Unicode
မနေ့က အစ်ကိုစောစောအိပ်သွားသည်မလို့ စကားမပြောဖြစ်။ မနက်ရောက်တော့လည်း မတွေ့ရပြန်။ ဘာတွေဖြစ်နေပါလိမ့်။
"အပူသည်ရုပ်နဲ့မြင့်မိုရ်ရယ်..."
"မဟုတ်ပါဘူး မြရည်နဲ့ဝသုန် ငါ မင်းမဟော်နဲ့အပြင်သွားမလို့ လိုက်ပေးပါလား ငါတစ်ယောက်တည်းမသွားချင်ဘူး..."
"အလို အဖြေပေးတုန်းကကျ မတိုင်ပင်ဘဲ..."
"မြရည်ကလည်း စိတ်မဆိုးပါနဲ့..."
"ဘာစိတ်ဆိုးစရာရှိလို့လဲမြရည်ရယ် အစကတည်းက မြင့်မိုရ်ကိုယ်တိုင်စိတ်ပါနေတာဘဲ..."
"ဝသုန် နင်...ထားတော့ ငါလိုက်ခဲ့မယ်..."
မြရည်စိတ်ဆိုးနေတာကို လက်ခံပါတယ်။ ကျွန်မအဖြေပေးလိုက်တာလည်း စိတ်ရှုပ်မခံနိုင်လို့ပါ။ ပြီးတော့ ကျောင်းရောက်တုန်း စိတ်လွတ်ကိုယ်လွတ်ပျော်ချင်တယ်။
......
"ဈာန်ဖြိုး ဘာဖြစ်နေတာလဲကွာ မင်းသောက်ဖို့ချိန်းတာ ရက်ဆက်တယ်နော် ရင်ဖွင့်စမ်းပါ..."
"မင်းထိုက် ငါ့ကိုလွှတ်ထားပေးပါလား ငါအသိစိတ်ပျောက်တဲ့အထိ သောက်ချင်လို့ပါ..."
"ဘယ်တုန်းကများ အသိစိတ်ပျောက်ဖူးလို့လဲ အရက်သာကုန်သွားမယ် မင်းမူးတာခပ်ရှားရှား... လွှတ်ထားဆိုလည်း လွှတ်ထားမယ် ဒါပေမဲ့ မင်းသူငယ်ချင်းဖုန်းနဲ့အန်တီဖုန်းကိုတော့ ကိုင်လိုက်ဦး ဆက်တိုက်ခေါ်နေတယ်..."
Miss calledကနာမည်ကိုကြည့်လိုက်ပြီး ဖုန်းပိတ်လိုက်သည်။ အရက်ကိုရေမရောဘဲသောက်ချရင်း ရင်ထဲကအပူကိုငြိမ်းသက်နေမိသည်။
"အမယ်လေး မလွယ်ပါလားငါ့ကောင် ရေရောဦးဟ..."
"မင်းထိုက် ငါအဆောင်မပြန်ချင်ဘူး..."
"ဟာ ရမလား... မင်းအမေအကြောင်းသိလျက် ငါ့အိမ်ခေါ်သွားရင် ငါ့အမေကလှမ်းတိုင်လိမ့်မယ်... အဆောင်မပြန်ရင် အဆောင်မှူးမောင်းချနေမယ်... ဟိုတယ်ခေါ်သွားရင်လည်းမဖြစ် မင်းမိဘအသိတွေကြည့်ဘဲ..."
"အေးကွာ..."
"မင်းဒီလိုဖြစ်တာ မမြင်ဖူးသေးဘူး... အသည်းကွဲနေတာလား..."
"ကွဲဖို့အသည်းရှိပါဦးမလား မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်က အချိန်တန်ရင် ပြန်မှာဘဲလေ ငါသူ့အပေါ်ဖြူစင်ချင်တယ်... ညီမလေးတစ်ယောက်လို ညီမ..."
"ဈာန်ဖြိုး ဟာ...မှောက်သွားပြီ ဒုက္ခတော့ လှလှနဲ့တွေ့ပြီ ဘယ်ညီမကိုပြောနေတာမှန်းမသိ... မြရည်မကိုဘဲ ဒုက္ခပေးရတော့မယ်..."
မြရည်ဆီဖုန်းဝင်လာတော့ အစ်ကိုထင်ပြီးကြည့်လိုက်သေးတယ်။ နံပါတ်အစိမ်းမလို့ မြရည်ကိုသာပေးလိုက်သည်။ မင်းမဟော်နဲ့ချိန်းထားသည်မလို့ ဝသုန်နဲ့အတူသာသွားလိုက်သည်။ မြရည်က မင်းမဟော်နဲ့တွဲတာ ကြိုက်ပုံမပေါ်။
"ဟယ်လို..."
"မြရည် ငါမင်းထိုက်ပါ..."
"အော် မင်းထိုက် မဆက်စဖူးဆက်လို့ပါလား... ရည်းစားရတာနဲ့ ငါတို့ကိုပစ်ထားသိလား နင်ဟာလေ မဘက်လိုက်လို့ မိုက်ဘက်ပါနေတဲ့အကောင်..."
"နောက်မှရန်ရှာတော့ဟေ့ အခုဈာန်ဖြိုးမှောက်သွားပြီ အဆောင်ပြန်ပို့ဖို့ တစ်ခုခုစီစဉ်ပေးပါဦး..."
"ဘယ်လို..."
"ဘယ်လိုမနေနဲ့ အဆောင်မှူးရှိလား..."
"နေဦး ငါတစ်ချက်ကြည့်လိုက်ဦးမယ်... ဟယ်လို မရှိဘူးခေါ်လာခဲ့တော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလား..."
"မသိတော့ဘူးဟေ့ ဘယ်နေရာမှပို့မရဘူး သူ့မိဘဇာတိဆိုတော့ အန်တီတို့ဆီသတင်းရောက်ရင် ငါလည်းသေမှာ..."
"နားလည်ပါတယ်..."
"ငါခဏနေရောက်မယ်နော် အဆောင်ရှေ့ကနေထွက်စောင့်နေ..."
"အေးပါ... ဟူး ဈာန်ဖြိုး ဈာန်ဖြိုး... ဟိုကဖြင့်သူ့ကောင်နဲ့dateဖို့ထွက်သွားပြီ ဒီငမူးသမားက ကွဲကောင်းတုန်း ခက်တယ် ခက်တယ်..."
မကြာပါ မင်းထိုက်ကိုမှီပြီး ရောက်လာသည့်ဈာန်ဖြိုးပါ။ ပြုတ်မကျအောင် ခါးမှာလည်းကြိုးတွေချည်ထားသည်။
"ဘယ်လောက်တောင်သောက်လာလဲမသိဘူး..."
"ကြိုးအရင်ဖြည်ပါဟာ ဆိုင်ကယ်စီးရတာလည်း လိပ်စီးသလိုစီးနေရတယ် အရေးထဲ ထ ထအော်နေလို့ ပိတ်ထားရတယ်..."
အခန်းထဲထိလိုက်ပို့ပြီး ခြင်ထောင်ချပေးခဲ့သည်။ ဖြစ်သမျှ မြရည်ကိုမေးမှဖြစ်မည်။ မနေ့ကလည်းသောက်တယ်။ ဒီနေ့လည်းသောက်တယ်။ နောက်နေ့လည်းဆက်သောက်ဦးမှာ သေချာနေတယ်။
"မြရည် ဆိုင်တစ်ဆိုင်သွားရအောင်..."
"အေး သူ့ကိုထားခဲ့လို့ဖြစ်ပါ့မလား..."
"မူးပြီးအိပ်ရင် နောက်နေ့မနက်မှနှိုးလိမ့်မယ် သွားမယ် တက်..."
အအေးဆိုင်သို့ဝင်လာသော မြရည်ကို ကောင်လေးတစ်ယောက်နဲ့တွေ့လိုက်ရသည်။ လှမ်းခေါ်ဖို့ပြင်လိုက်ပေမဲ့ မြရည်ကိုယ်တိုင် မမြင်ချင်ယောင်ဆောင်သွားသည်မလို့ အနည်းငယ်တော့ခံပြင်းမိတယ်။ ကျွန်မဘာများကျူးလွန်မိလို့လဲ။
"အယ် ဟိုမှာမြရည်ဘဲ ငါတို့ခေါ်တုန်းကကျ မလိုက်ဘဲနဲ့... ဘယ်သူကြီးလဲမသိဘူး..."
"ထားပါလေ... ကို ပြန်ကြရအောင်..."
"အော် အင်းပါ... သဲလက်ကို ဘယ်တော့မှကိုင်ခွင့်ရမလဲ..."
"မနေတတ်လို့ပါ..."
မြရည် အဝင်ကတည်းက မြင့်မိုရ်တို့ကိုတွေ့လိုက်ပါတယ်။ သူငယ်ချင်းဖြစ်နေတဲ့အဖြစ်ပျက်ကြောင့် စကားမပြောချင်ပါ။
"ဟဲ့ မင်းထိုက်..."
"အေး..."
"အနောက်ဝိုင်းက အင်္ကျီအနီရောင်နဲ့လေ အဲ့တစ်ယောက်ကို ဈာန်ဖြိုးကြိုက်နေတာ..."
"ညီမလေးဆိုတာ သူလား..."
"ဟုတ်တယ်..."
"သူ့ဘေးက မင်းမဟော်မဟုတ်လား..."
"အင်း..."
"သူတို့က..."
"ရည်းစားတွေ..."
"အော် ဒါကြောင့်ကို..."
"ဘယ်လိုဖြစ်တာလဲ နေ့တိုင်းသောက်နေသလိုဘဲ နင်ကလည်းဘာလို့မတားတာလဲ..."
"ငါတားလည်း မသောက်ဘဲနေမှာမလို့လား... အန်တီလည်းဖုန်းခေါ်နေတာကို စက်ပိတ်လိုက်တယ်... ငါ့ဆီတောင်ဆက်သေးတယ် ကျူရှင်တက်နေတာဖြစ်မှာပါလို့ပြောလိုက်ရတယ်..."
"ဘယ်လိုလုပ်ရပါ့မလဲ..."
"ဘယ်လိုမှလုပ်မရတော့ဘူး မနက်ဖြန်သာ အပြင်မထွက်စေနဲ့..."
"ငါတောင်မနိုးသေးဘူး ဒင်းကသွားပြီ..."
"အဲ့ကလေးမကို ထိန်းခိုင်းရင်ရော..."
"အို မဖြစ်ပါဘူး... ဈာန်ဖြိုးက အဖြူရောင်စည်းတားထားတာ သူကိုယ်တိုင်တားပြီး သူကိုယ်တိုင်မကျော်နိုင်လို့ နာကျင်နေတာ နေပါစေ လွှတ်ထားလိုက်အရူးကို..."
"ကောင်းရောကွာ..."
...........
အဆောင်ပြန်ရောက်တော့ အစ်ကို့အခန်းထဲကြည့်လိုက်သည်။ အိပ်နေသည်မလို့ ပြန်ထွက်လာပေမဲ့ လေဝေှ့တစ်ချက် အရက်နံ့ရလိုက်သည်။
"အရက်သောက်ထားတာလား... အစ်ကို"
"မြင့်မိုရ်..."
"အော် ဝသုန် ပြောလေ..."
"အယ် ဈာန်ဖြိုးသောက်ထားပြန်ပြီလား..."
"ဟုတ်မယ် ဘာလို့နေ့တိုင်းသောက်နေလဲမသိဘူး..."
"တက္ကသိုလ်ကျောင်းသားဘဝဘဲ အိမ်ကလွတ်တာနဲ့ သောက်တာဖြစ်မှာပေါ့..."
"ဒါပေမဲ့ ဒီလောက်ကြီးက..."
"ဘာမှပူမနေနဲ့ အပြင်မှာ မင်းမဟော်မုန့်လာပို့တယ်..."
"ဟာ အဲ့တာတွေမကြိုက်တာ...."
နွယ်တို့စကားပြောနေတာကို ကြားလိုက်ပါတယ်။ မကြားချင်ယောင်ဆောင်ရင်း နာကျင်မှုတွေကို မျိုသိပ်လိုက်ရတယ်။ ဖုန်းသံကြောင့် မထချင်သော်ငှားလည်း ထလိုက်ရပြီ။
"ဟယ်လို..."
"ဈာန်ဖြိုး ၄နာရီကျူရှင်ရှိတယ်နော်..."
"ဟုတ်ကဲ့အစ်မ..."
၄နာရီထိုးခါနီးပြီမလို့ အဝတ်အစားလဲလိုက်သည်။ သူမနဲ့မင်းမဟော် ဘေးကနေဘဲ ဖြတ်လာခဲ့သည်။ သူခေါ်နေသည်ကိုလည်း မကြားချင်ယောင်ဆောင်ရုံမှတစ်ပါး မစွမ်းသာပါ။ မျက်နှာချင်းမဆိုင်ရဲ တစ်စထက်တစ်စတောက်လောင်နေသည့်မီးကို ဘာနဲ့များငြိမ်းသက်ရမလဲ။
...........
ကျူရှင်ကပြန်လာသည်အထိ အစ်ကိုစကားမပြော။ ညစာလည်းတစ်ယောက်တည်းသွားစားသည်။ ဆိုင်ထိလိုက်သွားတော့လည်း စီးကရက်ဖွာနေပြန်ပြီ။ မသောက်တာကြာပြီမဟုတ်လား။
"အစ်ကို ဆေးလိပ်တွေမသောက်ပါနဲ့လား..."
"ညီမက အစ်ကို့ရည်းစားလည်းမဟုတ်ဘဲ ဘာလို့လာတားနေတာလဲ... အနံ့မခံနိုင်ရင် ဝိုင်းပြောင်းထိုင်လိုက်..."
"အစ်ကို..."
"မအော်ပါနဲ့ စိတ်ထွက်ပေါက်လိုအပ်နေလို့ပါ... မြရည် နွယ့်ကိုတခြားဝိုင်းခေါ်သွားလိုက်..."
"ဟမ် အော် အေးပါ လာ မြင့်မိုရ် သူ့ကိုတားမနေနဲ့..."
"မသွားဘူး မြရည်... ဝသုန်ဒီဝိုင်းမှာဘဲထိုင်မယ် အစ်ကိုလည်းဆက်သောက် ထပ်မှာပေးရဦးမလား..."
"မရွဲ့ပါနဲ့ နွယ်... မြရည် ငါ့ဟာရှင်းပေးထားလိုက် အဆောင်ရောက်မှပြန်ပေးမယ်..."
"နင်စားမပြီးသေးဘူးလေ ဘယ်သွားမလို့လဲ..."
"ဟိုဟိုဒီဒီလျှောက်သွားမလို့..."
နောက်လှည့်မကြည့်မိအောင်ထိန်းရင်း ခြေဦးတည့်ရာလျှောက်သွားနေမိသည်။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ လမ်းဘယ်ဘက်ခြမ်းတွင် မင်းမဟော်နဲ့ တခြားကောင်မလေးကိုတွေ့လိုက်ရသည်။
"မင်းမဟော်..."
"အော် ဈာန်ဖြိုး... လာလေ ဘယ်တွေသွားနေတာလဲ အခုတလောမတွေ့ဖြစ်ဘူးနော်..."
"အေး ဒါနဲ့သူက..."
"အော် ဟိုဟာ..."
"ညီမက သူရဲ့ချစ်သူပါ..."
"ဘာ..."
"နောက်မှငါပြောပြမယ်ဈာန်ဖြိုး အခုတော့ သွားလိုက်ဦးမယ်..."
"တောက် ဒီကောင်..."
မင်းထိုက်ဆီဖုန်းဆက်လိုက်သည်။ ဆယ်မိနစ်လောက်ကြာတော့ မင်းထိုက်နဲ့သူ့ကောင်မလေးတို့ရောက်လာကြသည်။
"ဘာဖြစ်တာလဲဈာန်ဖြိုး မင်းဒီလောက်ဒေါသကြီးတာ မမြင်ဖူးသေးဘူး..."
"မင်းမဟော်အကြောင်း အကုန်စုံစမ်းပေးပါ... ပြီးတော့ လက်ရှိသူနဲ့တွဲနေတဲ့သူအကြောင်းကိုရော..."
"ရူးနေတာလားဈာန်ဖြိုး သူတွဲနေတာ မင်းသိတယ်လေ..."
"မဟုတ်ဘူး ငါပြောသလိုစုံစမ်းပေးစမ်းပါကွာ..."
"အေးပါ ဒါလေးပြောဖို့အရေး ဖုန်းထဲကပြောလည်းရနေတာကို... ငါ့မှာတော့ မင်းအမူးမပြေသေးဘူးထင်နေတာ..."
"မင်းထိုက် ငါ သူ့ကိုဖွင့်ပြောတော့မယ်..."
"ဘယ်သူ့ကိုလဲ..."
"မြင့်မိုရ်နွယ်ကို..."
သောက်နေသည့်အအေးသီးသွားသည်။ သူငယ်ချင်းရဲ့ရည်းစားကို စနှိုက်တဲ့ကောင် မဖြစ်ဖို့အရေး တားခွင့်ရှိသည်မလား။
"အဟွတ် အဟွတ် မင်းသူငယ်ချင်းရဲ့ရည်းစားလေကွာ..."
"ဘာသူငယ်ချင်းလဲ ဘယ်ကသူငယ်ချင်းလဲ ဒီနေ့ကစ မင်းမဟော်နဲ့ငါ သူငယ်ချင်းမဟုတ်တော့ဘူး..."
"ဗုဒ္ဓေါ... အကယ်၍ ဖွင့်ပြောလိုက်ပါပြီရဲ့ မင်းကိုငြင်းရင်ရော..."
"ငါ သူ့ကိုမနာကျင်စေချင်လို့ ကူညီနေတာ... ပြီးတော့ ငါသူ့ကိုချစ်တယ်..."
"အမယ်လေးလေး ဘယ်တုန်းကမှ ချစ်တယ်လို့စမပြောဖူးတဲ့ကောင်က သဘောကျတဲ့အဆင့်ကနေ ကျော်တက်သွားပါလား... မင်းသဘောဘဲ ဈာန်ဖြိုးရေ ကိုယ်စိုက်တဲ့ဆူးကိုယ်ပြန်နှုတ်ရမယ် မဖြစ်နိုင်မှန်းသိလို့ မင်းဘဲစည်းတားထားတာဘဲ ဒီအဖြူရောင်စည်းကိုကျော်လွန်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွာ..."
..........
မနေ့ကကိစ္စ မင်းမဟော်နဲ့ရှင်းဖို့ လူရှင်းတဲ့နေရာချိန်းလိုက်သည်။ အတတ်နိုင်ဆုံး မြင့်မိုက်နွယ်ကို ကာကွယ်ပေးရမည်။
"မင်းမဟော် မင်းဘာတွေလုပ်နေတာလဲ ငါ့သူငယ်ချင်းဖြစ်တဲ့မင်းက လူမှုရေးဖောက်ပြန်တဲ့ကောင်လား..."
"ဘာတွေပွားနေတာလဲ ဈာန်ဖြိုး... တက္ကသိုလ်မှာရည်းစားထားတာဘဲကွာ အပျော်ရရင်အပျော် အတည်ရရင်အတည်ပေါ့..."
"မြင့်မိုရ်နွယ်ကရော..."
"မင်းမသိပါဘူး မြင့်မိုရ်က ငါ့အပေါ်အမည်ခံရည်းစားအပြင်မပိုဘူး ဒါပေမဲ့ကွာ အမည်ခံရည်းစားဆိုပေဦး လက်ကိုင်ခွင့်လေးတောင် ခွင့်မပြုဘူး... ကလျာကတော့မတူဘူးကွ..."
"အထိတွေ့မှာသာယာနေတာဘဲ မင်းမဟော်... လွယ်လွယ်ရတိုင်းယူနေတာ အပေးအယူတော့ရှိတယ် တစ်ချိန်မင်းပြန်ပေးဆပ်ရလိမ့်မယ်... မြင့်မိုရ်နွယ်မသိခင် မင်းဇယားတွေဖျက်လိုက်စမ်းပါ သူကစစ်မှန်တဲ့မေတ္တာလိုအပ်နေတာ အပေါ်ယံမဟုတ်ဘူးကွ ငါမိတ်မပျက်ချင်ဘူးမင်းမဟော်..."
"ဘာလဲ mainဟင်းတစ်မျိုးတည်းနဲ့ ထမင်းမမြိန်ဘူး အရန်ဟင်းလေးပါဦးမှလေကွာ မင်းနဲ့ဘာဆိုင်လို့သည်းသည်းလှုပ်နေတာလဲဈာန်ဖြိုး မဆိုင်တဲ့ကိစ္စဝင်ပါပြီး သူရဲကောင်းလုပ်ချင်နေတာလား..."
"ငါနဲ့မဆိုင်ပေမဲ့ သူ့ကို ငါ..... သူ့အမေငါ့ကိုသေချာအပ်ထားလို့ မဖြစ်သင့်တာမဖြစ်ရအောင်... သူသိသွားရင် သူငယ်ချင်းကြားမိတ်ပျက်မယ်... ပြီးတော့ မင်းသစ္စာတရားကိုမသိဘူးလား... mainဟင်း အရန်ဟင်းဆိုပြီး ခွေးစကားမပြောစမ်းနဲ့..."
"ဟား ဟား ငါခွေးလိုပြောတာ မင်းနားလည်တယ်ဆိုတော့ မင်းလည်းမြင့်မိုရ်နွယ်ကို အပျော်ကြံနေလို့လား..."
"တောက် မင်း..."
အဖြစ်ပျက်မြန်ဆန်လွန်းသည်ထက် စိတ်ထက်သည့်ကျွန်တော် လက်ပါသွားသည်။ ဒါကို ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ မြင့်မိုရ်နွယ်...။ အကြောင်းရင်းမသိဘဲ မင်းမဟော်ရှေ့ကနေရပ်တည်နေသည်။
"အစ်ကို ဒါဘာလုပ်တာလဲ..."
"မင်းဖယ်စမ်း မဆိုင်တဲ့ကိစ္စဝင်မပါနဲ့..."
"ဘာလို့မဆိုင်ရမှာလဲ ဘာတွေဖြစ်နေကြတာလဲ ပြောကြစမ်းပါ..."
"သဲရယ် ဒီကောင်ကြီးကစိတ်ဆိုးရင်အဲ့အတိုင်းဘဲ လက်ပါနေကြ... ကိုကသဘောထားကြီးပါတယ် ဒီလိုဘဲဖြစ်နေကြမလို့ ကိုကခွင့်လွှတ်ပါတယ်ကွာ..."
"မင်းမဟော် မင်းငါ့ဒေါသကိုထပ်မဆွနဲ့..."
"အစ်ကို..."
"မင်းငါ့ကိုအော်စရာအကြောင်းမရှိဘူး မြင့်မိုရ်နွယ်..."
ဒေါသအထွတ်အထိပ်ရောက်သွားပြီ။ စူးအောင့်နေသည့်နှလုံးကိုဖိရင်း ထိုနေရာကနေအမြန်ထွက်လာခဲ့သည်။ စေတနာက ဝေဒနာဖြစ်ပြီမဟုတ်လား။ အခန်းထဲရောက်သည်နှင့် စိတ်လွတ်ချလိုက်တာ ကျွန်တော်နှလုံးစဖောက်လေပြီ။
"ဈာန်ဖြိုး ဟယ် အမောဖောက်နေပြီ... ဖြည်းဖြည်းအသက်ရှုနော် နင်သောက်နေကျဆေးဘယ်မှာလဲ..."
သောက်ချင်စိတ်လည်းမရှိတော့။ မြင့်မိုရ်နွယ်ရဲ့မျက်ဝန်းထဲက အဖြေကိုသာ ကျွန်တော်စဉ်းစားနေမိသည်။ ဘာကြောင့်လဲ။ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေပြည့်နှက်နေပြီ။ သူမအတွက် ကျွန်တော်ဟာ အစ်ကိုတစ်ယောက်ထပ်မပိုတော့ပါ။
"ဝသုန်ရေ လာပါဦး..."
"ဘာဖြစ်တာလဲ..."
"ဈာန်ဖြိုး နှလုံးဖောက်နေပြီ... ယပ်ခတ်ပေးထားဦး ငါဆေးရှာလိုက်ဦးမယ်..."
"အေး အေး မြင့်မိုရ်ရော..."
"မသိဘူး အရေးကြီးတာဆေး..."
ကျွန်မဘာကိုမှနားမလည်တော့။ အစ်ကိုက သူ့သူငယ်ချင်းနဲ့ဘာကြောင့်စကားများပြီး လက်ပါရတာလဲ။ စိတ်ရှုပ်မှုနဲ့အတူ အဆောင်ပြန်လာတဲ့အချိန် မြရည်ပြာယာခတ်နေသည်။
"မြရည် ဘာတွေပြာနေတာလဲ..."
"ဈာန်ဖြိုး အပြင်ကပြန်လာပြီး ဘာဖြစ်လာလည်းမသိဘူး နှလုံးဖောက်နေပြီ... ငါမင်းထိုက်တို့ကိုခေါ်ထားတယ် ဆေးခန်း သို့မဟုတ် ဆေးရုံပို့ဖို့..."
"ဘာ အစ်ကိုနှလုံးဖောက်နေတယ်..."
တစ်ခါမှ မကြုံဖူးလို့လားမသိ။ ကျွန်မကိုယ်တိုင်ပါ ပြာယာခတ်နေမိသည်။
"အစ်ကို ဖြည်းဖြည်းအသက်ရှုပါ..."
"ဘာမှမဖြစ်ဘူး... ဆေး ဆေးယူပေးပါ..."
ဆေးရှာရင်း ရုတ်တရက်ခြေထောက်ထိမိတော့ အေးစက်နေပြီ။ နှုတ်ခမ်းမှာလည်းသွေးမရှိတော့။ ခြေထောက်ကိုနှိပ်ပေးရင်း စိတ်လျှော့ဖို့သာ တဖွဖွပြောနေမိသည်။ မကြာပါ သူငယ်ချင်းတွေကားနဲ့ရောက်လာပြီး အစ်ကို့ကိုခေါ်သွားကြသည်။
"ငါလည်းလိုက်ခဲ့မယ် မြရည်..."
"နင်နေခဲ့ပါ မြင့်မိုရ်ရယ်... သူ့အိမ်ကဖုန်းဆက်ရင် အကျိုးအကြောင်းပြောပြထားဦး..."
"အေးပါ..."
ရင်ထဲအမည်မသိတဲ့ ဝမ်းနည်းမှုကိုခံစားရသည်။ အစ်ကိုနှလုံးဖောက်တာ ကျွန်မကြောင့်လို့ကောက်ချက်ချလိုက်သည်။ မြရည်ဆီက ဖုန်းမလာမချင်း လက်ကိုကုတ်နေမိတာ သွေးထွက်သည်အထိ။ ဒါကိုလည်းမနာကျင်နိုင်ပါ။ အကယ်၍ အစ်ကိုသာတစ်ခုခုဖြစ်သွားခဲ့ရင်...။
...........
Readerအပေါင်းတို့ရော သူငယ်ချင်းနဲ့ချစ်ရသူဆိုရင် ဘယ်သူ့ဘက်ကရပ်တည်ကြမလဲ... ဖြေပေးသွားဖို့ တောင်းဆိုပါတယ်ဗျ...
Thanks all my reader...
#DVassan
..............
Zawgyi
မေန႔က အစ္ကိုေစာေစာအိပ္သြားသည္မလို႔ စကားမေျပာျဖစ္။ မနက္ေရာက္ေတာ့လည္း မေတြ႕ရျပန္။ ဘာေတြျဖစ္ေနပါလိမ့္။
"အပူသည္႐ုပ္နဲ႔ျမင့္မိုရ္ရယ္..."
"မဟုတ္ပါဘူး ျမရည္နဲ႔ဝသုန္ ငါ မင္းမေဟာ္နဲ႔အျပင္သြားမလို႔ လိုက္ေပးပါလား ငါတစ္ေယာက္တည္းမသြားခ်င္ဘူး..."
"အလို အေျဖေပးတုန္းကက် မတိုင္ပင္ဘဲ..."
"ျမရည္ကလည္း စိတ္မဆိုးပါနဲ႔..."
"ဘာစိတ္ဆိုးစရာရွိလို႔လဲျမရည္ရယ္ အစကတည္းက ျမင့္မိုရ္ကိုယ္တိုင္စိတ္ပါေနတာဘဲ..."
"ဝသုန္ နင္...ထားေတာ့ ငါလိုက္ခဲ့မယ္..."
ျမရည္စိတ္ဆိုးေနတာကို လက္ခံပါတယ္။ ကြၽန္မအေျဖေပးလိုက္တာလည္း စိတ္ရႈပ္မခံႏိုင္လို႔ပါ။ ၿပီးေတာ့ ေက်ာင္းေရာက္တုန္း စိတ္လြတ္ကိုယ္လြတ္ေပ်ာ္ခ်င္တယ္။
......
"ဈာန္ၿဖိဳး ဘာျဖစ္ေနတာလဲကြာ မင္းေသာက္ဖို႔ခ်ိန္းတာ ရက္ဆက္တယ္ေနာ္ ရင္ဖြင့္စမ္းပါ..."
"မင္းထိုက္ ငါ့ကိုလႊတ္ထားေပးပါလား ငါအသိစိတ္ေပ်ာက္တဲ့အထိ ေသာက္ခ်င္လို႔ပါ..."
"ဘယ္တုန္းကမ်ား အသိစိတ္ေပ်ာက္ဖူးလို႔လဲ အရက္သာကုန္သြားမယ္ မင္းမူးတာခပ္ရွားရွား... လႊတ္ထားဆိုလည္း လႊတ္ထားမယ္ ဒါေပမဲ့ မင္းသူငယ္ခ်င္းဖုန္းနဲ႔အန္တီဖုန္းကိုေတာ့ ကိုင္လိုက္ဦး ဆက္တိုက္ေခၚေနတယ္..."
Miss calledကနာမည္ကိုၾကည့္လိုက္ၿပီး ဖုန္းပိတ္လိုက္သည္။ အရက္ကိုေရမေရာဘဲေသာက္ခ်ရင္း ရင္ထဲကအပူကိုၿငိမ္းသက္ေနမိသည္။
"အမယ္ေလး မလြယ္ပါလားငါ့ေကာင္ ေရေရာဦးဟ..."
"မင္းထိုက္ ငါအေဆာင္မျပန္ခ်င္ဘူး..."
"ဟာ ရမလား... မင္းအေမအေၾကာင္းသိလ်က္ ငါ့အိမ္ေခၚသြားရင္ ငါ့အေမကလွမ္းတိုင္လိမ့္မယ္... အေဆာင္မျပန္ရင္ အေဆာင္မႉးေမာင္းခ်ေနမယ္... ဟိုတယ္ေခၚသြားရင္လည္းမျဖစ္ မင္းမိဘအသိေတြၾကည့္ဘဲ..."
"ေအးကြာ..."
"မင္းဒီလိုျဖစ္တာ မျမင္ဖူးေသးဘူး... အသည္းကြဲေနတာလား..."
"ကြဲဖို႔အသည္းရွိပါဦးမလား မဖိတ္ေခၚဘဲေရာက္လာတဲ့ဧည့္သည္က အခ်ိန္တန္ရင္ ျပန္မွာဘဲေလ ငါသူ႔အေပၚျဖဴစင္ခ်င္တယ္... ညီမေလးတစ္ေယာက္လို ညီမ..."
"ဈာန္ၿဖိဳး ဟာ...ေမွာက္သြားၿပီ ဒုကၡေတာ့ လွလွနဲ႔ေတြ႕ၿပီ ဘယ္ညီမကိုေျပာေနတာမွန္းမသိ... ျမရည္မကိုဘဲ ဒုကၡေပးရေတာ့မယ္..."
ျမရည္ဆီဖုန္းဝင္လာေတာ့ အစ္ကိုထင္ၿပီးၾကည့္လိုက္ေသးတယ္။ နံပါတ္အစိမ္းမလို႔ ျမရည္ကိုသာေပးလိုက္သည္။ မင္းမေဟာ္နဲ႔ခ်ိန္းထားသည္မလို႔ ဝသုန္နဲ႔အတူသာသြားလိုက္သည္။ ျမရည္က မင္းမေဟာ္နဲ႔တြဲတာ ႀကိဳက္ပုံမေပၚ။
"ဟယ္လို..."
"ျမရည္ ငါမင္းထိုက္ပါ..."
"ေအာ္ မင္းထိုက္ မဆက္စဖူးဆက္လို႔ပါလား... ရည္းစားရတာနဲ႔ ငါတို႔ကိုပစ္ထားသိလား နင္ဟာေလ မဘက္လိုက္လို႔ မိုက္ဘက္ပါေနတဲ့အေကာင္..."
"ေနာက္မွရန္ရွာေတာ့ေဟ့ အခုဈာန္ၿဖိဳးေမွာက္သြားၿပီ အေဆာင္ျပန္ပို႔ဖို႔ တစ္ခုခုစီစဥ္ေပးပါဦး..."
"ဘယ္လို..."
"ဘယ္လိုမေနနဲ႔ အေဆာင္မႉးရွိလား..."
"ေနဦး ငါတစ္ခ်က္ၾကည့္လိုက္ဦးမယ္... ဟယ္လို မရွိဘူးေခၚလာခဲ့ေတာ့ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနလား..."
"မသိေတာ့ဘူးေဟ့ ဘယ္ေနရာမွပို႔မရဘူး သူ႔မိဘဇာတိဆိုေတာ့ အန္တီတို႔ဆီသတင္းေရာက္ရင္ ငါလည္းေသမွာ..."
"နားလည္ပါတယ္..."
"ငါခဏေနေရာက္မယ္ေနာ္ အေဆာင္ေရွ႕ကေနထြက္ေစာင့္ေန..."
"ေအးပါ... ဟူး ဈာန္ၿဖိဳး ဈာန္ၿဖိဳး... ဟိုကျဖင့္သူ႔ေကာင္နဲ႔dateဖို႔ထြက္သြားၿပီ ဒီငမူးသမားက ကြဲေကာင္းတုန္း ခက္တယ္ ခက္တယ္..."
မၾကာပါ မင္းထိုက္ကိုမွီၿပီး ေရာက္လာသည့္ဈာန္ၿဖိဳးပါ။ ျပဳတ္မက်ေအာင္ ခါးမွာလည္းႀကိဳးေတြခ်ည္ထားသည္။
"ဘယ္ေလာက္ေတာင္ေသာက္လာလဲမသိဘူး..."
"ႀကိဳးအရင္ျဖည္ပါဟာ ဆိုင္ကယ္စီးရတာလည္း လိပ္စီးသလိုစီးေနရတယ္ အေရးထဲ ထ ထေအာ္ေနလို႔ ပိတ္ထားရတယ္..."
အခန္းထဲထိလိုက္ပို႔ၿပီး ျခင္ေထာင္ခ်ေပးခဲ့သည္။ ျဖစ္သမွ် ျမရည္ကိုေမးမွျဖစ္မည္။ မေန႔ကလည္းေသာက္တယ္။ ဒီေန႔လည္းေသာက္တယ္။ ေနာက္ေန႔လည္းဆက္ေသာက္ဦးမွာ ေသခ်ာေနတယ္။
"ျမရည္ ဆိုင္တစ္ဆိုင္သြားရေအာင္..."
"ေအး သူ႔ကိုထားခဲ့လို႔ျဖစ္ပါ့မလား..."
"မူးၿပီးအိပ္ရင္ ေနာက္ေန႔မနက္မွႏႈိးလိမ့္မယ္ သြားမယ္ တက္..."
အေအးဆိုင္သို႔ဝင္လာေသာ ျမရည္ကို ေကာင္ေလးတစ္ေယာက္နဲ႔ေတြ႕လိုက္ရသည္။ လွမ္းေခၚဖို႔ျပင္လိုက္ေပမဲ့ ျမရည္ကိုယ္တိုင္ မျမင္ခ်င္ေယာင္ေဆာင္သြားသည္မလို႔ အနည္းငယ္ေတာ့ခံျပင္းမိတယ္။ ကြၽန္မဘာမ်ားက်ဴးလြန္မိလို႔လဲ။
"အယ္ ဟိုမွာျမရည္ဘဲ ငါတို႔ေခၚတုန္းကက် မလိုက္ဘဲနဲ႔... ဘယ္သူႀကီးလဲမသိဘူး..."
"ထားပါေလ... ကို ျပန္ၾကရေအာင္..."
"ေအာ္ အင္းပါ... သဲလက္ကို ဘယ္ေတာ့မွကိုင္ခြင့္ရမလဲ..."
"မေနတတ္လို႔ပါ..."
ျမရည္ အဝင္ကတည္းက ျမင့္မိုရ္တို႔ကိုေတြ႕လိုက္ပါတယ္။ သူငယ္ခ်င္းျဖစ္ေနတဲ့အျဖစ္ပ်က္ေၾကာင့္ စကားမေျပာခ်င္ပါ။
"ဟဲ့ မင္းထိုက္..."
"ေအး..."
"အေနာက္ဝိုင္းက အက်ႌအနီေရာင္နဲ႔ေလ အဲ့တစ္ေယာက္ကို ဈာန္ၿဖိဳးႀကိဳက္ေနတာ..."
"ညီမေလးဆိုတာ သူလား..."
"ဟုတ္တယ္..."
"သူ႔ေဘးက မင္းမေဟာ္မဟုတ္လား..."
"အင္း..."
"သူတို႔က..."
"ရည္းစားေတြ..."
"ေအာ္ ဒါေၾကာင့္ကို..."
"ဘယ္လိုျဖစ္တာလဲ ေန႔တိုင္းေသာက္ေနသလိုဘဲ နင္ကလည္းဘာလို႔မတားတာလဲ..."
"ငါတားလည္း မေသာက္ဘဲေနမွာမလို႔လား... အန္တီလည္းဖုန္းေခၚေနတာကို စက္ပိတ္လိုက္တယ္... ငါ့ဆီေတာင္ဆက္ေသးတယ္ က်ဴရွင္တက္ေနတာျဖစ္မွာပါလို႔ေျပာလိုက္ရတယ္..."
"ဘယ္လိုလုပ္ရပါ့မလဲ..."
"ဘယ္လိုမွလုပ္မရေတာ့ဘူး မနက္ျဖန္သာ အျပင္မထြက္ေစနဲ႔..."
"ငါေတာင္မႏိုးေသးဘူး ဒင္းကသြားၿပီ..."
"အဲ့ကေလးမကို ထိန္းခိုင္းရင္ေရာ..."
"အို မျဖစ္ပါဘူး... ဈာန္ၿဖိဳးက အျဖဴေရာင္စည္းတားထားတာ သူကိုယ္တိုင္တားၿပီး သူကိုယ္တိုင္မေက်ာ္ႏိုင္လို႔ နာက်င္ေနတာ ေနပါေစ လႊတ္ထားလိုက္အ႐ူးကို..."
"ေကာင္းေရာကြာ..."
...........
အေဆာင္ျပန္ေရာက္ေတာ့ အစ္ကို႔အခန္းထဲၾကည့္လိုက္သည္။ အိပ္ေနသည္မလို႔ ျပန္ထြက္လာေပမဲ့ ေလေဝွ႔တစ္ခ်က္ အရက္နံ႔ရလိုက္သည္။
"အရက္ေသာက္ထားတာလား... အစ္ကို"
"ျမင့္မိုရ္..."
"ေအာ္ ဝသုန္ ေျပာေလ..."
"အယ္ ဈာန္ၿဖိဳးေသာက္ထားျပန္ၿပီလား..."
"ဟုတ္မယ္ ဘာလို႔ေန႔တိုင္းေသာက္ေနလဲမသိဘူး..."
"တကၠသိုလ္ေက်ာင္းသားဘဝဘဲ အိမ္ကလြတ္တာနဲ႔ ေသာက္တာျဖစ္မွာေပါ့..."
"ဒါေပမဲ့ ဒီေလာက္ႀကီးက..."
"ဘာမွပူမေနနဲ႔ အျပင္မွာ မင္းမေဟာ္မုန႔္လာပို႔တယ္..."
"ဟာ အဲ့တာေတြမႀကိဳက္တာ...."
ႏြယ္တို႔စကားေျပာေနတာကို ၾကားလိုက္ပါတယ္။ မၾကားခ်င္ေယာင္ေဆာင္ရင္း နာက်င္မႈေတြကို မ်ိဳသိပ္လိုက္ရတယ္။ ဖုန္းသံေၾကာင့္ မထခ်င္ေသာ္ငွားလည္း ထလိုက္ရၿပီ။
"ဟယ္လို..."
"ဈာန္ၿဖိဳး ၄နာရီက်ဴရွင္ရွိတယ္ေနာ္..."
"ဟုတ္ကဲ့အစ္မ..."
၄နာရီထိုးခါနီးၿပီမလို႔ အဝတ္အစားလဲလိုက္သည္။ သူမနဲ႔မင္းမေဟာ္ ေဘးကေနဘဲ ျဖတ္လာခဲ့သည္။ သူေခၚေနသည္ကိုလည္း မၾကားခ်င္ေယာင္ေဆာင္႐ုံမွတစ္ပါး မစြမ္းသာပါ။ မ်က္ႏွာခ်င္းမဆိုင္ရဲ တစ္စထက္တစ္စေတာက္ေလာင္ေနသည့္မီးကို ဘာနဲ႔မ်ားၿငိမ္းသက္ရမလဲ။
...........
က်ဴရွင္ကျပန္လာသည္အထိ အစ္ကိုစကားမေျပာ။ ညစာလည္းတစ္ေယာက္တည္းသြားစားသည္။ ဆိုင္ထိလိုက္သြားေတာ့လည္း စီးကရက္ဖြာေနျပန္ၿပီ။ မေသာက္တာၾကာၿပီမဟုတ္လား။
"အစ္ကို ေဆးလိပ္ေတြမေသာက္ပါနဲ႔လား..."
"ညီမက အစ္ကို႔ရည္းစားလည္းမဟုတ္ဘဲ ဘာလို႔လာတားေနတာလဲ... အနံ႔မခံႏိုင္ရင္ ဝိုင္းေျပာင္းထိုင္လိုက္..."
"အစ္ကို..."
"မေအာ္ပါနဲ႔ စိတ္ထြက္ေပါက္လိုအပ္ေနလို႔ပါ... ျမရည္ ႏြယ့္ကိုတျခားဝိုင္းေခၚသြားလိုက္..."
"ဟမ္ ေအာ္ ေအးပါ လာ ျမင့္မိုရ္ သူ႔ကိုတားမေနနဲ႔..."
"မသြားဘူး ျမရည္... ဝသုန္ဒီဝိုင္းမွာဘဲထိုင္မယ္ အစ္ကိုလည္းဆက္ေသာက္ ထပ္မွာေပးရဦးမလား..."
"မ႐ြဲ႕ပါနဲ႔ ႏြယ္... ျမရည္ ငါ့ဟာရွင္းေပးထားလိုက္ အေဆာင္ေရာက္မွျပန္ေပးမယ္..."
"နင္စားမၿပီးေသးဘူးေလ ဘယ္သြားမလို႔လဲ..."
"ဟိုဟိုဒီဒီေလွ်ာက္သြားမလို႔..."
ေနာက္လွည့္မၾကည့္မိေအာင္ထိန္းရင္း ေျခဦးတည့္ရာေလွ်ာက္သြားေနမိသည္။ ဘယ္ေရာက္လို႔ ဘယ္ေပါက္မွန္းမသိ။ လမ္းဘယ္ဘက္ျခမ္းတြင္ မင္းမေဟာ္နဲ႔ တျခားေကာင္မေလးကိုေတြ႕လိုက္ရသည္။
"မင္းမေဟာ္..."
"ေအာ္ ဈာန္ၿဖိဳး... လာေလ ဘယ္ေတြသြားေနတာလဲ အခုတေလာမေတြ႕ျဖစ္ဘူးေနာ္..."
"ေအး ဒါနဲ႔သူက..."
"ေအာ္ ဟိုဟာ..."
"ညီမက သူရဲ႕ခ်စ္သူပါ..."
"ဘာ..."
"ေနာက္မွငါေျပာျပမယ္ဈာန္ၿဖိဳး အခုေတာ့ သြားလိုက္ဦးမယ္..."
"ေတာက္ ဒီေကာင္..."
မင္းထိုက္ဆီဖုန္းဆက္လိုက္သည္။ ဆယ္မိနစ္ေလာက္ၾကာေတာ့ မင္းထိုက္နဲ႔သူ႔ေကာင္မေလးတို႔ေရာက္လာၾကသည္။
"ဘာျဖစ္တာလဲဈာန္ၿဖိဳး မင္းဒီေလာက္ေဒါသႀကီးတာ မျမင္ဖူးေသးဘူး..."
"မင္းမေဟာ္အေၾကာင္း အကုန္စုံစမ္းေပးပါ... ၿပီးေတာ့ လက္ရွိသူနဲ႔တြဲေနတဲ့သူအေၾကာင္းကိုေရာ..."
"႐ူးေနတာလားဈာန္ၿဖိဳး သူတြဲေနတာ မင္းသိတယ္ေလ..."
"မဟုတ္ဘူး ငါေျပာသလိုစုံစမ္းေပးစမ္းပါကြာ..."
"ေအးပါ ဒါေလးေျပာဖို႔အေရး ဖုန္းထဲကေျပာလည္းရေနတာကို... ငါ့မွာေတာ့ မင္းအမူးမေျပေသးဘူးထင္ေနတာ..."
"မင္းထိုက္ ငါ သူ႔ကိုဖြင့္ေျပာေတာ့မယ္..."
"ဘယ္သူ႔ကိုလဲ..."
"ျမင့္မိုရ္ႏြယ္ကို..."
ေသာက္ေနသည့္အေအးသီးသြားသည္။ သူငယ္ခ်င္းရဲ႕ရည္းစားကို စႏႈိက္တဲ့ေကာင္ မျဖစ္ဖို႔အေရး တားခြင့္ရွိသည္မလား။
"အဟြတ္ အဟြတ္ မင္းသူငယ္ခ်င္းရဲ႕ရည္းစားေလကြာ..."
"ဘာသူငယ္ခ်င္းလဲ ဘယ္ကသူငယ္ခ်င္းလဲ ဒီေန႔ကစ မင္းမေဟာ္နဲ႔ငါ သူငယ္ခ်င္းမဟုတ္ေတာ့ဘူး..."
"ဗုေဒၶါ... အကယ္၍ ဖြင့္ေျပာလိုက္ပါၿပီရဲ႕ မင္းကိုျငင္းရင္ေရာ..."
"ငါ သူ႔ကိုမနာက်င္ေစခ်င္လို႔ ကူညီေနတာ... ၿပီးေတာ့ ငါသူ႔ကိုခ်စ္တယ္..."
"အမယ္ေလးေလး ဘယ္တုန္းကမွ ခ်စ္တယ္လို႔စမေျပာဖူးတဲ့ေကာင္က သေဘာက်တဲ့အဆင့္ကေန ေက်ာ္တက္သြားပါလား... မင္းသေဘာဘဲ ဈာန္ၿဖိဳးေရ ကိုယ္စိုက္တဲ့ဆူးကိုယ္ျပန္ႏႈတ္ရမယ္ မျဖစ္ႏိုင္မွန္းသိလို႔ မင္းဘဲစည္းတားထားတာဘဲ ဒီအျဖဴေရာင္စည္းကိုေက်ာ္လြန္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ကြာ..."
..........
မေန႔ကကိစၥ မင္းမေဟာ္နဲ႔ရွင္းဖို႔ လူရွင္းတဲ့ေနရာခ်ိန္းလိုက္သည္။ အတတ္ႏိုင္ဆုံး ျမင့္မိုက္ႏြယ္ကို ကာကြယ္ေပးရမည္။
"မင္းမေဟာ္ မင္းဘာေတြလုပ္ေနတာလဲ ငါ့သူငယ္ခ်င္းျဖစ္တဲ့မင္းက လူမႈေရးေဖာက္ျပန္တဲ့ေကာင္လား..."
"ဘာေတြပြားေနတာလဲ ဈာန္ၿဖိဳး... တကၠသိုလ္မွာရည္းစားထားတာဘဲကြာ အေပ်ာ္ရရင္အေပ်ာ္ အတည္ရရင္အတည္ေပါ့..."
"ျမင့္မိုရ္ႏြယ္ကေရာ..."
"မင္းမသိပါဘူး ျမင့္မိုရ္က ငါ့အေပၚအမည္ခံရည္းစားအျပင္မပိုဘူး ဒါေပမဲ့ကြာ အမည္ခံရည္းစားဆိုေပဦး လက္ကိုင္ခြင့္ေလးေတာင္ ခြင့္မျပဳဘူး... ကလ်ာကေတာ့မတူဘူးကြ..."
"အထိေတြ႕မွာသာယာေနတာဘဲ မင္းမေဟာ္... လြယ္လြယ္ရတိုင္းယူေနတာ အေပးအယူေတာ့ရွိတယ္ တစ္ခ်ိန္မင္းျပန္ေပးဆပ္ရလိမ့္မယ္... ျမင့္မိုရ္ႏြယ္မသိခင္ မင္းဇယားေတြဖ်က္လိုက္စမ္းပါ သူကစစ္မွန္တဲ့ေမတၱာလိုအပ္ေနတာ အေပၚယံမဟုတ္ဘူးကြ ငါမိတ္မပ်က္ခ်င္ဘူးမင္းမေဟာ္..."
"ဘာလဲ mainဟင္းတစ္မ်ိဳးတည္းနဲ႔ ထမင္းမၿမိန္ဘူး အရန္ဟင္းေလးပါဦးမွေလကြာ မင္းနဲ႔ဘာဆိုင္လို႔သည္းသည္းလႈပ္ေနတာလဲဈာန္ၿဖိဳး မဆိုင္တဲ့ကိစၥဝင္ပါၿပီး သူရဲေကာင္းလုပ္ခ်င္ေနတာလား..."
"ငါနဲ႔မဆိုင္ေပမဲ့ သူ႔ကို ငါ..... သူ႔အေမငါ့ကိုေသခ်ာအပ္ထားလို႔ မျဖစ္သင့္တာမျဖစ္ရေအာင္... သူသိသြားရင္ သူငယ္ခ်င္းၾကားမိတ္ပ်က္မယ္... ၿပီးေတာ့ မင္းသစၥာတရားကိုမသိဘူးလား... mainဟင္း အရန္ဟင္းဆိုၿပီး ေခြးစကားမေျပာစမ္းနဲ႔..."
"ဟား ဟား ငါေခြးလိုေျပာတာ မင္းနားလည္တယ္ဆိုေတာ့ မင္းလည္းျမင့္မိုရ္ႏြယ္ကို အေပ်ာ္ႀကံေနလို႔လား..."
"ေတာက္ မင္း..."
အျဖစ္ပ်က္ျမန္ဆန္လြန္းသည္ထက္ စိတ္ထက္သည့္ကြၽန္ေတာ္ လက္ပါသြားသည္။ ဒါကို ဘယ္ကေနဘယ္လိုေရာက္လာမွန္းမသိတဲ့ ျမင့္မိုရ္ႏြယ္...။ အေၾကာင္းရင္းမသိဘဲ မင္းမေဟာ္ေရွ႕ကေနရပ္တည္ေနသည္။
"အစ္ကို ဒါဘာလုပ္တာလဲ..."
"မင္းဖယ္စမ္း မဆိုင္တဲ့ကိစၥဝင္မပါနဲ႔..."
"ဘာလို႔မဆိုင္ရမွာလဲ ဘာေတြျဖစ္ေနၾကတာလဲ ေျပာၾကစမ္းပါ..."
"သဲရယ္ ဒီေကာင္ႀကီးကစိတ္ဆိုးရင္အဲ့အတိုင္းဘဲ လက္ပါေနၾက... ကိုကသေဘာထားႀကီးပါတယ္ ဒီလိုဘဲျဖစ္ေနၾကမလို႔ ကိုကခြင့္လႊတ္ပါတယ္ကြာ..."
"မင္းမေဟာ္ မင္းငါ့ေဒါသကိုထပ္မဆြနဲ႔..."
"အစ္ကို..."
"မင္းငါ့ကိုေအာ္စရာအေၾကာင္းမရွိဘူး ျမင့္မိုရ္ႏြယ္..."
ေဒါသအထြတ္အထိပ္ေရာက္သြားၿပီ။ စူးေအာင့္ေနသည့္ႏွလုံးကိုဖိရင္း ထိုေနရာကေနအျမန္ထြက္လာခဲ့သည္။ ေစတနာက ေဝဒနာျဖစ္ၿပီမဟုတ္လား။ အခန္းထဲေရာက္သည္ႏွင့္ စိတ္လြတ္ခ်လိုက္တာ ကြၽန္ေတာ္ႏွလုံးစေဖာက္ေလၿပီ။
"ဈာန္ၿဖိဳး ဟယ္ အေမာေဖာက္ေနၿပီ... ျဖည္းျဖည္းအသက္ရႈေနာ္ နင္ေသာက္ေနက်ေဆးဘယ္မွာလဲ..."
ေသာက္ခ်င္စိတ္လည္းမရွိေတာ့။ ျမင့္မိုရ္ႏြယ္ရဲ႕မ်က္ဝန္းထဲက အေျဖကိုသာ ကြၽန္ေတာ္စဥ္းစားေနမိသည္။ ဘာေၾကာင့္လဲ။ ဘာလို႔လဲဆိုတဲ့ ေမးခြန္းေတြျပည့္ႏွက္ေနၿပီ။ သူမအတြက္ ကြၽန္ေတာ္ဟာ အစ္ကိုတစ္ေယာက္ထပ္မပိုေတာ့ပါ။
"ဝသုန္ေရ လာပါဦး..."
"ဘာျဖစ္တာလဲ..."
"ဈာန္ၿဖိဳး ႏွလုံးေဖာက္ေနၿပီ... ယပ္ခတ္ေပးထားဦး ငါေဆးရွာလိုက္ဦးမယ္..."
"ေအး ေအး ျမင့္မိုရ္ေရာ..."
"မသိဘူး အေရးႀကီးတာေဆး..."
ကြၽန္မဘာကိုမွနားမလည္ေတာ့။ အစ္ကိုက သူ႔သူငယ္ခ်င္းနဲ႔ဘာေၾကာင့္စကားမ်ားၿပီး လက္ပါရတာလဲ။ စိတ္ရႈပ္မႈနဲ႔အတူ အေဆာင္ျပန္လာတဲ့အခ်ိန္ ျမရည္ျပာယာခတ္ေနသည္။
"ျမရည္ ဘာေတြျပာေနတာလဲ..."
"ဈာန္ၿဖိဳး အျပင္ကျပန္လာၿပီး ဘာျဖစ္လာလည္းမသိဘူး ႏွလုံးေဖာက္ေနၿပီ... ငါမင္းထိုက္တို႔ကိုေခၚထားတယ္ ေဆးခန္း သို႔မဟုတ္ ေဆး႐ုံပို႔ဖို႔..."
"ဘာ အစ္ကိုႏွလုံးေဖာက္ေနတယ္..."
တစ္ခါမွ မႀကဳံဖူးလို႔လားမသိ။ ကြၽန္မကိုယ္တိုင္ပါ ျပာယာခတ္ေနမိသည္။
"အစ္ကို ျဖည္းျဖည္းအသက္ရႈပါ..."
"ဘာမွမျဖစ္ဘူး... ေဆး ေဆးယူေပးပါ..."
ေဆးရွာရင္း ႐ုတ္တရက္ေျခေထာက္ထိမိေတာ့ ေအးစက္ေနၿပီ။ ႏႈတ္ခမ္းမွာလည္းေသြးမရွိေတာ့။ ေျခေထာက္ကိုႏွိပ္ေပးရင္း စိတ္ေလွ်ာ့ဖို႔သာ တဖြဖြေျပာေနမိသည္။ မၾကာပါ သူငယ္ခ်င္းေတြကားနဲ႔ေရာက္လာၿပီး အစ္ကို႔ကိုေခၚသြားၾကသည္။
"ငါလည္းလိုက္ခဲ့မယ္ ျမရည္..."
"နင္ေနခဲ့ပါ ျမင့္မိုရ္ရယ္... သူ႔အိမ္ကဖုန္းဆက္ရင္ အက်ိဳးအေၾကာင္းေျပာျပထားဦး..."
"ေအးပါ..."
ရင္ထဲအမည္မသိတဲ့ ဝမ္းနည္းမႈကိုခံစားရသည္။ အစ္ကိုႏွလုံးေဖာက္တာ ကြၽန္မေၾကာင့္လို႔ေကာက္ခ်က္ခ်လိုက္သည္။ ျမရည္ဆီက ဖုန္းမလာမခ်င္း လက္ကိုကုတ္ေနမိတာ ေသြးထြက္သည္အထိ။ ဒါကိုလည္းမနာက်င္ႏိုင္ပါ။ အကယ္၍ အစ္ကိုသာတစ္ခုခုျဖစ္သြားခဲ့ရင္...။
...........
Readerအေပါင္းတို႔ေရာ သူငယ္ခ်င္းနဲ႔ခ်စ္ရသူဆိုရင္ ဘယ္သူ႔ဘက္ကရပ္တည္ၾကမလဲ... ေျဖေပးသြားဖို႔ ေတာင္းဆိုပါတယ္ဗ်...
Thanks all my reader...
#DVassan