UNI...
အချစ်ရေး အဆင်ပြေသွားမှန်းသိသားသော Andy ဟာ ပြုံးပျော်နေသောမျက်နှာလေးနှင့် ကျောင်းရောက်လာခဲ့သည်။ HaeChan ကြည့်ပြီး အားကျရသည်။သူတို့နှစ်ယောက် အချစ်ရေးကရော ဘယ်တော့မှ ပွင့်လင်းမှာလဲ။ချစ်နေမှန်း သိသားတဲ့အပြုအမှုတွေကြောင့် ရဲတင်းစွာ အနားကပ်မိတော့ Mark က သူနှင့်ခပ်စိမ်းစိမ်းနေပြန်သည်။ဘာမှန်းမသိ Mark ဆီမှာပူပန်စရာကိစ္စ ရှိနေမှန်း ရိပ်စားမိသည်။သူဘက်က တစ်ခုခုကူညီပေးချင်တာကြောင့် နေ့နေ့၊ညည Mark မနားတမ်းဖတ်နေသော Vampire နှင့်လူသားစစ်ပွဲအကြောင်း စာအုပ်ကို ဖတ်ပြီးမှ သိသွားခဲ့သည်။ထိုစစ်ပွဲက လူသားတွေဘက်မှ စခဲ့သောရန်ပွဲဖြစ်ပြီး လူကြီးတွေပြောသလို Vampire ရဲ့လောဘကြောင့် ဖြစ်တည်လာခဲ့တာ မဟုတ်ပေ။
ထို့ကြောင့် နောက်နေ့မနက်မှာ HaeChan ကျောင်းကို စောစောလာခဲ့သည်။ ကျောင်းဝန်းထဲ ဝင်လာသော အနက်ရောင်ကားလေးမြင်မှ သစ်ပင်အကွယ်မှာထွက်လာခဲ့သည်။
« Mark »
လှမ်းခေါ်လိုက်တော့ Andy က အလိုက်တသိရှောင်ပေးသည်။သူ Mark ရှေ့တည့်တည့်မှာ ရပ်ပြီး မျက်လုံးချင်းဆုံလိုက်သည်။
« ငါ သိသွားပြီ »
«ဟမ်»
« မင်း လူသားတွေ နဲ့ Vampire တွေကို အရင်လို ပျော်ပျော်ရွင်ရွင်နေချင်တာကို »
Mark မျက်လုံးတွေ ဝိုင်းစက်သွားရသည်။ HaeChannie က သူ့အရိပ်အကဲကို ကြည့်ရုံနှင့် သိနေခဲ့သည်လေ။
« ငါ့နည်းလမ်း ရှာတွေ့ထားတယ် »
«နေဦး။နေပါဦး။မင်း အဲ့စာအုပ်ကို
ဘယ်ကရလာတာလဲ»
ထိုစာအုပ်ကို အလွယ်တကူရှာမရမှန်း Mark သိသည်။ဘာလို့လဲဆို ထိုစာအုပ်ကို ရေးသားခဲ့သူက သူ၏ဖခင်ကိုယ်တိုင်ဖြစ်၍ဖြစ်သည်။ထိုစာအုပ် ထုတ်ဝေပြီး မကြာ။လူသားတွေဆီမှာ သစ္စာဖောက်မှုနှင့် သတ်ဖြတ်ခံခဲ့ရသည်။ Vampire တစ်ယောက်ကို လက်ထပ်ပေါင်းသင်းသည့်အပြစ်နှင့် လူသားတွေဆီမှာ အထင်သေးခံရသည့်ကြားမှ အမှန်တရားကို ချစ်မြတ်နိုးစွာ ချန်ခဲ့သောထိုစာအုပ်ဟာ မီးလောင်တိုက်သွင်းခံလိုက်ရ၍ အခုလက်ရှိမှာ တစ်အုပ်မှမရှိတော့ပါ။
« ရှိတယ်။ သဘောကောင်းတဲ့ အဘိုးတစ်ယောက် »
Mark ကို မျက်လုံးလေးမှိတ်ပြပြီး ပြောလိုက်သည်။ပြောင်စပ်စပ်နှင့်သူကို Mark က နဖူးလေး လာထုသည်။မင်း ငါကို လျှိုဝှက်တတ်နေပြီတဲ့လေ။
✨🌻
HaeChannie ပေးသောအကြံကို ခေါင်းအေးအေးနှင့် နှစ်ရက်လောက် စဉ်းစားပြီးနောက်မှ Chenle နှင့်တွေ့ရန် ဆုံးဖြတ်လိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် Vampire မှန်းသိနေတာတောင် မဖမ်းဘဲ လွှတ်ထားပေးကတည်းက Andy အပေါ် အမှန်တကယ် မေတ္တာမျှနေလို့ဖြစ်ရမည်။ Andy မျက်နှာနှင့် သူကို အထိုအလျောက် ကူညီပေးမည်ဟု တစ်ထစ်ချယုံကြည်ကာ Chenle နှင့် ချိန်းဆိုခဲ့သည်။
တိတ်ဆိတ်သည့်ကော်ဖီဆိုင်လေးမှာ လူသုံးယောက် မျက်နှာချင်းဆိုင်နေပြီး Andy မျက်နှာလေးက ဇီးရွက်လောက်လေးသာ ရှိတော့သည်။သူ ဒီနှစ်ယောက် စကားများ၊ရန်ဖြစ်မှာကို မလိုလားဘူး။ Mark က သူတို့အနာဂတ်ခေါင်းဆောင်ဖြစ်ပြီး Chenle က သူ့အသက်သမျှ ချစ်ရသူဖြစ်သည်။
« မပူနဲ့။ငါ မင်းရည်းစားနဲ့ ရန်ဖြစ်ဖို့ လာတာ မဟုတ်ဘူး ။ အကူညီတောင်းဖို့ လာခဲ့တာ »
«အကူအညီ ?»
သံယောင်လိုက်ပြောလျက် Chenle ကို ကြည့်လိုက်ရသည်။ Chenle က သူတို့မျိုးနွယ်အတွက်ဆို ကူညီမှာမဟုတ်ဘူး။
« ဘာများလဲ »
အေးအေးလူးလူး ပြောလိုက်သည်။အတင်းရဲပြီး အကူအညီလာတဲ့ Andy သူငယ်ချင်းက စည်းမရှိဘူး ထင်သည်။သူ Vampire တွေကို ဘယ်လောက်မုန်းလဲ လူတိုင်း သိသည်။
« မင်း အဘိုးနဲ့ တွေ့ချင်တယ်။ကူညီနိုင်မလား »
« Mark မင်းသေချင်နေတာလား !!»
Chenle ဘာမှမပြောခင် Andy ထတားရသည်။ဘယ်လိုလုပ်ပြီး Vampire နှိမ်နင်းသူကို ထိပ်တိုက်ချင်းတွေ့ချင်နေရတာလဲ။
« ထိုင် »
လက်မှာဆွဲ၍ ပြန်ထိုင်ခိုင်းလိုက်သည်။ဘယ်လောက်ပဲ သူငယ်ချင်းအရင်းကြီးဆိုဦး။သူအရှေ့မှာ စိတ်ပူပြတာ အရမ်းလွန်လွန်းသည်။
«အကြောင်းပြချက်ပြော »
အေးစက်စက်မျက်လုံးတွေနှင့် Mark ကို ကြည့်လိုက်သည်။သူ Vampire တွေကို အရမ်းမုန်းသည်။ Andy မျက်နှာနှင့်တောင် ကူညီနိုင်မည် မထင်။
« Vampire မှန်းသိပေမယ့် အပြစ်မလုပ်ထားရင် ဖမ်းစီးလို့ မရဘူး မှတ်လား »
ဘယ်သူပြောလဲ။သူတို့မှာ အဲ့လို့သတ်မှတ်ချက် မရှိဘူး။ Vampire ဖြစ်နေလျှင် ဖမ်းစီးဖို့ ခိုင်လုံနေပြီ မဟုတ်လား။
« မင်းတို့မှာ အဲ့လို စည်းမျိုး ရှိမယ်ထင်နေတာ။မရှိဘူးလား »
«....»
«လူတွေမှာတောင် မကောင်းတဲ့သူ၊ကောင်းတဲ့သူ ရှိတယ်။ငါတို့လည်း အဲ့လိုပဲ။ဘာလို့ Vampire ဆိုတာနဲ့ မုန်းနေကြတာလဲ။မင်းတို့ မလွန်လွန်းဘူးလား။မင်းတို့ ဖမ်းစီးအကျဉ်းချထားတဲ့သူတွေထဲမှာ အပြစ်မရှိတဲ့သူတွေ အများကြီး ပါတယ် »
အကူညီတောင်းမယ်ဆိုပြီး ရန်မီးမွှေးနေသော Mark ကို ကြည့်ပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရသည်။
« ငါ Andy ကြောင့် သည်းခံနေရတာ Mark ..စည်းမကျော်လာနဲ့ !! »
စားပွဲခုံကို ထုပြီး အော်ပြောလိုက်သည်။ Vampire တွေ ဘယ်လောက်ထိ ရွံ့စရာကောင်းလဲ သူ အသိဆုံး။
« ပြီးတော့ မင်း ..သွေးနှော မဟုတ်လား။ဘာလို့ လူသားဆန်တဲ့စိတ် မရှိနေရတာလဲ »
ဒေါသတကြီးထွက်သွားတဲ့ Chenle အနောက် လိုက်သွားချင်တဲ့ Andy က သူကို မရဲမဝံ့ကြည့်ပြီး ပြောလာသည်။ သူ ပြောတာ မဟုတ်ဘူးတဲ့လေ။
ဒါဆို ဘယ်လိုလုပ်ပြီး သူ သွေးနှောဆိုတာ သိသွားရတာလဲ။
« လိုက်သွားလို့ရတယ် ..ငါ အဆင်ပြေတယ် »
Andyဆိုင်ထဲမှာ ထွက်သွားမှ ငူငူငိုင်ငိုင်ဖြစ်သွားသည်။သူက လူသားဆန်တဲ့စိတ် မရှိဘူးတဲ့လေ။
လူသားဆန်တဲ့စိတ်ဆိုတာရော ဘာလဲ။ရက်စက်ကြမ်းကြုတ်ပြီး ကိုယ်ထက် သာလျှင် မနာလိုတဲ့စိတ်လား။
ဒါမှမဟုတ် အပြစ်ရှိရှိ၊မရှိရှိ မုန်းနေလျှင် အမှန်လည်း အမှားဖြစ်နေတဲ့စိတ်လား။
လူသားတစ်ယောက်ကဲ့သို့ ပြုမှုနေထိုင်ချင်ပေမယ့် အခုထိ နားမလည်သေးဘူး။သူ့ပတ်ဝန်းကျင်က လူသားတွေက တစ်ကိုယ်ကောင်းဆန်ပြီး အမြတ်ဒေါသကြီးတဲ့သူတွေမို့။ထိုအချင်းအရာကို နားလည်ရန် ကြိုးစားခဲ့ပေမယ့် အရာမထင်းခဲ့။
✨🌻
HaeChannie အိမ်လည်ခေါ်၍ ရောက်ခဲ့သောအိမ်လေးက သေးသေးလေးဆိုပေမယ့် နွေးထွေးမှု အလုံအလောက်ရရှိသည်။မပြည့်စုံတဲ့မိသားစုကို ထောက်ပံ့ပေးနေသောကောင်လေးကလည်း သူအတွက် မြတ်နိုးရာလေးဖြစ်ခဲ့သည်။တစ်ယောက်တည်း မိသားစုအတွက် ရုန်းကန်နေရရှာသည်။
« Mark..သားလေး ပျင်းနေပြီလား »
ပန်းရေလောင်းနေသော HaeChannie ကို
အဝေးကကြည့်နေစဉ် အနားရောက်လာသောဒေါ်လေးကို ပြုံးပြပြီး ခေါင်းခါပြလိုက်သည်။
« ထမင်းစားပြီးမှ ပြန်နော် »
သေချာသည်။နွေးထွေးတဲ့အပြုံးတွေကို ဒေါ်လေးဆီက HaeChannie အမွှေရခဲ့တာဖြစ်ရမည်။
«သားကြီးက မိသားစုကလွဲပြီး ဘာမှမသိတဲ့ကလေးမို့ အထီးကျန်မှာကိုကြောက်နေခဲ့တာ »
«....»
«သူငယ်ချင်းရှိနေပြီပြောတုန်းက အရမ်းအံ့ဩခဲ့တယ်»
«....»
«ဘယ်လိုလူမျိုးဖြစ်မလဲ မေးကြည့်တော့ သားအကြောင်းကို ပြုံးပြီးပြောပြခဲ့တာ။တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေခဲ့တာ »
«....»
«အချိန်အတော်ကြာမှ မြင်လိုက်ရတဲ့လွတ်လပ်တဲ့အပြုံးတွေ »
ထိုစကားကို ပန်းပင်ရေလောင်းနေတဲ့ HaeChannie ကိုပြုံးကြည့်လျက် ပြောလာသည်။ရင်ထဲမှု နွေးထွေးမှုနှင့် ရင်ခုန်သံက စီချက်မမှန်တော့။ HaeChannie က သူကို သူငယ်ချင်းတစ်ယောက်အနေနဲ့ အဲ့လောက်ထိ သဘောကျခဲ့သည်တဲ့လေ။
ဒါဆို ချစ်သူတစ်ယောက်အနေနဲ့ရော။
မဖြစ်နိုင်ဘူး ထင်သည်။ HaeChannie က မိသားစုကလွှဲပြီး ကျန်တာစိတ်မဝင်စားသည့်သူ။
ပြီးတော့ သူမှာလည်း တစ်ခြားအာရုံစိုက်စရာတွေ အများကြီးရှိသေးသည်။
✨🌻
« Andy »
« ဟင် »
«တကယ်တော့ ငါ့မိဘတွေက Vampireတွေကြောင့် သေဆုံးခဲ့တာ။အဲ့ဒါကြောင့် သူတို့ကိုမြင်ရင် မုန်းပြီး အမှား၊အမှန်မခွဲတော့ဘဲ အကျဉ်းထောင်ထဲ ပို့ခဲ့တယ် »
တစ်ခါမှမမြင်ဖူးသော Chenle ရဲ့အခြားတစ်ဖက်ကို တွေ့လိုက်ရသည်။သူ့အရှေ့မှာ အမြဲသန်မာပြီး ရဲရင့်ခဲ့သူက မျက်ရည်ဥလေးတွေ ခိုတွဲလျက်ငိုကြွေးနေသည်။အထိခိုက်လွယ်သောပန်းလေးတစ်ပွင့်ကို ယုယုယယလေး ရင်ခွင်ထဲ ထွေးပွေ့လိုက်သည်။
«မင်းနေရာမှာ ငါဆိုလည်း အဲ့လိုပဲ လုပ်မိမှာ »
ပခုံးလေးကို ကလေးချော့သလိုပုတ်၍ ပြောလိုက်သည်။
« မှားနေရင်တောင်လား »
«ဟမ် »
«မှားနေတာတောင် အဲ့လိုဆက်လုပ်မှာလား »
အဓိပ္ပာယ်ပါသောအကြည့်တွေ။ကြေကွဲစူးနင့်နေသောမျက်ဝန်းတွေ။ချစ်ရသူ နာကျင်နေသည်ကို သိမြင်ပေမယ့် ခေါင်းအသာရမ်းပြလိုက်သည်။
«ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့သူတွေကို ထပ်မနာကျင်စေဘူး »
Chenle မျက်နှာပေါ် လက်အုပ်ပြီး ငိုချမိသည်။အပြစ်မရှိတဲ့ Vampire တွေအများကြီး သူကြောင့် လွတ်လပ်မှုတွေကို အကျဉ်းချခံထားရသည်။
«တောင်းပန်ပါတယ် ။ မင်းမျိုးနွယ်ကို မုန်းခဲ့မိလို့»
«မဟုတ်တာ။ငါ နားလည်ပါတယ် »
«ပြီးတော့ မင်းကို နာကျင်အောင်လုပ်ခဲ့မိလို့ »
အားနာမှုတွေနှင့်ပြည့်နှက်နေသောချစ်ရသူ့ကျောပြင်ကို ပွတ်သတ်ချော့မြူလိုက်သည်။
« ငါကို အားနာနေစရာမလိုပါဘူး။ပြီးတော့ ငါတို့မျိုးနွယ်အတွက် စိတ်မပူပါနဲ့ ။ မကြာခင် အဆင်ပြေတော့မှာပါ »
လက်ဖမိုးလေးနှင့် မျက်ရည်စတွေသုတ်ရင်း ငေးကြည့်လာသည် ။
« Mark က လူသားတွေနဲ့ Vampire တွေ အရင်လို ပြည်လည်သင့်မြတ်ဖို့ကြိုးစားနေတယ်လေ »
«....»
«မင်း ပြောသလို သူက သွေးနှောတစ်ယောက်မို့ အစိုးရနဲ့ တွေ့ခွင့်ရသွားခဲ့တယ်။စမ်းသပ်မှုသာ အောင်မြင်ရင် အရာအားလုံး အဆုံးသတ်သွားပြီ။ငါတို့ကို မုန်းနေတဲ့သူ ထပ်ရှိတော့မှာ မဟုတ်ဘူး »
ပြုံးပြီးပြောနေပေမယ့် Andy ရင်ထဲက နာကျင်မှုအစိုင်အခဲကို မြင်နေရသည်။ရွံ့စရာမကောင်းဆိုးဝါးတစ်ကောင်လို ပြုမှုဆက်ဆံခဲ့သည့်ကို ပြန်တွေးပြီး ရင်နာမဆုံးပင်။
သူ့ချစ်သူက လူကောင်ကြီးသလောက် စိတ်နုသည်။
« ငါကို မင်း မိသားစုအကြောင်း ပြောပြ »
ပထမဆုံးအကြိမ် Andy အကြောင်း စပ်စုမိခြင်းဖြစ်သည်။ Andy ကို Andyမှလွှဲ၍ ကျန်တာ မမှတ်ထားခဲ့ပါ။Vampire တွေကို မုန်းသည့်မို့ စိတ်မဝင်စားခဲ့သည်လည်း ပါသည်။ Mark ပြောသလို Vampire တိုင်း သွေးဆာလောင်နေတဲ့မကောင်းဆိုးဝါးတွေမှ မဟုတ်တာ။ Andy မိသားစုတွေလည်း Andy လိုဖြူစင်ပြီး ရိုးသားသူတွေ ဖြစ်နိူင်သည်လေ။
✨🌻
မလျော့သောစိတ်နှင့် ကြိုးစားအားအပြီးမှ အစိုးရနှင့်တွေ့ရခဲ့သည်။မျိုးနွယ်အတွက် အားကုန်အင်စိုက်ကြိုးစားနေစဉ်မှာ HaeChannieဆီစိတ် ရောက်သွားတတ်ပေမယ့် သွားမတွေ့ဖြစ်ခဲ့ပါ။ကြားထဲ အလုပ်ကိုဖိလုပ်ရင်း လွမ်းသမျှ သည်းခံထားရသည်။အရာအားလုံး အဆင်ပြေသွားလျှင် HaeChannie အနားမှာပဲ အေးဆေးနေတော့မည်။
« Mark »
Store ဆိုင်ထဲမှာ ထွက်လာသောသူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။မတွေ့ရသည့်အတောအတွင်း HaeChannie က ရဲတင်းလာသည်။သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လျက် လခြမ်းပုံစံမျက်လုံးလေးတွေနှင့် ပြုံးပြသည်။
« ငါ မင်းအကြောင်း အခုပဲတွေးနေတာ »
«....»
«မင်းက မျက်စိရှေ့ ရောက်လာတယ် »
«....»
«မဟုတ်မှ တယ်လီပတီ ရှိနေတာလား »
နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသည်။ဒီဟာသတွေ
ဘယ်သူ သင်ပေးလိုက်တာလဲ။
«မင်းရော ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ »
«ပစ္စည်းလာပို့တာ »
«ဒါဆို မင်းဆိုင်ကယ်ရော »
«ပျက်နေတယ် »
« ငါ မင်းကို လိုက်ပေး ....»
!!ဒုန်း!!
မျက်စိရှေ့မှာ ဖြစ်သွားတဲ့ကြီးမားတဲ့ ယာဉ်တိုက်မှု။ဘောလုံးလိုက်ဖမ်းသောကလေးကို ကာကွယ်ပေးရင်းမှ သွေးအိုင်ထဲ လဲကျနေသောဦးလေးကြီးကိုမြင်တော့ သူ့မျက်လုံးတွေ အရောင်ပြောင်းလာသည်။သူ သည်းမခံနိုင်ဘူး။ဒီသွေးညီနံ့တွေက သူကို သွေးဆောင်နေသည်။
« Mark မင်း အဆင်ပြေရဲ့လား »
ခေါင်းတစ်ခုံး ချာချာလည်လာ၍ ဖိကိုင်ပြီး မနည်း စိတ်ထိန်းထားရသည်။ HaeChannie ရှေ့မှာ သူရဲ့ဆိုးဝါးလှတဲ့ပုံစံကို မပြချင်ဘူး။
«ဟင့်အင်း။မထိနဲ့ »
ပခုံးပေါ်က လက်ကလေးကို ခပ်ကြမ်းကြမ်းဖယ်ထုတ်ပစ်လိုက်သည်။
«မင်း...မင်း မဟုတ်မှ »
အရောင်ပြောင်းသွားသောမျက်လုံးတွေကိုကြည့်ပြီး အံ့ဩထိန့်လန့်စွာအနောက်သို့ ဆုတ်သွားလေသည်။ဘယ်လိုပဲဖြစ်ဖြစ် သူ Vampire ဆိုတာ HaeChannie သိသွားခဲ့ပြီ။
« ဟုတ်တယ်။ငါက Vampire...အဲ့ဒါကြောင့် အနား မကပ်နဲ့။အခု ငါ့စိတ်က အရိုင်းဆန်နေတယ် »
ပြောရင်း နေရာမှာ ပြေးထွက်ခဲ့သည်။အော်
ခေါ်နေသည့်အသံကြားနေပေမယ့် လှည့်မကြည့်တမ်း ပြေးခဲ့သည်။
သူကြောင့် HaeChannie ထိခိုက်သွားလို့မဖြစ်ဘူး။
✨🌻
နေစဉ်ရက်ဆက် ကျောင်းလာပြီး Andy ဆီမှာ HaeChannie က သူ့အကြောင်းတွေ လာမေးသည်တဲ့လေ။ပုံမှန်ဆို ကျောင်းသိပ်မလာတဲ့ကောင်လေးက တကူးတခန့်နှင့် သူ့အကြောင်းမေးနေသည်ကိုကြားရတော့ ရင်ထဲကြည်နူးရသည်။ကြားထဲ ပို့သမျှစာတွေ လျစ်လျူရှူခဲ့ရသည်။မဟုတ်လျှင် အခြေအနေမဟန်သည့်ကြားမှ အနှီးလူသားလေးကို ပြေးတွေ့မိလိမ့်မည်။
စိတ်တွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည့်အချိန်မှာ Mark ကျောင်းသို့ ရောက်လာခဲ့သည်။အဲ့နေ့က စတိုးဆိုင်ရှေ့မှာ ဖြစ်သွားသော ကားတိုက်မှုကြောင့် သွေးအိုင်ထဲ လဲနေသောလူကို ကြည့်ပြီး Markရဲ့ အသိစိတ်တွေက အရိုင်းဆန်လာခဲ့သည်။သွေးညှိနံတွေဟာလည်း နှာခေါင်းဝမှာ လာရောက် ကျီစယ်လေတော့ ထိုနေရာမှာ အဝေးဆုံးသို့ ပြေးထွက်လာခဲ့ရသည်။သူ့နာမည်ကို အော်ခေါ်ရင်း ပြေးလိုက်လာတော့ HaeChannie ကိုလည်း မနည်း မျက်ခြေဖျတ်ခဲ့ရသည်။
ထို့ကြောင့် စိတ်ဆိုးနေမှာကို တွေးပူနေရသည်။
« Mark !! »
ကျောပိုးအိတ်ကြိုးကို ခပ်တင်းတင်းဆွဲလျက် ကျောင်းထဲဝင်လာသော Mark ကိုမြင်သည့်နှင့် အားရဝမ်းသာ ပြေးဖက်လိုက်တယ်။အရှိုန်မထိန်းနိုင်စွာ အနောက်သို့ ယိုင်သွားသည့်ကို သိပေမယ့် ပိုတိုးကာ ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။
«ငါ သတိရနေတာ »
မင်းရော...လွမ်းနေရဲ့လား။
မျက်လုံးလေးတွေနှင့် မေးလိုက်ပေမယ့် Markကတော့ သူကို ပြူးကြည့်နေခဲ့သည်။
«မင်း~မင်း ဒီလိုမျိုး ချွဲတတ်တာပဲလား »
ချွဲတာလား။ဟင့်အင်း။ကျွန်တော် မချွဲတတ်ပါဘူး။ဒါ သူ့အပေါ် ကျွန်တော့်အချစ်တွေကို ဖော်ပြနေတာလေ။
«ဟင့်အင်း။ငါ မင်းကို မချွဲပါဘူး။တကယ်ပြောနေတာ။ အရမ်းသတိရနေခဲ့တာ »
မချွဲဟုဆိုကာ ရင်ခွင်ထဲမှာ မော့ကြည့်လာသည့်အရောင်တတောက်တောက်မျက်ဝန်းတွေ။ချွဲများ ချွဲလိုက်ရင် Mark တို့ တစ်ခါတည်း အသက်ထွက်သွားရပါလိမ့်မည်။
«လွမ်းနေခဲ့တာ။ဒီလိုမျိုး အကြာကြီး ထွေးပွေ့ထားချင်တယ်»
ပြောပြီးသည့်နှင့် တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။အနှီးကောင်လေးက ရင်အုံထက်မှာ ဘာမှမပြောဘဲ ငြိမ်နေခဲ့သည်။သေစမ်း။တဒုတ်ဒုတ်ခုန်နေတဲ့ရင်ခုန်သံတွေကို အနှီးကောင်လေး ခံစားမိသွားပြီ။
« Mark...မင်း ရင်ခုန်သံတွေ မြန်နေတယ်»
«အင်း»
«နဂိုတည်းက ဒီလိုပဲလား»
ဘာလို့များ ငါကြောင့်လားဟု အနှီးကောင်လေး တိုက်ရိုက်မမေးရသနည်း။
«မင်းကြောင့် »
«.....»
«မင်းကြောင့် ငါ့ရင်ခုန်သံတွေ မြန်နေတာ»
အနှီးလူသားလေးရဲ့မျက်ဝန်းလေးက သိပ်လှတဲ့ကြယ်စင်လေးတွေနှင့်တူပြီး အသည်းယားစရာမျက်နှာလေးကလည်း နီရဲလာလို့သည်။နားရွက်လေးတွေအစ လည်ပင်းတွေအထိ နီရဲလာသောအနှီးလူသားလေးဟာ Markရဲ့အချစ်မျက်ဝန်းတွေကြားမှာ ကြာကြာမရပ်တည်နိုင်စွာ ခေါင်းလေးငုံသွားသည်။
«ငါလည်း အခု ရင်ခုန်နေတယ် ...ပြီးတော့ ဒီအတောအတွင်း မင်းကို အရမ်းလွမ်းနေခဲ့တာ»
ခေါင်းငုံလျက် ခပ်တိုးတိုးပြောလာသော စကားမှာ Markရဲ့စိတ်တွေဟာ ထိန်းချုပ်ရခက်လာသည်။အနှီးလူသားလေးကို တစ်နည်းနည်းနဲ့ မြိုချမှာဖြစ်တော့မည်။
လက်ကလေးတွေကို ဆွဲပြီး ခေါ်ခဲ့တော့ အနှီးလူသားလေးက မျက်လုံးလေးပြူးလို့။ Markရဲ့ ခြေလှမ်းကြဲတွေကို အမှီလိုက်ရင်း မျက်ရည်တွေကိုလည်း တင်းခံထားသည်။
«စိတ်ဆိုးသွားတာလား။တောင်းပန်ပါတယ်။
ငါ မပြောဘဲ နေခဲ့ရမှာ အ့! »
နောက်ကျောက နံရံနှင့်ကပ်သွားပြီး Markရဲ့မျက်နှာဟာ အနီးကပ်ဆုံးသို့ ရောက်လာခဲ့သည်။အသက်ရှုသံငွေ့ငွေ့လေးတွေ မျက်နှာထက်မှာ လာရိုတ်ခတ်သည့်ကို မနေတတ်စွာ မျက်လုံးတွေမှိတ်ချမိတော့ နှုတ်ခမ်းသားနွေးနွေးလေးက ပါးပြင်ပေါ် ရောက်လာခဲ့သည်။
« မျက်လုံးတွေ ဖွင့်ထား HaeChannie ~
အခုကစပြီး မင်းကို ချစ်တဲ့အကြောင်းတွေ
ဝန်ခံတော့မှာမို့ »
အဆုံးသတ်အနေနဲ့ မျက်လုံးတွေကို ဖိကပ်နမ်းလာသည််။ထိုအနမ်းနုနုလေးအဆုံး မျက်လုံးတွေဖွင့်ကြည့်လာတော့ လိပ်ပြာတွေ ပျံသန်းသွားခဲ့သည်။ Markရဲ့မျက်ဝန်းတွေက အရမ်းနူးညံ့လွန်းတာကြောင့် အားကိုးစိတ်က တဖွာဖွာ။ဘယ်လောက်ပဲ သန်မာခဲ့၊ Mark အရှေ့မှာ အရှိကို အရှိတိုင်း နေချင်သည်။
«မင်း သိလား။ငါ မင်းကို အပေါ်ဆုံးထပ်ကနေ အမြဲငေးကြည့်နေခဲ့တာ»
အနှီးလူသားလေးက နံရံနှင့် သူကြားမှာ ကျုံကျုံလေး။မျက်လုံးလေး အဝိုင်းသားနှင့် ကြည့်လာသည်။အသည်းယားလွန်းလို့ ပါးပြင်လေးကို ထပ်နမ်းလိုက်တော့ အနှီးလူသားလေးဟာ တစ်ကိုယ်လုံး အနီရောင်တွေ သန်းလာခဲ့သည်။
«မြို့အစွန်းအိမ်က ငါ့အိမ်လေ »
ထိုအခါမှ အနှီးလူသားလေးက နားလည်သွားသည့်ဟန်နှင့် ခေါင်းလေးငြိမ့်ပြသည်။
« HaeChannie ~မင်းက သန်မာတဲ့ကောင်လေးဆိုတာ ငါ သိတယ်။ဒါပေမယ့် ငါ့စိတ်က မင်းကို ကာကွယ်ပေးတယ်။အဲ့ဒါကြောင့် နည်းနည်းလေးဖြစ်ဖြစ် အားနည်းချင်ယောင်ဆောင်ပြီး ငါကို အားကိုးလိုက်စမ်းပါ။ငါက မင်း အားကိုးရတဲ့ချစ်သူ ဖြစ်ချင်တယ်။ ချစ်တယ် မင်သားလေး ။ဒီစကားက ထာဝရအတွက်ဆိုတာ ယုံကြည်ထားပေးပါ »
အချစ်တွေပြည့်နှက်နေသော မျက်ဝန်းလေးနှင့် နွေးထွေးသောအသံလှိုင်းလေးက အရာအားလုံး ပုံအပ်ချင်သည့်အထိ ကျွန်တော့်စိတ်တွေကို ညှို့ယူထားသည်။
တကယ်ကြီး Vampire တစ်ယောက်ရဲ့အချစ်က ဒီလောက်ထိ နွေးထွေးသလား။
ဒါမှမဟုတ် Mark ဖြစ်နေလို့များလား။
✨🌻
22.11.23 🍎
ZAW...
အခ်စ္ေရး အဆင္ေျပသြားမွန္းသိသားေသာ Andy ဟာ ျပဳံးေပ်ာ္ေနေသာမ်က္ႏွာေလးႏွင့္ ေက်ာင္းေရာက္လာခဲ့သည္။ HaeChan ၾကည့္ၿပီး အားက်ရသည္။သူတို႔ႏွစ္ေယာက္ အခ်စ္ေရးကေရာ ဘယ္ေတာ့မွ ပြင့္လင္းမွာလဲ။ခ်စ္ေနမွန္း သိသားတဲ့အျပဳအမႈေတြေၾကာင့္ ရဲတင္းစြာ အနားကပ္မိေတာ့ Mark က သူႏွင့္ခပ္စိမ္းစိမ္းေနျပန္သည္။ဘာမွန္းမသိ Mark ဆီမွာပူပန္စရာကိစၥ ႐ွိေနမွန္း ရိပ္စားမိသည္။သူဘက္က တစ္ခုခုကူညီေပးခ်င္တာေၾကာင့္ ေန႔ေန႔၊ညည Mark မနားတမ္းဖတ္ေနေသာ Vampire ႏွင့္လူသားစစ္ပြဲအေၾကာင္း စာအုပ္ကို ဖတ္ၿပီးမွ သိသြားခဲ့သည္။ထိုစစ္ပြဲက လူသားေတြဘက္မွ စခဲ့ေသာရန္ပြဲျဖစ္ၿပီး လူႀကီးေတြေျပာသလို Vampire ရဲ႕ေလာဘေၾကာင့္ ျဖစ္တည္လာခဲ့တာ မဟုတ္ေပ။
ထို႔ေၾကာင့္ ေနာက္ေန႔မနက္မွာ HaeChan ေက်ာင္းကို ေစာေစာလာခဲ့သည္။ ေက်ာင္းဝန္းထဲ ဝင္လာေသာ အနက္ေရာင္ကားေလးျမင္မွ သစ္ပင္အကြယ္မွာထြက္လာခဲ့သည္။
« Mark »
လွမ္းေခၚလိုက္ေတာ့ Andy က အလိုက္တသိေ႐ွာင္ေပးသည္။သူ Mark ေ႐ွ႕တည့္တည့္မွာ ရပ္ၿပီး မ်က္လုံးခ်င္းဆုံလိုက္သည္။
« ငါ သိသြားၿပီ »
«ဟမ္»
« မင္း လူသားေတြ နဲ႔ Vampire ေတြကို အရင္လို ေပ်ာ္ေပ်ာ္႐ြင္႐ြင္ေနခ်င္တာကို »
Mark မ်က္လုံးေတြ ဝိုင္းစက္သြားရသည္။ HaeChannie က သူ႕အရိပ္အကဲကို ၾကည့္႐ုံႏွင့္ သိေနခဲ့သည္ေလ။
« ငါ့နည္းလမ္း ႐ွာေတြ႕ထားတယ္ »
«ေနဦး။ေနပါဦး။မင္း အဲ့စာအုပ္ကို
ဘယ္ကရလာတာလဲ»
ထိုစာအုပ္ကို အလြယ္တကူ႐ွာမရမွန္း Mark သိသည္။ဘာလို႔လဲဆို ထိုစာအုပ္ကို ေရးသားခဲ့သူက သူ၏ဖခင္ကိုယ္တိုင္ျဖစ္၍ျဖစ္သည္။ထိုစာအုပ္ ထုတ္ေဝၿပီး မၾကာ။လူသားေတြဆီမွာ သစၥာေဖာက္မႈႏွင့္ သတ္ျဖတ္ခံခဲ့ရသည္။ Vampire တစ္ေယာက္ကို လက္ထပ္ေပါင္းသင္းသည့္အျပစ္ႏွင့္ လူသားေတြဆီမွာ အထင္ေသးခံရသည့္ၾကားမွ အမွန္တရားကို ခ်စ္ျမတ္ႏိုးစြာ ခ်န္ခဲ့ေသာထိုစာအုပ္ဟာ မီးေလာင္တိုက္သြင္းခံလိုက္ရ၍ အခုလက္႐ွိမွာ တစ္အုပ္မွမ႐ွိေတာ့ပါ။
« ႐ွိတယ္။ သေဘာေကာင္းတဲ့ အဘိုးတစ္ေယာက္ »
Mark ကို မ်က္လုံးေလးမွိတ္ျပၿပီး ေျပာလိုက္သည္။ေျပာင္စပ္စပ္ႏွင့္သူကို Mark က နဖူးေလး လာထုသည္။မင္း ငါကို လွ်ိဝွက္တတ္ေနၿပီတဲ့ေလ။
✨🌻
HaeChannie ေပးေသာအၾကံကို ေခါင္းေအးေအးႏွင့္ ႏွစ္ရက္ေလာက္ စဥ္းစားၿပီးေနာက္မွ Chenle ႏွင့္ေတြ႕ရန္ ဆုံးျဖတ္လိုက္သည္။ဘယ္လိုပဲျဖစ္ျဖစ္ Vampire မွန္းသိေနတာေတာင္ မဖမ္းဘဲ လႊတ္ထားေပးကတည္းက Andy အေပၚ အမွန္တကယ္ ေမတၱာမွ်ေနလို႔ျဖစ္ရမည္။ Andy မ်က္ႏွာႏွင့္ သူကို အထိုအေလ်ာက္ ကူညီေပးမည္ဟု တစ္ထစ္ခ်ယုံၾကည္ကာ Chenle ႏွင့္ ခ်ိန္းဆိုခဲ့သည္။
တိတ္ဆိတ္သည့္ေကာ္ဖီဆိုင္ေလးမွာ လူသုံးေယာက္ မ်က္ႏွာခ်င္းဆိုင္ေနၿပီး Andy မ်က္ႏွာေလးက ဇီး႐ြက္ေလာက္ေလးသာ ႐ွိေတာ့သည္။သူ ဒီႏွစ္ေယာက္ စကားမ်ား၊ရန္ျဖစ္မွာကို မလိုလားဘူး။ Mark က သူတို႔အနာဂတ္ေခါင္းေဆာင္ျဖစ္ၿပီး Chenle က သူ႕အသက္သမွ် ခ်စ္ရသူျဖစ္သည္။
« မပူနဲ႔။ငါ မင္းရည္းစားနဲ႔ ရန္ျဖစ္ဖို႔ လာတာ မဟုတ္ဘူး ။ အကူညီေတာင္းဖို႔ လာခဲ့တာ »
«အကူအညီ ?»
သံေယာင္လိုက္ေျပာလ်က္ Chenle ကို ၾကည့္လိုက္ရသည္။ Chenle က သူတို႔မ်ိဳးႏြယ္အတြက္ဆို ကူညီမွာမဟုတ္ဘူး။
« ဘာမ်ားလဲ »
ေအးေအးလူးလူး ေျပာလိုက္သည္။အတင္းရဲၿပီး အကူအညီလာတဲ့ Andy သူငယ္ခ်င္းက စည္းမ႐ွိဘူး ထင္သည္။သူ Vampire ေတြကို ဘယ္ေလာက္မုန္းလဲ လူတိုင္း သိသည္။
« မင္း အဘိုးနဲ႔ ေတြ႕ခ်င္တယ္။ကူညီႏိုင္မလား »
« Mark မင္းေသခ်င္ေနတာလား !!»
Chenle ဘာမွမေျပာခင္ Andy ထတားရသည္။ဘယ္လိုလုပ္ၿပီး Vampire ႏွိမ္နင္းသူကို လူခ်င္းေတြ႕ခ်င္ေနရတာလဲ။
« ထိုင္ »
လက္မွာဆြဲ၍ ျပန္ထိုင္ခိုင္းလိုက္သည္။ဘယ္ေလာက္ပဲ သူငယ္ခ်င္းအရင္းႀကီးဆိုဦး။
သူအေ႐ွ႕မွာ စိတ္ပူျပတာ အရမ္းလြန္လြန္းသည္။
«အေၾကာင္းျပခ်က္ေျပာ »
ေအးစက္စက္မ်က္လုံးေတြႏွင့္ Mark ကို ၾကည့္လိုက္သည္။သူ Vampire ေတြကို အရမ္းမုန္းသည္။ Andy မ်က္ႏွာႏွင့္ေတာင္ ကူညီႏိုင္မည္ မထင္။
« Vampire မွန္းသိေပမယ့္ အျပစ္မလုပ္ထားရင္ ဖမ္းစီးလို႔ မရဘူး မွတ္လား »
ဘယ္သူေျပာလဲ။သူတို႔မွာ အဲ့လို႔ မ႐ွိဘူး။ Vampire ျဖစ္ေနလွ်င္ ဖမ္းစီးဖို႔ ခိုင္လုံေနၿပီ မဟုတ္လား။
« မင္းတို႔မွာ အဲ့လို စည္းမ်ိဳး ႐ွိမယ္ထင္ေနတာ။
မ႐ွိဘူးလား »
«....»
«လူေတြမွာေတာင္ မေကာင္းတဲ့သူ၊ေကာင္းတဲ့သူ ႐ွိတယ္။ငါတို႔လည္း အဲ့လိုပဲ။ဘာလို႔ Vampire ဆိုတာနဲ႔ မုန္းေနၾကတာလဲ။မင္းတို႔ မလြန္လြန္းဘူးလား။မင္းတို႔ ဖမ္းစီးအက်ဥ္းခ်ထားတဲ့သူေတြထဲမွာ အျပစ္မ႐ွိတဲ့သူေတြ အမ်ားႀကီး ပါတယ္ »
အကူညီေတာင္းမယ္ဆိုၿပီး ရန္မီးေမႊးေနေသာ Mark ကို ၾကည့္ၿပီး လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားရသည္။
« ငါ Andy ေၾကာင့္ သည္းခံေနရတာ Mark ..
စည္းမေက်ာ္လာနဲ႔ !! »
စားပြဲခုံကို ထုၿပီး ေအာ္ေျပာလိုက္သည္။ Vampire ေတြ ဘယ္ေလာက္ထိ ႐ြံ႕စရာေကာင္းလဲ သူ အသိဆုံး။
« ၿပီးေတာ့ မင္း ..ေသြးေႏွာ မဟုတ္လား။ဘာလို႔ လူသားဆန္တဲ့စိတ္ မ႐ွိေနရတာလဲ »
ေဒါသတႀကီးထြက္သြားတဲ့ Chenle အေနာက္ လိုက္သြားခ်င္တဲ့ Andy က သူကို မရဲမဝံ့ၾကည့္ၿပီး ေျပာလာသည္။ သူ ေျပာတာ မဟုတ္ဘူးတဲ့ေလ။
ဒါဆို ဘယ္လိုလုပ္ၿပီး သူ ေသြးေႏွာဆိုတာ သိသြားရတာလဲ။
« လိုက္သြားလို႔ရတယ္ ..ငါ အဆင္ေျပတယ္ »
Andyဆိုင္ထဲမွာ ထြက္သြားမွ ငူငူငိုင္ငိုင္ျဖစ္သြားသည္။သူက လူသားဆန္တဲ့စိတ္ မ႐ွိဘူးတဲ့ေလ။
လူသားဆန္တဲ့စိတ္ဆိုတာေရာ ဘာလဲ။ရက္စက္ၾကမ္းၾကဳတ္ၿပီး ကိုယ္ထက္ သာလွ်င္ မနာလိုတဲ့စိတ္လား။
ဒါမွမဟုတ္ အျပစ္႐ွိ႐ွိ၊မ႐ွိ႐ွိ မုန္းေနလွ်င္ အမွန္လည္း အမွားျဖစ္ေနတဲ့စိတ္လား။
လူသားတစ္ေယာက္ကဲ့သို႔ ျပဳမႈေနထိုင္ခ်င္ေပမယ့္ အခုထိ နားမလည္ေသးဘူး။သူ႕ပတ္ဝန္းက်င္က လူသားေတြက တစ္ကိုယ္ေကာင္းဆန္ၿပီး အျမတ္ေဒါသႀကီးတဲ့သူေတြမို႔။ထိုအခ်င္းအရာကို နားလည္ရန္ ႀကိဳးစားခဲ့လည္း အရာမထင္းခဲ့။
✨🌻
HaeChannie အိမ္လည္ေခၚ၍ ေရာက္ခဲ့ေသာအိမ္ေလးက ေသးေသးေလးဆိုေပမယ့္ ေႏြးေထြးမႈ အလုံအေလာက္ရ႐ွိသည္။မျပည့္စုံတဲ့မိသားစုကို ေထာက္ပံ့ေပးေနေသာေကာင္ေလးကလည္း သူအတြက္ ျမတ္ႏိုးရာေလးျဖစ္ခဲ့သည္။တစ္ေယာက္တည္း မိသားစုအတြက္ ႐ုန္းကန္ေနရ႐ွာသည္။
« Mark..သားေလး ပ်င္းေနၿပီလား »
ပန္းေရေလာင္းေနေသာ HaeChannie ကို
အေဝးကၾကည့္ေနစဥ္ အနားေရာက္လာေသာေဒၚေလးကို ျပဳံးျပၿပီး ေခါင္းခါျပလိုက္သည္။
« ထမင္းစားၿပီးမွ ျပန္ေနာ္ »
ေသခ်ာသည္။ေႏြးေထြးတဲ့အျပဳံးေတြကို ေဒၚေလးဆီက HaeChannie အေမႊရခဲ့တာျဖစ္ရမည္။
«သားႀကီးက မိသားစုကလြဲၿပီး ဘာမွမသိတဲ့ကေလးမို႔ အထီးက်န္မွာကိုေၾကာက္ေနခဲ့တာ »
«....»
«သူငယ္ခ်င္း႐ွိေနၿပီေျပာတုန္းက အရမ္းအံ့ဩခဲ့တယ္»
«....»
«ဘယ္လိုလူမ်ိဳးျဖစ္မလဲ ေမးၾကည့္ေတာ့ သားအေၾကာင္းကို ျပဳံးၿပီးေျပာျပခဲ့တာ။တကယ္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးေနခဲ့တာ »
«....»
«အခ်ိန္အေတာ္ၾကာမွ ျမင္လိုက္ရတဲ့လြတ္လပ္တဲ့အျပဳံးေတြ »
ထိုစကားကို ပန္းပင္ေရေလာင္းေနတဲ့ HaeChannie ကိုျပဳံးၾကည့္လ်က္ ေျပာလာသည္။ရင္ထဲမႈ ေႏြးေထြးမႈႏွင့္ ရင္ခုန္သံက စီခ်က္မမွန္ေတာ့။ HaeChannie က သူကို သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ အဲ့ေလာက္ထိ သေဘာက်ခဲ့သည္တဲ့ေလ။
ဒါဆို ခ်စ္သူတစ္ေယာက္အေနနဲ႔ေရာ။
အင္း။မျဖစ္ႏိုင္ဘူး ထင္သည္။ HaeChannie က မိသားစုကလႊဲၿပီး က်န္တာစိတ္မဝင္စားသည့္သူ။
ၿပီးေတာ့ သူမွာလည္း တစ္ျခားအာ႐ုံစိုက္စရာေတြ အမ်ားႀကီး႐ွိေသးသည္။
✨🌻
« Andy »
« ဟင္ »
«တကယ္ေတာ့ ငါ့မိဘေတြက Vampireေတြေၾကာင့္ ေသဆုံးခဲ့တာ။အဲ့ဒါေၾကာင့္ သူတို႔ကိုျမင္ရင္ မုန္းၿပီး အမွား၊အမွန္မခြဲေတာ့ဘဲ အက်ဥ္းေထာင္ထဲ ပို႔ခဲ့တယ္ »
တစ္ခါမွမျမင္ဖူးေသာ Chenle ရဲ႕အျခားတစ္ဖက္ကို ေတြ႕လိုက္ရသည္။သူ႕အေ႐ွ႕မွာ အၿမဲသန္မာၿပီး ရဲရင့္ခဲ့သူက မ်က္ရည္ဥေလးေတြ ခိုတြဲလ်က္ငိုေႂကြးေနသည္။အထိခိုက္လြယ္ေသာပန္းေလးတစ္ပြင့္ကို ယုယုယယေလး ရင္ခြင္ထဲ ေထြးေပြ႕လိုက္သည္။
«မင္းေနရာမွာ ငါဆိုလည္း အဲ့လိုပဲ လုပ္မိမွာ »
ပခုံးေလးကို ကေလးေခ်ာ့သလိုပုတ္၍ ေျပာလိုက္သည္။
« မွားေနရင္ေတာင္လား »
«ဟမ္ »
«မွားေနတာေတာင္ အဲ့လိုဆက္လုပ္မွာလား »
အဓိပၸာယ္ပါေသာအၾကည့္ေတြ။ေၾကကြဲစူးနင့္ေနေသာမ်က္ဝန္းေတြ။ခ်စ္ရသူ နာက်င္ေနသည္ကို သိျမင္ေပမယ့္ ေခါင္းအသာရမ္းျပလိုက္သည္။
«ဘယ္လိုပဲျဖစ္ျဖစ္ အျပစ္မဲ့တဲ့သူေတြကို ထပ္မနာက်င္ေစဘူး »
Chenle မ်က္ႏွာေပၚ လက္အုပ္ၿပီး ငိုခ်မိသည္။အျပစ္မ႐ွိတဲ့ Vampire ေတြအမ်ားႀကီး သူေၾကာင့္ လြတ္လပ္မႈေတြကို အက်ဥ္းခ်ခံထားရသည္။
«ေတာင္းပန္ပါတယ္ ။ မင္းမ်ိဳးႏြယ္ကို မုန္းခဲ့မိလို႔»
«မဟုတ္တာ။ငါ နားလည္ပါတယ္ »
«ၿပီးေတာ့ မင္းကို နာက်င္ေအာင္လုပ္ခဲ့မိလို႔ »
အားနာမႈေတြႏွင့္ျပည့္ႏွက္ေနေသာခ်စ္ရသူ႕ေက်ာျပင္ကို ပြတ္သတ္ေခ်ာ့ျမဴလိုက္သည္။
« ငါကို အားနာေနစရာမလိုပါဘူး။ၿပီးေတာ့ ငါတို႔မ်ိဳးႏြယ္အတြက္ စိတ္မပူပါနဲ႔ ။ မၾကာခင္ အဆင္ေျပေတာ့မွာပါ »
လက္ဖမိုးေလးႏွင့္ မ်က္ရည္စေတြသုတ္ရင္း ေငးၾကည့္လာသည္ ။
« Mark က လူသားေတြနဲ႔ Vampire ေတြ အရင္လို ျပည္လည္သင့္ျမတ္ဖို႔ႀကိဳးစားေနတယ္ေလ »
«....»
«မင္း ေျပာသလို သူက ေသြးေႏွာတစ္ေယာက္မို႔ အစိုးရနဲ႔ ေတြ႕ခြင့္ရသြားခဲ့တယ္။စမ္းသပ္မႈသာ ေအာင္ျမင္ရင္ အရာအားလုံး အဆုံးသတ္သြားၿပီ။ငါတို႔ကို မုန္းေနတဲ့သူ ထပ္႐ွိေတာ့မွာ မဟုတ္ဘူး »
ျပဳံးၿပီးေျပာေနေပမယ့္ Andy ရင္ထဲက နာက်င္မႈအစိုင္အခဲကို ျမင္ေနရသည္။႐ြံ႕စရာမေကာင္းဆိုးဝါးတစ္ေကာင္လို ျပဳမႈဆက္ဆံခဲ့သည့္ကို ျပန္ေတြးၿပီး ရင္နာမဆုံးပင္။
သူ႕ခ်စ္သူက လူေကာင္ႀကီးသေလာက္ စိတ္ႏုသည္။
« ငါကို မင္း မိသားစုအေၾကာင္း ေျပာျပ »
ပထမဆုံးအႀကိမ္ Andy အေၾကာင္း စပ္စုမိျခင္းျဖစ္သည္။ Andy ကို Andyမွလႊဲ၍ က်န္တာ မမွတ္ထားခဲ့ပါ။Vampire ေတြကို မုန္းသည့္မို႔ စိတ္မဝင္စားခဲ့သည္လည္း ပါသည္။ Mark ေျပာသလို Vampire တိုင္း ေသြးဆာေလာင္ေနတဲ့မေကာင္းဆိုးဝါးေတြမွ မဟုတ္တာ။ Andy မိသားစုေတြလည္း Andy လိုျဖဴစင္ၿပီး ႐ိုးသားသူ
ေတြ ျဖစ္ႏိူင္သည္ေလ။
✨🌻
မေလ်ာ့ေသာစိတ္ႏွင့္ ႀကိဳးစားအားအၿပီးမွ အစိုးရႏွင့္ေတြ႕ရခဲ့သည္။မ်ိဳးႏြယ္အတြက္ အားကုန္အင္စိုက္ႀကိဳးစားေနစဥ္မွာ HaeChannieဆီစိတ္ ေရာက္သြားတတ္ေပမယ့္ သြားမေတြ႕ျဖစ္ခဲ့ပါ။ၾကားထဲ အလုပ္ကိုဖိလုပ္ရင္း လြမ္းသမွ် သည္းခံထားရသည္။အရာအားလုံး အဆင္ေျပသြားလွ်င္ HaeChannie အနားမွာပဲ ေအးေဆးေနေတာ့မည္။
« Mark »
Store ဆိုင္ထဲမွာ ထြက္လာေသာသူ႕ေျခလွမ္းေတြ ရပ္တန္႔သြားသည္။မေတြ႕ရသည့္အေတာအတြင္း HaeChannie က ရဲတင္းလာသည္။သူ႕လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လ်က္ လျခမ္းပုံစံမ်က္လုံးေလးေတြႏွင့္ ျပဳံးျပသည္။
« ငါ မင္းအေၾကာင္း အခုပဲေတြးေနတာ »
«....»
«မင္းက မ်က္စိေ႐ွ႕ ေရာက္လာတယ္ »
«....»
«မဟုတ္မွ တယ္လီပတီ ႐ွိေနတာလား »
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပဳံးမိသည္။ဒီဟာသေတြ
ဘယ္သူ သင္ေပးလိုက္တာလဲ။
«မင္းေရာ ဒီကို ဘယ္လိုလုပ္ေရာက္လာတာလဲ »
«ပစၥည္းလာပို႔တာ »
«ဒါဆို မင္းဆိုင္ကယ္ေရာ »
«ပ်က္ေနတယ္ »
« ငါ မင္းကို လိုက္ေပး ....»
!!ဒုန္း!!
မ်က္စိေ႐ွ႕မွာ ျဖစ္သြားတဲ့ႀကီးမားတဲ့ ယာဥ္တိုက္မႈ။ေဘာလုံးလိုက္ဖမ္းေသာကေလးကို ကာကြယ္ေပးရင္းမွ ေသြးအိုင္ထဲ လဲက်ေနေသာဦးေလးႀကီးကိုျမင္ေတာ့ သူ႕မ်က္လုံးေတြ အေရာင္ေျပာင္းလာသည္။သူ သည္းမခံႏိုင္ဘူး။ဒီေသြးညီနံ႔ေတြက သူကို ေသြးေဆာင္ေနသည္။
« Mark မင္း အဆင္ေျပရဲ႕လား »
ေခါင္းတစ္ခုံး ခ်ာခ်ာလည္လာ၍ ဖိကိုင္ၿပီး မနည္း စိတ္ထိန္းထားရသည္။ HaeChannie ေ႐ွ႕မွာ သူရဲ႕ဆိုးဝါးလွတဲ့ပုံစံကို မျပခ်င္ဘူး။
«ဟင့္အင္း။မထိနဲ႔ »
ပခုံးေပၚက လက္ကေလးကို ခပ္ၾကမ္းၾကမ္းဖယ္ထုတ္ပစ္လိုက္သည္။
«မင္း...မင္း မဟုတ္မွ »
အေရာင္ေျပာင္းသြားေသာမ်က္လုံးေတြကိုၾကည့္ၿပီး အံ့ဩထိန္႔လန္႔စြာအေနာက္သို႔ ဆုတ္သြားေလသည္။ဘယ္လိုပဲျဖစ္ျဖစ္ သူ Vampire ဆိုတာ HaeChannie သိသြားခဲ့ၿပီ။
« ဟုတ္တယ္။ငါက Vampire...အဲ့ဒါေၾကာင့္ အနား မကပ္နဲ႔။အခု ငါ့စိတ္က အ႐ိုင္းဆန္ေနတယ္ »
ေျပာရင္း ေနရာမွာ ေျပးထြက္ခဲ့သည္။ ေခၚေအာ္ေနသည့္အသံၾကားေနေပမယ့္ လွည့္မၾကည့္တမ္း ေျပးခဲ့သည္။
သူေၾကာင့္ HaeChannie ထိခိုက္သြားလို႔မျဖစ္ဘူး။
✨🌻
ေနစဥ္ရက္ဆက္ ေက်ာင္းလာၿပီး Andy ဆီမွာ HaeChannie က သူ႕အေၾကာင္းေတြ လာေမးသည္တဲ့ေလ။ပုံမွန္ဆို ေက်ာင္းသိပ္မလာတဲ့ေကာင္ေလးက တကူးတခန္႔ႏွင့္ သူ႕အေၾကာင္းေမးေနသည္ကိုၾကားရေတာ့ ရင္ထဲၾကည္ႏူးရသည္။ၾကားထဲ ပို႔သမွ်စာေတြ လ်စ္လ်ဴ႐ွဴခဲ့ရသည္။မဟုတ္လွ်င္ အေျခအေနမဟန္သည့္ၾကားမွ အႏွီးလူသားေလးကို ေျပးေတြ႕မိလိမ့္မည္။
စိတ္ေတြ ပုံမွန္အတိုင္း ျပန္ျဖစ္လာသည့္အခ်ိန္မွာ Mark ေက်ာင္းသို႔ ေရာက္လာခဲ့သည္။အဲ့ေန႔က
စတိုးဆိုင္ေ႐ွ႕မွာ ျဖစ္သြားေသာ ကားတိုက္မႈေၾကာင့္ ေသြးအိုင္ထဲ လဲေနေသာလူကို ၾကည့္ၿပီး Markရဲ႕ အသိစိတ္ေတြက အ႐ိုင္းဆန္လာခဲ့သည္။ေသြးညႇိနံေတြဟာလည္း ႏွာေခါင္းဝမွာ လာေရာက္ က်ီစယ္ေလေတာ့ ထိုေနရာမွာ အေဝးဆုံးသို႔ ေျပးထြက္လာခဲ့ရသည္။သူ႕နာမည္ကို ေအာ္ေခၚရင္း ေျပးလိုက္လာေတာ့ HaeChannie ကိုလည္း မနည္း မ်က္ေျခဖ်တ္ခဲ့ရသည္။
ထို႔ေၾကာင့္ စိတ္ဆိုးေနမွာကို ေတြးပူေနရသည္။
« Mark !! »
ေက်ာပိုးအိတ္ႀကိဳးကို ခပ္တင္းတင္းဆြဲလ်က္ ေက်ာင္းထဲဝင္လာေသာ Mark ကိုျမင္သည့္ႏွင့္ အားရဝမ္းသာ ေျပးဖက္လိုက္တယ္။အ႐ိႈန္မထိန္းႏိုင္စြာ အေနာက္သို႔ ယိုင္သြားသည့္ကို သိေပမယ့္ ပိုတိုးကာ ရင္ခြင္ထဲ တိုးဝင္လိုက္တယ္။
«ငါ သတိရေနတာ »
မင္းေရာ...လြမ္းေနရဲ႕လား။
မ်က္လုံးေလးေတြႏွင့္ ေမးလိုက္ေပမယ့္ Markကေတာ့ သူကို ျပဴးၾကည့္ေနခဲ့သည္။
«မင္း~မင္း ဒီလိုမ်ိဳး ခြၽဲတတ္တာပဲလား »
ခြၽဲတာလား။ဟင့္အင္း။ကြၽန္ေတာ္ မခြၽဲတတ္ပါဘူး။ဒါ သူ႕အေပၚ ကြၽန္ေတာ့္အခ်စ္ေတြကို ေဖာ္ျပေနတာေလ။
«ဟင့္အင္း။ငါ မင္းကို မခြၽဲပါဘူး။တကယ္ေျပာေနတာ။ အရမ္းသတိရေနခဲ့တာ »
မခြၽဲဟုဆိုကာ ရင္ခြင္ထဲမွာ ေမာ့ၾကည့္လာသည့္
အေရာင္တေတာက္ေတာက္မ်က္ဝန္းေတြ။ခြၽဲမ်ား ခြၽဲလိုက္ရင္ Mark တို႔ တစ္ခါတည္း အသက္ထြက္သြားရပါလိမ့္မည္။
«လြမ္းေနခဲ့တာ။ဒီလိုမ်ိဳး အၾကာႀကီး ေထြးေပြ႕ထားခ်င္တယ္»
ေျပာၿပီးသည့္ႏွင့္ တင္းတင္းက်ပ္က်ပ္ဖက္လိုက္သည္။အႏွီးေကာင္ေလးက ရင္အုံထက္မွာ ဘာမွမေျပာဘဲ ၿငိမ္ေနခဲ့သည္။ေသစမ္း။တဒုတ္ဒုတ္ခုန္ေနတဲ့ရင္ခုန္သံေတြကို အႏွီးေကာင္ေလး ခံစားမိသြားၿပီ။
« Mark...မင္း ရင္ခုန္သံေတြ ျမန္ေနတယ္»
«အင္း»
«နဂိုတည္းက ဒီလိုပဲလား»
ဘာလို႔မ်ား ငါေၾကာင့္လားဟု အႏွီးေကာင္ေလး တိုက္႐ိုက္မေမးရသနည္း။
«မင္းေၾကာင့္ »
«.....»
«မင္းေၾကာင့္ ငါ့ရင္ခုန္သံေတြ ျမန္ေနတာ»
အႏွီးလူသားေလးရဲ႕မ်က္ဝန္းေလးက သိပ္လွတဲ့ၾကယ္စင္ေလးေတြႏွင့္တူၿပီး အသည္းယားစရာမ်က္ႏွာေလးကလည္း နီရဲလာလို႔သည္။နား႐ြက္ေလးေတြအစ လည္ပင္းေတြအထိ နီရဲလာေသာအႏွီးလူသားေလးဟာ Markရဲ႕အခ်စ္မ်က္ဝန္းေတြၾကားမွာ ၾကာၾကာမရပ္တည္ႏိုင္စြာ ေခါင္းေလးငုံသြားသည္။
«ငါလည္း အခု ရင္ခုန္ေနတယ္ ...ၿပီးေတာ့ ဒီအေတာအတြင္း မင္းကို အရမ္းလြမ္းေနခဲ့တာ»
ေခါင္းငုံလ်က္ ခပ္တိုးတိုးေျပာလာေသာ စကားမွာ Markရဲ႕စိတ္ေတြဟာ ထိန္းခ်ဳပ္ရခက္လာသည္။အႏွီးလူသားေလးကို တစ္နည္းနည္းနဲ႔ ၿမိဳခ်မွာျဖစ္ေတာ့မည္။
လက္ကေလးေတြကို ဆြဲၿပီး ေခၚခဲ့ေတာ့ အႏွီးလူသားေလးက မ်က္လုံးေလးျပဴးလို႔။ Markရဲ႕ ေျခလွမ္းႀကဲေတြကို အမွီလိုက္ရင္း မ်က္ရည္ေတြကိုလည္း တင္းခံထားသည္။
«စိတ္ဆိုးသြားတာလား။ေတာင္းပန္ပါတယ္။
ငါ မေျပာဘဲ ေနခဲ့ရမွာ အ့! »
ေနာက္ေက်ာက နံရံႏွင့္ကပ္သြားၿပီး Markရဲ႕မ်က္ႏွာဟာ အနီးကပ္ဆုံးသို႔ ေရာက္လာခဲ့သည္။အသက္႐ႈသံေငြ႕ေငြ႕ေလးေတြ မ်က္ႏွာထက္မွာ လာ႐ိုတ္ခတ္သည့္ကို မေနတတ္စြာ မ်က္လုံးေတြမွိတ္ခ်မိေတာ့ ႏႈတ္ခမ္းသားေႏြးေႏြးေလးက ပါးျပင္ေပၚ ေရာက္လာခဲ့သည္။
« မ်က္လုံးေတြ ဖြင့္ထား HaeChannie ~
အခုကစၿပီး မင္းကို ခ်စ္တဲ့အေၾကာင္းေတြ
ဝန္ခံေတာ့မွာမို႔ »
အဆုံးသတ္အေနနဲ႔ မ်က္လုံးေတြကို ဖိကပ္နမ္းလာသည္္။ထိုအနမ္းႏုႏုေလးအဆုံး မ်က္လုံးေတြဖြင့္ၾကည့္လာေတာ့ လိပ္ျပာေတြ ပ်ံသန္းသြားခဲ့သည္။ Markရဲ႕မ်က္ဝန္းေတြက အရမ္းႏူးညံ့လြန္းတာေၾကာင့္ အားကိုးစိတ္က တဖြာဖြာ။ဘယ္ေလာက္ပဲ သန္မာခဲ့၊ Mark အေ႐ွ႕မွာ အ႐ွိကို အ႐ွိတိုင္း ေနခ်င္သည္။
«မင္း သိလား။ငါ မင္းကို အေပၚဆုံးထပ္ကေန အၿမဲေငးၾကည့္ေနခဲ့တာ»
အႏွီးလူသားေလးက နံရံႏွင့္ သူၾကားမွာ က်ံဳက်ံဳေလး။မ်က္လုံးေလး အဝိုင္းသားႏွင့္ ၾကည့္လာသည္။အသည္းယားလြန္းလို႔ ပါးျပင္ေလးကို ထပ္နမ္းလိုက္ေတာ့ အႏွီးလူသားေလးဟာ တစ္ကိုယ္လုံး အနီေရာင္ေတြ သန္းလာခဲ့သည္။
«ၿမိဳ႕အစြန္းအိမ္က ငါ့အိမ္ေလ »
ထိုအခါမွ အႏွီးလူသားေလးက နားလည္သြားသည့္ဟန္ႏွင့္ ေခါင္းေလးၿငိမ့္ျပသည္။
« HaeChannie ~မင္းက သန္မာတဲ့ေကာင္ေလးဆိုတာ ငါ သိတယ္။ဒါေပမယ့္ ငါ့စိတ္က မင္းကို ကာကြယ္ေပးတယ္။အဲ့ဒါေၾကာင့္ နည္းနည္းေလးျဖစ္ျဖစ္ အားနည္းခ်င္ေယာင္ေဆာင္ၿပီး ငါကို အားကိုးလိုက္စမ္းပါ။ငါက မင္း အားကိုးရတဲ့ခ်စ္သူ ျဖစ္ခ်င္တယ္။ ခ်စ္တယ္ မင္သားေလး ။ဒီစကားက ထာဝရအတြက္ဆိုတာ ယုံၾကည္ထားေပးပါ »
အခ်စ္ေတြျပည့္ႏွက္ေနေသာ မ်က္ဝန္းေလးႏွင့္ ေႏြးေထြးေသာအသံလိႈင္းေလးက အရာအားလုံး ပုံအပ္ခ်င္သည့္အထိ ကြၽန္ေတာ့္စိတ္ေတြကို ညိႇဳ႕ယူထားသည္။
တကယ္ႀကီး Vampire တစ္ေယာက္ရဲ႕အခ်စ္က ဒီေလာက္ထိ ေႏြးေထြးသလား။
ဒါမွမဟုတ္ Mark ျဖစ္ေနလို႔မ်ားလား။
✨🌻
22.11.23 🍎