Unicode
အပိုင်း ၁၇
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ
Author - ဆာရာမူး
အပိုင်း - ၁၇
ကောင်မလေးတို့ ဇာတ်လမ်းတိုရိုက်ပြီးသည်နှင့် ပြန်ဖို့ပြင်ဆင်ကြပြီ။ရိုက်ကွင်းပြီးသည့်နောက်မှာ လူတွေက တစ်စထက်တစ်စ ပိုပိုများလာ၏။
လာကြည့်ကြသူများထဲမှ ပင်တိုင်စံနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့ စောင့်နေကြသူများလည်း ရှိသည်။သူ မျက်စိကိုလျင်လျင်ထား၍ ကြည့်နေရသည်။သာမန်ရိုးရိုးသားသား ဓာတ်ပုံရိုက်ချင်သူများက အကြောင်းမဆန်းပေမဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆိုတာရှိနေနိုင်တဲ့အတွက် သူတစ်စက္ကန့်လေးမှ သတိလစ်လို့မဖြစ်ပေ။
လူတစ်ယောက် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်း၍ ပုလင်းလိုလို ဘူးလိုလို
ကိုင်လာတာကို မြင်လိုက်တာနှင့် သူစံ့အနားကို အပြေးလှမ်းသွား၏။သူ့မျက်စိထဲ ထိုလူက သူ့လက်ထဲကိုင်ထားတဲ့ ပုလင်းအဖုံးဖွင့်တာကို ရိပ်ခနဲမြင်လိုက်ပြီး …
“အို့…အမေ့….”
“မလေးနွယ်ရုံ ရှောင်လိုက်…..”
လေးနွယ်ရုံကိုလှမ်းအော်ရင်းနဲ့ စံ့ကိုပါ လက်တစ်ဖက်ကဆွဲဖက်ပြီး ခန္ဓာကိုယ်ကို လှည့်လိုက်သည်။အချိန်က စက္ကန့်ပိုင်းအတွင်းဆိုပေမဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းသည်။ထိုအရာကိုပက်သူက စံ့ကိုဦးတည်တိုက်ခိုက်လာပေမဲ့ သူဆွဲဖက်တော့ စံ့ကိုမထိခိုက်ပေ။နွယ်ရုံက အလျင်အမြန်ရှောင်လိုက်သော်လည်း ထင်မထားမိတဲ့အခိုက်အတန့်မို့ ဖင်ထိုင်လျက် လဲကျသွားသည်။အစက်တွေက လက်ကိုအနည်းငယ်စင်သွား၏။
“စံလေး…ဘာမှမဖြစ်ဘူးမှတ်လား… ကိုယ့်ကို ဒီမှာခဏစောင့်….”
ထိုလူက ခြေလှမ်းသွက်သွက်များဖြင့် အပြင်ထွက်သွားတာမို့ သူပြေးလိုက်ဖို့ ပြင်သည်။
“အား……ပူတယ်…မစံ..နွယ်ရုံ့လက် ပူတယ်….”
*ဟင်….
ခုနလူနောက်ကိုလိုက်တော့မည့် လူချောခြေလှမ်းတွေ ရပ်သွားသည်။သူ လေးနွယ်ရုံရဲ့လက်ကို ယူကြည့်တော့ချက်ချင်းကို နီရဲတက်လာပြီး အပူလောင်ဒဏ်ရာဖြစ်နေပြီ။
“ဒါရေမဟုတ်ဘူး…အက်ဆစ်တွေ……..ဆေးရုံသွားမယ်…မလေးနွယ်ရုံ ကျွန်တော့်ကိုတွဲလျှောက်…..”
သူ့စိတ်ထဲ ဒေါသတွေအပြင်းအထန်ဖြစ်နေသည်။ လူနာကအရေးကြီးနေ၍
ဆေးရုံကို အမြန်ဆုံးရောက်မှဖြစ်မည်။ဒါကြောင့် လူကိုဖမ်းမမိလိုက်ရ
ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေ၏။စံ့အနားမှာ သူတစ်ယောက်တည်းနှင့် မလုံလောက်တော့ပေ။သူ အိမ်အမြန်ရှာမှဖြစ်မည်။သူ့လုပ်ငန်းကို ရန်ကုန်ကိုရွှေ့ဖို့ တစ်ဆက်တည်း ဆုံးဖြတ်ချက်ချလိုက်သည်။
💮💮💮💮💮💮💮💮💮💮💮
သတင်းမီဒီယာထက်မြန်တာကတော့ လူတွေရဲ့ စပ်စုနိုင်စွမ်းပဲဖြစ်သည်။အက်ဆစ်နဲ့အပက်ခံရခြင်းက အချိန်နဲ့တပြေးညီ လိုင်းပေါ်ရောက်လာသည်။စံ့မှာ နွယ်ရုံ့ကိုသနားလွန်း၍ ဆေးရုံသွားချင်တာတောင် သွားမရပေ။စံအိမ်ကထွက်တာနှင့် နောက်မှလိုက်လာမည့်လူအုပ်ကြီးကို ကြောက်နေသည်။ဒယ်ဒီနဲ့မာမီကတော့ နွယ်ရုံ့ကို လိုလေသေးမရှိအောင် စောင့်ရှောက်ကြပါ၏။
💮💮💮💮💮💮💮💮💮💮💮💮
နှစ်ပတ်ကြာပြီးနောက်
“နွယ်ရုံ စံ့အိမ်မှာပဲနေလိုက်တော့…..”
“ဟို…မစံ…”
“ငြင်းဖို့မကြိုးစားနဲ့နော် နွယ်ရုံ…နင်သာငါ့ကြောင့် တစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးက ငါ့ကိုပိုပြီးကြောက်လန့်စေတယ်…နင့်ကိုငါ ဘာတစ်ခုမှ မဖြစ်စေချင်ဘူး……”
မစံစကားများကြောင့် နွယ်ရုံ့မှာ မျက်ရည်များတောင် လည်လာသည်။ဆေးရုံမှာရှိနေစဉ်လည်း ဘာတစ်ခုမှပူစရာမလိုအောင် အန်ကယ်တို့က ဂရုစိုက်ပေးကြသည်။အခုလည်း သူတို့အိမ်ကြီးပေါ်မှာ လာနေဖို့ခေါ်နေကြပြန်ပြီ။
“နေမှာလား နွယ်ရုံ….”
“နွယ်ရုံအားနာလို့ပါ မစံ…..”
“ဘာမှအားနာစရာမလိုဘူး….လျှောက်တွေးမနေနဲ့…..အဆောင်မှာ နင့်အထုပ်တွေသွားသိမ်းပြီး ဒီနေ့ပဲ ပြောင်းလာခဲ့…..”
“ဟုတ်ကဲ့ မစံ…..”
💮💮💮💮💮💮💮💮💮💮💮💮
လူချော ဒီနေ့ ဦးဇေယျာမင်းနဲ့တွေ့ဖို့ အိမ်ကြီးဘက်ကိုကူးခဲ့သည်။
“အန်ကယ်…..”
“ဪ..မောင်လူချောပါလား”
“အန်ကယ်အားလားခင်ဗျာ့…..ကျွန်တော်စကားလေး နည်းနည်းလောက် ပြောချင်လို့ပါ……”
“အေး….လာကွာ….စာကြည့်ခန်းထဲသွားရအောင်…..”
စာကြည့်ခန်းမှာ အိမ်အပေါ်ထပ်တွင် ရှိ၍ သူဦးဇေယျာမင်းနောက်မှ လိုက်သွားသည်။သူဒီရောက်သည့်အတောအတွင်း အိမ်အပေါ်ထပ်ကို တစ်ခါမျှမတက်ဖူးခဲ့ပေ။အိပ်ခန်း ၃ ခန်းလောက် ဖြတ်ကျော်ပြီးနောက်မှာ စာကြည့်ခန်းကို ရောက်လာခဲ့သည်။
“ထိုင်…မောင်လူချော…..”
“ဟုတ်ကဲ့ အန်ကယ်…..”
ဦးဇေယျာမင်းတို့စာကြည့်ခန်းက သူ့ရွာက ဘုန်းဘုန်းရဲ့စာကြည့်ဆောင်လောက် မကျယ်သော်ငြား သူ့ဟာနဲ့သူတော့ သပ်သပ်ရပ်ရပ်ရှိသည်။ဝရန်တာနှင့် ကပ်လျက်ဖြစ်၍ အနားယူအပန်းဖြေဖို့တော့ နေရာကောင်းလေးဖြစ်၏။
“ဘာများအရေးကြီးလို့လဲ မောင်လူချော….”
“ဒီလိုပါ….ကျွန်တော် ရန်ကုန်မှာ အခြေချဖို့ စိတ်ကူးနေတာ…အဲ့ဒါ မြေလေးရှာပြီး အဆောက်အဦးလေးဆောက်မယ်…..ကျွန်တော့်လူတွေကို ရန်ကုန်ခေါ်မယ်လို့ တွေးထားတယ်ခင်ဗျ….”
“အင်း အဲ့ဒီတော့….”
“အဲ့ဒါ ကျွန်တော် လိုင်းပေါ်ကနေမြေရှာပေမဲ့ စိတ်တိုင်းကျမတွေ့ဘူးဖြစ်နေတာ….အန်ကယ့်ဆီက အကူအညီလေး တောင်းချင်လို့ပါ…..”
“ဪ….ဘာများလဲလို့ကွာ……အန်ကယ့်မှာ သမီးနဲ့ ပတ်သက်တယ်ထင်ပြီး ရင်ထိတ်နေရတာ…..”
“အန်ကယ်အလုပ်ရှုပ်မှန်းသိရက်နဲ့ အကူအညီတောင်းရတာ အားနာပါတယ်ဗျာ…..”
လူချော လက်နှစ်ဖက်ကို ဖိချေရင်းပြော၏။
“ဟာ…မလိုပါဘူးမောင်ရင်ရယ်….အန်ကယ်က သမီးလေးအတွက် မောင်ရင့်ကို စိတ်ချယုံကြည်လွန်းလို့ စိတ်အေးနေရတာပါဗျာ….ဒါနဲ့မြေက ငှားဖို့စိတ်ကူးတာလား…ဝယ်မှာလား…..”
“အစကတော့ ငှားဖို့ပဲအန်ကယ်…..အခုတော့ အပိုင်ဝယ်ဖို့ စိတ်ကူးထားပါတယ်… ကျွန်တော် 3000 ဝန်းကျင်လောက်တော့ လိုက်နိုင်ပါတယ်ခင်ဗျာ့….”
“အင်း….ရန်ကုန်မြေဈေးတွေက မောင်ရင်သိတဲ့အတိုင်းပဲ….ဒါပေမဲ့ မပူပါနဲ့…အန်ကယ်အဆင်ပြေအောင် လုပ်ပေးပါမယ်….ငွေအတွက်လည်း သောကများမနေနဲ့...လိုအပ်ရင် အန်ကယ်စိုက်ထုတ်ပေးမယ်…..”
“ကျေးဇူးအများကြီးတင်ပါတယ် အန်ကယ်…..”
လူချောရင်ထဲ အခုမှပဲ အပူလုံးကြီးကျသွားသည်။သူ့မှာလည်း စုဆောင်းထားတာနှင့် မန္တလေးကခြံကိုရောင်းလျှင် လုံလောက်တဲ့ပမာဏတော့ ရနိုင်သည်။
💮💮💮💮💮💮💮💮💮💮💮💮
“ပင်တိုင်စံ ခဏလောက် စကားပြောလို့ရလား…..”
စံ အခန်းထဲမှာ နွယ်ရုံနဲ့ စကားပေါနေတုန်း ကိုကြီးဆီမှ မက်ဆေ့ဝင်လာသည်။သူ့ဘက်က တစ်ခါမှ ဒါမျိုးမတောင်းဆိုဖူးပေ။
“စံဘယ်ကိုလာခဲ့ရမလဲ ကိုကြီး…..”
“ကိုယ်…ဧည့်ခန်းထဲလာခဲ့မယ်….”
ကိုကြီးရဲ့ သူ့ကိုယ်သူ ကိုယ် လို့သုံးလိုက်တာကိုကြားမိပြီး စံ ကျေနပ်သွား၏။ကိုကြီးရဲ့စိတ်တွေ စံ့အပေါ်မှာတဖြည်းဖြည်းနဲ့ နူးညံ့လာသည်။
“အင်…ကိုကြီးကလည်း…ဧည့်ခန်းထဲလုပ်မနေပါနဲ့….နှစ်ယောက်တည်းတွေ့ချင်တာကို အိမ်ရှေ့က ပန်းခြံထဲလာခဲ့….”
“မသင့်တော်ပါဘူး….”
“အိုး…မသိဘူး..သွား…အိမ်ရှေ့မှာပဲစောင့်မယ်….”
ကိုကြီး ငြင်းမှာကြောက်၍ စံပြောပြီးပြီးချင်း ဖုန်းကိုချက်ချင်းချပစ်၏။
💮💮💮💮💮💮💮💮💮💮💮💮
လူချော စံတို့ အိမ်မကြီးကိုကွေ့ပတ်၍ စံရှိရာဆီ သွားလိုက်သည်။စံတို့အိမ်မှာ ခြံတံခါးဝမှစ၍ ပန်းမျိုးစုံ စိုက်ပျိုးထားပြီး အပျင်းပြေထိုင်ရန် ခုံဝိုင်းလေးတွေလည်း ချထားသည်။သူ ပန်းပင်တွေကြားလျှောက်လာရင်း သူလာရာဘက်ကိုကျောပေးပြီး ထိုင်နေတဲ့ကောင်မလေးကို တွေ့လိုက်၏။
“ပင်တိုင်စံ…..”
“ကိုကြီး….စံ့ကိုဘာပြောမလို့လဲ….”
“ကိုယ် တစ်ပတ်လောက်ခွင့်ယူချင်လို့…..”
“ဟင်…ဘယ်သွားမလို့လဲ….”
“ရွာ ခဏပြန်မလို့ပါ…..ပြီးရင် မန္တလေးမှာ လုပ်စရာလေးတွေလည်း ရှိလို့….”
“ဟင့်…..တစ်ပတ်ဆို အကြာကြီးပဲ…."
မျက်နှာလေးညှိုးပြီး စိတ်ညစ်သလိုလေး ပြောနေတဲ့ ကောင်မလေးကိုကြည့်ပြီး သူသနားသွားမိသည်။သူကိုယ်တိုင်လည်း သူမကိုထားသွားရမှာ စိတ်ကမဖြောင့်ပေ…..သွားလေရာခေါ်သွားချင်ပါသည်။
“ကိုကြီး….”
“ဟင်….”
“ရွာပြန်ပြီး ငယ်ချစ်ဦးနဲ့ သွားတွေ့မလို့လား….”
“ဟာ မဟုတ်ပါဘူး…”
ဒီစကားကိုတော့ သူမြန်မြန်ဆန်ဆန်ပဲ ငြင်းဆိုလိုက်သည်။
“အဲ့ဒါဆို စံလည်းလိုက်မယ်….”
“လိုက်ခဲ့….”
“ဟင် တကယ်လား….”
ကိုကြီးဆီမှ ငြင်းဆိုတဲ့စကားမကြားရတော့ စံကိုယ်တိုင်တောင် အံ့ဩသွားသည်။ပုံမှန်ဆို မျက်မှောင်ကြီးကုတ်ပြီး ငြင်းနေကျ မဟုတ်လား…
“ကိုကြီး……စံ့ကိုဘာလို့ မငြင်းတော့တာလဲ…..”
“စိတ်မချလို့…..”
*အယ်….
စံ့မျက်နှာလေး ရှက်သွေးဖြန်းသွားသည်။စံ့ဘက်က အမြဲလိုလို စခဲ့ပေမဲ့ ကိုကြီးဆီမှ တည့်တိုးစကားကြီးကြားလိုက်တော့လည်း ရှက်မိပြန်၏။
“ဘယ်…ဘယ်နေ့သွားမှာလဲ….”
“သဘက်ခါ….”
“ဟုတ်ကိုကြီး…စံ ဒယ်ဒီ့ဆီ ခွင့်တောင်းကြည့်ဦးမယ်….”
“ကိုယ်ပြောပေးရမလား….”
“ရပါတယ်ကိုကြီးရဲ့…..စံပြောရဲပါတယ်….”
“မထည့်မှာစိုးလို့….."
“အယ်….ကိုကြီးက စံမလိုက်မှာ စိုးရိမ်နေတာလား….”
လူချောဘာမှမပြောဘဲ နှုတ်ဆိတ်နေ၏။
“ကိုကြီး ဘယ်သွားသွား စံကအရိပ်ကလေးလို လိုက်နေမှာ….”
“အဟမ်း…ပြန်…ပြန်တော့မယ်….”
လူချော သူမကို နှုတ်ဆက်ပြီး တချိုးတည်း လစ်ပြေးတော့သည်။
သူ့နှလုံးသားလေး သတ္တိရှိအောင် သူဘယ်လိုကြိုးစားရမှန်း မသိပေ။
To be continued
💙💙💙💙💙💙💙💙💙💙💙💙
Zawgyi
အပိုင္း ၁၇
#Normal #Fiction Name -
ကိုလူေခ်ာရဲ႕ ပင္တိုင္စံ
Author - ဆာရာမူး
အပိုင္း - ၁၇
ေကာင္မေလးတို႔ ဇာတ္လမ္းတို႐ိုက္ၿပီးသည္ႏွင့္ ျပန္ဖို႔ျပင္ဆင္ၾကၿပီ။႐ိုက္ကြင္းၿပီးသည့္ေနာက္မွာ လူေတြက တစ္စထက္တစ္စ ပိုပိုမ်ားလာ၏။
လာၾကည့္ၾကသူမ်ားထဲမွ ပင္တိုင္စံနဲ႔ ဓာတ္ပုံတြဲ႐ိုက္ခြင့္ရဖို႔ ေစာင့္ေနၾကသူမ်ားလည္း ရွိသည္။သူ မ်က္စိကိုလ်င္လ်င္ထား၍ ၾကည့္ေနရသည္။သာမန္႐ိုး႐ိုးသားသား ဓာတ္ပုံ႐ိုက္ခ်င္သူမ်ားက အေၾကာင္းမဆန္းေပမဲ့ မျမင္ႏိုင္တဲ့ အႏၲရာယ္ဆိုတာရွိေနႏိုင္တဲ့အတြက္ သူတစ္စကၠန႔္ေလးမွ သတိလစ္လို႔မျဖစ္ေပ။
လူတစ္ေယာက္ ဦးထုပ္ကိုခပ္ငိုက္ငိုက္ေဆာင္း၍ ပုလင္းလိုလို ဘူးလိုလို
ကိုင္လာတာကို ျမင္လိုက္တာႏွင့္ သူစံ့အနားကို အေျပးလွမ္းသြား၏။သူ႔မ်က္စိထဲ ထိုလူက သူ႔လက္ထဲကိုင္ထားတဲ့ ပုလင္းအဖုံးဖြင့္တာကို ရိပ္ခနဲျမင္လိုက္ၿပီး …
“အို႔…အေမ့….”
“မေလးႏြယ္႐ုံ ေရွာင္လိုက္…..”
ေလးႏြယ္႐ုံကိုလွမ္းေအာ္ရင္းနဲ႔ စံ့ကိုပါ လက္တစ္ဖက္ကဆြဲဖက္ၿပီး ခႏၶာကိုယ္ကို လွည့္လိုက္သည္။အခ်ိန္က စကၠန႔္ပိုင္းအတြင္းဆိုေပမဲ့ အျဖစ္အပ်က္က ျမန္ဆန္လြန္းသည္။ထိုအရာကိုပက္သူက စံ့ကိုဦးတည္တိုက္ခိုက္လာေပမဲ့ သူဆြဲဖက္ေတာ့ စံ့ကိုမထိခိုက္ေပ။ႏြယ္႐ုံက အလ်င္အျမန္ေရွာင္လိုက္ေသာ္လည္း ထင္မထားမိတဲ့အခိုက္အတန္႔မို႔ ဖင္ထိုင္လ်က္ လဲက်သြားသည္။အစက္ေတြက လက္ကိုအနည္းငယ္စင္သြား၏။
“စံေလး…ဘာမွမျဖစ္ဘူးမွတ္လား… ကိုယ့္ကို ဒီမွာခဏေစာင့္….”
ထိုလူက ေျခလွမ္းသြက္သြက္မ်ားျဖင့္ အျပင္ထြက္သြားတာမို႔ သူေျပးလိုက္ဖို႔ ျပင္သည္။
“အား……ပူတယ္…မစံ..ႏြယ္႐ုံ႔လက္ ပူတယ္….”
*ဟင္….
ခုနလူေနာက္ကိုလိုက္ေတာ့မည့္ လူေခ်ာေျခလွမ္းေတြ ရပ္သြားသည္။သူ ေလးႏြယ္႐ုံရဲ႕လက္ကို ယူၾကည့္ေတာ့ခ်က္ခ်င္းကို နီရဲတက္လာၿပီး အပူေလာင္ဒဏ္ရာျဖစ္ေနၿပီ။
“ဒါေရမဟုတ္ဘူး…အက္ဆစ္ေတြ……..ေဆး႐ုံသြားမယ္…မေလးႏြယ္႐ုံ ကြၽန္ေတာ့္ကိုတြဲေလွ်ာက္…..”
သူ႔စိတ္ထဲ ေဒါသေတြအျပင္းအထန္ျဖစ္ေနသည္။ လူနာကအေရးႀကီးေန၍
ေဆး႐ုံကို အျမန္ဆုံးေရာက္မွျဖစ္မည္။ဒါေၾကာင့္ လူကိုဖမ္းမမိလိုက္ရ
ျခင္းအတြက္ ကိုယ့္ကိုယ္ကိုယ္ အားမလိုအားမရ ျဖစ္ေန၏။စံ့အနားမွာ သူတစ္ေယာက္တည္းႏွင့္ မလုံေလာက္ေတာ့ေပ။သူ အိမ္အျမန္ရွာမွျဖစ္မည္။သူ႔လုပ္ငန္းကို ရန္ကုန္ကိုေ႐ႊ႕ဖို႔ တစ္ဆက္တည္း ဆုံးျဖတ္ခ်က္ခ်လိုက္သည္။
💮💮💮💮💮💮💮💮💮💮💮
သတင္းမီဒီယာထက္ျမန္တာကေတာ့ လူေတြရဲ႕ စပ္စုႏိုင္စြမ္းပဲျဖစ္သည္။အက္ဆစ္နဲ႔အပက္ခံရျခင္းက အခ်ိန္နဲ႔တေျပးညီ လိုင္းေပၚေရာက္လာသည္။စံ့မွာ ႏြယ္႐ုံ႔ကိုသနားလြန္း၍ ေဆး႐ုံသြားခ်င္တာေတာင္ သြားမရေပ။စံအိမ္ကထြက္တာႏွင့္ ေနာက္မွလိုက္လာမည့္လူအုပ္ႀကီးကို ေၾကာက္ေနသည္။ဒယ္ဒီနဲ႔မာမီကေတာ့ ႏြယ္႐ုံ႔ကို လိုေလေသးမရွိေအာင္ ေစာင့္ေရွာက္ၾကပါ၏။
💮💮💮💮💮💮💮💮💮💮💮💮
ႏွစ္ပတ္ၾကာၿပီးေနာက္
“ႏြယ္႐ုံ စံ့အိမ္မွာပဲေနလိုက္ေတာ့…..”
“ဟို…မစံ…”
“ျငင္းဖို႔မႀကိဳးစားနဲ႔ေနာ္ ႏြယ္႐ုံ…နင္သာငါ့ေၾကာင့္ တစ္ခုခုျဖစ္သြားရင္ဆိုတဲ့အေတြးက ငါ့ကိုပိုၿပီးေၾကာက္လန႔္ေစတယ္…နင့္ကိုငါ ဘာတစ္ခုမွ မျဖစ္ေစခ်င္ဘူး……”
မစံစကားမ်ားေၾကာင့္ ႏြယ္႐ုံ႔မွာ မ်က္ရည္မ်ားေတာင္ လည္လာသည္။ေဆး႐ုံမွာရွိေနစဥ္လည္း ဘာတစ္ခုမွပူစရာမလိုေအာင္ အန္ကယ္တို႔က ဂ႐ုစိုက္ေပးၾကသည္။အခုလည္း သူတို႔အိမ္ႀကီးေပၚမွာ လာေနဖို႔ေခၚေနၾကျပန္ၿပီ။
“ေနမွာလား ႏြယ္႐ုံ….”
“ႏြယ္႐ုံအားနာလို႔ပါ မစံ…..”
“ဘာမွအားနာစရာမလိုဘူး….ေလွ်ာက္ေတြးမေနနဲ႔…..အေဆာင္မွာ နင့္အထုပ္ေတြသြားသိမ္းၿပီး ဒီေန႔ပဲ ေျပာင္းလာခဲ့…..”
“ဟုတ္ကဲ့ မစံ…..”
💮💮💮💮💮💮💮💮💮💮💮💮
လူေခ်ာ ဒီေန႔ ဦးေဇယ်ာမင္းနဲ႔ေတြ႕ဖို႔ အိမ္ႀကီးဘက္ကိုကူးခဲ့သည္။
“အန္ကယ္…..”
“ဪ..ေမာင္လူေခ်ာပါလား”
“အန္ကယ္အားလားခင္ဗ်ာ့…..ကြၽန္ေတာ္စကားေလး နည္းနည္းေလာက္ ေျပာခ်င္လို႔ပါ……”
“ေအး….လာကြာ….စာၾကည့္ခန္းထဲသြားရေအာင္…..”
စာၾကည့္ခန္းမွာ အိမ္အေပၚထပ္တြင္ ရွိ၍ သူဦးေဇယ်ာမင္းေနာက္မွ လိုက္သြားသည္။သူဒီေရာက္သည့္အေတာအတြင္း အိမ္အေပၚထပ္ကို တစ္ခါမွ်မတက္ဖူးခဲ့ေပ။အိပ္ခန္း ၃ ခန္းေလာက္ ျဖတ္ေက်ာ္ၿပီးေနာက္မွာ စာၾကည့္ခန္းကို ေရာက္လာခဲ့သည္။
“ထိုင္…ေမာင္လူေခ်ာ…..”
“ဟုတ္ကဲ့ အန္ကယ္…..”
ဦးေဇယ်ာမင္းတို႔စာၾကည့္ခန္းက သူ႔႐ြာက ဘုန္းဘုန္းရဲ႕စာၾကည့္ေဆာင္ေလာက္ မက်ယ္ေသာ္ျငား သူ႔ဟာနဲ႔သူေတာ့ သပ္သပ္ရပ္ရပ္ရွိသည္။ဝရန္တာႏွင့္ ကပ္လ်က္ျဖစ္၍ အနားယူအပန္းေျဖဖို႔ေတာ့ ေနရာေကာင္းေလးျဖစ္၏။
“ဘာမ်ားအေရးႀကီးလို႔လဲ ေမာင္လူေခ်ာ….”
“ဒီလိုပါ….ကြၽန္ေတာ္ ရန္ကုန္မွာ အေျခခ်ဖို႔ စိတ္ကူးေနတာ…အဲ့ဒါ ေျမေလးရွာၿပီး အေဆာက္အဦးေလးေဆာက္မယ္…..ကြၽန္ေတာ့္လူေတြကို ရန္ကုန္ေခၚမယ္လို႔ ေတြးထားတယ္ခင္ဗ်….”
“အင္း အဲ့ဒီေတာ့….”
“အဲ့ဒါ ကြၽန္ေတာ္ လိုင္းေပၚကေနေျမရွာေပမဲ့ စိတ္တိုင္းက်မေတြ႕ဘူးျဖစ္ေနတာ….အန္ကယ့္ဆီက အကူအညီေလး ေတာင္းခ်င္လို႔ပါ…..”
“ဪ….ဘာမ်ားလဲလို႔ကြာ……အန္ကယ့္မွာ သမီးနဲ႔ ပတ္သက္တယ္ထင္ၿပီး ရင္ထိတ္ေနရတာ…..”
“အန္ကယ္အလုပ္ရႈပ္မွန္းသိရက္နဲ႔ အကူအညီေတာင္းရတာ အားနာပါတယ္ဗ်ာ…..”
လူေခ်ာ လက္ႏွစ္ဖက္ကို ဖိေခ်ရင္းေျပာ၏။
“ဟာ…မလိုပါဘူးေမာင္ရင္ရယ္….အန္ကယ္က သမီးေလးအတြက္ ေမာင္ရင့္ကို စိတ္ခ်ယုံၾကည္လြန္းလို႔ စိတ္ေအးေနရတာပါဗ်ာ….ဒါနဲ႔ေျမက ငွားဖို႔စိတ္ကူးတာလား…ဝယ္မွာလား…..”
“အစကေတာ့ ငွားဖို႔ပဲအန္ကယ္…..အခုေတာ့ အပိုင္ဝယ္ဖို႔ စိတ္ကူးထားပါတယ္… ကြၽန္ေတာ္ 3000 ဝန္းက်င္ေလာက္ေတာ့ လိုက္ႏိုင္ပါတယ္ခင္ဗ်ာ့….”
“အင္း….ရန္ကုန္ေျမေဈးေတြက ေမာင္ရင္သိတဲ့အတိုင္းပဲ….ဒါေပမဲ့ မပူပါနဲ႔…အန္ကယ္အဆင္ေျပေအာင္ လုပ္ေပးပါမယ္….ေငြအတြက္လည္း ေသာကမ်ားမေနနဲ႔...လိုအပ္ရင္ အန္ကယ္စိုက္ထုတ္ေပးမယ္…..”
“ေက်းဇူးအမ်ားႀကီးတင္ပါတယ္ အန္ကယ္…..”
လူေခ်ာရင္ထဲ အခုမွပဲ အပူလုံးႀကီးက်သြားသည္။သူ႔မွာလည္း စုေဆာင္းထားတာႏွင့္ မႏၲေလးကၿခံကိုေရာင္းလွ်င္ လုံေလာက္တဲ့ပမာဏေတာ့ ရႏိုင္သည္။
💮💮💮💮💮💮💮💮💮💮💮💮
“ပင္တိုင္စံ ခဏေလာက္ စကားေျပာလို႔ရလား…..”
စံ အခန္းထဲမွာ ႏြယ္႐ုံနဲ႔ စကားေပါေနတုန္း ကိုႀကီးဆီမွ မက္ေဆ့ဝင္လာသည္။သူ႔ဘက္က တစ္ခါမွ ဒါမ်ိဳးမေတာင္းဆိုဖူးေပ။
“စံဘယ္ကိုလာခဲ့ရမလဲ ကိုႀကီး…..”
“ကိုယ္…ဧည့္ခန္းထဲလာခဲ့မယ္….”
ကိုႀကီးရဲ႕ သူ႔ကိုယ္သူ ကိုယ္ လို႔သုံးလိုက္တာကိုၾကားမိၿပီး စံ ေက်နပ္သြား၏။ကိုႀကီးရဲ႕စိတ္ေတြ စံ့အေပၚမွာတျဖည္းျဖည္းနဲ႔ ႏူးညံ့လာသည္။
“အင္…ကိုႀကီးကလည္း…ဧည့္ခန္းထဲလုပ္မေနပါနဲ႔….ႏွစ္ေယာက္တည္းေတြ႕ခ်င္တာကို အိမ္ေရွ႕က ပန္းၿခံထဲလာခဲ့….”
“မသင့္ေတာ္ပါဘူး….”
“အိုး…မသိဘူး..သြား…အိမ္ေရွ႕မွာပဲေစာင့္မယ္….”
ကိုႀကီး ျငင္းမွာေၾကာက္၍ စံေျပာၿပီးၿပီးခ်င္း ဖုန္းကိုခ်က္ခ်င္းခ်ပစ္၏။
💮💮💮💮💮💮💮💮💮💮💮💮
လူေခ်ာ စံတို႔ အိမ္မႀကီးကိုေကြ႕ပတ္၍ စံရွိရာဆီ သြားလိုက္သည္။စံတို႔အိမ္မွာ ၿခံတံခါးဝမွစ၍ ပန္းမ်ိဳးစုံ စိုက္ပ်ိဳးထားၿပီး အပ်င္းေျပထိုင္ရန္ ခုံဝိုင္းေလးေတြလည္း ခ်ထားသည္။သူ ပန္းပင္ေတြၾကားေလွ်ာက္လာရင္း သူလာရာဘက္ကိုေက်ာေပးၿပီး ထိုင္ေနတဲ့ေကာင္မေလးကို ေတြ႕လိုက္၏။
“ပင္တိုင္စံ…..”
“ကိုႀကီး….စံ့ကိုဘာေျပာမလို႔လဲ….”
“ကိုယ္ တစ္ပတ္ေလာက္ခြင့္ယူခ်င္လို႔…..”
“ဟင္…ဘယ္သြားမလို႔လဲ….”
“႐ြာ ခဏျပန္မလို႔ပါ…..ၿပီးရင္ မႏၲေလးမွာ လုပ္စရာေလးေတြလည္း ရွိလို႔….”
“ဟင့္…..တစ္ပတ္ဆို အၾကာႀကီးပဲ…."
မ်က္ႏွာေလးညႇိဳးၿပီး စိတ္ညစ္သလိုေလး ေျပာေနတဲ့ ေကာင္မေလးကိုၾကည့္ၿပီး သူသနားသြားမိသည္။သူကိုယ္တိုင္လည္း သူမကိုထားသြားရမွာ စိတ္ကမေျဖာင့္ေပ…..သြားေလရာေခၚသြားခ်င္ပါသည္။
“ကိုႀကီး….”
“ဟင္….”
“႐ြာျပန္ၿပီး ငယ္ခ်စ္ဦးနဲ႔ သြားေတြ႕မလို႔လား….”
“ဟာ မဟုတ္ပါဘူး…”
ဒီစကားကိုေတာ့ သူျမန္ျမန္ဆန္ဆန္ပဲ ျငင္းဆိုလိုက္သည္။
“အဲ့ဒါဆို စံလည္းလိုက္မယ္….”
“လိုက္ခဲ့….”
“ဟင္ တကယ္လား….”
ကိုႀကီးဆီမွ ျငင္းဆိုတဲ့စကားမၾကားရေတာ့ စံကိုယ္တိုင္ေတာင္ အံ့ဩသြားသည္။ပုံမွန္ဆို မ်က္ေမွာင္ႀကီးကုတ္ၿပီး ျငင္းေနက် မဟုတ္လား…
“ကိုႀကီး……စံ့ကိုဘာလို႔ မျငင္းေတာ့တာလဲ…..”
“စိတ္မခ်လို႔…..”
*အယ္….
စံ့မ်က္ႏွာေလး ရွက္ေသြးျဖန္းသြားသည္။စံ့ဘက္က အၿမဲလိုလို စခဲ့ေပမဲ့ ကိုႀကီးဆီမွ တည့္တိုးစကားႀကီးၾကားလိုက္ေတာ့လည္း ရွက္မိျပန္၏။
“ဘယ္…ဘယ္ေန႔သြားမွာလဲ….”
“သဘက္ခါ….”
“ဟုတ္ကိုႀကီး…စံ ဒယ္ဒီ့ဆီ ခြင့္ေတာင္းၾကည့္ဦးမယ္….”
“ကိုယ္ေျပာေပးရမလား….”
“ရပါတယ္ကိုႀကီးရဲ႕…..စံေျပာရဲပါတယ္….”
“မထည့္မွာစိုးလို႔….."
“အယ္….ကိုႀကီးက စံမလိုက္မွာ စိုးရိမ္ေနတာလား….”
လူေခ်ာဘာမွမေျပာဘဲ ႏႈတ္ဆိတ္ေန၏။
“ကိုႀကီး ဘယ္သြားသြား စံကအရိပ္ကေလးလို လိုက္ေနမွာ….”
“အဟမ္း…ျပန္…ျပန္ေတာ့မယ္….”
လူေခ်ာ သူမကို ႏႈတ္ဆက္ၿပီး တခ်ိဳးတည္း လစ္ေျပးေတာ့သည္။
သူ႔ႏွလုံးသားေလး သတၱိရွိေအာင္ သူဘယ္လိုႀကိဳးစားရမွန္း မသိေပ။
To be continued
💙💙💙💙💙💙💙💙💙💙💙💙