UNI...
« Mark ငါ မင်းကို.... »
«ဟင့်အင်း»
နှုတ်ခမ်းအိအိလေးအပေါ် သူ့လက်ညှိုးဖြတ်တင်လိုက်သည်။ HaeChannie ဆီက အဖြေလိုချင်ပေမယ့် မကြားရဲသေးဘူး။ မိသားစုကလွှဲပြီး ဘာမှမသိတဲ့ကောင်လေးမို့ သူကိုလည်း ချစ်နေမည်မထင်ပါ။ရင်ခုန်တိုင်း၊လွမ်းတိုင်း အချစ်မှ မဟုတ်ဘဲ။
«စမ်းသက်မှုခံယူပြီးမှ အဖြေလာတောင်းမယ်။မင်းအတွက် စဉ်းစားချိန် ပိုရတာပေါ့ »
တစ်နှစ်ဆိုသည့်အချိန်ကာလမှာ HaeChannie သူကို မေ့သွားဖြစ်နိုင်သလို အလွမ်းတွေနှင့်လည်းမေတ္တာသက်ဝင်လာနိုင်သည်။ထိုသို့မဟုတ်ဘဲ သူကို မေ့သွားခဲ့လျှင် ကံတရားကိုသာ အပြစ်ပို့လိုက်မည်။
«ဒါနဲ့ မင်းသွားရမဲ့နိူင်ငံက »
«နော်ဝေး »
«အရမ်းအေးနေတော့မှာပဲ »
«မင်းပေးတဲ့ ခေါင်းစွပ်လေး ထုတ်ဆောင်းမယ်လေ »
«ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ »
စိတ်ပူမှုတွေ ရောယှက်အသံလှိုင်းလေးအဆုံး ကြင်နာစွာ ထွေးပွေ့လိုက်မိသည်။
« မင်းက အသည်းဖို့ကောင်းတယ် »
ဘာမှမပြောဘဲ ရင်ခွင်ထဲမှာ ငြိမ်နေသည်။
တစ်ဆိတ် သူ (HaeChan) ငိုနေသလားလို့။
« HaeChannie ~»
ရင်ခွင်ထဲက ခွဲထုတ်ရန်ပြင်လိုက်တော့ ခါးကို အတင်းဖက်လာသည်။
«ဒီအတိုင်း နေပေး Mark »
ပခုံးတွေကို သိုင်းဖက်ပြီး ပုတ်ပေးလိုက်သည်။
«ငါလည်း မင်းကို ထားမသွားချင်ပါဘူး။အခြေအနေအရမို့ပါ »
«အင်း ငါ နားလည်တယ်»
အသံလေးက တည်ငြိမ်အောင် မနည်း အားယူထားသည့်ပုံပင်။ဘယ်လိုလုပ်ပြီး သန်မာတဲ့ကောင်လေးက အငိုသန်လေးဖြစ်သွားရတာလဲ။
« ဘယ်လိုပဲ ခက်ခဲပါစေ။မင်းမျိုးနွယ်အတွက် အကောင်းဆုံးရင်ဆိုင်ခဲ့ Mark ~မင်းက အနာဂတ်ခေါင်းဆောင် မဟုတ်လား »
«အင်း ။ အကောင်းဆုံး ဖြတ်ကျော်ပြီး မင်းဆီပြန်လာခဲ့မယ်။ငါကို စောင့်နေမယ် မဟုတ်လား »
ကတိစကားကို နှုတ်မှာမဖြေဘဲ Mark နှုတ်ခမ်းကို ခပ်ဖွဖွလေး ထိကပ်နမ်းလိုက်သည်။ငါက မင်းကို စောင့်နေမှာမို့ မြန်မြန်ပြန်လာခဲ့ပါ Mark ~
✨🌻
အစိုးရနှင့်သဘောတူညီချက်ရေးဆွဲပြီး Norway နိုင်ငံကို Andy နှင့်အတူ ထွက်လာခဲ့သည်။သို့သော် လေယာဉ်ပျံပေါ်ရောက်သည့်အချိန်မှာ Chenle လိုက်လာမှန်းသိလိုက်ရသည်။ Andy တစ်ယောက်အပျော်လွန်းပြီး ပြေးဖက်လိုက်တာ Chenle လှဲကျမတတ်ပင်။အတွဲတွေကို ကြည့်မရ၍ လွှတ်ထားပေမယ့် တကယ်လည်း Chenleဆီက အကူအညီလိုအပ်သည်။
အခုသူတို့သွားမဲ့နေရာက Chenle အဘိုးပိုင်တဲ့ အကျဉ်းထောင်ဖြစ်သည်။နော်ဝေးနိုင်ငံက တောင်တွေ၊ရေခဲမြစ်တွေနဲ့ နက်ရှိုင်းတဲ့ကမ်းရိုးတန်း fjord တွေနဲ့ လွှမ်းခြုံထားသော စကင်ဒီနေးဗီးယားနိုင်ငံဖြစ်သည်။အေးမြသောနိုင်ငံမှာ အေးစက်နေသောအကျဉ်းထောင်က စိတ်ခြောက်ခြားဖွယ်ရာစမ်းသက်မှုဆိုပေမယ့် မျိုးနွယ်အတွက်မို့ အဆင်ပြေပါသည်။
တကယ်တော့ ထိုစမ်းသက်မှုက သူ့မျိုးနွယ်အတွက် အန္တရာယ်ကင်းရဲ့လား သိချင်၍ သူ့ကိုယ်တိုင် စမ်းသက်မှုခံယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ထိုဆုံးဖြတ်ချက်ကို အဘိုးဘက်မှာ စိတ်ပူလွန်းပြီး တားခဲ့ပေမယ့် မရသည့်အဆုံးမှာ Andyကိုပါ ထည့်ခဲ့သည်။တစ်ယောက်တည်းဆို ဘယ်လိုမှ စိတ်မအေးနိုင်ဘူးတဲ့လေ။
အကယ်၍ အသက်အန္တရာယ်ထိခိုက်စေသောစမ်းသက်မှုဖြစ်ခဲ့လျှင် သူဘက်ကနေ ငြိမ်နေမှာ မဟုတ်ပါ။သူမှာ အစိုးရကို ထိန်းချုပ်နိုင်တဲ့လျှိုဝှက်ချက်တစ်ခုရှိသည်။ထိုလျှိုဝှက်ချက်ကို အသုံးပြုပြီး အဆုံးထိတိုက်ပွဲဝင်သွားမှာမို့ နောက်ဆို သူ့မျိုးနွယ်က လူသားတွေဆီက အနိုင်ကျင့်ခံရတော့မှာ မဟုတ်ဘူး။ရွံ့စရာသတ္တဝါတွေလိုလည်း ဆက်ဆံခံရတော့မှာမဟုတ်ဘူး။
✨🌻
ပုံမှန်အတိုင်း ကျောင်းတတ်ရင်း ပစ္စည်းပို့ပေးပေမယ့် သူ့စိတ်တွေက ပုံမှန်မဟုတ်ပါ။တစ်စုံတစ်ယောက်ကို လွမ်းရင်း တစ်နေ့တာကို ခက်ခက်ခဲခဲအသက်ရှင်နေရသည်။လွမ်းလျှင် ဖုန်းဆက်၍လည်း မရ။ Mark ဘက်က ဆက်သွယ်လာသည့်ကိုစောင့်စားရသည့်ဘဝမို့ တစ်နှစ်တာကို မြန်မြန်ကုန်ဆုံးချင်နေပြီ။
« မင်းက Peter? »
အရှေ့မှာ ပိတ်ရပ်လျက်မေးလာသောသူတွေဟာ လူသားတွေမဟုတ်မှန်း လက်ထဲမှာနာရီက အချက်ပြနေသည်။
သူရဲ့အရင်နာရီက အလုပ်မလုပ်တော့လို့ အသစ်ဝယ်ထားသည့်နာရီလေးက Mark ထည့်ပေးထားသည့် System တစ်ချို့ကြောင့် အလွန်အသုံးဝင်နေသည်။
« Mark ရဲ့ချစ်သူလား !!»
ပထမဆုံး Vampire တွေကို ထိန့်လန့်မိသည်။စားမတတ်၊ဝါးမတတ်အကြည့်တွေကြား အနေရခက်လာသည်။သူတို့ခေါင်းဆောင်ရွေးချယ်ထားတဲ့လူသားတစ်ယောက်ကို အဲ့လောက်တောင် မကြိုက်ကြဘူးလား။
« Hey မေးနေတယ်လေ !!»
ကိုယ်လုံးလေး တုန်တတ်သွားရသည်။ဘာလို့ အဲ့လောက်ထိ သူကို အလိုမကျဖြစ်နေရတာလဲ။
« တော်ပြီ Johnny!! ကလေးကို ဘာလို့ အဲ့လောက်ခြောက်နေရတာလဲ ။ ဒီကလေး တစ်ခုခုဖြစ်သွားလျှင် သခင်လေး စိတ်ဆိုးနေလိမ့်မယ် »
ကိုယ်ရံတော်ပတ်ခ်ရောက်လာပြီး တားတော့မှ အစောနကသူက ခေါင်းလေးလာသုတ်သည်။လန့်သွားသည့်မို့ ခေါင်းငုံပြီး အမြန်ရှောင်လိုက်သည်။
«မင်းက ချစ်စရာလေးပဲ။အဲ့ဒါကြောင့် Mark က ကာကွယ်ပေးချင်နေတာ »
ကြောင်တောင်တောင်လေးနှင့်သာ ကြည့်နေမိသည်။
«တစ်ခုခု သွားစားမလို့ လိုက်မလား »
ကိုယ်ရံတော်ပတ်ခ်ကို မော့ကြည့်လိုက်သည်။
«လိုက်သွားလို့ ရတယ်။သခင်လေး သူငယ်ချင်းတွေ »
«လာပါ။မင်းကို ငါတို့ဘာမှမလုပ်ပါဘူး »
လက်မှလာဆွဲ၍ ရက်ကန်ကန်နှင့်ပါသွားရသည်။ကိုယ်ရံတော်ပတ်ခ်ကို လှည့်ကြည့်လိုက်တော့လည်း ခေါင်းလေးငြိမ့်ပြသည်။သဘောက လိုက်သွားပေါ့။
«ငါ့နာမည်က Jay ။ USမှာ ငါးနှစ်နေခဲ့တယ် »
«မင်း ငါးနှစ်သားတုန်းကဆိုတာပါ ထည့်ပြောလိုက်လေ »
« မင်း အသာနေစမ်းပါ »
တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးရင်း ရန်ဖြစ်နေသောနှစ်ယောက်က လူကောင်ကြီးတွေနှင့် ကလေးအပြုအမှုတွေပင်။
« ငါ့နာမည်က အစောနက မင်းကြားမှာပါ ။ Johnny လို့ခေါ်တယ်။ Mark ရဲ့အခင်ဆုံး သူငယ်ချင်း »
ရှိသမျှ သွားတွေနှင့်စပ်ဖြီးဖြီးရယ်ပြသည်။တကယ်ပါပဲ။ဒီလူတွေရဲ့ သရုပ်မှန်က ဘာလဲ။ ကြောက်ဖို့ကောင်းတာလား။ခင်ဖို့ကောင်းတာလား။
✨🌻
« Hi Peter »
ထုံးစံအတိုင်း အချိန်မှန်အနားရောက်လာသောနှစ်ယောက်။စတွေ့တုန်းက ကြောက်ခဲ့ပေမယ့် အခုတော့ မြင်ရုံနှင့် ပြုံးနေရသည်။နှစ်ယောက်လုံးက Mark ထက် ကြီးပေမယ့် Mark ဆီက သူငယ်ချင်းလိုဆက်ဆံခံရသည်တဲ့လေ။လေးစားရကောင်းမှန်းမသိ သူတို့အပေါ် သူငယ်ချင်းလိုပြုမှုသည့် Mark ကို သိပ်ချစ်သည့်အပြင် သူကိုလည်း ဂရုစိုက်ပေးသည်။ပစ္စည်းတွေ ကူပို့ပေးပြီး အားလပ်ချိန်မှာ ဝါသနာပါတာလုပ်ဖို့ အမြဲတိုက်တွန်းကြသည်။
« ပစ္စည်း အကုန်ပို့ပြီးပြီလား Jay Hyung »
ဆိုင်ကယ်ဦးထုပ်မချွတ်ဘဲ Peter ကို ပြေးတိုက်လိုက်သည်။ Mark ချစ်သူကောင်လေးလို့ မပြောရဘူး။တဖြည်းဖြည်းနှင့် သူတို့အပေါ် ဂျစ်တိုက်လေးဖြစ်လာသည်။
« မင်း တော်တော် ငါတို့ကို အနိုင်ကျင့်ပါလား »
« နာတယ်ဗျာ။ ဒီခေါင်းက ဘယ်လောက်အဖိုးတန်လဲ Jay Hyung သိလား »
ဆူပုတ်ပုတ်လေးနှင့် ရန်တွေ့လိုက်သည်။ Mark ပြန်လာမှာ နှစ်ယောက်လုံးကို တိုင်ပြောပစ်ရမယ်။ဝိုင်းအနိုင်ကျင့်ကြတယ်ဆိုပြီး။
« ငါ မေ့တော့မလို့ ။ အဘိုးက Peter ကို ခေါ်ခဲ့ဖို့ မှာလိုက်တယ် »
« အဘိုးလား။ ကျွန်တော်လည်း လွမ်းနေတာ။ လိုက်ခဲ့မယ် »
ဆိုင်ကယ်ဦးထုပ်ဆောင်ပြီး စက်နိုးလိုက်တော့ Johnny Hyung က ညီးညူးလာသည်။ငါတို့ကို နားခွင့်ပေးပါဦးတဲ့လေ။
ဘာမှမပြောဘဲ မောင်းထွက်လာခဲ့သည်။မကြာခင် အနောက်မှာပါလာမည့်ဆိုင်ကယ်နှစ်စီးကြောင့် ပြုံးလိုက်မိသည်။ Mark က သူကို ထားသွားခဲ့ပေမယ့် စိတ်မချဖြစ်နေသည့်ပုံပင်။ကိုယ်ရံတော်ပတ်ခ်ကို အနားမှာစောင့်ရှောက်ဖို့ထားသွားသည့်အပြင် သူငယ်ချင်းနှစ်ယောက်ပါ အနားပို့လိုက်သည်။
တစ်ခါတလေ Johnny Hyung က ညည်းညူးတတ်သည်။ Mark မရှိလို့ နားအေးပြီမှတ်နေတာ ။မင်းက ပိုဆိုးသည်တဲ့လေ။
✨🌻
အိမ်ထဲဝင်လာသောဆိုင်ကယ်လေးကြောင့် အဘိုးက ပြုံးသွားသည်။ခေါ်လိုက်သည့်နှင့် ချက်ချင်းရောက်လာတတ်တာ ဒီကလေးရဲ့ချစ်စရာ အကျင့်လေးဖြစ်သည်။အကျင့်စရိုက်ကောင်းပြီး ဉာဏ်ကောင်းသူမို့ Mark ရွေးချယ်ထားသည့်သူကို စိတ်တိုင်းကျလှသည်။ထို့ကြောင့် အံ့ဆွဲထဲမှာ ဘူးလေးထုတ်၍ အောက်ထပ်ကို ဆင်းခဲ့သည်။
« မင်္ဂလာပါ အဘိုး »
အပေါ်ထပ်ကဆင်းလာသောအဘိုးကို ဦးညွှတ်လိုက်သည်။
«အင်း။ထိုင် »
«ဟုတ်ကဲ့ »
ဆိုဖာပေါ်ပြန်ထိုင်၍ အဘိုးကမ်းပေးသည့်ဘူးလေးကို လက်နှစ်ဖက်နှင့် အရိုသေစွာ ယူလိုက်တော့ အဘိုးက မင်းအတွက်တဲ့လေ။
ဖွင့်ကြည့်လိုက်တော့ အထဲမှာတွေ့လိုက်ရသောတောက်ပသောအရာကြောင့် မျက်လုံးလေးပြူးပြီး အဘိုးကို ပြန်ကြည့်လိုက်ရသည်။
«အဘိုး ဒါက »
« လက်ဆောင် ။ စိတ်တိုင်းကျရဲ့လား »
« ဟုတ်ကဲ့»
«ဝတ်ကြည့်ချင်လား။ဒီကိုလာ အဘိုးဝတ်ပေးမယ် »
လည်ပင်းပေါ်နေရာယူသွားသောပုလဲနက်လေး ။သေချာပေါက် Mark လည်ပင်းပေါ်မှာရှိသောပုလဲနက်လေးနှင့် ဆင်တူလေးဖြစ်သည်။
« Mark လည်ပင်းပေါ်က ဆွဲကြိုးနဲ့ အတူတူပဲလား အဘိုး »
«အင်း။စုံတွဲတွေ »
ကြည်နူးလွန်းလို့ ကြိတ်ပြုံးမိသည်။အဘိုးက သူနဲ့ Mark ကို သဘောတူတယ်ဆိုတဲ့ သဘောမဟုတ်လား။
« ကျွန်တော် အခုထိ Mark နဲ့တရားဝင်ချစ်သူတွေ မဟုတ်သေးဘူး »
အဘိုးက ရယ်သည်။
« ဒါပေမယ့် နှစ်ယောက်လုံး ချစ်နေကြတယ် မဟုတ်လား »
အဘိုးအား ရှက်ရဲရဲလေးပြုံးပြလိုက်ရသည်။
«ဒီမှာ နောက်ထပ် လက်ဆောင် »
လက်ထဲရောက်လာတဲ့လေယာဉ်လက်မှတ်လေး။အဘိုးအား ကြောင်တောင်တောင်လေးကြည့်ပြီးမှ လက်မှတ်ပြန်ပေးလိုက်သည်။
« ကျွန်တော် ဘာမှမသွားဘူး အဘိုး။ Mark ပြန်လာတဲ့အထိ ဒီမှာပဲစောင့်နေမှာမို့ »
« Norway ကို ကိုယ်ရံတော်ပတ်ခ်သွားစရာရှိတယ်။မလိုက်သွားချင်ဘူးလား »
ထိုအခါမှ လေယာဉ်ပျံလက်မှတ်ကိုကြည့်လိုက်တော့ Mark နေထိုင်သည့် နော်ဝေးနိုင်ငံဖြစ်သည်။
«ဟိုရောက်ရင် Mark နဲ့တွေ့မှာလား အဘိုး »
«ဒါကတော့...လိုက်သွားမှာ။သိမှာပေါ့ »
« ဟီး.ကျေးဇူးတင်ပါတယ်။ကျွန်တော် ကောင်းကောင်းလည်ပြီး ပြန်လာခဲ့ပါ့မယ်»
အဘိုးလက်ထဲမှာ လက်မှတ်လေးယူပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်သည်။ Mark နဲ့တွေ့ရဖို့ ရာခိုင်နှုန်းနည်းပေမယ့် ကိုယ်ရံတော်ပတ်ခ်အားကိုးနှင့် မိုက်ကြည့်ရမည်။ဘယ်လိုပဲဖြစ်ဖြစ် Mark နဲ့တွေ့ရမဲ့နည်းလမ်းကိုလည်း ရှာဖွေကြည့်ရမည်။
✨🌻
« Peter ပျင်းနေပြီလား »
ခေါင်းသာခါပြလိုက်သည်။ဒီနေ့နဲ့ဆို Norway ရောက်တာ (၂)ရက်ရှိပြီ။ Markနဲ့ တွေ့ရဖို့မပြောနှင့် ။ ကိုယ်ရံတော်ပတ်ခ်က သူ့အလုပ်တွေနှင့် မအားပါ။ထို့ကြောင့် အိမ်အကြီးကြီးထဲမှာ ကျန်ခဲ့ပြီး ပျင်းနေရပေမယ့် ထုတ်မပြောချင်ပါ။ ကိုယ်ရံတော်ပတ်ခ်ကို ထုတ်ပိုးဝန်ပိုး မဖြစ်စေချင်ဘူး။
« နော်ဝေးနိုင်ငံကို ညဘက်မရှိတဲ့နိုင်ငံလို့ ခေါ်ကြတယ်။ ဘာလို့လဲ သိလား Peter »
« Northern light တွေကြောင့် မဟုတ်လား။
နော်ဝေးနိုင်ငံမှာ မွန်းတည်တဲ့အထိ နေ ရှိတယ်လေ »
«အဲ့နေရာကို သွားလည်ချင်လား။လိုက်ပို့ပေးမယ်»
«တကယ်လား »
« အဝတ်အစား ထူထူ ဝတ်ခဲ့ Peter »
ထခုန်မတတ်ပျော်သွားသော Peter ကို လှမ်းသတိပေးလိုက်ရသည်။မဟုတ်လျှင် သခင်လေးက သူကို အပြစ်ပြောလိမ့်မည်။အနွေးထည်မပါဘဲ ခေါ်လာခဲ့လို့။
«ဦးလေးပတ်ခ် ကျွန်တော် အဆင်သင့်ဖြစ်ပြီ »
ကောက်ညင်းထုပ်အတိုင်း ဝတ်ခဲ့သော Peter ကိုကြည့်ပြီး ပြုံးလိုက်မိသည်။သခင်လေးတွေ့ရင် အသည်းယားနေတော့မှာပဲ။
«ဦးလေးပတ်ခ် ဘာလို့ရယ်တာလဲ။ကျွန်တော် ကြည့်ရဆိုးနေလို့လား »
«မဟုတ်တာ။အဆင်ပြေပါတယ် »
အိမ်ထဲမှာ ခပ်သွယ်သွယ်လျှောက်သွားသောကိုယ်ရံတော်ပတ်ခ်အနောက် အမြန်လိုက်ရသည်။ Mark Norway သွားရမယ်ဆိုကတည်း ဒီနိုင်ငံအကြောင်း စုံစမ်းခဲ့တာဖြစ်သည်။မြောက်ဝင်ရိုးစွန်းမှာ တည်ရှိတဲ့နော်ဝေးနိုင်ငံမှာ ဥတ္တရအလင်းတန်းကောင်းကင်ယံကို ဓာတ်ပုံမှတစ်ဆင့် မြင်ပြီးကတည်းက အပြင်မှာတစ်ခေါက်လောက် ကြည့်ချင်ခဲ့တာဖြစ်သည်။အခု အိမ်မက်တွေ တကယ်ဖြစ်လာပေမယ့် လိုက်ပို့သည့်သူက Mark မဟုတ်ဘဲ ဦးလေးပတ်ခ်ဖြစ်နေသည်က နည်းနည်း ဝမ်းနည်းဖို့ကောင်း၏။
✨🌻
အနားမှာ ငြိမ်ငြိမ်လေးလိုက်ပါလာပေမယ့် Northern light တွေမြင်တော့ ခုန်ပေါက်ပြီး ပျော်ရွှင်သွားတဲ့ကောင်လေးက သခင်လေးကိုမြင်လျှင်ဘယ်လောက်တောင်ပျော်နေလိုက်မလဲ။
« ဦးလေးပတ်ခ် သူ ဘယ်မှာလဲ »
«ဟိုမှာ »
ဦးလေးပတ်ခ်ပြောတဲ့နေရာကိုကြည့်လိုက်တော့ Northern light တွေကို ဓာတ်ပုံရိုက်ရင်းပျော်နေတဲ့လူသားလေးက ခုန်ဆွ၊ခုန်ဆွနှင့်။ ပြေးသွားပြီး ဖက်လိုက်တော့ လန့်သွားပေမယ့် သူမှန်းသိတော့ ငြိမ်နေသည်။ပြီးတော့ ငိုနေခဲ့သည်။
«ဘာလို့...ဘာလို့ ငိုတာလဲ »
«မင်း ငါကို ပစ်ထားလို့လေ »
«ကြားထဲ မဆက်သွယ်မိတာကို တောင်းပန်ပါတယ် ..အခု လူချင်းတွေ့ရပြီမို့ မငိုနဲ့တော့»
မျက်ရည်ဥလေးကို သုတ်ပေးလိုက်သည်။ Northern light တွေနှင့်အလိုက်လှနေသောလူသားလေးကတော့ သူ့ရင်ခွင်ထဲမှာ အသံတိတ် ဆန္ဒပြနေသည်။
«ဘာလို့ အတင်းရုန်းနေတာလဲကွာ။ လွမ်းလို့ ဖက်ထားပါရစေ »
« မင်း ငါကို ပစ်ထားပြီးမှ ဒီလိုရင်ခုန်ဖို့ကောင်းတာတွေ လာမပြောနဲ့ »
မြင်နေရတဲ့ပါးပြင်လေးကို အသည်းယားလွန်းလို့ ငုံနမ်းမိသည်။
«ရေခဲတောင်အတိုင်း အေးစက်တဲ့နေရာမှာ စမ်းသပ်မှုခံယူနေရတဲ့ငါကို မသနားဘူးလား။ဒီလိုမျိုး စိတ်ကောက်နေနိုင်တာ .. မဟုတ်မှ ငါကို မလွမ်းလို့လား..ထားပါ ငါကသာ လွမ်းနေရတာ ....»
ရင်ခွင်ထဲကနေ အတင်းရုန်းပြီး လာနမ်းသည်။ပြီးတော့ ဆူပုတ်ပုတ်မျက်နှာလေးနှင့် စူးစိုက်ပြီး ကြည့်လာသည်။
« ငါ မသည်းခံနိုင်တော့ဘူး။မင်း မကြားချင်ရင် နားပိတ်ထား Mark .. ငါ မင်းကို ချစ်တယ်»
ပြောပြီး နှုတ်ခမ်းလေးကို ဖိကပ်နမ်းလာတာမို့ ခါးမှဆွဲ၍ အနမ်းတွေကို လှလှပပလေး ပုံဖော်လိုက်သည်။ဥတ္တရအလင်းတန်းကောင်းကင်ယံအောက်မှာ ချစ်ရသူ့နှုတ်ခမ်းပါးလေးကို ကြင်နာစွာနမ်းရှိုက်ရင်း အနမ်းတွေဟာ ရှည်ကြာခဲ့သည်။
အဆုံးသတ်အနေနှင့် နဖူးလေးကို နမ်းရှိုက်လိုက်တော့ ငြိမ်ငြိမ်လေး ခံယူနေပြန်သည်။
« ငါ မင်းကို လွမ်းနေတာ HaeChannie »
«ငါရောပဲ »
အလင်းတန်းတွေကို ငေးကြည့်ရင်း ချစ်ရသူက ဝန်ခံလာသည်။ပြီးတော့ အနည်းငယ် ချောင်ကျနေသည့်သူ့မျက်နှာကိုကြည့်ပြီး မျက်နှာလေး နွမ်းလျသွားသည်။
« ဒီအတောအတွင်း မင်း အဆင်ပြေရဲ့လား»
«အင်း ။ မင်းကို လွမ်းနေတာကလွှဲရင် အဆင်ပြေတယ် »
တစ်ခါတလေ Andy တို့အတွဲကို မနာလိုဖြစ်မိသည်။ တင်းကြပ်တဲ့စည်းကမ်းတွေကြား နှစ်ယောက်သား မရမကာတွေ့နိုင်ကြသည်။သူမှာတော့ ချစ်ရသူနဲ့ တစ်ခါတွေ့ဖို့ရာ စမ်းသပ်မှုမျိုးစုံ ခံယူခဲ့ရသည်။
« Mark ဒီကိုကြည့်။ အဘိုးလက်ဆောင်ပေးလိုက်တာ »
အင်္ကျီအထူကြီးကြောင့် Mark မမြင်သောဆွဲကြိုးလေးကို ထုတ်ပြလိုက်သည်။
«ဒါက မင်းနဲ့စုံတွဲ ပုလဲနက်လေးတဲ့။ငါကတော့ ကြိုက်တယ်။လှတယ် မဟုတ်လား»
«အင်း။လှတယ် ။မင်းနဲ့လည်း လိုက်တယ်»
«ဟုတ်လို့လား...ငါက မင်းနဲ့လိုက်တာ မဟုတ်ဘူးလား »
မျက်တောက်လေးတွေ တဖျတ်ဖျတ်ခတ်ပြီး ပြောနေပုံက ချစ်စရာလေးပင်။
« မင်း စကားတွေ အရမ်းတတ်လာတယ် »
စကားမဆုံးခင်မှာ ရင်ခွင်ထဲ တိုးဝင်လာသည်။ခါးလေးတွေဖက်ပြီး ချွဲနွဲ့နေတာမို့ နဖူးပြင်လေးကို ခပ်ဖွဖွလေးနမ်းပြီး ။
« ချစ်တယ်။ ကိုယ့်ရဲ့ King Lee လေး »
ကိုယ်က အနာဂတ်ခေါင်းဆောင်ဆိုပေမယ့် မင်းက ကိုယ့်အနာဂတ်ကို ဦးဆောင်ပေးမဲ့ ဘုရင်လေး။
« ပြန်လာရင် ကိုယ်တို့လက်ထပ်ကြမယ်။
အဲ့အချိန် ကိုယ့်အသက်ပြည့်ပြီ ။ပြီးတော့ ခေါင်းဆောင်လည်း ဖြစ်နေပြီ။မင်းကို ဘယ်သူမှ မထိရဲတော့ဘူး »
«အခုလည်း ငါကို ဘယ်သူမှ မထိရဲပါဘူး »
«ဘယ်ထိရဲမလဲ။မင်းက ကိုယ်ရဲ့အရှင်ဘုရင်လေးကို »
မော့မကြည့်ပေမယ့် သိနေခဲ့သည်။ Mark မျက်နှာထက်မှာ အပြုံးပန်းလေးတွေ ဝေဆာနေမယ်ဆိုတာ။ချစ်ရသူနဲ့ အတူရှိနေရသည့်အခိုက်အတန့်တိုင်းဟာ ပျော်စရာမို့ သူဟာ Mark ရင်ခွင်ထဲကနေ ပြုံးနေခဲ့သည်။
ဒီအနာဂတ်ခေါင်းဆောင်လေးက သူ့အပိုင်တဲ့လေ။
✨🌻
22.11.23 🍎
ZAW...
« Mark ငါ မင္းကို.... »
«ဟင့္အင္း»
ႏႈတ္ခမ္းအိအိေလးအေပၚ သူ႕လက္ညိႇဳးျဖတ္တင္လိုက္သည္။ HaeChannie ဆီက အေျဖလိုခ်င္ေပမယ့္ မၾကားရဲေသးဘူး။ မိသားစုကလႊဲၿပီး ဘာမွမသိတဲ့ေကာင္ေလးမို႔ သူကိုလည္း ခ်စ္ေနမည္
မထင္ပါ။ရင္ခုန္တိုင္း၊လြမ္းတိုင္း အခ်စ္မွ မဟုတ္ဘဲ။
«စမ္းသက္မႈခံယူၿပီးမွ အေျဖလာေတာင္းမယ္။မင္းအတြက္ စဥ္းစားခ်ိန္ ပိုရတာေပါ့ »
တစ္ႏွစ္ဆိုသည့္အခ်ိန္ကာလမွာ HaeChannie သူကို ေမ့သြားျဖစ္ႏိုင္သလို အလြမ္းေတြႏွင့္လည္းေမတၱာသက္ဝင္လာႏိုင္သည္။ထိုသို႔မဟုတ္ဘဲ သူကို ေမ့သြားခဲ့လွ်င္ ကံတရားကိုသာ အျပစ္ပို႔လိုက္မည္။
«ဒါနဲ႔ မင္းသြားရမဲ့ႏိူင္ငံက »
«ေနာ္ေဝး »
«အရမ္းေအးေနေတာ့မွာပဲ »
«မင္းေပးတဲ့ ေခါင္းစြပ္ေလး ထုတ္ေဆာင္းမယ္ေလ »
«ဘယ္လိုလုပ္ၿပီး လုံေလာက္မွာလဲ »
စိတ္ပူမႈေတြ ေရာယွက္အသံလိႈင္းေလးအဆုံး
ၾကင္နာစြာ ေထြးေပြ႕လိုက္မိသည္။
« မင္းက အသည္းဖို႔ေကာင္းတယ္ »
ဘာမွမေျပာဘဲ ရင္ခြင္ထဲမွာ ၿငိမ္ေနသည္။
တစ္ဆိတ္ သူ (HaeChan) ငိုေနသလားလို႔။
« HaeChannie ~»
ရင္ခြင္ထဲက ခြဲထုတ္ရန္ျပင္လိုက္ေတာ့ ခါးကို အတင္းဖက္လာသည္။
«ဒီအတိုင္း ေနေပး Mark »
ပခုံးေတြကို သိုင္းဖက္ၿပီး ပုတ္ေပးလိုက္သည္။
«ငါလည္း မင္းကို ထားမသြားခ်င္ပါဘူး။အေျခအေနအရမို႔ပါ »
«အင္း ငါ နားလည္တယ္»
အသံေလးက တည္ၿငိမ္ေအာင္ မနည္း အားယူထားသည့္ပုံပင္။ဘယ္လိုလုပ္ၿပီး သန္မာတဲ့ေကာင္ေလးက အငိုသန္ေလးျဖစ္သြားရတာလဲ။
« ဘယ္လိုပဲ ခက္ခဲပါေစ။မင္းမ်ိဳးႏြယ္အတြက္ အေကာင္းဆုံးရင္ဆိုင္ခဲ့ Mark ~မင္းက အနာဂတ္ေခါင္းေဆာင္ မဟုတ္လား »
«အင္း ။ အေကာင္းဆုံး ျဖတ္ေက်ာ္ၿပီး မင္းဆီျပန္လာခဲ့မယ္။ငါကို ေစာင့္ေနမယ္ မဟုတ္လား »
ကတိစကားကို ႏႈတ္မွာမေျဖဘဲ Mark ႏႈတ္ခမ္းကို ခပ္ဖြဖြေလး ထိကပ္နမ္းလိုက္သည္။ငါက မင္းကို ေစာင့္ေနမွာမို႔ ျမန္ျမန္ျပန္လာခဲ့ပါ Mark ~
✨🌻
အစိုးရႏွင့္သေဘာတူညီခ်က္ေရးဆြဲၿပီး Norway ႏိုင္ငံကို Andy ႏွင့္အတူ ထြက္လာခဲ့သည္။သို႔ေသာ္ ေလယာဥ္ပ်ံေပၚေရာက္သည့္အခ်ိန္မွာ Chenle လိုက္လာမွန္းသိလိုက္ရသည္။ Andy တစ္ေယာက္အေပ်ာ္လြန္းၿပီး ေျပးဖက္လိုက္တာ Chenle လွဲက်မတတ္ပင္။အတြဲေတြကို ၾကည့္မရ၍ လႊတ္ထားေပမယ့္ တကယ္လည္း Chenleဆီက အကူအညီလိုအပ္သည္။
အခုသူတို႔သြားမဲ့ေနရာက Chenle အဘိုးပိုင္တဲ့ အက်ဥ္းေထာင္ျဖစ္သည္။ေနာ္ေဝးႏိုင္ငံက ေတာင္ေတြ၊ေရခဲျမစ္ေတြနဲ႔ နက္႐ိႈင္းတဲ့ကမ္း႐ိုးတန္း
fjord ေတြနဲ႔ လႊမ္းျခဳံထားေသာ စကင္ဒီေနးဗီးယားႏိုင္ငံျဖစ္သည္။ေအးျမေသာႏိုင္ငံမွာ ေအးစက္ေနေသာအက်ဥ္းေထာင္က စိတ္ေျခာက္ျခားဖြယ္ရာစမ္းသက္မႈဆိုေပမယ့္ မ်ိဳးႏြယ္အတြက္မို႔ အဆင္ေျပပါသည္။
တကယ္ေတာ့ ထိုစမ္းသက္မႈက သူ႕မ်ိဳးႏြယ္အတြက္ အႏၲရာယ္ကင္းရဲ႕လား သိခ်င္၍ သူ႕ကိုယ္တိုင္ စမ္းသက္မႈခံယူရန္ဆုံးျဖတ္လိုက္ျခင္းျဖစ္၏။ထိုဆုံးျဖတ္ခ်က္ကို အဘိုးဘက္မွာ စိတ္ပူလြန္းၿပီး တားခဲ့ေပမယ့္ မရသည့္အဆုံးမွာ
Andyကိုပါ ထည့္ခဲ့သည္။တစ္ေယာက္တည္းဆို ဘယ္လိုမွ စိတ္မေအးႏိုင္ဘူးတဲ့ေလ။
အကယ္၍ အသက္အႏၲရာယ္ထိခိုက္ေစေသာစမ္းသက္မႈျဖစ္ခဲ့လွ်င္ သူဘက္ကေန ၿငိမ္ေနမွာ မဟုတ္ပါ။သူမွာ အစိုးရကို ထိန္းခ်ဳပ္ႏိုင္တဲ့လွ်ိဳဝွက္ခ်က္တစ္ခု႐ွိသည္။ထိုလွ်ိဳဝွက္ခ်က္ကို အသုံးျပဳၿပီး အဆုံးထိတိုက္ပြဲဝင္သြားမွာမို႔ ေနာက္ဆို သူ႕မ်ိဳးႏြယ္က လူသားေတြဆီက အႏိုင္က်င့္ခံရေတာ့မွာ မဟုတ္ဘူး။႐ြံ႕စရာသတၱဝါေတြလိုလည္း ဆက္ဆံခံရေတာ့မွာမဟုတ္ဘူး။
✨🌻
ပုံမွန္အတိုင္း ေက်ာင္းတတ္ရင္း ပစၥည္းပို႔ေပးေပမယ့္ သူ႕စိတ္ေတြက ပုံမွန္မဟုတ္ပါ။တစ္စုံတစ္ေယာက္ကို လြမ္းရင္း တစ္ေန႔တာကို ခက္ခက္ခဲခဲအသက္႐ွင္ေနရသည္။လြမ္းလွ်င္ ဖုန္းဆက္၍လည္း မရ။ Mark ဘက္က ဆက္သြယ္လာသည့္ကိုေစာင့္စားရသည့္ဘဝမို႔ တစ္ႏွစ္တာကို ျမန္ျမန္ကုန္ဆုံးခ်င္ေနၿပီ။
« မင္းက Peter? »
အေ႐ွ႕မွာ ပိတ္ရပ္လ်က္ေမးလာေသာသူေတြဟာ လူသားေတြမဟုတ္မွန္း လက္ထဲမွာနာရီက အခ်က္ျပေနသည္။
« Mark ရဲ႕ခ်စ္သူလား !!»
ပထမဆုံး Vampire ေတြကို ထိန္႔လန္႔မိသည္။စားမတတ္၊ဝါးမတတ္အၾကည့္ေတြၾကား အေနရခက္လာသည္။သူတို႔ေခါင္းေဆာင္ေ႐ြးခ်ယ္ထားတဲ့လူသားတစ္ေယာက္ကို အဲ့ေလာက္ေတာင္ မႀကိဳက္ၾကဘူးလား။
« Hey ေမးေနတယ္ေလ !!»
ကိုယ္လုံးေလး တုန္တတ္သြားရသည္။ဘာလို႔ အဲ့ေလာက္ထိ သူကို အလိုမက်ျဖစ္ေနရတာလဲ။
« ေတာ္ၿပီ Johnny!! ကေလးကို ဘာလို႔ အဲ့ေလာက္ေျခာက္ေနရတာလဲ ။ ဒီကေလး တစ္ခုခုျဖစ္သြားလွ်င္ သခင္ေလး စိတ္ဆိုးေနလိမ့္မယ္ »
ကိုယ္ရံေတာ္ပတ္ခ္ေရာက္လာၿပီး တားေတာ့မွ အေစာနကသူက ေခါင္းေလးလာသုတ္သည္။လန္႔သြားသည့္မို႔ ေခါင္းငုံၿပီး အျမန္ေ႐ွာင္လိုက္သည္။
«မင္းက ခ်စ္စရာေလးပဲ။အဲ့ဒါေၾကာင့္ Mark က ကာကြယ္ေပးခ်င္ေနတာ »
ေၾကာင္ေတာင္ေတာင္ေလးႏွင့္သာ ၾကည့္ေနမိသည္။
«တစ္ခုခု သြားစားမလို႔ လိုက္မလား »
ကိုယ္ရံေတာ္ပတ္ခ္ကို ေမာ့ၾကည့္လိုက္သည္။
«လိုက္သြားလို႔ ရတယ္။သခင္ေလး သူငယ္ခ်င္းေတြ »
«လာပါ။မင္းကို ငါတို႔ဘာမွမလုပ္ပါဘူး »
လက္မွလာဆြဲ၍ ရက္ကန္ကန္ႏွင့္ပါသြားရသည္။ကိုယ္ရံေတာ္ပတ္ခ္ကို လွည့္ၾကည့္လိုက္ေတာ့လည္း ေခါင္းေလးၿငိမ့္ျပသည္။သေဘာက လိုက္သြားေပါ့။
«ငါ့နာမည္က Jay ။ USမွာ ငါးႏွစ္ေနခဲ့တယ္ »
«မင္း ငါးႏွစ္သားတုန္းကဆိုတာပါ ထည့္ေျပာလိုက္ေလ »
« မင္း အသာေနစမ္းပါ »
တစ္ေယာက္ႏွင့္တစ္ေယာက္ တြန္းထိုးရင္း ရန္ျဖစ္ေနေသာႏွစ္ေယာက္က လူေကာင္ႀကီးေတြႏွင့္ ကေလးအျပဳအမႈေတြပင္။
« ငါ့နာမည္က အေစာနက မင္းၾကားမွာပါ ။ Johnny လို႔ေခၚတယ္။ Mark ရဲ႕အခင္ဆုံး သူငယ္ခ်င္း »
႐ွိသမွ် သြားေတြႏွင့္စပ္ၿဖီးၿဖီးရယ္ျပသည္။တကယ္ပါပဲ။ဒီလူေတြရဲ႕ သ႐ုပ္မွန္က ဘာလဲ။ ေၾကာက္ဖို႔ေကာင္းတာလား။ခင္ဖို႔ေကာင္းတာလား။
✨🌻
« Hi Peter »
ထုံးစံအတိုင္း အခ်ိန္မွန္အနားေရာက္လာေသာႏွစ္ေယာက္။စေတြ႕တုန္းက ေၾကာက္ခဲ့ေပမယ့္ အခုေတာ့ ျမင္႐ုံႏွင့္ ျပဳံးေနရသည္။ႏွစ္ေယာက္လုံးက Mark ထက္ ႀကီးေပမယ့္ Mark ဆီက သူငယ္ခ်င္းလိုဆက္ဆံခံရသည္တဲ့ေလ။ေလးစားရေကာင္းမွန္းမသိ သူတို႔အေပၚ သူငယ္ခ်င္းလိုျပဳမႈသည့္ Mark ကို သိပ္ခ်စ္သည့္အျပင္ သူကိုလည္း ဂ႐ုစိုက္ေပးသည္။ပစၥည္းေတြ ကူပို႔ေပးၿပီး အားလပ္ခ်ိန္မွာ ဝါသနာပါတာလုပ္ဖို႔ အၿမဲတိုက္တြန္းၾကသည္။
« ပစၥည္း အကုန္ပို႔ၿပီးၿပီလား Jay Hyung »
ဆိုင္ကယ္ဦးထုပ္မခြၽတ္ဘဲ Peter ကို ေျပးတိုက္လိုက္သည္။ Mark ခ်စ္သူေကာင္ေလးလို႔ မေျပာရဘူး။တျဖည္းျဖည္းႏွင့္ သူတို႔အေပၚ ဂ်စ္တိုက္ေလးျဖစ္လာသည္။
« မင္း ေတာ္ေတာ္ ငါတို႔ကို အႏိုင္က်င့္ပါလား »
« နာတယ္ဗ်ာ။ ဒီေခါင္းက ဘယ္ေလာက္အဖိုးတန္လဲ Jay Hyung သိလား »
ဆူပုတ္ပုတ္ေလးႏွင့္ ရန္ေတြ႕လိုက္သည္။ Mark ျပန္လာမွာ ႏွစ္ေယာက္လုံးကို တိုင္ေျပာပစ္ရမယ္။ဝိုင္းအႏိုင္က်င့္ၾကတယ္ဆိုၿပီး။
« ငါ ေမ့ေတာ့မလို႔ ။ အဘိုးက Peter ကို ေခၚခဲ့ဖို႔ မွာလိုက္တယ္ »
« အဘိုးလား။ ကြၽန္ေတာ္လည္း လြမ္းေနတာ။ လိုက္ခဲ့မယ္ »
ဆိုင္ကယ္ဦးထုပ္ေဆာင္ၿပီး စက္ႏိုးလိုက္ေတာ့ Johnny Hyung က ညီးညည္းလာသည္။ငါတို႔ကို နားခြင့္ေပးပါဦးတဲ့ေလ။
ဘာမွမေျပာဘဲ ေမာင္းထြက္လာခဲ့သည္။မၾကာခင္ အေနာက္မွာပါလာမည့္ဆိုင္ကယ္ႏွစ္စီးေၾကာင့္ ျပဳံးလိုက္မိသည္။ Mark က သူကို ထားသြားခဲ့ေပမယ့္ စိတ္မခ်ျဖစ္ေနသည့္ပုံပင္။ကိုယ္ရံေတာ္ပတ္ခ္ကို အနားမွာေစာင့္ေ႐ွာက္ဖို႔ထားသြားသည့္အျပင္ သူငယ္ခ်င္းႏွစ္ေယာက္ပါ အနားပို႔လိုက္သည္။
တစ္ခါတေလ Johnny Hyung က ညည္းညဴးတတ္သည္။ Mark မ႐ွိလို႔ နားေအးၿပီမွတ္ေနတာ ။မင္းက ပိုဆိုးသည္တဲ့ေလ။
✨🌻
အိမ္ထဲဝင္လာေသာဆိုင္ကယ္ေလးေၾကာင့္ အဘိုးက ျပဳံးသြားသည္။ေခၚလိုက္သည့္ႏွင့္ ခ်က္ခ်င္းေရာက္လာတတ္တာ ဒီကေလးရဲ႕ခ်စ္စရာ အက်င့္ေလးျဖစ္သည္။အက်င့္စ႐ိုက္ေကာင္းၿပီး ဉာဏ္ေကာင္းသူမို႔ Mark ေ႐ြးခ်ယ္ထားသည့္သူကို စိတ္တိုင္းက်လွသည္။ထို႔ေၾကာင့္ အံ့ဆြဲထဲမွာ ဘူးေလးထုတ္၍ ေအာက္ထပ္ကို ဆင္းခဲ့သည္။
« မဂၤလာပါ အဘိုး »
အေပၚထပ္ကဆင္းလာေသာအဘိုးကို ဦးၫႊတ္လိုက္သည္။
«အင္း။ထိုင္ »
«ဟုတ္ကဲ့ »
ဆိုဖာေပၚျပန္ထိုင္၍ အဘိုးကမ္းေပးသည့္ဘူးေလးကို လက္ႏွစ္ဖက္ႏွင့္ အ႐ိုေသစြာ ယူလိုက္ေတာ့ အဘိုးက မင္းအတြက္တဲ့ေလ။
ဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာေတြ႕လိုက္ရေသာေတာက္ပေသာအရာေၾကာင့္ မ်က္လုံးေလးျပဴးၿပီး အဘိုးကို ျပန္ၾကည့္လိုက္ရသည္။
«အဘိုး ဒါက »
« လက္ေဆာင္ ။ စိတ္တိုင္းက်ရဲ႕လား »
« ဟုတ္ကဲ့»
«ဝတ္ၾကည့္ခ်င္လား။ဒီကိုလာ အဘိုးဝတ္ေပးမယ္ »
လည္ပင္းေပၚေနရာယူသြားေသာပုလဲနက္ေလး ။ေသခ်ာေပါက္ Mark လည္ပင္းေပၚမွာ႐ွိေသာပုလဲနက္ေလးႏွင့္ ဆင္တူေလးျဖစ္သည္။
« Mark လည္ပင္းေပၚက ဆြဲႀကိဳးနဲ႔ အတူတူပဲလား အဘိုး »
«အင္း။စုံတြဲေတြ »
ၾကည္ႏူးလြန္းလို႔ ႀကိတ္ျပဳံးမိသည္။သေဘာက သူနဲ႔ Mark ကို သေဘာတူတယ္ဆိုတဲ့ သေဘာမဟုတ္လား။
« ကြၽန္ေတာ္ အခုထိ Mark နဲ႔တရားဝင္ခ်စ္သူေတြ မဟုတ္ေသးဘူး »
အဘိုးက ရယ္သည္။
« ဒါေပမယ့္ ႏွစ္ေယာက္လုံး ခ်စ္ေနၾကတယ္ မဟုတ္လား »
အဘိုးအား ႐ွက္ရဲရဲေလးျပဳံးျပလိုက္ရသည္။
«ဒီမွာ ေနာက္ထပ္ လက္ေဆာင္ »
လက္ထဲေရာက္လာတဲ့ေလယာဥ္လက္မွတ္ေလး။အဘိုးအား ေၾကာင္ေတာင္ေတာင္ေလးၾကည့္ၿပီးမွ လက္မွတ္ျပန္ေပးလိုက္သည္။
« ကြၽန္ေတာ္ ဘာမွမသြားဘူး အဘိုး။ Mark ျပန္လာတဲ့အထိ ဒီမွာပဲေစာင့္ေနမွာမို႔ »
« Norway ကို ကိုယ္ရံေတာ္ပတ္ခ္သြားစရာ႐ွိတယ္။မလိုက္သြားခ်င္ဘူးလား »
ထိုအခါမွ ေလယာဥ္ပ်ံလက္မွတ္ကိုၾကည့္လိုက္ေတာ့ Mark ေနထိုင္သည့္ ေနာ္ေဝးႏိုင္ငံျဖစ္သည္။
«ဟိုေရာက္ရင္ Mark နဲ႔ေတြ႕မွာလား အဘိုး »
«ဒါကေတာ့...လိုက္သြားမွာ။သိမွာေပါ့ »
« ဟီး.ေက်းဇူးတင္ပါတယ္။ကြၽန္ေတာ္ ေကာင္းေကာင္းလည္ၿပီး ျပန္လာခဲ့ပါ့မယ္»
အဘိုးလက္ထဲမွာ လက္မွတ္ေလးယူၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးျပလိုက္သည္။ Mark နဲ႔ေတြ႕ရဖို႔ ရာခိုင္ႏႈန္းနည္းေပမယ့္ ကိုယ္ရံေတာ္ပတ္ခ္အားကိုးႏွင့္ မိုက္ၾကည့္ရမည္။ဘယ္လိုပဲျဖစ္ျဖစ္ Mark နဲ႔ေတြ႕ရမဲ့နည္းလမ္းကိုလည္း ႐ွာေဖြၾကည့္ရမည္။
✨🌻
« Peter ပ်င္းေနၿပီလား »
ေခါင္းသာခါျပလိုက္သည္။ဒီေန႔နဲ႔ဆို Norway ေရာက္တာ (၂)ရက္႐ွိၿပီ။ Markနဲ႔ ေတြ႕ရဖို႔မေျပာႏွင့္ ။ ကိုယ္ရံေတာ္ပတ္ခ္က သူ႕အလုပ္ေတြႏွင့္ မအားပါ။ထို႔ေၾကာင့္ အိမ္အႀကီးႀကီးထဲမွာ က်န္ခဲ့ၿပီး ပ်င္းေနရေပမယ့္ ထုတ္မေျပာခ်င္ပါ။ ကိုယ္ရံေတာ္ပတ္ခ္ကို ထုတ္ပိုးဝန္ပိုး မျဖစ္ေစခ်င္ဘူး။
« ေနာ္ေဝးႏိုင္ငံကို ညဘက္မ႐ွိတဲ့ႏိုင္ငံလို႔ ေခၚၾကတယ္။ ဘာလို႔လဲ သိလား Peter »
« Northern light ေတြေၾကာင့္ မဟုတ္လား။
ေနာ္ေဝးႏိုင္ငံမွာ မြန္းတည္တဲ့အထိ ေန ႐ွိတယ္ေလ »
«အဲ့ေနရာကို သြားလည္ခ်င္လား။လိုက္ပို႔ေပးမယ္»
«တကယ္လား »
« အဝတ္အစား ထူထူ ဝတ္ခဲ့ Peter »
ထခုန္မတတ္ေပ်ာ္သြားေသာ Peter ကို လွမ္းသတိေပးလိုက္ရသည္။မဟုတ္လွ်င္ သခင္ေလးက သူကို အျပစ္ေျပာလိမ့္မည္။အေႏြးထည္မပါဘဲ ေခၚလာခဲ့လို႔။
«ဦးေလးပတ္ခ္ ကြၽန္ေတာ္ အဆင္သင့္ျဖစ္ၿပီ »
ေကာက္ညင္းထုပ္အတိုင္း ဝတ္ခဲ့ေသာ Peter ကိုၾကည့္ၿပီး ျပဳံးလိုက္မိသည္။သခင္ေလးေတြ႕ရင္ အသည္းယားေနေတာ့မွာပဲ။
«ဦးေလးပတ္ခ္ ဘာလို႔ရယ္တာလဲ။ကြၽန္ေတာ္ ၾကည့္ရဆိုးေနလို႔လား »
«မဟုတ္တာ။အဆင္ေျပပါတယ္ »
အိမ္ထဲမွာ ခပ္သြယ္သြယ္ေလွ်ာက္သြားေသာကိုယ္ရံေတာ္ပတ္ခ္အေနာက္ အျမန္လိုက္ရသည္။ Mark ေနာ္ေဝးသြားရမယ္ဆိုကတည္း ဒီႏိုင္ငံအေၾကာင္း စုံစမ္းခဲ့တာျဖစ္သည္။ေျမာက္ဝင္႐ိုးစြန္းမွာ တည္႐ွိတဲ့ေနာ္ေဝးႏိုင္ငံမွာ ဥတၱရအလင္းတန္းေကာင္းကင္ယံကို ဓာတ္ပုံမွတစ္ဆင့္ ျမင္ၿပီးကတည္းက အျပင္မွာတစ္ေခါက္ေလာက္ ၾကည့္ခ်င္ခဲ့တာျဖစ္သည္။အခု အိမ္မက္ေတြ တကယ္ျဖစ္လာေပမယ့္ လိုက္ပို႔သည့္သူက Mark မဟုတ္ဘဲ ဦးေလးပတ္ခ္ျဖစ္ေနသည္က နည္းနည္း ဝမ္းနည္းဖို႔ေကာင္း၏။
✨🌻
အနားမွာ ၿငိမ္ၿငိမ္ေလးလိုက္ပါလာေပမယ့္ Northern light ေတြျမင္ေတာ့ ခုန္ေပါက္ၿပီး ေပ်ာ္႐ႊင္သြားတဲ့ေကာင္ေလးက သခင္ေလးကိုျမင္လွ်င္ဘယ္ေလာက္ေတာင္ေပ်ာ္ေနလိုက္မလဲ။
« ဦးေလးပတ္ခ္ သူ ဘယ္မွာလဲ »
«ဟိုမွာ »
ဦးေလးပတ္ခ္ေျပာတဲ့ေနရာကိုၾကည့္လိုက္ေတာ့ Northern light ေတြကို ဓာတ္ပုံ႐ိုက္ရင္းေပ်ာ္ေနတဲ့လူသားေလးက ခုန္ဆြ၊ခုန္ဆြႏွင့္။ ေျပးသြားၿပီး ဖက္လိုက္ေတာ့ လန္႔သြားေပမယ့္ သူမွန္းသိေတာ့ ၿငိမ္ေနသည္။ၿပီးေတာ့ ငိုေနခဲ့သည္။
«ဘာလို႔...ဘာလို႔ ငိုတာလဲ »
«မင္း ငါကို ပစ္ထားလို႔ေလ »
«ၾကားထဲ မဆက္သြယ္မိတာကို ေတာင္းပန္ပါတယ္ ..အခု လူခ်င္းေတြ႕ရၿပီမို႔ မငိုနဲ႔ေတာ့ »
မ်က္ရည္ဥေလးကို သုတ္ေပးလိုက္သည္။ Northern light ေတြႏွင့္အလိုက္လွေနေသာလူသားေလးကေတာ့ သူ႕ရင္ခြင္ထဲမွာ အသံတိတ္ ဆႏၵျပေနသည္။
«ဘာလို႔ အတင္း႐ုန္းေနတာလဲကြာ။ လြမ္းလို႔ ဖက္ထားပါရေစ »
« မင္း ငါကို ပစ္ထားၿပီးမွ ဒီလိုရင္ခုန္ဖို႔ေကာင္းတာေတြ လာမေျပာနဲ႔ »
ျမင္ေနရတဲ့ပါးျပင္ေလးကို အသည္းယားလြန္းလို႔ ငုံနမ္းမိသည္။
«ေရခဲေတာင္ေတြလို႔ ေအးစက္တဲ့ေနရာမွာ စမ္းသပ္မႈခံယူေနရတဲ့ငါကို မသနားဘူးလား။
ဒီလိုမ်ိဳး စိတ္ေကာက္ေနႏိုင္တာ .. မဟုတ္မွ ငါကို မလြမ္းလို႔လား..ထားပါ ငါကသာ လြမ္းေနရတာ ....»
ရင္ခြင္ထဲကေန အတင္း႐ုန္းၿပီး လာနမ္းသည္။ၿပီးေတာ့ ဆူပုတ္ပုတ္မ်က္ႏွာေလးႏွင့္ စူးစိုက္ၿပီး ၾကည့္လာသည္။
« ငါ မသည္းခံႏိုင္ေတာ့ဘူး။မင္း မၾကားခ်င္ရင္ နားပိတ္ထား Mark .. ငါ မင္းကို ခ်စ္တယ္»
ေျပာၿပီး ႏႈတ္ခမ္းေလးကို ဖိကပ္နမ္းလာတာမို႔ ခါးမွဆြဲ၍ အနမ္းေတြကို လွလွပပေလး ပုံေဖာ္လိုက္သည္။ဥတၱရအလင္းတန္းေကာင္းကင္ယံေအာက္မွာ ခ်စ္ရသူ႕ႏႈတ္ခမ္းပါးေလးကို ၾကင္နာစြာနမ္း႐ိႈက္ရင္း အနမ္းေတြဟာ ႐ွည္ၾကာခဲ့သည္။
အဆုံးသတ္အေနႏွင့္ နဖူးေလးကို နမ္း႐ိႈက္လိုက္ေတာ့ ၿငိမ္ၿငိမ္ေလး ခံယူေနျပန္သည္။
« ငါ မင္းကို လြမ္းေနတာ HaeChannie »
«ငါေရာပဲ »
အလင္းတန္းေတြကို ေငးၾကည့္ရင္း ခ်စ္ရသူက ဝန္ခံလာသည္။ၿပီးေတာ့ အနည္းငယ္ ေခ်ာင္က်ေနသည့္သူ႕မ်က္ႏွာကိုၾကည့္ၿပီး မ်က္ႏွာေလး ႏြမ္းလ်သြားသည္။
« ဒီအေတာအတြင္း မင္း အဆင္ေျပရဲ႕လား »
«အင္း ။ မင္းကို လြမ္းေနတာကလႊဲရင္ အဆင္ေျပတယ္ »
တစ္ခါတေလ Andy တို႔အတြဲကို မနာလိုျဖစ္မိသည္။ တင္းၾကပ္တဲ့စည္းကမ္းေတြၾကား ႏွစ္ေယာက္သား မရမကာေတြ႕ႏိုင္ၾကသည္။သူမွာေတာ့ ခ်စ္ရသူနဲ႔ တစ္ခါေတြ႕ဖို႔ရာ စမ္းသပ္မႈမ်ိဳးစုံ ခံယူရသည္။
« Mark ဒီကိုၾကည့္။ အဘိုးလက္ေဆာင္ေပးလိုက္တာ »
အက်ႌအထူႀကီးေၾကာင့္ Mark မျမင္ေသာဆြဲႀကိဳးေလးကို ထုတ္ျပလိုက္သည္။
«ဒါက မင္းနဲ႔စုံတြဲ ပုလဲနက္ေလးတဲ့။ငါကေတာ့ ႀကိဳက္တယ္။လွတယ္ မဟုတ္လား »
«အင္း။လွတယ္ ။မင္းနဲ႔လည္း လိုက္တယ္»
«ဟုတ္လို႔လား...ငါက မင္းနဲ႔လိုက္တာ မဟုတ္ဘူးလား »
မ်က္ေတာက္ေလးေတြ တဖ်တ္ဖ်တ္ခတ္ၿပီး ေျပာေနပုံက ခ်စ္စရာေလးပင္။
« မင္း စကားေတြ အရမ္းတတ္လာတယ္ »
စကားမဆုံးခင္မွာ ရင္ခြင္ထဲ တိုးဝင္လာသည္။ခါးေလးေတြဖက္ၿပီး ခြၽဲႏြဲ႕ေနတာမို႔ နဖူးျပင္ေလးကို ခပ္ဖြဖြေလးနမ္းၿပီး ။
« ခ်စ္တယ္။ကိုယ္ရဲ႕ King Lee ေလး »
ကိုယ္က အနာဂတ္ေခါင္းေဆာင္ဆိုေပမယ့္ မင္းက ကိုယ့္အနာဂတ္ကို ဦးေဆာင္ေပးမဲ့ ဘုရင္ေလး။
« ျပန္လာရင္ ကိုယ္တို႔လက္ထပ္ၾကမယ္။
အဲ့အခ်ိန္ ကိုယ့္အသက္ျပည့္ၿပီ ။ၿပီးေတာ့ ေခါင္းေဆာင္လည္း ျဖစ္ေနၿပီ။မင္းကို ဘယ္သူမွ မထိရဲေတာ့ဘူး »
«အခုလည္း ငါကို ဘယ္သူမွ မထိရဲပါဘူး »
«ဘယ္ထိရဲမလဲ။မင္းက ကိုယ္ရဲ႕အ႐ွင္ဘုရင္ေလးကို »
ေမာ့မၾကည့္ေပမယ့္ သိေနခဲ့သည္။ Mark မ်က္ႏွာထက္မွာ အျပဳံးပန္းေလးေတြ ေဝဆာေနမယ္ဆိုတာ။ခ်စ္ရသူနဲ႔ အတူ႐ွိေနရသည့္အခိုက္အတန္႔တိုင္းဟာ ေပ်ာ္စရာမို႔ သူဟာ Mark ရင္ခြင္ထဲကေန ျပဳံးေနခဲ့သည္။
ဒီအနာဂတ္ေခါင္းေဆာင္ေလးက သူ႕အပိုင္တဲ့ေလ။
✨🌻
22.11.23 🍎