UNI...
« ဒေါ်လေး Kyungsoo နိုးပြီလား »
«ထုံးစံအတိုင်း အိပ်ကောင်းနေတယ်»
«ဒါဆို ကျွန်တော် သွားနိုးလိုက်မယ်နော် »
ဒေါ်လေးဆီက ဖြေသံမကြားခင် ပြေးထွက်လာခဲ့တယ်။ Park Chanyeol တို့က ဒီအခွင့်အရေးကို စောင့်နေခဲ့တာလေ။
ခြေတံရှည်အားကိုးနှင့် လှေကားထစ်တွေကို ကျော်ခွတတ်လာခဲ့တယ်။အခန်းတံခါးဆွဲဖွင့်လိုက်တော့ ထုံးစံအတိုင်း အိပ်ပုတ်လေးက မနိုးသေးပါ။ကုတင်အောက်မှာ ပြုတ်ကျနေတဲ့ အာကာသစာအုပ်ကို စားပွဲပေါ်တင်ပေးပြီးမှ ပုစွန်ထုပ်လေးဆီ လျှောက်သွားလိုက်တယ်။ပြီးတော့ ခြုံထားတဲ့စောင်ကို ဆွဲယူပြီး...
« Kyungsoo ထမှာလား »
အိပ်ပုတ်လေးက တုပ်တုပ်မလှုပ် ငြိမ်နေတယ်။
« မထသေးရင် ဟိုဘက်တိုး။မောင် စောင်ထဲ ဝင်ခဲ့မို့ »
အိပ်နေသူက မျက်လုံးမဖွင့်။နေရာ ဖယ်ပေးတယ်။စောင်ထဲဝင်ပြီး Kyungsoo ကိုယ်လုံးလေးကို တင်းနေအောင်ဖက်လိုက်တော့ သူ့ခါးကိုဖက်ပြီး ရင်ခွင်ထဲ တိုးဝင်လာတယ်။
စိတ်ရှိလို့သာ မနက်ခင်းအစောကြီး ထပြီး Kyungsoo ဆီလာခဲ့တာ။သူလည်း နေဖင်ထိုးအောင် အိပ်ချင်သေးတယ်။
ရင်ခွင်ထဲက ကိုယ်လုံးသေးသေးလေးကို ငုံနမ်းပြီး မျက်လုံးတွေမှိတ်လိုက်တော့ အိမ်မက်ကမ္ဘာထဲကို အလိုလိုရောက်သွားခဲ့တယ်။
« Chanyeol...ထ »
လက်မောင်းရင်းကို လှုပ်နိုးနေတဲ့အထိအတွေ့လေး။အသိဆိုပေမယ့် မျက်လုံးက ဖွင့်မရ။သူ အိပ်ရေးပျက်ထားတဲ့ရက်တွေ များနေပြီ။
« ထဆို..အရူးကောင်ရဲ့ »
ရင်ဘတ်ကို ထုပစ်လိုက်တာ အင့်ခနဲ့ပင်။အရူးလေး အိပ်နေတဲ့သူကို ကြင်ကြင်နာနာအနမ်းပေးပြီး မနိုးဘူး။
« မထလည်းနေ ငါ ရေချိုးတော့မယ် »
ရင်ခွင်ထဲက ကုန်းရုန်းထသွားသူကို လက်မှ ဆွဲချလိုက်တော့ သူ့ရင်ခွင်ပေါ် ပြိုကျလာတယ်။လန့်သွားသူက ရန်ထောင်ဖို့လည်း မမေ့။သူ့နားရွက်ကားကားတွေကို လှမ်းဆွဲလို့ စိတ်ဆိုးပြသေးတယ်။
« မနက်စောစောစီးစီး စွာနေတာ
သည်းသည်းလေးက »
« ဖယ် ! ငါ ရေချိုးတော့မယ် »
«နေပါဦး ။အနမ်းနဲ့ မနိုးဘဲ ဘာလို့ မောင်ကို အတင်းထုရိုက်နေရတာလဲ »
ထရန်ပြင်နေတဲ့ခါးလေးကို အတင်းဆွဲချပြီး နှာခေါင်းချင်း ပွတ်သတ်လျက်မေးလိုက်တယ်။
«တစ်လတိတိ မထိတွေ့ရဘူးလို့ ပြောထားတာကို ဘာလို့ လူကို အသားယူချင်နေရတာလဲ »
«ချစ်လို့လေ ..မင်းရော မောင်ကို မချစ်ဘူးလား »
မောင်တဲ့။ဒီအသုံးအနှုန်းကို အသားမကျစွာ ရှက်မိတယ်။ Park Chanyeol အရူးကောင်။ လူကို ဘယ်လိုရင်ခုန်အောင်လုပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။
«မချစ်ပါဘူး။ဖယ် လွှတ် »
ခါးပေါ်က လက်တွေကို အတင်းတွန်းထုတ်၍ ရုန်းလိုက်တယ်။
«အတင်းမရုန်းနဲ့ဆိုကွာ »
ခါးပေါ်က လက်တွေကို ဖျစ်ညစ်ပြီး ပြောလိုက်တယ်။ငေးကြည့်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက သူကို ချစ်မြတ်နိုးကြောင့်ဖော်ပြနေ၍ ကြင်နာစွာ ဖိကပ်နမ်းလိုက်တယ်။
«လိမ်ရင် မောင်ဆီက တစ်သက်လုံး ရုန်းမထွက်နိုင်မှာ မဟုတ်ဘူး »
«ဘယ်သူက ရုန်းထွက်မယ်ပြောလို့လဲ»
ကြားလိုက်ရသည့်စကားကို မယုံနိုင်။မျက်လုံးဝိုင်းဝိုင်းလေးတွေကို ငေးကြည့်နေမိတယ်။နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေရင်း တံခါးဖွင့်သံကြား၍ Kyungsooကို သူ့ဘေးအမြန်လှဲချ၍ အိပ်ချင်ယောင်ဆောင်လိုက်ရတယ်။
« ကြည့်စမ်း Doh Kyungsoo! လာနိုးတဲ့သူကို ပြန်အိပ်ခိုင်းနေတယ် ! ထစမ်း ! »
သူ့ခါးပေါ်က Kyungsoo လက်ကလေးတွေကို ဖယ်ရှားရင်း ပြောလာတယ်။သူမှာ ချစ်သူကို ကာကွယ်ပေးချိန် မရလိုက်။Kyungsooရဲ့ တင်ပါးတစ်ခြမ်းက ယောက္ခမ လက်ချမိသွားခဲ့တယ်။
«မေမေကလည်း »
«မေမေကလည်းတွေ လုပ်မနေနဲ့။သွား ရေသွားချိုး ။ ဒီမှာ သူငယ်ချင်းက စောင့်နေရတာ ဘယ်လောက်အားနာဖို့ကောင်းလဲ »
ဆူပုတ်ပုတ်လေးနှင့်သည်းသည်းလေးက သူကို မကျေမနပ် နှာမှုတ်ပြတယ်။ဇာတ်လမ်းကတော့ စပြီ။
«မင်းကြောင့် »
ပါးစပ်လှုပ်ရုံလေး ပြောသွားတဲ့စကားကို ဒေါ်လေး ကြားမယ်မထင်။သူကတော့ ခေါင်းကျိန်းနေရတယ်။မနက်ခင်းအစမှာတင် Park Chanyeol တို့ ကံကောင်းနေပြီ။
★”★”
စိတ်ဆိုးနေတဲ့သည်းသည်းလေးကို တစ်နေ့ကုန်ချော့ရင်း နေ့လယ်စာ စားချိန်မှာ ထမင်းအဖြူသာ စားလိုက်ရတယ်။သူ့ပန်းကန်ထဲက ဟင်းတွေအကုန်ထည့်ပေးပြီး မျက်နှာလုပ်ခဲ့ပေမယ့် အသည်းမာလှတဲ့ Kyungsoo က အဖက်မလုပ်။ပုံမှန် သူငယ်ချင်းအချင်းချင်းစိတ်ဆိုး၊စိတ်ကောက်တာတောင် အဲ့လောက်မချော့ရဘဲ ချစ်သူတွေဖြစ်မှ အကောက်သန်လေးဖြစ်သွားရသလား။စိတ်ရှုပ်ရှုပ်နှင့် ဆံပင်တွေကို ထိုးဖွလိုက်တယ်။အရူးလေး အဲ့လိုစိတ်ဆိုး၊စိတ်ကောက်တာတွေကို ချော့ရတာ မောင် စိတ်မရှည်ပါဘူးဆို။
« Chanyeol စကားပြောမယ် »
ပြောပြီး အရှေ့က ထွက်သွားတဲ့အကောင်ပေါက်လေးအနောက် ခုန်ပေါက်ပြီးပြေးလိုက်ခဲ့တယ်။နောက်ဆုံးတော့ သည်းသည်းလေး စကားလာပြောပြီ။
« မင်း ငါကို ဝန်ခံစရာရှိလား »
တရားခံစစ်သလိုကြည့်နေတဲ့မျက်လုံးတွေနှင့် လေးနက်တည်ငြိမ်နေတာမြင်တော့ ခေါင်းကို ပြင်းပြင်းထန်ထန်အလုပ်ပေးလိုက်တယ်။စကားတစ်ခွန်းကို ပေါ့ပေါ့တန်တန်ဖြေလို့မရဘူး။သည်းသည်းလေးက အမှန်တရားကို သိချင်နေတာ။
« မနေ့က ! ဟုတ်တယ် ! မနေ့က မင်း စားပွဲပေါ်မှာ မှောက်အိပ်နေတုန်း မောင် ခိုးနမ်းခဲ့သေးတယ် ။ဒါပေမယ့် မပူပါနဲ့။ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး »
လက်ဟန်ခြေဟန်နှင့် ရှင်းပြလာတဲ့ Chanyeol ကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။တကယ် မသိတာလား ။ မသိချင်ယောင်ဆောင်နေတာလား။
« အဲ့ဒါ မဟုတ်ဘဲ ငါကို မသိစေချင်တဲ့အကြောင်းအရာ »
«အကြောင်းအရာ ? »
ခေါင်းအေးအေးထားပြီး စဉ်းစားလိုက်တော့ ခေါင်းထဲပေါ်လာတဲ့အကြောင်းအရာက တစ်ခုတည်း။
« တောင်းပန်ပါတယ် ။အဲ့ဒါ မောင် သဝန်တိုလို့ မပြောဘဲ ချန်ထားခဲ့တာ »
Kyungsoo မျက်ခုံးလေးတွေ ပင့်သက်သွားတယ်။သဝန်တိုတာနဲ့ ကောင်မလေးတစ်ယောက်ကို ဖုန်းနံပါတ်လွယ်လွယ်ပေးရောလား။
« မမက မင်းကို ဆိုင်ခေါ်လာခဲ့ခိုင်းနေတာ ကြာပြီ။မောင်က သဝန်တိုပြီး မပြောတာ။တောင်းပန်ပါတယ်။မမဆီက အဆူခံရသေးလား။မောင်ကြောင့်ပါ ။ မောင် အမှန်တိုင်းပြောပြီး မမ ထုသမျှ ခံလိုက်ပါ့မယ် »
Kyungsoo သက်ပြင်းသာ ချလိုက်တယ်။သူ မေးတာတစ်ခြား ဖြေနေတာတစ်ခြားလုပ်နေတဲ့ဒီအရူးနှင့် တကယ် စိတ်ညစ်ပါတယ်။
« ထားတော့ ။ မင်းကို ငါ စိတ်မဆိုးတော့ဘူး။ ငါ့အနားက တစ်စက္ကန့်ပျောက်သွားကြည့် သတ်ပစ်လိုက်မှာ »
အေးစက်စက်မျက်နှာနှင့် ကြောက်စရာကောင်းအောင်ပြောလာတဲ့သူ့သည်းသည်းလေးက ဘာလို့ ချစ်လို့ကောင်းနေရတာလဲ။မနေနိုင် မထိုင်နိုင် ။ပါးလေးကို လှမ်းဖျစ်ညစ်လိုက်တော့ လက်ကို မညှာမတာ ကိုက်ချပစ်လိုက်လေတယ်။
မောင် နာတယ်လေဟု မျက်နှာငယ်လေးနှင့်ပြောလာတဲ့ Chanyeol ကို တွေတွေလေးကြည့်ပြီး ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။ကောင်မလေးတစ်ယောက်ကို ဖုန်းနံပါတ်ပေးတာ အကြောင်းမဟုတ်ဘူး။အဲ့ကောင်မလေးက Chanyeol နဲ့ ဘယ်လိုပတ်သတ်နေတာလဲဆိုတာ သိချင်လွန်လွန်း ရူးတော့မယ်။ဒါပေမယ့် အပြစ်ကင်းစင်တဲ့မျက်နှာလေးမြင်တော့ မျက်စိမှိတ်ယုံပေးမိတယ်။
« မင်း ငါကို အချစ်ဆုံး မဟုတ်လား »
« ဒါပေါ့။မောင်မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ် »
ရင်ခွင်ထဲ ပိုတိုးဝင်လာတဲ့အကောင်ပေါက်လေးကို တယုတယလေးပွေ့ဖက်ပေးလိုက်တယ်။မချွဲစဖူးချွဲနေတော့မြင်တော့ ရင်ထဲကလိကလိနှင့်။ မျက်နှာတစ်ခုလုံး ရင်ခွင်ထဲဝှက်ထားတာမို့ မြင်နေရတဲ့နားရွက်ဖျားလေးကို ငုံနမ်းရင်း ကျေနပ်နေရတယ်။
★”★”
ဆိုင်မလာတာကြာပြီဖြစ်တဲ့ Kyungsoo ကို မမက နားရွက်ကလေးတွေ ပွတ်သက်လို့ ကြည့်မဝဖြစ်နေတယ်။ဘေးနားကမေမေကလည်း မမ လုပ်သမျှငြိမ်နေတဲ့ Kyungsooကို ပြုံးကြည့်ပြီး ကြည်နူးနေပြန်တယ်။မသိရင် Kyungsoo က မမ့ကောင်လေးကျနေတာပဲ။
ဘေးနားကနေ နှုတ်ခမ်းကြီးဆူထော်ပြီး စိတ်ကောက်ပြလည်း Kyungsoo က မမြင်။မေမေတို့မသိအောင် ပေါင်လှမ်းဆိတ်လည်း မရနှင့်။သူမှာ ကြက်ကြီးလည်လိမ်ထားသလိုပင် အသည်းကွဲနေရတယ်။
မေမေ ဆိုင်အနောက်ဘက် ဝင်သွားမှ စိတ်အနည်းငယ်အေးသွားတယ်။မေမေမရှိမှ မမကို အနိုင်ကျင့်လို့ရမှာ မဟုတ်လား ။
« မမ ဖယ်ပါဦး။ Kyungsoo ကို အဲ့လောက်ကြည့်ရ တော်ရောပေါ့ »
Kyungsoo ခေါင်းပေါ်က မမ့လက်တွေကို ပုတ်ထုတ်ပြီးပြောလိုက်ရတယ်။အဲ့ဒါကြောင့် Kyungsoo ကို ဆိုင်မခေါ်လာခဲ့ချင်တာ။
« မမ ဆိုင်ထဲ ဧည်သည့်ဝင်လာပြီ »
« နင် သွားမေးလိုက်လေ။ ငါ ဒီမှာ ကလေးနဲ့ စကားပြောလိုက်ဦးမယ် »
« မမ !! »
အော်လည်း မရ။ Kyungsoo အနား ကပ်နေပြန်တယ်။တကယ်ကို စိတ်ရှုပ်လာပြီ။ ရည်းစားရသွားမှာ နားအေးမှာ။
« မေမေ ...မမကို သဘောတူထားတဲ့သူ မရှိဘူးလား !! »
အသံအကျယ်ကြီးနှင့် ဆိုင်အနောက်ဘက်က မေမေကို လှမ်းမေးလိုက်တယ်။ဧည်သည့်တွေရှိလည်း မတတ်နိုင်ဘူး။မမကို တကယ် ချစ်သူရစေချင်နေပြီ။
« ဒီမှာ Menu လေးတစ်ချက်ပြပါလား »
« အာ ဟုတ်ကဲ့ »
လှမ်းခေါ်တာမို့ စားပွဲထိုးလေးတစ်ဖြတ်လုပ်ပေးလိုက်ရတယ်။မမနဲ့စကားပြောနေတဲ့သည်းသည်းလေးက သူ့အလုပ်ကြိုးစားနေတာမြင်တော့ ပါးစပ်လှုပ်ရုံလေးပြောလာတယ်။ Fighting တဲ့လေ။
သည်းသည်းလေးပေးတဲ့အားအင်နဲ့ အလုပ်ကြိုးစားရင်း မထင်မှတ်ထားတဲ့သူက ဆိုင်ထဲဝင်လာတယ်။
သူ့နည်းတူ ပါးစပ်လေးပွင့်အ,နေတဲ့တစ်ဖက်လူက အသိကပ်လာသည့်နှင့် ပြုံးပြတယ်။ထုံးစံအတိုင်း မျက်နှာပေါ်မှာ ဒဏ်ရာတစ်ချို့ရှိနေ၍ အနည်းငယ် စိတ်မကောင်းဖြစ်မိတယ်။
« ဒါ Chanyeol Oppa တို့ ဆိုင်လား »
« အင်း အမ်နာ။ ထိုင်လေ »
လွတ်နေတဲ့စားပွဲပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။ပြီးမှ Menu ချပေးပြီး မှာသမျှချရေးပြီး မေမေဆီမှာ Orderတင်လိုက်တယ်။
« တစ်ခုခုလိုရင် လှမ်းပြောနော် »
ခေါက်ဆွဲအေးနှင့် ကြက်ကြော်ချပေးပြီး အပိုအနေနှင့် အချိုရည်လက်ဆောင်ပေးလိုက်တယ်။
« နောက်တစ်ခါ အကူအညီလိုရင် အားမနာဘဲ ဖုန်းဆက်လိုက်ပါ »
သနားကြင်နာမှုအပြည့်နှင့် ပြောလိုက်တယ်။မိန်းကလေးတစ်ယောက် ဒီလိုအနိုင်ကျင့်ခံရရင် တကယ် စိတ်မကောင်းဖြစ်ရတယ်။
« Chanyeol ငါ ပြန်တော့မယ် »
« ဟမ် လိုက်ပို့ပေးမယ်လေ »
အေးဆေးနေမယ်ပြောပြီး ထပြန်သွားတဲ့ Kyungsoo ကို မမက နားမလည်သလိုကြည့်နေတယ်။
« မမ ဘာတွေသွားပြောလိုက်တာလဲ။ကျွန်တော့်ကောင်လေး စိတ်ဆိုးသွားပြီ »
အနားရောက်လာတဲ့မမကို ရန်တွေ့ရင်း Apron ကို ဆွဲချွတ်လိုက်တယ်။
« ငါ ဘာမှမပြောဘူး။ခေါင်းမူးတယ်ဆိုပြီး ထပြန်သွားတာ ။ ဒါနဲ့ နေပါဦး ကောင်လေးဆိုတာ ဘာသဘောလဲ »
မမ့စကားက အနောက်မှာကျန်ခဲ့တယ်။
« Kyungsoo မောင်ကို စောင့်ဦး »
ခြေတံတိုတိုလေးအနောက်ပြေးလိုက်ပြီး အရှေ့မှာ ပိတ်ရပ်လိုက်တယ်။
« ဘာလိုက်လုပ်တာလဲ »
«လိုက်ပို့မို့လေ »
ပြောပြီး လက်ကလေးကို ဆုပ်ကိုင်လာတယ်။
« ဖယ်ပါ။မင်းရဲ့အရေးကြီးဧည်သည့်ကိုပဲ သွားဂရုစိုက် »
လက်ကလေးကို ခါရမ်းပြီးပြောလာမှ သဘောပေါက်တော့တယ်။သည်းသည်းလေးက သူကို သဝန်တိုနေတာပေါ့လေ။
« ဒါသဝန်တိုနေတဲ့မျက်နှာလေးပေါ့။မောင် အသည်းယားလိုက်တာ »
ပါးလေးနှစ်ဖက်ကို အတင်းဖျစ်ညစ်လိုက်တယ်။စိတ်ဆိုးနေတဲ့အကောင်ပေါက်လေးက ဖျစ်ညစ်ထားတဲ့လက်တွေဆီက မရမကာရုန်းပြီး လက်မောင်းကို လာကိုက်တယ်။အော်လည်း မလွှတ်ပေးနှင့် အတင်းဖိကိုက်နေတာမို့ တစ်ကိုယ်လုံးတွန့်လှိမ့်ကာ နာကျင်မှုကို အံတုနေရတယ်။
စိတ်ကြိုက်ကိုက်ပြီးမှ လွှတ်ပေးတယ်။သွေးစို့နေတဲ့ဒဏ်ရာကိုမြင်တော့ ဘာလို့ မရုန်းတာလဲတဲ့လေ။
« မောင် ရုန်းလိုက်ရင် မင်း ထိခိုက်သွားမှာပေါ့ »
ကြင်နာမှုအပြည့်နှင့်မျက်ဝန်းတွေ။အကယ်၍များ ဒီနေ့မြင်ကွင်းကိုသာ မမြင်ခဲ့လျှင် သူဆီ ဘယ်လိုဓာတ်ပုံမျိုးပို့ပို့၊ဘယ်လိုစာမျိုးပို့ပို့ Chanyeol ကိုပဲ ယုံကြည်နေမှာ။အခုတော့ ကြင်နာရိပ်သန်းနေတဲ့မျက်ဝန်းတွေကို ကြည့်ပြီး နာကျင်နေရတယ်။ Chanyeol က သူမှမဟုတ်ဘူး။ဘယ်သူမဆို ကြင်ကြင်နာနာနဲ့ ဂရုစိုက်တတ်တယ်။
သူအတွက် သီးသန့်မဟုတ်တဲ့ဒီဖြစ်တည်မှုကို အထင်လွှဲမိလျှင် ထုံးစံအတိုင်း စိတ်ဆိုးဦးမလား သိချင်မိတယ်။
★”★”
အမ်နာတဲ့။ Chanyeol တိတ်တိတ်လေး ကာကွယ်ပြီး စောင့်ရှောက်နေတဲ့မိန်းကလေးက နာမည်လှသလို ရုပ်ရည်ကလည်း အပြစ်ပြောစရာမလို။
ဆက်တိုက်ပို့နေတဲ့ Message တွေကို လျစ်လျူရှူထားပြီးမှ အာရုံစိုက်မိပြန်တယ်။မနေ့က အမ်နာကိုကြည့်နေတဲ့ Chanyeol မျက်ဝန်းတွေက သနားကြင်နာမှုအပြည့်ပင်။လူတွေပြောတဲ့ သနားချစ်က ပိုလေးနက်တယ်ဆိုတာ ဒါကိုပြောတာများလား။
တွေးရင်း စိတ်တွေလေးလာတာကြောင့် ပြတင်းပေါက်မှာတစ်ဆင့် ကောင်းကင်ပြာကြီးကို ငေးကြည့်မိတယ်။မကြာသေးခင်မှ မိုးရွာထားတဲ့ကောင်းကင်ကြီးက အခုတော့ ရှင်းရှင်းလင်းလင်းနှင့် တိမ်လိပ်တွေ ကင်းစင်နေတယ်။
မတည်မြဲတဲ့လောကမှာ သူတို့နှစ်ယောက်ရဲ့အချစ်က ထာဝရတည်ရှိပါ့မလား။
« ဘာတွေတွေးနေတာလဲ ။ မောင်ကို ပြောပြ »
အနားရောက်လာသူက အပြုံးနုနုလေးတွေနှင့်။ခေါင်းခါပြီး ငြင်းလိုက်ရတယ်။
«ဘာမှမဟုတ်ပါဘူး »
«ဒါဆို အခုကစပြီး မောင့်အကြောင်း တွေးနေ »
ပြုံးလိုက်မိပေမယ့် အပြုံးတွေက ထင်သလောက် အသက်မဝင်ခဲ့ပါ။
ပုံမှန်ဆို မျက်နှာလေးရဲပြီးရန်ပြန်တွေ့တတ်တဲ့ကောင်လေးက ထူးထူးဆန်းဆန်းငြိမ်နေတယ်။အပြုံးတွေကလည်း အားယူပြီးပြုံးနေသလိုပင်အရောင်ဖျော့နေတယ်။
« အရောင်မှိန်းနေတယ် »
«ဟင် »
«မင်းအပြုံးတွေလေ »
Chanyeol ပြောရင်း ပါးဖောင်းဖောင်းလေးတွေကို လက်ကလေးထိုးလိုက်တယ်။လှပတဲ့အပြုံးတွေ ပျောက်ဆုံးနေတာ ဘယ်အချိန်ကတည်းကလဲ။
ဒီလောက်ကြင်ကြင်နာနာချစ်ပြနေတာကို သံသယဝင်နေတုန်းလား။ဒါမှမဟုတ် သူ မသိတဲ့တစ်ခြားအကြောင်းအရာများရှိနေတာလား။
«စိတ်ညစ်နေရင် မောင်ကို ရင်ဖွင့်လို့ရတယ် ။မောင်က မင်းအတွက် အားဆေးလေးဖြစ်ပေးမယ် »
Kyungsoo ပြုံးနေသလောက် ရင်ဘတ်ထဲက စူးပြီး အောင့်နေခဲ့တယ်။
ဘယ်လောက်ပဲ Chanyeol ဂရုစိုက်ပြ၊မနေ့က မြင်ကွင်းက မျက်လုံးထဲက မထွက်ဘူး။
★”★”
22.11.23🍎
ZAW...
« ေဒၚေလး Kyungsoo ႏိုးၿပီလား »
«ထုံးစံအတိုင္း အိပ္ေကာင္းေနတယ္»
«ဒါဆို ကြၽန္ေတာ္ သြားႏိုးလိုက္မယ္ေနာ္ »
ေဒၚေလးဆီက ေျဖသံမၾကားခင္ ေျပးထြက္လာခဲ့တယ္။ Park Chanyeol တို႔က ဒီအခြင့္အေရးကို ေစာင့္ေနခဲ့တာေလ။
ေျခတံ႐ွည္အားကိုးႏွင့္ ေလွကားထစ္ေတြကို ေက်ာ္ခြတတ္လာခဲ့တယ္။အခန္းတံခါးဆြဲဖြင့္လိုက္ေတာ့ ထုံးစံအတိုင္း အိပ္ပုတ္ေလးက မႏိုးေသးပါ။ကုတင္ေအာက္မွာ ျပဳတ္က်ေနတဲ့ အာကာသစာအုပ္ကို စားပြဲေပၚတင္ေပးၿပီးမွ
ပုစြန္ထုပ္ေလးဆီ ေလွ်ာက္သြားလိုက္တယ္။ၿပီးေတာ့ ျခဳံထားတဲ့ေစာင္ကို ဆြဲယူၿပီး...
« Kyungsoo ထမွာလား »
အိပ္ပုတ္ေလးက တုပ္တုပ္မလႈပ္ ၿငိမ္ေနတယ္။
« မထေသးရင္ ဟိုဘက္တိုး။ေမာင္ ေစာင္ထဲ ဝင္ခဲ့မို႔ »
အိပ္ေနသူက မ်က္လုံးမဖြင့္။ေနရာ ဖယ္ေပးတယ္။ေစာင္ထဲဝင္ၿပီး Kyungsoo ကိုယ္လုံးေလးကို တင္းေနေအာင္ဖက္လိုက္ေတာ့ သူ႕ခါးကိုဖက္ၿပီး ရင္ခြင္ထဲ တိုးဝင္လာတယ္။
စိတ္႐ွိလို႔သာ မနက္ခင္းအေစာႀကီး ထၿပီး Kyungsoo ဆီလာခဲ့တာ။သူလည္း ေနဖင္ထိုးေအာင္ အိပ္ခ်င္ေသးတယ္။
ရင္ခြင္ထဲက ကိုယ္လုံးေသးေသးေလးကို ငုံနမ္းၿပီး မ်က္လုံးေတြမွိတ္လိုက္ေတာ့ အိမ္မက္ကမ႓ာထဲကို အလိုလိုေရာက္သြားခဲ့တယ္။
« Chanyeol...ထ »
လက္ေမာင္းရင္းကို လႈပ္ႏိုးေနတဲ့အထိအေတြ႕ေလး။အသိဆိုေပမယ့္ မ်က္လုံးက ဖြင့္မရ။သူ အိပ္ေရးပ်က္ထားတဲ့ရက္ေတြ မ်ားေနၿပီ။
« ထဆို..အ႐ူးေကာင္ရဲ႕ »
ရင္ဘတ္ကို ထုပစ္လိုက္တာ အင့္ခနဲ႔ပင္။အ႐ူးေလး အိပ္ေနတဲ့သူကို ၾကင္ၾကင္နာနာအနမ္းေပးၿပီး မႏိုးဘူး။
« မထလည္းေန ငါ ေရခ်ိဳးေတာ့မယ္ »
ရင္ခြင္ထဲက ကုန္း႐ုန္းထသြားသူကို လက္လွမ္းဆြဲလိုက္ေတာ့ သူ႕ရင္ခြင္ေပၚ ၿပိဳက်လာတယ္။
လန္႔သြားသူက ရန္ေထာင္ဖို႔လည္း မေမ့။သူ႕နား႐ြက္ကားကားေတြကို လွမ္းဆြဲလို႔ စိတ္ဆိုးျပေသးတယ္။
« မနက္ေစာေစာစီးစီး စြာေနတာ
သည္းသည္းေလးက »
« ဖယ္ ! ငါ ေရခ်ိဳးေတာ့မယ္ »
«ေနပါဦး ။အနမ္းနဲ႔ မႏိုးဘဲ ဘာလို႔ ေမာင္ကို အတင္းထု႐ိုက္ေနရတာလဲ »
ထရန္ျပင္ေနတဲ့ခါးေလးကို အတင္းဆြဲခ်ၿပီး ႏွာေခါင္းခ်င္း ပြတ္သတ္လ်က္ေမးလိုက္တယ္။
«တစ္လတိတိ မထိေတြ႕ရဘူးလို႔ ေျပာထားတာကို ဘာလို႔ လူကို အသားယူခ်င္ေနရတာလဲ »
«ခ်စ္လို႔ေလ ..မင္းေရာ ေမာင္ကို မခ်စ္ဘူးလား »
ေမာင္တဲ့။ဒီအသုံးအႏႈန္းကို အသားမက်စြာ ႐ွက္မိတယ္။ Park Chanyeol အ႐ူးေကာင္။ လူကို ဘယ္လိုရင္ခုန္ေအာင္လုပ္ရမလဲဆိုတာ ေကာင္းေကာင္းသိတယ္။
«မခ်စ္ပါဘူး။ဖယ္ လႊတ္ »
ခါးေပၚက လက္ေတြကို အတင္းတြန္းထုတ္၍ ႐ုန္းလိုက္တယ္။
«အတင္းမ႐ုန္းနဲ႔ဆိုကြာ »
ခါးေပၚက လက္ေတြကို ဖ်စ္ညစ္ၿပီး ေျပာလိုက္တယ္။ေငးၾကည့္ေနတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြက သူကို ခ်စ္ျမတ္ႏိုးေၾကာင့္ေဖာ္ျပေန၍ ၾကင္နာစြာ ဖိကပ္နမ္းလိုက္တယ္။
«လိမ္ရင္ ေမာင္ဆီက တစ္သက္လုံး ႐ုန္းမထြက္ႏိုင္မွာ မဟုတ္ဘူး »
«ဘယ္သူက ႐ုန္းထြက္မယ္ေျပာလို႔လဲ»
ၾကားလိုက္ရသည့္စကားကို မယုံႏိုင္။မ်က္လုံးဝိုင္းဝိုင္းေလးေတြကို ေငးၾကည့္ေနမိတယ္။ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ေငးၾကည့္ေနရင္း တံခါးဖြင့္သံၾကား၍ Kyungsooကို သူ႕ေဘးအျမန္လွဲခ်၍ အိပ္ခ်င္ေယာင္ေဆာင္လိုက္ရတယ္။
« ၾကည့္စမ္း Doh Kyungsoo! လာႏိုးတဲ့သူကို ျပန္အိပ္ခိုင္းေနတယ္ ! ထစမ္း ! »
သူ႕ခါးေပၚက Kyungsoo လက္ကေလးေတြကို ဖယ္႐ွားရင္း ေျပာလာတယ္။သူမွာ ခ်စ္သူကို ကာကြယ္ေပးခ်ိန္ မရလိုက္။Kyungsooရဲ႕ တင္ပါးတစ္ျခမ္းက ေယာကၡမ လက္ခ်မိသြားခဲ့တယ္။
«ေမေမကလည္း »
«ေမေမကလည္းေတြ လုပ္မေနနဲ႔။သြား ေရသြားခ်ိဳး ။ ဒီမွာ သူငယ္ခ်င္းက ေစာင့္ေနရတာ ဘယ္ေလာက္အားနာဖို႔ေကာင္းလဲ »
ဆူပုတ္ပုတ္ေလးႏွင့္သည္းသည္းေလးက သူကို
မေက်မနပ္ ႏွာမႈတ္ျပတယ္။ဇာတ္လမ္းကေတာ့ စၿပီ။
«မင္းေၾကာင့္ »
ပါးစပ္လႈပ္႐ုံေလး ေျပာသြားတဲ့စကားကို ေဒၚေလး ၾကားမယ္မထင္။သူကေတာ့ ေခါင္းက်ိန္းေနရတယ္။မနက္ခင္းအစမွာတင္ Park Chanyeol တို႔ ကံေကာင္းေနၿပီ။
★”★”
စိတ္ဆိုးေနတဲ့သည္းသည္းေလးကို တစ္ေန႔ကုန္ေခ်ာ့ရင္း ေန႔လယ္စာ စားခ်ိန္မွာ ထမင္းအျဖဴသာ စားလိုက္ရတယ္။သူ႕ပန္းကန္ထဲက ဟင္းေတြအကုန္ထည့္ေပးၿပီး မ်က္ႏွာလုပ္ခဲ့ေပမယ့္ အသည္းမာလွတဲ့ Kyungsoo က အဖက္မလုပ္။
ပုံမွန္ သူငယ္ခ်င္းအခ်င္းခ်င္းစိတ္ဆိုး၊စိတ္ေကာက္တာေတာင္ အဲ့ေလာက္မေခ်ာ့ရဘဲ ခ်စ္သူေတြျဖစ္မွ အေကာက္သန္ေလးျဖစ္သြားရသလား။စိတ္႐ႈပ္႐ႈပ္ႏွင့္ ဆံပင္ေတြကို ထိုးဖြလိုက္တယ္။အ႐ူးေလး အဲ့လိုစိတ္ဆိုး၊စိတ္ေကာက္တာေတြကို ေခ်ာ့ရတာ ေမာင္ စိတ္မ႐ွည္ပါဘူးဆို။
« Chanyeol စကားေျပာမယ္ »
ေျပာၿပီး အေ႐ွ႕က ထြက္သြားတဲ့အေကာင္ေပါက္ေလးအေနာက္ ခုန္ေပါက္ၿပီးေျပးလိုက္ခဲ့တယ္။ေနာက္ဆုံးေတာ့ သည္းသည္းေလး စကားလာေျပာၿပီ။
« မင္း ငါကို ဝန္ခံစရာ႐ွိလား »
တရားခံစစ္သလိုၾကည့္ေနတဲ့မ်က္လုံးေတြႏွင့္ ေလးနက္တည္ၿငိမ္ေနတာျမင္ေတာ့ ေခါင္းကို ျပင္းျပင္းထန္ထန္အလုပ္ေပးလိုက္တယ္။စကားတစ္ခြန္းကို ေပါ့ေပါ့တန္တန္ေျဖလို႔မရဘူး။သည္းသည္းေလးက အမွန္တရားကို သိခ်င္ေနတာ။
« မေန႔က ! ဟုတ္တယ္ ! မေန႔က မင္း စားပြဲေပၚမွာ မင္း ေမွာက္အိပ္ေနတုန္း ေမာင္ ခိုးနမ္းခဲ့ေသးတယ္ ။ဒါေပမယ့္ မပူပါနဲ႔။ အခန္းထဲမွာ ဘယ္သူမွ မ႐ွိဘူး »
လက္ဟန္ေျခဟန္ႏွင့္ ႐ွင္းျပလာတဲ့ Chanyeol ကိုၾကည့္ၿပီး သက္ျပင္းခ်လိုက္တယ္။တကယ္ မသိတာလား ။ မသိခ်င္ေယာင္ေဆာင္ေနတာလား။
« အဲ့ဒါ မဟုတ္ဘဲ ငါကို မသိေစခ်င္တဲ့အေၾကာင္းအရာ »
«အေၾကာင္းအရာ ? »
ေခါင္းေအးေအးထားၿပီး စဥ္းစားလိုက္ေတာ့ ေခါင္းထဲေပၚလာတဲ့အေၾကာင္းအရာက တစ္ခုတည္း။
« ေတာင္းပန္ပါတယ္ ။အဲ့ဒါ ေမာင္ သဝန္တိုလို႔ မေျပာဘဲ ခ်န္ထားခဲ့တာ »
Kyungsoo မ်က္ခုံးေလးေတြ ပင့္သက္သြားတယ္။သဝန္တိုတာနဲ႔ ေကာင္မေလးတစ္ေယာက္ကို ဖုန္းနံပါတ္လြယ္လြယ္ေပးေရာလား။
« မမက မင္းကို ဆိုင္ေခၚလာခဲ့ခိုင္းေနတာ ၾကာၿပီ။ေမာင္က သဝန္တိုၿပီး မေျပာတာ။ေတာင္းပန္ပါတယ္။မမဆီက အဆူခံရေသးလား။ေမာင္ေၾကာင့္ပါ ။ ေမာင္ အမွန္တိုင္းေျပာၿပီး မမ ထုသမွ် ခံလိုက္ပါ့မယ္ »
Kyungsoo သက္ျပင္းသာ ခ်လိုက္တယ္။သူ ေမးတာတစ္ျခား ေျဖေနတာတစ္ျခားလုပ္ေနတဲ့ဒီအ႐ူးႏွင့္ တကယ္ စိတ္ညစ္ပါတယ္။
« ထားေတာ့ ။ မင္းကို ငါ စိတ္မဆိုးေတာ့ဘူး။ ငါ့အနားက တစ္စကၠန္႔ေပ်ာက္သြားၾကည့္ သတ္ပစ္လိုက္မွာ »
ေအးစက္စက္မ်က္ႏွာႏွင့္ ေၾကာက္စရာေကာင္းေအာင္ေျပာလာတဲ့သူ႕သည္းသည္းေလးက ဘာလို႔ ခ်စ္လို႔ေကာင္းေနရတာလဲ။မေနႏိုင္ မထိုင္ႏိုင္ ။ပါးေလးကို လွမ္းဖ်စ္ညစ္လိုက္ေတာ့ လက္ကို မညႇာမတာ ကိုက္ခ်ပစ္လိုက္ေလတယ္။
ေမာင္ နာတယ္ေလဟု မ်က္ႏွာငယ္ေလးႏွင့္ေျပာလာတဲ့ Chanyeol ကို ေတြေတြေလးၾကည့္ၿပီး ရင္ခြင္ထဲ တိုးဝင္လိုက္တယ္။ေကာင္မေလးတစ္ေယာက္ကို ဖုန္းနံပါတ္ေပးတာ အေၾကာင္းမဟုတ္ဘူး။အဲ့ေကာင္မေလးက Chanyeol နဲ႔ ဘယ္လိုပတ္သတ္ေနတာလဲဆိုတာ သိခ်င္လြန္လြန္း ႐ူးေတာ့မယ္။ဒါေပမယ့္ အျပစ္ကင္းစင္တဲ့မ်က္ႏွာေလးျမင္ေတာ့ မ်က္စိမွိတ္ယုံေပးမိတယ္။
« မင္း ငါကို အခ်စ္ဆုံး မဟုတ္လား »
« ဒါေပါ့။ေမာင္မွာ မင္းတစ္ေယာက္တည္းပဲ ႐ွိတယ္ »
ရင္ခြင္ထဲ ပိုတိုးဝင္လာတဲ့အေကာင္ေပါက္ေလးကို တယုတယေလးေပြ႕ဖက္ေပးလိုက္တယ္။မခြၽဲစဖူးခြၽဲေနေတာ့ျမင္ေတာ့ ရင္ထဲကလိကလိႏွင့္။ မ်က္ႏွာတစ္ခုလုံး ရင္ခြင္ထဲဝွက္ထားတာမို႔ ျမင္ေနရတဲ့နား႐ြက္ဖ်ားေလးကို ငုံနမ္းရင္း ေက်နပ္ေနရတယ္။
★”★”
ဆိုင္မလာတာၾကာၿပီျဖစ္တဲ့ Kyungsoo ကို မမက နား႐ြက္ကေလးေတြ ပြတ္သက္လို႔ ၾကည့္မဝျဖစ္ေနတယ္။ေဘးနားကေမေမကလည္း မမ လုပ္သမွ်ၿငိမ္ေနတဲ့ Kyungsooကို ျပဳံးၾကည့္ၿပီး ၾကည္ႏူးေနျပန္တယ္။မသိရင္ Kyungsoo က မမ့ေကာင္ေလးက်ေနတာပဲ။
ေဘးနားကေန ႏႈတ္ခမ္းႀကီးဆူေထာ္ၿပီး စိတ္ေကာက္ျပလည္း Kyungsoo က မျမင္။ေမေမတို႔မသိေအာင္ ေပါင္လွမ္းဆိတ္လည္း မရႏွင့္။သူမွာ ၾကက္ႀကီးလည္လိမ္ထားသလိုပင္ အသည္းကြဲေနရတယ္။
ေမေမ ဆိုင္အေနာက္ဘက္ ဝင္သြားမွ စိတ္အနည္းငယ္ေအးသြားတယ္။ေမေမမ႐ွိမွ မမကို အႏိုင္က်င့္လို႔ရမွာ မဟုတ္လား ။
« မမ ဖယ္ပါဦး။ Kyungsoo ကို အဲ့ေလာက္ၾကည့္ရ ေတာ္ေရာေပါ့ »
Kyungsoo ေခါင္းေပၚက မမ့လက္ေတြကို ပုတ္ထုတ္ၿပီးေျပာလိုက္ရတယ္။အဲ့ဒါေၾကာင့္ Kyungsoo ကို ဆိုင္မေခၚလာခဲ့ခ်င္တာ။
« မမ ဆိုင္ထဲ ဧည္သည့္ဝင္လာၿပီ »
« နင္ သြားေမးလိုက္ေလ။ ငါ ဒီမွာ ကေလးနဲ႔ စကားေျပာလိုက္ဦးမယ္ »
« မမ !! »
ေအာ္လည္း မရ။ Kyungsoo အနား ကပ္ေနျပန္တယ္။တကယ္ကို စိတ္႐ႈပ္လာၿပီ။ ရည္းစားရသြားမွာ နားေအးမွာ။
« ေမေမ ...မမကို သေဘာတူထားတဲ့သူ မ႐ွိဘူးလား !! »
အသံအက်ယ္ႀကီးႏွင့္ ဆိုင္အေနာက္ဘက္က ေမေမကို လွမ္းေမးလိုက္တယ္။ဧည္သည့္ေတြ႐ွိလည္း မတတ္ႏိုင္ဘူး။မမကို တကယ္ ခ်စ္သူရေစခ်င္ေနၿပီ။
« ဒီမွာ Menu ေလးတစ္ခ်က္ျပပါလား »
« အာ ဟုတ္ကဲ့ »
လွမ္းေခၚတာမို႔ စားပြဲထိုးေလးတစ္ျဖတ္လုပ္ေပးလိုက္ရတယ္။မမနဲ႔စကားေျပာေနတဲ့သည္းသည္းေလးက သူ႕အလုပ္ႀကိဳးစားေနတာျမင္ေတာ့ ပါးစပ္လႈပ္႐ုံေလးေျပာလာတယ္။
Fighting တဲ့ေလ။
သည္းသည္းေလးေပးတဲ့အားအင္နဲ႔ အလုပ္ႀကိဳးစားရင္း မထင္မွတ္ထားတဲ့သူက ဆိုင္ထဲဝင္လာတယ္။
သူ႕နည္းတူ ပါးစပ္ေလးပြင့္အ,ေနတဲ့သူက အသိကပ္လာသည့္ႏွင့္ ျပဳံးျပတယ္။ထုံးစံအတိုင္း မ်က္ႏွာေပၚမွာ ဒဏ္ရာတစ္ခ်ိဳ႕႐ွိေန၍ အနည္းငယ္ စိတ္မေကာင္းျဖစ္မိတယ္။
« ဒါ Chanyeol Oppa တို႔ ဆိုင္လား »
« အင္း အမ္နာ။ ထိုင္ေလ »
လြတ္ေနတဲ့စားပြဲေပၚမွာ ထိုင္ခိုင္းလိုက္တယ္။ၿပီးမွ Menu ခ်ေပးၿပီး မွာသမွ်ခ်ေရးၿပီး ေမေမဆီမွာ Orderတင္လိုက္တယ္။
« တစ္ခုခုလိုရင္ လွမ္းေျပာေနာ္ »
ေခါက္ဆြဲေအးႏွင့္ ၾကက္ေၾကာ္ခ်ေပးၿပီး အပိုအေနႏွင့္ အခ်ိဳရည္လက္ေဆာင္ေပးလိုက္တယ္။
« ေနာက္တစ္ခါ အကူအညီလိုရင္ အားမနာဘဲ ဖုန္းဆက္လိုက္ပါ »
သနားၾကင္နာမႈအျပည့္ႏွင့္ ေျပာလိုက္တယ္။မိန္းကေလးတစ္ေယာက္ ဒီလိုအႏိုင္က်င့္ခံရရင္ တကယ္ စိတ္မေကာင္းျဖစ္ရတယ္။
« Chanyeol ငါ ျပန္ေတာ့မယ္ »
« ဟမ္ လိုက္ပို႔ေပးမယ္ေလ »
ေအးေဆးေနမယ္ေျပာၿပီး ထျပန္သြားတဲ့ Kyungsoo ကို မမက နားမလည္သလိုၾကည့္ေနတယ္။
« မမ ဘာေတြသြားေျပာလိုက္တာလဲ။ကြၽန္ေတာ့္ေကာင္ေလး စိတ္ဆိုးသြားၿပီ »
အနားေရာက္လာတဲ့မမကို ရန္ေတြ႕လိုက္တယ္။
« ငါ ဘာမွမေျပာဘူး။ေခါင္းမူးတယ္ဆိုၿပီး ထျပန္သြားတာ ။ ဒါနဲ႔ ေနပါဦး ေကာင္ေလးဆိုတာ ဘာသေဘာလဲ »
မမ့စကားက အေနာက္မွာက်န္ခဲ့တယ္။
« Kyungsoo ေမာင္ကို ေစာင့္ဦး »
ေျခတံတိုတိုေလးအေနာက္ေျပးလိုက္ၿပီး အေ႐ွ႕မွာ ပိတ္ရပ္လိုက္တယ္။
« ဘာလိုက္လုပ္တာလဲ »
«လိုက္ပို႔မို႔ေလ »
ေျပာၿပီး လက္ကေလးကို ဆုပ္ကိုင္လာတယ္။
« ဖယ္ပါ။မင္းရဲ႕အေရးႀကီးဧည္သည့္ကိုပဲ သြားဂ႐ုစိုက္ »
လက္ကေလးကို ခါရမ္းၿပီးေျပာလာမွ သေဘာေပါက္ေတာ့တယ္။သည္းသည္းေလးက သူကို သဝန္တိုေနတာေပါ့ေလ။
« ဒါသဝန္တိုေနတဲ့မ်က္ႏွာေလးေပါ့။ေမာင္ အသည္းယားလိုက္တာ »
ပါးေလးႏွစ္ဖက္ကို အတင္းဖ်စ္ညစ္လိုက္တယ္။စိတ္ဆိုးေနတဲ့အေကာင္ေပါက္ေလးက ဖ်စ္ညစ္ထားတဲ့လက္ေတြဆီက မရမကာ႐ုန္းၿပီး လက္ေမာင္းကို လာကိုက္တယ္။ေအာ္လည္း မလႊတ္ေပးႏွင့္ အတင္းဖိကိုက္ေနတာမို႔ တစ္ကိုယ္လုံးတြန္႔လွိမ့္ကာ နာက်င္မႈကို အံတုေနရတယ္။
စိတ္ႀကိဳက္ကိုက္ၿပီးမွ လႊတ္ေပးတယ္။ေသြးစို႔ေနတဲ့ဒဏ္ရာကိုျမင္ေတာ့ ဘာလို႔ မ႐ုန္းတာလဲတဲ့ေလ။
« ေမာင္ ႐ုန္းလိုက္ရင္ မင္း ထိခိုက္သြားမွာေပါ့ »
ၾကင္နာမႈအျပည့္ႏွင့္မ်က္ဝန္းေတြ။အကယ္၍မ်ား ဒီေန႔ျမင္ကြင္းကိုသာ မျမင္ခဲ့လွ်င္ သူဆီ ဘယ္လိုဓာတ္ပုံမ်ိဳးပို႔ပို႔၊ဘယ္လိုစာမ်ိဳးပို႔ပို႔ Chanyeol ကိုပဲ ယုံၾကည္ေနမွာ။အခုေတာ့ ၾကင္နာရိပ္သန္းေနတဲ့မ်က္ဝန္းေတြကို ၾကည့္ၿပီး နာက်င္ေနရတယ္။ Chanyeol က သူမွမဟုတ္ဘူး။ဘယ္သူမဆို ၾကင္ၾကင္နာနာနဲ႔ ဂ႐ုစိုက္တတ္တယ္။
သူအတြက္ သီးသန္႔မဟုတ္တဲ့ဒီျဖစ္တည္မႈကို အထင္လႊဲမိလွ်င္ ထုံးစံအတိုင္း စိတ္ဆိုးဦးမလား သိခ်င္မိတယ္။
★”★”
အမ္နာတဲ့။ Chanyeol တိတ္တိတ္ေလး ကာကြယ္ၿပီး ေစာင့္ေ႐ွာက္ေနတဲ့မိန္းကေလးက နာမည္လွသလို ႐ုပ္ရည္ကလည္း အျပစ္ေျပာစရာမလိုပင္။
ဆက္တိုက္ပို႔ေနတဲ့ Message ေတြကို လ်စ္လ်ဴ႐ွဴထားၿပီးမွ အာ႐ုံစိုက္မိျပန္တယ္။မေန႔က အမ္နာကိုၾကည့္ေနတဲ့ Chanyeol မ်က္ဝန္းေတြက သနားၾကင္နာမႈအျပည့္ပင္။လူေတြေျပာတဲ့ သနားခ်စ္က ပိုေလးနက္တယ္ဆိုတာ ဒါကိုေျပာတာမ်ားလား။
ေတြးရင္း စိတ္ေတြေလးလာတာေၾကာင့္ ျပတင္းေပါက္မွာတစ္ဆင့္ ေကာင္းကင္ျပာႀကီးကို ေငးၾကည့္မိတယ္။မၾကာေသးခင္မွ မိုး႐ြာထားတဲ့ေကာင္းကင္ႀကီးက အခုေတာ့ ႐ွင္း႐ွင္းလင္းလင္းႏွင့္ တိမ္လိပ္ေတြ ကင္းစင္ေနတယ္။
မတည္ၿမဲတဲ့ေလာကမွာ သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္က ထာဝရတည္႐ွိပါ့မလား။
« ဘာေတြေတြးေနတာလဲ ။ ေမာင္ကို ေျပာျပ »
အနားေရာက္လာသူက အျပဳံးႏုႏုေလးေတြႏွင့္။ေခါင္းခါၿပီး ျငင္းလိုက္ရတယ္။
«ဘာမွမဟုတ္ပါဘူး »
«ဒါဆို အခုကစၿပီး ေမာင့္အေၾကာင္း ေတြးေန »
ျပဳံးလိုက္မိေပမယ့္ အျပဳံးေတြက ထင္သေလာက္ အသက္မဝင္ခဲ့ပါ။
ပုံမွန္ဆို မ်က္ႏွာေလးရဲၿပီးရန္ျပန္ေတြ႕တတ္တဲ့ေကာင္ေလးက ထူးထူးဆန္းဆန္းၿငိမ္ေနတယ္။အျပဳံးေတြကလည္း အားယူၿပီးျပဳံးေနသလိုပင္အေရာင္ေဖ်ာ့ေနတယ္။
« အေရာင္မွိန္းေနတယ္ »
«ဟင္ »
«မင္းအျပဳံးေတြေလ »
Chanyeol ေျပာရင္း ပါးေဖာင္းေဖာင္းေလးေတြကို လက္ကေလးထိုးလိုက္တယ္။လွပတဲ့အျပဳံးေတြ ေပ်ာက္ဆုံးေနတာ ဘယ္အခ်ိန္ကတည္းကလဲ။
ဒီေလာက္ၾကင္ၾကင္နာနာခ်စ္ျပေနတာကို သံသယဝင္ေနတုန္းလား။ဒါမွမဟုတ္ သူ မသိတဲ့တစ္ျခားအေၾကာင္းအရာမ်ား႐ွိေနတာလား။
«စိတ္ညစ္ေနရင္ ေမာင္ကို ရင္ဖြင့္လို႔ရတယ္ ။ေမာင္က မင္းအတြက္ အားေဆးေလးျဖစ္ေပးမယ္ »
Kyungsoo ျပဳံးေနသေလာက္ ရင္ဘတ္ထဲက စူးၿပီး ေအာင့္ေနခဲ့တယ္။
ဘယ္ေလာက္ပဲ Chanyeol ဂ႐ုစိုက္ျပ၊မေန႔က ျမင္ကြင္းက မ်က္လုံးထဲက မထြက္ဘူး။
★”★”
22.11.23🍎