ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

88.7K 14.2K 1.9K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Arc.10.1
Arc.10.2
Arc.10.5
Arc.10.6
Arc.10.7
Arc.10.8
Arc.10.9
Arc.10.10
Arc.10.11
Arc.10.11
Arc.10.12
Arc.10.13
Arc.10.14
Arc.10.15
Arc.10.16
Arc.10.17
Arc.10.18
Arc.10.19
Arc.10.20
Arc.10. Extra 1
Arc.10.Extra 2
Arc.10.Extra 3
Arc.11.1
Arc.11.2
Arc.11.3
Arc.11.4
Arc.11.5
Arc.11.6
Arc.11.7
Arc.11.8
Arc.11.9
Arc.11.10
Arc.11.12
Arc.11.13
Arc.11.14
Arc.11.15
Arc.11.16
Arc.11.17
Arc.11.18
Arc.10.3
Arc.11.19
Arc.11.20
Arc.11.21
Arc.11.22
Arc.11.23
Arc.11.24
Arc.11.25
Arc.11.26
Arc.11.27 End
Arc.12.1
Arc.12.2
Arc.12.3
Arc.12.4
Arc.12.5
Arc.12.6
Arc.12.7
Arc.12.8
Arc.12.9
Arc.12.10
Arc.12.11
Arc.12.12
Arc.12.13
Arc.12.14
Arc.12.15
Arc.12.16
Arc.12.17
Arc.12.18
Arc.12.19
Arc.12.20
Arc.12.21
Arc.12.22
Arc.12.23
Arc.12.24
Arc.12.25
Arc.12.26
Arc.12.27
Arc.12.28
Arc.12.29
Arc.12.30
Arc.10.4
Arc.12.31
Arc.12.32
Arc.12.33
Arc.12.34
Arc.12.35
Arc.12.36
Arc.12.37 End
Arc.13.1
Arc.13.2
Arc.13.3
Arc.13.5
Arc.13.6
Arc.13.7
Arc.13.8
Arc.13.9
Arc.13.10
Arc.13.11
Arc.13.12
Arc.13.13
Arc.13.14
Arc.13.15
Arc.13.16
Arc.13.17
Arc.13.18
Arc.13.19
Arc.13.20
Arc.13.21
Arc.13.22
Arc.13.23
Arc.13.24
Arc.13.25
Arc.13.26
Arc.13.27
Arc.13.28
Arc.13.29
Arc.13.30 End

Arc.13.4

444 81 5
By devil61002

စြန႔္ပစ္ၾကယ္ .. တပ္ခြဲဌာန အဝင္ဝတြင္

ရွန္းေမာ့ယင္း သည္ ရုတ္ခ်ည္း ေက်ာရိုးမ်ား စိမ့္သြားခဲ့သည္။

" ဘာလဲ .. ဒီေၾကာက္စရာအေငြ ့အသက္က . ငါ့သရုပ္မွန္ေပၚသြားလို႔ ေစာင့္ၾကၫ့္ခံေနရတာလား ? "

[ ကိုယ္ေရးအခ်က္အလက္ အတည္ျပဳျပီးပါၿပီ ]

ခံစားခ်က္မပါေသာ အမ်ိဳးသမီးစက္ရုပ္သံသည္ ဂိတ္တံခါးမွ ထြက္လာခဲ့ၿပီးေနာက္ တင္ ! ဟု အသံတစ္ခ်က္ျမည္ကာ ပြင့္သြားခဲ့သည္ ။

[ မဟာမိတ္အဖြဲ႔ခြဲဌာနမွ ႀကိဳဆိုပါတယ္ ]

တံခါးပြင့္သြားသည္ႏွင့္ ရွန္းေမာ့ယင္းသည္ ျပင္ပရွိ ေျခာက္ျခားေသာ ျမင္ကြင္းႏွင့္ ျခားနားေသာ ေနရာတစ္ခုအား ေရာက္သြားသၫ့္ႏွယ္ မ်ိဳးႏြယ္စုမ်ိဳးစံုသည္ စက္ပစၥည္းအမ်ိဳးမ်ိဳးအား ကိုင္တြယ္ေနသည္ကို ေတြ ့ရ၏ ။ သူက ေနရာႏွင့္ မစိမ္းသက္ေနေသာေၾကာင့္ ေရာက္လိုရာေနရာသို႔ အကူအညီမလိုပဲ သြားႏိုင္ခဲ့ၿပီး သံသယဝင္မခံရခဲ့ေပ ။

[ ေထာက္ပံ့ေရးစနစ္ကေန ႀကိဳဆိုပါတယ္ ။ ]

[ ေက်းဇူးျပဳျပီး .. သင့္ ဘဏ္အေကာင့္အား ရိုက္ထၫ့္ေပးပါ ]

ရွန္းေမာ့ယင္း အိုက္ထဲ့လင္ယဲ့၏ ဘဏ္အေကာင့္နံပါတ္အား မသိသၫ့္အတြက္ သူ႔ရဲ့ ကိုယ္ပိုင္အေကာင့္မ်ားထဲမွ အသံုးျပဳလို႔ ရႏိုင္သၫ့္ အေကာင့္အား စဉ္းစားလိုက္သည္ ။

/ သခင္ရဲ့ စၾကာဝဠာဘဏ္အေကာင့္ အမ်ားစုက မ်က္ၾကည္လႊာ အတည္ျပဳစနစ္ရွိ‌ေနလို့ ဒီခႏၶာကိုယ္နဲ႔ အသံုးျပဳလို႔မရပါဘူး ။ တစ္ခုတည္းေသာ အသံုးျပဳလို႔ရတဲ့အေကာင့္က စိတ္စြမ္းအင္အတည္ျပဳစနစ္နဲ႔ လုပ္ထားတဲ့အဆင့္မမွီတဲ့အ‌ေကာင့္ေသး တစ္ခု‌ပဲ ရိွပါတယ္ ။ ကမ႓ာၿဂိဳလ္မွာပဲ ရိွႏိုင္တဲ့ပစၥည္းေတြကို ဖယ္လိုက္ရင္ S အဆင့္ ကုသေရးေဆးရည္ ၃၅ ပုလင္း ၊ A အဆင့္ က ပုလင္း 150 ၊ က်န္တဲ့  မေဖာ္စပ္ရေသးတဲ့ ကုသေရး ေဆးပင္အမ်ိဳးအစား 1475 မ်ိဳး နဲ႔ ျပန္လည္ကုသေရးေဆးလံုး မ်ားစြာရိွပါေသးတယ္ /

"" အဆင္ေျပတယ္ .. အဲ့ဒါနဲ႔ပဲ ခ်ိတ္ဆက္လိုက္ေတာ့ ""

ရွန္းေမာ့ယင္း သူ႔လက္ပတ္အား ဖန္သားျပင္သို႔ ထိကပ္ရန္ ျပင္လိုက္သည္ ။

" အိုက္ထဲ့လင္ယဲ့ !!! မင္း .. မင္း မေသေသးဘူး ""

အလန႔္တၾကားအသံက မနီးမေဝးမွ ရုတ္ခ်ည္း ထြက္လာေသာ ေၾကာင့္ ရွန္းေမာ့ယင္း လႈပ္ရွားမႈေတြ ရပ္တန႔္သြားရသည္ ။ ' မူလပိုင္ရွင္ရဲ့ ေသဆံုးမႈအတြက္ တရားခံလား '

တစ္ခ်က္ေတြးလိုက္ၿပီး ရွန္းေမာ့ယင္း လက္ကိုခ်လိုက္ကာ အသံၾကားရာဘက္သို႔ လွၫ့္လိုက္၏ ။ တဖက္လူ ေနာက္ထပ္ပါးစပ္မဟခင္ပင္ သူ႔မ်က္လံုးတို႔ကို ေမွးစင္းလိုက္ကာ စိတ္စြမ္းအင္အား ပို႔လႊတ္လိုက္သည္ ။

" အား!! ငါ့ေခါင္း... "

‌ၾကမ္းျပင္ေပၚတြင္ လူတစ္ေယာက္ လူးလိမ့္ကာ နာက်င္စြာ ေအာ္ဟစ္ေနၾကေသာ္လည္း ရိွေနေသာ သူတိုင္း တစ္ခ်က္သာ ၾကၫ့္ၿပီး ကိုယ္ပိုင္အလုပ္ကို လုပ္ကိုင္ေနခဲ့ၾကကာ ကူညီမၫ့္ဟန္ မရိွေခ် ။

ရွန္းေမာ့ယင္း တဖက္လူ၏ မွတ္ဉာဏ္မ်ားအား ၾကၫ့္ရႈၿပီးေနာက္ ႏူတ္ခမ္းတစ္ခ်က္တြန႔္လိုက္သည္ ။ သူက စိတ္စြမ္းအင္အား ျပန္ရုတ္လိုက္ေသာ္လည္း တဖက္လူမွာ နာက်င္မႈမွ ရုန္းမထြက္ႏိုင္ခဲ့ေသးေပ ။

ထိုသူသည္ အျပာေရာင္အသားအေရရိွၿပီး ထူးျခားေသာ အသြင္အျပင္ရိွၿပီး ယခုအခ်ိန္တြင္ နာက်င္မႈေၾကာင့္ ရႈံ႔မဲ့ေနေသာ မ်က္ႏွာက ေၾကာက္မက္ဖြယ္ေကာင္းေန၏ ။ ဤလူ၏ မွတ္ဉာဏ္ထဲတြင္ အိုက္ထဲ့လင္ယဲ့အေၾကာင္း အနည္းငယ္ သိလိုက္ရသည္ ။ မူလပိုင္ရွင္သည္ တသီးတသန႔္ေနတတ္သူျဖစ္ၿပီး မည္သၫ့္အရာမ်ွ စိတ္မဝင္စားေပ ။ အထူးတလည္အေနျဖင့္ သူသည္ ကမ႓ာၿဂိဳလ္အေၾကာင္း အၿမဲတေစ စံုစမ္းေနတတ္ၿပီး တစ္စံုတစ္ခုအား ရွာေဖြေနပံု ေပၚသည္ ။

မူလပိုင္ရွင္ သည္ စိတ္စြမ္းအင္ အားနည္းကာ သူတြင္ တမႈထူးျခားသၫ့္ အက်င့္စရိုက္ရိွၿပီး စကားနည္းေသာ္လည္း သူသည္ ရိုးသား ႀကိဳးစားသည္ဟု ထင္ရသည္ ။ ထို႔ေၾကာင့္ မဟာမိတ္အဖြဲ႔ခြဲ၏ အထူးေထာက္ခံခ်က္ကို ရရိွခဲ့ၿပီး ပင္မၾကယ္မွ ဆင့္ေခၚခံရကာ ကမ႓ာၿဂိဳလ္အား တိုက္ခိုက္မၫ့္ စစ္ဆင္ေရးတြင္ ပါဝင္ဖို႔ ဝင္ခြင့္ကဒ္ ရခဲ့သည္ ။ မူလပိုင္ရွင္အသတ္ခံရသၫ့္ အေၾကာင္းအရင္းမွာ ထိုအထူးေထာက္ခံခ်က္အား ဤလူျပာႀကီးမွ လိုခ်င္၍ပင္ ။

ပင္မၾကယ္သို႔ သြားခ်င္ၾကေသာ သူမ်ား သိန္းသန္းခ်ီေသာ္ျငား သြားႏိုင္သူမွာ ေထာင္ဂဏန္း မ်ွသာ ရိွေလသည္ ။ ဝင္ခြင့္ရရိွသူမ်ားသည္ စနစ္တြင္ အထူးတလည္ မွတ္တမ္းတင္ထားၿပီးသားျဖစ္ေသာ္လည္း ကဒ္လုယူခံလိုက္ရပါက မွတ္တမ္းသည္ လုယူသူ၏ အမည္ျဖင့္ ေျပာင္းလဲသြားမည္ျဖစ္သည္ ။

သို႔ေသာ္ တိက်ေသာေတာင္းဆိုခ်က္မွာ မူလပိုင္ဆိုင္သူအား အေသသတ္ရမည္ ။ မဟုတ္လ်ွင္ စနစ္သည္ မွတ္တမ္းအား ေျပာင္းလဲ‌ေပးမည္မဟုတ္ေပ ။

ထိုသို႔ စည္းကမ္းမသတ္မွတ္ထားပါက အဆက္မျပတ္မွတ္တမ္း‌ေျပာင္းလဲမႈမ်ားေၾကာင့္ စနစ္ပင္ ခ်ိဳ႕ယြင္းသြားႏိုင္ေလသည္။

ရွန္းေမာ့ယင္း လူျပာႀကီးအား တစ္ခ်က္သာ ၾကၫ့္လိုက္ၿပီး လက္တစ္ခ်က္ေဝ႔ွယမ္းလိုက္သည္ ။

" မင္း!!!! "

လက္တစ္ခ်က္ေဝ႔ွယမ္းအၿပီးတြင္ အေဆာက္အဦးထဲရိွ လူတိုင္း သူတို႔ မ်က္လံုးေတြကို ေရြ ့လာၾကေတာ့သည္ ။ အမ်ိဳးသား၏ လည္ပင္းမွာ ျပတ္ထြက္သြားၿပီး အျပာေရာင္ေသြးမ်ား ပန္းထြက္လာေလသည္ ။ မ်က္ဝန္းမ်ားမွာ ခ်က္ခ်င္းပင္ အသက္မဲ့သြားခဲ့သည္ ။

လူတိုင္း၏ မ်က္လံုးထဲတြင္ အံ့အားသင့္မႈႏွင့္အတူ ေၾကာက္ရြံ ့မႈတို႔က ေရာယွက္ေနသည္ ။ ဤေနရာတြင္ ေတာတြင္းစနစ္ကို က်င့္သံုးတာေၾကာင့္ အင္အားႀကီးသူက ဘုရင္ျဖစ္ေလသည္ ။ ထို‌ ့ေၾကာင့္ တိုက္ခိုက္မႈအနည္းငယ္က သူတို႔အား မလႈပ္ရွားေစေတာ့ေခ် ။ သို႔ေသာ္ သတ္ျဖတ္ျခင္း ဆိုပါက မတူေတာ့ေပ ။ ဒါ့အျပင္ ဤလူ၏ လႈပ္ရွားမႈက သက္ေတာင့္သက္သာ ျဖစ္လြန္းသည္ ။ 

အဲ့အမ်ိဳးသားမွာ တိုက္ခိုက္သူတံဆိပ္ရိွတာ ဘယ္သူမျမင္လို႔လဲ ? အဆင့္နိမ့္ဆိုရင္ေတာင္ တိုက္ခိုက္သူက သာမန္ထက္ သာလြန္ေနတုန္းပဲ ..

အဲ့လိုလူကို လက္ေလးယမ္းရံုနဲ႔ သတ္ပစ္လိုက္တယ္ ! ရက္စက္မႈကို မအံ့ဩရင္ေတာင္ အင္အားကိုေတာ့ ေလးစားရမယ္ ..

.... ၾကၫ့္ ၾကၫ့္ .. သူ႔မွာလည္း တိုက္ခိုက္သူတံဆိပ္တပ္ထားတယ္ ။ ဘာ အဆင့္နိမ့္ ! အဆင့္နိမ့္တစ္ေယာက္က က်န္တစ္ေယာက္ကို တိုက္ခိုက္ဖို႔ ဘာလို႔ ဒီေလာက္လြယ္ကူေနတာလဲ ?...

... တပ္မဟာက လူေတြ မ်က္စိကန္းေနၾကတာလား ? ..

... သူက ဘယ္ၿဂိဳလ္ကလဲမွ မသိတာ ဒီၾကယ္မွာ ဒီမ်ိဳးစိတ္မ်ိဳး ငါျဖင့္ မျမင္ဖူးပါဘူး ..

... ဒီအင္အားနဲ႔ သူ ဘယ္အင္ပါယာကိုသြားမယ္လို႔ ထင္လဲ ..

... ေမးဖို႔လိုေသးလို႔လား ? အခုတေလာ ငါတို႔ကို ဖိႏိွပ္ထားတဲ့ ကမ႓ာၿဂိဳလ္မွာ ျပႆနာေတျြဖစ္ေနတာေလ အင္ပါယာေတြ မဟာမိတ္ဖြဲ႔ၿပီး တိုက္ခိုက္ဖို႔ျပင္ေနတာ အဲ့ကို သြားမွာေပါ့ ..

... ဒါေပမဲ့ ဇာ့ဂ္ေတြ ရိွေနတယ္ေလ ..

... ဟမ့္ .. မင္း အဲ့ရူးေနတဲ့ ပါေမာကၡနဲ႔ ရင္ဆိုင္မလား ? ဇာ့ဂ္ေတြနဲ႔ ရင္ဆိုင္မလား ? ...

.... ေသခ်ာေပါက္ .... ဇာ့ဂ္ေတြေပါ့ ..

လူတိုင္း ေပါ့ေပါ့ပါးပါးေလးၿပံဳးေန‌သၫ့္ လူတစ္ေယာက္၏ ပံုရိပ္အား ေတြးမိလိုက္ၾကၿပီး ၾကက္သီးထသြားၾကသည္ ။

သူတို႔၏ ၿဂိဳလ္မ်ားသည္ အမ်ိဳးမ်ိဳးေသာ သံယံဇာတမ်ားအသံုးျပဳကာ လူသားမ်ားကို ရင္ဆိုင္တိုက္ခိုက္ပါေသာ္လည္း အဆံုးတြင္ သံယံဇာတေရာ သူတို႔မ်ိဳးႏြယ္မွ စစ္သူႀကီးမ်ားပါ စမ္းသပ္ခန္းသို႔ ေရာက္သြားခဲ့ရၿပီး ရင္ကြဲနာက်ၾကရသည္ ။ သာမန္ဆိုရလ်ွင္ ပါေမာကၡတစ္ေယာက္မွာ စစ္ပြဲအတြက္ သိပ္အေရးမပါလွ ။ သူတို႔က အားနည္းၿပီး မတိုက္ခိုက္ႏိုင္ၾကဘူး ။

သို႔ေသာ္ ထိုအရူးပါေမာကၡသည္ ၿပိဳင္ဘက္ကင္းလုနီးပါး Mecha အား တီထြင္ခဲ့‌ေပသည္ ။ ထို Mecha ၏ ေပါက္ကြဲစြမ္းအားမွာ အလြန္ျပင္းထန္ၿပီး ၿဂိဳလ္တစ္ခုအား အလြယ္တကူ ဖ်က္ဆီးႏိုင္သည္အထိပင္ ။ ထိုသို႔ စြမ္းအားျမင့္ ယႏၲရားမ်ားသည္ ေမာင္းႏွင္သူထံ ေတာင္းဆိုခ်က္အလြန္ျမင့္သည္ ။ ေမာင္းႏွင္းေနတုန္း မေတာ္တဆျဖစ္ခဲ့လ်ွင္ ရန္သူထက္ပင္ ေမာင္းႏွင္သူ အရင္‌ေသဆံုးသြားေပလိမ့္မည္ ။ ထို႔ေၾကာင့္ SS အဆင့္ စိတ္စြမ္းအားရွင္မ်ားပင္ မေမာင္းႏွင္ရဲေခ် ။

ဟုတ္တယ္ .. အဲ့အရူးက အဲ့ Mecha ကို ေမာင္းႏွင္ခဲ့တာ .. ၿပီးေတာ့ သူအလိုရိွသမ်ွ ၿဂိဳလ္တိုင္းက အရင္းအျမစ္ေတြကို လုသြားခဲ့ေသးတယ္ ။

ကံေကာင္းစြာနဲ႔ အရူးမွာ အရူးျဖစ္ေနေသးသည္ ။သူသည္ သုေတသနမွလြဲ၍ အျခားအာရံုမစိုက္ေသာေၾကာင့္ စစ္တပ္နဲ႔ ပူးေပါင္းျခင္း မရိွခဲ့‌ေခ် ။ ထိုသို႔ မဟုတ္ပါက သူတို႔ၿဂိဳလ္တိုင္း လူသားေတြရဲ့ ကြၽန္ျဖစ္ေနသည္မွာ ၾကာျမင့္လွေသာ အခ်ိန္ကတည္းကပင္ ။

အေဆာက္အဦးအတြင္း လူသတ္မႈျဖစ္ပြားသျဖင့္ ပံုမွန္ထက္ သံုးဆပိုျမင့္ေသာ စစ္ေဆးေရးစက္ရုပ္မ်ားသည္ စကၠန႔္အနည္းငယ္အတြင္း ေရာက္လာၾကသည္ ။ သူတို႔က ရွန္းေမာ့ယင္းအား ဆြဲေခၚဖို႔ ျပင္လိုက္‌ခ်ိန္ သူတို႔စနစ္မွ အခ်က္ေပးသံအား ၾကားလိုက္ရ၏ ။

[ လန္ရမ္ၿဂိဳလ္သားအား သတ္ျဖတ္မႈ - ၾကယ္ဒဂၤါး ၂၄၀၀၀ ေပးေဆာင္ၿပီး ]

ရိွေနသူတိုင္းမ်က္စိေရ႔ွတြင္ပင္ ရွန္းေမာ့ယင္းသည္ စခရင္အား ေခၚထုတ္ကာ သာမန္ကာလ်ွံကာ ဒဏ္ေၾကးေပးေဆာင္လိုက္ၿပီးေနာက္ သူလုပ္စရာရိွသည္အား ဆက္လုပ္ေနခဲ့သည္ ။ စစ္ေဆးေရးစက္ရုပ္မ်ားမွာ ဒဏ္ေၾကးရၿပီးေနာက္ ဒီတိုင္းျပန္ထြက္သြားခဲ့ရေလသည္ ။

အားလံုး : "..."

ဘယ္မ်ိဳးႏြယ္ကိုသတ္ရင္ ဘယ္ေလာက္ေပးေဆာင္ရမလဲဆိုတာ ဘာမွမေျပာပဲနဲ႔ေတာင္ သိေနတယ္

ဘယ္သူလဲ ?? ဒီေကာင္က

___________
Unicode

စွန့်ပစ်ကြယ် .. တပ်ခွဲဌာန အဝင်ဝတွင်

ရှန်းမော့ယင်း သည် ရုတ်ချည်း ကျောရိုးများ စိမ့်သွားခဲ့သည်။

" ဘာလဲ .. ဒီကြောက်စရာအငွေ့ အသက်က . ငါ့သရုပ်မှန်ပေါ်သွားလို့ စောင့်ကြည့်ခံနေရတာလား ? "

[ ကိုယ်ရေးအချက်အလက် အတည်ပြုပြီးပါပြီ ]

ခံစားချက်မပါသော အမျိုးသမီးစက်ရုပ်သံသည် ဂိတ်တံခါးမှ ထွက်လာခဲ့ပြီးနောက် တင် ! ဟု အသံတစ်ချက်မြည်ကာ ပွင့်သွားခဲ့သည် ။

[ မဟာမိတ်အဖွဲ့ခွဲဌာနမှ ကြိုဆိုပါတယ် ]

တံခါးပွင့်သွားသည်နှင့် ရှန်းမော့ယင်းသည် ပြင်ပရှိ ခြောက်ခြားသော မြင်ကွင်းနှင့် ခြားနားသော နေရာတစ်ခုအား ရောက်သွားသည့်နှယ် မျိုးနွယ်စုမျိုးစုံသည် စက်ပစ္စည်းအမျိုးမျိုးအား ကိုင်တွယ်နေသည်ကို တွေ့ ရ၏ ။ သူက နေရာနှင့် မစိမ်းသက်နေသောကြောင့် ရောက်လိုရာနေရာသို့ အကူအညီမလိုပဲ သွားနိုင်ခဲ့ပြီး သံသယဝင်မခံရခဲ့ပေ ။

[ ထောက်ပံ့ရေးစနစ်ကနေ ကြိုဆိုပါတယ် ။ ]

[ ကျေးဇူးပြုပြီး .. သင့် ဘဏ်အကောင့်အား ရိုက်ထည့်ပေးပါ ]

ရှန်းမော့ယင်း အိုက်ထဲ့လင်ယဲ့၏ ဘဏ်အကောင့်နံပါတ်အား မသိသည့်အတွက် သူ့ရဲ့ ကိုယ်ပိုင်အကောင့်များထဲမှ အသုံးပြုလို့ ရနိုင်သည့် အကောင့်အား စဉ်းစားလိုက်သည် ။

/ သခင်ရဲ့ စကြာဝဠာဘဏ်အကောင့် အများစုက မျက်ကြည်လွှာ အတည်ပြုစနစ်ရှိ‌နေလို့ ဒီခန္ဓာကိုယ်နဲ့ အသုံးပြုလို့မရပါဘူး ။ တစ်ခုတည်းသော အသုံးပြုလို့ရတဲ့အကောင့်က စိတ်စွမ်းအင်အတည်ပြုစနစ်နဲ့ လုပ်ထားတဲ့အဆင့်မမှီတဲ့အ‌ကောင့်သေး တစ်ခု‌ပဲ ရှိပါတယ် ။ ကမ္ဘာဂြိုလ်မှာပဲ ရှိနိုင်တဲ့ပစ္စည်းတွေကို ဖယ်လိုက်ရင် S အဆင့် ကုသရေးဆေးရည် ၃၅ ပုလင်း ၊ A အဆင့် က ပုလင်း 150 ၊ ကျန်တဲ့  မဖော်စပ်ရသေးတဲ့ ကုသရေး ဆေးပင်အမျိုးအစား 1475 မျိုး နဲ့ ပြန်လည်ကုသရေးဆေးလုံး များစွာရှိပါသေးတယ် /

"" အဆင်ပြေတယ် .. အဲ့ဒါနဲ့ပဲ ချိတ်ဆက်လိုက်တော့ ""

ရှန်းမော့ယင်း သူ့လက်ပတ်အား ဖန်သားပြင်သို့ ထိကပ်ရန် ပြင်လိုက်သည် ။

" အိုက်ထဲ့လင်ယဲ့ !!! မင်း .. မင်း မသေသေးဘူး ""

အလန့်တကြားအသံက မနီးမဝေးမှ ရုတ်ချည်း ထွက်လာသော ကြောင့် ရှန်းမော့ယင်း လှုပ်ရှားမှုတွေ ရပ်တန့်သွားရသည် ။ ' မူလပိုင်ရှင်ရဲ့ သေဆုံးမှုအတွက် တရားခံလား '

တစ်ချက်တွေးလိုက်ပြီး ရှန်းမော့ယင်း လက်ကိုချလိုက်ကာ အသံကြားရာဘက်သို့ လှည့်လိုက်၏ ။ တဖက်လူ နောက်ထပ်ပါးစပ်မဟခင်ပင် သူ့မျက်လုံးတို့ကို မှေးစင်းလိုက်ကာ စိတ်စွမ်းအင်အား ပို့လွှတ်လိုက်သည် ။

" အား!! ငါ့ခေါင်း... "

‌ကြမ်းပြင်ပေါ်တွင် လူတစ်ယောက် လူးလိမ့်ကာ နာကျင်စွာ အော်ဟစ်နေကြသော်လည်း ရှိနေသော သူတိုင်း တစ်ချက်သာ ကြည့်ပြီး ကိုယ်ပိုင်အလုပ်ကို လုပ်ကိုင်နေခဲ့ကြကာ ကူညီမည့်ဟန် မရှိချေ ။

ရှန်းမော့ယင်း တဖက်လူ၏ မှတ်ဉာဏ်များအား ကြည့်ရှုပြီးနောက် နူတ်ခမ်းတစ်ချက်တွန့်လိုက်သည် ။ သူက စိတ်စွမ်းအင်အား ပြန်ရုတ်လိုက်သော်လည်း တဖက်လူမှာ နာကျင်မှုမှ ရုန်းမထွက်နိုင်ခဲ့သေးပေ ။

ထိုသူသည် အပြာရောင်အသားအရေရှိပြီး ထူးခြားသော အသွင်အပြင်ရှိပြီး ယခုအချိန်တွင် နာကျင်မှုကြောင့် ရှုံ့မဲ့နေသော မျက်နှာက ကြောက်မက်ဖွယ်ကောင်းနေ၏ ။ ဤလူ၏ မှတ်ဉာဏ်ထဲတွင် အိုက်ထဲ့လင်ယဲ့အကြောင်း အနည်းငယ် သိလိုက်ရသည် ။ မူလပိုင်ရှင်သည် တသီးတသန့်နေတတ်သူဖြစ်ပြီး မည်သည့်အရာမျှ စိတ်မဝင်စားပေ ။ အထူးတလည်အနေဖြင့် သူသည် ကမ္ဘာဂြိုလ်အကြောင်း အမြဲတစေ စုံစမ်းနေတတ်ပြီး တစ်စုံတစ်ခုအား ရှာဖွေနေပုံ ပေါ်သည် ။

မူလပိုင်ရှင် သည် စိတ်စွမ်းအင် အားနည်းကာ သူတွင် တမှုထူးခြားသည့် အကျင့်စရိုက်ရှိပြီး စကားနည်းသော်လည်း သူသည် ရိုးသား ကြိုးစားသည်ဟု ထင်ရသည် ။ ထို့ကြောင့် မဟာမိတ်အဖွဲ့ခွဲ၏ အထူးထောက်ခံချက်ကို ရရှိခဲ့ပြီး ပင်မကြယ်မှ ဆင့်ခေါ်ခံရကာ ကမ္ဘာဂြိုလ်အား တိုက်ခိုက်မည့် စစ်ဆင်ရေးတွင် ပါဝင်ဖို့ ဝင်ခွင့်ကဒ် ရခဲ့သည် ။ မူလပိုင်ရှင်အသတ်ခံရသည့် အကြောင်းအရင်းမှာ ထိုအထူးထောက်ခံချက်အား ဤလူပြာကြီးမှ လိုချင်၍ပင် ။

ပင်မကြယ်သို့ သွားချင်ကြသော သူများ သိန်းသန်းချီသော်ငြား သွားနိုင်သူမှာ ထောင်ဂဏန်း မျှသာ ရှိလေသည် ။ ဝင်ခွင့်ရရှိသူများသည် စနစ်တွင် အထူးတလည် မှတ်တမ်းတင်ထားပြီးသားဖြစ်သော်လည်း ကဒ်လုယူခံလိုက်ရပါက မှတ်တမ်းသည် လုယူသူ၏ အမည်ဖြင့် ပြောင်းလဲသွားမည်ဖြစ်သည် ။

သို့သော် တိကျသောတောင်းဆိုချက်မှာ မူလပိုင်ဆိုင်သူအား အသေသတ်ရမည် ။ မဟုတ်လျှင် စနစ်သည် မှတ်တမ်းအား ပြောင်းလဲ‌ပေးမည်မဟုတ်ပေ ။

ထိုသို့ စည်းကမ်းမသတ်မှတ်ထားပါက အဆက်မပြတ်မှတ်တမ်း‌ပြောင်းလဲမှုများကြောင့် စနစ်ပင် ချို့ယွင်းသွားနိုင်လေသည်။

ရှန်းမော့ယင်း လူပြာကြီးအား တစ်ချက်သာ ကြည့်လိုက်ပြီး လက်တစ်ချက်ဝှေ့ယမ်းလိုက်သည် ။

" မင်း!!!! "

လက်တစ်ချက်ဝှေ့ယမ်းအပြီးတွင် အဆောက်အဦးထဲရှိ လူတိုင်း သူတို့ မျက်လုံးတွေကို ရွေ့ လာကြတော့သည် ။ အမျိုးသား၏ လည်ပင်းမှာ ပြတ်ထွက်သွားပြီး အပြာရောင်သွေးများ ပန်းထွက်လာလေသည် ။ မျက်ဝန်းများမှာ ချက်ချင်းပင် အသက်မဲ့သွားခဲ့သည် ။

လူတိုင်း၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့်အတူ ကြောက်ရွံ့ မှုတို့က ရောယှက်နေသည် ။ ဤနေရာတွင် တောတွင်းစနစ်ကို ကျင့်သုံးတာကြောင့် အင်အားကြီးသူက ဘုရင်ဖြစ်လေသည် ။ ထို့ကြောင့် တိုက်ခိုက်မှုအနည်းငယ်က သူတို့အား မလှုပ်ရှားစေတော့ချေ ။ သို့သော် သတ်ဖြတ်ခြင်း ဆိုပါက မတူတော့ပေ ။ ဒါ့အပြင် ဤလူ၏ လှုပ်ရှားမှုက သက်တောင့်သက်သာ ဖြစ်လွန်းသည် ။ 

အဲ့အမျိုးသားမှာ တိုက်ခိုက်သူတံဆိပ်ရှိတာ ဘယ်သူမမြင်လို့လဲ ? အဆင့်နိမ့်ဆိုရင်တောင် တိုက်ခိုက်သူက သာမန်ထက် သာလွန်နေတုန်းပဲ ..

အဲ့လိုလူကို လက်လေးယမ်းရုံနဲ့ သတ်ပစ်လိုက်တယ် ! ရက်စက်မှုကို မအံ့ဩရင်တောင် အင်အားကိုတော့ လေးစားရမယ် ..

.... ကြည့် ကြည့် .. သူ့မှာလည်း တိုက်ခိုက်သူတံဆိပ်တပ်ထားတယ် ။ ဘာ အဆင့်နိမ့် ! အဆင့်နိမ့်တစ်ယောက်က ကျန်တစ်ယောက်ကို တိုက်ခိုက်ဖို့ ဘာလို့ ဒီလောက်လွယ်ကူနေတာလဲ ?...

... တပ်မဟာက လူတွေ မျက်စိကန်းနေကြတာလား ? ..

... သူက ဘယ်ဂြိုလ်ကလဲမှ မသိတာ ဒီကြယ်မှာ ဒီမျိုးစိတ်မျိုး ငါဖြင့် မမြင်ဖူးပါဘူး ..

... ဒီအင်အားနဲ့ သူ ဘယ်အင်ပါယာကိုသွားမယ်လို့ ထင်လဲ ..

... မေးဖို့လိုသေးလို့လား ? အခုတလော ငါတို့ကို ဖိနှိပ်ထားတဲ့ ကမ္ဘာဂြိုလ်မှာ ပြဿနာတြွေဖစ်နေတာလေ အင်ပါယာတွေ မဟာမိတ်ဖွဲ့ပြီး တိုက်ခိုက်ဖို့ပြင်နေတာ အဲ့ကို သွားမှာပေါ့ ..

... ဒါပေမဲ့ ဇာ့ဂ်တွေ ရှိနေတယ်လေ ..

... ဟမ့် .. မင်း အဲ့ရူးနေတဲ့ ပါမောက္ခနဲ့ ရင်ဆိုင်မလား ? ဇာ့ဂ်တွေနဲ့ ရင်ဆိုင်မလား ? ...

.... သေချာပေါက် .... ဇာ့ဂ်တွေပေါ့ ..

လူတိုင်း ပေါ့ပေါ့ပါးပါးလေးပြုံးနေ‌သည့် လူတစ်ယောက်၏ ပုံရိပ်အား တွေးမိလိုက်ကြပြီး ကြက်သီးထသွားကြသည် ။

သူတို့၏ ဂြိုလ်များသည် အမျိုးမျိုးသော သံယံဇာတများအသုံးပြုကာ လူသားများကို ရင်ဆိုင်တိုက်ခိုက်ပါသော်လည်း အဆုံးတွင် သံယံဇာတရော သူတို့မျိုးနွယ်မှ စစ်သူကြီးများပါ စမ်းသပ်ခန်းသို့ ရောက်သွားခဲ့ရပြီး ရင်ကွဲနာကျကြရသည် ။ သာမန်ဆိုရလျှင် ပါမောက္ခတစ်ယောက်မှာ စစ်ပွဲအတွက် သိပ်အရေးမပါလှ ။ သူတို့က အားနည်းပြီး မတိုက်ခိုက်နိုင်ကြဘူး ။

သို့သော် ထိုအရူးပါမောက္ခသည် ပြိုင်ဘက်ကင်းလုနီးပါး Mecha အား တီထွင်ခဲ့‌ပေသည် ။ ထို Mecha ၏ ပေါက်ကွဲစွမ်းအားမှာ အလွန်ပြင်းထန်ပြီး ဂြိုလ်တစ်ခုအား အလွယ်တကူ ဖျက်ဆီးနိုင်သည်အထိပင် ။ ထိုသို့ စွမ်းအားမြင့် ယန္တရားများသည် မောင်းနှင်သူထံ တောင်းဆိုချက်အလွန်မြင့်သည် ။ မောင်းနှင်းနေတုန်း မတော်တဆဖြစ်ခဲ့လျှင် ရန်သူထက်ပင် မောင်းနှင်သူ အရင်‌သေဆုံးသွားပေလိမ့်မည် ။ ထို့ကြောင့် SS အဆင့် စိတ်စွမ်းအားရှင်များပင် မမောင်းနှင်ရဲချေ ။

ဟုတ်တယ် .. အဲ့အရူးက အဲ့ Mecha ကို မောင်းနှင်ခဲ့တာ .. ပြီးတော့ သူအလိုရှိသမျှ ဂြိုလ်တိုင်းက အရင်းအမြစ်တွေကို လုသွားခဲ့သေးတယ် ။

ကံကောင်းစွာနဲ့ အရူးမှာ အရူးဖြစ်နေသေးသည် ။သူသည် သုတေသနမှလွဲ၍ အခြားအာရုံမစိုက်သောကြောင့် စစ်တပ်နဲ့ ပူးပေါင်းခြင်း မရှိခဲ့‌ချေ ။ ထိုသို့ မဟုတ်ပါက သူတို့ဂြိုလ်တိုင်း လူသားတွေရဲ့ ကျွန်ဖြစ်နေသည်မှာ ကြာမြင့်လှသော အချိန်ကတည်းကပင် ။

အဆောက်အဦးအတွင်း လူသတ်မှုဖြစ်ပွားသဖြင့် ပုံမှန်ထက် သုံးဆပိုမြင့်သော စစ်ဆေးရေးစက်ရုပ်များသည် စက္ကန့်အနည်းငယ်အတွင်း ရောက်လာကြသည် ။ သူတို့က ရှန်းမော့ယင်းအား ဆွဲခေါ်ဖို့ ပြင်လိုက်‌ချိန် သူတို့စနစ်မှ အချက်ပေးသံအား ကြားလိုက်ရ၏ ။

[ လန်ရမ်ဂြိုလ်သားအား သတ်ဖြတ်မှု - ကြယ်ဒင်္ဂါး ၂၄၀၀၀ ပေးဆောင်ပြီး ]

ရှိနေသူတိုင်းမျက်စိရှေ့တွင်ပင် ရှန်းမော့ယင်းသည် စခရင်အား ခေါ်ထုတ်ကာ သာမန်ကာလျှံကာ ဒဏ်ကြေးပေးဆောင်လိုက်ပြီးနောက် သူလုပ်စရာရှိသည်အား ဆက်လုပ်နေခဲ့သည် ။ စစ်ဆေးရေးစက်ရုပ်များမှာ ဒဏ်ကြေးရပြီးနောက် ဒီတိုင်းပြန်ထွက်သွားခဲ့ရလေသည် ။

အားလုံး : "..."

ဘယ်မျိုးနွယ်ကိုသတ်ရင် ဘယ်လောက်ပေးဆောင်ရမလဲဆိုတာ ဘာမှမပြောပဲနဲ့တောင် သိနေတယ်

ဘယ်သူလဲ ?? ဒီကောင်က

___________

Continue Reading

You'll Also Like

237K 35.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
418K 16K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
703K 90.5K 91
Title - Accompany by a Fool To Do Farming [种田之傻傻相陪] Author(s) - 锦绣云燃 English Translator - LittleYen Status in COO - 90 chapters (completed) Type - We...