𝙷𝚒𝚜..." 𝚂𝚑𝚎𝚗 "

By EllisM5

8K 988 307

Shen Ricky ( Shen Quanrui ) × Kim Jiwoong ဒါလီမြို့မှာချယ်ရီတွေမရှိတော့ရင် ငါမင်းကိုဖွင့်ပြောမှာပါ ။ More

《 1 》
《 2 》
《 3 》
《 4 》
《 5 》
《 6 》
《 7 》
《 8 》
《 9 》
《 10 》
《 11 》
《 12 》
《 13 》
《 14 》
《 15 》
《 16 》
《 18 》
《 Final 》

《 17 》

307 36 8
By EllisM5

Unicode version

တလိပ်လိပ်နဲ့တက်လာနေတဲ့ ညို့မှိုင်းမှိုင်းကောင်းကင်ကြီးက မျက်စိရှေ့မှာတင်ပြိုကျတော့မတတ်ဖြစ်နေသည်။ ချယ်ရီတွေဝေတဲ့ဒါလီမြို့ဟာ အရင်ကထက်ပိုတိတ်ဆိတ်နေသယောင်။

မှန်ပြတင်းရဲ့အပြင်ဘက်ကိုမျက်နှာမူပြီး လောကကြီးနဲ့အဆက်အသွယ်ပြတ်နေသယောင်ထင်ရတဲ့ ဂျီအွန်းရဲ့မျက်ဝန်းခပ်မှိုင်းမှိုင်းတွေထဲ မျက်ရည်စတစ်ချို့ရှိသည်။

“ဂျီအွန်း..”

အပြင်ဘက်ကိုမျက်နှာမူထားရက်နဲ့ ဘယ်အချိန်ထဲကလူဝင်လာသလဲဆိုတာ ဂျီအွန်းကသတိမထားမိလိုက်ဘူး။ လွင့်ထွက်နေတဲ့စိတ်နဲ့နှလုံးသားက သူ့ဆီမှာတစ်ချိန်လုံးရှိမနေခဲ့တာ။

“အစ်မဂျီယာ”

လတွေပြောင်းတာ လက်ချိုးရေရင် သုံး၊လေးကြိမ်‌မြောက်။ ရှန်ထွက်သွားတာလည်း အတော်ကြာလှပြီ။ ဂျီအွန်းက တစ်ယောက်ထဲကြိုးစားနေထိုင်ပါ့မယ်ဆိုပြီး အားလုံးကိုလိမ်ညာထားတယ်။ ချောင်ကျသွားတဲ့မျက်နှာနဲ့ အမြဲလိုလိုညို့မှိုင်းနေတဲ့မျက်ဝန်းတွေက မပီမပြင်ရှိနေလိုက်ပုံ။

ဂျီယာက ရှန်ချွမ်ရွေ့အိမ်ထောင်ကျပြီးထဲက ရှန်အိမ်ရဲ့မိသားစုစာရင်းထဲကနေထွက်လာခဲ့ပြီလို့ဆိုတယ်။ ပြီးတော့ ဒါလီမြို့ရဲ့တစ်နေရာမှာပဲ ကိုယ်ထူကိုယ်ထနေထိုင်တယ်။ နောက်ပြီး ဂျီအွန်းဆီကိုလည်းမကြာခဏလာပြီး အဖော်ပြုပေးတတ်သည်။

ဂျီယာ့ကိုမြင်တိုင်း ဂျီအွန်းမေးတတ်တဲ့စကားတစ်ခွန်းက 'ရှန့် သတင်းလေးများမကြားဘူးလား' တဲ့လေ။ ဂျီယာကတော့ သက်ပြင်းအတွင်တွင်ချလို့ အမြဲခေါင်းခါကာငြင်းဆိုတတ်သည်။

“နေမကောင်းဘူးလား ဂျီအွန်း၊ အိမ်ပြန်ပြီးနားနေပါလား”

ဂျီယာက ဂျီအွန်းဘေးနားကခုံမှာဝင်ထိုင်ပြီး ပြောလာခဲ့တော့ ဂျီအွန်းက နှုတ်ခမ်းလေးတွေကွေးရုံမျှပြုံးလို့ ခေါင်းခါသည်။

“ကျွန်တော်ဘာမှမဖြစ်ပါဘူး အစ်မဂျီယာ၊ ရော့”

ခါတိုင်းလိုပဲ မပျက်မကွက်ဘဲ အစည်းလိုက်လေးရှိနေတဲ့ ဒါလီယာပန်းဆယ်ပွင့်ကို ဂျီအွန်းက သူမထံကမ်းပေးလိုက်သည်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ဂျီယာဟာပန်းတွေကိုမယူပါဘဲ ဂျီအွန်းလက်ကလေးတွေကိုခပ်ဖြည်းဖြည်းပြန်တွန်းလိုက်လေသည်။

“ဒီနေ့ အဲ့ဒီဒါလီယာပန်းတွေကို တို့မင်းကိုပေးတယ် ဂျီအွန်း”

“.......”

“တို့သိတယ် ဂျီအွန်းက ဒါလီယာတွေကိုအရမ်းချစ်တာမလား”

ပန်းနု‌ရောင်သန်းနေတဲ့ဂျီယာ့နှုတ်ခမ်း‌လေးတွေက ဖွဖွကလေးကွေးညွှတ်လာသည်။ မလှုပ်မရှားရှိနေတဲ့မျက်ဝန်းအိမ်တွေနဲ့ ရိုးသားလွန်းတဲ့ကောင်လေးက သူမစကားကို ငြိမ်သက်ကာနားထောင်နေပြီး တုန့်ပြန်မလာခဲ့။

ဂျီယာက သူမလက်တစ်ဖက်ကိုဆန့်ထုတ်ပြီး မျက်စိရှေ့မှာရှိနေတဲ့ ကောင်လေးရဲ့ခေါင်းကိုဖြေးညှင်းစွာလှမ်းပုတ်လိုက်သည်။ ခပ်ဖွာဖွာကလေးဖြစ်နေတဲ့ဆံပင်တွေကို သုံးလေးကြိမ်လောက်ပွတ်သပ်ပေးရင်း ဂျီယာဟာ ဆိုလာခဲ့တယ်။

“အများကြီးမဟုတ်တောင် အသက်ရှူနေတဲ့အချိန်တိုင်းမှာပြုံးပျော်နေပေးပါ ဂျီအွန်း”

ဂျီယာ့အတွက် နှစ်ယောက်မရှိနိုင်တဲ့ အဖိုးတန်ဆုံးဖြစ်တည်မှုက ဒီကောင်လေးဖြစ်လိမ့်မည်။ သူမ အချစ်ကသိပ်အေးချမ်းတာ။ ပျော်နေဖို့လက်လွှတ်ပေးတာမဟုတ်ဘဲ ပျော်အောင်လို့ဖန်တီးပေးချင်တာ။ အဲ့ဒီအတွက် သူမက အမြဲတမ်းအကောင်းဆုံးကြိုးစားခဲ့တယ်။ သူမရဲ့ မောင်ကိုတောင်မှ အခွင့်အရေးတွေအကြိမ်ကြိမ်ပေးခဲ့ပြီးတော့လေ။

“ကဲ..ဒါဆို တို့ပြန်တော့မယ် ဂျီအွန်း၊ နေမကောင်းရင်သေချာပေါက် အိမ်ပြန်နားရမယ်နော်”

အားနာစရာပါပဲ ဂျီအွန်းဟာ ဘာစကားမှမတုန့်ပြန်နိုင်ခဲ့ဘူး။ ဒီလိုအခြေအနေဟာမကြာခဏဖြစ်တတ်ပြီး ဂျီယာကတော့အမြဲတမ်းနားလည်ပေးတတ်တယ်။ သူမ ကပန်းဖိုးကိုထားခဲ့ပြီး ဆိုင်လေးထဲကပြန်ထွက်သွားခဲ့ကာ ဂျီအွန်းကတော့ ငူငူငိုင်ငိုင်ဖြင့်သာကျန်နေခဲ့သည်။

ချစ်ခြင်းမေတ္တာတွေဟာ ပြန်မရတဲ့အခါနာကျင်ရသလို ပြန်မပေးနိုင်တဲ့အခါတိုင်းမှာလည်းအားနာရပြန်တယ်။ ဂျီယာက သူ့ဘေးမှာ အမြဲရှိနေပေးခဲ့ပေမယ့် ဂျီအွန်းနှလုံးသားကတော့ ဒါလီမြို့မှာမရှိတဲ့ အမျိုးသားတစ်ယောက်ကိုသာတောင်းတနေခဲ့တာ။

ဂျီအွန်းက လက်ထဲကဒါလီယာပန်းတွေကိုငေးကြည့်ရင်း အမြဲလိုလိုလွယ်နေတဲ့မျက်ရည်တွေကကျလာခဲ့ပြန်သည်။ ရှန်မသိခဲ့ဘူး .. ဂျီအွန်းက ဒေစီတွေထက် ဒါလီယာတွေကို ပိုချစ်ကြောင်းကိုပေါ့။

အရာရာကိုအချိန်ကကုစားသွားမှာပါဆိုတဲ့စကားက ဂျီအွန်းအပေါ်ကိုတော့ ပြစ်ဒဏ်အနေနဲ့ မသက်ရောက်ခဲ့ဘူးထင်ရဲ့။ သူ့ကိုချစ်တဲ့လူတွေအတွက်ကြိုးစားရှင်သန်နေရင်း သူချစ်တဲ့လူတစ်ယောက်အတွက်အချိန်တိုင်းပြိုလဲနေတတ်သည်။ ကြိုးစားပြုံးနေရခြင်းက တိတ်တိတ်ကလေးငိုရတာထက်ပိုခက်ခဲခဲ့တယ်။

________________________

ညနေစောင်းနေဝင်ချိန်ကိုရောက်လာခဲ့ကာ ဂျီအွန်းကဆိုင်ကိုပိတ်ပြီး အိမ်ပြန်လမ်းကိုဦးတည်ဖို့ပြင်သည်။ သို့ပေမယ့် လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့စာအုပ်ညိုညိုကလေးကြောင့် ဂျီအွန်းရဲ့ခြေလှမ်းတွေက အိမ်ပြန်လမ်းနဲ့ဆန့်ကျင်ဘက်ဆီကိုရောက်သွားခဲ့သည်။

ဒါလီလမ်းမကြီးကိုအနည်းငယ်လောက်လျှောက်ပြီးတဲ့အခါ ဦးတည်လာတဲ့ 'ထိုက်ယီ'လို့စာထွင်းထားတဲ့ဆိုင်အရှေ့ကိုရောက်လာခဲ့သည်။ ဂျီအွန်းက အပြင်ဘက်ကနေ ဆိုင်ထဲကိုငေးကြည့်နေသည်။ အဲ့ဒီတုန်းက အညိုရောင်ဝတ်စုံနဲ့ စာအုပ်စင်ကိုမှီရပ်နေတဲ့ ရှန့်ပုံစံကို ဂျီအွန်းကမြင်ယောင်ပါတယ်။ သိပ်ကိုပြီးပြည့်စုံတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီး ဂျီအွန်းအတွက် ခဏတာဖြတ်ပြေးသွားတဲ့အိမ်မက်လေးတစ်ခုဖြစ်ခဲ့တယ်။

ဂျီအွန်းက စာအုပ်ဆိုင်ထဲကိုဝင်သွားလိုက်ပြီး စာအုပ်စင်တွေရှိရာကိုတန်းတန်းမတ်မတ်လျှောက်သွားသည်။ ဆိုင်ဝက ဆိုင်ရှင်ဦးလေးကြီးရဲ့ ကြိုဆိုစကားကိုတောင် မတုန့်ပြန်နိုင်ပါဘဲနဲ့ပေါ့။

ဂျီအွန်းက စာအုပ်စင်တွေကြားထဲခြေလှမ်းဖွဖွနှင့်လျှောက်သွားနေခဲ့သည်။ သူရှန်နဲ့ဆုံတွေ့ခဲ့တာ ဒီနေရာပဲဖြစ်ပြီး အရာအားလုံးကိုစတင်ခဲ့တာကလည်း ဒီနေရာမှာပဲဖြစ်တယ်။ ဒီနေရာတစ်ဝိုက်မှာ ရှန့်အငွေ့အသက်တွေချည်းပဲ။

ဂျီအွန်းက ရှန်နဲ့တူတူထိုင်ခဲ့တဲ့ခုံမှာဝင်ထိုင်လိုက်သည်။ နောက်ပြီး ပိုက်ထားတဲ့စာအုပ်အညိုရောင်လေးကိုစားပွဲပေါ်ချကာ လက်တစ်ဖက်ကိုထုတ်ပြီးခေါင်းမှောက်ကာမျက်လုံးတွေကိုမှိတ်ထားလိုက်သည်။ ရည်ရွယ်ချက်မရှိ အကြောင်းပြချက်တွေလည်းမရှိပါဘဲ အိမ်ပြန်ချိန်တွေကိုလည်း သတိမရတော့ပါချေ။

ညအမှောင်ကကြီးစိုးလာပြီး ဒါလီမြို့ထဲ ဆိုင်တွေတော်တော်များများကပိတ်ကုန်ကြပြီ။ ထိုနည်းတူ ထိုက်ယီစာအုပ်ဆိုင်ရဲ့ပိတ်ချိန်ကလည်းကျရောက်လာပြီဖြစ်သည်။ သို့ပေမယ့် စားပွဲခုံပေါ်ခေါင်းမှောက်အိပ်နေတဲ့လူငယ်လေးကို ဆိုင်ရှင်ဦးလေးကြီးက မနှိုးရက်ခဲ့ဘူး။

ဆိုင်ရှင်ဦးလေးကြီးက လူငယ်လေးကိုမနှိုးဘဲ သူ့ဘာသာနိုးလာဖို့စောင့်နေခဲ့ပေမယ့် အချိန်ကပိုပိုလင့်လာပြီး လူငယ်လေးပြန်ဖို့အချိန်ပါနောက်ကျနေပြီဖြစ်တာကြောင့် အနားသွားကာ လက်ကလေးတွေကိုလှုပ်ကာနှိုးလိုက်ရတော့သည်။

“လူလေး..လူလေး!”

ဂျီအွန်းရဲ့စိုစွတ်နေတဲ့မျက်တောင်တွေဟာပုတ်ခက်ပုတ်ခက်ဖြင့်ပွင့်လာခဲ့ပြီး ဆိုင်ရှင်ဦးလေးကြီးအားမော့ကြည့်သည်။

“အချိန်အရမ်းလင့်နေပြီ လူလေး၊ ညနေစာရောစားပြီးရဲ့လား”

‌ဆိုင်ရှင်ဦးလေးကြီးရဲ့စကားကြောင့် ဂျီအွန်းက မတ်တပ်ထရပ်ကာ ချထားတဲ့စာအုပ်လေးကိုပြန်ကိုင်လိုက်သည်။

“အာ..ကျွန်တော်အားနာပါတယ် ဦးလေး၊ ဆိုင်ပိတ်ချိန်တောင်ကျော်နေပြီကို ကျွန်တော်ပြန်လိုက်ပါဦးမယ်”

“ရပါတယ်ကွယ်၊ လူလေးသာ အိမ်ကို‌ဂရုစိုက်ပြန်ဦး”

“ဟုတ်ကဲ့ပါ ဦးလေး”

ဂျီအွန်းကပုံမှန်အတိုင်းပဲ ဆိုင်ရှင်ဦးလေးကြီးကိုပြုံးပြနှုတ်ဆက်ပြီး ဆိုင်ထဲကနေထွက်လာခဲ့သည်။

ဆိုင်အပြင်ဘက်ကိုရောက်သည်နှင့်ပြုံးနေတဲ့မျက်နှာလေးဟာ ချက်ချင်းပဲမှိုင်ကျသွားသည်။ လမ်းမီးရောင်တွေရဲ့ အလင်းရောင်မှိန်ပျပျသာရှိတဲ့ဒါလီလမ်းမကြီးကိုဖြတ်ပြီး အိမ်ပြန်ဖို့ဦးတည်ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်နေကုန်အရိပ်ပြနေတဲ့မိုးဟာ ညကြီးမင်းကြီးထရွာလာခဲ့တော့သည်။

မချိန်းဆိုဘဲ တန်ပြန်ရောက်လာတဲ့ ကံကြမ္မာလိုပါပဲ။ ဂျီအွန်းခန္တာကိုယ်ကမိုးရေတွေကြောင့် တမဟုတ်ချင်းစိုရွဲသွားပြီး အဲ့ဒီတုန်းကအချိန်တွေကိုပြန်ရောက်သွားသလိုပင်။ ပထမဆုံးချိန်းဆိုမှုကိုရှန်မရောက်လာနိုင်ခဲ့တဲ့အချိန်တွေကိုလေ။

တင်းခံထားတဲ့ အားအင်တွေဟာတစ်ဖြည်းဖြည်းချင်းယုတ်လျှော့လာပြီး ဂျီအွန်းက မိုးရေတွေနဲ့ရောကာ အသံထွက်အောင်ငိုသည်။ တစ်ချို့သော ဖြတ်သွားဖြတ်လာလူတွေကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ဒါလီလမ်းမကြီးရဲ့အလယ်မှာ စာအုပ်အညိုရောင်လေးကိုပိုက်လျက်သားရပ်နေရင်း ရှိုက်သံတွေထွက်တဲ့ထိငိုခဲ့သည်။ အကယ်၍ ကံကြမ္မာသာတစ်ဖန်ပြန်လည်လာတာမှန်ရင် နောက်တစ်နေ့မနက်မှာ ရှန် သူ့ဆီကိုပြန်လာနိုင်ကောင်းပါရဲ့။

______________________

နိုဝင်ဘာနှောင်းပိုင်းဖြစ်လိမ့်မည်။ အေးစိမ့်စိမ့်ရာသီဥတုဟာ ဒါလီတစ်မြို့လုံးကိုလွှမ်းခြုံထားသည်။ ငွေမှိန်ရောင်သန်းနေတဲ့ပန်းဆိုင်လေးရဲ့တံခါးပွင့်မလာခဲ့သည်မှာ ရက်အတော်စိပ်လေပြီ။

နေ့တိုင်း‌ရောက်လာနေကြဖြစ်တဲ့ ဂျီယာက မနေနိုင်တော့တဲ့အဆုံး ဂျီအွန်းအိမ်ထိလိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။

သူမဟာအမြဲတမ်းလှမ်းရသူဖြစ်ပြီး တစ်ဖက်ကပြန်လှည့်မကြည့်ဘဲ တစ်ခြားတစ်ယောက်ဆီဦးတည်နေတာတောင် သူမဟာဘယ်တော့မှမငြိုငြင်ခဲ့ဘူး။ ဘယ်လောက်ဝေးဝေးပြေးပါစေ အရလိုက်နေနိုင်တဲ့မေတ္တာမျိုးပါပဲ။

ဂျီယာက ဂျီအွန်းရဲ့အိမ်ကိုရောက်တော့ ခြံထဲမှာငုတ်တုတ်လေးထိုင်နေတဲ့ ကလေးမလေးတစ်ယောက်ကိုတွေ့သည်။ ကလေးမလေးက သူမကိုမြင်တော့ ထိုင်နေရာကထလာသည်။

“ဘာကိစ္စရှိလို့ပါလဲ အစ်မ”

“ဒါက..ဂျီအွန်းတို့အိမ် ဟုတ်တယ်မလား”

ချိုယွန်းက ခပ်လှလှအမျိုးသမီးတစ်ယောက်က သူမအစ်ကိုနာမည်ကိုထည့်ပြီးမေးလာခဲ့သည်မို့ မျက်ခုံးလေးတွေအနည်းငယ်တွန့်ချိုးသွားသည်။

“ကိုကိုနဲ့သိလို့လား”

ဂျီယာလည်းပဲ မျက်ခုံးလေးတွေအနည်းငယ်ပင့်တက်သွားသည်။ ကြည့်ရတာ ဒီကောင်မလေးက ဂျီအွန်းညီမလေးဖြစ်မယ်ထင်ရဲ့။

“ဟုတ်ပါတယ် အစ်မက ဂျီအွန်းရဲ့မိတ်ဆွေပါ”

“ဪ..ဒါဆိုလည်းဝင်ခဲ့လေ ၊ ကိုကိုအထဲမှာရှိပါတယ်”

ချိုယွန်းရဲ့စကားကြောင့် ဂျီယာကခေါင်းငြိမ့်လိုက်ကာ ကလေးမလေးခေါ်သွားပေးတဲ့အတိုင်း အိမ်ထဲကိုလိုက်ဝင်သည်။ ချိုယွန်းကတော့ မေမေ့ရဲ့ သူစိမ်းတွေပေးမဝင်ပါနဲ့ဆိုတဲ့ အမှာစကားကိုမေ့သွားခဲ့တယ်ထင်ပါရဲ့။ ဒါမှမဟုတ် တစ်ဖက်က မိန်းကလေးဖြစ်တာကြောင့် ချိုယွန်းက မစိုးရိမ်သည့်ပုံပါပဲ။

“ကိုကို..ချိုယွန်းဝင်လာမယ်နော်”

သစ်သားတံခါးလေးကိုခေါက်ကာပြောလေတော့ အထဲကနေ 'အင်း' ဆိုတဲ့တုန့်ပြန်သံလေးကိုကြားလိုက်ရသည်။ ဂျီယာ့ကိုပြန်မော့ကြည့်လာတဲ့ ကလေးမလေးရဲ့မျက်နှာက အနည်းငယ်တော့ကောင်းမနေခဲ့။

တံခါးလေးကိုဖွင့်ပြီး အထဲကို ကလေးမလေးနဲ့အတူလိုက်ဝင်သွားလိုက်ချိန်မှာတော့ ဂျီယာက အံ့ဩသွားခဲ့တယ်။ တစ်ဆက်တည်း စိုးရိမ်စိတ်ပါဝင်လာခဲ့သည်။

အိပ်ယာအပေါ်ဖက်ကိုမှီကာ ဖွင့်ထားတဲ့ပြတင်းပေါက်ဆီကိုငေးနေတဲ့ကောင်‌ငယ်လေးဟာ မမြင်ရတဲ့ရက်တွေမှာအတော်လေးကိုချောင်ကျသွားခဲ့တယ်။ ဘယ်လိုများဖြစ်ရတာလဲ။

“ကိုကို..ကိုကို့ဆီကိုဧည့်သည်လာတယ်”

ချိုယွန်းအသံပြုကာမှ ဂျီအွန်းဟာ အခန်းဝကိုလှည့်ကြည့်သည်။ ညီမဖြစ်သူဘေးက ဂျီယာ့ကိုမြင်သည့်အခါ ဂျီအွန်းမျက်လုံးလေးတွေကအနည်းငယ်ဝင့်လာခဲ့သည်။

“အစ်မဂျီယာ”

“ဂျီအွန်း..”

ဂျီယာဟာဘာစကားမှထွက်မလာ‌ဘဲ ဂျီအွန်းအနားကိုမပြေးရုံတမယ်‌သွားကာအိပ်ယာဘေးကခုံမှာဝင်ထိုင်လိုက်သည်။

“ဂျီအွန်း..”

သူမဟာ ဘာစကားမှထွက်မလာနိုင်အောင် တုန်လှုပ်နေပုံပါပဲ။ အရင်လတွေထဲက ဂျီအွန်းပုံစံဟာ ကျန်းမာရေးမကောင်းသည့်ပုံနှင့် လေတိုက်ရုံနဲ့လဲတော့မလိုဖြစ်နေပေမယ့် အဲ့တာက ခဏတာလောက်ပဲလို့သူမကထင်မှတ်ခဲ့မိတယ်။ သို့ပေမယ့် ဂျီအွန်းအခြေအနေက ဒီရက်လေးအတွင်းမှာပဲ ပိုဆိုးလာခဲ့သည်။

“ဆိုင်‌တောင်မဖွင့်တော့လို့ တို့လိုက်လာခဲ့တာ ဂျီအွန်း..၊ နေလို့အဆင်ပြေရဲ့လား ဟင်”

သူမဟာ ခပ်သေးသေးပဲရှိတော့တဲ့ ကောင်လေးရဲ့လက်ကလေးကိုဆုပ်ကိုင်လို့ ညှင်သာစွာမေးလာခဲ့သည်။ သူမ အသံတွေကလည်းတုန်ရီနေခဲ့မှာအမှန်။

“ကျွန်တော်အဆင်ပြေပါတယ် အစ်မဂျီယာ”

ထပ်ပြီးအလိမ်အညာစကားပါပဲ။ တကယ်ပဲ ဒီကောင်လေးဟာဘယ်အထိလိမ်ညာနေဦးမှာလဲ။ ဂျီယာကရောဘယ်အချိန်ထိမသိချင်ယောင်ဆောင်ပြီး ယုံကြည်ပေးနေဦးမှာလဲ။

“ဂျီအွန်းရယ်..”

သူမက ဂျီအွန်းနာမည်ကိုသာရေရွတ်ပြီးဘာစကားမှထွက်မလာခဲ့‌တော့ဘူး။ သူမမျက်ဝန်းအိမ်တွေထဲလည်းဝမ်းနည်းရိပ်တွေခိုအောင်းလို့။

“အစ်မဂျီယာ ကျွန်တော့်အိမ်ကိုဘယ်လိုသိတာလဲ”

“အဲ့တာကအရေးကြီးလို့လား ဂျီအွန်း၊ ဘာလို့အိပ်ယာထဲလှဲနေရတာလဲ”

“ဒီတိုင်းနေမကောင်းဖြစ်ရုံပါ အစ်မဂျီယာရဲ့၊ မစိုးရိမ်ပါနဲ့”

မစိုးရိမ်ဘဲဘယ်လိုနေနိုင်ပါ့မလဲ။ ကိုယ်တိုင်ချစ်ရသူဖြစ်ပြီး ဂျီယာ့စိတ်ကိုမသိတာလည်းမဟုတ်ပါဘဲ ဒီလိုစကားမျိုးပြောရလား ငတုံးလေးရဲ့။

ဂျီယာတိတ်ဆိတ်သွားသည့်အခါ ဂျီအွန်းဟာ အခန်းဝမှာရပ်နေတဲ့ညီမဖြစ်သူဆီကို အာရုံရောက်သွားသည်။

“ချိုယွန်း....ကိုကိုတို့စကားပြောချင်လို့”

အစ်ကိုဖြစ်သူရဲ့စကားကြောင့် ချိုယွန်းကအလိုက်သိစွာပင် ခေါင်းလေးငြိမ့်ကာ အခန်းထဲကထွက်ပြီးတံခါးလေးကိုပြန်ပိတ်ပေးထားခဲ့သည်။

ချိုယွန်းထွက်သွားသည့်အခါမှ ဂျီအွန်းဟာ သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ဂျီယာ့လက်တွေကိုပြန်အုပ်ကိုင်လိုက်သည်။

“အစ်မဂျီယာ..ကျွန်တော့်ကိုကူညီပေးပါ”

ရုတ်တရက် အသံနှိမ့်ကာဆိုလာတဲ့ကောင်လေးကြောင့် ဂျီယာကအနည်းငယ်ပြာယာခတ်သည်။

“ဘာကူညီရမလဲ ဂျီအွန်း၊ တို့ဘာပဲဖြစ်ဖြစ် ကူညီပေးပါ့မယ်”

တစ်ဖက်ကထိုသို့ပြောလာတဲ့စကားကြောင့် ဂျီအွန်းဟာ အရဲစွန့်ကာပင်ပြောလိုက်တော့သည်။

“ဒီအတောအတွင်း ကျွန်တော်မမေးနိုင်ခဲ့တာ...၊ အစ်မဂျီယာ  ရှန်နေတဲ့နေရာကိုသိတယ်မလားဟင်”

“.......”

ဂျီယာဘာမှပြန်မပြောခင်မှာပဲ ဂျီအွန်းက ဘေးနားကစားပွဲပေါ်ကစာအုပ်အညိုကြားထဲညှပ်ထည့်ထားတဲ့ စာအိတ်ကလေးတစ်ခုကိုထုတ်ပြီး ဂျီယာ့ဆီကိုကမ်းပေးလာခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရှန့်အိမ်လိပ်စာလောက်တော့ အစ်မဂျီယာသိတယ်မဟုတ်လား၊ ဒီစာလေးကို ရှန့်ဆီကိုပို့ပေးပါလား အစ်မဂျီယာ”

ထိုအခိုက်မှာ ဂျီယာဟာ ‌စာစောင်ကိုမယူဘဲ ခန္တာကိုယ်ကိုမတ်လိုက်သည်။ မျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့မျက်ဝန်းတွေကို ဂျီယာက အံ့ကြိတ်လို့လျစ်လျူရှုတယ်။

“အဲ့တာကိုတော့ တို့မကူညီနိုင်လောက်ဘူး ဂျီအွန်း”

ဂျီယာ့စကားကြောင့် ဂျီအွန်းကမျက်ရည်တွေဝေ့တက်လာခဲ့သည်။ မေမေမသိအောင် စာရေးပြီး ရှန့်ဆီကိုပို့ပေးချင်ခဲ့တာ။ ဂျီအွန်းက ရှန့်ရဲ့မိသားစုဘဝကိုနှောက်ယှက်ချင်တာမဟုတ်ဘဲ ရှန်နဲ့တစ်ခါလောက်ပဲပြန်တွေ့ချင်ရုံပါ။ နောက်ပြီး သူရှန့်ကိုပြောချင်တဲ့စကားလည်းရှိတယ်။

“ကျွန်တော်..ကျွန်တော် ရှန့်ဘဝကိုဝင်နှောက်ယှက်ဖို့ရည်ရွယ်ချက်မရှိပါဘူး အစ်မဂျီယာ၊ ဒီတိုင်းရိုးရိုးတန်းတန်းစာလေးတစ်စောင်ပါ ရှန့်ဆီကိုရောက်သွားတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ”

ဂျီအွန်းစကားကြောင့် ဂျီယာက ဝေ့ဝိုင်းနေတဲ့မျက်ရည်တွေနဲ့တစ်ဖက်ကောင်လေးကိုပြန်ကြည့်သည်။

“မင်းဘာလို့မသိရတာလဲ ဂျီအွန်း၊ တို့မကူညီပေးနိုင်တာ အဲ့တာကြောင့်လို့တကယ်ပဲထင်နေတာလား”

“......”

“တို့ ချွမ်ရွေ့ကို အကြိမ်ကြိမ်အခွင့်အရေးပေးပြီးပြီဂျီအွန်း၊ မင်းကို သူရွေးချယ်နိုင်ဖို့ တို့ကြိုးစားပေးခဲ့တယ်၊ ဒါပေမယ့် သူမင်းကိုကျောခိုင်းလိုက်တဲ့နေ့ကစပြီး သူကမင်းနဲ့မထိုက်တန်တော့ဘူး”

“အစ်မဂျီယာ...”

“သူသတ္တိမရှိခဲ့တာ ဂျီအွန်း၊ ချွမ်ရွေ့က တို့မောင်ဖြစ်ပြီး သူ့စိတ်ဘယ်လိုလဲဆိုတာကိုလည်းသိတယ်၊ အဲ့တာတောင်မှ သူကမင်းကိုကျောခိုင်းရက်နိုင်တာ၊ တို့ဘယ်လိုစိတ်နဲ့မှ သူ့ကို ထပ်ပြီးအခွင့်အရေးမပေးနိုင်ဘူး”

ဂျီယာ့စကားတွေကြောင့် ဂျီအွန်းဟာပိုတိုးလို့ဝမ်းနည်းလာတယ်။ တကယ်တည်းကျောခိုင်းခဲ့တာ သူပဲမဟုတ်ဘူးလား။

ဂျီအွန်းက ဘယ်လိုစကားကိုပြေရမယ်မှန်းမသိခဲ့တော့ဘူး။ တစ်နေ့ထက်တစ်နေ့ ပိုအားနည်းလာတဲ့သူ့ခန္တာကိုယ်က စိုးရိမ်စရာဖြစ်လာတာကို သူ့ကိုယ်သူသာသိသည်။

“ကျွန်တော်နားလည်ပါတယ်၊ အစ်မဂျီယာ့ကိုလည်း ကျွန်တော်အားနာပါတယ်၊ ဒါပေမယ့် ကျွန်တော်တောင်းဆိုတာပါ အစ်ဂျီယာ၊ ဒီစာကို ရှန့်ဆီရောက်အောင်ပို့ပေးပါ”

“......”

“ကျွန်တော် သူ့ကိုချစ်တယ် အစ်မဂျီယာ”

စူးနစ်နေတဲ့ခံစားချက်ပါပဲ။ ဂျီယာ့နှလုံးသားဟာတစ်ဆစ်ဆစ်နဲ့ပြိုလဲကျလာတယ်။ သူမ သိပ်သိတာပေါ့။ သူမ , သိခဲ့လို့လည်း ဂျီအွန်းပျော်ဖို့အတွက် မောင်ဖြစ်သူကို ရွေးချယ်နိုင်အောင် အကြိမ်ကြိမ်ကြိုးစားပေးခဲ့တယ်။

သူမ လည်းပဲ ချစ်ရတာပါပဲ။ တစ်ဖက်က ‌သွေးသားရင်းချာဖြစ်ပြီး တစ်ဖက်က သူ့အတွက်နှစ်ယောက်မရှိနိုင်တော့တဲ့ ချစ်ရသူဖြစ်တယ်။ ဒါတွေကြောင့် သူမက အရာရာအရှုံးခံခဲ့ပေမယ့် မောင်ဖြစ်သူကတော့ သတ္တိနည်းလွန်းတယ်။

ချောင်ကျ‌နေတဲ့ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်စတွေကိုမြင်တဲ့အခါ ဂျီယာဟာ အရှုံးပေးဖို့ဖြစ်လာပြန်သည်။ တကယ်ပဲ ချစ်ခြင်းမေတ္တာတွေဘက်လိုက်ပုံများ။

ဂျီယာက သက်ပြင်းတစ်ချက်ချကာ နှုတ်ခမ်းကိုကိုက်ခဲလို့ ဂျီအွန်းဆီကစာစောင်ကိုယူလိုက်သည်။

“တို့ မင်းကြောင့် သူ့ကိုနောက်ဆုံးအခွင့်အရေးပေးလိုက်မယ် ဂျီအွန်း”

အဲ့ဒီစကားတစ်ခွန်းပါပဲ။ အဲ့ဒီစကားကြောင့်ပဲ တစ်ဖက်ကောင်လေးဟာ ပါးပြင်ပေါ်ကမျက်ရည်တွေကိုလက်ကလေးတွေနဲ့ဆွဲသုတ်လို့ ဂျီယာ့အားမော့ကြည့်ရင်း ကျေးဇူးတင်ကြောင်းအထပ်ထပ်ဆိုလာခဲ့သည်။ မလိုအပ်ရပါဘူး။ ဒီထက်ပိုပြီး မပင်ပန်းပေးရင်ဘဲ ဂျီယာကကျေနပ်ရပါပြီ။

ဝါကျင့်ကျင့်အရောင်စာအိတ်ကလေးထဲက ကြိုးစားရေးထားခဲ့တဲ့ စာလုံးတစ်လုံးစီတိုင်းမှာ ချစ်ခြင်းမေတ္တာတွေအပြည့်ပါတယ်။ ရည်ရွယ်ရာဆီရောက်နိုင်ဖို့အတွက် ဒါလီယာပန်းတွေဟာဝိုင်းဆုတောင်းပေးခဲ့ပါတယ်။

အရှင်သခင်ဟာ ဒါလီယာပန်းတွေဆီပြန်လာဖို့အချိန်သင့်နေပြီဆိုတာကို သိနိုင်ကောင်းပါရဲ့။

___________________________________

Ellis_M




Zawgyi version

တလိပ္လိပ္နဲ႔တက္လာေနတဲ့ ညိဳ႕မႈိင္းမႈိင္းေကာင္းကင္ႀကီးက မ်က္စိေရွ႕မွာတင္ၿပိဳက်ေတာ့မတတ္ျဖစ္ေနသည္။ ခ်ယ္ရီေတြေဝတဲ့ဒါလီၿမိဳ႕ဟာ အရင္ကထက္ပိုတိတ္ဆိတ္ေနသေယာင္။

မွန္ျပတင္းရဲ႕အျပင္ဘက္ကိုမ်က္ႏွာမူၿပီး ေလာကႀကီးနဲ႔အဆက္အသြယ္ျပတ္ေနသေယာင္ထင္ရတဲ့ ဂ်ီအြန္းရဲ႕မ်က္ဝန္းခပ္မႈိင္းမႈိင္းေတြထဲ မ်က္ရည္စတစ္ခ်ိဳ႕ရွိသည္။

“ဂ်ီအြန္း..”

အျပင္ဘက္ကိုမ်က္ႏွာမူထားရက္နဲ႔ ဘယ္အခ်ိန္ထဲကလူဝင္လာသလဲဆိုတာ ဂ်ီအြန္းကသတိမထားမိလိုက္ဘူး။ လြင့္ထြက္ေနတဲ့စိတ္နဲ႔ႏွလုံးသားက သူ႔ဆီမွာတစ္ခ်ိန္လုံးရွိမေနခဲ့တာ။

“အစ္မဂ်ီယာ”

လေတြေျပာင္းတာ လက္ခ်ိဳးေရရင္ သုံး၊ေလးႀကိမ္‌ေျမာက္။ ရွန္ထြက္သြားတာလည္း အေတာ္ၾကာလွၿပီ။ ဂ်ီအြန္းက တစ္ေယာက္ထဲႀကိဳးစားေနထိုင္ပါ့မယ္ဆိုၿပီး အားလုံးကိုလိမ္ညာထားတယ္။ ေခ်ာင္က်သြားတဲ့မ်က္ႏွာနဲ႔ အၿမဲလိုလိုညိဳ႕မႈိင္းေနတဲ့မ်က္ဝန္းေတြက မပီမျပင္ရွိေနလိုက္ပုံ။

ဂ်ီယာက ရွန္ခြၽမ္ေ႐ြ႕အိမ္ေထာင္က်ၿပီးထဲက ရွန္အိမ္ရဲ႕မိသားစုစာရင္းထဲကေနထြက္လာခဲ့ၿပီလို႔ဆိုတယ္။ ၿပီးေတာ့ ဒါလီၿမိဳ႕ရဲ႕တစ္ေနရာမွာပဲ ကိုယ္ထူကိုယ္ထေနထိုင္တယ္။ ေနာက္ၿပီး ဂ်ီအြန္းဆီကိုလည္းမၾကာခဏလာၿပီး အေဖာ္ျပဳေပးတတ္သည္။

ဂ်ီယာ့ကိုျမင္တိုင္း ဂ်ီအြန္းေမးတတ္တဲ့စကားတစ္ခြန္းက 'ရွန႔္ သတင္းေလးမ်ားမၾကားဘူးလား' တဲ့ေလ။ ဂ်ီယာကေတာ့ သက္ျပင္းအတြင္တြင္ခ်လို႔ အၿမဲေခါင္းခါကာျငင္းဆိုတတ္သည္။

“ေနမေကာင္းဘူးလား ဂ်ီအြန္း၊ အိမ္ျပန္ၿပီးနားေနပါလား”

ဂ်ီယာက ဂ်ီအြန္းေဘးနားကခုံမွာဝင္ထိုင္ၿပီး ေျပာလာခဲ့ေတာ့ ဂ်ီအြန္းက ႏႈတ္ခမ္းေလးေတြေကြး႐ုံမွ်ၿပဳံးလို႔ ေခါင္းခါသည္။

“ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး အစ္မဂ်ီယာ၊ ေရာ့”

ခါတိုင္းလိုပဲ မပ်က္မကြက္ဘဲ အစည္းလိုက္ေလးရွိေနတဲ့ ဒါလီယာပန္းဆယ္ပြင့္ကို ဂ်ီအြန္းက သူမထံကမ္းေပးလိုက္သည္။

ဒါေပမယ့္ ဒီတစ္ေခါက္မွာေတာ့ ဂ်ီယာဟာပန္းေတြကိုမယူပါဘဲ ဂ်ီအြန္းလက္ကေလးေတြကိုခပ္ျဖည္းျဖည္းျပန္တြန္းလိုက္ေလသည္။

“ဒီေန႔ အဲ့ဒီဒါလီယာပန္းေတြကို တို႔မင္းကိုေပးတယ္ ဂ်ီအြန္း”

“.......”

“တို႔သိတယ္ ဂ်ီအြန္းက ဒါလီယာေတြကိုအရမ္းခ်စ္တာမလား”

ပန္းႏု‌ေရာင္သန္းေနတဲ့ဂ်ီယာ့ႏႈတ္ခမ္း‌ေလးေတြက ဖြဖြကေလးေကြးၫႊတ္လာသည္။ မလႈပ္မရွားရွိေနတဲ့မ်က္ဝန္းအိမ္ေတြနဲ႔ ႐ိုးသားလြန္းတဲ့ေကာင္ေလးက သူမစကားကို ၿငိမ္သက္ကာနားေထာင္ေနၿပီး တုန႔္ျပန္မလာခဲ့။

ဂ်ီယာက သူမလက္တစ္ဖက္ကိုဆန႔္ထုတ္ၿပီး မ်က္စိေရွ႕မွာရွိေနတဲ့ ေကာင္ေလးရဲ႕ေခါင္းကိုေျဖးညႇင္းစြာလွမ္းပုတ္လိုက္သည္။ ခပ္ဖြာဖြာကေလးျဖစ္ေနတဲ့ဆံပင္ေတြကို သုံးေလးႀကိမ္ေလာက္ပြတ္သပ္ေပးရင္း ဂ်ီယာဟာ ဆိုလာခဲ့တယ္။

“အမ်ားႀကီးမဟုတ္ေတာင္ အသက္ရွဴေနတဲ့အခ်ိန္တိုင္းမွာၿပဳံးေပ်ာ္ေနေပးပါ ဂ်ီအြန္း”

ဂ်ီယာ့အတြက္ ႏွစ္ေယာက္မရွိႏိုင္တဲ့ အဖိုးတန္ဆုံးျဖစ္တည္မႈက ဒီေကာင္ေလးျဖစ္လိမ့္မည္။ သူမ အခ်စ္ကသိပ္ေအးခ်မ္းတာ။ ေပ်ာ္ေနဖို႔လက္လႊတ္ေပးတာမဟုတ္ဘဲ ေပ်ာ္ေအာင္လို႔ဖန္တီးေပးခ်င္တာ။ အဲ့ဒီအတြက္ သူမက အၿမဲတမ္းအေကာင္းဆုံးႀကိဳးစားခဲ့တယ္။ သူမရဲ႕ ေမာင္ကိုေတာင္မွ အခြင့္အေရးေတြအႀကိမ္ႀကိမ္ေပးခဲ့ၿပီးေတာ့ေလ။

“ကဲ..ဒါဆို တို႔ျပန္ေတာ့မယ္ ဂ်ီအြန္း၊ ေနမေကာင္းရင္ေသခ်ာေပါက္ အိမ္ျပန္နားရမယ္ေနာ္”

အားနာစရာပါပဲ ဂ်ီအြန္းဟာ ဘာစကားမွမတုန႔္ျပန္ႏိုင္ခဲ့ဘူး။ ဒီလိုအေျခအေနဟာမၾကာခဏျဖစ္တတ္ၿပီး ဂ်ီယာကေတာ့အၿမဲတမ္းနားလည္ေပးတတ္တယ္။ သူမ ကပန္းဖိုးကိုထားခဲ့ၿပီး ဆိုင္ေလးထဲကျပန္ထြက္သြားခဲ့ကာ ဂ်ီအြန္းကေတာ့ ငူငူငိုင္ငိုင္ျဖင့္သာက်န္ေနခဲ့သည္။

ခ်စ္ျခင္းေမတၱာေတြဟာ ျပန္မရတဲ့အခါနာက်င္ရသလို ျပန္မေပးႏိုင္တဲ့အခါတိုင္းမွာလည္းအားနာရျပန္တယ္။ ဂ်ီယာက သူ႔ေဘးမွာ အၿမဲရွိေနေပးခဲ့ေပမယ့္ ဂ်ီအြန္းႏွလုံးသားကေတာ့ ဒါလီၿမိဳ႕မွာမရွိတဲ့ အမ်ိဳးသားတစ္ေယာက္ကိုသာေတာင္းတေနခဲ့တာ။

ဂ်ီအြန္းက လက္ထဲကဒါလီယာပန္းေတြကိုေငးၾကည့္ရင္း အၿမဲလိုလိုလြယ္ေနတဲ့မ်က္ရည္ေတြကက်လာခဲ့ျပန္သည္။ ရွန္မသိခဲ့ဘူး .. ဂ်ီအြန္းက ေဒစီေတြထက္ ဒါလီယာေတြကို ပိုခ်စ္ေၾကာင္းကိုေပါ့။

အရာရာကိုအခ်ိန္ကကုစားသြားမွာပါဆိုတဲ့စကားက ဂ်ီအြန္းအေပၚကိုေတာ့ ျပစ္ဒဏ္အေနနဲ႔ မသက္ေရာက္ခဲ့ဘူးထင္ရဲ႕။ သူ႔ကိုခ်စ္တဲ့လူေတြအတြက္ႀကိဳးစားရွင္သန္ေနရင္း သူခ်စ္တဲ့လူတစ္ေယာက္အတြက္အခ်ိန္တိုင္းၿပိဳလဲေနတတ္သည္။ ႀကိဳးစားၿပဳံးေနရျခင္းက တိတ္တိတ္ကေလးငိုရတာထက္ပိုခက္ခဲခဲ့တယ္။

________________________

ညေနေစာင္းေနဝင္ခ်ိန္ကိုေရာက္လာခဲ့ကာ ဂ်ီအြန္းကဆိုင္ကိုပိတ္ၿပီး အိမ္ျပန္လမ္းကိုဦးတည္ဖို႔ျပင္သည္။ သို႔ေပမယ့္ လက္ထဲမွာက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားတဲ့စာအုပ္ညိဳညိဳကေလးေၾကာင့္ ဂ်ီအြန္းရဲ႕ေျခလွမ္းေတြက အိမ္ျပန္လမ္းနဲ႔ဆန႔္က်င္ဘက္ဆီကိုေရာက္သြားခဲ့သည္။

ဒါလီလမ္းမႀကီးကိုအနည္းငယ္ေလာက္ေလွ်ာက္ၿပီးတဲ့အခါ ဦးတည္လာတဲ့ 'ထိုက္ယီ'လို႔စာထြင္းထားတဲ့ဆိုင္အေရွ႕ကိုေရာက္လာခဲ့သည္။ ဂ်ီအြန္းက အျပင္ဘက္ကေန ဆိုင္ထဲကိုေငးၾကည့္ေနသည္။ အဲ့ဒီတုန္းက အညိဳေရာင္ဝတ္စုံနဲ႔ စာအုပ္စင္ကိုမွီရပ္ေနတဲ့ ရွန႔္ပုံစံကို ဂ်ီအြန္းကျမင္ေယာင္ပါတယ္။ သိပ္ကိုၿပီးျပည့္စုံတဲ့ေယာက္်ားတစ္ေယာက္ျဖစ္ၿပီး ဂ်ီအြန္းအတြက္ ခဏတာျဖတ္ေျပးသြားတဲ့အိမ္မက္ေလးတစ္ခုျဖစ္ခဲ့တယ္။

ဂ်ီအြန္းက စာအုပ္ဆိုင္ထဲကိုဝင္သြားလိုက္ၿပီး စာအုပ္စင္ေတြရွိရာကိုတန္းတန္းမတ္မတ္ေလွ်ာက္သြားသည္။ ဆိုင္ဝက ဆိုင္ရွင္ဦးေလးႀကီးရဲ႕ ႀကိဳဆိုစကားကိုေတာင္ မတုန႔္ျပန္ႏိုင္ပါဘဲနဲ႔ေပါ့။

ဂ်ီအြန္းက စာအုပ္စင္ေတြၾကားထဲေျခလွမ္းဖြဖြႏွင့္ေလွ်ာက္သြားေနခဲ့သည္။ သူရွန္နဲ႔ဆုံေတြ႕ခဲ့တာ ဒီေနရာပဲျဖစ္ၿပီး အရာအားလုံးကိုစတင္ခဲ့တာကလည္း ဒီေနရာမွာပဲျဖစ္တယ္။ ဒီေနရာတစ္ဝိုက္မွာ ရွန႔္အေငြ႕အသက္ေတြခ်ည္းပဲ။

ဂ်ီအြန္းက ရွန္နဲ႔တူတူထိုင္ခဲ့တဲ့ခုံမွာဝင္ထိုင္လိုက္သည္။ ေနာက္ၿပီး ပိုက္ထားတဲ့စာအုပ္အညိဳေရာင္ေလးကိုစားပြဲေပၚခ်ကာ လက္တစ္ဖက္ကိုထုတ္ၿပီးေခါင္းေမွာက္ကာမ်က္လုံးေတြကိုမွိတ္ထားလိုက္သည္။ ရည္႐ြယ္ခ်က္မရွိ အေၾကာင္းျပခ်က္ေတြလည္းမရွိပါဘဲ အိမ္ျပန္ခ်ိန္ေတြကိုလည္း သတိမရေတာ့ပါေခ်။

ညအေမွာင္ကႀကီးစိုးလာၿပီး ဒါလီၿမိဳ႕ထဲ ဆိုင္ေတြေတာ္ေတာ္မ်ားမ်ားကပိတ္ကုန္ၾကၿပီ။ ထိုနည္းတူ ထိုက္ယီစာအုပ္ဆိုင္ရဲ႕ပိတ္ခ်ိန္ကလည္းက်ေရာက္လာၿပီျဖစ္သည္။ သို႔ေပမယ့္ စားပြဲခုံေပၚေခါင္းေမွာက္အိပ္ေနတဲ့လူငယ္ေလးကို ဆိုင္ရွင္ဦးေလးႀကီးက မႏႈိးရက္ခဲ့ဘူး။

ဆိုင္ရွင္ဦးေလးႀကီးက လူငယ္ေလးကိုမႏႈိးဘဲ သူ႔ဘာသာႏိုးလာဖို႔ေစာင့္ေနခဲ့ေပမယ့္ အခ်ိန္ကပိုပိုလင့္လာၿပီး လူငယ္ေလးျပန္ဖို႔အခ်ိန္ပါေနာက္က်ေနၿပီျဖစ္တာေၾကာင့္ အနားသြားကာ လက္ကေလးေတြကိုလႈပ္ကာႏႈိးလိုက္ရေတာ့သည္။

“လူေလး..လူေလး!”

ဂ်ီအြန္းရဲ႕စိုစြတ္ေနတဲ့မ်က္ေတာင္ေတြဟာပုတ္ခက္ပုတ္ခက္ျဖင့္ပြင့္လာခဲ့ၿပီး ဆိုင္ရွင္ဦးေလးႀကီးအားေမာ့ၾကည့္သည္။

“အခ်ိန္အရမ္းလင့္ေနၿပီ လူေလး၊ ညေနစာေရာစားၿပီးရဲ႕လား”

‌ဆိုင္ရွင္ဦးေလးႀကီးရဲ႕စကားေၾကာင့္ ဂ်ီအြန္းက မတ္တပ္ထရပ္ကာ ခ်ထားတဲ့စာအုပ္ေလးကိုျပန္ကိုင္လိုက္သည္။

“အာ..ကြၽန္ေတာ္အားနာပါတယ္ ဦးေလး၊ ဆိုင္ပိတ္ခ်ိန္ေတာင္ေက်ာ္ေနၿပီကို ကြၽန္ေတာ္ျပန္လိုက္ပါဦးမယ္”

“ရပါတယ္ကြယ္၊ လူေလးသာ အိမ္ကို‌ဂ႐ုစိုက္ျပန္ဦး”

“ဟုတ္ကဲ့ပါ ဦးေလး”

ဂ်ီအြန္းကပုံမွန္အတိုင္းပဲ ဆိုင္ရွင္ဦးေလးႀကီးကိုၿပဳံးျပႏႈတ္ဆက္ၿပီး ဆိုင္ထဲကေနထြက္လာခဲ့သည္။

ဆိုင္အျပင္ဘက္ကိုေရာက္သည္ႏွင့္ၿပဳံးေနတဲ့မ်က္ႏွာေလးဟာ ခ်က္ခ်င္းပဲမႈိင္က်သြားသည္။ လမ္းမီးေရာင္ေတြရဲ႕ အလင္းေရာင္မွိန္ပ်ပ်သာရွိတဲ့ဒါလီလမ္းမႀကီးကိုျဖတ္ၿပီး အိမ္ျပန္ဖို႔ဦးတည္ရသည္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ တစ္ေနကုန္အရိပ္ျပေနတဲ့မိုးဟာ ညႀကီးမင္းႀကီးထ႐ြာလာခဲ့ေတာ့သည္။

မခ်ိန္းဆိုဘဲ တန္ျပန္ေရာက္လာတဲ့ ကံၾကမၼာလိုပါပဲ။ ဂ်ီအြန္းခႏၲာကိုယ္ကမိုးေရေတြေၾကာင့္ တမဟုတ္ခ်င္းစို႐ြဲသြားၿပီး အဲ့ဒီတုန္းကအခ်ိန္ေတြကိုျပန္ေရာက္သြားသလိုပင္။ ပထမဆုံးခ်ိန္းဆိုမႈကိုရွန္မေရာက္လာႏိုင္ခဲ့တဲ့အခ်ိန္ေတြကိုေလ။

တင္းခံထားတဲ့ အားအင္ေတြဟာတစ္ျဖည္းျဖည္းခ်င္းယုတ္ေလွ်ာ့လာၿပီး ဂ်ီအြန္းက မိုးေရေတြနဲ႔ေရာကာ အသံထြက္ေအာင္ငိုသည္။ တစ္ခ်ိဳ႕ေသာ ျဖတ္သြားျဖတ္လာလူေတြကိုလည္းဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ ဒါလီလမ္းမႀကီးရဲ႕အလယ္မွာ စာအုပ္အညိဳေရာင္ေလးကိုပိုက္လ်က္သားရပ္ေနရင္း ရႈိက္သံေတြထြက္တဲ့ထိငိုခဲ့သည္။ အကယ္၍ ကံၾကမၼာသာတစ္ဖန္ျပန္လည္လာတာမွန္ရင္ ေနာက္တစ္ေန႔မနက္မွာ ရွန္ သူ႔ဆီကိုျပန္လာႏိုင္ေကာင္းပါရဲ႕။

______________________

ႏိုဝင္ဘာေႏွာင္းပိုင္းျဖစ္လိမ့္မည္။ ေအးစိမ့္စိမ့္ရာသီဥတုဟာ ဒါလီတစ္ၿမိဳ႕လုံးကိုလႊမ္းၿခဳံထားသည္။ ေငြမွိန္ေရာင္သန္းေနတဲ့ပန္းဆိုင္ေလးရဲ႕တံခါးပြင့္မလာခဲ့သည္မွာ ရက္အေတာ္စိပ္ေလၿပီ။

ေန႔တိုင္း‌ေရာက္လာေနၾကျဖစ္တဲ့ ဂ်ီယာက မေနႏိုင္ေတာ့တဲ့အဆုံး ဂ်ီအြန္းအိမ္ထိလိုက္သြားဖို႔ဆုံးျဖတ္လိုက္သည္။

သူမဟာအၿမဲတမ္းလွမ္းရသူျဖစ္ၿပီး တစ္ဖက္ကျပန္လွည့္မၾကည့္ဘဲ တစ္ျခားတစ္ေယာက္ဆီဦးတည္ေနတာေတာင္ သူမဟာဘယ္ေတာ့မွမၿငိဳျငင္ခဲ့ဘူး။ ဘယ္ေလာက္ေဝးေဝးေျပးပါေစ အရလိုက္ေနႏိုင္တဲ့ေမတၱာမ်ိဳးပါပဲ။

ဂ်ီယာက ဂ်ီအြန္းရဲ႕အိမ္ကိုေရာက္ေတာ့ ၿခံထဲမွာငုတ္တုတ္ေလးထိုင္ေနတဲ့ ကေလးမေလးတစ္ေယာက္ကိုေတြ႕သည္။ ကေလးမေလးက သူမကိုျမင္ေတာ့ ထိုင္ေနရာကထလာသည္။

“ဘာကိစၥရွိလို႔ပါလဲ အစ္မ”

“ဒါက..ဂ်ီအြန္းတို႔အိမ္ ဟုတ္တယ္မလား”

ခ်ိဳယြန္းက ခပ္လွလွအမ်ိဳးသမီးတစ္ေယာက္က သူမအစ္ကိုနာမည္ကိုထည့္ၿပီးေမးလာခဲ့သည္မို႔ မ်က္ခုံးေလးေတြအနည္းငယ္တြန႔္ခ်ိဳးသြားသည္။

“ကိုကိုနဲ႔သိလို႔လား”

ဂ်ီယာလည္းပဲ မ်က္ခုံးေလးေတြအနည္းငယ္ပင့္တက္သြားသည္။ ၾကည့္ရတာ ဒီေကာင္မေလးက ဂ်ီအြန္းညီမေလးျဖစ္မယ္ထင္ရဲ႕။

“ဟုတ္ပါတယ္ အစ္မက ဂ်ီအြန္းရဲ႕မိတ္ေဆြပါ”

“ဪ..ဒါဆိုလည္းဝင္ခဲ့ေလ ၊ ကိုကိုအထဲမွာရွိပါတယ္”

ခ်ိဳယြန္းရဲ႕စကားေၾကာင့္ ဂ်ီယာကေခါင္းၿငိမ့္လိုက္ကာ ကေလးမေလးေခၚသြားေပးတဲ့အတိုင္း အိမ္ထဲကိုလိုက္ဝင္သည္။ ခ်ိဳယြန္းကေတာ့ ေမေမ့ရဲ႕ သူစိမ္းေတြေပးမဝင္ပါနဲ႔ဆိုတဲ့ အမွာစကားကိုေမ့သြားခဲ့တယ္ထင္ပါရဲ႕။ ဒါမွမဟုတ္ တစ္ဖက္က မိန္းကေလးျဖစ္တာေၾကာင့္ ခ်ိဳယြန္းက မစိုးရိမ္သည့္ပုံပါပဲ။

“ကိုကို..ခ်ိဳယြန္းဝင္လာမယ္ေနာ္”

သစ္သားတံခါးေလးကိုေခါက္ကာေျပာေလေတာ့ အထဲကေန 'အင္း' ဆိုတဲ့တုန႔္ျပန္သံေလးကိုၾကားလိုက္ရသည္။ ဂ်ီယာ့ကိုျပန္ေမာ့ၾကည့္လာတဲ့ ကေလးမေလးရဲ႕မ်က္ႏွာက အနည္းငယ္ေတာ့ေကာင္းမေနခဲ့။

တံခါးေလးကိုဖြင့္ၿပီး အထဲကို ကေလးမေလးနဲ႔အတူလိုက္ဝင္သြားလိုက္ခ်ိန္မွာေတာ့ ဂ်ီယာက အံ့ဩသြားခဲ့တယ္။ တစ္ဆက္တည္း စိုးရိမ္စိတ္ပါဝင္လာခဲ့သည္။

အိပ္ယာအေပၚဖက္ကိုမွီကာ ဖြင့္ထားတဲ့ျပတင္းေပါက္ဆီကိုေငးေနတဲ့ေကာင္‌ငယ္ေလးဟာ မျမင္ရတဲ့ရက္ေတြမွာအေတာ္ေလးကိုေခ်ာင္က်သြားခဲ့တယ္။ ဘယ္လိုမ်ားျဖစ္ရတာလဲ။

“ကိုကို..ကိုကို႔ဆီကိုဧည့္သည္လာတယ္”

ခ်ိဳယြန္းအသံျပဳကာမွ ဂ်ီအြန္းဟာ အခန္းဝကိုလွည့္ၾကည့္သည္။ ညီမျဖစ္သူေဘးက ဂ်ီယာ့ကိုျမင္သည့္အခါ ဂ်ီအြန္းမ်က္လုံးေလးေတြကအနည္းငယ္ဝင့္လာခဲ့သည္။

“အစ္မဂ်ီယာ”

“ဂ်ီအြန္း..”

ဂ်ီယာဟာဘာစကားမွထြက္မလာ‌ဘဲ ဂ်ီအြန္းအနားကိုမေျပး႐ုံတမယ္‌သြားကာအိပ္ယာေဘးကခုံမွာဝင္ထိုင္လိုက္သည္။

“ဂ်ီအြန္း..”

သူမဟာ ဘာစကားမွထြက္မလာႏိုင္ေအာင္ တုန္လႈပ္ေနပုံပါပဲ။ အရင္လေတြထဲက ဂ်ီအြန္းပုံစံဟာ က်န္းမာေရးမေကာင္းသည့္ပုံႏွင့္ ေလတိုက္႐ုံနဲ႔လဲေတာ့မလိုျဖစ္ေနေပမယ့္ အဲ့တာက ခဏတာေလာက္ပဲလို႔သူမကထင္မွတ္ခဲ့မိတယ္။ သို႔ေပမယ့္ ဂ်ီအြန္းအေျခအေနက ဒီရက္ေလးအတြင္းမွာပဲ ပိုဆိုးလာခဲ့သည္။

“ဆိုင္‌ေတာင္မဖြင့္ေတာ့လို႔ တို႔လိုက္လာခဲ့တာ ဂ်ီအြန္း..၊ ေနလို႔အဆင္ေျပရဲ႕လား ဟင္”

သူမဟာ ခပ္ေသးေသးပဲရွိေတာ့တဲ့ ေကာင္ေလးရဲ႕လက္ကေလးကိုဆုပ္ကိုင္လို႔ ညႇင္သာစြာေမးလာခဲ့သည္။ သူမ အသံေတြကလည္းတုန္ရီေနခဲ့မွာအမွန္။

“ကြၽန္ေတာ္အဆင္ေျပပါတယ္ အစ္မဂ်ီယာ”

ထပ္ၿပီးအလိမ္အညာစကားပါပဲ။ တကယ္ပဲ ဒီေကာင္ေလးဟာဘယ္အထိလိမ္ညာေနဦးမွာလဲ။ ဂ်ီယာကေရာဘယ္အခ်ိန္ထိမသိခ်င္ေယာင္ေဆာင္ၿပီး ယုံၾကည္ေပးေနဦးမွာလဲ။

“ဂ်ီအြန္းရယ္..”

သူမက ဂ်ီအြန္းနာမည္ကိုသာေရ႐ြတ္ၿပီးဘာစကားမွထြက္မလာခဲ့‌ေတာ့ဘူး။ သူမမ်က္ဝန္းအိမ္ေတြထဲလည္းဝမ္းနည္းရိပ္ေတြခိုေအာင္းလို႔။

“အစ္မဂ်ီယာ ကြၽန္ေတာ့္အိမ္ကိုဘယ္လိုသိတာလဲ”

“အဲ့တာကအေရးႀကီးလို႔လား ဂ်ီအြန္း၊ ဘာလို႔အိပ္ယာထဲလွဲေနရတာလဲ”

“ဒီတိုင္းေနမေကာင္းျဖစ္႐ုံပါ အစ္မဂ်ီယာရဲ႕၊ မစိုးရိမ္ပါနဲ႔”

မစိုးရိမ္ဘဲဘယ္လိုေနႏိုင္ပါ့မလဲ။ ကိုယ္တိုင္ခ်စ္ရသူျဖစ္ၿပီး ဂ်ီယာ့စိတ္ကိုမသိတာလည္းမဟုတ္ပါဘဲ ဒီလိုစကားမ်ိဳးေျပာရလား ငတုံးေလးရဲ႕။

ဂ်ီယာတိတ္ဆိတ္သြားသည့္အခါ ဂ်ီအြန္းဟာ အခန္းဝမွာရပ္ေနတဲ့ညီမျဖစ္သူဆီကို အာ႐ုံေရာက္သြားသည္။

“ခ်ိဳယြန္း....ကိုကိုတို႔စကားေျပာခ်င္လို႔”

အစ္ကိုျဖစ္သူရဲ႕စကားေၾကာင့္ ခ်ိဳယြန္းကအလိုက္သိစြာပင္ ေခါင္းေလးၿငိမ့္ကာ အခန္းထဲကထြက္ၿပီးတံခါးေလးကိုျပန္ပိတ္ေပးထားခဲ့သည္။

ခ်ိဳယြန္းထြက္သြားသည့္အခါမွ ဂ်ီအြန္းဟာ သူ႔လက္ကိုဆုပ္ကိုင္ထားတဲ့ဂ်ီယာ့လက္ေတြကိုျပန္အုပ္ကိုင္လိုက္သည္။

“အစ္မဂ်ီယာ..ကြၽန္ေတာ့္ကိုကူညီေပးပါ”

႐ုတ္တရက္ အသံႏွိမ့္ကာဆိုလာတဲ့ေကာင္ေလးေၾကာင့္ ဂ်ီယာကအနည္းငယ္ျပာယာခတ္သည္။

“ဘာကူညီရမလဲ ဂ်ီအြန္း၊ တို႔ဘာပဲျဖစ္ျဖစ္ ကူညီေပးပါ့မယ္”

တစ္ဖက္ကထိုသို႔ေျပာလာတဲ့စကားေၾကာင့္ ဂ်ီအြန္းဟာ အရဲစြန႔္ကာပင္ေျပာလိုက္ေတာ့သည္။

“ဒီအေတာအတြင္း ကြၽန္ေတာ္မေမးႏိုင္ခဲ့တာ...၊ အစ္မဂ်ီယာ  ရွန္ေနတဲ့ေနရာကိုသိတယ္မလားဟင္”

“.......”

ဂ်ီယာဘာမွျပန္မေျပာခင္မွာပဲ ဂ်ီအြန္းက ေဘးနားကစားပြဲေပၚကစာအုပ္အညိဳၾကားထဲညႇပ္ထည့္ထားတဲ့ စာအိတ္ကေလးတစ္ခုကိုထုတ္ၿပီး ဂ်ီယာ့ဆီကိုကမ္းေပးလာခဲ့သည္။

“ဘယ္လိုပဲျဖစ္ျဖစ္ ရွန႔္အိမ္လိပ္စာေလာက္ေတာ့ အစ္မဂ်ီယာသိတယ္မဟုတ္လား၊ ဒီစာေလးကို ရွန႔္ဆီကိုပို႔ေပးပါလား အစ္မဂ်ီယာ”

ထိုအခိုက္မွာ ဂ်ီယာဟာ ‌စာေစာင္ကိုမယူဘဲ ခႏၲာကိုယ္ကိုမတ္လိုက္သည္။ ေမွ်ာ္လင့္တႀကီးေစာင့္ဆိုင္းေနတဲ့မ်က္ဝန္းေတြကို ဂ်ီယာက အံ့ႀကိတ္လို႔လ်စ္လ်ဴရႈတယ္။

“အဲ့တာကိုေတာ့ တို႔မကူညီႏိုင္ေလာက္ဘူး ဂ်ီအြန္း”

ဂ်ီယာ့စကားေၾကာင့္ ဂ်ီအြန္းကမ်က္ရည္ေတြေဝ့တက္လာခဲ့သည္။ ေမေမမသိေအာင္ စာေရးၿပီး ရွန႔္ဆီကိုပို႔ေပးခ်င္ခဲ့တာ။ ဂ်ီအြန္းက ရွန႔္ရဲ႕မိသားစုဘဝကိုေႏွာက္ယွက္ခ်င္တာမဟုတ္ဘဲ ရွန္နဲ႔တစ္ခါေလာက္ပဲျပန္ေတြ႕ခ်င္႐ုံပါ။ ေနာက္ၿပီး သူရွန႔္ကိုေျပာခ်င္တဲ့စကားလည္းရွိတယ္။

“ကြၽန္ေတာ္..ကြၽန္ေတာ္ ရွန႔္ဘဝကိုဝင္ေႏွာက္ယွက္ဖို႔ရည္႐ြယ္ခ်က္မရွိပါဘူး အစ္မဂ်ီယာ၊ ဒီတိုင္း႐ိုး႐ိုးတန္းတန္းစာေလးတစ္ေစာင္ပါ ရွန႔္ဆီကိုေရာက္သြားတယ္ဆိုရင္ပဲ ကြၽန္ေတာ္ေက်နပ္ပါၿပီ”

ဂ်ီအြန္းစကားေၾကာင့္ ဂ်ီယာက ေဝ့ဝိုင္းေနတဲ့မ်က္ရည္ေတြနဲ႔တစ္ဖက္ေကာင္ေလးကိုျပန္ၾကည့္သည္။

“မင္းဘာလို႔မသိရတာလဲ ဂ်ီအြန္း၊ တို႔မကူညီေပးႏိုင္တာ အဲ့တာေၾကာင့္လို႔တကယ္ပဲထင္ေနတာလား”

“......”

“တို႔ ခြၽမ္ေ႐ြ႕ကို အႀကိမ္ႀကိမ္အခြင့္အေရးေပးၿပီးၿပီဂ်ီအြန္း၊ မင္းကို သူေ႐ြးခ်ယ္ႏိုင္ဖို႔ တို႔ႀကိဳးစားေပးခဲ့တယ္၊ ဒါေပမယ့္ သူမင္းကိုေက်ာခိုင္းလိုက္တဲ့ေန႔ကစၿပီး သူကမင္းနဲ႔မထိုက္တန္ေတာ့ဘူး”

“အစ္မဂ်ီယာ...”

“သူသတၱိမရွိခဲ့တာ ဂ်ီအြန္း၊ ခြၽမ္ေ႐ြ႕က တို႔ေမာင္ျဖစ္ၿပီး သူ႔စိတ္ဘယ္လိုလဲဆိုတာကိုလည္းသိတယ္၊ အဲ့တာေတာင္မွ သူကမင္းကိုေက်ာခိုင္းရက္ႏိုင္တာ၊ တို႔ဘယ္လိုစိတ္နဲ႔မွ သူ႔ကို ထပ္ၿပီးအခြင့္အေရးမေပးႏိုင္ဘူး”

ဂ်ီယာ့စကားေတြေၾကာင့္ ဂ်ီအြန္းဟာပိုတိုးလို႔ဝမ္းနည္းလာတယ္။ တကယ္တည္းေက်ာခိုင္းခဲ့တာ သူပဲမဟုတ္ဘူးလား။

ဂ်ီအြန္းက ဘယ္လိုစကားကိုေျပရမယ္မွန္းမသိခဲ့ေတာ့ဘူး။ တစ္ေန႔ထက္တစ္ေန႔ ပိုအားနည္းလာတဲ့သူ႔ခႏၲာကိုယ္က စိုးရိမ္စရာျဖစ္လာတာကို သူ႔ကိုယ္သူသာသိသည္။

“ကြၽန္ေတာ္နားလည္ပါတယ္၊ အစ္မဂ်ီယာ့ကိုလည္း ကြၽန္ေတာ္အားနာပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ေတာင္းဆိုတာပါ အစ္ဂ်ီယာ၊ ဒီစာကို ရွန႔္ဆီေရာက္ေအာင္ပို႔ေပးပါ”

“......”

“ကြၽန္ေတာ္ သူ႔ကိုခ်စ္တယ္ အစ္မဂ်ီယာ”

စူးနစ္ေနတဲ့ခံစားခ်က္ပါပဲ။ ဂ်ီယာ့ႏွလုံးသားဟာတစ္ဆစ္ဆစ္နဲ႔ၿပိဳလဲက်လာတယ္။ သူမ သိပ္သိတာေပါ့။ သူမ , သိခဲ့လို႔လည္း ဂ်ီအြန္းေပ်ာ္ဖို႔အတြက္ ေမာင္ျဖစ္သူကို ေ႐ြးခ်ယ္ႏိုင္ေအာင္ အႀကိမ္ႀကိမ္ႀကိဳးစားေပးခဲ့တယ္။

သူမ လည္းပဲ ခ်စ္ရတာပါပဲ။ တစ္ဖက္က ‌ေသြးသားရင္းခ်ာျဖစ္ၿပီး တစ္ဖက္က သူ႔အတြက္ႏွစ္ေယာက္မရွိႏိုင္ေတာ့တဲ့ ခ်စ္ရသူျဖစ္တယ္။ ဒါေတြေၾကာင့္ သူမက အရာရာအရႈံးခံခဲ့ေပမယ့္ ေမာင္ျဖစ္သူကေတာ့ သတၱိနည္းလြန္းတယ္။

ေခ်ာင္က်‌ေနတဲ့ပါးျပင္ေပၚစီးက်လာတဲ့မ်က္ရည္စေတြကိုျမင္တဲ့အခါ ဂ်ီယာဟာ အရႈံးေပးဖို႔ျဖစ္လာျပန္သည္။ တကယ္ပဲ ခ်စ္ျခင္းေမတၱာေတြဘက္လိုက္ပုံမ်ား။

ဂ်ီယာက သက္ျပင္းတစ္ခ်က္ခ်ကာ ႏႈတ္ခမ္းကိုကိုက္ခဲလို႔ ဂ်ီအြန္းဆီကစာေစာင္ကိုယူလိုက္သည္။

“တို႔ မင္းေၾကာင့္ သူ႔ကိုေနာက္ဆုံးအခြင့္အေရးေပးလိုက္မယ္ ဂ်ီအြန္း”

အဲ့ဒီစကားတစ္ခြန္းပါပဲ။ အဲ့ဒီစကားေၾကာင့္ပဲ တစ္ဖက္ေကာင္ေလးဟာ ပါးျပင္ေပၚကမ်က္ရည္ေတြကိုလက္ကေလးေတြနဲ႔ဆြဲသုတ္လို႔ ဂ်ီယာ့အားေမာ့ၾကည့္ရင္း ေက်းဇူးတင္ေၾကာင္းအထပ္ထပ္ဆိုလာခဲ့သည္။ မလိုအပ္ရပါဘူး။ ဒီထက္ပိုၿပီး မပင္ပန္းေပးရင္ဘဲ ဂ်ီယာကေက်နပ္ရပါၿပီ။

ဝါက်င့္က်င့္အေရာင္စာအိတ္ကေလးထဲက ႀကိဳးစားေရးထားခဲ့တဲ့ စာလုံးတစ္လုံးစီတိုင္းမွာ ခ်စ္ျခင္းေမတၱာေတြအျပည့္ပါတယ္။ ရည္႐ြယ္ရာဆီေရာက္ႏိုင္ဖို႔အတြက္ ဒါလီယာပန္းေတြဟာဝိုင္းဆုေတာင္းေပးခဲ့ပါတယ္။

အရွင္သခင္ဟာ ဒါလီယာပန္းေတြဆီျပန္လာဖို႔အခ်ိန္သင့္ေနၿပီဆိုတာကို သိႏိုင္ေကာင္းပါရဲ႕။

___________________________________

Ellis_M

Continue Reading

You'll Also Like

3.6K 95 6
genre: fluff reader: she/her ☆☆☆ status: ongoing ☆☆☆ (Y/N) finds herself a job; just so happens, she will be working for a hit show-Welcome Home-as t...
657K 24K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.5K 218 5
ကျွန်တော်သာ ငှက်တစ်ကောင်ဆိုရင် ခများက ကျွန်တော်အမြင့်ပျံနိုင်အောင် ထောက်ပံ့ပေးတဲ့ တောင်ပံတစ်စုံပဲ ဖြစ်လိမ့်မယ်။
4.9K 808 7
[Breaking News] The paparazzi found out that Mr.Park is secretly dating a rookie star, Kim Sunoo.