အပိုင်း(၂)

775 104 9
                                    

"ဒီမှာ အဆင်ပြေရဲ့လား ... "

ဟာအိုနားထဲတွင်အသံဆူဆူညံညံကြားရတာကြောင့်
အသိဝင်လာပြီး မျက်လုံးဖွင့်ကြည့်ရာ သူ့ကိုလှုပ်နိုးနေတဲ့
ဟန်ဘင်းဆိုတဲ့ကျောင်းလူဆိုးကိုတွေ့လိုက်တာကြောင့်
ကမန်းကတန်းထပြီး

"မင်း ခုနက ဓားထိသွားတယ်မဟုတ်လား ?"

မေ့မြောနေရာက ရုတ်တရက်ထလာပြီး ဟန်ဘင်းကိုဓားထိသွား
ကြောင်းအလန့်တကြားပြောကာ ဟန်ဘင်းရဲ့ခန္ဓာကိုယ်ကို
သေချာစစ်ဆေးနေတဲ့ အခန်းဘေးကလူထူးဆန်းကို
ကြည့်ပြီး ဟန်ဘင်းပြုံးမိမလိုပင်ဖြစ်သွားရသည်။

အမှန်တော့ဟန်ဘင်းသူ့ရှေ့ကလူ၊တစ်နည်းအားဖြင့်
သူ့အခန်းဘေးကလူကိုသတိထားမိနေ
တာကြာပြီ ၊ အိမ်ထဲမှာရှိပါလျှက်နဲ့ လူမရှိဘူးလို့ဖြေတဲ့လူထူးဆန်း
က ဟန်ဘင်းနဲ့လည်းတစ်ကျောင်းဖြစ်ကြောင်း
တစ်ပတ်လောက်နေမှဟန်ဘင်းသတိထားမိတာပင်၊
ကျောင်းမှာထိပ်တိုက်တွေ့လျှင်အကြည့်လွှဲသွားတတ်ပြီး
နှစ်ယောက်တည်းထိပ်တိုက်တွေ့ရင်တော့နောက်လှည့်ပြီး
ထွက်ပြေးသွားတာကခပ်များများပင်၊
အိမ်မှာဆိုလျှင်တော့ သူ့အခန်းထဲကထွက်တိုင်း
ဟန်ဘင်းအခန်းကို သေချာကြည့်ပြီးမှ ကမန်းကတန်းပြေး
ထွက်သွားတတ်တာကို ဟိုတစ်နေ့ ဟန်ဘင်းကျောင်းက
ပြန်လာမှ သတိထားမိတာဖြစ်သည်။
ဘာလို့သူ့ကိုရှောင်နေသလိုဖြစ်နေရတာလဲဆိုတာ ဟန်ဘင်းလည်း
မခန့်မှန်းတတ်ပါချေ။

"ဓားက ခါးဘေးကိုရှပ်ထိသွားတာ ထွေထွေထူးထူးမဟုတ်ဘူး၊
ပစ္စည်းတွေဘာတွေပါသွားသေးလား "

"ဟင့်အင်းမပါသွားဘူး "

"လမ်းလျှောက်လို့နိုင်လား အိမ်ကိုဒီအတိုင်းပြန်နိုင်လား
ကျွန်တော်က ရဲစခန်းကိုသွားပြီး ထွက်ဆိုချက်သွားပေးရဦး
မှာမို့ "

"ငါလည်း လိုက်ခဲ့မယ်လေ ပြဿနာက ငါ့ဆီကစတာမို့လား"

"အဲ့လိုလုပ်လို့အဆင်ပြေရဲ့လား "

ဖြူဖျော့နေပုံပေါ်တဲ့ လူကိုကြည့်ပြီး ဟန်ဘင်းထပ်ဆင့်
အတည်ပြုကြည့်လိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် ရဲစခန်းကိုတော့
သူတို့နှစ်ယောက်လုံးသွားရမှာပင် ဟာအိုက တအားလန့်သွားပုံ
ရတာမို့ ရဲစခန်းထိ ဟန်ဘင်းခေါ်မသွားချင်တာလည်းပါသည်။

My beloved school president (binhao)UxZ(complete)Où les histoires vivent. Découvrez maintenant