FOREVER ONLY
Av Onyourm__aple
2.8K 392 21
မယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ် Mer
01
02
03
04
05
06
07
08
09
10
Uncut (or) Extra
335 42 9
Av Onyourm__aple
UNI...
Uncut
စိတ်ဆိုးပြီး ထွက်သွားသော Chanyeol ကြောင့် နေမထိ၊ထိုင်မသာဖြစ်ရတယ်။စိတ်ကောက်လျှင်လည်း ကလေးကြီးတစ်ယောက်လိုပဲ။ပြီးရင် သူမဟုတ်သလို လာခေါ်တတ်တယ်။
ခါတိုင်းလည်း စိတ်ဆိုး၊စိတ်ကောက်နေကျဆိုပေမယ့် ဒီနေ့မှ Chanyeol မျက်နှာကိုကြည့်ပြီး သနားစိတ်ဝင်လာတယ်။ဒူးခေါင်းနာနေသည့်ကြားမှ Sehun ကို ဦးစားပေးလိုက်လို့ စိတ်မကောင်းဖြစ်သွားပုံရတယ်။
ပြီးတော့ ဆေးလိပ်။အဲ့မကောင်းတဲ့ဆေးလိပ်တွေသောက်နေရင်း ဘယ်လိုလုပ်မလဲ။
« Kyungsoo..အနာက ဒီမှာ »
နေရာမှားပြီးဆေးလိမ်းနေတဲ့ Kyungsoo ကို လှမ်းသတိပေးလိုက်တယ်။အသိစိတ်တွေက Park Chanyeol နောက်လိုက်သွားတာလား မသိဘူး။တကယ်ပဲ ရန်ဖြစ်တိုင်း ပြန်ချစ်လိုက်လုပ်နေတဲ့ ဒီကြင်စဦးဇနီးမောင်နှံနဲ့ စိတ်ညစ်တယ်။
« Park Chanyeol အဲ့ကောင်။ခေါင်မိုးထပ်သွားတာ။သူမှာ တစ်ခြားသွားစရာနေရာ မရှိဘူး »
Kyungsoo မျက်လုံးလေးတွေ အရောင်တောက်သွားတယ်။
«ငါ..သူနောက် လိုက်သွားဦးမယ် »
Sehun ကို ဆေးလိမ်ပြီးသည့်နှင့် ပြေးထွက်လာခဲ့တယ်။ပြီးတော့ တစ်ခါမှ မလာဖူးသည့်ခေါင်မိုးထပ်ကို အရဲစွန့်ပြီး တတ်လာခဲ့ရတယ်။
★"★"
Sehun ခေါ်ရာနောက်ကို အသက်မပါသလို လိုက်ခဲ့တယ်။ဟုတ်တယ်။ Sehun ပြောသလိုပဲ Chanyeol က သူကို ပျင်းစရာကောင်းတဲ့သူဆိုပြီး အမြဲပြောတယ်။ Chanyeol နဲ့ဆက်ပြီးခင်ချင်ပေမယ့် Sehun က စကားအကုန်ပြောခဲ့ပြီမို့ သူကို Chanyeol စကားလာပြောတော့မှ မဟုတ်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် Chanyeol က သူကို တစ်နေ့နေ့မှာ သူငယ်ချင်းအဖြစ်က စွန့်ပစ်မှာပဲ။ဝမ်းနည်းစရာမလိုပါဘူး။
« Kyungsoo ငိုနေတာလား »
«ဟင့်အင်း »
ခေါင်းလေးခါပြီး ပြုံးပြလိုက်တယ်။သူ မငိုပါဘူး။ Chanyeol က တစ်လျှောက်လုံး ကာကွယ်ပေးခဲ့တယ် မဟုတ်လား။
«အဲ့ကောင်က ခဏပဲ။ပြီးရင် မင်းကို လာခေါ်လိမ့်မယ် »
«....»
«ပြီးတော့ မင်းကို ပျင်းစရာကောင်းတယ်ပြောပြီး မင်းအနားရောက်ရင် သွားမစိတော့ဘူး။အရူးကောင် !!ဘာလို့ ခဏ ခဏ ငါတို့ Kyungsoo လေးကို စိတ်မကောင်းဖြစ်အောင်လုပ်နေတာလား မသိဘူး »
Kyungsoo ပြုံးရင်း Sehun စကားကို ထောက်ခံလိုက်တယ်။ဟုတ်တယ် Park Chanyeol အရူးကောင် !! သူများအိမ်ကအဖိုးတန်သားလေးကို ငိုအောင် ခဏ ခဏလုပ်တယ်။ ပျင်းစရာကောင်းတဲ့ကောင်လို့စွပ်စွဲဆိုပြီး သူငယ်ချင်းမလုပ်နိုင်ဘူး ပြောတာက ဘယ်နှကြိမ်မှန်း မသိဘူး။
« ငါ တစ်ခေါက်လောက် ပျော်စရာကောင်းတာ လုပ်ကြည့်သင့်လား။ Chanyeol နဲ့အတူတူလေ »
Sehun ကိုမော့ကြည့်ပြီးမေးလာတဲ့အရောင်လဲ့လဲ့မျက်ဝန်းတွေ။
« မင်း သဘောလေ။ ‌ဒါပေမယ့် တစ်ခုကတိပေး Kyungsoo..အခန်းထဲရောက်ရင် အဲ့ကောင်ကို
လုံးဝမကြည့်နဲ့ »
«အင်း »
Kyungsoo ခေါင်းငြိမ့်ပြလိုက်တယ်။သူဘက်က ကြည့်ရင်တောင် Chanyeol က သိမှာမဟုတ်ဘူး။အမြဲတမ်း အခန်းထဲမှာ အိပ်ငိုက်နေလို့လေ။
★"★"
မနက်က နိုးလည်းမရနှင့် ။လှိမ့်အိပ်နေတဲ့ Chanyeol ကြောင့် မေမေဆီမှ အဆူခံလိုက်ရသည်။မကျေမနပ်နှင့် စိတ်ကောက်မိတော့ အနားမှာ တကောက်ကောက်လာချော့လေတယ်။စိတ်ဆိုးနေတဲ့အချိန် မျက်နှာငယ်လေးနှင့် လိုက်ချော့သည်ကို သဘော၍ မူပိုနေမိတယ်။ Chanyeol ရဲ့မျက်နှာလုပ်မှုနှင့် အသားတွေအများကြီးစားခဲ့ရပြီး စိတ်ဆိုးပြေလုလုတွင် Chanyeol ဖုန်းက ဝင်လာခဲ့တယ်။အမ်နာတဲ့လေ။
သန့်စင်ခန်းသွားသောChanyeol မသိအောင် ဖုန်းကိုင်လိုက်တော့ တစ်ဖက်မှာကြားလိုက်ရတဲ့အသံပိုင်ရှင်က Chanyeol အမှတ်နှင့်ကျေးဇူးတင်စကားဆိုလာတယ်။အသံမပေးဘဲ နားထောင်ပြီးမှ နောင်တရမိတယ်။အဲ့ဒါကြောင့် Chanyeol အခုတလော သူ့အနားကနေ လစ်ခနဲ၊လစ်ခနဲ့ ပျောက်သွားတာဖြစ်မယ်။အဲ့ဒီကောင်မလေး အန္တရာယ်အတွင်းကျနေတဲ့အချိန်မှာ အပြေးအလွှားသွားကူညီပေးတဲ့ Chanyeol ကို ဘယ်လိုယုံကြည်ရမလဲ။
တကယ်ပဲ Park Chanyeol မှာ သူမသိတဲ့လျှိုဝှက်ချက်တွေ ဘယ်နှခုလောက် ရှိနေမလဲ။
★"★"
မျက်နှာထက်မှာဒဏ်ရာကို မြင်ပြီး ပေါက်ကွဲမိသည့်က အစပြုပြီး Kyungsoo က သူကို ရှောင်နေခဲ့တယ်။မျက်နှာလေးတွေ့ဖို့အတွက် အတော်လေး ခက်ခဲနေတာကြောင့် ဒီရက်ပိုင်း သူရဲ့စိတ်က မကြည်မလင်ဖြစ်နေရတယ်။အချိန်တိုင်း စိတ်တိုပြီး ရန်ပွဲတွေလည်း ခဏ ခဏပါမိတယ်။ တားမဲ့သူမရှိ၍ ဖြစ်ချင်အတိုင်းဖြစ်နေတဲ့သူကို Sehun က လာပြောတယ်။စိတ်ဆိုးနေတဲ့လူကို မချော့ဘဲ ထားရင် ပိုဆိုးသွားမယ်တဲ့လေ။
အမှားမလုပ်ထားဘဲ စိတ်ဆိုးနေတဲ့ချစ်သူကို ဖမ်းရန် ကျောပိုးအိတ်ဆွဲပြီး ထွက်လာခဲ့တယ်။အတတ်ကောင်းတွေတတ်ပြီး ကျောင်းပြေးနေတာ။တွေ့မှာ ဂုတ်ကဆွဲပြီးခေါ်လာခဲ့ရမယ်။
ငယ်ငယ်ကသွားဖူးတဲ့ ကစားကွင်းဆီ ရောက်ခဲ့ပေမယ့် အရိပ်ကလေးတောင် မမြင်ရပါ။ဘယ်နားမှာ သွားပြီး သောင်းတင်နေမလဲ တွေးမိတော့ အတွေးထဲပေါ်လာတဲ့စတိုးဆိုင်တွေ။စိတ်ညစ်လျှင် စားချင်တာအကုန်စားတတ်တဲ့ Kyungsoo အကျင့်ကို သူ ကောင်းကောင်းသိတယ်။
« Chanyeol Oppa !!!»
လှမ်းခေါ်တဲ့သူကို လှည့်ကြည့်လိုက်တယ်။
« အမ်နာ ဘယ်လဲ »
« ဆေးဆိုင်က ပြန်လာတာ»
« ကျောင်း မတတ်ဘူးလား »
« မေမေ နေမကောင်းလို့ »
« ဒါနဲ့ Oppa ရော ကျောင်းပြေးတာလား »
« သူငယ်ချင်းတစ်ယောက်ကို လာဖမ်းတာ ..တွေ့မိသေးလား။မျက်လုံးဝိုင်းဝိုင်းနဲ့ ချစ်စရာကောင်းတဲ့ကလေးပေါက်လေးကို »
« Kyungsoo Oppaကို ပြောတာ မဟုတ်လား။အစောနက ဒီနားကစတိုးဆိုင်ထဲမှာ တွေ့လိုက်မိတယ် »
«ကျေးဇူးပဲ အမ်နာ ။သွားလိုက်ဦးမယ် »
အပြေးအလွှားနှုတ်ဆက်ပြီး ပြေးလာခဲ့တယ် ။ အရူးလေး နောက်ဆုံးတော့ မောင်လက်ထဲမှာ မိပြီ။
သို့သော် စတိုင်းဆိုင်ထဲမှာ Kyungsoo မပြောနှင့်။အရိပ်တောင် မမြင်ရပါ။
«အား!! ဘယ်ရောက်သွားတာလဲကွာ »
အော်ဟစ်ညီးတွားပြီး မျက်လုံးတွေကို ကစားလိုက်တော့ စတိုးဆိုင်ဘေး ခပ်လှမ်းလှမ်းမှာ ပန်းဆိုင်လေးမှာ အရိပ်သေးသေးလေးကို တွေ့လိုက်ရတယ်။
ဆိုင်ထဲဝင်ရန် ခြေလှမ်းလိုက်တော့ Kyungsoo အနားလာကပ်သည့်အရိပ်အမည်းကြီးကို မြင်လိုက်ရသည်။ဒေါသတွေထွက်လွန်လွန်းလို့ အံ့ကြိတ်ထားမိတယ်။
မောင် မသိအောင် ဒီလိုပျော်မြူးချင်တိုင်း ပျော်မြူးလို့ မရဘူး Kyungsoo!!
★"★"
Extra
Kyungsoo က မျက်နှာလေးရဲရဲနှင့် မိဘရှေ့မှာ ထိုင်နေတယ်။ Chanyeol ကတော့ တစ်လောကလုံး အပိုင်စားရထားသည့်မျက်နှာနှင့် Kyungsoo ကို ရင်ခွင်ထဲထည့်ထားတယ်။သူ့အသက်(၁၈)ပြည့်သွားပြီမို့ Kyungsoo နှင့်တရားဝင် စေ့စပ်ခွင့်ရသွားပြီ။လက်ထပ်ပွဲက Kyungsoo (၁၈)ပြည့်လျှင် ကျင်းပမှာမို့ အချိန်က ဘယ်လောက်မှ မလိုတော့ဘူး။ သူတို့ အတူတူနေရတော့မယ်။တွေးရင်း ပျော်လာတာကြောင့် မြင်နေရတဲ့ပါးဖောင်းဖောင်းလေးတွေ လှမ်းနမ်းလိုက်တယ်။ဒါကို မြင်သွားတဲ့မမက လှမ်းအော်တယ်။ Park Chanyeol အပြင်ထွက်တဲ့လေ။
«လာ...မောင်တို့ အခန်းထဲ သွားရအောင် »
လက်ကလေးဆွဲပြီး ခေါ်လာခဲ့လိုက်တယ်။လူကြီးတွေ စကားဝိုင်းမှာ ဒီသေးသေးလေးက အနေရခက်နေပြီ မဟုတ်လား။
«ဟို.. Chanyeol လက်ထပ်က စောလွန်းနေမလား»
«ဘာလဲ။မောင်နဲ့ အတူတူမနေချင်ဘူးလား »
«မဟုတ်ဘူး။ငါတို့က ငယ်သေးသလားလို့ »
«မောင်ကို ယုံပါ »
Chanyeol စကားကို ခေါင်းလေး ငြိမ့်ပြလိုက်တယ်။လက်ထပ်မချင်သေးဘူး ပြောလျှင် စိတ်ဆိုးနေမှာသိတော့ အလိုလိုနှုတ်ဆက်နေမိတယ်။
★"★"
ငယ်သေး၍ အိမ်ထောင်တာဝန်ထမ်းဆောင်ရန် စိုးထိန့်ခြင်းမျိုး နည်းနည်းမှာ မရှိခဲ့။ ချစ်ရသူနှင့်အနားမှာ နေရလျှင်ပင် ပျော်စရာဖြစ်နေ၍ အရာရာရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ နှစ်ဖက်မိဘတွေ အလိုတော်ကျ လက်ထပ်ပွဲကို ရွေ့ဆိုင်းလိုက်ရသည်။ လက်ထပ်တာ ကလေးကစားစရာမဟုတ်ဆိုကာ သူအား နားချလာသည့်မေမေကို ဆူပုတ်ပုတ်နှင့်သာ ကြည့်နေလိုက်တယ်။
« မေမေတို့ ကျွန်တော်တို့နှစ်ယောက်ကို ခွဲဖို့ကြံနေတာတော့ မဟုတ်ပါဘူးနော် »
«မဟုတ်တာ။သားတို့ရှေးရေးအတွက်ပါ »
ထုတ်သာ မပြောတယ်။ Kyungsoo လည်း ငယ်သေး၍ စိတ်ပူနေတာမျိုးရှိနေမှန်း ရိပ်မိတယ်။
«ဒါဆိုလည်း ပြီးတာပဲ။ဘွဲ့ရမှာ တစ်မျိုး လာမပြောနဲ့ »
မေမေကို နှုတ်ခမ်းဆူထော်ပြီး ကောက်ပစ်လိုက်တယ်။ပြီးမှ ‌မွေးနေ့တုန်းက ဖေဖေ့လက်ဆောင်ပေးသည့်ကားသော့လေးကို ယူကာ Kyungsoo ဆီ ထွက်လာခဲ့တယ်။အရူးလေးတစ်ယောက် ဒီအချိန် ဘာတွေလုပ်နေမလဲ ။
အသံမပေးဘဲ ဝင်ခဲ့တော့ မီးဖိုခန်းမှာ အိုးခွက်ကျသံတွေနှင့် ယောက္ခကြီးရဲ့ဆူသံတွေက ထပ်တူကျနေတယ်။လှမ်းကြည့်လိုက်တော့ Apron လေးဝတ်ပြီး ကြိုးစားပမ်းစား ဟင်းချက်နေတဲ့ချစ်သူကို မြင်လိုက်ရတယ်။ကြက်ဥလိပ်တစ်ခုပဲ ကောင်းကောင်းလုပ်တတ်တဲ့ကောင်လေးက ဟင်းချက်နည်းတွေတောင် သင်နေပြီ။
« ပြော။မောင် ဘာလုပ်ကူရမလဲ »
အသံပေးလိုက်မှ လန့်သွားသည့်ထင်။လက်ထဲမှာ ဇလုံကို ပစ်ချပစ်လိုက်တယ်။
« ဟဲ့ !! Doh Kyungsoo »
အပြောထက် အရင် လှမ်းခေါက်တယ်။လက်မြန်ခြေမြန်နှင့် မေမေဆီက အခေါက်ခံလိုက်ရ၍ မျက်နှာက ဆူပုတ်လာတယ်။ ဟင်းချက်တာကို ဘယ်သူကမွေးကတည်း တတ်လာလို့လဲ။တကယ်ပါပဲ။မေမေက စိတ်ရှည်ရှည်နဲ့ မသင်ပေးဘူး။
« ဖယ်..ဒီဟင်းအိုး မောင်ကြည့်ပေးထားမယ် »
« မင်း မချက်တတ်ဘဲနဲ့ »
« မောင်ကို ယုံပါ။သွားနားနေ »
ဟင်းအိုးကို မွှေပြီး အပေါ့၊အငန်မြည်းကာ ပြင်လိုက်တယ်။ Chanyeol အတွက် အသားဟင်းက အရွက်ကြော်လောက် မခက်ဘူး။
« မေမေ ဒါလေး မြည်းကြည့်ပေး။အဆင်ပြေတယ်လား »
«ပြေတယ် ။ပြေတယ်။ ခဏနေရင် ချလိုက်လို့ရပြီ »
မျက်စိရှေ့အတိုင်အဖောက်ညီနေတဲ့နှစ်ယောက်ကို ကြည့်ပြီး မျက်နှာပုတ်သိုးလာတယ်။မေမေက မျက်နှာလိုက်တယ်။
« Kyungsoo!!!ထမင်းစားမယ်။ပန်းကန်လာဆေး»
ကြည့်။သူကိုဆို အသံကျယ်ကျယ်နဲ့ အမြဲပြောတယ်။
ပန်းကန်(၃)ချပ် ယူဆေးပြီး ဟင်းပွဲပြင်ပေးလိုက်တယ်။ထမင်းစားရင်း စကားပြောနေတဲ့နှစ်ယောက်က သူကို စာ‌ခြောက်ရုပ်မှတ်နေသလားပင်။မကျေမနပ်နှင့် ထမင်းဝိုင်းမှာ ထခါနီး Chanyeol ခြေထောက်ကို ပိတ်ကန်ပစ်လိုက်တယ်။အရူးကောင် မေမေဆီက မျက်နှာလာယူနေတယ်။
« ဒီမှာ ဘာထိုင်လုပ်နေတာလဲ »
စိတ်ကောက်ပြီး အိမ်ရှေ့ထွက်ထိုင်တဲ့သူဆီ Chanyeol ရောက်လာခဲ့တယ်။
« ဟင်းမချက်တတ်လို့ ဒေါသထွက်နေတာလား »
«မောင်ကို ဒေါသထွက်နေတာ »
«ဟားဟား»
အော်ရယ်ရင်း ရင်ခွင်ထဲ ဆွဲထည့်လိုက်တယ်။
«မပူပါနဲ့။လက်ထပ်ပြီးရင် မောင် ချက်ကျွေးပါမယ်။မင်းက ဝါသနာပါတဲ့အလုပ်တွေပဲ လုပ်လေ»
ကြယ်တွေတဖျတ်ဖျတ်လဲ့နေတဲ့မျက်လုံးဝိုင်းလေးတွေကို ဖိကပ်နမ်းလိုက်တယ်။
လူတစ်ယောက်က မားစ်ဂြိုလ်ရဲ့ အရံPhobosလမြေမျက်နှာပြင်ပေါ်ကနေ တစ်ချက် ခုန်လိုက်တာနဲ့ အာကာသထဲ လွင့်သွားတယ်တဲ့လေ။သူကတော့ Kyungsoo မျက်လုံးလေးတွေ ကြည့်ရုံနှင့် အာကာသထဲ ရောက်သွားခဲ့ပြီ။
« မောင် Phobosလမျက်နှာပြင်‌ပေါ်ကနေ ခုန်ချလိုက်ရင် ဘယ်ရောက်သွားမလဲ »
«အာကာသထဲ ဒါမှမဟုတ် မားစ်ဂြိုလ်ထဲ ဝင်သွားလိမ့်မယ် »
ကြောင်တောင်တောင်ဖြစ်သွားပေမယ့် ဖြေရှာတယ်။သူသဘောကျတဲ့ အာကာသအကြောင်းမို့ ထင်ပါတယ်။
«အခု မောင် အာကာသရောက်နေသလိုခံစားရတယ် ။ မင်းမျက်လုံးတွေ အရမ်းလှနေလို့လေ »
« အဲ့ဒါ မင်းရှိလို့ ။ငါ့မျက်လုံးထဲမှာ »
ချစ်သူတွေတောင်ဖြစ်နေပြီ မင်း ငါကို ဖလစ်နေတုန်း ပြောချင်ပေမယ့် တကယ်တမ်းပြောလိုက်တဲ့စကားမှာ Chanyeol ထခုန်သွားလေတယ်။
« တစ်ခေါက်လောက်။တစ်ခေါက်လောက် ထပ်ပြောပေးဦး ။ မောင် ကြားချင်လို့ »
ရှက်ရှက်နဲ့ရင်ခွင်ထဲ ဝင်လည်း မရ။ဇွတ်အတင်းပြောခိုင်းလေတယ်။
«ငါ့မျက်လုံးတွေလှနေတာ မင်းရှိနေလို့ »
မျက်နှာလေးရဲရဲနှင့်ပြောပြီး ရင်ခွင်ဝင်ချိန်မရ၊နောက်တစ်ခေါက်၊နောက်တစ်ခေါက်နှင့်။
ထိုနေ့က ဘဝမှာ ပထမဆုံးအကြိမ် စကားတစ်ခွန်းကို အခေါက်ပေါင်းများစွာ ပြောခဲ့ရတယ်။
Chanyeol ပြောသလိုပဲ အချစ်ရှိတဲ့ နေ့ရက်တိုင်းက လှပနေတယ်ဆိုတာ အမှန်ဖြစ်တယ်။ဒီဘဝမှာ Chanyeol နဲ့သူငယ်ချင်းဖြစ်ပြီး ချစ်သူတွေဖြစ်လာတာက ဘုရားပေးတဲ့လက်ဆောင်ဖြစ်တယ်။
မိုးရွာနေလျှင် အပြေးအလွှားရောက်လာပြီး အဖော်ပြုပေးတဲ့ဒီသူငယ်ချင်းက သူ့ဘဝရဲ့လက်တွဲဖော်ဖြစ်လာမဲ့သူတဲ့လေ။ကြောက်ရွံ့ခြင်းမရှိ ကမ်းပေးတဲ့လက်ကို ပြန်ဆုပ်ကိုင်ခဲ့မိသည့် မိုးသည်းသည့်နေ့က ၁၀နှစ်သားလေးရဲ့ အကြည့်စူးစူးတွေကို ပြန်မြင်ယောင်လာတော့ ပြုံးမိတယ်။
ချစ်ခဲ့သမျှက အလိမ်အညာတွေ မဟုတ်ခဲ့ဘူး။
End ★"★"
အချိန်အကြာကြီးနေမှာ ပြန်ဖတ်လိုက်တဲ့
မေယ်လ်အရေးအသားက ဘယ်လိုနေလဲရှင့်
အဆင်မှပြေရဲ့လား
22.11.23 🍎
ZAW...
Uncut
« Kyungsoo..အနာက ဒီမှာ »
★"★"
« Kyungsoo ငိုနေတာလား »
«ဟင့်အင်း »
«....»
လုံးဝမကြည့်နဲ့ »
«အင်း »
★"★"
★"★"
« Chanyeol Oppa !!!»
« အမ်နာ ဘယ်လဲ »
« ဆေးဆိုင်က ပြန်လာတာ»
« ကျောင်း မတတ်ဘူးလား »
« မေမေ နေမကောင်းလို့ »
«ကျေးဇူးပဲ အမ်နာ ။သွားလိုက်ဦးမယ် »
★"★"
Extra
«မဟုတ်ဘူး။ငါတို့က ငယ်သေးတယ် »
«မောင်ကို ယုံပါ »
★"★"
« ပြော။မောင် ဘာလုပ်ကူရမလဲ »
« ဟဲ့ !! Doh Kyungsoo »
« မင်း မချက်တတ်ဘဲနဲ့ »
« မောင်ကို ယုံပါ။သွားနားနေ »
« Kyungsoo!!!ထမင်းစားမယ်။ပန်းကန်လာဆေး»
စိတ်ကောက်ပြီး အိမ်ရှေ့ထွက်ထိုင်တဲ့သူဆီ Chanyeol ရောက်လာတယ်။
«ဟားဟား»
ကြည်တွေတဖျတ်ဖျတ်လဲ့နေတဲ့မျက်လုံးဝိုင်းလေးတွေကို ဖိကပ်နမ်းလိုက်တယ်။
« အဲ့ဒါ မင်းရှိလို့ ။ငါ့မျက်လုံးထဲမှာ »
ချစ်သူတွေဖြစ်နေပြီ မင်း ငါကို ဖလစ်နေတုန်း ပြောချင်ပေမယ့် တကယ်တမ်းပြောလိုက်တဲ့စကားမှာ Chanyeol ထခုန်သွားလေတယ်။
«ငါ့မျက်လုံးတွေလှနေတာ မင်းရှိလို့ »
ချစ်ခဲ့သမျှက အလိမ်အညာတွေ မဟုတ်ဘူး။
End ★"★"
ချိန်အကြာကြီးမှော ပြန်တ်လိုက်တဲ့
မေပယ်လ်အရေးအသားက ဘယ်လိုလေဲရှင့်
အဆင်မှရြေဲ့လား
22.11.23🍎
Fortsett å les
You'll Also Like
1.2M 22.8K 94
Paisley Doh never really had a good life. After she confessed to her brother (Aaron Doh) that she wanted to move... she moved. Paisley slowly started...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
8K 1.1K 18
အချစ်....အချစ်ကဆန်းကြယ်တယ်... အ‌ နေ နီးတဲ့လူသားနှစ်ယောက် ဂရုစိုက်မှုတွေကြင်နာမှုတွေကြား သံယောဇဉ်ဖြစ်ပြီး ပေါ်ပေါက်လာတဲ့အချစ်ကမထူးဆန်းပေမယ့်~ ကိုယ်ချစ...
46.4K 808 26
⚠️discontinued ⚠️ It's my first fanfiction so I hope you like it. I decided to change this story from takemichi x Mikey to takemichi harem, I hope yo...