UNI...
အားကစားချိန်မှာ Basketball သင်ပေးခဲ့သည့်ကို ကောက်နေဆဲ ချစ်သူလေးက သူကို မြင်လျှင် မျက်စောင်းတခဲခဲနှင့်။အကြောင်းက Basketball ကောင်းကောင်းဆော့တတ်အောင် မသင်ပေးလို့တဲ့လေ။
ဘယ်လိုချော့ချော့ မရသည့်အဆုံး စိတ်ဆိုးပြေရမဲ့အချိန်ကိုသာ ထိုင်စောင့်နေရတယ်။
« ရော့ ဗိုက်ဆာနေပြီလား »
ကျောပိုးအိတ်ထဲက Sehun မမြင်အောင်ဝှက်ထားတဲ့ပေါင်မုန့်လေးထုတ်ပေးလိုက်တော့ မငြင်းဘဲ ယူသွားလေတယ်။
စကားနှင့်မဟုတ်ဘဲ မျက်နှာအမှုအယာနှင့်သာ သူကို စိတ်ဆိုးနေတာဖြစ်တယ်။အတော်လေး ချစ်ဖို့ကောင်းပြီး အသည်းယားစရာလေးဖြစ်နေ၍ အကြည့်လွှဲလိုက်တယ်။မဟုတ်ရင် ကိုက်စားမိတော့မယ်။
« ဘာလိုလို စာမေးပွဲဖြေရတော့မယ် ။
မောင့်မွေးနေ့လည်း ရောက်တော့မယ် »
ခပ်တိုးတိုးလေးပြောလိုက်တော့ မျက်လုံးလေးလှန်ပြီးကြည့်လာတယ်။တစ်ချက်ပြုံးရင် Kyungsoo အနားတိုးကပ်လိုက်တယ်။
« မောင်ကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲ »
« အာရုံထဲမှာတောင် မရှိဘူး »
« ပြန်ပေး !! အဲ့ပေါင်မုန့် »
စားနေရင်း အလုခံလိုက်ရတော့ ဒေါသမျက်လုံးတွေနှင့် ကြည့်လာတယ်။အခုနေ အစာအတွက် ချစ်သူကိုသတ်ရဖို့အတွက်လည်း
Doh Kyungsooတို့ ဝန်မလေးမှ မဟုတ်ဘူး။
« ပြန်ယူ...မောင်က စတာ ဟီး »
သွားလေးစိပြီးရယ်ပြလိုက်ရတယ်။
ဒီသေးသေးလေးက အလိုလိုက်ခံရတာများပြီး သူကို ကြောက်ရကောင်းမှန်းမသိတော့ဘူး။တစ်ခါတလေ သူကတောင် လူကြားထဲမှာ အော်သေးတယ်။ Park Chanyeol အရူးကောင် တဲ့လေ။
ချစ်သူဖြစ်ပြီးကတည်းက အလျော့ပေးလာတော့ ရှေ့လျှောက် Park Chanyeol တို့ ခိုင်းစားခံရဖို့ပဲ ရှိတော့တယ်။
ကိုယ့်အတွေးနှင့်ကိုယ့် တွေးပြီး ပြုံးကြည့်နေမိတော့ ပေါင်မုန့်လေး ထိုးပေးတယ်။
«စားချင်လို့လား »
«ဟင့်အင်း»
ခေါင်းခါပြီး ငြင်းလိုက်ရတယ်။ချစ်လို့ကြည့်တာကို မုန့်စားချင်နေတယ် မှတ်နေတယ် ။
★”★”
« Park Chanyeol မင်းလက် ငြိမ်ငြိမ်နေ !! »
မနက်ဖြန်ဆို စာမေးပွဲဖြေတော့မယ်။စာလုပ်ဖို့ စိတ်ကူးမရှိဘဲ အနားမှာလူကို လာကလိနေတဲ့အရူးကောင်ကို အော်ပစ်လိုက်တယ်။
« စာလုပ် !! »
စာလုပ်ဖို့ပြောလိုက်ရင် မျက်နှာက ဇီးရွက်လောက်နဲ့။
« စာက မင်းဖြစ်ရင် ကောင်းမှာပဲ »
အဖက်လုပ်ပြီး စကားမပြောချင်တာတော့ပါ။
အဲ့အရူးကောင်က မျက်နှာသာပေးလိုက်လျှင် ဟိုကိုင်၊ဒီကိုင်နဲ့။
« ဒါဆို မောင် နေ့တိုင်း လုပ်ဖြစ်မှာ »
စာအလွတ်ရေးနေတဲ့လက်ကလေးက တွန့်ခနဲ့ ဖြစ်သွားတယ်။အရူးကောင် ဖောက်လာပြီ။
« မကောင်းတဲ့အကောင် !!! »
နောက်ဆုံးမှာ ကျောကုန်းကို ထုပစ်လိုက်တယ်။
အဲ့လိုပေါက်ကရစကားတွေ ဘယ်က၊ဘယ်လိုတတ်လာမှန်းမသိဘူး။
«ငါ ထုလိုက်ရင် မင်း သေဖို့ပဲ ရှိတယ် »
« ဒါပေမယ့် မသေခင် မင်းကို ချစ်သွားဦးမှာ »
ပြောပြီး ကြမ်းပြင်ပေါ် လှဲလာတော့ အလန့်တကြားဖြစ်သွားတယ်။
« ဘာလဲ အခုမှ မောင်ကို ကြောက်ရမှန်းသိသွားတာလား »
«ဖယ်နော် မင်း !!! »
« မဖယ်ဘူး »
«ငါ စာမရသေးဘူး »
«အချိန်တွေ အများကြီး ကျန်သေးတယ် »
နှုတ်ခမ်းအိအိလေးကို ဖိကပ်နမ်းလိုက်တယ်။ပခုံးကို အတင်းတွန်းနေတဲ့လက်ကလေးတွေက
အနမ်းတွေရှည်ကြာလာတာနဲ့သမျှ အားယူပြီးဆုပ်ကိုင်လာတယ်။
နှုတ်ခမ်းလေးမှတစ်ဆင့် လည်တိုင်လေးကို ဆင်းသက်သွားတော့ အတင်းရုန်းလာတယ်။
«မင်း...အဆင့်တတ်လို့ မဖြစ်ဘူး »
« အင်း။ မောင် သိတယ် »
နဖူးလေးကို ငုံနမ်းပြီး အနမ်းတွေကို အဆုံးသတ်လိုက်တယ်။
« မနက်ဖြန် စာမေးပွဲ ကောင်းကောင်းဖြေကြရအောင်။ ဒါပြီးရင် မောင်တို့ လျှောက်လည်ကြမယ် »
«မင်းသာ စာအရင်လုပ်ပါ »
ရင်ဘတ်ကို တွန်းပြီး ထလိုက်တယ်။ဒါတောင် အရူးကောင်က ပြီတီတီနှင့် ပါးတစ်ဖက်ကို အသားယူသွားသေးတယ်။
★”★
စာလုပ်ရင်း အိပ်ပျော်သွားတဲ့ Kyungsoo ကို
ကုတင်ပေါ်တင်ပေးပြီး စောင်ခြုံပေးလိုက်တယ်။
သူကတော့ တစ်ညလုံးမအိပ်ရသည့်အထိ စာထိုင်လုပ်ပြီး မနက်မိုးလင်းခါးနီးမှ အိပ်ပျော်သွားခဲ့တယ်။
မနက်စာကို Kyungsoo ပြင်ပေးတဲ့ ကြက်ဥလိပ်စားပြီး စာမေးပွဲကို အောင်အောင်မြင်မြင်ဖြေနိုင်တဲ့အတွက် အခန်းထဲက ခုန်ပေါက်ပြီး ထွက်လာခဲ့တယ်။
« Kyungsoo မောင် ဖြေနိုင်တယ် »
Kyungsoo ဆီ အပြေးအလွှားသွားပြီး ပြောလိုက်တော့ ခေါင်းအနောက်လေးကို ပုတ်ပေးတယ်။ပင်ပန်းသွားပြီတဲ့လေ။
« လာ မင်းနဲ့အတူ သွားချင်တဲ့နေရာ ရှိတယ် »
« ဘယ်လဲ »
«ကစားကွင်း »
«မော....မောင် ရိုလာကိုစတာ မစီးဘူးနော် »
အကြောက်အကန့်ငြင်းနေရင်း Kyungsoo နောက် ပါသွားတယ်။ကစားကွင်းထဲမှာ ရှည်လျားတဲ့အရပ်နှင့်မှမလိုက် ရိုလာကိုစတာ စီးရန် ငြင်းနေတဲ့သူကို ငါးနှစ်သားကလေးတွေတောင် လှောင်ရယ်သွားကြတယ်။တကယ်ပါပဲ။ရှက်ဖို့ကောင်းလိုက်တာ။
«ဘယ်လိုပဲဖြစ်ဖြစ် မြင်းရဟက်ပဲစီးကြရအောင်လေ နော် ..»
«လာစမ်းပါ ။ မသေပါဘူး »
«မောင် ကြောက်တယ်လို့ Kyungsoo »
«လာစမ်းပါ »
ဘယ်လိုပဲငြင်းငြင်း, နောက်ဆုံးမှာ ရိုလာကိုစတာပေါ်မှာ တောင့်တောင့်ကြီး ထိုင်နေရတယ်။ကြောက်လွန်လွန်း Kyungsoo လက်တစ်ဖက်ကိုလည်း ငှားကိုင်ထားရသေးတယ်။
«လက်ကိုင်ခ မုန့်ဝယ်ကျွေးရမှာနော် »
ခေါင်းသာငြိမ့်ပြလိုက်တယ်။စက်မဖွင့်ရသေးဘူး။လူက ကြောက်နေပြီ။
« အားး!!အမေရေ »
စထွက်သည့်နှင့် Kyungsoo လက်ကို ဆွဲပြီး အော်လိုက်ရတာ အသံတွေတောင် နာတယ်။အောက်ရောက်တော့လည်း အမူးတော်တော်နှင့် မပြေ။
«မောင် အန်မိတော့မယ် ထင်တယ် »
«ဟေ့ကောင် နေဦးလေ »
ပြောပြီး လူရှင်းတဲ့နေရာပြေးသွားတဲ့ Chanyeol အနောက် အမြန်ပြေးလိုက်ပြီး ကျောပြင်လေးကို ထုပေးလိုက်ရတယ်။
« သက်သာလား »
« ဘာလဲ။ မောင်ကို အရှက်ခွဲတာလား ပြော ! »
နွမ်းလျပြီး အားမရှိသည့်ကြားမှ ရန်တွေ့လိုက်တယ်။မစီးနိုင်ဘူးပြောနေလျက်နှင့် အတင်းအနိုင်ကျင့်တယ်။အိမ်ထောင်ဦးစီးကိုလည်း လေးစားရမှန်းမသိ အရှက်ခွဲလေတယ်။
« မင်း နော် ! ငါကို မအော်နဲ့။မင်း လုပ်ချင်တာလုပ်နေရရင် ဒီမျက်နှာ မဟုတ်ဘူး »
ပျော်ဖို့ကောင်းမယ်အထင်နှင့် ခေါ်လာသည်ကို စိတ်ဆိုးပြလေတော့ မကျေမနပ်ဖြစ်မိတယ်။တကယ်ဆို စိတ်ဆိုးရမဲ့သူက သူမဟုတ်ဘူးလား။ဘာမဟုတ်တာလေးကို အကြောက်လွန်းနေတဲ့အရူးကောင်ကြောင့် ပျော်ချိန်တောင် မရလိုက်ဘူး။
« အစကတည်းက Sehun နဲ့ လာခဲ့တာ အကောင်းသား »
ပြောပြီး ချာခနဲ့လှည့်ထွက်သွားတဲ့ Kyungsoo လက်ကို အမြန်ပြေးဆွဲရသည်။
« မောင် သေချာ အမူးမပြေသေးဘူး »
«အဲ့တော့ ငါက ဘာလုပ်ရမှန်းမလဲ »
«တစ်ယောက်ယောက် မောင်ကို မ,ပြေးသွားရင် ဘယ်လိုလုပ်မလဲ »
«ငါက နှမြောမယ်ထင်လို့လား။လိုက်သွားလေ »
လက်ကို ခါရမ်းပြီးပြောတယ်။စိတ်ဆိုးနေတဲ့မျက်နှာလေးက တရေးရေးချစ်ဖို့ကောင်းလာတာမို့ ဆုပ်ကိုင်ထားသည့်လက်ကလေးကို လက်မလေးနှင့် ပွတ်ဆွဲလိုက်တယ်။
« စိတ်ဆိုးမပြေလည်း ရတယ်နော် ။ ပြီးမှ မောင့်အဆိုး မဆိုနဲ့ »
ပြောရင်း ခါးမှဆွဲကိုင်ပြီး အတင်းဖိဖက်လာတာမို့ မရမကာရုန်းရသည်။
« Chanyeol လွှတ်နော် ...ဒါ မင်းအိမ် မဟုတ်ဘူး»
«အဲ့ဒါကြောင့် မောင် သည်းခံနေတာပေါ့။မဟုတ်ရင် ဒီအဝတ်အစားတွေ မင်းကိုယ်ပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး »
နားရွက်အနား ကပ်၍ပြောလာသည့်အသည်းယားစရာစကားတွေ။လူများသည့်ကစားကွင်းဆိုသည့်အသိနှင့်သာ အတင်းရုန်းကန်နေရတယ်။အထိအတွေ့တွေနှင့် အပြောအဆိုတွေက ရန်ခုန်စရာအတိပင်။
တဖြည်းဖြည်း ရွေ့လျားလာသည့်မျက်နှာကို ကြည့်ပြီး ရှောင်ဖို့မေ့နေခဲ့တယ်။အိစက်လွန်းတဲ့နှုတ်ခမ်းသားတွေက စိတ်ကြိုက်ထိတွေ့နေတာမို့ ပါးစပ်လေးဟပေးလိုက်တယ်။
ပြောခဲ့သည့်စကားတွေကို တစ်သွေမသိမ်းမှတ်ထားကာ လိုက်လျောပေးတဲ့ချစ်သူလေးကို ခါးမှအတင်းဆွဲဖက်ကာ ရင်ဘတ်ချင်းထိတွေ့လိုက်တယ်။တဒုတ်ဒုတ်ခုန်နေတဲ့ရင်ခုန်သံတွေက နှစ်ယောက်လုံးဆီမှာဖြစ်ပြီး ဆူညံ့နေခဲ့တယ်။
« တော်ပြီ »
ထပ်ပြီးနမ်းမယ်ပြင်တော့ ခေါင်းလေးစောင်းပြီးရှောင်သွားတယ်။ မျက်နှာလေးနီရဲပြီး အရှက်သည်းနေတယ်။
«လာ။ မောင့်ရင်ခွင် »
ချက်ချင်း ရင်ခွင်ထဲရောက်လာပြီး ခါးကိုလည်း တင်းနေအောင်ဖက်တွယ်လာလေတယ်။
« မောင်က ဘယ်လောက်ချစ်ဖို့ကောင်းလဲ။
ရှက်နေရင် ဒီလိုမျိုး ကာကွယ်ပေးတယ် »
Kyungsoo သူ့ဖက်တွယ်ထားတဲ့လိပ်ကြီးကို အမြင်ကပ်ကပ်နှင့် ကုန်းကိုက်ပစ်လိုက်တယ်။လိပ်မှ တကယ့်လိပ်။
★”★”
ဆောင်းရာသီကို အနွေးဓာတ်တွေလွှမ်းခြုံစေသောလူသားလေးရဲ့မွေးနေ့က တစ်ဖန်ကျရောက်လို့လာတယ်။အရင်နှင့်မတူ၊တမူးထူးခြားသည်က Park Chanyeol ဖြစ်တယ်။မွေးနေ့ပွဲကို ခမ်းခမ်းနားနားကျင်းပချင်တယ်ဆိုတာ ရှိရှိသမျှ သူငယ်ချင်းအကုန်ဖိတ်ကာ စည်စည်ကားကားကျင်းပလေတယ်။မျက်စိရှုပ်၊နားရှုပ်နှင့်မို့ မွေးနေ့ပွဲမပြီးခင် အိမ်ပြန်လာခဲ့တယ်။အရူးကောင် ငါကိုမေ့ပြီး မွေးနေ့မှာ ပျော်နေလိုက်တာများ ။
တစ်ယောက်တည်းစိတ်ဆိုးပြီး လက်ထဲမှာ
ပြန်ပါလာတဲ့မွေးနေ့လက်ဆောင်ကို ကုတင်ပေါ်ပစ်တင်လိုက်တယ်။
အရူးကောင်။အဲ့သိုးမွှေးအင်္ကျီကို ငါ ဘယ်လောက်ကြိုးစားပြီး ထိုးခဲ့ရသလဲ။
«အား!!စိတ်တိုလိုက်တာ »
စိတ်ရှုပ်ရှုပ်နှင့် ဆံပင်တွေ ထိုးဖွပစ်လိုက်တယ်။အရူးကောင် !!မနက်ရောက်မှ အသည်းအသန်လာချော့ကြည့်။ ရှိရှိသမျှပစ္စည်းနဲ့ ပစ်ပါက်ပစ်လိုက်မယ်။
ကြောက်စရာကောင်းတဲ့အပြုံးနှင့် အခန်းတံခါးကို Lock ချပြီး အိပ်ပစ်လိုက်တယ်။
အိမ်မက်လှလှလေးတွေ မက်နေပုံရတဲ့ Kyungsoo က ပြုံးလျက် ကုတင်ထက်မှာ ခြေကားယား၊လက်ကားယားနှင့် အိပ်ပျော်နေတယ်။Chanyeol အိပ်နေတဲ့သူကို မျက်နှာငယ်လေးနှင့်ကြည့်ပြီး သူတွယ်တတ်ခဲ့သည့်ပြတင်းပေါက်တံခါးကို ပြန်ပိတ်လိုက်တယ်။
မွေးနေ့ပွဲကို အပြီးထိမနေဘဲ ပြန်သွားတဲ့ချစ်သူကို ဘယ်လိုအပြစ်မျိုးပေးသင့်လဲ။
ကုတင်အောက်ကျနေတဲ့လက်ဆောင်ဘူးလေးကို စားပွဲပေါ်တင်ပေးပြီး စောင်ထဲဝင်လိုက်တယ်။မွေးနေ့လက်ဆောင်အစား ဖက်အိပ်ရလည်း မဆိုးပါဘူး။
« Kyungsoo »
« Kyungsoo »
ပါးလေးကို ပုတ်ပြီးနိုးနေပေမယ့် မရ။
«အိပ်ပုတ်ကြီးလိုက်တာ »
ပါးဖောင်းဖောင်းလေးတွေကို ငုံနမ်းပြီး ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲထည့်လိုက်တယ်။စိတ်မြန်လက်မြန်နှင့်ပြန်သွားပုံကြည့်ရတာ စိတ်ဆိုးသွားတာဖြစ်ရမယ်။မနက်ရောက်လျှင် ကုတင်ပေါ်က ကန်ချခံဖို့ရာခိုင်နှုန်းများ၍ သတိနှင့် အိပ်စက်ရတယ်။သူ့ချစ်သူက လူကောင်က သေးတယ်။စိတ်ကြီးတယ်။
★”★”
တစ်ကိုယ်လုံး အချုပ်ခံထားရသလိုမျိုး တင်းကြပ်သောလက်တွေနှင့် ရစ်ပတ်ခြင်းခံထားရတယ်။ရုန်းနှင့်မရနှင့်မို့ စိတ်ရှုပ်ကာ မျက်လုံးတွေဖွင့်လိုက်တော့ ရင်ခွင်ကျယ်ကြီးထဲမှာ ပိတ်မိနေတယ်။နှာခေါင်းထဲ တိုးဝင်လာတဲ့ကိုယ်သင်းရနံ့ရယ်၊ခါးတွေက လက်တွေကြောင့် နှုတ်ခမ်းတွေပြုံးယောင်သန်းသွားပေမယ့် ခဏမျှဖြစ်တယ် ။
ဘယ်သူလဲ။ညက သူကို ပစ်ပြီး ပျော်နေတာ။
«အ့!!»
လက်မောင်းကို လှမ်းကိုက်လိုက်တော့ အိပ်နေရာမှ မျက်လုံးတွေဖွင့်လာတယ်။
« မင်း ဘယ်သူလဲ။ဘာလို့ ငါ့အိပ်ရာထဲ ရောက်နေတာလဲ »
နေ့ချင်းညချင်း အတိတ်မေ့သွားတဲ့ချစ်သူကို ကြည့်ပြီး ရယ်လိုက်မိတယ်။မိုးမလင်းသေးဘူး။စွာနေပြီ။
«ပြောပါဦး။ဘာလို့ အစောကြီးပြန်သွားရတာလဲ»
« ပစ်ထားပြီးမှ လာမကောက်နဲ့။ငါ အမှိုက်မဟုတ်ဘူး »
«ဟောဗျာ။မောင်ကလည်း အမှိုက်လို့ မပြောပါဘူး »
ပါးဖောင်းဖောင်းလေးတွေကို လှမ်းနမ်းလိုက်တော့ မျက်စောင်းလေးတွေခဲပြီး ရန်မူနေတယ်။
« စိတ်ဆိုးမနေနဲ့ကွာ။မောင်ကို မွေးနေ့လက်ဆောင်ပေးဦး »
«မပေးဘူး။ဘာမှလည်း မပြင်ထားဘူး »
«ဒါဆို အဲ့ဒါက ဘာလဲ »
စားပွဲပေါ်မှာ လက်ဆောင်ဘူးလေးကို လက်ညှိုးထိုးပြလိုက်တယ်။
«အမှိုက် »
«ဒါဆို မောင် ယူလိုက်မယ် »
ကုတင်ပေါ်က ဆင်းပြီး သွားယူလိုက်တယ်။လက်ဆောင်ဘူးလေးထဲမှာ ခရမ်းရောင်သိုးမွှေးအင်္ကျီလေးမြင်တော့ ထခုန်မတတ်ပျော်မိတယ်။
«ကိုယ်တိုင် ထိုးထားတာလား »
«ဘယ်သူပြောလဲ »
« ဒီမှာလေ Doh Kyungsoo ထိုးထားတာလို့ ရေးထားတယ် »
စနောက်နေပေမယ့် မရယ်၊မပြုံး မျက်နှာနှင့်။
«မောင် ဝတ်ကြည့်လိုက်မယ်နော် »
ပြောရင်း အင်္ကျီချွတ်လိုက်တော့ မျက်လုံးလေးတွေကို လက်နဲ့ကွယ်ပြီး အရှက်သည်းနေတယ်။
ထိုလက်ကလေးတွေကို ဖယ်လိုက်လျှင် နီနီရဲရဲမျက်နှာလေးပေါ်လာမယ်ဆိုတာ သိနေတော့ ပါးချိုင့်နက်နက်လေးပေါ်သည့်အထိ ပြုံးဖြစ်တယ်။
Doh Kyungsoo က အသည်းယားစရာအကောင်ပေါက်လေးပါဆို။
«အဲ့လက်တွေ ဖယ်လိုက်လို့ရပြီ။မောင်ကို ကြည့်ဦး။လိုက်တယ် မဟုတ်လား »
«အင်း။အရမ်းပဲ »
အစောနကလို မဟုတ်။ပြုံးနေတဲ့မျက်လုံးလေးနှင့် ပြောလာတယ်။
«ဘယ်လိုလဲ မောင်ရဲ့ချောမောမှုမြင်ပြီး စိတ်မကောက်နိုင်တော့ဘူး မှတ်လား »
ပြီတီတီမျက်နှာနှင့် ဆိုလာသည့်မို့ ခြေထောက်တစ်ဖက်ကို တက်နင်းပြီး ရေချိုးခန်းထဲ ပြေးဝင်လာခဲ့တယ်။
«သေ !! အဲ့မှာ »
«တစ်ယောက်တည်း အဆင်မပြေရင် မောင်လို့ တစ်ခွန်းပဲ ခေါ်လိုက် !! ပြေးလာခဲ့တယ်»
အရှက်မရှိအော်ပြောလာသည့်နားရှက်စရာစကားတွေကို မကြားချင်ယောင်ဆောင်လိုက်တယ်။
အဲ့ဒီအရူးကောင်ကို လက်ထပ်ပြီးမှ အပြုံးလှလှလေးတွေနဲ့ ခိုင်းစားပစ်ရမယ်။
★”★”
22.11.23 🍎
ZAW...
အားကစားခ်ိန္မွာ Basketball သင္ေပးခဲ့သည့္ကို ေကာက္ေနဆဲ ခ်စ္သူေလးက သူကို ျမင္လွ်င္ မ်က္ေစာင္းတခဲခဲႏွင့္။အေၾကာင္းက Basketball ေကာင္းေကာင္းေဆာ့တတ္ေအာင္ မသင္ေပးလို႔တဲ့ေလ။
ဘယ္လိုေခ်ာ့ေခ်ာ့ မရသည့္အဆုံး စိတ္ဆိုးေျပရမဲ့အခ်ိန္ကိုသာ ထိုင္ေစာင့္ေနရတယ္။
« ေရာ့ ဗိုက္ဆာေနၿပီလား »
ေက်ာပိုးအိတ္ထဲက Sehun မျမင္ေအာင္ဝွက္ထားတဲ့ေပါင္မုန္႔ေလးထုတ္ေပးလိုက္ေတာ့ မျငင္းဘဲ ယူသြားေလတယ္။
စကားႏွင့္မဟုတ္ဘဲ မ်က္ႏွာအမႈအယာႏွင့္သာ သူကို စိတ္ဆိုးေနတာျဖစ္တယ္။အေတာ္ေလး ခ်စ္ဖို႔ေကာင္းၿပီး အသည္းယားစရာေလးျဖစ္ေန၍ အၾကည့္လႊဲလိုက္တယ္။မဟုတ္ရင္ ကိုက္စားမိေတာ့မယ္။
« ဘာလိုလို စာေမးပြဲေျဖရေတာ့မယ္ ။
ေမာင့္ေမြးေန႔လည္း ေရာက္ေတာ့မယ္ »
ခပ္တိုးတိုးေလးေျပာလိုက္ေတာ့ မ်က္လုံးေလးလွန္ၿပီးၾကည့္လာတယ္။တစ္ခ်က္ျပဳံးရင္ Kyungsoo အနားတိုးကပ္လိုက္တယ္။
« ေမာင္ကို ေမြးေန႔လက္ေဆာင္ ဘာေပးမွာလဲ »
« အာ႐ုံထဲမွာေတာင္ မ႐ွိဘူး »
« ျပန္ေပး !! အဲ့ေပါင္မုန္႔ »
စားေနရင္း အလုခံလိုက္ရေတာ့ ေဒါသမ်က္လုံးေတြႏွင့္ ၾကည့္လာတယ္။အခုေန အစာအတြက္ ခ်စ္သူကိုသတ္ရဖို႔အတြက္လည္း
Doh Kyungsooတို႔ ဝန္မေလးမွ မဟုတ္ဘူး။
« ျပန္ယူ...ေမာင္က စတာ ဟီး »
သြားေလးစိၿပီးရယ္ျပလိုက္ရတယ္။
ဒီေသးေသးေလးက အလိုလိုက္ခံရတာမ်ားၿပီး သူကို ေၾကာက္ရေကာင္းမွန္းမသိေတာ့ဘူး။တစ္ခါတေလ သူကေတာင္ လူၾကားထဲမွာ ေအာ္ေသးတယ္။ Park Chanyeol အ႐ူးေကာင္ တဲ့ေလ။
ခ်စ္သူျဖစ္ၿပီးကတည္းက အေလ်ာ့ေပးလာေတာ့ ေ႐ွ႕ေလွ်ာက္ Park Chanyeol တို႔ ခိုင္းစားခံရဖို႔ပဲ ႐ွိေတာ့တယ္။
ကိုယ့္အေတြးႏွင့္ကိုယ့္ ေတြးၿပီး ျပဳံးၾကည့္ေနမိေတာ့ ေပါင္မုန္႔ေလး ထိုးေပးတယ္။
«စားခ်င္လို႔လား »
«ဟင့္အင္း»
ေခါင္းခါၿပီး ျငင္းလိုက္ရတယ္။ခ်စ္လို႔ၾကည့္တာကို မုန္႔စားခ်င္ေနတယ္ မွတ္ေနတယ္ ㅠ ㅠ
★”★”
« Park Chanyeol မင္းလက္ ၿငိမ္ၿငိမ္ေန !! »
မနက္ျဖန္ဆို စာေမးပြဲေျဖေတာ့မယ္။စာလုပ္ဖို႔ စိတ္ကူးမ႐ွိဘဲ အနားမွာလူကို လာကလိေနတဲ့အ႐ူးေကာင္ကို ေအာ္ပစ္လိုက္တယ္။
« စာလုပ္ !! »
စာလိုက္ဖို႔ေျပာလိုက္ရင္ မ်က္ႏွာက ဇီး႐ြက္ေလာက္နဲ႔။
« စာက မင္းျဖစ္ရင္ ေကာင္းမွာပဲ »
အဖက္လုပ္ၿပီး စကားမေျပာခ်င္တာေတာ့ပါ။
အဲ့အ႐ူးေကာင္က မ်က္ႏွာသာေပးလိုက္လွ်င္ ဟိုကိုင္၊ဒီကိုင္နဲ႔။
« ဒါဆို ေမာင္ ေန႔တိုင္း လုပ္ျဖစ္မွာ »
စာအလြတ္ေရးေနတဲ့လက္ကေလးက တြန္႔ခနဲ႔ ျဖစ္သြားတယ္။အ႐ူးေကာင္ ေဖာက္လာၿပီ။
« မေကာင္းတဲ့အေကာင္ !!! »
ေနာက္ဆုံးမွာ ေက်ာကုန္းကို ထုပစ္လိုက္တယ္။
အဲ့လိုေပါက္ကရစကားေတြ ဘယ္က၊ဘယ္လိုတတ္လာမွန္းမသိဘူး။
«ငါ ထုလိုက္ရင္ မင္း ေသဖို႔ပဲ ႐ွိတယ္ »
« ဒါေပမယ့္ မေသခင္ မင္းကို ခ်စ္သြားဦးမွာ »
ေျပာၿပီး ၾကမ္းျပင္ေပၚ လွဲလာေတာ့ အလန္႔တၾကားျဖစ္သြားတယ္။
« ဘာလဲ အခုမွ ေမာင္ကို ေၾကာက္ရမွန္းသိသြားတာလား »
«ဖယ္ေနာ္ မင္း !!! »
« မဖယ္ဘူး »
«ငါ စာမရေသးဘူး »
«အခ်ိန္ေတြ အမ်ားႀကီး က်န္ေသးတယ္ »
ႏႈတ္ခမ္းအိအိေလးကို ဖိကပ္နမ္းလိုက္တယ္။ပခုံးကို အတင္းတြန္းေနတဲ့လက္ကေလးေတြက
အနမ္းေတြ႐ွည္ၾကာလာတာနဲ႔သမွ် အားယူၿပီးဆုပ္ကိုင္လာတယ္။
ႏႈတ္ခမ္းေလးမွတစ္ဆင့္ လည္တိုင္ေလးကို ဆင္းသက္သြားေတာ့ အတင္း႐ုန္းလာတယ္။
«မင္း...အဆင့္တတ္လို႔ မျဖစ္ဘူး »
« အင္း။ ေမာင္ သိတယ္ »
နဖူးေလးကို ငုံနမ္းၿပီး အနမ္းေတြကို အဆုံးသတ္လိုက္တယ္။
« မနက္ျဖန္ စာေမးပြဲ ေကာင္းေကာင္းေျဖၾကရေအာင္။ ဒါၿပီးရင္ ေမာင္တို႔ ေလွ်ာက္လည္ၾကမယ္ »
«မင္းသာ စာအရင္လုပ္ပါ »
ရင္ဘတ္ကို တြန္းၿပီး ထလိုက္တယ္။ဒါေတာင္ အ႐ူးေကာင္က ၿပီတီတီႏွင့္ ပါးတစ္ဖက္ကို အသားယူသြားေသးတယ္။
★”★ 5
စာလုပ္ရင္း အိပ္ေပ်ာ္သြားတဲ့ Kyungsoo ကို
ကုတင္ေပၚတင္ေပးၿပီး ေစာင္ျခဳံေပးလိုက္တယ္။
သူကေတာ့ တစ္ညလုံးမအိပ္ရသည့္အထိ စာထိုင္လုပ္ၿပီး မနက္မိုးလင္းခါးနီးမွ အိပ္ေပ်ာ္သြားခဲ့တယ္။
မနက္စာကို Kyungsoo ျပင္ေပးတဲ့ ၾကက္ဥလိပ္စားၿပီး စာေမးပြဲကို ေအာင္ေအာင္ျမင္ျမင္ေျဖႏိုင္တဲ့အတြက္ အခန္းထဲက ခုန္ေပါက္ၿပီး ထြက္လာခဲ့တယ္။
« Kyungsoo ေမာင္ ေျဖႏိုင္တယ္ »
Kyungsoo ဆီ အေျပးအလႊားသြားၿပီး ေျပာလိုက္ေတာ့ ေခါင္းအေနာက္ေလးကို ပုတ္ေပးတယ္။ပင္ပန္းသြားၿပီတဲ့ေလ။
« လာ မင္းနဲ႔အတူ သြားခ်င္တဲ့ေနရာ ႐ွိတယ္ »
« ဘယ္လဲ »
«ကစားကြင္း »
«ေမာ....ေမာင္ ႐ိုလာကိုစတာ မစီးဘူးေနာ္ »
အေၾကာက္အကန္႔ျငင္းေနရင္း Kyungsoo အေနာက္ ပါသြားတယ္။ကစားကြင္းထဲမွာ ႐ွည္လ်ားတဲ့အရပ္ႏွင့္မွမလိုက္ ႐ိုလာကိုစတာ စီးရန္ ျငင္းေနတဲ့သူကို ငါးႏွစ္သားကေလးေတြေတာင္ ေလွာင္ရယ္သြားၾကတယ္။တကယ္ပါပဲ။႐ွက္ဖို႔ေကာင္းလိုက္တာ။
«ဘယ္လိုပဲျဖစ္ျဖစ္ ျမင္းရဟက္ပဲစီးၾကရေအာင္ေလ ေနာ္ ..»
«လာစမ္းပါ ။ မေသပါဘူး »
«ေမာင္ ေၾကာက္တယ္လို႔ Kyungsoo »
«လာစမ္းပါ »
ဘယ္လိုပဲျငင္းျငင္း, ေနာက္ဆုံးမွာ ႐ိုလာကိုစတာေပၚမွာ ေတာင့္ေတာင့္ႀကီး ထိုင္ေနရတယ္။ေၾကာက္လြန္လြန္း Kyungsoo လက္တစ္ဖက္ကိုလည္း ငွားကိုင္ထားရေသးတယ္။
«လက္ကိုင္ခ မုန္႔ဝယ္ေကြၽးရမွာေနာ္ »
ေခါင္းသာၿငိမ့္ျပလိုက္တယ္။စက္မဖြင့္ရေသးဘူး။လူက ေၾကာက္ေနၿပီ။
« အားး!!အေမေရ »
စထြက္သည့္ႏွင့္ Kyungsoo လက္ကို ဆြဲၿပီး ေအာ္လိုက္ရတာ အသံေတြေတာင္ နာတယ္။ေအာက္ေရာက္ေတာ့လည္း အမူးေတာ္ေတာ္ႏွင့္ မေျပ။
«ေမာင္ အန္မိေတာ့မယ္ ထင္တယ္ »
«ေဟ့ေကာင္ ေနဦးေလ »
ေျပာၿပီး လူ႐ွင္းတဲ့ေနရာေျပးသြားတဲ့ Chanyeol အေနာက္ အျမန္ေျပးလိုက္ၿပီး ေက်ာျပင္ေလးကို ထုေပးလိုက္ရတယ္။
« သက္သာလား »
« ဘာလဲ။ ေမာင္ကို အ႐ွက္ခြဲတာလား ေျပာ ! »
ႏြမ္းလ်ၿပီး အားမ႐ွိသည့္ၾကားမွ ရန္ေတြ႕လိုက္တယ္။မစီးႏိုင္ဘူးေျပာေနလ်က္ႏွင့္ အတင္းအႏိုင္က်င့္တယ္။အိမ္ေထာင္ဦးစီးကိုလည္း ေလးစားရမွန္းမသိ အ႐ွက္ခြဲေလတယ္။
« မင္း ေနာ္ ! ငါကို မေအာ္နဲ႔။မင္း လုပ္ခ်င္တာလုပ္ေနရရင္ ဒီမ်က္ႏွာ မဟုတ္ဘူး »
ေပ်ာ္ဖို႔ေကာင္းမယ္အထင္ႏွင့္ ေခၚလာသည္ကို စိတ္ဆိုးျပေလေတာ့ မေက်မနပ္ျဖစ္မိတယ္။တကယ္ဆို စိတ္ဆိုးရမဲ့သူက သူမဟုတ္ဘူးလား။ဘာမဟုတ္တာေလးကို အေၾကာက္လြန္းေနတဲ့အ႐ူးေကာင္ေၾကာင့္ ေပ်ာ္ခ်ိန္ေတာင္ မရလိုက္ဘူး။
« အစကတည္းက Sehun နဲ႔ လာခဲ့တာ အေကာင္းသား »
ေျပာၿပီး ခ်ာခနဲ႔လွည့္ထြက္သြားတဲ့ Kyungsoo လက္ကို အျမန္ေျပးဆြဲရသည္။
« ေမာင္ ေသခ်ာ အမူးမေျပေသးဘူး »
«အဲ့ေတာ့ ငါက ဘာလုပ္ရမွန္းမလဲ »
«တစ္ေယာက္ေယာက္ ေမာင္ကို မ,ေျပးသြားရင္ ဘယ္လိုလုပ္မလဲ »
«ငါက ႏွေျမာမယ္ထင္လို႔လား။လိုက္သြားေလ »
လက္ကို ခါရမ္းၿပီးေျပာတယ္။စိတ္ဆိုးေနတဲ့မ်က္ႏွာေလးက တေရးေရးခ်စ္ဖို႔ေကာင္းလာတာမို႔ ဆုပ္ကိုင္ထားသည့္လက္ကေလးကို လက္မေလးႏွင့္ ပြတ္ဆြဲလိုက္တယ္။
« စိတ္ဆိုးမေျပလည္း ရတယ္ေနာ္ ။ ၿပီးမွ ေမာင့္အဆိုး မဆိုနဲ႔ »
ေျပာရင္း ခါးမွဆြဲကိုင္ၿပီး အတင္းဖိဖက္လာတာမို႔ မရမကာ႐ုန္းရသည္။
« Chanyeol လႊတ္ေနာ္ ...ဒါ မင္းအိမ္ မဟုတ္ဘူး»
«အဲ့ဒါေၾကာင့္ ေမာင္ သည္းခံေနတာေပါ့။မဟုတ္ရင္ ဒီအဝတ္အစားေတြ မင္းကိုယ္ေပၚမွာ ႐ွိေတာ့မွာ မဟုတ္ဘူး »
နား႐ြက္အနား ကပ္၍ေျပာလာသည့္အသည္းယားစရာစကားေတြ။လူမ်ားသည့္ကစားကြင္းဆိုသည့္အသိႏွင့္သာ အတင္း႐ုန္းကန္ေနရတယ္။အထိအေတြ႕ေတြႏွင့္ အေျပာအဆိုေတြက ရန္ခုန္စရာအတိပင္။
တျဖည္းျဖည္း ေ႐ြ႕လ်ားလာသည့္မ်က္ႏွာကို ၾကည့္ၿပီး ေ႐ွာင္ဖို႔ေမ့ေနခဲ့တယ္။အိစက္လြန္းတဲ့ႏႈတ္ခမ္းသားေတြက စိတ္ႀကိဳက္ထိေတြ႕ေနတာမို႔ ပါးစပ္ေလးဟေပးလိုက္တယ္။
ေျပာခဲ့သည့္စကားေတြကို တစ္ေသြမသိမ္းမွတ္ထားကာ လိုက္ေလ်ာေပးတဲ့ခ်စ္သူေလးကို ခါးမွအတင္းဆြဲဖက္ကာ ရင္ဘတ္ခ်င္းထိေတြ႕လိုက္တယ္။တဒုတ္ဒုတ္ခုန္ေနတဲ့ရင္ခုန္သံေတြက ႏွစ္ေယာက္လုံးဆီမွာျဖစ္ၿပီး ဆူညံ့ေနခဲ့တယ္။
« ေတာ္ၿပီ »
ထပ္ၿပီးနမ္းမယ္ျပင္ေတာ့ ေခါင္းေလးေစာင္းၿပီးေ႐ွာင္သြားတယ္။ မ်က္ႏွာေလးနီရဲၿပီး အ႐ွက္သည္းေနတယ္။
«လာ။ ေမာင့္ရင္ခြင္ »
ခ်က္ခ်င္း ရင္ခြင္ထဲေရာက္လာၿပီး ခါးကိုလည္း တင္းေနေအာင္ဖက္တြယ္လာေလတယ္။
« ေမာင္က ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလဲ။
႐ွက္ေနရင္ ဒီလိုမ်ိဳး ကာကြယ္ေပးမယ္ »
Kyungsoo သူ႕ဖက္တြယ္ထားတဲ့လိပ္ႀကီးကို အျမင္ကပ္ကပ္ႏွင့္ ကုန္းကိုက္ပစ္လိုက္တယ္။
လိပ္မွ တကယ့္လိပ္။
★”★”
ေဆာင္းရာသီကို အေႏြးဓာတ္ေတြလႊမ္းျခဳံေစေသာလူသားေလးရဲ႕ေမြးေန႔က တစ္ဖန္က်ေရာက္လို႔လာတယ္။အရင္ႏွင့္မတူ၊တမူးထူးျခားသည္က Park Chanyeol ျဖစ္တယ္။ေမြးေန႔ပြဲကို ခမ္းခမ္းနားနားက်င့္ပခ်င္တယ္ဆိုတာ ႐ွိ႐ွိသမွ် သူငယ္ခ်င္းအကုန္ဖိတ္ကာ စည္စည္ကားကားက်င္းပေလတယ္။မ်က္စိ႐ႈပ္၊နား႐ႈပ္ႏွင့္မို႔ ေမြးေန႔ပြဲမၿပီးခင္ အိမ္ျပန္လာခဲ့တယ္။အ႐ူးေကာင္ ငါကိုေမ့ၿပီး ေမြးေန႔မွာ ေပ်ာ္ေနလိုက္တာမ်ား ။
တစ္ေယာက္တည္းစိတ္ဆိုးၿပီး လက္ထဲမွာ
ျပန္ပါလာတဲ့ေမြးေန႔လက္ေဆာင္ကို ကုတင္ေပၚပစ္တင္လိုက္တယ္။
အ႐ူးေကာင္။အဲ့သိုးေမႊးအက်ႌကို ငါ ဘယ္ေလာက္ႀကိဳးစားၿပီး ထိုးခဲ့ရသလဲ။
«အား!!စိတ္တိုလိုက္တာ »
စိတ္႐ႈပ္႐ႈပ္ႏွင့္ ဆံပင္ေတြ ထိုးဖြပစ္လိုက္တယ္။အ႐ူးေကာင္ !!မနက္ေရာက္မွ အသည္းအသန္ေခ်ာ့ၾကည့္။ ႐ွိ႐ွိသမွ်ပစၥည္းနဲ႔ ပစ္ပါက္ပစ္လိုက္မယ္။
ေၾကာက္စရာေကာင္းတဲ့အျပဳံးႏွင့္ အခန္းတံခါးကို Lock ခ်ၿပီး အိပ္ပစ္လိုက္တယ္။
အိမ္မက္လွလွေလးေတြ မက္ေနပုံရတဲ့ Kyungsoo က ျပဳံးလ်က္ ကုတင္ထက္မွာ ေျခကားယား၊လက္ကားယားႏွင့္ အိပ္ေပ်ာ္ေနတယ္။
Chanyeol အိပ္ေနတဲ့သူကို မ်က္ႏွာငယ္ေလးႏွင့္ၾကည့္ၿပီး သူတြယ္တတ္ခဲ့သည့္ျပတင္းေပါက္တံခါးကို ျပန္ပိတ္လိုက္တယ္။
ေမြးေန႔ပြဲကို အၿပီးထိမေနဘဲ ျပန္သြားတဲ့ခ်စ္သူကို ဘယ္လိုအျပစ္မ်ိဳးေပးသင့္လဲ။
ကုတင္ေအာက္က်ေနတဲ့လက္ေဆာင္ဘူးေလးကို စားပြဲေပၚတင္ေပးၿပီး ေစာင္ထဲဝင္လိုက္တယ္။ေမြးေန႔လက္ေဆာင္အစား ဖက္အိပ္ရလွ်င္ မဆိုးပါဘူး။
« Kyungsoo »
« Kyungsoo »
ပါးေလးကို ပုတ္ၿပီးႏိုးေနေပမယ့္ မရ။
«အိပ္ပုတ္ႀကီးလိုက္တာ »
ပါးေဖာင္းေဖာင္းေလးေတြကို ငုံနမ္းၿပီး ကိုယ္လုံးေသးေသးေလးကို ရင္ခြင္ထဲထည့္လိုက္တယ္။စိတ္ျမန္လက္ျမန္ႏွင့္ျပန္သြားပုံၾကည့္ရတာ စိတ္ဆိုးသြားတာျဖစ္ရမယ္။မနက္ေရာက္လွ်င္
ကုတင္ေပၚက ကန္ခ်ခံဖို႔ရာခိုင္ႏႈန္းမ်ား၍ သတိႏွင့္ အိပ္စက္ရတယ္။သူ႕ခ်စ္သူက လူေကာင္က ေသးတယ္။စိတ္ႀကီးတယ္။
★”★”
တစ္ကိုယ္လုံး အခ်ဳပ္ခံထားရသလိုမ်ိဳး တင္းၾကပ္ေသာလက္ေတြႏွင့္ ရစ္ပတ္ျခင္းခံထားရတယ္။႐ုန္းႏွင့္မရႏွင့္မို႔ စိတ္႐ႈပ္ကာ မ်က္လုံးေတြဖြင့္လိုက္ေတာ့ ရင္ခြင္က်ယ္ႀကီးထဲမွာ ပိတ္မိေနတယ္။ႏွာေခါင္းထဲ တိုးဝင္လာတဲ့ကိုယ္သင္းရနံ႔ရယ္၊ခါးေတြက လက္ေတြေၾကာင့္ ႏႈတ္ခမ္းေတြျပဳံးေယာင္သန္းသြားေပမယ့္ ခဏမွ်ျဖစ္တယ္ ။
ဘယ္သူလဲ။ညက သူကို ပစ္ၿပီး ေပ်ာ္ေနတာ။
«အ့!!»
လက္ေမာင္းကို လွမ္းကိုက္လိုက္ေတာ့ အိပ္ေနရာမွ မ်က္လုံးေတြဖြင့္လာတယ္။
« မင္း ဘယ္သူလဲ။ဘာလို႔ ငါ့အိပ္ရာထဲ ေရာက္ေနတာလဲ »
ေန႔ခ်င္းညခ်င္း အတိတ္ေမ့သြားတဲ့ခ်စ္သူကို ၾကည့္ၿပီး ရယ္လိုက္မိတယ္။မိုးမလင္းေသးဘူး။စြာေနၿပီ။
«ေျပာပါဦး။ဘာလို႔ အေစာႀကီးျပန္သြားရတာလဲ»
« ပစ္ထားၿပီးမွ လာမေကာက္နဲ႔။ငါ အမိႈက္မဟုတ္ဘူး »
«ေဟာဗ်ာ။ေမာင္ကလည္း အမိႈက္လို႔ မေျပာပါဘူး »
ပါးေဖာင္းေဖာင္းေလးေတြကို လွမ္းနမ္းလိုက္ေတာ့ မ်က္ေစာင္းေလးေတြခဲၿပီး ရန္မူေနတယ္။
« စိတ္ဆိုးမေနနဲ႔ကြာ။ေမာင္ကို ေမြးေန႔လက္ေဆာင္ေပးဦး »
«မေပးဘူး။ဘာမွလည္း မျပင္ထားဘူး »
«ဒါဆို အဲ့ဒါက ဘာလဲ »
စားပြဲေပၚမွာ လက္ေဆာင္ဘူးေလးကို လက္ညိႇဳးထိုးျပလိုက္တယ္။
«အမိႈက္ »
«ဒါဆို ေမာင္ ယူလိုက္မယ္ »
ကုတင္ေပၚက ဆင္းၿပီး သြားယူလိုက္တယ္။လက္ေဆာင္ဘူးေလးထဲမွာ ခရမ္းေရာင္သိုးေမႊးအက်ႌေလးျမင္ေတာ့ ထခုန္မတတ္ေပ်ာ္မိတယ္။
«ကိုယ္တိုင္ ထိုးထားတာလား »
«ဘယ္သူေျပာလဲ »
« ဒီမွာေလ Doh Kyungsoo ထိုးထားတာလို႔ ေရးထားတယ္ »
စေနာက္ေနေပမယ့္ မရယ္၊မျပဳံး မ်က္ႏွာႏွင့္။
«ေမာင္ ဝတ္ၾကည့္လိုက္မယ္ေနာ္ »
ေျပာရင္း အက်ႌခြၽတ္လိုက္ေတာ့ မ်က္လုံးေလးေတြကို လက္နဲ႔ကြယ္ၿပီး အ႐ွက္သည္းေနတယ္။
ထိုလက္ကေလးေတြကို ဖယ္လိုက္လွ်င္ နီနီရဲရဲမ်က္ႏွာေလးေပၚလာမယ္ဆိုတာ သိေနေတာ့ ပါးခ်ိဳင့္နက္နက္ေလးေပၚသည့္အထိ ျပဳံးျဖစ္တယ္။
Doh Kyungsoo က အသည္းယားစရာအေကာင္ေပါက္ေလးပါဆို။
«အဲ့လက္ေတြ ဖယ္လိုက္လို႔ရၿပီ။ေမာင္ကို ၾကည့္ဦး။လိုက္တယ္ မဟုတ္လား »
«အင္း။အရမ္းပဲ »
အေစာနကလို မဟုတ္။ျပဳံးေနတဲ့မ်က္လုံးေလးႏွင့္ ေျပာလာတယ္။
«ဘယ္လိုလဲ ေမာင္ရဲ႕ေခ်ာေမာမႈျမင္ၿပီး စိတ္မေကာက္ႏိုင္ေတာ့ဘူး မွတ္လား »
ၿပီတီတီမ်က္ႏွာႏွင့္ ဆိုလာသည့္မို႔ ေျခေထာက္တစ္ဖက္ကို တက္နင္းၿပီး ေရခ်ိဳးခန္းထဲ ေျပးဝင္လာခဲ့တယ္။
«ေသ !! အဲ့မွာ »
«တစ္ေယာက္တည္းအဆင္မေျပရင္ ေမာင္လို႔ တစ္ခြန္းပဲ ေခၚလိုက္ !! ေျပးလာခဲ့တယ္»
အ႐ွက္မ႐ွိေအာ္ေျပာလာသည့္နား႐ွက္စရာစကားေတြကို မၾကားခ်င္ေယာင္ေဆာင္လိုက္တယ္။
အဲ့ဒီအ႐ူးေကာင္ကို လက္ထပ္ၿပီးမွ အျပဳံးလွလွေလးေတြနဲ႔ ခိုင္းစားပစ္ရမယ္။
★”★”
22.11.23 🍎