THE KING LEE

By Onyourm__aple

1.7K 220 8

ကိုယ်က ‌အနာဂတ်ခေါင်းဆောင်ဆိုပေမယ့် မင်းက ကိုယ့်အနာဂတ်ကို ဦးဆောင်ပေးမဲ့ အရှင်ဘုရင်လေး။ More

02
03
04
05
06
Uncut (or) Extra

01

552 45 2
By Onyourm__aple

UNI...

ကနေဒါနိုင်ငံဟာ Vampire နှင့် လူသားတွေ တစ်သားတည်းနေထိုင်ခဲ့သောနိုင်ငံလေးဖြစ်သည်။ခေတ်အဆက်ဆက် ပေါင်းသင်းလာသော ဆက်ဆံရေးဟာ 20 ရာစု ရောက်သည့်အချိန်မှာ တဖြည်းဖြည်းပျောက်ကွယ်လုလုဖြစ်လာခဲ့သည်။လူသားတွေက သေးသိမ်လှတဲ့ Vampire တွေကို လှောင်ပြောင်ပြီး ရှုံးချကြသည်။အထူးသဖြင့် ကျောင်းနေရွယ် Vampire တွေက လူသားတွေအတွက် ပျော်ရွှင်မှုရဲ့ သားကောင်ဖြစ်ခဲ့သည်။

တဖြည်းဖြည်းနှင့် စာနာစိတ်မရှိတဲ့လူသားတွေများပြားလာပေမယ့် Vampire တွေကတော့ သူတို့ခေါင်းဆောင်စကားကို နားခံနေဆဲကာလဖြစ်သည်။ဒေါသတွေကို မြိုသိပ်ရင်း နေခဲ့ပေမယ့် လူသွေးဟာ တိရစ္ဆာန်သွေးထက် ပိုချိုမှန်းသိသည့်အချိန်မှစပြီး ခေါင်းဆောင်အမိန့်ကို မနာခံတော့။ဆန့်ကျင်ဘက်တွေ လုပ်လာကြသည်။
သူတို့ခေါင်းဆောင်မသိအောင် တိတ်တဆိတ်နှင့် လူတွေရဲ့အသက်ကို အန္တရာယ်ကို ရန်ပြုလာကြသည်။ညဘက်ရောက်လျှင် အိမ်အပြင်မထွက်ရဲသည့်မှအစပြု၍ နေ့ခင်းဘက်တွေအထိပါ လူသားတွေကို ခြောက်လှန့်လာကြသည်။

တစ်စ၊တစ်စနှင့် လောဘကြီးလာသော Vampire  တွေနည်းတူ လူ‌သားတွေလည်း အသိတရားမဲ့စွာ ရက်စက်ကြမ်းယုတ်လာကြသည်။အားနည်းသော Vampire တွေကို ဝိုင်းနှိမ့်စက်ကြသည်။ဒုက္ခ အမျိုးမျိုး ပေးကြသည်။ Vampire တစ်ကောင်ရဲ့
ဖြစ်တည်မှုကို လှောင်ပြောင်ကာ အမြတ်ဒေါသတွေကို နိုးဆွခဲ့ကြသည်။နိုးကြွလာသောအမြတ်ဒေါသတွေကြောင့် လူသားပေါင်းများစွာ ဆုံးရှုံးသွားသည့်အချိန်မှာ အရာအားလုံးဟာ Vampire တွေရဲ့အမှားသာ ဖြစ်ခဲ့သည်။

Vampire တွေကို အပြစ်တင်ရှုံ့ချခဲ့ပေမယ့် မတွန်းလှန်းနိုင်ခဲ့ပါ။လူသားတွေထက် Vampire တွေက ပိုပြီး အားကြီးနေခဲ့သည့်လေ။ထို့ကြောင့်နှင့် ပြိုကွဲသွားသောဆက်ဆံရေးတစ်ခုဟာ 21 ရာစုခုနှစ်ရောက်သည့်အချိန်မှာ လူသားတွေက Vampire ထက် ပိုအားကြီးပြီး အသာစီးရခဲ့သည်။ Vampire တွေကို ဖမ်းစီးနိူင်သည့်စက်၊အနီးလာရောက်လျှင် အချက်ပြသောစက်ပစ္စည်းတွေကြောင့် လူသားတွေဟာ Vampire ထက်
ခြေတစ်လှမ်းသာခဲ့သည်။

တစ်ဖက်မှာလည်း  Vampire အဖွဲ့ခေါင်းဆောင်ဟာ သူတို့မျိုးနွယ်ကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားရသည်။လူသားအစိုးရ ဖြတ်တောက်ထားသော နေရောင်ခြယ်ခံကာကွယ်ဆေးနှင့် သွေးတွေကို သူတို့မျိုးနွယ်အား အလုံအလောက် ထောက်ပံ့ပေးနိုင်ရန် ကြိုးစားကြရသည်။လူတွေကြား သွားလာရာအဆင်ပြေစေရန် နည်းပညာအမျိုးမျိုး တီထွင်ကာ သူတို့ရဲ့မျိုးနွယ်ကို ဖုံးကွယ်လျက် လူတွေနှင့် ရောနှောနေထိုင်ခဲ့ကြသည်။

ထို့အပြင် လူသားတွေ ဖမ်းဆီးထားသော သူတို့မျိုးနွယ်ကို ပြန်လည်ကယ်တင်ရန် သူတို့ဟာ အနာဂတ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ခဲ့ကြသည်။ထိုခေါင်းဆောင်ဟာ ငယ်ရွယ်ပြီး ဉာဏ်ပညာပြည့်ဝသော Mark ဟု ခေါ်သော လူသားနှင့် Vampire မှ မွေးဖွားလာသောကောင်လေးတစ်ဦးဖြစ်သည်။အကယ်၍များ မိခင်ဟာ လူသားမျိုးနွယ်ဖြစ်ခဲ့ရင် သေချာပေါက် အားနည်းမည့်ကောင်လေး၊စွန့်ပစ်ခံရမည့်ကောင်လေးဟာ ဖခင်က လူသားမျိုးနွယ်ဖြစ်၍ အတော်လေး အားကြီးသူဖြစ်လာခဲ့သည်။မိခင်ပေးသော Vampire အစွမ်းနှင့် ဖခင်ရှိမှရရှိသော လူသားဆန်မှုကြောင့် သေချာပေါက်
အနာဂတ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမည့်သူ ဖြစ်သည်။

လူသားနှင့် Vampire စစ်ပွဲမှာ ဉာဏ်ပညာကို အသုံးချပြီး သေချာကိုင်ကွယ်နိုင်မည့်သူဟု
လည်း ယုံကြည်ထားကြသည်။

ထို့ကြောင့် အထက်တန်းကျောင်းသားအရွယ် Mark ဟာ Vampire မျိုးနွယ်ရဲ့ မျှော်လင့်ချက်ဖြစ်လာခဲ့ပြီးနည်းနည်းလေးတောင် အထိခိုက်မခံဘဲ ကာကွယ်ပေးကြသည်။

အားလုံးရဲ့ ဂရုစိုက်မှု၊အလေးထားမှု၊ကြည်ညိုမှု ရရှိထားသောကောင်လေးဟာ သူတို့အိမ်ကို ပစ္စည်းလာပို့သည့် ပစ္စည်းပို့သမားကို အပေါ်ထပ်ကနေ အမြဲလိုလို ငေးကြည့်နေတတ်သည်။ပစ္စည်းပို့သမားဆိုတာ လူသားနှင့် Vampire ကြားမှ အလုပ်လုပ်နေသော ဆင်းရဲသားလူတန်းစားဖြစ်ပြီး အန္တရာယ်အများဆုံးသူတွေဖြစ်သည်။အကယ်၍များ လူသားတွေဆီမှာ မိသွားခဲ့လျှင် သစ္စာဖောက်မှုနှင့် သတ်ဖြတ်ခံရမှာဖြစ်သလို  သွေး‌ဆာလောင်နေသော Vampire ဆီ ရောက်သွားခဲ့လျှင် အချိန်မရွေး သေဆုံးနိုင်သောသူတွေဖြစ်သည်။

«Peter ~အဲ့ကောင်လေး ဒီနေ့ ပစ္စည်းလာပို့ရက် မဟုတ်လား »

ပြတင်းပေါက်မှာ တစ်ဆင့် အိမ်ခြံဝန်းအတွင်းသို့ ငေးလျက် ဘေးနားမှာ ကိုယ်ရံတော်ပတ်ခ်ကို လှမ်းမေးလိုက်သည်။အချိန်မှန် ရောက်မလာလျှင် မျှော်နေတတ်သည့်မှာ အကျင့်လိုဖြစ်နေပြီ။

ဘာကြောင့်မှန်းမသိ အနှီးလူသားလေးကို မြင်လျှင် စောင့်ရှောက်ပြီး ကာကွယ်ပေးချင်သည်။

«ဟုတ်ကဲ့..သခင်လေး ။ဒီနေ့ပါ »

«ပုံမှန်ဆို ဒီအချိန် သူ ရောက်နေပါပြီ»

ဒီနေ့မှ ဘာလို့ နောက်ကျနေရတာလဲ။

«အတန်းချိန် ရှိနေတာကြောင့် နောက်ကျမယ်လို့ အကြောင်းကြားထားပါတယ်»

«အတန်းချိန် ? »

Mark က သူ့ကိုယ်ရံတော်ဘက် လှည့်ကြည့်ပြီး သိချင်စိတ်ပြင်းပြနေသောမျက်လုံးတွေဖြင့် ကြည့်လာသည်။ကိုယ်ရံတော်ပတ်ခ်ကတော့ သူတို့သခင်လေး လူသားတစ်ယောက်အပေါ် အာရုံစိုက်နေသည်ကို မျက်လုံးလှုပ်လာသည်။ဒီအရွယ်က အချစ်ကို စူးစမ်းတတ်သော ဆယ်ကျော်သက်ရွယ် မဟုတ်လား။

« အဲ့ကောင်လေးက လူချမ်းသားတွေပဲ တတ်နိုင်တဲ့အထက်ကျောင်းမှာ  ကျောင်းတတ်နေတာပါ သခင်လေး »

Mark နှုတ်ခမ်းလေးတွေ အပေါ်သို့ ကွေးတတ်သွားပြီး ပြတင်းပေါက်သို့ တစ်ဖန် လှည့်သွားသည်။ဒီနေ့တစ်နေ့ကုန် အနှီးလူသားလေးကို မမြင်ရရင် သူ ဒီအနားကနေ ခွာမှာမဟုတ်ဘူး။

မြင်ကွင်းထဲရောက်လာသောဆိုင်ကယ်လေးတစ်စီးကြောင့် လိုက်ကာတွေကို ဆွဲဖယ်ကာ အနှီးလူသားလေးရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီကို လိုက်ကြည့်ဖြစ်သည်။

အပေါ်စီးကမို့လား မသိ။အနှီးလူသားလေးက တကယ့်ကို သေးသေးလေးဖြစ်နေသည်။

ကြည့်နေရင်း သနားစိတ်လေးနှင့် ကာကွယ်ပေးချင်လာသည်။အနှီးလူသားလေးက သူတို့အတွက်အလုပ်လုပ်ပေးနေတဲ့ ရဲရင့်တဲ့ကောင်လေးဆိုပေမယ့်  အန္တရာယ် ဝိုင်းဝိုင်းလည်နေသူဖြစ်သည်။

Vampire တွေက သွေးဆာလောင်လာလျှင် ဘာမှမမြင်တော့သလို လူသားတွေက ရက်စက်ကြမ်းကြုတ်ကြသည်။

ထို့ကြောင့် အနှီးလူသားလေး အသက်အန္တရာယ် ထိခိုက်မှာကို မလိုလား။

ဘာဖြစ်ဖြစ် မင်းကို ကာကွယ်စောင့်ရှောက်ပေးမှာမို့ မကြာခင် တွေ့ရအောင်  Peter ~

✨🌻

« မဖြစ်နိုင်ဘူး Mark ...အန္တရာယ်များလွန်းတယ်»

Markက  အပြင်လောကမှာ ကျောင်းတတ်ရန် အဘိုးထံပါးမှ ခွင့်ပြုချက်တောင်းလေသည်။သို့သော် အဘိုးက အပြင်းအထန်ကန့်ကွက်သည်။ Markက သူတို့မျိုးနွယ်ရဲ့မျှော်လင့်ချက်မို့ နည်းနည်းလေးမှ ထိခိုက်လို့ မဖြစ်သောကလေးဖြစ်သည်။လူသားတွေနှင့် ရောယှက်နေထိုင်ရင်းမှ အဖမ်းခံရသောသူတို့မျိူးနွယ်တွေဟာ မနည်းမနော။အခုထိသူတို့ရဲ့နည်းပညာဟာ လူသားတွေလောက် အစွမ်းမထက်လေတော့ တစ်နည်းမှ တစ်နည်းနှင့် အဖမ်းခံရသည်။အကယ်၍ Markပါ အဖမ်းခံရရင် သူတို့တွေ လူသားတွေဆီမှာ ထာဝရကျ‌ဆုံးသွားလိမ့်မည်။

«ကျွန်တော် လူသားတွေနဲ့ ထိတွေ့ချင်တယ်
အဘိုး။ဒါမှ လူသားတွေအကြောင်း ကောင်းကောင်းသိပြီး သူတို့အားနည်းချက်ကို သိနိုင်မှာ။ပြီးတော့ သူတို့ရဲ့နည်းပညာတွေကိုလည်း လေ့လာချင်တယ် »

အဘိုးက Mark စကားကြားပြီး ခဏမျှတွေဝေသွားပေမယ့် ချက်ချင်း ငြင်းသည်။

« မဖြစ်နိုင်ဘူး။ဘယ်လိုမှ »

«ဒါဆို ကျွန်တော်က ဘယ်လိုမျိုး ဒီမျိုးနွယ်ကို ကယ်တင်ရမှာလဲ။ဒီအိမ်အကျယ်ကြီးမှာ ပိတ်မိပြီး အမြဲတမ်း ဘာအရာမှားယွင်းနေမှန်းမသိတဲ့ စမ်းသက်မှုတွေကို ထပ်တလဲလဲလုပ်နေရတယ်။အခုထိ ကျွန်တော်တို့နည်းပညာက လူသားတွေထက် နောက်ကျနေတုန်းပဲ အဘိုး »

ခပ်လှမ်းလှမ်းမှာ Mark စကားကို နားထောင်နေသော ကိုယ်ရံတော်ပတ်ခ်ဟာ သူတို့သခင်လေး ဒီလောက်ထိ တွေးတတ်သည့်ကို မအံ့ဩဘဲ မနေနိုင်။အဲ့ဒါကြောင့်လည်း သူတို့မျိုးနွယ်အတွက် သခင်လေးက မျှော်လင့်ချက်ဖြစ်နေခဲ့တာဖြစ်သည်။

«ဘာမှမစွန်းစားရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး အဘိုး။အဘိုးတို့ ရွေးချယ်ထားတဲ့ ခေါင်းဆောင်ဆိုတာ  တကယ်တော့ နာမည်ခံသက်သက်ပဲ »

« အခုထိ သေးတယ် Mark .. (၁၈)နှစ်ပြည့်ရင် စိတ်တိုင်းကျ လုပ်ပါ။အဘိုး ခွင့်ပြုပါတယ် »

«ကျွန်တော် (၁၈)နှစ်ပြည့်ရင် ဒီမျိုးနွယ်က ပျောက်ကွယ်နေလောက်ပြီ။တစ်နေ့တစ်နေ့ ဖမ်းမိနေတဲ့ Vampire တွေက နည်းနည်းနောနော မဟုတ်ဘူး အဘိုး။ မကြာခင် ကျွန်တော်တို့အလှည့် ရောက်လာလိမ့်မယ် »

အဘိုးကို စိတ်ဆိုးပြီး အခန်းတံခါးကို ခပ်ပြင်းပြင်းပိတ်ပစ်လိုက်သည်။သူကို အနာဂတ် ခေါင်းဆောင်အဖြစ် ရွေးချယ်ထားရုံလေးပဲ။လုပ်ပိုင်ခွင့်က(၁၈)နှစ်ပြည့်မှဖြစ်ပြီး အရာအားလုံးက အဘိုးလက်ထဲမှာ ဖြစ်သည်။သူမှာ ဘာအစွမ်းမှ မရှိဘူး။ဘာအာဏာမှာလည်း မရှိဘူး။သူက ဒီမျိုးနွယ်ရဲ့ ပိုးမွှေးသလို မွှေးထားခံရတဲ့ အထိအခိုက်မခံနိုင်သောကောင်လေးအပြင် မပိုခဲ့ဘူး။

✨🌻

Markက ထို့နေ့မှစပြီး ‌အခန်းထဲမှာ မထွက်တော့ဘဲ အဘိုးကို ဆန္ဒပြလေသည်။ထမင်းလည်း မစား။သွေးလည်း မသောက်နှင့်မို့ အဘိုးဟာ စိတ်ပူလွန်လွန်းလို့ ရူးရတော့မည်။တစ်ဦးတည်းသော မြေးလေးမို့ အချစ်ပိုရသလို အထိအခိုက်လည်း မခံနိုင်။မြေးလေးတစ်ခုခုဖြစ်ခဲ့ရင် သူတို့အနာဂတ်ကြီး ပြိုလဲကျသွားလိမ့်မည်။

အဘိုးမှာ မြေးဖြစ်သူတစ်ခုခုမဖြစ်ခင် အတိုင်းတိုင်း၊အပြည်ပြည်မှာ Vampire အကြီးအကဲတွေ ကို ဆင့်ခေါ်ကာ‌ ဆွေး‌‌နွေးပွဲလုပ်ရသည်။အကောင်းဆုံးဆွေးနွေးပြီးနောက်မှာ  အားလုံး၏သဘောတူကူညီချက်နှင့် မြေးလေးကို လူတွေနှင့် သွားလာလှုပ်ရှားရန် ခွင့်ပြုလိုက်သည်။သို့သော် သူ့စိတ်တွေဟာ မအေးလှပါ။မြေးလေး ကျောင်းသွားခါနီးလျှင် နေရောင်ခြည်ခံကာကွယ်ဆေးကို ကိုယ်တိုင်ထိုးပေးပြီး စတော်ဘယ်ရီဖျော်ရည်ဟု လူတွေ အထင်မှားစေသည့်သွေးအိတ်လေးတွေကို သေချာ ထုပ်ပိုးပေးရသည်။မြေးလေးက လူတွေရဲ့ သွေးကို တစ်ခါမှမသောက်ဖူးသေးသော Vampire လေးမို့ လူသွေးကို စုတ်ယူမိလျှင် သေချာပေါက် သူ့ကိုယ်သူ ထိန်းချူပ်နိုင်မှာ မဟုတ်ဘူး။

«Mark...မြေးလေး အတတ်နိုင်ဆုံး လူတွေရဲ့သွေးနံ့ကို မခံမိစေနဲ့။ပြီးတော့ ဒီဆွဲကြိုးလေး ဆွဲထား။ဒါလေးက ငါ့မြေးကို စောင့်ရှောက်ပေးမှာပါ။အခုထိ စမ်းသက်လေးဆဲ စက်ပစ္စည်းလေးဆိုပေမယ့် အနည်းဆုံးတော့ ငါ့မြေးလေး အန္တရာယ် ကင်းမှာပါ »

«ဟုတ်ကဲ့..အဘိုး။အရမ်းကြီး စိတ်မပူပါနဲ့။ကျွန်တော်ကိုယ့်ကျွန်တော် ကာကွယ်နိုင်ပါတယ် »

Markက သူကို စိတ်မချဖြစ်နေသောအဘိုးကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြပြီး ကိုယ်ရံတော်ပတ်ခ်နောက်ကို လိုက်သွားခဲ့သည်။

«Ommo!! Shitt !!»

အဆင်သင့်ဖြစ်နေသောကားပေါ်သို့ တတ်လိုက်သည့်နှင့် ထိန့်လန့်တကြားဖြစ်သွားသည်။

« Hi »

ရင်ဘတ်လေးပေါ် လက်ကလေးဖိပြီး လန့်သွားသော Mark ကို Andy Parkက သူ့လက်ချောင်းအကြီးကြီးတွေကို ဆော့ကစားရင်း လက်ပြလာသည်။

«မင်းက »

« ပါပါးမပြောဘူးလား။ငါက ကျောင်းမှာ မင်းကို စောင့်ရှောက်ပေးမဲ့ကိုယ်ရံတော်
လေ »

Mark အနည်းငယ် စိတ်ပျက်သွားပြီး ထိုင်ခုံနောက်မှီကို အားမရှိသလို မှီချလိုက်တယ်။ပြီးမှ Andy မျက်နှာကို ကြည့်ကာ။

«ငါက မင်းကို ပြန်ကာကွယ်ပေးရမှာ
မဟုတ်ဘူးလား Andy »

« Mark  ! ငါ့သိက္ခာကို မချစမ်းနဲ့။ပါပါးရဲ့သွေးတွေ ငါ့ကိုယ်ထဲမှာ စီးဆင်းနေတာ ဟုတ်တယ်နော် ပါပါး »

Andy Park က အရှေ့မှာ ကားမောင်းနေသောဖခင်ဖြစ်သူကို လှမ်းစစ်ကူတောင်းလိုက်ပေမယ့် သူ့ဖခင်က ဘာမှပြန်မပြောဘဲ ပြုံးနေသည်။ထိုအချင်းအရာကိုမြင်သောMarkက Andy Park ကို လှောင်ရယ်တော့သည်။

«ဦးလေးပတ်ခ်တောင် မင်းစကားကို
မထောက်ခံဘူး Andy »

«မသိဘူး။နှစ်ယောက်လုံးကို စိတ်ကောက်တယ်»

ပြောပြီး ထိုင်ခုံပေါ် မှီချကာ မျက်လုံးတွေပိတ်ချသွားတဲ့ Andy Park ။ Parkမျိုးနွယ်တစ်ခုလုံးဟာ ကိုယ်ရံတော်မျိုးရိုးဖြစ်ပြီး လူသားတွေရဲ့နှိပ်စက်မှုကြောင့် ကနေဒါကို ရောက်လာသော Korean Vampire တွေဖြစ်သည်။

မျိုးရိုးစဉ်ဆက် ကိုယ်ရံတော်တွေဖြစ်ခဲ့ပြီး Andy အလှည့်ရောက်မှ ထိုဂုဏ်က အရောင်မှိန်းလာသည်။အကြောင်းက Andy က ကိုယ်ရံတော်အလုပ်ကို စိတ်မဝင်စားဘဲ အပျော်အပါး မက်နေ‌တာကြောင့် ဖြစ်သည်။

✨🌻

«ဟုတ်ကဲ့..Mark လို့ ခေါ်ပါတယ် »

Markရဲ့ တိုတိုတုတ်တုတ်နှုတ်ဆက်စကားမှာ တစ်ခန်းလုံး ဆူညံ့သွားသည်။ချောမောလှသည့်ရုပ်ရှည်နှင့်လည်း တစ်ခန်းလုံးကို ဆွဲဆောင်ထားလေတော့ အားလုံးက အကြည့်မလွှဲနိုင်တော့ပါ။တော်ဝင်မင်းသားလေးကို မြင်တွေ့လိုက်ရသလိုမျိုး သူတို့ရင်မှာ အချစ်ပန်းတွေပွင့်လာကြသည်။

«တီချယ်...ကျွန်တော် ဟိုနောက်ဆုံးခုံမှာ သွားထိုင်လို့ရမလား »

နေရာချပေးရန် မျက်စိကစားနေသော အတန်းပိုင်ဆရာမဟာ Markစကားမှာ ခေါင်းလေး ငြိမ့်ပြသည်။

«သား..ထိုင်ချင်ရင် သွားထိုင်လေ »

ထိုစကား အဆုံးသည့်နှင့် နောက်ဆုံးခုံလေးကို မပြေးရုံတမယ်၊ခပ်သွက်သွက်လျှောက်သွားလိုက်သည်။သူ့နှုတ်ဆက်သံကြားမှ မှောက်အိပ်နေရာမှနိုးလာသောအနှီးလူသားလေးက  Mark အနားရောက်လာသည်ကိုမြင်လေတော့ မပွင့်သည့်မျက်လုံးတွေနှင့် ကြည့်လာသည်။

«Hello ငါ့နာမည်က Mark »

«အွန်း..ငါ့နာမည်က Peter ...ကိုးရီးယားလူမျိုးပါ»

«ဒါဆို မင်းမှာ ကိုးရီးယားနာမည်ရှိမှာပေါ့ »

«အွန်း...Lee HaeChan လို့ခေါ်တယ်»

«မင်းကို ဒီကလူတွေ ဘယ်လိုခေါ်လဲ »

« Peter »

«ဒါဆို ငါ မင်းကို  HaeChannie ခေါ် လို့ရလား»

«ဟမ် ?...  အွန်း »

အနှီးကောင်လေးက အံ့ဩသွားဟန်နှင့် မျက်လုံးလေး ပြူးကျယ်သွားပြီးမှ ခေါင်းလေးငြိမ့်ပြသည်။ထိုအခါမှ Andy Parkကို သတိရတော့သည်။ကြည့်လိုက်တော့ Andy Parkက ကောင်လေးတစ်ယောက်နှင့် စကားပြောရင်း ရယ်နေသည်။ဒီကောင် ! Andy Park  ! စရောက်ကတည်းက ဇာတ်လမ်းတွေ စနေပြီ။အဲ့လိုပြောကြေးဆို သူလည်း ဇာတ်လမ်းတွေ ခင်းနေခဲ့တာပဲ။ Andy Park ဘယ်အချိန်က မိတ်ဆက်စကားပြောလိုက်သလဲ မသိသည့်အထိ အနှီးလူသားလေးဆီမှာ သူ့အာရုံတွေ ရောက်နေခဲ့သည်လေ။

«အဲ့ဒီတစ်ယောက်ကို မြင်လား။သူလည်း
ကိုရီးယားလူမျိုး »

Andy Parkကို လက်ညှိုးထိုးပြလိုက်တော့ အနှီးလူသားလေးရဲ့မျက်လုံးတွေဟာ ကြယ်စင်အလားပင်။တဖျတ်ဖျတ်နှင့် လင်းလက်လာသည်။

«မင်းရဲ့ သူငယ်ချင်းလား။ငါကို မိတ်ဆက်ပေးပါလား။ဒီရောက်ကတည်း ကိုရီးယားလူမျိုးတွေနဲ့ ငါ တစ်ခါမှ မတွေ့ဖူးဘူး »

အနှီးလူသားလေးကို တွေတွေလေး ကြည့်လိုက်မိသည်။

မင်း မသိခဲ့တာ HaeChannie...
မင်း အမြဲတမ်း ပစ္စည်းလာပို့နေတဲ့အိမ်မှာ
ကိုရီးယားလူမျိုးတွေ အများကြီးရှိတယ် ။ အကယ်၍များ  မင်းသာ စပ်စုတတ်ရင် အပေါ်ထပ်ပြတင်းပေါက်ကနေ မင်းကို အမြဲကြည့်နေတတ်တဲ့ကောင်လေးတစ်ယောက်ကိုလည်း မြင်မှာပါ။

«ဟို ...မရဘူးလား »

မရဲတရဲလေးမေးလာမှ အသိစိတ်ကပ်ကာ မျက်တောင်လေးတွေ ခတ်လိုက်ရသည်။

«ရတယ်။မိတ်ဆက်ပေးမယ် »

ထိုအခါ အနှီးလူသားလေးက မျက်လုံးလေးတွေပိတ်သည့်အထိ ရယ်ပြသည်။အနီးကပ်ကြည့်မှ အနှီးလူသားလေးဟာ ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားမှန်း သိလိုက်ရသည်။

ငေးကြည့်နေရင်းမှ တုန်တုန်ရီရီဖြစ်လာတဲ့စိတ်ကြောင့် စကားလမ်းကြောင်းလွှဲရန် စဉ်းစားလိုက်စဉ် အရေးကြီးတဲ့အကြောင်းအရာတစ်ခုက သူ့ခေါင်းထဲ ရောက်လာသည်။

« မင်း Vampire တွေကို မုန်းလား »

«ဟမ်»

သူ့စကားကို အနှီးလူသားလေးက အနည်းငယ် ကြောင်အ ,သွားသည်။ပြီးမှ အတန်းထဲမှာ လူတွေကို ဝေ့ပတ်ကြည့်ပြီး သူ့အနား တိုးကပ်လာသည်။

«ဘာလို့မေးတာလဲ။မင်း ငါ့အကြောင်း သိနေတာလား »

«ဒီအတိုင်း သိချင်လို့ပါ။မင်း သိဖို့က ငါက မင်းကို နှောက်ယှက်မဲ့သူ မဟုတ်ပါဘူး »

ကာကွယ်ပေးမဲ့သူပါ။

«မမုန်းဘူးပြောရင် လိမ်ရာကျမှာပေါ့။ဒါပေမယ့် ဆိုးဆိုးဝါးဝါးမဟုတ်ဘူး။ Vampire တိုင်း သွေးဆာလောင်နေတဲ့မကောင်းဆိုးဝါးတွေမှ မဟုတ်တာ »

Vampire တွေထဲ ကျင်လည်နေသောကောင်လေးဟာ သူ ထင်ထားတာထက် သန်မာပြီး ထက်မြတ်သောလူသားလေးဖြစ်နေခဲ့သည်။သေချာပေါက် သူ မကာကွယ်ပေးလည်း
ဖြစ်သည့်ဖြစ်တည်မှုလေးပင်။

ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ငါက မင်းကို ကာကွယ်ပေးဖို့အတွက် အနားရောက်လာခဲ့တာ။

✨🌻

Mark ရဲ့မျက်နှာဟာ အနည်းငယ် သုတ်မှုန်ပြီး စိတ်ပုတ်နေသည်။  HaeChannie ကို Andy Parkနှင့် မိတ်ဆက်ပေးလိုက်တာ မှားသွားပြီလား။သူ မိတ်ဆက်ပေးပြီးကတည်းက စကားများနေသောနှစ်ယောက်ဟာ ဘေးနားမှာသူကို ရှိသည့်မထင်ပါ။သူတို့ မပြန်ဖြစ်သည့် ကိုရီးယားမြေအကြောင်း ပြောမကုန်ဖြစ်နေကြသည်။

« Andy ....ဟိုကောင်လေး ။ မင်း ဇယားလား »

သူ မြင်နေရသော အသားဖြူဖြူကောင်လေးကို မေ့ဆတ်ပြလိုက်တော့ Andyတစ်ယောက် လွယ်အိတ်တွေ၊ဖုန်းတွေယူပြီး အမြန်ပြေးသွားတော့သည်။

« Mark  ညနေ ငါကို စောင့်ဦးနော်။ပါပါးမေးရင်  အပိုချိန်လို့ ပြောပေး »

သူကို အော်ပြီးပြေးသွားသော Andyကို ကြည့်ပြီး ခေါင်းခါရမ်းလိုက်သည်။ Andyက မလွယ်ပါလား။

« Andy က လူရှုပ်လေးလား »

«ဟမ်»

ခေါင်းထဲမှာ အချက်ပေးအသံ မျိုးစုံ မြည်သွားခဲ့သည်။ HaeChannie က ဘာလို့လဲ။
မဟုတ်မှ Andyကို ..?

«ဟို တစ်မျိုးမထင်ပါနဲ့။ငါက ဒီအတိုင်း မေးတာပါ။မင်း တွေးနေသလို မဟုတ်ဘူးနော်»

«....»

«ငါက စပ်စုတတ်တဲ့လူမျိုး မဟုတ်ပါဘူး ။
ဒီအတိုင်း...ဒီအတိုင်း သိချင်လာလို့ပါ»

အနှီးလူသားလေးက အသည်းသန်ရှင်းပြလာသည်။ Mark မှာ နှုတ်ခမ်းတွေ ကော်ညွှန်းသွားသည့်အထိ ပြုံး၍ ကြည်နူးသွားရသည်။တစ်ရက်တောင် မပြည့်သေးသည့်ဒီခင်မင်မှုမှာ အနှီးလူသားလေးက သူစိတ်ကွက်မှာကို ကြောက်နေခဲ့သည်တဲ့လား။

«အင်း ဒီလိုမျိုး ရှင်းပြနေလို့ ကျေးဇူးတင်ပါတယ်»

«ဟမ်..?»

ပြောရင်း ထိုင်ခုံမှာ ထလိုက်တော့ အနှီးလူသားလေးက ကြောင်တောင်တောင်လေးနှင့် မော့ကြည့်သည်။

«ငါ သန့်စင်ခန်း ခဏဝင်မှာမို့ သွားနှင့်တော့မယ်»

ကျောပိုးအိတ်လွယ်ပြီး ထိုနေရာမှာ ထွက်လာခဲ့သည်။အမြဲတမ်း သွေးဆာလောင်နေသောသူ မဟုတ်ပေမယ့် ကြိုတင်ကာကွယ်‌သည့်အနေနှင့် အဘိုးထည့်ပေးလိုက်သည့်သွေးအိတ်လေးကို သန့်စင်ခန်းအရောက်မှာ  ထုတ်သောက်လိုက်သည်။

အနှီးလူသားလေးက Vampires တွေကို အရမ်းကြီး မုန်းနေတဲ့သူ မဟုတ်မှန်းသိရတော့ သူ့ခြေလှမ်းတွေက ရှေ့ဆက်တိုးဖို့ တတ်ကြွလာသည်။မမျှော်လင့်ဘဲ လျှောက်လှမ်းမိသည့်သူ့ခြေလှမ်းတွေက နာကျင်ရတောင် နောက်ဆုတ်မှ မဟုတ်ဘူး။သူက ဆုံးဖြတ်ချက် ပြတ်သားတဲ့ အနာဂတ်ခေါင်းဆောင်တစ်ယောက်မို့။

✨🌻

26.11.23 🍎

ZAW...

ကေနဒါႏိုင္ငံဟာ Vampire ႏွင့္ လူသားေတြ တစ္သားတည္းေနထိုင္ခဲ့ေသာႏိုင္ငံေလးျဖစ္သည္။ေခတ္အဆက္ဆက္ ေပါင္းသင္းလာေသာ ဆက္ဆံေရးဟာ 20 ရာစု ေရာက္သည့္အခ်ိန္မွာ တျဖည္းျဖည္းေပ်ာက္ကြယ္လုလုျဖစ္လာခဲ့သည္။လူသားေတြက ေသးသိမ္လွတဲ့ Vampire ေတြကို ေလွာင္ေျပာင္ၿပီး ႐ႈံးခ်ၾကသည္။အထူးသျဖင့္ ေက်ာင္းေန႐ြယ္ Vampire ေတြက လူသားေတြအတြက္ ေပ်ာ္႐ႊင္မႈရဲ႕ သားေကာင္ျဖစ္ခဲ့သည္။

တျဖည္းျဖည္းႏွင့္ စာနာစိတ္မ႐ွိတဲ့လူသားေတြမ်ားျပားလာေပမယ့္ Vampire ေတြကေတာ့ သူတို႔ေခါင္းေဆာင္စကားကို နားခံေနဆဲကာလျဖစ္သည္။ေဒါသေတြကို ၿမိဳသိပ္ရင္း ေနခဲ့ေပမယ့္
လူေသြးဟာ တိရစၧာန္ေသြးထက္ ပိုခ်ိဳမွန္းသိသည့္အခ်ိန္မွစၿပီး ေခါင္းေဆာင္အမိန္႔ကို မနာခံေတာ့။ဆန္႔က်င္ဘက္ေတြ လုပ္လာၾကသည္။
သူတို႔ေခါင္းေဆာင္မသိေအာင္ တိတ္တဆိတ္ႏွင့္ လူေတြရဲ႕အသက္ကို အႏၲရာယ္ကို ရန္ျပဳလာၾကသည္။ညဘက္ေရာက္လွ်င္ အိမ္အျပင္မထြက္ရဲသည့္မွအစျပဳ၍ ေန႔ခင္းဘက္ေတြအထိပါ လူသားေတြကို ေျခာက္လွန္႔လာၾကသည္။

တစ္စ၊တစ္စႏွင့္ ေလာဘႀကီးလာေသာ Vampire  ေတြနည္းတူ လူ‌သားေတြလည္း အသိတရားမဲ့စြာ ရက္စက္ၾကမ္းယုတ္လာၾကသည္။အားနည္းေသာ Vampire ေတြကို ဝိုင္းႏွိမ့္စက္ၾကသည္။ဒုကၡ အမ်ိဳးမ်ိဳး ေပးၾကသည္။ Vampire တစ္ေကာင္ရဲ႕
ျဖစ္တည္မႈကို ေလွာင္ေျပာင္ကာ အျမတ္ေဒါသေတြကို ႏိုးဆခဲ့ၾကသည္။ႏိုးႂကြလာေသာအျမတ္ေဒါသေတြေၾကာင့္ လူသားေပါင္းမ်ားစြာ ဆုံး႐ႈံးသြားသည့္အခ်ိန္မွာ အရာအားလုံးဟာ Vampire ေတြရဲ႕အမွားသာ ျဖစ္ခဲ့သည္။

Vampire ေတြကို အျပစ္တင္႐ႈံ႕ခ်ခဲ့ေပမယ့္ မတြန္းလွန္းႏိုင္ခဲ့ပါ။လူသားေတြထက္ Vampire ေတြက ပိုၿပီး အားႀကီးေနခဲ့သည့္ေလ။ထို႔ေၾကာင့္ႏွင့္ ၿပိဳကြဲသြားေသာဆက္ဆံေရးတစ္ခုဟာ 21 ရာစုခုႏွစ္ေရာက္သည့္အခ်ိန္မွာ လူသားေတြက Vampire ထက္ ပိုအားႀကီးၿပီး အသာစီးရခဲ့သည္။ Vampire ေတြကို ဖမ္းစီးႏိူင္သည့္စက္၊အနီးလာေရာက္လွ်င္ အခ်က္ျပေသာစက္ပစၥည္းေတြေၾကာင့္ လူသားေတြဟာ Vampire ထက္
ေျခတစ္လွမ္းသာခဲ့သည္။

တစ္ဖက္မွာလည္း  Vampire အဖြဲ႕ေခါင္းေဆာင္ဟာ သူတို႔မ်ိဳးႏြယ္ကို ကာကြယ္ရန္ အစြမ္းကုန္ႀကိဳးစားရသည္။လူသားအစိုးရ ျဖတ္ေတာက္ထားေသာ ေနေရာင္ျခယ္ခံကာကြယ္ေဆးႏွင့္ ေသြးေတြကို သူတို႔မ်ိဳးႏြယ္အား အလုံအေလာက္ ေထာက္ပံ့ေပးႏိုင္ရန္ ႀကိဳးစားၾကရသည္။လူေတြၾကား သြားလာရာအဆင္ေျပေစရန္ နည္းပညာအမ်ိဳးမ်ိဳး တီထြင္ကာ သူတို႔ရဲ႕မ်ိဳးႏြယ္ကို ဖုံးကြယ္လ်က္ လူေတြႏွင့္ ေရာေႏွာေနထိုင္ခဲ့ၾကသည္။

ထို႔အျပင္ လူသားေတြ ဖမ္းဆီးထားေသာ သူတို႔မ်ိဳးႏြယ္ကို ျပန္လည္ကယ္တင္ရန္ သူတို႔ဟာ အနာဂတ္ေခါင္းေဆာင္တစ္ေယာက္ကို ေ႐ြးခ်ယ္ခဲ့ၾကသည္။ထိုေခါင္းေဆာင္ဟာ ငယ္႐ြယ္ၿပီး ဉာဏ္ပညာျပည့္ဝေသာ Mark ဟု ေခၚေသာ လူသားႏွင့္ Vampire မွ ေမြးဖြားလာေသာေကာင္ေလးတစ္ဦးျဖစ္သည္။အကယ္၍မ်ား မိခင္ဟာ လူသားမ်ိဳးႏြယ္ျဖစ္ခဲ့ရင္ ေသခ်ာေပါက္ အားနည္းမည့္ေကာင္ေလး၊စြန္႔ပစ္ခံရမည့္ေကာင္ေလးဟာ ဖခင္က လူသားမ်ိဳးႏြယ္ျဖစ္၍ အေတာ္ေလး အားႀကီးသူျဖစ္လာခဲ့သည္။မိခင္ေပးေသာ Vampire အစြမ္းႏွင့္ ဖခင္႐ွိမွရ႐ွိေသာ လူသားဆန္မႈေၾကာင့္ ေသခ်ာေပါက္
အနာဂတ္ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္လာမည့္သူ ျဖစ္သည္။

လူသားႏွင့္ Vampire စစ္ပြဲမွာ ဉာဏ္ပညာကို အသုံးခ်ၿပီး ေသခ်ာကိုင္ကြယ္ႏိုင္မည့္သူဟု
လည္း ယုံၾကည္ထားၾကသည္။

ထို႔ေၾကာင့္ အထက္တန္းေက်ာင္းသားအ႐ြယ္ Mark ဟာ Vampire မ်ိဳးႏြယ္ရဲ႕ ေမွ်ာ္လင့္ခ်က္ျဖစ္လာခဲ့ၿပီးနည္းနည္းေလးေတာင္ အထိခိုက္မခံဘဲ ကာကြယ္ေပးၾကသည္။

အားလုံးရဲ႕ ဂ႐ုစိုက္မႈ၊အေလးထားမႈ၊ၾကည္ညိဳမႈ ရ႐ွိထားေသာေကာင္ေလးဟာ သူတို႔အိမ္ကို ပစၥည္းလာပို႔သည့္ ပစၥည္းပို႔သမားကို အေပၚထပ္ကေန အၿမဲလိုလို ေငးၾကည့္ေနတတ္သည္။ပစၥည္းပို႔သမားဆိုတာ လူသားႏွင့္ Vampire ၾကားမွ အလုပ္လုပ္ေနေသာ ဆင္းရဲသားလူတန္းစားျဖစ္ၿပီး အႏၲရာယ္အမ်ားဆုံးသူေတြျဖစ္သည္။အကယ္၍မ်ား လူသားေတြဆီမွာ မိသြားခဲ့လွ်င္ သစၥာေဖာက္မႈႏွင့္ သတ္ျဖတ္ခံရမွာျဖစ္သလို  ေသြး‌ဆာေလာင္ေနေသာ Vampire ဆီ ေရာက္သြားခဲ့လွ်င္ အခ်ိန္မေ႐ြး ေသဆုံးႏိုင္ေသာသူေတြျဖစ္သည္။

«Peter ~အဲ့ေကာင္ေလး ဒီေန႔ ပစၥည္းလာပို႔ရက္ မဟုတ္လား »

ျပတင္းေပါက္မွာ တစ္ဆင့္ အိမ္ျခံဝန္းအတြင္းသို႔ ေငးလ်က္ ေဘးနားမွာ ကိုယ္ရံေတာ္
ပတ္ခ္ကို လွမ္းေမးလိုက္သည္။အခ်ိန္မွန္ ေရာက္မလာလွ်င္ ေမွ်ာ္ေနတတ္သည့္မွာ အက်င့္လိုျဖစ္ေနၿပီ။

ဘာေၾကာင့္မွန္းမသိ အႏွီးလူသားေလးကို ျမင္လွ်င္ ေစာင့္ေ႐ွာက္ၿပီး ကာကြယ္ေပးခ်င္သည္။

«ဟုတ္ကဲ့..သခင္ေလး ။ဒီေန႔ပါ »

«ပုံမွန္ဆို ဒီအခ်ိန္ သူ ေရာက္ေနပါၿပီ»

ဒီေန႔မွ ဘာလို႔ ေနာက္က်ေနရတာလဲ။

«အတန္းခ်ိန္ ႐ွိေနတာေၾကာင့္ ေနာက္က်မယ္လို႔ အေၾကာင္းၾကားထားပါတယ္»

«အတန္းခ်ိန္ ? »

Mark က သူ႕ကိုယ္ရံေတာ္ဘက္ လွည့္ၾကည့္ၿပီး သိခ်င္စိတ္ျပင္းျပေနေသာမ်က္လုံးေတြျဖင့္ ၾကည့္လာသည္။ကိုယ္ရံေတာ္ပတ္ခ္ကေတာ့
သူတို႔သခင္ေလး လူသားတစ္ေယာက္အေပၚ အာ႐ုံစိုက္ေနသည္ကို မ်က္လုံးလႈပ္လာသည္။ဒီအ႐ြယ္က အခ်စ္ကို စူးစမ္းတတ္ေသာ ဆယ္ေက်ာ္သက္႐ြယ္ မဟုတ္လား။

« အဲ့ေကာင္ေလးက လူခ်မ္းသားေတြပဲ တတ္ႏိုင္တဲ့အထက္ေက်ာင္းမွာ  ေက်ာင္းတတ္ေနတာပါ သခင္ေလး »

Mark ႏႈတ္ခမ္းေလးေတြ အေပၚသို႔ ေကြးတတ္သြားၿပီး ျပတင္းေပါက္သို႔ တစ္ဖန္ လွည့္သြားသည္။ဒီေန႔တစ္ေန႔ကုန္ အႏွီးလူသားေလးကို မျမင္ရရင္ သူ ဒီအနားကေန ခြာမွာမဟုတ္ဘူး။
ျမင္ကြင္းထဲေရာက္လာေသာဆိုင္ကယ္ေလးတစ္စီးေၾကာင့္ လိုက္ကာေတြကို ဆြဲဖယ္ကာ အႏွီးလူသားေလးရဲ႕ လႈပ္႐ွားမႈတစ္ခုခ်င္းစီကို လိုက္ၾကည့္ျဖစ္သည္။

အေပၚစီးကမို႔လား မသိ။အႏွီးလူသားေလးက
တကယ့္ကို ေသးေသးေလးျဖစ္ေနသည္။

ၾကည့္ေနရင္း သနားစိတ္ေလးႏွင့္ ကာကြယ္ေပးခ်င္လာသည္။အႏွီးလူသားေလးက သူတို႔အတြက္အလုပ္လုပ္ေပးေနတဲ့ ရဲရင့္တဲ့ေကာင္ေလးဆို
ေပမယ့္  အႏၲရာယ္ ဝိုင္းဝိုင္းလည္ေနသူျဖစ္သည္။

Vampire ေတြက ေသြးဆာေလာင္လာလွ်င္ ဘာမွမျမင္ေတာ့သလို လူသားေတြက ရက္စက္ၾကမ္းၾကဳတ္ၾကသည္။

ထို႔ေၾကာင့္ အႏွီးလူသားေလး အသက္အႏၲရာယ္ ထိခိုက္မွာကို မလိုလားေပ။

ဘာျဖစ္ျဖစ္ မင္းကို ကာကြယ္ေစာင့္ေ႐ွာက္ေပးမွာမို႔ မၾကာခင္ ေတြ႕ရေအာင္  Peter ~

✨🌻

« မျဖစ္ႏိုင္ဘူး Mark ...အႏၲရာယ္မ်ားလြန္းတယ္»

Markက  အျပင္ေလာကမွာ ေက်ာင္းတတ္ရန္
အဘိုးထံပါးမွ ခြင့္ျပဳခ်က္ေတာင္းေလသည္။သို႔ေသာ္ အဘိုးက အျပင္းအထန္ကန္႔ကြက္သည္။ Markက သူတို႔မ်ိဳးႏြယ္ရဲ႕ေမွ်ာ္လင့္ခ်က္မို႔ နည္းနည္းေလးမွ ထိခိုက္လို႔ မျဖစ္ေသာကေလးျဖစ္သည္။လူသားေတြႏွင့္ ေရာယွက္ေနထိုင္ရင္းမွ အဖမ္းခံရေသာသူတို႔မ်ိဴးႏြယ္ေတြဟာ မနည္းမေနာ။အခုထိသူတို႔ရဲ႕နည္းပညာဟာ လူသားေတြေလာက္ အစြမ္းမထက္ေလေတာ့ တစ္နည္းမွ တစ္နည္းႏွင့္ အဖမ္းခံရသည္။အကယ္၍ Markပါ အဖမ္းခံရရင္ သူတို႔ေတြ လူသားေတြဆီမွာ ထာဝရက်‌ဆုံးသြားလိမ့္မည္။

«ကြၽန္ေတာ္ လူသားေတြနဲ႔ ထိေတြ႕ခ်င္တယ္
အဘိုး။ဒါမွ လူသားေတြအေၾကာင္း ေကာင္းေကာင္းသိၿပီး သူတို႔အားနည္းခ်က္ကို သိႏိုင္မွာ။ၿပီးေတာ့ သူတို႔ရဲ႕နည္းပညာေတြကိုလည္း ေလ့လာခ်င္တယ္ »

အဘိုးက Mark စကားၾကားၿပီး ခဏမွ်ေတြေဝသြားေပမယ့္ ခ်က္ခ်င္း ျငင္းသည္။

« မျဖစ္ႏိုင္ဘူး။ဘယ္လိုမွ »

«ဒါဆို ကြၽန္ေတာ္က ဘယ္လိုမ်ိဳး ဒီမ်ိဳးႏြယ္ကို ကယ္တင္ရမွာလဲ။ဒီအိမ္အက်ယ္ႀကီးမွာ ပိတ္မိၿပီး အၿမဲတမ္း ဘာအရာမွားယြင္းေနမွန္းမသိတဲ့ စမ္းသက္မႈေတြကို ထပ္တလဲလဲလုပ္ေနရတယ္။အခုထိ ကြၽန္ေတာ္တို႔နည္းပညာက လူသားေတြထက္ ေနာက္က်ေနတုန္းပဲ အဘိုး »

ခပ္လွမ္းလွမ္းမွာ Mark စကားကို နားေထာင္ေနေသာ ကိုယ္ရံေတာ္ပတ္ခ္ဟာ သူတို႔သခင္ေလး ဒီေလာက္ထိ ေတြးတတ္သည့္ကို မအံ့ဩဘဲ မေနႏိုင္။အဲ့ဒါေၾကာင့္လည္း သူတို႔မ်ိဳးႏြယ္အတြက္ သခင္ေလးက ေမွ်ာ္လင့္ခ်က္ျဖစ္ေနခဲ့တာျဖစ္သည္။

«ဘာမွ မစြန္းစားရင္ ဘာမွျဖစ္လာမွာ မဟုတ္ဘူး အဘိုး။အဘိုးတို႔ ေ႐ြးခ်ယ္ထားတဲ့ ေခါင္းေဆာင္ဆိုတာ  တကယ္ေတာ့ နာမည္ခံသက္သက္ပဲ »

« အခုထိ ေသးတယ္ Mark .. (၁၈)ႏွစ္ျပည့္ရင္ စိတ္တိုင္းက် လုပ္ပါ။အဘိုး ခြင့္ျပဳပါတယ္ »

«ကြၽန္ေတာ္ (၁၈)ႏွစ္ျပည့္ရင္ ဒီမ်ိဳးႏြယ္က ေပ်ာက္ကြယ္ေနေလာက္ၿပီ။တစ္ေန႔တစ္ေန႔ ဖမ္းမိေနတဲ့ Vampire ေတြက နည္းနည္းေနာေနာ မဟုတ္ဘူး အဘိုး။ မၾကာခင္ ကြၽန္ေတာ္တို႔အလွည့္ ေရာက္လာလိမ့္မယ္ »

အဘိုးကို စိတ္ဆိုးၿပီး အခန္းတံခါးကို ခပ္ျပင္းျပင္းပိတ္ပစ္လိုက္သည္။သူကို အနာဂတ္ ေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ထား႐ုံေလးပဲ။လုပ္ပိုင္ခြင့္က(၁၈)ႏွစ္ျပည့္မွျဖစ္ၿပီး အရာအားလုံးက အဘိုးလက္ထဲမွာ ျဖစ္သည္။သူမွာ ဘာအစြမ္းမွ မ႐ွိဘူး။ဘာအာဏာမွာလည္း မ႐ွိဘူး။သူက ဒီမ်ိဳးႏြယ္ရဲ႕ ပိုးေမႊးသလို ေမႊးထားခံရတဲ့ အထိအခိုက္မခံႏိုင္ေသာေကာင္ေလးအျပင္ မပိုခဲ့ဘူး။

✨🌻

Markက ထို႔ေန႔မွစၿပီး ‌အခန္းထဲမွာ မထြက္ေတာ့
ဘဲ အဘိုးကို ဆႏၵျပေလသည္။ထမင္းလည္း မစား။ေသြးလည္း မေသာက္ႏွင့္မို႔ အဘိုးဟာ စိတ္ပူလြန္လြန္းလို႔ ႐ူးရေတာ့မည္။တစ္ဦးတည္းေသာ ေျမးေလးမို႔ အခ်စ္ပိုရသလို အထိအခိုက္လည္း မခံႏိုင္။ေျမးေလးတစ္ခုခုျဖစ္ခဲ့ရင္ သူတို႔အနာဂတ္ႀကီး ၿပိဳလဲက်သြားလိမ့္မည္။

အဘိုးမွာ ေျမးျဖစ္သူတစ္ခုခုမျဖစ္ခင္ အတိုင္းတိုင္း၊အျပည္ျပည္မွာ Vampire အႀကီးအကဲေတြ ကို ဆင့္ေခၚကာ‌ ေဆြး‌‌ေႏြးပြဲလုပ္ရသည္။အေကာင္းဆုံးေဆြးေႏြးၿပီးေနာက္မွာ  အားလုံး၏သေဘာတူကူညီခ်က္ႏွင့္ ေျမးေလးကို လူေတြႏွင့္ သြားလာလႈပ္႐ွားရန္ ခြင့္ျပဳလိုက္သည္။သို႔ေသာ္ သူ႕စိတ္ေတြဟာ မေအးလွပါ။ေျမးေလး ေက်ာင္းသြားခါနီးလွ်င္ ေနေရာင္ျခည္ခံကာကြယ္ေဆးကို ကိုယ္တိုင္ထိုးေပးၿပီး စေတာ္ဘယ္ရီေဖ်ာ္ရည္ဟု လူေတြ အထင္မွားေစသည့္ေသြးအိတ္ေလးေတြကို ေသခ်ာ ထုပ္ပိုးေပးရသည္။ေျမးေလးက လူေတြရဲ႕ ေသြးကို တစ္ခါမွမေသာက္ဖူးေသးေသာ Vampire ေလးမို႔ လူေသြးကို စုတ္ယူမိလွ်င္ ေသခ်ာေပါက္ သူ႕ကိုယ္သူ ထိန္းခ်ဴပ္ႏိုင္မွာ မဟုတ္ဘူး။

«Mark...ေျမးေလး အတတ္ႏိုင္ဆုံး လူေတြရဲ႕ေသြးနံ႔ကို မခံမိေစနဲ႔။ၿပီးေတာ့ ဒီဆွဲကြိုး‌ေလး ဆွဲထား။ဒါေလးက ငါ့ေျမးကို ေစာင့္ေ႐ွာက္ေပးမွာပါ။အခုထိ စမ္းသက္ေလးဆဲ စက္ပစၥည္းေလးဆိုေပမယ့္ အနည္းဆုံးေတာ့ ငါ့ေျမးေလး အႏၲရာယ္ ကင္းမွာပါ »

«ဟုတ္ကဲ့..အဘိုး။အရမ္းႀကီး စိတ္မပူပါနဲ႔။ကြၽန္ေတာ္ကိုယ့္ကြၽန္ေတာ္ ကာကြယ္ႏိုင္ပါတယ္ »

Markက သူကို စိတ္မခ်ျဖစ္ေနေသာအဘိုးကို
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးျပၿပီး ကိုယ္ရံေတာ္ပတ္ခ္ေနာက္ကို လိုက္သြားခဲ့သည္။

«Ommo!! Shitt !!»

အဆင္သင့္ျဖစ္ေနေသာကားေပၚသို႔ တတ္လိုက္သည့္ႏွင့္ ထိန္႔လန္႔ျဖစ္သြားသည္။

« Hi »

ရင္ဘတ္ေလးေပၚ လက္ကေလးဖိၿပီး လန္႔သြားေသာ Mark ကို Andy Parkက သူ႕လက္ေခ်ာင္းအႀကီးႀကီးေတြကို ေဆာ့ကစားရင္း လက္ျပလာသည္။

«မင္းက »

« ပါပါးမေျပာဘူးလား။ငါက ေက်ာင္းမွာ မင္းကို ေစာင့္ေ႐ွာက္ေပးမဲ့ကိုယ္ရံေတာ္ေလ »

Mark အနည္းငယ္ စိတ္ပ်က္သြားၿပီး ထိုင္ခုံေနာက္မွီကို အားမ႐ွိသလို မွီခ်လိုက္တယ္။ၿပီးမွ Andy မ်က္ႏွာကို ၾကည့္ကာ။

«ငါက မင္းကို ျပန္ကာကြယ္ေပးရမွာ
မဟုတ္ဘူးလား Andy »

« Mark  ! ငါ့သိကၡာကို မခ်စမ္းနဲ႔။ပါပါးရဲ႕ေသြးေတြ ငါ့ကိုယ္ထဲမွာ စီးဆင္းေနတာ ဟုတ္တယ္ေနာ္ ပါပါး »

Andyက အေ႐ွ႕မွာ ကားေမာင္းေနေသာဖခင္ျဖစ္သူကို လွမ္းစစ္ကူေတာင္းလိုက္ေပမယ့္ သူ႕ဖခင္က ဘာမွျပန္မေျပာဘဲ ျပဳံးေနသည္။ထိုအခ်င္းအရာကိုျမင္ေသာMarkက Andyကို ေလွာင္ရယ္ေတာ့သည္။

«ဦးေလးပတ္ခ္ေတာင္ မင္းစကားကို
မေထာက္ခံဘူး Andy »

«မသိဘူး။ႏွစ္ေယာက္လုံးကို စိတ္ေကာက္တယ္»

ေျပာၿပီး ထိုင္ခုံေပၚ မွီခ်ကာ မ်က္လုံးေတြပိတ္ခ်သြားတဲ့ Andy Park ။ Parkမ်ိဳးႏြယ္တစ္ခုလုံးဟာ ကိုယ္ရံေတာ္မ်ိဳး႐ိုးျဖစ္ၿပီး လူသားေတြရဲ႕ႏွိပ္စက္မႈေၾကာင့္ ကေနဒါကို ေရာက္လာေသာ Korean Vampire ေတြျဖစ္သည္။

မ်ိဳး႐ိုးစဥ္ဆက္ ကိုယ္ရံေတာ္ေတြျဖစ္ခဲ့ၿပီး Andy အလွည့္ေရာက္မွ ထိုဂုဏ္က အေရာင္မွိန္းလာသည္။အေၾကာင္းက Andy က ကိုယ္ရံေတာ္အလုပ္ကို စိတ္မဝင္စားဘဲ အေပ်ာ္အပါး မက္ေန‌တာေၾကာင့္ ျဖစ္သည္။

✨🌻

«ဟုတ္ကဲ့..Mark လို႔ ေခၚပါတယ္ »

Markရဲ႕ တိုတိုတုတ္တုတ္ႏႈတ္ဆက္စကားမွာ တစ္ခန္းလုံး ဆူညံ့သြားသည္။ေခ်ာေမာလွသည့္႐ုပ္႐ွည္ႏွင့္လည္း တစ္ခန္းလုံးကို ဆြဲေဆာင္ထားေလေတာ့ အားလုံးက အၾကည့္မလႊဲႏိုင္ေတာ့ပါ။
ေတာ္ဝင္မင္းသားေလးကို ျမင္ေတြ႕လိုက္ရသလိုမ်ိဳး သူတို႔ရင္မွာ အခ်စ္ပန္းေတြပြင့္လာၾကသည္။

«တီခ်ယ္...ကြၽန္ေတာ္ ဟိုေနာက္ဆုံးခုံမွာ သြားထိုင္လို႔ရမလား »

ေနရာခ်ေပးရန္ မ်က္စိကစားေနေသာ အတန္းပိုင္ဆရာမဟာ Markစကားမွာ ေခါင္းေလး ၿငိမ့္ျပသည္။

«သား..ထိုင္ခ်င္ရင္ သြားထိုင္ေလ »

ထိုစကား အဆုံးသည့္ႏွင့္ ေနာက္ဆုံးခုံေလးကို
မေျပး႐ုံတမယ္၊ခပ္သြက္သြက္ေလွ်ာက္သြားလိုက္သည္။သူ႕ႏႈတ္ဆက္သံၾကားမွ ေမွာက္အိပ္
ေနရမွႏိုးလာေသာအႏွီးလူသားေလးက 
Mark အနားေရာက္လာသည္ကိုျမင္ေလေတာ့ မပြင့္သည့္မ်က္လုံးေတြႏွင့္ ၾကည့္လာသည္။

«Hello ငါ့နာမည္က Mark »

«အြန္း..ငါ့နာမည္က Peter ...ကိုးရီးယားလူမ်ိဳးပါ»

«ဒါဆို မင္းမွာ ကိုးရီးယားနာမည္႐ွိမွာေပါ့ »

«အြန္း...Lee HaeChan လို႔ေခၚတယ္»

«မင္းကို ဒီကလူေတြ ဘယ္လိုေခၚလဲ »

« Peter »

«ဒါဆို ငါ မင္းကို  HaeChannie ေခၚ လို႔ရလား»

«ဟမ္ ?...  အြန္း »

အႏွီးေကာင္ေလးက အံ့ဩသြားဟန္ႏွင့္ မ်က္လုံးေလး ျပဴးက်ယ္သြားၿပီးမွ ေခါင္းေလးၿငိမ့္ျပသည္။ထိုအခါမွ Andy Parkကို သတိရေတာ့သည္။ၾကည့္လိုက္ေတာ့ Andy Parkက ေကာင္ေလးတစ္ေယာက္ႏွင့္ စကားေျပာရင္း ရယ္ေနသည္။ဒီေကာင္ ! Andy Park  ! စေရာက္ကတည္းက ဇာတ္လမ္းေတြ စေနၿပီ။အဲ့လိုေျပာေၾကးဆို သူလည္း ဇာတ္လမ္းေတြ ခင္းေနခဲ့တာပဲ။ Andy Park ဘယ္အခ်ိန္က မိတ္ဆက္စကားေျပာလိုက္သလဲ မသိသည့္အထိ အႏွီးလူသားေလးဆီမွာ သူ႕အာ႐ုံေတြ ေရာက္ေနခဲ့သည္ေလ။

«အဲ့ဒီတစ္ေယာက္ကို ျမင္လား။သူလည္း
ကိုရီးယားလူမ်ိဳး »

Andy Parkကို လက္ညိႇဳးထိုးျပလိုက္ေတာ့ အႏွီးလူသားေလးရဲ႕မ်က္လုံးေတြဟာ ၾကယ္စင္အလားပင္။တဖ်တ္ဖ်တ္ႏွင့္ လင္းလက္လာသည္။

«မင္းရဲ႕ သူငယ္ခ်င္းလား။ငါကို မိတ္ဆက္ေပးပါလား။ဒီေရာက္ကတည္း ကိုရီးယားလူမ်ိဳးေတြနဲ႔ ငါ တစ္ခါမွ မေတြ႕ဖူးဘူး »

အႏွီးလူသားေလးကို ေတြေတြေလး ၾကည့္လိုက္မိသည္။

မင္း မသိခဲ့တာ HaeChannie...
မင္း အၿမဲတမ္း ပစၥည္းလာပို႔ေနတဲ့အိမ္မွာ
ကိုရီးယားလူမ်ိဳးေတြ အမ်ားႀကီး႐ွိတယ္ ။ အကယ္၍မ်ား  မင္းသာ စပ္စုတတ္ရင္ အေပၚထပ္ျပတင္းေပါက္ကေန မင္းကို အၿမဲၾကည့္ေနတတ္တဲ့ေကာင္ေလးတစ္ေယာက္ကိုလည္း ျမင္မွာပါ။

«ဟို ...မရဘူးလား »

မရဲတရဲေလးေမးလာမွ အသိစိတ္ကပ္ကာ မ်က္ေတာင္ေလးေတြ ခတ္လိုက္ရသည္။

«ရတယ္။မိတ္ဆက္ေပးမယ္ »

ထိုအခါ အႏွီးလူသားေလးက မ်က္လုံးေလးေတြပိတ္သည့္အထိ ရယ္ျပသည္။အနီးကပ္ၾကည့္မွ အႏွီးလူသားေလးဟာ ခ်စ္စဖြယ္မ်က္ႏွာေလးကို ပိုင္ဆိုင္ထားမွန္း သိလိုက္ရသည္။

ေငးၾကည့္ေနရင္းမွ တုန္တုန္ရီရီျဖစ္လာတဲ့စိတ္ေၾကာင့္ စကားလမ္းေၾကာင္းလႊဲရန္ စဥ္းစားလိုက္စဥ္ အေရးႀကီးတဲ့အေၾကာင္းအရာတစ္ခုက သူ႕ေခါင္းထဲ ေရာက္လာသည္။

« မင္း Vampire ေတြကို မုန္းလား »

«ဟမ္»

သူ႕စကားကို အႏွီးလူသားေလးက အနည္းငယ္ ေၾကာင္အ ,သြားသည္။ၿပီးမွ အတန္းထဲမွာ လူေတြကို ေဝ့ပတ္ၾကည့္ၿပီး သူ႕အနား တိုးကပ္လာသည္။

«ဘာလို႔ေမးတာလဲ။မင္း ငါ့အေၾကာင္း သိေနတာလား »

«ဒီအတိုင္း သိခ်င္လို႔ပါ။မင္း သိဖို႔က ငါက မင္းကို ေႏွာက္ယွက္မဲ့သူ မဟုတ္ပါဘူး »

ကာကြယ္ေပးမဲ့သူပါ။

«မမုန္းဘူးေျပာရင္ လိမ္ရာက်မွာေပါ့။ဒါေပမယ့္ ဆိုးဆိုးဝါးဝါးမဟုတ္ဘူး။ Vampire တိုင္း ေသြးဆာေလာင္ေနတဲ့မေကာင္းဆိုးဝါးေတြမွ မဟုတ္တာ »

Vampire ေတြထဲ က်င္လည္ေနေသာေကာင္ေလးဟာ သူ ထင္ထားတာထက္ သန္မာၿပီး ထက္ျမတ္ေသာလူသားေလးျဖစ္ေနခဲ့သည္။ေသခ်ာေပါက္ သူ မကာကြယ္ေပးလည္း
ျဖစ္သည့္ျဖစ္တည္မႈေလးပင္။

ဒါေပမယ့္ ဘယ္လိုလုပ္ရမလဲ ငါက မင္းကို ကာကြယ္ေပးဖို႔အတြက္ အနားေရာက္လာခဲ့တာ။

✨🌻

Mark ရဲ႕မ်က္ႏွာဟာ အနည္းငယ္ သုတ္မႈန္ၿပီး စိတ္ပုတ္ေနသည္။  HaeChannie ကို Andy Parkႏွင့္ မိတ္ဆက္ေပးလိုက္တာ မွားသြားၿပီလား။သူ မိတ္ဆက္ေပးၿပီးကတည္းက စကားမ်ားေနေသာႏွစ္ေယာက္ဟာ ေဘးနားမွာသူကို ႐ွိသည့္မထင္ပါ။သူတို႔ မျပန္ျဖစ္သည့္ ကိုရီးယားေျမအေၾကာင္း ေျပာမကုန္ျဖစ္ေနၾကသည္။

« Andy ....ဟိုေကာင္ေလး ။ မင္း ဇယားလား »

သူ ျမင္ေနရေသာ အသားျဖဴျဖဴေကာင္ေလးကို ေမ့ဆတ္ျပလိုက္ေတာ့ Andyတစ္ေယာက္ လြယ္အိတ္ေတြ၊ဖုန္းေတြယူၿပီး အျမန္ေျပးသြားေတာ့သည္။

« Mark  ညေန ငါကို ေစာင့္ဦးေနာ္။ပါပါးေမးရင္  အပိုခ်ိန္လို႔ ေျပာေပး »

သူကို ေအာ္ၿပီးေျပးသြားေသာ Andyကို ၾကည့္ၿပီး ေခါင္းခါရမ္းလိုက္သည္။ Andyက မလြယ္ပါလား။

« Andy က လူ႐ႈပ္ေလးလား »

«ဟမ္»

ေခါင္းထဲမွာ အခ်က္ေပးအသံ မ်ိဳးစုံ ျမည္သြားခဲ့သည္။ HaeChannie က ဘာလို႔လဲ။
မဟုတ္မွ Andyကို ..?

«ဟို တစ္မ်ိဳးမထင္ပါနဲ႔။ငါက ဒီအတိုင္း ေမးတာပါ။မင္း ေတြးေနသလို မဟုတ္ဘူးေနာ္»

«....»

«ငါက စပ္စုတတ္တဲ့လူမ်ိဳး မဟုတ္ပါဘူး ။
ဒီအတိုင္း...ဒီအတိုင္း သိခ်င္လာလို႔ပါ»

အႏွီးလူသားေလးက အသည္းသန္႐ွင္းျပလာသည္။ Mark မွာ ႏႈတ္ခမ္းေတြ ေကာ္ၫႊန္းသြားသည့္အထိ ျပဳံး၍ ၾကည္ႏူးသြားရသည္။တစ္ရက္ေတာင္ မျပည့္ေသးသည့္ဒီခင္မင္မႈမွာ အႏွီးလူသားေလးက သူစိတ္ကြက္မွာကို ေၾကာက္ေနခဲ့သည္တဲ့လား။

«အင္း ဒီလိုမ်ိဳး ႐ွင္းျပေနလို႔ ေက်းဇူးတင္ပါတယ္»

«ဟမ္..?»

ေျပာရင္း ထိုင္ခုံမွာ ထလိုက္ေတာ့ အႏွီးလူသားေလးက ေၾကာင္ေတာင္ေတာင္ေလးႏွင့္ ေမာ့ၾကည့္သည္။

«ငါ သန္႔စင္ခန္း ခဏဝင္မွာမို႔ သြားႏွင့္ေတာ့မယ္»

ေက်ာပိုးအိတ္လြယ္ၿပီး ထိုေနရာမွာ ထြက္လာခဲ့သည္။အၿမဲတမ္း ေသြးဆာေလာင္ေနေသာသူ မဟုတ္ေပမယ့္ ႀကိဳတင္ကာကြယ္‌သည့္အေနႏွင့္ အဘိုးထည့္ေပးလိုက္သည့္ေသြးအိတ္ေလးကို သန္႔စင္ခန္းအေရာက္မွာ  ထုတ္ေသာက္လိုက္သည္။

အႏွီးလူသားေလးက Vampires ေတြကို အရမ္းႀကီး မုန္းေနတဲ့သူ မဟုတ္မွန္းသိရေတာ့ သူ႕ေျခလွမ္းေတြက ေ႐ွ႕ဆက္တိုးဖို႔ တတ္ႂကြလာသည္။မေမွ်ာ္လင့္ဘဲ ေလွ်ာက္လွမ္းမိသည့္သူ႕ေျခလွမ္းေတြက နာက်င္ရေတာင္ ေနာက္ဆုတ္မွ မဟုတ္ဘူး။သူက ဆုံးျဖတ္ခ်က္ ျပတ္သားတဲ့ အနာဂတ္ေခါင္းေဆာင္တစ္ေယာက္မို႔။

✨🌻

26.11.23 🍎

Continue Reading

You'll Also Like

2.8K 100 7
Some one shot idea I got for crossmare, and this is book I work on when I have time because I'm working on another book as well. So updates will not...
59.2K 5.7K 26
꧁Ⓒ︎Ⓗ︎Ⓐ︎Ⓝ︎Ⓑ︎Ⓐ︎Ⓔ︎Ⓚ︎꧂ Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... Baekhyun က ေမာင္ဆိုတဲ့ အခ်စ္ေလွာင္အိမ္ထဲမွာပိတ္မိ...
483K 7.3K 82
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
2.2K 83 10
hi there !! it's jeon twins×bts story just open I'm sure u won't be disappointed 😅🙃