(Unicode)
"ကိုကို"
အလုပ်လုပ်နေစဉ် တံခါးဝကနေ ထယ်ယောင်းအသံလေးကြားလိုက်သည်နှင့် ဂျောင်ဂုချက်ချင်း ခေါင်းထောင်လာပြီး လုပ်လက်စအကုန် ရပ်လိုက်လေသည်။
"အချစ်.. ပျင်းလို့လား၊ ဗိုက်ဆာလို့လား၊ အိပ်ချင်လို့လား ကိုယ့်ကိုပြော"
"ဒါဘာလဲ"
ထယ်ယောင်းက ပြောလည်းပြော၊ လက်ထဲက ဖုန်းကိုလည်း ဂျောင်ဂုဆီ ထောင်ပြလိုက်ရာ screen ထက်မှာပေါ်နေသော မက်ဆေ့ကြောင့် ဂျောင်ဂု မျက်တောင်လေးတဖျတ်ဖျတ်ခတ်သွားလေသည်။
"အဲ့ဒါက.."
"ကျွန်တော့်ကို အမေက ရောင်းစားနေတာလား ဒါမှမဟုတ် ကိုကိုက ကျွန်တော့်ကို ဝယ်နေတာလား၊ ကျွန်တော်က ပိုက်ဆံနဲ့ဖလှယ်ရတဲ့ ပစ္စည်းလား"
"အဲ့သဘောမဟုတ်ပါဘူး ကိုယ်ရှင်းပြပါမယ်၊ ကိုယ်က အမေ့ရဲ့ အကြွေးတွေကို ဆပ်ပေးရင်း သုံးစားရိတ်လေး နည်းနည်းပေးလိုက်ရုံပါ"
"ကိုကို အဲ့လို လျှောက်မပေးပါနဲ့၊ ကျွန်တော် အခုချက်ချင်း အမေ့ဆီက ပြန်တောင်းမယ်"
ထယ်ယောင်းက ပြောပြီးတာနဲ့ သူ့ဖုန်းလေးကို ထုတ်ကာ သူ့အမေဆီ ဆက်လေတော့သည်။
"အချစ်.. အဲ့လိုလုပ်စရာမလိုပါဘူး"
ဂျောင်ဂုက ထယ်ယောင်းဖုန်းဆက်တာကို တားဖို့ ရှေ့ကိုလှမ်းလာပေမယ့် ထယ်ယောင်း မျက်စောင်း တစ်ချက်နဲ့ပင် ခြေလှမ်းတွေ ရပ်တန့်သွားရ၏။
"အမေက ဖုန်းချပစ်တယ် ကြည့်ပါဦး"
ထယ်ယောင်းက ပြောပြီး ပြန်ဆက်တော့ တစ်ဖက်မှ စက်ပိတ်သွားလေပြီဖြစ်သည်။
ချက်ချင်းဆိုသလို ထယ်ယောင်းမျက်ရည်လေးများ ဝဲလာပြီး ဂျောင်ဂုကို မော့ကြည့်လာလေ၏။
ထယ်ယောင်းမျက်ရည်တွေကိုမြင်တော့ ဂျောင်ဂုမှာ ပြာပြာသလဲနဲ့ ထယ်ယောင်းနားကိုသွားလိုက်ပြီး
"ကိုယ်တောင်းပန်ပါတယ်နော်၊ ကိုယ်ကြိုမပြောမိတာရော အခုလိုလုပ်တာတွေရောကြောင့် တောင်းပန်ပါတယ်၊ ကိုယ်က မင်းကို ဝယ်တယ်ဆိုတဲ့သဘော လုံးဝမပါပါဘူး၊ ကိုယ်တို့နှစ်ယောက် အဆင်ပြေပြေ နိုင်ငံခြားသွားနိုင်အောင် လုပ်ခဲ့ရုံပါပဲ၊ တခြား မကောင်းတာမျိုး ဘာမှမပါပါဘူးနော်၊ ကိုယ့်ကို ယုံပါ"
ဂျောင်ဂုစကားအဆုံး ထယ်ယောင်းမှာ ဂျောင်ဂုရင်ခွင်ထဲ တိုးဝှေ့ဝင်လာပြီး ငိုချလေတော့သည်။
"ထယ်ယောင်း"
"ကျွန်တော့်အမေက ကျွန်တော့်ကို ငွေနဲ့လဲခဲ့တာမလား ဟုတ်တယ်မလား၊ ကျွန်တော့်ထက် ပိုက်ဆံကိုရွေးသွားတာ၊ အမေကလေ.. ကျွန်တော့်ကိုလေ..."
ဂျောင်ဂုဘာပြောရမှန်းမသိတော့။ ဒီအတွက် ဖြေသိမ့်ပေးဖို့စကားလည်း ရှာမရသလို၊ ဖြေရှင်းချက်ပေးရန်လည်း ရှိမနေသဖြင့် ထယ်ယောင်းကိုယ်လုံးလေးကိုသာ ပွေ့ဖက်ထားမိတော့သည်။
"ကျွန်တော်က ဘာတွေအသုံးမကျခဲ့လို့လဲဟင်၊ ကျွန်တော် အကုန်လုံးလုပ်ပေးခဲ့တာကို၊ ကျွန်တော့်ကို သားတစ်ယောက်လို ဘာလို့ မချစ်ပေးခဲ့တာလဲ"
"အချစ်ရဲ့ အမှားမဟုတ်ပါဘူး၊ အသုံးမကျလို့လည်း မဟုတ်ပါဘူး၊ မငိုနဲ့တော့ ဟုတ်ပြီလား၊ ကိုယ်ရှိတယ်လေ"
"အမေ ပိုက်ဆံတွေကို ကြိုက်တာ သိပေမယ့် ကျွန်တော်နဲ့ယှဉ်ရွေးနိုင်တာကတော့.."
ထယ်ယောင်းမှာ ပြောစကားတို့ကို ဆက်၍ပင် မပြောနိုင်တော့ဘဲ ဂျောင်ဂုရင်ခွင်ထဲ မျက်နှာလေးအပ်ကာ ရှိုက်၍ ငိုရှာတော့၏။
ဂျောင်ဂုနားလည်ပါသည်။ ငယ်စဉ်ကတည်းက အဖေဆုံးပြီး အမေနဲ့နေခဲ့ရတဲ့ ထယ်ယောင်းက အမေ့မေတ္တာကိုလည်း မရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်တိုင်ပိုက်ဆံရှာနေရတာလေ။
ဂျောင်ဂုကိုယ်တိုင်လည်း ဘာထူးလဲ။ အမေဆုံးပြီးတာနဲ့ အဖေ့ဆီက မေတ္တာရော ဂရုစိုက်မှုရော အချိန်တွေရော မရခဲ့တဲ့အပြင် အိပ်မက်တွေပါ ရိုက်ချိုးခံခဲ့ရသည်။
ကိုယ်တို့နှစ်ယောက်လုံးက မိဘကံမကောင်းခဲ့ကြဘူး ထင်ပါရဲ့။
"ကိုယ်က ပိုချစ်ပေးမယ် ဒီထက်အများကြီး"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ ငိုနေရာမှ ခေါင်းလေးမော့ကြည့်လာလေသည်။ မျက်လုံးဝိုင်းလေးများက မျက်ရည်တွေကြောင့် ကြည်လဲ့လဲ့လေးဖြစ်နေ၏။
ဂျောင်ဂုကတော့ ထယ်ယောင်းပါးပြင်ပေါ်မှ မျက်ရည်လေးများကို လက်နဲ့ ခပ်ဖွဖွသုတ်ပေးလိုက်ပြီး
"ကိုယ်က မင်းကို အဖေတစ်ယောက်လို ကာကွယ်ပေးမယ်၊ အမေတစ်ယောက်လို နွေးထွေးမှုပေးမယ်၊ မောင်နှမတွေလို ဆော့ကစားကြမယ်၊ သူငယ်ချင်းလိုလည်း ရင်ဖွင့်တာတွေနားထောင်ပေးပြီး အကြံဉာဏ်တွေပေးမယ်၊ ချစ်သူလိုလည်း အများကြီးချစ်ပေးမယ်၊ ပြီးတော့.. ကိုယ်က မင်းရဲ့ အမျိုးသားအဖြစ် တစ်သက်လုံးအမြဲတမ်း ဘေးမှာရှိနေပေးမယ်"
လေသံပြေပြေလေးနဲ့ ပြောလာသော ဂျောင်ဂုစကားတွေက ထယ်ယောင်းစိတ်ကို အမှန်တကယ်အေးချမ်းသွားစေကာ လုံခြုံမှုအပြည့်ရလိုက်သလိုပင်။
"ကျွန်တော်တို့နှစ်ယောက် ဒီထက် စောစောတွေ့ခဲ့သင့်တာ၊ ကျွန်တော် ကိုကို့ကို ဒီထက်စောစော ချစ်ခဲ့သင့်တာ"
မျက်ရည်လေးတွေဝဲလျက်သားနဲ့ ပြောလာတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂုနှုတ်ခမ်းလေးကော့ညွတ်သွားမိပြီး ထယ်ယောင်းကိုယ်လေးကို နောက်တစ်ကြိမ်ထပ်ပြီး ပွေ့ဖက်လိုက်တော့၏။
စိတ်ထဲတွင်တော့ အနားမှာ အမြဲရှိပေးဖို့သာ ကတိအထပ်ထပ်ပေးနေမိတော့သည်။
.
.
နောက်ပိုင်း ထယ်ယောင်းဟာ schedule တွေ မရှိတော့ဘဲ အားလပ်လာပြီဖြစ်ပြီး အိမ်မှာပဲ ရှိနေတတ်တာများသည်။
ထို့ပြင် ထယ်ယောင်းပါဝင်ထားတဲ့ ဇာတ်ကားက ပေါက်သွားပြီး နိုင်ငံတကာပရိတ်သတ်တွေပါ ပိုများလာကာ Trending 1 ဝင်သည်အထိ ထယ်ယောင်းနဲ့ မင်းသမီး မင်ဂျီအယ်က တော်တော်လေးကို နာမည်ရလာလေတော့သည်။
ထို့ကြောင့် ကုမ္ပဏီလည်ပတ်ပုံက ပို၍ ကောင်းမွန်လာပြီး ထယ်ယောင်းနဲ့ 8:2 စာချုပ်ချုပ်ထားတာတောင် ကုမ္ပဏီအတွက် အကျိုးအမြတ်တွေ ကျန်၏။
ထိုအရာတွေကြောင့် ဂျောင်ဂုမှာ ပိုတိုးအလုပ်ရှုပ်နေရပြီး ဆော့မင်အား ကုမ္ပဏီကို တရားဝင်လွှဲပေးထားပြီးပေမယ့် ကိုယ်တိုင်လည်း လက်လွှတ်လို့ မရသေးတဲ့အခြေအနေဖြစ်နေလေသည်။
ဂျောင်ဂုဦးဆောင်၍ ပထမဆုံးထုတ်လုပ်သော ဇာတ်ကားက ပေါက်သွားသည်မို့ ဂျောင်ဂုကို ယုံကြည်ကာ ရှယ်ယာရှင်အသစ်တွေလည်း အများကြီး ထပ်ရှိလာသဖြင့် ကုမ္ပဏီက တော်တော်လေးကို အဆင်ပြေပြေရှိလှ၏။
ယနေ့လည်း ဂျောင်ဂုမှာ တစ်နေကုန် ကုမ္ပဏီတွင် စာရင်းတွေ ဆက်တိုက်လုပ်ပြီး ည၈နာရီလောက်မှ အိမ်ပြန်ရောက်တော့သည်။
အိမ်ရှေ့ ကားလေးထိုးစိုက်သည်နှင့် အိမ်ထဲမှ ပြေးထွက်လာသော အရိပ်ကလေးကြောင့် ဂျောင်ဂု ပင်ပန်းနေသည့်ကြားက ပြုံးမိပါတော့သည်။
"ဖြည်းဖြည်းလာလေ အချစ်ရာ၊ ချော်လဲဦးမယ်"
ဂျောင်ဂုပြောလိုက်ပေမယ့် ဂျောင်ဂုစကားတွေက အရာမဝင်။ ထယ်ယောင်းဟာ အရှိန်မလျှော့ဘဲ ဂျောင်ဂုနားကို အပြေးလေးလာပြီး အိမ်ဖော်များပင် ဂျောင်ဂုအိတ်ကို မသယ်ရသေး၊ သူက အရင်သယ်ပြီးနေပြီ။
"ကိုကို နောက်ကျလိုက်တာ"
"တောင်းပန်ပါတယ်၊ ကိုယ် အလုပ်တွေ အကုန် လတ်စသတ်ချင်တာနဲ့ အပြီးလုပ်လိုက်မိတာ နောက်ကျသွားတယ်၊ အဲ့ဒါမှ နောက်နေ့တွေ အချစ်အနား တချိန်လုံး နေနိုင်မှာလေ"
"ဒါဆို နောက်နေ့တွေ ကုမ္ပဏီမသွားရတော့ဘူးလား"
"အင်း ကိုယ်လုပ်ရမယ့် အပိုင်းတွေ အကုန်ပြီးပြီ၊ နားရုံပဲ"
ဂျောင်ဂုစကားအဆုံး ထယ်ယောင်းမျက်နှာလေး ပြုံးရွှင်သွားကာ ဂျောင်ဂုလက်ကို တက်ကြွစွာ ချိတ်လာလေသည်။
"တကယ်လား တကယ်..ကျွန်တော်နဲ့ပဲ နေတော့မှာပေါ့"
"အချစ်ရာ.. မသိရင် ကိုယ်က မင်းကို အကြာကြီးပစ်ထားတဲ့ပုံနဲ့"
"ကိုကို ဘာသိလဲ၊ အိမ်မှာ ကိုကို့ကို အမြဲလွမ်းနေရတာ.. ဘယ်လောက် အထီးကျန်လိုက်လဲ"
ထယ်ယောင်းစကားကြောင့် ဂျောင်ဂု နှုတ်ခမ်းလေး အလိုလိုကော့တက်သွားပြီး အနောက်တွင် ရိုကျိုးစွာ ရပ်နေသော အိမ်ဖော်များကို ဝေ့ကြည့်လိုက်ကာ
"ထယ်ယောင်းပြောတာ ဟုတ်ကြလား"
မထင်မှတ်ထားသော ဂျောင်ဂုအမေးကြောင့် အိမ်ဖော်လေးတွေမှာ တစ်ယောက်မျက်နှာတစ်ယောက် ပြုံးစိစိနဲ့ ကြည့်ကုန်ကြ၏။
ထယ်ယောင်းမှာလည်း အလွန်ရှက်သွားဟန် မျက်နှာလေးနီရဲသွားပုံများ ညအမှောင်တွင်တောင် မြင်နေရပါသည်။ ပြီးမှ 'ဘာတွေလျှောက်မေးနေတာလဲ' ဟူသော အကြည့်လေးနဲ့ ဂျောင်ဂုကို မျက်မှောင်လေးကုတ်ကာ ကြည့်လာ၏။
ထယ်ယောင်းကို ကလိလိုက်ရတော့မှ ဂျောင်ဂုက ကျေနပ်သွားဟန် အပြုံးရေးရေးလေး ပြုံးလာပြီး ထယ်ယောင်းလက်ထဲမှ သူ့အိတ်ကို ပြန်ဆွဲယူကာ အိမ်ဖော်တစ်ယောက်ကို ပေးလိုက်လေသည်။
"ကိုယ်ကလည်း မင်းကို အချိန်ပြည့်လွမ်းနေတာပါ၊ ကိုယ်လည်း ရုံးခန်းထဲမှာ အထီးကျန်တာပဲ"
"မယုံပါဘူး.. ကျွန်တော်လည်း ကိုကို့ရုံးက ဝန်ထမ်းတွေကို ပြန်မေးကြည့်မှာနော်"
"ဟားဟား ဟုတ်ပါပြီ၊ မေးကြည့်ပါဗျာ"
အဲ့တော့မှ ထယ်ယောင်းလည်း မျက်စောင်းလေးတစ်ချက်နဲ့ မော့ကြည့်လာပြီး မျက်နှာလေး ပြုံးသွားတော့၏။ သို့နှင့် ဂျောင်ဂုလည်း ထယ်ယောင်းလက်လေးကို ဆုပ်ကိုင်ရင်း အိမ်ထဲ အတူဝင်သွားလေတော့သည်။
ဂျောင်ဂုလည်း ပင်ပန်းနေသမျှ ရေနွေးနွေးလေးနဲ့ ချိုးလိုက်တော့မှ လန်းဆန်းသွားသလိုခံစားလိုက်ရပြီး အင်္ကျီပေါ့ပေါ့ပါးပါးပဲ ဝတ်ကာ ထမင်းစားခန်းကို ဦးတည်လေတော့၏။
ထမင်းစားခန်းရောက်တော့ ထယ်ယောင်းက စားဖိုမှူးနှစ်ယောက်နဲ့ စကားလက်ဆုံကျနေကြပြီး တခြား အိမ်ဖော်မလေးတွေနဲ့လည်း အတော်လေး ရင်းနှီးနေသည့်ပုံနဲ့ ဟင်းပန်းကန်များကို ကူသယ်ပေးနေလေသည်။
ဂျောင်ဂု ထိုမြင်ကွင်းကို ကြည့်ပြီး ရယ်ရခက် ငိုရခက်။ ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါပြီး တက်ကြွနေတဲ့ ထယ်ယောင်းကြောင့် ဝမ်းသာရမလား၊ သဝန်တိုမိသဖြင့် စိတ်တိုသင့်လား။
ဘာပဲလုပ်သင့်လုပ်သင့် လောလောဆယ်တော့ ဂျောင်ဂု တော်တော်လေးကို သဝန်တိုမိပါသည်။
ကိုယ်ကတော့ လွမ်းနေလိုက်ရတာ အိမ်ကဟာတွေကတော့ ကိုယ်မရှိတုန်း ကိုယ့်လူနဲ့ ရင်းနှီးကျွမ်းဝင်လို့။
"ဂျွန်ထယ်ယောင်း"
ဂျောင်ဂု ခေါ်သံကြောင့် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ခုနက အပြုံးပန်းဝေနေသော အိမ်ဖော်မလေးများဟာလည်း သူ့အလုပ်သူ လုပ်ကုန်ကြလေ၏။
ထယ်ယောင်းကတော့ အပြုံးလေးများ ရပ်တန့်မသွားသည့်အပြင် ပိုတိုး၍ပင် ပြုံးလာပြီး ဂျောင်ဂုနားကို သွက်သွက်လျှောက်လာလေသည်။
"ကိုကို.. လာ.. ဗိုက်ဆာနေပြီမလား"
"ဒါလား.. ဒါက ကိုယ်မရှိဘဲ အထီးကျန်နေတဲ့ပုံလား"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမျက်နှာပိုးလေး သတ်လိုက်ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
"ကိုကိုမရှိတုန်း ပျင်းလို့စကားတွေ လိုက်ပြောရင်း နည်းနည်းခင်သွားရုံပါ"
"နည်းနည်း?"
ဂျောင်ဂုအသံက တော်တော်လေး အေးစက်စက်ဖြစ်နေပြီး မျက်နှာကလည်း တည်လွန်းလှသဖြင့် ထယ်ယောင်း တကယ်ပဲ လန့်လာမိသည်။
ထယ်ယောင်းတင်မက အိမ်ဖော်မလေးများဟာလည်း လန့်နေကြဟန်၊ စားစရာများ စားပွဲပေါ် အမြန်ချကာ အခန်းပြင်သို့ ခပ်သုတ်သုတ်ထွက်သွားကြလေတော့၏။
ထိုအခါ ဂျောင်ဂုလည်း ဘာမှထပ်မပြောဘဲ ခုံတွင် ဝင်ထိုင်လိုက်လေသည်။ ဂျောင်ဂုထိုင်မှ ထယ်ယောင်းလည်း ခုံတွင် ဝင်ထိုင်မိ၏။
သို့ပေမဲ့ ဂျောင်ဂုက တကယ်ဒေါသထွက်နေသည့်ပုံမို့ ထယ်ယောင်းမှာ ငြိမ်ငြိမ်လေးသာ ထိုင်နေလျက်၊ ဂျောင်ဂုကို မသိမသာလေး အရိပ်အခြေကြည့်နေရှာသည်။
ဂျောင်ဂုကတော့ ထယ်ယောင်းကို ပြန်မကြည့်ဘဲ ပန်းကန်ထဲမှ အသားကိုသာ စတင်လှီးဖြတ်တော့၏။
"အရောမဝင်နဲ့ အဲ့လောက်ထိ"
"ဟုတ်"
"ပျင်းရင် ကိုယ့်ကို ဖုန်းဆက်လို့ မှာထားတယ်မလား"
"ကိုကို အလုပ်ရှုပ်နေတုန်း အနှောင့်အယှက်ဖြစ်မှာစိုးလို့"
"မဖြစ်ဘူး၊ ကိုယ်မင်းကို အနှောင့်အယှက်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး"
တည်ငြိမ်အေးစက်သော လေသံဟာ တိတ်ဆိတ်နေသော အခန်းတွင်း သေသေချာချာ ကြားနေရပြီး အသားလှီးသံကပါ ပီပြင်စွာ ထွက်ပေါ်နေလျက်။
"နောက်တစ်ခါ သူတို့နဲ့ ရင်းရင်းနှီးနှီးမနေတော့ပါဘူးနော်.. စိတ်မဆိုးပါနဲ့၊ ကိုကိုက ဒီလိုကြီး နေနေတော့ ကျွန်တော် မနေတတ်တော့ဘူး"
အဲ့တော့မှ ဂျောင်ဂုလည်း ထယ်ယောင်းကို ပြန်ကြည့်လာပြီး မိမိရှေ့မှ လှီးပြီးသား အသားပန်းကန်ကို ထယ်ယောင်းရဲ့ မလှီးရသေးသော အသားပန်းကန်နဲ့ လဲလိုက်လေသည်။
"ကိုယ်မင်းကို စိတ်မဆိုးပါဘူး"
"ဒါဆို ဘာလို့ အေးတိအေးစက်ကြီးလုပ်နေတာလဲ"
"သဝန်တိုလို့.. သဝန်တိုတယ် အရမ်းသဝန်တိုတယ်၊ ကိုယ်မဟုတ်ဘဲ တခြားသူတွေနဲ့ အရမ်းရင်းနှီးနေတာ မြင်ရင် သဝန်တိုတယ်"
ဂျောင်ဂုက ထိန်းမထားနိုင်တော့ဘဲ ပွင့်ထွက်လာသည့်နှယ် အားရပါးရပြောပြီးတာနဲ့ မျက်နှာလွှဲလိုက်ပြီး ရေမော့သောက်လိုက်ရာ လောလောနဲ့မို့ ရေသီးကုန်၏။
"အဟွတ် အဟွတ်"
"ကိုကိုကတော့လေ"
ထယ်ယောင်းက ဂျောင်ဂုကိုကြည့်ကာ ခေါင်းလေးတခါခါနဲ့ပြောရင်း တစ်ရှူးနဲ့ ဂျောင်ဂုနှုတ်ခမ်းကို ခပ်ဖွဖွသုတ်ပေးလာလေသည်။
ထယ်ယောင်းအပြုအမူကြောင့် ဂျောင်ဂုမှာ တစ်ကိုယ်လုံး တောင့်ခဲသွားပြီး အသက်ပင် ရဲရဲမရှူမိတော့သယောင် နှလုံးခုန်သံတွေ မြန်ဆန်လာရ၏။
"ကျွန်တော်က ထမင်းစားတဲ့အချိန်လောက်ပဲ ပျင်းလို့ သူတို့နဲ့ စကားနည်းနည်းပါးပါး ပြောရုံပါ၊ ကျန်တဲ့အချိန် အခန်းထဲမှာပဲ နေပြီး ညောင်းတဲ့အခါမှ ခြံထဲ နည်းနည်းလမ်းလျှောက်ဖြစ်တာ၊ ကျွန်တော့်စိတ်ထဲ ကိုကို ပြန်ရောက်မယ့်အချိန်ကိုပဲ အမြဲတွေးနေတာယုံ"
နှုတ်ခမ်းကိုသုတ်ပေးရင်း ပြောလာတဲ့ ထယ်ယောင်းစကားတွေကြောင့် ဂျောင်ဂု ကြာကြာသဝန်မတိုနိုင်တော့ဘဲ နှုတ်ခမ်းလေးကော့တက်လာတော့သည်။
"ကောင်းပြီလေ"
ဂျောင်ဂုက ကျေနပ်သွားတဲ့မျက်နှာပေး ဖြစ်သွားတော့မှ ထယ်ယောင်းလည်း မျက်စောင်းရေးရေးလေးထိုးကာ အစားဖြောင့်ဖြောင့်စားနိုင်တော့၏။
"အာ.. ဒါနဲ့ ကိုယ်ပြောဖို့မေ့နေတာ"
"ဘာလဲဟင်"
"ဒီအပတ်စနေ ကုမ္ပဏီမှာ dinner ပွဲရှိတယ်၊ ဇာတ်ကားပေါက်သွားလို့ ဂုဏ်ပြုတာရော ဆော့မင် CEO ရာထူးအတွက် ဂုဏ်ပြုပေးတာရော ပေါင်းလုပ်မလို့လေ၊ မီဒီယာတွေလည်း လာလိမ့်မယ်"
"ကျွန်တော် အဆင်သင့်ပြင်ထားလိုက်ပါမယ်"
"ပြီးတော့ အဲ့ပွဲတက်ပြီး နောက်နေ့ ကိုယ်တို့ ပြင်သစ် တန်းသွားမယ်"
မထင်မှတ်ထားသည်မို့ ထယ်ယောင်းမှာ အံ့ဩသွားဟန် မျက်လုံးလေးဝိုင်းစက်သွားပြီး ဂျောင်ဂုကိုမော့ကြည့်လာလေသည်။
"တကယ်သွားရတော့မှာပေါ့"
"အင်း ကိုယ်လက်မှတ်ဖြတ်ပြီးသွားပြီ၊ ဟိုမှာ နေစရာလည်း စီစဉ်ပြီးသွားပြီ၊ ဟိုရောက်မှ အချစ်စိတ်တိုင်းမကျတာရှိရင် ကိုယ့်ကို အကုန်ပြောလို့ရတယ်နော်"
ဂျောင်ဂုစကားအဆုံး ထယ်ယောင်းမျက်နှာလေး ဝင်းပသွားပြီး ချက်ချင်း ဂျောင်ဂုကို ထဖက်လေ၏။
"ကိုကို အကောင်းဆုံးပဲ တကယ် တကယ်၊ ကျွန်တော် စိတ်တိုင်းမကျမှာလည်း ဘာမှရှိမှာမဟုတ်ဘူး သေချာတယ်၊ ကိုကို့ကို ချစ်လိုက်တာ အများကြီး.. အများကြီး"
အမှန်တကယ်ပျော်နေဟန် ထယ်ယောင်းကြောင့် ဂျောင်ဂုလည်း အပျော်တွေကူးစက်ကာ အပြုံးတို့ ရပ်တန့်မရတော့။ မိမိကို တင်းနေအောင် ဖက်ထားသော ထယ်ယောင်းကိုယ်လုံးလေးကို ပြန်လည်ပွေ့ဖက်ကာ ခေါင်းလုံးလေးကို တစ်ချက်နမ်းရှုံ့လိုက်သည်။
"ကိုယ်လည်း မင်းကို ချစ်တာပေါ့ကွာ"
.
.
.
to be continued
(Zawgyi)
"ကိုကို"
အလုပ္လုပ္ေနစဥ္ တံခါးဝကေန ထယ္ေယာင္းအသံေလးၾကားလိုက္သည္ႏွင့္ ေဂ်ာင္ဂုခ်က္ခ်င္း ေခါင္းေထာင္လာၿပီး လုပ္လက္စအကုန္ ရပ္လိုက္ေလသည္။
"အခ်စ္.. ပ်င္းလို႔လား၊ ဗိုက္ဆာလို႔လား၊ အိပ္ခ်င္လို႔လား ကိုယ့္ကိုေျပာ"
"ဒါဘာလဲ"
ထယ္ေယာင္းက ေျပာလည္းေျပာ၊ လက္ထဲက ဖုန္းကိုလည္း ေဂ်ာင္ဂုဆီ ေထာင္ျပလိုက္ရာ screen ထက္မွာေပၚေနေသာ မက္ေဆ့ေၾကာင့္ ေဂ်ာင္ဂု မ်က္ေတာင္ေလးတဖ်တ္ဖ်တ္ခတ္သြားေလသည္။
"အဲ့ဒါက.."
"ကြၽန္ေတာ့္ကို အေမက ေရာင္းစားေနတာလား ဒါမွမဟုတ္ ကိုကိုက ကြၽန္ေတာ့္ကို ဝယ္ေနတာလား၊ ကြၽန္ေတာ္က ပိုက္ဆံနဲ႔ဖလွယ္ရတဲ့ ပစၥည္းလား"
"အဲ့သေဘာမဟုတ္ပါဘူး ကိုယ္ရွင္းျပပါမယ္၊ ကိုယ္က အေမ့ရဲ႕ အေႂကြးေတြကို ဆပ္ေပးရင္း သုံးစားရိတ္ေလး နည္းနည္းေပးလိုက္႐ုံပါ"
"ကိုကို အဲ့လို ေလွ်ာက္မေပးပါနဲ႔၊ ကြၽန္ေတာ္ အခုခ်က္ခ်င္း အေမ့ဆီက ျပန္ေတာင္းမယ္"
ထယ္ေယာင္းက ေျပာၿပီးတာနဲ႔ သူ႔ဖုန္းေလးကို ထုတ္ကာ သူ႔အေမဆီ ဆက္ေလေတာ့သည္။
"အခ်စ္.. အဲ့လိုလုပ္စရာမလိုပါဘူး"
ေဂ်ာင္ဂုက ထယ္ေယာင္းဖုန္းဆက္တာကို တားဖို႔ ေရွ႕ကိုလွမ္းလာေပမယ့္ ထယ္ေယာင္း မ်က္ေစာင္း တစ္ခ်က္နဲ႔ပင္ ေျခလွမ္းေတြ ရပ္တန႔္သြားရ၏။
"အေမက ဖုန္းခ်ပစ္တယ္ ၾကည့္ပါဦး"
ထယ္ေယာင္းက ေျပာၿပီး ျပန္ဆက္ေတာ့ တစ္ဖက္မွ စက္ပိတ္သြားေလၿပီျဖစ္သည္။
ခ်က္ခ်င္းဆိုသလို ထယ္ေယာင္းမ်က္ရည္ေလးမ်ား ဝဲလာၿပီး ေဂ်ာင္ဂုကို ေမာ့ၾကည့္လာေလ၏။
ထယ္ေယာင္းမ်က္ရည္ေတြကိုျမင္ေတာ့ ေဂ်ာင္ဂုမွာ ျပာျပာသလဲနဲ႔ ထယ္ေယာင္းနားကိုသြားလိုက္ၿပီး
"ကိုယ္ေတာင္းပန္ပါတယ္ေနာ္၊ ကိုယ္ႀကိဳမေျပာမိတာေရာ အခုလိုလုပ္တာေတြေရာေၾကာင့္ ေတာင္းပန္ပါတယ္၊ ကိုယ္က မင္းကို ဝယ္တယ္ဆိုတဲ့သေဘာ လုံးဝမပါပါဘူး၊ ကိုယ္တို႔ႏွစ္ေယာက္ အဆင္ေျပေျပ ႏိုင္ငံျခားသြားႏိုင္ေအာင္ လုပ္ခဲ့႐ုံပါပဲ၊ တျခား မေကာင္းတာမ်ိဳး ဘာမွမပါပါဘူးေနာ္၊ ကိုယ့္ကို ယုံပါ"
ေဂ်ာင္ဂုစကားအဆုံး ထယ္ေယာင္းမွာ ေဂ်ာင္ဂုရင္ခြင္ထဲ တိုးေဝွ႔ဝင္လာၿပီး ငိုခ်ေလေတာ့သည္။
"ထယ္ေယာင္း"
"ကြၽန္ေတာ့္အေမက ကြၽန္ေတာ့္ကို ေငြနဲ႔လဲခဲ့တာမလား ဟုတ္တယ္မလား၊ ကြၽန္ေတာ့္ထက္ ပိုက္ဆံကိုေ႐ြးသြားတာ၊ အေမကေလ.. ကြၽန္ေတာ့္ကိုေလ..."
ေဂ်ာင္ဂုဘာေျပာရမွန္းမသိေတာ့။ ဒီအတြက္ ေျဖသိမ့္ေပးဖို႔စကားလည္း ရွာမရသလို၊ ေျဖရွင္းခ်က္ေပးရန္လည္း ရွိမေနသျဖင့္ ထယ္ေယာင္းကိုယ္လုံးေလးကိုသာ ေပြ႕ဖက္ထားမိေတာ့သည္။
"ကြၽန္ေတာ္က ဘာေတြအသုံးမက်ခဲ့လို႔လဲဟင္၊ ကြၽန္ေတာ္ အကုန္လုံးလုပ္ေပးခဲ့တာကို၊ ကြၽန္ေတာ့္ကို သားတစ္ေယာက္လို ဘာလို႔ မခ်စ္ေပးခဲ့တာလဲ"
"အခ်စ္ရဲ႕ အမွားမဟုတ္ပါဘူး၊ အသုံးမက်လို႔လည္း မဟုတ္ပါဘူး၊ မငိုနဲ႔ေတာ့ ဟုတ္ၿပီလား၊ ကိုယ္ရွိတယ္ေလ"
"အေမ ပိုက္ဆံေတြကို ႀကိဳက္တာ သိေပမယ့္ ကြၽန္ေတာ္နဲ႔ယွဥ္ေ႐ြးႏိုင္တာကေတာ့.."
ထယ္ေယာင္းမွာ ေျပာစကားတို႔ကို ဆက္၍ပင္ မေျပာႏိုင္ေတာ့ဘဲ ေဂ်ာင္ဂုရင္ခြင္ထဲ မ်က္ႏွာေလးအပ္ကာ ရႈိက္၍ ငိုရွာေတာ့၏။
ေဂ်ာင္ဂုနားလည္ပါသည္။ ငယ္စဥ္ကတည္းက အေဖဆုံးၿပီး အေမနဲ႔ေနခဲ့ရတဲ့ ထယ္ေယာင္းက အေမ့ေမတၱာကိုလည္း မရဘဲ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကိုယ္တိုင္ပိုက္ဆံရွာေနရတာေလ။
ေဂ်ာင္ဂုကိုယ္တိုင္လည္း ဘာထူးလဲ။ အေမဆုံးၿပီးတာနဲ႔ အေဖ့ဆီက ေမတၱာေရာ ဂ႐ုစိုက္မႈေရာ အခ်ိန္ေတြေရာ မရခဲ့တဲ့အျပင္ အိပ္မက္ေတြပါ ႐ိုက္ခ်ိဳးခံခဲ့ရသည္။
ကိုယ္တို႔ႏွစ္ေယာက္လုံးက မိဘကံမေကာင္းခဲ့ၾကဘူး ထင္ပါရဲ႕။
"ကိုယ္က ပိုခ်စ္ေပးမယ္ ဒီထက္အမ်ားႀကီး"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမွာ ငိုေနရာမွ ေခါင္းေလးေမာ့ၾကည့္လာေလသည္။ မ်က္လုံးဝိုင္းေလးမ်ားက မ်က္ရည္ေတြေၾကာင့္ ၾကည္လဲ့လဲ့ေလးျဖစ္ေန၏။
ေဂ်ာင္ဂုကေတာ့ ထယ္ေယာင္းပါးျပင္ေပၚမွ မ်က္ရည္ေလးမ်ားကို လက္နဲ႔ ခပ္ဖြဖြသုတ္ေပးလိုက္ၿပီး
"ကိုယ္က မင္းကို အေဖတစ္ေယာက္လို ကာကြယ္ေပးမယ္၊ အေမတစ္ေယာက္လို ေႏြးေထြးမႈေပးမယ္၊ ေမာင္ႏွမေတြလို ေဆာ့ကစားၾကမယ္၊ သူငယ္ခ်င္းလိုလည္း ရင္ဖြင့္တာေတြနားေထာင္ေပးၿပီး အႀကံဉာဏ္ေတြေပးမယ္၊ ခ်စ္သူလိုလည္း အမ်ားႀကီးခ်စ္ေပးမယ္၊ ၿပီးေတာ့.. ကိုယ္က မင္းရဲ႕ အမ်ိဳးသားအျဖစ္ တစ္သက္လုံးအၿမဲတမ္း ေဘးမွာရွိေနေပးမယ္"
ေလသံေျပေျပေလးနဲ႔ ေျပာလာေသာ ေဂ်ာင္ဂုစကားေတြက ထယ္ေယာင္းစိတ္ကို အမွန္တကယ္ေအးခ်မ္းသြားေစကာ လုံၿခဳံမႈအျပည့္ရလိုက္သလိုပင္။
"ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဒီထက္ ေစာေစာေတြ႕ခဲ့သင့္တာ၊ ကြၽန္ေတာ္ ကိုကို႔ကို ဒီထက္ေစာေစာ ခ်စ္ခဲ့သင့္တာ"
မ်က္ရည္ေလးေတြဝဲလ်က္သားနဲ႔ ေျပာလာတဲ့ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂုႏႈတ္ခမ္းေလးေကာ့ၫြတ္သြားမိၿပီး ထယ္ေယာင္းကိုယ္ေလးကို ေနာက္တစ္ႀကိမ္ထပ္ၿပီး ေပြ႕ဖက္လိုက္ေတာ့၏။
စိတ္ထဲတြင္ေတာ့ အနားမွာ အၿမဲရွိေပးဖို႔သာ ကတိအထပ္ထပ္ေပးေနမိေတာ့သည္။
.
.
ေနာက္ပိုင္း ထယ္ေယာင္းဟာ schedule ေတြ မရွိေတာ့ဘဲ အားလပ္လာၿပီျဖစ္ၿပီး အိမ္မွာပဲ ရွိေနတတ္တာမ်ားသည္။
ထို႔ျပင္ ထယ္ေယာင္းပါဝင္ထားတဲ့ ဇာတ္ကားက ေပါက္သြားၿပီး ႏိုင္ငံတကာပရိတ္သတ္ေတြပါ ပိုမ်ားလာကာ Trending 1 ဝင္သည္အထိ ထယ္ေယာင္းနဲ႔ မင္းသမီး မင္ဂ်ီအယ္က ေတာ္ေတာ္ေလးကို နာမည္ရလာေလေတာ့သည္။
ထို႔ေၾကာင့္ ကုမၸဏီလည္ပတ္ပုံက ပို၍ ေကာင္းမြန္လာၿပီး ထယ္ေယာင္းနဲ႔ 8:2 စာခ်ဳပ္ခ်ဳပ္ထားတာေတာင္ ကုမၸဏီအတြက္ အက်ိဳးအျမတ္ေတြ က်န္၏။
ထိုအရာေတြေၾကာင့္ ေဂ်ာင္ဂုမွာ ပိုတိုးအလုပ္ရႈပ္ေနရၿပီး ေဆာ့မင္အား ကုမၸဏီကို တရားဝင္လႊဲေပးထားၿပီးေပမယ့္ ကိုယ္တိုင္လည္း လက္လႊတ္လို႔ မရေသးတဲ့အေျခအေနျဖစ္ေနေလသည္။
ေဂ်ာင္ဂုဦးေဆာင္၍ ပထမဆုံးထုတ္လုပ္ေသာ ဇာတ္ကားက ေပါက္သြားသည္မို႔ ေဂ်ာင္ဂုကို ယုံၾကည္ကာ ရွယ္ယာရွင္အသစ္ေတြလည္း အမ်ားႀကီး ထပ္ရွိလာသျဖင့္ ကုမၸဏီက ေတာ္ေတာ္ေလးကို အဆင္ေျပေျပရွိလွ၏။
ယေန႔လည္း ေဂ်ာင္ဂုမွာ တစ္ေနကုန္ ကုမၸဏီတြင္ စာရင္းေတြ ဆက္တိုက္လုပ္ၿပီး ည၈နာရီေလာက္မွ အိမ္ျပန္ေရာက္ေတာ့သည္။
အိမ္ေရွ႕ ကားေလးထိုးစိုက္သည္ႏွင့္ အိမ္ထဲမွ ေျပးထြက္လာေသာ အရိပ္ကေလးေၾကာင့္ ေဂ်ာင္ဂု ပင္ပန္းေနသည့္ၾကားက ၿပဳံးမိပါေတာ့သည္။
"ျဖည္းျဖည္းလာေလ အခ်စ္ရာ၊ ေခ်ာ္လဲဦးမယ္"
ေဂ်ာင္ဂုေျပာလိုက္ေပမယ့္ ေဂ်ာင္ဂုစကားေတြက အရာမဝင္။ ထယ္ေယာင္းဟာ အရွိန္မေလွ်ာ့ဘဲ ေဂ်ာင္ဂုနားကို အေျပးေလးလာၿပီး အိမ္ေဖာ္မ်ားပင္ ေဂ်ာင္ဂုအိတ္ကို မသယ္ရေသး၊ သူက အရင္သယ္ၿပီးေနၿပီ။
"ကိုကို ေနာက္က်လိုက္တာ"
"ေတာင္းပန္ပါတယ္၊ ကိုယ္ အလုပ္ေတြ အကုန္ လတ္စသတ္ခ်င္တာနဲ႔ အၿပီးလုပ္လိုက္မိတာ ေနာက္က်သြားတယ္၊ အဲ့ဒါမွ ေနာက္ေန႔ေတြ အခ်စ္အနား တခ်ိန္လုံး ေနႏိုင္မွာေလ"
"ဒါဆို ေနာက္ေန႔ေတြ ကုမၸဏီမသြားရေတာ့ဘူးလား"
"အင္း ကိုယ္လုပ္ရမယ့္ အပိုင္းေတြ အကုန္ၿပီးၿပီ၊ နား႐ုံပဲ"
ေဂ်ာင္ဂုစကားအဆုံး ထယ္ေယာင္းမ်က္ႏွာေလး ၿပဳံး႐ႊင္သြားကာ ေဂ်ာင္ဂုလက္ကို တက္ႂကြစြာ ခ်ိတ္လာေလသည္။
"တကယ္လား တကယ္..ကြၽန္ေတာ္နဲ႔ပဲ ေနေတာ့မွာေပါ့"
"အခ်စ္ရာ.. မသိရင္ ကိုယ္က မင္းကို အၾကာႀကီးပစ္ထားတဲ့ပုံနဲ႔"
"ကိုကို ဘာသိလဲ၊ အိမ္မွာ ကိုကို႔ကို အၿမဲလြမ္းေနရတာ.. ဘယ္ေလာက္ အထီးက်န္လိုက္လဲ"
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂု ႏႈတ္ခမ္းေလး အလိုလိုေကာ့တက္သြားၿပီး အေနာက္တြင္ ႐ိုက်ိဳးစြာ ရပ္ေနေသာ အိမ္ေဖာ္မ်ားကို ေဝ့ၾကည့္လိုက္ကာ
"ထယ္ေယာင္းေျပာတာ ဟုတ္ၾကလား"
မထင္မွတ္ထားေသာ ေဂ်ာင္ဂုအေမးေၾကာင့္ အိမ္ေဖာ္ေလးေတြမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၿပဳံးစိစိနဲ႔ ၾကည့္ကုန္ၾက၏။
ထယ္ေယာင္းမွာလည္း အလြန္ရွက္သြားဟန္ မ်က္ႏွာေလးနီရဲသြားပုံမ်ား ညအေမွာင္တြင္ေတာင္ ျမင္ေနရပါသည္။ ၿပီးမွ 'ဘာေတြေလွ်ာက္ေမးေနတာလဲ' ဟူေသာ အၾကည့္ေလးနဲ႔ ေဂ်ာင္ဂုကို မ်က္ေမွာင္ေလးကုတ္ကာ ၾကည့္လာ၏။
ထယ္ေယာင္းကို ကလိလိုက္ရေတာ့မွ ေဂ်ာင္ဂုက ေက်နပ္သြားဟန္ အၿပဳံးေရးေရးေလး ၿပဳံးလာၿပီး ထယ္ေယာင္းလက္ထဲမွ သူ႔အိတ္ကို ျပန္ဆြဲယူကာ အိမ္ေဖာ္တစ္ေယာက္ကို ေပးလိုက္ေလသည္။
"ကိုယ္ကလည္း မင္းကို အခ်ိန္ျပည့္လြမ္းေနတာပါ၊ ကိုယ္လည္း ႐ုံးခန္းထဲမွာ အထီးက်န္တာပဲ"
"မယုံပါဘူး.. ကြၽန္ေတာ္လည္း ကိုကို႔႐ုံးက ဝန္ထမ္းေတြကို ျပန္ေမးၾကည့္မွာေနာ္"
"ဟားဟား ဟုတ္ပါၿပီ၊ ေမးၾကည့္ပါဗ်ာ"
အဲ့ေတာ့မွ ထယ္ေယာင္းလည္း မ်က္ေစာင္းေလးတစ္ခ်က္နဲ႔ ေမာ့ၾကည့္လာၿပီး မ်က္ႏွာေလး ၿပဳံးသြားေတာ့၏။ သို႔ႏွင့္ ေဂ်ာင္ဂုလည္း ထယ္ေယာင္းလက္ေလးကို ဆုပ္ကိုင္ရင္း အိမ္ထဲ အတူဝင္သြားေလေတာ့သည္။
ေဂ်ာင္ဂုလည္း ပင္ပန္းေနသမွ် ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးလိုက္ေတာ့မွ လန္းဆန္းသြားသလိုခံစားလိုက္ရၿပီး အက်ႌေပါ့ေပါ့ပါးပါးပဲ ဝတ္ကာ ထမင္းစားခန္းကို ဦးတည္ေလေတာ့၏။
ထမင္းစားခန္းေရာက္ေတာ့ ထယ္ေယာင္းက စားဖိုမႉးႏွစ္ေယာက္နဲ႔ စကားလက္ဆုံက်ေနၾကၿပီး တျခား အိမ္ေဖာ္မေလးေတြနဲ႔လည္း အေတာ္ေလး ရင္းႏွီးေနသည့္ပုံနဲ႔ ဟင္းပန္းကန္မ်ားကို ကူသယ္ေပးေနေလသည္။
ေဂ်ာင္ဂု ထိုျမင္ကြင္းကို ၾကည့္ၿပီး ရယ္ရခက္ ငိုရခက္။ ဘယ္ေနရာေရာက္ေရာက္ လူခ်စ္လူခင္ေပါၿပီး တက္ႂကြေနတဲ့ ထယ္ေယာင္းေၾကာင့္ ဝမ္းသာရမလား၊ သဝန္တိုမိသျဖင့္ စိတ္တိုသင့္လား။
ဘာပဲလုပ္သင့္လုပ္သင့္ ေလာေလာဆယ္ေတာ့ ေဂ်ာင္ဂု ေတာ္ေတာ္ေလးကို သဝန္တိုမိပါသည္။
ကိုယ္ကေတာ့ လြမ္းေနလိုက္ရတာ အိမ္ကဟာေတြကေတာ့ ကိုယ္မရွိတုန္း ကိုယ့္လူနဲ႔ ရင္းႏွီးကြၽမ္းဝင္လို႔။
"ဂြၽန္ထယ္ေယာင္း"
ေဂ်ာင္ဂု ေခၚသံေၾကာင့္ အားလုံး တိတ္ဆိတ္ၿငိမ္သက္သြားၾကၿပီး ခုနက အၿပဳံးပန္းေဝေနေသာ အိမ္ေဖာ္မေလးမ်ားဟာလည္း သူ႔အလုပ္သူ လုပ္ကုန္ၾကေလ၏။
ထယ္ေယာင္းကေတာ့ အၿပဳံးေလးမ်ား ရပ္တန႔္မသြားသည့္အျပင္ ပိုတိုး၍ပင္ ၿပဳံးလာၿပီး ေဂ်ာင္ဂုနားကို သြက္သြက္ေလွ်ာက္လာေလသည္။
"ကိုကို.. လာ.. ဗိုက္ဆာေနၿပီမလား"
"ဒါလား.. ဒါက ကိုယ္မရွိဘဲ အထီးက်န္ေနတဲ့ပုံလား"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမ်က္ႏွာပိုးေလး သတ္လိုက္ကာ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း
"ကိုကိုမရွိတုန္း ပ်င္းလို႔စကားေတြ လိုက္ေျပာရင္း နည္းနည္းခင္သြား႐ုံပါ"
"နည္းနည္း?"
ေဂ်ာင္ဂုအသံက ေတာ္ေတာ္ေလး ေအးစက္စက္ျဖစ္ေနၿပီး မ်က္ႏွာကလည္း တည္လြန္းလွသျဖင့္ ထယ္ေယာင္း တကယ္ပဲ လန႔္လာမိသည္။
ထယ္ေယာင္းတင္မက အိမ္ေဖာ္မေလးမ်ားဟာလည္း လန႔္ေနၾကဟန္၊ စားစရာမ်ား စားပြဲေပၚ အျမန္ခ်ကာ အခန္းျပင္သို႔ ခပ္သုတ္သုတ္ထြက္သြားၾကေလေတာ့၏။
ထိုအခါ ေဂ်ာင္ဂုလည္း ဘာမွထပ္မေျပာဘဲ ခုံတြင္ ဝင္ထိုင္လိုက္ေလသည္။ ေဂ်ာင္ဂုထိုင္မွ ထယ္ေယာင္းလည္း ခုံတြင္ ဝင္ထိုင္မိ၏။
သို႔ေပမဲ့ ေဂ်ာင္ဂုက တကယ္ေဒါသထြက္ေနသည့္ပုံမို႔ ထယ္ေယာင္းမွာ ၿငိမ္ၿငိမ္ေလးသာ ထိုင္ေနလ်က္၊ ေဂ်ာင္ဂုကို မသိမသာေလး အရိပ္အေျခၾကည့္ေနရွာသည္။
ေဂ်ာင္ဂုကေတာ့ ထယ္ေယာင္းကို ျပန္မၾကည့္ဘဲ ပန္းကန္ထဲမွ အသားကိုသာ စတင္လွီးျဖတ္ေတာ့၏။
"အေရာမဝင္နဲ႔ အဲ့ေလာက္ထိ"
"ဟုတ္"
"ပ်င္းရင္ ကိုယ့္ကို ဖုန္းဆက္လို႔ မွာထားတယ္မလား"
"ကိုကို အလုပ္ရႈပ္ေနတုန္း အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔"
"မျဖစ္ဘူး၊ ကိုယ္မင္းကို အေႏွာင့္အယွက္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဘူး"
တည္ၿငိမ္ေအးစက္ေသာ ေလသံဟာ တိတ္ဆိတ္ေနေသာ အခန္းတြင္း ေသေသခ်ာခ်ာ ၾကားေနရၿပီး အသားလွီးသံကပါ ပီျပင္စြာ ထြက္ေပၚေနလ်က္။
"ေနာက္တစ္ခါ သူတို႔နဲ႔ ရင္းရင္းႏွီးႏွီးမေနေတာ့ပါဘူးေနာ္.. စိတ္မဆိုးပါနဲ႔၊ ကိုကိုက ဒီလိုႀကီး ေနေနေတာ့ ကြၽန္ေတာ္ မေနတတ္ေတာ့ဘူး"
အဲ့ေတာ့မွ ေဂ်ာင္ဂုလည္း ထယ္ေယာင္းကို ျပန္ၾကည့္လာၿပီး မိမိေရွ႕မွ လွီးၿပီးသား အသားပန္းကန္ကို ထယ္ေယာင္းရဲ႕ မလွီးရေသးေသာ အသားပန္းကန္နဲ႔ လဲလိုက္ေလသည္။
"ကိုယ္မင္းကို စိတ္မဆိုးပါဘူး"
"ဒါဆို ဘာလို႔ ေအးတိေအးစက္ႀကီးလုပ္ေနတာလဲ"
"သဝန္တိုလို႔.. သဝန္တိုတယ္ အရမ္းသဝန္တိုတယ္၊ ကိုယ္မဟုတ္ဘဲ တျခားသူေတြနဲ႔ အရမ္းရင္းႏွီးေနတာ ျမင္ရင္ သဝန္တိုတယ္"
ေဂ်ာင္ဂုက ထိန္းမထားႏိုင္ေတာ့ဘဲ ပြင့္ထြက္လာသည့္ႏွယ္ အားရပါးရေျပာၿပီးတာနဲ႔ မ်က္ႏွာလႊဲလိုက္ၿပီး ေရေမာ့ေသာက္လိုက္ရာ ေလာေလာနဲ႔မို႔ ေရသီးကုန္၏။
"အဟြတ္ အဟြတ္"
"ကိုကိုကေတာ့ေလ"
ထယ္ေယာင္းက ေဂ်ာင္ဂုကိုၾကည့္ကာ ေခါင္းေလးတခါခါနဲ႔ေျပာရင္း တစ္ရႉးနဲ႔ ေဂ်ာင္ဂုႏႈတ္ခမ္းကို ခပ္ဖြဖြသုတ္ေပးလာေလသည္။
ထယ္ေယာင္းအျပဳအမူေၾကာင့္ ေဂ်ာင္ဂုမွာ တစ္ကိုယ္လုံး ေတာင့္ခဲသြားၿပီး အသက္ပင္ ရဲရဲမရႉမိေတာ့သေယာင္ ႏွလုံးခုန္သံေတြ ျမန္ဆန္လာရ၏။
"ကြၽန္ေတာ္က ထမင္းစားတဲ့အခ်ိန္ေလာက္ပဲ ပ်င္းလို႔ သူတို႔နဲ႔ စကားနည္းနည္းပါးပါး ေျပာ႐ုံပါ၊ က်န္တဲ့အခ်ိန္ အခန္းထဲမွာပဲ ေနၿပီး ေညာင္းတဲ့အခါမွ ၿခံထဲ နည္းနည္းလမ္းေလွ်ာက္ျဖစ္တာ၊ ကြၽန္ေတာ့္စိတ္ထဲ ကိုကို ျပန္ေရာက္မယ့္အခ်ိန္ကိုပဲ အၿမဲေတြးေနတာယုံ"
ႏႈတ္ခမ္းကိုသုတ္ေပးရင္း ေျပာလာတဲ့ ထယ္ေယာင္းစကားေတြေၾကာင့္ ေဂ်ာင္ဂု ၾကာၾကာသဝန္မတိုႏိုင္ေတာ့ဘဲ ႏႈတ္ခမ္းေလးေကာ့တက္လာေတာ့သည္။
"ေကာင္းၿပီေလ"
ေဂ်ာင္ဂုက ေက်နပ္သြားတဲ့မ်က္ႏွာေပး ျဖစ္သြားေတာ့မွ ထယ္ေယာင္းလည္း မ်က္ေစာင္းေရးေရးေလးထိုးကာ အစားေျဖာင့္ေျဖာင့္စားႏိုင္ေတာ့၏။
"အာ.. ဒါနဲ႔ ကိုယ္ေျပာဖို႔ေမ့ေနတာ"
"ဘာလဲဟင္"
"ဒီအပတ္စေန ကုမၸဏီမွာ dinner ပြဲရွိတယ္၊ ဇာတ္ကားေပါက္သြားလို႔ ဂုဏ္ျပဳတာေရာ ေဆာ့မင္ CEO ရာထူးအတြက္ ဂုဏ္ျပဳေပးတာေရာ ေပါင္းလုပ္မလို႔ေလ၊ မီဒီယာေတြလည္း လာလိမ့္မယ္"
"ကြၽန္ေတာ္ အဆင္သင့္ျပင္ထားလိုက္ပါမယ္"
"ၿပီးေတာ့ အဲ့ပြဲတက္ၿပီး ေနာက္ေန႔ ကိုယ္တို႔ ျပင္သစ္ တန္းသြားမယ္"
မထင္မွတ္ထားသည္မို႔ ထယ္ေယာင္းမွာ အံ့ဩသြားဟန္ မ်က္လုံးေလးဝိုင္းစက္သြားၿပီး ေဂ်ာင္ဂုကိုေမာ့ၾကည့္လာေလသည္။
"တကယ္သြားရေတာ့မွာေပါ့"
"အင္း ကိုယ္လက္မွတ္ျဖတ္ၿပီးသြားၿပီ၊ ဟိုမွာ ေနစရာလည္း စီစဥ္ၿပီးသြားၿပီ၊ ဟိုေရာက္မွ အခ်စ္စိတ္တိုင္းမက်တာရွိရင္ ကိုယ့္ကို အကုန္ေျပာလို႔ရတယ္ေနာ္"
ေဂ်ာင္ဂုစကားအဆုံး ထယ္ေယာင္းမ်က္ႏွာေလး ဝင္းပသြားၿပီး ခ်က္ခ်င္း ေဂ်ာင္ဂုကို ထဖက္ေလ၏။
"ကိုကို အေကာင္းဆုံးပဲ တကယ္ တကယ္၊ ကြၽန္ေတာ္ စိတ္တိုင္းမက်မွာလည္း ဘာမွရွိမွာမဟုတ္ဘူး ေသခ်ာတယ္၊ ကိုကို႔ကို ခ်စ္လိုက္တာ အမ်ားႀကီး.. အမ်ားႀကီး"
အမွန္တကယ္ေပ်ာ္ေနဟန္ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂုလည္း အေပ်ာ္ေတြကူးစက္ကာ အၿပဳံးတို႔ ရပ္တန႔္မရေတာ့။ မိမိကို တင္းေနေအာင္ ဖက္ထားေသာ ထယ္ေယာင္းကိုယ္လုံးေလးကို ျပန္လည္ေပြ႕ဖက္ကာ ေခါင္းလုံးေလးကို တစ္ခ်က္နမ္းရႈံ႕လိုက္သည္။
"ကိုယ္လည္း မင္းကို ခ်စ္တာေပါ့ကြာ"
.
.
.
to be continued