Zawgyi
-*-*-*-*-*-*-*-*-*-*-*
Chapter -116မျှော်
Ph.09796656750
------------
Unicode
ပထမနှစ်ရဲ့ပြိုင်ပွဲစတင်ချိန်မှာတော့ ပြိုင်ပွဲဝင်တိုင်းက စိတ်လှုပ်ရှားနေတော့သည်၊အချင်းချင်းတိုက်ပွဲမလာခင်မှာ လူရွေးစီစစ်သေးပြီး ထိုလူရွေးစီစစ်တဲ့အဆင့်မှာ သုံးဆင့်ရှိသည်၊ဒီလိုရွေးချယ်ရသည့်အကြောင်းအရေးက အရည်အချင်းမပြည့်မိတဲ့ကျောင်းသားတွေ ပါဝင်လာပြီး ပြိုင်ပွဲကိုကြန့်ကြာမည်ကတစ်ကြောင်း ထိခိုက်ဒဏ်ရာရမည်ကတစ်ကြောင်းဖြစ်တာကြောင့်စီစဉ်ရခြင်းဖြစ်သည်၊
အရင်ဆုံး ကျောင်းသားအယောက်သုံးထောင်ကို ပထမဆုံးစမ်းသပ်ချက်ဖြစ်တဲ့လှေကားတစ်ရာကိုတက်ခိုင်းရန် စီစဥ်လိုက်သည်၊ကျောင်းသားအများစုက မှော်လှေကားထစ်များအကြောင်းကိုသိကြပြီး စိတ်လှုပ်ရှားနေကြတော့သည်၊ တစ်ချို့ကတော့ ယုံကြည်ချက် သိပ်မရှိတာကြောင့် အနည်းငယ်ထိတ်လန့်နေသည်၊
ပထမဆုံး ပထမနှစ်ရဲ့အေ(A)တန်းကျောင်းသားတစ်ထောင်ကို စီစစ်လိုက်သည်၊
"လှေကားထစ် အထစ်ငါးဆယ်ရရင် အောင်မြင်တယ်... လှေကားထစ် အထစ်ရှစ်ဆယ်အထက်ဆိုရင် ထိပ်တန်းအဆင့်ငါးဆယ်ပြိုင်ပွဲကို တန်းဝင်ခွင့်ရှိတယ်"
ပြိုင်ပွဲဝင်သုံးထောင်ကို ကျောပြီးတော့ အဆင့်ငါးဆယ်ပြိုင်ပွဲကို တန်းပြိုင်ရမည်ဆိုတာကောင်းတဲ့အခွင့်အရေးပင်၊ဒါကြောင့် ကျောင်းသားတိုင်းက တက်ကြွနေတော့သည်၊လာရောက်အားပေးတဲ့စီနီယာကျောင်းသားတွေကလည်း
"မှော်လှေကားထစ်မှာ 99ထစ်က အမြင့်ဆုံးစံချိန်တင်ထားတာပဲ၊ အရင်ရှစ်နှစ်က ထိုကျောင်းသားရဲ့98ထစ်စံချိန်ကို ကျောင်းသားဂျော့ဖရေးက စံချိန်ချိုးခဲ့တာမလား၊နောက်ပိုင်းနှစ်တွေမှာတော့ 90ထစ်ရောက်တဲ့သူတောင် ရှားလာတယ်၊"
"ဒီပထမနှစ်ရဲ့ဒီ(D)တန်းမှာ ပါရမီရှင်တွေပေါလာတာ မမေ့နဲ့လေ၊ ပြီးတော့ အေ(A)တန်းရဲ့ကျောင်းသားတွေထဲမှာလည်း အရင်နှစ်က 78ထစ်ထိရောက်ဖူးတဲ့ကျောင်းသားတွေရှိတာပဲလေ"
"မပြောနိုင်သေးဘူးလေ... ဘယ်သူက စံချိန်ကိုချိုးဖျက်နိုင်မလဲ ကြည့်ရတာပေါ့"
စီနီယာတွေရဲ့ဆွေးနွေးမှုများကို မကြားတဲ့ဂျူနီယာတွေကတော့ လှေကားထစ်ကို စတင်တက်ရောက်နေတော့သည်၊
လှေကားထစ်ကို ပထမထစ်စလှမ်းလိုက်သည်နဲ့ ကြီးမားတဲ့မှော်စွမ်းအားက ကျောင်းသားတွေရဲ့ကိုယ်ပေါ်ကို ကျရောက်လာတော့သည်၊ဒါပေမယ့် ပထမနှစ်ရဲ့အေ(A)တန်းကျောင်းသားတွေက အရင်နှစ်ကလည်း ဝင်ပြိုင်ဖူးတာကြောင့် အရင်နှစ်လောက်မခက်ခဲကျပဲ တစ်ဆင့်ပြီးတစ်ဆင့်တက်သွားကြတော့သည်၊
ဒါပေမယ့် မှော်လှေကားထစ်ရဲ့အထစ်သုံးဆယ်ရောက်လာချိန်မှာတော့ ကျောင်းသားတွေရဲ့ခြေလှမ်းက နှေးကွေးလာတော့သည်၊တစ်ချို့ကျောင်းသားတွေဆိုရင် ချွေးပေါက်ပေါက်ကျနေပြီး သွေးကြောတွေတောင် ထောင်ထနေသည်၊
တစ်ချို့ဆိုရင် ခြေလှမ်းများရပ်တန့်သွားပြီး တစ်ချို့ကတော့ နောက်တစ်လှမ်းကို ခက်ခက်ခဲခဲလှမ်းနေရတော့သည်၊ဒါပေမယ့် ပါရမီရှင်များကတော့ ရှိဆဲပေ၊
လူငါးယောက်က ရှေ့ဆုံးကနေ ဦးဆောင်နေပြီး ပထမဆုံးတစ်ယောက်ဆိုရင် လှေကားရှစ်ဆယ်ထစ်ကို ရရှိနေပြီး ကျန်လေးယောက်ကတော့ လှေကားခုနှစ်ဆယ့်ငါးထစ်ကို ရောက်ရှိနေပြီ၊
"ဒါက အရင်နှစ်က ပါရမီရှင်တွေပဲ၊ ဒီနှစ်လည်း အထစ်ခုနှစ်ဆယ်ကို အလွယ်တကူကျော်ဖြတ်သွားနိုင်ပြန်တာပဲ"
ဒါပေမယ့် ထိုပါရမီရှင် ငါးယောက်လည်း အထစ်ရှစ်ဆယ်မှာ ရပ်တန့်သွားပြီး ရလဒ်တွေလည်းထွက်ပေါ်လာတော့သည်၊ထိုနောက်မှာတော့ ပထမနှစ်ရဲ့ဘီ(B)တန်း အလှည့်ရောက်လာပြီး အထစ်ရှစ်ဆယ်ကို ရောက်တဲ့သူနှစ်ဦးပေါ်လာပြီး လူတိုင်း အံ့အားသင့်ရပြန်သည်၊
"ပထမနှစ်ရဲ့စီ(C)တန်းနဲ့ဒီ(D)တန်းအလှည့်"
ဒီတန်းမှာ အယောက်တစ်ရာသာရှိတာကြောင့် စီအတန်းနဲ့အတူ ပါဝင်ယှဥ်ပြိုင်ခိုင်းလိုက်သည်၊လူတစ်ထောင့်တစ်ရာဟာ မှော်လှေကားထစ်ကို စတင်တက်ရောက်တော့သည်၊စီတန်းကလည်း အရင်နှစ်က ကျောင်းသားသစ်တွေဖြစ်တာကြောင့် ဝင်ရောက်မယှဥ်ပြိုင်ခဲ့ကြတာပေ၊ဒါကြောင့် မှော်လှေကားထစ်ကလည်း သူတို့အတွက် စိန်ခေါ်မှုတစ်ရပ်နဲ့အတူတူပင်၊
လူတိုင်းက လှေကားထစ်ရဲ့ပထမဆုံးအထစ်ကို စတင်လှမ်းလိုက်သည်နဲ့ ပြင်းထန်တဲ့မှော်ဖိအားကို စတင်ခံစားရတော့သည်၊
ဒါပေမယ့် ဒန်နာရီတို့အဖွဲ့ကတော့ အေးဆေးပင်၊သူတို့က သက်သောင့်သက်သာနဲ့ တစ်လှမ်းချင်းတက်သွားတာကိုမြင်တော့ ကြည့်ရှုနေတဲ့သူတွေပါ အံ့အားသင့်ရသည်၊
"မနာလိုတောင်ဖြစ်လာပြီ...အစောင့်အရှောက်မှော်သားရဲတွေရဲ့ရွေးချယ်ခံရသူတွေလို့ မပြောရဘူး...မှော်ဖိအားက သူတို့အပေါ် သိပ်ပြီးမသက်ရောက်သလိုပဲ"
ဒါပေါ့ ဒန်နာရီတို့အဖွဲ့က မှော်အဆင့်သတ်မှတ်ချက်မြင့်မားသူတွေဖြစ်တာကြောင့် လှေကားထစ်ခုနှစ်ဆယ်ထိ ဖိအားကို မခံစားရပေ၊ဒါက အစစ်အမှန်ပါရမီရှင်တွေနဲ့သာမန်ပါရမီရှင်တွေကြားက ကွာခြားမှုပင်၊
ဆန့်ကျင်ဘက်အနေနဲ့ သူများရဲ့စွမ်းအားကို အငှားယူပြီးတိုးတက်နေတဲ့သူတွေကတော့ မှော်လှေကားထစ်ရဲ့ဖိအားတွေအောင် အလူးအလိမ့်ခံနေရတော့သည်၊အကောင်းဆုံးဥပမာပေးရရင် နတ်ဆိုးရဲ့စွမ်းအားကိုငှားထားတဲ့အန်ဒီးယားဖြစ်သည်၊
အန်ဒီးယားက ပထမဆုံးလှေကားထစ်ကို စပြီးလှမ်းလိုက်သည်နဲ့ ကြီးမားတဲ့ဖိအားက သူ့အပေါ်ရောက်လာတော့သည်၊သူက အံကြိတ်လိုက်ပြီး တစ်လှမ်းပြီးတစ်လှမ်းတက်နေရတဲ့အကြောင်းအရင်းက သူမုန်းတီးလှတဲ့ဒန်နာရီကို ကျော်ချင်လို့ဖြစ်သည်၊ဒါပေမယ့် ခြေတစ်လှမ်းလှမ်းတိုင်း ဖိအားပိုများလာတဲ့အချိန်မှာ အန်ဒီးယားက နောင်တရလာတော့သည်၊ အမှန်ဆိုရင် ဒီပြိုင်ပွဲကို သူဝင်ပြိုင်စရာမလိုပင်၊သူက စိန်အဆင့်ဆရာတစ်ဦးရဲ့တပည့်ဖြစ်တာကြောင့်ဖြစ်သည်၊ဒါပေမယ့် ဒန်နာရီကို အနိုင်ယူချင်တာကြောင့် ဒီပြိုင်ပွဲကို ဝင်ပြိုင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်၊
'သခင်နတ်ဆိုး...ခင်ဗျားရဲ့စွမ်းအားကို အငှားယူလို့ရလား'
*မယူတာ အကောင်းဆုံးပဲ...ပတ်ဝန်းကျင်မှာ ဒဏ္ဍာရီအဆင့်မှော်ဆရာတွေရှိတယ်'
နတ်ဆိုးစကားကြောင့် အန်ဒီးယားက စိတ်ပျက်သွားတော့သည်၊ဒါပေမယ့် သူမှာ နတ်ဆိုးမှော်အမျှင်ရှိတာကြောင့် ထိုအမျှင်ကိုအသုံးပြုနိုင်ကြောင်း နတ်ဆိုးကပြောလာချိန်မှာ ပျော်ရွှင်သွားတော့သည်၊အန်ဒီးယားက နတ်ဆိုးရဲ့မှော်အမျှင်ကို အသုံးချပြီးနောက်မှာ ခန္ဓာကိုယ်ပေါ်က ဖိအားတွေက အနည်းငယ်လျော့သွားသည်၊
'မင်းက အစောင့်အရှောက်သားရဲသခင်ကျားဖြူရဲ့ရွေးချယ်ခံဆိုရော ဘာဖြစ်လဲ၊ ငါက ဘုရင်အဆင့်နဘုရင်အဆင့်နတ်ဆိုးရဲ့အကူအညီရှိပြီးသား'
အန်ဒီးယားက အခြားသူတွေထက် ကျောနေတဲ့ဒန်နာရီရဲ့နောက်ကျောကို မုန်းတီးစွာစိုက်ကြည့်ရင်း ကြုံးဝါးလိုက်သည်၊ထို့နောက်မှာတော့ တစ်လှမ်းပြီးတစ်လှမ်း လှမ်းလာပြီး အခြားကျောင်းသားတွေကိုကျော်တက်လာတော့သည်၊
လူတိုင်းက အန်ဒီးယားရဲ့ထူးခြားမှုကို သတိထားမိလာတော့သာ်၊အန်ဒီးယားက လှေကားငါးဆယ်သုံးထိ မရပ်မနားတက်လာချိန်မှာ စီနီယာကျောင်းသားတွေကလည်း ချီကျူးလာတော့သည်၊ဒါပေမယ့် ဒန်နာရီတို့လောက်တော့ ချီကျူးသူမများပေ၊ဒန်နာရီတို့အဖွဲ့ကတော့ အံ့ဖွယ်ပါရမီရှင်များဟု ထင်ရလောက်အောင် လှေကားရှစ်ဆယ်ထိကို မရပ်မနားတက်သွားတာကို မြင်တော့ လူတိုင်းက သက်ပြင်းချရုံသာ တတ်နိုင်တော့သည်၊
ဒန်နာရီတို့က ဖိအားကို ခံစားရပေမယ့် သူတို့အတွက် သိပ်ပြီးမခက်ခဲဘူးလို့ခံစားနေရတော့သည်၊ဒါအပြင် ဒီမှော်ကားထစ်များက သူတို့ရဲ့မှော်စွမ်းအားကို သိပ်သည်းအောင် လေ့ကျင့်ပေးနိုင်သလိုတောင် ခံစားနေရသေးသည်၊
ဒါကိုလည်း သူတို့အချင်းချင်းသိကြသည်၊အစောင့်အရှောက်သားရဲကြီးဆီက ရွေးချယ်ခံလိုက်ရချိန်မှာ ကျောင်းတော်က မှော်ပစ္စည်းတွေက ဒန်နာရီတို့လေ့ကျင့်ဖို့အတွက် ပစ္စည်းသာသာတွေသာ ဖြစ်သည်၊
"ရွေးချယ်ခံမင်းသားလေးတွေအဖွဲ့က အထပ်ကိုးဆယ်နားကို ရောက်နေကြပြီ!"
"ချီးပဲ ဒါက ပထမဆုံး ငါးယောက်ပြိုင်တူ အထပ်ကိုးဆယ်ကိုရောက်ကြတာမလား! ငါမနာလိုက်တာကွာ!"
"ဒါက ဖြစ်သင့်ပါတယ်...ဆရာတွေကအစပြောနေတာပဲလေ ပထမနှစ်ရဲ့ဒီတန်းကျောင်းသားတွေမှာ ပါရမီရှင်တွေပေါကြွယ်တယ်တဲ့...ရွေးချယ်ခံငါးယောက်အပြင် လှေကားထစ်ခုနှစ်က နှစ်ယောက်ကိုလည်းကြည့်လေ၊ပြီးတော့ စိန်အဆင့်ဆရာရဲ့တပည့်အဖြစ်ရွေးခံလိုက်ရတဲ့တစ်ယောက်ကလည်း လှေကားခြောက်ဆယ်ကိုရောက်နေပြီမလား"
"ထိပ်ဆုံးက ကျောင်းသားက ဒန်နာရီ ရိုစဲဆလပ်လေ၊သူက လက်ရှိစံချိန်သစ်တင်ထားတဲ့ကျောင်းသားဂျော့ဖရေးနဲ့စေ့စပ်ထားတဲ့သူတဲ့"
"သူတို့အတွဲက ခေတ်တစ်ခေတ်ရဲ့ပါရမီရှင်တွေပဲ တကယ်မနာလိုဖြစ်မိတယ်...ငါလည်း အဲလိုတော်တဲ့ပါရမီရှင်တွဲဖက်လေးလိုချင်လိုက်တာ!"
စီနီယာကျောင်းသားတွေက ဂျော့ဖရေးကို မနာလိုဖြစ်မိတာ အမှန်ပဲ၊ပထမနှစ်ရဲ့ကျောင်းသားတွေကြားရှိ ထင်ပေါ်ကျော်ကြားနေတဲ့ဒန်နာရီ ရိုစဲဆလပ်က ပါရမီရှိရုံသာမကဘူး လှပချောမောလှသေးသည်၊တစ်ချက်ကြည့်ရုံနဲ့ ထူးခြားပြီး အကြည့်မလွဲချင်စရာကောင်းလှရုံသာမက ကြည့်လေကြည့်လေ အတော်လှပတဲ့ကောင်လေးဖြစ်သည်၊
မှော်လှေကားထစ်ထက်မှာတော့ ဒန်နာရီက ကိုးဆယ့်ငါးထစ်ကိုရောက်ရှိနေပြီး နားထင်ကနေ ချွေးများစီးကျနေတော့သည်၊ကျန်တဲ့သူတွေကလည်း ဒန်နာရီလိုမျိုး သူမသာကိုယ်မသာအဆင့်ဖြစ်နေပြီး ပြိုင်ပွဲဝင်တစ်ထောင့်တစ်ရာမှာ အယောက်ငါးဆယ်သာကျန်ပြီး သုံးရာကျော်ကတော့ လှေကားထစ်ငါးဆယ်အထက်ကို တက်နိုင်တာကြောင့် အောင်မြင်ပြီးသားပေ၊
လက်ရှိအချိန်အခါမှာတော့ လူငါးဆယ်ကျော်ကတော့ လက်မလျော့သေးပဲ ဆက်လက်ပြီး ကြိုးစားတက်နေဆဲပေ၊
ထိုထဲမှာတော့ အခြေအနေအဆိုးဆုံးကတော့ အန်ဒီးယားဖြစ်ပြီး လှေကားထစ်ခုနှစ်ဆယ့်တစ်ထစ်မှာ ရပ်တန့်သွားပြီး ရှေ့ဆက်မသွားနိုင်တော့ပေ၊သူက အထစ်ကိုးဆယ်ကျော်ထက်ရှိဒန်နာရီတို့အဖွဲ့ကို မုန်းတီးစွာစိုက်ကြည့်နေခဲ့သည်၊
အန်ဒီးယားက သူ့ခန္ဓာကိုယ်ရဲ့အကန့်အသတ်ကိုသိတာကြောင့် လက်လျော့လိုက်ပြီး သူ့စိတ်ထဲမှာ ဒန်နာရီက သူ့ထက်သာနေသည်ကို လက်မခံနိုင်ဖြစ်နေတော့သည်၊
'ဒါက စမ်းသပ်ချက်တစ်ချက်တွေထဲက တစ်ချက်ပဲလေ ဘာများကောင်နေလို့လဲ'
-*-*-*-*-*-*-*-*-*-*-*
Chapter -116မျှော်
စာရေးဆရာပြောစရာရှိသည်၊
စာရေးဆရာ: အမတ်ကြီးသားကpaid မှာ အပိုင်း-132တော့ရောက်ရှိနေပြီ...ဝင်ချင်သူများ
@YamasakiYuuto (telegram)
Ph.09796656750