Unicode
*ခွပ်*
ဆောင့်တွန်းခံရခြင်းနှင့်အတူ ခွပ်ခနဲအထိုးခံလိုက်ရခြင်းကြောင့် မျက်နှာတစ်ဖက်လည်ထွက်သွားသည့် Kim Taesung..။
သူ့အရှေ့တွင် သူ့ညီ Taehyung က မီးဝင်းဝင်းတောက်နေသည့်မျက်လုံးများဖြင့်ရပ်ကြည့်နေသည်။
အထိုးခံလိုက်ရတဲ့ ညာဘက်ပါးတစ်ဖက်ကိုခပ်ဖွဖွအုပ်ကိုင်၍မတ်တပ်ရပ်လိုက်ပြီး ညီဖြစ်သူပြောလာမည့်စကားတွေကိုသာအာရုံစိုက်လိုက်သည်။
*မင်းကိုကူညီပေးဆိုတာ ငါ့ကိုလူတစ်ယောက်ရဲ့လက်ထဲ ရောင်းစားပစ်တာကိုလား အစ်ကို.. ပြီးတော့ သူ့ဆီမှာမှ.. မင်းတကယ်ငါ့ကို သူစိမ်းယောကျာ်းတစ်ယောက်ရဲ့လက်ထဲထည့်ပေးနိုင်တဲ့အထိ မသနားတော့ဘူးလား အစ်ကိုရယ်*
Taehyung တအင့်အင့်ရှိုက်ငိုနေပြီး သူ့အမူအယာများကလည်း ခပ်ကြမ်းကြမ်းဖြစ်နေသည်။ Taesung လည်းမျက်ရည်ကျနေရပေမယ့် သူတကယ့်ကိုမတတ်နိုင်တဲ့ကိစ္စမို့ မျက်နှာပြောင်တိုက်ပြီး တောင်းပန်စကားပြောဖို့မှအပ တခြားသောလမ်းမရှိပါ။
"အစ်ကို တောင်းပန်ပါတယ် Taehyung.. အစ်ကိုတကယ့်ကိုမတတ်နိုင်ခဲ့ပါဘူး.. သူနဲ့ပက်သက်မိသွားတာက အစ်ကို့ရဲ့အမှားပါ.. တောင်းပန်ပါတယ် Taehyung"
Taehyung ကခေါင်းအတင်းခါယမ်း၍ အစ်ကိုဖြစ်သူ Taesung ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
*အစ်ကိုကလုပ်ချင်ရာလုပ်ပြီးမှ အမြဲတောင်းပန်တယ် အစ်ကိုသိထားဖို့က တောင်းပန်တိုင်းလည်း ဘယ်အရာမှအရင်အတိုင်းပြန်ဖြစ်မလာနိုင်ဘူး..
ဥပမာ ကျွန်တော့်အသံလိုပေါ့*
"Taehyung!"
အစ်ကို့ရဲ့စူးခနဲရောက်လာတဲ့အကြည့်တစ်ချက်ကို Taehyung နာနာကြဉ်းကြဉ်းပြန်ကြည့်ပစ်လိုက်သည်။
Taesung ကလည်း အသက်ရှုသံများနိမ့်ချည်၊မြင့်ချည်ဖြစ်နေသလို Taehyung ကလည်း လက်သီးခပ်တင်းတင်းဆုပ်၍ အစ်ကိုဖြစ်သူကို အတိတ်တွေထဲပြန်ဆွဲသွင်းနေသည်။
"ဟဲ့ သားငယ်နဲ့သားကြီး ဘာတွေဖြစ်နေကြတာလဲ"
မေမေ့အသံကြားသည်နှင့် Taehyung မျက်ရည်တွေကိုခပ်မြန်မြန်ဆွဲသုတ်လိုက်သည်။
မေမေအနားရောက်လာသည်နှင့် Taehyung သူ့အစ်ကိုကို မျက်နှာလွှဲလိုက်ပြီး..
*အစ်ကိုနဲ့ကျွန်တော် ထုံစံအတိုင်း ကတောက်ကဆလေးတွေဖြစ်လို့ပါ.. မေမေရော ဆိုင်းသိမ်းလာပြီဆိုတော့ ပင်ပန်းနေပြီမဟုတ်လား?*
"မေမေကမပင်ပန်းပါဘူး သားငယ်ရယ်.. အခုနှစ်ယောက်ကထပ်ပြီးရန်ဖြစ်နေကြပြန်တော့ ညစာအတွက်ဘာမှမစားကြရသေးဘူးမဟုတ်လား"
မေမေက အပေါ်အနွေးထည်ကိုချွတ်လိုက်ပြီး ကြမ်းခင်းပေါ်အမောဖြေသည့်အနေဖြင့်ထိုင်ချလိုက်ပြီး ခြေသလုံးတို့အားနှိပ်နှယ်၍ အညောင်းဖြေနေသည်။
Taehyung လည်းအလိုက်တသိပင် မေမေ့အနားသွားလိုက်ပြီး ရို့ရို့လေးထိုင်ချလိုက်သည်။
*ကျွန်တော်မဆာသေးပါဘူး.. မေမေနဲ့အစ်ကိုပဲအရင်ပြင်ပြီးစားထားနှင့်လိုက်ပါ*
Taehyung ကအမေဖြစ်သူရဲ့ခြေသလုံးတစ်ဖက်အားစတင်နှိပ်နှယ်ပေးလိုက်သည်။
"ဟဲ့ သားကြီး ဘယ်သွားမလို့လဲ.. တစ်ခုခုတော့ပြောသွားဦလေ.. အော် ဒီကောင်လေးနှယ့် ဘာမှမစားရသေးဘဲထွက်သွားပြန်ပြီ"
အစ်ကိုက မေမေနဲ့Taehyung ဘာမှမပြောဘဲ အိမ်ထဲကနေဒုန်းဆိုင်းထွက်သွားသည်။
Taehyung လည်းတရေးတယူလုပ်မနေတော့..။ အစ်ကို့ကို အခုချိန်မှာ သူသိပ်ပြီးစိတ်ဆိုးလွန်းရပါသည်။
"ရပြီ သားငယ်.. မေမေကိုယ်လက်သန့်စင်လိုက်ဦးမယ် သားငယ်လည်းလုပ်စရာရှိတာလုပ်လိုက်ဦး"
Taehyung မေမေ့ကိုခေါင်းညိမ့်ပြလိုက်ပြီးနောက် မေမေနဲ့သူနဲ့အတူအိပ်တဲ့ အခန်းငယ်လေးထဲသို့သာဝင်သွားလိုက်သည်။
မေမေစားပြီးသောက်ပြီးရင် လှဲပြီးအနားယူလို့ရအောင်လို့ Taehyung ကြမ်းခင်းကိုသန့်ရှင်း၍ အိပ်ရာများအားစတင်ခင်းကြင်းလိုက်သည်။
Taehyung ခေါင်းအုံးတွေနေရာချနေရင်း စားပွဲပုလေးပေါ်က အဖေဖြစ်သူရဲ့ဓာတ်ပုံကို ငေးကြည့်မိသွားသည်။
သတိရမိတိုင်း လွမ်းဆွတ်မှုများနှင့်အတူဝမ်းနည်းခြင်းကြောင့် အမြဲလိုလိုသက်ပြင်းချမိရသည်။
ခနအကြာတွင်တော့ မေမေ ညစာပြင်ဆင်သည်ကိုဝိုင်းကူပေးလိုက်ပြီး အစ်ကိုကပြန်မလာသေးသည်ကြောင့် သားအမိနှစ်ယောက်သာ လက်စုံစားဖြစ်လိုက်ကြသည်။
အစ်ကို့အကြောင်းတွေးမိလိုက်ရင် Taehyung အမြဲလိုလိုရင်လေးမိရသည်။ ဆိုးသွမ်းလွန်းတဲ့အစ်ကိုက ငွေမက်သည့်အပြင် အသုံးအဖြုန်းနှင့်အတူ လောင်းကစားအရှုပ်အရှင်းတွေလည်းရှိသေးသည်ကြောင့် ဒီတစ်ခေါက် Jeon Jungkook ဆိုသူနှင့် အစ်ကိုပက်သက်မိသွားသည်မှာ သေချာပေါက်တော့ ထိုလူ့ရဲ့ပယောဂမကင်းနိုင်ပေ။
ထိူလူ့အကြောင်းကိုအတွေးရောက်မိသည်နှင့် Taehyung ထပ်ပြီးရင်မောရပြန်သည်။ သူ့ကို စိတ်ဆန္ဒမတူညီဘဲသိမ်းပစ်ဖို့ဆိုတာကြီးကဖြစ်နိုင်ပါ့မလား။
ဘယ်လိုရည်ရွယ်ချက်တွေနဲ့ကြောင့်ပဲဖြစ်ဖြစ် သူဒီကိစ္စကိုလုံးဝလက်ခံမည်မဟုတ်ပေ။
အဆုံးထိကို သူအတတ်နိုင်ဆုံး ထိုလူ့ကမ်းလှမ်းမှုကိုငြင်းဆန်ပစ်မည်။
သူဟာလည်း ယောကျာ်းတစ်ယောက်ဖြစ်သည်မို့ တစ်ခြားသာ ယောကျာ်းတစ်ယောက်ရဲ့ထိန်းချုပ်မှုအောက်မှာ မိမိဘဝကိုမနစ်မွန်းစေလိုပါ။
အထူးသဖြင့် သူ့လိုချို့ယွင်းနေတဲ့လူတစ်ယောက်အတွက် ထိုပြီးပြည့်စုံလွန်းတဲ့ နတ်ဆိုးသဖွယ်ယောကျာ်းက သိပ်ကိုအန္တရာယ်များလွန်းပါသည်။
ဖန်ခွက်အကြည်လေးထဲ ရေခဲတုံးများကို အသင့်အတင့်ထည့်လိုက်ပြီး ကြိတ်ဖျော်ထားသည့်ကော်ဖီအကျရည်ကို ဖြည်းညှင်းစွာလောင်းထည့်လိုက်သည်။ ထို့နောက် အသင့်ဖျော်ထည့်ထားသည့် နို့နှစ်ခွက်ကိုပါ မည်းနက်နေသောကော်ဖီခွက်ထဲလောင်းထည့်လိုက်ပြီး အကြည်ရောင်ကော်ဖီမွှေတံလေးယူလျှက် ကော်ဖီခွက်ထဲမွှေနှောက်လိုက်သည့် Taehyung ။
"No. 12 ကိုပို့ဖို့လား Taehyung?"
ဒီနေ့လူအကျနည်းသည်ကြောင့် အနားမှာရှိနေသည့် Yeonghun။
"သူတို့မှာထားတာက iced americano မဟုတ်ဘူးလား Taehyung"
Yeonghun စကားကြောင့် Taehyung မျက်လုံးလေးတွေဝိုင်းခနဲဖြစ်သွားသည်။
သူဘယ်လိုဖြစ်ပြီး မှားသွားရတာလဲ။ ဘာလုပ်လုပ်စေ့စပ်သေချာတတ်တဲ့Taehyungကို Yeonghun ကလည်း အကဲခတ်သလိုကြည့်နေပြီး Taehyung မှာလည်း ပထမဆုံးအမှားကြောင့် ကပျာကယာဖြစ်သွားရသည်။
"ရတယ် Taehyung.. ဒါကို No.2ကိုပဲသွားချပေးလိုက်တော့.. No.12အတွက် ငါဖျော်လိုက်မယ်"
Taehyung ခေါင်းနှစ်ချက်လောက်ညိမ့်ပြလိုက်ပြီး ဗန်းလေးယူလျက် No.7ရှိရာဝိုင်းသို့သွားလိုက်သည်။
ဗန်းပေါ်ကcoffeeခွက်လေးကိုကြည့်ရင်း သူ့ရဲ့စိတ်နဲ့ကိုယ်နဲ့မကပ်ပုံကိုလည်းတွေးမိပြီး သက်ပြင်းတစ်ချက်ချမိလိုက်ရသေးသည်။
ထိုထောင့်ကျကျဝိုင်းကို ဝေ့ကြည့်လိုက်ရာ မြင်လိုက်ရသည့် ကျောပြင်ကြောင့် Taehyung ခြေလှမ်းလေးတွေတုန့်ခနဲ။
ဗန်းကိုဆုပ်ကိုင်ထားသည့် လက်ကလေးတွေတင်းကျပ်သွားပြီး မျက်ဝန်းအိမ်လေးတွေမတည်မငြိမ်ဖြစ်သွားသော်လည်း မျက်နှာထက်တွင်တော့ မည်သည့်အရိပ်အယောင်မှမပြ။
စားပွဲဝိုင်းအဖြူပေါ် coffee ခွက်လေးတင်ထားသည့်ဗန်းကိုချလိုက်တော့ Taesung ကအတွေးများနေရာမှမော့ကြည့်လာသည်။
"Taehyung"
အစ်ကိုက စားပွဲဝိုင်းပေါ်တင်ထားသည့် လက်နှစ်ဖက်ကရောယှက်နေပြီး ဦးထုပ်အနက်ကိုခပ်ငိုက်ငိုက်ဆောင်းထားရာ ထိုအောက်မှမျက်ဝန်းတွေက မတည်ငြိမ်သော်လည်းစူးရဲနေသည်။
"Taehyung အစ်ကို့ကိုအချိန်ခနလောက်ပေးလို့ရမလား?"
Taehyung ဘာမှပြန်မပြောဘဲ အစ်ကို့ကိုမသင်္ကာစွာပြန်စိုက်ကြည့်လိုက်သည်။
"အစ်ကို လေးလေးနက်နက်စကားပြောမှာမို့ အချိန်ခနပါပဲ"
Taehyung ခေါင်းခါ၍ ဗန်းပေါ်ကcoffeeခွက်ကိုချလိုက်ပြီး ပြန်လှည့်ထွက်မည်လုပ်တော့ အစ်ကိုက သူ့လက်ကောက်ဝတ်ကိုဖမ်းကိုင်၍တားမြစ်လာသည်။
"Taehyung အစ်ကိုတောင်းဆိုပါတယ်"
အစ်ကိုက သူ စကားပြောလက်ခံပေးဖို့ကိုမျှော်လင့်တကြီးစောင့်စားနေပေမယ့် သူ့မှာအစ်ကိုနဲ့စကားပြောဖို့စိတ်ကူးမရှိသေးပါ။
"Jeon Jungkook!.. Jeon Jungkook အဖေကိုဘယ်သူသတ်တာလဲ အစ်ကိုသိထားတယ် Taehyung.. Jeon Jungkook ရဲ့ရည်ရွယ်ချက်ကိုလည်း အစ်ကိုသိတယ်"
Taehyung မျက်လုံးလေးတွေဝိုင်းစက်သွားပြီး အကြည့်များပြောင်းလဲသွားသည်။
"ဒါတွေသိရင် မင်းဘာမှပေးဆပ်စရာမလိုတော့ဘူးမဟုတ်လား.. အဓိက'က
သက်သေပဲ Taehyung.. အစ်ကိုက မင်းကိုကူညီပေးမယ်"
Taehyung အစ်ကိုဆုပ်ကိုင်ထားသည့်လက်ကိုဖြုတ်လိုက်ပြီး
*ကျွန်တော် အခုအလုပ်ချိန်ဖြစ်နေတာမို့ Yeonghun ကိုအသိပေးလိုက်ဦးမယ်*
အစ်ကိုကထပ်မံပြီး သူ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်လာသည်။
"ရတယ် Taehyung.. ပြန်လာရင် အကျိုးအကြောင်းပြောလိုက်လို့ရတာပဲ"
Taehyung အစ်ကိုဖြစ်သူရဲ့စကားကိုနားမလည်သလိုဖြစ်သွားရင်းမှ တစ်ဆက်တည်း လက်ကောက်ဝတ်ကနေဆွဲခေါ်သွားခြင်းကိုခံလိုက်ရသည်။
Yeonghun ကိုလှည့်ကြည့်လိုက်တော့ သူတို့ရှိရာဘက်ကိုကျောပေးပြီး ကောင်တာ၌customerဆီမှorderလက်ခံနေသည်။
အစ်ကိုဆွဲခေါ်မှုကြောင့် အလုပ်ချိန်၌အသိမပေးဘဲထွက်လာခဲ့ရပေမယ့် အစ်ကိုကအခုထိဘာစကားတစ်ခွန်းမှမဟသေးသလို လျှောက်မြဲတိုင်းဆက်လျှောက်နေသည်။
Taehyung ခြေလှမ်းတွေတုန့်ခနဲရပ်လိုက်သည်ကြောင့် အစ်ကိုက စောင်းငဲ့၍လှည့်ကြည့်လာသည်။
"တောင်းပန်ပါတယ် Taehyung.. အစ်ကိုနည်းနည်းအတွေးများသွားလို့"
အစ်ကိုကသူ့လက်ကိုလွှတ်လိုက်ပြီး ထပ်ဝတ်ထားသည့်အနက်ရောင်အနွေးထည်အိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ လမ်းဆက်လျှောက်နေသည်။
Taehyung အစ်ကို့ကိုစကားပြောချင်တာကြောင့် အစ်ကို့မျက်နှာချင်းဆိုင်ကိုသွားပြီးပိတ်ရပ်လိုက်တော့ အစ်ကိုခြေလှမ်းတွေလည်းရပ်တန့်သွားသည်။
*မင်းဘာတွေလုပ်နေတာလဲ အစ်ကို ဒါကအခန့်မသင့်ရင် ကျွန်တော့်အလုပ်တောင်မှထိခိုက်သွားနိုင်တယ် ကျေးဇူးပြုပြီး ကျွန်တော့်ကိုတစ်ခုခုပြောပါတော့ ကျွန်တော့်မှာအချိန်မရှိဘူး*
ဦးထုပ်အောက်က အစ်ကို့မျက်လုံးတွေက အရှေ့တစ်နေရာကိုသာ ကြည့်နေသည်။
"ရောက်တော့မယ် Taehyung .. ဆက်လျှောက်လိုက်ပါ"
Taehyung နားမလည်နိုင်သလိုဖြစ်သွားပြီး သူ့အရှေ့ကိုလှည့်ကြည့်လိုက်တော့ ဘာမှမတွေ့ရဘဲ ရှင်းလင်းတိတ်ဆိတ်နေသည်။
အစ်ကို့ကိုပြန်လှည့်ကြည့်ပြန်တော့ အစ်ကိုကသူ့ကိုဘာမှမပြောဘဲစိုက်ကြည့်နေသည်။
Taehyung ရင်ထဲမှာစိုးထိတ်မှုတွေစတင်လာပြီဖြစ်သည်။
ခြေဖျား၊လက်ဖျားတွေက သိသိသာသာအေးစက်လာပြီး အသက်ရှုသံလေးတွေမူမမှန်တော့။
အစ်ကိုပြောတဲ့အတိုင်း သူအရှေ့ကနေဦးဆောင်လိုက်ပြီး လမ်းဆက်လျှောက်လိုက်ပေမယ့် အခုထိတော့ မြင်မြင်သမျှအခြေအနေတွေက ငြိမ်သက်တိတ်ဆိတ်နေသည်။
"ငယ်ငယ်တုန်းက ဖေဖေပြောခဲ့တာကို မှတ်မိလား Taehyung"
အနောက်ပါးမှထွက်လာသည့် အစ်ကိုရဲ့အသံ။
Taehyung ဆက်ပြီးနားစွင့်နေလိုက်သည်။
"လောကမှာ ကံတရားကအမြဲတမ်းတရားမျှတပါတယ်တဲ့.. ကောင်းတဲ့သူတွေကို ကောင်းသလိုစီရင်ပြီး ဆိုးတဲ့သူတွေကို ဆိုးသလိုစီရင်တယ်.. ဘယ်သူ့ဘက်ကိုမှ သူအလေးမသာဘူး.. သူ့ဖြစ်စဉ်အတိုင်းသူဖြစ်နေခဲ့တာ.."
အစ်ကိုနဲ့သူ့ရဲ့ခြေလှမ်းသံတွေက ထပ်တူညီနေပြီး လမ်းအတော်ရောက်လာခဲ့သည်။
အရှေ့နီးနီး၌လည်း ပြောင်လဲ့နေသည့်အနက်ရောင်ကားတစ်စီးမှလွဲ တခြားဘာမှမရှိပါ။
"ဒါပေမယ့် ဘာကပြဿနာလည်းသိလား Taehyung?"
အနွေးထည်အိတ်ကပ်ထဲက Taesung လက်တွေထွက်လာပြီး လက်တစ်ဖက်၌ ပုဝါလေးတစ်ခုပါလာသည်။
"လူတွေဘဲ.. လောကကြီးမှာ မကောင်းဆိုးဝါးနဲ့တူတဲ့ လူတွေရဲ့မတရားမှုပြုလိုက်တာနဲ့ အရာအားလုံးကပြောင်းပြန်ဖြစ်သွားခဲ့ပြီလေ"
ရုတ်တရက် Taehyung မျက်နှာကအဝတ်တစ်ခုနှင့်ဖိအုပ်ခံလိုက်ရပြီးနောက် ရုန်းကန်ချိန်တောင်မရှိလိုက်ပါဘဲ နှာခေါင်းမှတစ်ဆင့်စူးခနဲတိုးဝင်လာသည့်အနံ့အသက်ပြင်းပြင်းများကြောင့် အာရုံများမှောင်မိုက်ထွေပြား၍မူးဝေသွားခဲ့ရသည်။
Taesung လက်ထဲ၌ပျော့ခွေကျသွားသော Taehyung ကိုထိန်း၍ပွေ့လိုက်ပြီး အရှေ့နားမှ ကားအနက်ဆီသို့ဆက်လျှောက်သွားလိုက်သည်။
ထိုကားက အခြေအနေကိုစောင့်ကြည့်နေပုံရသည် သူအနားရောက်သည်နှင့် နောက်ကားတံခါးလှစ်ခနဲပွင့်လာတာကြောင့် Suit အနက်ဝမ်းဆက်နှင့်လူဘေးနား မေ့မြောနေသောTaehyungကိုအသာချပေးလိုက်သည်။
ကမ်းပေးလာသည့် စာအိတ်တစ်ခုကိုလက်ခံလိုက်ပြီး ထိုကားနှင့်အတူကားပေါ်မှTaehyungကို ကျောခိုင်း၍ အေးစက်စွာပင်လှည့်ထွက်လာခဲ့လိုက်သည်။
"သူတို့မိသားစုက စိတ်ဝင်စားစရာပဲ Niko.. မင်းဘယ်လိုထင်လဲ?"
"ကျွန်တော်ကတော့ Mr.Cherney စီစဉ်တာမှန်သမျှထောက်ခံမှာပါ"
ဆေးလိပ်ခဲထားသည့် နှုတ်ခမ်းပါးတစ်စုံက ဟက်ခနဲရယ်သံသဲ့သဲ့ထွက်လာပေမယ့် တစ်ဖက်သို့သာကော့တက်မျှရုံ။
သူ့ရဲ့ပေါင်ပေါ်၌မေ့မြောနေသောကောင်လေးရဲ့ ဆံနွယ်များကို လက်အိတ်အနက်နှင့်လက်တစ်ဖက်က ညှင်သာစွာပွတ်သပ်လိုက်ပြီး..
"သိချင်နေမိပြီ Mrs.Kim.. သူ့ရဲ့သားငယ်လေးက ဒီလူ့လက်ထဲမှာဆိုတော့.. အခုကတည်းက အရသာသိပ်ရှိမယ့်မြင်ကွင်းအတွက် စိတ်လှုပ်ရှားလာပြီ"
No 24,2023
10:30
Zawgyi
*ခြပ္*
ေဆာင့္တြန္းခံရျခင္းႏွင့္အတူ ခြပ္ခနဲအထိုးခံလိုက္ရျခင္းေၾကာင့္ မ်က္ႏွာတစ္ဖက္လည္ထြက္သြားသည့္ Kim Taesung..။
သူ႕အေရွ႕တြင္ သူ႕ညီ Taehyung က မီးဝင္းဝင္းေတာက္ေနသည့္မ်က္လုံးမ်ားျဖင့္ရပ္ၾကည့္ေနသည္။
အထိုးခံလိုက္ရတဲ့ ညာဘက္ပါးတစ္ဖက္ကိုခပ္ဖြဖြအုပ္ကိုင္၍မတ္တပ္ရပ္လိုက္ၿပီး ညီျဖစ္သူေျပာလာမည့္စကားေတြကိုသာအာ႐ုံစိုက္လိုက္သည္။
*မင္းကိုကူညီေပးဆိုတာ ငါ့ကိုလူတစ္ေယာက္ရဲ႕လက္ထဲ ေရာင္းစားပစ္တာကိုလား အစ္ကို.. ၿပီးေတာ့ သူ႕ဆီမွာမွ.. မင္းတကယ္ငါ့ကို သူစိမ္းေယာက်ာ္းတစ္ေယာက္ရဲ႕လက္ထဲထည့္ေပးနိုင္တဲ့အထိ မသနားေတာ့ဘူးလား အစ္ကိုရယ္*
Taehyung တအင့္အင့္ရွိုက္ငိုေနၿပီး သူ႕အမူအယာမ်ားကလည္း ခပ္ၾကမ္းၾကမ္းျဖစ္ေနသည္။ Taesung လည္းမ်က္ရည္က်ေနရေပမယ့္ သူတကယ့္ကိုမတတ္နိုင္တဲ့ကိစၥမို႔ မ်က္ႏွာေျပာင္တိုက္ၿပီး ေတာင္းပန္စကားေျပာဖို႔မွအပ တျခားေသာလမ္းမရွိပါ။
"အစ္ကို ေတာင္းပန္ပါတယ္ Taehyung.. အစ္ကိုတကယ့္ကိုမတတ္နိုင္ခဲ့ပါဘူး.. သူနဲ႕ပက္သက္မိသြားတာက အစ္ကို႔ရဲ႕အမွားပါ.. ေတာင္းပန္ပါတယ္ Taehyung"
Taehyung ကေခါင္းအတင္းခါယမ္း၍ အစ္ကိုျဖစ္သူ Taesung ကိုစူးစူးရဲရဲစိုက္ၾကည့္လိုက္သည္။
*အစ္ကိုကလုပ္ခ်င္ရာလုပ္ၿပီးမွ အၿမဲေတာင္းပန္တယ္ အစ္ကိုသိထားဖို႔က ေတာင္းပန္တိုင္းလည္း ဘယ္အရာမွအရင္အတိုင္းျပန္ျဖစ္မလာနိုင္ဘူး..
ဥပမာ ကြၽန္ေတာ့္အသံလိုေပါ့*
"Taehyung!"
အစ္ကို႔ရဲ႕စူးခနဲေရာက္လာတဲ့အၾကည့္တစ္ခ်က္ကို Taehyung နာနာၾကဥ္းၾကဥ္းျပန္ၾကည့္ပစ္လိုက္သည္။
Taesung ကလည္း အသက္ရႈသံမ်ားနိမ့္ခ်ည္၊ျမင့္ခ်ည္ျဖစ္ေနသလို Taehyung ကလည္း လက္သီးခပ္တင္းတင္းဆုပ္၍ အစ္ကိုျဖစ္သူကို အတိတ္ေတြထဲျပန္ဆြဲသြင္းေနသည္။
"ဟဲ့ သားငယ္နဲ႕သားႀကီး ဘာေတြျဖစ္ေနၾကတာလဲ"
ေမေမ့အသံၾကားသည္ႏွင့္ Taehyung မ်က္ရည္ေတြကိုခပ္ျမန္ျမန္ဆြဲသုတ္လိုက္သည္။
ေမေမအနားေရာက္လာသည္ႏွင့္ Taehyung သူ႕အစ္ကိုကို မ်က္ႏွာလႊဲလိုက္ၿပီး..
*အစ္ကိုနဲ႕ကြၽန္ေတာ္ ထုံစံအတိုင္း ကေတာက္ကဆေလးေတြျဖစ္လို႔ပါ.. ေမေမေရာ ဆိုင္းသိမ္းလာၿပီဆိုေတာ့ ပင္ပန္းေနၿပီမဟုတ္လား?*
"ေမေမကမပင္ပန္းပါဘူး သားငယ္ရယ္.. အခုႏွစ္ေယာက္ကထပ္ၿပီးရန္ျဖစ္ေနၾကျပန္ေတာ့ ညစာအတြက္ဘာမွမစားၾကရေသးဘူးမဟုတ္လား"
ေမေမက အေပၚအေႏြးထည္ကိုခြၽတ္လိုက္ၿပီး ၾကမ္းခင္းေပၚအေမာေျဖသည့္အေနျဖင့္ထိုင္ခ်လိဳက္ၿပီး ေျခသလုံးတို႔အားႏွိပ္ႏွယ္၍ အေညာင္းေျဖေနသည္။
Taehyung လည္းအလိုက္တသိပင္ ေမေမ့အနားသြားလိုက္ၿပီး ရို႔ရို႔ေလးထိုင္ခ်လိဳက္သည္။
*ကြၽန္ေတာ္မဆာေသးပါဘူး.. ေမေမနဲ႕အစ္ကိုပဲအရင္ျပင္ၿပီးစားထားႏွင့္လိုက္ပါ*
Taehyung ကအေမျဖစ္သူရဲ႕ေျခသလုံးတစ္ဖက္အားစတင္ႏွိပ္ႏွယ္ေပးလိုက္သည္။
"ဟဲ့ သားႀကီး ဘယ္သြားမလို႔လဲ.. တစ္ခုခုေတာ့ေျပာသြားဦေလ.. ေအာ္ ဒီေကာင္ေလးႏွယ့္ ဘာမွမစားရေသးဘဲထြက္သြားျပန္ၿပီ"
အစ္ကိုက ေမေမနဲ႕Taehyung ဘာမွမေျပာဘဲ အိမ္ထဲကေနဒုန္းဆိုင္းထြက္သြားသည္။
Taehyung လည္းတေရးတယူလုပ္မေနေတာ့..။ အစ္ကို႔ကို အခုခ်ိန္မွာ သူသိပ္ၿပီးစိတ္ဆိုးလြန္းရပါသည္။
"ရၿပီ သားငယ္.. ေမေမကိုယ္လက္သန႔္စင္လိုက္ဦးမယ္ သားငယ္လည္းလုပ္စရာရွိတာလုပ္လိုက္ဦး"
Taehyung ေမေမ့ကိုေခါင္းညိမ့္ျပလိုက္ၿပီးေနာက္ ေမေမနဲ႕သူနဲ႕အတူအိပ္တဲ့ အခန္းငယ္ေလးထဲသို႔သာဝင္သြားလိုက္သည္။
ေမေမစားၿပီးေသာက္ၿပီးရင္ လွဲၿပီးအနားယူလို႔ရေအာင္လို႔ Taehyung ၾကမ္းခင္းကိုသန့္ရွင္း၍ အိပ္ရာမ်ားအားစတင္ခင္းၾကင္းလိုက္သည္။
Taehyung ေခါင္းအုံးေတြေနရာခ်ေနရင္း စားပြဲပုေလးေပၚက အေဖျဖစ္သူရဲ႕ဓာတ္ပုံကို ေငးၾကည့္မိသြားသည္။
သတိရမိတိုင္း လြမ္းဆြတ္မႈမ်ားႏွင့္အတူဝမ္းနည္းျခင္းေၾကာင့္ အၿမဲလိုလိုသက္ျပင္းခ်မိရသည္။
ခနအၾကာတြင္ေတာ့ ေမေမ ညစာျပင္ဆင္သည္ကိုဝိုင္းကူေပးလိုက္ၿပီး အစ္ကိုကျပန္မလာေသးသည္ေၾကာင့္ သားအမိႏွစ္ေယာက္သာ လက္စုံစားျဖစ္လိုက္ၾကသည္။
အစ္ကို႔အေၾကာင္းေတြးမိလိုက္ရင္ Taehyung အၿမဲလိုလိုရင္ေလးမိရသည္။ ဆိုးသြမ္းလြန္းတဲ့အစ္ကိုက ေငြမက္သည့္အျပင္ အသုံးအျဖဳန္းႏွင့္အတူ ေလာင္းကစားအရႈပ္အရွင္းေတြလည္းရွိေသးသည္ေၾကာင့္ ဒီတစ္ေခါက္ Jeon Jungkook ဆိုသူႏွင့္ အစ္ကိုပက္သက္မိသြားသည္မွာ ေသခ်ာေပါက္ေတာ့ ထိုလူ႕ရဲ႕ပေယာဂမကင္းနိုင္ေပ။
ထိူလူ႕အေၾကာင္းကိုအေတြးေရာက္မိသည္ႏွင့္ Taehyung ထပ္ၿပီးရင္ေမာရျပန္သည္။ သူ႕ကို စိတ္ဆႏၵမတူညီဘဲသိမ္းပစ္ဖို႔ဆိုတာႀကီးကျဖစ္နိုင္ပါ့မလား။
ဘယ္လိုရည္႐ြယ္ခ်က္ေတြနဲ႕ေၾကာင့္ပဲျဖစ္ျဖစ္ သူဒီကိစၥကိုလုံးဝလက္ခံမည္မဟုတ္ေပ။
အဆုံးထိကို သူအတတ္နိုင္ဆုံး ထိုလူ႕ကမ္းလွမ္းမႈကိုျငင္းဆန္ပစ္မည္။
သူဟာလည္း ေယာက်ာ္းတစ္ေယာက္ျဖစ္သည္မို႔ တစ္ျခားသာ ေယာက်ာ္းတစ္ေယာက္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ မိမိဘဝကိုမနစ္မြန္းေစလိုပါ။
အထူးသျဖင့္ သူ႕လိုခ်ိဳ႕ယြင္းေနတဲ့လူတစ္ေယာက္အတြက္ ထိုၿပီးျပည့္စုံလြန္းတဲ့ နတ္ဆိုးသဖြယ္ေယာက်ာ္းက သိပ္ကိုအႏၲရာယ္မ်ားလြန္းပါသည္။
ဖန္ခြက္အၾကည္ေလးထဲ ေရခဲတုံးမ်ားကို အသင့္အတင့္ထည့္လိုက္ၿပီး ႀကိတ္ေဖ်ာ္ထားသည့္ေကာ္ဖီအက်ရည္ကို ျဖည္းညွင္းစြာေလာင္းထည့္လိုက္သည္။ ထို႔ေနာက္ အသင့္ေဖ်ာ္ထည့္ထားသည့္ နို႔ႏွစ္ခြက္ကိုပါ မည္းနက္ေနေသာေကာ္ဖီခြက္ထဲေလာင္းထည့္လိုက္ၿပီး အၾကည္ေရာင္ေကာ္ဖီေမႊတံေလးယူလွ်က္ ေကာ္ဖီခြက္ထဲေမႊေႏွာက္လိုက္သည့္ Taehyung ။
"No. 12 ကိုပို႔ဖို႔လား Taehyung?"
ဒီေန႕လူအက်နည္းသည္ေၾကာင့္ အနားမွာရွိေနသည့္ Yeonghun။
"သူတို႔မွာထားတာက iced americano မဟုတ္ဘူးလား Taehyung"
Yeonghun စကားေၾကာင့္ Taehyung မ်က္လုံးေလးေတြဝိုင္းခနဲျဖစ္သြားသည္။
သူဘယ္လိုျဖစ္ၿပီး မွားသြားရတာလဲ။ ဘာလုပ္လုပ္ေစ့စပ္ေသခ်ာတတ္တဲ့Taehyungကို Yeonghun ကလည္း အကဲခတ္သလိုၾကည့္ေနၿပီး Taehyung မွာလည္း ပထမဆုံးအမွားေၾကာင့္ ကပ်ာကယာျဖစ္သြားရသည္။
"ရတယ္ Taehyung.. ဒါကို No.2ကိုပဲသြားခ်ေပးလိုက္ေတာ့.. No.12အတြက္ ငါေဖ်ာ္လိုက္မယ္"
Taehyung ေခါင္းႏွစ္ခ်က္ေလာက္ညိမ့္ျပလိုက္ၿပီး ဗန္းေလးယူလ်က္ No.7ရွိရာဝိုင္းသို႔သြားလိုက္သည္။
ဗန္းေပၚကcoffeeခြက္ေလးကိုၾကည့္ရင္း သူ႕ရဲ႕စိတ္နဲ႕ကိုယ္နဲ႕မကပ္ပုံကိုလည္းေတြးမိၿပီး သက္ျပင္းတစ္ခ်က္ခ်မိလိုက္ရေသးသည္။
ထိုေထာင့္က်က်ဝိဳင္းကို ေဝ့ၾကည့္လိုက္ရာ ျမင္လိုက္ရသည့္ ေက်ာျပင္ေၾကာင့္ Taehyung ေျခလွမ္းေလးေတြတုန႔္ခနဲ။
ဗန္းကိုဆုပ္ကိုင္ထားသည့္ လက္ကေလးေတြတင္းက်ပ္သြားၿပီး မ်က္ဝန္းအိမ္ေလးေတြမတည္မၿငိမ္ျဖစ္သြားေသာ္လည္း မ်က္ႏွာထက္တြင္ေတာ့ မည္သည့္အရိပ္အေယာင္မွမျပ။
စားပြဲဝိုင္းအျဖဴေပၚ coffee ခြက္ေလးတင္ထားသည့္ဗန္းကိုခ်လိဳက္ေတာ့ Taesung ကအေတြးမ်ားေနရာမွေမာ့ၾကည့္လာသည္။
"Taehyung"
အစ္ကိုက စားပြဲဝိုင္းေပၚတင္ထားသည့္ လက္ႏွစ္ဖက္ကေရာယွက္ေနၿပီး ဦးထုပ္အနက္ကိုခပ္ငိုက္ငိုက္ေဆာင္းထားရာ ထိုေအာက္မွမ်က္ဝန္းေတြက မတည္ၿငိမ္ေသာ္လည္းစူးရဲေနသည္။
"Taehyung အစ္ကို႔ကိုအခ်ိန္ခနေလာက္ေပးလို႔ရမလား?"
Taehyung ဘာမွျပန္မေျပာဘဲ အစ္ကို႔ကိုမသကၤာစြာျပန္စိုက္ၾကည့္လိုက္သည္။
"အစ္ကို ေလးေလးနက္နက္စကားေျပာမွာမို႔ အခ်ိန္ခနပါပဲ"
Taehyung ေခါင္းခါ၍ ဗန္းေပၚကcoffeeခြက္ကိုခ်လိဳက္ၿပီး ျပန္လွည့္ထြက္မည္လုပ္ေတာ့ အစ္ကိုက သူ႕လက္ေကာက္ဝတ္ကိုဖမ္းကိုင္၍တားျမစ္လာသည္။
"Taehyung အစ္ကိုေတာင္းဆိုပါတယ္"
အစ္ကိုက သူ စကားေျပာလက္ခံေပးဖို႔ကိုေမွ်ာ္လင့္တႀကီးေစာင့္စားေနေပမယ့္ သူ႕မွာအစ္ကိုနဲ႕စကားေျပာဖို႔စိတ္ကူးမရွိေသးပါ။
"Jeon Jungkook!.. Jeon Jungkook အေဖကိုဘယ္သူသတ္တာလဲ အစ္ကိုသိထားတယ္ Taehyung.. Jeon Jungkook ရဲ႕ရည္႐ြယ္ခ်က္ကိုလည္း အစ္ကိုသိတယ္"
Taehyung မ်က္လုံးေလးေတြဝိုင္းစက္သြားၿပီး အၾကည့္မ်ားေျပာင္းလဲသြားသည္။
"ဒါေတြသိရင္ မင္းဘာမွေပးဆပ္စရာမလိုေတာ့ဘူးမဟုတ္လား.. အဓိက'က
သက္ေသပဲ Taehyung.. အစ္ကိုက မင္းကိုကူညီေပးမယ္"
Taehyung အစ္ကိုဆုပ္ကိုင္ထားသည့္လက္ကိုျဖဳတ္လိုက္ၿပီး
*ကြၽန္ေတာ္ အခုအလုပ္ခ်ိန္ျဖစ္ေနတာမို႔ Yeonghun ကိုအသိေပးလိုက္ဦးမယ္*
အစ္ကိုကထပ္မံၿပီး သူ႕လက္ေကာက္ဝတ္ကိုဖမ္းဆုပ္လာသည္။
"ရတယ္ Taehyung.. ျပန္လာရင္ အက်ိဳးအေၾကာင္းေျပာလိုက္လို႔ရတာပဲ"
Taehyung အစ္ကိုျဖစ္သူရဲ႕စကားကိုနားမလည္သလိုျဖစ္သြားရင္းမွ တစ္ဆက္တည္း လက္ေကာက္ဝတ္ကေနဆြဲေခၚသြားျခင္းကိုခံလိုက္ရသည္။
Yeonghun ကိုလွည့္ၾကည့္လိုက္ေတာ့ သူတို႔ရွိရာဘက္ကိုေက်ာေပးၿပီး ေကာင္တာ၌customerဆီမွorderလက္ခံေနသည္။
အစ္ကိုဆြဲေခၚမႈေၾကာင့္ အလုပ္ခ်ိန္၌အသိမေပးဘဲထြက္လာခဲ့ရေပမယ့္ အစ္ကိုကအခုထိဘာစကားတစ္ခြန္းမွမဟေသးသလို ေလွ်ာက္ၿမဲတိုင္းဆက္ေလွ်ာက္ေနသည္။
Taehyung ေျခလွမ္းေတြတုန႔္ခနဲရပ္လိုက္သည္ေၾကာင့္ အစ္ကိုက ေစာင္းငဲ့၍လွည့္ၾကည့္လာသည္။
"ေတာင္းပန္ပါတယ္ Taehyung.. အစ္ကိုနည္းနည္းအေတြးမ်ားသြားလို႔"
အစ္ကိုကသူ႕လက္ကိုလႊတ္လိုက္ၿပီး ထပ္ဝတ္ထားသည့္အနက္ေရာင္အေႏြးထည္အိတ္ကပ္ထဲ လက္ႏွစ္ဖက္ထည့္ကာ လမ္းဆက္ေလွ်ာက္ေနသည္။
Taehyung အစ္ကို႔ကိုစကားေျပာခ်င္တာေၾကာင့္ အစ္ကို႔မ်က္ႏွာခ်င္းဆိုင္ကိုသြားၿပီးပိတ္ရပ္လိုက္ေတာ့ အစ္ကိုေျခလွမ္းေတြလည္းရပ္တန့္သြားသည္။
*မင္းဘာေတြလုပ္ေနတာလဲ အစ္ကို ဒါကအခန႔္မသင့္ရင္ ကြၽန္ေတာ့္အလုပ္ေတာင္မွထိခိုက္သြားနိုင္တယ္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကိုတစ္ခုခုေျပာပါေတာ့ ကြၽန္ေတာ့္မွာအခ်ိန္မရွိဘူး*
ဦးထုပ္ေအာက္က အစ္ကို႔မ်က္လုံးေတြက အေရွ႕တစ္ေနရာကိုသာ ၾကည့္ေနသည္။
"ေရာက္ေတာ့မယ္ Taehyung .. ဆက္ေလွ်ာက္လိုက္ပါ"
Taehyung နားမလည္နိုင္သလိုျဖစ္သြားၿပီး သူ႕အေရွ႕ကိုလွည့္ၾကည့္လိုက္ေတာ့ ဘာမွမေတြ႕ရဘဲ ရွင္းလင္းတိတ္ဆိတ္ေနသည္။
အစ္ကို႔ကိုျပန္လွည့္ၾကည့္ျပန္ေတာ့ အစ္ကိုကသူ႕ကိုဘာမွမေျပာဘဲစိုက္ၾကည့္ေနသည္။
Taehyung ရင္ထဲမွာစိုးထိတ္မႈေတြစတင္လာၿပီျဖစ္သည္။
ေျခဖ်ား၊လက္ဖ်ားေတြက သိသိသာသာေအးစက္လာၿပီး အသက္ရႈသံေလးေတြမူမမွန္ေတာ့။
အစ္ကိုေျပာတဲ့အတိုင္း သူအေရွ႕ကေနဦးေဆာင္လိုက္ၿပီး လမ္းဆက္ေလွ်ာက္လိုက္ေပမယ့္ အခုထိေတာ့ ျမင္ျမင္သမွ်အေျခအေနေတြက ၿငိမ္သက္တိတ္ဆိတ္ေနသည္။
"ငယ္ငယ္တုန္းက ေဖေဖေျပာခဲ့တာကို မွတ္မိလား Taehyung"
အေနာက္ပါးမွထြက္လာသည့္ အစ္ကိုရဲ႕အသံ။
Taehyung ဆက္ၿပီးနားစြင့္ေနလိုက္သည္။
"ေလာကမွာ ကံတရားကအၿမဲတမ္းတရားမွ်တပါတယ္တဲ့.. ေကာင္းတဲ့သူေတြကို ေကာင္းသလိုစီရင္ၿပီး ဆိုးတဲ့သူေတြကို ဆိုးသလိုစီရင္တယ္.. ဘယ္သူ႕ဘက္ကိုမွ သူအေလးမသာဘူး.. သူ႕ျဖစ္စဥ္အတိုင္းသူျဖစ္ေနခဲ့တာ.."
အစ္ကိုနဲ႕သူ႕ရဲ႕ေျခလွမ္းသံေတြက ထပ္တူညီေနၿပီး လမ္းအေတာ္ေရာက္လာခဲ့သည္။
အေရွ႕နီးနီး၌လည္း ေျပာင္လဲ့ေနသည့္အနက္ေရာင္ကားတစ္စီးမွလြဲ တျခားဘာမွမရွိပါ။
"ဒါေပမယ့္ ဘာကျပႆနာလည္းသိလား Taehyung?"
အေႏြးထည္အိတ္ကပ္ထဲက Taesung လက္ေတြထြက္လာၿပီး လက္တစ္ဖက္၌ ပုဝါေလးတစ္ခုပါလာသည္။
"လူေတြဘဲ.. ေလာကႀကီးမွာ မေကာင္းဆိုးဝါးနဲ႕တူတဲ့ လူေတြရဲ႕မတရားမႈျပဳလိုက္တာနဲ႕ အရာအားလုံးကေျပာင္းျပန္ျဖစ္သြားခဲ့ၿပီေလ"
႐ုတ္တရက္ Taehyung မ်က္ႏွာကအဝတ္တစ္ခုႏွင့္ဖိအုပ္ခံလိုက္ရၿပီးေနာက္ ႐ုန္းကန္ခ်ိန္ေတာင္မရွိလိုက္ပါဘဲ ႏွာေခါင္းမွတစ္ဆင့္စူးခနဲတိုးဝင္လာသည့္အနံ႕အသက္ျပင္းျပင္းမ်ားေၾကာင့္ အာ႐ုံမ်ားေမွာင္မိုက္ေထြျပား၍မူးေဝသြားခဲ့ရသည္။
Taesung လက္ထဲ၌ေပ်ာ့ေခြက်သြားေသာ Taehyung ကိုထိန္း၍ေပြ႕လိုက္ၿပီး အေရွ႕နားမွ ကားအနက္ဆီသို႔ဆက္ေလွ်ာက္သြားလိုက္သည္။
ထိုကားက အေျခအေနကိုေစာင့္ၾကည့္ေနပုံရသည္ သူအနားေရာက္သည္ႏွင့္ ေနာက္ကားတံခါးလွစ္ခနဲပြင့္လာတာေၾကာင့္ Suit အနက္ဝမ္းဆက္ႏွင့္လူေဘးနား ေမ့ေျမာေနေသာTaehyungကိုအသာခ်ေပးလိုက္သည္။
ကမ္းေပးလာသည့္ စာအိတ္တစ္ခုကိုလက္ခံလိုက္ၿပီး ထိုကားႏွင့္အတူကားေပၚမွTaehyungကို ေက်ာခိုင္း၍ ေအးစက္စြာပင္လွည့္ထြက္လာခဲ့လိုက္သည္။
"သူတို႔မိသားစုက စိတ္ဝင္စားစရာပဲ Niko.. မင္းဘယ္လိုထင္လဲ?"
"ကြၽန္ေတာ္ကေတာ့ Mr.Cherney စီစဥ္တာမွန္သမွ်ေထာက္ခံမွာပါ"
ေဆးလိပ္ခဲထားသည့္ ႏႈတ္ခမ္းပါးတစ္စုံက ဟက္ခနဲရယ္သံသဲ့သဲ့ထြက္လာေပမယ့္ တစ္ဖက္သို႔သာေကာ့တက္မွ်႐ုံ။
သူ႕ရဲ႕ေပါင္ေပၚ၌ေမ့ေျမာေနေသာေကာင္ေလးရဲ႕ ဆံႏြယ္မ်ားကို လက္အိတ္အနက္ႏွင့္လက္တစ္ဖက္က ညွင္သာစြာပြတ္သပ္လိုက္ၿပီး..
"သိခ်င္ေနမိၿပီ Mrs.Kim.. သူ႕ရဲ႕သားငယ္ေလးက ဒီလူ႕လက္ထဲမွာဆိုေတာ့.. အခုကတည္းက အရသာသိပ္ရွိမယ့္ျမင္ကြင္းအတြက္ စိတ္လႈပ္ရွားလာၿပီ"
Nov 24,2023
10:30