THE KING LEE

By Onyourm__aple

1.7K 220 8

ကိုယ်က ‌အနာဂတ်ခေါင်းဆောင်ဆိုပေမယ့် မင်းက ကိုယ့်အနာဂတ်ကို ဦးဆောင်ပေးမဲ့ အရှင်ဘုရင်လေး။ More

01
02
04
05
06
Uncut (or) Extra

03

181 30 0
By Onyourm__aple

UNI..

ကနေဒါနိုင်ငံမှာ Vampire တွေ အများအပြား ခိုလုံနေသည်ဆိုသည့်သတင်းအရ ရောက်လာခဲ့သူဖြစ်သည်။အဘိုးက Vampire တွေမုန်းတီးသူဖြစ်သည့်အထိုက်အလျောက် သူလည်း မုန်းတီးခဲ့သည်။အပြစ်မရှိတဲ့လူတွေကို ဂုတ်သွေးစုတ် သတ်ပစ်ဖြတ်သည့် Vampire တွေဟာ ရွံ့စရာကောင်းသော မကောင်းဆိုးဝါးတွေဖြစ်သည်။မုန်းတီးမှုနှင့် ဖမ်းစီးအကျဉ်းချခံထားရသော Vampire တွေဟာ သူရဲ့စုံစမ်းမှုကြောင့်ဆိုတာ တစ်ကျောင်းလုံးသိသည်။ဒါကိုသိလျက်နှင့် အနားလာကပ်တဲ့ Vampire ပေါက်စလေးဟာ ရဲတင်းလွန်းသည် ပြောရမည်။သူကို အိမ်ပြန်ချိန်တွေအထိ လိုက်‌ပို့ပေးပြီး အနားမှာလည်း တစ်ချိန်လုံး ရှိနေခဲ့သည်။

ပျင်း၍ ဆော့ကစားပေးနေသည့်ကို တကယ်ကြီး အဟုတ်နေသော Vampire ပေါက်စလေးဟာ သူတွေ့ဖူးသမျှတွေထဲ အရိုးသား‌လေးဖြစ်သည်။

ဖမ်းစီးအကျဉ်းချရမှာကို နှမြောမိပေမယ့် ဘယ်လိုမှ မတတ်နိုင်။ Vampire တွေ ဖမ်းစီးပြီး အကျဉ်းချရမှာ သူ့တာဝန်ဖြစ်သည်။

နေမကောင်းဖြစ်နေသည့်သူဆီလာပြီး ပြုစုပေးသော Vampire ပေါက်စကို မျက်တောင်မခတ်ကြည့်လျက် ။

« Andy ငါ Vampire တွေကို မုန်းတယ် »

« အင်း »

သူ့အတွက် ပန်းသီးအခွံခွာပေးရင်း ခေါင်းငြိမ့်ပြလာသည်။ခေါင်းလေးစောင်း၍ ကြည့်လိုက်တော့ Andy က  မျက်နှာတစ်ချက်မပျက် ပြုံးနေခဲ့သည်။ကြည့်ကြသေးတာပေါ့။အဲ့အပြုံးတွေ ဘယ်အချိန်ထိ ထိန်းထားနိုင်မလဲဆိုတာ။

« သူတို့က အရမ်း ရွံ့စရာကောင်းတယ်။
သူတို့အတွက် ဒီလောက် သောက်စရာသွေးတွေ ပေါနေတာကို  ။ ဘာလို့ လူ့သွေးလဲ »

ပန်းသီးအခွံခွာရင်း Chenle စကားကို ပြုံးလျက် နားထောင်နေပေမယ့် စိတ်ထဲမှာ ‌ကြိတ်ငိုကြွေးနေရသည်။ချစ်မိတဲ့လူက Vampire တွေကို မုန်းသည်တဲ့လေ။ရှေ့တိုးရခက်၊နောက်ဆုတ်ရခက်သည့်အခြေအနေမှာ သူ့နှလုံးသားလေးက Chenle ရှ့မှာ ကျောက်ချနေခဲ့သည်။အချစ်ကို လိမ်ညာလှည့်စားပြီး ရှုပ်ခဲ့သမျှ ဝဋ်လည်နေရပြီ။

« ဒီလောက် ဖမ်းစီးပြီးအကျဉ်းထောင်ထဲထည့်နေတာတောင် အပြင်မှာ Vampire တွေ ထောင်ချီရှိနေတုန်းပဲ »

«.....»

« ငါ အမုန်းဆုံးက ဘာလဲသိလား။လူတွေကြားထဲမှာ အပြစ်ကင်းသလိုမျက်နှာနဲ့ သွားလာနေတဲ့ Vampire တွေပဲ  »

« အ့ »

လက် ဓားထိ၍ နာကျင်စွာအော်ညည်းမိပေမယ့် Chenle ရှေ့မှာ အမြန်ပြေးထွက်ခဲ့ရသည်။သူ Vampire ဆိုတာ Chenle သိသွားလို့ မဖြစ်ဘူး။

« Andy အဆင်ပြေရဲ့လား »

အနောက်မှ လိုက်လာသော Chenle စကားသံဖြစ်သည်။သွေးစတွေကို ရေနှင့်ဆေးနေစဉ် ဒဏ်ပျောက်ကင်းသွားတာမို့ အိပ်ကပ်ထဲမှာ အနာကပ်ပလာစ ထုတ်၍ ဟန်ဆောင်ပန်ဆောင် ကပ်ထားလိုက်ရသည်။ဒဏ်ရာချက်ချင်းပျောက်သွားတာသိလျှင် Chenle ရိပ်မိသွားလိမ့်မည်။

« အင်း။ ပြေတယ်»

အနာကပ်ပလာစလေး ကပ်ထားသည့်လက်ကို ကြည့်ပြီး Chenle ပြုံးမိသည်။ Andy က ဖြူစင်မလိုနဲ့ မာယာများသည်။

✨🌻

«  Mark ..မြေးလေး ကျောင်းမှာ အ‌ဆင်ပြေရဲ့ လား »

Mark ခေါင်းငြိမ့်၍ အဘိုးကို ပြုံးပြလိုက်သည်။

« အဆင်ပြေတယ် အဘိုး »

« လူတွေနဲ့ ပေါင်းရတာ ဘယ်လိုနေလဲ။လူတွေက စာနာမှု မရှိကြဘူး မှတ်လား »

Mark က ပြုံးပြီး ခေါင်းခါပြသည်။သူသိသည့်လူသားလေးကတော့ ကြင်နာမှုအပြည့်နှင့် နွေးထွေးသူဖြစ်သည်။

« လူတွေလည်း ကျွန်တော်တို့လိုပဲ အဘိုး။ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူရှိတယ်။အကုန်လုံး ရောချပစ်လို့ မရဘူး »

အဘိုးက Mark စကားကို ခေါင်းတငြိမ့်ငြိမ့်နှင့် ဂုဏ်ယူမဆုံးဖြစ်နေသည်။အရင်သူတို့မျိုးနွယ်ရဲ့ခေါင်းဆောင်ဟာ ဒေါသကြီးပြီး အမြတ်ကြီးသူဖြစ်သည်။မျိုးနွယ်ကိုထိလျှင် အမှား၊အမှန် မခွဲခြားတော့ဘဲ လူသားတွေကို ရန်ပြုတတ်သူလည်း ဖြစ်သည်။ထို့ကြောင့် အမျက်ဒေါသကို ရှေ့တန်းတင်ကာ လူသားပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ထိုသတ်ဖြတ်မှုက လူသားမျိုးနွယ်တစ်ခုလုံးကို နာကျဉ်းစေပြီး Vampireတွေဟာ ရွံ့စရာကောင်းသောမကောင်းဆိုးဝါးတွေဟု အမည်တွင်လာခဲ့သည်။

« ဒါပေမယ့်လည်း သတိနဲ့နေ ငါ့မြေး။လူသားတွေက မာယာများတယ်။ပြီးတော့ သူတို့ နည်းပညာက အဆင့်တန်းမြှင့်တယ် »

အဘိုးရဲ့ စိုးရိမ်မှုကို သူ နားလည်သည်။အရာအားလုံး သူ့ခေါင်းပေါ်မှာဆိုတာလည်း သိသည်။ထို့ကြောင့် အချစ်ကို ရှေ့တန်းမတင်ဖို့ တွေးထားသည့်ကြားမှ တစ်ခါတစ်ရံ စိတ်ရူးဖောက်ချင်လာသည်။ HaeChannie အနားရောက်လျှင် သူ့နှလုံးခုန်သံက မရပ်တော့။

« ဟုတ်ကဲ့ အဘိုး။ ဒါဆို ကျွန်တော် သွားနားလိုက်ဦးမယ် »

အဘိုးကို အရိုအသေပေး၍ အပေါ်ထပ်ကို တတ်ခဲ့သည်။ပြီးမှ တစ်နေ့ကုန်ပျောက်မလှပျောက်သွားသည့် Andy ဆီ ဖုန်းလှမ်းဆက်လိုက်သည်။

« Andy မင်း ဘယ်မှာလဲ »

« ငါ Chenle အိမ်မှာ »

« ဘာ ! »

ရဲတင်းလွန်းသည့် Andy ကို Mark ဩချမိသည်။ Chenle က ဘယ်သူလဲဆိုတာ သိနေလျက်နှင့် မကြောက်မရွံ့ အိမ်အထိ လိုက်သွားရဲသည်။

« သူ နေမကောင်းဖြစ်နေတာ ငါ
စိတ်မချလို့ »

« နေမကောင်းဖြစ်ရုံနဲ့  သူ မသေသွားဘူး Andy ..မင်း အခုချက်ချင်း ပြန်လာခဲ့ ။ မဟုတ်ရင် ငါ ဦးလေးပတ်ခ်နဲ့ တိုင်ပြောရလိမ့်မယ် »

Andy ဆီမှအဖြေမစောင့်ဘဲ ဖုန်းချပစ်လိုက်သည်။ Andy Park !! တကယ့်ကောင်။ ကြိုက်မဲ့ကြိုက်တော့လည်း Vampire နှိမ်နင်းသူရဲ့မြေးတဲ့လေ။

အစက သူမသိလို့ လွှတ်ထားပေးခဲ့တာ။အခုတော့ မရတော့ဘူး။တားမှာ ရသည်။ Andy အန္တရာယ်ကွင်းထဲ ကျရောက်မှာကို လက်ပိုက်ကြည့်မနိုင်ဘူး။

စိတ်ညစ်ညစ်နှင့် ဆံပင်တွေကို ထိုးဖွပြီး ကျစ်ဆုပ်မိသည်။

စိတ်ထွက်ပေါက်အနေနှင့် ပြတင်းပေါက်လိုက်ကားတွေကို အကုန်ဖွင့်ပြီး လေကို ရူရှိုက်လိုက်ရသည်။မဟုတ်ရင် မွန်းကြပ်လွန်လွန်းလို့ သေတော့မည်။

မြင်ကွင်းတဲ့ရောက်လာတဲ့ဆိုင်ကယ်လေးနှင့်အတူ ခပ်သေးသေး ခန္ဓာကိုယ်ကိုမြင်တော့ သူ့ရင်ထဲက အပူမီးက ငြိမ်သွားသလိုနှင့်  ထပ်တိုးလာခဲ့သည်။ဘယ်လိုလုပ်ပြီး HaeChannie က ဒီကိုရောက်လာတာလဲ။ ဒီနေ့  ပစ္စည်းလာပို့ရက်မှ မဟုတ်ဘဲ။

လှေကားထစ်တွေအတိုင်း ပြေးဆင်းလာခဲ့တော့ ဦးလေးပတ်ခ်နှင့် ထိပ်တိုက်တွေ့လေသည်။

« သခင်လေး...ဘယ်သွားမလို့လဲ »

« Peter  ဘာလို့ ဒီကို လာတာလဲ ဦးလေး »

« အရေးပေါ်ပစ္စည်းလိုအပ်လို့ပါ ။ အဲ့ဒါကြောင့် သူကို ဆက်သွယ်ပြီး လာပို့ခိုင်းလိုက်တာပါ »

« အရေးပေါ် ? »

«ဟုတ်ကဲ့.. Andy အတွက်ပါ ။ သူ မကြာခဏမူးပြီး လူ့သွေးအနံ့ ရနေတယ်ပြောလို့ပါ »

စိတ်ထဲ အ‌ကျယ်ကြီး အော်ဆဲလိုက်သည်။
Andy ကို တစ်ယောက်တည်း လွှတ်ထားလို့ မရတော့ဘူး။

✨🌻

Chenle ဆီမှ အမျိုးမျိုး စမ်းသက်ခံနေ‌ရသော Andy ဟာ သူ ဘယ်လောက်နားချ,ချမရတော့ပါ။ Chenle အနားမှာသာ ကော်လို့ ကပ်နေသည်။ပြုံးရယ်နေတဲ့ Andy ကိုကြည့်ပြီး ဘယ်နှကြိမ်မြောက်မှန်းမသိ သက်ပြင်းမောချမိသည်။

« Mark စိတ်ညစ်စရာရှိနေတာလား »

ဘေးနားမှာခပ်တိုးတိုးမေးသံလေး။ခေါင်းအသာ ခါပြလိုက်သည်။သူ့အပူတွေကို HaeChannieဆီ မပေးချင်ဘူး။

Mark ကြည့်နေတဲ့နေရာကို ကြည့်ပြီး HaeChan သဘောပေါက်သွားခဲ့သည်။ Mark  ကာကွယ်ပေးချင်သည့်လူက သူမဟုတ်ဘဲ Andy ဖြစ်နေ၍ အနည်းငယ် ဝမ်းနည်းမိသည်။

« Andy လည်း ကလေးမဟုတ်တော့ပါဘူး။
သူ့အန္တရာယ်သူ သိပါတယ် »

HaeChan စကားမှာ Markမျက်လုံးကလေးတွေ ဝိုင်းစက်သွားသည်။

« မင်း ဘယ်လိုလုပ်ပြီး »

« Chenle က အပြင်ပန်းကကြည့်ရင် အေးစက်စက်နဲ့ မာနခဲဆိုပေမယ့်
သဘောကောင်းပါတယ် ။ အခုကြည့်လေ..သူတို့နှစ်ယောက် အဆင်ပြေနေတာပဲ »

Mark ခပ်ဖွဖွလေး ရယ်လိုက်မိသည်။ HaeChannie က ဘာမှသိမနေဘူးပဲ။

ရယ်သံကြား၍ လှည့်ကြည့်လိုက်တော့ Mark က သူကို ကြည့်ပြီး ပြုံးနေသည့်တဲ့လေ။ဘယ်အရာက Markကို ပြုံးသွားစေလဲမ‌သိပေမယ့် Mark နည်းတူ လိုက်ပြုံးမိသည်။

အပြုံးတွေမြင်ရုံနှင့်လိုက်ပြုံးမိသည်က အချစ်ဆိုသူ ဝန်ခံရတော့မည်။Mark ကို ချစ်မြတ်နိုးနေပြီ။

«ရယ်မနေနဲ့ ။ ထမင်းစားချိန် ရောက်ပြီ »

ခေါင်းကို ခပ်ဖွဖွလေး သုတ်၍ ဆိုလာသည်။အိမ်မှာ အကြီးဆုံးသားဆိုပေမယ့် Markဘေးနားရောက်သွားလျှင် ကလေးလေးတစ်ယောက်ဖြစ်ချင်မိသည်။ Mark က ၊ကလေးလေးတွေကို ချစ်ပြီး အလိုလိုက်သည်ကို မျက်‌မြင်တွေ့ခဲ့သည်လေ။

ကျောင်းပိတ်ရက်ဖြစ်၍ ပစ္စည်းပို့ရန်ထွက်လာခဲ့သည်။လမ်းထိပ်မှာ အမှတ်မထင်တွေ့လိုက်ရသော Markဟာ Long Coat အရှည်ကြီးနှင့်လိုက်ဖက်စွာ ကြည့်ကောင်းနေသည်။ အကြည့် မလွှဲနိုင်စွာ ငေးကြည့်နေမိသည်။လမ်းလျှောက်လာပုံက နတ်သားအလားပင်။

« အဟမ်း မင်း ဒီကို ဘာလာလုပ်တာလဲ »

အနားရောက်လာသော Markကို မှင်သေသေနှင့် မေးလိုက်ရသည်။

« မင်းဆီလေ..အဖော်လိုက်ခဲ့ပေးမလို့»

ရင်ထဲ ကြည်နူးမှုလေးဖြတ်သန်းသွားပြီး အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထားရသည်။ပြုံးသွားလို့ မဖြစ်ဘူး။ပျော်သွားလို့ မဖြစ်ဘူး။ Markက သူကို အထင်သေးသွားလိမ့်မယ်။လွယ်လွယ်ရင်ခုန်တတ်တဲ့ကောင်ဆိုပြီးလေ။

« မင်း အားနေတာလား »

«ဟုတ်တယ် ။ ပျင်းနေတာနဲ့ မင်းဆီရောက်လာတာ»

စကားပြောရင်း Mark နှင့်‌လမ်းလျှောက်ခဲ့သည်။သဘောကျဖို့ကောင်းသည်က Markရဲ့ မစပ်စုတတ်သည့်အကျင့်ဖြစ်သည်လက်ထဲက ပါဆယ်ဘူးလေးကို ဘာတွေပါလဲ တစ်ခွန်းမမေးဘဲ သူထားခဲ့သည့်နေရာမှာသာ ရပ်စောင့်နေသည်။

ပါဆယ်ဘူးပေးပြီး ပြန်လာတော့ Mark က ၊ကလေးလေးတွေနှင့် လက်ချင်းရိုက်လျက် ‌‌ဆော့ကစားနေသည်။ကလေးတွေကြား ကလေးဗိုလ်လေးက Long Coat အင်္ကျီနှင့်မလိုက်မဖက် ကလေးတွေခိုင်းသမျှ လုပ်နေရသည်။

«ကလေးတွေ ကိုကို့ကို ဝိုင်းအနိုင်မကျင့်ကြရဘူး»

Markရဲ့နားရွက်ကို ဆွဲထားသောကလေးမလေးလက်ကို ကိုင်လွှတ်ခိုင်းလိုက်သည်ဆူပုတ်ပုတ်နှင့်ကလေးမကိုမြင်လေတော့ Mark က အလိုလိုက်ချင်နေပုံရသည်။သို့သော် ဘာမှမပြော။သူကိုသာ ငေးကြည့်နေသည်။

« Mark သွားကြမယ်။ငါမှာ အချိန်မရှိဘူး »

Mark လက်ကိုဆွဲပြီး ထွက်လာခဲ့သည့်လမ်းမှာ သူ့ရင်ခုန်သံတွေက တဒုတ်ဒုတ်နှင့်။

« HaeChannie ငါကို ..»

Markဆီမှ အသံသေးသေးလေးထွက်လာပြီးမှ တိတ်သွားသည်။ရင်ခုန်နေသည့်ကြားမှ Mark မျက်နှာချောချောကို မော့ကြည့်လိုက်သည်။

« ဘာလဲ ဆက်ပြောလေ »

«ထားလိုက်တော့ »

ပြောမထွက်ဖြစ်နေသော Mark ပုံစံက မရဲမဝဲ့နှင့်။တောင်းဆိုချင်ပေမယ့် စိတ်ဆိုးသွားမှာကို ကြောက်နေပုံရသည်။သူဘက်က လမ်းကြောင်းဖွင့်ပေးလျှင် ပြောလာမှာသိပေမယ့် ကိုယ်တိုင်ကလည်း ရင်ခုန်နေသည်မို့မေးမိ

« လာလေ..ဘာထိုင်လုပ်နေတာလဲ။ထမင်းသွားစားမယ် »

ထိုင်ပြီးငိုင်နေတဲ့HaeChannieကို လက်ကလေးတို့၍ပြောလိုက်တော့  ကိုယ်လေးတုန်တတ်သွားသည်။ကြည့်ရတာ  အတွေးကမ္ဘာထဲ နစ်မြောနေသည်ထင်သည်။

« Mark..»

«အင်း»

«မင်း...ဟိုနေ့ကလေ..ငါကို ဘာပြောမလို့လဲ »

«ဘာနေ့လဲ»

«ကျောင်းပိတ်ရက်၊ငါတို့ရပ်ကွက်ထဲ လာတဲ့နေ့က»

အတိအလင်း သူ မှတ်မိသည်။သို့သော် မသိချင်ယောင်ဆောင်ကာ ခေါင်းခါပြလိုက်သည်။

«ဟင့်အင်း။ငါ မမှတ်မိတော့ဘူး။ဒီအတိုင်း အရေးကြီးကိစ္စမဟုတ်ဘူး ထင်တယ် »

တကယ်တော့ အဲ့နေ့က HaeChannie ဆီက ကိုကိုခေါ်သံကြားပြီး အနည်းငယ် လောဘတတ်သွားတာဖြစ်သည်။

အခုချိန် ပြန်စဉ်းစားကြည့်တော့ အဲ့နေ့က
ဘာမှမပြောဘဲနေခဲ့သည့်က မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။

အရာအားလုံးက သူ့ခေါင်းပုံကို ရောက်တော့မည့်အချိန်ကာလမှာ Andyလို အချစ်မှာ မနစ်မြောချင်ပါ။

အနာဂတ်ခေါင်းဆောင်ဆိုတဲ့ရွေးချယ်မှုက ဒီအတိုင်းလက်ခံထားတာမှမဟုတ်ဘဲ Andy ကို Chenle လက်ထဲက မရ၊ရအောင် ကယ်ထုတ်ရမည့်တာဝန်ကလည်း ရှိနေသေးသည်။

✨🌻

« Andy ငါ မင်းအတွက် ဟင်းချက်ပေးမယ်။ စားပြီးမှ ပြန်နော် »

« အင်း »

ခေါင်းလေးငြိမ့်ပြပြီး ငြိမ်ငြိမ်လေးထိုင်နေတဲ့ Andy ကိုကြည့်ပြီး မဲ့ပြုံး၊ပြုံးလိုက်သည်။ဒီနေ့ မင်း ငါ့လက်က မလွှတ်ဘူး Andy..မကြာခင် အေးစက်တဲ့ရေခဲထောင်က မင်းအတွက် ဖြစ်လာတော့မှာ။

အသီးအရွက်ကို ယူ၍ သေချာစွာ လှိီးလိုက်သည်။ဓားပါးပါးလေးက မကြာခင် သူ့လက်မှာ နစ်ဝင်တော့မှာဖြစ်၍ Andy ကို တစ်ချက်လှည့်ကြည့်လိုက်သည်။

« Andy ငါကို ဒီအရွက်တွေ ရေဆေးပေးပါဦး »

«အော်..အင်း »

ငိုင်နေရာမှ  Chenle ဆီအပြေးအလွှားသွားလိုက်သည်။ဆေးကြောရန် အရွက်ခြင်းယူလိုက်စဉ် Chenle ရဲ့အော်သံဆူးဆူးကြားလိုက်ရသည်။လက်ချောင်းသေးသေးလေးမှာ သွေးတွေ နီရဲနေသည်က မြင်မကောင်း။ပူထူပြီး Chenle အနားကပ်သွားသည့်အချိန်မှာ သူ့ခန္ဓာကိုယ်ဟာ ပုံမှန်မဟုတ်တော့မှန်း သတိထားမိလိုက်သည်။

အရောင်ပြောင်းသွားတဲ့အနီရောင်မျက်လုံးတွေဟာ သွေးဆာလောင်နေသော Andy ရဲ့ပုံစံအစစ်အမှန်ဖြစ်သည်။ဒဏ်ရာကြောင့်နာကျင်နေသည့်ကြားမှ Chenle ပြုံးမိသည်။ Vampire တွေထဲမှာ ရိုးသားတဲ့အကောင်တစ်ကောင်မှ မပါဘူး။အမြဲတမ်း သွေးဆာလောင်နေပြီး ရွံ့စရာကောင်းတဲ့အကောင်တွေချည်းပဲ။

« Andy ~ »

ခပ်ဖျော့ဖျော့အသံလေးနှင့်ခေါ်လာသော Chenle ကိုကြည့်ပြီး မူးဝေချင်လာသည်။သတိစိတ်တွေလွတ်ပြီး အာရုံထဲမှာ သွေးညှိီနံ့မှလွှဲ၍ ဘာမှမရှိတော့။

မနည်းအားယူ၍ Chenle ကို အာရုံစိုက်လိုက်ပေမယ့် နီရဲနေသောသွေးတွေက သူကို ဆွဲဆောင်နေပြန်သည်။သေချာပေါက် ချိုအီနေမည့်သွေးရနံ့လေး။

သွေးညှီနံရဲ့ခေါ်ဆောင်ရာကို လိုက်ရင်း Andy ရဲ့မျက်လုံးတွေဟာ တဖြည်းဖြည်း အနီရောင်အရင့်သို့ပြောင်းလဲလာသည်။သူ့မျက်လုံးတွေက Chenle လည်တိုင်မှာဖြစ်ပြီး သူ့နှုတ်ခမ်းပါးတွေကလည်း ထိုအရသာကို သိချင်နေခဲ့သည်။

« Chenle ~ »

နာမည်ခေါ်ရင်း အနားကပ်လာသော Andyက လုံးဝ အသိစိတ်လွှတ်နေတာဖြစ်သည်။ Chenle  အတွက် ဒါဟာ အခွင့်အရေးကောင်းမို့ နာကျင်မှုကို အံ့ကြိတ်ရင်း လက်ထဲမှာနာရီကို ဖိနှိပ်ရန် အဆင်သင့်ပြင်ထားလိုက်သည်။ဒီနာရီက  ရိုက်ကူးထားသမျှမှတ်တမ်းနှင့်အတွ အဘိုးဆီကို တိုက်ရိုက်အစီရီထားပေးမှာဖြစ်သည့်အတွက် သူ့အန္တရာယ်များသည့်အချိန်မှာ အဘိုးရဲ့လူတွေက ရောက်လာပြီး Andy ကို ဖမ်းသွားမှာဖြစ်သည်။

«ဟင့်အင်း !! မဖြစ်ဘူး !!»

Andyရဲ့သွားစွယ်ဖွေးဖွေးတွေ ပွင့်အ,သည့်အချိန်မှာ ဒုန်းဆိုသည့်အသံနှင့်အတူ သူ့ခန္ဓာကိုယ်ဟာ ကြမ်းပြင်ပေါ်မှာ Andy ရဲ့တွန်းလှဲခြင်းခံလိုက်ရသည်။

သူကို မကိုက်ဘဲ ပြေးသွားတဲ့ Andy ရဲ့နောက်ကျောကို ကြည့်ပြီး နှမြောမဆုံးဖြစ်ရသည်။ Andy ကို မီခါနီးမှ ။

« အ့ »

အခုမှ နာရကောင်းမှန်းသိသည့်ဒဏ်ရာကြောင့် ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလိုက်သည်။သွေးထွက်လွန်းနေသည့်ဒဏ်ရာကို ဆေးထည့်ရန် ဆေးသတ္တာဘူးကို သွားယူလိုက်ရသည်။

Andy ကို ဖမ်းချင်စိတ်လောပြီး သူကိုယ့်သူ ဒီလောက်ထိ ထိခိုက်အောင်လုပ်မိသွားမှန်း မသိလိုက်ဘူး။

ဆေးသတ္တာဘူး အခွံဖွင့်ပြီး အရက်ပျံ အကုန်လောင်းချလိုက်ပြီးမှ စပ်လွန်လွန်း၍ နာကျင်စွာ အော်ဟစ်မိသည်။

« ပေး..ငါ လုပ်ပေးမယ် »

ဩရှရှအသံကြောင့် စပ်၍ မှိတ်ထားမိသည့်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။အခုထိ နီရဲနေသည့်မျက်လုံးတွေနှင့် Andy က ‌ဆာလောင်မှုမှုကို အံ့တုထားသည့်အတွက် နားထင်မှာ ချွေးတွေတွဲခိုနေသည်။တစ်ကိုယ်လုံး တုန်ရီပြီး ချွေးတွေရွဲနေသည့်ကြားမှ သူ့အတွက် ဆေးထည့်ပေးနေတာမြင်တော့ စိတ်ထဲမကောင်း။

« မင်း ပြန်တော့ !!! »

အသံကျယ်ကျယ်နှင့်အော်လိုက်သည်။တုန်တတ်သွားသည့် ခန္ဓာကိုယ်နှင့် Andy ပုံစံက မကြာခင် လဲကျသွားသည့်ပုံပင်။သူ့အနားမှာ ဆက်နေ၊နေလျှင် Andy အတွက် အသက်အန္တရာယ်များသည်။သွေးညှီနံက Andy ကို သတ်နေသည်လေ။

«မင်းကို ပြန်တော့လို့ ပြောနေတယ်လေ !!!!»

«မင်းဒဏ်ရာက »

«ဂရုမစိုက်နဲ့ »

ပြောပြီး Andy ကို အိမ်ထဲမှာ ဆွဲထုတ်လိုက်သည်။Andy သူ့အရှေ့မှာ ကျလဲသွားမှာကို မကြည့်ချင်ဘူး။

မဟုတ်ဘူး။

မကြည့်နိုင်ဘူး။

✨🌻

22.11.23 🍎

ZAW...

ကေနဒါႏိုင္ငံမွာ Vampire ေတြ အမ်ားအျပား
ခိုလုံေနသည္ဆိုသည့္သတင္းအရ ေရာက္လာခဲ့သူျဖစ္သည္။အဘိုးက Vampire ေတြမုန္းတီးသူျဖစ္သည့္အထိုက္အေလ်ာက္ သူလည္း မုန္းတီးခဲ့သည္။အျပစ္မ႐ွိတဲ့လူေတြကို ဂုတ္ေသြးစုတ္ သတ္ပစ္ျဖတ္သည့္ Vampire ေတြဟာ ႐ြံ႕စရာေကာင္းေသာ မေကာင္းဆိုးဝါးေတြျဖစ္သည္။မုန္းတီးမႈႏွင့္ ဖမ္းစီးအက်ဥ္းခ်ခံထားရေသာ Vampire ေတြဟာ သူရဲ႕စုံစမ္းမႈေၾကာင့္ဆိုတာ တစ္ေက်ာင္းလုံးသိသည္။ဒါကိုသိလ်က္ႏွင့္ အနားလာကပ္တဲ့ Vampire ေပါက္စေလးဟာ ရဲတင္းလြန္းသည္ ေျပာရမည္။သူကို အိမ္ျပန္ခ်ိန္ေတြအထိ လိုက္‌ပို႔ေပးၿပီး အနားမွာလည္း တစ္ခ်ိန္လုံး ႐ွိေနခဲ့သည္။

ပ်င္း၍ ေဆာ့ကစားေပးေနသည့္ကို တကယ္ႀကီး အဟုတ္ေနေသာ Vampire ေပါက္စေလးဟာ သူေတြ႕ဖူးသမွ်ေတြထဲ အ႐ိုးသား‌ေလးျဖစ္သည္။

ဖမ္းစီးအက်ဥ္းခ်ရမွာကို ႏွေျမာမိေပမယ့္ ဘယ္လိုမွ မတတ္ႏိုင္။ Vampire ေတြ ဖမ္းစီးၿပီး အက်ဥ္းခ်ရမွာ သူ႕တာဝန္ျဖစ္သည္။

ေနမေကာင္းျဖစ္ေနသည့္သူဆီလာၿပီး ျပဳစုေပးေသာ Vampire ေပါက္စကို မ်က္ေတာင္မခတ္ၾကည့္လ်က္ ။

« Andy ငါ Vampire ေတြကို မုန္းတယ္ »

« အင္း »

သူ႕အတြက္ ပန္းသီးအခြံခြာေပးရင္း ေခါင္းၿငိမ့္ျပလာသည္။ေခါင္းေလးေစာင္း၍ ၾကည့္လိုက္ေတာ့ Andy က  မ်က္ႏွာတစ္ခ်က္မပ်က္ ျပဳံးေနခဲ့သည္။ၾကည့္ၾကေသးတာေပါ့။အဲ့အျပဳံးေတြ ဘယ္အခ်ိန္ထိ ထိန္းထားႏိုင္မလဲဆိုတာ။

« သူတို႔က အရမ္း ႐ြံ႕စရာေကာင္းတယ္။
သူတို႔အတြက္ ဒီေလာက္ ေသာက္စရာေသြးေတြ ေပါေနတာကို  ။ ဘာလို႔ လူ႕ေသြးလဲ »

ပန္းသီးအခြံခြာရင္း Chenle စကားကို ျပဳံးလ်က္ နားေထာင္ေနေပမယ့္ စိတ္ထဲမွာ ‌ႀကိတ္ငိုေႂကြးေနရသည္။ခ်စ္မိတဲ့လူက Vampire ေတြကို မုန္းသည္တဲ့ေလ။ေ႐ွ႕တိုးရခက္၊ေနာက္ဆုတ္ရခက္သည့္အေျခအေနမွာ သူ႕ႏွလုံးသားေလးက
Chenle ႐ွ႕မွာ ေက်ာက္ခ်ေနခဲ့သည္။အခ်စ္ကို လိမ္ညာလွည့္စားၿပီး ႐ႈပ္ခဲ့သမွ် ဝဋ္လည္ေနရၿပီ။

« ဒီေလာက္ ဖမ္းစီးၿပီးအက်ဥ္းေထာင္ထဲထည့္ေနတာေတာင္ အျပင္မွာ Vampire ေတြ ေထာင္ခ်ီ႐ွိေနတုန္းပဲ »

«.....»

« ငါ အမုန္းဆုံးက ဘာလဲသိလား။လူေတြၾကားထဲမွာ အျပစ္ကင္းသလိုမ်က္ႏွာနဲ႔ သြားလာေနတဲ့ Vampire ေတြပဲ  »

« အ့ »

လက္ ဓားထိ၍ နာက်င္စြာေအာ္ညည္းမိေပမယ့္ Chenle ေ႐ွ႕မွာ အျမန္ေျပးထြက္ခဲ့ရသည္။သူ Vampire ဆိုတာ Chenle သိသြားလို႔ မျဖစ္ဘူး။

« Andy အဆင္ေျပရဲ႕လား »

အေနာက္မွ လိုက္လာေသာ Chenle စကားသံျဖစ္သည္။ေသြးစေတြကို ေရႏွင့္ေဆးေနစဥ္ ဒဏ္ေပ်ာက္ကင္းသြားတာမို႔ အိပ္ကပ္ထဲမွာ အနာကပ္ပလာစထုတ္၍ ဟန္ေဆာင္ပန္ေဆာင္ ကပ္ထားလိုက္ရသည္။ဒဏ္ရာခ်က္ခ်င္းေပ်ာက္သြားတာသိလွ်င္ Chenle ရိပ္မိသြားလိမ့္မည္။

« အင္း။ ေျပတယ္»

အနာကပ္ပလာစေလး ကပ္ထားသည့္လက္ကို ထည့္ၿပီး Chenle ျပဳံးမိသည္။ Andy က ျဖဴစင္မလိုနဲ႔ မာယာမ်ားသည္။

✨🌻

«  Mark ..ေျမးေလး ေက်ာင္းမွာ အ‌ဆင္ေျပရဲ႕ လား »

Mark ေခါင္းၿငိမ့္၍ အဘိုးကို ျပဳံးျပလိုက္သည္။

« အဆင္ေျပတယ္ အဘိုး »

« လူေတြနဲ႔ ေပါင္းရတာ ဘယ္လိုေနလဲ။လူေတြက စာနာမႈ မ႐ွိၾကဘူး မွတ္လား »

Mark က ျပဳံးၿပီး ေခါင္းခါျပသည္။သူသိသည့္လူသားေလးကေတာ့ ၾကင္နာမႈအျပည့္ႏွင့္ ေႏြးေထြးသူျဖစ္သည္။

« လူေတြလည္း ကြၽန္ေတာ္တို႔လိုပဲ အဘိုး။ေကာင္းတဲ့သူနဲ႔ မေကာင္းတဲ့သူ႐ွိတယ္။အကုန္လုံး ေရာခ်ပစ္လို႔ မရဘူး »

အဘိုးက Mark စကားကို ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ ဂုဏ္ယူမဆုံးျဖစ္ေနသည္။အရင္သူတို႔မ်ိဳးႏြယ္ရဲ႕ေခါင္းေဆာင္ဟာ ေဒါသႀကီးၿပီး အျမတ္ႀကီးသူျဖစ္သည္။မ်ိဳးႏြယ္ကိုထိလွ်င္ အမွား၊အမွန္ မခြဲျခားေတာ့ဘဲ လူသားေတြကို ရန္ျပဳတတ္သူလည္း ျဖစ္သည္။ထို႔ေၾကာင့္ အမ်က္ေဒါသကို ေ႐ွ႕တန္းတင္ကာ လူသားေပါင္းမ်ားစြာကို သတ္ျဖတ္ခဲ့သည္။ထိုသတ္ျဖတ္မႈက လူသားမ်ိဳးႏြယ္တစ္ခုလုံးကို နာက်ဥ္းေစၿပီး Vampireေတြဟာ ႐ြံ႕စရာေကာင္းေသာမေကာင္းဆိုးဝါးေတြဟု အမည္တြင္လာခဲ့သည္။

« ဒါေပမယ့္လည္း သတိနဲ႔ေန ငါ့ေျမး။လူသားေတြက မာယာမ်ားတယ္။ၿပီးေတာ့ သူတို႔ နည္းပညာက အဆင့္တန္းျမႇင့္တယ္ »

အဘိုးရဲ႕ စိုးရိမ္မႈကို သူ နားလည္သည္။အရာအားလုံး သူ႕ေခါင္းေပၚမွာဆိုတာလည္း သိသည္။ထို႔ေၾကာင့္ အခ်စ္ကို ေ႐ွ႕တန္းမတင္ဖို႔ ေတြးထားသည့္ၾကားမွ တစ္ခါတစ္ရံ စိတ္႐ူးေဖာက္ခ်င္လာသည္။ HaeChannie အနားေရာက္လွ်င္ သူ႕ႏွလုံးခုန္သံက မရပ္ေတာ့။

« ဟုတ္ကဲ့ အဘိုး။ ဒါဆို ကြၽန္ေတာ္ သြားနားလိုက္ဦးမယ္ »

အဘိုးကို အ႐ိုအေသေပး၍ အေပၚထပ္ကို တတ္ခဲ့သည္။ၿပီးမွ တစ္ေန႔ကုန္ေပ်ာက္မလွေပ်ာက္သြားသည့္ Andy ဆီ ဖုန္းလွမ္းဆက္လိုက္သည္။

« Andy မင္း ဘယ္မွာလဲ »

« ငါ Chenle အိမ္မွာ »

« ဘာ ! »

ရဲတင္းလြန္းသည့္ Andy ကို Mark ဩခ်မိသည္။ Chenle က ဘယ္သူလဲဆိုတာ သိေနလ်က္ႏွင့္ မေၾကာက္မ႐ြံ႕ အိမ္အထိ လိုက္သြားရဲသည္။

« သူ ေနမေကာင္းျဖစ္ေနတာ ငါ စိတ္မခ်လို႔ »

« ေနမေကာင္းျဖစ္႐ုံနဲ႔  သူ မေသသြားဘူး Andy ..
မင္း အခုခ်က္ခ်င္း ျပန္လာခဲ့ ။ မဟုတ္ရင္ ငါ ဦးေလးပတ္ခ္နဲ႔ တိုင္ေျပာရလိမ့္မယ္ »

Andy ဆီမွအေျဖမေစာင့္ဘဲ ဖုန္းခ်ပစ္လိုက္သည္။ Andy Park !! တကယ့္ေကာင္။ ႀကိဳက္မဲ့ႀကိဳက္ေတာ့လည္း Vampire ႏွိမ္နင္းသူရဲ႕ေျမးတဲ့ေလ။

စိတ္ညစ္ညစ္ႏွင့္ ဆံပင္ေတြကို ထိုးဖြၿပီး က်စ္ဆုပ္မိသည္။

စိတ္ထြက္ေပါက္အေနႏွင့္ ျပတင္းေပါက္လိုက္ကားေတြကို အကုန္ဖြင့္ၿပီး ေလကို ႐ူ႐ိႈက္လိုက္ရသည္။မဟုတ္ရင္ မြန္းၾကပ္လြန္လြန္းလို႔ ေသေတာ့မည္။

ျမင္ကြင္းတဲ့ေရာက္လာတဲ့ဆိုင္ကယ္ေလးႏွင့္အတူ ခပ္ေသးေသး ခႏၶာကိုယ္ကိုျမင္ေတာ့ သူ႕ရင္ထဲက အပူမီးက ၿငိမ္သြားသလိုႏွင့္  ထပ္တိုးလာခဲ့သည္။
ဘယ္လိုလုပ္ၿပီး HaeChannie က ဒီကိုေရာက္လာတာလဲ။ ဒီေန႔  ပစၥည္းလာပို႔ရက္မွ မဟုတ္ဘဲ။

ေလွကားထစ္ေတြအတိုင္း ေျပးဆင္းလာခဲ့ေတာ့ ဦးေလးပတ္ခ္ႏွင့္ ထိပ္တိုက္ေတြ႕ေလသည္။

« သခင္ေလး...ဘယ္သြားမလို႔လဲ »

« Peter  ဘာလို႔ ဒီကို လာတာလဲ ဦးေလး »

« အေရးေပၚပစၥည္းလိုအပ္လို႔ပါ ။ အဲ့ဒါေၾကာင့္ သူကို ဆက္သြယ္ၿပီး လာပို႔ခိုင္းလိုက္တာပါ »

« အေရးေပၚ ? »

«ဟုတ္ကဲ့.. Andy အတြက္ပါ ။ သူ မၾကာခဏ
မူးၿပီး လူ႕ေသြးအနံ႔ ရေနတယ္ေျပာလို႔ပါ »

စိတ္ထဲ အ‌က်ယ္ႀကီး ေအာ္ဆဲလိုက္သည္။
Andy ကို တစ္ေယာက္တည္း လႊတ္ထားလို႔ မရေတာ့ဘူး။

✨🌻

Chenle ဆီမွ အမ်ိဳးမ်ိဳး စမ္းသက္ခံေန‌ရေသာ Andy ဟာ သူ ဘယ္ေလာက္နားခ်,ခ်မရေတာ့ပါ။ Chenle အနားမွာသာ ေကာ္လို႔ ကပ္ေနသည္။ျပဳံးရယ္ေနတဲ့ Andy ကိုၾကည့္ၿပီး ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိ သက္ျပင္းေမာခ်မိသည္။

« Mark စိတ္ညစ္စရာ႐ွိေနတာလား »

ေဘးနားမွာခပ္တိုးတိုးေမးသံေလး။ေခါင္းအသာ ခါျပလိုက္သည္။သူ႕အပူေတြကို HaeChannieဆီ မေပးခ်င္ဘူး။

Mark ၾကည့္ေနတဲ့ေနရာကို ၾကည့္ၿပီး HaeChan သေဘာေပါက္သြားခဲ့သည္။ Mark  ကာကြယ္ေပးခ်င္သည့္လူက သူမဟုတ္ဘဲ Andy ျဖစ္ေန၍ အနည္းငယ္ ဝမ္းနည္းမိသည္။

« Andy လည္း ကေလးမဟုတ္ေတာ့ပါဘူး။
သူ႕အႏၲရာယ္သူ သိပါတယ္ »

HaeChan စကားမွာ Markမ်က္လုံးကေလးေတြ ဝိုင္းစက္သြားသည္။

« မင္း ဘယ္လိုလုပ္ၿပီး »

« Chenle က အျပင္ပန္းကၾကည့္ရင္ ေအးစက္စက္နဲ႔ မာနခဲဆိုေပမယ့္
သေဘာေကာင္းပါတယ္ ။ အခုၾကည့္ေလ..သူတို႔ႏွစ္ေယာက္ အဆင္ေျပေနတာပဲ »

Mark ခပ္ဖြဖြေလး ရယ္လိုက္မိသည္။ HaeChannie က ဘာမွသိမေနဘူးပဲ။

ရယ္သံၾကား၍ လွည့္ၾကည့္လိုက္ေတာ့ Mark က သူကို ၾကည့္ၿပီး ျပဳံးေနသည့္တဲ့ေလ။ဘယ္အရာက Markကို ျပဳံးသြားေစလဲမ‌သိေပမယ့္ Mark နည္းတူ လိုက္ျပဳံးမိသည္။

အျပဳံးေတြျမင္႐ုံႏွင့္လိုက္ျပဳံးမိသည္က အခ်စ္ဆိုသူ ဝန္ခံရေတာ့မည္။Mark ကို ခ်စ္ျမတ္ႏိုးေနၿပီ။

«ရယ္မေနနဲ႔ ။ ထမင္းစားခ်ိန္ ေရာက္ၿပီ »

ေခါင္းကို ခပ္ဖြဖြေလး သုတ္၍ ဆိုလာသည္။အိမ္မွာ အႀကီးဆုံးသားဆိုေပမယ့္ Markေဘးနားေရာက္သြားလွ်င္ ကေလးေလးတစ္ေယာက္ျဖစ္ခ်င္မိသည္။ Mark က ၊ကေလးေလးေတြကို ခ်စ္ၿပီး အလိုလိုက္သည္ကို မ်က္‌ျမင္ေတြ႕ခဲ့သည္ေလ။

ေက်ာင္းပိတ္ရက္ျဖစ္၍ ပစၥည္းပို႔ရန္ထြက္လာခဲ့သည္။လမ္းထိပ္မွာ အမွတ္မထင္ေတြ႕လိုက္ရေသာ Markဟာ Long Coat အ႐ွည္ႀကီးႏွင့္လိုက္ဖက္စြာ ၾကည့္ေကာင္းေနသည္။ အၾကည့္ မလႊဲႏိုင္စြာ ေငးၾကည့္ေနမိသည္။လမ္းေလွ်ာက္လာပုံက နတ္သားအလားပင္။

« အဟမ္း မင္း ဒီကို ဘာလာလုပ္တာလဲ »

အနားေရာက္လာေသာ Markကို မွင္ေသေသႏွင့္ ေမးလိုက္ရသည္။

« မင္းဆီေလ..အေဖာ္လိုက္ခဲ့ေပးမလို႔»

ရင္ထဲ ၾကည္ႏူးမႈေလးျဖတ္သန္းသြားၿပီး ေအာက္ႏႈတ္ခမ္းေလးကို ဖိကိုက္ထားရသည္။ျပဳံးသြားလို႔ မျဖစ္ဘူး။ေပ်ာ္သြားလို႔ မျဖစ္ဘူး။ Markက သူကို အထင္ေသးသြားလိမ့္မယ္။လြယ္လြယ္ရင္ခုန္တတ္တဲ့ေကာင္ဆိုၿပီးေလ။

« မင္း အားေနတာလား »

«ဟုတ္တယ္ ။ ပ်င္းေနတာနဲ႔ မင္းဆီေရာက္လာတာ»

စကားေျပာရင္း Mark ႏွင့္‌လမ္းေလွ်ာက္ခဲ့သည္။သေဘာက်ဖို႔ေကာင္းသည္က Markရဲ႕ မစပ္စုတတ္သည့္အက်င့္ျဖစ္သည္။လက္ထဲက ပါဆယ္ဘူးေလးကို ဘာေတြပါလဲ တစ္ခြန္းမေပးဘဲ သူထားခဲ့သည့္ေနရာမွာသာ ရပ္ေစာင့္ေနသည္။

ပါဆယ္ဘူးေပးၿပီး ျပန္လာေတာ့ Mark က ၊ကေလးေလးေတြႏွင့္ လက္ခ်င္း႐ိုက္လ်က္ ‌‌ေဆာ့ကစားေနသည္။ကေလးေတြၾကား ကေလးဗိုလ္ေလးက Long Coat အက်ႌႏွင့္မလိုက္မဖက္ ကေလးေတြခိုင္းသမွ် လုပ္ေနရသည္။

«ကေလးေတြ ကိုကို႔ကို ဝိုင္းအႏိုင္မက်င့္ၾကရဘူး»

Markရဲ႕နား႐ြက္ကို ဆြဲထားေသာကေလးမေလးလက္ကို ကိုင္၍ လႊတ္ခိုင္းလိုက္သည္။ဆူပုတ္ႏွင့္ကေလးမကိုျမင္ေလေတာ့ Mark က အလိုလိုက္ခ်င္ေနပုံရသည္။သို႔ေသာ္ ဘာမွမေျပာ။သူကိုသာ ေငးၾကည့္ေနသည္။

« Mark သြားၾကမယ္။ငါမွာ အခ်ိန္မ႐ွိဘူး »

Mark လက္ကိုဆြဲၿပီး ထြက္လာခဲ့သည့္လမ္းမွာ သူ႕ရင္ခုန္သံေတြက တဒုတ္ဒုတ္ႏွင့္။

« HaeChannie ငါကို ..»

Markဆီမွ အသံေသးေသးေလးထြက္လာၿပီး တိတ္သြားသည္။ရင္ခုန္ေနသည့္ၾကားမွ Mark မ်က္ႏွာေခ်ာေခ်ာကို ေမာ့ၾကည့္လိုက္သည္။

« ဘာလဲ ဆက္ေျပာေလ »

«ထားလိုက္ေတာ့ »

ေျပာမထြက္ျဖစ္ေနေသာ Mark ပုံစံက မရဲမဝဲ့ႏွင့္။ေတာင္းဆိုခ်င္ေပမယ့္ စိတ္ဆိုးသြားမွာကို ေၾကာက္ေနပုံရသည္။သူဘက္က လမ္းေၾကာင္းဖြင့္ေပးလွ်င္ ေျပာလာမွာသိေပမယ့္ ကိုယ္တိုင္ကလည္း ရင္ခုန္ေနသည္မို႔ မေမးမိ

« လာေလ..ဘာထိုင္လုပ္ေနတာလဲ။ထမင္းသြားစားမယ္ »

ထိုင္ၿပီးငိုင္ေနတဲ့HaeChannieကို လက္ကေလးတို႔၍ေျပာလိုက္ေတာ့  ကိုယ္ေလးတုန္တတ္သြားသည္။ၾကည့္ရတာ  အေတြးကမ႓ာထဲ နစ္ေျမာေနသည္ထင္သည္။

« Mark..»

«အင္း»

«မင္း...ဟိုေန႔ကေလ..ငါကို ဘာေျပာမလို႔လဲ »

«ဘာေန႔လဲ»

«ေက်ာင္းပိတ္ရက္၊ငါတို႔ရပ္ကြက္ထဲ လာတဲ့ေန႔က»

အတိအလင္း သူ မွတ္မိသည္။သို႔ေသာ္ မသိခ်င္ေယာင္ေဆာင္ကာ ေခါင္းခါျပလိုက္သည္။

«ဟင့္အင္း။ငါ မမွတ္မိေတာ့ဘူး။ဒီအတိုင္း အေရးႀကီးကိစၥမဟုတ္ဘူး ထင္တယ္ »

တကယ္ေတာ့ အဲ့ေန႔က HaeChannie ဆီက ကိုကိုေခၚသံၾကားၿပီး အနည္းငယ္ ေလာဘတတ္သြားတာျဖစ္သည္။

အခုခ်ိန္ ျပန္စဥ္းစားၾကည့္ေတာ့ အဲ့ေန႔က
ဘာမွမေျပာဘဲေနခဲ့သည့္က မွန္ကန္ေသာဆုံးျဖတ္ခ်က္ျဖစ္ခဲ့သည္။

အရာအားလုံးက သူ႕ေခါင္းပုံကို ေရာက္ေတာ့မည့္အခ်ိန္ကာလမွာ Andyလို အခ်စ္မွာ မနစ္ေျမာခ်င္ပါ။

အနာဂတ္ေခါင္းေဆာင္ဆိုတဲ့ေ႐ြးခ်ယ္မႈက ဒီအတိုင္းလက္ခံထားတာမွမဟုတ္ဘဲ Andy ကို Chenle လက္ထဲက မရ၊ရေအာင္ ကယ္ထုတ္ရမည့္တာဝန္ကလည္း ႐ွိေနေသးသည္။

✨🌻

« Andy ငါ မင္းအတြက္ ဟင္းခ်က္ေပးမယ္။
စားၿပီးမွ ျပန္ေနာ္ »

« အင္း »

ေခါင္းေလးၿငိမ့္ျပၿပီး ၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့ Andy ကိုၾကည့္ၿပီး မဲ့ျပဳံး၊ျပဳံးလိုက္သည္။ဒီေန႔
မင္း ငါ့လက္က မလႊတ္ဘူး Andy..မၾကာခင္ ေအးစက္တဲ့ေရခဲေထာင္က မင္းအတြက္ ျဖစ္လာေတာ့မွာ။

အသီးအ႐ြက္ကို ယူ၍ ေသခ်ာစြာ လွိီးလိုက္သည္။ဓားပါးပါးေလးက မၾကာခင္ သူ႕လက္မွာ နစ္ဝင္ေတာ့မွာျဖစ္၍ Andy ကို တစ္ခ်က္လွည့္ၾကည့္လိုက္သည္။

« Andy ငါကို ဒီအ႐ြက္ေတြ ေရေဆးေပးပါဦး »

«ေအာ္..အင္း »

ငိုင္ေနရာမွ  Chenle ဆီအေျပးအလႊားသြားလိုက္သည္။ေဆးေၾကာရန္ အ႐ြက္ျခင္းယူလိုက္စဥ္ Chenle ရဲ႕ေအာ္သံဆူးဆူးၾကားလိုက္ရသည္။
လက္ေခ်ာင္းေသးေသးေလးမွာ ေသြးေတြ နီရဲေနသည္က ျမင္မေကာင္း။ပူထူၿပီး Chenle အနားကပ္သြားသည့္အခ်ိန္မွာ သူ႕ခႏၶာကိုယ္ဟာ ပုံမွန္မဟုတ္ေတာ့မွန္း သတိထားမိလိုက္သည္။

အေရာင္ေျပာင္းသြားတဲ့အနီေရာင္မ်က္လုံးေတြဟာ ေသြးဆာေလာင္ေနေသာ Andy ရဲ႕ပုံစံအစစ္အမွန္ျဖစ္သည္။ဒဏ္ရာေၾကာင့္နာက်င္ေနသည့္ၾကားမွ Chenle ျပဳံးမိသည္။ Vampire ေတြထဲမွာ ႐ိုးသားတဲ့အေကာင္တစ္ေကာင္မွ မပါဘူး။အၿမဲတမ္း ေသြးဆာေလာင္ေနၿပီး ႐ြံ႕စရာေကာင္းတဲ့အေကာင္ေတြခ်ည္းပဲ။

« Andy ~ »

ခပ္ေဖ်ာ့ေဖ်ာ့အသံေလးႏွင့္ေခၚလာေသာ Chenle ကိုၾကည့္ၿပီး မူးေဝခ်င္လာသည္။သတိစိတ္ေတြလြတ္ၿပီး အာ႐ုံထဲမွာ ေသြးညႇိီနံ႔မွလႊဲ၍ ဘာမွမ႐ွိေတာ့။

မနည္းအားယူ၍ Chenle ကို အာ႐ုံစိုက္လိုက္ေပမယ့္ နီရဲေနေသာေသြးေတြက သူကို ဆြဲေဆာင္ေနျပန္သည္။ေသခ်ာေပါက္ ခ်ိဳအီေနမည့္ေသြးရနံ႔ေလး။

ေသြးညႇီနံရဲ႕ေခၚေဆာင္ရာကို လိုက္ရင္း Andy ရဲ႕မ်က္လုံးေတြဟာ တျဖည္းျဖည္း အနီေရာင္အရင့္သို႔ေျပာင္းလဲလာသည္။သူ႕မ်က္လုံးေတြက Chenle လည္တိုင္မွာျဖစ္ၿပီး သူ႕ႏႈတ္ခမ္းပါးေတြကလည္း ထိုအရသာကို သိခ်င္ေနခဲ့သည္။

« Chenle ~ »

နာမည္ေခၚရင္း အနားကပ္လာေသာ Andyက
လုံးဝ အသိစိတ္လႊတ္ေနတာျဖစ္သည္။ Chenle  အတြက္ ဒါဟာ အခြင့္အေရးေကာင္းမို႔ နာက်င္မႈကို အံ့ႀကိတ္ရင္း လက္ထဲမွာနာရီကို ဖိႏွိပ္ရန္ အဆင္သင့္ျပင္ထားလိုက္သည္။ဒီနာရီက  ႐ိုက္ကူးထားသမွ်မွတ္တမ္းႏွင့္အတြ အဘိုးဆီကို တိုက္႐ိုက္အစီရီထားေပးမွာျဖစ္သည့္အတြက္ သူ႕အႏၲရာယ္မ်ားသည့္အခ်ိန္မွာ အဘိုးရဲ႕လူေတြက ေရာက္လာၿပီး Andy ကို ဖမ္းသြားမွာျဖစ္သည္။

«ဟင့္အင္း !! မျဖစ္ဘူး !!»

Andyရဲ႕သြားစြယ္ေဖြးေဖြးေတြ ပြင့္အ,သည့္အခ်ိန္မွာ ဒုန္းဆိုသည့္အသံႏွင့္အတူ သူ႕ခႏၶာကိုယ္ဟာ ၾကမ္းျပင္ေပၚမွာ Andy ရဲ႕တြန္းလွဲျခင္းခံလိုက္ရသည္။

သူကို မကိုက္ဘဲ ေျပးသြားတဲ့ Andy ရဲ႕ေနာက္ေက်ာကို ၾကည့္ၿပီး ႏွေျမာမဆုံးျဖစ္ရသည္။ Andy ကို မီခါနီးမွ ။

« အ့ »

အခုမွ နာရေကာင္းမွန္းသိသည့္ဒဏ္ရာေၾကာင့္ ၾကမ္းျပင္ေပၚမွ ကုန္း႐ုန္းထလိုက္သည္။ေသြးထြက္လြန္းေနသည့္ဒဏ္ရာကို ေဆးထည့္ရန္
ေဆးသတၱာဘူးကို သြားယူလိုက္ရသည္။

Andy ကို ဖမ္းခ်င္စိတ္ေလာၿပီး သူကိုယ့္သူ ဒီေလာက္ထိ ထိခိုက္ေအာင္လုပ္မိသြားမွန္း မသိလိုက္ဘူး။

ေဆးသတၱာဘူး အခြံဖြင့္ၿပီး အရက္ပ်ံ အကုန္ေလာင္းခ်လိုက္ၿပီးမွ စပ္လြန္လြန္း၍ နာက်င္စြာ ေအာ္ဟစ္မိသည္။

« ေပး..ငါ လုပ္ေပးမယ္ »

ဩ႐ွ႐ွအသံေၾကာင့္ စပ္၍ မွိတ္ထားမိသည့္မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္သည္။အခုထိ နီရဲေနသည့္မ်က္လုံးေတြႏွင့္ Andy က ‌ဆာေလာင္မႈ
မႈကို အံ့တုထားသည့္အတြက္ နားထင္မွာ ေခြၽးေတြတြဲခိုေနသည္။တစ္ကိုယ္လုံး တုန္ရီၿပီး ေခြၽးေတြ႐ြဲေနသည့္ၾကားမွ သူ႕အတြက္ ေဆးထည့္ေပးေနတာျမင္ေတာ့ စိတ္ထဲမေကာင္း။

« မင္း ျပန္ေတာ့ !!! »

အသံက်ယ္က်ယ္ႏွင့္ေအာ္လိုက္သည္။တုန္တတ္သြားသည့္ ခႏၶာကိုယ္ႏွင့္ Andy ပုံစံက မၾကာခင္ လဲက်သြားသည့္ပုံပင္။သူ႕အနားမွာ ဆက္ေန၊ေနလွ်င္ Andy အတြက္ အသက္အႏၲရာယ္မ်ားသည္။ေသြးညႇီနံက Andy ကို သတ္ေနသည္ေလ။

«မင္းကို ျပန္ေတာ့လို႔ ေျပာေနတယ္ေလ !!!!»

«မင္းဒဏ္ရာက »

«ဂ႐ုမစိုက္နဲ႔ »

ေျပာၿပီး Andy ကို အိမ္ထဲမွာ ဆြဲထုတ္လိုက္သည္။Andy သူ႕အေ႐ွ႕မွာ က်လဲသြားမွာကို မၾကည့္ခ်င္ဘူး။

မဟုတ္ဘူး။

မၾကည့္ႏိုင္ဘူး။

✨🌻

22.11.23🍎

Continue Reading

You'll Also Like

4.7K 304 9
Start Date End Date
1M 35.5K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
211K 4K 24
Hello,This is a story about John Benders little sister and that faitful Saturday where the Breakfast Club was created. What's going to happen with Ch...
168K 3.5K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...