Part 7

8.7K 462 6
                                    

"ပြန်လာပြီလား မေမေ့ကလေး"

"ဟုတ် မေမေ
မေမေ မောင့်ကိုစောင့်နေတာလား"
ဧည့်ခန်းထဲတွင် ထိုင်နေသည်မို့ အမရာသိပါသည်

"မှန်ပါ့ရှင် လာထိုင်ပါဦး
မေမေပြောစရာရှိလို့"

"ဟုတ်"

အမရာ ဒေါ်မဒီရှေ့ကခုံမှာ ထိုင်လိုက်ပြီး

"ဘာရှိလို့လဲ မေမေ"

"မေမေနဲ့ မေမေ့သူငယ်ချင်း ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်ဖို့စပ်တူလုပ်ထားတယ် nurse ရှာခန့်ပြီးပြီ လိုအပ်တာ အကုန်အဆင်ပြေရင်ဆေးခန်းစဖွင့်မယ်
ကလေး အဲ့မှာ အတူလာထိုင်ရမယ်
အချိန်အများကြီးမဟုတ်ပါဘူး"

"မောင်က လက်မှတ်မရသေးဘူးလေ မေမေ
တစ်ခုခုဆို "

"မေမေ ကလေးကိုမကုခိုင်းပါဘူး
ဒီအတိုင်းဘေးကနေ ကြည့်ခိုင်းတာ ပြီးရင်
မေမေခိုင်းတာကိုလုပ် အဲ့လောက်ပဲ"

မိခင်တစ်ယောက်အ​နေနဲ့
အမရာ့ကို တခြားသူထက် လက်တွေ့ မှာပိုသိပိုတတ်စေချင်တာ နားလည်ပါသည် မကြာခင်မှာလဲ အမရာတို့က လက်တွေ့နယ်ပယ်ထဲ ဆင်းရတော့မည်လေ

"ဟုတ် အဲ့လိုဆို မေမေ ဆေးခန်းဖွင့်ပြီဆို လာလုပ်မယ်လေနော်
မေမေ ငွေကြေးလိုအပ်သေးလား ဆေးခန်းဖွင့်ဖို့ပြင်နေတာလေ"

"မလိုပါဘူးကလေးရယ် ကလေးဖေဖေ ထားခဲ့တာတွေလဲ နည်းမှမနည်းတာ မေမေတို့တစ်သက်စားမကုန်ပါဘူး"

"မောင်လဲ ခြံထဲက ကားတွေကို ရောင်းဖို့ပြောထားတယ် မေမေ"

"ဟင် ဘာလို့လဲ ကလေးရယ်
မေမေ့ကလေး ဘာလိုအပ်လို့လဲ လိုတာရှိရင်ပြောလေကွယ်
အဲ့ကားတွေက မောင်းပြိုင်ရင်း အနိုင်ရထားတာတွေ မှတ်လား "

"မောင်အတွက် အများကြီးမလိုအပ်ဘူးလေ အဲ့တာ ဝဏ္ဏကိုပဲ ရောင်းပေးဖို့ပြောထားတာ မေမေ
အိမ်မှာ မောင့်ကိုယ်ပိုင် စာကြည့်ခန်းလေးလုပ်မယ် စာအုပ်တွေဖြည့်မယ် ပြီးတော့....
မောင်တို့ batch က foundation တွေဖွဲ့စည်းမယ်ဆိုလဲ အလှူငွေပေးနိုင်အောင်လို့လေ မေမေရဲ့
မေမေ လိုအပ်ရင်ပြောပါနော်"

"လိမ္မာလိုက်တဲ့ကလေးလေး မေမေ မလိုပါဘူး
မေမေ့ကလေးလေးရဲ့စိတ်ကလေးကိုတော့လက်ခံပါတယ်ရှင်
လိုအပ်ရင်ပြောမယ်နော်"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now