မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်...

Ssinlet_aeri

17.4K 2.7K 223

Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Ho... Еще

Description
အပိုင်း ၁ : ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂ : ဂျန်နရေးရှင်းကွာဟချက်
အပိုင်း ၃ : စိတ်ဝိညာဉ်
အပိုင်း ၄ : ရှဲ့ဝမ်း
အပိုင်း ၅ : ပုံတူပန်းချီကား
အပိုင်း ၆ : အရုပ်
အပိုင်း ၇ : ကြည့်မှန်
အပိုင်း ၈ : အံဆွဲ
အပိုင်း ၉ : မှတ်စုစာအုပ်
အပိုင်း ၁၀ : ခန္ဓာကိုယ်‌ပြောင်းလဲခြင်း
အပိုင်း ၁၁ : ညှိုးရော်နွမ်းလျခြင်း
အပိုင်း ၁၂ : လှောင်အိမ်ဖြေရှင်းခြင်း
အပိုင်း ၁၃ : အဆက်အသွယ် ပြတ်တောက်ခြင်း
အပိုင်း ၁၄ : ဧည့်သည်ဖိတ်ခေါ်ခြင်း
အပိုင်း ၁၅ : သုံးဆောင်ခြင်း
အပိုင်း ၁၆ : ညဉ့်နက်လမ်း
အပိုင်း ၁၇ : အခက်ကြုံခြင်း
အပိုင်း ၁၈ : ကြမ္မာရေစက်
အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ
အပိုင်း ၂၁ : ဒဏ္ဍာရီလာ
အပိုင်း ၂၂ : သုံးအုပ်စု ဝင်ရောက်လာခြင်း
အပိုင်း ၂၃ : အိမ်ပြန်ခြင်း
အပိုင်း ၂၄ : ကျန်းလန်
အပိုင်း ၂၅ : မမျှော်မှန်းထားသော
အပိုင်း ၂၆ : ရွှေ့ပြောင်းခြင်း
အပိုင်း ၂၇ : အတိတ်နေ့စွဲများ
အပိုင်း ၂၈ : ခြေရာလက်ရာ
အပိုင်း ၂၉ : ရေစက်ဆုံခြင်း

အပိုင်း ၂၀ : ဆန့်ကျင်ဘက်

323 70 1
Ssinlet_aeri

[Unicode]

ငါ မင်းနဲ့ အရင်ကသိခဲ့ဖူးလား ?

ဘယ်သူမှ မ‌သင်ပေးဘူး ။

အနှီစကားလုံးများက ဝမ်းရှီ၏နှုတ်ခမ်းဖျားထက် ရောက်နေသည့်တိုင် ရှဲ့ဝမ်းက သိပ်ပြီးပျော်ရွှင်မနေဟု သူခံစားမိလိုက်သဖြင့် ထုတ်မပြောလိုက်မိပေ။

သူသည် မသိစိတ်အလျောက် တံခါးအပြင်ဘက်သို့ လှမ်းကြည့်မိသွားသည်--

သံပန်းဆွဲတံခါးမှာ တစ်ဝက်ပိတ်နေသောကြောင့် သူ့မြင်ကွင်းမှာလည်း အကန့်အသတ်ရှိနေသည် ။ မြင်ကွင်းထဲ ယခုဆိုင်၏ မျက်စောင်းထိုးဆိုင်ရှိ ယို့ယွင်းနေသော ခပ်ညစ်ညစ်ဆိုင်တံခါးမှအပ အခြားဘာတစ်ခုမျှ ရှိ‌မနေခဲ့ ။ သဘာဝတကျပင် ရှဲ့ဝမ်း ဤနေရာသို့ ရောက်မလာခင် မည်သည့်အရာများ ကြုံတွေ့ခဲ့ရသည်ကို သူသိမြင်နိုင်စွမ်း မရှိပါချေ ။

ဝမ်းရှီသည် မျက်မှောင်ကြုတ်လိုက်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည် ။ "မင်းကို ဘယ်သူရန်စလိုက်လို့လဲ ? "

ခေတ္တခဏမျှ ရှဲ့ဝမ်းကြောင်အမ်းသွားလေ၏ ။

သူသည် ဝမ်းရှီထံမှ သည်လိုတုံ့ပြန်မှုမျိုး ထွက်လာလိမ့်မည်ဟု မျှော်လင့်ထားပုံမရဘဲ သံပန်းတံခါးကို ဆွဲတင်နေရင်း ရပ်တန့်သွားတော့သည် ။

ဆိုင်ထဲရှိ မီးသီးအလင်းရောင်များက မှိန်ဖျော့လွန်းနေသည်ဖြစ်ရာ သူ့မျက်လုံးများကို နက်မှောင်သွားစေသော်ငြား အလင်းရောင်ခပ်ပါးပါးဖြင့် လွှမ်းခြုံထားလျက် ။ သူသည် မီးအလင်းရောင်အောက်၌ အချိန်အတော်ကြာ အသံတိတ်ရပ်တန့်နေခဲ့ပြီးမှ ရုတ်တရက် အသိပြန်ဝင်လာခဲ့သည် ။

သူသည် မျက်နှာလွှဲကာ တိုးဖွဖွရယ်လိုက်သည် ။ တိုးလျလွန်းသောကြောင့်ဖြစ်နိုင်၏ ၊ အပြုံးမှာ သူ့မျက်လုံးများထိပင် မရောက်လိုက်ဘဲ တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားခဲ့သည် ။

"ဘယ်သူမှ ရန်မစဘူး " ရှဲ့ဝမ်းသည် တံခါးကိုကိုင်ထားသော လက်ကိုချလိုက်ကာ မတ်မတ်ရပ်လိုက်ရင်း "ခုနက ငါသွားခဲ့တဲ့ဆိုင်က အမွှေးနံ့အိုးက အတော်လေးအနံ့ဆိုးလို့ ။ ငါမကြိုက်ဆုံးအနံ့မျိုး ဖြစ်နေတာနဲ့ "

သူသည် နေရာဖယ်ပေးရန် ဘေးသို့ ကိုယ်ကိုစောင်းပေးလာသည် ။ "မင်းလိုက်ကြည့်ပြီးပြီလား ? ပြီးရင်လဲ ထွက်လာခဲ့တော့ ။ အဘွား တံခါးပိတ်မှာကို လိုက်ပိတ်မနေနဲ့ "

ဆွဲတံခါးအပြင်ဘက်၌ ချည်ထားသော အဖြူရောင်ချည်မျှင်ကြိုးစမှာ ကြမ်းပြင်ပေါ်သို့ ပြေလျော့ကျသွား၏ ။ ဝမ်းရှီသည် သူ့ကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ကြိုးကို ပြန်ရုတ်သိမ်းလိုက်တော့သည် ။

သူသည် လက်ချောင်းများတစ်ဝိုက် ကြိုးကို ရစ်ပတ်နေရင်း ဆိုင်ထဲမှ ထွက်လာခဲ့သည် ။

အဘွားအို၏ မျက်ဆံဖြူဖြူများက သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေ၏ ။ ဝမ်းရှီ ဆိုင်ထဲမှ ထွက်လိုက်သည်နှင့် သူမသည် သံချေးတက်နေသော ချိတ်ကောက်ကို ယူလိုက်ကာ သံပန်းတံခါးအား ဆွဲပိတ်ချလိုက်တော့သည် ။

"ဘာလို့ ဆိုင်ပိတ်လိုက်တာလဲ ? " ရှဲ့ဝမ်းမေးလိုက်သည် ။

အဘွားအိုက တောင့်ခဲသွား၏ ။ သူမသည် သူမ၏အနောက်ဘက်သို့ မသိစိတ်အရ တစ်ချက်ချောင်းကြည့်မိသွားပြီး ဗလုံးဗထွေး ရေရွတ်လာသည် ။ "ဖွင့်လို့မရဘူး ၊ ဖွင့်လို့မရဘူး ။ သူက ကောင်းတဲ့ပစ္စည်းတွေ ရောင်းတာမဟုတ်ဘူး ။ ဖွင့်လို့မရဘူး "

ထိုသို့ပြောပြီးနောက် အဘွားအိုသည် သံချိတ်ကို ကိုင်လျက် လေးတိလေးဖင့်နှင့် ထွက်ခွာသွားတော့သည် ။

သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သံချိတ်မှာ ကြမ်းပြင်နှင့် ထိခတ်သွားပြီး ဦးနှောက်ကို ခြစ်ထုတ်နေသကဲ့သို့ စူးရှပြတ်သားသည့် သွားကျိန်းဖွယ် ဆူညံသံတစ်ခု ဖြစ်ပေါ်နေစေ၏ ။

တစ်စုံတစ်ယောက်၏ တိုးလျသည့် အော်သံက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည် ။

ဝမ်းရှီ လှမ်းကြည့်လိုက်သောအခါ ကျိုးရွှိနှင့် ရှချောင်မှာ ရှေ့ဆင့်နောက်ဆင့် ရပ်နေကြသည်ကို မြင်လိုက်ရ၏ ။

ကျိုးရွှိသည် သတ္တုနှင့် ကြမ်းပြင် ရိုက်ခတ်နေသည့်အသံအား သိသိသာသာ သည်းခံနိုင်ပုံမရဘဲ ကြက်သီးမွှေးညင်းများကို ပွတ်သပ်လျက် ခုန်ဆွခုန်ဆွလုပ်နေသည် ။ ရှချောင်သည်တော့ သူ့ဘေးတွင် ရပ်နေကာ သူခိုးတစ်ယောက်ကို ခြေရာခံသည့်အလား ကြည့်ရှုနေ၏ ။

"မင်းတို့က ဒီကို ဘာလာလုပ်တာလဲ ? " ဝမ်းရှီ မေးလိုက်သည် ။

"ခင်ဗျားတစ်ယောက်ပဲ ဒီလမ်းကို လာလို့ရပြီး ကျွန်တော်ကျ မရဘူးပေါ့ ? " တောင်ပံတဖျတ်ဖျတ်ခတ်နေသည့် ငန်းတစ်ကောင်အလား ကျိုးရွှီက ချက်ချင်း ပက်ခနဲ ပြန်ပက်လာသည် ။

ရှချောင်က အထွန့်တက်လာ၏ ။ "ကော..သူက ကောနောက်ကို လိုက်မယ်ချည်းလုပ်နေလို့ ကျွန်တော်က သူဘာလုပ်မလဲ လိုက်ကြည့်‌တာ "

ကျိုးရွှိ : "ဘယ်သူက သူ့နောက်လိုက်နေလို့လဲ ? အဲ့ထဲ အကြာကြီးပိတ်မိနေတော့ ကိုယ့်ဘာသာ မွန်းကြပ်လို့ လေကောင်းလေသန့်ရှူဖို့ထွက်လာတာ ။ ပြဿနာရှိလို့လား ? "

ရှချောင်ခမျာ မှင်သက်သွားရပြီး "ဒီလိုနေရာမျိုးမှာတောင် မင်းကလေကောင်းလေသန့်ရှုဖို့ လုပ်နေသေးတယ်ပေါ့ ? အဲ့တာဆို မင်းမနက်စောစောထပြီး ပြေးလို့လား ? "

ကျိုးရွှိ : "ငါ---"

ကျိုးရွှိ : "...ဖာခ့် "

ကျိုးရွှိက သူ့ထက်အနည်းငယ် ငယ်သောကြောင့် ဖြစ်ဟန်တူသည် ။ ရှချောင်က သူ့ရှေ့တွင် ရှိန်လောက်စရာ ဟန်ပန်ကို ထိန်းသိမ်းထားနိုင်၏ ။ ကျိုးရွှိကို သူလုံးလုံးမဖိနှိပ်နိုင်သည့်တိုင် အနည်းဆုံးတော့ ၅၀-၅၀ပင် ။

ဝမ်းရှီသည် နှစ်ယောက်သားအချင်းချင်း ရန်စောင်တွတ်ထိုးနေကြသည်ကို ကြည့်နေလိုက်ပြီးနောက် အဝေးတစ်နေရာသို့ ဖျတ်ခနဲအကြည့်ရောက်မိသွားသည် ။

သူတို့၏အနောက်ဘက်၌ မျက်နှာချင်းဆိုင်မှ သူတို့ထံ တိုက်ရိုက်ဆန့်တန်းလာသော လျှောက်လမ်းရှိနေပြီး ကျန်တစ်ဖက်တွင်တော့ ကွေးဝိုက်နေသော စင်္ကြံလမ်းပင် ။ အလယ်ရှိခပ်ဝိုင်းဝိုင်းနေရာမှာ လုံးဝမှောင်မည်းနေလျက် မည်သည့်ဆိုင်ခန်းမျှ ဖွင့်ထားခြင်းမရှိ ။

မှိုင်းညို့မည်းမှောင်နေသော စင်္ကြံလမ်းကို ဝမ်းရှီစိုက်ကြည့်နေပြီးနောက် ခုနက ရှဲ့ဝမ်းသည် ထိုနေရာမှ ရောက်လာခြင်းဖြစ်ကြောင်း ရုတ်တရက် သတိထားမိသွားသည်....အနံ့ဆိုးတဲ့ အမွှေးအိုးရှိတဲ့ဆိုင်က ဘယ်မှာတုန်း ?

ရှဲ့ဝမ်း၏ ခုနက စိတ်မပျော်ရွှင်မှုမှာ တစ်ဖက်အလုံပိတ်နေသော နေရာထဲသို့ သူတစ်ယောက်တည်း ခိုးဝင်သွားခဲ့ခြင်းသပ်သပ်ကြောင့်သာ မလွဲဧကန် ဖြစ်နိုင်ကြောင်း သူနောက်ဆုံး၌ နားလည်သွားရသည် ။

ထိုသို့သာဖြစ်ပါက အနည်းငယ် အံ့အားသင့်စရာပင် ။ သူတို့သည် တကယ်တမ်းတွင် အချင်းချင်း သိပ်မှမရင်းနှီးသည်ပဲ ။

***

အဘွားအိုမှာ သူမ၏ချိတ်ကောက်နှင့်အတူ ထွက်ခွာသွားပြီး ရှဲ့ဝမ်းက အနီးမဝေးမှ လိုက်ပါသွား‌သည် ။

ဝမ်းရှီသည် သူ၏နောက်ကျောပြင်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်သွားပြီးနောက် ခြေလှမ်းကျယ်များဖြင့် အနားသို့ ခပ်သုတ်သုတ်လျှောက်သွားလိုက်တော့သည် ။

"ဘာတွေလောနေတာလဲ ? " ရှဲ့ဝမ်းက သူတို့အနောက်ဘက်ရှိ ရှည်လျားမှောင်မည်းသော လျှောက်လမ်းကို တစ်ချက်ကြည့်လိုက်ပြီး "မင်း အမှောင်ကြောက်တာတော့ မဟုတ်ဘူးမလား ? "

သွားစမ်းပါ ။

ဝမ်းရှီ စိတ်ထဲမှ ပြောလိုက်၏ ။

သူသည် နှုတ်ခမ်းတင်းတင်းစေ့လျက် တစ်ခွန်းမျှ ဆိုမလာသော်လည်း အရှိန်ကိုလျှော့ကာ ရှဲ့ဝမ်းနှင့်အတူ အဘွားအိုနောက်မှ လိုက်လာခဲ့သည် ။

တစ်ခဏမျှ လမ်းလျှောက်နေပြီးနောက် သူပြောလိုက်၏ ။ "ငါ အဲ့ဆိုင်ထဲဝင်သွားတုန်းက တံခါးအပြင်ဘက်မှာ ချည်ကြိုးနဲ့ချိတ်ခဲ့ပြီးသား "

သူ့မျက်ခုံးများမှာ တွန့်ချိုးနေသေးဆဲဖြစ်ပြီး တခြားလူတစ်ယောက်အား ဤသို့သော အကြောင်းအရာများကို ရှင်းပြရသည်က နည်းနည်း....ထူးဆန်းသည်ဟု ခံစားရသောကြောင့်ပင် ။

လှောင်အိမ်ထဲရှိ အလုံပိတ်နေရာများမှာ အလွန်အန္တရာယ်များ‌လေ၏ ။ လူအများအပြားရှိနေလျှင် ပြဿနာမရှိသော်လည်း တစ်ယောက်တည်းဖြစ်ပါက ထိုအထဲတွင် အချိန်အတော်ကြာ ပိတ်မိသွားနိုင်သည် ။ အသေအချာကို သူသိနေပါ၏ ။ ထို့ကြောင့်သာ ပြန်ထွက်ရန်လမ်းကို သူကြိုတင်စီမံထားခဲ့ခြင်းပင် ။ သူ တကယ်ကို ကမူးရှူးတိုး မဆင်မခြင် ပြေးဝင်သွားခြင်း မဟုတ်ပါချေ ။

ရှဲ့ဝမ်းက "‌ဪ"ဟု အသံပြုလာ၏ ။

သူ့မျက်နှာထားမှာ ပုံမှန်အတိုင်း ရှိနေဆဲဖြစ်ရာ ယခင်က မပျော်မရွှင်ဖြစ်နေမှုများကို အာရုံထဲ မထည့်တော့သည့်အလား ။

ရှဲ့ဝမ်းက ဘာကိုမျှ ထပ်မပြောလာသဖြင့် ဝမ်းရှီသည်လည်း သဘာဝကျစွာပင် ထိုရှင်းပြချက်အား ထပ်မံဖြည့်စွက်ပြောမနေတော့ ။ နှစ်ယောက်သားသည် မသိမသာဖြင့် မတိုးသာမဆုတ်သာအခြေအနေတွင် အသံတိတ် ဆက်လက် လျှောက်လှမ်းနေကြသည် ။

ကျိုးရွှိနှင့်ရှချောင်မှာ ဦးနှောက်မရှိသည့်တိုင် အကဲခတ်နိုင်စွမ်းတော့ ရှိသေးကြဆဲ ။ သူတို့သည် အနှီထူးဆန်းသည့် တင်းမာနေသော လေထုအခြေအနေ‌ကို ခံစားနေရပြီး တအားနီးနီးကပ်ကပ် မလိုက်ရဲဘဲ ၅မီတာ ၊ ၆မီတာအကွာမှသာ လိုက်ပါလာ၏ ။

ထိုလူနှစ်‌ယောက်မှာ စကားပြောမနေကြသဖြင့် သူတို့သည်လည်း အကြောင်းပြချက်တချို့ကြောင့် စကားပြောရန် သတ္တိမရှိတော့ ။

လျှောက်လမ်းတစ်ခုလုံး လုံးလုံး အသံကင်းမဲ့နေသည် ။ ကြမ်းပြင်နှင့် တရွတ်တိုက်ပွတ်ဆွဲနေသည့် ချိတ်ကောက်၏အသံသာ လေး‌တိလေးကန် ပဲ့တင့်ထပ်နေ၏ ။

အချိန်‌များစွာ ကုန်လွန်သွားပြီးနောက် ဝမ်းရှီက ရုတ်တရက် စကားပြောလာသည် ။ ညဥ့်ဦးယံတွင် သူ့အသံမှာ ခပ်နိမ့်နိမ့်ဖြင့် ကြည်လင်ပြတ်သားနေလျက် ။

သူပြောလာသည်က "ငါ မင်းနဲ့ အရင်ကသိခဲ့လား ? "

ရှဲ့ဝမ်း၏ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့ပြီး သူ၏တစ်ဝက်ငိုက်စိုက်ချထားသော မျက်ဝန်းများကို မဆိုသလောက်လေး ပင့်ကြည့်လာ၏ ။

"ဘာလို့ အဲ့လိုပြောတာလဲ ? " သူလှည့်ကြည့်လာသည် ။

"ဘာမှမဟုတ်ပါဘူး " ဝမ်းရှီ ပြန်ဖြေလိုက်၏ ။ "ဒီတိုင်းခေါင်းထဲပေါ်လာလို့ မေးကြည့်တာ "

ရှဲ့ဝမ်းက ခေါင်းညိတ်လိုက်သည် ။

သူ့အကြည့်များမှာ အဝေးတစ်နေရာမှ မမြင်ရသော အမှတ်‌တစ်နေရာသို့ ကျရောက်သွားသည် ။ ခဏအကြာ၌ သူသည် ရယ်‌သွေးသွမ်းလျက် ဝမ်းရှီကို ပြောလာ၏ ။ "မင်းငါ့ကိုမသိပါဘူး ။ မဟုတ်ရင် အနည်းဆုံး မင်းငါ့ကို တစ်ခုခုတော့ မှတ်မိနေမှာပေါ့ ။ ဟုတ်တယ်မလား ? "

ဤသည်က တကယ်ကို အဓိပ္ပာယ်ရှိပေ၏ ။ ဝမ်းရှီ မမှတ်မိနိုင်တော့သော ဟိုးကနဦးအစက လူအချို့နှင့် တချို့သော အကြောင်းအရာများမှတစ်ပါး သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည် ။

သူမေ့ပျောက်သွားခဲ့သော လူများကတော့....ယခု မရှိတော့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့လေပြီ ။

ရုတ်တရက် အနီးအနားမှ လေးပင်‌သော အရာတစ်ခုအား တရွတ်ဆွဲနေသည့်အသံ ထွက်ပေါ်လာပြီး ဝမ်းရှီ ထိုနေရာသို့ လှည့်ကြည့်လိုက်လေ၏ ။

အဘွားအိုမှာ သူမ၏ ဆိုင်ခန်းရှိရာသို့ ရောက်ရှိလာပြီး ဆိုင်ထဲမှ လေးလံသည့် သားရေထိုင်ခုံတစ်လုံးကို ဆွဲထုတ်လာသည် ။

သားရေထိုင်ခုံမှာ ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိသည် ။ စစချင်းကြည့်လိုက်လျှင် ရုံးသုံး‌ဆုံလည်ကုလားထိုင်နှင့် တူသော်လည်း ၎င်း၏အောက်ခြေမှာ ဘီးမပါရှိဘဲ ခပ်ထူထူအတုံးလိုက်ဖြစ်နေရာ ရွေ့လျားရန် အင်မတန် ခဲယဉ်းနေစေ၏ ။

၎င်းထိုင်ခုံက ကြမ်းပြင်ထက် သံချေးတက်နေသည့် နီညိုရောင်အစင်းရာများ ကျန်ရစ်စေပြီး မနှစ်မြို့ဖွယ် အနံ့အသက်တစ်ခုက ဖြည်းဖြည်းချင်း ထွက်‌ပေါ်လာခဲ့ပြီး ။

ယင်းအနံ့အသက်မှာ သိပ်မပြင်းသည့်တိုင် ရှူမိသူအဖို့ အလွန် မသက်မသာဖြစ်စေပြီး ဝမ်းရှီ၏ မျက်နှာပင် တောင့်တင်းသွားရသည် ။

သူတို့အနောက်မှ လိုက်လာသည့် "သခင်မလေးကျိုး"ခမျာ ရုတ်ချည်းပင် ပျို့အန်သည့်အသံ ထွက်ပေါ်လာပြီး အနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားကာ လမ်းတစ်လျှောက် သူ၏ခြေလှမ်းတိုင်းက ရှချောင်၏ခြေထောက်ကို တက်နင်းသွားလေ၏ ။ အနင်းခံရပြီးနောက် ရှချောင်၏ခြေထောက်မှာ အစိမ်းရောင်ပင် ပြောင်းလာခဲ့၍ ကျိုးရွှိကို သူတွန်းထုတ်‌လိုက်တော့သည် ။

"သောက်ကျိုးနည်း ဘာနံ့ကြီးလဲ ? " ကျိုးရွှိဆဲရေးတိုင်းထွာလိုက်သည် ။

ဝမ်းရှီသည် နောက်ပင်လှည့်မကြည့်လာဘဲ တိုးလျစွာဖြင့် "သွေးနံ့ "

အချိန်ပေါင်းများစွာ ကြာမြင့်အောင် စိမ့်သက်နစ်ဝင်နေသော သွေးပင် ။

ကျိုးရွှိ : "ဝေါ့---"

သူတို့အားလုံးထဲ၌ အားအနည်းဆုံးနှင့် ဣန္ဒြေသိက္ခာအရှိဆုံးပုံပေါက်သည့် ရှဲ့ဝမ်းမှာ မထင်မှတ်ထားစွာပင် အမြန်ဆုံးအသားကျသွားသောသူ ဖြစ်နေခဲ့သည် ။ သူ့မျက်နှာအမူအရာမှာ နည်းနည်းလေးပင် မပြောင်းလဲသွားသလို အသက်ရှူပင် အောင့်မထားခဲ့ ။ သို့နှယ်မြင်ကွင်းမျိုးကို သူ့အတွက်တော့ ပုံမှန်နေသားကျနေသည့်အလား ။

အဘွားအိုက ဆိုင်ထဲမှ ထိုင်ခုံကို တွန်းထုတ်လာပြီး မှောင်မည်းမည်း ထောင့်တစ်နေရာ၌ မှီထားလိုက်ကာ ယိုင်တိယိုင်တိုင်ဖြင့် ပြန်လျှောက်သွားတော့သည် ။ သူမသည် တူညီသောစာကြောင်းတချို့ကိုပဲ ထပ်ခါတလဲလဲ ရေရွတ်နေ၏ ။

အဘွားအို သူတို့ဘေးမှ ဖြတ်လျှောက်သွားချိန် ဝမ်းရှီ ခေါင်းငုံ့လိုက်ပြီး နားထောင်လိုက်သည် ။ "ငါ့အလှည့်ရောက်တော့မယ် ။ ငါ့အလှည့်ရောက်တော့မယ် ။ ငါ့ဆီ ရောက်လာတော့မယ် ....."

ဘာကိုဆိုလိုတာလဲ ?

'သူ့အလှည့်'ဆိုတာ ဘာကိုပြောချင်တာလဲ ?

အဓိပ္ပာယ်က....သူ့ဆိုင်ကိုပိတ်ပြီး ဝဝတုတ်တုတ်ဆိုင်ပိုင်ရှင် ပျောက်သွားခဲ့သလိုမျိုး ပျောက်သွားမယ်လို့လား ?

ဝမ်းရှီသည် အနှီစွန့်ပစ်ခံထားရသောထိုင်ခုံ ငြိမ်သက်စွာ ရှိနေသည့် ထောင့်ချိုးဆီသို့ လျှောက်သွားလိုက်သည် ။

သူသည် သွေးနံ့ကို ရှူရှိုက်လိုက်ကာ အာရုံစူးစိုက်လိုက်ပြီး မျက်လုံးများကို ပိတ်လိုက်လေ၏ ။

ထိုတဒင်္ဂ၌ လစ်လပ်နေသော ထိုင်ခုံပေါ်တွင် ဖြူစုတ်စုတ်အမျိုးသမီးတစ်ဦး ရုတ်ချည်း ပေါ်လာခဲ့သည် ။ သူမ၏ဆံပင်များမှာ မျက်နှာထက် ဖရိုဖရဲပွရှုပ်ကျနေကာ  ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝမ်းရှီရှိရာသို့ ရုတ်တရက် ညွတ်ကိုင်းလာတော့သည် ။

အရှိန်အဟုန်ကြောင့် သူမ၏ဆံပင် လွင့်သွားသည့် တစ်ခဏ လိမ်ပိန်ဖြူစုတ်နေသောမျက်နှာကို ဝမ်းရှီမြင်လိုက်ရသည်--သူမ၏မျက်ဝန်းနက်များက အလွန်ပြူးကျယ်စွာ ပွင့်ဟနေပြီး သူမ၏ပါးစပ်သည်လည်း လှိုဏ်ခေါင်းတစ်ခု၏ ဝင်ပေါက်အလား ပြဲဟနေသည် ။

သူမ၏လက်မောင်းများမှာ ရှေ့သို့ တန်းတန်းမတ်မတ် ဆန့်နေပြီး လက်ချောင်းများသည်လည်း တောင့်တင်းဆန့်ကားနေကာ ဝမ်းရှီကို ကုတ်ခြစ်တော့မည့်နှယ် ။

သို့သော် အနက်ရောင်အရာဝတ္ထုတစ်ခုက သူမ၏ခန္ဓာကိုယ်တစ်လျှောက် ခပ်စောင်းစောင်း ရစ်ပတ်ချည်နှောင်သွားပြီး သူမလှုပ်ရှားမှုများကို ဟန့်တားလိုက်ပုံပင် ။ နောက်စက္ကန့်ပိုင်းအတွင်း သူမသည် ထိုင်ခုံထံသို့ ခပ်ကြမ်းကြမ်း ဝင်ဆောင့်သွားပြီး စူးစူးရှရှ အော်မြည်လာတော့သည် ။

.....

ရုတ်တရက် တစ်စုံတစ်ခုက ဝမ်းရှီ၏ပခုံးကို လာပုတ်သည် ။

သူမျက်လုံးများကို ဖျတ်ခနဲပြန်ဖွင့်လိုက်ကာ လှည့်ကြည့်လိုက်ချိန် ကျန်းပိလင်အား မြင်လိုက်ရ၏ ။

"မင်းတို့ကို လျှောက်ပတ်ပြေးမနေဖို့ ငါမပြောခဲ့ဘူးလား ? " ကျန်းပိလင် အနည်းငယ်ကူကယ်ရာမဲ့စွာ ပြောလာသည် ။ "ဒီလှောင်အိမ်က နည်းနည်းထူးဆန်းတယ် ။ မင်းတို့ကတော့ မပြောနိုင်လို့ အတော်လေးအေးချမ်းနေတယ် ထင်နေလောက်ပေမဲ့ တော်တော်များများက ပုံမှန်ဟုတ်မနေဘူး ။ ဥပမာ ဆိုင်ဖွင့်နေတဲ့ အဲ့အဘွားကြီးလို‌ပေါ့--မင်း ခုနက သူ့ကို စကားပြောနေတာကို ငါမြင်လိုက်သလိုပဲ ။ ပုံမှန်လှောင်အိမ်တစ်ခုမှာဆို ဘယ်လိုလုပ်ဒါမျိုးဖြစ်နိုင်မှာလဲ ? လှောင်အိမ်ပိုင်ရှင်က မင်းကို တိုက်ခိုက်နေတာဖြင့် ကြာလောက်ပြီ "

သူမ ပြောသည်က တကယ်ကို မှန်ကန်ပေသည် ။ ဝမ်းရှီ တစ်ပတ်ပတ်ကြည့်ပြီးသောအခါ အနှီထူးဆန်းနေသည့်ခံစားချက်က ပိုပိုသိသာလာခဲ့သည် ။

အများအားဖြင့် ဆိုရပါက လှောင်အိမ်ပိုင်ရှင်ဖြစ်လာသော လူအများစုသည် သူတို့သေဆုံးသွားပြီဟူသောအချက်ကို လက်မခံလိုကြပေ ။ သို့ဖြစ်ရာ ကွယ်လွန်သူ၏ပုံတူပန်းချီကားကဲ့သို့ သေဆုံးခြင်းနှင့်သက်ဆိုင်သည့် ပစ္စည်းများမှာ ပုံမှန်အားဖြင့် လှောင်အိမ်များထဲ၌ ပေါ်မလာတတ် ။

သို့တိုင် ခုနကတင် ပိတ်သွားသည့်ဆိုင်တွင် သေဆုံးသူ၏ရုပ်ပုံကားချပ်များဖြင့် ပြည့်နှက်နေ၏ ။ ထို့ကြောင့် "မကောင်းသည့်အရာများကို ရောင်းသည်"ဟုဆိုကာ အတင်းအဓမ္မအပိတ်ခံလိုက်ရခြင်းပင် ။

ထို့အပြင် လှောင်အိမ်ထဲရှိ လူအများစုမှာ လှောင်အိမ်ပိုင်ရှင်၏အသိစိတ်မှ အနွယ်ပွားများဖြစ်ကြသည် ။ ဘွင်းဘွင်းပြောရလျှင် သူတို့အကုန်လုံးသည် လှောင်အိမ်ပိုင်ရှင်၏ အတွေးများအတိုင်းသာ ပြုမူလိုက်နာကြ၏ ။

သို့သော် ခပ်ဝဝဆိုင်ပိုင်ရှင် ၊ "မစားရသေးဘူး"ဟု ပြောသောအမျိုးသားနှင့် သည်အဘွားအို....ဆိုင်ပိုင်ရှင်အားလုံးက ထိုအမျိုးသမီးထံမှ ပုန်းကွယ်နေပုံရကာ အတွေ့မခံကြချေ ။

ဤသည်က အလွန်ထူးဆန်းသည် ။

သဲလွန်စများအားလုံးက အချင်းချင်း အလွန်ဆန့်ကျင်နေကြပြီး...လှောင်အိမ်ပိုင်ရှင်က အကြံတစ်ခုကို တွေးတောခဲ့ပြီးနောက် ဆန့်ကျင်ဘက်အကြံတွင် ပြောင်းလဲရပ်တည်လိုက်ကာ သူကိုယ်တိုင်နှင့် ယှဉ်ပြိုင်နေသည့်အလား ။

"ငါပြောတာ နားထောင်နေရဲ့လား ? " ကျန်းပိလင်က သူမအသံကို မြှင့်လိုက်သည် ။

ဝမ်းရှီ အသိပြန်ဝင်လာပြီးနောက် သူမ စိတ်ရင်းနှင့် အကြံပေးလာသည်ကို ကြားလိုက်ရသည် ။ "အဲ့လိုမျိုး ဖြစ်လေလေ မင်းတဇွတ်တိုး စိတ်ထင်ရာ လျှောက်မလုပ်သင့်လေလေပဲ "

ဝမ်းရှီ : "ဪ "

ကျန်းပိလင် : "....."

ကျန်းပိလင်သည် သူမ၏နဖူးစပ်ကို နှိပ်နယ်ကာ သက်ပြင်းချလိုက်ပြီးနောက် မေးမြန်းလာသည် ။ "ထားပါတော့ ။ ဘာလို့ ဒီမှာတစ်ယောက်တည်း ရပ်နေတာလဲ ? "

ဝမ်းရှီ : "ဒီထိုင်ခုံကိုကြည့်နေတာ "

ကျန်းပိလင်သည် သူ့ကို ထပ်မမေးလာတော့ဘဲ ထိုင်ခုံထံသို့လျှောက်သွားကာ အင်းစက္ကူတစ်ရွက်ကိုထုတ်လိုက်ပြီးနောက် ထိုင်ခုံပေါ်သို့ သုတ်လိုက်လေ၏ ။

မိသားစုမျိုးရိုးတစ်ခုစီက လှောင်အိမ်ကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းကိုယ်စီရှိကြသောကြောင့် ဝမ်းရှီ ဝင်မနှောင့်ယှက်ခဲ့ပေ ။ ထိုအမျိုးသမီးက ကျန်းပိလင်ကို ထိခိုက်အောင်လုပ်မည်ကိုသာ သူစိုးရိမ်နေသည် ။

သို့သော် သူ့မျက်လုံးများကို ထပ်မံပိတ်လိုက်သည့်အချိန် အနှီရန်လိုနေသောအမျိုးသမီး ပေါ်မလာခဲ့ ။

ထိုအစား သူ့ဝမ်းဗိုက်မှ အသံမြည်လာခဲ့သည်....

သူတို့‌ လှောင်အိမ်ထဲသို့ ဝင်လာသည်ဖြင့် သိပ်မကြာသေးသည်ကို သူဗိုက်ပြန်ဆာနေလေပြီ ။

ကျန်းပိလင်သည် အင်းစက္ကူအား ပြန်ယူလိုက်ကာ သူ့အနားသို့ ပြန်ရောက်လာပြီး မျက်မှောင်ကြုတ်လျက် "ဒါက ကားယာဉ်မောင်းထိုင်ခုံနဲ့တူတယ် ။ အဲ့အမျိုးသမီး အသက်ရှင်တုန်းက ထိုင်ခဲ့တဲ့ခုံ ဖြစ်ဖို့များတယ် ။ ဒါပေမဲ့ အဲ့တာကလွဲပြီး ဘာမှထပ်မသိရတော့ဘူး "

ဝမ်းရှီသည် ကြောင်အမ်းသွားပြီးနောက် ခုနက သူမြင်တွေ့ခဲ့သော မြင်ကွင်းကို နောက်ဆုံး၌ သဘောပေါက်သွားတော့သည် ။

သူသာ မမှားယွင်းခဲ့လျှင် ခုနက မြင်ကွင်းမှာ မျက်နှာဝိုင်းဝိုင်းနှင့် ယာဉ်မောင်းအမျိုးသမီး ယာဉ်မတော်တဆမှု ဖြစ်ခဲ့သည့်အချိန်ဖြစ်‌လိမ့်မည် ။

ထို့ကြောင့်.....

လှောင်အိမ်ပိုင်ရှင်၏သေဆုံးမှုနှင့် ဆက်စပ်နေသောပစ္စည်းများက ဆိုင်ခန်းများတွင် နည်းနည်း နည်းနည်းစီပေါ်ပေါက်လာမည်လား ? ပေါ်လာသည်နှင့် သက်ဆိုင်ရာဆိုင်ခန်းပိုင်ရှင်က ပျောက်ကွယ်သွားတော့မည်ဟု ဆိုလိုနေသည်လား ?

ဝမ်းရှီသည် ထို‌နေရာတွင် ဆက်အချိန်ဆွဲမနေတော့ဘဲ ကျိုးရွှိထံသို့ ပြန်လျှောက်သွားကာ မေးလိုက်၏ ။ "မင်း ဒီလှောင်အိမ်ထဲကို ဝင်လာတုန်းက ဖွင့်ထားတဲ့ဆိုင် ဘယ်နှဆိုင်လောက်ရှိလဲ ? "

ကျိုးရွှိ : "မရေထားမိဘူး "

ဝမ်းရှီ တွေးလိုက်သည် ။ သေချာတာပေါ့ ။ တစ်စိမှ အသုံးမကျတဲ့ဟာလေးပဲကိုး ။

ဝမ်းရှီ၏ ထေ့ငေါ့လိုသည့်မျက်နှာထားက သိသာလွန်းသောကြောင့် ဖြစ်နိုင်သည် ။ ကျိုးရွှိက ထပ်မံဖြည့်ပြောလာ၏ ။ "ဘာပဲဖြစ်ဖြစ် အခုထက်တော့ ပိုများမှာပေါ့ "

ဝမ်းရှီ : "....."

"ကျွန်တော့်ကို အဲ့လိုလာမကြည့်နဲ့နော် " ကျိုးရွှိသည် သတိတကြီးဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကာ ရှချောင်ကို သူ့အရှေ့သို့ တွန်းပို့လိုက်ပြီး "ဘာလို့ အကြောင်းပြချက်မရှိ ဆိုင်တွေကို လိုက်ရေနေရမှာတုန်း ? အဲ့တုန်းက ကျွန်တော်အသက်လုပြီး ပြေးနေရတာလေ ။ ဘယ်သူက သတိထားမိမှာတုန်းလို့ ! ဒီအဘွားကြီးရဲ့ဆိုင်ဘေးမှာ ဆန်ခေါက်ဆွဲဆိုင်ဖွင့်ထားတာပဲ မှတ်မိတယ် ။ ဒါပေမဲ့ အခုအဲ့ဆိုင်လဲ မရှိတော့ဘူး "

"မင်း အသက်လုပြေးနေတဲ့အချိန် ဆန်ခေါက်ဆွဲဆိုင်ကျ ကြည့်ဖို့ အချိန်ရှိတယ်ပေါ့ ? " ရှချောင်က အလေးအနက်မေးလာခဲ့သည် ။

"ကြည့်ဖို့လိုလို့လား ?! အနံ့ခံရုံနဲ့ရပြီကို ။ အနံ့က အရမ်းမွှေးကြိုင်နေတာ " ကျိုးရွှိသည် ပြောရင်းဆိုရင်းနှင့် အနည်းငယ် မတရားခံရသလို ခံစားလိုက်ရသည် ။ "အဲ့နေ့က အမေနဲ့စကားများပြီး ညစာမစားဘဲ ထွက်လာခဲ့တာ ။ အဲ့ဆန်ခေါက်ဆွဲဆိုင်က အသားပြုတ်ရည်က တော်တော်ပြစ်ပြီး အရသာရှိမဲ့ပုံပဲ ။ အထဲမှာ သေချာပေါက် အမဲသားလုံးတွေ အမဲရွတ်တွေထည့်ထားမှာ ။ ကျွန်တော် အဲ့တာစားရတာကြိုက်တော့ အနံ့ရတာနဲ့ သိတယ် "

သူသည် သူ့စကားနှင့်သူ ဗိုက်ဆာသွားပြီး တံတွေးမြိုချလိုက်ကာ ခပ်လှမ်းလှမ်းသို့ လက်ညိုးညွှန်လျက် "အဲ့ထောင့်နားမှာ ဖွင့်ထားတဲ့ဆိုင်ရှိလောက်တယ် ။ အဲ့ဆိုင်နားက ဖြတ်ပြေးသွားတုန်းက မီးအလင်းရောင်ကြောင့် မျက်စိတောင်ကျိန်းသွားတာ "

ဝမ်းရှီ : "အဲ့တာကို ဘာလို့ စောစောတည်းက ကြိုမပြောတာလဲ ? "

ကျိုးရွှိ : "သိမလား ။ မေးမှမမေးတာ ! "

ဝမ်းရှီသည် သူ့ကို လျစ်လျူရှုထားလိုက်တော့သည် ။ ခုနက သူ့ခန့်မှန်းချက်က အနည်းနှင့်အများ မှန်ကန်သည်ဟု သူခံစားလိုက်ရသည် ။ ဤရှော့ပင်းမောတွင် မူလက ဖွင့်ထားသည့်ဆိုင်ခန်း အများအပြားရှိသည့်တိုင် တစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်ကုန်၏ ။

သူတို့စကားပြောနေရင်း မလှမ်းမကမ်းမှ အစာဝါးနေသည့်အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် ။

အကုန်လုံး လှည့်ကြည့်လိုက်သောအခါ ဆိုင်အဝင်ဝ၌ ခေါက်ထိုင်ခုံအပုလေးတွင် ထိုင်ကာ ပလတ်စတစ်ထမင်းဘူးအားကိုင်လျက် ငြိမ်သက်စွာ စားနေသော အဘွားအိုကို မြင်လိုက်ရသည် ။

"သူ ဘာတွေစားနေတာလဲ ? " ကျိုးရွှိမေးလိုက်၏ ။

"အသား " ရှဲ့ဝမ်းကဆိုသည် ။ သူ့အမြင်အာရုံမှာ အင်မတန်ကောင်းမွန်ပြီး အခြားသူများထက် ပိုဝေးသည့်နေရာတွင် ရပ်နေသည့်တိုင် တခြားသူများထက်ပို၍ သဲသဲကွဲကွဲ မြင်နိုင်သည်.....အဓိကအားဖြင့် သူ့တွင် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမရှိသောကြောင့် ကြည့်လည်းကြည့်ရဲကာ သူမြင်နေရသည်ကိုလည်း ဖော်ပြရဲ၏ ။

"နံရိုးနဲ့ အသားလုံးတွေ ။ အမဲသားလုံးနဲ့ အမဲရွတ်လုံးတွေ ဖြစ်လောက်တယ် " ရှဲ့ဝမ်းက အေးဆေးသက်သာစွာပြောနေပြီး အဘွားအိုအတွက် Mukbang နောက်ခံစကားပြောပေးနေသည့်အလား ။

ဝမ်းရှီသည် လက်ရှိဆာလောင်နေသည်ဖြစ်ရာ ရှဲ့ဝမ်းကို အင်မတန် ရိုက်နှက်ပစ်ချင်လာ၏ ။

ရှဲ့ဝမ်းက "အာ "ဟု ရုတ်တရက် အသံဖွဖွပြုလာကာ ပြောသည် ။ "သူ လက်စွပ်တစ်ကွင်းကို ကိုက်မိသွားပြီ "

ဝမ်းရှီ : "....."

ရှချောင်သည် နေရာတွင်ပင် ညွတ်ခွေသွားတော့သည် ။

ကျိုးရွှိ : "ဝေါ့---တစ်သက်လုံး အသားတောင် သောက်ကျိုးနည်း မစားချင်တော့ဘူး "

***

[Zawgyi]

ငါင္းနဲ႔ အရင္ကသိခဲ့ဖူးလား ?

ယ္သူမွ မ‌သင္ေပးဘူး

အႏွီစကားလုံးမ်ားက ဝမ္းရွီ၏ႏႈတ္ခမ္းဖ်ားထက္ ေရာက္ေနသည့္တိုင္ ရွဲ႕ဝမ္းက သိပ္ၿပီးေပ်ာ္ရႊင္မေနဟု သူခံစားမိလိုက္သျဖင့္ ထုတ္မေျပာလိုက္မိေပ။

သူသည္ မသိစိတ္အေလ်ာက္ တံခါးအျပင္ဘက္သို႔ လွမ္းၾကည့္မိသြားသည္--

သံပန္းဆြဲတံခါးမွာ တစ္ဝက္ပိတ္ေနေသာေၾကာင့္ သူ႔ျမင္ကြင္းမွာလည္း အကန႔္အသတ္ရွိေနသည္ ။ ျမင္ကြင္းထဲ ယခုဆိုင္၏ မ်က္ေစာင္းထိုးဆိုင္ရွိ ယို႔ယြင္းေနေသာ ခပ္ညစ္ညစ္ဆိုင္တံခါးမွအပ အျခားဘာတစ္ခုမၽွ ရွိ‌မေနခဲ့ ။ သဘာဝတက်ပင္ ရွဲ႕ဝမ္း ဤေနရာသို႔ ေရာက္မလာခင္ မည္သည့္အရာမ်ား ၾကဳံေတြ႕ခဲ့ရသည္ကို သူသိျမင္နိုင္စြမ္း မရွိပါေခ် ။

ဝမ္းရွီသည္ မ်က္ေမွာင္ၾကဳတ္လိုက္ကာ နားမလည္နိုင္စြာျဖင့္ ေမးလိုက္သည္ ။ "မင္းကို ဘယ္သူရန္စလိုက္လို႔လဲ ? "

ေခတၱခဏမၽွ ရွဲ႕ဝမ္းေၾကာင္အမ္းသြားေလ၏ ။

သူသည္ ဝမ္းရွီထံမွ သည္လိုတုံ႔ျပန္မႈမ်ိဳး ထြက္လာလိမ့္မည္ဟု ေမၽွာ္လင့္ထားပုံမရဘဲ သံပန္းတံခါးကို ဆြဲတင္ေနရင္း ရပ္တန႔္သြားေတာ့သည္ ။

ဆိုင္ထဲရွိ မီးသီးအလင္းေရာင္မ်ားက မွိန္ေဖ်ာ့လြန္းေနသည္ျဖစ္ရာ သူ႔မ်က္လုံးမ်ားကို နက္ေမွာင္သြားေစေသာ္ျငား အလင္းေရာင္ခပ္ပါးပါးျဖင့္ လႊမ္းျခဳံထားလ်က္ ။ သူသည္ မီးအလင္းေရာင္ေအာက္၌ အခ်ိန္အေတာ္ၾကာ အသံတိတ္ရပ္တန႔္ေနခဲ့ၿပီးမွ ႐ုတ္တရက္ အသိျပန္ဝင္လာခဲ့သည္ ။

သူသည္ မ်က္ႏွာလႊဲကာ တိုးဖြဖြရယ္လိုက္သည္ ။ တိုးလ်လြန္းေသာေၾကာင့္ျဖစ္နိုင္၏ ၊ အျပဳံးမွာ သူ႔မ်က္လုံးမ်ားထိပင္ မေရာက္လိုက္ဘဲ တစ္ခဏတြင္းခ်င္း ေပ်ာက္ကြယ္သြားခဲ့သည္ ။

"ဘယ္သူမွ ရန္မစဘူး " ရွဲ႕ဝမ္းသည္ တံခါးကိုကိုင္ထားေသာ လက္ကိုခ်လိုက္ကာ မတ္မတ္ရပ္လိုက္ရင္း "ခုနက ငါသြားခဲ့တဲ့ဆိုင္က အေမႊးနံ့အိုးက အေတာ္ေလးအနံ့ဆိုးလို႔ ။ ငါမႀကိဳက္ဆုံးအနံ့မ်ိဳး ျဖစ္ေနတာနဲ႔ "

သူသည္ ေနရာဖယ္ေပးရန္ ေဘးသို႔ ကိုယ္ကိုေစာင္းေပးလာသည္ ။ "မင္းလိုက္ၾကည့္ၿပီးၿပီလား ? ၿပီးရင္လဲ ထြက္လာခဲ့ေတာ့ ။ အဘြား တံခါးပိတ္မွာကို လိုက္ပိတ္မေနနဲ႔ "

ဆြဲတံခါးအျပင္ဘက္၌ ခ်ည္ထားေသာ အျဖဴေရာင္ခ်ည္မၽွင္ႀကိဳးစမွာ ၾကမ္းျပင္ေပၚသို႔ ေျပေလ်ာ့က်သြား၏ ။ ဝမ္းရွီသည္ သူ႔ကို တစ္ခဏမၽွ ၾကည့္လိုက္ၿပီးေနာက္ ႀကိဳးကို ျပန္႐ုတ္သိမ္းလိုက္ေတာ့သည္ ။

သူသည္ လက္ေခ်ာင္းမ်ားတစ္ဝိုက္ ႀကိဳးကို ရစ္ပတ္ေနရင္း ဆိုင္ထဲမွ ထြက္လာခဲ့သည္ ။

အဘြားအို၏ မ်က္ဆံျဖဴျဖဴမ်ားက သူ႔ကို မမွိတ္မသုန္ စိုက္ၾကည့္ေန၏ ။ ဝမ္းရွီ ဆိုင္ထဲမွ ထြက္လိုက္သည္ႏွင့္ သူမသည္ သံေခ်းတက္ေနေသာ ခ်ိတ္ေကာက္ကို ယူလိုက္ကာ သံပန္းတံခါးအား ဆြဲပိတ္ခ်လိုက္ေတာ့သည္ ။

"ဘာလို႔ ဆိုင္ပိတ္လိုက္တာလဲ ? " ရွဲ႕ဝမ္းေမးလိုက္သည္ ။

အဘြားအိုက ေတာင့္ခဲသြား၏ ။ သူမသည္ သူမ၏အေနာက္ဘက္သို႔ မသိစိတ္အရ တစ္ခ်က္ေခ်ာင္းၾကည့္မိသြားၿပီး ဗလုံးဗေထြး ေရရြတ္လာသည္ ။ "ဖြင့္လို႔မရဘူး ၊ ဖြင့္လို႔မရဘူး ။ သူက ေကာင္းတဲ့ပစၥည္းေတြ ေရာင္းတာမဟုတ္ဘူး ။ ဖြင့္လို႔မရဘူး "

ထိုသို႔ေျပာၿပီးေနာက္ အဘြားအိုသည္ သံခ်ိတ္ကို ကိုင္လ်က္ ေလးတိေလးဖင့္ႏွင့္ ထြက္ခြာသြားေတာ့သည္ ။

သူမ ေျခတစ္လွမ္း လွမ္းလိုက္တိုင္း သံခ်ိတ္မွာ ၾကမ္းျပင္ႏွင့္ ထိခတ္သြားၿပီး ဦးေႏွာက္ကို ျခစ္ထုတ္ေနသကဲ့သို႔ စူးရွျပတ္သားသည့္ သြားက်ိန္းဖြယ္ ဆူညံသံတစ္ခု ျဖစ္ေပၚေနေစ၏ ။

တစ္စုံတစ္ေယာက္၏ တိုးလ်သည့္ ေအာ္သံက မလွမ္းမကမ္းမွ ထြက္ေပၚလာသည္ ။

ဝမ္းရွီ လွမ္းၾကည့္လိုက္ေသာအခါ က်ိဳးရႊိႏွင့္ ရွေခ်ာင္မွာ ေရွ႕ဆင့္ေနာက္ဆင့္ ရပ္ေနၾကသည္ကို ျမင္လိုက္ရ၏ ။

က်ိဳးရႊိသည္ သတၱဳႏွင့္ ၾကမ္းျပင္ ရိုက္ခတ္ေနသည့္အသံအား သိသိသာသာ သည္းခံနိုင္ပုံမရဘဲ ၾကက္သီးေမႊးညင္းမ်ားကို ပြတ္သပ္လ်က္ ခုန္ဆြခုန္ဆြလုပ္ေနသည္ ။ ရွေခ်ာင္သည္ေတာ့ သူ႔ေဘးတြင္ ရပ္ေနကာ သူခိုးတစ္ေယာက္ကို ေျခရာခံသည့္အလား ၾကည့္ရႈေန၏ ။

"မင္းတို႔က ဒီကို ဘာလာလုပ္တာလဲ ? " ဝမ္းရွီ ေမးလိုက္သည္ ။

"ခင္ဗ်ားတစ္ေယာက္ပဲ ဒီလမ္းကို လာလို႔ရၿပီး ကၽြန္ေတာ္က် မရဘူးေပါ့ ? " ေတာင္ပံတဖ်တ္ဖ်တ္ခတ္ေနသည့္ ငန္းတစ္ေကာင္အလား က်ိဳးရႊီက ခ်က္ခ်င္း ပက္ခနဲ ျပန္ပက္လာသည္ ။

ရွေခ်ာင္က အထြန႔္တက္လာ၏ ။ "ေကာ..သူက ေကာေနာက္ကို လိုက္မယ္ခ်ည္းလုပ္ေနလို႔ ကၽြန္ေတာ္က သူဘာလုပ္မလဲ လိုက္ၾကည့္‌တာ "

က်ိဳးရႊိ : "ဘယ္သူက သူ႔ေနာက္လိုက္ေနလို႔လဲ ? အဲ့ထဲ အၾကာႀကီးပိတ္မိေနေတာ့ ကိုယ့္ဘာသာ မြန္းၾကပ္လို႔ ေလေကာင္းေလသန႔္ရႉဖို႔ထြက္လာတာ ။ ျပႆနာရွိလို႔လား ? "

ရွေခ်ာင္ခမ်ာ မွင္သက္သြားရၿပီး "ဒီလိုေနရာမ်ိဳးမွာေတာင္ မင္းကေလေကာင္းေလသန႔္ရႈဖို႔ လုပ္ေနေသးတယ္ေပါ့ ? အဲ့တာဆို မင္းမနက္ေစာေစာထၿပီး ေျပးလို႔လား ? "

က်ိဳးရႊိ : "ငါ---"

က်ိဳးရႊိ : "...ဖာခ့္ "

က်ိဳးရႊိက သူ႔ထက္အနည္းငယ္ ငယ္ေသာေၾကာင့္ ျဖစ္ဟန္တူသည္ ။ ရွေခ်ာင္က သူ႔ေရွ႕တြင္ ရွိန္ေလာက္စရာ ဟန္ပန္ကို ထိန္းသိမ္းထားနိုင္၏ ။ က်ိဳးရႊိကို သူလုံးလုံးမဖိႏွိပ္နိုင္သည့္တိုင္ အနည္းဆုံးေတာ့ ၅၀-၅၀ပင္ ။

ဝမ္းရွီသည္ ႏွစ္ေယာက္သားအခ်င္းခ်င္း ရန္ေစာင္တြတ္ထိုးေနၾကသည္ကို ၾကည့္ေနလိုက္ၿပီးေနာက္ အေဝးတစ္ေနရာသို႔ ဖ်တ္ခနဲအၾကည့္ေရာက္မိသြားသည္ ။

သူတို႔၏အေနာက္ဘက္၌ မ်က္ႏွာခ်င္းဆိုင္မွ သူတို႔ထံ တိုက္ရိုက္ဆန႔္တန္းလာေသာ ေလၽွာက္လမ္းရွိေနၿပီး က်န္တစ္ဖက္တြင္ေတာ့ ေကြးဝိုက္ေနေသာ စႀကႍလမ္းပင္ ။ အလယ္ရွိခပ္ဝိုင္းဝိုင္းေနရာမွာ လုံးဝေမွာင္မည္းေနလ်က္ မည္သည့္ဆိုင္ခန္းမၽွ ဖြင့္ထားျခင္းမရွိ ။

မွိုင္းညိဳ႕မည္းေမွာင္ေနေသာ စႀကႍလမ္းကို ဝမ္းရွီစိုက္ၾကည့္ေနၿပီးေနာက္ ခုနက ရွဲ႕ဝမ္းသည္ ထိုေနရာမွ ေရာက္လာျခင္းျဖစ္ေၾကာင္း ႐ုတ္တရက္ သတိထားမိသြားသည္....အနံ့ဆိုးတဲ့ အေမႊးအိုးရွိတဲ့ဆိုင္က ဘယ္မွာတုန္း ?

ရွဲ႕ဝမ္း၏ ခုနက စိတ္မေပ်ာ္ရႊင္မႈမွာ တစ္ဖက္အလုံပိတ္ေနေသာ ေနရာထဲသို႔ သူတစ္ေယာက္တည္း ခိုးဝင္သြားခဲ့ျခင္းသပ္သပ္ေၾကာင့္သာ မလြဲဧကန္ ျဖစ္နိုင္ေၾကာင္း သူေနာက္ဆုံး၌ နားလည္သြားရသည္ ။

ထိုသို႔သာျဖစ္ပါက အနည္းငယ္ အံ့အားသင့္စရာပင္ ။ သူတို႔သည္ တကယ္တမ္းတြင္ အခ်င္းခ်င္း သိပ္မွမရင္းႏွီးသည္ပဲ ။

***

အဘြားအိုမွာ သူမ၏ခ်ိတ္ေကာက္ႏွင့္အတူ ထြက္ခြာသြားၿပီး ရွဲ႕ဝမ္းက အနီးမေဝးမွ လိုက္ပါသြား‌သည္ ။

ဝမ္းရွီသည္ သူ၏ေနာက္ေက်ာျပင္ကို ၾကည့္ေနရင္း မ်က္ေမွာင္ၾကဳတ္သြားၿပီးေနာက္ ေျခလွမ္းက်ယ္မ်ားျဖင့္ အနားသို႔ ခပ္သုတ္သုတ္ေလၽွာက္သြားလိုက္ေတာ့သည္ ။

"ဘာေတြေလာေနတာလဲ ? " ရွဲ႕ဝမ္းက သူတို႔အေနာက္ဘက္ရွိ ရွည္လ်ားေမွာင္မည္းေသာ ေလၽွာက္လမ္းကို တစ္ခ်က္ၾကည့္လိုက္ၿပီး "မင္း အေမွာင္ေၾကာက္တာေတာ့ မဟုတ္ဘူးမလား ? "

သြားမ္းပါ

ဝမ္းရွီ စိတ္ထဲမွ ေျပာလိုက္၏ ။

သူသည္ ႏႈတ္ခမ္းတင္းတင္းေစ့လ်က္ တစ္ခြန္းမၽွ ဆိုမလာေသာ္လည္း အရွိန္ကိုေလၽွာ့ကာ ရွဲ႕ဝမ္းႏွင့္အတူ အဘြားအိုေနာက္မွ လိုက္လာခဲ့သည္ ။

တစ္ခဏမၽွ လမ္းေလၽွာက္ေနၿပီးေနာက္ သူေျပာလိုက္၏ ။ "ငါ အဲ့ဆိုင္ထဲဝင္သြားတုန္းက တံခါးအျပင္ဘက္မွာ ခ်ည္ႀကိဳးနဲ႔ခ်ိတ္ခဲ့ၿပီးသား "

သူ႔မ်က္ခုံးမ်ားမွာ တြန႔္ခ်ိဳးေနေသးဆဲျဖစ္ၿပီး တျခားလူတစ္ေယာက္အား ဤသို႔ေသာ အေၾကာင္းအရာမ်ားကို ရွင္းျပရသည္က နည္းနည္း....ထူးဆန္းသည္ဟု ခံစားရေသာေၾကာင့္ပင္ ။

ေလွာင္အိမ္ထဲရွိ အလုံပိတ္ေနရာမ်ားမွာ အလြန္အႏၲရာယ္မ်ား‌ေလ၏ ။ လူအမ်ားအျပားရွိေနလၽွင္ ျပႆနာမရွိေသာ္လည္း တစ္ေယာက္တည္းျဖစ္ပါက ထိုအထဲတြင္ အခ်ိန္အေတာ္ၾကာ ပိတ္မိသြားနိုင္သည္ ။ အေသအခ်ာကို သူသိေနပါ၏ ။ ထို႔ေၾကာင့္သာ ျပန္ထြက္ရန္လမ္းကို သူႀကိဳတင္စီမံထားခဲ့ျခင္းပင္ ။ သူ တကယ္ကို ကမူးရႉးတိုး မဆင္မျခင္ ေျပးဝင္သြားျခင္း မဟုတ္ပါေခ် ။

ရွဲ႕ဝမ္းက "‌ဪ"ဟု အသံျပဳလာ၏ ။

သူ႔မ်က္ႏွာထားမွာ ပုံမွန္အတိုင္း ရွိေနဆဲျဖစ္ရာ ယခင္က မေပ်ာ္မရႊင္ျဖစ္ေနမႈမ်ားကို အာ႐ုံထဲ မထည့္ေတာ့သည့္အလား ။

ရွဲ႕ဝမ္းက ဘာကိုမၽွ ထပ္မေျပာလာသျဖင့္ ဝမ္းရွီသည္လည္း သဘာဝက်စြာပင္ ထိုရွင္းျပခ်က္အား ထပ္မံျဖည့္စြက္ေျပာမေနေတာ့ ။ ႏွစ္ေယာက္သားသည္ မသိမသာျဖင့္ မတိုးသာမဆုတ္သာအေျခအေနတြင္ အသံတိတ္ ဆက္လက္ ေလၽွာက္လွမ္းေနၾကသည္ ။

က်ိဳးရႊိႏွင့္ရွေခ်ာင္မွာ ဦးေႏွာက္မရွိသည့္တိုင္ အကဲခတ္နိုင္စြမ္းေတာ့ ရွိေသးၾကဆဲ ။ သူတို႔သည္ အႏွီထူးဆန္းသည့္ တင္းမာေနေသာ ေလထုအေျခအေန‌ကို ခံစားေနရၿပီး တအားနီးနီးကပ္ကပ္ မလိုက္ရဲဘဲ ၅မီတာ ၊ ၆မီတာအကြာမွသာ လိုက္ပါလာ၏ ။

ထိုလူႏွစ္‌ေယာက္မွာ စကားေျပာမေနၾကသျဖင့္ သူတို႔သည္လည္း အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ စကားေျပာရန္ သတၱိမရွိေတာ့ ။

ေလၽွာက္လမ္းတစ္ခုလုံး လုံးလုံး အသံကင္းမဲ့ေနသည္ ။ ၾကမ္းျပင္ႏွင့္ တရြတ္တိုက္ပြတ္ဆြဲေနသည့္ ခ်ိတ္ေကာက္၏အသံသာ ေလး‌တိေလးကန္ ပဲ့တင့္ထပ္ေန၏ ။

အခ်ိန္‌မ်ားစြာ ကုန္လြန္သြားၿပီးေနာက္ ဝမ္းရွီက ႐ုတ္တရက္ စကားေျပာလာသည္ ။ ညဥ့္ဦးယံတြင္ သူ႔အသံမွာ ခပ္နိမ့္နိမ့္ျဖင့္ ၾကည္လင္ျပတ္သားေနလ်က္ ။

သူေျပာလာသည္က "ငါ မင္းနဲ႔ အရင္ကသိခဲ့လား ? "

ရွဲ႕ဝမ္း၏ေျခလွမ္းမ်ားမွာ ရပ္တန႔္သြားခဲ့ၿပီး သူ၏တစ္ဝက္ငိုက္စိုက္ခ်ထားေသာ မ်က္ဝန္းမ်ားကို မဆိုသေလာက္ေလး ပင့္ၾကည့္လာ၏ ။

"ဘာလို႔ အဲ့လိုေျပာတာလဲ ? " သူလွည့္ၾကည့္လာသည္ ။

"ဘာမွမဟုတ္ပါဘူး " ဝမ္းရွီ ျပန္ေျဖလိုက္၏ ။ "ဒီတိုင္းေခါင္းထဲေပၚလာလို႔ ေမးၾကည့္တာ "

ရွဲ႕ဝမ္းက ေခါင္းညိတ္လိုက္သည္ ။

သူ႔အၾကည့္မ်ားမွာ အေဝးတစ္ေနရာမွ မျမင္ရေသာ အမွတ္‌တစ္ေနရာသို႔ က်ေရာက္သြားသည္ ။ ခဏအၾကာ၌ သူသည္ ရယ္‌ေသြးသြမ္းလ်က္ ဝမ္းရွီကို ေျပာလာ၏ ။ "မင္းငါ့ကိုမသိပါဘူး ။ မဟုတ္ရင္ အနည္းဆုံး မင္းငါ့ကို တစ္ခုခုေတာ့ မွတ္မိေနမွာေပါ့ ။ ဟုတ္တယ္မလား ? "

ဤသည္က တကယ္ကို အဓိပၸာယ္ရွိေပ၏ ။ ဝမ္းရွီ မမွတ္မိနိုင္ေတာ့ေသာ ဟိုးကနဦးအစက လူအခ်ိဳ႕ႏွင့္ တခ်ိဳ႕ေသာ အေၾကာင္းအရာမ်ားမွတစ္ပါး သူသည္ အရာအားလုံးကို ရွင္းရွင္းလင္းလင္း မွတ္မိေနသည္ ။

သူေမ့ေပ်ာက္သြားခဲ့ေသာ လူမ်ားကေတာ့....ယခု မရွိေတာ့သည္မွာ အခ်ိန္အေတာ္ၾကာျမင့္ခဲ့ေလၿပီ ။

႐ုတ္တရက္ အနီးအနားမွ ေလးပင္‌ေသာ အရာတစ္ခုအား တရြတ္ဆြဲေနသည့္အသံ ထြက္ေပၚလာၿပီး ဝမ္းရွီ ထိုေနရာသို႔ လွည့္ၾကည့္လိုက္ေလ၏ ။

အဘြားအိုမွာ သူမ၏ ဆိုင္ခန္းရွိရာသို႔ ေရာက္ရွိလာၿပီး ဆိုင္ထဲမွ ေလးလံသည့္ သားေရထိုင္ခုံတစ္လုံးကို ဆြဲထုတ္လာသည္ ။

သားေရထိုင္ခုံမွာ ထူးဆန္းသည့္ပုံသ႑ာန္ရွိသည္ ။ စစခ်င္းၾကည့္လိုက္လၽွင္ ႐ုံးသုံး‌ဆုံလည္ကုလားထိုင္ႏွင့္ တူေသာ္လည္း ၎၏ေအာက္ေျခမွာ ဘီးမပါရွိဘဲ ခပ္ထူထူအတုံးလိုက္ျဖစ္ေနရာ ေရြ႕လ်ားရန္ အင္မတန္ ခဲယဥ္းေနေစ၏ ။

၎ထိုင္ခုံက ၾကမ္းျပင္ထက္ သံေခ်းတက္ေနသည့္ နီညိဳေရာင္အစင္းရာမ်ား က်န္ရစ္ေစၿပီး မႏွစ္ၿမိဳ႕ဖြယ္ အနံ့အသက္တစ္ခုက ျဖည္းျဖည္းခ်င္း ထြက္‌ေပၚလာခဲ့ၿပီး ။

ယင္းအနံ့အသက္မွာ သိပ္မျပင္းသည့္တိုင္ ရႉမိသူအဖို႔ အလြန္ မသက္မသာျဖစ္ေစၿပီး ဝမ္းရွီ၏ မ်က္ႏွာပင္ ေတာင့္တင္းသြားရသည္ ။

သူတို႔အေနာက္မွ လိုက္လာသည့္ "သခင္မေလးက်ိဳး"ခမ်ာ ႐ုတ္ခ်ည္းပင္ ပ်ိဳ႕အန္သည့္အသံ ထြက္ေပၚလာၿပီး အေနာက္သို႔ ေျခလွမ္းေပါင္းမ်ားစြာ ဆုတ္ခြာသြားကာ လမ္းတစ္ေလၽွာက္ သူ၏ေျခလွမ္းတိုင္းက ရွေခ်ာင္၏ေျခေထာက္ကို တက္နင္းသြားေလ၏ ။ အနင္းခံရၿပီးေနာက္ ရွေခ်ာင္၏ေျခေထာက္မွာ အစိမ္းေရာင္ပင္ ေျပာင္းလာခဲ့၍ က်ိဳးရႊိကို သူတြန္းထုတ္‌လိုက္ေတာ့သည္ ။

"ေသာက္က်ိဳးနည္း ဘာနံ့ႀကီးလဲ ? " က်ိဳးရႊိဆဲေရးတိုင္းထြာလိုက္သည္ ။

ဝမ္းရွီသည္ ေနာက္ပင္လွည့္မၾကည့္လာဘဲ တိုးလ်စြာျဖင့္ "ေသြးနံ့ "

အခ်ိန္ေပါင္းမ်ားစြာ ၾကာျမင့္ေအာင္ စိမ့္သက္နစ္ဝင္ေနေသာ ေသြးပင္ ။

က်ိဳးရႊိ : "ေဝါ့---"

သူတို႔အားလုံးထဲ၌ အားအနည္းဆုံးႏွင့္ ဣေျႏၵသိကၡာအရွိဆုံးပုံေပါက္သည့္ ရွဲ႕ဝမ္းမွာ မထင္မွတ္ထားစြာပင္ အျမန္ဆုံးအသားက်သြားေသာသူ ျဖစ္ေနခဲ့သည္ ။ သူ႔မ်က္ႏွာအမူအရာမွာ နည္းနည္းေလးပင္ မေျပာင္းလဲသြားသလို အသက္ရႉပင္ ေအာင့္မထားခဲ့ ။ သို႔ႏွယ္ျမင္ကြင္းမ်ိဳးကို သူ႔အတြက္ေတာ့ ပုံမွန္ေနသားက်ေနသည့္အလား ။

အဘြားအိုက ဆိုင္ထဲမွ ထိုင္ခုံကို တြန္းထုတ္လာၿပီး ေမွာင္မည္းမည္း ေထာင့္တစ္ေနရာ၌ မွီထားလိုက္ကာ ယိုင္တိယိုင္တိုင္ျဖင့္ ျပန္ေလၽွာက္သြားေတာ့သည္ ။ သူမသည္ တူညီေသာစာေၾကာင္းတခ်ိဳ႕ကိုပဲ ထပ္ခါတလဲလဲ ေရရြတ္ေန၏ ။

အဘြားအို သူတို႔ေဘးမွ ျဖတ္ေလၽွာက္သြားခ်ိန္ ဝမ္းရွီ ေခါင္းငုံ႔လိုက္ၿပီး နားေထာင္လိုက္သည္ ။ "ငါ့အလွည့္ေရာက္ေတာ့မယ္ ။ ငါ့အလွည့္ေရာက္ေတာ့မယ္ ။ ငါ့ဆီ ေရာက္လာေတာ့မယ္ ....."

ဘာကိုဆိုလိုတာလဲ ?

'သူ႔အလွည့္'ဆိုတာ ဘာကိုေျပာခ်င္တာလဲ ?

ဓိပၸာယ္က....သူ႔ဆိုင္ကိုပိတ္ၿပီး ဝဝတုတ္တုတ္ဆိုင္ပိုင္ရွင္ပ်ာက္သြားခဲ့လိုမ်ိဳးပ်ာက္သြားယ္လို႔လား ?

ဝမ္းရွီသည္ အႏွီစြန႔္ပစ္ခံထားရေသာထိုင္ခုံ ၿငိမ္သက္စြာ ရွိေနသည့္ ေထာင့္ခ်ိဳးဆီသို႔ ေလၽွာက္သြားလိုက္သည္ ။

သူသည္ ေသြးနံ့ကို ရႉရွိုက္လိုက္ကာ အာ႐ုံစူးစိုက္လိုက္ၿပီး မ်က္လုံးမ်ားကို ပိတ္လိုက္ေလ၏ ။

ထိုတဒဂၤ၌ လစ္လပ္ေနေသာ ထိုင္ခုံေပၚတြင္ ျဖဴစုတ္စုတ္အမ်ိဳးသမီးတစ္ဦး ႐ုတ္ခ်ည္း ေပၚလာခဲ့သည္ ။ သူမ၏ဆံပင္မ်ားမွာ မ်က္ႏွာထက္ ဖရိုဖရဲပြရႈပ္က်ေနကာ  ခႏၶာကိုယ္တစ္ခုလုံးမွာ ဝမ္းရွီရွိရာသို႔ ႐ုတ္တရက္ ညြတ္ကိုင္းလာေတာ့သည္ ။

အရွိန္အဟုန္ေၾကာင့္ သူမ၏ဆံပင္ လြင့္သြားသည့္ တစ္ခဏ လိမ္ပိန္ျဖဴစုတ္ေနေသာမ်က္ႏွာကို ဝမ္းရွီျမင္လိုက္ရသည္--သူမ၏မ်က္ဝန္းနက္မ်ားက အလြန္ျပဴးက်ယ္စြာ ပြင့္ဟေနၿပီး သူမ၏ပါးစပ္သည္လည္း လွိုဏ္ေခါင္းတစ္ခု၏ ဝင္ေပါက္အလား ျပဲဟေနသည္ ။

သူမ၏လက္ေမာင္းမ်ားမွာ ေရွ႕သို႔ တန္းတန္းမတ္မတ္ ဆန႔္ေနၿပီး လက္ေခ်ာင္းမ်ားသည္လည္း ေတာင့္တင္းဆန႔္ကားေနကာ ဝမ္းရွီကို ကုတ္ျခစ္ေတာ့မည့္ႏွယ္ ။

သို႔ေသာ္ အနက္ေရာင္အရာဝတၳဳတစ္ခုက သူမ၏ခႏၶာကိုယ္တစ္ေလၽွာက္ ခပ္ေစာင္းေစာင္း ရစ္ပတ္ခ်ည္ေႏွာင္သြားၿပီး သူမလႈပ္ရွားမႈမ်ားကို ဟန႔္တားလိုက္ပုံပင္ ။ ေနာက္စကၠန႔္ပိုင္းအတြင္း သူမသည္ ထိုင္ခုံထံသို႔ ခပ္ၾကမ္းၾကမ္း ဝင္ေဆာင့္သြားၿပီး စူးစူးရွရွ ေအာ္ျမည္လာေတာ့သည္ ။

.....

႐ုတ္တရက္ တစ္စုံတစ္ခုက ဝမ္းရွီ၏ပခုံးကို လာပုတ္သည္ ။

သူမ်က္လုံးမ်ားကို ဖ်တ္ခနဲျပန္ဖြင့္လိုက္ကာ လွည့္ၾကည့္လိုက္ခ်ိန္ က်န္းပိလင္အား ျမင္လိုက္ရ၏ ။

"မင္းတို႔ကို ေလၽွာက္ပတ္ေျပးမေနဖို႔ ငါမေျပာခဲ့ဘူးလား ? " က်န္းပိလင္ အနည္းငယ္ကူကယ္ရာမဲ့စြာ ေျပာလာသည္ ။ "ဒီေလွာင္အိမ္က နည္းနည္းထူးဆန္းတယ္ ။ မင္းတို႔ကေတာ့ မေျပာနိုင္လို႔ အေတာ္ေလးေအးခ်မ္းေနတယ္ ထင္ေနေလာက္ေပမဲ့ ေတာ္ေတာ္မ်ားမ်ားက ပုံမွန္ဟုတ္မေနဘူး ။ ဥပမာ ဆိုင္ဖြင့္ေနတဲ့ အဲ့အဘြားႀကီးလို‌ေပါ့--မင္း ခုနက သူ႔ကို စကားေျပာေနတာကို ငါျမင္လိုက္သလိုပဲ ။ ပုံမွန္ေလွာင္အိမ္တစ္ခုမွာဆို ဘယ္လိုလုပ္ဒါမ်ိဳးျဖစ္နိုင္မွာလဲ ? ေလွာင္အိမ္ပိုင္ရွင္က မင္းကို တိုက္ခိုက္ေနတာျဖင့္ ၾကာေလာက္ၿပီ "

သူမ ေျပာသည္က တကယ္ကို မွန္ကန္ေပသည္ ။ ဝမ္းရွီ တစ္ပတ္ပတ္ၾကည့္ၿပီးေသာအခါ အႏွီထူးဆန္းေနသည့္ခံစားခ်က္က ပိုပိုသိသာလာခဲ့သည္ ။

အမ်ားအားျဖင့္ ဆိုရပါက ေလွာင္အိမ္ပိုင္ရွင္ျဖစ္လာေသာ လူအမ်ားစုသည္ သူတို႔ေသဆုံးသြားၿပီဟူေသာအခ်က္ကို လက္မခံလိုၾကေပ ။ သို႔ျဖစ္ရာ ကြယ္လြန္သူ၏ပုံတူပန္းခ်ီကားကဲ့သို႔ ေသဆုံးျခင္းႏွင့္သက္ဆိုင္သည့္ ပစၥည္းမ်ားမွာ ပုံမွန္အားျဖင့္ ေလွာင္အိမ္မ်ားထဲ၌ ေပၚမလာတတ္ ။

သို႔တိုင္ ခုနကတင္ ပိတ္သြားသည့္ဆိုင္တြင္ ေသဆုံးသူ၏႐ုပ္ပုံကားခ်ပ္မ်ားျဖင့္ ျပည့္ႏွက္ေန၏ ။ ထို႔ေၾကာင့္ "မေကာင္းသည့္အရာမ်ားကို ေရာင္းသည္"ဟုဆိုကာ အတင္းအဓမၼအပိတ္ခံလိုက္ရျခင္းပင္ ။

ထို႔အျပင္ ေလွာင္အိမ္ထဲရွိ လူအမ်ားစုမွာ ေလွာင္အိမ္ပိုင္ရွင္၏အသိစိတ္မွ အႏြယ္ပြားမ်ားျဖစ္ၾကသည္ ။ ဘြင္းဘြင္းေျပာရလၽွင္ သူတို႔အကုန္လုံးသည္ ေလွာင္အိမ္ပိုင္ရွင္၏ အေတြးမ်ားအတိုင္းသာ ျပဳမူလိုက္နာၾက၏ ။

သို႔ေသာ္ ခပ္ဝဝဆိုင္ပိုင္ရွင္ ၊ "မစားရေသးဘူး"ဟု ေျပာေသာအမ်ိဳးသားႏွင့္ သည္အဘြားအို....ဆိုင္ပိုင္ရွင္အားလုံးက ထိုအမ်ိဳးသမီးထံမွ ပုန္းကြယ္ေနပုံရကာ အေတြ႕မခံၾကေခ် ။

ဤသည္က အလြန္ထူးဆန္းသည္ ။

သဲလြန္စမ်ားအားလုံးက အခ်င္းခ်င္း အလြန္ဆန႔္က်င္ေနၾကၿပီး...ေလွာင္အိမ္ပိုင္ရွင္က အႀကံတစ္ခုကို ေတြးေတာခဲ့ၿပီးေနာက္ ဆန္႔က်င္ဘက္အႀကံတြင္ ေျပာင္းလဲရပ္တည္လိုက္ကာ သူကိုယ္တိုင္ႏွင့္ ယွဥ္ၿပိဳင္ေနသည့္အလား ။

"ငါေျပာတာ နားေထာင္ေနရဲ့လား ? " က်န္းပိလင္က သူမအသံကို ျမႇင့္လိုက္သည္ ။

ဝမ္းရွီ အသိျပန္ဝင္လာၿပီးေနာက္ သူမ စိတ္ရင္းႏွင့္ အႀကံေပးလာသည္ကို ၾကားလိုက္ရသည္ ။ "အဲ့လိုမ်ိဳး ျဖစ္ေလေလ မင္းတဇြတ္တိုး စိတ္ထင္ရာ ေလၽွာက္မလုပ္သင့္ေလေလပဲ "

ဝမ္းရွီ : "ဪ "

က်န္းပိလင္ : "....."

က်န္းပိလင္သည္ သူမ၏နဖူးစပ္ကို ႏွိပ္နယ္ကာ သက္ျပင္းခ်လိုက္ၿပီးေနာက္ ေမးျမန္းလာသည္ ။ "ထားပါေတာ့ ။ ဘာလို႔ ဒီမွာတစ္ေယာက္တည္း ရပ္ေနတာလဲ ? "

ဝမ္းရွီ : "ဒီထိုင္ခုံကိုၾကည့္ေနတာ "

က်န္းပိလင္သည္ သူ႔ကို ထပ္မေမးလာေတာ့ဘဲ ထိုင္ခုံထံသို႔ေလၽွာက္သြားကာ အင္းစကၠဴတစ္ရြက္ကိုထုတ္လိုက္ၿပီးေနာက္ ထိုင္ခုံေပၚသို႔ သုတ္လိုက္ေလ၏ ။

မိသားစုမ်ိဳးရိုးတစ္ခုစီက ေလွာင္အိမ္ကို ကိုင္တြယ္ေျဖရွင္းသည့္ နည္းလမ္းကိုယ္စီရွိၾကေသာေၾကာင့္ ဝမ္းရွီ ဝင္မေႏွာင့္ယွက္ခဲ့ေပ ။ ထိုအမ်ိဳးသမီးက က်န္းပိလင္ကို ထိခိုက္ေအာင္လုပ္မည္ကိုသာ သူစိုးရိမ္ေနသည္ ။

သို႔ေသာ္ သူ႔မ်က္လုံးမ်ားကို ထပ္မံပိတ္လိုက္သည့္အခ်ိန္ အႏွီရန္လိုေနေသာအမ်ိဳးသမီး ေပၚမလာခဲ့ ။

ထိုအစား သူ႔ဝမ္းဗိုက္မွ အသံျမည္လာခဲ့သည္....

သူတို႔‌ ေလွာင္အိမ္ထဲသို႔ ဝင္လာသည္ျဖင့္ သိပ္မၾကာေသးသည္ကို သူဗိုက္ျပန္ဆာေနေလၿပီ ။

က်န္းပိလင္သည္ အင္းစကၠဴအား ျပန္ယူလိုက္ကာ သူ႔အနားသို႔ ျပန္ေရာက္လာၿပီး မ်က္ေမွာင္ၾကဳတ္လ်က္ "ဒါက ကားယာဥ္ေမာင္းထိုင္ခုံနဲ႔တူတယ္ ။ အဲ့အမ်ိဳးသမီး အသက္ရွင္တုန္းက ထိုင္ခဲ့တဲ့ခုံ ျဖစ္ဖို႔မ်ားတယ္ ။ ဒါေပမဲ့ အဲ့တာကလြဲၿပီး ဘာမွထပ္မသိရေတာ့ဘူး "

ဝမ္းရွီသည္ ေၾကာင္အမ္းသြားၿပီးေနာက္ ခုနက သူျမင္ေတြ႕ခဲ့ေသာ ျမင္ကြင္းကို ေနာက္ဆုံး၌ သေဘာေပါက္သြားေတာ့သည္ ။

သူသာ မမွားယြင္းခဲ့လၽွင္ ခုနက ျမင္ကြင္းမွာ မ်က္ႏွာဝိုင္းဝိုင္းႏွင့္ ယာဥ္ေမာင္းအမ်ိဳးသမီး ယာဥ္မေတာ္တဆမႈ ျဖစ္ခဲ့သည့္အခ်ိန္ျဖစ္‌လိမ့္မည္ ။

ထို႔ေၾကာင့္.....

ေလွာင္အိမ္ပိုင္ရွင္၏ေသဆုံးမႈႏွင့္ ဆက္စပ္ေနေသာပစၥည္းမ်ားက ဆိုင္ခန္းမ်ားတြင္ နည္းနည္း နည္းနည္းစီေပၚေပါက္လာမည္လား ? ေပၚလာသည္ႏွင့္ သက္ဆိုင္ရာဆိုင္ခန္းပိုင္ရွင္က ေပ်ာက္ကြယ္သြားေတာ့မည္ဟု ဆိုလိုေနသည္လား ?

ဝမ္းရွီသည္ ထို‌ေနရာတြင္ ဆက္အခ်ိန္ဆြဲမေနေတာ့ဘဲ က်ိဳးရႊိထံသို႔ ျပန္ေလၽွာက္သြားကာ ေမးလိုက္၏ ။ "မင္း ဒီေလွာင္အိမ္ထဲကို ဝင္လာတုန္းက ဖြင့္ထားတဲ့ဆိုင္ ဘယ္ႏွဆိုင္ေလာက္ရွိလဲ ? "

က်ိဳးရႊိ : "မေရထားမိဘူး "

ဝမ္းရွီ ေတြးလိုက္သည္ ။ ေသခ်ာတာေပါ့ ။ တစ္စိမွ အသုံးမက်တဲ့ဟာေလးပဲကိုး ။

ဝမ္းရွီ၏ ေထ့ေငါ့လိုသည့္မ်က္ႏွာထားက သိသာလြန္းေသာေၾကာင့္ ျဖစ္နိုင္သည္ ။ က်ိဳးရႊိက ထပ္မံျဖည့္ေျပာလာ၏ ။ "ဘာပဲျဖစ္ျဖစ္ အခုထက္ေတာ့ ပိုမ်ားမွာေပါ့ "

ဝမ္းရွီ : "....."

"ကၽြန္ေတာ့္ကို အဲ့လိုလာမၾကည့္နဲ႔ေနာ္ " က်ိဳးရႊိသည္ သတိတႀကီးျဖင့္ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္သြားကာ ရွေခ်ာင္ကို သူ႔အေရွ႕သို႔ တြန္းပို႔လိုက္ၿပီး "ဘာလို႔ အေၾကာင္းျပခ်က္မရွိ ဆိုင္ေတြကို လိုက္ေရေနရမွာတုန္း ? အဲ့တုန္းက ကၽြန္ေတာ္အသက္လုၿပီး ေျပးေနရတာေလ ။ ဘယ္သူက သတိထားမိမွာတုန္းလို႔ ! ဒီအဘြားႀကီးရဲ့ဆိုင္ေဘးမွာ ဆန္ေခါက္ဆြဲဆိုင္ဖြင့္ထားတာပဲ မွတ္မိတယ္ ။ ဒါေပမဲ့ အခုအဲ့ဆိုင္လဲ မရွိေတာ့ဘူး "

"မင္း အသက္လုေျပးေနတဲ့အခ်ိန္ ဆန္ေခါက္ဆြဲဆိုင္က် ၾကည့္ဖို႔ အခ်ိန္ရွိတယ္ေပါ့ ? " ရွေခ်ာင္က အေလးအနက္ေမးလာခဲ့သည္ ။

"ၾကည့္ဖို႔လိုလို႔လား ?! အနံ့ခံ႐ုံနဲ႔ရၿပီကို ။ အနံ့က အရမ္းေမႊးႀကိဳင္ေနတာ " က်ိဳးရႊိသည္ ေျပာရင္းဆိုရင္းႏွင့္ အနည္းငယ္ မတရားခံရသလို ခံစားလိုက္ရသည္ ။ "အဲ့ေန႔က အေမနဲ႔စကားမ်ားၿပီး ညစာမစားဘဲ ထြက္လာခဲ့တာ ။ အဲ့ဆန္ေခါက္ဆြဲဆိုင္က အသားျပဳတ္ရည္က ေတာ္ေတာ္ျပစ္ၿပီး အရသာရွိမဲ့ပုံပဲ ။ အထဲမွာ ေသခ်ာေပါက္ အမဲသားလုံးေတြ အမဲရြတ္ေတြထည့္ထားမွာ ။ ကၽြန္ေတာ္ အဲ့တာစားရတာႀကိဳက္ေတာ့ အနံ့ရတာနဲ႔ သိတယ္ "

သူသည္ သူ႔စကားႏွင့္သူ ဗိုက္ဆာသြားၿပီး တံေတြးၿမိဳခ်လိုက္ကာ ခပ္လွမ္းလွမ္းသို႔ လက္ညိဳးညႊန္လ်က္ "အဲ့ေထာင့္နားမွာ ဖြင့္ထားတဲ့ဆိုင္ရွိေလာက္တယ္ ။ အဲ့ဆိုင္နားက ျဖတ္ေျပးသြားတုန္းက မီးအလင္းေရာင္ေၾကာင့္ မ်က္စိေတာင္က်ိန္းသြားတာ "

ဝမ္းရွီ : "အဲ့တာကို ဘာလို႔ ေစာေစာတည္းက ႀကိဳမေျပာတာလဲ ? "

က်ိဳးရႊိ : "သိမလား ။ ေမးမွမေမးတာ ! "

ဝမ္းရွီသည္ သူ႔ကို လ်စ္လ်ဴရႈထားလိုက္ေတာ့သည္ ။ ခုနက သူ႔ခန႔္မွန္းခ်က္က အနည္းႏွင့္အမ်ား မွန္ကန္သည္ဟု သူခံစားလိုက္ရသည္ ။ ဤေရွာ့ပင္းေမာတြင္ မူလက ဖြင့္ထားသည့္ဆိုင္ခန္း အမ်ားအျပားရွိသည့္တိုင္ တစ္ဆိုင္ၿပီးတစ္ဆိုင္ ပိတ္ကုန္၏ ။

သူတို႔စကားေျပာေနရင္း မလွမ္းမကမ္းမွ အစာဝါးေနသည့္အသံ ႐ုတ္တရက္ ထြက္ေပၚလာခဲ့သည္ ။

အကုန္လုံး လွည့္ၾကည့္လိုက္ေသာအခါ ဆိုင္အဝင္ဝ၌ ေခါက္ထိုင္ခုံအပုေလးတြင္ ထိုင္ကာ ပလတ္စတစ္ထမင္းဘူးအားကိုင္လ်က္ ၿငိမ္သက္စြာ စားေနေသာ အဘြားအိုကို ျမင္လိုက္ရသည္ ။

"သူ ဘာေတြစားေနတာလဲ ? " က်ိဳးရႊိေမးလိုက္၏ ။

"အသား " ရွဲ႕ဝမ္းကဆိုသည္ ။ သူ႔အျမင္အာ႐ုံမွာ အင္မတန္ေကာင္းမြန္ၿပီး အျခားသူမ်ားထက္ ပိုေဝးသည့္ေနရာတြင္ ရပ္ေနသည့္တိုင္ တျခားသူမ်ားထက္ပို၍ သဲသဲကြဲကြဲ ျမင္နိုင္သည္.....အဓိကအားျဖင့္ သူ႔တြင္ စိတ္ပိုင္းဆိုင္ရာ ဝန္ထုပ္ဝန္ပိုးမရွိေသာေၾကာင့္ ၾကည့္လည္းၾကည့္ရဲကာ သူျမင္ေနရသည္ကိုလည္း ေဖာ္ျပရဲ၏ ။

"နံရိုးနဲ႔ အသားလုံးေတြ ။ အမဲသားလုံးနဲ႔ အမဲရြတ္လုံးေတြ ျဖစ္ေလာက္တယ္ " ရွဲ႕ဝမ္းက ေအးေဆးသက္သာစြာေျပာေနၿပီး အဘြားအိုအတြက္ Mukbang ေနာက္ခံစကားေျပာေပးေနသည့္အလား ။

ဝမ္းရွီသည္ လက္ရွိဆာေလာင္ေနသည္ျဖစ္ရာ ရွဲ႕ဝမ္းကို အင္မတန္ ရိုက္ႏွက္ပစ္ခ်င္လာ၏ ။

ရွဲ႕ဝမ္းက "အာ "ဟု ႐ုတ္တရက္ အသံဖြဖြျပဳလာကာ ေျပာသည္ ။ "သူ လက္စြပ္တစ္ကြင္းကို ကိုက္မိသြားၿပီ "

ဝမ္းရွီ : "....."

ရွေခ်ာင္သည္ ေနရာတြင္ပင္ ညြတ္ေခြသြားေတာ့သည္ ။

က်ိဳးရႊိ : "ေဝါ့---တစ္သက္လုံး အသားေတာင္ ေသာက္က်ိဳးနည္း မစားခ်င္ေတာ့ဘူး "

***

Продолжить чтение

Вам также понравится

9K 707 7
Title - 禁止犯规 / Jinzhi Fangui Author (s) - 吕天逸 / Lǚ Tian Yi Status - 45 Chapters + 9 Extras
669K 79K 200
Book-1 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
278K 37.9K 50
ငါလား ... ​သေပြီးသွားပြီ ... ဒါ​ပေမဲ့ လက်ထပ်ချင်​သေးတယ် ... ။ ငါလား ... ​ေသၿပီးသြားၿပီ ... ဒါ​ေပမဲ့ လက္ထပ္ခ်င္​ေသးတယ္ ... ။ By Jin Lusy .
Little Warm Pillow || MM Translation 🍓

Короткий рассказ

4.8K 950 5
Tittle: 暖暖的小抱枕/ Little Warm Pillow Author: 蒙面小番茄 English Translator: Lan Bao Bao (Knox T) Chapters: 5 Chapters "သူသည် စတိုးဆိုင်ရှိချစ်စရာအကောင်းဆု...