FOREVER ONLY
By Onyourm__aple
2.8K 392 21
မယုံစရာကောင်းအောင် ပျင်းစရာကောင်းတဲ့လူက ငါ့ဖူးစာရှင်ဖြစ်နေတယ် More
01
02
03
05
06
07
08
09
10
Uncut (or) Extra
04
207 34 3
By Onyourm__aple
UNI...
စဉ်းစားဖို့အချိန်ပေးထားပေမယ့် Kyungsoo က Chanyeol ကို ရှိသည်မထင်။စာသာ ဖိလုပ်နေသည်။မခေါ်မပြောနှင့် သူကို မြင်လျှင်လည်း မျက်နှာရဲရဲနှင့် ပတ်ပြေးတတ်သည်။
‌Kyungsoo အရှက်အကြောက်ကြီးတာ သိပေမယ့် ဒီလောက်ကြီးကျ မဟုတ်သေးဘူးလေ။သူမှာအကြွေးတောင်းနည်းကား အချစ်ကို လိုက်တောင်းနေရတယ်။
Kyungsoo ကို ဖမ်းဖို့အတွက် လမ်းထိပ်မှာ ထွက်စောင့်နေလိုက်တယ်။ကုပ်ချောင်းချောင်းနှင့် သူကို အခုနေ တစ်ယောက်ယောက်များမြင်ရင် သူခိုးဆိုပြီး ဝိုင်းရိုက်လောက်တယ်။
« Park Chanyeol!!»
«အမေရေ!!»
နားရွက်အနားကပ်၍ ပိတ်အော်လိုက်သောအသံဆိုးကြောင့် ဒူး‌ထောက်လျက် မြေပြင်ပေါ် လှဲကျသွားရတယ်။ Oh Sehun !!! ဒီအရူးကောင် !!
« လူကောင်ကြီးနဲ့မလိုက် လန့်တတ်တာ လွန်းပါရော »
သူ မအော်ခင် Oh Sehun က အရင် ဖဲ့တယ်။ဘောင်းဘီပေါ် ပေနေတဲ့ဖုန့်တွေကို ခါပြီး Oh Sehun ကို ရင်ဘတ်ချင်းတိုက်ပြီး ငုံကြည့်လိုက်တယ်။ဒီကောင်ထက် အရပ်နှစ်စင်တီမီတာပိုရှည်တာ နှာတဖျားတတ်တာပဲ။
« အဲ့တော့ မင်းက ဘာလုပ်ချင်လဲ »
«ဖယ်။ငါ မင်းနဲ့ ဖက်ကိုက်ဖို့ မအားဘူး »
အတင်းတွန်းဖယ်နေတဲ့ Sehun ကိုကြည့်ပြီး အော်ရယ်မိတယ်။ဒီကောင် မြှားပစ်သမားဖြစ်ပြီး အားလည်း မသန်ဘူး။
« ဟေ့ကောင် ဖယ်။မဟုတ်ရင် တွေ့ရာ ကိုက်လိုက်ပစ်မှာ »
« မင်း မညစ်ပတ်နဲ့  အ့!! »
ပြောရင်း လက်မောင်းကို လာကိုက်တဲ့ခွေးပေါက်ရဲ့ကျောပြင်ကို ရိုက်ချပစ်လိုက်တယ်။နာသွားတာတောင် မလွှတ်တဲ့ဒကောင့်သားကို ဆံပင်မွှေးကနေ ဆွဲပြီး ဖယ်ခိုင်းလိုက်တော့ ကံမကောင်းထောက်မစွာ Kyungsoo က ရောက်လာခဲ့တယ်။
«အရူးကောင် Park Chanyeol!! ဘာလို့ Sehun ကို အနိုင်ကျင့်နေရတာလဲ »
လူကသာ သေးတယ်။အသံက ဆူးခနဲ့ပင်။
« Kyungsoo ငါ ...ငါ မဟုတ်ဘူး။ အဲ့ကောင် အရင်လုပ်တာ »
မျက်နှာငယ်လေးနှင့် Sehun ကို လက်ညှိုးထိုးပြလိုက်မှ အကြီးအကျယ် ဒုက္ခရောက်တော့တယ်။ Sehun ပုံစံက ရုပ်ပျက်ဆင်ပျက်နှင့် အင်္ကျီတွေကလည်း ရွဲ့စောင်းပြီး ဆံပင်တွေကလည်း ဖွာလန်ကြဲနေတယ်။ဘယ်သူကြည့်ကြည့်၊အနိုင်ကျင့်ခံထားရတဲ့ရုပ်ပင်။
« မဟုတ်ဘူး Kyungsoo..သူ အရင်လုပ်တာ။ငါ ဘာမှတောင် မလုပ်ရသေးဘူး»
ပြောရင်း Kyungsoo နောက်ကျောမှာ ဝင်ပုန်းလေတယ်။သူကိုလည်း မရဲ့မဝဲ့ကြည့်ပြီး ခေါင်းလေးငုံလျက် Kyungsoo ရှေ့မှာ ကြောက်‌ပြလိုက်သေးတယ်။မူယာမာယာများနေတဲ့ဒကောင့်သားကို မကျေမနပ်နှင့် လက်သီးရွယ်ပြလိုက်တယ်။
« Park Chanyeol!!»
Kyungsoo ဆီက အသံကုန် အော်ခံလိုက်ရတော့ Oh Sehun မျက်နှာကြီးက လပြည့်ဝင်းကြီးအလားပင်။ တွေ့မယ် အရူးကောင်။ Kyungsoo လစ်မှ တစ်ပွဲလောက်နွဲ့ဦးမယ်။
« ဟီး Kyungsoo ကလည်း ငါက ဒီအတိုင်း
လက်မောင်းညောင်းလို့ အကြောဆန့်လိုက်တာ »
ပြောရင်း လက်မောင်းကို ဆန့်တန့်ပြီး အပေါ်‌၊အောက် စက်ဝိုင်းပုံစံ လေး၊ငါးခါ လှည့်လိုက်တယ်။
« လာ.. Sehun အဲ့ကောင်ကို မခေါ်နဲ့ »
ကော့တော် ကော့တော်နှင့် Sehun လက်ကိုဆွဲသွားတဲ့ Kyungsoo ကို ပြေးသာ ထုပစ်လိုက်ချင်တယ်။
ငယ်သူငယ်ချင်းအရင်းကြီးကို ပစ်ထားပြီး ဘာမှမဟုတ်တဲ့အကောင်ကို ခင်တွယ်နေတယ်။
တွေ့ဦးမယ် Kyungsoo...ရည်းစားဖြစ်မှ အတိုးနဲ့အရင်းပေါင်းပြီး သတိမေ့တဲ့အထိ နမ်းပစ်လိုက်မယ်။
Sehun တစ်ယောက် Sehun အနောက်ကို အပြေးလိုက်ရင်း Chanyeol ကို လျှာထုတ်ပြီး ပြောင်ပြလိုက်တယ်။
Chanyeol ကတော့ ဆူပုတ်ပြီးရင်း ဆူပုတ်နေခဲ့တယ်။
ဟေ့ကောင် Chanyeol .. မင်းပဲ မဟုတ်ဘူး။ငါလည်း မူယာမာယာများတတ်တယ်ဆိုတဲ့ Sehun မျက်နှာကို အတွေးထဲမှာ ကြိတ်ထိုးပေးလိုက်တယ်။ဒီကောင် အားလည်း မရှိဘဲ။တစ်ပွဲနွှဲချင်နေပြီ။
အင်္ကျီနဲ့ ကွယ်နေတဲ့လက်မောင်းကြွက်သားတွေကို Sehun မြင်အောင် ပြပြီး ဖြဲလျှောက်လိုက်တယ်။ လက်မောင်းချင်းယှဉ်လှဲတဲ့နေရာမှာ Park Chanyeol တို့က ဆရာကြီး။
★”★”
« Chanyeol ငါ့နေရာ ဖယ်ပေး »
နောက်နေ့မနက်မှာ Kyungsoo ထိုင်ခုံကို အပိုင်စီးထားတဲ့ Chanyeol ကို မကြည့်သလို ကြည့်၍ ဖယ်ခိုင်းလိုက်တယ်။ပေကပ်ပြီး ရပ်နေတဲ့အရူးကောင်ကို စိတ်ရှိလက်ရှိ ထုလိုက်ရရင် ကျောတွေစုတ်ဖို့ပဲ ရှိတော့တယ်။
« မဖယ်ပေးဘူး »
ပြောရင်း လက်ပိုက်ပြီး နှုတ်ခမ်းကိုဆူပုတ်လိုက်တယ်။
« Chanyeol  မင်း ဘယ်လိုဖြစ်နေတာလဲ »
« ပြော။ ဘာလို့ ငါကို ရှောင်နေတာလဲ »
« ဘယ်မှာ ရှောင်‌လို့လဲ »
လိမ်လျှင် အထစ်အငေါ့မရှိ၊မျက်နှာအမှုအယာတစ်ချက်မပြတ်ပြောနိုင်တာ Kyungsoo ရဲ့အားသားဖြစ်တယ်။သို့သော် ကံဆိုးစွာ လိမ်လျှင် အကြည့်ချင်း ရှောင်ဖယ်သွားတတ်တဲ့အကျင့်ကို Chanyeol သိနေခဲ့တယ်။
«အဲ့စကားကို ငါ့မျက်နှာ တည့်တည့်ကြည့်ပြီး ထပ်ပြော »
Chanyeol က မတ်တပ်ရပ်ပြီး Kyungsoo နဲ့ နီးနီးကပ်ကပ်မှာ ရပ်လိုက်တယ်။ပြီးတော့ ကိုယ်ကို ငုံကိုင်းပြီး Kyungsoo မျက်နှာအနား ဝေ့လည်ဝေ့လည်လုပ်နေပြန်တယ်။
« မင်း မျက်နှာနီနေပြီ Kyungsoo »
Chanyeol အသက်ရှုသံကအစ Kyungsoo ပါးနားမှာ ဖြစ်တယ်။ Kyungsoo ကြောက်လွန်လွန်းလို့ အသက်ပင်အောင့်ထားမိတယ်။ Chanyeol နဲ့ နီးနီးကပ်ကပ် မနေချင်ဘူး။နှလုံးခုန်သံမြန်ပြီး သေတော့မယ်ထင်တယ်။
« ဟေ့ မျက်လုံးကြီး ဇွတ်မမှိတ်ထားနဲ့။ငါ
မင်းကို ဘာမှမလုပ်ဘူး »
မရဲတရဲဖွင့်လာတဲ့မျက်လုံးလေးတွေကို ကြည့်ပြီး ခန္ဓာကိုယ်ကို အနောက်သို့ ဆုတ်ပေးလိုက်တယ်။ဘာမှ မလုပ်ရသေးဘူး။လူကို လှိမ့်ကြောက်ပြနေတယ်။နမ်းသာ နမ်းလိုက်ရင် ဘယ်ကမ္ဘာမှာ ပြေးပုန်းမလဲမသိဘူး။
« မင်း ငါကို ရှောင်နေတာလား Kyungsoo »
«ဟင့်အင်း »
« ဒါဆို ပြီးတာပဲ။ ဆိုင်ကို လာခဲ့ဦး။
မင်းကို မေမေ မျှော်နေတယ် »
ပြောပြီး အခန်းထဲမှာ ထွက်လာခဲ့တယ်။အနောက်နားဆီမှာ ဘယ်လဲ ဆိုတဲ့မေးသံကို အားကစားကွင်းလို့ ပြန်ဖြေလိုက်တယ်။
ဒီနေ့ သူ Basketball လေ့ကျင့်ရက်ဆိုတာ Kyungsoo မေ့နေပြန်ပြီ။
Kyungsoo က စာသာတော်တယ်။သူ့အကြောင်းကို ဘယ်တော့မှ မမှတ်ထားဘူး။
သူအတွက်ပဲ  ကွက်ပြီး မှတ်ဉာဏ်အားနည်းနေတာ ဖြစ်ရမယ်။
★”★”
ကျောင်း‌အပေါက်ဝမှာ စာဖတ်လျက် ရပ်နေတဲ့ Kyungsoo ကိုမြင်တော့ ကျောပိုးအိတ်ကြိုးကို ခပ်တင်းတင်းဆွဲပြီး ပြေးသွားလိုက်တယ်။ပြေးလာတဲ့ခြေသံတောင် မကြားဘဲ စာထဲ အာရုံရောက်နေပုံထောက်ရင် အာကာသစာအုပ် ဖတ်နေတာဖြစ်ရမယ်။
« Chanyeol »
အနားမရောက်ခင်မှာပဲ သူကိုမြင်သွားပြီး လှမ်းခေါ်တယ်။လက်ကလေးကလည်း လေ‌ပေါ်ဝဲလို့ သူကို ပြုံးပြနေပြန်တယ်။အရူး။အဲ့လို ပြုံးပြရင် ဒီကောင်က အသည်းယားလွန်းလို့ ငုံခဲထားချင်ပါတယ်ဆို။
« ဘယ်သူကို စောင့်နေတာလဲ။ Sehun ကိုလား »
« Sehun ပြန်သွားတာကြာနေပြီ »
«ဒါဆို ဘယ်သူစောင့်နေတာလဲ »
« မင်းကို စောင့်နေတာလေ အရူးရဲ့ »
Kyungsoo က မမှီတဲ့သူ့ဆံပင်တွေကို လှမ်းဆွဲတယ်။ခေါင်းလေးငုံပြီး ဆွဲခိုင်းလိုက်တော့ ကြောင်တောင်တောင်လေးနှင့်။
« ဘာလဲ မဆွဲဘူးလား »
မေးလိုက်မှ ခေါင်းကို ဂွမ်ခနဲ့ လှမ်းခေါက်တယ်။
«အရူး အသားနာမှ ကျေနပ်တာလား »
« ငါ့အသားနာမှ မင်း စိတ်ချမ်းသားမှာလေ »
ထိုသို့ပြောလိုက်တော့ မသိဟန်ပြုပြီး အရှေ့မှာ ထွက်သွားလေရဲ့။ Chanyeol အနောက် ပြေးလိုက်ရင် မှီရာ Kyungsoo ဂုတ်ပိုးကို လိုက်ဆွဲလိုက်တယ်။
« ငါ မုန့်ဝယ်ကျွေးမယ်။ဘာစားမလဲ »
«တော်ပါ။ အဆိပ်တွေ ကျွေးနေတာ
ငါ မစားဘူး»
«မင်းကို ဘယ်သူက စေတနာမရှိဘူး ပြောလို့လဲ »
မဟုတ်ဘူးလားဆိုပြီး မော့ကြည့်တဲ့မျက်ဝိုင်းနက်နက်လေးတွေ။ Kyungsoo ရေ မင်းတော့ မှာနေပြီ။ငါက မင်းအတွက်ဆို စေတနာရှိပြီးသား။
« မင်းပဲ ငါ ဆိုင်လာရင် မျက်နှာကြီး ဆူပုတ်ပြီး တွန့်တိုနေတာ မဟုတ်ဘူးလား »
«အဲ့ဒါ မေမေတို့ မင်းကို ဝိုင်းချစ်နေကြလို့ ငါ သဝန်တိုနေတာလေ »
Chanyeol စကားမှာ အင့်ခနဲ့ဖြစ်သွားပြီး ပါးတွေ ပူလာတယ်။ဒီကောင် Chanyeol
အခုတလော စကားပြောတာ တအားရဲလာတယ်။
အရှက်သည်းနေတဲ့ Kyungsoo ကို ကြည့်ပြီး Chanyeol တစ်ယောက် ခုန်ဆွ၊ခုန်ဆွနှင့်။အရမ်းချစ်ဖို့ကောင်းနေလို့ မြိုချပစ်လိုက်ရရင် အရိုးတောင် ကျန်မှမဟုတ်ဘူး။
တစ်လမ်းလုံး ခေါင်းကြီးငုံလျက် လမ်းလျှောက်လာတဲ့ Kyungsoo ရယ် ခုန်ဆွ၊ခုန်ဆွလုပ်နေသော Chanyeolရယ်ကို တော့ပိုကီဆိုင်ထဲကSehun လှမ်းတွေ့ပြီး ခေါင်းခါရမ်းလိုက်တယ်။
Chanyeol အဲ့အရူးကောင်။ Kyungsoo ကို ပျင်းစရာကောင်တဲ့လူလို့ပြောပြီး အခုမှ အသေရရ၊အရှင်ရရ လိုက်နေတယ်။
Chanyeol မကောင်းကြောင်းတွေ Kyungsoo ကို များများပြောပေးရမယ်။ဒါမှ Chanyeolတစ်ယောက် ကြက်ကြီးလည်လိမ်နေသလို ဖြစ်နေမှာ။
★”★”
« Kyungsoo »
«ဟင် »
« Chanyeol လေ ကောင်မလေး ရနေပြီလား မသိဘူး။ပန်းစည်းကြီးကိုင်ပြီး စီနီယာတွေ အတန်းဘက်မှာ ဝေ့လည်ဝေ့လည်လုပ်နေတယ်»
Kyungsoo မှာ မျက်လုံးလေးအဝိုင်းသားနှင့် ‌စိတ်မကောင်းဖြစ်ရတယ်။မနေ့ကအထိ သူကို လိုက်နေတဲ့သူက အခု တစ်ခြားကောင်မလေးကို ပန်းစည်းပေးဖို့ လုပ်နေတယ်တဲ့လေ။
Kyungsoo မှာ စိတ်မကောင်းဖြစ်လွန်လွန်းလို့ စာတောင် လိုက်မမှတ်နိုင်ဘူး။ Chanyeol လာတာတောင် မသိဘဲ တစ်ချိန်လုံး ငေးနေမိတယ်။
« Kyungsoo »
« Kyungsoo »
« Kyungsoo!!»
ဘယ်လောက်ခေါ်ခေါ် မကြားတဲ့ Kyungsoo ကို စိတ်မရှည်စွာ ပခုံးလှမ်းပုတ်လိုက်တယ်။
« ဟင် »
ကြောင်တောင်တောင်လေးနှင့် ပြူးကြည့်လာတဲ့သူက အခုမှ အသိစိတ်ကပ်လာတဲ့ပုံပင်။
« ဘာဖြစ်နေတာလဲ »
«ဟင့်အင်း»
«မလိမ်နဲ့နော် »
Kyungsoo မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး မေးလိုက်တော့ ခေါင်းလေး ငုံသွားတယ်။သေချာတယ်။ Kyungsoo တစ်ခုခုဖြစ်နေတယ်။
« ပြော။မင်းကို ဘယ်သူ အနိုင်ကျင့်လို့လဲ »
« မင်း ။ မင်းလေ ငါကို စိတ်အနှောက်အယှက် ပေးနေတာ »
မဆိုင်းမတွ ပြောပြန်တဲ့စကားမှာ Chanyeol ငြိမ်ကျသွားရတယ်။Kyungsooကို သူ အဲ့လောက်တောင် စိတ်ဒုက္ခပေးမိနေတာလား။ချစ်လွန်လွန်းလို့ လိုက်ကပ်နေတာတွေက Kyungsoo ကို အနှောက်အယှက်တွေ ဖြစ်သွားစေတာလား။
ခေါင်းလေးငေါက်စိုက်ပြီး ကိုယ့်နေရာကိုယ် ပြန်လာခဲ့တယ်။ဒီနေ့ကစပြီး Kyungsoo ကို  နှောက်ယှက်တော့မှ မဟုတ်ဘူး။
★”★”
« Chanyeol »
လှေကားထစ်တွေအတိုင်း တတ်လာခဲ့ပြီး ခေါင်မိုးထပ် တံခါးကို ဆွဲဖွင့်လိုက်တော့ Kyungsoo မျက်လုံးလေးပြူးပြီး ထိန့်လန့်သွားရတယ်။Chanyeol ရှိနေမယ်ထင်ပြီး တတ်လာခဲ့ပြီးမှ ပြန်ဆင်းရတော့မလို၊ရပ်တော့ ရပ်နေရတော့မလိုနှင့် ခြေထောက်တွေကလည်း ရွေ့မရ။လက်ထဲက ဆေးထုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး လှည့်ပြေးရန်ကြံလိုက်ပေမယ့် လွတ်လမ်းမရှိတော့ပါ။သူထက် ရှည်လျားတဲ့ခြေတံတွေနှင့် လူဆိုးကောင်တွေဆီက ဝန်းထားခြင်းခံနေရပြီလေ။
« ဘယ်သူများလဲလို့ Chanyeol အချစ်ကလေးကို»
ချီးပဲ။
ပုန်းနေရာမှ Chanyeol ထဆဲမိတယ်။
ဖိနပ်ကြိုးကို ခပ်တင်းတင်းဆွဲချည်ပြီး အကွယ်မှ ထွက်လာခဲ့တယ်။ပြီးနောက် Kyungsoo ကို အပေါ်၊အောက် မျက်လုံးရိုင်းတွေနှင့်ကြည့်နေတဲ့အကောင်ရဲ့ရင်ဘတ်ကို ခြေထောက်နှင့် ပိတ်ကန်ပစ်လိုက်တယ်။ ခွေးမသား။ငါတောင် အဲ့လောက် စေ့စေ့မကြည့်ရသေးဘူး။
« ငါ့အနောက်မှာ နေ »
တစ်ခုခုဆို ကြောက်တတ်လွန်းတဲ့အကြောက်သန်လေးက  Chanyeol စကားကို နားထောင်ရှာတယ်။အနောက်မှာ လုံခြုံစွာ ပုန်းလျက် ထိန့်လန့်လို့နေတယ်။
လူငါးယောက်ကို အသားလေး ချနိုင်ပေမယ့် Kyungsoo ရှေ့မှာ ကြမ်းတမ်းတဲ့ပုံစံကိုမပြချင်တာကြောင့် အနည်းငယ် အသားနာခံလိုက်တယ်။ဒါမှ အချစ်ကလေးက ဂရုစိုက်ပါ။
Kyungsoo မှာ ရင်တမမနှင့် ရန်ပွဲကို ကြည့်နေတယ်။ Chanyeol ထိခိုက်သွားလို့မဖြစ်ဘူး။ Chanyeol က ဒဏ်ရာသာ ရလွယ်တာ ဆေးထည့်ရမှာ အရမ်းကြောက်တယ်။အနာတစ်ခုရသွားပြီရင် တော်တော်နဲ့ ပျောက်သူမဟုတ်ဘူး။
« အ့ »
Chanyeol ရဲ့ ပါးစောင်း အထိုးခံလိုက်ရတာကြောင့် နှုတ်ခမ်းထောင့်မှာ ‌သွေးတွေ ချက်ချင်း ထွက်လာခဲ့တယ်။အနောက်မှာကြည့်နေတဲ့ Kyungsoo ကတော့ နေမထိ၊ထိုင်မသာနှင့်။သေးသေးလေး ထိခိုက်သွားတာကို ပုံကြီးချဲ့ကြီး ပူပန်နေတယ်။
လူ‌ဆိုးတွေ အောက်ထပ်ကို အလျိုလျိုပြေးဆင်းသွားမှ Chanyeol ဆီ အပြေးသွားပြီး ဒဏ်ရာကို စစ်ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံး ညိုမဲနေတာမြင်ပြီး Kyungsoo ရင်တွေနာလာတယ်။ Chanyeol မျက်နှာမှာ ဒီလိုဒဏ်ရာတွေမြင်နေတာကို မုန်းတယ်။
« ငါ ...ငါ ဆေးထည့်ပေးမယ် Chanyeol »
လက်ကောက်ဝတ်မှဆွဲပြီး ထိုင်ခိုင်းကာ အစောနက ပါလာတဲ့အထုပ်လေး ဖြည်နေတဲ့ Kyungsoo ကို ဒီအတိုင်း ငြိမ်ငြိမ်လေး ကြည့်နေမိတယ်။ Kyungsoo က သူကို အနှောက်အယှက်ဖြစ်‌တယ်ပြောပြီး ဒီလိုလည်း လာဂရုစိုက်ပေးတာပဲလား။
« Kyungsoo »
« ဟင် »
«ဘာလို့ ဒီကို လာတာလဲ »
«မင်း ထိခိုက်သွားတယ် ပြောလို့ »
Basketball ဝတ်စုံ ချိုင်းပြတ်နှင့် Chanyeol လက်မောင်းအောက်နားလေးကဒဏ်ရာကို အရင်ဆေးထည့်ပေးရင်း ဖြေလာတယ်။ Chanyeol ကြိတ်ပြုံးရင်း Kyungsoo ဆီက ဂရုစိုက်ခံရတာကို ပျော်နေမိတယ်။
« ဒဏ်ရာ တစ်ခုမပျောက်သေးဘူး။နောက်ထပ်တစ်ခု ရပြန်ပြီ »
Kyungsoo က သူကို ဆူနေတာလား။တစ်ယောက်တည်း ရေရွတ်နေတာလား မသိ။ခပ်တိုးတိုးလေး ဆိုလာတယ်။သူလည်း ဒဏ်ရာမရချင်ပါဘူး။အစကတည်းက ရန်မဖြစ်ချင်လို့ ပုန်းနေခဲ့တာလေ။
« နောက်တစ်ခါ ရန်ဖြစ်ရင် ဦးအောင်ချ Chanyeol ...အခုလို ဒဏ်ရာမရစေနဲ့ »
နှလုံးသားနူးညံ့လွန်းတဲ့ Kyungsoo ဆီက ကြားလိုက်ရတဲ့စကားဖြစ်တယ်။ Chanyeol မှာ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားနှင့်။ သူ့အချစ်ကလေးက သူ ရန်ဖြစ်တာကို မဆူတဲ့အပြင် အားပေးအားမြှောက်တောင် လုပ်နေသေးတယ်။
« ဘာလို့လဲ »
« ငါ မကြိုက်ဘူး။ မင်း မျက်နှာပေါ်မှာ ဒဏ်ရာတွေ့ရင် ဒေါသထွက်တယ် »
«.....»
ဒေါသထွက်နေတဲ့ကြောင်ပေါက်လေးကို ကြည့်ပြီး တိတ်တိတ်လေး ခိုးရယ်လိုက်တယ်။အသံထွက် ရယ်မိလိုက်လျှင် ဝှက်ထားတဲ့လက်သည်းတွေနဲ့ သူကို ဆွဲကုတ်လိမ့်မယ်။
★”★”
« Kyungsoo အတူတူပြန်လို့ရလား »
မျက်နှာမှာ ဒဏ်ရာပလပွနှင့် Chanyeol အမေးကို ခေါင်းငြိမ့်ပြလိုက်တယ်။
«ငါဆိုင်ဝင်မလို့။မင်းရော  လာခဲ့ဦးမလား »
« အင်း။လိုက်ခဲ့မယ် »
စကားပြောရင်း လမ်းလျှောက်လာခဲ့တယ်။မှတ်တိုင်မှာ ကားစောင့်နေရင်း Chanyeol က Kyungsoo ကို အရိပ်တကြည့်ကြည့်နှင့်။ဘေးနားက သူ့သေးသေးလေးက အသည်းယားစရာလေးမို့ တစ်ယောက်ယောက် မ,ပြေးသွားမှာကိုလည်း ကြောက်နေရတယ်။
« ကား လာပြီ »
Kyungsoo လက်ကို ဆွဲပြီး ကားပေါ်တတ်ခဲ့တယ်။ပြတင်းပေါက်ဘေးခုံမှာ Kyungsoo ကို ထိုင်စေပြီး သူကတော့ Kyungsoo ဘေးနားက ခုံမှာ ထိုင်လိုက်တယ်။
နားရွက်ဖျားလေးတွေကစလို့ လည်ပင်းသားတွေအထိ ရဲတတ်နေ‌တဲ့ Kyungsoo ကိုမြင်လေတော့ ခပ်ဖွဖွလေး ပြေးနမ်းချင်တဲ့စိတ်ကို ထိန်းမရ။
« အဟမ်း »
ချောင်ဆိုးပြီး Kyungsoo ထံပါးမှ အကြည့်လွှဲလိုက်ရတယ်။မဟုတ်ရင် ရဲတတ်နေတဲ့ပါးပြင်လေးကို ခွေးစိတ်ပေါက်ပြီး ပြေးကိုက်မိတော့တယ်။
«Chanyeol အရှေ့မှတ်တိုင်ရောက်ရင်
ဆင်းမယ်   »
ပေါင်ပေါ်မှ Chanyeol လက်ကို လှုပ်ရမ်း၍ သတိပေးလာတဲ့အထိအတွေ့လေး။ Chanyeol နှလုံးခုန်နှုန်းတွေမြန်လာပြီး  စိတ်တွေ ဖောက်ပြန်လာတယ်။ကားပေါ်မှာ မဟုတ်တာလုပ်မိရင် Kyungsoo က သူကို တစ်သက်လုံး စကားပြောတော့မှ မဟုတ်ဘူး။
« ဆင်းမယ်လေ ။ ဘာလုပ်နေတာလဲ »
«အော် အင်း »
သူကို ကျော်ခွပြီး ကားပေါ်ကဆင်းသွားတဲ့ Kyungsoo အနောက် အမြန်ပြေးလိုက်ရတယ်။
« Kyungsoo စောင့်ဦးလေ »
« ပြေးလာလေ။မင်း အားကစားသမား မဟုတ်ဘူးလား »
ကြည့်။သူကို ဒါနဲ့ပဲ ကိုင်ပေါက်နေတယ်။အခုဘယ်သူကြောင့် ရင်ခုန်လွန်းပြီး အမောမခံနိုင်ဖြစ်နေရတာလဲ ။
«  Kyungsoo ya စောင့်ပါဦး ။ ငါ ရင်ခုန်လွန်းပြီး သေတော့မယ် »
ရင်ဘတ်ကို ဖိပြီးပြောလိုက်မှ ခြေလှမ်းကြဲတွေက ရပ်သွားတယ်။ပြီးတော့ စိတ်ပူနေသောမျက်နှာလေးနှင့်။
«သက်သာရဲ့လား »
«ဟင့်အင်း »
«ဒါဆို ဘယ်လိုလုပ်မလဲ။ မင်း ဆေးခန်းသွားချင်လား »
«ဟင့်အင်း မသွားချင်ဘူး။ မင်းက ငါကို ဂရုစိုက်ပေးလေ »
« ငါမှ ဆေးပညာဗဟုသုတ နားမလည်တာ »
« ရပါတယ်။ မင်းဆီက ချစ်တယ် အဖြေကြားရင် ချက်ချင်း သက်သာသွားမှာ »
«အရူးကောင် !! »
မျက်နှာရဲရဲနှင့် အော်ပြီး ဆိုင်ထဲ ဝင်သွားသည်။ပွစိပွစိနှင့် ဆိုင်ထဲဝင်လာတဲ့ဆူပုတ်လေးကို ‌မြင်တော့ မေမေတို့က သူကို ဆူတယ်။ကလေးကို ဘာတွေ အနိုင်ကျင့်လာပြန်ပြီလဲတဲ့လေ။
သားထက် သားမက်ကို ပိုချစ်ပြနေတဲ့မေမေကို မနိုင်စွာ လွှတ်ထားပြီး မေမေတို့လစ်တိုင်း Kyungsoo ကို မျက်လုံးမှိတ်ပြလိုက်တယ်။ပါးစပ်ကလည်း လှုပ်ရုံလေး ချစ်တယ် ပြောလိုက်တော့ ခေါက်ဆွဲအေးစားနေသူက ခေါင်းပင် ဖော်မလာတော့။
★”★”
အနည်းငယ်မှောင်ရိပ်သန်းနေပြီမို့ လိုက်ပို့ပေးရန် ပြောတော့ Kyungsoo က အကြောက်အကန်ငြင်းတယ်။
« ငါ မင်းကို မကိုက်စားပါဘူး »
« ဒါပေမယ့် စကားနဲ့ အနိုင့်ကျင့်တယ်လေ »
Chanyeol ခပ်ဟဟလေးရယ်ရင်း Kyungsoo ခေါင်းလေးကို လှမ်းပုတ်လိုက်တယ်။ဇာတ်ကလေးပု၍ ခေါင်းလေးငုံသွားပုံလေးက လူကြောက်တဲ့လိပ်ပေါက်စလေးလိုပင်။
« မင်း ရှက်ရင် ငါမပြောတော့ဘူး ။တစ်ယောက်တည်းတော့ မပြန်ရဘူး။ငါ စိတ်မချဘူး »
ပြောလိုက်တော့ နှုတ်ခမ်းလေးဆူထော်ပြီး ငါ့ကလေး မဟုတ်ဘူးတဲ့လေ။ကလေး မဟုတ်လို့ပေါ့။ကလေးသာဆို သွားလေရာ ခေါ်သွားမှာ။
စကားတပြောပြောနှင့် လမ်းလျှောက်ရင်း Kyungsoo လက်ချောင်းလေးတွေကိုလည်း ခဏခဏငေးကြည့်နေမိတယ်။ဒီလက်ကလေးတွေကို ဆုပ်ကိုင်ပြီး လမ်းလျှောက်ချင်တယ်။
« ဝင်တော့မယ် »
«အင်း »
Kyungsoo ခြံတံခါးဖွင့်ပြီး အထဲဝင်သွားမှ ပြန်လှည့်လာခဲ့တယ်။သို့သော် တံခါးပြန်ဖွင့်သံကြားရပြီးနောက်မှာ သူ့အင်္ကျီအောက်နားစက တင်းခနဲ့ဖြစ်သွားတယ်။လှည့်ကြည့်လိုက်တော့ ကြယ်ကလေးတွေ လဲ့နေသော Kyungsoo မျက်လုံးလေးတွေက လမ်းဘေးမီးအကူအညီနှင့် တဖျတ်ဖျတ်လင်းလက်နေတယ်။
« Chanyeol »
«အင်း »
«မင်း...»
«အင်း »
«....»
«ဆက်ပြော။ငါ နားထောင်နေတယ်»
«မင်း...မင်း ငါကို တကယ်ချစ်တာလား »
မျက်လုံးမှိတ်၍ လွှတ်အော်လာသော Kyungsoo ကို ခါးမှဆွဲ၍ ရင်ခွင်ထဲ ထည့်လိုက်တယ်။ထိန့်လန့်သွားပုံရတဲ့ Kyungsoo က သူ့လက်မောင်းတွေကို ထုပြီး ရုန်းကန်လာတယ်။
« Chanyeol ဘာလုပ်တာလဲ လွှတ် »
« ခဏလေး  Kyungsoo ! ခဏလေး ငြိမ်ပေး »
ငယ်ငယ်ကလည်း သူ့စကား နားထောင်ခဲ့သူမို့လား မသိ။သူ့အသံနည်းနည်းမာလျှင် Kyungsoo က ဆက်မလုပ်ရဲ။သူ့ပခုံးကို ဆုပ်ကိုင်လျက် ငြိမ်နေတယ်။
« ကြားရလား။အဲ့ဒါ ငါ့ရင်ခုန်သံတွေလေ »
သူ့ပခုံးပေါ်က လက်ကလေးက တင်းခနဲ့ဖြစ်သွားတယ်။မေးပြီးမှ အရှက်ပိုကာ ခေါင်းငုံထားတဲ့ Kyungsoo ခေါင်းလေးကို ငုံနမ်းလိုက်တယ်။ကိုယ်လေးတစ်ချက်တုန့်သွားပေမယ့် ဘာမှတော့ မပြောပါ။
«ဒါဆို ဘာလို့ တစ်ခြားတစ်ယောက်ကို ပန်းစည်းပေးတာလဲ »
«ဟမ်»
နားမလည်မှုအပြည့်နှင့် Kyungsoo မျက်လုံးတွေ ကြည့်လိုက်တယ်။
« ဘာတွေပြောနေတာလဲ »
«မင်း ဟိုနေ့က တစ်ခြားတစ်ယောက်ကို ပန်းစည်းပေးဖို့ စောင့်နေတာဆို »
စိတ်ထဲ အသံကျယ်ကြီးနဲ့ အော်ဆဲလိုက်တယ်။ Oh Sehun အယုတ်သမားကောင်။ ပြန်ပြောရင်လည်း စကားကို ကုန်အောင်ပြောလေ။
«မဟုတ်ဘူး Kyungsoo...အဲ့ဒါ ငါကို ပေးတာ မလိုချင်လို့ ပြန်ပေးဖို့စောင့်နေတာ။အခန်းထဲ ယူလာဖို့ကျ မင်းရှိတယ်လေ။အမှိုက်ပုံးထဲ ထည့်ရမှာလည်း အားနာတယ် အဲ့ဒါကြောင့်ပါ။တစ်ခြား မဟုတ်ဘူး »
«ဟုတ်လို့လား ။ မလိမ်နဲ့နော် »
« မလိမ်ဘူး တကယ်။ငါလိမ်ရင် မင်းသိပါတယ်။ငါ့နှုတ်ခမ်းထောင့်လေး အပေါ်တတ်သွားတယ်လေ »
ချစ်ဖို့ကောင်းအောင်‌ သူကို ခပ်စူးစူးကြည့်ပြီး အလိမ်ဖမ်းတယ်။သူ့နှုတ်ခမ်းထောင့် အပေါ်မတတ်သွားတာသေချာမှ ခါးပေါ်က သူ့လက်တွေကို အတင်းပုတ်ချ၊ရုန်းလာတယ်။
«ဖယ်..ဖယ်တော့ ငါဝင်တော့မယ်»
အတင်းမရမကာရုန်းကန်လာတာမို့ လွှတ်ပေးလိုက်ရတယ်။
သူကို မနှုတ်ဆက်ဘဲ အိမ်ထဲ တန်းနေအောင်ပြေးသွားတဲ့ လုံးလုံးလေးကို ကြည့်ပြီး ပြေးဖက်ပစ်ချင်တာ အရမ်း။သူနဲ့ Kyungsoo ရည်းစားတွေဖြစ်သွားရင် Kyungsoo ကို နောက်ကျောက ဖက်ပြီး သူ့ရင်ခွင်ထဲ အမြဲထည့်သိမ်းထားရမယ်။
★”★”
22.11.23🍎
ZAW...
« Park Chanyeol!!»
«အမေရေ!!»
« မင်း မညစ်ပတ်နဲ့  အ့!! »
လူကသာ သေးတယ်။အသံက ဆူးခနဲ့ပင်။
« Park Chanyeol!!»
တစ်ပွဲနွှဲချင်နေပြီ။
★”★”
« မဖယ်ပေးဘူး »
« ဘယ်မှာ ရှောင်‌လို့လဲ »
မင်းကို ဘာမှမလုပ်ဘူး »
«ဟင့်အင်း »
« ဒါဆို ပြီးတာပဲ။ ဆိုင်ကို လာခဲ့ဦး။
★”★”
« Chanyeol »
« ဘာလဲ မဆွဲဘူးလား »
« ငါ မုန့်ဝယ်ကျွေးမယ်။ဘာစားမလဲ »
«တော်ပါ။ အဆိပ်တွေ ကျွေးနေတာ
ငါ မစားဘူး»
★”★”
« Kyungsoo »
«ဟင် »
« Kyungsoo »
« Kyungsoo »
« Kyungsoo!!»
« ဟင် »
« ဘာဖြစ်နေတာလဲ »
«ဟင့်အင်း»
«မလိမ်နဲ့နော် »
★”★”
« Chanyeol »
ချီးပဲ။
« ငါ့အနောက်မှာ နေ »
« အ့ »
« Kyungsoo »
« ဟင် »
«ဘာလို့ ဒီကို လာတာလဲ »
« ဘာလို့လဲ »
«.....»
★”★”
«ငါဆိုင်ဝင်မလို့။မင်းရော  လာခဲ့ဦးမလား »
« အင်း။လိုက်ခဲ့မယ် »
« ကား လာပြီ »
« အဟမ်း »
ဆင်းမယ်   »
« ဆင်းမယ်လေ ။ ဘာလုပ်နေတာလဲ »
«အော် အင်း »
« Kyungsoo စောင့်ဦးလေ »
«သက်သာရဲ့လား »
«ဟင့်အင်း »
«အရူးကောင် !! »
★”★”
« ဝင်တော့မယ် »
«အင်း »
« Chanyeol »
«အင်း »
«မင်း...»
«အင်း »
«....»
«ဆက်ပြော။ငါ နားထောင်နေတယ်»
«ဟမ်»
« ဘာတွေပြောနေတာလဲ »
«ဟုတ်လို့လား ။ မလိမ်နဲ့နော် »
★”★”
22.11.23🍎
Continue Reading
You'll Also Like
629K 38.5K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
121K 5.4K 72
Alina Fairgrieves-Byers and Gabriel Burton would do anything for a normal summer. 𝐄𝐗𝐓𝐄𝐍𝐃𝐄𝐃 𝐒𝐔𝐌𝐌𝐀𝐑𝐘 𝐈𝐍𝐒𝐈𝐃𝐄 ( 𝐎𝐂 𝐗 𝐋𝐔𝐂𝐀𝐒 �...
243K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1.2M 22.8K 94
Paisley Doh never really had a good life. After she confessed to her brother (Aaron Doh) that she wanted to move... she moved. Paisley slowly started...