FOREVER ONLY
Av Onyourm__aple
2.8K 392 21
မယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ် Mer
01
02
03
04
06
07
08
09
10
Uncut (or) Extra
05
214 31 0
Av Onyourm__aple
UNI...
သန့်ရှင်းရေးတာဝန်ကျ၍ ကျောင်းကို စောစောလာခဲ့ပြီး တစ်ခန်းလုံး သန့်ရှင်းရေးလုပ်အပြီးမှ ပြတင်းပေါက်ကနေတစ်ဆင့် ကျောင်းပေါက်ဝကို လှမ်းကြည့်လိုက်တယ်။ညက အကြောင်းတွေပြန်တွေးပြီး မျက်နှာရဲလာတာမို့ လက်နှင့်ယှက်ခတ်လိုက်ရသေးတယ်။ Park Chanyeol က သူကို တကယ်ချစ်တာတဲ့လေ။
အမြဲပျင်းစရာကောင်းတဲ့သူငယ်ချင်းလို့ပြောပြီးမှ ချစ်စကားလာပြောသည့်ကို မယုံနိုင်ဖြစ်ခဲ့ရသေးတယ်။အခုတော့ သူဆီက ယုံကြည်မှုတွေအကုန်လုံး Chanyeol က အပိုင်သိမ်းသွားပြီ။
« ဟင်  »
တွေးလို့ပင် မဆုံး။ကျောင်းဝန်းထဲ ပြေးလာတဲ့ Chanyeol ကို လှမ်းတွေ့လိုက်ရတယ်။တစ်ယောက်တည်းတော့ မဟုတ်။ဘေးနားမှာ ကောင်မလေးတစ်ယောက်ပါတယ်။
သူမဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့ ပြုံးနေတာကို လက်ခံနိုင်ပေမယ့် ဒီလောက်ထိ ရယ်နေတာကျ လွန်လွန်းတယ် မဟုတ်လား။ညက သူကို ချစ်ပါတယ်ဆိုပြီး ရင်ခွင်ထဲအတင်းထည့်ခဲ့တဲ့သူက ဒီလောက်ထိ တစ်ခြားတစ်ယောက်နဲ့ ပြုံးနေတာ မဖြစ်သင့်ဘူး။ စိတ်ဆိုးသင့်တယ် မဟုတ်လား။
နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး မိုးမမြင်၊လေမမြင်‌ရယ်နေတဲ့နှစ်ယောက်ကို စူးစူးစိုက်စိုက်ကြည့်ပေးလိုက်တယ်။သူသာ နဂါးသာဆို နှစ်ယောက်လို ပြာကျနေလောက်ပြီ။
မြင်ကွင်းထဲက ပျောက်သွားပြီး မကြာပါ။ Chanyeol က အခန်းထဲ ရောက်လာတယ်။
« Hi Kyungsoo »
တမင်မသိချင်ယောင်ဆောင်ပြီး စာလုပ်နေလိုက်တယ်။
« ရော့ မင်းအတွက် »
စားပွဲပေါ်ရောက်လာတဲ့ အချိုရည်ဘူးကို အဖက်မလုပ်။လူကိုလည်း မော့မကြည့်နှင့် စာအုပ်ကို ပေါက်ထွက်မတတ်ကြည့်နေတဲ့အသည်းယားစရာလေးကို ‌ပြုံးကြည့်ရင်း ခေါင်းအနောက်လေးကို ပွတ်သတ်ပေးလိုက်တယ်။ညက ကိစ္စကို အခုထိ အရှက်သည်းနေတုန်းထင်ပါရဲ့။
« စာလုပ်တာကလည်း လုပ်ပေါ့။မင်းကိုကြိုက်‌နေတဲ့ငါကိုလည်း အဖက်လုပ်ပါဦး »
« ဖယ်စမ်းပါ »
လက်ကို ပုတ်ထုတ်လိုက်တဲ့အထိ မျက်နှာပိုးက မသေ။ဒီကောင် စိတ်ဆိုးနေတာတောင် မသိဘူးလား။
« အိုခေ။ ငါ မနှောက်ယှက်တော့ဘူး »
မနှောက်ယှက်တော့ဘူးဆိုတာ နေရာမှာ ကျောပိုးအိတ်ချပြီး အတန်းထဲကလူတွေနဲ့ စကားထိုင်ပြောနေပြန်တယ်။ချော့ဖို့ စိတ်ကူးနည်းနည်းမှမရှိဘဲ ကောင်မလေးတွေနဲ့ ဟီးလားတိုက်နေတာမြင်တော့ ဒေါသတွေနှင့်အတူ ပေါက်ကွဲပစ်လိုက်ချင်တယ်။အလကားကောင် ချစ်တယ်ပြောပြီး လူကို ဂရုမစိုက်ဘူး။
အဖက်လုပ်မယ်အထင်နဲ့ ကောင်မလေးတွေနှင့်ရောပြီး စကားသွားပေမယ့် နည်းနည်းလေးမှ လှည့်မကြည့်တာကြောင့် ခုံပေါ်မှာငြိမ်ငြိမ်လေးထိုင်ပြီး စာဖတ်နေတဲ့ Kyungsoo ကို မျက်နှာငယ်လေးနှင့် ကြည့်နေရတယ်။အဖြစ်ကလည်း ဆိုးလိုက်တာ။မြင်သာမြင်ရပြီး မကြင်ရဘူး။
« Chanyeol ဘာဖြစ်နေတာလဲ ။ ဝမ်းချုပ်နေတာလား »
လွယ်အိတ်ပင် မချအား။သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ကြီးပြောလာတဲ့ Sehun ။ဒီကောင်နဲ့ ဘယ်ဘဝက ရေစက်ဆိုးတွေလဲ မသိဘူး။တွေ့တာနဲ့ ကိုက်နေရတယ်။
«ငါနဲ့ဝေးဝေးနေ။ မင်းနဲ့ ရန်မဖြစ်ချင်ဘူး»
Sehun ရင်ဘတ်ကို တွန်းပြီး ပြောလိုက်တယ်။အရှိုန်လွန်းပြီး Kyungsoo စားပွဲခုံကို Sehun သွားတိုက်မိသွားတာ သူရဲ့ကံဆိုးမှုပေါ့။
« Sorry Kyungsoo...ဒီကောင် တွန်းလိုက်လို့ »
Sehun စကားအဆုံးမှာ လက်မြှောက်၊ဒူးထောက်လိုက်တယ်။
«ငါ မဟုတ်ဘူး Kyungsoo...ဒီကောင်က အားမရှိတာ။ငါ သာသာလေး တွန်းလိုက်တာ »
လူကောင်နဲ့မလိုက် သေးသေးလေးကို ကြောက်ပြနေတာမြင်တော့ Sehun အော်ရယ်ပစ်လိုက်တယ်။ဟိုက သူ တစ်ကိုင်ပေါက်စာပဲ ရှိတယ်။ကြောက်လိုက်တာ လွန်းပါရော။
« မင်းကို ဘယ်သူက ဘာပြောလို့လဲ  »
လူတွေ ဝိုင်းကြည့်နေတာမို့  ပိတ်အော်လိုက်ရတယ်။ကျောင်းရဲ့ လူမိုက်ခေါင်း‌ဆောင်နဲ့
ရန်ပတ်ဖြစ်ခဲ့တဲ့လူက မျက်နှာငယ်လေးနှင့်။တကယ် ကုပ်ဖဲ့ချင်စရာရုပ်။
« ဟီး Kyungsoo မင်း ငါကို စိတ်မဆိုးပါဘူးနော်»
မျက်စောင်းသာ နာနာထိုးပေးလိုက်တယ်။စိတ်မဆိုးဘဲ နေပါ့မလား။လူကို အသားယူပြီးနမ်းသွားတဲ့အကောင်က မနက်ရောက်တော့ ကောင်မလေးတွေနဲ့ တဟီးဟီးလုပ်နေတယ်လေ။
«ကြည့်ရတာ မင်း ကျောစုတ်တော့မယ် ထင်တယ် »
အရိပ်အကဲကြည့်၍ ခပ်တိုးတိုးပြောလိုက်တော့ Park Chanyeol တို့ ကြောက်ဒူးတုန်နေတာ မြင်မကောင်းဘူး။တံတွေးမြိုချ၍ မရဲတရဲလေးလုပ်နေသော Park Chanyeol ပုံရိပ်ကို ဖုန်းကင်မရာနှင့်ခိုးရိုက်၍ မှတ်တမ်းတင်ထားလိုက်တယ်။
«ကဲ ကလေးတွေ အတန်းစကြမယ် »
Sehun ဖုန်းကို ကျောပိုးအိတ်ထဲ အလျင်အမြန်ထိုးထည့်လိုက်ရတယ်။အဖိုးတန်ပုံလေး အဖျတ်ခံလို့ မဖြစ်ဘူး။
« Park Chanyeol ဘာလုပ်နေတာလဲ။ဒီကို လာလေ »
ခပ်တည်တည်နှင့်လှမ်းခေါ်‌လိုက်တော့ Chanyeol က မျက်နှာငယ်လေးနှင့် ပြေးလာတယ်။ပြီးမှ ခေါင်းပေါ်မှောက်အိပ်လိုက်တာများ သူ့အိမ် သူ့ယာလိုပင်။
မျက်လုံးမှိတ်ပြီး ခုံပေါ်မှောက်နေပေမယ့် Chanyeol မှာ ရင်မအေးရ။အချစ်ကလေးက သူကို တစ်ချိန်လုံး မျက်ထောင့်နဲ့ကြည့်ပြီး မကျေမနပ်ဖြစ်နေတယ်။နှာလေးမှုတ်၍ စိတ်ဆိုးနေတဲ့ပုံက  အပြစ်ကြီးကြီးကျူးလွန်းထားသည့်လူ ပမာခံစားရစေတယ်။
★”★”
« Kyungsoo »
ထမင်းစားချိန်မှာ သူကို မစောင့်ဘဲ ထွက်သွားတဲ့ Kyungsoo နောက်အမှီလိုက်ပြီး လက်ကလေးတစ်ဖက် လှမ်းဆွဲလိုက်တယ်။
«ငါကို စိတ်ဆိုးနေတာလား »
« ဖယ် »
မဖြေဘဲ ဇွတ်အတင်းရုန်းလာတယ်။ရမယ်တဲ့လား။ Park Chanyeol အားကြီးတာ  တစ်ကျောင်းလုံး သိတယ်။
« မရုန်းနဲ့ Kyungsoo! ထပ်ရုန်းကြည့်
ငါ  နမ်းပစ်မှာ »
ရုန်းနေတာ ရပ်သွားပေမယ့် Kyungsoo က သူကို စိတ်ဆိုးပြီး မျက်နှာလွှဲသွားလေတယ်။
« လာခဲ့ »
လက်ကလေးကို သာသာလေးဆွဲ၍ ခေါ်လိုက်ခဲ့တယ်။ခေါင်မိုးထပ်ရောက်မှ ကိုင်ထားတဲ့လက်ကလေးကို ဖျစ်ညစ်ပြီး Kyungsoo မျက်လုံးတွေကို ကြည့်လိုက်တယ်။
« ပြော Kyungsoo...မင်း ငါကို စိတ်ဆိုးနေတာ မဟုတ်လား။မကျေနပ်တာ မှန်သမျှ ပြောလို့ရတယ် »
ဘာမှမပြောဘဲ စိုက်ကြည့်လာတယ်။ပြီးမှ ခပ်တိုးတိုးလေးပြောလာတဲ့စကားက မင်း ငါကို တကယ် မချစ်ဘူးတဲ့လေ။
« Kyungsoo ငါကို သေချာကြည့် !! »
ပြောပြီး ခေါင်းလေးငုံသွားတဲ့ Kyungsoo ကို
ပခုံးမှာ လှုပ်ရမ်း၍ အော်လိုက်တယ်။မနေ့ညက သေချာပြောခဲ့တာကို ထပ်ပြီး မယုံသင်္ကာဖြစ်နေပြန်ပြီ။သူ့အချစ်က အဲ့လောက် အပေါစားဆန်နေသလား။
ဒီရက်ပိုင်း အလျော့ပေးတာများလို့ ကြောက်ပြတာများလို့ သူ့အချစ်က တန်ဖိုးကျသွားတာလား။
« ဘာလဲ မင်းကဦးနှောက်မကောင်းတာလား  Kyungsoo ။ ညက သေချာပြောလိုက်တာကို မေ့ပစ်လိုက်တယ် »
အော်လိုက်မှ မျက်ရည်လေးလဲ့ပြီး ကြည့်လာတယ်။ကျစ်။ လူကို မနေတတ် မထိုင်တတ်ဖြစ်အောင် မျက်ရည်ကျပြနေပြန်ပြီ။
« မငိုနဲ့။ မင်းကို ငါ ဘာမှမပြောရသေးဘူး »
ခေါင်းမှာ ဆံပင်တွေကို ဆွဲဖွပြီး ပြောလိုက်တယ်။အရူးကောင် Park Chanyeol!! ပြဿာနာကို သေချာမဖြေရှင်းဘဲ မျက်ရည်မြင်တာနဲ့ အလျော့ပေးဖို့ပဲ သိတယ်။အဲ့ဒါကြောင့် ဟိုက ကမ်းတတ်နေတာ။
ပခုံးပေါ်က လက်တွေကို ဖယ်ရှားပြီး Kyungsoo ကို ကျောခိုင်းပစ်လိုက်တယ်။မွန်းကြပ်လွန်လွန်းလို့ သေသာသေပစ်လိုက်ချင်တယ်။သူ ချစ်ပြသလောက် Kyungsoo က မယုံဘူး။
« မင်း ချစ်တယ်ဆိုတာ အလကား
Park Chanyeol »
«....»
« ငါကို ချစ်တယ် ပြောပြီး.... »
ခေါင်းလေးငုံပြီး အသံမထွက်လာတော့။ ချစ်တယ်ပြောပြီး လူကို လာလိမ်နေတယ်။ပျင်းစရာကောင်းတဲ့သူဆိုတိုင်း ဒီလို လာဆော့ကစားစရာလား။ဘယ်လို ဖြစ်ဖြစ် သူတို့နှစ်ယောက်က သူငယ်ချင်းအရင်းကြီးတွေ။
«ဘာလဲ ဆက်ပြောလေ »
စိတ်မရှည်စွာ လှည့်အော်လိုက်တယ်။
« ငါကို ဒီအတိုင်း လာကစားနေတာ မဟုတ်လား»
«ဘာ !!»
စိတ်တိုအားကြီးပြီး ရဲတတ်လာတဲ့နားရွက်တွေကို ဖိပွတ်လိုက်ရတယ်။သူ့ပုံစံက Kyungsoo ကို ကစားနေတာနဲ့ တူနေတာလား။
« ငါကို ကြည့် Kyungsoo..ငါကို သေချာကြည့် Kyungsoo...ဒီရက်ပိုင်း မင်းကို ကောင်းပေးနေတာ အကြောင်းမဲ့သက်သက်ထင်နေတာလား။ငါ မင်းကို ချစ်လို့လေ။ငါ မင်းကိုချစ်လို့ အကုန်လိုက်လျောပေးနေတာ !!»
ပခုံးကိုဖိကိုင်ပြီး အော်ပစ်လိုက်တယ်။
«ဒါဆို ငါယုံအောင် ဘာလို့‌မနေရတာလဲ »
«ဘာ »
« ငါ အထင်လွှဲအောင်  ဘာလို့နေရတာလဲ !»
‌သူထက်မလျော့တဲ့အသံနဲ့ပြန်အော်တဲ့စကားအဆုံးမှာ ခေါင်းကို မြန်မြန်အလုပ်ပေးလိုက်တယ်။ Kyungsoo က အခု သူကို သဝန်တိုနေတာလား။
« မင်း ငါကို ဘယ်သူနဲ့ သဝန်တိုနေတာလဲ မသိပေမယ့် ငါ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာ Kyungsoo...မယုံရင် ငါသွားလေရာ တကောက်ကောက်လိုက်လို့ရတယ် »
မျက်နှာလေးရဲသွားပြီး သူကို ဘာမှဆက်မပြောတော့။အောက်ထပ်ကိုပြန်ဆင်းရန်ပြင်နေသော Kyungsoo ကို အနောက်ကနေ ပြေးဖက်လိုက်တယ်။သူ့ရင်ခွင်ကြားထဲ နစ်မြုပ်သွားတဲ့ကိုယ်လုံးလေးကို သူ့‌လက်မောင်းတွေနဲ့ ဖိဖက်ထားလိုက်တယ်။
« မင်းလည်း ငါကို ချစ်တယ်ဆို အချိန်မဆွဲထားပါနဲ့။ငါ မင်းနဲ့ချစ်သူတွေ ဖြစ်ချင်နေပြီ Kyungsoo »
လည်တိုင်လေးကို ဖိကပ်နမ်းလျက်ဆိုလိုက်တယ်။လန့်ပြီး ကိုယ်လုံးလေးတုန်တတ်သွားတာကအစ ချစ်ဖို့ကောင်းနေတော့ Chanyeol မှာ အသည်းတယားယားနှင့် နှလုံးခုန်သံတွေကလည်း မြန်လာတယ်။
★”★” 
« Kyungsoo ငါ လိုက်ပို့ပေးမယ် »
လစ်ခနဲ့ အနားရောက်လာပြီး လက်ထုပ်က အထုပ်ကိုလည်း ယူဆွဲသွားသေးတယ်။ပြီးတော့ ပါးချိုင့်နက်နက်လေးပေါ်တဲ့အထိ ပြုံးပြပြီး နှုတ်ခမ်းလေးလှုပ်ရုံပြောတဲ့စကားက  ငါစိတ်မချလို့တဲ့လေ။
ခေါင်းလေးငုံပြီး ခိုးရယ်မိတယ်။တကယ်ကြီး Park Chanyeol က သူကို လိုက်နေတာလား။
« Kyungsoo...ငါ မင်းနဲ့ စာအတူတူလုပ်လို့ရမလား »
မျက်လုံးလေးဝိုင်းပြီး မော့ကြည့်လာတယ်။ဟုတ်တယ်။စာမေးပွဲကို သူ ဘယ်တော့မှ အလေးအနက်ထားခဲ့ဘူး။အဲ့ဒါတွေက Kyungsoo ကို မချစ်ခင်အထိပဲ။
« မင်း နေမကောင်းဘူးလား »
ခပ်နွေးနွေးလက်ဖဝါးလေးက သူ့နဖူးပေါ် ရောက်လာခဲ့တယ်။ဟုတ်တယ်။သူ နေမကောင်းဘူး။အချစ်စိတ်နဲ့ အဖျားတတ်နေတယ်။
Kyungsoo ကို မမြင်ရလျှင် စားမဝင်၊အိပ်မပျော်ဖြစ်နေရတယ်။
«နေလည်း ကောင်းပါတယ်»
ခပ်တိုးတိုးရေရွတ်လျက်ပြောလိုက်တယ်။မျက်ဝန်းလှလှလေးတွေထဲမှာ တည်ရှိနေတဲ့ကြယ်လေးကို ငေးကြည့်မိတော့ မော့ကြည့်လာတဲ့သူက မျက်နှာရဲရဲနှင့်။
«ဘယ်သူ မင်းကို ဖိအားပေးလိုက်တာလဲ။ စာလုပ်ဖို့ »
« မင်း »
«ဟမ် »
မျက်လုံးတွေပြူးထွက်ပြီး အံ့ဩသွားတဲ့အကောင်ပေါက်လေးကို ရပ်ကြည့်ရင်း အသည်းယားတာမို့ ခေါင်းကိုပုတ်၍ ။
« မင်းအနားမှာ နေရဖို့ ငါ စာလုပ်ရမယ် မဟုတ်လား။မဟုတ်ရင် မင်းက ငါကို အော်မှာ။ငါ အနားကပ်တာနဲ့ »
Chanyeol ရဲ့တွေးတတ်ပုံကို စိတ်ထဲ ကြည်နူးသွားပေမယ့် မျက်နှာငယ်လေးကိုမြင်တော့ ရင်ထဲမကောင်း။သူ ဒီရက်ပိုင်း Chanyeol ကို အရမ်းအနိုင်ကျင့်မိသွားသလား။
★”★”
« Kyungsoo ဒါ မင်းအတွက် »
လက်ထဲရောက်လာတဲ့သော့ချိတ်လေး ။
« ဘာအတွက်ပေးတာလဲ »
« ဒီအတိုင်း လက်ဆောင်လေ ။ပေး ငါလုပ်ပေးမယ်»
ပြောပြီး ကျောပိုးအိတ်မှာ ယူချိတ်ပေးပြန်တယ်။
«ချစ်ဖို့ကောင်းတယ် မဟုတ်လား»
ပါးချိုင့်လေးတွေပေါ်တဲ့အထိ ပြုံးပြရင်း ပြောလိုက်တယ်။လက်ကလည်း ကျောပိုးအိတ်မှာနေရာထားတဲ့ Moominအရုပ်လေးကို ‌တို့ထိလျက် ပင်။
အပြုံးချိုချိုလေးတွေနှင့် Chanyeol က အရုပ်ထက် အရမ်းချစ်ဖို့ကောင်းနေတာမြင်တော့ ငေးခနဲ့ဖြစ်သွားရတယ်။
ပြီးတော့ ခေါင်းလေးငြိမ့်ပြီး ဖြေလိုက်တဲ့စကားက ဘာကိုရည်ညွှန်းသလဲ သူကိုယ်တိုင်အသိဆုံးဖြစ်တယ်။
« အင်း »
« မပျောက်စေနဲ့နော် »
« ငါကို မင်းလိုထင်နေလား »
သူ့လက်အကြီးကြီးတွေက Magic Hand လို့ ပြောလို့ရသည့်အထိ ပစ္စည်းပေါင်းများစွာကို ဖျတ်ဆီးခဲ့တယ်။လက်ထဲရောက်သည့်နှင့် ကျကွဲသွားတဲ့ဖန်ခွက်တွေဟာလည်း မနည်း ။သူ့လက်ချက်နှင့် Kyungsoo ရဲ့ ဂြိုလ်သားအရုပ်လေးကျကွဲတုန်းက တော်တော်လေး ဝမ်းနည်းခဲ့ရတယ်။တမင်လုပ်ခဲ့တာမဟုတ်ပေမယ့် Kyungsoo က အထင်လွှဲပြီး စွပ်စွဲခဲ့တယ်လေ။
«အဲ့တုန်းက ကိစ္စကို အခုထိ အထင်လွှဲနေတုန်းလား »
«ထားပါ။မင်းနေရာ မင်းပြန်။ဆရာမ လာတော့မယ် »
Kyungsoo က သူ့လက်မောင်းကိုတွန်း၍ နှင်ထုတ်တယ်။အကြည့်ချင်းမဆုံအောင် မျက်လွှာလေးချလျက် ပြောလာတာမို့ Chanyeol အတပ်သိလိုက်တယ်။ Kyungsoo က ကိစ္စတစ်ခုဖြစ်ပြီးသွားလျှင် ဘယ်တော့မှ မေ့မသွားတတ်ဘူး။သူ့နှလုံးသားထဲမှာ သေရာပါအောင် စွဲမြဲမှတ်ထားတတ်တယ်။
★”★”
Kyungsoo အထင်မလွှဲအောင် သေချာရှင်းပြပြီး ရက်အနည်းငယ်ကြာမှာ အထင်လွှဲစရာ ကိစ္စပေါ်လာခဲ့တယ်။စာကြည့်တိုက်မှာ တွေ့သောကောင်မလေးက Chanyeol ကိုမြင်တော့ အပြေးအလွှား အနားရောက်လာတယ်။ပုံမှန်ဆို သဘောထားသေးသိမ့်သူမဟုတ်ပေမယ့် Chanyeol လက်တွေကို ဆွဲပြီး အကူအညီတောင်းနေတာမို့ မနှုတ်ဆက်ဘဲ ပြန်လာခဲ့တယ်။
Park Chanyeol ဒီကောင်...! ကောင်မလေးတွေကို မျှော်လင့်ချက်ပေးနေတယ်။မကြိုက်ရင် မကြိုက်ဘူး၊မကူညီနိုင်ရင် မကူညီဘူး၊တန်းမငြင်းဘူး။
« Kyungsoo..»
အနောက်မှ နာမည်အော်ရင်း ပြေးလာသောခြေသံတွေကြားတော့ ခြေလှမ်းတွေကိုပိုသွယ်လိုက်တယ်။အရူးကောင် မင်းခြေတံရှည်တိုင်း ငါကို အမှီလိုက်လို့ရမယ် မကြံနဲ့။
«ကြည့်ပါဦး..ဒါ ဘယ်သူလေးလဲလို့ »
Kyungsoo ခြေလှမ်းတွေ တွန့်ခနဲ့ ရပ်သွားတယ်။လူဆိုးတွေနဲ့ ရန်စရှိတဲ့လူက သူမဖြစ်နိုင်။ Park Chanyeol ပဲဖြစ်လိမ့်မယ်။တစ်ကျောင်းလုံးက လူဆိုးတွေနဲ့ ရန်ပတ်ဖြစ်နေတာ Chanyeol အပြင် ဘယ်သူရှိလို့လဲ။
« မင်းတို့နှစ်ယောက်က တွဲနေကြတာလား။
ဒါမှမဟုတ် Park Chanyeol ဘက်က တစ်ဖက်သတ်လား »
ပြောရင်း ရှေ့တိုးလာတာမို့ ခြေလှမ်းတွေကို နောက်ဆုတ်လိုက်ရတယ်။ နီးနီးကပ်ကပ်နှင့် မျက်နှာနားငုံမိုးလာပုံက မနှစ်မြိုစရာ။
« မင်း သိစရာမလိုဘူး။လာ Kyungsoo »
ရွံ့စရာကောင်းတဲ့အကောင်ကို ရင်ဘတ်မှတွန်း၍ Kyungsoo ရှေ့မှာ ဖယ်လိုက်တယ်။ပြီးတော့ သူ‌ဆောင့်ဆွဲလိုက်တဲ့အတိုင်း ပါလာတဲ့ Kyungsoo ကို ငုံကြည့်လိုက်တယ်။ ပြဿာနာဖြစ်လျှင် ဒီလိုရှောင်ဖယ်သွားတာကို သူ အမုန်းဆုံးဆိုတာ သိလျက်နှင့် ထွက်ပြေးသွားသူကို ဒီတစ်ခါတကယ်စိတ်ဆိုးတယ်။
ပြောပြီးသား။သူ ဘယ်ကောင်မလေးကိုမှ မကြိုက်ဘူး။ Kyungsoo မှလွှဲရင် ဘယ်သူမှလည်း မချစ်ဘူး။
«ပြော... Kyungsoo ဒီတစ်ခါရော  ငါကို အထင်လွှဲပြန်ပြီလား။ငါ ချစ်တယ် ဘယ်နှခါပြောမှ မင်းယုံမှာလား။တစ်ခုခုဆို မင်းအမြင်ထက် ငါကို အရင် မေးသင့်တယ် မဟုတ်လား»
ဒေါသထွက်နေသောလေသံမျိုးမဟုတ်ဘဲ ဆူနေသလိုမေးလိုက်တော့ Kyungsoo က သူကို စူးစူးနင့်နင့်ကြည့်လာတယ်။
«အထင်လွှဲမခံချင်ရင် ကောင်မလေးတွေနဲ့ နီးနီးကပ်ကပ်မနေနဲ့။ ငါမကြိုက်ဘူး Chanyeol »
«ဘာလို့လဲ »
Kyungsoo မျက်လုံးတွေကို နင့်နင့်သည်းသည်းကြည့်လိုက်တယ်။အမေးရှိရင် အဖြေရှိတယ်။အချစ်ရှိရင် သဝန်တိုမှုလည်း ရှိတယ်။
« ပျော်စရာကောင်းမယ်ထင်ပြီး ဒီလိုလုပ်နေတယ်ဆိုလည်း ရပ်လိုက်တော့ Chanyeol ...ငါက အရင်အတိုင်း ပျင်းစရာကောင်းတဲ့သူမို့ »
တိုင်နဲ့ခေါင်း ပြေးဆောင့်ပစ်လိုက်ချင်တယ်။
ပျင်းစရာကောင်းတဲ့လူဟု ပြောခဲ့သည့်စကားက  Kyungsoo ဆီက ဘယ်လိုမှ နုတ်လို့မရတော့ဘူး။အမြဲ သူကို ဒါနဲ့ပဲ ကိုင်ပေါက်နေတယ်။
«ဟုတ်တယ်။ငါ ဝန်ခံတယ်။မင်းကို ပျင်းစရာကောင်းတဲ့သူလို့ ငါ စနောက်ခဲ့တယ်။ဒါပေမယ့် ချစ်တယ်ဝန်ခံခဲ့တာ အဲ့ဒါနဲ့ မဆိုင်ဘူး။အရွယ်ရောက်လာတဲ့ငါ့စိတ်က ဖြစ်ပေါ်လာတဲ့အချစ်တွေက အစစ်အမှန်တွေ။အလိမ်အညာတွေ မဟုတ်ဘူး»
«....»
« မင်း ဘယ်လိုလုပ်မှ ငါ့အချစ်ကို ယုံမှာလဲ Kyungsoo...»
မျက်လုံးလေးတွေကို စိုက်ကြည့်လိုက်တော့ ခေါင်းလေးငုံသွားတယ်။ယုံအောင် သက်သေပြတဲ့လေ။
နှုတ်ခမ်းဖျားထက်မှာ တိုးတိုးလေးထွက်လာတဲ့စကားမှာ ဝမ်းနည်းခြင်းတွေပါဝင်နေတာ Chanyeol သိပါ့မလား။
ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တဲ့သူနဲ့  Chanyeol ရဲ့အကျင့်စရိုက်တွေက ဆန့်ကျင့်ဘက်မို့ သူတို့နှစ်ယောက်ရဲ့အနာဂတ်အကြောင်းကို တွေးရင်း ရင်မောရတယ်။သူကိုယ်တိုင် Chanyeol ကို ချစ်ပါလျက် ဝန်မခံချင်ဘူး။
ဒါဟာ အချစ်စစ်မဟုတ်ဘဲ ဆယ်ကျော်သက်ရွယ်စိတ်ကစားမှုဆို သူ့နှလုံးသားက အမာရွက်အဖြစ် ထင်းကျန်နေခဲ့လိမ့်မယ်။
★”★”
22.11.23🍎
ZAW...
« ဟင်  »
« Hi Kyungsoo »
« ရော့ မင်းအတွက် »
« ဖယ်စမ်းပါ »
★”★”
« Kyungsoo »
« ဖယ် »
ငါ  နမ်းပစ်မှာ »
« လာခဲ့ »
Park Chanyeol »
«....»
«ဘာလဲ ဆက်ပြောလေ »
«ဘာ !!»
«ဘာ »
Kyungsoo »
★”★” 
မလား »
« မင်း နေမကောင်းဘူးလား »
«နေလည်း ကောင်းပါတယ်»
« မင်း »
«ဟမ် »
★”★”
« Kyungsoo ဒါ မင်းအတွက် »
« ဘာအတွက်ပေးတာလဲ »
« ဒီအတိုင်း လက်ဆောင်လေ ။ပေး ငါလုပ်ပေးမယ်»
« အင်း »
« မပျောက်စေနဲ့နော် »
«ထားပါ။မင်းနေရာ မင်းပြန်။ဆရာမ လာတော့မယ် »
★”★”
« Kyungsoo..»
« မင်း သိစရာမလိုဘူး။လာ Kyungsoo »
«ဘာလို့လဲ »
«....»
★”★”
22.11.23🍎
Fortsett å les
You'll Also Like
151K 2K 19
When Isabella ends up in the hospital after a big car crash she meets a boy who had an accident as well, Arthur Leclerc. When his brother comes and v...
1.1M 48.5K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
594K 36.1K 100
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
6.9K 1K 47
အစမှတ်နဲ့ အဆုံးမှတ်ဘယ်မှာထပ်တူညီလိမ့်မလဲ သိချင်မိတယ်