Private Worship

By Aroundtheheart

3.1K 248 42

ငယ်ကလား ကိုယ့်ရဲ့ဘုရားလေ More

1
3
4
5
6
7
8
9
10

2

316 25 4
By Aroundtheheart

2

Unicode
Zawgyi
~~~~~~

သူပြန်ရောက်တာနဲ့သူ့အခန်းထဲရောက်လာတဲ့အငယ်ကို
သွေးတစ်ချက်မျှအရင်ကြည့်ပြီး ညဝတ်အင်္ကျီလဲလိုက်သည်။ဦးကတော့သူတို့ညီအစ်ကိုနှစ်​​ယောက်အေးဆေးစကားပြောရအောင် တမင်ရှောင်ထွက်သွားပေးသည်။

အငယ်ပြောချင်နေတာတွေသိချင်နေတဲ့အကြောင်းတွေကို
သွေးကောင်းကောင်းသိနေသည်။အငယ်ကသူ့ကို အစ်ကိုဟိန်းထက်လက်ထဲထည့်ပေးလိုက်တာကိုနားမလည်နိုင်
သည့်သဘော။ အငယ်နဲ့ပတ်သက်ရင်မေမေတို့ကသွေးကို
အပြီးအပ်ထားတာမို့ယခုဖြစ်နေသမျှအားလုံးဟာ သွေး
စီစဥ်လို့လာဖြစ်လာခြင်း။

အငယ့်အတွက်စေ့စပ်ပွဲကိုသွေးလူကြီးအားလုံးနဲ့တိုင်ပင်ပြီးမှ လက်ခံလက်မှတ်ထိုးခဲ့တာဖြစ်ပေမယ့် ကံယကာရှင်ဖြစ်တဲ့ အငယ့်ကိုတော့ သူအသိမပေးခဲ့။ ပိတ်ငြင်းမှာကို
သိနေတာမို့ သွေးတမင်မပြောခဲ့တာ။

''မေးနေတာမဖြေဘူး''

သွေးမပြောတော့ အငယ်ကစိတ်ဆိုးချင်နေသလို။

''ဘယ်အချိန်ပေါ်လာမှန်းဘယ်သူမှန်းဘယ်ဝါမှန်းဘယ်လိုလူစားမှန်းမသိတဲ့တခြားသူထက် အကြောင်းသိပြီးသားအစ်ကိုဟိန်းထက်ကပိုသင့်တော်တယ်လေ အငယ်
နိုင်ငံခြားကိုကျောင်းသွားတဲ့အခါတိုင်းအစ်ကိုဟိန်းထက်ကိုယ်တိုင်လိုက်ပို့တယ် နိုင်ငံခြားထိလည်းကိုယ်တိုင်လိုက်ပြီးစောင့်ရှောက်တယ် အစစအရာရာလိုက်ပြီးဂရုစိုက်တယ် ကာကွယ်တယ် စောင့်ရှောက်တယ် ဒီလောက်နဲ့အကြောင်းပြချက်ကလုံလောက်နေပြီမှတ်လား ''

မျက်နှာကို ကြည့်လိုက်တဲ့အခါ အငယ်ကမျက်နှာလွှဲသည်။ သူဘယ်လိုပဲငြင်းမရအောင်မှန်တာတွေကိုပြောလိုက်ရင် အငယ်က နှုတ်ပိတ်ပြီးမျက်နှာလွှဲတတ်သည်။

''လောကမှာလေ ချစ်တယ်ဆိုတဲ့စကားကိုလွယ်လွယ်နဲ့ပြောတတ်တဲ့လူတွေများတယ် ဒါ​ပေမဲ့ချစ်တယ်ပြောပြီး
အပြီးထိတာဝန်ယူတတ်တဲ့လူကနည်းတယ် ရှားတယ်
အဲ့ဒါကြောင့် ကိုယ့်ကိုအမှန်တကယ်ချစ်တဲ့လူရဲ့လက်ထဲမှာပဲနေစမ်းပါငယ်ရာ အစ်ကိုဟိန်းထက်က ဘယ်သူ့ကိုမှအလျှော့ပေးတတ်တဲ့လူမဟုတ်ဘူးနော် ဒါပေမဲ့အငယ့်ကိုဆို သူအမြဲတမ်းအလျှော့ပေးနေတာပဲမဟုတ်လား''

မှန်တာပြောရင်အငယ်ကသိပ်လက်ခံချင်တဲ့လူစားမျိုးမဟုတ်။ကလေးဆန်ဆန်နှုတ်ခမ်းကိုရွဲ့လိုက်သေးသည်။
အများတွေအ​မြင်မှာကျတော့ အငယ်ကသိပ်ကိုတည်ငြိမ်ပြီးမာနကြီးတာပေါ့။ တကယ်တမ်းမှာတော့ အားလုံးက
ဖူးဖူးမှုတ်ချစ်ကြလို့ တစ်ခါတလေ နားပိတ်ပြီးကလေးဆန်နေတာ။

''ပြီးတော့ အငယ်လည်းအစ်ကိုဟိန်းထက်ကိုချစ်နေတာပဲမဟုတ်လား''

''ဘယ်သူပြောလဲ ပေါက်ကရတွေ''

မျက်လုံးပြူးနဲ့ကပျာကယာထမေးလာတဲ့အငယ်ကိုကြည့်ရင်း သွေးပြုံးစိစိ။ ရှက်နေတာ ရှက်နေတာ ။ ပေါ်မလာရင်မသိစိတ်ကမျှော်နေပြီး ပေါ်လာပြန်တော့ မောင်းထုတ်ပြန်တာ။ အငယ်က အစ်ကိုဟိန်းထက်ရဲ့ လူရှုပ်လူပွေဆိုတဲ့ဘွဲ့တော်ကြောင့် အစ်ကိုဟိန်းထက်ကို အယုံကြည်နည်းနေတာ။

''နောက်ကိစ္စတွေကိုနောက်မှရှင်းကြတာပေါ့အငယ်
ဘာမှတွေးပူမနေနဲ့ အငယ့်ဘက်မှာအားလုံးရှိတယ်
အစ်ကိုဟိန်းထက်ကထိပ်ဆုံးကပေါ့ အခုပြန်အိပ်တော့
ကိုကြီးတို့လည်းအိပ်တော့မယ် မနက်ဖြန်အလုပ်သွားရဦးမယ်''

''ဟွန့် လင်ကိုဖက်အိပ်ချင်တာများအကြောင်းပြချက်
မျိုးစုံနဲ့ ''

အငယ့်အပြောအောက်မှာ သွေးအူယားသဖြင့် အိပ်ရာကိုပြင်ဆင်ရာက အငယ့်ကိုပြုံးပြုံးလေးလှည့်ကြည့်သည်။

''အယ်ရိုးး ရှိလို့ဖက်ခွင့်ရတာ ဖက်ရမှာပေါ့''

အငယ်ကခေါင်းခါပြီးထွက်သွားသည်။ ဦးနဲ့စိမ်းနေသေးတုန်းဆိုအငယ်က သွေးတို့အခန်းထဲသိပ်မလာတတ်။
ဦးနဲ့ညီအစ်ကိုအရင်းလိုလည်းရင်းနှီးသွားရော သွေးနဲ့ကျ
ရန်ဖြစ်ပေါ်တွေဖြစ်သွားကုန်တာ။

ရင့်ကျင့်တည်ငြိမ်တဲ့အငယ်ရဲ့ပြောင်းလဲခြင်းက
အစ်ကိုဟိန်းထက်ရောက်လာကတည်းကစခဲ့တာ။
အစ်ကိုဟိန်းထက်​ကြောင့်ပဲအငယ်ကအနိုင်ယူတတ်လာ
တယူသန်တတ်လာတာ။

အစ်ကိုဟိန်းထက်စတဲ့ဇာတ်လမ်းမို့ ဇာတ်သိမ်းကိုလည်း အစ်ကိုဟိန်းထက်ကိုပဲသွေးသိမ်းခိုင်းလိုက်ခြင်း။ ဦးရှိနေတာမလို့ အစ်ကိုဟိန်းထက်ကို သွေးရာနှုန်းပြည့်ယုံကြည်ပါသည်။

~~~~~~

အငယ့်ကိုပိုင်ဆိုင်ခွင့်ရသွားတာကိုတွေးရင်းအိမ်ပြန်လမ်းမှာပျော်နေရပေမယ့် အိမ်ကိုအရောက်မှာတော့
အပြုံးတွေကမျက်စိတစ်မှိတ်နဲ့ပျောက်သွားကုန်သည်။
မေမေက မျက်နှာငယ်လေး စိုးရိမ်နေတဲ့မျက်ဝန်းလေးနဲ့သူ့ကိုကြည့်လာသည်။

''အဘိုးကစကားပြောချင်လို့တဲ့''

နောက်ဆက်တွဲကိုကြိုသိနေပြီမလို့ ဟိန်းထက်စိတ်ပျက်ပျက်နဲ့သက်ပြင်းချလိုက်သည်။

''အဘိုးကိုအလျှော့ပေးလိုက်ပါ သားရယ်''

မေမေဒီလိုပြောလာလိမ့်မယ်ဆိုတာဟိန်းထက်ကြိုသိနေပြီမို့ ထုံးစံအတိုင်း ပြုံးရင်းခေါင်းယမ်းပြလိုက်ပါသည်။
မေမေကအားလုံးထက် အဘိုးကိုပဲဦးစားပေးတာ။
အဖေဆိုတဲ့စိတ်နဲ့မေမေက အဘိုးစကားဆိုမြေဝယ်မကျနားထောင်နေလည်း ဟိန်းထက် ကတော့မလုပ်နိုင်ပါ။

''လက်ထပ်တယ်ဆိုတာ တစ်ဘဝလုံးစာအတွက်လေကျွန်တော်ကမချစ်တဲ့သူကိုဘာလို့လက်ထပ်ရမှာ
အသက်သာအသေခံမယ် လုံးဝအလျှော့မပေးနိုင်ဘူး''

အဘိုးရှိရာ ဧည့်ခန်းကိုဟိန်းထက်ခပ်တည်တည်သာသွားလိုက်သည်။နောက်က​ပြေးလိုက်လာသောမေမေ့ကိုလျစ်လျူရှုရင်းနဲ့​ပေါ့။

ဧည့်ခန်းမှာရှိနေတဲ့အဘိုးဟာအသက် ၇၀နီးပါးဆိုပေမယ့်
လူကိုဆိုတာမထင်ရက်စရာ။ အေးစက်စက်နဲ့ နတ်ဆိုး
တစ်ပါးလိုဖြစ်နေတော့ အိမ်ကအလုပ်သမားတွေမှာ ကိစ္စကသူတို့နဲ့မဆိုင်ပေမယ့် နေရာမရဖြစ်ကုန်ကြရှာတာ။
အဘိုးရဲ့သမီးဟိန်းထက်အမေကလည်း လက်နှစ်ဖက်ကို
ပွတ်နေသည်မှာ လက်အုပ်မချီရုံတမယ်။

''မင်းအခုဘယ်ကပြန်လာတာလဲ မြတ်ဟိန်းထက်''

''သိနေတာပဲလေ ဘာလို့ထပ်မေး''

''မနက်ဖြန်သမီးသဲယုနဲ့စေ့စပ်ရမှာမင်းမေ့နေတာလား
ဟမ်!''

''စောက်ဂရုစိုက်စရာမလိုလို့အငယ်ဆီသွားတာ''

ဟိန်းထက်က တမင်မထီမဲ့မြင်သလိုပြောနေလုပ်နေတဲ့အခါ အဘိုးဖြစ်သူက ဆိုဖာကဆတ်ခနဲ့ထရပ်သည်။
နံဘေးကကြွေကော်ဖီခွက်ကိုအလျင်အမြန်ရယ်ကောက်ယူပြီး ရှေ့တည့်တည့်ရပ်နေတဲ့ ဟိန်းထက်ကို
ရည်ရွယ်ချက်ရှိရှိနဲ့ပစ်ပေါက်နေသည်။

ဟိန်းထက်ကမရှောင်တော့ ညာဘက်မျက်ခုံးအနည်းငယ်နဲ့
နဖူးပြင်ကိုထိမှန်သွားသည်။အရှိန်နဲ့မို့ နဖူးက
လက်တစ်လုံးစာကွဲသွားပြီးသွေးနီနီတွေကတန်းစီးလာသည်။ဒေါ်ကလျာနဲ့အလုပ်သမားတွေက အဘိုးဖြစ်သူကို ကြောက်လွန်းလို့ မြေပေါ်ခေါင်းစိုက်မတတ်ငုံ့နေသော်လည်း ဟိန်းထက်ကတော့ ညာဘက်မျက်လုံးကိုဖုံးတော့မတတ်စီးကျလာတဲ့သွေးတွေကိုလက်တစ်ဖက်နဲ့အသားလေးသုတ်နေသည်။

လက်ရေစိုသလိုစိုသွားတဲ့လက်ပေါ်ကသွေးတွေကို
ဟိန်းထက် စိုက်ကြည့်ပြီးဟက်ခနဲမော့ရယ်သည်။

''သိတတ်စအရွယ်ကစပြီးအချိန်ပြည့်သင်ခဲ့ရတဲ့ပညာတွေ ကျောင်းပြီးကတည်းကစပြီးအဆက်မပြတ်လုပ်ခဲ့ရတဲ့အလုပ်တွေစီးပွားရေးတွေ အဲ့လိုအချိန်ကုန်ခံအပင်ပန်းခံပြီးရလာတဲ့ပိုင်ဆိုင်မှုတွေကို ကျုပ်ချစ်တဲ့သူကိုပဲပေးသုံးနိုင်တယ်ပေးဖြုန်းနိုင်တယ် မချစ်တဲ့သူကိုပေးသုံးရအောင်
ပေးဖြုန်းရအောင်ကျုပ်ပရဟိတသမားမဟုတ်ဘူး
အဘိုးမကျေနပ်ရင်ကြိုက်သလိုလုပ် ''

''မင်းငါ့ကိုစိန်ခေါ်နေတာလား ​​မြေးယောက်ျားလေးက
မင်းတစ်ယောက်ပဲရှိလို့ငါကအလိုလိုက်လိမ့်မယ်အလျှော့ပေးလိမ့်မယ်ဆိုပြီးထင်နေတာလား''

''မထင်ပါဘူး အဘိုးကျူပ်ကိုတစ်ကြိမ်တောင်သတ်ခဲ့ပြီးပြီပဲ ဒီတစ်ကြိမ်နဲ့ဆိုနှစ်ကြိမ်ပေါ့ မှတ်ထားနော်သုံးကြိမ်သာရှိလာခဲ့မယ်ဆိုရင် အဘိုးနဲ့ကျုပ် သေကွဲမကွဲရင်
ရှင်ကွဲ ကွဲပြီ''

နဖူးပေါ်ကနာကျင်မှုထက် ရင်ဘတ်ကနာကျင်မှုကပိုများသည်။ အောင့်သက်သက်နာကျင်ရတော့ ဟိန်းထက်လက်သီးကိုခပ်ကျစ်ကျစ်ဆုပ်ထားမိသည်။ အဘိုးဆိုတဲ့စိတ်နဲ့ငဲ့ညာခဲ့ပေါင်းများပေမယ့် ဟိန်းထက်ကပဲ အ လိုခံရသလိုဖြစ်နေသည်။ ဖြစ်နေပေါင်းလည်းများနေပြီ။

ပြတ်ပြတ်သားသားကျောခိုင်းလိုက်ချိန်အနောက်က
အဘိုးရဲ့သူ့ကိုကျိန်ဆဲသံ ပစ္စည်းရိုက်ခွဲသံတွေညံလို့နေပေမယ့် ဟိန်းထက်လှည့်မကြည့်ခဲ့ပါ။ အနောက်ကပြေးလိုက်လာတဲ့မေမေ့ရဲ့ခြေသံအော်သံတွေဟာ ဟိန်းထက်ကို အမြန်ပဲထွက်​ပြေးစေသည်။ ဟိန်းထက် အမြန်နဲ့ကားပေါ်ပြေးထွက်ပြီး ကားကိုတန်းမောင်းလိုက်ပါသည်။

မေမေ့မျက်ရည်တွေမြင်ရင်စိတ်ကအလိုလိုပျော့သွားတာမလို့ ဟိန်းထက် မေမေ့ကိုလုံးဝ လုံးဝလှည့်မကြည့်ခဲ့ပါ။
အဘိုးကိုရှုံးနိမ့်ပေါင်းများစွာတွေဟာ မေမေ့ကြောင့်လည်းပါခဲ့သည်။

အပေါင်းအသင်းတွေအကုန်အိမ်ထောင်ကျကုန်ပြီးနောက်ပိုင်း ဟိန်းထက် မှာတစ်ခုခုဆို အငယ့်ဆီကလွဲ
တခြားဘယ်နေရာမှသွားဖို့မရှိပါ။ အချိန်တွေနာရီတွေကိုဂရုမစိုက်နိုင်ဘဲ ကားကိုသာအရှိန်နဲ့မောင်းနေသည်။

ရောက်သွားတဲ့အချိန်မှာတော့ ငယ့်အခန်းကမီးလင်းနေသေးသည်။ ဘယ်လောက်ရူးသွပ်ရလဲလိုအခန်းလေးကိုငေးကြည့်ရရုံနဲ့တင်အပူကပျောက်သည်။ ကနဦးက
ပူလောင်ထား ပေါက်ကွဲထားသမျှက အခန်းရှိရာရပ်ဝန်းကိုရောက်တဲ့အခါ အားလုံးကအေးချမ်းသွားကုန်သည်။

၁၁နာရီကျော်ကျော်ပေမယ့် ခြံစောင့်ကမအိပ်သေး။
သူ့ကားကိုရင်းနှီးနေတဲ့အခါ သူ့ကိုအလျင်အမြန်ပဲတံခါး
ဖွင့်ပေးသည်။ သူကားပါကင်ထိုးနေတာကိုရပ်ကြည့်နေပြီး သူကားပေါ်ကဆင်းလာတဲ့အခါမှာတော့ ပျာပျာသလဲနဲ့
သူ့အနားကိုပြေးလာသည်။

''အစ်ကိုကြီးဘယ်လိုဖြစ်တာလဲ အဆင်ပြေရဲ့လား ''

သူ့နဖူးကဒဏ်ရာရယ်သွေးတွေရယ်ကိုမြင်လို့ဖြစ်မည်။
စိုးရိမ်တကြီးဖြစ်နေပြီး အခုပဲ လွှမ်းကိုပြေးခေါ်တော့
မလိုလို ဆေးရုံကားကိုခေါ်တော့မလိုလို ပျာယာခတ်နေသည်။

ဟိန်းထက်မလိုကြောင်း လက်ပြပြီး ကားရှေ့ခေါင်းတွင်ထိုင်ကာ ခေါင်းကိုငုံ့မိသည်။ခေါင်းကဆစ်ဆစ်ကိုက်လာသလို မူးလည်းမူးလာသည်။

''ငယ့်ကိုခေါ်ပေးပါဦး ''

''ဟုတ်ကဲ့ ''

သူစကားဆုံးတာနဲ့တန်းနေအောင်ပြေးသွားသည်။
အငယ်ကသူဖုန်းခေါ်ရင်ကိုင်မှာမဟုတ်သလို စာပို့ရင်လည်းကြည့်မှာမဟုတ်။ ကြည့်ခဲ့ရင်လည်းကြည့်ရုံသာ
ကြည့်နေတာမို့။

ခဏအကြာမှာတော့ ဟိန်းထက်မျှော်နေရတဲ့ငယ်က
ဟိန်းထက်ရှေ့ကိုရောက်လာသည်။ ဖဲသားညအိပ်ဝတ်စုံအပြာလေးနဲ့ ခန့်ခန့်ညားညားရှိနေပြီး သူ့ကိုတအံ့တသြ
ကြီးကြည့်လာသည်။

''ကိုယ်နာတယ်ငယ် ခေါင်းလည်းကိုက်တယ် မူးလည်းမူးတယ်''

အငယ်ကစကားပြောပြီးမေ့နေသယောင်သူ့ကိုကြည့်နေတာကြောင့် ဟိန်းထက်အရင်ပြောလိုက်ပါသည်။ ထိုအခါ
မှ မျက်တောင်ခတ်သည်။

''လာ ထ''

လက်မောင်းတစ်ဖက်ကိုတွဲပြီးထလာခိုင်းသဖြင့်
ဟိန်းထက် ထလိုက်ပါသည်။ မူးခနဲဖြစ်သွားသဖြင့်
ဟိန်းထက် တစ်ချက်ယိုင်သွားသည်။ အငယ်ကအမြန်ထိန်းပေးပြီးသူ့ခါးကိုပါတွဲဖက်ပေးလာသည်။

''ဦးလေးထွန်း အခန်းကိုခဏလိုက်ခဲ့ပေးပါလား''

အငယ်က ခြံစောင့်ကိုထွန်းကိုအကူညီတောင်းသည့်အခါ
ကိုထွန်းကလည်း ဟိန်းထက်ကိုကူတွဲပေးလာသည်။

လှေကားထစ်တွေကိုကျော်ပြီးသည့်အခါ အသာအယာပွင့်လာသော တံခါးတစ်ချပ်နဲ့အတူ လွှမ်းဝဏ္ဏထည်ထွက်လာသည်။

''ဟိန်းထက်''

ဟိန်းထက်အခြေနေကိုကြည့်ပြီး လွှမ်းဝဏ္ဏထည်ကြာကြာ
မအံ့သြတော့ပါ။ သက်ပြင်းရှိုက်ပြီး ရှေ့ကသွားကာ
တံခါးဖွင့်ပေးသည်။ အငယ်ရဲ့အိပ်ခန်းဆိုပေမယ့်
ဆေးကျောင်းတက်သူပီပီ အရေးပေါ်ဆေးစုံစုံလင်လင်ရှိသည်။

''ဘယ်လိုတွေစကားများကြလို့ အ​ခြေနေကဒီလောက်ဆိုးရတာလဲ''

လွှမ်းအမေးကိုဟိန်းထက်ပြုံးသည်။ အနာကပူစပ်လွန်းတော့ ဟိန်းထက်တစ်ချက် တစ်ချက် မျက်ခုံးတွန့် တွန့်မိသည်။

''ဒါသူ့စတိုင်ပဲလေ သူ့စကားမှနားမထောင်ရင်သူ့အမိန့်မှ
မနာခံရင် ရက်စက်ဖို့ဝန်မလေးဘူး တစ်ဘဝလုံးစာအတွက်ကိုမချစ်တဲ့သူနဲ့ရှေ့ဆက်ရအောင် ငါကခံစားတတ်တဲ့သက်ရှိလူသားလေ ငါချစ်တဲ့သူနဲ့ပဲရှေ့ဆက်ချင်တာပေါ့''

နားလည်​ပေးတတ်တဲ့လူတွေရှေ့ရောက်တဲ့အခါတိုင်း
ဟိန်းထက် ဝမ်းနည်းစွာနဲ့အမြဲရင်ဖွင့်ရသည်။ပွေတယ်ရှုပ်တယ် သုံးဖြုန်းတယ်တဲ့။ အဘိုးကိုရွဲ့ပြီးတမင်နာမည်ကြီးအောင်သာလုပ်ယူထားတာ။ တကယ်တမ်းအထဲကပွန်းပဲ့နေတာတွေကို အရင်းနှီးဆုံးဖြစ်တဲ့လွှမ်းတို့ကသာသိသည်။ အိမ်မကပ်ဖြစ်တဲ့အချိန်တွေဆိုဟိန်းထက်ပျော်ရွှင်မှုကိုရခဲ့ပေမယ့် အိမ်ပြန်ရောက်ချိန်စိတ်ကအလိုလိုလေးလာသည်။ ချစ်တဲ့မေမေရှိနေတာတောင်သူမပျော်ရပါ။

''သေသေချာချာထိုင် ''

အငယ်ကဆေးသေတ္တာပါမက ရေနွေး လက်အိတ်
အပြည့်အစုံနဲ့အတူ သူ့ရှေ့ရောက်လာသည်။ ခေါင်းငိုက်စိုက်နေတဲ့သူ့ကိုသေချာထိုင်ခိုင်းတဲ့အခါ ဟိန်းထက်ဆိုဖာကိုမှီချလိုက်သည်။ အငယ့်ကိုကြည့်တော့အငယ်က
တစ်ခုခုကိုအလိုမကျသလို မျက်မှောင်ကိုကြုတ်လို့။
ဦးဆုံးသူ့အနာတစ်ဝိုက်ကိုရေနွေးစိမ်ထားတဲ့ဂွမ်းလုံးလေးတွေနဲ့စလုပ်ပေးသည်။

နီးနီးကပ်ကပ်မြင်နေရတဲ့ငယ့်မျက်နှာကို ဟိန်းထက် သတိလွတ်ကာကြည့်နေမိသည်။

''လောလောဆယ် ငါ့ဆီမှာပဲနေ မင်းအဘိုးကတော့သေချာပေါက်ပြီးနိူင်ဦးမှာမဟုတ်ဘူး''

လွှမ်းကသူ့အတွက်အစ်ကိုရင်းလိုအမြဲတမ်းရှိနေပေးသူပီပီ ဒီတစ်ခေါက်လည်း သူ့အတွက်အစီစဥ်ချနေပြီ။

''အင်း သွားအိပ်တော့လေ သွေးကတစ်​ယောက်တည်း''

လွှမ်းဝဏ္ဏထည် က ခေါင်းညိတ်သည်။ သူ့အခြေနေကို
အသေအချာစစ်ကြည့်ပြီး အငယ့်ကိုကူညီဖို့ ခြံစောင့်ကို
မှာသွားသည်။

သွေးစီးတာများတာမို့ အင်္ကျီကသေချာပေါက်သွေးစွန်းနေပြီ။အရောင်ကအနက်မို့သာမမြင်ရပေမယ့် အတွေ့အထိက သိနေရသည်။ အငယ်ကတည်တည်ငြိမ်ငြိမ်နဲ့သာသူ့ဒဏ်ရာကို သေချာလုပ်ပေးနေသည်။

''ဒဏ်ရာကချုပ်မှရမယ် ''

''အင်း ကိုယ့်ကိုလည်းငယ်ချုပ်ပေးမှရမယ်''

ငယ့်လက်တစ်ဖက်ကို​ဆုပ်ကိုင်လိုက်တော့ ငယ်က ဆုပ်ကိုင်ထားတဲ့သူ့လက်ကိုတစ်ချက်ငုံ့ကြည့်ပြီးသူ့ကို
အကြည့်ဆုံလာသည်။

''ချုပ်ပေးရအောင်ဘာလုပ်ဖို့စဥ်းစားနေတာလဲ''

ငယ့်အမေးကြောင့် ဟိန်းထက် ငယ့်ကိုပြုံးပြလိုက်သည်။
ငယ်ကပါးနပ်သည်။ တစ်ခွန်းတည်းနဲ့အခြေနေကိုသဘောပေါက်တာ။

''မပြောတတ်ဘူး သူသတ်လို့ကိုယ်မသေရင် ကိုယ်သတ်လို့သူသေနိုင်တာမလို့ အဲ့လိုမဖြစ်ရအောင်အငယ်က
ကိုယ့်ကိုထိန်းပေးရမှာ''

''သူများယုတ်တာနဲ့လိုက်ယုတ်စရာလိုလို့လား''

''မသိဘူး ကိုယ်ကတော့ ငယ်ဆုံးမမှလိမ်မာမယ်''

သူ့ကိုငယ်ကစိုက်ပဲစိုက်ကြည့်ပြီး ဦးလေးထွန်း ကို
ပြန်အိပ်ဖို့ပြောသည်။ ဦးလေးထွန်းလည်းအရိပ်ကဲကို
ကြည့်ပြီးထွက်သွားပေးသည်။

''ဒါဆိုရင် သူ့​ခြေထောက်က ခင်ဗျားလက်ချက်ပဲ''

အတွေအဝေမရှိငယ်ကပြောချလာသည့်မို့ ဟိန်းထက်
အငယ့်ကိုနှုတ်ခမ်းစွန်းတို့ကွေးသည်အထိပြုံးပြလိုက်သည်။ငယ်ကတော်လိုက်တာ သူမပြောလည်းသိတယ်။

အဘိုးခြေထောက်တစ်ဖက်ဖြတ်ထားရတာ သူ့လက်ချက်ဆိုတာ မေမေကတောင်မသိ။ ဟိန်းထက် အနှစ်နှစ်လလ
ဖုံးကွယ်လာခဲ့ပေမယ့် ငယ်ကသူ့ကိုဖမ်းမိသွားသည်။

တော်လိုက်တဲ့ ကိုယ့်ရဲ့ငယ်ပါလေ။
.
.
.
အားလုံးကိုချစ်၏❤❤❤

--------------------------------------------------------------

2

Unicode
Zawgyi
~~~~~~

သူျပန္ေရာက္တာနဲ႕သူ႕အခန္းထဲေရာက္လာတဲ့အငယ္ကို
ေသြးတစ္ခ်က္မွ်အရင္ၾကည့္ၿပီး ညဝတ္အကၤ်ီလဲလိုက္သည္။ဦးကေတာ့သူတို႔ညီအစ္ကိုႏွစ္​​ေယာက္ေအးေဆးစကားေျပာရေအာင္ တမင္ေရွာင္ထြက္သြားေပးသည္။

အငယ္ေျပာခ်င္ေနတာေတြသိခ်င္ေနတဲ့အေၾကာင္းေတြကို
ေသြးေကာင္းေကာင္းသိေနသည္။အငယ္ကသူ႕ကို အစ္ကိုဟိန္းထက္လက္ထဲထည့္ေပးလိုက္တာကိုနားမလည္နိုင္
သည့္သေဘာ။ အငယ္နဲ႕ပတ္သက္ရင္ေမေမတို႔ကေသြးကို
အၿပီးအပ္ထားတာမို႔ယခုျဖစ္ေနသမွ်အားလုံးဟာ ေသြး
စီစဥ္လို႔လာျဖစ္လာျခင္း။

အငယ့္အတြက္ေစ့စပ္ပြဲကိုေသြးလူႀကီးအားလုံးနဲ႕တိုင္ပင္ၿပီးမွ လက္ခံလက္မွတ္ထိုးခဲ့တာျဖစ္ေပမယ့္ ကံယကာရွင္ျဖစ္တဲ့ အငယ့္ကိုေတာ့ သူအသိမေပးခဲ့။ ပိတ္ျငင္းမွာကို
သိေနတာမို႔ ေသြးတမင္မေျပာခဲ့တာ။

''ေမးေနတာမေျဖဘူး''

ေသြးမေျပာေတာ့ အငယ္ကစိတ္ဆိုးခ်င္ေနသလို။

''ဘယ္အခ်ိန္ေပၚလာမွန္းဘယ္သူမွန္းဘယ္ဝါမွန္းဘယ္လိုလူစားမွန္းမသိတဲ့တျခားသူထက္ အေၾကာင္းသိၿပီးသားအစ္ကိုဟိန္းထက္ကပိုသင့္ေတာ္တယ္ေလ အငယ္
နိုင္ငံျခားကိုေက်ာင္းသြားတဲ့အခါတိုင္းအစ္ကိုဟိန္းထက္ကိုယ္တိုင္လိုက္ပို႔တယ္ နိုင္ငံျခားထိလည္းကိုယ္တိုင္လိုက္ၿပီးေစာင့္ေရွာက္တယ္ အစစအရာရာလိုက္ၿပီးဂ႐ုစိုက္တယ္ ကာကြယ္တယ္ ေစာင့္ေရွာက္တယ္ ဒီေလာက္နဲ႕အေၾကာင္းျပခ်က္ကလုံေလာက္ေနၿပီမွတ္လား ''

မ်က္ႏွာကို ၾကည့္လိုက္တဲ့အခါ အငယ္ကမ်က္ႏွာလႊဲသည္။ သူဘယ္လိုပဲျငင္းမရေအာင္မွန္တာေတြကိုေျပာလိုက္ရင္ အငယ္က ႏႈတ္ပိတ္ၿပီးမ်က္ႏွာလႊဲတတ္သည္။

''ေလာကမွာေလ ခ်စ္တယ္ဆိုတဲ့စကားကိုလြယ္လြယ္နဲ႕ေျပာတတ္တဲ့လူေတြမ်ားတယ္ ဒါ​ေပမဲ့ခ်စ္တယ္ေျပာၿပီး
အၿပီးထိတာဝန္ယူတတ္တဲ့လူကနည္းတယ္ ရွားတယ္
အဲ့ဒါေၾကာင့္ ကိုယ့္ကိုအမွန္တကယ္ခ်စ္တဲ့လူရဲ႕လက္ထဲမွာပဲေနစမ္းပါငယ္ရာ အစ္ကိုဟိန္းထက္က ဘယ္သူ႕ကိုမွအေလွ်ာ့ေပးတတ္တဲ့လူမဟုတ္ဘူးေနာ္ ဒါေပမဲ့အငယ့္ကိုဆို သူအၿမဲတမ္းအေလွ်ာ့ေပးေနတာပဲမဟုတ္လား''

မွန္တာေျပာရင္အငယ္ကသိပ္လက္ခံခ်င္တဲ့လူစားမ်ိဳးမဟုတ္။ကေလးဆန္ဆန္ႏႈတ္ခမ္းကို႐ြဲ႕လိုက္ေသးသည္။
အမ်ားေတြအ​ျမင္မွာက်ေတာ့ အငယ္ကသိပ္ကိုတည္ၿငိမ္ၿပီးမာနႀကီးတာေပါ့။ တကယ္တမ္းမွာေတာ့ အားလုံးက
ဖူးဖူးမႈတ္ခ်စ္ၾကလို႔ တစ္ခါတေလ နားပိတ္ၿပီးကေလးဆန္ေနတာ။

''ၿပီးေတာ့ အငယ္လည္းအစ္ကိုဟိန္းထက္ကိုခ်စ္ေနတာပဲမဟုတ္လား''

''ဘယ္သူေျပာလဲ ေပါက္ကရေတြ''

မ်က္လုံးျပဴးနဲ႕ကပ်ာကယာထေမးလာတဲ့အငယ္ကိုၾကည့္ရင္း ေသြးၿပဳံးစိစိ။ ရွက္ေနတာ ရွက္ေနတာ ။ ေပၚမလာရင္မသိစိတ္ကေမွ်ာ္ေနၿပီး ေပၚလာျပန္ေတာ့ ေမာင္းထုတ္ျပန္တာ။ အငယ္က အစ္ကိုဟိန္းထက္ရဲ႕ လူရႈပ္လူေပြဆိုတဲ့ဘြဲ႕ေတာ္ေၾကာင့္ အစ္ကိုဟိန္းထက္ကို အယုံၾကည္နည္းေနတာ။

''ေနာက္ကိစၥေတြကိုေနာက္မွရွင္းၾကတာေပါ့အငယ္
ဘာမွေတြးပူမေနနဲ႕ အငယ့္ဘက္မွာအားလုံးရွိတယ္
အစ္ကိုဟိန္းထက္ကထိပ္ဆုံးကေပါ့ အခုျပန္အိပ္ေတာ့
ကိုႀကီးတို႔လည္းအိပ္ေတာ့မယ္ မနက္ျဖန္အလုပ္သြားရဦးမယ္''

''ဟြန့္ လင္ကိုဖက္အိပ္ခ်င္တာမ်ားအေၾကာင္းျပခ်က္
မ်ိဳးစုံနဲ႕ ''

အငယ့္အေျပာေအာက္မွာ ေသြးအူယားသျဖင့္ အိပ္ရာကိုျပင္ဆင္ရာက အငယ့္ကိုၿပဳံးၿပဳံးေလးလွည့္ၾကည့္သည္။

''အယ္ရိုးး ရွိလို႔ဖက္ခြင့္ရတာ ဖက္ရမွာေပါ့''

အငယ္ကေခါင္းခါၿပီးထြက္သြားသည္။ ဦးနဲ႕စိမ္းေနေသးတုန္းဆိုအငယ္က ေသြးတို႔အခန္းထဲသိပ္မလာတတ္။
ဦးနဲ႕ညီအစ္ကိုအရင္းလိုလည္းရင္းႏွီးသြားေရာ ေသြးနဲ႕က်
ရန္ျဖစ္ေပၚေတြျဖစ္သြားကုန္တာ။

ရင့္က်င့္တည္ၿငိမ္တဲ့အငယ္ရဲ႕ေျပာင္းလဲျခင္းက
အစ္ကိုဟိန္းထက္ေရာက္လာကတည္းကစခဲ့တာ။
အစ္ကိုဟိန္းထက္​ေၾကာင့္ပဲအငယ္ကအနိုင္ယူတတ္လာ
တယူသန္တတ္လာတာ။

အစ္ကိုဟိန္းထက္စတဲ့ဇာတ္လမ္းမို႔ ဇာတ္သိမ္းကိုလည္း အစ္ကိုဟိန္းထက္ကိုပဲေသြးသိမ္းခိုင္းလိုက္ျခင္း။ ဦးရွိေနတာမလို႔ အစ္ကိုဟိန္းထက္ကို ေသြးရာႏႈန္းျပည့္ယုံၾကည္ပါသည္။

~~~~~~

အငယ့္ကိုပိုင္ဆိုင္ခြင့္ရသြားတာကိုေတြးရင္းအိမ္ျပန္လမ္းမွာေပ်ာ္ေနရေပမယ့္ အိမ္ကိုအေရာက္မွာေတာ့
အၿပဳံးေတြကမ်က္စိတစ္မွိတ္နဲ႕ေပ်ာက္သြားကုန္သည္။
ေမေမက မ်က္ႏွာငယ္ေလး စိုးရိမ္ေနတဲ့မ်က္ဝန္းေလးနဲ႕သူ႕ကိုၾကည့္လာသည္။

''အဘိုးကစကားေျပာခ်င္လို႔တဲ့''

ေနာက္ဆက္တြဲကိုႀကိဳသိေနၿပီမလို႔ ဟိန္းထက္စိတ္ပ်က္ပ်က္နဲ႕သက္ျပင္းခ်လိဳက္သည္။

''အဘိုးကိုအေလွ်ာ့ေပးလိုက္ပါ သားရယ္''

ေမေမဒီလိုေျပာလာလိမ့္မယ္ဆိုတာဟိန္းထက္ႀကိဳသိေနၿပီမို႔ ထုံးစံအတိုင္း ၿပဳံးရင္းေခါင္းယမ္းျပလိုက္ပါသည္။
ေမေမကအားလုံးထက္ အဘိုးကိုပဲဦးစားေပးတာ။
အေဖဆိုတဲ့စိတ္နဲ႕ေမေမက အဘိုးစကားဆိုေျမဝယ္မက်နားေထာင္ေနလည္း ဟိန္းထက္ ကေတာ့မလုပ္နိုင္ပါ။

''လက္ထပ္တယ္ဆိုတာ တစ္ဘဝလုံးစာအတြက္ေလကြၽန္ေတာ္ကမခ်စ္တဲ့သူကိုဘာလို႔လက္ထပ္ရမွာ
အသက္သာအေသခံမယ္ လုံးဝအေလွ်ာ့မေပးနိုင္ဘူး''

အဘိုးရွိရာ ဧည့္ခန္းကိုဟိန္းထက္ခပ္တည္တည္သာသြားလိုက္သည္။ေနာက္က​ေျပးလိုက္လာေသာေမေမ့ကိုလ်စ္လ်ဴရႈရင္းနဲ႕​ေပါ့။

ဧည့္ခန္းမွာရွိေနတဲ့အဘိုးဟာအသက္ ၇၀နီးပါးဆိုေပမယ့္
လူကိုဆိုတာမထင္ရက္စရာ။ ေအးစက္စက္နဲ႕ နတ္ဆိုး
တစ္ပါးလိုျဖစ္ေနေတာ့ အိမ္ကအလုပ္သမားေတြမွာ ကိစၥကသူတို႔နဲ႕မဆိုင္ေပမယ့္ ေနရာမရျဖစ္ကုန္ၾကရွာတာ။
အဘိုးရဲ႕သမီးဟိန္းထက္အေမကလည္း လက္ႏွစ္ဖက္ကို
ပြတ္ေနသည္မွာ လက္အုပ္မခ်ီ႐ုံတမယ္။

''မင္းအခုဘယ္ကျပန္လာတာလဲ ျမတ္ဟိန္းထက္''

''သိေနတာပဲေလ ဘာလို႔ထပ္ေမး''

''မနက္ျဖန္သမီးသဲယုနဲ႕ေစ့စပ္ရမွာမင္းေမ့ေနတာလား
ဟမ္!''

''ေစာက္ဂ႐ုစိုက္စရာမလိုလို႔အငယ္ဆီသြားတာ''

ဟိန္းထက္က တမင္မထီမဲ့ျမင္သလိုေျပာေနလုပ္ေနတဲ့အခါ အဘိုးျဖစ္သူက ဆိုဖာကဆတ္ခနဲ႕ထရပ္သည္။
နံေဘးကေႂကြေကာ္ဖီခြက္ကိုအလ်င္အျမန္ရယ္ေကာက္ယူၿပီး ေရွ႕တည့္တည့္ရပ္ေနတဲ့ ဟိန္းထက္ကို
ရည္႐ြယ္ခ်က္ရွိရွိနဲ႕ပစ္ေပါက္ေနသည္။

ဟိန္းထက္ကမေရွာင္ေတာ့ ညာဘက္မ်က္ခုံးအနည္းငယ္နဲ႕
နဖူးျပင္ကိုထိမွန္သြားသည္။အရွိန္နဲ႕မို႔ နဖူးက
လက္တစ္လုံးစာကြဲသြားၿပီးေသြးနီနီေတြကတန္းစီးလာသည္။ေဒၚကလ်ာနဲ႕အလုပ္သမားေတြက အဘိုးျဖစ္သူကို ေၾကာက္လြန္းလို႔ ေျမေပၚေခါင္းစိုက္မတတ္ငုံ႕ေနေသာ္လည္း ဟိန္းထက္ကေတာ့ ညာဘက္မ်က္လုံးကိုဖုံးေတာ့မတတ္စီးက်လာတဲ့ေသြးေတြကိုလက္တစ္ဖက္နဲ႕အသားေလးသုတ္ေနသည္။

လက္ေရစိုသလိုစိုသြားတဲ့လက္ေပၚကေသြးေတြကို
ဟိန္းထက္ စိုက္ၾကည့္ၿပီးဟက္ခနဲေမာ့ရယ္သည္။

''သိတတ္စအ႐ြယ္ကစၿပီးအခ်ိန္ျပည့္သင္ခဲ့ရတဲ့ပညာေတြ ေက်ာင္းၿပီးကတည္းကစၿပီးအဆက္မျပတ္လုပ္ခဲ့ရတဲ့အလုပ္ေတြစီးပြားေရးေတြ အဲ့လိုအခ်ိန္ကုန္ခံအပင္ပန္းခံၿပီးရလာတဲ့ပိုင္ဆိုင္မႈေတြကို က်ဳပ္ခ်စ္တဲ့သူကိုပဲေပးသုံးနိုင္တယ္ေပးျဖဳန္းနိုင္တယ္ မခ်စ္တဲ့သူကိုေပးသုံးရေအာင္
ေပးျဖဳန္းရေအာင္က်ဳပ္ပရဟိတသမားမဟုတ္ဘူး
အဘိုးမေက်နပ္ရင္ႀကိဳက္သလိုလုပ္ ''

''မင္းငါ့ကိုစိန္ေခၚေနတာလား ​​ေျမးေယာက္်ားေလးက
မင္းတစ္ေယာက္ပဲရွိလို႔ငါကအလိုလိုက္လိမ့္မယ္အေလွ်ာ့ေပးလိမ့္မယ္ဆိုၿပီးထင္ေနတာလား''

''မထင္ပါဘူး အဘိုးက်ဴပ္ကိုတစ္ႀကိမ္ေတာင္သတ္ခဲ့ၿပီးၿပီပဲ ဒီတစ္ႀကိမ္နဲ႕ဆိုႏွစ္ႀကိမ္ေပါ့ မွတ္ထားေနာ္သုံးႀကိမ္သာရွိလာခဲ့မယ္ဆိုရင္ အဘိုးနဲ႕က်ဳပ္ ေသကြဲမကြဲရင္
ရွင္ကြဲ ကြဲၿပီ''

နဖူးေပၚကနာက်င္မႈထက္ ရင္ဘတ္ကနာက်င္မႈကပိုမ်ားသည္။ ေအာင့္သက္သက္နာက်င္ရေတာ့ ဟိန္းထက္လက္သီးကိုခပ္က်စ္က်စ္ဆုပ္ထားမိသည္။ အဘိုးဆိုတဲ့စိတ္နဲ႕ငဲ့ညာခဲ့ေပါင္းမ်ားေပမယ့္ ဟိန္းထက္ကပဲ အ လိုခံရသလိုျဖစ္ေနသည္။ ျဖစ္ေနေပါင္းလည္းမ်ားေနၿပီ။

ျပတ္ျပတ္သားသားေက်ာခိုင္းလိုက္ခ်ိန္အေနာက္က
အဘိုးရဲ႕သူ႕ကိုက်ိန္ဆဲသံ ပစၥည္းရိုက္ခြဲသံေတြညံလို႔ေနေပမယ့္ ဟိန္းထက္လွည့္မၾကည့္ခဲ့ပါ။ အေနာက္ကေျပးလိုက္လာတဲ့ေမေမ့ရဲ႕ေျခသံေအာ္သံေတြဟာ ဟိန္းထက္ကို အျမန္ပဲထြက္​ေျပးေစသည္။ ဟိန္းထက္ အျမန္နဲ႕ကားေပၚေျပးထြက္ၿပီး ကားကိုတန္းေမာင္းလိုက္ပါသည္။

ေမေမ့မ်က္ရည္ေတြျမင္ရင္စိတ္ကအလိုလိုေပ်ာ့သြားတာမလို႔ ဟိန္းထက္ ေမေမ့ကိုလုံးဝ လုံးဝလွည့္မၾကည့္ခဲ့ပါ။
အဘိုးကိုရႈံးနိမ့္ေပါင္းမ်ားစြာေတြဟာ ေမေမ့ေၾကာင့္လည္းပါခဲ့သည္။

အေပါင္းအသင္းေတြအကုန္အိမ္ေထာင္က်ကဳန္ၿပီးေနာက္ပိုင္း ဟိန္းထက္ မွာတစ္ခုခုဆို အငယ့္ဆီကလြဲ
တျခားဘယ္ေနရာမွသြားဖို႔မရွိပါ။ အခ်ိန္ေတြနာရီေတြကိုဂ႐ုမစိုက္နိုင္ဘဲ ကားကိုသာအရွိန္နဲ႕ေမာင္းေနသည္။

ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ငယ့္အခန္းကမီးလင္းေနေသးသည္။ ဘယ္ေလာက္႐ူးသြပ္ရလဲလိုအခန္းေလးကိုေငးၾကည့္ရ႐ုံနဲ႕တင္အပူကေပ်ာက္သည္။ ကနဦးက
ပူေလာင္ထား ေပါက္ကြဲထားသမွ်က အခန္းရွိရာရပ္ဝန္းကိုေရာက္တဲ့အခါ အားလုံးကေအးခ်မ္းသြားကုန္သည္။

၁၁နာရီေက်ာ္ေက်ာ္ေပမယ့္ ၿခံေစာင့္ကမအိပ္ေသး။
သူ႕ကားကိုရင္းႏွီးေနတဲ့အခါ သူ႕ကိုအလ်င္အျမန္ပဲတံခါး
ဖြင့္ေပးသည္။ သူကားပါကင္ထိုးေနတာကိုရပ္ၾကည့္ေနၿပီး သူကားေပၚကဆင္းလာတဲ့အခါမွာေတာ့ ပ်ာပ်ာသလဲနဲ႕
သူ႕အနားကိုေျပးလာသည္။

''အစ္ကိုႀကီးဘယ္လိုျဖစ္တာလဲ အဆင္ေျပရဲ႕လား ''

သူ႕နဖူးကဒဏ္ရာရယ္ေသြးေတြရယ္ကိုျမင္လို႔ျဖစ္မည္။
စိုးရိမ္တႀကီးျဖစ္ေနၿပီး အခုပဲ လႊမ္းကိုေျပးေခၚေတာ့
မလိုလို ေဆး႐ုံကားကိုေခၚေတာ့မလိုလို ပ်ာယာခတ္ေနသည္။

ဟိန္းထက္မလိုေၾကာင္း လက္ျပၿပီး ကားေရွ႕ေခါင္းတြင္ထိုင္ကာ ေခါင္းကိုငုံ႕မိသည္။ေခါင္းကဆစ္ဆစ္ကိုက္လာသလို မူးလည္းမူးလာသည္။

''ငယ့္ကိုေခၚေပးပါဦး ''

''ဟုတ္ကဲ့ ''

သူစကားဆုံးတာနဲ႕တန္းေနေအာင္ေျပးသြားသည္။
အငယ္ကသူဖုန္းေခၚရင္ကိုင္မွာမဟုတ္သလို စာပို႔ရင္လည္းၾကည့္မွာမဟုတ္။ ၾကည့္ခဲ့ရင္လည္းၾကည့္႐ုံသာ
ၾကည့္ေနတာမို႔။

ခဏအၾကာမွာေတာ့ ဟိန္းထက္ေမွ်ာ္ေနရတဲ့ငယ္က
ဟိန္းထက္ေရွ႕ကိုေရာက္လာသည္။ ဖဲသားညအိပ္ဝတ္စုံအျပာေလးနဲ႕ ခန့္ခန့္ညားညားရွိေနၿပီး သူ႕ကိုတအံ့တၾသ
ႀကီးၾကည့္လာသည္။

''ကိုယ္နာတယ္ငယ္ ေခါင္းလည္းကိုက္တယ္ မူးလည္းမူးတယ္''

အငယ္ကစကားေျပာၿပီးေမ့ေနသေယာင္သူ႕ကိုၾကည့္ေနတာေၾကာင့္ ဟိန္းထက္အရင္ေျပာလိုက္ပါသည္။ ထိုအခါ
မွ မ်က္ေတာင္ခတ္သည္။

''လာ ထ''

လက္ေမာင္းတစ္ဖက္ကိုတြဲၿပီးထလာခိုင္းသျဖင့္
ဟိန္းထက္ ထလိုက္ပါသည္။ မူးခနဲျဖစ္သြားသျဖင့္
ဟိန္းထက္ တစ္ခ်က္ယိုင္သြားသည္။ အငယ္ကအျမန္ထိန္းေပးၿပီးသူ႕ခါးကိုပါတြဲဖက္ေပးလာသည္။

''ဦးေလးထြန္း အခန္းကိုခဏလိုက္ခဲ့ေပးပါလား''

အငယ္က ၿခံေစာင့္ကိုထြန္းကိုအကူညီေတာင္းသည့္အခါ
ကိုထြန္းကလည္း ဟိန္းထက္ကိုကူတြဲေပးလာသည္။

ေလွကားထစ္ေတြကိုေက်ာ္ၿပီးသည့္အခါ အသာအယာပြင့္လာေသာ တံခါးတစ္ခ်ပ္နဲ႕အတူ လႊမ္းဝဏၰထည္ထြက္လာသည္။

''ဟိန္းထက္''

ဟိန္းထက္အေျခေနကိုၾကည့္ၿပီး လႊမ္းဝဏၰထည္ၾကာၾကာ
မအံ့ၾသေတာ့ပါ။ သက္ျပင္းရွိုက္ၿပီး ေရွ႕ကသြားကာ
တံခါးဖြင့္ေပးသည္။ အငယ္ရဲ႕အိပ္ခန္းဆိုေပမယ့္
ေဆးေက်ာင္းတက္သူပီပီ အေရးေပၚေဆးစုံစုံလင္လင္ရွိသည္။

''ဘယ္လိုေတြစကားမ်ားၾကလို႔ အ​ေျခေနကဒီေလာက္ဆိုးရတာလဲ''

လႊမ္းအေမးကိုဟိန္းထက္ၿပဳံးသည္။ အနာကပူစပ္လြန္းေတာ့ ဟိန္းထက္တစ္ခ်က္ တစ္ခ်က္ မ်က္ခုံးတြန့္ တြန့္မိသည္။

''ဒါသူ႕စတိုင္ပဲေလ သူ႕စကားမွနားမေထာင္ရင္သူ႕အမိန့္မွ
မနာခံရင္ ရက္စက္ဖို႔ဝန္မေလးဘူး တစ္ဘဝလုံးစာအတြက္ကိုမခ်စ္တဲ့သူနဲ႕ေရွ႕ဆက္ရေအာင္ ငါကခံစားတတ္တဲ့သက္ရွိလူသားေလ ငါခ်စ္တဲ့သူနဲ႕ပဲေရွ႕ဆက္ခ်င္တာေပါ့''

နားလည္​ေပးတတ္တဲ့လူေတြေရွ႕ေရာက္တဲ့အခါတိုင္း
ဟိန္းထက္ ဝမ္းနည္းစြာနဲ႕အၿမဲရင္ဖြင့္ရသည္။ေပြတယ္ရႈပ္တယ္ သုံးျဖဳန္းတယ္တဲ့။ အဘိုးကို႐ြဲ႕ၿပီးတမင္နာမည္ႀကီးေအာင္သာလုပ္ယူထားတာ။ တကယ္တမ္းအထဲကပြန္းပဲ့ေနတာေတြကို အရင္းႏွီးဆုံးျဖစ္တဲ့လႊမ္းတို႔ကသာသိသည္။ အိမ္မကပ္ျဖစ္တဲ့အခ်ိန္ေတြဆိုဟိန္းထက္ေပ်ာ္႐ႊင္မႈကိုရခဲ့ေပမယ့္ အိမ္ျပန္ေရာက္ခ်ိန္စိတ္ကအလိုလိုေလးလာသည္။ ခ်စ္တဲ့ေမေမရွိေနတာေတာင္သူမေပ်ာ္ရပါ။

''ေသေသခ်ာခ်ာထိုင္ ''

အငယ္ကေဆးေသတၱာပါမက ေရႏြေး လက္အိတ္
အျပည့္အစုံနဲ႕အတူ သူ႕ေရွ႕ေရာက္လာသည္။ ေခါင္းငိုက္စိုက္ေနတဲ့သူ႕ကိုေသခ်ာထိုင္ခိုင္းတဲ့အခါ ဟိန္းထက္ဆိုဖာကိုမွီခ်လိဳက္သည္။ အငယ့္ကိုၾကည့္ေတာ့အငယ္က
တစ္ခုခုကိုအလိုမက်သလို မ်က္ေမွာင္ကိုၾကဳတ္လို႔။
ဦးဆုံးသူ႕အနာတစ္ဝိုက္ကိုေရႏြေးစိမ္ထားတဲ့ဂြမ္းလုံးေလးေတြနဲ႕စလုပ္ေပးသည္။

နီးနီးကပ္ကပ္ျမင္ေနရတဲ့ငယ့္မ်က္ႏွာကို ဟိန္းထက္ သတိလြတ္ကာၾကည့္ေနမိသည္။

''ေလာေလာဆယ္ ငါ့ဆီမွာပဲေန မင္းအဘိုးကေတာ့ေသခ်ာေပါက္ၿပီးနိူင္ဦးမွာမဟုတ္ဘူး''

လႊမ္းကသူ႕အတြက္အစ္ကိုရင္းလိုအၿမဲတမ္းရွိေနေပးသူပီပီ ဒီတစ္ေခါက္လည္း သူ႕အတြက္အစီစဥ္ခ်ေနၿပီ။

''အင္း သြားအိပ္ေတာ့ေလ ေသြးကတစ္​ေယာက္တည္း''

လႊမ္းဝဏၰထည္ က ေခါင္းညိတ္သည္။ သူ႕အေျခေနကို
အေသအခ်ာစစ္ၾကည့္ၿပီး အငယ့္ကိုကူညီဖို႔ ၿခံေစာင့္ကို
မွာသြားသည္။

ေသြးစီးတာမ်ားတာမို႔ အကၤ်ီကေသခ်ာေပါက္ေသြးစြန္းေနၿပီ။အေရာင္ကအနက္မို႔သာမျမင္ရေပမယ့္ အေတြ႕အထိက သိေနရသည္။ အငယ္ကတည္တည္ၿငိမ္ၿငိမ္နဲ႕သာသူ႕ဒဏ္ရာကို ေသခ်ာလုပ္ေပးေနသည္။

''ဒဏ္ရာကခ်ဳပ္မွရမယ္ ''

''အင္း ကိုယ့္ကိုလည္းငယ္ခ်ဳပ္ေပးမွရမယ္''

ငယ့္လက္တစ္ဖက္ကို​ဆုပ္ကိုင္လိုက္ေတာ့ ငယ္က ဆုပ္ကိုင္ထားတဲ့သူ႕လက္ကိုတစ္ခ်က္ငုံ႕ၾကည့္ၿပီးသူ႕ကို
အၾကည့္ဆုံလာသည္။

''ခ်ဳပ္ေပးရေအာင္ဘာလုပ္ဖို႔စဥ္းစားေနတာလဲ''

ငယ့္အေမးေၾကာင့္ ဟိန္းထက္ ငယ့္ကိုၿပဳံးျပလိုက္သည္။
ငယ္ကပါးနပ္သည္။ တစ္ခြန္းတည္းနဲ႕အေျခေနကိုသေဘာေပါက္တာ။

''မေျပာတတ္ဘူး သူသတ္လို႔ကိုယ္မေသရင္ ကိုယ္သတ္လို႔သူေသနိုင္တာမလို႔ အဲ့လိုမျဖစ္ရေအာင္အငယ္က
ကိုယ့္ကိုထိန္းေပးရမွာ''

''သူမ်ားယုတ္တာနဲ႕လိုက္ယုတ္စရာလိုလို႔လား''

''မသိဘူး ကိုယ္ကေတာ့ ငယ္ဆုံးမမွလိမ္မာမယ္''

သူ႕ကိုငယ္ကစိုက္ပဲစိုက္ၾကည့္ၿပီး ဦးေလးထြန္း ကို
ျပန္အိပ္ဖို႔ေျပာသည္။ ဦးေလးထြန္းလည္းအရိပ္ကဲကို
ၾကည့္ၿပီးထြက္သြားေပးသည္။

''ဒါဆိုရင္ သူ႕​ေျခေထာက္က ခင္ဗ်ားလက္ခ်က္ပဲ''

အေတြအေဝမရွိငယ္ကေျပာခ်လာသည့္မို႔ ဟိန္းထက္
အငယ့္ကိုႏႈတ္ခမ္းစြန္းတို႔ေကြးသည္အထိၿပဳံးျပလိုက္သည္။ငယ္ကေတာ္လိုက္တာ သူမေျပာလည္းသိတယ္။

အဘိုးေျခေထာက္တစ္ဖက္ျဖတ္ထားရတာ သူ႕လက္ခ်က္ဆိုတာ ေမေမကေတာင္မသိ။ ဟိန္းထက္ အႏွစ္ႏွစ္လလ
ဖုံးကြယ္လာခဲ့ေပမယ့္ ငယ္ကသူ႕ကိုဖမ္းမိသြားသည္။

ေတာ္လိုက္တဲ့ ကိုယ့္ရဲ႕ငယ္ပါေလ။
.
.
.
အားလုံးကိုခ်စ္၏❤❤❤

Continue Reading

You'll Also Like

55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
10.8M 251K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
3.8M 160K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1M 91.2K 40
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...