ချစ်မိသော ပင်လယ်

By LinnThetNyein14

398K 7K 453

🔞🔞 Unicode မိဘပေးစားလို့ လက်ထပ်ရသောသူက ကိုယ်တဖက်သတ်ချစ်ရသူဖြစ်နေသောအခါ.. အချစ်က ဒီလောက်ပဲဆန်းကြယ်ရသတဲ့လား က... More

Intro
Ch 1
Ch2
Ch 3
Ch 4
Ch5
Ch 6
Ch 7 🍬
Ch8
Ch9
Ch 10
Ch 11
Ch 12
Ch 13 🍬
Ch14 🍬🍬
Writer's note
Ch 15
Ch 16 🔥🔞
Ch17 🔞
Ch 18 🔞
Writer 's Note
Ch 19
Ch 20
Ch21 🔥
Ch22
Ch 23 🔞
Writer's Note
Ch24💓🍬
Ch25🔞
Ch26🍬
CH27🔞
Ch28
Author's Note
Ch29🍬
Ch30🍬😭
Ch31🔞🍬
Ch32🔞
Ch 33🔞
Ch34🔞
Ch35😭😭😭
Ch36 😭😭💔
Writer's BF🙄
Ch38😚😚😚
Ch39🍬🔥
Ch 40🍬💓🔞
Ch41 🔥🍬✨
Writer's Night Song
Writer's Note
Ch 42🔞
Writer's Note
Ch 43 🔞
Ch 44🔞
Ch 45 (Ending)🔞

Ch 37💔❤

4.1K 136 14
By LinnThetNyein14

ဘာဒါ တစ်ရက်မပျက်ဆိုယွန်းကိုစောင့်နေခဲ့တယ်။
လုပ်လက်စတွေကို ပြီးအောင်လုပ်ပြီးတာနဲ့ ခဏအနားယူမယ်ဆိုပြီး Classတွေလည်း မjoinဖြစ်တော့။
projectအသစ်တွေလည်းလက်မခံဖြစ်ပဲ ဆိုယွန်းအကြောင်းပဲ နေ့နေ့ညညစုံစမ်း
နေမိတယ်။
မီယွန်းကိုလည်း ဆိုယွန်းက ဘာမှမပြောခဲ့တာမို့ မီယွန်းလည်း အစအနေတောင်မသိရ။
ဘာဒါပြောမှသိရတဲ့အခြေအနေပေါ့။

''ဆိုယွန်းက ဘာဒါ့ကိုအရမ်းချစ်တာ''ဆိုတဲ့
မီယွန်းရဲ့စကားတစ်ခွန်းက ဘာဒါ့ကို ဆိုယွန်းကိုစောင့်နေဖို့ လုံလောက်စေတယ်..။

အက်စီးဒန့်ဖြစ်ပြီး တစ်လလောက်ကြာတော့
ဆေးရုံမှာ သတိမေ့မျောနေဆဲဖြစ်တဲ့ ဟန်ထယ်ဂျွန်းသတိရလာခဲ့တယ်။
စခန်းက ဖုန်းဆက်တာကြောင့် ဘာဒါဆေးရုံကိုလိုက်သွားရတယ်။ စခန်းကလူတွေ
ဆိုယွန်းအကြောင်းမေးတော့ သူမသိဘူးလို့ဖြေနေတယ်တဲ့။
ဘယ်လို တာဝန်ယူမှုမရှိတဲ့ အဖြေမျိုးပါလဲ။
သူနဲ့အတူရှိနေတာ သက်သေနဲ့တကွရှိနေတာကို ဆိုယွန်းဘယ်ရောက်သွားလဲ သူသိရမှာပေါ့။
ဘဝပျက်မတတ်နာကျင်နေတဲ့ကိုယ်တွေကို နားမလည်နိုင်မှာသေချာပေမယ့် တခုခုသိရဖို့တော့ မျှော်လင့်ခဲ့မိတယ်။
ကိုယ်တိုင်ဝင်တွေ့ပြီးမေးဖို့ အကြိမ်ကြိမ်တောင်းပန်ခဲ့ရတယ်။
နစ်နာသူရဲ့မိသားစုဝင်ဖြစ်တဲ့အတွက် ဝင်ခွင့်မပေးပါဘူးတဲ့။
မေးခွန်းလေးပဲမေးခွင့်ပေးပါလို့ဒူးဖက်မတတ်တောင်းပန်တော့ အစောင့်ရဲသားတစ်ယောက်နဲ့အတူ ဝင်ခွင့်ရတယ်။ အနားကပ်ခွင့် မရခဲ့ပေမယ့်

''ဆိုယွန်းရော ဆိုယွန်းမင်းကား​ပေါ်မှာပါလာတာလား??''

ပါသွားတာလည်းသိပေမယ့် accidentမဖြစ်ခင် လွတ်သွားတယ်ဆိုတဲ့အဖြေမျိုးကို အာသာငမ်းငမ်းတောင့်တနေမိတယ်။

ဟန်ထယ်ဂျွန်းက ဘာဒါကိုလှည့်ကြည့်ပြီး

''ငါ သတိလစ်နေတာ ဘယ်လောက်ကြာပြီလဲ''

''တစ်လ ဟျောင့် မေးတာပဲဖြေ''

ဟန်ထယ်ဂျွန်းက အတန်ကြာငြိမ်သက်နေပြီးမှ ဘာဒါမျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီး
လှောင်ပြုံးတစ်ချက်ပြုံးပြတယ်။

''သေ သွား ပြီ''

ဟန်ထယ်ဂျွန်းဆီပြေးဝင်သွားတဲ့ ဘာဒါကို ရဲသားတွေသုံးယောက်ဝိုင်းချုပ်ပြီး ဆွဲထုတ်လိုက်ရတယ်။ မျက်ရည်လည်ရွှဲနဲ့ အတင်းရုန်းကန်တွန်းထိုးနေတဲ့ ဘာဒါကြောင့် အိုမားတို့ပါလိုက်လာပြီး အိမ်ကိုပြန်ခေါ်ရတယ်။

မယုံဘူး ဟျောင့်။
မင်းလိုကောင် စကားကို ငါလုံးဝမယုံဘူး။

စျာပနလည်းမလုပ်ပဲ ဆိုယွန်းနဲ့အတူနေခဲ့တဲ့အိမ်မှာပဲဆက်နေတယ်။
ပစ္စည်းတွေလည်း ခြေရာလက်ရာ မပြတ်ထားပြီး ဆိုယွန်းပြန်လာမှာလို့ ပြောနေတတ်တဲ့ သူ့ကို ဆိုယွန်းအမေတို့ရော အိုမားတို့ရော ဝိုင်းပြီးနားချကြတယ်။

အမှန်အတိုင်းလက်ခံလိုက်ဖို့။
အေးအေးဆေးဆေးလက်လွှတ်ပေးပြီး သေစာရင်းသွင်းဖို့။
ကိုယ့်ကိုကိုယ်အပြစ်မတင်ပဲ ပုံမှန်နေသွားဖို့။

အပြစ်မတင်ပဲနေနိုင်ပါ့မလား..

အဲဒီနေ့က ဆိုယွန်းဖုန်းဆက်တယ်တဲ့။

ဒါဟျွန်းက အမေရိကကို သွားခါနီး သူ့ကိုတောင်းပန်တယ်။

''saem တကယ်တော့ ညီမတောင်းပန်စရာရှိတယ်''

''တောင်းပန်စရာ?? မလိုပါဘူး ရတယ်''

Dating rumorအကြောင်းပြောတယ်ထင်ပြီး ရပါတယ်လို့ပြောလိုက်တာ။ Datingတုန်းကလည်း မဟုတ်ဘူးလို့ရှင်းတဲ့စာထုတ်လိုက်ပေမယ့် ကားထဲက ဒါဟျွန်းနမ်းလိုက်တဲ့ပုံကြောင့် ဘယ်သူမှမယုံပဲပြီးသွားတဲ့အခြေအနေဖြစ်သွားတယ်။ ဘာဒါ အိမ်ထောင်ရှိတယ်လို့အမှန်အတိုင်းပြောချင်ပေမယ့် ဒီဘက်က Accidentဖြစ်ပြီး အမှုအခင်းဖြစ်နေတဲ့အခြေအနေမို့လို့ ပိုရှုပ်သွားမှာစိုးလို့ ပြောလို့မရဘူးဖြစ်သွားတယ်။

''တကယ်တော့လေ
အဲဒီနေ့က မဆိုယွန်း saemကိုဖုန်းဆက်တယ်''

''အဲဒီနေ့??
အဲဒီနေ့ဆိုတာ အဲဒီနေ့လား''

ဒါဟျွန်းက ခေါင်းငြိမ့်လိုက်ပြီး

''ဖုန်းဝင်လာတော့ saemက ရိုက်ကူးရေးလုပ်နေတုန်းလေ ပထမတစ်ခေါက်ဖုန်းချလိုက်ပေမယ့် နောက်တခေါက်ခေါ်တော့
ဘာမှန်းမသိပေမယ့် မကိုင်ပဲ စာပြန်ပို့လိုက်တာ''

''ဘာစာပို့လိုက်တာလဲ''
''တောင်းပန်ပါတယ် saem ဒီ ဒီလိုဖြစ်ဖို့တော့ မရည်ရွယ်ပါဘူး''

ဒါဟျွန်းပို့လိုက်တဲ့စာကို သူကြားလိုက်ရတော့ ခေါင်းတစ်ခုလုံးပွင့်ထွက်သွားသလိုခံစားရတယ်။

သူရေချိုးနေလို့ နောက်မှပြန်ခေါ်လို့ ညာပြောလိုက်တာတဲ့..

ဆိုယွန်းက သူ့ကိုဒါဟျွန်းနဲ့ဟိုတိုက်ခန်းမှာနေနေတယ်လို့ထင်နေတဲ့အခြေအနေမှာ အဲ့ဒီစကားက ဘယ်​လောက်ထိခရီးရောက်သွားမလဲသူသိလိုက်တယ်။

အချိန်ကိုမေးတော့ ဟန်ထယ်ဂျွန်းကားပေါ်ကို ရောက်နေလောက်မယ့်အချိန်..

ဒုက္ခရောက်နေတုန်း သူ့ကိုအားကိုးတကြီးခေါ်လိုက်ပေမယ့် အဲလိုသိသွားရတာတဲ့လား ဆိုယွန်းရယ်..

မင်းဘယ်လောက်နာကျင်နေလိုက်မလဲ

မင်းနာကျင်သလောက် ငါလည်းနာကျင်လိုက်ရတာ..

ရင်ဘတ်တစ်ခုလုံးအပိုင်းပိုင်းပြတ်နေသလို
ယူကျုံးမရ..
နောင်တဆိုတာ ​နောင်မှတရတာတဲ့လား။
အသက်ရှင်နေပေးပါ ဆိုယွန်းရယ်။

ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့
မင်းကို ညာခဲ့မိတဲ့ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့။
လူကိုယ်တိုင်တောင်းပန်ချင်လို့ပါ
မင်းမရှိပဲလည်း မနေနိုင်တော့လို့ပါ။

ကိုယ့်ကို သနားပါဆိုယွန်းရယ်
မထားခဲ့ပါနဲ့......

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

တစ်နှစ်..

အိမ်ကို လေးကန်တဲ့ခြေလှမ်းတွေနဲ့ ပြန်လာတဲ့ ဘာဒါ။

တီရှပ်ပွပွကိုမှ အပေါ်က ရှပ်အင်္ကျီပွပွဝတ်ထားပြီး မပြင်မဆင်ထားထားတဲ့ဆံပင်တွေက ကျောလယ်ခန့်ရှည်နေပြီ။
တစ်နှစ်ကြာသော်လည်း သတင်းအစအနပင်မတွေ့တဲ့ဆိုယွန်းကို ဒီနေ့ရိပ်ခနဲတွေ့လိုက်သလိုပဲမို့ အပြေးလိုက်ခဲ့မိတယ်။
ကားအဖြူတစ်စီးပေါ်တက်သွားတဲ့ အဲဒီမိန်းကလေးက ဆိုယွန်းလိုပဲ သွယ်သွယ်လှလှလေး နောက်ကကြည့်ရုံမကလို့ အရိပ်ကလေးမြင်ရရင်တောင် သူမှတ်မိနိုင်တဲ့ကောင်မလေးက ပစ္စည်းထုပ်လိုလို ကလေးလေးလိုလိုအရာတစ်ခုကိုပိုက်ထားတယ်။
ဘာဒါက ဒီဘက်လမ်းကြောဖြစ်နေပြီး အဲဒီကားက ဟိုဘက်လမ်းကြောဖြစ်နေတာမို့ ချက်ချင်းကွေ့ပြီးလိုက်လို့လည်းမရသလို မောင်းတဲ့သူနေရာမှာလည်း မဟုတ်လို့ ကားပေါ်ရောက်တော့ သေသေချာချာမမြင်ရ။
ကွေ့လို့ရတဲ့နေရာရောက်မှ အမြန်ကွေ့ပြီး
အသားကုန်အရှိန်တင်မောင်းပြီး ကားအဖြူမှန်းသမျှကို ကျော်တက်ပြီး လိုက်ကြည့်ခဲ့ပေမယ့်
သူ အဲဒီကားကို မမီလိုက်တော့ဘူး။
ဘယ်အထိလိုက်နေမိမှန်းမသိလိုက်မောင်းနေခဲ့မိပြီး အသိဝင်လာတော့ မြို့ပြင်တောင်ရောက်နေခဲ့ပြီ။
မိုးချုပ်တော့မှ အိမ်ကိုပြန်လာခဲ့တယ်။

ဆိုယွန်းလား...
ဆိုယွန်းကအသက်ရှင်နေရင် သူ့ဆီပြန်လာမှာပဲမလား...
မလာနိုင်ဘူးဆိုတော့ accident တုန်းက တစ်ခုခုဖြစ်သွားလို့များလား..
အတိတ်မေ့နေတာမျိုးလား..
ဆေးရုံမှာ သတိမရတာမျိုးလား..

အဲဒီနေ့ပြီးနောက်ပိုင်း
ဘာဒါ အလုပ်တွေပြန်စတယ်။
ပြန်ကြိုးစားတယ်။
Classတွေပြန်joinဖြစ်ပြီး workshopတွေ
ဆက်တိုက်လုပ်တယ်။
programတွေမှာပြန်ပါပြီး နောက် ကိုယ်ပိုင်studioထောင်နိုင်အောင်ကြိုးစားတယ်။

နေ့နေ့ညညအလုပ်ကြိုးစားပြီးတော့ အပြန်ကျရင်တော့ ဆိုယွန်းရဲ့အခန်းလေးထဲဝင်ထိုင်နေတတ်တယ်။
ဆိုယွန်းအခန်းထဲက သူ့အငွေ့အသက်တွေက ဆိုယွန်း သူ့ကိုဘယ်​လောက်ချစ်ခဲ့လဲပြောပြနေတာမို့ တခါတလေတော့လွမ်းဆွတ်တဲ့စိတ်တွေနဲ့ လူကအသိစိတ်ပျောက်ချင်ချင်။
ဘယ်နားကြည့်ကြည့် ဆိုယွန်းကိုပဲမြင်ယောင်နေပြီး
ဆိုယွန်းအသံပဲကြားယောင်နေပြီး
နှစ်ယောက်အတူအိပ်နေကျကုတင်
သူအတင်းဝင်လို့ နှစ်ယောက်အတူချိုးနေကျ ရေချိုးခန်း
နှစ်ယောက်အတူတူစားနေကျ ထမင်းစားခန်း
အတူတူထိုင်နေကျ ဧည့်ခန်းကဆိုဖာ
တစ်အိမ်လုံးက ပစ္စည်း
အင်္ကျီချိတ်လေးကစလို့ ဆိုယွန်းစီးနေကျမွေးပွဖိနပ်လေးအဆုံး အရာရာက သူနဲ့အတူ ဆိုယွန်းကို စောင့်နေလို့..

ဘာဒါ ဆိုယွန်းရှိနေမလားဆိုတဲ့အတွေးနဲ့
ဆေးရုံတွေမှာ ပရဟိတအလှူတွေလုပ်တယ်။
ကိုမာဝင်နေတဲ့ လူနာတွေကို ဆေးရုံတိုင်းမှာ လိုက်တွေ့တယ်။ လိုအပ်တာတွေလှူတယ်။
အတိတ်မေ့တဲ့လူနာတွေကို လိုက်စုံစမ်းတယ်။
အတိတ်မေ့တာမျိုးကျ လူနာရဲ့အချက်အလက်ပေးမှာမျိုး ဖြစ်နေလို့ မသိရတာမျိုးများတယ်။ ဒါပေမယ့် အလုပ်တွေကြိုးစားရင်း ဆိုယွန်းကိုရှာရင်း ဘဝကိုဖြတ်သန်းတယ်။
ဒါဟျွန်းကတော့ ဘာဒါကိုမျှော်လင့်နေတုန်း။
အမေရိကရောက်သွားလည်း ဘာဒါ့သူငယ်ချင်းနဲ့အတူတူနေတာမို့လို့ အဆက်အသွယ်မပြတ်သလောက်နီးပါးဆိုပေမယ့် ဘာဒါကတော့ အရင်လောက်မနွေးထွေးတော့ပါ။ မေးထူးခေါ်ပြောအဆင့်လောက်ပဲဆိုပေမယ့် ဆိုယွန်းမရှိတော့ဘူးဆိုပြီး ဒါဟျွန်းကမျှော်လင့်နေပေမယ့်
ဘာဒါ့ရင်ထဲမှာ ဆိုယွန်းက တစ်ရက်လေးမှ ပျောက်မသွားခဲ့..။
.
.
.
.
.
.
.
.
.
.
.
.
.
.
ဒီလိုနဲ့ အနှစ်နှစ်အလလ။
၄နှစ်နီးပါးကြာသွားပေမယ့် ဆိုယွန်းကို သူရှာမတွေ့ခဲ့ပါ။

ဘာဒါ ဂျယ်ဂျူဒိုကိုရောက်နေတယ်။
အာပါးက သူနဲ့လာတွေ့ဖို့ခေါ်တာကြောင့် မရောက်တာကြာပြီဖြစ်တဲ့ အိမ်ကို ရောက်နေတာ ၂ရက်လောက်ရှိပြီ။

အာပါးက
ဘာဒါကို သူ့companyကိုတွဲလုပ်ပေးဖို့ပြောတယ်။
ဘာဒါ entertainmentအသေးလေးတစ်ခုထောင်မယ်တွေးနေတာကြောင့် လေ့လာစရာများနေတဲ့အပြင် Dancerတွေထဲ ဘယ်သူမှ Entertainment ထောင်တာမျိုး မလုပ်ဖူးကြတာမို့ ပထမဆုံးတစ်ယောက်အနေနဲ့ အတော့်ကို ခြေလှမ်းစဖို့ခက်ခဲနေတဲ့အချိန်။
အာပါးကို ငြင်းချင်ပေမယ့် အာပါးလည်း အသက်ကြီးလာပြီမို့ ဆက်ဦးစီးနေရတာအဆင်မပြေကြောင်းပြောတယ်။
အိုမားကလည်း ဒီတခါတော့ အာပါးသဘောကို လိုက်လုပ်ပေးစေချင်တယ်။
နောက်ဆုံးတိုင်ပင်လိုက်ကြတာက အာပါးCompanyကို ဆက်ဦးဆောင်ပြီးတော့မှ Companyနာမည်နဲ့ပဲ Entertainment ဘက်ကို ခြေချဖို့ပေါ့။

ဂျယ်ဂျူဒိုကတော့ အရင်အတိုင်းဆိုပေမယ့်
အရင်လိုမပျော်နိုင်တော့တဲ့ ဘာဒါက တနေကုန် ဆိုယွန်းနဲ့သွားဖူးတဲ့နေရာတွေကို သွားနေတတ်တယ်။ တစ်စုံတစ်ယောက်ကို လိုက်ရှာရတာ အဲ့လောက်တောင်ခက်တာလား တခါတခါတွေးမိတိုင်း သက်ပြင်းရှိုက်မိတယ်။
မတော်တဆများ ဒီနေရာကိုရောက်နေလေမလားဆိုတဲ့အတွေးနဲ့ သူ့အရိပ်လေးရှာရတာလည်းအမော။
''ဘာဒါ ဆိုယွန်းကို မမေ့နိုင်ဘူးဆိုတာ အိုမားနားလည်ပါတယ်.. ဒါပေမယ့် လက်ခံသင့်တာတော့လက်ခံရမှာပဲ သမီး
နှစ်တွေလည်းကြာနေပြီကွယ် တကိုယ်ကောင်းဆန်တယ်ဆိုဆို အိုမားတော့ တခါတလေ သမီးကို အရင်လို ပေါ့ပေါ့ပါးပါးလေးမြင်ချင်မိတယ်''
''အမှန်ကို လက်ခံဖို့အတွက် အလောင်းလည်းမြင်ရတာမှ မဟုတ်တာ အိုမား..

တစ်နေ့ကျ မေ့သွားမှာလို့ လူတွေပြောနေပေမယ့် မေ့စရာအကြောင်းမရှိဘူးလို့ပဲ ပြန်ပြောချင်တယ်.. မတွေ့ရတော့ဘူးဆိုရင်တောင် ဘယ်တော့မှမေ့လိုက်မှာမဟုတ်ဘူး..
အဲဒါကြောင့် အိုမားလည်း စိတ်ညစ်မနေနဲ့..
ဘာဒါလည်း အတော်အသင့်နေသားကျနေပြီမို့ ဒါက ပုံမှန်ကိစ္စပဲ နိစ္စဓူဝလုပ်နေကျ ကိစ္စပဲ..
မနက်မိုးလင်းတာနဲ့ ဆိုယွန်းကိုတန်းသတိရတယ်..တမင်လုပ်တာလည်းမဟုတ်သလို သတိမရအောင်လည်းလုပ်လိုမရဘူး..အပြင်ရောက်တာနဲ့ အရိပ်အယောင်လေးများတွေ့ရမလားရှာမိတယ်။ ဒီနေ့များဆိုယွန်းကို ပြန်ရှာတွေ့တဲ့နေ့ဖြစ်မလားလို့ မနက်တိုင်းတွေးမိတယ်။ အဲဒါကို အဲလိုမျိုးဖြစ်နေတာကို အဲလိုပဲ လုပ်မိနေတာကို အိုမားကပဲဖြစ်ဖြစ် နားလည်ပေးလို့မရဘူးလားဟင် အိုမားကပဲဖြစ်ဖြစ် အားပေးစကားပြောပေးလို့မရဘူးလား တစ်နေ့တော့တွေ့မှာပါ ဆိုတဲ့စကားလေးတစ်ခွန်းဖြစ်ဖြစ် အိုမားက ပြောပေးလို့မရဘူးလား..''
''ဘာဒါရယ်''

ဂျယ်ဂျူမှာတပါတ်လောက်နေပြီး ဘာဒါပြန်ဆိုးလ်ကိုပြန်လာခဲ့တယ်။
ဘာဒါ့မွေးနေ့ရောက်တော့မှာမို့ အိုမားက မွေးနေ့ကို အိမ်မှာနေစေချင်သော်လည်း
အာပါးCompanyရဲ့ပါတနာတွေ နယ်ဘက်မှာ အစည်းအဝေးလုပ်ပြီး လုပ်ငန်းပါတနာအသစ်တွေနဲ့တွေ့မယ့်ပွဲရှိတာကြောင့် ဆက်နေလို့လည်းမရလို့ ပြန်လာခဲ့ရတယ်။
အစည်းအဝေးကလည်း မွေးနေ့နဲ့တည့်တည့်ကျနေတာမို့..။

.
.
.
.
အစည်းအဝေးနေ့ မနက်စောစောကတည်းက Noksanကို ထွက်ခဲ့တယ်။
လွန်ခဲ့တဲ့နှစ်တွေက မန်နေဂျာကပဲ အခုထိတာဝန်ယူထားတာမို့ အတွင်းရေးမှူးအသစ်လည်းမခန့်ဖြစ်သေး။

အာပါးတို့companyက သွင်းကုန်ထုတ်ကုန်Companyမို့ နယ်ဘက်က အတန်အသင့်အောင်မြင်တဲ့ companyတွေနဲ့ လက်တွဲလုပ်ဖို့projectထားထားတယ်။ partnership တွေအကုန်လုံးလိုလိုလာကြမှာဖြစ်ပြီး အသစ်လက်တွဲမယ့်Companyတွေလည်းစုံစုံလင်လင်တက်ရောက်ကြမယ့်အစည်းအဝေးပေါ့။

ဘာဒါတို့ရောက်သွားတော့ တခြားcompanyတွေနဲ့စကားစမြည်ပြောကြ မိတ်ဆက်ကြ အသစ်companyတွေကလည်း လာနှုတ်ဆက်ကြနဲ့ နာရီဝက်လောက်ကြာမှ အစည်းအဝေးစဖြစ်တယ်။
ဘာဒါ ကိုယ့်projectချဲ့ထွင်ရတဲ့အကြောင်း ရည်ရွယ်ချက် ဘယ်အတိုင်းအတာထိမျှော်လင့်ထားလို့ရတဲ့အကြောင်းတွေ ရှေ့ထွက်ရှင်းပြပေးရတယ်။

အားလုံး ဝင်ရောက်ဆွေးနွေးပြီးတော့
အခန်းထဲက ထွက်လာကြတော့
ဘာဒါ့ကို အကြီးဆုံးpartner company ဖြစ်တဲ့ Leo CEOက လှမ်းခေါ်တယ်။
''လီဘာဒါCEO''
ဘာဒါလှမ်းကြည့်လိုက်တော့ အမျိုးသားတစ်ယောက်ပါ အတူတွေ့ရတယ်။ အရပ်အတန်သင့်ရှည်ပြီး ရုပ်ရည်ပြေပြစ်တဲ့ ထိုအမျိုးသားက Companyအသစ်ကလို့ တန်းသိလိုက်တယ်။
''ဒါ B Moon Companyက မန်နေဂျာချုပ်ဂျောင်ဂျယ်ဟွန်းပါ''
''ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်
လီဘာဒါပါ TK groupကပါ''
''ဟုတ်ကဲ့ ကျနော်တို့ CEOက ကိုယ်ရေးကိုယ်တာတစ်ခုကြောင့်မလာနိုင်ဖြစ်သွားလို့ပါ နေ့လည်အရောက်လာပြီး ညဘက်ပွဲတော့ ရအောင်တက်မယ်လို့မှာလိုက်ပါတယ်''
''ဟုတ်ကဲ့ပါ''

.
.
.
.
ညနေစောင်းလောက် တည်းတဲ့Hotelကထွက်လာတော့ နေ့လည်က မိတ်ဆက်တဲ့ B Moomက မန်နေဂျာ ကားအရင်မောင်းထွက်သွားတာတွေ့လိုက်တယ်။

ကားစီးလာရင်းလမ်းပေါ်မှာ အိုမားကဖုန်းဆက်တယ်
''ဘာဒါရေ ခရီးသွားနေလို့ မွေးနေ့ကိတ်လည်းမပို့ပေးရဘူးကွယ်
Happy Birthday အမေ့သမီးလေး''
''အွန်း အိုမား ကျေးဇူးပါ
ကိတ်မလိုပါဘူး ကလေးမှမဟုတ်တာ''
''အခုဘယ်မှာလဲ Hotelမှာလား''
''မဟုတ်ဘူး ညပွဲရှိလို့ အခုသွားနေတာ''
''ဟုတ်လား မအားတာကို အိုမားဖုန်းဆက်မိပြီ''
''ရပါတယ် အိုမားရဲ့ အခုမှရောက်တာ''ပြောရင်း ဘာဒါ ကားပေါ်က ဆင်းပြီး ကားတံခါးပိတ်လိုက်တယ်။

အထဲဝင်ဖို့ ခြေလှမ်းရင်း ရှေ့ကိုလှမ်းကြည့်လိုက်တော့
B Moon ကလူရဲ့ ကားထဲက ထွက်လာတဲ့မိန်းကလေး..

ဘာဒါ အိုမားနဲ့ပြောနေရင်းတန်းလန်းဖုန်းကိုကိုင်ထားရင်း ကြောင်ငေးနေမိတယ်။
အဲ့ဒီနောက်ကျော
အဲဒီနောက်ကျောလှလှက သူနှစ်တွေအများကြီး လိုက်ရှာနေခဲ့ရတဲ့ နောက်ကျောလေးပဲမလား..

သူ့ကိုကျောပေးထားပြီး အဆောက်အဦထဲ ကျော့ကျော့လေးဝင်သွားတဲ့ အရိပ်လေးက
အရင်ကထက် ကောက်ကြောင်းလေးထင်းနေတာကလွဲရင် သူလူမှားစရာအကြောင်းမရှိ။


ဆိုယွန်းမလား..

ဆိုယွန်းပဲမလား..

အဖြူရောင် ပိုးပျော့ဝတ်စုံ ကျောဗြောင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ ဆိုယွန်းရဲ့ညှို့ချက်တွေက သူ့ကိုဆွဲငင်နေတယ်။

ရက်ပေါင်းလပေါင်းများစွာမျှော်နေခဲ့ရတဲ့ ဆိုယွန်းကို ပြန်ရှာတွေ့တဲ့နေ့ဆိုတာ
ဒီနေ့လား..

အိပ်မက်များလား

မဟုတ်ဘူး..

ဘာဒါ နောက်ကအပြေးလိုက်ခဲ့ပေမယ့် လူများတော့ အတင်းလည်းတိုးလို့မရ။

အရိပ်လေးကို party ခန်းမထဲ အချိန်အတော်ကြာ သွေးရူးသွေးတန်းလိုက်ရှာမိနေပြီး နောက်ဆုံးမှာ အခန်းအပြင်ကို တစ်ယောက်ထဲထွက်သွားနေတာ ရိပ်ခနဲမြင်လိုက်တာကြောင့် နောက်ကလိုက်ပြီး လက်ကို လှမ်းဆွဲလိုက်တယ်။

ချာခနဲလည်သွားပြီး
သူ့ရင်ခွင်ထဲယိုင်ကျလာတဲ့ သူမက သူ့ကိုမော့ကြည့်တော့ ဘာဒါနဲ့အကြည့်ချင်းဆုံတယ်။

အံ့သြထိတ်လန့်နေသလို
တချိန်ထဲမှာပဲ
တခုခုကို စိုးရိမ်သလို
ကြောက်ရွံ့နေသလိုအရိပ်အမျိုးမျိုးဖြတ်ပြေးသွားတဲ့သူမရဲ့မျက်ဝန်းမှာ
သတိရစိတ်တွေရှိမလားလို့
အငမ်းမရရှာဖွေနေမိတယ်...။

Real Lifeက ဘာဒါပုံလေးတွေထည့်ပေးထားတယ်နော်😚💙🌊🌊

နောက်တပိုင်းမျှော်
ဒါဒါတို့ဆူမှာစိုးလို့ အပြေးလာupပေးတာ😚😅

ကြိုက်လား မန့်ခဲ့ကြပါဦး
ဒါဒါလေးတို့မန့်တွေထိုင်ဖတ်ဖို့စောင့်နေပြီ😍😍



Zawgyi

ဘာဒါ တစ္ရက္မပ်က္ဆိုယြန္းကိုေစာင့္ေနခဲ့တယ္။
လုပ္လက္စေတြကို ၿပီးေအာင္လုပ္ၿပီးတာနဲ႕ ခဏအနားယူမယ္ဆိုၿပီး Classေတြလည္း မjoinျဖစ္ေတာ့။
projectအသစ္ေတြလည္းလက္မခံျဖစ္ပဲ ဆိုယြန္းအေၾကာင္းပဲ ေန႕ေန႕ညညစုံစမ္း
ေနမိတယ္။
မီယြန္းကိုလည္း ဆိုယြန္းက ဘာမွမေျပာခဲ့တာမို႔ မီယြန္းလည္း အစအေနေတာင္မသိရ။
ဘာဒါေျပာမွသိရတဲ့အေျခအေနေပါ့။

''ဆိုယြန္းက ဘာဒါ့ကိုအရမ္းခ်စ္တာ''ဆိုတဲ့
မီယြန္းရဲ႕စကားတစ္ခြန္းက ဘာဒါ့ကို ဆိုယြန္းကိုေစာင့္ေနဖို႔ လုံေလာက္ေစတယ္..။

အက္စီးဒန့္ျဖစ္ၿပီး တစ္လေလာက္ၾကာေတာ့
ေဆး႐ုံမွာ သတိေမ့ေမ်ာေနဆဲျဖစ္တဲ့ ဟန္ထယ္ဂြၽန္းသတိရလာခဲ့တယ္။
စခန္းက ဖုန္းဆက္တာေၾကာင့္ ဘာဒါေဆး႐ုံကိုလိုက္သြားရတယ္။ စခန္းကလူေတြ
ဆိုယြန္းအေၾကာင္းေမးေတာ့ သူမသိဘူးလို႔ေျဖေနတယ္တဲ့။
ဘယ္လို တာဝန္ယူမႈမရွိတဲ့ အေျဖမ်ိဳးပါလဲ။
သူနဲ႕အတူရွိေနတာ သက္ေသနဲ႕တကြရွိေနတာကို ဆိုယြန္းဘယ္ေရာက္သြားလဲ သူသိရမွာေပါ့။
ဘဝပ်က္မတတ္နာက်င္ေနတဲ့ကိုယ္ေတြကို နားမလည္နိုင္မွာေသခ်ာေပမယ့္ တခုခုသိရဖို႔ေတာ့ ေမွ်ာ္လင့္ခဲ့မိတယ္။
ကိုယ္တိုင္ဝင္ေတြ႕ၿပီးေမးဖို႔ အႀကိမ္ႀကိမ္ေတာင္းပန္ခဲ့ရတယ္။
နစ္နာသူရဲ႕မိသားစုဝင္ျဖစ္တဲ့အတြက္ ဝင္ခြင့္မေပးပါဘူးတဲ့။
ေမးခြန္းေလးပဲေမးခြင့္ေပးပါလို႔ဒူးဖက္မတတ္ေတာင္းပန္ေတာ့ အေစာင့္ရဲသားတစ္ေယာက္နဲ႕အတူ ဝင္ခြင့္ရတယ္။ အနားကပ္ခြင့္ မရခဲ့ေပမယ့္

''ဆိုယြန္းေရာ ဆိုယြန္းမင္းကားေပၚမွာပါလာတာလား??''

ပါသြားတာလည္းသိေပမယ့္ accidentမျဖစ္ခင္ လြတ္သြားတယ္ဆိုတဲ့အေျဖမ်ိဳးကို အာသာငမ္းငမ္းေတာင့္တေနမိတယ္။

ဟန္ထယ္ဂြၽန္းက ဘာဒါကိုလွည့္ၾကည့္ၿပီး

''ငါ သတိလစ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ''

''တစ္လ ေဟ်ာင့္ ေမးတာပဲေျဖ''

ဟန္ထယ္ဂြၽန္းက အတန္ၾကာၿငိမ္သက္ေနၿပီးမွ ဘာဒါမ်က္လုံးေတြကို တည့္တည့္စိုက္ၾကည့္ၿပီး
ေလွာင္ၿပဳံးတစ္ခ်က္ၿပဳံးျပတယ္။

''ေသ သြား ၿပီ''

ဟန္ထယ္ဂြၽန္းဆီေျပးဝင္သြားတဲ့ ဘာဒါကို ရဲသားေတြသုံးေယာက္ဝိုင္းခ်ဳပ္ၿပီး ဆြဲထုတ္လိုက္ရတယ္။ မ်က္ရည္လည္႐ႊဲနဲ႕ အတင္း႐ုန္းကန္တြန္းထိုးေနတဲ့ ဘာဒါေၾကာင့္ အိုမားတို႔ပါလိုက္လာၿပီး အိမ္ကိုျပန္ေခၚရတယ္။

မယုံဘူး ေဟ်ာင့္။
မင္းလိုေကာင္ စကားကို ငါလုံးဝမယုံဘူး။

စ်ာပနလည္းမလုပ္ပဲ ဆိုယြန္းနဲ႕အတူေနခဲ့တဲ့အိမ္မွာပဲဆက္ေနတယ္။
ပစၥည္းေတြလည္း ေျခရာလက္ရာ မျပတ္ထားၿပီး ဆိုယြန္းျပန္လာမွာလို႔ ေျပာေနတတ္တဲ့ သူ႕ကို ဆိုယြန္းအေမတို႔ေရာ အိုမားတို႔ေရာ ဝိုင္းၿပီးနားခ်ၾကတယ္။

အမွန္အတိုင္းလက္ခံလိုက္ဖို႔။
ေအးေအးေဆးေဆးလက္လႊတ္ေပးၿပီး ေသစာရင္းသြင္းဖို႔။
ကိုယ့္ကိုကိုယ္အျပစ္မတင္ပဲ ပုံမွန္ေနသြားဖို႔။

အျပစ္မတင္ပဲေနနိုင္ပါ့မလား..

အဲဒီေန႕က ဆိုယြန္းဖုန္းဆက္တယ္တဲ့။

ဒါဟြၽန္းက အေမရိကကို သြားခါနီး သူ႕ကိုေတာင္းပန္တယ္။

''saem တကယ္ေတာ့ ညီမေတာင္းပန္စရာရွိတယ္''

''ေတာင္းပန္စရာ?? မလိုပါဘူး ရတယ္''

Dating rumorအေၾကာင္းေျပာတယ္ထင္ၿပီး ရပါတယ္လို႔ေျပာလိုက္တာ။ Datingတုန္းကလည္း မဟုတ္ဘူးလို႔ရွင္းတဲ့စာထုတ္လိုက္ေပမယ့္ ကားထဲက ဒါဟြၽန္းနမ္းလိုက္တဲ့ပုံေၾကာင့္ ဘယ္သူမွမယုံပဲၿပီးသြားတဲ့အေျခအေနျဖစ္သြားတယ္။ ဘာဒါ အိမ္ေထာင္ရွိတယ္လို႔အမွန္အတိုင္းေျပာခ်င္ေပမယ့္ ဒီဘက္က Accidentျဖစ္ၿပီး အမႈအခင္းျဖစ္ေနတဲ့အေျခအေနမို႔လို႔ ပိုရႈပ္သြားမွာစိုးလို႔ ေျပာလို႔မရဘူးျဖစ္သြားတယ္။

''တကယ္ေတာ့ေလ
အဲဒီေန႕က မဆိုယြန္း saemကိုဖုန္းဆက္တယ္''

''အဲဒီေန႕??
အဲဒီေန႕ဆိုတာ အဲဒီေန႕လား''

ဒါဟြၽန္းက ေခါင္းၿငိမ့္လိုက္ၿပီး

''ဖုန္းဝင္လာေတာ့ saemက ရိုက္ကူးေရးလုပ္ေနတုန္းေလ ပထမတစ္ေခါက္ဖုန္းခ်လိဳက္ေပမယ့္ ေနာက္တေခါက္ေခၚေတာ့
ဘာမွန္းမသိေပမယ့္ မကိုင္ပဲ စာျပန္ပို႔လိုက္တာ''

''ဘာစာပို႔လိုက္တာလဲ''
''ေတာင္းပန္ပါတယ္ saem ဒီ ဒီလိုျဖစ္ဖို႔ေတာ့ မရည္႐ြယ္ပါဘူး''

ဒါဟြၽန္းပို႔လိုက္တဲ့စာကို သူၾကားလိုက္ရေတာ့ ေခါင္းတစ္ခုလုံးပြင့္ထြက္သြားသလိုခံစားရတယ္။

သူေရခ်ိဳးေနလို႔ ေနာက္မွျပန္ေခၚလို႔ ညာေျပာလိုက္တာတဲ့..

ဆိုယြန္းက သူ႕ကိုဒါဟြၽန္းနဲ႕ဟိုတိုက္ခန္းမွာေနေနတယ္လို႔ထင္ေနတဲ့အေျခအေနမွာ အဲ့ဒီစကားက ဘယ္ေလာက္ထိခရီးေရာက္သြားမလဲသူသိလိုက္တယ္။

အခ်ိန္ကိုေမးေတာ့ ဟန္ထယ္ဂြၽန္းကားေပၚကို ေရာက္ေနေလာက္မယ့္အခ်ိန္..

ဒုကၡေရာက္ေနတုန္း သူ႕ကိုအားကိုးတႀကီးေခၚလိုက္ေပမယ့္ အဲလိုသိသြားရတာတဲ့လား ဆိုယြန္းရယ္..

မင္းဘယ္ေလာက္နာက်င္ေနလိုက္မလဲ

မင္းနာက်င္သေလာက္ ငါလည္းနာက်င္လိုက္ရတာ..

ရင္ဘတ္တစ္ခုလုံးအပိုင္းပိုင္းျပတ္ေနသလို
ယူက်ဳံးမရ..
ေနာင္တဆိုတာ ေနာင္မွတရတာတဲ့လား။
အသက္ရွင္ေနေပးပါ ဆိုယြန္းရယ္။

ကိုယ့္ကိုခြင့္မလႊတ္ပါနဲ႕
မင္းကို ညာခဲ့မိတဲ့ ကိုယ့္ကို ခြင့္မလႊတ္ပါနဲ႕။
လူကိုယ္တိုင္ေတာင္းပန္ခ်င္လို႔ပါ
မင္းမရွိပဲလည္း မေနနိုင္ေတာ့လို႔ပါ။

ကိုယ့္ကို သနားပါဆိုယြန္းရယ္
မထားခဲ့ပါနဲ႕......

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

တစ္ႏွစ္..

အိမ္ကို ေလးကန္တဲ့ေျခလွမ္းေတြနဲ႕ ျပန္လာတဲ့ ဘာဒါ။

တီရွပ္ပြပြကိုမွ အေပၚက ရွပ္အကၤ်ီပြပြဝတ္ထားၿပီး မျပင္မဆင္ထားထားတဲ့ဆံပင္ေတြက ေက်ာလယ္ခန့္ရွည္ေနၿပီ။
တစ္ႏွစ္ၾကာေသာ္လည္း သတင္းအစအနပင္မေတြ႕တဲ့ဆိုယြန္းကို ဒီေန႕ရိပ္ခနဲေတြ႕လိုက္သလိုပဲမို႔ အေျပးလိုက္ခဲ့မိတယ္။
ကားအျဖဴတစ္စီးေပၚတက္သြားတဲ့ အဲဒီမိန္းကေလးက ဆိုယြန္းလိုပဲ သြယ္သြယ္လွလွေလး ေနာက္ကၾကည့္႐ုံမကလို႔ အရိပ္ကေလးျမင္ရရင္ေတာင္ သူမွတ္မိနိုင္တဲ့ေကာင္မေလးက ပစၥည္းထုပ္လိုလို ကေလးေလးလိုလိုအရာတစ္ခုကိုပိုက္ထားတယ္။
ဘာဒါက ဒီဘက္လမ္းေၾကာျဖစ္ေနၿပီး အဲဒီကားက ဟိုဘက္လမ္းေၾကာျဖစ္ေနတာမို႔ ခ်က္ခ်င္းေကြ႕ၿပီးလိုက္လို႔လည္းမရသလို ေမာင္းတဲ့သူေနရာမွာလည္း မဟုတ္လို႔ ကားေပၚေရာက္ေတာ့ ေသေသခ်ာခ်ာမျမင္ရ။
ေကြ႕လို႔ရတဲ့ေနရာေရာက္မွ အျမန္ေကြ႕ၿပီး
အသားကုန္အရွိန္တင္ေမာင္းၿပီး ကားအျဖဴမွန္းသမွ်ကို ေက်ာ္တက္ၿပီး လိုက္ၾကည့္ခဲ့ေပမယ့္
သူ အဲဒီကားကို မမီလိုက္ေတာ့ဘူး။
ဘယ္အထိလိုက္ေနမိမွန္းမသိလိုက္ေမာင္းေနခဲ့မိၿပီး အသိဝင္လာေတာ့ ၿမိဳ႕ျပင္ေတာင္ေရာက္ေနခဲ့ၿပီ။
မိုးခ်ဳပ္ေတာ့မွ အိမ္ကိုျပန္လာခဲ့တယ္။

ဆိုယြန္းလား...
ဆိုယြန္းကအသက္ရွင္ေနရင္ သူ႕ဆီျပန္လာမွာပဲမလား...
မလာနိုင္ဘူးဆိုေတာ့ accident တုန္းက တစ္ခုခုျဖစ္သြားလို႔မ်ားလား..
အတိတ္ေမ့ေနတာမ်ိဳးလား..
ေဆး႐ုံမွာ သတိမရတာမ်ိဳးလား..

အဲဒီေန႕ၿပီးေနာက္ပိုင္း
ဘာဒါ အလုပ္ေတြျပန္စတယ္။
ျပန္ႀကိဳးစားတယ္။
Classေတြျပန္joinျဖစ္ၿပီး workshopေတြ
ဆက္တိုက္လုပ္တယ္။
programေတြမွာျပန္ပါၿပီး ေနာက္ ကိုယ္ပိုင္studioေထာင္နိုင္ေအာင္ႀကိဳးစားတယ္။

ေန႕ေန႕ညညအလုပ္ႀကိဳးစားၿပီးေတာ့ အျပန္က်ရင္ေတာ့ ဆိုယြန္းရဲ႕အခန္းေလးထဲဝင္ထိုင္ေနတတ္တယ္။
ဆိုယြန္းအခန္းထဲက သူ႕အေငြ႕အသက္ေတြက ဆိုယြန္း သူ႕ကိုဘယ္ေလာက္ခ်စ္ခဲ့လဲေျပာျပေနတာမို႔ တခါတေလေတာ့လြမ္းဆြတ္တဲ့စိတ္ေတြနဲ႕ လူကအသိစိတ္ေပ်ာက္ခ်င္ခ်င္။
ဘယ္နားၾကည့္ၾကည့္ ဆိုယြန္းကိုပဲျမင္ေယာင္ေနၿပီး
ဆိုယြန္းအသံပဲၾကားေယာင္ေနၿပီး
ႏွစ္ေယာက္အတူအိပ္ေနက်ကဳတင္
သူအတင္းဝင္လို႔ ႏွစ္ေယာက္အတူခ်ိဳးေနက် ေရခ်ိဳးခန္း
ႏွစ္ေယာက္အတူတူစားေနက် ထမင္းစားခန္း
အတူတူထိုင္ေနက် ဧည့္ခန္းကဆိုဖာ
တစ္အိမ္လုံးက ပစၥည္း
အကၤ်ီခ်ိတ္ေလးကစလို႔ ဆိုယြန္းစီးေနက်ေမြးပြဖိနပ္ေလးအဆုံး အရာရာက သူနဲ႕အတူ ဆိုယြန္းကို ေစာင့္ေနလို႔..

ဘာဒါ ဆိုယြန္းရွိေနမလားဆိုတဲ့အေတြးနဲ႕
ေဆး႐ုံေတြမွာ ပရဟိတအလႉေတြလုပ္တယ္။
ကိုမာဝင္ေနတဲ့ လူနာေတြကို ေဆး႐ုံတိုင္းမွာ လိုက္ေတြ႕တယ္။ လိုအပ္တာေတြလႉတယ္။
အတိတ္ေမ့တဲ့လူနာေတြကို လိုက္စုံစမ္းတယ္။
အတိတ္ေမ့တာမ်ိဳးက် လူနာရဲ႕အခ်က္အလက္ေပးမွာမ်ိဳး ျဖစ္ေနလို႔ မသိရတာမ်ိဳးမ်ားတယ္။ ဒါေပမယ့္ အလုပ္ေတြႀကိဳးစားရင္း ဆိုယြန္းကိုရွာရင္း ဘဝကိုျဖတ္သန္းတယ္။
ဒါဟြၽန္းကေတာ့ ဘာဒါကိုေမွ်ာ္လင့္ေနတုန္း။
အေမရိကေရာက္သြားလည္း ဘာဒါ့သူငယ္ခ်င္းနဲ႕အတူတူေနတာမို႔လို႔ အဆက္အသြယ္မျပတ္သေလာက္နီးပါးဆိုေပမယ့္ ဘာဒါကေတာ့ အရင္ေလာက္မႏြေးေထြးေတာ့ပါ။ ေမးထူးေခၚေျပာအဆင့္ေလာက္ပဲဆိုေပမယ့္ ဆိုယြန္းမရွိေတာ့ဘူးဆိုၿပီး ဒါဟြၽန္းကေမွ်ာ္လင့္ေနေပမယ့္
ဘာဒါ့ရင္ထဲမွာ ဆိုယြန္းက တစ္ရက္ေလးမွ ေပ်ာက္မသြားခဲ့..။
.
.
.
.
.
.
.
.
.
.
.
.
.
.
ဒီလိုနဲ႕ အႏွစ္ႏွစ္အလလ။
၄ႏွစ္နီးပါးၾကာသြားေပမယ့္ ဆိုယြန္းကို သူရွာမေတြ႕ခဲ့ပါ။

ဘာဒါ ဂ်ယ္ဂ်ဴဒိုကိုေရာက္ေနတယ္။
အာပါးက သူနဲ႕လာေတြ႕ဖို႔ေခၚတာေၾကာင့္ မေရာက္တာၾကာၿပီျဖစ္တဲ့ အိမ္ကို ေရာက္ေနတာ ၂ရက္ေလာက္ရွိၿပီ။

အာပါးက
ဘာဒါကို သူ႕companyကိုတြဲလုပ္ေပးဖို႔ေျပာတယ္။
ဘာဒါ entertainmentအေသးေလးတစ္ခုေထာင္မယ္ေတြးေနတာေၾကာင့္ ေလ့လာစရာမ်ားေနတဲ့အျပင္ Dancerေတြထဲ ဘယ္သူမွ Entertainment ေထာင္တာမ်ိဳး မလုပ္ဖူးၾကတာမို႔ ပထမဆုံးတစ္ေယာက္အေနနဲ႕ အေတာ့္ကို ေျခလွမ္းစဖို႔ခက္ခဲေနတဲ့အခ်ိန္။
အာပါးကို ျငင္းခ်င္ေပမယ့္ အာပါးလည္း အသက္ႀကီးလာၿပီမို႔ ဆက္ဦးစီးေနရတာအဆင္မေျပေၾကာင္းေျပာတယ္။
အိုမားကလည္း ဒီတခါေတာ့ အာပါးသေဘာကို လိုက္လုပ္ေပးေစခ်င္တယ္။
ေနာက္ဆုံးတိုင္ပင္လိုက္ၾကတာက အာပါးCompanyကို ဆက္ဦးေဆာင္ၿပီးေတာ့မွ Companyနာမည္နဲ႕ပဲ Entertainment ဘက္ကို ေျခခ်ဖိဳ႕ေပါ့။

ဂ်ယ္ဂ်ဴဒိုကေတာ့ အရင္အတိုင္းဆိုေပမယ့္
အရင္လိုမေပ်ာ္နိုင္ေတာ့တဲ့ ဘာဒါက တေနကုန္ ဆိုယြန္းနဲ႕သြားဖူးတဲ့ေနရာေတြကို သြားေနတတ္တယ္။ တစ္စုံတစ္ေယာက္ကို လိုက္ရွာရတာ အဲ့ေလာက္ေတာင္ခက္တာလား တခါတခါေတြးမိတိုင္း သက္ျပင္းရွိုက္မိတယ္။
မေတာ္တဆမ်ား ဒီေနရာကိုေရာက္ေနေလမလားဆိုတဲ့အေတြးနဲ႕ သူ႕အရိပ္ေလးရွာရတာလည္းအေမာ။
''ဘာဒါ ဆိုယြန္းကို မေမ့နိုင္ဘူးဆိုတာ အိုမားနားလည္ပါတယ္.. ဒါေပမယ့္ လက္ခံသင့္တာေတာ့လက္ခံရမွာပဲ သမီး
ႏွစ္ေတြလည္းၾကာေနၿပီကြယ္ တကိုယ္ေကာင္းဆန္တယ္ဆိုဆို အိုမားေတာ့ တခါတေလ သမီးကို အရင္လို ေပါ့ေပါ့ပါးပါးေလးျမင္ခ်င္မိတယ္''
''အမွန္ကို လက္ခံဖို႔အတြက္ အေလာင္းလည္းျမင္ရတာမွ မဟုတ္တာ အိုမား..

တစ္ေန႕က် ေမ့သြားမွာလို႔ လူေတြေျပာေနေပမယ့္ ေမ့စရာအေၾကာင္းမရွိဘူးလို႔ပဲ ျပန္ေျပာခ်င္တယ္.. မေတြ႕ရေတာ့ဘူးဆိုရင္ေတာင္ ဘယ္ေတာ့မွေမ့လိုက္မွာမဟုတ္ဘူး..
အဲဒါေၾကာင့္ အိုမားလည္း စိတ္ညစ္မေနနဲ႕..
ဘာဒါလည္း အေတာ္အသင့္ေနသားက်ေနၿပီမို႔ ဒါက ပုံမွန္ကိစၥပဲ နိစၥဓူဝလုပ္ေနက် ကိစၥပဲ..
မနက္မိုးလင္းတာနဲ႕ ဆိုယြန္းကိုတန္းသတိရတယ္..တမင္လုပ္တာလည္းမဟုတ္သလို သတိမရေအာင္လည္းလုပ္လိုမရဘူး..အျပင္ေရာက္တာနဲ႕ အရိပ္အေယာင္ေလးမ်ားေတြ႕ရမလားရွာမိတယ္။ ဒီေန႕မ်ားဆိုယြန္းကို ျပန္ရွာေတြ႕တဲ့ေန႕ျဖစ္မလားလို႔ မနက္တိုင္းေတြးမိတယ္။ အဲဒါကို အဲလိုမ်ိဳးျဖစ္ေနတာကို အဲလိုပဲ လုပ္မိေနတာကို အိုမားကပဲျဖစ္ျဖစ္ နားလည္ေပးလို႔မရဘူးလားဟင္ အိုမားကပဲျဖစ္ျဖစ္ အားေပးစကားေျပာေပးလို႔မရဘူးလား တစ္ေန႕ေတာ့ေတြ႕မွာပါ ဆိုတဲ့စကားေလးတစ္ခြန္းျဖစ္ျဖစ္ အိုမားက ေျပာေပးလို႔မရဘူးလား..''
''ဘာဒါရယ္''

ဂ်ယ္ဂ်ဴမွာတပါတ္ေလာက္ေနၿပီး ဘာဒါျပန္ဆိုးလ္ကိုျပန္လာခဲ့တယ္။
ဘာဒါ့ေမြးေန႕ေရာက္ေတာ့မွာမို႔ အိုမားက ေမြးေန႕ကို အိမ္မွာေနေစခ်င္ေသာ္လည္း
အာပါးCompanyရဲ႕ပါတနာေတြ နယ္ဘက္မွာ အစည္းအေဝးလုပ္ၿပီး လုပ္ငန္းပါတနာအသစ္ေတြနဲ႕ေတြ႕မယ့္ပြဲရွိတာေၾကာင့္ ဆက္ေနလို႔လည္းမရလို႔ ျပန္လာခဲ့ရတယ္။
အစည္းအေဝးကလည္း ေမြးေန႕နဲ႕တည့္တည့္က်ေနတာမို႔..။

.
.
.
.
အစည္းအေဝးေန႕ မနက္ေစာေစာကတည္းက Noksanကို ထြက္ခဲ့တယ္။
လြန္ခဲ့တဲ့ႏွစ္ေတြက မန္ေနဂ်ာကပဲ အခုထိတာဝန္ယူထားတာမို႔ အတြင္းေရးမႉးအသစ္လည္းမခန့္ျဖစ္ေသး။

အာပါးတို႔companyက သြင္းကုန္ထုတ္ကုန္Companyမို႔ နယ္ဘက္က အတန္အသင့္ေအာင္ျမင္တဲ့ companyေတြနဲ႕ လက္တြဲလုပ္ဖို႔projectထားထားတယ္။ partnership ေတြအကုန္လုံးလိုလိုလာၾကမွာျဖစ္ၿပီး အသစ္လက္တြဲမယ့္Companyေတြလည္းစုံစုံလင္လင္တက္ေရာက္ၾကမယ့္အစည္းအေဝးေပါ့။

ဘာဒါတို႔ေရာက္သြားေတာ့ တျခားcompanyေတြနဲ႕စကားစျမည္ေျပာၾက မိတ္ဆက္ၾက အသစ္companyေတြကလည္း လာႏႈတ္ဆက္ၾကနဲ႕ နာရီဝက္ေလာက္ၾကာမွ အစည္းအေဝးစျဖစ္တယ္။
ဘာဒါ ကိုယ့္projectခ်ဲ့ထြင္ရတဲ့အေၾကာင္း ရည္႐ြယ္ခ်က္ ဘယ္အတိုင္းအတာထိေမွ်ာ္လင့္ထားလို႔ရတဲ့အေၾကာင္းေတြ ေရွ႕ထြက္ရွင္းျပေပးရတယ္။

အားလုံး ဝင္ေရာက္ေဆြးႏြေးၿပီးေတာ့
အခန္းထဲက ထြက္လာၾကေတာ့
ဘာဒါ့ကို အႀကီးဆုံးpartner company ျဖစ္တဲ့ Leo CEOက လွမ္းေခၚတယ္။
''လီဘာဒါCEO''
ဘာဒါလွမ္းၾကည့္လိုက္ေတာ့ အမ်ိဳးသားတစ္ေယာက္ပါ အတူေတြ႕ရတယ္။ အရပ္အတန္သင့္ရွည္ၿပီး ႐ုပ္ရည္ေျပျပစ္တဲ့ ထိုအမ်ိဳးသားက Companyအသစ္ကလို႔ တန္းသိလိုက္တယ္။
''ဒါ B Moon Companyက မန္ေနဂ်ာခ်ဳပ္ေဂ်ာင္ဂ်ယ္ဟြန္းပါ''
''ဟုတ္ကဲ့ ေတြ႕ရတာ ဝမ္းသာပါတယ္
လီဘာဒါပါ TK groupကပါ''
''ဟုတ္ကဲ့ က်ေနာ္တို႔ CEOက ကိုယ္ေရးကိုယ္တာတစ္ခုေၾကာင့္မလာနိုင္ျဖစ္သြားလို႔ပါ ေန႕လည္အေရာက္လာၿပီး ညဘက္ပြဲေတာ့ ရေအာင္တက္မယ္လို႔မွာလိုက္ပါတယ္''
''ဟုတ္ကဲ့ပါ''

.
.
.
.
ညေနေစာင္းေလာက္ တည္းတဲ့Hotelကထြက္လာေတာ့ ေန႕လည္က မိတ္ဆက္တဲ့ B Moomက မန္ေနဂ်ာ ကားအရင္ေမာင္းထြက္သြားတာေတြ႕လိုက္တယ္။

ကားစီးလာရင္းလမ္းေပၚမွာ အိုမားကဖုန္းဆက္တယ္
''ဘာဒါေရ ခရီးသြားေနလို႔ ေမြးေန႕ကိတ္လည္းမပို႔ေပးရဘူးကြယ္
Happy Birthday အေမ့သမီးေလး''
''အြန္း အိုမား ေက်းဇူးပါ
ကိတ္မလိုပါဘူး ကေလးမွမဟုတ္တာ''
''အခုဘယ္မွာလဲ Hotelမွာလား''
''မဟုတ္ဘူး ညပြဲရွိလို႔ အခုသြားေနတာ''
''ဟုတ္လား မအားတာကို အိုမားဖုန္းဆက္မိၿပီ''
''ရပါတယ္ အိုမားရဲ႕ အခုမွေရာက္တာ''ေျပာရင္း ဘာဒါ ကားေပၚက ဆင္းၿပီး ကားတံခါးပိတ္လိုက္တယ္။

အထဲဝင္ဖို႔ ေျခလွမ္းရင္း ေရွ႕ကိုလွမ္းၾကည့္လိုက္ေတာ့
B Moon ကလူရဲ႕ ကားထဲက ထြက္လာတဲ့မိန္းကေလး..

ဘာဒါ အိုမားနဲ႕ေျပာေနရင္းတန္းလန္းဖုန္းကိုကိုင္ထားရင္း ေၾကာင္ေငးေနမိတယ္။
အဲ့ဒီေနာက္ေက်ာ
အဲဒီေနာက္ေက်ာလွလွက သူႏွစ္ေတြအမ်ားႀကီး လိုက္ရွာေနခဲ့ရတဲ့ ေနာက္ေက်ာေလးပဲမလား..

သူ႕ကိုေက်ာေပးထားၿပီး အေဆာက္အဦထဲ ေက်ာ့ေက်ာ့ေလးဝင္သြားတဲ့ အရိပ္ေလးက
အရင္ကထက္ ေကာက္ေၾကာင္းေလးထင္းေနတာကလြဲရင္ သူလူမွားစရာအေၾကာင္းမရွိ။




ဆိုယြန္းမလား..

ဆိုယြန္းပဲမလား..

အျဖဴေရာင္ ပိုးေပ်ာ့ဝတ္စုံ ေက်ာေျဗာင္ေလးနဲ႕ လွခ်င္တိုင္းလွေနတဲ့ ဆိုယြန္းရဲ႕ညွို႔ခ်က္ေတြက သူ႕ကိုဆြဲငင္ေနတယ္။

ရက္ေပါင္းလေပါင္းမ်ားစြာေမွ်ာ္ေနခဲ့ရတဲ့ ဆိုယြန္းကို ျပန္ရွာေတြ႕တဲ့ေန႕ဆိုတာ
ဒီေန႕လား..

အိပ္မက္မ်ားလား

မဟုတ္ဘူး..

ဘာဒါ ေနာက္ကအေျပးလိုက္ခဲ့ေပမယ့္ လူမ်ားေတာ့ အတင္းလည္းတိုးလို႔မရ။

အရိပ္ေလးကို party ခန္းမထဲ အခ်ိန္အေတာ္ၾကာ ေသြး႐ူးေသြးတန္းလိုက္ရွာမိေနၿပီး ေနာက္ဆုံးမွာ အခန္းအျပင္ကို တစ္ေယာက္ထဲထြက္သြားေနတာ ရိပ္ခနဲျမင္လိုက္တာေၾကာင့္ ေနာက္ကလိုက္ၿပီး လက္ကို လွမ္းဆြဲလိုက္တယ္။

ခ်ာခနဲလည္သြားၿပီး
သူ႕ရင္ခြင္ထဲယိုင္က်လာတဲ့ သူမက သူ႕ကိုေမာ့ၾကည့္ေတာ့ ဘာဒါနဲ႕အၾကည့္ခ်င္းဆုံတယ္။

အံ့ၾသထိတ္လန့္ေနသလို
တခ်ိန္ထဲမွာပဲ
တခုခုကို စိုးရိမ္သလို
ေၾကာက္႐ြံ႕ေနသလိုအရိပ္အမ်ိဳးမ်ိဳးျဖတ္ေျပးသြားတဲ့သူမရဲ႕မ်က္ဝန္းမွာ
သတိရစိတ္ေတြရွိမလားလို႔
အငမ္းမရရွာေဖြေနမိတယ္...။

Real Lifeက ဘာဒါပုံေလးေတြထည့္ေပးထားတယ္ေနာ္😚

ေနာက္တပိုင္းေမွ်ာ္
ဒါဒါတို႔ဆူမွာစိုးလို႔ အေျပးလာupေပးတာ😚😅

ႀကိဳက္လား မန့္ခဲ့ၾကပါဦး
ဒါဒါေလးတို႔မန့္ေတြထိုင္ဖတ္ဖို႔ေစာင့္ေနၿပီ😍😍



Continue Reading

You'll Also Like

2.3K 204 28
আসসালামুয়ালায়কুম আরেকটা বাংলা তেইকুক ফফ নিয়ে আমি হাজির । এটা অনেক আগের একটা আইডিয়া আমার। এটা ভালো লাগবে কিনা নিশ্চিত না কিন্তু মন্দ হবেনা। আর যেহুত...
1.6K 76 13
আমাকে ক্ষমা করে দাও jungkook আমি তোমাকে আর কখনো কোনো কষ্ট দেব না taehyung তার চোখে পানি নিয়ে বলে। আমি তোমাকে ক্ষমা করে দেব। যদি তুমি আমার সেই দুই...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
9.2K 633 35
তুমি ছিলে আমার সবটাতে, থাকবেও আমার সবটাতে।🥀