3

295 26 6
                                    

3

Unicode
Zawgyi

ဒဏ်ရာကိုထုံဆေးမပါဘဲ အစိမ်းသက်သက်အချုပ်ခံမယ့်ဟိန်းထက်ကို အငယ် လုပ်ပေးရုံကလွဲပြီးမတတ်နိုင်တော့။ အိမ်မှာထုံဆေးမရှိလို့ဆေးရုံသွားမယ်ဆိုမသွား
ဆေးခန်းလည်းမရ။ ဆေးရုံဆေးခန်းကြောက်တဲ့ကလေးတွေလို့ ဘူး တစ်လုံးကိုဆောင်ထားပြီး ပေတေနေသည်။

အစိမ်းချူပ်ပေးလိုက်တော့ နာတယ်ဆိုတဲ့အကြောင်း
ပြချက်နဲ့အငယ်ခါးကိုလက်တစ်ဖက်နဲ့ဖက်ပွေ့ထားသည်။
လက်ချောင်းတွေကတစ်ချက်တစ်ချက်အငယ်ခါးကိုဖျစ်ညှစ်နေသေးတာကြောင့် အငယ်အလုပ်ရှုပ်နေတဲ့လက်တစ်ဖက်ကိုခဏပေးနားရင်း စိတ်ဆောင်နေတဲ့အရာတစ်ခုကိုခပ်မြန်မြန်လုပ်လိုက်သည်။

ဘုန်းး!

အငယ် ဟိန်းထက် ကျောပြင်ကိုလက်ဝါးနဲ့အုပ်ပစ်လိုက်ခြင်း။ လန့်လည်းလန့်ကျောလည်းစပ်သွားတော့
ဟိန်းထက်  အငယ်ကိုပေစောင်းပြီးကြည့်လာသည်။

''လူနာကိုနော် ငယ်''

''နာလည်းကြည့်နာလေ လက်ကဘာလို့အသားယူတာ''

မကျေနပ်တာကိုအငယ်ထုတ်ပြောတော့ ဟိန်းထက်က
နှစ်လိုဖွယ်ပြုံးသည်။

''ငယ်မကျေနပ်ရင်ကိုယ့်ကိုပြန်ပြီးအသားယူလို့ရတယ်လေ အဝတ်တွေဆွဲချွတ်ရုံမကလို့ တစ်ကိုယ်လုံးကိုတက်ခွဲ
မုဒိမ်းကျင့်ပြီးအသားယူလည်းရတယ်သိလား ကိုယ်ကသဘောကောင်းတယ်''

ဖြောင်း!!

''အ့ ငယ်နော် ''

လက်မောင်းတစ်ဖက်ကပါထပ်ပြီးအတီးခံရတဲ့အခါ
ဟိန်းထက် ကိုယ့်လက်မောင်းကိုယ်ပွတ် မျက်မှောင်လေးကုပ်ပြီး အငယ်ပေါ်ဝုန်းခနဲပြိုချပစ်နေသည်။အားချင်း
ယှဥ်ရင်အငယ်ကငယ်သူမို့ ယိုင်ပါယိုင်သွားသည်။

ဒဏ်ရာကိုချုပ်နေရင်းတန်းလန်းမို့ အငယ်လန့်သလို
ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တဲ့လူကြောင့် စိတ်ညစ်မိသည်။

''ခင်ဗျားဘယ်လိုတွေဖြစ်နေတာလဲ ဒဏ်ရာရှိနေတာကိုပေါ့ပြက်ပြက်နဲ့သေချင်နေပြီလား''

ဟိန်းထက် သက်ပြင်းရှိုက်ရင်း ပြန်ထပြီးအငယ့်ကိုမျက်နှာချင်းဆိုင်ပြန်ကြည့်သည်။ အငယ်ကသူ့အကျင့်အတိုင်းကြိမ်းမောင်းလိုက်တာဆိုပေမယ့် စိတ်ရှုပ်နေတဲ့ဟိန်းထက်အတွက်တော့ အငယ့်မေးခွန်းက သူ့ကိုအ​ဖြေပေးသလိုဖြစ်နေသည်။

Private Worship Where stories live. Discover now