My beloved school president (...

By 95blackcoffee95

9.4K 1K 101

ကျွန်တော်ချစ်ရတဲ့ကျောင်းသားဥက္ကဌလေး More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း (၁၀)
final (Unicode)

Final (Zawgyi)

180 4 0
By 95blackcoffee95

"ဟျောင်း !!! မျက်စိဖွင့်ပါဦး ဟျောင်း
တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဟျောင်းကိုတစ်ယောက်
တည်းချန်ထားမိလို့တောင်ပန်းပါတယ် ၊ ကျေးဇူးပြုပြီး
ကျွန်တော့်ကိုကြည့်ပါဦး ကျေးဇူးပြုပြီး !!"

မေ့မြောနေတဲ့ ဟာအိုကိုရင်ခွင်ထဲပွေ့ကာ ရှိုက်ကြီးတငင်
ငိုကြွေးနေသော ကျောင်းသားဥက္ကဌသည်
အများအမြင်တွင် စိမ်းသက်စွာ ၊၊

မကြာခင် မီးသတ်ကားနဲ့ အရေးပေါ်လူနာတင်ယာဉ်တို့
ရောက်လာတာကြောင့် ဟန်ဘင်း ဟာအိုကို ကုတင်ပေါ်ပြောင်း
တင်ကာ သူပါတစ်ခါတည်းလိုက်သွားခဲ့သည်။

ဒီလိုနဲ့ အားကစားပြိုင်ပွဲကြီး၏ပျော်ရွှင်စရာပုံရိပ်များမှာ
ပျောက်ဆုံးသွားပြီး ဆရာများခေါင်းခဲနေကြသည်။
ထိုအခန်းက လျှပ်စစ်မီးမတပ်ဆင်ထားတဲ့ တစ်ခုတည်းသော
အခန်းဖြစ်တာမို့ ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်တယ်
လို့လည်းပြောလို့မရတာကြောင့် သေချာပေါက်ရှို့မီးသာ
ဖြစ်ပြီး ဟာအိုကိုလုပ်ကြံသူရှိမည်ဟု ဆရာများကခန့်မှန်း
လိုက်ကြပြီး ကျောင်းသားအားလုံးကို ကိုယ့်အတန်းကို
ပြန်ခိုင်းကာ ကျောင်းသားတို့၏လွယ်အိတ်များကိုစစ်ဆေး
ကြတော့သည်။

သို့သော်မသင်္ကာစရာမတွေ့တာမို့ ပြိုင်ပွဲကိုသာဆက်လက်ကျင်းပ
ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ဆရာတွေက တရားခံကိုဆက်မရှာဘဲလက်လျှော့လိုက်ပေမယ့်
ဂျီအွန်းကတော့ လက်မလျှော့ဘဲ အိမ်သာတွေနှင့်
ကျောင်းသားများ အဝတ်လဲသည့် လော့ကာခန်းတွေထိပါ
စစ်ဆေးရန်ထွက်လာတဲ့အချိန် သူ့ရှေ့တွင်လူတစ်ယောက်က
ပိတ်ရပ်ထားတာကိုတွေ့ပြီး ကြည့်လိုက်တော့
သူ့ရှေ့က လူကိုမြင်ဘူးသလိုလိုရှိတာနဲ့ ဂျီအွန်းဦးနှောက်ကို
အလျှင်အမြန်အလုပ်ပေးလိုက်တော့ ဒီမနက်သူ့ဘေးမှာ
အိပ်နေခဲ့တဲ့ မျက်နှာပိုင်ရှင်ဖြစ်နေကြောင်းတွေ့လိုက်ရသည်။

"မနေ့ညက ကိုယ့်ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်
အားတဲ့တစ်နေ့ ကျေးဇူးသေချာဆပ်မှာမို့ အခုတော့ဖယ်ပေး
လို့ရမလား  လုပ်စရာလေးတွေရှိလို့ "

ဂျီအွန်းက ထိုသို့ပြောလိုက်ပေမယ့် သူ့ရှေ့ကလူကတော့
နည်းနည်းမှမလှုပ်

"ဟောက်ဟောက်ကိုလုပ်တဲ့တရားခံကိုရှာမလို့မှတ်လား
ကူညီပေးမယ် "

"ဟောက်ဟောက် ဆိုတာ ဘယ်သူ "

"ကျန်းဟာအိုကို ပြောနေတာ သူကကျွန်တော့်သူငယ်ချင်း "

" ဆောရီး ကိုယ်မင်းကိုကျောင်းမှာတစ်ခါမှမမြင်ဘူးလို့ "

"ခင်ဗျားကျောင်းပြောင်းလာတဲ့နေ့မှာပဲ တရုတ်မှာအရေးကြီးကိစ္စ
ရှိလို့ အတန်းတောင်မတက်ရဘဲ ပြန်သွားတာ အဲ့တာကြောင့်
မြင်ဘူးမှာမဟုတ်ဘူး ၊ အဲ့တာထားလိုက်တော့ ခုနကလူစု
နေတဲ့အချိန် ကျွန်တော်တို့အတန်းမှာလူတစ်ယောက်ပျောက်
နေတယ် သတိထားမိလား မနက်ကျောင်းလာတုန်းက
သေချာပေါက်တွေ့လိုက်တာကို အခုတော့ လူရောလွယ်အိတ်ပါ
မတွေ့တော့ဘူး ထူးဆန်းမနေဘူးလား "

"မင်းပြောတာဘယ်သူလဲ "

"ဒါကခန့်မှန်းချက်ပဲရှိသေးတာမို့ သူ့ရဲ့အဝတ်လဲခန်းကိုသွား
ကြည့်ရမယ် "

ထို့နောက် ရစ်ကီနဲ့ဂျီအွန်း အဝတ်လဲခန်းကိုသွားကြည့်ရာ
သော့ခလောက်နဲ့သေချာခတ်ထားတာကိုတွေ့လိုက်ရလေသည်။

"ထင်တော့ထင်သားပဲ
ဒါကိုဖွင့်ကြည့်လိုက်ရင် တစ်ခုခုတော့ထွက်လာမယ်ထင်တယ် "

******************
"ဟျောင်း နိုးလာရင် ကျွန်တော်ဟျောင်းအနားကနေ တစ်ဖဝါးမှခွာ
တော့မှာမဟုတ်ဘူး "

ဟာအို အခုလိုဖြစ်ရတာ ဟန်ဘင်းက သူ့ကြောင့်ဟုပင်
တွက်ထားလိုက်သည် ။ သူ့ကိုမကျေနပ်တဲ့လူက ကျောင်းမှာ
ခပ်များများမဟုတ်လား။ သူ့ကိုထိပ်တိုက်ပြဿနာမရှာရဲလို့
ဟျောင်းကို ပစ်မှတ်ထားနေကြတာ။

"တောင်းပန်ပါတယ် ဟျောင်း ၊ ဟျောင်းဒီလိုဖြစ်ရတာ
ကျွန်တော့်အပြစ်တွေပါ ၊ ဟျောင်းနိုးလာရင် ဟျောင်းပြော
တဲ့စကားတွေအကုန်လုံးနားထောင်ပါ့မယ် လူလည်း
မရိုက်တော့ပါဘူး ၊ အဲ့တာကြောင့် …အဲ့တာကြောင့်
ဒီလောက်ပဲအိပ်ပြီး နိုးလာပါတော့ "

"ဟန်ဘင်းလေး "

ဟန်ဘင်းက စကားပြောရင်းငိုနေတာကြောင့် ဝင်လာတဲ့
သူနာပြုကိုတောင် သတိမထားမိပေ

"ဟုတ်ကဲ့ … ဆရာမ "

"လူနာက အချိန်တန်ရင်နိုးလာမှာမို့ ဒီလောက်ပဲငိုပြီး တိတ်ပါတော့
ဒီထပ်ပိုပြီးငိုနေရင် ဆေးရုံတစ်ခုလုံးက သူနာပြုတွေက
အငိုသန်လေးလို့နာမည်ပေးကြတော့မှာ "

"ဆရာမကလည်း ..."

စင်စစ် ဟန်ဘင်းတို့အခုရောက်နေတဲ့ ဆေးရုံက ဟန်ဘင်းအမေ
ထောင်ထားတဲ့ဆေးရုံပင် ဟန်ဘင်းငယ်ငယ်က ဆေးရုံကို
အမေနဲ့တူတူအမြဲလိုက်လာနေကျမို့ အသစ်ဝင်တဲ့ဝန်ထမ်းတွေကလွဲ
ရင် နှစ်ကြာပြီဖြစ်တဲ့ ဆရာဝန် ၊ သူနာပြုတွေ အားလုံးက
ဟန်ဘင်းကို သိကြပြီးသားပင် ။

"ကိုင်ထားတဲ့ လက်ကိုခဏလေး လွှတ်ပေးပြီး
အနောက်ကိုနည်းနည်းလောက်ဆုတ်ပေးမလား လူနာကို
ဆေးလေးတစ်လုံးလောက်ထိုးပေးချင်လို့ "

သူနာပြုက အဲ့လိုပြောမှပဲ ဟန်ဘင်း ဟာအိုရဲ့လက်ကို
မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပြီး ကုတင်ပေါ်ကိုဖွဖွလေးတင်ပေးလိုက်တယ်။

"ဆရာမ ညင်ညင်သာသာလေးလုပ်နော် သွေးကြောကို
တစ်ခါတည်း မှန်အောင်ရှာ ခဏခဏထိုးနေရရင်
ဟျောင်းလက်တွေ နာသွားမှာစိုးလို့ "

"အမယ်လေး သိပါပြီး ကိုယ်တော်ရဲ့ ကျွန်မသူနာပြုလုပ်လာတာ
နှစ်သုံးဆယ်နီးပါးရှိပါပြီ သွေးကြောကိုတစ်ခါတည်းမှန်အောင်
ရှာနိုင်ပါတယ် "

အမှန်တော့ သူ့ရှေ့က သူနာပြုက ဆေးရုံမှာ အတော်ဆုံးဆိုတာ
ဟန်ဘင်းလည်းသိပါတယ် ဒါပေမယ့် စိတ်ပူတာက
ပူတာပဲ ။

"သူနာပြုကြီးကိုဆရာလုပ်နေပြန်ပြီးလာ ?"

"အမေ !"

"သူနာပြုကြီးကို ရစ်မနေပဲ ဖုန်းကိုင်လိုက်ဦး ဂျီအွန်းလေးက
သားဆီကိုခေါ်တာမကိုင်လို့ အမေ့ကိုလှမ်းခေါ်လာတယ်
ဟာအိုကို ဒီလိုလုပ်တဲ့ တရားခံကိုတွေ့ပြီတဲ့ "

"ဗျာ !''

"ဟုတ်တယ် ဂျီအွန်းနဲ့ ဟာအိုရဲ့သူငယ်ချင်းအတူတူပေါင်းပြီး
ရှာတွေ့တာတဲ့ ကျောင်းကိုမြန်မြန်လိုက်သွားလိုက်
ဟာအိုကို အမေစောင့်နေပေးမယ် "

ထို့နောက် ဟန်ဘင်း ဟာအိုရှိရာကိုတစ်ချက်လှည့်ကြည့်ပြီး
ကျောင်းဘက်ကို ဦးတည်လိုက်တော့သည်။ ဟန်ဘင်းအမှန်
တကယ်သိချင်ပါသည် ။ ဘယ်လိုလူက ဘာအငြိုးကြောင့်နဲ့
ဟျောင်းကိုသေစေနိုင်တဲ့အထိလုပ်ရတာလဲ ဆိုတာကိုပေါ့ ။

ဟန်ဘင်းကျောင်းကိုရောက်တော့ ရုံးခန်းဆီကိုတန်းသွားလိုက်
ပြီး တံခါးဖွင့်ကာ ဝင်သွားလိုက်တော့ ယောကျာ်းလေးနှစ်ယောက်
နဲ့ မိန်းကလေးသုံးယောက်ကို တွေ့လိုက်ရတယ် ။
ယောကျာ်းလေးတစ်ယောက်က ဟာအိုရဲ့အခန်းထဲက
ဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ နောက်ဆုံးနှစ်တန်းခွဲ၂
ကျန်တဲ့မိန်းကလေးသုံးယောက်ကတော့ ဟန်ဘင်းရဲ့အတန်းထဲက

"ဟန်ဘင်း  ရောက်လာပြီလား ?"

ဂျီအွန်းရဲ့ စကားကိုဘာမြှပန်မဖြေဘဲ ထိုလူငါးယောက်ကိုသာ
ကြည့်နေတဲ့ ဟန်ဘင်းကြောင့် ဂျီအွန်းကပဲ ရှင်းပြပေးလိုက်တော့သည်။

"ယောကျာ်းလေးနှစ်ယောက်က ဟာအိုကို မေ့ဆေးပေးပြီး
နေရာရွှေ့ပေးတာ ကျန်တဲ့မိန်းကလေးတွေက မီးရှို့တာ "

ဂျီအွန်းပြောလိုက်တဲ့အချိန် ဟန်ဘင်းက ဒေါသတကြီးတုံ့ပြန်မယ်
လို့ အားလုံးက တွေးလိုက်ကြပေမယ့် ထင်ထားတာထက်ပိုပြီး
တိတ်ဆိတ်နေတာကြောင့် တရားခံတွေက ပိုပြီးတုန်လှုပ်နေကြ
တော့သည် ။ ဟန်ဘင်းရဲ့စိတ်က ဒိုင်းနမိုက်နဲ့တူတယ်
ဆိုတာ သူတို့အားလုံးသိကြသည် မဟုတ်ပါလား ။
ဒီအတိုင်းဆိုရင် ငြိမ်နေပြီး မီးညှိလိုက်တာနဲ့ပေါက်ကွဲမယ့်
ဒိုင်းနမိုက် ....

"အဖေ သူတို့ကို ရဲလက်ထဲသာ အပ်လိုက်ပါ "

ဟန်ဘင်းရဲ့စကားကြောင့် ဟန်ဘင်းရဲ့အဖေအပါအဝင်
အားလုံးက အံ့သြသွားကြသည်။
ပြောပြီးတာနဲ့ လှည့်ထွက်သွားတဲ့ ဟန်ဘင်းရဲ့နောက်ကို
ဂျီအွန်းကလိုက်သွားကာ

"ဒီလူတွေကို ဒီလိုပဲ ဒီအတိုင်းပဲလွှတ်ပေးလိုက်တော့မလို့လား
သူတို့က ဟာအိုရဲ့အသက်ကိုတောင်ခြိမ်းခြောက်ထားတာနော်"

"ဦးငယ် "

"ဟင် "

"ကျွန်တော့်မှာ ဒီထက်ပိုပြီးရန်သူတွေများလာရင် ထိခိုက်မှာက
ဟျောင်းပဲ .. အရင်က ကျွန်တော်ဒီအချက်ကိုမတွေးမိခဲ့ဘူး
သူတို့က မကျေနပ်ရင် ကျွန်တော့်ကိုပဲ လာရှာမယ်လို့ထင်
နေတာ ကျွန်တော်အတွေးတိမ်သွားတယ် ''

"ဟင့်အင်း မဟုတ်ဘူး မင်းပျော့ညံ့နေရင် ဟာအိုက
ဒီထက်ပိုပြီး ထိခိုက်မှာအရင်က ပုံစံမျိုးပဲနေပါ ဟန်ဘင်း
ငါပြောတာကို ဟာအိုလည်းသဘောတူမှာပါ 
အဲ့ဒါကြောင့် မင်းက ဒီထက်ပိုပြီးသန်မာရမယ်
မင်းချစ်ရတဲ့လူကို လာထိလို့မရဲအောင် မင်းဒီထက်ပိုပြီး
သန်မာရမယ် "

"ဒါဆို ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ သူတို့ကိုလည်း
ဟျောင်းကိုလုပ်သလိုပြန်လုပ်ရမှာလား အဲ့လိုလုပ်လို့
မဖြစ်ဘူးမဟုတ်လား ကျွန်တော်တို့က လူကောင်းတွေ
မဟုတ်လား ရန်ကိုရန်ခြင်းတုံ့ပြန်ရင်ကောင်းလာတာ
ရှိမှာမဟုတ်ဘူး သူတို့ကိုရဲလက်သာအပ်လိုက်ပါ
ရဲတွေက အဆင်ပြေသလိုကြည့်လုပ်ပေးလိမ့်မယ်
ဦးငယ်လည်း ဒီထက်ပိုပြီး ဒေါသထွက်မနေပဲ
ကိစ္စတွေပြီးတာနဲ့ ရစ်ကီနဲ့တူတူ ဆေးရုံကိုလိုက်ခဲ့
ဟျောင်းနိုးလာရင် အားလုံးက သူ့အနားမှာရှိနေတာကို
မြင်စေချင်တယ် "

*************
ငါးနှစ်ခန့်ကြာသောအခါ .....

"Ya ဆောင်းဟန်ဘင်း မင်းဒီလိုပဲလုပ်နေတော့မှာလား ?"

"ကျွန်တော်ဘာလုပ်နေလို့လဲ "

"မင်း!"

"ဟျောင်း ..ကျွန်တော် ဖက်ထုပ်ပူပူလေးမှာထားတယ်
လာစားဦး "

ဟာအိုက ဒေါသထွက်နေသလောက် ဟန်ဘင်းကအပြုံးမပျက်
ပဲ သူ့ကိုဖက်ထုပ်စားဖို့တောင်ခေါ်နေတဲ့ ဟန်ဘင်းကို
ကြည့်ပြီး ဟာအိုသူ့ဆံပင်တွေကိုခပ်ကြမ်းကြမ်းဆွဲဖွကာ
ကျောင်းအုပ်ရုံးခန်းဟုနာမည်ချိတ်ဆွဲထားတဲ့အခန်းကို
ဝင်သွားတော့သည်။

"မင်းပဲ ပြောတော့ ဒီကျောင်းမှာအလုပ်လုပ်မယ်ဆို ငါ့ကို
လွတ်လပ်ခွင့်ပေးမယ်ဆို ဒါကဘယ်လိုဖြစ်တာလဲ "

လွန်ခဲ့တဲ့ ငါးနှစ်ကကိစ္စြဖစ်ပြီးကတည်းက ဟန်ဘင်းက
ဟာအိုရဲ့အရိပ်လိုလိုရှိနေခဲ့တာဖြစ်ပြီး သူနောက်ဆုံးနှစ်တက်နေတဲ့အချိန်ဟာအိုကတက္ကသိုလ်မသွားဘဲ ကျောင်းတစ်နှစ်အောက်ခံ
ပြီး ဟန်ဘင်းကိုအတင်းကျောင်းတက်ခိုင်းခဲ့ရတာဖြစ်သည်။
မဟုတ်ရင်ကိုယ်တော်လေးက သူ့ကျောင်းသူမတက်ဘဲ
ဟာအိုရှိတဲ့နေရာချည်းပဲ တောက်တဲ့လိုလိုက်ကပ်နေတာကြောင့်
ဟာအိုကပဲအလျှော့ပေးကာ ကျောင်းကိုတစ်နှစ်နားလိုက်ပြီး
ဟန်ဘင်းအထက်တန်းပြီးအောင်စောင့်ခဲ့သည်။ထို့နောက်
ဟာအိုရဲ့ရည်မှန်းချက်အရ ဆရာဖြစ်ကောလိပ်ကိုတက်ခဲ့ကြသည်။

ကျောင်းပြီးတာနဲ့
ဟန်ဘင်းက သူ့အဖေရဲ့ကျောင်းမှာ ကျောင်းအုပ်ဝင်လုပ်ကာ
ဟာအိုကတော့ အထက်တန်းပြဆရာအဖြစ်တာဝန်ထမ်းခဲ့သည်။
အမှန်တော့ ဟာအိုက ဆိုးလ်မှာရှိတဲ့အမျိုးသားသီးသန့်
အထက်တန်းကျောင်းကို လျှောက်မှာကို ဟန်ဘင်းက
ခွင့်မပြုလို့ အကယ်၍ သူနဲ့ကျောင်းမှာ မသိသလိုနေပေး
မယ်ဆိုရင် ဟန်ဘင်းရဲ့ကျောင်းကို လျှောက်မယ်ဆိုတဲ့
သဘောတူညီချက်နဲ့ ဟာအိုကဒီမှာအလုပ်ဝင်နေတာ
ဖြစ်သည်။

ဒါပေမဲ့သဘောတူညီချက်ကဘာပဲဖြစ်ဖြစ် ဆောင်းတောက်တဲ့
လေးကတော့ ထုံးစံအတိုင်း ဟာအိုကိုချည်းပဲ သီးသန့်အစည်းဝေး
ခေါ်ရတာနဲ့ ၊ ဟာအိုစာသင်နေတဲ့အချိန်အတန်းရြေှ့ဖတ်လျှောက်
ရတာနဲ့ အလုပ်ရှုပ်နေတတ်ပြီး တချို့ကျောင်းသားတွေကို
ဟန်ဘင်းကို ကျောင်းအုပ်လို့တောင်မခေါ်ဘဲ ဆရာဟာအိုရဲ့အရိပ်
လို့တောင်ကွယ်ရာမှာခေါ်နေကြသည်ပင်။

ဒါတွေအားလုံးကိုဟာအိုက မသိသလိုလုပ်ပြီးကျော်ပေးသွား
ပေမယ့် ဒီတစ်ခေါက်ကတော့ ဟာအိုရဲ့အလုပ်စားပွဲကိုပါ
သူ့ရုံးခန်းထဲကိုရွှေ့လိုက်တာမို့
မသိချင်ယောင်ဆောင်နေလို့မဖြစ်တော့။

" အခုဟာက အသစ်ဝင်လာတဲ့ဆရာဂင်က
ဟျောင်းကိုချည်းပဲတစ်ချိန်လုံးကြည့်နေလို့လေ "

ဟာအိုက ဟန်ဘင်းကိုဘယ်လိုပဲ စိတ်တိုနေပါတယ်ပြောပြော
ဟန်ဘင်းဝယ်ထားပေးတဲ့ ဖက်ထုပ်ပန်းကန်ရှေ့ရောက်သွားပြီး
အပူသက်သာအောင်မှုတ်ထားပေးတဲ့ ဟန်ဘင်းလက်ထဲက
ဖက်ထုပ်ကိုတော့ ပါးစပ်လေးထဲဝင်ခွင့်ပြုပြီးတမြုံ့မြုံဝါးနေလိုက်သည်။

"အဲ့တာက မင်းရဲ့ ဆင်ခြေအသစ်ပေါ့ "

"မဟုတ်ပါဘူး ... သူက ဟျောင်းကိုတောက်လျှောက်ကြည့်
နေလို့ပါဆို ၊ ကျွန်တော်တကယ်ပြောတာ သူဟျောင်းကို
စိတ်ဝင်စားနေတာသေချာတယ်"

"ငါ့ကိုကြည့်တိုင်းသာစိတ်ဝင်စားနေတာဆို ငါစာသင်တဲ့အချိန်
လိုက်ကြည့်နေတဲ့ကလေးတွေလည်းငါ့ကိုကြိုက်နေတာပဲလား "

"ဟျောင်းပြောမှပဲ တန်းခွဲ၁က အတန်းခေါင်းဆောင် ဟန်ယူဂျင်း
အဲ့ကောင်နဲ့ နီးနီးကပ်ကပ်မနေပါနဲ့ "

"မင်း !ပြောလေ ကဲလေ ဖြစ်လာပြီနော်
မင်းဒီလိုတြွေဖစ်မှာစိုးလို့ တခြားကျောင်းမှာလုပ်မယ်ဆိုတော့လည်း
မဟုတ်ဘူး ၊ ဆရာဝန်ကပြောထားတယ်မလား သံသယတွေ
လျှော့ပါဆို "

လွန်ခဲ့တဲ့ငါးနှစ် ဟာအိုနိုးလာပြီးနောက်ပိုင်း သူစိမ်းတွေ
ဟာအိုအနားကိုကပ်လာတာနဲ့ ဟန်ဘင်းက ပြင်းပြင်းထန်ထန်တုံ့ပြန်တတ်တာမို့ နောက်ပိုင်းမှာစိတ်ကျန်းမာရေးဆရာဝန်နဲ့
ဆွေးနွေးနေရပြီး ညှိုနှိုင်းနေရတာဖြစ်သည်။

"သဝန်တိုတာကို ဟျောင်းကဘာလို့သံသယလို့ခေါင်းစဉ်တပ်နေ
ရတာလဲ "

"မင်းကသဝန်တိုနေတာမဟုတ်ပဲ ဂယူဘင်းကိုသံသယဝင်နေတာလို့"

ဟာအိုသိတာပေါ့ ဟန်ဘင်း ဂယူဘင်းကိုသံသယဝင်နေပြီမှန်း
ထို့နောက်တိတ်ဆိတ်သွားတဲ့ သူတို့ရဲ့စကားဝိုင်း
ဟန်ဘင်းက ဘာမှဆက်မပြောတော့သလို ဟာအိုကလည်း
မတ်တပ်ရပ်ကာ အခန်းပြင်ကိုထွက်သွားတော့သည်။

ဆယ်မိနစ်ကြာပြီးသည့်နောက်တွင် ဟန်ဘင်းတို့ကျောင်းရဲ့
ကျောင်းတွင်းအသံလွှင့်ခန်းကနေ ဟာအိုရဲ့အသံကရှင်းလင်းစွာ
ထွက်ပေါ်လာတော့သည်။

"အားလုံးပဲမင်္ဂလာပါ ကျွန်တော့်နာမည်ကတော့ကျန်းဟာအို
ဖြစ်ပါတယ် "

ဟာအိုရဲ့ အသံက အသံချဲ့စက်ကနေထွက်လာသည်နှင့်အမျှ
တစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသားတွေသာမက
ဆရာတွေပါ အားလုံးဟာအိုရဲ့အသံကိုပဲအာရုံစိုက်လိုက်ကြတော့တယ် ။

"ကျွန်တော် ဒီနေ့အသံလွှင့်ရတာ အားလုံးကိုကြေညာစရာ
လေးရှိလို့ပါ အမှန်တော့ ကျွန်တော်နဲ့ ဆောင်းဟန်ဘင်းတို့က
တွဲနေကြတာပါ ၊ ကျွန်တော်တို့ရဲ့ ချစ်သူသက်တမ်းက
ငါးနှစ်ကျော်ပါပြီ "

'တကယ်လား ?  ကျောင်းအုပ်ကြီးက ငါတို့ရဲ့ဆရာကို
တစ်ဖက်သတ်ကြိုက်နေတယ်လို့ထင်နေတာလေ '

"ဒီအတောတွင်း ကျွန်တော် ဟန်ဘင်းရဲ့ စိတ်ကိုအများကြီး
လျစ်လျူရှုမိသလိုဖြစ်သွားလို့ ကျွန်တော့်ချစ်သူက
အခုအရမ်းကိုစိတ်မကောင်းဖြစ်နေပါတယ် ၊
ဒါကြောင့် အခုကျွန်တော်ပြောချင်တာက ငါ့ကိုလွန်ခဲ့တဲ့ငါးနှစ်ကနေ
အခုချိန်ထိလုပ်ခဲ့သလိုမျိုးတောက်လျှောက် ကပ်တွယ်နေဖို့ခွင့်ပြု
တယ် ၊ အဲ့ဒါကြောင့် ရှေ့ဆက်ပြီး ငါအသက်ရှင်နေသမျှကာလ
ပတ်လုံး ဆက်တိုက်ငါ့ဘေးမှာပဲ ကပ်တွယ်နေပေးပါ ၊
ဆက်တိုက်ငါ့ကိုကာကွယ်ပေးပါ
ဒါပေမဲ့ငါ့အနားကလူတွေကငါ့ကိုဒုက္ခပေးဖို့ရှိနေကြတာမဟုတ်ပါဘူး~ချစ်တယ် ဆောင်းဟန်ဘင်း "

ထို့နောက် ကျောင်းဝင်းတစ်ခုလုံးလက်ခုပ်သံတွေလေချွန်သံတွေနဲ့
ပြည့်နှက်သွားချိန် ရုံးခန်းထဲက ကျောင်းအုပ်လေးကတော့
မျက်ရည်တွေနှင့်ပြည့်လို့နေသည်။

"ဘာလဲဟ ငါက မင်းပျော်အောင်လို့ တစ်ကျောင်းလုံးရှေ့မှာ
ချစ်တယ်လို့ဖွင့်ပြောခဲ့တာနော် ဒါတောင်ငိုနေတုန်းလား"

"ဟျောင်း !!!"

ဟန်ဘင်းက ဟာအိုကိုခေါ်ရင်းပြေးဖက်လာတာကြောင့်
ဟာအိုက ဟန်ဘင်းကိုတင်းကျပ်စွာပြန်ဖက်ထားလိုက်သည်။

"ဟန်ဘင်း "

"ဗျာ"

"မင်းထင်နေသလို ငါ့အနားကိုကပ်လာသမျှလူတွေက
ငါ့ကိုထိခိုက်အောင်လုပ်ဖို့မဟုတ်ဘူး ငါ့ကိုခင်လို့
ဆိုတာ တွေးထားပေး "

"အင်း "

"သံသယတွေနေရာမှာ အချစ်တွေအစားထိုးပြီး ငါ့ကိုပိုချစ်ပေး"

"ဟုတ် "

"ဒါနဲ့ ငါ့ရဲ့အလုပ်စားပွဲကို မင်းရဲ့စားပွဲနားမှာထားလိုက်ရမလား"

"အဲ့လိုလည်းရလား "
အငိုသန်လေးရဲ့ အသံကပြန်ပြီးကြည်လင်သွားတာကြောင့်
ဟာအိုကသူဒီနေ့လုပ်လိုက်တဲ့အရာကိုများစွာဂုဏ်ယူမိ
တော့တယ် ။ နောက်ဆိုရင် ဟန်ဘင်းအပေါ်ကို အချစ်တွေ
အများကြီး ဖော်ပြပေးဖို့လည်းတွေးထားလိုက်တော့တယ် ။

"အာ မေ့တော့မလို့ ဒီနေ့ဂျီအွန်းဟျောင်းတို့ရဲ့
ဘတ်စကတ်ဘောပြိုင်ပွဲရှိတယ်မလား
သွားကြည့်ပြီး သူတို့စုံတွဲနဲ့အတူ ထမင်းလက်စုံစားကြတာပေါ့ "

"ဟျောင်း ~ "

"ဟင် "

"ကျေးဇူးပါပဲ ကျွန်တော့်ကိုချစ်ပေးလို့ "

ထို့နောက် ဟန်ဘင်းက သူ့စားပွဲပေါ်က ကားသော့ကိုယူကာ

"ကျွန်တော် ကားပါကင်ဆီအရင်သွားနှင့်လိုက်မယ်
ဟျောင်းပစ္စည်းတွေသိမ်းပြီးလိုက်ခဲ့ "
ဆိုကာ အရင်ထွက်သွားတဲ့ ဟန်ဘင်းရဲ့ ကျောပြင်လေးကိုကြည့်ပြီး ဟာအိုကတိုးတိုးလေးရေရွတ်လိုက်တာက

ငါ့ကိုအများကြီး ချစ်ပေးလို့ကျေးဇူးပါပဲ..
ငါ့ရဲ့ကျောင်းသားဥက္ကဌလေး
အခုတော့ ကျောင်းဥက္ကဌဖြစ်သွားပြီပေါ့ ..

"ဟန်ဘင်း ခဏစောင့် တူတူသွားမယ် "

ထို့နောက်ဟာအိုက သူ့အိတ်ကိုဆွဲပြီး ဟန်ဘင်းရဲ့နောက်ကိုမှီ
အောင် ပြေးလိုက်ကာ ဟန်ဘင်းရဲ့ လွတ်နေတဲ့လက်တစ်ဖက်ကိုဆွဲကိုင်ပြီး လက်ချောင်းချင်းယှက်ထားလိုက်တော့
ဟန်ဘင်းက မျက်လုံးဝိုင်းဝိုင်းနဲ့ကြည့်လာတယ် ။

"အခုက officialဖြစ်သွားပြီဆိုတော့ လက်တွဲပြီးသွားတာ
မဆန်းပါဘူး "

ဟာအိုရဲ့စကားကြောင့် ဟန်ဘင်း 'ဟက်'ခနဲ ရယ်လိုက်ပြီး
တွဲထားတဲ့လက်ကို သူ့နှုတ်ခမ်းနားဆီပို့ကာ ဟာအိုရဲ့
လက်ဖမိုးလေးကို 'ပြွတ်'ခနဲမြည်အောင်နမ်းလိုက်ပြီး

"အခုက officialတွဲနေတာမို့ လက်ကိုနမ်းတာလည်း
အဆန်းမဟုတ်ဘူး "

ထို့နောက် နှစ်ယောက်သား ထပ်တူကျစွာပြုံးလိုက်ရင်း
ထပ်တူကျတဲ့ခြေလှမ်းတွေကိုစတင်လိုက်တော့သည်။

The End ~~~~~

ဇာတ်သိမ်းလေးကိုနားမလည်ရင်မေးလို့ရပါတယ် ။
ဂျီအွန်းက ဘယ်သူနဲ့တွဲသွားတယ်ဆိုတာ သိကြမယ်လို့ထင်ပါတယ်။

ဒီfic လေးကို အစကတည်းက သုံးပိုင်းလောက်ပဲရေးမယ်လို့
တွေးထားတာ အရှည်ကြီးဖြစ်သွားလို့ပေါ့သွားတယ်ဆိုရင်
ဒါဒါလေးတို့ကပဲ နားလည်ပေးပါလို့တောင်းဆိုပါတယ် ။

နောက်လာမယ့် fic တွေကိုလည်းဖတ်ပေးကြပါဦးရှင့် ♥️♥️♥️

Continue Reading

You'll Also Like

220K 16.2K 27
"Normu saranghae hyung.." "Nardu..." 'အရာအားလုံးထက်ပိုချစ်တယ်' သူ့နှဖူးလေးပေါ်ညင်ညင်သာသာလေးကျနော်နမ်းရှိုက်ရင်း........ Cover by #LoeyMon27 #chanbaek/b...
258K 45.7K 57
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
111K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
61.6K 16.1K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥