ချစ််ရပါတယ် မနှင်းဆီ

Por Shar5211

512K 25.7K 801

မနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးန... Más

part 1
part 2
Part 3
part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12 - A
Part 12 - B
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
part 21
Part 22
Part 23
Part 24
Part 25
Part 26
27
Paet 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 45
Part 46
Part 47
Part 48
Part 49
Part 50 End
Announcements
extra one
Announcement two
To the Book
extra Two
extra three

Part 44

9K 482 22
Por Shar5211

အမရာ ပို့ထားတဲ့စာကိုမြင်တော့ နှင်းဆီအံ့သြရသည်
ချောတစ်ယောက် ဘာတွေများလုပ်လိုက်လို့
အမရာမောင် ထိုသို့ချက်ချင်းတုံ့ပြန်လာသနည်း

"ချော ရှင်မောင့်ကို ဘာလုပ်လိုက်တာ"

"ပုံတစ်ပုံပဲ ပို့လိုက်တာ ကျမက"
ချောက အောင်နိုင်သူကြီးလေသံနဲ့ မာန်ပါပါပြန်ဖြေလေသည်

"ဘာပုံ "

"ရှင်နဲ့ ဟိုဝိုင်လာစပ်တဲ့ ကိုမြတ်သုခရဲ့ပုံကိုပို့လိုက်တာ"

"ဘယ်က ဘယ်လိုပုံတုန်း
ရှင်ရိုက်ထားတာလား "

"ဟုတ်ပ
ဒင်းပြန်မလာပဲ အချိန်ဆွဲနေတာလေ
အဲ့တော့ ခြံထဲအသီးထွက်နှုန်းလိုက်ပြတုန်းက ပုံကို ပို့ပေးလိုက်တာ
ရှင့်နားမှာ ဝဲနေတဲ့စွန်လေးတွေဘယ်လောက်များကြောင်း
ဘယ်လောက်အလိုက်သိကြောင်း ပြောပြလိုက်တယ်
အရမ်းအသက်ဝင်တော့ ဒင်းမခံစားနိုင်ဘူးလေ"

"ဒါမျိုးကျ အရမ်းအားကိုးရတာပဲ
သိပ်ချစ်ဖို့ကောင်း မောင်ပြန်လာရင်လဲ အားကိုးမယ်သိလား
အရင်ရက်ပိုင်းဆို အဆက်အသွယ်တောင်မလုပ်ချင်သလိုဖြစ်နေတာ ဒင်းက"

နှင်းဆီက အမရာ့ကိုပညာပြလိုက်တဲ့ ချောကိုကျေးဇူးတွေတင်နေသည်

ချစ်သူကိုသတိရလွန်းလို့ ပြန်လာမဲ့အချိန်ကိုမျှော်နေတဲ့နှင်းဆီ အမရာပြန်မလာခင် သူငယ်ချင်းချောကောင်းမှုနဲ့ Skin care ရှယ်လုပ်သည်

အမရာပြန်လာလျှင်လဲ အနားကမခွာနိုင်အောင်ကို လုပ်ပစ်ဖို့ ပညာအပြည့်အဝသင်ပေးသည်

~~~~~~

တကယ်တမ်း အမရာပြန်လာတဲ့အခါမှာတော့ နှင်းဆီထက် အမရာက ပိုလို့ပြောင်းလဲနေလေသည်

ပြောင်းလဲနေသည်ကား လူပုံသဏ္ဍာန်ကစသည်
အရင်လိုမိန်းကလေးပုံစံ အချိုးအစားမျိုးမဟုတ်တော့ ကျားကျားယားယား​ကြီးဖြစ်လာသည်

အရင်လို မိန်းကလေးမျက်နှာပေါက်မေးချွန်ချွန်လေးမဟုတ်တော့ ယောက်ျားတစ်ယောက်လို့ ပါးရိုးခပ်ကားကားကိုမှ သေချာကြည့်လျှင်မိန်းကလေးများအကြိုက် အတော်ဆွဲဆောင်မှုရှိသည်
ချစ်စရာကောင်းတဲ့မျက်နှာမျိုးမဟုတ်တော့ပဲ
ဆွဲဆောင်မှုရှိသောမျက်နှာမျိုးဖြစ်လာသည်

သိသိသာသာပြောင်းလဲလာသည်က ခန္ဓာကိုယ်အချိုးအစားပင်
Body ကိုကြည့်လျှင်လဲ အရင် ပိန်ညှောင်ညှောင်အကောင်သေးသေးအရပ်ရှည်ရှည်မဟုတ်တော့ပဲ ပုခုံးသားများကအစတောင့်တင်းကာ ခန္ဓာကိုယ်မှာ smart ကျလှသည်

ပိုလို့ရှည်လာသည့်အရပ်နှင့်ခန္ဓာကိုယ်အချိုးအစား​
ပြီး​တော့ မျက်နှာလှလှ​လေးတို့ပေါင်းကာ
ဘေးနားမှဖြတ်သွားသူတိုင်းတစ်ခါတော့လည်ပြန်ငေး​ကြည့်ရသည်

"မနှင်းဆီ"

"မောင်"
နှင်းဆီက ငေးကြည့်နေပေမဲ့ အမရာကတော့မရပါ
ချစ်သူကိုအရင်ဆုံးအလွမ်းပြေလေးပွေ့ဖက်လိုက်သည်
ပတ်ဝန်းကျင်က လူတွေအားလုံးကတော့
အမရာနဲ့နှင်းဆီကိုသာငေးကြည့်နေကြသည်

တစ်ဖက်က တောင့်ဖြောင့်နေတဲ့အချောအလှလေးနဲ့
တစ်ဖက်ကမြန်ဆန်ဆန်နဲ့လှလွန်းတဲ့ မိန်းကလေးလေ

"လွမ်းလိုက်ရတာ မနှင်းဆီရယ်
ဒီအငွေ့အသက်လေး မောင်လိုအပ်နေတာမှန်တာပဲ"

နှင်းဆီ သူမချစ်သူကိုအရင်ကထက်ပိုကာ မော်ကြည့်နေရသည်

"တူတူပဲ ...
တို့လဲ ဒီလူသားလေးကိုလွမ်းနေရတာ
ဟုတ်သေးပါဘူး"

နှင်းဆီဖက်ထားရာကနေ တွန်းဖယ်လိုက်ပြီး

"မောင်က ပြောင်းလဲလာလိုက်တာ အရပ်ရှည်လာတယ်
မျက်နှာရော ပြီးတော့ ခန္ဓာကိုယ်အချိုးအစားတွေရော
နှလုံးသားလေးတော့..."

ချစ်သူ ဘာကိုဆိုလိုချင်တာလဲ အမရာသိတာမို့

"မောင့်နှလုံးသားက လုံးဝမပြောင်းလဲဘူး
သူ့သခင်ရဲ့ဆန္ဒသဘောထားတွေကို သူသိတယ်"

စကားများနေတဲ့ အမရာ့ကို စကားစဖြတ်ကာထိုလေယာဥ်ကွင်းမှအမြန်ထွက်ရပါမည်

"အရင်ဆုံး ဒီလေဆိပ်ကသွားရအောင်ပါ
ဟိုအမျိုးသမီးတွေက မောင့်ကိုကြည့်နေတာ ဝါးစားတော့မလိုပဲ
မောင့်အခုပုံစံနဲ့ နှင်းဆီတော့ သဝန်ကြောင်မလေးဖြစ်ရတော့မှာပဲ"

ဘေးဘီကိုကြည့်လိုက်တော့ မိန်းကလေးတချို့က ခပ်တိုးတိုး ထင်ကြေးပေးနေကြတာမို့
အမရာ လူရှေ့မရှောင်ပါပဲ နှင်းဆီနှုတ်ခမ်းလေး တစ်ချက်နမ်းလိုက်ပြီးနောက်နှင်းဆီလက်ကိုကိုင်ဆွဲကာ လေဆိပ်အပြင်ကိုထွက်လာသည်
နှင်းဆီကတော့ အမရာလုပ်ရပ်ကိုကြောင်ကာ ဆွဲခေါ်ရာပါလာလေသည်

"ကား ဘယ်မှာရပ်ထားလဲ"

နှင်းဆီ ကားရှိရာကိုညွှန်ပြလိုက်တော့
အမရာကကားသော့တောင်းကာ
သူကိုယ်တိုင်သွားယူသည်
တကယ်တော့ နှင်းဆီ အမရာ့မိခင်လက်ဆောင်ပေးထားတဲ့ကားလေးကို
ရအောင်ပြန်ပြင်ထားပေးခြင်းပါ
ထိုကားလေးကိုမြင်တော့ အမရာ သူမရဲ့မေမေ ကိုလွမ်းမိသည်
ကားတံခါးဖွင်ဝင်လိုက်လို့ အထဲရောက်တော့လဲ အငွေ့အသက်တွေကအရင်အတိုင်းပင်

အမရာကားကို ယူလာပြီး ချစ်သူအတွက်ကားတံခါးအရင်ဖွင့်ပေးသည်
နောက်မှ အထုတ်တွေတင်ကာထွက်လာ​ကြသည်

"မောင်မရှိတုန်းဘာတွေပြောင်းလဲသွားလဲ"

"တို့က မောင့်လိုမဟုတ်ဘူး
ဘာမှမပြောင်းလဲဘူး"

အမရာ ကားကိုလမ်းဘေးခနချရပ်လိုက်ပြီး ချစ်သူကိုသေချာကြည်သည်

"ဘာလို့မပြောင်းလဲရမှာလဲ
မနှင်းဆီနား ဘယ်လိုလူတွေဝဲနေလဲ မောင်သိတယ်
မောင်ပြန်လာပြီမို့ အဲ့လူတွေအနားကိုမကပ်စေရဘူး"

နှင်းဆီ မသိချင်ယောင်ဆောင်က ငြိမ်နေသည် သူမကိုစိတ်မချလို့ ပြန်လာတယ်ဆိုတာသိပြီးသားမို့ ပြုံးစိစိနဲ့ဖြစ်နေသည်

"နေပါဦး မောင်ကဘာသိတာလဲ ဘယ်လိုသိလဲ"

"မောင့်မှာ မမချောရှိတယ်လေ
ဘယ်လူကြီးကဘယ်လိုဆိုပြီး အမြဲသတင်းပေးနေတာ"

နှင်းဆီကားပေါ်ထိုင်နေရာကနေ သူမကိုယ်တစ်ခြမ်းလုံးကိုအမရာ့ဘက်လှည့်ပြီး ချစ်သူကိုသေချာစိုက်ကြည့်နေသည်
တတွတ်တွတ်ပြောနေတဲ့ အမရာ့ပါးလေးကိုကိုင်လိုက်ပြီး

"လွမ်းလိုက်ရတာ သိရဲ့လား
ပြန်လာချိန်တန်နေတာကို ဘာလို့ပြန်မလာတာလဲ"

ဘေးကိုသီကာကျနေတဲ့ချစ်သူကဲ့ဆံနွယ်လေးကို အမရာ သပ်တင်ပေးလိုက်ပြီး

"လွမ်းနေမှာ မောင်သိတာပေါ့ မောင့်အမျိုးသမီးလေးရယ်
ခွဲခန်းဝင်ရက်များတဲ့ကာလမို့ လက်တွေ့သင်ခန်းစာတွေ
တစ်ဝကြီးယူနေတာပါ
အခု မောင်က မောင့်ချစ်သူရဲ့နဘေးမှာပဲ အမြဲရှိနေတော့မှာမို့
မလွမ်းစေရတော့ဘူး"

"အတူရှိနေရရင်တော်ပါပြီ
ဟင်း...မျက်နှာလေးတွေ့နေရတာကို အလွမ်းကမပြေချင်ဘူး"

အမရာ နှင်းဆီရဲ့မေးဖျားလေးကိုဆွဲကာနမ်းသည်
အနမ်းတစ်ပွင့်ရဲ့နွေးထွေးမှု​ ပြီးတော့သင်းရနံ့မွေးမွေးလေးတစ်ခုနဲ့ သူမရဲ့အနွေးဓာတ်လေးက အမရာ့အတွက်သေလောက်သည်

အသက်ရှူဖို့လိုအပ်နေတာသိပေမဲ့
ထိုအနမ်းတို့ကနေ မစွန့်ခွာချင်သေး
မရတော့တဲ့ နှင်းဆီကပဲ အမရာ့ရင်ဘတ်ကိုတွန်းကာ
အသက်ရှူခွင့်တောင်းလာသည်

"မောင့်..."
စကားမပြောခင်အသက်ဝအောင်ရှူရသေးသည်

"မောင်ကကွာ အသက်ပေးရှူ..."

နှင်းဆီ သူမစမ်းမိတဲ့အမရာ့ပုခုံးနဲ့ရင် ဆက်ထားတဲ့နေရာကို သေချာဖိမိထားသည်

"မောင် လေ့ကျင့်ခန်းတွေဘယ်လောက်တောင်လုပ်ထားလဲ"

"လေ့ကျင့်ခန်းလဲ လုပ်ထားတယ်
တစ်ခါထဲ ပြောင်းလဲမှုလဲလုပ်ထားတယ်"

နှင်းဆီ နားမလည်ပါ ခေါင်းခါပြီး

"ဘာတွေလဲ"

"ကဲပါ နောက်တော့ သိရမှာပေါ့
အခုမောင့်ကို နေ့လည်စာလေးတော့ကျွေးဦးလေ မောင့်အမျိုးသမီးလေးရဲ့
ဗိုက်ဆာတယ် ...
ရန်ကုန်ကနေ မုန့်ဟင်းခါးလေးပဲ စားလာတာ"

နှင်းဆီ မျက်စောင်းပစ်ကာ

"ပြီးရော"

နှင်းဆီ သူမရဲ့မောင်ကို သိဖို့ကြိုးစားရဦးမည် ဘာတွေလုပ်လာသနည်း ဘာတွေပြောင်းလဲလိုက်သနည်း

မြန်မာ ထမင်းဆိုင်ကိုထိုင်လိုက်တော့ အမရာစားလိုက်သည်များ ဆိုင်ရှင်တောင်လန့်ရသည်

"မောင် နောက်နေ့တွေစားလို့ရတယ်လေကွာ
တော်ရုံပဲစားလေ"

"ဟုတ်ကဲ့ပါ ဒီတစ်ပန်းကန်ပဲ "

"မောင်ဒါပါနဲ့ဆို လေးပန်းကန်ဖြစ်တော့မယ်နော်"

"အင်းလို့ သိပြီ
ဒါနဲ့ ဟိုကောင်တွေက ဘာလို့လာမကြိုတာတုန်း"

"အိမ်အိမ်က ဆေးရုံမှာ အရေးကြီးကိစ္စရှိလို့တဲ့လေ
နွေကအဆက်အသွယ်မရဘူး "

"ဒီကောင်တွေကိုအပြစ်ပေးရမယ်
ကိုယ့်သူငယ်ချင်းပြန်လာတာ လာမကြိုဘူး
ကဲမောင်စားလို့ဝပြီ ဟီး...."

"တော်သေးတာပေါ့ စားလို့ဝသေးလို့"

အမရာ သွားလေးဖြီးကာ
"ဟီး...ဟိုမှာအစားအသောက်က
တော်တော်အဆင်မပြေတာ မနှင်းဆီရဲ့"

သူမပါးစပ်ကိုတစ်ရှူးနဲ့သုတ်နေရင်းကို သေချာရှင်းပြနေသည်

"မောင့်မှာ တစ်နေ့တစ်နေ့ အားမပြတ်အောင်သာစားနေရတာ
ဘယ်လိုမှ စားမဝင်စိတ်တိုင်းမကျ"

"မောင် ဘာလို့ သုံးနှစ်ကနေ ဘာလို့ပိုကြာကြာနေဖြစ်သွားတာလဲ"

"မောင် အဲ့မှာဆက်ကြိုးစားပြီး အတွေ့အကြုံယူလိုက်ရင်
ဒီမှာအခုဆရာတစ်ဆူပဲလေ မနှင်းဆီရဲ့
service one year ယူလိုက်ပြီး
သူတို့ဆီကပညာတွေသင်လာတာ
မောင်နဲ့မမနန်း ဆေးရုံတည်ထောင်မယ်စိတ်ကူးထားတယ်
ပြီး​တော့... မောင်ကဒီမှာ လုပ်ရမဲ့အရာတွေအများကြီးပဲ
ဒီရောက်မှ ကလေးလိုအတွေ့အကြုံလိုက်ယူတာထက်
ဟိုကအတွေ့အကြုံကပိုတန်ဖိုးရှိလို့
မောင်ပြန်လာပြီဆိုတော့ တချို့လူတွေအတွက်တော့ ဘေးဒုက္ခပေါ့"

ပြောနေတဲ့အမရာ့မျက်ဝန်းတွေက စူးရှလှသည် အညှိုးအတေးကြီးသည့်အသွင် လူသတ်ချင်နေသည့်အလား

အမရာက သူမအမေ ဒေါ်မဒီမောင်သေဆုံးပြီး နာရေးကိစ္စတွေပြီးကတည်းက တချို့သောစုံစမ်းမှုတွေလုပ်ခဲ့သည်

သူမအမေ နောက်ဆုံးရှိခဲ့တဲ့ ကော်ဖီဆိုင်ကိုရောက်ခဲ့သည်
ထိုဆိုင်ကို လေ့လာလိုက်တော့ CCTV ရှိတာမို့ သူမအမေသေဆုံးခဲ့တဲ့ နေ့ကိုတောင်းယူကာ ကြည့်ခဲ့မိသည်

ဦးကျော်သီဟနဲ့ နေလင်းက ဒေါ်မဒီမောင်နှလုံး attack ဖြစ်တာသိရက်နဲ့ ပစ်ထားခဲ့တာကြသည်ကို အမရာတွေ့လိုက်ရသည်
နှလုံးဆေးကိုထုတ်သောက်ပေမဲ့ မမီလိုက်တာကိုလဲအမရာမြင်ခဲ့ရသည် ဆေးသောက်ဖို့လုပ်ရင်း ပါးစပ်ထဲမရောက်ပဲ ခုံတွင်မှောက်ရက်အိပ်သလိုလေးဖြစ်သွားခဲ့သည်ကို မြင်ရက်နဲ့လှည့်ထွက်သွားခဲ့သည့် ထိုလူနှစ်ဦးကို အမရာ သူမထံဒူးထောက်ရအောင်လုပ်မည်

"မောင်"

နှင်းဆီခေါ်လိုက်တော့ မျက်ဝန်းတွေက ပြောင်းလဲသွားသည်
အပြုံးနှင့်ပဲ

"ဟုတ် "

"ဘာတွေတွေးနေလို့ မောင့်မျက်ဝန်းတွေက ပြောင်းလဲသွားရတာလဲ "

နှင်းဆီ ထိုသို့ပြောင်းလဲသွားတာမျိုး အမရာနေလင်းကို ပါးရိုက်ခဲ့သည့်နေ့ကလဲ မြင်ခဲ့ဖူးသည်

ထိုနေ့ကလဲ အခုလိုမျက်ဝန်းအတိုင်းပါပဲ
အခန်းထဲကထွက်လာတဲ့အချိန် အမုန်းတွေပြည့်နှက်နေတဲ့မျက်ဝန်းမျိုးပါ
နှင်းဆီကိုမြင်မှသာ ပြန်လည်ပြောင်းလဲသွားပြီး အပြုံးလေးနဲ့ပြန်ဖြစ်ခဲ့သည်လေ

နှင်းဆီ အမရာ မသိအောင်သက်ပြင်းချမိသည်
သူမ မသိတဲ့ အမရာရှိနေသေးသည်ကို နှင်းဆီရိပ်မိသည်မို့
သက်ပြင်းချခြင်းပါ

"ဘာမှမတွေးပါဘူး ပြန်ကြရအောင်
အိမ်ပြန်နားကြမယ်လေ"

"အင်းပါ ဘာမှမဖြစ်ရင်ပြီးရော..."

အမရာတို့ဝိုင်းကိုလှမ်းကြည့်နေတဲ့ မန္တလေးသူအချောလေးများက သက်သက်ရှိသည်
နှင်းဆီသိတာမို့ ဆိုင်ကအထွက်ကို ချစ်သူကိုလက်ရအောင်တွဲလိုက်သေးသည်
ငါ့အပိုင်လို့ မပြောယုံတမယ်ပေါ့လေ

အမရာ နှင်းဆီကို ကားတံခါးလိုက်ဖွင့်ပေးပြီးမှ သူမကားထဲဝင်သည်

"မောင် တစ်ခုလောက်မေးပါဦးမယ်
ဆံပင်က  ညှပ်လိုက်တာလား"

နှင်းဆီ အမရာ့ကားမောင်းရာဘက်ကိုလှည့်ကြည့်ပြီး

"ညှပ်လိုက်တာ ဘယ်လိုသိလဲ"

"ရော် ခက်ပြီ
အမရာမောင်က မနှင်းဆီကို နှုတ်ကပဲချစ်တယ်ပြောနေတယ် ထင်တာလား
အခု မိတ်ကပ်မလိမ်းတတ်တဲ့ မနှင်းဆီက မိတ်ကပ်ပါးပါး​လေး လိမ်းထားတာလဲမောင်သိတယ်"

"သိလှချည်လား"

"နေပါဦး အမြဲအလှပြင်နေတာလား"

နှင်းဆီ ကားမောင်းရင်းသဝန်တိုစကားဆိုနေတဲ့ချစ်သူလေးကို အသည်းယားလို့ အရွဲ့တိုက်သည်

"ဒါပေါ့ တို့ကမိန်းကလေးလေ လှချင်တာပေါ့"

အမရာ ကားမောင်းရင်းမျက်မှောင်ကိုကြုပ်ထားသည် နှုတ်ခမ်းကလဲ စူပုပ်လို့ပေါ့

"ဒါဆို အလှပြင်တာက မောင့်ကြောင့်မှမဟုတ်ပဲ
အမြဲပြင်နေတယ်ဆိုတော့ ဘယ်သူကြည့်ဖို့လဲ
မောင်လဲမရှိပဲ ဘယ်သူကြည့်ဖို့ပြင်နေတာလဲ"

နှင်းဆီ တစ်လမ်းလုံးအတည်ပေါက်နဲ့ စလာတာကြောင့် အမရာစိတ်ကောက်လေသည် အိမ်ရောက်လို့ ကားပေါ်ကဆင်းပြီးအထုတ်ချတာတောင် ဘာစကားမှမပြောတော့

"မောင်ရေ"
အမရာ သူမအခန်းထဲဝင်သွားတော့ နှင်းဆီအနောက်ကလိုက်သည်

အခန်းထဲတွင် အပေါ်ကုပ်အင်္ကျီချွတ်နေသည့်အမရာ့ကို နှင်းဆီနောက်ကျောကနေ ခါးကိုဖက်ထားလိုက်ပြီး

"အလှပြင်တာ ဒီနေ့မှပါ
မောင့်ကို လှလှလေးကြိုချင်လို့
မောင်က ငယ်ငယ်ချောချောလေးလေ
အဲ့တော့ မောင်နဲ့လိုက်ဖက်အောင် တို့ကလုပ်ထားရတာ"

ထိုအခါမှ အမရာပြန်ပြုံးလာသည်

"ရှင်လေးကတော့ လှပြီး
ဒီက မလှရင်ကလေးမုန့်ပေးကြိုက်တယ်လို့ပြောခံရမှာပေါ့"

အမရာ နှင်းဆီရှိရာဘက်ကိုလှည့်လိုက်ပြီး

"ပြောခံစရာလား မောင့်ချစ်သူက ဒီလောက် လှတာ
မောင့်ချစ်သူက ဘယ်လောက်နန်းဆန်လိုက်သလဲ
ဒီအမျိုးသမီးလေးကဆွဲဆောင်မှုရှိလွန်းလို့
မောင့်မှာ စွဲလန်းနေရတာ "

အမရာ နှင်းဆီကိုယ်လေးကိုပွေ့ဖက်ထားသည် နှင်းဆီရဲ့ကိုယ်သင်းနံ့လေးနမ်းရှိုက်လို့ဝမှ

"မောင်လေ လန့်သွားတာ "

"ဘာကိုလန့်တာလဲမောင်ရဲ့"

အမရာ နှင်းဆီကိုခုတင်ပေါ်ခနထိုင်စေပြီး သူမဖုန်းကိုမွှေနှောက်ကာ ချောပို့လာသည့်ပုံလေးကိုပြသည်

"မမချောက ဒီပုံပို့လာတာ
ကြည့်ပါဦး ဘာလို့အဲ့လိုပြုံးရယ်နေရတာလဲ မနှင်းဆီရဲ့
ဒီပုံမြင်တော့ ဘယ်လိုမှစိတ်မချနိုင်တော့ဘူး အဲ့တာကြောင့်ပြန်လာတာ"

နှင်းဆီသေချာကြည့်တော့လဲ ဟုတ်သည် သူမပုံကတကယ်ရယ်ပြုံးနေဟန်

"အင်း ပြုံးနေတာ ချစ်ဖို့ကောင်းသား"

~မနှင်းဆီနော်!

အမရာ့ကိုထပ်စလိုက်တော့ အမရာထအော်လေပြီ

"မောင်မဟုတ်ပဲ အဲ့လိုပြုံးမပြရပါဘူး"

"တော်တော်တရားတယ်နော် ရှင်လေးက
​မောင်ကျတော့ အဲ့ပါးချိုင့်ပေါ်အောင်မပြုံးနဲ့ဆို ပြုံးပြတာပဲလေ
တို့ကျတော့ မပြုံးပြရဘူးတဲ့လား"

"မောင်မပြုံးတော့ဘူးလေ
မနှင်းဆီလဲ အဲ့လိုရယ်ပြုံးတာမလုပ်ရဘူး
အဲ့လူနဲ့​လဲ တွဲသွားတွဲလာမလုပ်နဲ့နော်... နော်လို့"

"အဲ့တာက မောင့်အပေါ်ပဲမူတည်တာ
မောင်ပစ်ထားတဲ့အချိန်ကာလကိုလဲ တွေးကြည့်လေ
တို့တစ်ယောက်ထဲဘယ်လိုရှင်သန်နေရလဲသိရဲ့လား
လွမ်းလို့ကျတဲ့ မျက်ရည်ဆိုတာ စဥ့်အိုးနဲ့သိမ်းထားလို့ရတယ်ရှင်ရဲ့"

ဝမ်းနည်းစွာပြောနေတဲ့ချစ်သူရဲ့လက်ကလေးကို အမရာကိုင်ပြီး

"အခုကစပြီး မရှိရတော့ဘူး
မောင်က ဘယ်မှမသွားတော့ဘူး
အဲ့ အားငယ်တဲ့စိတ်တွေ ဖျောက်ပစ်လိုက်တော့နော်"

နှင်းဆီ ချစ်သူရင်ခွင်ထဲရောက်သွားပြန်ပါသည်

"ချစ်တယ်မောင်
ပြန်လာလို့လဲ ကျေးဇူးတင်တယ်
ထပ်မထွက်သွားရတော့ဘူးနော်"

"ချစ်တယ် မောင်လဲအရမ်းချစ်တယ် မောင့်ရဲ့မနှင်းဆီလေးရယ်
ဘယ်မှမသွားတော့ပါဘူး မောင်က ကတိပေးတယ်
အနားမှာပဲ ပန်းတော်ဆက်လေးလုပ်မှာမို့ စိတ်မပူနဲ့တော့
မောင်ဘယ်မှမသွားဘူး"

အမရာ ပင်ပန်းလာတာရော နှင်းဆီချွဲချင်တာရောနဲ့တွဲကာ ချစ်သူနှစ်ယောက် အိပ်ယာထဲက မထ အိပ်သာအိပ်သည်
ထမင်းပင်ထမစားကြပေ

အမရာက ချစ်သူကိုလက်မောင်းလေးပေးကာ ဖက်အိပ်သည်
နှင်းဆီကတော့ အမရာ့ရင်ခွင်ထဲမှာ သူမလွမ်းနေခဲ့သမျှကိုအတိုးချကာ အလွမ်းဖြေသည်

နှင်းဆီ သိလိုက်သည်က သူမရဲ့ချစ်သူ အမရာမောင်ရဲ့ရင်ခွင်ထဲ အိပ်စက်နေရရင် ဘာဘေးအန္တရာယ်မှ မကြောက်ရသလိုမျိုး လုံခြုံမှုရှိနေသည်ကို သူမကောင်းကောင်းကြီးသိလိုက်ရသည်

သူမတို့နှစ်ယောက်လုံး ကိုယ်သင်းနံ့သင်းသင်းကလေးတွေ ရှူရှိုက်ကာ နှစ်ချိုက်စွာအိပ်ပျော်နေခဲ့သည် ညနေစောင်းအချိန်အခါကိုရောက်လာတော့မှ နန်းကစိတ်ပူကာလိုက်လာလေသည်

"ရှင်တို့နှစ်ယောက်လေ
ဘယ်လိုတွေအလွမ်းဖြေနေလို့ ဖုန်းမကိုင်ရတာတုန်း"

"မောင်အိပ်ပျော်နေလို့ပါ မမရယ်
ပေါက်ကရတွေ မတွေးပါနဲ့
မောင့်အမျိုးသမီးလေး မျက်နှာငယ်လေးနဲ့ဖြစ်နေပြီ"

"အမလေး အခုထဲက အကဲပိုနေပြီ
မမက စိတ်ပူလို့မောင်ရဲ့
ဟိုက ချောကလဲတစ်ချိန်လုံးဖုန်းဆက်နေတာ "

"မမချောက သူ့အကြောင်းနဲ့သူဆက်တာလေ
မောင့်ကိုလွှဲမချနဲ့"

တကယ်တော့ ချောက ကျောင်းတက်စဥ်ကတည်းက အမရာအကြောင်းပဲ စုံစမ်းသလိုလိုနဲ့ အဆက်အသွယ်လုပ်ပြီး နန်းကိုလမ်းကြောင်းခင်းနေတာ အမရာသိသည်

နန်းကရှက်သလိုလိုနဲ့
"မောင်နော် ချောကတို့သူငယ်ချင်း"

"အပိုတွေပြောပြန်ပါပြီ
ငယ်ငယ်ထဲက ဖွင့်ပြောခံရတာ သိပြီးပြီ"

အမရာ့ကို ချောကရင်ဖွင့်ထားတော့ အမရာအကုန်သိနေသည် နန်းကျောင်းတက်ပြီးပြောင်းသွားရတာကလဲ ထိုအရာများပါသည် ချောက နန်းကိုသူငယ်ချင်းအဆင့်ထက်ပိုကြောင်း ဖွင့်ပြောခဲ့သည်လေ

နန်းက ဆေးကျောင်းတက်ရမှာကတစ်ကြောင်း
သူငယ်ချင်းသံယောဇဥ်ကို မပြတ်စေချင်တာက တစ်ကြောင်းမို့
အဖြေမပေးပဲ အဆက်အသွယ်ဖြတ်ကာနေခဲ့သည်

ချောက နန်းရဲ့ငြင်းဆိုမှုကို ခံရဖူးသူပင်

"ကဲပါ မောင်ရယ် အဲ့တာမပြောတော့နဲ့
အချိန်ဘယ်လောက်နားမလဲ သေချာပြော
အလုပ်တွေရှိသေးတယ်လေ
​မောင့်စီးပွားရေးတွေရော မမနဲ့ဆေးရုံကိစ္စရော."

"ဟုတ် မောင့်ကိုတစ်ပတ်လောက်တော့ အချိန်ပေးနော်
ဟိုဘက်ကလွှဲပေးလိုက်တုန်းက ဒီက ဆေးရုံတစ်ခုမှာ ဝင်ဖို့ပြောထားတယ်
မောင့်အလုပ်ကိစ္စအတွက်က တစ်ပတ်အချိန်​ပေး"

"ပြီးရော...အဲ့တာဆို တစ်ပတ်စောင့်ပေးမယ်"

နှင်းဆီက အမရာအချိန်ယူတဲ့အထဲသူမအတွက် မပါတော့ မျက်စောင်းထိုးသည်

"ဟော ဘာဖြစ်လို့လဲ မနှင်းဆီ"

"ဘာမှမဖြစ်ဘူး"

အမရာ ဘာကြောင့်မှန်းမသိ မျက်စောင်းထိုးခံရတော့ တွေဝေသွားသည်
မိန်းကလေးများရဲ့ "ဘားမှမဖြစ်ဘူး" ဆိုတဲ့စကားလုံးက ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးစကားပါလေ

(စာရေးသူလဲကြောက်ရသည်)

"တစ်ခုခုဖြစ်နေပါတယ် မနှင်းဆီရဲ့"

နန်းက သိသည်လေ
နှင်းဆီမပြောတော့ နန်းကဝင်ပြောရသည်

"ကဲပါ နှစ်ပတ်အချိန်ယူလိုက် ဟုတ်ပြီလား
အလုပ်ကို တစ်ပတ်အချိန်ယူ နှင်းဆီကိုလဲအချိန်ပေးလိုက်ဦး"

နန်းက ထိုသမီးရည်းစားအတွဲကို မြန်မြန်နှုတ်ဆက်ကာ ပြန်ထွက်သွားလေသည်

နန်းပြောလိုက်မှ နှင်းဆီဘာကောက်နေလဲနားလည်သွားတဲ့အမရာ ချော့ရပြီလေ ဆိုဖာခုံလေးပေါ်ထိုင်ကာငြိမ်နေတဲ့ ချစ်သူကို

"ဒါကြောင့် စိတ်ဆိုးသွားတာလား
မောင်က အဲ့လိုအချိန်မပေးတာမဟုတ်ပါဘူး မနှင်းဆီရယ်"

"တို့က မောင့်အတွေးထဲမှာတောင်မရှိပါဘူး"

"အိုး အဲ့လိုတော့မစွပ်စွဲပါနဲ့လား
မောင့်စိတ်ကူးထဲမှာက
အခုမောင်ဘယ်သွားသွားတူတူရှိနေမှာဆိုတဲ့
အတွေးရှိလိုက်လို့ပါနော် "

အမရာ ပုခုံးလေးကိုကိုင်တော့ နှင်းဆီလက်နဲ့ပုတ်ချသည်

"လာမထိနဲ့
အလုပ်ပဲသွားလုပ် ဆေးပဲကုတော့
တို့ကို ထိစရာမလိုဘူး..."

နှင်းဆီ အမရာနဲ့မျက်နှာချင်းဆိုင်ရာကနေ တစ်ဖက်ကိုလှည့်ကာ
ထိုင်သည် ပြောရရင် မျက်နှာကိုမကြည့်ချင်သလို

"ထိမှာပဲကွာ "
အမရာ နှင်းဆီကိုနောက်ကျောကနေ သိုင်းကာဖက်လိုက်သည်

"မောင့်ကိုစိတ်မကောက်ပါနဲ့လား
အလွမ်းတောင် ပြေသေးတာမဟုတ်ဖူးလေ"

"မကောက်ပါဘူး စိတ်ကောက်ရအောင်ကလေးမဟုတ်ဘူး
စိတ်မကောင်းဖြစ်တာ "

အမရာ ဖက်ထားတဲ့လက်ကိုပြန်ရုတ်လိုက်ပြီး လက်မောင်းကအင်္ကျီစကိုဆွဲတင်သည် ချစ်သူရှေ့လက်ကလေးထိုးပေးပြီး

"အပြစ်ပေးလိုက်နော်
မောင့်က စိတ်မကောင်းဖြစ်အောင် လုပ်မိသွားတာ
မောင့်ကိုအပြစ်ပေး"

နှင်းဆီ အမရာ့မျက်နှာကိုကြည့်တော့ အပြစ်ပေးဖို့အတင်းတောင်းဆ်ိုနေသည့် မျက်နှာငယ်လေးနှင့်
နှင်းဆီ ကိုက်ဖို့ပြင်လိုက်တော့ အမရာ မျက်လုံးကလေးမှိတ်သွားသည်

ချစ်သူကိုကြည့်ပြီးတော့လဲ မကိုက်ရက် ဖွဖွကလေးပဲကိုက်လိုက်တော့ မှိတ်ထားတဲ့မျက်လုံးလေး ပြန်ပွင့်လာသည်
အမရာ လက်ကိုရုတ်လိုက်ပြီး နှင်းဆီရဲ့ပါးနှစ်ဖက်ကို အုပ်ကိုင်ကာနှုတ်ခမ်းလေးကို ဆွဲနမ်းလေသည်

လက်မောင်းသားကို ဖွဖွကလေးကိုက်လိုက်ချိန် နှုတ်ခမ်းနွေးနွေးကလေးက လက်မောင်းကိုလာနမ်းနေသလို ခံစားရလေတော့ အမရာ့အူအသည်းတွေ ခံနိုင်ရိုးဘယ်ရှိလိမ့်မည်နည်း

အမရာ အနမ်းကိုရပ်တန့်သည်

"မနှင်းဆီ မောင်... မောင်...မရတော့ဘူး"

အမရာ နှင်းဆီရဲ့ လက်နှစ်ဖက်ကို သူမလည်ပင်းပေါ် ဖက်တွယ်စေပြီး နှင်းဆီရဲ့ကိုယ်လေးကိုပွေ့ချီလိုက်သည်
အရင်ထက်ကို ပိုသန်မာနေတဲ့ အမရာက နှင်းဆီကိုသူမအခန်းရှိရာ အိမ်ပေါ်ထပ်ကို ပွေ့ချိီကာခေါ်လာခဲ့သည်

"မောင် လှေကားထစ်တွေလေ"

"မောင်နိုင်ပါတယ် ငြိမ်ငြိမ်လေးနေရင်ရပြီ"

တကယ်ကို နှင်းဆီကိုမချီကာ အိမ်အပေါ်ထပ်ထိ တက်လာနိုင်သည်
အပေါ်ရောက်တော့ အိပ်ယာပေါ်အသာအယာချပေးသည်
နောက်တော့ နှင်းဆီရဲ့ကိုယ်လေးကိုအုပ်မိုး နှင်းဆီရဲ့ ခါးလေးကိုကိုင်ကာ
အနမ်းမိုးတွေ ရွာသွန်းတော့သည်

ကြိုးစားပါဦးမည်

~~~~~~~~

Zawgyi

အမရာ ပို႔ထားတဲ့စာကိုျမင္ေတာ့ ႏွင္းဆီအံ့ၾသရသည္
ေခ်ာတစ္ေယာက္ ဘာေတြမ်ားလုပ္လိုက္လို႔
အမရာေမာင္ ထိုသို႔ခ်က္ခ်င္းတုံ႕ျပန္လာသနည္း

"ေခ်ာ ရွင္ေမာင့္ကို ဘာလုပ္လိုက္တာ"

"ပုံတစ္ပုံပဲ ပို႔လိုက္တာ က်မက"
ေခ်ာက ေအာင္နိုင္သူႀကီးေလသံနဲ႕ မာန္ပါပါျပန္ေျဖေလသည္

"ဘာပုံ "

"ရွင္နဲ႕ ဟိုဝိုင္လာစပ္တဲ့ ကိုျမတ္သုခရဲ႕ပုံကိုပို႔လိုက္တာ"

"ဘယ္က ဘယ္လိုပုံတုန္း
ရွင္ရိုက္ထားတာလား "

"ဟုတ္ပ
ဒင္းျပန္မလာပဲ အခ်ိန္ဆြဲေနတာေလ
အဲ့ေတာ့ ၿခံထဲအသီးထြက္ႏႈန္းလိုက္ျပတုန္းက ပုံကို ပို႔ေပးလိုက္တာ
ရွင့္နားမွာ ဝဲေနတဲ့စြန္ေလးေတြဘယ္ေလာက္မ်ားေၾကာင္း
ဘယ္ေလာက္အလိုက္သိေၾကာင္း ေျပာျပလိုက္တယ္
အရမ္းအသက္ဝင္ေတာ့ ဒင္းမခံစားနိုင္ဘူးေလ"

"ဒါမ်ိဳးက် အရမ္းအားကိုးရတာပဲ
သိပ္ခ်စ္ဖို႔ေကာင္း ေမာင္ျပန္လာရင္လဲ အားကိုးမယ္သိလား
အရင္ရက္ပိုင္းဆို အဆက္အသြယ္ေတာင္မလုပ္ခ်င္သလိုျဖစ္ေနတာ ဒင္းက"

ႏွင္းဆီက အမရာ့ကိုပညာျပလိုက္တဲ့ ေခ်ာကိုေက်းဇူးေတြတင္ေနသည္

ခ်စ္သူကိုသတိရလြန္းလို႔ ျပန္လာမဲ့အခ်ိန္ကိုေမွ်ာ္ေနတဲ့ႏွင္းဆီ အမရာျပန္မလာခင္ သူငယ္ခ်င္းေခ်ာေကာင္းမႈနဲ႕ Skin care ရွယ္လုပ္သည္

အမရာျပန္လာလွ်င္လဲ အနားကမခြာနိုင္ေအာင္ကို လုပ္ပစ္ဖို႔ ပညာအျပည့္အဝသင္ေပးသည္

~~~~~~

တကယ္တမ္း အမရာျပန္လာတဲ့အခါမွာေတာ့ ႏွင္းဆီထက္ အမရာက ပိုလို႔ေျပာင္းလဲေနေလသည္

ေျပာင္းလဲေနသည္ကား လူပုံသ႑ာန္ကစသည္
အရင္လိုမိန္းကေလးပုံစံ အခ်ိဳးအစားမ်ိဳးမဟုတ္ေတာ့ က်ားက်ားယားယားႀကီးျဖစ္လာသည္

အရင္လို မိန္းကေလးမ်က္ႏွာေပါက္ေမးခြၽန္ခြၽန္ေလးမဟုတ္ေတာ့ ေယာက္်ားတစ္ေယာက္လို႔ ပါးရိုးခပ္ကားကားကိုမွ ေသခ်ာၾကည့္လွ်င္မိန္းကေလးမ်ားအႀကိဳက္ အေတာ္ဆြဲေဆာင္မႈရွိသည္
ခ်စ္စရာေကာင္းတဲ့မ်က္ႏွာမ်ိဳးမဟုတ္ေတာ့ပဲ
ဆြဲေဆာင္မႈရွိေသာမ်က္ႏွာမ်ိဳးျဖစ္လာသည္

သိသိသာသာေျပာင္းလဲလာသည္က ခႏၶာကိုယ္အခ်ိဳးအစားပင္
Body ကိုၾကည့္လွ်င္လဲ အရင္ ပိန္ေညွာင္ေညွာင္အေကာင္ေသးေသးအရပ္ရွည္ရွည္မဟုတ္ေတာ့ပဲ ပုခုံးသားမ်ားကအစေတာင့္တင္းကာ ခႏၶာကိုယ္မွာ smart က်လွသည္

ပိုလို႔ရွည္လာသည့္အရပ္ႏွင့္ခႏၶာကိုယ္အခ်ိဳးအစား
ၿပီးေတာ့ မ်က္ႏွာလွလွေလးတို႔ေပါင္းကာ
ေဘးနားမွျဖတ္သြားသူတိုင္းတစ္ခါေတာ့လည္ျပန္ေငးၾကည့္ရသည္

"မႏွင္းဆီ"

"ေမာင္"
ႏွင္းဆီက ေငးၾကည့္ေနေပမဲ့ အမရာကေတာ့မရပါ
ခ်စ္သူကိုအရင္ဆုံးအလြမ္းေျပေလးေပြ႕ဖက္လိုက္သည္
ပတ္ဝန္းက်င္က လူေတြအားလုံးကေတာ့
အမရာနဲ႕ႏွင္းဆီကိုသာေငးၾကည့္ေနၾကသည္

တစ္ဖက္က ေတာင့္ေျဖာင့္ေနတဲ့အေခ်ာအလွေလးနဲ႕
တစ္ဖက္ကျမန္ဆန္ဆန္နဲ႕လွလြန္းတဲ့ မိန္းကေလးေလ

"လြမ္းလိုက္ရတာ မႏွင္းဆီရယ္
ဒီအေငြ႕အသက္ေလး ေမာင္လိုအပ္ေနတာမွန္တာပဲ"

ႏွင္းဆီ သူမခ်စ္သူကိုအရင္ကထက္ပိုကာ ေမာ္ၾကည့္ေနရသည္

"တူတူပဲ ...
တို႔လဲ ဒီလူသားေလးကိုလြမ္းေနရတာ
ဟုတ္ေသးပါဘူး"

ႏွင္းဆီဖက္ထားရာကေန တြန္းဖယ္လိုက္ၿပီး

"ေမာင္က ေျပာင္းလဲလာလိုက္တာ အရပ္ရွည္လာတယ္
မ်က္ႏွာေရာ ၿပီးေတာ့ ခႏၶာကိုယ္အခ်ိဳးအစားေတြေရာ
ႏွလုံးသားေလးေတာ့..."

ခ်စ္သူ ဘာကိုဆိုလိုခ်င္တာလဲ အမရာသိတာမို႔

"ေမာင့္ႏွလုံးသားက လုံးဝမေျပာင္းလဲဘူး
သူ႕သခင္ရဲ႕ဆႏၵသေဘာထားေတြကို သူသိတယ္"

စကားမ်ားေနတဲ့ အမရာ့ကို စကားစျဖတ္ကာထိုေလယာဥ္ကြင္းမွအျမန္ထြက္ရပါမည္

"အရင္ဆုံး ဒီေလဆိပ္ကသြားရေအာင္ပါ
ဟိုအမ်ိဳးသမီးေတြက ေမာင့္ကိုၾကည့္ေနတာ ဝါးစားေတာ့မလိုပဲ
ေမာင့္အခုပုံစံနဲ႕ ႏွင္းဆီေတာ့ သဝန္ေၾကာင္မေလးျဖစ္ရေတာ့မွာပဲ"

ေဘးဘီကိုၾကည့္လိုက္ေတာ့ မိန္းကေလးတခ်ိဳ႕က ခပ္တိုးတိုး ထင္ေၾကးေပးေနၾကတာမို႔
အမရာ လူေရွ႕မေရွာင္ပါပဲ ႏွင္းဆီႏႈတ္ခမ္းေလး တစ္ခ်က္နမ္းလိုက္ၿပီးေနာက္ႏွင္းဆီလက္ကိုကိုင္ဆြဲကာ ေလဆိပ္အျပင္ကိုထြက္လာသည္
ႏွင္းဆီကေတာ့ အမရာလုပ္ရပ္ကိုေၾကာင္ကာ ဆြဲေခၚရာပါလာေလသည္

"ကား ဘယ္မွာရပ္ထားလဲ"

ႏွင္းဆီ ကားရွိရာကိုၫႊန္ျပလိုက္ေတာ့
အမရာကကားေသာ့ေတာင္းကာ
သူကိုယ္တိုင္သြားယူသည္
တကယ္ေတာ့ ႏွင္းဆီ အမရာ့မိခင္လက္ေဆာင္ေပးထားတဲ့ကားေလးကို
ရေအာင္ျပန္ျပင္ထားေပးျခင္းပါ
ထိုကားေလးကိုျမင္ေတာ့ အမရာ သူမရဲ႕ေမေမ ကိုလြမ္းမိသည္
ကားတံခါးဖြင္ဝင္လိုက္လို႔ အထဲေရာက္ေတာ့လဲ အေငြ႕အသက္ေတြကအရင္အတိုင္းပင္

အမရာကားကို ယူလာၿပီး ခ်စ္သူအတြက္ကားတံခါးအရင္ဖြင့္ေပးသည္
ေနာက္မွ အထုတ္ေတြတင္ကာထြက္လာၾကသည္

"ေမာင္မရွိတုန္းဘာေတြေျပာင္းလဲသြားလဲ"

"တို႔က ေမာင့္လိုမဟုတ္ဘူး
ဘာမွမေျပာင္းလဲဘူး"

အမရာ ကားကိုလမ္းေဘးခနခ်ရပ္လိုက္ၿပီး ခ်စ္သူကိုေသခ်ာၾကည္သည္

"ဘာလို႔မေျပာင္းလဲရမွာလဲ
မႏွင္းဆီနား ဘယ္လိုလူေတြဝဲေနလဲ ေမာင္သိတယ္
ေမာင္ျပန္လာၿပီမို႔ အဲ့လူေတြအနားကိုမကပ္ေစရဘူး"

ႏွင္းဆီ မသိခ်င္ေယာင္ေဆာင္က ၿငိမ္ေနသည္ သူမကိုစိတ္မခ်လိဳ႕ ျပန္လာတယ္ဆိုတာသိၿပီးသားမို႔ ၿပဳံးစိစိနဲ႕ျဖစ္ေနသည္

"ေနပါဦး ေမာင္ကဘာသိတာလဲ ဘယ္လိုသိလဲ"

"ေမာင့္မွာ မမေခ်ာရွိတယ္ေလ
ဘယ္လူႀကီးကဘယ္လိုဆိုၿပီး အၿမဲသတင္းေပးေနတာ"

ႏွင္းဆီကားေပၚထိုင္ေနရာကေန သူမကိုယ္တစ္ျခမ္းလုံးကိုအမရာ့ဘက္လွည့္ၿပီး ခ်စ္သူကိုေသခ်ာစိုက္ၾကည့္ေနသည္
တတြတ္တြတ္ေျပာေနတဲ့ အမရာ့ပါးေလးကိုကိုင္လိုက္ၿပီး

"လြမ္းလိုက္ရတာ သိရဲ႕လား
ျပန္လာခ်ိန္တန္ေနတာကို ဘာလို႔ျပန္မလာတာလဲ"

ေဘးကိုသီကာက်ေနတဲ့ခ်စ္သူကဲ့ဆံႏြယ္ေလးကို အမရာ သပ္တင္ေပးလိုက္ၿပီး

"လြမ္းေနမွာ ေမာင္သိတာေပါ့ ေမာင့္အမ်ိဳးသမီးေလးရယ္
ခြဲခန္းဝင္ရက္မ်ားတဲ့ကာလမို႔ လက္ေတြ႕သင္ခန္းစာေတြ
တစ္ဝႀကီးယူေနတာပါ
အခု ေမာင္က ေမာင့္ခ်စ္သူရဲ႕နေဘးမွာပဲ အၿမဲရွိေနေတာ့မွာမို႔
မလြမ္းေစရေတာ့ဘူး"

"အတူရွိေနရရင္ေတာ္ပါၿပီ
ဟင္း...မ်က္ႏွာေလးေတြ႕ေနရတာကို အလြမ္းကမေျပခ်င္ဘူး"

အမရာ ႏွင္းဆီရဲ႕ေမးဖ်ားေလးကိုဆြဲကာနမ္းသည္
အနမ္းတစ္ပြင့္ရဲ႕ႏြေးေထြးမႈ ၿပီးေတာ့သင္းရနံ႕ေမြးေမြးေလးတစ္ခုနဲ႕ သူမရဲ႕အႏြေးဓာတ္ေလးက အမရာ့အတြက္ေသေလာက္သည္

အသက္ရႉဖို႔လိုအပ္ေနတာသိေပမဲ့
ထိုအနမ္းတို႔ကေန မစြန့္ခြာခ်င္ေသး
မရေတာ့တဲ့ ႏွင္းဆီကပဲ အမရာ့ရင္ဘတ္ကိုတြန္းကာ
အသက္ရႉခြင့္ေတာင္းလာသည္

"ေမာင့္..."
စကားမေျပာခင္အသက္ဝေအာင္ရႉရေသးသည္

"ေမာင္ကကြာ အသက္ေပးရႉ..."

ႏွင္းဆီ သူမစမ္းမိတဲ့အမရာ့ပုခုံးနဲ႕ရင္ ဆက္ထားတဲ့ေနရာကို ေသခ်ာဖိမိထားသည္

"ေမာင္ ေလ့က်င့္ခန္းေတြဘယ္ေလာက္ေတာင္လုပ္ထားလဲ"

"ေလ့က်င့္ခန္းလဲ လုပ္ထားတယ္
တစ္ခါထဲ ေျပာင္းလဲမႈလဲလုပ္ထားတယ္"

ႏွင္းဆီ နားမလည္ပါ ေခါင္းခါၿပီး

"ဘာေတြလဲ"

"ကဲပါ ေနာက္ေတာ့ သိရမွာေပါ့
အခုေမာင့္ကို ေန႕လည္စာေလးေတာ့ေကြၽးဦးေလ ေမာင့္အမ်ိဳးသမီးေလးရဲ႕
ဗိုက္ဆာတယ္ ...
ရန္ကုန္ကေန မုန့္ဟင္းခါးေလးပဲ စားလာတာ"

ႏွင္းဆီ မ်က္ေစာင္းပစ္ကာ

"ၿပီးေရာ"

ႏွင္းဆီ သူမရဲ႕ေမာင္ကို သိဖို႔ႀကိဳးစားရဦးမည္ ဘာေတြလုပ္လာသနည္း ဘာေတြေျပာင္းလဲလိုက္သနည္း

ျမန္မာ ထမင္းဆိုင္ကိုထိုင္လိုက္ေတာ့ အမရာစားလိုက္သည္မ်ား ဆိုင္ရွင္ေတာင္လန့္ရသည္

"ေမာင္ ေနာက္ေန႕ေတြစားလို႔ရတယ္ေလကြာ
ေတာ္႐ုံပဲစားေလ"

"ဟုတ္ကဲ့ပါ ဒီတစ္ပန္းကန္ပဲ "

"ေမာင္ဒါပါနဲ႕ဆို ေလးပန္းကန္ျဖစ္ေတာ့မယ္ေနာ္"

"အင္းလို႔ သိၿပီ
ဒါနဲ႕ ဟိုေကာင္ေတြက ဘာလို႔လာမႀကိဳတာတုန္း"

"အိမ္အိမ္က ေဆး႐ုံမွာ အေရးႀကီးကိစၥရွိလို႔တဲ့ေလ
ႏြေကအဆက္အသြယ္မရဘူး "

"ဒီေကာင္ေတြကိုအျပစ္ေပးရမယ္
ကိုယ့္သူငယ္ခ်င္းျပန္လာတာ လာမႀကိဳဘူး
ကဲေမာင္စားလို႔ဝၿပီ ဟီး...."

"ေတာ္ေသးတာေပါ့ စားလို႔ဝေသးလို႔"

အမရာ သြားေလးၿဖီးကာ
"ဟီး...ဟိုမွာအစားအေသာက္က
ေတာ္ေတာ္အဆင္မေျပတာ မႏွင္းဆီရဲ႕"

သူမပါးစပ္ကိုတစ္ရႉးနဲ႕သုတ္ေနရင္းကို ေသခ်ာရွင္းျပေနသည္

"ေမာင့္မွာ တစ္ေန႕တစ္ေန႕ အားမျပတ္ေအာင္သာစားေနရတာ
ဘယ္လိုမွ စားမဝင္စိတ္တိုင္းမက်"

"ေမာင္ ဘာလို႔ သုံးႏွစ္ကေန ဘာလို႔ပိုၾကာၾကာေနျဖစ္သြားတာလဲ"

"ေမာင္ အဲ့မွာဆက္ႀကိဳးစားၿပီး အေတြ႕အႀကဳံယူလိုက္ရင္
ဒီမွာအခုဆရာတစ္ဆူပဲေလ မႏွင္းဆီရဲ႕
service one year ယူလိုက္ၿပီး
သူတို႔ဆီကပညာေတြသင္လာတာ
ေမာင္နဲ႕မမနန္း ေဆး႐ုံတည္ေထာင္မယ္စိတ္ကူးထားတယ္
ၿပီးေတာ့... ေမာင္ကဒီမွာ လုပ္ရမဲ့အရာေတြအမ်ားႀကီးပဲ
ဒီေရာက္မွ ကေလးလိုအေတြ႕အႀကဳံလိုက္ယူတာထက္
ဟိုကအေတြ႕အႀကဳံကပိုတန္ဖိုးရွိလို႔
ေမာင္ျပန္လာၿပီဆိုေတာ့ တခ်ိဳ႕လူေတြအတြက္ေတာ့ ေဘးဒုကၡေပါ့"

ေျပာေနတဲ့အမရာ့မ်က္ဝန္းေတြက စူးရွလွသည္ အညွိုးအေတးႀကီးသည့္အသြင္ လူသတ္ခ်င္ေနသည့္အလား

အမရာက သူမအေမ ေဒၚမဒီေမာင္ေသဆုံးၿပီး နာေရးကိစၥေတြၿပီးကတည္းက တခ်ိဳ႕ေသာစုံစမ္းမႈေတြလုပ္ခဲ့သည္

သူမအေမ ေနာက္ဆုံးရွိခဲ့တဲ့ ေကာ္ဖီဆိုင္ကိုေရာက္ခဲ့သည္
ထိုဆိုင္ကို ေလ့လာလိုက္ေတာ့ CCTV ရွိတာမို႔ သူမအေမေသဆုံးခဲ့တဲ့ ေန႕ကိုေတာင္းယူကာ ၾကည့္ခဲ့မိသည္

ဦးေက်ာ္သီဟနဲ႕ ေနလင္းက ေဒၚမဒီေမာင္ႏွလုံး attack ျဖစ္တာသိရက္နဲ႕ ပစ္ထားခဲ့တာၾကသည္ကို အမရာေတြ႕လိုက္ရသည္
ႏွလုံးေဆးကိုထုတ္ေသာက္ေပမဲ့ မမီလိုက္တာကိုလဲအမရာျမင္ခဲ့ရသည္ ေဆးေသာက္ဖို႔လုပ္ရင္း ပါးစပ္ထဲမေရာက္ပဲ ခုံတြင္ေမွာက္ရက္အိပ္သလိုေလးျဖစ္သြားခဲ့သည္ကို ျမင္ရက္နဲ႕လွည့္ထြက္သြားခဲ့သည့္ ထိုလူႏွစ္ဦးကို အမရာ သူမထံဒူးေထာက္ရေအာင္လုပ္မည္

"ေမာင္"

ႏွင္းဆီေခၚလိုက္ေတာ့ မ်က္ဝန္းေတြက ေျပာင္းလဲသြားသည္
အၿပဳံးႏွင့္ပဲ

"ဟုတ္ "

"ဘာေတြေတြးေနလို႔ ေမာင့္မ်က္ဝန္းေတြက ေျပာင္းလဲသြားရတာလဲ "

ႏွင္းဆီ ထိုသို႔ေျပာင္းလဲသြားတာမ်ိဳး အမရာေနလင္းကို ပါးရိုက္ခဲ့သည့္ေန႕ကလဲ ျမင္ခဲ့ဖူးသည္

ထိုေန႕ကလဲ အခုလိုမ်က္ဝန္းအတိုင္းပါပဲ
အခန္းထဲကထြက္လာတဲ့အခ်ိန္ အမုန္းေတြျပည့္ႏွက္ေနတဲ့မ်က္ဝန္းမ်ိဳးပါ
ႏွင္းဆီကိုျမင္မွသာ ျပန္လည္ေျပာင္းလဲသြားၿပီး အၿပဳံးေလးနဲ႕ျပန္ျဖစ္ခဲ့သည္ေလ

ႏွင္းဆီ အမရာ မသိေအာင္သက္ျပင္းခ်မိသည္
သူမ မသိတဲ့ အမရာရွိေနေသးသည္ကို ႏွင္းဆီရိပ္မိသည္မို႔
သက္ျပင္းခ်ျခင္းပါ

"ဘာမွမေတြးပါဘူး ျပန္ၾကရေအာင္
အိမ္ျပန္နားၾကမယ္ေလ"

"အင္းပါ ဘာမွမျဖစ္ရင္ၿပီးေရာ..."

အမရာတို႔ဝိုင္းကိုလွမ္းၾကည့္ေနတဲ့ မႏၱေလးသူအေခ်ာေလးမ်ားက သက္သက္ရွိသည္
ႏွင္းဆီသိတာမို႔ ဆိုင္ကအထြက္ကို ခ်စ္သူကိုလက္ရေအာင္တြဲလိုက္ေသးသည္
ငါ့အပိုင္လို႔ မေျပာယုံတမယ္ေပါ့ေလ

အမရာ ႏွင္းဆီကို ကားတံခါးလိုက္ဖြင့္ေပးၿပီးမွ သူမကားထဲဝင္သည္

"ေမာင္ တစ္ခုေလာက္ေမးပါဦးမယ္
ဆံပင္က  ညွပ္လိုက္တာလား"

ႏွင္းဆီ အမရာ့ကားေမာင္းရာဘက္ကိုလွည့္ၾကည့္ၿပီး

"ညွပ္လိုက္တာ ဘယ္လိုသိလဲ"

"ေရာ္ ခက္ၿပီ
အမရာေမာင္က မႏွင္းဆီကို ႏႈတ္ကပဲခ်စ္တယ္ေျပာေနတယ္ ထင္တာလား
အခု မိတ္ကပ္မလိမ္းတတ္တဲ့ မႏွင္းဆီက မိတ္ကပ္ပါးပါးေလး လိမ္းထားတာလဲေမာင္သိတယ္"

"သိလွခ်ည္လား"

"ေနပါဦး အၿမဲအလွျပင္ေနတာလား"

ႏွင္းဆီ ကားေမာင္းရင္းသဝန္တိုစကားဆိုေနတဲ့ခ်စ္သူေလးကို အသည္းယားလို႔ အ႐ြဲ႕တိုက္သည္

"ဒါေပါ့ တို႔ကမိန္းကေလးေလ လွခ်င္တာေပါ့"

အမရာ ကားေမာင္းရင္းမ်က္ေမွာင္ကိုၾကဳပ္ထားသည္ ႏႈတ္ခမ္းကလဲ စူပုပ္လို႔ေပါ့

"ဒါဆို အလွျပင္တာက ေမာင့္ေၾကာင့္မွမဟုတ္ပဲ
အၿမဲျပင္ေနတယ္ဆိုေတာ့ ဘယ္သူၾကည့္ဖို႔လဲ
ေမာင္လဲမရွိပဲ ဘယ္သူၾကည့္ဖို႔ျပင္ေနတာလဲ"

ႏွင္းဆီ တစ္လမ္းလုံးအတည္ေပါက္နဲ႕ စလာတာေၾကာင့္ အမရာစိတ္ေကာက္ေလသည္ အိမ္ေရာက္လို႔ ကားေပၚကဆင္းၿပီးအထုတ္ခ်တာေတာင္ ဘာစကားမွမေျပာေတာ့

"ေမာင္ေရ"
အမရာ သူမအခန္းထဲဝင္သြားေတာ့ ႏွင္းဆီအေနာက္ကလိုက္သည္

အခန္းထဲတြင္ အေပၚကုပ္အကၤ်ီခြၽတ္ေနသည့္အမရာ့ကို ႏွင္းဆီေနာက္ေက်ာကေန ခါးကိုဖက္ထားလိုက္ၿပီး

"အလွျပင္တာ ဒီေန႕မွပါ
ေမာင့္ကို လွလွေလးႀကိဳခ်င္လို႔
ေမာင္က ငယ္ငယ္ေခ်ာေခ်ာေလးေလ
အဲ့ေတာ့ ေမာင္နဲ႕လိုက္ဖက္ေအာင္ တို႔ကလုပ္ထားရတာ"

ထိုအခါမွ အမရာျပန္ၿပဳံးလာသည္

"ရွင္ေလးကေတာ့ လွၿပီး
ဒီက မလွရင္ကေလးမုန့္ေပးႀကိဳက္တယ္လို႔ေျပာခံရမွာေပါ့"

အမရာ ႏွင္းဆီရွိရာဘက္ကိုလွည့္လိုက္ၿပီး

"ေျပာခံစရာလား ေမာင့္ခ်စ္သူက ဒီေလာက္ လွတာ
ေမာင့္ခ်စ္သူက ဘယ္ေလာက္နန္းဆန္လိုက္သလဲ
ဒီအမ်ိဳးသမီးေလးကဆြဲေဆာင္မႈရွိလြန္းလို႔
ေမာင့္မွာ စြဲလန္းေနရတာ "

အမရာ ႏွင္းဆီကိုယ္ေလးကိုေပြ႕ဖက္ထားသည္ ႏွင္းဆီရဲ႕ကိုယ္သင္းနံ႕ေလးနမ္းရွိုက္လို႔ဝမွ

"ေမာင္ေလ လန့္သြားတာ "

"ဘာကိုလန့္တာလဲေမာင္ရဲ႕"

အမရာ ႏွင္းဆီကိုခုတင္ေပၚခနထိုင္ေစၿပီး သူမဖုန္းကိုေမႊႏွောက္ကာ ေခ်ာပို႔လာသည့္ပုံေလးကိုျပသည္

"မမေခ်ာက ဒီပုံပို႔လာတာ
ၾကည့္ပါဦး ဘာလို႔အဲ့လိုၿပဳံးရယ္ေနရတာလဲ မႏွင္းဆီရဲ႕
ဒီပုံျမင္ေတာ့ ဘယ္လိုမွစိတ္မခ်နိဳင္ေတာ့ဘူး အဲ့တာေၾကာင့္ျပန္လာတာ"

ႏွင္းဆီေသခ်ာၾကည့္ေတာ့လဲ ဟုတ္သည္ သူမပုံကတကယ္ရယ္ၿပဳံးေနဟန္

"အင္း ၿပဳံးေနတာ ခ်စ္ဖို႔ေကာင္းသား"

~မႏွင္းဆီေနာ္!

အမရာ့ကိုထပ္စလိုက္ေတာ့ အမရာထေအာ္ေလၿပီ

"ေမာင္မဟုတ္ပဲ အဲ့လိုၿပဳံးမျပရပါဘူး"

"ေတာ္ေတာ္တရားတယ္ေနာ္ ရွင္ေလးက
ေမာင္က်ေတာ့ အဲ့ပါးခ်ိဳင့္ေပၚေအာင္မၿပဳံးနဲ႕ဆို ၿပဳံးျပတာပဲေလ
တို႔က်ေတာ့ မၿပဳံးျပရဘူးတဲ့လား"

"ေမာင္မၿပဳံးေတာ့ဘူးေလ
မႏွင္းဆီလဲ အဲ့လိုရယ္ၿပဳံးတာမလုပ္ရဘူး
အဲ့လူနဲ႕လဲ တြဲသြားတြဲလာမလုပ္နဲ႕ေနာ္... ေနာ္လို႔"

"အဲ့တာက ေမာင့္အေပၚပဲမူတည္တာ
ေမာင္ပစ္ထားတဲ့အခ်ိန္ကာလကိုလဲ ေတြးၾကည့္ေလ
တို႔တစ္ေယာက္ထဲဘယ္လိုရွင္သန္ေနရလဲသိရဲ႕လား
လြမ္းလို႔က်တဲ့ မ်က္ရည္ဆိုတာ စဥ့္အိုးနဲ႕သိမ္းထားလို႔ရတယ္ရွင္ရဲ႕"

ဝမ္းနည္းစြာေျပာေနတဲ့ခ်စ္သူရဲ႕လက္ကေလးကို အမရာကိုင္ၿပီး

"အခုကစၿပီး မရွိရေတာ့ဘူး
ေမာင္က ဘယ္မွမသြားေတာ့ဘူး
အဲ့ အားငယ္တဲ့စိတ္ေတြ ေဖ်ာက္ပစ္လိုက္ေတာ့ေနာ္"

ႏွင္းဆီ ခ်စ္သူရင္ခြင္ထဲေရာက္သြားျပန္ပါသည္

"ခ်စ္တယ္ေမာင္
ျပန္လာလို႔လဲ ေက်းဇူးတင္တယ္
ထပ္မထြက္သြားရေတာ့ဘူးေနာ္"

"ခ်စ္တယ္ ေမာင္လဲအရမ္းခ်စ္တယ္ ေမာင့္ရဲ႕မႏွင္းဆီေလးရယ္
ဘယ္မွမသြားေတာ့ပါဘူး ေမာင္က ကတိေပးတယ္
အနားမွာပဲ ပန္းေတာ္ဆက္ေလးလုပ္မွာမို႔ စိတ္မပူနဲ႕ေတာ့
ေမာင္ဘယ္မွမသြားဘူး"

အမရာ ပင္ပန္းလာတာေရာ ႏွင္းဆီခြၽဲခ်င္တာေရာနဲ႕တြဲကာ ခ်စ္သူႏွစ္ေယာက္ အိပ္ယာထဲက မထ အိပ္သာအိပ္သည္
ထမင္းပင္ထမစားၾကေပ

အမရာက ခ်စ္သူကိုလက္ေမာင္းေလးေပးကာ ဖက္အိပ္သည္
ႏွင္းဆီကေတာ့ အမရာ့ရင္ခြင္ထဲမွာ သူမလြမ္းေနခဲ့သမွ်ကိုအတိုးခ်ကာ အလြမ္းေျဖသည္

ႏွင္းဆီ သိလိုက္သည္က သူမရဲ႕ခ်စ္သူ အမရာေမာင္ရဲ႕ရင္ခြင္ထဲ အိပ္စက္ေနရရင္ ဘာေဘးအႏၱရာယ္မွ မေၾကာက္ရသလိုမ်ိဳး လုံၿခဳံမႈရွိေနသည္ကို သူမေကာင္းေကာင္းႀကီးသိလိုက္ရသည္

သူမတို႔ႏွစ္ေယာက္လုံး ကိုယ္သင္းနံ႕သင္းသင္းကေလးေတြ ရႉရွိုက္ကာ ႏွစ္ခ်ိဳက္စြာအိပ္ေပ်ာ္ေနခဲ့သည္ ညေနေစာင္းအခ်ိန္အခါကိုေရာက္လာေတာ့မွ နန္းကစိတ္ပူကာလိုက္လာေလသည္

"ရွင္တို႔ႏွစ္ေယာက္ေလ
ဘယ္လိုေတြအလြမ္းေျဖေနလို႔ ဖုန္းမကိုင္ရတာတုန္း"

"ေမာင္အိပ္ေပ်ာ္ေနလို႔ပါ မမရယ္
ေပါက္ကရေတြ မေတြးပါနဲ႕
ေမာင့္အမ်ိဳးသမီးေလး မ်က္ႏွာငယ္ေလးနဲ႕ျဖစ္ေနၿပီ"

"အမေလး အခုထဲက အကဲပိုေနၿပီ
မမက စိတ္ပူလို႔ေမာင္ရဲ႕
ဟိုက ေခ်ာကလဲတစ္ခ်ိန္လုံးဖုန္းဆက္ေနတာ "

"မမေခ်ာက သူ႕အေၾကာင္းနဲ႕သူဆက္တာေလ
ေမာင့္ကိုလႊဲမခ်နဲ႕"

တကယ္ေတာ့ ေခ်ာက ေက်ာင္းတက္စဥ္ကတည္းက အမရာအေၾကာင္းပဲ စုံစမ္းသလိုလိုနဲ႕ အဆက္အသြယ္လုပ္ၿပီး နန္းကိုလမ္းေၾကာင္းခင္းေနတာ အမရာသိသည္

နန္းကရွက္သလိုလိုနဲ႕
"ေမာင္ေနာ္ ေခ်ာကတို႔သူငယ္ခ်င္း"

"အပိုေတြေျပာျပန္ပါၿပီ
ငယ္ငယ္ထဲက ဖြင့္ေျပာခံရတာ သိၿပီးၿပီ"

အမရာ့ကို ေခ်ာကရင္ဖြင့္ထားေတာ့ အမရာအကုန္သိေနသည္ နန္းေက်ာင္းတက္ၿပီးေျပာင္းသြားရတာကလဲ ထိုအရာမ်ားပါသည္ ေခ်ာက နန္းကိုသူငယ္ခ်င္းအဆင့္ထက္ပိုေၾကာင္း ဖြင့္ေျပာခဲ့သည္ေလ

နန္းက ေဆးေက်ာင္းတက္ရမွာကတစ္ေၾကာင္း
သူငယ္ခ်င္းသံေယာဇဥ္ကို မျပတ္ေစခ်င္တာက တစ္ေၾကာင္းမို႔
အေျဖမေပးပဲ အဆက္အသြယ္ျဖတ္ကာေနခဲ့သည္

ေခ်ာက နန္းရဲ႕ျငင္းဆိုမႈကို ခံရဖူးသူပင္

"ကဲပါ ေမာင္ရယ္ အဲ့တာမေျပာေတာ့နဲ႕
အခ်ိန္ဘယ္ေလာက္နားမလဲ ေသခ်ာေျပာ
အလုပ္ေတြရွိေသးတယ္ေလ
ေမာင့္စီးပြားေရးေတြေရာ မမနဲ႕ေဆး႐ုံကိစၥေရာ."

"ဟုတ္ ေမာင့္ကိုတစ္ပတ္ေလာက္ေတာ့ အခ်ိန္ေပးေနာ္
ဟိုဘက္ကလႊဲေပးလိုက္တုန္းက ဒီက ေဆး႐ုံတစ္ခုမွာ ဝင္ဖို႔ေျပာထားတယ္
ေမာင့္အလုပ္ကိစၥအတြက္က တစ္ပတ္အခ်ိန္ေပး"

"ၿပီးေရာ...အဲ့တာဆို တစ္ပတ္ေစာင့္ေပးမယ္"

ႏွင္းဆီက အမရာအခ်ိန္ယူတဲ့အထဲသူမအတြက္ မပါေတာ့ မ်က္ေစာင္းထိုးသည္

"ေဟာ ဘာျဖစ္လို႔လဲ မႏွင္းဆီ"

"ဘာမွမျဖစ္ဘူး"

အမရာ ဘာေၾကာင့္မွန္းမသိ မ်က္ေစာင္းထိုးခံရေတာ့ ေတြေဝသြားသည္
မိန္းကေလးမ်ားရဲ႕ "ဘားမွမျဖစ္ဘူး" ဆိုတဲ့စကားလုံးက ကမၻာေပၚမွာ ေၾကာက္စရာအေကာင္းဆုံးစကားပါေလ

(စာေရးသူလဲေၾကာက္ရသည္)

"တစ္ခုခုျဖစ္ေနပါတယ္ မႏွင္းဆီရဲ႕"

နန္းက သိသည္ေလ
ႏွင္းဆီမေျပာေတာ့ နန္းကဝင္ေျပာရသည္

"ကဲပါ ႏွစ္ပတ္အခ်ိန္ယူလိုက္ ဟုတ္ၿပီလား
အလုပ္ကို တစ္ပတ္အခ်ိန္ယူ ႏွင္းဆီကိုလဲအခ်ိန္ေပးလိုက္ဦး"

နန္းက ထိုသမီးရည္းစားအတြဲကို ျမန္ျမန္ႏႈတ္ဆက္ကာ ျပန္ထြက္သြားေလသည္

နန္းေျပာလိုက္မွ ႏွင္းဆီဘာေကာက္ေနလဲနားလည္သြားတဲ့အမရာ ေခ်ာ့ရၿပီေလ ဆိုဖာခုံေလးေပၚထိုင္ကာၿငိမ္ေနတဲ့ ခ်စ္သူကို

"ဒါေၾကာင့္ စိတ္ဆိုးသြားတာလား
ေမာင္က အဲ့လိုအခ်ိန္မေပးတာမဟုတ္ပါဘူး မႏွင္းဆီရယ္"

"တို႔က ေမာင့္အေတြးထဲမွာေတာင္မရွိပါဘူး"

"အိုး အဲ့လိုေတာ့မစြပ္စြဲပါနဲ႕လား
ေမာင့္စိတ္ကူးထဲမွာက
အခုေမာင္ဘယ္သြားသြားတူတူရွိေနမွာဆိုတဲ့
အေတြးရွိလိုက္လို႔ပါေနာ္ "

အမရာ ပုခုံးေလးကိုကိုင္ေတာ့ ႏွင္းဆီလက္နဲ႕ပုတ္ခ်သည္

"လာမထိနဲ႕
အလုပ္ပဲသြားလုပ္ ေဆးပဲကုေတာ့
တို႔ကို ထိစရာမလိုဘူး..."

ႏွင္းဆီ အမရာနဲ႕မ်က္ႏွာခ်င္းဆိုင္ရာကေန တစ္ဖက္ကိုလွည့္ကာ
ထိုင္သည္ ေျပာရရင္ မ်က္ႏွာကိုမၾကည့္ခ်င္သလို

"ထိမွာပဲကြာ "
အမရာ ႏွင္းဆီကိုေနာက္ေက်ာကေန သိုင္းကာဖက္လိုက္သည္

"ေမာင့္ကိုစိတ္မေကာက္ပါနဲ႕လား
အလြမ္းေတာင္ ေျပေသးတာမဟုတ္ဖူးေလ"

"မေကာက္ပါဘူး စိတ္ေကာက္ရေအာင္ကေလးမဟုတ္ဘူး
စိတ္မေကာင္းျဖစ္တာ "

အမရာ ဖက္ထားတဲ့လက္ကိုျပန္႐ုတ္လိုက္ၿပီး လက္ေမာင္းကအကၤ်ီစကိုဆြဲတင္သည္ ခ်စ္သူေရွ႕လက္ကေလးထိုးေပးၿပီး

"အျပစ္ေပးလိုက္ေနာ္
ေမာင့္က စိတ္မေကာင္းျဖစ္ေအာင္ လုပ္မိသြားတာ
ေမာင့္ကိုအျပစ္ေပး"

ႏွင္းဆီ အမရာ့မ်က္ႏွာကိုၾကည့္ေတာ့ အပြစ်ပေးဖို့အတင်းတောင်းဆ်ိုနေသည့် မ်က္ႏွာငယ္ေလးႏွင့္
ႏွင္းဆီ ကိုက္ဖို႔ျပင္လိုက္ေတာ့ အမရာ မ်က္လုံးကေလးမွိတ္သြားသည္

ခ်စ္သူကိုၾကည့္ၿပီးေတာ့လဲ မကိုက္ရက္ ဖြဖြကေလးပဲကိုက္လိုက္ေတာ့ မွိတ္ထားတဲ့မ်က္လုံးေလး ျပန္ပြင့္လာသည္
အမရာ လက္ကို႐ုတ္လိုက္ၿပီး ႏွင္းဆီရဲ႕ပါးႏွစ္ဖက္ကို အုပ္ကိုင္ကာႏႈတ္ခမ္းေလးကို ဆြဲနမ္းေလသည္

လက္ေမာင္းသားကို ဖြဖြကေလးကိုက္လိုက္ခ်ိန္ ႏႈတ္ခမ္းႏြေးႏြေးကေလးက လက္ေမာင္းကိုလာနမ္းေနသလို ခံစားရေလေတာ့ အမရာ့အူအသည္းေတြ ခံနိုင္ရိုးဘယ္ရွိလိမ့္မည္နည္း

အမရာ အနမ္းကိုရပ္တန့္သည္

"မႏွင္းဆီ ေမာင္... ေမာင္...မရေတာ့ဘူး"

အမရာ ႏွင္းဆီရဲ႕ လက္ႏွစ္ဖက္ကို သူမလည္ပင္းေပၚ ဖက္တြယ္ေစၿပီး ႏွင္းဆီရဲ႕ကိုယ္ေလးကိုေပြ႕ခ်ီလိုက္သည္
အရင္ထက္ကို ပိုသန္မာေနတဲ့ အမရာက ႏွင္းဆီကိုသူမအခန္းရွိရာ အိမ္ေပၚထပ္ကို ပွေ့ချိီကာခေါ်လာခဲ့သည်

"ေမာင္ ေလွကားထစ္ေတြေလ"

"ေမာင္နိုင္ပါတယ္ ၿငိမ္ၿငိမ္ေလးေနရင္ရၿပီ"

တကယ္ကို ႏွင္းဆီကိုမခ်ီကာ အိမ္အေပၚထပ္ထိ တက္လာနိုင္သည္
အေပၚေရာက္ေတာ့ အိပ္ယာေပၚအသာအယာခ်ေပးသည္
ေနာက္ေတာ့ ႏွင္းဆီရဲ႕ကိုယ္ေလးကိုအုပ္မိုး ႏွင္းဆီရဲ႕ ခါးေလးကိုကိုင္ကာ
အနမ္းမိုးေတြ ႐ြာသြန္းေတာ့သည္

ႀကိဳးစားပါဦးမည္

Seguir leyendo

También te gustarán

3.3M 265K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
489K 26.8K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
104K 7.2K 27
1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist - Pann Eain 1980 ဝန္းက်င္ ရန္ကု...
600K 51K 31
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...