💭နေ့ညအိပ်မက်ငယ်

By GuuWon

904 51 0

အိပ်မက်တွေ တကယ်ပဲ အသက်၀င်တတ်ခဲ့လေသလား..... More

~Intro~
~Intro~ (zawgyi)
1
1 (zawgyi)
2
2 (zawgyi)
3
3 (zawgyi)
4
5
5 (zawgyi)
6
6 (zawgyi)
7
7 (zawgyi)
8
8 (zawgyi)
9
9 (zawgyi)

4 (zawgyi)

19 1 0
By GuuWon

"ဝွားးး.........."

"ထယ်! လေးတယ်ကွာ! လာမခွနဲ့!"

"ရှူးး......"

မနက်လေးနာရီလောက်
အချိန်ကြီးတွင်
သူငယ်ချင်းကောင်းလေးကြောင့်
ဂျောင်ဂုတို့ မျက်စိကြောင်နေရပြီ

"ဟိုဘက်မှာအကျယ်ကြီးလေ...."

"ရှူး....."

ယောက်ျားလေးတွေချည်း
တစ်ခန်းတည်း စုအိပ်တယ်ဆိုသော်ငြား
နှစ်ယောက်ကတော့
သိသိသာသာကို ပူးကပ်နေတော့၏...၊

‌"ဟေ့ကောင် ဟိုဘက်တိုးလို့ဆိုနေ!"

"ရှူးး...ရှူးး....."

မှောင်မှောင်မည်းမည်းထဲ
မမြင်မစမ်းနှင့် ဂျောင်ဂုပါးပေါ်
လက်ညိုးနှင့်ဖိကပ်လျက်
ပိုလို့ပင် ခွလာသေးသည်။

တခြားသူတွေ အိပ်နေတုန်းမို့
အနှောက်အယှက်ဖြစ်မှာစိုး၍
အသံနှိမ့်ပြောနေလည်းမရ

တစ်ကိုယ်လုံး တက်ဖိလုနီးပါး
အားရပါးရ ခွဖက်ထားကာ
လက်ကလည်းအငြိမ်မနေ
လက်ညိုးတစ်ချောင်းနှင့်
ဂျောင်ဂုမျက်နှာအနှံ့လိုက်ထိုးလျက်
ပါးစပ်ကလည်းတရှူးရှူးဖြင့်
အသံမထွက်ရန် အချက်ပြနေသေးသည်....

ဒီပုံစံအတိုင်းဆို
ဂျောင်ဂုတစ်ယောက်
ဆက်လည်း အိပ်ပျော်မှာမဟုတ်တာမို့...၊

ထယ် ခွရန် သူ့ခေါင်းအုံးအစားထိုးခဲ့ကာ
မသိ,မ,သာ လှိမ့်ထွက်လာလိုက်သည်။

ထယ် ကတော့
ခုနကအိပ်ရေးဖျက်တာ သူ မဟုတ်သလို
ပြန်အိပ်မောကျနေလျက်....၊

~~~~~~~~~~~~~

"ဟူးး အိပ်ကောင်းခြင်း
လည်းမအိပ်ရဘူး ငါ့နှယ့်
တကယ်ပါပဲ......!"

မနက်လေးနာရီဆိုသော်လည်း
မှောင်မည်းနေသည်မှာ ညအတိုင်း......၊

ဂျောင်ဂုတို့ တည်းခိုဆောင်၏
စင်္ကြန်လျှောက်လမ်း
မျက်နှာကျက်တွင်တော့
ဖန်မီးအိမ်များတပ်ဆင်ထားသော်လည်း
အနည်းငယ်သာ လင်းကာ
အများစုမှာ ကျွမ်းနေလေပြီ

အချို့မီးအိမ်များဆို မှိတ်တုတ် မှိတ်တုတ်....

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက်ရှိရာ
တစ်ချက် တစ်ချက် လေတိုးမှသာ
ဝါးရွက်တို့ အချင်းချင်း
ပွတ်တိုက်သံကြားရ၏

ဂျောင်ဂုလည်း ထိုင်မနေချင်တာကြောင့်
ဖုန်းထဲက သတင်းလေးဘာလေးကြည့်ရင်း
အခန်းရှေ့ စင်္ကြန် တစ်လျှောက်
ခေါက်တုံ့ခေါက်ပြန်
လျှောက်‌နေလိုက်သည်။

တီ တီ... တီ တီ...

မှောင်မည်းတိတ်ဆိတ်နေတဲ့ထဲမှ
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာကတော့
နှိုးစက်သံလိုလို အရာ.......

ပီပီသသကြီးကိုကြားနေရတာမို့
အနည်းဆုံးတော့ သူတစ်ယောက်တည်း
နိုးနေမှာမဟုတ်ဘူးလို့သာ တွေးမိလိုက်သည်..၊

ဒါနဲ့ဘယ်သူကများ လေးနာရီ‌လောက်ကြီးကို
alarm ပေးထားပါလိမ့်

တီ တီ... တီ တီ...

ထိုအသံမှာ ဆက်တိုက်ဆိုသလိုမြည်နေပြီး
ဘယ်သူမှလဲ ထ,မပိတ်ကြသလို
ဂျောင်ဂုမှလွဲပြီး ဘယ်သူမှလဲ နိုး,မလာကြ.....

အစ,ကတော့ alarmပိုင်ရှင်
တစ်ယောက်ယောက်ပိတ်မည်အထင်နှင့်
ဖုန်းပဲ ဆက်ကြည့်နေပေမယ့်

တီ တီ... တီ တီ... တီ တီ... တီ တီ...

အချိန်အတော်ကြာသည်အထိ
မြည်နေသေးတာမို့
ဖုန်းမီးကိုသာလျှင် အားပြုလျက်
အခန်းမှောင်ထဲပြန်ဝင်ကာ
အသံလာရာကို လိုက်ရှာလိုက်တော့

ထယ့်ဖုန်းဆီက......?၊

ထူးထူးဆန်းဆန်း အစောကြီး
alarm‌တွေဘာတွေ ပေးထားတာလား
ထယ် ကတော့လေ.....

သို့နှင့် ဂျောင်ဂုတစ်ယောက်
အသံပိတ်ဖို့ ထယ့်ဖုန်းscreenကို
ဖိဆွဲလိုက်သည်၊

တီ တီ... တီ တီ...

"ဟမ်? မြည်နေတုန်းပဲ!"

အထပ်ထပ်အခါခါ ဖိဆွဲနေသော်လည်း
အသံရပ်မသွားသည့်အပြင်
ပိုတောင် ကျယ်လာသလို.....

"ထယ်! ရော့ မင်းဟာကြီး ပိတ်အုံးကွာ
နားငြီးလိုက်တာမှ"

တံခါးပေါက်ကိုကျောပေးထားတာမို့
ရုတ်တရက် လေအေးအေးက
ဖြတ်တိုက်သွားတော့
ကြက်သီးတွေ ဖြန်းခနဲ!

"ဟေ့ကောင်၊ ထအုံးလို့ဆိုနေ!"

လက်နဲ့နီးတဲ့နေရာသာ
ဖြန်းခနဲ တစ်ချက်ရိုက်လိုက်တော့မှ
နိုးသယောင်ယောင်နှင့် ဖုန်းကိုလှမ်းဆွဲသည်...၊

ဒါတောင် မျက်စိတစ်ဖက်ကမှိတ်ပြီး
တစ်ဖက်က မဖွင့်ချင်ဖွင့်ချင်

"ဒီမှာလေ! ဒီလိုလေးဆွဲလိုက်ရုံပဲကို
ဘာခက်တာမှတ်လို့... ကိုယ့်ဘာ့သာကိုယ်‌လုပ်ပြီး
မပိတ်တတ်ဘူးလား....ဝှားး
ငါအိပ်အုံးမှာ လာမနှိုးနဲ့ Jeon!!"

အိပ်ချင်မူးတူးနှင့် လူကို
ပေါက်ကရတွေခေါ်သွားပြန်သည်၊

တိုက်တိုက်ဆိုင်ဆိုင်
အဲ့နာမည်ကြီးကိုမှ.....

ဒါနဲ့ခုနက သူလုပ်တာလည်း အမှန်ပဲကို
ဘာလို့ alarmသံ ရပ်မသွားရတာလဲ?

ဘာလို့ နားငြီးတယ်ပြောခါမှ
လေအေးအေးကြီး တိုက်သွားရတာလဲ?
တိုက်ဆိုင်လွန်းနေတာပဲလား....?

ပြီးတော့ ထယ်ပြောပုံအရဆို
နှိုးစက်ပေးထားတာ ထယ် မဟုတ်ဘူးလား?

တဖြည်းဖြည်း
အပေါ့သွားချင်သလိုလို ဖြစ်လာပေမယ့်
အောင့်အီးကာပဲ.......
ထယ် ခွ,ရင် ခွပါစေ ငြိမ်နေလိုက်တော့မည်

သတ္တိကြောင်လို့ရယ်တော့မဟုတ်....။

ကိုယ့်ကြောင့် အကုန်လုံးကို
ဒုက္ခမရောက်စေချင်ရုံသာ။

~~~~~~~~~~~~~~~~

"တိုးတက်မှုလေး ဘာ‌လေး ရှိလားဟင်
ဆရာမလေး?"

"သွေးပေါင်နည်းနည်းကျ‌နေတာကလွဲရင်
ကျန်တာပုံမှန်ပါပဲ ဒီဆေးကိုတော့
အသစ်လဲပေးထားခဲ့မယ်နော် ဖွား"

ဆေးရုံခန်းအတွင်းဝယ်
လက်နှစ်ဖက်ယှက် ကုတင်ဘေးနားရပ်ကာ
သတင်းကောင်းမျှော်နေသောအဖွားတစ်ဦးနှင့်

သူနာပြုလေးကတော့ တာဝန်ကျေပွန်နေလျက်

"ဒါနဲ့ ဒီအပတ် ဟိုသူငယ်ချင်းကောင်လေး
လာတာမမြင်မိသေးဘူးနော်"

"သူလည်း ကျောင်းစာတစ်ဖက်နဲ့
မအားဘူးထင်ပါရဲ့ ဆရာမလေးရယ်"

"ဖွား!!! သား လာတယ်! "

ကဲ ပြောရင်းဆိုရင်း.......

"ဟိုဆော့လေးလား ၀င်ခဲ့လေ ကလေး"

ဟိုဆော့ဆိုတဲ့‌ကောင်လေးက အမြဲလိုလို
သွက်သွက်လတ်လတ်ရှိတဲ့အပြင်
လူကြီးမိဘကိုဆို ရိုသေ,ရမှန်း သိပ်သိတယ်

ဟော.... ဒီနေ့လည်း
သူ့ သူငယ်ချင်းလေးအပေါ်
ဂရုစိုက်ဖို့ မပျက်ကွက်ပြန်ဘူး

အင်းး ဖွားမြေးလည်း မြန်မြန်နေကောင်းပါတော့။

"ဖွားနဲ့တည့်မယ်ထင်တာလေးတွေ
ဝယ်လာတယ် ဒီမှာကြည့်အုံး"

"ခဏခဏမ၀ယ်လာပါနဲ့ဆို ဒီကလေး
မုန့်ဖိုးတွေတော့ လျော့ကုန်တော့မှာပဲ"

"ဟားး သားက ဘီလီယံနာကြီး‌ဖြစ်‌အောင်
လုပ်နေတာကို....ဒီလောက်ကတော့ ပါး‌ပါးလေး"

ဟိုဆော့က ရယ်သံစွက်ကာ‌ပြောလေတော့
ပေါ်လာတဲ့အပြုံးလေးတွေနဲ့
အပြစ်ကင်းစင်တဲ့မျက်နှာလေးက

သွေးမတော်သားမစပ် သူနာပြုလေးနဲ့
အဖွားဖြစ်သူကိုပါ အလိုလိုပြုံးမိလျက်သား......။

~~~~~~~~~~~~~~

"သားတော် ရောက်ရှိကြောင်းပါ ခမည်းတော်"

မင်းသားလေးဂျီမင်တစ်ယောက်
မင်းကြီးရဲ့ နန်းဆောင်ရှေ့ကနေ
လက်လေးနှစ်ဖက် နောက်ပစ်လျက်
ဝင်ခွင့်တောင်း‌နေခြင်း

ထုံးစံအတိုင်း ကိုယ်ရံတော်ကင်မ်ကို
ခေါ်ခဲ့ရန်လည်းမမေ့.....၊

"ခမည်းတော် ဘာမိန့်စရာများရှိလို့
နေ့လယ်ခင်း မခေါ်စဖူး"

(အပိုင်း 2 မှာတုန်းက မင်းကြီး
ခေါ်ခိုင်းလိုက်တာကို မှတ်မိမယ်ထင်ပါတယ်)

"အနုပညာနဲ့ပတ်သတ်ပြီး
သတင်းကောင်းရှိလို့ပေါ့"

အနုပညာလို့ကြားရုံနဲ့တင်
မျက်ဝန်းမှေးလေးတွေ
ပြူးကျယ်သယောင် ဖြစ်သွားကာ
လှုပ်လှုပ်ရှားရှား.....၊

သိပ်သိတာပေါ့
သားတော် အနုပညာကို
ဘယ်လောက်တောင်မှ မြတ်နိုးလဲဆိုတာ.....

"လာမယ့် လပြည့်နေ့မွန်းလွှဲချိန်မှာ
မဟာမိတ်တိုင်းပြည်က
ပညာတော်သင်‌တွေ
အရည်အချင်းစစ် ပြိုင်ပွဲအတွက်
ခမည်းတော်တို့ဆီ လာဖို့ရှိတယ်

ငါ့သားတော်နှစ်ခြိုက်တဲ့ ပန်းချီ၊
ကဗျာရေးစပ်တာနဲ့
တူရိယာအမျိုးမျိုးတီးခတ်နိုင်တဲ့
ပညာတော်သင်တွေကို
အဓိကဦးစားပေးထားတာမို့
သားတော်ကိုယ်တိုင်
ခရီးဦးကြို ပြုပေးစေချင်တယ်"

မျက်ဝန်းလေးတွေမှိတ်သည်အထိ
ပြုံးသွားခြင်းက မင်းသားလေး
အလွန်အမင်းဝမ်းသာသွားကြောင်းပြ၏....၊

"အမိန့်နာခံကြောင်းပါ ခမည်းတော်!"

ထိုစဉ်က
ချက်ချင်းဆိုသလို မဆိုင်းမတွ
ပြန်ဖြေသူကိုကြည့်ရင်း
လိုက်ပြုံးမိသူနှစ်ဦးရှိခဲ့ဖူးတယ်

>>>>>>>•<<<<<<<

#Guu

Continue Reading

You'll Also Like

877K 19.9K 48
In wich a one night stand turns out to be a lot more than that.
513K 7.9K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
537 42 2
Jin"တောင်းပန်ပါတယ်...." jk"မောင်မင်းကိုအမြဲတမ်းစောင့်နေမယ်" JinKook short storyလေးပါ....💜 #EunJin'sme
48.9K 1.9K 13
ဝင်သာဖတ်ကြည့်တော့ ခလေးတွေလဲဖတ်လို့ရတယ်သိတယ်မလား ⚠️😆