Love From BᴏDᴜ

By Vic-khe

10.7K 1.3K 185

We fell in love from Bodu.... More

Intro
Settling into Bodu (Part-1)
Second day of Bodu(Part-2)
Getting to know him(Part-3)
The first day of Bodu school(Part-4)
Start Meeting(Part-5)
Second meeting(Part-6)
School cleaning day(Part-7)
Third meeting(Part-8)
Jeon mama's malaria(Part-9)
Jeon mama's malaria2(Part-10)
Day to go to Busan(Part-11)
Day to go to Busan2(Part-12)
Day to go to Busan3(Part-13)
Beautiful day with we words(Part-14)
Back to Seoul(Part-15)
Taehyung's open confession(Part-16)
Back to Bodu(Part-17)
Synchronization of love(Part-19)
The End

When we feel love(Part-18)

491 69 11
By Vic-khe

ဘို့ဒူရွာတောတန်းကလေးမှာ နေဝင်တော့မည်။သည်ရွာကလေးကို ဆော့ဂျင်စရောက်လာကတည်းက အိမ်ပေါ်မှဆီးမြင်ရသော ရွာ့ရှုခင်းကိုမျှော်ကြည့်ရင်း ဘယ်လိုရွာလေးပါလိမ့်ဆိုသည့် အတွေးရောက်ဖူးသည်။ဘယ်လိုလူတွေနှင့် ထိတွေရမှာပါလိမ့်၊ကလေးတွေကိုဘယ်လိုများ ထိန်းကြောင်းပဲ့ပြင်ရမှာပါလိမ့်၊ကိုယ့်ကိုရော ဘယ်လို သဘောထားကြမှာပါလိမ့်...စသည်ဖြင့် စိတ်ကလေး ပူပန်မိခဲ့သည်။တကယ်တည်း ရွာကလေးထဲ ဘဝမြှုပ်နှံလိုက်တော့လည်း ရွာ့မေတ္တာကြောင့် အခက်အခဲမရှိ အေးမြခဲ့ရတာပါပဲ။

ဆော့ဂျင် ပြူတင်းပေါက်အားဖွင့်၍ရပ်ပြီးရွာ့အလှ၊ရွာ့သဘာဝကို မျှော်ကြည့်နေရင်းပင် နေလုံးက အနောက်ဘက် တောတန်းထဲရုတ်ခနဲဝင်သွားခဲ့ပြီ။အမှောင်ရိပ်ကလည်း ထူလာကာ ရိုးပြတ်တောကိုဖြတ်တိုက်လာသော ကွင်းလေက လတ်ဆတ်မွှေးကြူ လှပါသည်။

"ဆရာလေးရေ...ထမင်းစားမယ်ဗျို့!!"

ဟိုဘက်အိမ်မှ ဟိုဆော့၏လှမ်းခေါ်သံကြောင့် ဆော့ဂျင် ငေးနေရာမှ လန့်သွားရသည်။ဟုတ်သား...အချိန်ကိုကြည့်မိတော့မှ ညစာ စားချိန်တောင်ရောက်ပြီပဲ။ပြူတင်းပေါက် အား အမြန်ပြန်ပိတ်ကာ သည်ဘက်အိမ် ကူးလာခဲ့ရပါသည်။

"ခြောက် ခြောက် လီ ဘယ်လောက်လဲ"

"နှစ့်ဆယ့်လေး"

"ဘာ နှစ်ဆယ့်လေးလဲ သုံးဆယ့်ခြောက် မှတ်ထား...ခြောက်ခြောက်လီ သုံးဆယ့်ခြောက်လို့ ငါးခါပြန်ဆို"

"ခြောက်ခြောက်လီ သုံးဆယ့်ခြောက်
ခြောက်ခြောက်လီ သုံးဆယ့်ခြောက်
ခြောက်ခြောက်လီ သုံးဆယ့်ခြောက်
ခြောက်ခြောက်လီ သုံးဆယ့်ခြောက်
ခြောက်ခြောက်လီ သုံးဆယ့်ခြောက်"

"ဟုတ်ပြီ...ဒါဆိုနှစ်ဆယ်လီ"

"နှစ်ဆယ်"

"ခြောက် ခြောက်လီ"

"နှစ့်ဆယ့်လေး"

"ဒုတ်...!"

"အ့...!"

အခုထိခြောက် ခြောက်လီကနေမတက်သေးသော ဂျောင်ကုကို ဆော့ဂျင်စိတ်မရှည်တော့။ ခြောက်ခြောက်လီ နှစ်ဆယ့်လေးချင်အုံးဆိုပြီး ခေါင်းကိုဒုတ်ကနဲမည်အောင် ခေါက်ချပလိုက်သည်။

ခေါက်ပြီးပြန်တော့လည်း သူ့ခေါင်းလေးကို ပွတ်ပြီး ငိုမဲ့မဲ့နဲ့ ​ပြန်ကျက်နေရှာတဲ့ ဂျောင်ကုကိုကြည့်ပြီး စိတ်ကမကောင်းပြန်။သုံးတန်းကလေးတွေ တောင် ပိုင်နိုင်အောင်ရနေပြီဖြစ်တဲ့ ဒီအလီလေးကို သူ့ခဗျာ ကျက်နေရရှာတာ အချိန်ကတစ်ပတ်မကတော့။

ဆော့ဂျင် ဆိုလ်းမှ ပြန်ရောက်၍ တစ်ရက်နှစ်ရက် နေပြီးကတည်းက ဂျွန်အိမ်မှာ ညစာ စားပြီးတိုင်း ဂျောင်ကုကို စာသင်ပေးဖြစ်သည်။ကြီးကြီးမားမား ကျောင်းစာလိုအရာမျိုးတော့ သင်ပေးဖြစ်တာမဟုတ်ပေမယ့် သချာ်နှင့်ပတ်သတ်သည့် ပေါင်း၊နုတ်၊မြောက်၊စား လောက် တော့ ပိုင်နိုင်သွားအောင် သင်ရအုံးမည်။

"နာသွားလား..."

သူ့အမေးကို ဖြေလည်းမဖြေ..။စောနက ခေါက်လိုက်သည့် ခေါင်းကိုသာ ပွတ်နေသည့် ဂျောင်ကုကြောင့် ဆော့ဂျင် ဂျောင်ကုနားတိုးထိုင်လိုက်ရင်း ပွတ်ချေနေသော ခေါင်းလေးကို သူ့လက်ဖြင့် ဖွဖွလေးပွတ်ပေးလိုက်သည်။

"စာကို သေချာအာရုံစိုက်ပြီး လုပ်စမ်းပါ ဂျောင်ကုရယ်..စောနက ကျွန်တော်နဲနဲဒေါသထွက်သွားတယ်..ခေါင်းကိုခေါက်မိသွားတာ တောင်းပန်ပါတယ်နော်"

"ရပါတယ်...ကျွန်တော်က ကို မကောင်းတာ..ကျွန်တော်စာမကျက်နိုင်ဘူးရယ်..ဆရာလေး အနားမှာရှိနေလို့ ဖြစ်မယ်..ကျွန်တော့် ဒီဘက်နားက အရမ်းခုန်နေတယ်

ဘုရားရေ...ချစ်စရာကောင်လိုက်တာ။သူ့ဘယ်ဘက်ရင်အုံဆီထိုးပြကာ ဖြူစင်စွာ ပြောလာသည့် ဂျောင်ကုကိုကြည့်ပြီး ဆော့ဂျင်သဘောတကျပင် ပြုံးမိပါသည်။
သည်ကောင်လေးမှာ သည်လို နူးညံ့တဲ့အပြောအဆိုနဲ့၊အမူအရာတွေက ရှိသေးတာပဲလား။

"မပြုံးပါနဲ့...ဆရာလေး"

"ဘာဖြစ်လို့လဲ"

"ပြုံးရင် သိပ်လှလွန်းလို့၊မြင်ရတဲ့ ကျွန်တော် ရူးသွားလိ့မ်မယ်"

"အို..."

သူတို့ ထိုင်နေရာ ကွပ်ပျစ်ဆီသို့လရောင် က ဖြာကျလျက်ရှိ၍ ရွာမှာစိုက်လေ့ရှိသည့် ညမွှေးပန်း ရနံ့အီအီီက လေသင့်ရာမွှေးနေသည်။

ထိုအချိန်မှာ သည်လိုစကားမျိုးပြောလာသည့်ဂျောင်ကုစကားကို ဆော့ဂျင် နှလုံးခုန်သံတွေရပ်သွားမတတ် ရင်ခုန်မိပါသည်။အထွေအထူး ရည်းစားစကား​အပြောခံနေရတာ မဟုတ်ပဲတောင် သည်လောက် ဖြစ်နေတာ သည်အချိန်၊သည်နေရာမှာ ဂျောင်ကုဆီက ချစ်ရေးဆိုစကားသာ ကြားရရင် ဘယ်လိုများ နေရမလဲဟု ဆော့ဂျင် ရူးရူးနှမ်းနှမ်းအတွေးတွေ ဝင်မိသည်။

အချစ်ဆိုသည်မှာ အလွန်ချိုမြိန်သောအရာပါလားဟု တမ်းတမ်းမက်မက် လှုပ်ခတ်ကြည်နူးမှုမျိုးကို သည်ကောင်လေးနဲ့မှပဲခံစားမိတော့၏။

ဝင်းပနေသော လမင်းကြီးကိုကြည့်ကာ ပြုံးနေပြန်သည့် ဆော့ဂျင်၏ဘေးတစ်စောင်း မျက်နှာလေးကိုကြည့်ရင်း ဂျောင်ကုအကြည့်တွေမလွဲနိုင်ခဲ့။ကော့ညွှတ်နေသည့် မျက်တောင်များ...၊နီထွေးနေသည့် နှုတ်ခမ်းဖူးဖူး...၊ပန်းနုရောင်ဖြာနေသည့်ပါးနှစ်ဖက်မို့မို့တွေနှင့်...ဖြူဥနေသည့် လည်တိုင်သွယ်သွယ်လေး။ဒုက္ခပဲ...သူ ဒီကျောင်းဆရာ ကလေးဝေထံမှာ ပြုစားခံရလွန်းလို့ တကယ်ပင် ရူးသွားတော့မည်။

"ဆရာလေး..."

"ဟင်"

"ကျွန်တော်..ဆရာလေးကိုလေ..."

ဂျောင်ကု စကားဆက်ချင်ပေမယ့် ရှေ့ဆက်မပြောနိုင်ပဲ..တံတွေးသာမြိုချမိသည်။ဆော့ဂျင်ကလည်း ဂျောင်ကု ပြောလာမည့် စကားကို စောင့်စားနေပုံ။မျက်လုံးအရောင်လေးတွေက လရောင်နှင့်အပြိုင်တောက်ပနေသည်။

"ပြောလေ..ကျွန်တော် ဆရာလေးကို..ဘာဖြစ်လဲ"

"ကျွန်တော်...ဆရာလေးရဲ့ပါးလေးကို ထိကြည့်ချင်တယ်။ဆရာလေး ကျွန်တော့်ကို စိတ်ဆိုးမှာလား"

သူ့စကားဆုံးပြီးနောက် ဆော့ဂျင်က မျက်နှာမော့လှန်ကာ အော်ရယ်တော့ ဂျောင်ကု သူ့စကားများမှားသွားပြီလားဟူ၍ ရှက်ရွံ့စွာ အိမ်ထဲပြေးဝင်ဖို့ ကြံတော့ ဆော့ဂျင်က သူ့လက်ကိုပြန်ဆွဲထားသည်။နောက်ပြီး သူနှင့် အတူ ထရပ်ကာ...

"ဒီတိုင်းထိလို့တော့...ဘယ်ရမလဲ"

"ခင်ဗျာ.."

"ဂျောင်ကု..ကျွန်တော့်ကို လက်ထက်ရမယ်"

Thanks for your voting and feedback
Vic khe-🐙

ဘို႔ဒူ႐ြာေတာတန္းကေလးမွာ ေနဝင္ေတာ့မည္။သည္႐ြာကေလးကို ေဆာ့ဂ်င္စေရာက္လာကတည္းက အိမ္ေပၚမွဆီးျမင္ရေသာ ႐ြာ့ရႈခင္းကိုေမွ်ာ္ၾကည့္ရင္း ဘယ္လို႐ြာေလးပါလိမ့္ဆိုသည့္ အေတြးေရာက္ဖူးသည္။ဘယ္လိုလူေတြႏွင့္ ထိေတြရမွာပါလိမ့္၊ကေလးေတြကိုဘယ္လိုမ်ား ထိန္းေၾကာင္းပဲ့ျပင္ရမွာပါလိမ့္၊ကိုယ့္ကိုေရာ ဘယ္လို သေဘာထားၾကမွာပါလိမ့္...စသည္ျဖင့္ စိတ္ကေလး ပူပန္မိခဲ့သည္။တကယ္တည္း ႐ြာကေလးထဲ ဘဝျမႇဳပ္ႏွံလိုက္ေတာ့လည္း ႐ြာ့ေမတၱာေၾကာင့္ အခက္အခဲမရွိ ေအးျမခဲ့ရတာပါပဲ။

ေဆာ့ဂ်င္ ျပဴတင္းေပါက္အားဖြင့္၍ရပ္ၿပီး႐ြာ့အလွ၊႐ြာ့သဘာဝကို ေမွ်ာ္ၾကည့္ေနရင္းပင္ ေနလုံးက အေနာက္ဘက္ ေတာတန္းထဲ႐ုတ္ခနဲဝင္သြားခဲ့ၿပီ။အေမွာင္ရိပ္ကလည္း ထူလာကာ ႐ိုးျပတ္ေတာကိုျဖတ္တိုက္လာေသာ ကြင္းေလက လတ္ဆတ္ေမႊးၾကဴ လွပါသည္။

"ဆရာေလးေရ...ထမင္းစားမယ္ဗ်ိဳ႕!!"

ဟိုဘက္အိမ္မွ ဟိုေဆာ့၏လွမ္းေခၚသံေၾကာင့္ ေဆာ့ဂ်င္ ေငးေနရာမွ လန္႔သြားရသည္။ဟုတ္သား...အခ်ိန္ကိုၾကည့္မိေတာ့မွ ညစာ စားခ်ိန္ေတာင္ေရာက္ၿပီပဲ။ျပဴတင္းေပါက္ အား အျမန္ျပန္ပိတ္ကာ သည္ဘက္အိမ္ ကူးလာခဲ့ရပါသည္။

"ေျခာက္ ေျခာက္ လီ ဘယ္ေလာက္လဲ"

"ႏွစ့္ဆယ့္ေလး"

"ဘာ ႏွစ္ဆယ့္ေလးလဲ သုံးဆယ့္ေျခာက္ မွတ္ထား...ေျခာက္ေျခာက္လီ သုံးဆယ့္ေျခာက္လို႔ ငါးခါျပန္ဆို"

"ေျခာက္ေျခာက္လီ သုံးဆယ့္ေျခာက္
ေျခာက္ေျခာက္လီ သုံးဆယ့္ေျခာက္
ေျခာက္ေျခာက္လီ သုံးဆယ့္ေျခာက္
ေျခာက္ေျခာက္လီ သုံးဆယ့္ေျခာက္
ေျခာက္ေျခာက္လီ သုံးဆယ့္ေျခာက္"

"ဟုတ္ၿပီ...ဒါဆိုႏွစ္ဆယ္လီ"

"ႏွစ္ဆယ္"

"ေျခာက္ ေျခာက္လီ"

"ႏွစ့္ဆယ့္ေလး"

"ဒုတ္...!"

"အ့...!"

အခုထိေျခာက္ ေျခာက္လီကေနမတက္ေသးေသာ ေဂ်ာင္ကုကို ေဆာ့ဂ်င္စိတ္မရွည္ေတာ့။ ေျခာက္ေျခာက္လီ ႏွစ္ဆယ့္ေလးခ်င္အုံးဆိုၿပီး ေခါင္းကိုဒုတ္ကနဲမည္ေအာင္ ေခါက္ခ်ပလိုက္သည္။

ေခါက္ၿပီးျပန္ေတာ့လည္း သူ႔ေခါင္းေလးကို ပြတ္ၿပီး ငိုမဲ့မဲ့နဲ႔ ​ျပန္က်က္ေနရွာတဲ့ ေဂ်ာင္ကုကိုၾကည့္ၿပီး စိတ္ကမေကာင္းျပန္။သုံးတန္းကေလးေတြ ေတာင္ ပိုင္ႏိုင္ေအာင္ရေနၿပီျဖစ္တဲ့ ဒီအလီေလးကို သူ႔ခဗ်ာ က်က္ေနရရွာတာ အခ်ိန္ကတစ္ပတ္မကေတာ့။

ေဆာ့ဂ်င္ ဆိုလ္းမွ ျပန္ေရာက္၍ တစ္ရက္ႏွစ္ရက္ ေနၿပီးကတည္းက ဂြၽန္အိမ္မွာ ညစာ စားၿပီးတိုင္း ေဂ်ာင္ကုကို စာသင္ေပးျဖစ္သည္။ႀကီးႀကီးမားမား ေက်ာင္းစာလိုအရာမ်ိဳးေတာ့ သင္ေပးျဖစ္တာမဟုတ္ေပမယ့္ သခ်ာ္ႏွင့္ပတ္သတ္သည့္ ေပါင္း၊ႏုတ္၊ေျမာက္၊စား ေလာက္ ေတာ့ ပိုင္ႏိုင္သြားေအာင္ သင္ရအုံးမည္။

"နာသြားလား..."

သူ႔အေမးကို ေျဖလည္းမေျဖ..။ေစာနက ေခါက္လိုက္သည့္ ေခါင္းကိုသာ ပြတ္ေနသည့္ ေဂ်ာင္ကုေၾကာင့္ ေဆာ့ဂ်င္ ေဂ်ာင္ကုနားတိုးထိုင္လိုက္ရင္း ပြတ္ေခ်ေနေသာ ေခါင္းေလးကို သူ႔လက္ျဖင့္ ဖြဖြေလးပြတ္ေပးလိုက္သည္။

"စာကို ေသခ်ာအာ႐ုံစိုက္ၿပီး လုပ္စမ္းပါ ေဂ်ာင္ကုရယ္..ေစာနက ကြၽန္ေတာ္နဲနဲေဒါသထြက္သြားတယ္..ေခါင္းကိုေခါက္မိသြားတာ ေတာင္းပန္ပါတယ္ေနာ္"

"ရပါတယ္...ကြၽန္ေတာ္က ကို မေကာင္းတာ..ကြၽန္ေတာ္စာမက်က္ႏိုင္ဘူးရယ္..ဆရာေလး အနားမွာရွိေနလို႔ ျဖစ္မယ္..ကြၽန္ေတာ့္ ဒီဘက္နားက အရမ္းခုန္ေနတယ္

ဘုရားေရ...ခ်စ္စရာေကာင္လိုက္တာ။သူ႔ဘယ္ဘက္ရင္အုံဆီထိုးျပကာ ျဖဴစင္စြာ ေျပာလာသည့္ ေဂ်ာင္ကုကိုၾကည့္ၿပီး ေဆာ့ဂ်င္သေဘာတက်ပင္ ၿပဳံးမိပါသည္။
သည္ေကာင္ေလးမွာ သည္လို ႏူးညံ့တဲ့အေျပာအဆိုနဲ႔၊အမူအရာေတြက ရွိေသးတာပဲလား။

"မၿပဳံးပါနဲ႔...ဆရာေလး"

"ဘာျဖစ္လို႔လဲ"

"ၿပဳံးရင္ သိပ္လွလြန္းလို႔၊ျမင္ရတဲ့ ကြၽန္ေတာ္ ႐ူးသြားလိ့မ္မယ္"

"အို..."

သူတို႔ ထိုင္ေနရာ ကြပ္ပ်စ္ဆီသို႔လေရာင္ က ျဖာက်လ်က္ရွိ၍ ႐ြာမွာစိုက္ေလ့ရွိသည့္ ညေမႊးပန္း ရနံ႔အီအီီက ေလသင့္ရာေမႊးေနသည္။

ထိုအခ်ိန္မွာ သည္လိုစကားမ်ိဳးေျပာလာသည့္ေဂ်ာင္ကုစကားကို ေဆာ့ဂ်င္ ႏွလုံးခုန္သံေတြရပ္သြားမတတ္ ရင္ခုန္မိပါသည္။အေထြအထူး ရည္းစားစကား​အေျပာခံေနရတာ မဟုတ္ပဲေတာင္ သည္ေလာက္ ျဖစ္ေနတာ သည္အခ်ိန္၊သည္ေနရာမွာ ေဂ်ာင္ကုဆီက ခ်စ္ေရးဆိုစကားသာ ၾကားရရင္ ဘယ္လိုမ်ား ေနရမလဲဟု ေဆာ့ဂ်င္ ႐ူး႐ူးႏွမ္းႏွမ္းအေတြးေတြ ဝင္မိသည္။

အခ်စ္ဆိုသည္မွာ အလြန္ခ်ိဳၿမိန္ေသာအရာပါလားဟု တမ္းတမ္းမက္မက္ လႈပ္ခတ္ၾကည္ႏူးမႈမ်ိဳးကို သည္ေကာင္ေလးနဲ႔မွပဲခံစားမိေတာ့၏။

ဝင္းပေနေသာ လမင္းႀကီးကိုၾကည့္ကာ ၿပဳံးေနျပန္သည့္ ေဆာ့ဂ်င္၏ေဘးတစ္ေစာင္း မ်က္ႏွာေလးကိုၾကည့္ရင္း ေဂ်ာင္ကုအၾကည့္ေတြမလြဲႏိုင္ခဲ့။ေကာ့ၫႊတ္ေနသည့္ မ်က္ေတာင္မ်ား...၊နီေထြးေနသည့္ ႏႈတ္ခမ္းဖူးဖူး...၊ပန္းႏုေရာင္ျဖာေနသည့္ပါးႏွစ္ဖက္မို႔မို႔ေတြႏွင့္...ျဖဴဥေနသည့္ လည္တိုင္သြယ္သြယ္ေလး။ဒုကၡပဲ...သူ ဒီေက်ာင္းဆရာ ကေလးေဝထံမွာ ျပဳစားခံရလြန္းလို႔ တကယ္ပင္ ႐ူးသြားေတာ့မည္။

"ဆရာေလး..."

"ဟင္"

"ကြၽန္ေတာ္..ဆရာေလးကိုေလ..."

ေဂ်ာင္ကု စကားဆက္ခ်င္ေပမယ့္ ေရွ႕ဆက္မေျပာႏိုင္ပဲ..တံေတြးသာၿမိဳခ်မိသည္။ေဆာ့ဂ်င္ကလည္း ေဂ်ာင္ကု ေျပာလာမည့္ စကားကို ေစာင့္စားေနပုံ။မ်က္လုံးအေရာင္ေလးေတြက လေရာင္ႏွင့္အၿပိဳင္ေတာက္ပေနသည္။

"ေျပာေလ..ကြၽန္ေတာ္ ဆရာေလးကို..ဘာျဖစ္လဲ"

"ကြၽန္ေတာ္...ဆရာေလးရဲ႕ပါးေလးကို ထိၾကည့္ခ်င္တယ္။ဆရာေလး ကြၽန္ေတာ့္ကို စိတ္ဆိုးမွာလား"

သူ႔စကားဆုံးၿပီးေနာက္ ေဆာ့ဂ်င္က မ်က္ႏွာေမာ့လွန္ကာ ေအာ္ရယ္ေတာ့ ေဂ်ာင္ကု သူ႔စကားမ်ားမွားသြားၿပီလားဟူ၍ ရွက္႐ြံ႕စြာ အိမ္ထဲေျပးဝင္ဖို႔ ႀကံေတာ့ ေဆာ့ဂ်င္က သူ႔လက္ကိုျပန္ဆြဲထားသည္။ေနာက္ၿပီး သူႏွင့္ အတူ ထရပ္ကာ...

"ဒီတိုင္းထိလို႔ေတာ့...ဘယ္ရမလဲ"

"ခင္ဗ်ာ.."

"ေဂ်ာင္ကု..ကြၽန္ေတာ့္ကို လက္ထက္ရမယ္"

Thanks for your voting and feedback
Vic khe-🐙

Continue Reading

You'll Also Like

31.6K 5.7K 25
Jin : မင်းjeon groupကိုသိတယ်မလား အေး အာကCEO jungkookက ငါချစ်သူလေ !!" Jungkook : ဘယ်လို
10.9K 1.9K 12
+بنظرت دختره یا پسر به سختی نگاهش و از اون چهره دلنشین گرفت درحالی که کنار جیمین می نشست گفت: نمیدونم... جیمین لب گزید و اروم دستش و به سمت پایین تنه...
77.3K 3.8K 70
Well, this is my first attempt of trying short stories. It is the collection of love stories.