'ရှင် ကြာကူလီအဖြစ်ခံနိုင်ပေမယ့် ကျမ ဖောက်ပြန်တဲ့မိန်းမမလုပ်နိုင်ဘူး ဖယ် လွှတ်''
''ဒါဆိုလည်း မင်းသဘောမပါဘူးလို့ပြောပေါ့ လူတွေကို..
အရာအားလုံးကိုယ့်ဘက်ကပါ ကိုယ့်သဘောပါလို့ ဘယ်တုန်းကမှလည်း မင်းသဘောပါခဲ့တာမှမဟုတ်တာ...''
ပြောရင်း နားနားကပ်ပြီး
''ချစ်တယ်''
လေတိုးသံသဲ့သဲ့အဆုံးမှာ သူ့အနမ်းတွေက လည်တိုင်ဆီပြန်ရောက်တယ်။
လက်တစ်ဖက်က ရင်သားမို့မို့တွေကို ဆုတ်နယ်လာပြီး အသက်ရှူသံတွေပြင်းလာတယ်။
ဆိုယွန်းအားလေးနဲ့တတ်နိူင်သမျှရုန်းနေပေမယ့် ရုန်းလေပိုနမ်းလေဖြစ်တဲ့ သူ့ရင်ခွင်ထဲမှာ
ရုန်းလေနစ်လေ။
ဘာဒါ ဆိုယွန်းကို ပွေ့ချီလိုက်ပြီး မွေ့ယာအကျယ်ကြီးပေါ်ပစ်ချလိုက်တယ်။
အိခနဲနစ်ဝင်ပြီး ပြန်မြှောက်တက်သွားတဲ့ ခန္ဓာကိုယ်လေးက ဂါဝန်ဇစ်ဖြုတ်ခံထားရလို့ ဖရိုဖရဲ။ ဆိုယွန်း ထထိုင်ပြီး နောက်ဆုတ်ပေမယ့် ဘာဒါ့အုပ်မိုးမှုအောက်မှာ မလူးသာ မလွန့်သာ။ အဝင်ဝမှာ ဒေါက်ဖိနပ်တောင်မချွတ်ခဲ့ရပဲ သူချီလာတော့ တစ်ဖက်က အခန်းထဲကျွတ်ကျကျန်ခဲ့တယ်။ ကျန်တစ်ဖက်က ဖိနပ်စီးလျက်သားနဲ့တော်တော့်ကို ပရမ်းပတာဆန်နေတယ်။
ဘာဒါက ဆိုယွန်းကို အိပ်ယာပေါ်တွန်းလှဲလိုက်ပြီး ရင်နှစ်မွှာဆီ မျက်နှာအပ်တယ်။ ဆူဖြိုးလှတဲ့ ရင်အစုံက သူ့ကို မရပ်တန့်နိုင်အောင် တပ်လှန့်နေတယ်။
သည်းခံထားရလို့ပေါင်ကြားထဲကအောင့်တောင်အောင့်နေပြီမို့ စိတ်ကိုလွှတ်ပြီး အတင်းနမ်းနေမိတယ်။ ဂါဝန်ကိုဆွဲချွတ်ပြီး ခြေရင်းကိုလွှင့်ပစ်လိုက်တယ်။
ပင်တီဇာအဖြူလေးက သူ့ကိုဖိတ်ခေါ်နေသလို။
နို့တွေဆီမျက်နှာအပ်ပြီး ထိပ်လေးကို လျှာဖျားနဲ့သပ်ရင်း မော့ကြည့်လိုက်တော့ ဆိုယွန်းက အသံမထွက်အောင်ကြိတ်ခံပြီး အိပ်ယာခင်းစကို တင်းနေအောင်ဆုပ်တယ်။
လက်တစ်ဖက်ကို အောက်ကိုလျှောဆင်းလိုက်ရင်း ပင်တီပေါ်ကပဲ လက်ခလယ်နဲ့ အကွဲလေးကို ဖိဆွဲလိုက်တော့
''အာ့ ဟာ့ အာ့
တော်..တော်ပါတော့ တောင်းပန်ပါတယ်''
ဘာဒါ ဆိုယွန်းပင်တီကို ဘေးကိုဆွဲပြီး လက်ခလယ်တစ်ချောင်းထည့်လိုက်တော့
ဆိုယွန်းမျက်ရည်ပေါက်ခနဲကျတယ်။ ဘာဒါ ခပ်သွက်သွက်သွင်းထုတ်လုပ်ပေးမယ်ပြင်ရင်း ဆိုယွန်းကိုမော့ကြည့်လိုက်တော့ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျပြီး မျက်နှာလွှဲထားတာကြောင့် ဘာဒါလက်ကို ရပ်လိုက်တယ်။ မွှန်နေတဲ့စိတ်တွေပျောက်ပြီး စိုးရိမ်စိတ်တွေ အစားဝင်လာတယ်။
ဆိုယွန်းကို ဆွဲပွေ့လိုက်ပြီး
''ဆိုယွန်း
ကိုယ် ကိုယ်တောင်းပန်ပါတယ်
ဆိုယွန်း မကြိုက်ရင် မလုပ်တော့ပါဘူး
ကိုယ် ကိုယ်အရမ်းလွမ်းနေခဲ့တာမို့လို့ပါ.. ဆိုယွန်းရယ်..ကိုယ်တောင်းပန်ပါတယ် ''
ပြောပြီး ဘာဒါ ဆိုယွန်းကို တင်းနေအောင်ဖက်ထားမိတယ်။
ဆိုယွန်း ဆံပင်တွေထဲ မျက်နှာအပ်ပြီး တောင်းပန်တယ်လို့ တဖွဖွပြောနေမိတယ်။ သူ့ရင်ခွင်ထဲက မရုန်းပဲငိုရှိုက်နေတဲ့ဆိုယွန်းကိုယ်လေးကို နောက်တစ်ခါပျောက်သွားမှာ စိုးရိမ်နေမိတယ်။
နောက်အိမ်ထောင်ဆိုတဲ့လူဆီ ပြန်သွားမှာလည်းကြောက်တယ်။
ဘယ်လိုလုပ်ရမလဲ ဆိုယွန်းရယ်...
ကိုယ့်အပြစ်ကြွေးတွေကို မင်းအနားမှာပဲနေပြီး ဆပ်ပါရစေလား..
ဘာဒါအတန်ကြာထွေးဖက်ထားပြီး ဆိုယွန်းအငိုတိတ်သွားတော့ စောင်လေးခြုံပြီး အိပ်ယာပေါ်လှဲစေလိုက်တယ်။
ဆိုယွန်းက သူ့ကို ကျောပေးပြီး လှဲလိုက်တာမို့ နောက်က ဝင်လှဲပြီး ဆိုယွန်းခေါင်းလေးကို သူ့လက်မောင်းပေါ်တင်လိုက်တယ်။ ကျန်တဲ့လက်တစ်ဖက်က တကိုယ်လုံးကို ပွေ့ထားတာကြောင့် အမြင့်ဆုံးဖြစ်နေတဲ့ ခံစားချက်တွေကို ရုတ်တရက်ကြီးထိန်းချုပ်လိုက်ရတဲ့ သူ့ရင်ခုန်သံတဒုန်းဒုန်းကို ဆိုယွန်းအတိုင်းသားကြားရတယ်။
ညတွေမှာ
မခိုဝင်ရတာကြာပြီဖြစ်တဲ့ သူရင်ခွင်ကျယ်က အရင်လိုပဲနွေးထွေးနေတုန်း။
ဆိုယွန်း သာယာမိတဲ့စိတ်ကို အတင်းဖြေဖျောက်ပြီး အတန်ကြာငြိမ်သက်နေတော့ သူက ဆိုယွန်းအိပ်ပျော်သွားပြီလို့ ထင်ပုံရတယ်။
ဖြည်းဖြည်းလေးထပြီး လက်ကိုဆွဲထုတ်နေတာကြောင့် ပြန်တော့မယ်ဆိုတာ သိလိုက်တယ်။
ဆိုယွန်း မသိသလိုနဲ့ သူ့ဘက်လှည့်အိပ်လိုက်တော့ ချက်ချင်းပြန်လှဲအိပ်ပြီး ဆိုယွန်းပေါ်က စောင်ကို သေချာပြန်ခြုံပေးတယ်။
တကယ်တော့ သူစိတ်ထိန်းလို့မရသေးလို့ ထပြေးချင်နေတာဆိုယွန်းသိသားပဲ။
တမင်ညစ်ပြီး သူ့ကိုယ်ပေါ်လက်တင်လိုက်တယ်။
ဘာဒါက ဆိုယွန်းခေါင်းအုံးလို့ရအောင် လက်ဆန့်ထားပေးပေမယ့် လူကတော့ ဆိုယွန်းဘက်မလှည့်ပဲ ပက်လက်ကြီး ဆန့်ဆန့်ကြီးနဲ့ မျက်နှာကလည်း ဟိုဘက်ကိုလွှဲထားတယ်။
ဆိုယွန်းက သူဆွဲချွတ်ထားလို့ တကိုယ်လုံးမှာ ပင်တီတစ်ခုပဲရှိတာလေ။
နို့တွေကလည်း သားလေးကိုနို့တိုက်ရလို့ ကြီးနေတာဆိုတော့ သူလည်းမရိပ်မိပဲမနေဘူး။
စောင်တစ်ထည်ထဲ ခြုံထားရတာကြောင့် သူတော်တော်ဒုက္ခရောက်နေတယ်။
ခြေထောက်နှစ်ချောင်းကို ကျစ်နေအောင်ချိတ်ထားပြီး ချွေးတောင်ပြန်နေတယ်။
ဆိုယွန်း တမင်ခြေဖျားလေးနဲ့ သူ့ခြေထောက်ကို
ထိထားလိုက်တော့ တောင့်သွားတဲ့သူ့ခန္ဓာကိုယ်ကို ခံစားမိတယ်။
(သွားဆွနေ ဟိုက ထလုပ်လို့🙄)
မျက်နှာကိုလည်း သူ့လည်တိုင်မှာ အပ်ပြီး အိပ်ပျော်အောင်အိပ်လိုက်တယ်။
သူဘယ်ချိန်အိပ်သွားလဲ ဆိုယွန်းမသိတော့ဘူး..။
အိပ်မက်တွေက ဒီတစ်ညတော့နွေးပါတယ်..။
ဘာဒါ တစ်ညလုံး ထန်နေတဲ့စိတ်တွေကို ချွန်းအုပ်ရုန်းကန်ရင်း အိပ်ပျော်ဖို့နေနေသာသာ ရင်ခွင်ထဲက ဆိုယွန်းကို ငုံ့မကြည့်မိဖို့ကြိုးစားနေရတယ်။
မျက်နှာကြက်ကို စိုက်ကြည့်ရင်း မိုးမြန်မြန်လင်းပါစေလို့ပဲ ဆုတောင်းနေမိတယ်။
တချက်တချက်ပြင်းလာတဲ့ ကိုယ့်အသက်ရှူသံကို ပြန်ဖမ်းရင်း ဆိုယွန်းရဲ့အထိအတွေ့တွေကို အာရုံထဲမရောက်အောင်ဖယ်ထုတ်ရင်း နာရီလက်တံရဲ့အသံတချက်ချက်ကို လိုက်မှတ်နေရတယ်။
မိုးလင်းခါနီးတော့ ဆိုယွန်းက သူရင်ခွင်ထဲကထွက်ပြီး ကျောပေးပြီးအိပ်ပျော်သွားတယ်။
ဘာဒါ ကုတင်ပေါ်က အပြေးထပြီး ခြေထောက်ဖွဖွနင်းပြီး ကိုယ့်အခန်းကို ပြန်ကာ ရေချိုးခန်းထဲခအပြေးဝင်ရတယ်။
သြော် နှိပ်စက်တာများး
နမ်းနေတုန်းက ငိုနေတာ သူ မဟုတ်တဲ့အတိုင်း
အိပ်တဲ့အခါကျ ဖက်ထားလိုက်တာ..
ရေချိုးခန်းက ထွက်လာတော့ မနက် ၅နာရီထိုးခါနီးပြီ။
အဲတော့မှ ဘာဒါ အိပ်ယာပေါ်ပစ်လှဲချလိုက်ပြီး အိပ်ပျော်သွားတော့တယ်။
မနက်မိုးလင်းတော့ Partner Companyတွေထဲက တစ်ခုက အလုပ်ကိစ္စသီးသန့်ဆွေးနွေးချင်လို့ပါတဲ့။ ရေမိုးချိုးပြီး အခန်းပြင်ထွက်တော့ ဆိုယွန်းအခန်းဘက်လှည့်ကြည့်မိတယ်။ တံခါးခေါက်ရင် ကောင်းမလားတွေးမိပေမယ့် အလုပ်ကိစ္စလည်းရှိသေးတော့ ပြန်တက်လာမှ ခေါ်မယ်လို့တွေ့ပြီး ဆင်းလာခဲ့တယ်။
Lobbyမှာစောင့်နေမယ်လို့ပြောတာမို့ အောက်ရောက်တော့ ဟိုဟိုဒီဒီလှည့်ကြည့်နေတုန်း
''အာပါးးးးး''
သုံးနှစ်ရှိမလား ၄နှစ်ရှိမလားမပြောတတ် ကလေးလေးတစ်ယောက် သူ့ဆီပြုံးရယ်ပြီး အာပါးလို့ခေါ်ပြီးပြေးလာတယ်။
ရုတ်တရက်ကြောင်သွားပြီး နောက်ကို လှည့်ကြည့်တော့ ဘယ်သူမှမရှိ။ ကလေးလေးက အနားရောက်လာတော့ ပိုသေချာသွားတာက သူ့ကိုပဲ စိုက်ကြည့်နေပြီ ပြုံးနေတဲ့မျက်လုံးလေးတွေကြောင့် ဘာဒါထိုင်ချလိုက်တော့ လည်ပင်းကိုတွဲခိုပြီး အတင်းဖက်တယ်။
ဘာဒါ ကောက်ချီလိုက်တော့ ဘာဒါ့ပါးကိုနမ်းပြီး
''အာပါး သားဆီလာတာလား''
''မင်း တစ်ယောက်ထဲလား အိုမားရော အိုမား''
မေးနေတုန်း မိန်းမကြီးတစ်ယောက် ခပ်သုတ်သုတ်လျှောက်လာတယ်။
''သားငယ်လေး လီမြောင်ဝူး ဟယ် အားနာစရာ လာ လာ အဘွားဆီလာ''
''အဘွား သားအဖေက သားကိုလာခေါ်တာတဲ့ အိုမားဆီခေါ်သွားရအောင်''
''တောင်းပန်ပါတယ်ကွယ် ကလေးက အဲလိုပဲ လက်တွဲထားလည်း ရုန်းပြီးထွက်ပြေးတာ''
''ဟုတ် ရပါတယ် သူ့အဖေလို့ထင်နေတာဖြစ်မယ်''
အန်တီကြီးက ကလေးကိုပြောင်းချီလိုက်ပြီး
''အဖေက အဝေးကြီးမှာလို့ပြောထားတယ်လေ ''
''အိုမားကပြောတယ် သားဆေးသောက်ရင် အာပါးက လာတွေ့မှာတဲ့ ''
''အရမ်းစကားတတ်တာပဲ ကလေးအဖေက ဒီမှာမရှိဘူးထင်တယ်''
''ဟုတ်တယ် တောင်းပန်ပါတယ်နော်''
''အာ ရပါတယ် ရပါတယ် ''
ဘာဒါ ကလေးလေးတို့မြေးအဘွားထွက်သွားတာကိုလိုက်ကြည့်နေမိတယ်။ ကလေးက သူ့အဖေကိုထားခဲ့တယ်ဆိုပြီး ငိုယိုပြီးပြန်လိုက်သွားတယ်လေ။
စောင့်နေတဲ့ Companyကလူတွေကိုတွေ့တော့ အလုပ်ကိစ္စတွေဆွေးနွေးကြတယ်။
သူတို့က ဘာဒါတို့projectအသစ်အကြောင်းကို သတင်းကြားထားပြီး သူတို့Companyနဲ့တွဲလုပ်ချင်ကြောင်းလာကမ်းလှမ်းကြတာ။ သူတို့ Companyလည်း Boryeongကပဲမို့လို့ ဘာဒါမျက်စိကျနေတဲ့ ကမ်းခြေမြို့ပဲလေ။
ပြောပြီးကြလို့ အပေါ်ပြန်တက်တော့ ဆိုယွန်းအခန်းကို တံခါးခေါက်လိုက်တယ်။
ဘာမှပြန်မဖြေတော့ ဖုန်းခေါ်မယ်စဥ်းစားပေမယ့် ဖုန်းနံပါတ်လည်းမသိ။ မန်နေဂျာချုပ်ဂျောင်ဖုန်းနံပါတ်သိပေမယ့် အလုပ်ကိစ္စလည်းမဟုတ်တော့ ဘာကိစ္စလဲဆို မင်းအစ်မကိုလွမ်းလို့လို့ဖြေနေရမယ်မလား။ ထိုစဥ် Room serviceဝင်ဖို့ ဝန်ထမ်းတွေလာတယ်။
ဘာဒါမေးလိုက်တော့ မနက်ကပဲ ပြန်သွားပြီတဲ့။ အေးပါကွာ။
သူလည်းပြန်ရတော့မှာလေ။
Boryeongကို လိုက်သွားရင်ကောင်းမလားလို့တွေးနေပေမယ့် ဆိုးလ်ရုံးချုပ်ကိုလည်း ပြန်ရဦးမယ်။ အခုမှလက်လွှဲယူထားတာဖြစ်တဲ့အပြင် Studioဘက်ကိုလည်း ပစ်ထားသလိုဖြစ်နေတာကြောင့် သွားစီမံပေးရဦးမယ်။ ဟူးးး ဆိုးလ်ကို ပြန်သွားတုန်း ဆိုယွန်းက ထပ်ပျောက်သွားရင်ဘယ်လိုလုပ်မလဲ။
မန်နေဂျာဂျောင်နဲ့အဆက်အသွယ်မပြတ်အောင်နေရမှာပဲလို့တွေးလိုက်တယ်။
နေ့လည်ကျ ဆိုးလ်ကို ကားမောင်း
ပြန်လာခဲ့လိုက်ရတယ်။
တစ်လမ်းလုံး မနေ့က ဆိုယွန်းထိုင်သွားတဲ့lover seatလေးကို လှည့်တကြည့်ကြည့်နဲ့ပေါ့။
ဆိုယွန်းကို ဂျယ်ဟွန်းလာကြိုတယ်။
သားကလည်းသတိရနေပြီမို့လို့ လိုက်ချင်တယ်ပူဆာတော့ အန်တီရော သားလေးပါ အတူလာကြိုကြတယ်။ ဆိုယွန်းအပေါ်ကဆင်းလာပြီး ကားပေါ်ရောက်တာနဲ့ သားက ရှူးပေါက်ချင်တယ်ပူဆာလို့ အန်တီက သူပဲToiletလိုက်ပို့လိုက်မယ်ဆိုပြီး အထဲဝင်သွားကြတယ်။
အန်တီတို့မရှိတော့ ဂျယ်ဟွန်းက
ဘာဒါ့projectအကြောင်းပြောတယ်။
''noona ကျနော်ကတော့ လုပ်စေချင်တယ်
အောင်မြင်မယ်လို့လည်းထင်တယ် ပြီးတော့ Tkနဲ့တွဲလုပ်ရမှာမို့ လေ့လာစရာလည်းများမယ်ထင်တယ်''
''စဥ်းစားလိုက်ပါဦးမယ် ဂျယ်ဟွန်းရယ် မမ သူ့projectကို သေချာမဖတ်ရသေးဘူး
ပြီးမှပြောကြတာပေါ့''
တကယ်လည်းသေချာမကြည့်ရသေးပါ။
တွေ့တိုင်း ရန်ဖြစ်ရ သူကြူးသမျှငြင်းပယ်နေရတာနဲ့ projectကို လှည့်ကိုမကြည့်ဖြစ်ပါ။
''ဘာလို့လဲ ဘာဒါnimက မမကိုသဘောကျနေလို့ စိတ်ရှုပ်နေတာလား''
''အာ မဟုတ်ပါဘူး ''
''မမလည်းရိပ်မိတယ်မလား မမ မလာနိုင်တဲ့ နေ့လည်meetingတုန်းက သူက အဲလိုမဟုတ်ဘူး မမလာကတည်းက မမနောက်ပဲလျှောက်လိုက်နေတော့တာ တခြားလူတွေလည်းရိပ်မိတယ် LEO CEOကတောင် ပြောတယ် Bada nimတော့ မင်းအစ်မဆီကျရှုံးသွားပြီတဲ့''
''အဲဒီသဘောမဟုတ်ပါဘူး အဲဒီသဘောဆိုရင်လည်း ဒီprojectကို လက်မခံချင်ဘူး
ကိုယ်ရေးကိုယ်တာကြောင့် ကိုယ့်Companyနဲ့လက်တွဲတာမျိုးလည်း မကြိုက်ဘူး ''
''သူကရော မမကိုကြိုက်ရုံနဲ့ အလုပ်အတူတွဲလုပ်မယ့်ပုံပေါ်လား ကျနော်တော့မထင်ဘူးနော် အလုပ်လုပ်တာတိကျတယ်လို့ကြားတယ် ဒါပေမယ့် သဘောကျနေတာဆိုရင်လည်း ကျနော်တော့ သဘောတူတယ်''
''ဂျယ်ဟွန်းနော်''
ပြောနေကြတုန်း အန်တီနဲ့သားလေးပြန်လာတယ်။ သားက Hotelထဲလှည့်ကြည့်ပြီး အော်ငိုလို့။
ကားထဲရောက်တော့ အန်တီရော ဆိုယွန်းတို့ရော သားကိုဝိုင်းချော့ရတယ်။
''Lobbyမှာ လူတစ်ယောက်ကို အာပါးဆိုပြီး ပြေးဖက်လို့ဟေ့ ဟိုကလည်း ကောက်ချီလိုက်တော့ အဟုတ်တွေမှတ်နေတာ အန်တီပြန်ခေါ်လာလို့ သားကဝမ်းနည်းနေတာ''
''သားရယ် တွေ့ရာလူကို ပြေးဖက်နေလို့မရဘူးလေ သားဖေဖေက အဝေးကြီးမှာပါဆို တခြားလူတစ်ယောက်ခေါ်သွားမှဖြင့် အိုမားတို့ အဘွားတို့ ရင်ကျိုးရချည်ရဲ့''
သားကအတော်ကြာအောင်ငိုပြီး လိုက်လာကာ လမ်းတဝက်ရောက်မှ အိပ်ပျော်သွားတော့တယ်။
ဆိုယွန်း သားကိုသနားလိုက်တာ။
သားက အဖေကိုလွမ်းတာနေတာတဲ့လား။
မသိတတ်သေးတဲ့အရွယ်လေးဆိုပေမယ့်
သင်ယူစအရွယ်မှာ အဖေမရှိဘူးဆိုတာသိရင် သားများနာကျင်သွားမလား။
Boryeongကိုပြန်ရောက်တော့ ဆိုယွန်းလည်း ရုံးတက် အလုပ်လုပ်နဲ့ ပုံမှန်လည်ပတ်ရတယ်။
တခါတလေ သူများလိုက်လာမလားလို့ ထင်မိပေမယ့် တစ်ရက်နှစ်ရက်နဲ့ပေါ်မလာတာကြောင့် ဆိုယွန်းငြင်းဆန်မှုတွေကို စိတ်ပျက်သွားပုံပဲလို့တွေးမိပြီး ကြိတ်ပြီး စိတ်အေးရပေမယ့် ညတွေဆို
သားက အာပါးဆိုပြီး ထထယောင်နေတာကြောင့် အပြစ်မကင်းသလိုလည်းခံစားရတယ်။
မင်းကို အဆုံးရှုံးမခံတော့ဘူးဆိုတဲ့လူကို တပါတ်လောက်ကြာတဲ့အထိ မတွေ့ရတော့
ငါအလကားစိတ်ပူနေမိတာပဲလို့တွေးရင်း ပြုံးမိတယ်။
၄နှစ်ဆိုတဲ့ အချိန်က လူတစ်ယောက်ကို မမေ့ရင်တောင် စိတ်မဝင်စားတော့တာမျိုးဖြစ်နိုင်တာပဲမလား။
ညနေ ဆိုယွန်းCompanyက ပြန်ပြီး အိမ်ရောက်တော့ အဝင်ဝမှာတင် သားရဲ့ခိုးခိုးခစ်ခစ်ရယ်သံကိုကြားရတယ်။ နောက်လူတစ်ယောက်အသံကို ကြားပေမယ့် မဖြစ်နိုင်ဘူးလို့တွေးရင်း အိမ်ထဲဝင်လိုက်ပေမယ့် သားက ဆိုယွန်းဆီ ပြေးလာပြီး
''အိုမား အာပါးရောက်နေတယ်''
''ဟင်''
သားလည်းအပြော ကျောပေးထိုင်နေတဲ့ သူကလည်း ရပ်ပြီး လှည့်အကြည့် ဆိုယွန်း တစ်ကိုယ်လုံးတောင့်တင်းပြီး အာစေးမိသလိုဖြစ်သွားတယ်။ သူလိုက်လာတယ်ပေါ့။ သားနဲ့တွေ့ပြီးပြီပေါ့။ အာပါးဆိုတာက ဘာသဘောလဲ ။ သားကိုမြင်ပြီး သူ့သားမှန်းသိသွားပြီလား။ ဆိုယွန်း ဧည့်ခန်းအဝမှာတင်ရပ်ပြီး ကြောင်ကြည့်နေမိတယ်။
ဂျယ်ဟွန်းက
''မမ ဘာဒါnimရောက်နေတယ် အခုလေးတင်ရောက်တာ အဲဒါကြောင့်လှမ်းမပြောလိုက်တော့တာ''
အိမ်ကလူတွေကို ကြည့်ရတာ ပုံမှန်ပဲမို့ ဆိုယွန်းနည်းနည်းတော့စိတ်အေးသွားတယ်။
''အိမ်မသိလို့ ဂျယ်ဟွန်းကို မေးပြီး လာခဲ့လိုက်တာ''
''ဟုတ်''
သားလက်ကိုဆွဲပြီးဝင်ထိုင်တော့ သားကလက်ကိုရုန်းပြီး သူ့ရင်ခွင်ထဲ သွားထိုင်တယ်။
ဂျယ်ဟွန်းတို့တော့မသိပေမယ့် ဆိုယွန်းမျက်လုံးထဲတော့ သူ့ရင်ခွင်ထဲက သားနဲ့သူနဲ့က တစ်ပုံစံထဲမို့လို့ အတူထိုင်နေတာတောင် မလုံမလဲဖြစ်ရတယ်။
သူကလည်း သားကိုပေါင်ပေါ်တင်ထားပြီး စကားပြောရင်းပဲ
ခုံပေါ်က မုန့်တွေသေချာယူကျွေးနေတယ်။
''ဒီက သမီးရောက်ကတည်းက မြောင်ဝူးက
ကိုယ်ပေါ်ကမဆင်းတော့တာ ဆိုယွန်း အန်တီပြောတဲ့ သမီးတည်းတဲ့Hotelမှာတွေ့တာ သူလေ အာပါး အပါးနဲ့ အခုလည်းပါးစပ်ကမချဘူး''
''ကလေးအဖေကရော ဘယ်သွားလို့လဲ''
မသိသလိုနဲ့ အန်တီ့ကိုဦးတည်ပြီးသူမေးလိုက်ပေမယ့် ဆိုယွန်းသူ့အကြံကို သိပြီးသား။
''CEOက ဒီကို ဘာလာလုပ်တာ''
မေးတာမဖြေပဲ စကားဖြတ်ပြောလိုက်လို့ မော့ကြည့်ပြီး ပြုံးစစနဲ့
''ကိုယ် Boryeongကို စိတ်ဝင်စားနေတယ်လို့ပြောသားပဲ''
''ဟုတ်တယ် လုပ်ငန်းပိုင်းရော ရေမြေအနေအထားရော လိုက်ကြည့်မှာတဲ့ မမလည်းလိုတာကူညီပေးပါလိမ့်မယ် ဘာဒါnim''
''ဟုတ်ကဲ့ ဒီဒေသအကြောင်း ဘာမှမသိတော့ သိတဲ့လူတွေက ကူညီမယ်ပြောတော့ တကယ်ကျေးဇူးပါ ဂျယ်ဟွန်းတို့က ဒီဇာတိလား''
''ကျနော်အမေရဲ့ဇာတိပေါ့ ကျနော်တို့ကတော့ ဒီမှာပြန်လာအခြေချတာ မကြာသေးဘူး အဲဒါကြောင့် တကယ်တော့ ကျနော်တို့လည်း ဒေသခံCompany တွေကြား အသစ်လိုဖြစ်နေတာလေ ကမ်းခြေဒေသဖြစ်တော့ အပြိုင်အဆိုင်လည်းများတာပေါ့
"
''သြော် ဟုတ်တာပေါ့ ''
''ဒါနဲ့ ဘယ်မှာတည်းမလို့စီစဥ်ထားလဲ''
''အဲဒါက မစီစဉ်ရသေးဘူး
ဘယ်မှာအဆင်ပြေလောက်လဲ ဂျယ်ဟွန်းကိုမေးမလို့ပဲ''
''ဟယ် ဒီမှာနေလို့ရတယ်လေ အလုပ်အကြောင်းဆွေးနွေးကြလည်းအဆင်ပြေတယ် သွားတာလာတာလည်းအဆင်ပြေတာပေါ့''
အန်တီက ဝင်ပြောတော့ ဂျယ်ဟွန်းက
''အားနာစရာ အနေကျုံ့နေမှာပေါ့ အိုမားရယ်
အဆင်ပြေသလိုလုပ်ပါနော်
ဒီမှာကတော့ ကျနော်တို့ပဲ အေးအေးဆေးဆေးပဲ အစ်မနဲ့မြောင်ဝူးက အပေါ်ထပ်မှာ ကျနော်နဲ့အိုမားက အောက်မှာ
အပေါ်ထပ်မှာလည်း ၂ခန်းလွတ်တယ် အေးအေးဆေးဆေးပဲ ဒါပေမယ့် ဘာဒါnimနေချင်မှပါ''
''ကိုယ်ကတော့ အဆင်ပြေပါတယ်''
သူကပြောပြီး ဆိုယွန်းကို လှမ်းကြည့်တယ်။
အန်တီရော ဂျယ်ဟွန်းရော ဆိုယွန်းကို လိုက်ကြည့်တယ်။
''ကလေးနဲ့ဆိုတော့ အဆင်မပြေဖြစ်နေမယ်ထင်တယ် Hotelမှာပဲ နေလိုက်ပါလား''
''အာပါး သားနဲ့နေ မပြန်ရဘူးနော်''
အချိန်ကောင်းမှာ ဝင်ပြောတဲ့သားကြောင့်
သူက ပြုံးလိုက်ပြီး
''မင်းအမေက မနေရဘူးတဲ့ မြောင်ဝူးရ''
''သြော် သမီးက ဘာဒါအဆင်မပြေမှာ စိုးလို့ပါကွယ် တချို့က ကလေးနဲ့မနေတတ်ကြဘူးမလား အဲဒါကြောင့်ပါ
ဒီမှာ တည်းနော်
မြောင်ဝူးကလည်း ချစ်တော့ ထားခဲ့လို့တောင်ရမှာမဟုတ်ဘူး''
အန်တီက ဘယ်သူမှဝင်ငြင်းလို့မရအောင်
တတောက်တောက်နဲ့ တရစပ်ပြောပြီး
''အပေါ်အခန်းမှာ နေလိုက်နော်
ဆိုယွန်း သမီး သွားပြပေးလိုက်''
''ဟုတ်''
ဆိုယွန်း အပေါ်တက်မလို့ပြင်တော့ သူလည်း သားကိုချီပြီး ထရပ်တယ်။
အပေါ်ထပ်ရောက်တော့ ၂ခန်းရှိပေမယ့် တစ်ခန်းက ကျဥ်းပြီး ရေချိုးခန်းတွဲရက်မပါတာကြောင့် ဆိုယွန်းအခန်းဘေးက အခန်းကိုပဲ ခေါ်သွားလိုက်ရတယ်။
''မင်းအမျိုးသားရော''
''ဒီအခန်းမှာနေ''
''ကွဲနေတာလား ''
''အဆင်မပြေတာရှိရင် ဂျယ်ဟွန်းကိုပြောလည်းရတယ်''
''အဲလိုဆိုလည်းကောင်းတာပဲ''
''ဘာဒါ''
ဆိုယွန်း အသံတိုးတိုးနဲ့အံကြိတ်ပြီးခေါ်တော့
''ဘာလဲ''
''လာကတည်းက Hotelမှာနေဖို့ အစီအစဥ်မရှိဘူးမလား''
''အဲလိုတော့လည်းမဟုတ်ပါဘူး
ဒီရောက်တော့ မင်းကိုမြင်မှ စိတ်ပြောင်းသွားတာ''
''သား အိုမားဆီလာ''
ကလေးရင်ခွင်ထဲရောက်တာနဲ့ အောက်ပြန်ဆင်းလာခဲ့တယ်။ အိမ်အထိရောက်လာတော့ ဘယ်လိုလုပ်ကြမလဲ..
.
.
.
ညနေစာစားကြတော့
ဆိုယွန်း နောက်မှစားမယ်ပြောပေမယ့် အန်တီက ဧည့်သည်ရှိလို့ အတူတူစားရမယ်တဲ့။
အတင်းငြင်းပြီး ဆိုးနေဖို့ ကလေးလည်းမဟုတ်တာကြောင့် အောင့်သက်သက်နဲ့ဝင်ထိုင်လိုက်ရတယ်။
သူက ဆိုယွန်းရှေ့မှာ ထိုင်တယ်။
သားကိုလည်း baby chairလေးထဲထည့်ပြီး
အတူတူထမင်းစားစေတော့
''မြောင်ဝူးလည်း ပင်လယ်စာကြိုက်တာကိုး
အာပါးလည်း ပင်လယ်စာကြိုက်တယ်''
သူ့ကိုယ်သူ အာပါးလို့သုံးနှုန်းလိုက်တာကြောင့် ဆိုယွန်းခုံအောက်ကနေ သူ့ခြေထောက်ကို လှမ်းထိလိုက်တယ်။
သူက မော့ကြည့်ပြီး
''ကလေးက အဲလိုခေါ်နေတာကို''
သူပြောတော့ အိမ်ကလူတွေကပါ ရိပ်မိပြီး
''သြော် ရပါတယ် ကလေးခေါ်လို့ပြောနေတာပဲ စိတ်ထဲမထားပါဘူး''
ထမင်းစားတဲ့တစ်လျှောက်လုံးတော့ သူက ဘာအမူအယာမှ ထူးထူးခြားခြားမပြတာကြောင့် တော်သေးတယ်လို့တွေးနေရုံရှိသေး။
ညကျတော့..
သားနဲ့သူ့အနားပဲ ကပ်နေပြီး သူနဲ့ပဲအိပ်မယ်ပူဆာဂျီကျနေတယ်..
''မရဘူးလေ သားရယ် မဆိုးစမ်းနဲ့''
''ရပါတယ် ကလေးကအိပ်ချင်နေတာကို''
ဆိုယွန်း မျက်စောင်းထိုးလိုက်တော့
သူက မျက်ခုံးပင့်ပြတယ်။
''မရဘူး အာပါးနဲ့ပဲအိပ်မယ် အာပါးနဲ့ပဲအိပ်မယ်''
''သားကအိုမားနဲ့မအိပ်ချင်ဘူးလား''
''အိုမားရော အာပါးရော သားသားလေးရော အတူတူအိပ်မယ်''
ပြောမှပိုဆိုးသွားတော့တယ်။
သားက ဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ဆိုယွန်းမျက်နှာချက်ချင်းရဲသွားတယ်။
ဘာဒါကဝင်ပြီးတော့
''နောက်မှ နောက်မှအတူအိပ်ရအောင် ဒီညတော့ အိုမားနဲ့အိပ်လိုက်နော် လိမ္မာတယ်''
''မရဘူး မရဘူး''
ငိုမယ်ပြင်နေတဲ့သားကို သူပွေ့ချီလိုက်ပြီး
''ကိုယ့်အခန်းမှာ သိပ်လိုက်မယ်''
''မရ..''
''စကားဆုံးအောင်နားထောင်
အိပ်ပျော်သွားရင် လာခေါ်လိုက်''
ပြောပြီး ပိုင်စိုးပိုင်နင်း အပေါ်တက်သွားတော့တယ်။
တကယ်တော့ ကိုယ်လည်း သူတို့အခန်းထဲဝင်ထိုင်စောင့်နေသင့်ပေမယ့် ဆိုယွန်းမလိုက်သွားပဲ ကိုယ့်အခန်းပေပြီး ထိုင်နေမိတယ်။
တဖြည်းဖြည်း ညနက်လာတော့
သူ့အခန်းကို သွားသွားချောင်းရတယ်။
သားကလည်း တော်တော်နဲ့မအိပ်။
သူကလည်း ခရီးပန်းလာပုံရပေမယ့် သားကိုအလိုလိုက်ပြီးကစားပေးနေတာကြောင့် အားနာပေမယ့် ဘာမှမပြောပဲ ဆက်စောင့်နေလိုက်တယ်။
၁၁ နာရီကျော်လောက် တစ်ခေါက်သွားကြည့်တော့ သားနဲ့သူနဲ့ ကုတင်ပေါ်မှာ အိပ်ပျော်နေပြီ။
ဆိုယွန်း ကုတင်နားကပ်ပြီး သားကိုပွေ့ချီတော့ သားက လွန့်လာပြီး
''အာပါး အာပါး ''လို့ထအော်တယ်။
သူလည်းနိုးသွားတယ်။
ဆိုယွန်းလည်း သားကို အိပ်ယာပေါ်အသာပြန်ချပြီး ခဏငြိမ်နေရတယ်။
နောက်တခေါက်ထပ်ချီတော့ ထပ်ပြီး နိုးတော့မလိုဖြစ်တယ်။
ဘာဒါက
ထထိုင်လိုက်ပြီး
''ဖယ် ကိုယ်လိုက်ပို့မယ်''
''မရလောက်ဘူး''
''ရပါတယ် မင်းလုပ်လို့ကလေးက နိုးနိုးနေတာ''
အသံတိတ်ရန်ဖြစ်နေကြရင်း
သူက သားကိုပွေ့တယ်
သားကလည်း ဘယ်သူချီလဲသိတဲ့အတိုင်း ငြိမ်လို့
ဆိုယွန်းအခန်းထဲထိလိုက်ပို့ပြီး
သားကို ကုတင်ပေါ်တင်ပေးတယ်။
''မင်းဝင်အိပ်ရင် ကလေးနိုးသွားမယ်ထင်တယ်
ကိုယ်နဲ့လိုက်အိပ်မလား''
''တော်တော့ သွားအိပ်တော့''
ဆိုယွန်း သူ့ကိုအတင်းနှင်လွှတ်တော့ ရယ်ပြီး အနားကပ်လာတယ်။ သူ ခြေတစ်လှမ်းတိုး ကိုယ်ခြေတလှမ်းဆုတ် ဆုတ်ရင်း နောက်ကျောကနံရံမှာ ကပ်သွားတယ်။
မော့လည်း မကြည့်ရဲသလို သားနိုးမှာစိုးလို့ ရန်လည်းမလုပ်ရဲ။
အနားကပ်လာတဲ့ သူ့ဆီက ကိုယ်သင်းနံ့ကြောင့် သောင်းကျန်းဦးမလားစိုးရိမ်နေပေမယ့် ပုခုံးစွန်းလေးကို ခေါင်းငုံ့ပြီး ဖိကပ်နမ်းပြီး
''Goodnight''
ပြီးတော့ ထွက်သွားတော့တယ်
ဟူးး မနက်ဖြန်ရယ်...
ဒီနေ့အတွက် အက်ပုဒိတ်
Zawgyi
''ချစ်တယ်''
ဆိုယွန်းအားလေးနဲ့တတ်နိုင်သမျှရုန်းနေပေမယ့် ရုန်းလေပိုနမ်းလေဖြစ်တဲ့ သူ့ရင်ခွင်ထဲမှာ
ရုန်းလေနစ်လေ။
''အာ့ ဟာ့ အာ့
''ဆိုယွန်း
ညတွေမှာ
''အာပါးးးးး''
''အာပါး သားဆီလာတာလား''
''အာ ရပါတယ် ရပါတယ် ''
ပြန်လာခဲ့လိုက်ရတယ်။
ပြီးမှပြောကြတာပေါ့''
''အာ မဟုတ်ပါဘူး ''
''ဂျယ်ဟွန်းနော်''
၎နှစ်ဆိုတဲ့ အချိန်က လူတစ်ယောက်ကို မမေ့ရင်တောင် စိတ်မဝင်စားတော့တာမျိုးဖြစ်နိုင်တာပဲမလား။
''ဟင်''
ဂျယ်ဟွန်းက
''ဟုတ်''
''CEOက ဒီကို ဘာလာလုပ်တာ''
"
''သြော် ဟုတ်တာပေါ့ ''
''အဲဒါက မစီစဉ်ရသေးဘူး
သူက ပြုံးလိုက်ပြီး
ဒီမှာ တည်းနော်
''ဟုတ်''
''မင်းအမျိုးသားရော''
''ဒီအခန်းမှာနေ''
''ကွဲနေတာလား ''
''ဘာဒါ''
''ဘာလဲ''
''သား အိုမားဆီလာ''
.
.
.
ညနေစာစားကြတော့
အတူတူထမင်းစားစေတော့
သူက မော့ကြည့်ပြီး
ညကျတော့..
ဘာဒါကဝင်ပြီးတော့
''မရဘူး မရဘူး''
''မရ..''
သူလည်းနိုးသွားတယ်။
ဘာဒါက
ထထိုင်လိုက်ပြီး
''မရလောက်ဘူး''
သူက သားကိုပွေ့တယ်
''Goodnight''
ဟူးး မနက်ဖြန်ရယ်...
ဒီနေ့အတွက် အက်ပုဒိတ်