နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨

Von AprilbonsSunmer

152K 1.3K 97

အပြောမတတ်ဘဲ ညီမဖြစ်သူကို သည်းသည်းလှုပ်ချစ်တတ်တဲ့ အစ်ကိုဖြစ်သူ မိုးရိပ်ကို အမြင်ကတ်ပုဒ်မနဲ့ ရွဲ့မဲ့ ကောင်လေးတစ... Mehr

နူးညံ့ခြင်းကင်းသော ခင်ပွန်း 2
3 🚨
4
5🚨
6🚨
7 🚨
8
9🚨
10
11🚨
12🚨

နူးညံ့ခြင်းကင်းသော ခင်ပွန်း

18.9K 171 1
Von AprilbonsSunmer

နူးညံ့ခြင်းကင်းသော ခင်ပွန်း
Part 1

တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းတွင်းဝယ် ရှိုက်သံသဲ့သဲ့ကလေးက လွှမ်းမိုးနေကာ တစ်စုံတစ်ဦးသည် ထိုအသံကို နားဝင်ပီယ ဖြစ်လျှက် နားထောင်နေသည်။ လက်ထဲ၌လည်း ရေခဲအနည်းငယ်ပါသည့် အရက်ခွက်ကို ‌မွှေနှောက်လျှက် ရှိသည်။ ထို့နောက် ဖုန်းကို ယူ၍ တစ်စုံတစ်ဦးထံ ဖုန်းလှမ်းခေါ်လိုက်၏။ချက်ချင်းဆိုသလို စူးခနဲ အသံတစ်ခု ထွက်လာလေသည်။

"ဟိတ်ကောင် ....ငါ့ညီမ အခုဘယ်မှာလဲ။ ခွေးကောင်... မင်းကို တွေ့ရင်အရှင် မထားဘူး...."

မျက်နှာလေးရှုံ့ကာ ဖုန်းကို ကြည့်လိုက်၏။ ဘာမှ ပြန်မပြောဘဲ ရှိုက်သံကလေးတွေ ထွက်နေသည့် တစ်စုံတစ်ဦး အနားကို ဖုန်းလေးတိုးကာ နားထောင်ခိုင်းလိုက်သည်။

"ကိုကို .... အဟင့်....ဟင့်....ဟင့် ကိုကိုရေ"

"ညီမလေး ... ညီမလေး။ "

"ကိုကို...."

"ညီမလေး...."

ငိုကြီးရှိုက်ငင် အော်နေတုန်းမှာပဲ ဖုန်းကို ပိတ်ပစ်လိုက်သည်။ ငိုနေသည့် မျက်နှာတစ်ခုကို ဆွဲယူမော့လိုက်၏။ ဖြူဖြူဖွေးဖွေး မျက်နှာကလေးဖြင့် ငိုထားရလွန်း၍ နီရဲနေသည်။

"တောင်းပန်ပါတယ်။ နှင်းအိမ်ပြန်ချင်တယ်။ ပြန်ပို့ပေးပါနော်"

သူ့ကို အသနားခံ၍ မျက်နှာကလေးမော့ပြီး တောင်းပန်နေပုံက သနားစဖွယ် သို့သော် မင်းအဏ္ဍဝါ ဆိုသည့် ကောင်က သနားတတ်သည့် နှလုံးသား ပါမလာခဲ့ပေ။ အသနားခံနေသည့် မျက်ဝန်းတွေကို သေချာပြန်ကြည့်ကာ မဲ့ပြုံးပြုံးလိုက်၏။

"ကျုပ်က မင်းကို ခိုးပြေးလာတာလေ။  ဘာလို့ ပြန်ပို့ရမှာလဲ နှင်းငွေ့ဖြူ ...."

"နှင်း ရှင့်ကိုမကြိုက်ဘူး။ ကိုကို့ဆီပဲ ပြန်ပို့ပေးပါ။"

"ကျုပ်ကရော မင်းကို ကြိုက်ပါလို့ ပြောနေ လို့လား။"

"ဒါဆိုလည်း နှင်းကို ပြန်ပို့ပေးပါ။ တောင်းပန်ပါတယ်။"

"နိုး....ပြန်ပို့မဲ့ စိတ်ကူး ကျုပ်မှာ မရှိဘူး။အပြောကြီးတဲ့ မင်းအစ်ကို မိုးရိပ်ကို မှတ်သွားအောင် ပညာပေးချင်သေးတယ်။"

သူကပြောရင်း နှင်း၏ မျက်နှာကလေးကို လွတ်လိုက်သည်။ အရက်ခွက်ကို လှုပ်ပြီး တစ်ချက်မော့လိုက်၏။
ဘေးက နှင်းမှာ လက်ဖျားကလေးတွေ အေးစက်လျှက် သူ့မျက်နှာကို မျက်ရည်များစွာဖြင့် မော့ကြည့်နေသည်။

"တီတီ.....တီတီ...တီး....."

အိမ်ရှေ့ကနေ ကားဟွန်းသံ အကျယ်ကြီး ကြားလိုက်ရ၍ မင်းအဏ္ဍဝါ အပြင်ကို လှမ်းကြည့်လိုက်၏။ ထို့နောက်စိတ်ပျက်စွာ မျက်မှောင်ကျုံ့လိုက်ပြီး နှင်းလက်ကိုကိုင်စွဲကာ အခန်းတစ်ခုထဲ ထည့်ထားလိုက်သည်။

"နှင်းကို ဘာလို့ ပိတ်ထားတာလဲ။ တံခါးဖွင့်ပေးပါ။ တံခါးဖွင့်ပေးပါ"

နှင်းက တံခါးထုပြီး အော်လည်း သူဂရုမစိုက်ပေ။ အိမ်ရှေ့ကို ထွက်သွား လိုက်သည်။

"ဘယ်မလဲ...ကလေးမလေး။"

အိမ်ရှေ့၌ မာမီက တန်းဝင်လာပြီး မေးလိုက်ပုံက အတိအကျပင်။

"ဘာလုပ်ဖို့ မာမီက လိုက်လာတာလဲ"

"ဟို ကလေးမ ဘယ်မှာလဲပဲ ပြောပါ။ မင်းပြဿနာသိပ်ရှာပါလား အဏ္ဍဝါ။ သူ့အစ်ကို မာမီတို့အိမ်ထိ လာသောင်းကျန်းနေတယ်။ ဘယ်လိုလုပ်မှာလဲ။ မောင်မိုးရိပ်နဲ့ မာမီမျက်နှာ မပျက်ချင်ဘူး အဏ္ဍဝါ။"

"မပျက်ချင်လဲ ပျက်လိုက်မာမီ...ဒီကောင့်ညီမ ကျွန်တော်ခိုးထားပြီးပြီ"

"လွန်လွန်ကျွန်ကျွန် မဖြစ်ထားရင် ပြန်ပို့လိုက်ပါအဏ္ဍဝါရယ်။ မာမီခေါင်းကျိမ်းလွန်းလို့ပါ။ ဟိုက သူ့ညီမကို ဘယ်လောက်တောင် ပိုးလိုဥထားလဲ သိတယ်မလား။ "

"သိတယ်လေ....သိလို့ တမင်ယူတာ။ အခု ပေါင်းတာပေါင်းနေပြီ။ နားမချနဲ့မာမီ .... သူ့ညီမကို တကယ်ယူမှာ။ အဲ့ဒါမှ ဒီကောင်ဦးကျိုးသွားမှာ။ "

"ခက်တာပဲ ကွယ်"

"မာမီ ပြန်ပါ။ တစ်ပတ်ပြည့်ရင် အဲ့ကောင်မလေးကို ခေါ်ပြီး ‌ကျွန်တော် ပြန်ခဲ့မယ်။ လက်ထပ်ဖို့သာ ပြင်ပေးထားပါ။ ကျွန်တော်တို့ကို လက်ထပ်ပေး။"

"ခက်တော့တာပဲ အဏ္ဍဝါရယ်...."

"ဘာမှ ခက်မနေနဲ့....မာမီပြန်ပါ"

"ပြန်လို့ဖြစ်မလား။ ကလေးမလေးကို ငါတွေ့ချင်သေးတယ်။ "

"နိုး....မရဘူး မာမီ။ ကျွန်တော်သူ့ကို ဘယ်သူနဲ့မှ ပေးမတွေ့နိုင်သေးဘူး။"

"ငါ ....မင်း အမေပါ အဏ္ဍဝါရဲ့။"

"မာမီ့ကိုလည်း ယုံရတာ မဟုတ်ဘူး။ မာမီက ဟိုကောင့်ဘက်က ကျွန်တော် မာမီ့ကိုမယုံဘူး။"

ပြောလိုက်သည်မှာ အဆုံးမို့ ဒေါ်တင်မမမှာ သက်ပြင်းချလိုက်မိသည်။ တစ်ဖက် မိုးရိပ်ဆိုသူက တခြားလူမဟုတ်ပေ။ သူမ ရှေ့တွင်အရွယ်ရောက်ကြီးပြင်းခဲ့သည့် လူငယ်တစ်ယောက် ဖြစ်သည်။ မိဘများရှိစဉ်ထဲက လိမ္မာရေးခြားရှိပြီး သိပ်တော်သည့်ကလေးဖြစ်သည်။

အသက်ကွာသည့် ရောဂါသည်ညီမလေးကိုပဲ အရိပ်တကြည့်ကြည့်နေသူ။ မိဘများဆုံးသွား၍ တစ်ဦးတည်းသောညီမလေးကို ဖူးဖူးမှုတ်၍ အချစ်ကြီးရှာလေသည်။

"ကျွန်တော့်ဘဝမှာ ကျွန်တော့်ညီမလေးက နံပါတ်တစ်ပဲ။ ညီမလေးကို မျက်စိအောက်က အပျောက်မခံနိုင်ဘူး။"

ရင်းနှီးပြီးသားမို့ ခရီးတွေသွားသည့်အခါ မိုးရိပ်ခရီးထွက်သည့်အခါ နှင်းငွေ့ဖြူလေးကို အိမ်ပို့ထားဖို့ ပြောစဉ်က ထိုသို့ပြောခဲ့ခြင်းပင်။ ညီမဖြစ်သူကို ဘယ်မှာမှမထားခဲ့ဘဲ သွားလေရာကို ခေါ်သွားတတ်လေသည်။ ခရီးသွားလျှင် ဘယ်လောက်ဝေးဝေး ဘယ်မှာမှ မထားခဲ့ပေ။ ဘေးချင်းကပ်အိမ် ဖြစ်သည့် ဒေါ်တင်မမ၏ အိမ်ကိုပင် မထားခဲ့ပေ။

"အကူညီပေးတာ ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်။ ဒါပေမဲ့  ညီမလေးကို လူပျိုရွယ် သူစိမ်းယောက်ျားလေး ရှိတဲ့အိမ်မှာ မထားခဲ့ချင်ဘူး။ မသင့်တော်ပါဘူး။ "

အကူညီပေးသူက ပေးပေမဲ့ မိုးရိပ်ဆိုသည့်လူက အကြောင်းပြချက်ကောင်းကောင်းဖြင့် ငြင်းတတ်လေသည်။ သူ့ညီမကို ပိုးမွေးသလိုမွေးသည်။ တယုတယကြည့်၏။ အိမ်ချင်းကပ်လျှက် နေကြသော်လည်း နှင်းငွေ့ဖြူဆိုသည့် မိန်းကလေးအား မြင်ရခဲလေသည်။ မတော်တဆ တွေ့မြင်ရသည်ဟူ၍ ယောင်လို့ပင် မတွေ့ရပေ။ ထိုမျှထိ အသိမ်းကောင်းသည့် မိုးရိပ်ဖြစ်လေသည်။
..... ........... .........

မာမီပြန်သွားလျှင် သူအခန်းထဲ ဝင်လာခဲ့သည်။ ဖြူဖြူဖွေးဖွေး နှင်းငွေ့ဖြူမှာ ငုတ်တုတ်ကလေး ထိုင်လို့သူဝင်လာသည်ကို မော့ကြည့်လေသည်။

"နှင်း ပြန်ချင်တယ်။ ပြန်ပို့ပေးပါ။"

"ဟ...မပို့ပေးဘူးလို့ပြောထားတယ်လေ။ ဘာလို့  ခဏ ခဏ ပြန်ပို့ခိုင်းနေတာလဲ။ မင်းကိုခိုးပြေးထားတာ ဆော့ကစားနေတာ မဟုတ်ဘူး။ သဘောပေါက်လား။"

"နှင်း ရှင့်ကို မယူချင်ဘူး။ကိုကို့ဆီပဲ ပြန်ချင်တယ်။ "

"ဟွန့်.....မောင်နှမ နှစ်ယောက်လုံး တစ်လေသံထဲပဲ။"

သူ လှောင်ရယ်လေးရယ်ကာ နှင်းအနားကို တိုးလာသည်။မျက်နှာကို ဆွဲယူမော့လိုက်၏။ နှင်းက မျက်နှာတစ်ဖက်သို့။ လွှဲဖို့ပြင်လျှင် သူကမေးဖျားလေး ပြန်ဆွဲယူကာ လှည့်မရအောင် ကိုင်ထားသည်။

"မင်းအစ်ကိုက သိပ်အပြောကြီးတာ။ သူ့ညီမကို ဘယ်သူနဲ့မှ တူတယ်တန်တယ်မထင်ဘူး။ ကျုပ်လိုကောင်နဲ့ ယူမှာကိုတောင် နစ်နာတယ်ထင်နေတယ်။"

"ကိုကိုက နှင်းကို စိတ်ပူလို့ပါ။ နှင်းလည်း ကိုကိုကလွဲပြီး ဘယ်သူနဲ့မှ မနေချင်ဘူး။ နှင်းကို ပြန်ပို့ပေး
ပါနော်။ "

"အဟက်.....သနားစရပဲ။ ပြန်မပို့ပေးပါဘူးဆိုကွာ....."

သူ့စကားကြောင့် နှင်းမှာ မျက်နှာကလေးညိုးနေ၏။ ခိုးပြေးလာထဲက သူ့မျက်နှာကိုပဲ အရိပ်တကြည့်ကြည့် နေနေရကာ ကြောက်လည်း ကြောက်နေရသည်။

မောင်နှမ နှစ်ယောက်ထဲ ကြီးပြင်းခဲ့ရသည့် နှင်းအတွက် သူစိမ်းလူများနှင့် အခေါ်အပြော လုပ်ဖူးသည်က ရှား၏။ အိမ်နီးချင်း ဘယ်သူတွေရှိသည်ကိုပင် ကောင်းကောင်းမသိပေ။ အခုလည်း မင်းအဏ္ဍဝါ ဆိုသည့်လူကို ရံဖန်ရံခါ တွေ့ဖူးသော်လည်း ရင်းနှီးချင်းမရှိပေ။ အစ်ကိုဖြစ်သူ မိုးရိပ်ဆီကနေသာ တစ်စွန်းတစ ကြားဖူးတာရှိ၏။

"ညီမလေး အပြင်မထွက်ရဘူးနော်။ လမ်းထဲက ကောင်တွေက ငါ့ညီမကို မျက်စိကျသွားလို့မရဘူး။ ဒီကောင်တွေက ကောင်းတဲ့ကောင်တွေမဟုတ်ဘူး။ မိဘပိုက်ဆံ သုံးဖြုန်းပြီး ပေါ့ပေါ့လေးနေနေကြတာ။ အဲ့ထဲမှာ ဟိုဘက်အိမ်က မင်းအဏ္ဍဝါဆိုတဲ့ကောင်က ပိုဆိုးတယ်။ အရက်လေးတမြမြ၊ ဆေးလိပ်တဖွာဖွာနဲ့။ အလုပ်ကလည်း မယ်မယ်ရရ ရှိတာမဟုတ်ဘူး။ ထစ်ခနဲရှိ ရန်ဖြစ်လိုက်နဲ့။ ကိုကို့ညီမလေးကို ဒီလိုကောင်မျိုးတွေ မျက်စိကျသွားမှာ မ လိုချင်ဘူး။ ကြားလား ညီမလေး။ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဘူးနော်။"

"ဟုတ်ကဲ့ ကိုကို။"

အစ်ကိုဖြစ်သူ၏ စကားကို မြေဝယ်မကျ နားထောင်ခဲ့သည့် နှင်းဟာ ကိုကို့စကားအတိုင်း အိမ်ထဲက အိမ်ပြင်တောင်မထွက်ခဲ့ပေ။ ဆယ်တန်းဖြေပြီးထဲက အိမ်ထဲမှာသာ နေသည်။ တက္ကသိုလ်တက်တော့လည်း နှင်း၏ကျန်းမာရေးကြောင့် ကိုကိုက အဝေးသင်သာ ယူစေသည်။ မြန်မာစာနှင့် အဝေးသင်တက်ပြီး ကျောင်းပြီးသည်ထိ ကိုကိုက အကြိုအပို့လုပ်သည်။ စာသင်ချိန်တွေကိုလည်း စောင့်ထိုင်ပြီး နှင်းကိုတစ်ခါထဲ ပြန်ကြိုသွား၏။

တက္ကသိုလ်၌ နှင်းမှာ အပေါင်းအသင်းဟူ၍ ဝတ်ရည်ဆိုသည့် သူငယ်ချင်းမလေးတစ်ယောက်သာ ရှိခဲ့လေသည်။ ဝတ်ရည်က နှင်းထပ်အင်မတန် ချောလှသည်။ ရည်းစားလည်း များသည်။ သို့သော် နှင်းကိုတော့ ရည်းစားထားဖို့ အားမပေးပေ။

"နှင်း....ယူ ရည်းစားမထားနဲ့ သိလား။ အဲ့အကောင်တွေက အလကား။ "

"ဒါဖြင့် ဝတ်ရည်ကရော ဘာပြုလို့ထားသလဲ။"

ထိုအခါ ဝတ်ရည်က သွားတက်ကလေးများ ပေါ်သည်ထိ ရယ်သည်။ လှပသည့် ဆံနွယ်လေးများပင် ခါထုတ်လိုက်သေး၏။

"ငါက အိမ်က ချုပ်ချယ်လွန်းလို့ တမင်အရွဲ့တိုက်ပြီးထားတာ။ အဝေးသင်တက်ပြီး တစ်ပတ်မှာ ငါးရက်လောက် ရည်းစားနဲ့လျှောက်လည်ဖို့လေ။ မိန်းကလေးဘော်ဒါက ပွမ်တယ်။ အယ်....နှင်းကတော့ ချို့ယွင်းချက်ပေါ့။ ငါက မကောင်းတဲ့အကောင်တွေကို ရှောင်တတ်တိမ်းတတ်တယ် အနှင်းမရဲ့။ နင့်ကိုသာ စိတ်ပူတာ အဲ့ဒါကြောင့် မထားနဲ့သိလား။"

အစ်ကိုဖြစ်သူ မိုးရိပ်နှင့် တစ်လေသံထဲ ဝတ်ရည်ကြောင့် ထိုအချိန်က နှင်းပြုံးခဲ့ဖူးသည်။ သူငယ်ချင်းဟူ၍ ဝတ်ရည်တစ်ယောက်သာ ရှိခဲ့သည်မို့ နှင်းမှာ ရင်ဖွင့်ဖော်ဟူ၍ သူတစ်‌ယောက်သာရှိလေသည်။ ကျောင်းပြီးသွားသည်ထိ အဆက်အသွယ်‌လည်း မပျက်ခဲ့ပေ။ အစ်ကိုဖြစ်သူက ဝတ်ရည်နှင့် အပေါင်းအသင်းလုပ်တာ မကြိုက်ပေမဲ့ နှင်းမှာ သူငယ်ချင်းဟူ၍ ဝတ်ရည်တစ်ယောက်ပဲ ရှိသည်မို့ နောက်ဆုံး မတားခဲ့ပေ။

အပေါင်းသင်းမရှိ၊ မိတ်ဆွေမရှိသည့် နှင်းဟာ အစ်ကိုဖြစ်သူပြောသမျှ နားထောင်ရသလို ဝတ်ရည်ဆိုသည့် သူငယ်ချင်းတစ်ယောက်သာ ရင်ဖွင့်ဖော်ရှိလေသည်။ အခုတော့ သူစိမ်းတစ်ယောက် ခေါ်လာရာ ပါလာသည့် နှင်းမှာ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိပေ။

နှင်းကို ခေါ်လာသည့်လူက ဝေးဝေးလံလံက မဟုတ်ပေ။ အိမ်ချင်းကပ်က မင်းအဏ္ဍဝါဖြစ်သည်။ နာမည်ဆိုးနှင့် ကျော်ကြား၍ လူ့ချဉ်ဖတ်ဖြစ်၏။ ထိုလူကို နှင်း ကြေက်လည်းကြောက်သလို လန့်လည်းလန့်လှပြီ။ အခန်းထဲမှာ နှစ်ယောက်ထဲ ရှိနေချိန်၌ နှင်းမှာ မျက်နှာကလေးငုံ့ကာ ငိုသာငိုမိလေသည်။ အိမ်ကိုသာ ပြန်ချင်မိ၏။

"နှင်းတောင်းပန်ပါတယ်။ နှင်းကို ပြန်ပို့ပေးပါရှင်..."

ခပ်တိုးတိုး တောင်းဆိုသံကလေးကို သူ လျစ်လျူရှုလိုက်၏။ ထို့နောက် ခပ်ဟဟရယ်သံလေးများဖြင့် သူမ၏ စကားသံလေးများကို ကျီစယ်လိုက်လေသည်။

"အပြောကြီးတဲ့ မင်းအစ်ကိုကို ပညာပေးချင်သေးတယ်။ တစ်ပတ်ပြည့်မှ ပြန်အပ်ပေးမယ်။"

"အဲ့လို မလုပ်ပါနဲ့။ နှင်းတောင်းပန်ပါတယ်နော်။ ပြန်ပို့ပေးပါနော် ကိုအဏ္ဍဝါ...."

"မပို့ပေးပါဘူး။ တိတ်လိုက်တော့...ထပ်ပြောရင် မင်္ဂလာမဆောင်ရသေးဘဲ မင်းနဲ့ကျုပ် ညားသွားမယ်။ ကြားလား။"

ဒီတော့မှ သူမ အသံလေးတွေတိတ်သွားလေသည်။ သူမဲ့ပြုံး ပြုံးလိုက်၏။ မင်းအဏ္ဍဝါဆိုသည့် သူ့ကို လျော့တွက်ခဲ့သည့် မိုးရိပ်ကို နောင်တရစေချင်
သည်။ အလကား အခြောက်တိုက် ဘဝင်မြင့်နေသည့် မိုးရိပ်။ သူ့ညီမကို စိန်စားပြီးကြီးလာသလို တွန့်တိုတတ်ယုံမက သူ့ညီမကိုပါ ဘယ်အကောင်နဲ့မှ မတူဘူးမတန်ဘူး ကြွေးကြော်တတ်သည့်လူ။ ဒီတစ်ခါတော့ ခံပေတော့။

မင်းအဏ္ဍဝါဆိုတာက ကိုယ့်ကိုမထိသရွေ့ အေးဆေးနေတတ်သည်။ လာထိလျှင်တော့ သူသေကိုယ်သေ ဆော်လိုက်ရမှ ကျေနပ်လေသည်။ အခုလည်း မိုးရိပ်၏ ညီမကို ခိုးပြေးလာသည်မှာ မိုးရိပ်ကြောင့်ပဲ ဖြစ်၏။ အေးဆေးနေသည့်သူ့ကို ဘလိုင်းကြီး လာစော်ကားခြင်းကြောင့် နဂါးမှန်းသိအောင် အမောက်ထောင်ပြ လိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်လခန့်က သူနှင့် သူ့အပေါင်းသင်းတွေ ဘားတစ်ခုမှာ သောက်နေတုန်း တစ်ဖက်ဝိုင်းမှာ မိုးရိပ်နှင့် လူတစ်ချို့လည်း ရှိနေသည်။ ဘီယာသောက်ပြီး အပေါ့သွားချင်လာသည့် စိတ်ကြောင့် ဝိုင်းကနေ သူထသွားသည့်အခါ မိုးရိပ်နှင့် ပြိုင်တူထမိသလိုဖြစ်ပြီး လူချင်းတိုက်မိသလို ဖြစ်သွားလေသည်။

"ဆောရီး...အစ်ကို"

သူ့ဘက်က အရိုးရှင်းဆုံး တောင်းပန်လိုက်ပေမဲ့ မိုးရိပ်က သူ့ကို မျက်နှာပျက်ကာ ကြည့်လိုက်ပြီး...

"ဒီအကွက်‌တွေရိုးနေပြီ မင်းအဏ္ဍဝါ။ ကျုပ်နဲ့တိုက်မိသလို ဟန်ဆောင်ပြီး ရင်းနှီးဖို့ကြိုးစားကြတဲ့ အကောင်တွေ အများကြီးပဲ။ မင်းလည်း ဒီလမ်းစဉ်ကို လိုက်လာတာပဲ။ ဒီနည်းလမ်းနဲ့ ကျုပ်ကို ခင်အောင်လုပ်ပြီး...ဘာလဲ...ကျုပ်ညီမ‌ကို ကျိုးစားမလို့လား။"

"ဘာ..."

"မရဘူးနော်....မင်းလို အလေလိုက်နေတဲ့ ကောင်မျိုးကို ကျုပ်က ယောင်လို့တောင် မစဉ်းစားဘူးကျုပ်ညီမအတွက်"

"ခင်ဗျား ဘာစကားပြောတာလဲ။ ခင်ဗျားမှာ ညီမရှိတာကိုလည်း စိတ်မဝင်စားဘူး။ ခင်ဗျားညီမက ဘာမို့လို့လဲ။ "

"ဘာကွ...."

"ဆယ်ကုဋေလောက် ချမ်းသာနေလည်း ကျုပ်လိုကောင်မျိုးက စိတ်မဝင်စားဘူး။"

"အေး...ကောင်းတယ်။ စိတ်မဝင်စားနဲ့။ ကျုပ်ညီမကလည်း မင်းလိုကောင်မျိုး စိတ်ဝင်စားစရာမဟုတ်ဘူး။ "

"တောက်..."

သူ့ကို ဘလိုင်းကြီး ခွပ်သွားသည့် မိုးရိပ်ဆ်ုသည့်လူကို သူအတော်လေး ‌တင်းသွား၏။ အစက စိတ်မဝင်စားသည့် မိုးရိပ်ညီမဆိုသည့် မိန်းကလေးကို စပြီးစိတ်ဝင်စားလိုက်၏။ အိမ်ချင်းကပ်နေ၍ ထွေထွေထူးထူးစုံစမ်း စရာမလိုပေ။ မာမီ့ကို အနည်းကျဉ်းမေးလိုက်ယုံဖြင့် အကုန်သိသည်။ အရင်ကတည်းက သူတို့မိသားစုနဲ့ စိမ်းမနေသည်မို့ ထွေထူး၍ လိုက်စုံစမ်းနေစရာကို မလိုအပ်ခဲ့ပေ။ ထိုမျှထိ လွယ်ကူခဲ့လေသည်။ ဒါကြောင့်လည်း နှင်းငွေ့မြူဆိုသည့် မိန်းကလေးကို သူအလွယ်တကူ ခိုးလို့ရခဲ့ရ၏။

သူ့ကိုစော်ကားခဲ့သည့် မိုးရိပ်ကို လှလှပပ လက်တုံ့ပြန်ဖို့ သိပ်ကို။လွယ်ကူလွန်းခဲ့လေသည်။

Bon Bon summer
Thu, Nov 16

🚨Bon Bon ရဲ့ပထမဆုံး fic လေးကို ဖတ်ပေးကြပါအုံးရှင့်။ marriage life ကို ရေးမှာမို့ alittle လေး ၊🌚 မိုးချုပ်မယ်ရှင့်။🤭

Weiterlesen

Das wird dir gefallen

3M 195K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
647K 67.6K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
615K 32.8K 50
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.7M 150K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...