Unicode
အပိုင်း - ၁၄
*ဒေါက်….ဒေါက်
တံခါးခေါက်သံကြားမှ ချောတစ်ယောက် အတိတ်ကအတွေးတွေထဲ မျောနေမိတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိလာသည်။
“သုတ…..”
“ချော မင်း ဘာတွေ ဖြစ်နေတာလဲ……”
“…ဘာဖြစ်ရမှာလဲ သုတ…. ရှင်လုပ်ထားတဲ့ကိစ္စ ရှင်သိမှာပေါ့….”
“ရှင်းရှင်းပြောကွာ…ရှုတင်မှာပင်ပန်းလာရတဲ့အထဲ ငါ့ကိုလာကျပ်မနေနဲ့…..”
သုတက စိတ်ရှုပ်စွာပြောရင်း ဆိုဖာမှာ ဝင်ထိုင်သည်။
“..ရှင်..ရန်ပုံငွေရှိုးပွဲမှာ ကျွန်မကိုဆိုခွင့်ရအောင် ကူညီပေးမယ်ဆိုပြီး ဘာတစ်ခုမှ လုပ်မပေးခဲ့ဘူး….”
“..ငါလည်း ငါတတ်နိုင်သလောက်လုပ်ပေးခဲ့တာပဲ။မင်းကိုက စံ့ကိုမကျော်နိုင်တာတော့ ငါလည်းမတတ်နိုင်ဘူး….”
“..ရှင် ဘာစကားပြောတာလဲသုတ…”
သုတစကားက ချောကို ဆတ်ဆတ်ခါနာသွားစေသည်။
“…ကြားတဲ့အတိုင်းပဲ….”
“..ချောက ရှင့်ချစ်သူနော်….”
“အေး…အဲ့ဒါကြောင့်လည်း ငါဒုက္ခရောက်နေတာပေါ့….”
“ဘာ….”
“ကျွတ်…မင်းပြောစရာမရှိရင် ငါပြန်တော့မယ်….”
သူမဒေါသဖြစ်လွန်းလို့ သုတကို ဘာစကားမှ မချေပနိုင်ဘဲ ကြောင်အပြီး ကျန်နေခဲ့သည်။
💮💮💮💮💮💮💮💮💮💮💮💮
ရန်ကုန်ကို ပြန်ရောက်ခဲ့ကတည်းက စံအပြင်မထွက်ဖြစ်တာ တစ်ပတ်ရှိပြီ။ထွက်စရာအကြောင်းလည်း မရှိ။စံအလုပ်မရှိတော့ ကိုကြီးမျက်နှာကိုမပြောနှင့် အရိပ်တောင်မမြင်ရ။ကိုကြီးကရှောင်လေ စံကတွေ့ချင်လေဖြစ်သည်။သူ့ကိုတွေ့နိုင်ဖို့ စံ ဉာဏ်နီ ဉာဏ်နက်တွေ သုံးမှရတော့မည်။
“ထူးထူး ကိုလူချောကို ဒယ်ဒီကစကားပြောစရာရှိလို့တဲ့…အဲ့ဒါသွားပြောပေးပါ့လား…”
“ဟုတ်ကဲ့ စံလေး…ထူးထူး သွားပြောလိုက်မယ်…..”
အိမ်ကအလုပ်သမားတစ်ယောက်ကို မှာပြီးသည်နှင့် စံ အိမ့်အနောက်ဘက် ကွယ်ရာအရပ်ကို ပြေးထွက်ခဲ့သည်။ကိုကြီးအိမ်လေးနားတွင် သစ်ပင်ကြီးရှိ၍ ထိုသစ်ပင်အကွယ်မှာ စံပုန်းနေ၏။ထူးထူး ကိုကြီးအိမ်လေးဆီရောက်လာပြီး သိပ်မကြာခင် ကိုကြီး စံတို့အိမ်ဘက်ဆီ ထွက်သွားတာမြင်လိုက်သည်။
“အန်တီ……”
“ဪ..မောင်လူချောပါလား…ထိုင်ဦးကွယ်…”
သူ အိမ်ကြီးပေါ်ရောက်သည့်အခါ အန်တီဒေါ်မာလာဦးကိုသာ တွေ့ရသည်။
“..ထမင်းချိုင့်ပို့ခိုင်းတာရော ရောက်ရဲ့လား မောင်လူချော……”
“ဟုတ်ကဲ့ ရောက်ပါတယ်ခင်ဗျ…..”
သူက အိမ်ကြီးပေါ်မှာ ထမင်းလာမစားပေ။တောသားပီပီ ကိုယ့်ဟာကိုယ်လည်း ချက်စားနိုင်၍ အန်တီတို့ကို အလုပ်မရှုပ်စေချင်တာလည်းပါသည်။သို့သော် သူလာမစားတော့ အန်တီတို့က ထမင်း၊ဟင်းကို ညမနက်စာ ချိုင့်ကြီးနှင့် နေ့စဉ်ပို့ပေး၏။
“…စံစံနဲ့တွေ့ချင်လို့လား မောင်လူချော…..”
“ဗျာ….ဟို….”
“..အန်တီ သွားခေါ်ပေးမယ်လေ…..”
“…ဟို…အန်ကယ်က ကျွန်တော့်ကို စကားပြောစရာရှိတယ်ဆိုလို့ ကျွန်တော်လာတာဗျ…..”
“….အယ်…ဟုတ်လား ….မင်းအန်ကယ်က အန်တီ့ကိုဘာမှလည်း မှာမသွားဘူးကွဲ့….သူကဖြင့် အစောကြီးကတည်းက ဟိုတယ်ကိုသွားပြီ…..”
“ဪ…..”
သူ့စိတ်ထဲ နည်းနည်းတော့ သံသယရှိလာ၏။ဒါပေမဲ့ အထွေအထူးကိစ္စမဟုတ်၍ မေးမြန်းမနေဘဲ နှုတ်ဆက်ပြီး ထပြန်ခဲ့သည်။
💮💮💮💮💮💮💮💮💮💮💮💮💮
“တန်..တန်…တန်…စပရိုက်…”
လူချောအိမ်လေးထဲကို ဝင်လိုက်သည်နှင့် သူ့မျက်နှာရှေ့ ဘွားခနဲပေါ်လာသည့် ကောင်မလေးကို မြင်ရသည်။
“မင်း…မင်း…ဘယ်လိုလုပ် ငါ့အိမ်ထဲရောက်နေတာလဲ….”
“သတ်ချင်သတ်…မပြောပြဘူး….”
သူမက လက်လေးနောက်ပစ်၍ ပြောင်စပ်စပ်နှင့် ပြောလေသည်။
လူချောသံသယတွေက ပိုခိုင်မာသွားပြီး ဒေါသလည်း ထွက်လာ၏။
“မင်းဘာတွေလျှောက်လုပ်နေတာလဲ ပင်တိုင်စံ….”
“ဘာလုပ်လို့လဲ..ကိုကြီးကိုတွေ့ချင်လို့ပဲဟာ…..”
“…ကျစ်…မင်းမဆိုင်တာတွေလျှောက်လုပ်နေတာပဲ…….”
“…ကိုယ့်ရဲ့ကိုယ်ရံတော်ကို တွေ့ချင်ရင် အချိန်မရွေး တွေ့လို့ရတာပဲ..ဘာဆန်းလို့လဲ…..”
“..ဖုန်းဆက်လေ…ဒီလိုကလိန်ကကျစ်ဉာဏ်မသုံးနဲ့…..”
“..အို့…ဘယ်မှာကလိန်ကကျစ်သုံးလို့လဲ….အဲ့ဒါချစ်စရာအတွေးလို့ခေါ်တယ်သိရဲ့လား…..”
သူ စိတ်တိုတိုနှင့်ပြောလည်း ဒီကောင်မလေးက မနာတတ်။
“…ပြန်တော့….”
“..မေးတာဖြေ အဲ့ဒါဆိုပြန်မယ်….”
“ကဲ…ပြောပြော….”
“…မန္တလေးမှာတုန်းက စံ..ကိုကြီးကိုနမ်းလိုက်တာ ဘယ်လိုခံစားရလဲ…..”
“မင်း….”
နမ်းဆိုတဲ့ စကားလုံးကြားတာနှင့် လူချောမျက်နှာကြီး နီရဲသွား၏။
“ဖြေလေ…..”
“…ဘယ်လိုမှမခံစားရဘူး…..”
“လိမ်တာ…ကားမမောင်းနိုင်လို့တောင် ကားကိုဟိုတယ်မှာ ထားခဲ့တာမှတ်လား…..”
“ငါ နည်းနည်းမူးနေလို့….”
“လိမ်ချင်ရင်လည်း ပိပိရိရိလိမ်ပါ…ရင်တွေခုန်လွန်းလို့မဟုတ်လား…..”
သူ့မှာဖြေစရာမရှိလေ ကောင်မလေးက အမှန်တွေပြောလေဖြစ်သည်။
“..မင်းဟာမင်းပြန်မလား..ငါဆွဲထုတ်ရမလား….”
“ပြန်မယ်…ပြန်မယ်…ဇွတ်ကိုနှင်နေတာပဲ….ဟွန့်…ရှင့်လိုလူမျိုးကို စံ ဘာလို့များ ကြိုက်မိပါလိမ့်….”
“ဟာ….”
စံ့စကားတွေ အပြောလွန်သွားမှန်း အရှိန်လွန်မှသိပြီး ရှက်ရှက်နှင့်ပြေးထွက်ခဲ့သည်။
လူချောမှာတော့ ဒုတိယအကြိမ်မြောက် လမ်းမလျှောက်နိုင်တော့ဘဲ နေရာမှာတင် ရပ်နေမိပြန်သည်။ဒီတခါ ညီထူးကို လှမ်းခေါ်လို့လည်းမရပေ။
💮💮💮💮💮💮💮💮💮💮💮💮
အခန်းထဲ ပြန်ရောက်သည်နှင့် စံခုတင်ပေါ် ဘုန်းခနဲပစ်လှဲချပြီး စောင်တွေဖြင့်ခန္ဓာကိုယ်ကို ရစ်ပတ်၏။ခုတင်ပေါ်မှာ တစ်ပတ်ပြီးတစ်ပတ်လှိမ့်ရင်း အရှက်ကြီးရှက်နေသည်။ကိုကြီး၏ရှက်အမ်းအမ်းနှင့် အံ့ဩနေသည့်မျက်နှာကြီးကို ပြန်မြင်ယောင်လာပြီး ရယ်မိပြန်သည်။
'သိပ်ရိုးလွန်းပြီး ချစ်ဖို့ကောင်းတဲ့ လူကြီး....ရှင်ကြီးဆီက ဝန်ခံစကားရအောင် စံဘယ်လိုများ လုပ်ရပါ့မလဲနော်.....'
To be continued
💙💙💙💙💙💙💙💙💙💙💙💙
Zawgyi
အပိုင္း - ၁၄
*ေဒါက္….ေဒါက္
တံခါးေခါက္သံၾကားမွ ေခ်ာတစ္ေယာက္ အတိတ္ကအေတြးေတြထဲ ေမ်ာေနမိတာ ကိုယ့္ကိုယ္ကိုယ္ သတိထားမိလာသည္။
“သုတ…..”
“ေခ်ာ မင္း ဘာေတြ ျဖစ္ေနတာလဲ……”
“…ဘာျဖစ္ရမွာလဲ သုတ…. ရွင္လုပ္ထားတဲ့ကိစၥ ရွင္သိမွာေပါ့….”
“ရွင္းရွင္းေျပာကြာ…ရႈတင္မွာပင္ပန္းလာရတဲ့အထဲ ငါ့ကိုလာက်ပ္မေနနဲ႔…..”
သုတက စိတ္ရႈပ္စြာေျပာရင္း ဆိုဖာမွာ ဝင္ထိုင္သည္။
“..ရွင္..ရန္ပုံေငြရႈိးပြဲမွာ ကြၽန္မကိုဆိုခြင့္ရေအာင္ ကူညီေပးမယ္ဆိုၿပီး ဘာတစ္ခုမွ လုပ္မေပးခဲ့ဘူး….”
“..ငါလည္း ငါတတ္ႏိုင္သေလာက္လုပ္ေပးခဲ့တာပဲ။မင္းကိုက စံ့ကိုမေက်ာ္ႏိုင္တာေတာ့ ငါလည္းမတတ္ႏိုင္ဘူး….”
“..ရွင္ ဘာစကားေျပာတာလဲသုတ…”
သုတစကားက ေခ်ာကို ဆတ္ဆတ္ခါနာသြားေစသည္။
“…ၾကားတဲ့အတိုင္းပဲ….”
“..ေခ်ာက ရွင့္ခ်စ္သူေနာ္….”
“ေအး…အဲ့ဒါေၾကာင့္လည္း ငါဒုကၡေရာက္ေနတာေပါ့….”
“ဘာ….”
“ကြၽတ္…မင္းေျပာစရာမရွိရင္ ငါျပန္ေတာ့မယ္….”
သူမေဒါသျဖစ္လြန္းလို႔ သုတကို ဘာစကားမွ မေခ်ပႏိုင္ဘဲ ေၾကာင္အၿပီး က်န္ေနခဲ့သည္။
💮💮💮💮💮💮💮💮💮💮💮💮
ရန္ကုန္ကို ျပန္ေရာက္ခဲ့ကတည္းက စံအျပင္မထြက္ျဖစ္တာ တစ္ပတ္ရွိၿပီ။ထြက္စရာအေၾကာင္းလည္း မရွိ။စံအလုပ္မရွိေတာ့ ကိုႀကီးမ်က္ႏွာကိုမေျပာႏွင့္ အရိပ္ေတာင္မျမင္ရ။ကိုႀကီးကေရွာင္ေလ စံကေတြ႕ခ်င္ေလျဖစ္သည္။သူ႔ကိုေတြ႕ႏိုင္ဖို႔ စံ ဉာဏ္နီ ဉာဏ္နက္ေတြ သုံးမွရေတာ့မည္။
“ထူးထူး ကိုလူေခ်ာကို ဒယ္ဒီကစကားေျပာစရာရွိလို႔တဲ့…အဲ့ဒါသြားေျပာေပးပါ့လား…”
“ဟုတ္ကဲ့ စံေလး…ထူးထူး သြားေျပာလိုက္မယ္…..”
အိမ္ကအလုပ္သမားတစ္ေယာက္ကို မွာၿပီးသည္ႏွင့္ စံ အိမ့္အေနာက္ဘက္ ကြယ္ရာအရပ္ကို ေျပးထြက္ခဲ့သည္။ကိုႀကီးအိမ္ေလးနားတြင္ သစ္ပင္ႀကီးရွိ၍ ထိုသစ္ပင္အကြယ္မွာ စံပုန္းေန၏။ထူးထူး ကိုႀကီးအိမ္ေလးဆီေရာက္လာၿပီး သိပ္မၾကာခင္ ကိုႀကီး စံတို႔အိမ္ဘက္ဆီ ထြက္သြားတာျမင္လိုက္သည္။
“အန္တီ……”
“ဪ..ေမာင္လူေခ်ာပါလား…ထိုင္ဦးကြယ္…”
သူ အိမ္ႀကီးေပၚေရာက္သည့္အခါ အန္တီေဒၚမာလာဦးကိုသာ ေတြ႕ရသည္။
“..ထမင္းခ်ိဳင့္ပို႔ခိုင္းတာေရာ ေရာက္ရဲ႕လား ေမာင္လူေခ်ာ……”
“ဟုတ္ကဲ့ ေရာက္ပါတယ္ခင္ဗ်…..”
သူက အိမ္ႀကီးေပၚမွာ ထမင္းလာမစားေပ။ေတာသားပီပီ ကိုယ့္ဟာကိုယ္လည္း ခ်က္စားႏိုင္၍ အန္တီတို႔ကို အလုပ္မရႈပ္ေစခ်င္တာလည္းပါသည္။သို႔ေသာ္ သူလာမစားေတာ့ အန္တီတို႔က ထမင္း၊ဟင္းကို ညမနက္စာ ခ်ိဳင့္ႀကီးႏွင့္ ေန႔စဥ္ပို႔ေပး၏။
“…စံစံနဲ႔ေတြ႕ခ်င္လို႔လား ေမာင္လူေခ်ာ…..”
“ဗ်ာ….ဟို….”
“..အန္တီ သြားေခၚေပးမယ္ေလ…..”
“…ဟို…အန္ကယ္က ကြၽန္ေတာ့္ကို စကားေျပာစရာရွိတယ္ဆိုလို႔ ကြၽန္ေတာ္လာတာဗ်…..”
“….အယ္…ဟုတ္လား ….မင္းအန္ကယ္က အန္တီ့ကိုဘာမွလည္း မွာမသြားဘူးကြဲ႕….သူကျဖင့္ အေစာႀကီးကတည္းက ဟိုတယ္ကိုသြားၿပီ…..”
“ဪ…..”
သူ႔စိတ္ထဲ နည္းနည္းေတာ့ သံသယရွိလာ၏။ဒါေပမဲ့ အေထြအထူးကိစၥမဟုတ္၍ ေမးျမန္းမေနဘဲ ႏႈတ္ဆက္ၿပီး ထျပန္ခဲ့သည္။
💮💮💮💮💮💮💮💮💮💮💮💮💮
“တန္..တန္…တန္…စပ႐ိုက္…”
လူေခ်ာအိမ္ေလးထဲကို ဝင္လိုက္သည္ႏွင့္ သူ႔မ်က္ႏွာေရွ႕ ဘြားခနဲေပၚလာသည့္ ေကာင္မေလးကို ျမင္ရသည္။
“မင္း…မင္း…ဘယ္လိုလုပ္ ငါ့အိမ္ထဲေရာက္ေနတာလဲ….”
“သတ္ခ်င္သတ္…မေျပာျပဘူး….”
သူမက လက္ေလးေနာက္ပစ္၍ ေျပာင္စပ္စပ္ႏွင့္ ေျပာေလသည္။
လူေခ်ာသံသယေတြက ပိုခိုင္မာသြားၿပီး ေဒါသလည္း ထြက္လာ၏။
“မင္းဘာေတြေလွ်ာက္လုပ္ေနတာလဲ ပင္တိုင္စံ….”
“ဘာလုပ္လို႔လဲ..ကိုႀကီးကိုေတြ႕ခ်င္လို႔ပဲဟာ…..”
“…က်စ္…မင္းမဆိုင္တာေတြေလွ်ာက္လုပ္ေနတာပဲ…….”
“…ကိုယ့္ရဲ႕ကိုယ္ရံေတာ္ကို ေတြ႕ခ်င္ရင္ အခ်ိန္မေ႐ြး ေတြ႕လို႔ရတာပဲ..ဘာဆန္းလို႔လဲ…..”
“..ဖုန္းဆက္ေလ…ဒီလိုကလိန္ကက်စ္ဉာဏ္မသုံးနဲ႔…..”
“..အို႔…ဘယ္မွာကလိန္ကက်စ္သုံးလို႔လဲ….အဲ့ဒါခ်စ္စရာအေတြးလို႔ေခၚတယ္သိရဲ႕လား…..”
သူ စိတ္တိုတိုႏွင့္ေျပာလည္း ဒီေကာင္မေလးက မနာတတ္။
“…ျပန္ေတာ့….”
“..ေမးတာေျဖ အဲ့ဒါဆိုျပန္မယ္….”
“ကဲ…ေျပာေျပာ….”
“…မႏၲေလးမွာတုန္းက စံ..ကိုႀကီးကိုနမ္းလိုက္တာ ဘယ္လိုခံစားရလဲ…..”
“မင္း….”
နမ္းဆိုတဲ့ စကားလုံးၾကားတာႏွင့္ လူေခ်ာမ်က္ႏွာႀကီး နီရဲသြား၏။
“ေျဖေလ…..”
“…ဘယ္လိုမွမခံစားရဘူး…..”
“လိမ္တာ…ကားမေမာင္းႏိုင္လို႔ေတာင္ ကားကိုဟိုတယ္မွာ ထားခဲ့တာမွတ္လား…..”
“ငါ နည္းနည္းမူးေနလို႔….”
“လိမ္ခ်င္ရင္လည္း ပိပိရိရိလိမ္ပါ…ရင္ေတြခုန္လြန္းလို႔မဟုတ္လား…..”
သူ႔မွာေျဖစရာမရွိေလ ေကာင္မေလးက အမွန္ေတြေျပာေလျဖစ္သည္။
“..မင္းဟာမင္းျပန္မလား..ငါဆြဲထုတ္ရမလား….”
“ျပန္မယ္…ျပန္မယ္…ဇြတ္ကိုႏွင္ေနတာပဲ….ဟြန႔္…ရွင့္လိုလူမ်ိဳးကို စံ ဘာလို႔မ်ား ႀကိဳက္မိပါလိမ့္….”
“ဟာ….”
စံ့စကားေတြ အေျပာလြန္သြားမွန္း အရွိန္လြန္မွသိၿပီး ရွက္ရွက္ႏွင့္ေျပးထြက္ခဲ့သည္။
လူေခ်ာမွာေတာ့ ဒုတိယအႀကိမ္ေျမာက္ လမ္းမေလွ်ာက္ႏိုင္ေတာ့ဘဲ ေနရာမွာတင္ ရပ္ေနမိျပန္သည္။ဒီတခါ ညီထူးကို လွမ္းေခၚလို႔လည္းမရေပ။
💮💮💮💮💮💮💮💮💮💮💮💮
အခန္းထဲ ျပန္ေရာက္သည္ႏွင့္ စံခုတင္ေပၚ ဘုန္းခနဲပစ္လွဲခ်ၿပီး ေစာင္ေတြျဖင့္ခႏၶာကိုယ္ကို ရစ္ပတ္၏။ခုတင္ေပၚမွာ တစ္ပတ္ၿပီးတစ္ပတ္လွိမ့္ရင္း အရွက္ႀကီးရွက္ေနသည္။ကိုႀကီး၏ရွက္အမ္းအမ္းႏွင့္ အံ့ဩေနသည့္မ်က္ႏွာႀကီးကို ျပန္ျမင္ေယာင္လာၿပီး ရယ္မိျပန္သည္။
'သိပ္႐ိုးလြန္းၿပီး ခ်စ္ဖို႔ေကာင္းတဲ့ လူႀကီး....ရွင္ႀကီးဆီက ဝန္ခံစကားရေအာင္ စံဘယ္လိုမ်ား လုပ္ရပါ့မလဲေနာ္.....'
To be continued
💙💙💙💙💙💙💙💙💙💙💙💙