ကိုလူေခ်ာရဲ႕ ပင္တိုင္စံ
Author - ဆာရာမူး
ေျခာက္လၾကာၿပီးေနာက္
လူေခ်ာ ေရမိုးခ်ိဳးသန႔္ရွင္းေရးလုပ္ၿပီးသည္ႏွင့္ ခုတင္ေပၚပစ္လွဲလိုက္သည္။
"ဟဲလို...."
"ကိုႀကီး...ထမင္းစားၿပီးၿပီလား...."
"စံနဲ႔ဖုန္းေျပာၿပီးမွ စားမယ္...."
"ဟင့္အင္း....စားၿပီးလည္း ဖုန္းျပန္ေျပာရမွာပဲ....."
"စံေလးဒီေန႔ ေစာေစာအိပ္ေလ....မနက္ျဖန္ပြဲအတြက္ အိပ္ေရးဝေနမွျဖစ္မွာ...."
"ဟုတ္ကဲ့ပါကိုႀကီးရဲ႕..."
ခ်စ္သူနဲ႔ဖုန္းေျပာတာဆိုေတာ့ စကားေတြက ဟိုေရာက္လိုက္ဒီေရာက္လိုက္ႏွင့္ ေျပာမကုန္ႏိုင္ေအာင္ ရွိေနသည္။သူ႔လုပ္ငန္းကို ရန္ကုန္ကိုေ႐ႊ႕လိုက္ၿပီးေနာက္ပိုင္း သူလည္းစံတို႔အိမ္မွာ မေနေတာ့ေပ။ဝယ္ထားတဲ့ၿခံမွာပဲ ေျပာင္းေနခဲ့သည္။စံေလးနဲ႔ အျမန္ဆုံးလက္ထပ္ၿပီး ကိုယ္ပိုင္ဘဝတစ္ခုကို တည္ေထာင္ခ်င္လွၿပီ။တစ္ေန႔ၿပီးတစ္ေန႔ကုန္ဆုံးလာေလ ေကာင္မေလးကို ပိုခ်စ္လာေလမို႔ ခြဲၿပီးေတာ့မေနႏိုင္ေတာ့ပါ။
"ကိုႀကီး ဘာေတြစဥ္းစားေနတာလဲ...."
"စံ့ကိုလက္ထပ္ခြင့္ရဖို႔ ကိုယ့္မွာဘာေတြ လိုအပ္ေနေသးလဲဆိုတာ စဥ္းစားေနတာ...."
ဒီဘက္မွာ စံ့အသံေလး တိတ္သြား၏။သူမလည္း ကိုႀကီးကိုလက္ထပ္ခ်င္ပါသည္။မခြဲအတူ ရွိေနခ်င္သည္။ဒါေပမဲ့ဦးေႏွာက္ထဲက ေမ့ေပ်ာက္ထားတဲ့ အတိတ္ကအေၾကာင္းအရာေတြကို ျပန္မႏႈိးဆြခ်င္၍ အခ်ိန္ေတြဆိုင္းေနခဲ့ျခင္းသာျဖစ္၏။သူမ ရင္ဆိုင္မွျဖစ္ေတာ့မည္။
"ကိုႀကီး......"
"ဗ်ာ....."
"မနက္ျဖန္ပြဲၿပီးရင္ ကိုႀကီးကို ေျပာစရာရွိတယ္....."
"အခုေျပာလို႔မရဘူးလား....."
"ဟင့္အင္း....အခုမေျပာခ်င္ဘူး...."
"စံ့သေဘာပါ....ကိုယ့္ကို လက္မထပ္ဘူးလို႔ျငင္းဖို႔ေတာ့ မဟုတ္ပါဘူးေနာ္...."
"မဟုတ္ပါဘူး...စံကသာ ကိုႀကီး စံ့ကိုအရင္လိုမခ်စ္ေတာ့မွာ ေၾကာက္ေနတာ....."
"ဘာကိုေၾကာက္ေနရမွာလဲ.....ကိုယ့္ဘဝမွာ မင္းကိုမွမရရင္ ဘုန္းႀကီးျပန္ဝတ္ဖို႔ပဲရွိေတာ့တယ္...."
"တကယ္ေပါ့....."
"စံေလးကို ဘယ္ေတာ့မွ ခြဲမသြားဘူး....အဲ့ဒါယုံထား...."
"ဟုတ္....."
"အဲ့ဒါဆို အိပ္ေတာ့ေနာ္...မနက္က် ကိုယ္လာႀကိဳမယ္....."
"ဟုတ္...ကိုႀကီး..."
ဖုန္းေလးခ်ၿပီး စံငိုင္ေန၏။စေတြ႕တုန္းကလြဲခဲ့ေပမဲ့ အဆုံးသတ္ေတာ့ လက္တြဲပါရေစ ကိုႀကီးရယ္.....
💮💮💮💮💮💮💮💮💮💮💮💮
"ႏြယ္႐ုံ အဆင္သင့္ျဖစ္ၿပီလား...."
"အကုန္ၿပီးၿပီ မစံ......"
* ဟူး....
သူမစိတ္လႈပ္ရွားစြာထရပ္ရင္း သက္ျပင္းတစ္ခ်က္ကို မႈတ္ထုတ္သည္။
"မစံ စိတ္လႈပ္ရွားေနတာလား...."
"ေအးေပါ့ဟယ္.... ဒီတစ္ေခါက္ေအာင္ျမင္မႈက ငါ့ဘဝအတြက္ အေရးႀကီးတယ္...."
"မစံလုပ္ႏိုင္မွာပါ...."
ဟုတ္ပါတယ္ ငါလုပ္ႏိုင္မွာပါ...
ကိုယ့္ကိုယ္ကိုယ္အားေပးၿပီးေနာက္ သူမစင္ေရွ႕သြားဖို႔ ျပင္ဆင္လိုက္သည္။
💮💮💮💮💮💮💮💮💮💮💮💮
ဒီတစ္ခါယွဥ္ၿပိဳင္ရမယ့္ပြဲက စံ့အတြက္အေရးႀကီးသည္။ဒီေန႔ပြဲမွာ သီဆိုယွဥ္ၿပိဳင္မယ့္သူေတြအားလုံးဟာ ဂီတေလာကမွာ နာမည္ရထားသူမ်ားပင္ ျဖစ္သည္။ကိုယ္ရဲ႕သီခ်င္းအသစ္နဲ႔ ပါဝင္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး လူႀကိဳက္အမ်ားဆုံးဆုကို ပရိတ္သတ္ေတြရဲ႕ voting စနစ္နဲ႔သာ အကဲျဖတ္မည္လို႔ ေၾကညာထားပါသည္။ေခ်ာအိေျႏၵအလွည့္ၿပီးတဲ့ေနာက္မွာ သူမဆိုရမည္။
* ေျဖာင္း.....ေျဖာင္း.....ေျဖာင္း.....
ေခ်ာအိေျႏၵ သီခ်င္းဆိုၿပီးသည့္ေနာက္မွာ လက္ခုပ္သံေတြ ထြက္ေပၚလာ၏။သိပ္မၾကာခင္ သူမနာမည္ေခၚေတာ့မည္မို႔ အသင့္အေနအထားျပင္ထားသည္။
စင္ေပၚကဆင္းလာတဲ့ ေခ်ာအိေျႏၵ
သူမအနားေရာက္လာ၏။
"ပင္တိုင္စံ...ဒီတစ္ပြဲမွငါမႏိုင္ရင္ ဂီတေလာကထဲကေန အၿပီးထြက္သြားမယ္..."
"အဲ့ဒါ ငါနဲ႔ဘာဆိုင္လဲ..."
"ဆိုင္ေတာ့ မဆိုင္ပါဘူး....ဒါေပမဲ့ စြမ္းအတြက္...နင္ဒီေလာက္ေတာ့ ခံစားရသင့္တယ္ထင္လို႔......."
"နင္....."
ေခ်ာအိေျႏၵရဲ႕ႏႈတ္မွ စြမ္း ဆိုတဲ့နာမည္ကို ၾကားလိုက္သည္ႏွင့္ စံ့မ်က္ႏွာ ကြက္ခနဲ ပ်က္သြား၏။ပြဲမစခင္ စံ့ကိုမဆိုႏိုင္ေအာင္ တမင္စိတ္ရႈပ္ေစခ်င္၍ေျပာတယ္လို႔ယူဆၿပီး သူမစကားေတြကို လ်စ္လ်ဴရႈ၍ စင္ေပၚတက္ဖို႔ျပင္လိုက္သည္။
ဒီတစ္ေခါက္ စံဆိုမယ့္သီခ်င္းက ခ်ိဳခ်ိဳေအးေအးေလးျဖစ္ၿပီး ကိုႀကီးအတြက္ရည္႐ြယ္ၿပီး ဖြဲ႕ဆိုထားတာ ျဖစ္သည္။သံစဥ္နဲ႔အတူ ခႏၶာကိုယ္ေလးကို လႈပ္ယမ္းရင္း ယိမ္းႏြဲ႕သီဆိုေန၏။သူမသီခ်င္းသံဆုံးသည္ႏွင့္ အားေပးၾကတဲ့ပရိတ္သတ္ေတြဆီမွ လက္ခုပ္သံေတြ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထြက္ေပၚလာသည္။
💮💮💮💮💮💮💮💮💮💮💮
စံတို႔ နားေနခန္းထဲေရာက္ေသာအခါ.....
"စံ ေရေသာက္ဦးမလား...."
"အင္း......"
ကိုႀကီးဖြင့္ေပးတဲ့ေရဘူးကို ေမာ့ေသာက္လိုက္၏။
"ရင္ခုန္ေနလား....."
"နည္းနည္းေတာ့ စိတ္လႈပ္ရွားတာေပါ့...."
"စံေလးရမွာပါ..."
ကိုႀကီးက စံ့ေခါင္းေလးကို ပြတ္၍ အားေပးစကားေျပာေလသည္။ၿပိဳင္ပြဲက တစ္ေယာက္ပဲက်န္ေတာ့သည္။ဒီတစ္ေယာက္ၿပီးသည္ႏွင့္ voting စနစ္စေတာ့မည္။
"မစံ....မစံ မဲရလဒ္ေတြ တက္ေနၿပီ ၾကည့္မွာလား...."
"ေတာ္ၿပီ မၾကည့္ရဲဘူး...."
မဲအေရအတြက္ေတြကို ပ႐ိုဂ်က္တာေပၚတြင္ အခ်ိန္နဲ႔တေျပးညီထိုးျပထား၏။ Vote တဲ့အေရအတြက္ မၿပီးေသး၍ အဆိုေတာ္ေတြရဲ႕ နာမည္ေအာက္မွဂဏန္းေလးေတြက အေျပာင္းအလဲျဖစ္ေနသည္။
Breaking News
"အဆိုေတာ္ပင္တိုင္စံက လြန္ခဲ့တဲ့ငါးႏွစ္တုန္းက ေကာင္ေလးတစ္ေယာက္နဲ႔ ခိုးရာလိုက္ေျပးခဲ့ဖူးသည္။မိဘေတြက ဇြတ္အတင္းလိုက္ခြဲေတာ့ ထြက္ေျပးၾကရင္းနဲ႔ သူ႔ေကာင္ေလးက ကားေမွာက္ၿပီး ေသသြားတာတဲ့….."
"ဟယ္သတင္းႀကီးက ေအာလီႀကီး…ဒါနဲ႔မ်ား မီဒီယာေရွ႕ေတြမွာ အပ်ိဳလို႔ ေျဖရဲေသးတယ္ေနာ္...."
"ဟုတ္ပဟယ္….အရွက္လည္းမရွိဘူး…."
"ေတာ္ၿပီေဟ့….ဒီေကာင္မကို မ vote ေတာ့ဘူး…."
"ဒီသတင္းက မွန္လားမသိ မွားလားမသိနဲ႔…..လိုင္းေပၚတက္တိုင္းယုံရလို႔လား…."
"ငါတို႔ကေတာ့ ပင္တိုင္စံရဲ႕ အႏုပညာကိုခ်စ္တာ…သူ႔ဟာသူ အိုအိုပ်ိဳပ်ိဳ စိတ္မဝင္စားဘူး… vote မွာပဲ….."
သတင္းတက္လာသည္ႏွင့္အမွ် ေဝဖန္ခ်က္ေတြကလည္း တရွိန္ထိုးတက္လာသည္။Fb တခြင္ အုတ္ေအာ္ေသာင္းနင္းျဖစ္သြားၿပီး ပင္တိုင္စံဆိုတဲ့ နာမည္ေအာက္မွာေျပးေနတဲ့ဂဏန္းေလးေတြက သိသိသာသာ ေလ်ာ့က်လာ၏။ voting စနစ္စသည့္အခ်ိန္ေရာက္မွ ဒီသတင္းက အခ်ိန္ကိုက္တက္လာသည္။
"မစံ….မစံ…."
"ဟင္…..ဘာလဲ…အခ်ိန္ျပည့္ၿပီလား….ဘယ္သူအမ်ားဆုံးလဲ…."
"မဟုတ္ဘူး….မစံ…"
ႏြယ္႐ုံမွာ မစံကိုတလွည့္…ကိုလူေခ်ာကိုတလွည့္ၾကည့္ရင္း ဖုန္းကိုျပရမွာလည္း
ဝန္ေလးေနသည္။
"ဘာျဖစ္လို႔လဲ မေလးႏြယ္႐ုံ….."
ကိုလူေခ်ာကပါ ထပ္ေမးလာေတာ့ ႏြယ္႐ုံဖုန္းေလးကို ထိုးေပးလိုက္သည္။
စာေတြကိုဖတ္ေနရင္း စံ့လက္ေတြ တဆတ္ဆတ္တုန္လာသည္။တက္လာတဲ့ သတင္းေၾကာင့္မဟုတ္ဘဲ ကိုႀကီးအထင္လြဲသြားၿပီဆိုတဲ့ အေတြးေတြက စိုးမိုးေန၏။
"စံ…..စံ…."
"ကိုႀကီး စံ့ကိုအထင္လြဲသြားၿပီမွတ္လား….."
"ကိုယ္…ကိုယ္…"
အထစ္ထစ္အေငါ့ေငါ့ျဖစ္ေနတဲ့ ကိုႀကီးကိုၾကည့္ၿပီး စံမဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္၏။
"စံေျပာျပမလို႔ပါ….ကိုႀကီးကိုလိမ္ခဲ့တာမဟုတ္ဘူး….."
"မဟုတ္ဘူး….ကိုယ္က…."
"ဟင့္အင္း…ဆက္မေျပာနဲ႔ေတာ့ မၾကားခ်င္ဘူး….."
စံ နားႏွစ္ဖက္ကိုပိတ္၍ အခန္းထဲမွ ဇြတ္အတင္းေျပးထြက္ခဲ့သည္။ေနာက္မွာဘာျဖစ္ျဖစ္ ဂ႐ုမစိုက္ေတာ့ေပ။အခုခ်ိန္မွာ စံအလိုအပ္ဆုံးက ဒယ္ဒီ့ရင္ခြင္ပါ။
"စံေနဦး….."
"မစံမေျပးနဲ႔ေလ...."
"ဟိုမွာ ပင္တိုင္စံထြက္လာၿပီ…."
စံေျပးသည့္ေနာက္ကို လူေတြကလိုက္လာသလို ဖုန္းေတြနဲ႔လည္းအဆက္မျပတ္ သတင္းယူေနၾကသည္။
"ညီထူး စံထြက္လာၿပီ…ကားစက္ႏႈိးထား…...အိမ္ကိုတန္းပို႔...."
လူေခ်ာ ညီထူးဆီဖုန္းလွမ္းဆက္ၿပီး ေျပာ႐ုံသာတတ္ႏိုင္၏။လူအုပ္ႀကီးရဲ႕ေနာက္မွာသူက်န္ေနခဲ့ၿပီ။
💮💮💮💮💮💮💮💮💮💮💮💮
"အန္ကယ္....ပင္တိုင္စံေရာ....."
"ရွိတယ္ေမာင္လူေခ်ာ....အန္ကယ္ အခုပဲ အခန္းထဲပို႔ခဲ့တာ...."
သူ စံ့ေနာက္ကေန ေတာက္ေလွ်ာက္လိုက္လာရင္း အိမ္ကိုေရာက္ေတာ့ စံ့ဒယ္ဒီနဲ႔မာမီပါရွိေန၏။မ်က္ႏွာေတာ့ မေကာင္းၾကေပ။
"သမီးေလးက အခုေလာေလာဆယ္ေတာ့ တစ္ေယာက္တည္းေနခ်င္ပုံေပါက္တယ္.....ႏြယ္႐ုံ႔ကိုေတာင္ သူ႔အခန္းထဲ ေပးမဝင္ဘူး...."
"ကြၽန္ေတာ္ ပင္တိုင္စံနဲ႔ စကားေျပာၾကည့္လို႔ရမလားအန္ကယ္....."
ဦးေဇယ်ာမင္း သူ႔ေရွ႕မွာထိုင္ေနတဲ့ လူေခ်ာမ်က္ႏွာကို အကဲခတ္လိုက္၏။သာမန္ထက္လြန္ကဲတဲ့ စိုးရိမ္ပူပန္မႈေတြကို ျမင္ေတြ႕ေနရသည္။
"ဟင္း....အခုေတာ့ သူ႔တစ္ေယာက္တည္း ေနခြင့္ေပးလိုက္ပါဦး....အန္ကယ္တို႔လည္း ဒီကိစၥကို အေကာင္းဆုံးေျဖရွင္းမွာပါ...."
သူဘာမွဆက္မေျပာႏိုင္ေတာ့ဘဲ ေခါင္းႀကီးငိုက္စိုက္နဲ႔သာ ျပန္လာခဲ့သည္။စံက သူ႔စိတ္ကိုအထင္လြဲေနသည္။အပ်ိဳမဟုတ္လို႔ အရင္လိုမခ်စ္ေတာ့ဘူးလို႔လည္း ထင္ေကာင္းထင္ေပလိမ့္မည္။သူရွင္းျပခ်င္လွပါ၏။
💮💮💮💮💮💮💮💮💮💮💮💮
"မေလးႏြယ္႐ုံ စံ့ကိုဖုန္းေလးေပးေပးပါလား..."
"စံကမေျပာခ်င္ဘူးတဲ့ ကိုလူေခ်ာရယ္...."
"ကြၽန္ေတာ့္ကို ခဏေလးပဲအခ်ိန္ေပးပါလို႔ ေျပာေပးပါဗ်ာ..."
"ကြၽန္မေျပာတယ္ကိုလူေခ်ာ....မစံကိုက ခါးခါးသီးသီးျဖစ္ေနတာ...."
၃ ရက္ေတာင္ရွိေနၿပီ။သူ ေန႔တိုင္းသြားေပမဲ့ စံကထြက္မေတြ႕ေပ။ဖုန္းေခၚေတာ့လည္း စက္ပိတ္ထားသည္။ေလးႏြယ္႐ုံကေနတဆင့္ ဆက္သြယ္စကားေျပာေတာ့လည္း လက္ခံမေျပာေပ။သူေနလို႔မရေအာင္ ျဖစ္လာ၏။စံ့ကိုေတြ႕ရမွျဖစ္မည္။သူ စံ့ကိုဘယ္ေလာက္ခ်စ္ေၾကာင္း၊ သူ႔အခ်စ္က ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွေျပာင္းလဲမွာမဟုတ္ေၾကာင္း ရွင္းျပရမည္။
💮💮💮💮💮💮💮💮💮💮💮💮
"မစံ....ကိုလူေခ်ာကို တကယ္မေတြ႕ေတာ့ဘူးလား...."
"ငါ....ငါ....သူ႔စကားေတြကို ရင္ဆိုင္ဖို႔ အဆင္သင့္မျဖစ္ေသးဘူး....."
"ဘာဆိုင္လို႔လဲမစံရဲ႕....ကိုလူေခ်ာကျဖင့္ မစံကိုပဲ စိတ္ပူေနတာ...အဲ့ဒီကိစၥကို သတိေတာင္ရရဲ႕လား မသိဘူး....."
စံကေတာ့ ဟိုတေန႔က ကိုႀကီးရဲ႕မ်က္ႏွာကို မ်က္စိထဲကမထြက္ေပ.....အံ့ဩၿပီး စကားေတာင္ မေျပာႏိုင္ဘဲ စံ့ကိုသာ စိုက္ၾကည့္လို႔ေနသည္။သူ႔အၾကည့္ေတြကို စံမခြဲျခားႏိုင္ပါ။စံ့ကိုအထင္ေသးသြားတာလား...သူ႔အေပၚလိမ္ထားလို႔စိတ္ပ်က္သြားတာလား.....အေတြးေပါင္းမ်ားစြာနဲ႔ စံ့မွာအေျဖလည္း မရွိေပ။
"မနက္ျဖန္ ေတြ႕မွာလား မစံ..."
"ငါ တစ္ပတ္ေလာက္အခန္းေအာင္းဦးမယ္....မီဒီယာေပၚေျဖရွင္းဖို႔က ငါ့မွာရွိၿပီးသားပါ....ကိုႀကီးကိုပဲ ရင္မဆိုင္ရဲတာ...."
"ဟုတ္ကဲ့ပါမစံ....အဲ့ဒါဆို ႏြယ္႐ုံ႔အခန္းဆီ သြားေတာ့မယ္ေနာ္...."
"အင္း..."
💮💮💮💮💮💮💮💮💮💮💮💮
ည ဆယ္နာရီ
"ေဒါက္...ေဒါက္...မစံ အိပ္ၿပီလား...."
"ဘာလဲ ႏြယ္႐ုံ....."
စံတံခါးအသာဟ၍ ေမးလိုက္သည္။
"ကိုလူေခ်ာ အေနာက္ဖက္က အိမ္ထဲမွာေရာက္ေနတယ္........"
"ဟမ္....ဘာ...."
"ဟုတ္တယ္....မစံမလာမခ်င္းမျပန္ဘူးလို႔ေျပာတယ္...."
"ဒီအခ်ိန္ႀကီး သူ႔ကိုဘယ္သူတံခါးဖြင့္ေပးတာလဲ....."
ႏြယ္႐ုံမေျဖဘဲ ေခါင္းေလးအသာငုံ႔လိုက္၏။
"ခက္ပါလားႏြယ္႐ုံရယ္....ဒယ္ဒီတို႔သိသြားရင္....အရင္ျပႆနာမၿပီးေသးဘူး...ေနာက္ျပႆနာကိုပါ ငါေျဖရွင္းရေတာ့မယ္...."
"ႏြယ္႐ုံ....ကိုလူေခ်ာကို သနားလို႔ပါ...."
"သြားေတာ့....သြား...."
"မစံသြားေတြ႕လိုက္ပါေနာ္....အန္ကယ္တို႔လည္း အခန္းထဲေရာက္ေနၾကပါၿပီ...ဘယ္သူမွလည္း မရွိၾကေတာ့ပါဘူး...."
စံ ဘာမွေျဖမေနဘဲ အခန္းထဲသာဝင္ခဲ့ၿပီး မွန္ေရွ႕ထိုင္လိုက္သည္။သြားေတြ႕ရင္ေကာင္းမလား...မေတြ႕ရင္ေကာင္းမလား ေဝခြဲမရျဖစ္ေန၏။
စိတ္ကမျပတ္သားေပမဲ့ လူကအလိုက္သင့္ပဲ ေျခေလးေဖာ့၍ကိုႀကီးေနခဲ့တဲ့ အိမ္ေလးဆီသြားလိုက္သည္။
အေပါက္ဝေရာက္ေတာ့ တံခါးက ဟ ႐ုံသာ ဟ ထား၏။မီးလည္း ဖြင့္မထားေပ။
"ကိုႀကီး...."
စံ အသံေလးခပ္အုပ္အုပ္နဲ႔ ေခၚလိုက္သည္။ျပန္ထူးသံမၾကားရ၍ ေနာက္တစ္ခြန္း ထပ္ေခၚဖို႔ရန္ ျပင္လိုက္၏။
"ကို....အို႔...အေမ့...."
အေမွာင္ထဲမွာ စံ့ႏႈတ္ခမ္းေလးေတြေႏြးသြားသည္။ရင္ႏွီးေနက်ကိုယ္သင္းနံ႔နဲ႔ စံ့ကိုမူးေမ့ေစမယ့္အနမ္းေတြက ကိုႀကီးမွလြဲ၍ အျခားသူမရွိႏိုင္ေပ။
To be continued
💙💙💙💙💙💙💙💙💙