အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

496K 14.3K 553

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

ဇာတ်သိမ်းပိုင်း ( uni & zg )

16.6K 344 21
By EmmaRine9820

အချိန်တွေ ရာသီတွေ နှစ်တွေ ကူးပြောင်း သွားပေမဲ့ မပြောင်းလဲပဲ ဒီချစ်ခြင်းမေတ္တာလေးကတော့ တည်တံ့နေဆဲပင် ။ ခုဆိုလျှင် နှစ်ဖက်မိဘတွေလဲ အဆင်ပြေ ၊ လုပ်ငန်းတွေလဲတိုးချဲ့လို့ သူတို့ဘဝလေးသာယာအေးချမ်းနေပီလေ။
အရင်က ဝန်ထမ်းလေး တစ်ယောက် နှင့်
လူ ၃ယောက် သာတည်ထောင်ခဲ့တဲ့
" KMH Construction company " လေးဟာ ခုဆို ဝန်ထမ်းပေါင်းများစွာ နှင့် စီးပွါးရေး
အသိုင်းအဝိုင်းမှာ နာမည်ရလာတဲ့ company တစ်ခုဖြစ်လာခဲ့ပြီ ။ လုပ်ငန်းခွင်မှာ ထက်မြတ် ပြီး ရင့်ကျက်သလောက် ထိုက်ရင်ခွင်ဆီ ခိုနား
ချိိန်ဆို ကလေးဆန်နေသည့်အကျင့်လေးကတော့ ယခုထိမပျောက်ပေ။

ဒီနှစ်နဲ့ဆို new year ကိုဖြတ်သန်းတာ ၂ကြိမ်
မြှောက်ပင် ပထမတစ်ကြိမ်ကတော့ နှစ်ယောက်ထဲဖြတ်သန်းခဲ့သည်။ ယခုနှစ်ကတော့ ထိုက် သူငယ်ချင်းတွေရော စိုင်းခက်သူငယ်ချင်းတွေပါ လူစုံလျက်ဖြတ် သန်းဖြစ်တော့မည်။ ယခုလဲ
ထိုက်တို့အိမ်တွင် အကင်ကင်ဖို့ စိုင်းခက် နှင့် လေပြေသွေးက ပြင်ဆင်နေကြပြီး Hot pot အတွက်က ဝေယံ ၊ ပိုင်သစ် တို့က ချက်ပြုတ်နေကြတာပင် ။

(ဝေယံ)" စိုင်းခက်ရေ ခန့်မှူး ဆီဖုန်းဆက်လိုက်ပါအုံး အပ်မှိုဝယ်ခဲ့အုန်းလို့ ဒီမှာနဲသွားလို့"

"....."

(စိုင်းခက်) " အကို ကိုအောင်သန့်ကို vodka နှစ်ပုလင်းလောက်ပဲ ဝယ်ခဲ့လို့ ၊ ဒီမှာ ၂ပုလင်းကျန်သေးတာ ခုမှတွေ့လို့ " ။

"အင်း baby ... ပင်ပန်းနေပြီလား "

"ပန်းပါဘူး အကိုရဲ့ ခုလိုလူမဆုံတာကြာလို့ပျော်နေတာ "

" baby ပျော်ရင်ပြီးရော ပြွတ်စ် "

ထိုက်မနေနိုင်မထိုင်နိုင် ပါးပြင်အား အနမ်းပေးမိလိုက်သေးသည် ။ ထိုစဉ် ကျော်ဇောမှအိမ်ထဲဝင် လာကာ

" အကဲပိုနေကြပြန်ပြီကွာ မျက်စိနောက်တယ် နော်"

" မျက်စိနောက်ရင် မကြည့်နဲ့ကွာ ၊ ပြောဘာလာလုပ်တာလဲ "

"အောင်မယ် မင်းကို မီးခြစ်ယူခိုင်းတာလေ ကြာလို့လိုက်လာတာ ဒီမှာအကြည်လာစိုက်နေတာကို၊ လာခဲ့ မီးလှုံဖို့ပြင်ရအုံးမယ် "

ကျော်ဇောလဲ သူ့ရှေ့က သဲသဲကဲကဲ နှစ်ကောင်ကို အမြင်ကပ်လာသဖြင့် ထိုက်အား အပြင်သို့ဆွဲခေါ်သွားတော့သည်။

ဒီလိုနဲ့ သူတို့အဖွဲ့လိုက်ညလေးက လူစုံနေလေပြီ
ခန့်မှူး၊အောင်သန့် နှင့် ကျော်ဇော် တို့က vodka နှင့် အသီး၊ဖျော်ရည်တို့ကိုရောစပ်နေကြသည်။ ထိုက်နှင့်မိုးထက်ကတော့ ထင်းခြောက်တွေထည့်ဖြည့်ကာ မီးပွါးအောင်ကြိုးစားနေလေသည်။
စိုင်းခက်နှင့် လေပြေသွေးတို့ ၃ယောက်ကတော့ အကင်ဖိုနားတွင် အကင် ကင်ရင်း ရောက်တတ် ရာရာစကားတွေပြောနေကြသည်။

(စိုင်းခက်) " မင်းတို့နှစ်ယောက်က ရန်ကုန် site ထဲမှာကြာအုံးမှာလား၊မန္တလေးပြောင်းရွေ့မတင် သေးဘူးလားကွ "

(ပိုင်သစ်) " အေးဟ ဝေယံရဲ့ အလုပ်မပျက်သေးတာလေ ငါကတော့ခုရုံးပဲထိုင်နေတာ၊ နှစ်ဝက် လောက်ကျရင်တော့ မန္တလေးပြန်ပြောင်းဖို့စာ
တင်ထားတယ်"

(ဝေယံ) " စိုင်းခက်ငါပြောမယ်ပြောမယ်နဲ့မေ့နေတာ ဟိန်းထက်ငါတို့ရုံးကိုရောက်နေတယ်နော် ၊ ငါတို့က site ခြင်းမတူတော့ သိပ်တော့မတွေ့ရဘူး အစည်းအဝေးထိုင်မှသာ စကားပြောဖြစ် တာ"

(စိုင်းခက်) " သူအဆင်ပြေရဲ့လား ငါနဲ့လမ်းခွဲပြီးကတည်းက အဆက်အသွယ်ပျက်သွားတာ ၊ ငါ့ကိုစိတ်နာသွားတယ်ထင်ပါရဲ့ ဖုန်းနံပါတ်တွေပါ ပြောင်းသွားတယ်လေ "

(ပိုင်သစ်) " အဲလိုတော့လဲမဟုတ်လောက်ပါဘူးကွာ ငါတို့နဲ့စကားပြောဖြစ်ရင်တော့ ဟိန်းပုံစံက အေးဆေးပါပဲ အချိန်တွေလဲကြာခဲ့ပြီဆိုတော့ သူလဲ move on နိုင်လောက်ပါပြီ "

(စိုင်းခက်) " ဟုတ်ပါတယ်လေ ငါတို့လမ်းခွဲခဲ့တာ အမုန်းတွေမှမပါတာပဲ သူအဆင်ပြေနေလောက်မှာပါ ။

" တော်.. တော် တော်ကြတော့ ဟိုမှာ ကိုထိုက်လာနေပြီ"

လေပြေသွေးအပြောကြောင့် အားလုံးပါးစပ်ပိတ် ကာ  အကင်ဆက်ကင်နေလိုက်ကြသည်။ အကိုက ခုချိန်ထိ ဟိန်းနဲ့ပတ်သတ်ရင် သဝန်တိုတုန်းပဲလေ ၊ ဝေယံတို့လဲ သိနေသောကြောင့် ဟိန်းအကြောင်းဆိုလျှင်လုံးဝအစမဖော်ရဲကြ ၊ အခုတောင် လစ်တုန်းပြောကြခြင်းသာ ။

" baby အကုန်အဆင်သင့်ဖြစ်ပြီ အကင်တွေရပြီလား "

"ဟုတ်အကိုရပြီ ကူသယ်ပေးအုန်း "

" ဟုတ်ပြီဗျာ "

စိုင်းခက် ဝေယံတို့ကို မျက်စပ်ပစ်ပြရင်း အကင်ပန်းကန်များသယ်လျက် ထိုက်နောက် အရင်လိုက် သွားတော့သည်။ ထိုက်တို့ခြံသည် ကျယ်ဝန်းသဖြင့် သူတို့အဖွဲ့ chill ဖို့ရာ အဆင်ပြေသဖြင့် အပြင်ဆိုင်တွေ မသွားတော့ပဲ ခြံထဲတင် မီးပုံလေး လုပ်လျက် new year ညကို ဖြတ်သန်းဖြစ်သည်။

စားပွဲဝိုင်း နှစ်ဝိုင်းဆက်ကာ အကင်ပန်းကန်များ နှင့် အလယ်တွင် hot pot အိုးထားကာ ကိုယ်စီနေရာယူလိုက်ကြလေသည်။ ခန့်မှူးလွင်ကတော့ vodka စပ်ထားတဲ့ ပုံးကြီးကိုင်ကာ စားပွဲပေါ်တင်လျက် တစ်ယောက် ၁ခွက်လိုက်ထည့်ပေးနေသည်။

"ကဲ ငါ့ကောင်တို့ ကုန်ဆုံးတော့မဲ့ နှစ်အတွက် cheer လုပ်ပြီး ၊ အစပြုတော့မဲ့ နှစ်သစ်အတွက် ကြိုဆိုလိုက်ကြရအောင် ၊ တစ်နှစ်တာ ပင်ပန်းခဲ့သမျှ အရာအာလုံး ချန်ခဲ့တော့ နှစ်သစ်ကစပီး ငါတို့တွေ အကောင်းဆုံးဖြစ်အောင်ကြိုးစားကြစို့"

ခန့်မှူးလွင်ရဲ့ အောင် လှသောအသံကြောင့်
အကုန် လုံးလဲ ခွက်ကိုယ်စီကိုင်ကာ မတ်တပ်
ထရပ်လျက်

" ကဲ ၁၂ မထိုးသေးပေမဲ့ ငါတို့အစပျိုး cheer လုပ်ကြတာပေါ့ "

စိုင်းခက်က ထပ်၍အော်ပြောသဖြင့် အကုန်လုံး
ခွက်တွေမြှောက်ကာ ပျော်ရွှင် စွာဖြင့် သံပြိုင် အော်လိုက်ကြသည်။

" Cheer " yay ..... အောင်မြင်ကြစေ ...."

" ကဲခုတော့စားကြသောက်ကြရအောင် ၁၂ ထိုး
ရင် ငါတို့ထပ်အော်ကြမယ် သောက်ကြရအောင် ဟေ့ "

အောင်သန့်တို့ကတော့ အသောက်ဆိုရင် လာထားအာဘွား သမားမို့အူမြူးနေတော့သည်။

စားလိုက်ကြ ရီလိုက်ကြနှင့် တကယ်ကို ပျော်ရွင် စရာ အသိုက်အမြုံလေးပင်။ မိဘပြီးရင် ဒါဟာ ဒုတိယမိသားစုမို့ စိုင်းခက်မှာ ပျော်ရွှင်နေကြသော သူငယ်ချင်းတွေကို ကြည့်ပြီးဝမ်းသာပီတိဖြစ်ရလေသည်။ တကယ်ကို အေးချမ်းလှလေသည်။ ချစ်ရတဲ့ချစ်သူကလဲ ဘေးနားမှာ မိဘတွေကလဲ အဆင်ပြေစွာ ၊ သူငယ်ချင်းတွေကလဲ စုံလင် စွာနှင့် တကယ်ကို သူ့ဘဝက ပြီးပြည့်စုံနေလေပြီ။

" အရမ်းပျော်နေလား ခက် "

ပျော်ရွှင်မှုတွေအပြည့်နှင့် သူငယ်ချင်းတွေကို ငေးကြည့်နေသော ကောင်လေး၏ လက်များကို ဆုပ်ကိုင်လျက် မေးလိုက်သည်။

" ပျော်တာပေါ့ အကိုရာ ကျွန်တော်လေ ခုဆိုဘာမှမလိုအပ်တော့ဘူးသိလား ခုလိုလုံခြုံရတဲ့
အသိုက်အမြုံလေးရယ် အကို့ရင်ခွင်ရယ်က
ကျွန်တော့် ဘဝအတွက် ပြီးပြည့်စုံသွားပီ "

သူ့ပုခုံးပေါ်ခေါင်းလေးမှီလျက်ပြောလာသော
ကောင်လေးဆံပင်များသပ်တင်ပေးလျက်

" ကိုယ်က ပိုပျော်တယ် baby အပြုံးတွေကြောင့်လေ ၊ ချစ်တယ်နော် "

" ကျွန်တော်လဲ ချစ်တယ် "

"ကဲကဲ အားလုံးငြိမ်မယ် ၁၂ ထိုးတော့မယ် ငါ အချိန် ခေါ်မယ်နော် လိုက်ဆိုကြ "

အောင်သန့် နှင့် အတူတူသံပြိုင်လိုက်အော်ကြ
သည်။

5...4....3....2....1 ရေးးးး

" Happy New Year "

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ကြပါစေ ......

ဖောင်း....ဖောင်း....

သူများတွေ အိမ်ကနေ ဖောက်တဲ့မီးပန်းတွေကို
ကောင်းကင်ပေါ်မော့ကြည့်လျက် နှစ်သစ်ကို ကြိုဆိုလိုက်ကြသည်။

ဘဝမှာအလိုအပ်ဆုံးက အစစ် ဆိုတဲ့ မေတ္တာစစ် ၊ မိတ်ဆွေအစစ် ၊ အချစ်စစ် သာပင် ... ပြိုလဲနေချိန်တိုင်း ၊ ဒုက္ခရောက်နေချိန်တိုင်း ထိုအစစ်အမှန် တွေကသာ ကိုယ့်ဘေးတွင်တည်မြဲနိုင်လေမည်။ ကိုယ်ကလဲ ထိုအစစ်အမှန်တို့ကို တန်ဖိုးထားရ
မည်သာ။

          *******🌸🌸🌸🌸********

နှစ်သစ် ၊ တစ်ယောက်ထဲ ဖြတ်သန်းရတဲ့ နှစ်သစ် ဟာ ဒါနဲ့ဆို ၂ကြိမ်ရှိခဲ့ပြီ ။ ခံစားချက် ၊ နာကျင်မှု ထိုအရာတွေကိုလဲ လွတ်ချနိုင်ခဲ့ပြီဟုတွေးလို့ရနေပါပြီ ။ လုံလောက်ပြီလေ နာကျင်မှုတွေ လုံလောက်ခဲ့ပြီ အရာအာလုံးအသားကျခဲ့ပြီ ။
ဖြစ်ခဲ့တဲ့ကိစ္စအားလုံးအတွက် သူကျေနပ်ပါသည်။ ဒါ့အပြင် စိုင်းခက်ကိုလဲ အမြဲအမှတ်ရနေမှာသာဖြစ်သည်။ သူ့ကို သတ္တိတွေပေးခဲ့တဲ့လူအဖြစ် ၊ ဖေ့ဖေ့လက် အောက်မှ လွတ်မြှောက်အောင် တွန်းအားပေးခဲ့တဲ့ လူအဖြစ် ၊ ပတ်ဝန်းကျင်၏ အမြင် နှင့် သူ၏ကြောက်စိတ်တွေ ကျော်လွှား
နိုင်အောင် တွန်းအားပေးခဲ့တဲ့လူအဖြစ်သူအမြဲသတိရနေမှာသာဖြစ်သည်။ ကံမကုန်လို့ ပြန်ဆုံဖြစ်ခဲ့ရင် ဖြူစင်တဲ့ အပြုံးတွေနဲ့ လက်ဆွဲ
နှုတ်ဆက်ချင်ပါသေးသည်။

လှည်းတန်းမီးပွိုင့်တွင် ကားတန်းစောင့်နေရင်းအတွေးတို့နယ်ချဲ့နေမိခြင်းသာ။ ဟိန်းရန်ကုန်ရောက် နေတာ ၁နှစ်ရှိပြီ ယခုလဲ နှစ်ကုန်ပြီး ၁ရက်နေ့ဖြစ်သည့်အတွက် ရုံးပိတ်ပေးထားသဖြင့် မနက်စော ဘုရားက အပြန် စာအုပ်ဖတ်စရာမရှိတော့၍စာအုပ်ဆိုင်ဝင်ရန် လှည်းတန်းဘက် ရောက်နေခြင်းသာ ။ မီးစိမ်းတာ နှင့် အတွေးတို့ကို ဖြတ်တောက်ပြီး သူဝယ်နေကျ စာအုပ်ဆိုင် သို့ ဦးတည်လိုက်သည် ။

စာအုပ်ဆိုင်ရှေ့ရောက် သည်နှင့် ကားပါကင်ထိုးကာ ဆိုင်ထဲသို့ဝင်ခဲ့လိုက်သည်။ စာအုပ်စဉ်တွေထဲ သူလိုချင်တဲ့စာအုပ်ရှာတာ မတွေ့သဖြင့် 
Cashier ထိုင်နေသော ကောင်မလေးဆီသို့ပြန် လာကာ မေးရတော့သည်။

" ညီမ စိတ်ရဲ့ငြိမ်သက်ခြင်း စာအုပ်လေးလိုချင် လို့ ဘယ်အတန်းမှာလဲဗျ ရှာမတွေ့လို့ "

"အော်ဟုတ် စိတ်နဲ့ပတ်သတ်တာတွေက အပေါ်
ထပ်ကိုရွေ့လိုက်တာမို့ အလယ်တန်းမှာရှိပါတယ်၊ မတွေ့ရင် အပေါ်မှာ အကိုတစ်ယောက်ရှိတယ်နော် မေးလို့ရပါတယ် "

"ဟုတ်ကဲ့ ကျေးဇူးဗျ "

Cashier ကောင်မလေးကို မေးပြီးတာနှင့် အပေါ်ထပ် သို့တက်လာခဲ့လိုက်သည်။ သူလာနေကျပေမဲ့ ဆိုင်က နေရာရွေ့လို့ သူရှာနေတဲ့စာအုပ် ကို လွယ်လွယ်ရှာမတွေ့ချေ ၊

"အပေါ်မှာရှိတဲ့ အကို ကို မေးလို့ရတယ်တဲ့ဘယ် မှာပါလိမ့် "

သူလာတာနဲနဲစောနေသဖြင့် ဆိုင်ကလူရှင်းနေသည်။ ဟိန်းလဲ စာအုပ်တစ်လိုင်းခြင်းဝင်ကြည့်လိုက် ရင်း အထောင့်အကျဆုံးနှင့် အပြင်သို့ လှမ်းမြင်နိုင်ရင် မှန်ချပ်များနှင့် ကာထားသော နံရံကိုမှီလျက် ခေါင်းငိုက်စိုက်ချကာ စာအုပ်ဖတ်နေသောလူတစ်ယောက် ၊ စတစ်ကော်လံ အဖြူ
လက်တိုနှင့်ပုဆိုးအမဲအစင်းကြားဝတ်ထားသောထိုလူ။

စာအုပ်ဖတ်နေတာအနှောက်အယှက်ဖြစ်မှာစိုးသဖြင့်အရင်ရှာကြည့်သေးသည်။ ဟိန်းလဲ ရှာမရတဲ့အဆုံး မေးဖို့သာအဲလူအနားဖြည်းဖြည်းခြင်းလျှောက်လာလိုက်သည်။ သူအနားရောက်တော့ မေးဖြင့်ပြင်လိုက်ပေမဲ့ထိုလူက သူ့အားမော့ကြည့်လာသည်။ ရွှေရောင်မျက် မှန်ကိုင်းကို နှာခေါင်းပေါ်တွန်းတင်လျက် ၊ သူ့အားပြုံးပြလာသော မျက်နှာ ... ချောသည် ပြေပြစ်သည် ။ အရပ်ရှည် ကာ ရန်ကုန်သားမို့ အသားကလဲဖွေးစွတ် နေသည်။ ကြည့်ရတာတော့ ဟိန်း ထက် အသက်ကြီးမဲ့ပုံပင် အလွန်ဆုံး ၃၀ လောက်ရှိနိုင်သည်။ အဝတ်အစားနှင့် မျက်မှန်ပါတပ်ထားခြင်းက တည်ငြိမ်ရင့်ကျက်မှုကိုပိုမိုပေါ်လွင်စေသည်။

ဟိန်းဘာမှမပြောပဲ ကြောင်ငေးနေမိသည်။

" ဘာများလိုအပ်လို့လဲ ညီလေး"

ထွက်ပေါ်လာသောစကားသံက ဩရှရှ
ယောကျာ်းပီသလှသည်။ ထိုအသံကြားမှ သတိ
ပြန်ဝင်ကာ သူသိချင်သည်ကို မေးလိုက်သည်။

" ကျွန်တော် စိတ်ရဲ့ငြိမ်သက်ခြင်း စာအုပ်က ဘယ်နားမှာလဲမေးမလို့ပါဗျ အောက်ကညီမက ဒီက အစ်ကို ကို မေးလို့ရတယ်ဆိုလို့ဗျ "

" အော် အဲစာအုပ်က မနေ့ကမှရောက်တာ ဒီဘက် မှာ လာလေ အစ်ကို ပြပေးမယ် "

ဟိန်း ထိုလူနောက်သို့လိုက်သွားလိုက်သည်။ အရပ်ကတော့အတော်ရှည်သည် ။ သူ့နောက်ကပ် လိုက်တော့ ပိုတောင်သိပါသည် ၊ သူအတော်ပုသွားသလိုတောင်ခံစားလိုက်ရသည်။

" ဒီမှာပါစာအုပ်က ၊ ဒီစာအုပ်က တကယ်ကောင်းတယ် အစ်ကိုတောင်မနေ့က ဆိုင်ရောက်တာနဲ့ တန်းဖတ်ထားတာ အကုန်တော့မပြီးသေးဘူး"

" ဟုတ်ကဲ့ဗျ ကျွန်တော်လဲအဲလိုစာအုပ်တွေ ဖတ်ရတာတကယ်ကြိုက်တယ် စိတ်အေးချမ်းစေတယ်လေ ၊ အဲတာကြောင့် အတွေးတွေနဲ့
ပတ်သတ်တာတွေဖတ်ဖြစ်တာ "

"ဟုတ်လား ဒါဆို "ဗန်းမော်သိန်းဖေ" ရဲ့ မျှဝေလိုသောအတွေးများ " လဲ ဖတ်ဖူးမှာပေါ့ "

"အာ ဖတ်ဖူးတာပေါ့ တကယ့်အနှစ်တွေ "

" ဝမ်းသာတယ်ကွာ လူခေတ်လူငယ်တွေ စာအုပ် အဖတ်နဲသွားပြီကွ ဖုန်းတွေပေါ်လာတော့ စာအုပ် ဆိုင် တွေက လူငယ်တွေခြေသိပ်မချဖြစ်တဲ့နေရာဖြစ်သွားရော "

" ကျွန်တော်ကတော့ ငယ်ငယ်ထဲက စာအုပ်ဖတ် တာ ဝါသနာပါတော့အမြဲဖတ်ဖြစ်တယ်၊ ဒီဆိုင် ကလဲ ကျွန်တော်ဝယ်နေကျပဲ အခြားနေရာတွေထက် ပိုစုံလို့လေ ဒါမဲ့အစ်ကို ကိုတော့ ခုမှတွေ့ဖူးတာ "

" ဟုတ်တယ် အစ်ကိုဆိုင်ပြန်ထိုင်တာ၁ပတ်လောက်ပဲရှိသေးတယ်လေ ခရီးထွက်နေလို့"

"အော် ဒါအစ်ကို့ ဆိုင်လား "

"အင်းဟုတ်တယ် အစ်ကိုကလဲစာအုပ်အရမ်းရူးတာလေ အဲတော့စာအုပ်ဆိုင်ဖွင့်ဖြစ်တာပေ့ါကွာ၊ ကဲညီလေးအေးဆေးကြည့် လိုတာရှိရင်ပြော "

" ဟုတ်ကဲ့ဗျ ၊ ဒါနဲ့ဟိုလေ "

လှည့်ထွက်ဖို့ပြင်နေတဲ့ လူက ဟိန်းစကားကြောင့် ပြန်လှည့်ကြည့်လာပြီး ...

"အင်းဘာများလိုလို့လဲ "

"ထာဝရပုံပေ စာအုပ်လေးရောသိလားဗျ ဆရာမ အကြင်နာမွန်ရေးထားတဲ့ စာအုပ်ပါ "

ဟိန်းသူသိချင်နေသောအရာကြောင့် မေးလိုက်မိခြင်းပင် ၊ ဘာလို့အဲလိုလုပ်လိုက်မိလဲသူ့ကိုယ်သူအဖြေရှာမရခင်သူမေးပြီးသားဖြစ်သွားလေပြီ။သူ့အမေးကို ထိုလူက သေချာစဉ်းစားနေဟန်

" အာ ထာဝရပုံပေ သိပြီသိပြီ တော်တော်ကြာပီဆိုတော့ စဉ်းစားနေတာ အဲစာအုပ်က ပုံပေ မြို့
အကြောင်းကိုအခြေခံရေးထားတဲ့ အချစ်ဇာတ် လမ်းမို့လား "

" ဟုတ်တယ်ဗျ ၊ အစ်ကို ကြိုက်လားမေးကြည့်တာပါ"

" အင်းကြိုက် ... ကြိုက်ပါတယ် အဲစာအုပ်လေးလဲ ဖတ်ကောင်းပါတယ် "

ထိုလူဟာလဲ သူသိချင်နေတဲ့အဖြေနှင့်ထပ်တူ သိသွားသည်ထင်ပါရဲ့ ၊ ' ဒါဆိုအေးဆေးကြည့်ပါ' ဟုပြောကာ ထွက်သွားသည်။

ဟိန်းလိုချင်တဲ့စာအုပ်နှင့်အတူအခြားစာအုပ်များပါ ဝယ်လျက်အိမ်ပြန်လာခဲ့လိုက်တော့သည်။ ကားပေါ်တွင်တော့ ကားမောင်းရင် ပြုံးစိပြုံးစိ
ဖြစ်နေတာ စာအုပ် ဆိုင်မှ ထွက်လာကတည်းပင်။ သူမပြန်ခင် ထိုလူအားနှုတ်ဆက်တော့
နောက်လဲလာခဲ့ဖို့ဖိတ်ခေါ်ရင်း နာမည်မိတ်ဆက် ဖြစ်ခဲ့သည်။ ဘာတဲ့နာမည်က ' တည်တံ့ကို ' တဲ့ ။
သူမပြန်ခင် ထိုလူပြောသည့်စကားကြောင့် အံ့ဩသင့်ခဲ့ရသေးသည်။ ' facebook acc အပ်လို့ရမလားတဲ့ ' စာအုပ်အကြောင်းတွေမျှဝေလို့ရတာပေါ့တဲ့လေ ၊ ဟိန်းလဲ ချက်ချင်း
အကောင့်ပြကာ အပြန်အလှန်အပ်ခဲ့လိုက်လေ
သည်။

သူတို့နှစ်ဦးကြား က မမြင်နိုင်သော အမျှင်တန်းလေးများကတော့ စတင်၍ဆက်သွယ်နေသယောင်။ ထိုအမျှင်တန်းတို့က ဟိန်းအတွက်
နှစ်သစ်လက်ဆောင်များဖြစ်နေမည်လား.....။

          ****🌸🌸🌸*****

၁နှစ်အကြာမှ ထပ်ရောက်ဖြစ်ခဲ့သော ကလောမြို့လေးဟာ အရင်တိုင်းအေးချမ်းဆဲပင် ....

ဒီတစ်ခါကတော့အရင်လို တစ်ယောက်တစ်ကုတင်ဆီမဟုတ်တော့ပေ နှစ်ယောက်အိပ်မွေ့ယာ ထပ်ဝယ် ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာအိပ်ပျော်နေသော ကောင်လေးဟာ သူ့ဘဝမှာရှိနေပြီလေ။
ထိုက်က ခက်ကိုရင်ခွင်ထဲတွင် တင်းကြပ်စွာဖက်ထားသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနှင့် ကလေးလေး ၏ နံနက်ခင်းကိုယ်သင်းနံ့သည် နူးညံ့မွှေးကြိုင်သည်။ ထိုက်၏ စိတ်အား ကြည်လင်စေသည်။ ဘာရနံ့မျှ ခန္ဓာတာထက် သုံးထားခြင်းမရှိပါသော်လည်း ခက် ၏ ကိုယ်မှ ကိုယ်ပိုင်အနံ့သင်းသင်းလေးရှိသည်။

ကလော၏ နံနက်ခင်းလေးကအေးစက်နိုင် သော်ညား ထိုက်တို့၏ ဟိုတယ်အခန်းလေးကတော့ အချစ်တို့ဖြစ်နွေးထွေးနေသည်။ အခန်းမှာ ပါသော အခန်းတွင်းအပူပေးစက် ကြောင့်လည်းပါနိုင်သည်။ အိပ်စက်နေဆဲဖြစ်သည့် ခက်၏ ပုခုံးဖြူဖြူလေး သူ့လက်ချက်ကြောင့်နီရဲနေသောအမှတ်လေးများကိုမဆုံးသတ် နိုင်သော အနမ်းတို့ကိုဖြန့်ကျဲနေမိသည်။  ထိုအခါမှ

" ဝါးးး"

ရင်ခွင်ထဲကနေ လက်ဆန့်ခြေဆန့်ဖြင့် လှုပ်ကာ နိုးလာနေပြီ....။ ထိုက် လက်ဖက်ဖြင့်မွေ့ယာတွင် ထောက်ကာ စိုင်းခက်အားငေးကြည့်နေမိသည်။

"ဟင် အကို နိုးနေတာကြာပီလား "

"အင်းကြာပီ ကိုယ့် ချစ်မဝလေးကို ချစ်လို့မဝသလို ကြည့်လို့မဝသေးလို့ မထသေးပဲ ငေးနေတာလေ"

"အ့ ... အ့ "

ရုတ်တရက်ကြီးမျက်နှာမဲ့စွာရက်ဘက်ကိုဖိ
လျက် အော်သောစိုင်းခက်ကြောင့် ထိုက်မှာပြာသွားတော့သည်။

" ဟာ ဘာဖြစ်တာလဲ ခက် ... ကိုယ့်ကိုပြောစမ်း "

ထိုက် လှဲနေရာမှ ထထိုင်ကာ စိုးရိမ်တစ်ကြီးမေးရတော့သည်။

" ဟီးဟီး အကို့ အပြောတွေကြောင့် ဟက်ထိသွားတာလေ "

"ဟာကွာ ဒီကောင်လေးကတော့ကွာ စ စရာရှားလို့ ကိုယ့်ကို စိတ်ပူအောင်လို့ "

" ဟီးဟီး "

" ရီမနေနဲ့ အဆိုးလေး လာစမ်း "

"ဟားးဟားး ယားတယ်အကို ကြောက်ပါပီ
နောက်မစတော့ပါဘူး ဟားဟား "

အကြီးကို လိုက်စနေသာ ထိုကောင်လေး၏ ပါးအားမွှေးကြူလိုက်ရင်း လှပသော နံနက်ခင်းကို အစပျိုးတော့သည်။

ထိုနေ့က အေးချမ်းလှသော ကလောမြို့တွင်
ဟိုတယ်တစ်ခု၏အိပ်ယာထက် ချစ်ကြည်နူးနေသော ကောင်လေးနှစ်ယောက်ရှိပါသည်။

ချစ်ခြင်းများထာဝစဉ်တည်မြဲစေသား။

         ****🌸🌸🌸*****
Emma ရဲ့ပထမဆုံး fic လေးကို ဒီမှာတင်အဆုံးသတ် လိုက်ပါပြီ ။ ပထမဆုံးရေးတာမို့ လိုအပ်ချက်များရှိခဲ့လျှင်နားလည်ပေးပါလို့တောင်းဆိုပါရစေ ။ oc ကို အဆုံးထိလိုက်ခဲ့ပေးတဲ့ တစ်ယောက် ခြင်းဆီတိုင်းကို ကျေးဇူးအထူးပါ❤️

ဒါလေးပီးရင် နောက်ထပ် fic တစ်ခုလာဖို့လဲရှိပါတယ်၊ အဲခါကျရင် လဲအားပေးကြပါအုံးရှင် ❤️ ။

Zawgyi

အခ်ိန္ေတြ ရာသီေတြ ႏွစ္ေတြ ကူးေျပာင္း သြားေပမဲ့ မေျပာင္းလဲပဲ ဒီခ်စ္ျခင္းေမတၱာေလးကေတာ့ တည္တံ့ေနဆဲပင္ ။ ခုဆိုလွ်င္ ႏွစ္ဖက္မိဘေတြလဲ အဆင္ေျပ ၊ လုပ္ငန္းေတြလဲတိုးခ်ဲ႕လို႔ သူတို႔ဘဝေလးသာယာေအးခ်မ္းေနပီေလ။
အရင္က ဝန္ထမ္းေလး တစ္ေယာက္ ႏွင့္
လူ ၃ေယာက္ သာတည္ေထာင္ခဲ့တဲ့
" KMH Construction company " ေလးဟာ ခုဆို ဝန္ထမ္းေပါင္းမ်ားစြာ ႏွင့္ စီးပြါးေရး
အသိုင္းအဝိုင္းမွာ နာမည္ရလာတဲ့ company တစ္ခုျဖစ္လာခဲ့ၿပီ ။ လုပ္ငန္းခြင္မွာ ထက္ျမတ္ ၿပီး ရင့္က်က္သေလာက္ ထိုက္ရင္ခြင္ဆီ ခိုနား
ခ်ိိန္ဆို ကေလးဆန္ေနသည့္အက်င့္ေလးကေတာ့ ယခုထိမေပ်ာက္ေပ။

ဒီႏွစ္နဲ႔ဆို new year ကိုျဖတ္သန္းတာ ၂ႀကိမ္
ေျမႇာက္ပင္ ပထမတစ္ႀကိမ္ကေတာ့ ႏွစ္ေယာက္ထဲျဖတ္သန္းခဲ့သည္။ ယခုႏွစ္ကေတာ့ ထိုက္ သူငယ္ခ်င္းေတြေရာ စိုင္းခက္သူငယ္ခ်င္းေတြပါ လူစုံလ်က္ျဖတ္ သန္းျဖစ္ေတာ့မည္။ ယခုလဲ
ထိုက္တို႔အိမ္တြင္ အကင္ကင္ဖို႔ စိုင္းခက္ ႏွင့္ ေလေျပေသြးက ျပင္ဆင္ေနၾကၿပီး Hot pot အတြက္က ေဝယံ ၊ ပိုင္သစ္ တို႔က ခ်က္ျပဳတ္ေနၾကတာပင္ ။

(ေဝယံ)" စိုင္းခက္ေရ ခန္႔မႉး ဆီဖုန္းဆက္လိုက္ပါအုံး အပ္မႈိဝယ္ခဲ့အုန္းလို႔ ဒီမွာနဲသြားလို႔"

"....."

(စိုင္းခက္) " အကို ကိုေအာင္သန္႔ကို vodka ႏွစ္ပုလင္းေလာက္ပဲ ဝယ္ခဲ့လို႔ ၊ ဒီမွာ ၂ပုလင္းက်န္ေသးတာ ခုမွေတြ႕လို႔ " ။

"အင္း baby ... ပင္ပန္းေနၿပီလား "

"ပန္းပါဘူး အကိုရဲ႕ ခုလိုလူမဆုံတာၾကာလို႔ေပ်ာ္ေနတာ "

" baby ေပ်ာ္ရင္ၿပီးေရာ ႁပြတ္စ္ "

ထိုက္မေနႏိုင္မထိုင္ႏိုင္ ပါးျပင္အား အနမ္းေပးမိလိုက္ေသးသည္ ။ ထိုစဥ္ ေက်ာ္ေဇာမွအိမ္ထဲဝင္ လာကာ

" အကဲပိုေနၾကျပန္ၿပီကြာ မ်က္စိေနာက္တယ္ ေနာ္"

" မ်က္စိေနာက္ရင္ မၾကည့္နဲ႔ကြာ ၊ ေျပာဘာလာလုပ္တာလဲ "

"ေအာင္မယ္ မင္းကို မီးျခစ္ယူခိုင္းတာေလ ၾကာလို႔လိုက္လာတာ ဒီမွာအၾကည္လာစိုက္ေနတာကို၊ လာခဲ့ မီးလႈံဖို႔ျပင္ရအုံးမယ္ "

ေက်ာ္ေဇာလဲ သူ႔ေရွ႕က သဲသဲကဲကဲ ႏွစ္ေကာင္ကို အျမင္ကပ္လာသျဖင့္ ထိုက္အား အျပင္သို႔ဆြဲေခၚသြားေတာ့သည္။

ဒီလိုနဲ႔ သူတို႔အဖြဲ႕လိုက္ညေလးက လူစုံေနေလၿပီ
ခန္႔မႉး၊ေအာင္သန္႔ ႏွင့္ ေက်ာ္ေဇာ္ တို႔က vodka ႏွင့္ အသီး၊ေဖ်ာ္ရည္တို႔ကိုေရာစပ္ေနၾကသည္။ ထိုက္ႏွင့္မိုးထက္ကေတာ့ ထင္းေျခာက္ေတြထည့္ျဖည့္ကာ မီးပြါးေအာင္ႀကိဳးစားေနေလသည္။
စိုင္းခက္ႏွင့္ ေလေျပေသြးတို႔ ၃ေယာက္ကေတာ့ အကင္ဖိုနားတြင္ အကင္ ကင္ရင္း ေရာက္တတ္ ရာရာစကားေတြေျပာေနၾကသည္။

(စိုင္းခက္) " မင္းတို႔ႏွစ္ေယာက္က ရန္ကုန္ site ထဲမွာၾကာအုံးမွာလား၊မႏၲေလးေျပာင္းေ႐ြ႕မတင္ ေသးဘူးလားကြ "

(ပိုင္သစ္) " ေအးဟ ေဝယံရဲ႕ အလုပ္မပ်က္ေသးတာေလ ငါကေတာ့ခု႐ုံးပဲထိုင္ေနတာ၊ ႏွစ္ဝက္ ေလာက္က်ရင္ေတာ့ မႏၲေလးျပန္ေျပာင္းဖို႔စာ
တင္ထားတယ္"

(ေဝယံ) " စိုင္းခက္ငါေျပာမယ္ေျပာမယ္နဲ႔ေမ့ေနတာ ဟိန္းထက္ငါတို႔႐ုံးကိုေရာက္ေနတယ္ေနာ္ ၊ ငါတို႔က site ျခင္းမတူေတာ့ သိပ္ေတာ့မေတြ႕ရဘူး အစည္းအေဝးထိုင္မွသာ စကားေျပာျဖစ္ တာ"

(စိုင္းခက္) " သူအဆင္ေျပရဲ႕လား ငါနဲ႔လမ္းခြဲၿပီးကတည္းက အဆက္အသြယ္ပ်က္သြားတာ ၊ ငါ့ကိုစိတ္နာသြားတယ္ထင္ပါရဲ႕ ဖုန္းနံပါတ္ေတြပါ ေျပာင္းသြားတယ္ေလ "

(ပိုင္သစ္) " အဲလိုေတာ့လဲမဟုတ္ေလာက္ပါဘူးကြာ ငါတို႔နဲ႔စကားေျပာျဖစ္ရင္ေတာ့ ဟိန္းပုံစံက ေအးေဆးပါပဲ အခ်ိန္ေတြလဲၾကာခဲ့ၿပီဆိုေတာ့ သူလဲ move on ႏိုင္ေလာက္ပါၿပီ "

(စိုင္းခက္) " ဟုတ္ပါတယ္ေလ ငါတို႔လမ္းခြဲခဲ့တာ အမုန္းေတြမွမပါတာပဲ သူအဆင္ေျပေနေလာက္မွာပါ ။

" ေတာ္.. ေတာ္ ေတာ္ၾကေတာ့ ဟိုမွာ ကိုထိုက္လာေနၿပီ"

ေလေျပေသြးအေျပာေၾကာင့္ အားလုံးပါးစပ္ပိတ္ ကာ  အကင္ဆက္ကင္ေနလိုက္ၾကသည္။ အကိုက ခုခ်ိန္ထိ ဟိန္းနဲ႔ပတ္သတ္ရင္ သဝန္တိုတုန္းပဲေလ ၊ ေဝယံတို႔လဲ သိေနေသာေၾကာင့္ ဟိန္းအေၾကာင္းဆိုလွ်င္လုံးဝအစမေဖာ္ရဲၾက ၊ အခုေတာင္ လစ္တုန္းေျပာၾကျခင္းသာ ။

" baby အကုန္အဆင္သင့္ျဖစ္ၿပီ အကင္ေတြရၿပီလား "

"ဟုတ္အကိုရၿပီ ကူသယ္ေပးအုန္း "

" ဟုတ္ၿပီဗ်ာ "

စိုင္းခက္ ေဝယံတို႔ကို မ်က္စပ္ပစ္ျပရင္း အကင္ပန္းကန္မ်ားသယ္လ်က္ ထိုက္ေနာက္ အရင္လိုက္ သြားေတာ့သည္။ ထိုက္တို႔ၿခံသည္ က်ယ္ဝန္းသျဖင့္ သူတို႔အဖြဲ႕ chill ဖို႔ရာ အဆင္ေျပသျဖင့္ အျပင္ဆိုင္ေတြ မသြားေတာ့ပဲ ၿခံထဲတင္ မီးပုံေလး လုပ္လ်က္ new year ညကို ျဖတ္သန္းျဖစ္သည္။

စားပြဲဝိုင္း ႏွစ္ဝိုင္းဆက္ကာ အကင္ပန္းကန္မ်ား ႏွင့္ အလယ္တြင္ hot pot အိုးထားကာ ကိုယ္စီေနရာယူလိုက္ၾကေလသည္။ ခန္႔မႉးလြင္ကေတာ့ vodka စပ္ထားတဲ့ ပုံးႀကီးကိုင္ကာ စားပြဲေပၚတင္လ်က္ တစ္ေယာက္ ၁ခြက္လိုက္ထည့္ေပးေနသည္။

"ကဲ ငါ့ေကာင္တို႔ ကုန္ဆုံးေတာ့မဲ့ ႏွစ္အတြက္ cheer လုပ္ၿပီး ၊ အစျပဳေတာ့မဲ့ ႏွစ္သစ္အတြက္ ႀကိဳဆိုလိုက္ၾကရေအာင္ ၊ တစ္ႏွစ္တာ ပင္ပန္းခဲ့သမွ် အရာအာလုံး ခ်န္ခဲ့ေတာ့ ႏွစ္သစ္ကစပီး ငါတို႔ေတြ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားၾကစို႔"

ခန္႔မႉးလြင္ရဲ႕ ေအာင္ လွေသာအသံေၾကာင့္
အကုန္ လုံးလဲ ခြက္ကိုယ္စီကိုင္ကာ မတ္တပ္
ထရပ္လ်က္

" ကဲ ၁၂ မထိုးေသးေပမဲ့ ငါတို႔အစပ်ိဳး cheer လုပ္ၾကတာေပါ့ "

စိုင္းခက္က ထပ္၍ေအာ္ေျပာသျဖင့္ အကုန္လုံး
ခြက္ေတြေျမႇာက္ကာ ေပ်ာ္႐ႊင္ စြာျဖင့္ သံၿပိဳင္ ေအာ္လိုက္ၾကသည္။

" Cheer " yay ..... ေအာင္ျမင္ၾကေစ ...."

" ကဲခုေတာ့စားၾကေသာက္ၾကရေအာင္ ၁၂ ထိုး
ရင္ ငါတို႔ထပ္ေအာ္ၾကမယ္ ေသာက္ၾကရေအာင္ ေဟ့ "

ေအာင္သန္႔တို႔ကေတာ့ အေသာက္ဆိုရင္ လာထားအာဘြား သမားမို႔အူျမဴးေနေတာ့သည္။

စားလိုက္ၾက ရီလိုက္ၾကႏွင့္ တကယ္ကို ေပ်ာ္႐ြင္ စရာ အသိုက္အၿမဳံေလးပင္။ မိဘၿပီးရင္ ဒါဟာ ဒုတိယမိသားစုမို႔ စိုင္းခက္မွာ ေပ်ာ္႐ႊင္ေနၾကေသာ သူငယ္ခ်င္းေတြကို ၾကည့္ၿပီးဝမ္းသာပီတိျဖစ္ရေလသည္။ တကယ္ကို ေအးခ်မ္းလွေလသည္။ ခ်စ္ရတဲ့ခ်စ္သူကလဲ ေဘးနားမွာ မိဘေတြကလဲ အဆင္ေျပစြာ ၊ သူငယ္ခ်င္းေတြကလဲ စုံလင္ စြာႏွင့္ တကယ္ကို သူ႔ဘဝက ၿပီးျပည့္စုံေနေလၿပီ။

" အရမ္းေပ်ာ္ေနလား ခက္ "

ေပ်ာ္႐ႊင္မႈေတြအျပည့္ႏွင့္ သူငယ္ခ်င္းေတြကို ေငးၾကည့္ေနေသာ ေကာင္ေလး၏ လက္မ်ားကို ဆုပ္ကိုင္လ်က္ ေမးလိုက္သည္။

" ေပ်ာ္တာေပါ့ အကိုရာ ကြၽန္ေတာ္ေလ ခုဆိုဘာမွမလိုအပ္ေတာ့ဘူးသိလား ခုလိုလုံၿခဳံရတဲ့
အသိုက္အၿမဳံေလးရယ္ အကို႔ရင္ခြင္ရယ္က
ကြၽန္ေတာ့္ ဘဝအတြက္ ၿပီးျပည့္စုံသြားပီ "

သူ႔ပုခုံးေပၚေခါင္းေလးမွီလ်က္ေျပာလာေသာ
ေကာင္ေလးဆံပင္မ်ားသပ္တင္ေပးလ်က္

" ကိုယ္က ပိုေပ်ာ္တယ္ baby အၿပဳံးေတြေၾကာင့္ေလ ၊ ခ်စ္တယ္ေနာ္ "

" ကြၽန္ေတာ္လဲ ခ်စ္တယ္ "

"ကဲကဲ အားလုံးၿငိမ္မယ္ ၁၂ ထိုးေတာ့မယ္ ငါ အခ်ိန္ ေခၚမယ္ေနာ္ လိုက္ဆိုၾက "

ေအာင္သန္႔ ႏွင့္ အတူတူသံၿပိဳင္လိုက္ေအာ္ၾက
သည္။

5...4....3....2....1 ေရးးးး

" Happy New Year "

ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ျဖစ္ၾကပါေစ ......

ေဖာင္း....ေဖာင္း....

သူမ်ားေတြ အိမ္ကေန ေဖာက္တဲ့မီးပန္းေတြကို
ေကာင္းကင္ေပၚေမာ့ၾကည့္လ်က္ ႏွစ္သစ္ကို ႀကိဳဆိုလိုက္ၾကသည္။

ဘဝမွာအလိုအပ္ဆုံးက အစစ္ ဆိုတဲ့ ေမတၱာစစ္ ၊ မိတ္ေဆြအစစ္ ၊ အခ်စ္စစ္ သာပင္ ... ၿပိဳလဲေနခ်ိန္တိုင္း ၊ ဒုကၡေရာက္ေနခ်ိန္တိုင္း ထိုအစစ္အမွန္ ေတြကသာ ကိုယ့္ေဘးတြင္တည္ၿမဲႏိုင္ေလမည္။ ကိုယ္ကလဲ ထိုအစစ္အမွန္တို႔ကို တန္ဖိုးထားရ
မည္သာ။

          *******🌸🌸🌸🌸********

ႏွစ္သစ္ ၊ တစ္ေယာက္ထဲ ျဖတ္သန္းရတဲ့ ႏွစ္သစ္ ဟာ ဒါနဲ႔ဆို ၂ႀကိမ္ရွိခဲ့ၿပီ ။ ခံစားခ်က္ ၊ နာက်င္မႈ ထိုအရာေတြကိုလဲ လြတ္ခ်ႏိုင္ခဲ့ၿပီဟုေတြးလို႔ရေနပါၿပီ ။ လုံေလာက္ၿပီေလ နာက်င္မႈေတြ လုံေလာက္ခဲ့ၿပီ အရာအာလုံးအသားက်ခဲ့ၿပီ ။
ျဖစ္ခဲ့တဲ့ကိစၥအားလုံးအတြက္ သူေက်နပ္ပါသည္။ ဒါ့အျပင္ စိုင္းခက္ကိုလဲ အၿမဲအမွတ္ရေနမွာသာျဖစ္သည္။ သူ႔ကို သတၱိေတြေပးခဲ့တဲ့လူအျဖစ္ ၊ ေဖ့ေဖ့လက္ ေအာက္မွ လြတ္ေျမႇာက္ေအာင္ တြန္းအားေပးခဲ့တဲ့ လူအျဖစ္ ၊ ပတ္ဝန္းက်င္၏ အျမင္ ႏွင့္ သူ၏ေၾကာက္စိတ္ေတြ ေက်ာ္လႊား
ႏိုင္ေအာင္ တြန္းအားေပးခဲ့တဲ့လူအျဖစ္သူအၿမဲသတိရေနမွာသာျဖစ္သည္။ ကံမကုန္လို႔ ျပန္ဆုံျဖစ္ခဲ့ရင္ ျဖဴစင္တဲ့ အၿပဳံးေတြနဲ႔ လက္ဆြဲ
ႏႈတ္ဆက္ခ်င္ပါေသးသည္။

လွည္းတန္းမီးပြိဳင့္တြင္ ကားတန္းေစာင့္ေနရင္းအေတြးတို႔နယ္ခ်ဲ႕ေနမိျခင္းသာ။ ဟိန္းရန္ကုန္ေရာက္ ေနတာ ၁ႏွစ္ရွိၿပီ ယခုလဲ ႏွစ္ကုန္ၿပီး ၁ရက္ေန႔ျဖစ္သည့္အတြက္ ႐ုံးပိတ္ေပးထားသျဖင့္ မနက္ေစာ ဘုရားက အျပန္ စာအုပ္ဖတ္စရာမရွိေတာ့၍စာအုပ္ဆိုင္ဝင္ရန္ လွည္းတန္းဘက္ ေရာက္ေနျခင္းသာ ။ မီးစိမ္းတာ ႏွင့္ အေတြးတို႔ကို ျဖတ္ေတာက္ၿပီး သူဝယ္ေနက် စာအုပ္ဆိုင္ သို႔ ဦးတည္လိုက္သည္ ။

စာအုပ္ဆိုင္ေရွ႕ေရာက္ သည္ႏွင့္ ကားပါကင္ထိုးကာ ဆိုင္ထဲသို႔ဝင္ခဲ့လိုက္သည္။ စာအုပ္စဥ္ေတြထဲ သူလိုခ်င္တဲ့စာအုပ္ရွာတာ မေတြ႕သျဖင့္ 
Cashier ထိုင္ေနေသာ ေကာင္မေလးဆီသို႔ျပန္ လာကာ ေမးရေတာ့သည္။

" ညီမ စိတ္ရဲ႕ၿငိမ္သက္ျခင္း စာအုပ္ေလးလိုခ်င္ လို႔ ဘယ္အတန္းမွာလဲဗ် ရွာမေတြ႕လို႔ "

"ေအာ္ဟုတ္ စိတ္နဲ႔ပတ္သတ္တာေတြက အေပၚ
ထပ္ကိုေ႐ြ႕လိုက္တာမို႔ အလယ္တန္းမွာရွိပါတယ္၊ မေတြ႕ရင္ အေပၚမွာ အကိုတစ္ေယာက္ရွိတယ္ေနာ္ ေမးလို႔ရပါတယ္ "

"ဟုတ္ကဲ့ ေက်းဇူးဗ် "

Cashier ေကာင္မေလးကို ေမးၿပီးတာႏွင့္ အေပၚထပ္ သို႔တက္လာခဲ့လိုက္သည္။ သူလာေနက်ေပမဲ့ ဆိုင္က ေနရာေ႐ြ႕လို႔ သူရွာေနတဲ့စာအုပ္ ကို လြယ္လြယ္ရွာမေတြ႕ေခ် ၊

"အေပၚမွာရွိတဲ့ အကို ကို ေမးလို႔ရတယ္တဲ့ဘယ္ မွာပါလိမ့္ "

သူလာတာနဲနဲေစာေနသျဖင့္ ဆိုင္ကလူရွင္းေနသည္။ ဟိန္းလဲ စာအုပ္တစ္လိုင္းျခင္းဝင္ၾကည့္လိုက္ ရင္း အေထာင့္အက်ဆုံးႏွင့္ အျပင္သို႔ လွမ္းျမင္ႏိုင္ရင္ မွန္ခ်ပ္မ်ားႏွင့္ ကာထားေသာ နံရံကိုမွီလ်က္ ေခါင္းငိုက္စိုက္ခ်ကာ စာအုပ္ဖတ္ေနေသာလူတစ္ေယာက္ ၊ စတစ္ေကာ္လံ အျဖဴ
လက္တိုႏွင့္ပုဆိုးအမဲအစင္းၾကားဝတ္ထားေသာထိုလူ။

စာအုပ္ဖတ္ေနတာအေႏွာက္အယွက္ျဖစ္မွာစိုးသျဖင့္အရင္ရွာၾကည့္ေသးသည္။ ဟိန္းလဲ ရွာမရတဲ့အဆုံး ေမးဖို႔သာအဲလူအနားျဖည္းျဖည္းျခင္းေလွ်ာက္လာလိုက္သည္။ သူအနားေရာက္ေတာ့ ေမးျဖင့္ျပင္လိုက္ေပမဲ့ထိုလူက သူ႔အားေမာ့ၾကည့္လာသည္။ ေ႐ႊေရာင္မ်က္ မွန္ကိုင္းကို ႏွာေခါင္းေပၚတြန္းတင္လ်က္ ၊ သူ႔အားၿပဳံးျပလာေသာ မ်က္ႏွာ ... ေခ်ာသည္ ေျပျပစ္သည္ ။ အရပ္ရွည္ ကာ ရန္ကုန္သားမို႔ အသားကလဲေဖြးစြတ္ ေနသည္။ ၾကည့္ရတာေတာ့ ဟိန္း ထက္ အသက္ႀကီးမဲ့ပုံပင္ အလြန္ဆုံး ၃၀ ေလာက္ရွိႏိုင္သည္။ အဝတ္အစားႏွင့္ မ်က္မွန္ပါတပ္ထားျခင္းက တည္ၿငိမ္ရင့္က်က္မႈကိုပိုမိုေပၚလြင္ေစသည္။

ဟိန္းဘာမွမေျပာပဲ ေၾကာင္ေငးေနမိသည္။

" ဘာမ်ားလိုအပ္လို႔လဲ ညီေလး"

ထြက္ေပၚလာေသာစကားသံက ဩရွရွ
ေယာက်ာ္းပီသလွသည္။ ထိုအသံၾကားမွ သတိ
ျပန္ဝင္ကာ သူသိခ်င္သည္ကို ေမးလိုက္သည္။

" ကြၽန္ေတာ္ စိတ္ရဲ႕ၿငိမ္သက္ျခင္း စာအုပ္က ဘယ္နားမွာလဲေမးမလို႔ပါဗ် ေအာက္ကညီမက ဒီက အစ္ကို ကို ေမးလို႔ရတယ္ဆိုလို႔ဗ် "

" ေအာ္ အဲစာအုပ္က မေန႔ကမွေရာက္တာ ဒီဘက္ မွာ လာေလ အစ္ကို ျပေပးမယ္ "

ဟိန္း ထိုလူေနာက္သို႔လိုက္သြားလိုက္သည္။ အရပ္ကေတာ့အေတာ္ရွည္သည္ ။ သူ႔ေနာက္ကပ္ လိုက္ေတာ့ ပိုေတာင္သိပါသည္ ၊ သူအေတာ္ပုသြားသလိုေတာင္ခံစားလိုက္ရသည္။

" ဒီမွာပါစာအုပ္က ၊ ဒီစာအုပ္က တကယ္ေကာင္းတယ္ အစ္ကိုေတာင္မေန႔က ဆိုင္ေရာက္တာနဲ႔ တန္းဖတ္ထားတာ အကုန္ေတာ့မၿပီးေသးဘူး"

" ဟုတ္ကဲ့ဗ် ကြၽန္ေတာ္လဲအဲလိုစာအုပ္ေတြ ဖတ္ရတာတကယ္ႀကိဳက္တယ္ စိတ္ေအးခ်မ္းေစတယ္ေလ ၊ အဲတာေၾကာင့္ အေတြးေတြနဲ႔
ပတ္သတ္တာေတြဖတ္ျဖစ္တာ "

"ဟုတ္လား ဒါဆို "ဗန္းေမာ္သိန္းေဖ" ရဲ႕ မွ်ေဝလိုေသာအေတြးမ်ား " လဲ ဖတ္ဖူးမွာေပါ့ "

"အာ ဖတ္ဖူးတာေပါ့ တကယ့္အႏွစ္ေတြ "

" ဝမ္းသာတယ္ကြာ လူေခတ္လူငယ္ေတြ စာအုပ္ အဖတ္နဲသြားၿပီကြ ဖုန္းေတြေပၚလာေတာ့ စာအုပ္ ဆိုင္ ေတြက လူငယ္ေတြေျခသိပ္မခ်ျဖစ္တဲ့ေနရာျဖစ္သြားေရာ "

" ကြၽန္ေတာ္ကေတာ့ ငယ္ငယ္ထဲက စာအုပ္ဖတ္ တာ ဝါသနာပါေတာ့အၿမဲဖတ္ျဖစ္တယ္၊ ဒီဆိုင္ ကလဲ ကြၽန္ေတာ္ဝယ္ေနက်ပဲ အျခားေနရာေတြထက္ ပိုစုံလို႔ေလ ဒါမဲ့အစ္ကို ကိုေတာ့ ခုမွေတြ႕ဖူးတာ "

" ဟုတ္တယ္ အစ္ကိုဆိုင္ျပန္ထိုင္တာ၁ပတ္ေလာက္ပဲရွိေသးတယ္ေလ ခရီးထြက္ေနလို႔"

"ေအာ္ ဒါအစ္ကို႔ ဆိုင္လား "

"အင္းဟုတ္တယ္ အစ္ကိုကလဲစာအုပ္အရမ္း႐ူးတာေလ အဲေတာ့စာအုပ္ဆိုင္ဖြင့္ျဖစ္တာေပ့ါကြာ၊ ကဲညီေလးေအးေဆးၾကည့္ လိုတာရွိရင္ေျပာ "

" ဟုတ္ကဲ့ဗ် ၊ ဒါနဲ႔ဟိုေလ "

လွည့္ထြက္ဖို႔ျပင္ေနတဲ့ လူက ဟိန္းစကားေၾကာင့္ ျပန္လွည့္ၾကည့္လာၿပီး ...

"အင္းဘာမ်ားလိုလို႔လဲ "

"ထာဝရပုံေပ စာအုပ္ေလးေရာသိလားဗ် ဆရာမ အၾကင္နာမြန္ေရးထားတဲ့ စာအုပ္ပါ "

ဟိန္းသူသိခ်င္ေနေသာအရာေၾကာင့္ ေမးလိုက္မိျခင္းပင္ ၊ ဘာလို႔အဲလိုလုပ္လိုက္မိလဲသူ႔ကိုယ္သူအေျဖရွာမရခင္သူေမးၿပီးသားျဖစ္သြားေလၿပီ။သူ႔အေမးကို ထိုလူက ေသခ်ာစဥ္းစားေနဟန္

" အာ ထာဝရပုံေပ သိၿပီသိၿပီ ေတာ္ေတာ္ၾကာပီဆိုေတာ့ စဥ္းစားေနတာ အဲစာအုပ္က ပုံေပ ၿမိဳ႕
အေၾကာင္းကိုအေျခခံေရးထားတဲ့ အခ်စ္ဇာတ္ လမ္းမို႔လား "

" ဟုတ္တယ္ဗ် ၊ အစ္ကို ႀကိဳက္လားေမးၾကည့္တာပါ"

" အင္းႀကိဳက္ ... ႀကိဳက္ပါတယ္ အဲစာအုပ္ေလးလဲ ဖတ္ေကာင္းပါတယ္ "

ထိုလူဟာလဲ သူသိခ်င္ေနတဲ့အေျဖႏွင့္ထပ္တူ သိသြားသည္ထင္ပါရဲ႕ ၊ ' ဒါဆိုေအးေဆးၾကည့္ပါ' ဟုေျပာကာ ထြက္သြားသည္။

ဟိန္းလိုခ်င္တဲ့စာအုပ္ႏွင့္အတူအျခားစာအုပ္မ်ားပါ ဝယ္လ်က္အိမ္ျပန္လာခဲ့လိုက္ေတာ့သည္။ ကားေပၚတြင္ေတာ့ ကားေမာင္းရင္ ၿပဳံးစိၿပဳံးစိ
ျဖစ္ေနတာ စာအုပ္ ဆိုင္မွ ထြက္လာကတည္းပင္။ သူမျပန္ခင္ ထိုလူအားႏႈတ္ဆက္ေတာ့
ေနာက္လဲလာခဲ့ဖို႔ဖိတ္ေခၚရင္း နာမည္မိတ္ဆက္ ျဖစ္ခဲ့သည္။ ဘာတဲ့နာမည္က ' တည္တံ့ကို ' တဲ့ ။
သူမျပန္ခင္ ထိုလူေျပာသည့္စကားေၾကာင့္ အံ့ဩသင့္ခဲ့ရေသးသည္။ ' facebook acc အပ္လို႔ရမလားတဲ့ ' စာအုပ္အေၾကာင္းေတြမွ်ေဝလို႔ရတာေပါ့တဲ့ေလ ၊ ဟိန္းလဲ ခ်က္ခ်င္း
အေကာင့္ျပကာ အျပန္အလွန္အပ္ခဲ့လိုက္ေလ
သည္။

သူတို႔ႏွစ္ဦးၾကား က မျမင္ႏိုင္ေသာ အမွ်င္တန္းေလးမ်ားကေတာ့ စတင္၍ဆက္သြယ္ေနသေယာင္။ ထိုအမွ်င္တန္းတို႔က ဟိန္းအတြက္
ႏွစ္သစ္လက္ေဆာင္မ်ားျဖစ္ေနမည္လား.....။


          ****🌸🌸🌸*****

၁ႏွစ္အၾကာမွ ထပ္ေရာက္ျဖစ္ခဲ့ေသာ ကေလာၿမိဳ႕ေလးဟာ အရင္တိုင္းေအးခ်မ္းဆဲပင္ ....

ဒီတစ္ခါကေတာ့အရင္လို တစ္ေယာက္တစ္ကုတင္ဆီမဟုတ္ေတာ့ေပ ႏွစ္ေယာက္အိပ္ေမြ႕ယာ ထပ္ဝယ္ ရင္ခြင္ထဲမွာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနေသာ ေကာင္ေလးဟာ သူ႔ဘဝမွာရွိေနၿပီေလ။
ထိုက္က ခက္ကိုရင္ခြင္ထဲတြင္ တင္းၾကပ္စြာဖက္ထားသည္။ ခႏၶာကိုယ္အေပၚပိုင္းဗလာႏွင့္ ကေလးေလး ၏ နံနက္ခင္းကိုယ္သင္းနံ႔သည္ ႏူးညံ့ေမႊးႀကိဳင္သည္။ ထိုက္၏ စိတ္အား ၾကည္လင္ေစသည္။ ဘာရနံ႔မွ် ခႏၶာတာထက္ သုံးထားျခင္းမရွိပါေသာ္လည္း ခက္ ၏ ကိုယ္မွ ကိုယ္ပိုင္အနံ႔သင္းသင္းေလးရွိသည္။

ကေလာ၏ နံနက္ခင္းေလးကေအးစက္ႏိုင္ ေသာ္ညား ထိုက္တို႔၏ ဟိုတယ္အခန္းေလးကေတာ့ အခ်စ္တို႔ျဖစ္ေႏြးေထြးေနသည္။ အခန္းမွာ ပါေသာ အခန္းတြင္းအပူေပးစက္ ေၾကာင့္လည္းပါႏိုင္သည္။ အိပ္စက္ေနဆဲျဖစ္သည့္ ခက္၏ ပုခုံးျဖဴျဖဴေလး သူ႔လက္ခ်က္ေၾကာင့္နီရဲေနေသာအမွတ္ေလးမ်ားကိုမဆုံးသတ္ ႏိုင္ေသာ အနမ္းတို႔ကိုျဖန္႔က်ဲေနမိသည္။  ထိုအခါမွ

" ဝါးးး"

ရင္ခြင္ထဲကေန လက္ဆန္႔ေျခဆန္႔ျဖင့္ လႈပ္ကာ ႏိုးလာေနၿပီ....။ ထိုက္ လက္ဖက္ျဖင့္ေမြ႕ယာတြင္ ေထာက္ကာ စိုင္းခက္အားေငးၾကည့္ေနမိသည္။

"ဟင္ အကို ႏိုးေနတာၾကာပီလား "

"အင္းၾကာပီ ကိုယ့္ ခ်စ္မဝေလးကို ခ်စ္လို႔မဝသလို ၾကည့္လို႔မဝေသးလို႔ မထေသးပဲ ေငးေနတာေလ"

"အ့ ... အ့ "

႐ုတ္တရက္ႀကီးမ်က္ႏွာမဲ့စြာရက္ဘက္ကိုဖိ
လ်က္ ေအာ္ေသာစိုင္းခက္ေၾကာင့္ ထိုက္မွာျပာသြားေတာ့သည္။

" ဟာ ဘာျဖစ္တာလဲ ခက္ ... ကိုယ့္ကိုေျပာစမ္း "

ထိုက္ လွဲေနရာမွ ထထိုင္ကာ စိုးရိမ္တစ္ႀကီးေမးရေတာ့သည္။

" ဟီးဟီး အကို႔ အေျပာေတြေၾကာင့္ ဟက္ထိသြားတာေလ "

"ဟာကြာ ဒီေကာင္ေလးကေတာ့ကြာ စ စရာရွားလို႔ ကိုယ့္ကို စိတ္ပူေအာင္လို႔ "

" ဟီးဟီး "

" ရီမေနနဲ႔ အဆိုးေလး လာစမ္း "

"ဟားးဟားး ယားတယ္အကို ေၾကာက္ပါပီ
ေနာက္မစေတာ့ပါဘူး ဟားဟား "

အႀကီးကို လိုက္စေနသာ ထိုေကာင္ေလး၏ ပါးအားေမႊးၾကဴလိုက္ရင္း လွပေသာ နံနက္ခင္းကို အစပ်ိဳးေတာ့သည္။

ထိုေန႔က ေအးခ်မ္းလွေသာ ကေလာၿမိဳ႕တြင္
ဟိုတယ္တစ္ခု၏အိပ္ယာထက္ ခ်စ္ၾကည္ႏူးေနေသာ ေကာင္ေလးႏွစ္ေယာက္ရွိပါသည္။

ခ်စ္ျခင္းမ်ားထာဝစဥ္တည္ၿမဲေစသား။

         ****🌸🌸🌸*****
Emma ရဲ႕ပထမဆုံး fic ေလးကို ဒီမွာတင္အဆုံးသတ္ လိုက္ပါၿပီ ။ ပထမဆုံးေရးတာမို႔ လိုအပ္ခ်က္မ်ားရွိခဲ့လွ်င္နားလည္ေပးပါလို႔ေတာင္းဆိုပါရေစ ။ oc ကို အဆုံးထိလိုက္ခဲ့ေပးတဲ့ တစ္ေယာက္ ျခင္းဆီတိုင္းကို ေက်းဇူးအထူးပါ❤️

ဒါေလးပီးရင္ ေနာက္ထပ္ fic တစ္ခုလာဖို႔လဲရွိပါတယ္၊ အဲခါက်ရင္ လဲအားေပးၾကပါအုံးရွင္ ❤️ ။

Continue Reading

You'll Also Like

3.2M 261K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
22.1K 1K 15
အသက္​ကြာျခားေပမဲ့ အခ်စ္​ေတတူညီတဲ့ Singto နဲ႔ Krist တို႔အေၾကာင္​းကို ေရးဖြဲ႕ထားတာပါ ဂ်စ္​ကန္​ကန္​ေကာင္​ေလးေတ်ာက္​က လူေတ်ာက္​ေၾကာင္​့ ေျပာင္​းလဲလာခဲ့ပီ...
61K 3.3K 20
ဦးကိုက်န္ေတာ္ခ်စ္တယ္ က်န္ေတာ္ကိုျပန္ခ်စ္ပါ Wu yifan ငါမင္းကိုမခ်စ္ဘူးလို့ငါ့မွာလက္ထပ္ရမယ့့္လူရွိတယ္ Park Chanyeol
4.2K 436 15
Christmas story🎄[OFFGUN] ကိုယ္တို႔ရဲ႕ခနၶာကိုယ္က အနီးကပ္ဆံုးေနရာတစ္ခုထိ ေရာက္ရိွသြားတဲ့အခါ ေျခကိုစံုရပ္ၾကမယ္ ဒါမွမဟုတ္ ........ မင္းရဲ႕ဖိနပ္ေတြနဲ႔ ကိ...