α€›α€Šα€Ία€Έα€…α€¬α€Έβ€‹α€œα€±α€Έα€‘α€¬α€Έα€α€»α€„α€Ία€™α€­α€α€²α€·α€€α€»α€½α€”α€Ίβ€‹...

By Ice_berry_

665K 120K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-78

3.2K 628 35
By Ice_berry_

[Unicode]

ယွီချင့်ဟွမ် နှလုံးအိမ်အရူးအမူးခုန်ပေါက်နေသည်မှာ တစ်စုံတစ်ဦးက ဒရမ်တစ်ခုလာရောက်သွတ်သွင်းထားသကဲ့သို့ပင်။အရမ်းကိုခုန်နေတာမှ သူ့ရင်ဘတ်ကြီးထဲက အချိန်မရွေး ခုန်ထွက်လာတော့မည့်အလား။

သူနှုတ်ခမ်းများသပ်လျက် ဟော်ချွီ၏ နက်မှောင်တောက်ပနေသောအကြည့်များနှင့် ရင်ဆိုင်လိုက်စဉ် သူ့ခန္ဓာကိုယ်ထဲကအရက်တွေ ချက်ချင်းပဲအငွေ့ပြန်သွားရသည်။

“ငါ_ဒါတကယ်ပဲဘာမှမဟုတ်ဘူး မင်း_နားလည်မှုလွဲတာ...”

ဟော်ချွီမှာ ထိုကဲ့သို့သောကိစ္စရပ်များနှင့်ပတ်သက်ရင် လှည့်စားဖို့အလွန်ခက်ခဲတာ ဘာကြောင့်မှန်း သူနားမလည်နိုင်ပါပေ။ သမရိုးကျအချိန်တွေမှာဆို ဟော်ချွီနားမလည်တဲ့တစုံတရာ သူပြောလိုက်ရင် အနှီသူကရွေးနုတ်ပြီး မသိကျိုးကျွန်ပြုပစ်မည်သာ။

ဟော်ချွီ၏ ချွေးများဖြင့် ပူနွေးစွတ်စိုနေသောလက်ဖဝါးပြင်ကို ခံစားမိလိုက်စဉ် ယွီချင့်ဟွမ်တစ်ကိုယ်လုံးတောင့်တင်းသွားပြီး တခဏလေးတောင်စိတ်အေးလက်အေးနေဖို့မဝံ့ဖြစ်သွားရ၏။

"မဟုတ်ဘူး" ဟော်ချွီက တုံ့ဆိုင်းခြင်းမရှိ တုံ့ပြန်ပြောကြားလာသည်။ သူအကြည့်များက ယွီချင့်ဟွမ်အပေါ် စူးစိုက်ကျရောက်လျက်ရှိပြီး ဖြေးဖြေးဆိုလာသည်။

"မင်းသက်တောင့်သက်သာမဖြစ်ဘူး၊ ပိုသက်တောင့်သက်သာဖြစ်မယ့်နည်းလမ်း သေချာပေါက်ရှိကိုရှိရမယ်"

ခေတ္တရပ်တန့်သွားပြီးနောက် သူကခေါင်းကိုငုံ့လို့ ယွီချင့်ဟွမ်၏ညှပ်ရိုးလေးအား နမ်းလိုက်လျက်လိုက်ဖြင့် “ချင့်ဟွမ်၊ ကိုယ်ဘာလုပ်သင့်လဲ?”

အကြင်သူ၏ ပူနွေးစွတ်စိုနေသည့် အသက်ရှုငွေ့တွေက သူ့ခန္ဓာကိုယ်ပေါ်ကို တရစပ်ဖြန့်ကျက်လျက်ရှိပြီး
ယွီချင့်ဟွမ်အရေပြားပေါ်က ကြက်သီးမွှေးညှင်းလေးများကို ချက်ချင်းပဲထောင်ထလာ‌စေသည်။

ယွီချင့်ဟွမ်၏အသက်ရှူသံတွေမှာ တဖြည်းဖြည်းလေးလံလာလျက်ရှိပြီး သူ့နှလုံးအိမ်ထဲတွင် အပြင်းအထန်လွန်ဆွဲရုန်းကန်နေရ၏။

ဘာလုပ်ရမလဲ? သူဘာလုပ်သင့်သလဲ?
ဒီလိုနေ့ အနှေးနှင့်အမြန်ရောက်လာလိမ့်မည်ဆိုတာ သူမျှော်မှန်းထားပြီးဖြစ်သော်လည်း သူကိုယ်တိုင်က ဦးဆောင်လမ်းပြရလိမ့်မည်ကိုတော့ လုံးဝမထင်ထားခဲ့မိပါပေ။

သူလက်ကိုမြှောက်၍ မျက်လုံးများကိုဖုံးအုပ်လိုက်ကာ မျက်နှာမှနားရွက်အထိ တဖြည်းဖြည်းချင်းနီမြန်းလာသည်။

"ချင့်ဟွမ်” ဟော်ချွီဟာ ယွီချင့်ဟွမ်ကို သူ့ဆီကနေ အကြည့်များဖယ်ခွာခွင့်မပြုပါပေ။

ချင့်ဟွမ်ရဲ့လက်များကိုဖယ်ရှားရန် သူ၏လက်ကိုဆန့်ထုတ်လိုက်၏။ သူ့အကြည့်များ ချင့်ဟွမ်မျက်နှာဆီရောက်သွားသည်နှင့် ချက်ချင်းပဲမှင်သက်သွားရသည်။

ယွီချင့်ဟွမ်၏ အတန်ငယ်ဝိုင်းစက်တဲ့ မက်မွန်ပွင့်အသွင်မျက်ဝန်းများသည် အခုချိန်မှာ ရှက်ရွံ့မှုကြောင့် တဝက်တပျက်ပိတ်လို့နေလေ၏။

သူ၏ရှည်လျားထူထပ်သောမျက်တောင်များမှာ ဖွဖွလေးတုန်ယင်လှုပ်ခတ်နေပြီး ကြည်လင်တောက်ပနေတဲ့သူငယ်အိမ်တဝက်ကို ဖုံးအုပ်ထားပေမယ့် တလက်လက်တောက်ပကာ အရည်လဲ့နေတဲ့တစိတ်တဒေသကိုတော့ဖော်လှစ်ထားရှိဆဲ။

နွေးထွေးတဲ့အဝါရောင်အိပ်ရာဝင်မီးနှင့်အတူ သူဟာပို၍နူးနူးညံ့ညံ့လေးရှိနေကာ ညှို့ယူဖမ်းစားမှုအားကောင်းနေတော့သည်။

ဟော်ချွီ၏အသက်ရှုသံများ ရပ်တန့်သွားခဲ့ပြီး သူ၏နှလုံးအောက်ခြေမှ မီးတောက်တခုရုတ်တရက်ပေါက်ပွားလာကာ သူ့အသိစိတ်များကို မယုတ်မဆိုင်းလောင်ကျွမ်းပြာကျသွားစေတာကိုသာ ခံစားမိတော့သည်။

ဟော်ချွီလက်များ သူ့အပေါ်ဆုပ်ကိုင်ထားသည်မှာ အားပါသည်ထက်ပါလာတာကြောင့် ချင့်ဟွမ်မျက်မှောင်မကြုံ့မိဘဲမနေနိုင်ဖြစ်ရစဉ် အနှီသူက ရုတ်တရက်ခေါင်းငုံ့လာပြီး သူ့လည်ပင်းကို ရုတ်တရက်ကိုက်ခဲလာ၏!

ယွီချင့်ဟွမ်ရဲ့ခါးမှာနာကျင်မှုကြောင့် ကြွတက်လာပြီး ခံစားမှုကိုတုံ့ပြန်နေဆဲဖြစ်တဲ့ ခန္ဓာကိုယ်ဟာ ဟော်ချွီ ခန္ဓာကိုယ်နှင့် ချက်ချင်းပဲပိုလို့တောင်ပူးကပ်သွားသည်မှာ ရည်ရွယ်ချက်ရှိရှိ သူ့ကိုယ်သူ ထိုသူ့ထံအပ်နှင်းလိုက်သလိုပင်။ ထိုခဏတွင် သူ့မှာ ထိုကိစ္စကို အာရုံမထားနိုင်သေးလင့်ကစား။

“ဟော်ချွီ၊ မင်းကခွေးနှစ်မှာမွေးတာလား?"

ယွီချင့်ဟွမ်မှာ အသည်းအသန်ရှိုက်ငင်နေရင်း ဟော်ချွီမှ သူ့ညှပ်ရိုးကိုဆက်လက်ကိုက်ခဲနေစဉ် ဟော်ချွီရဲ့ဆံပင်ကိုဆွဲဆုပ်ကာ သူ့ခေါင်းကို အားကုန်သုံး၍ပင့်မပြီး ငေါက်ငမ်းလိုက်၏။ 

“ဒါမနာဘူးလို့မင်းထင်နေတယ်ပေါ့လေ ဟုတ်စ"

ဟော်ချွီမှ သူ၏စကားများကို မကြားသယောင်ပြုကာ ယွီချင့်ဟွမ်ညှပ်ရိုးတွင် သိသာထင်ရှားတဲ့ အနမ်းအမှတ်အသားများတခုပြီးတခု ချန်လှစ်ထားရှိနေသည်။

အကြင်သူကို သူအရမ်းကိုချစ်မြတ်နိုး၏။ ချစ်တာမှ ဘယ်လိုအသေအချာချစ်ပေးရမလဲဆိုတာကိုပင် မသိနားမလည်တော့ဟု ဆိုရလောက်အောင်ပင်။ ဤသူကို လုံးလုံးလျားလျား သူ့အပိုင်ဖြစ်လာအောင် ရသမျှနည်းပေါင်းစုံနဲ့ ဖန်တီးယူချင်သည်။

“ချင့်ဟွမ်” ဦးရေပြားပေါ်ကနာကျင်မှုက နောက်ဆုံးတွင် ဟော်ချွီအား ခေါင်းမော့လာစေသည်။ ယွီချင့်ဟွမ်ကိုမျက်လုံးနီနီဖြင့်ကြည့်ပြီး သူ၏အကြည့်များထဲက လိုအင်ဆန္ဒများကို ဖုံးကွယ်ထားလို့မရပါဘဲ ဖိပြောကြားလာ၏။

“မင်းအဲ့ဒါကိုဘယ်လိုလုပ်ချင်လဲ?”

ညှပ်ရိုးမှတစစ်စစ်နာကျင်မှုကြောင့် ယွီချင့်ဟွမ်မှာ အစတုန်းက အတော်လေးကျွဲမှီးတိုနေခဲ့သော်လည်း အလိုဆန္ဒများဖြင့်ပြည့်နှက်‌နေတဲ့ ဟော်ချွီ၏ မျက်ဝန်းတစ်စုံကို ရင်ဆိုင်မိသောအခိုက်အတန့်တွင် သူ့နှလုံးသားထဲကအမျက်ဒေါသများဟာ စက္ကန့်ပိုင်းလေးအတွင်း လုံးဝလွင့်စင်ပျောက်ကွယ်သွားခဲ့သည်။

ရှက်နေစရာဘာမှမရှိသလို ကြောက်နေစရာလည်းဘာမှမလိုအပ်ပါပေ။ ဤသူသည် အလွန်ကြင်နာတက်သည်။ မျက်ကန်းတောတိုးပြုမူတက်ရင်တောင်မှ သူ့အား မည်သည့်အခါမှ နာကျင်စေလိမ့်မည်မဟုတ်။ ထို့အပြင် သူတို့ဟာ ဟိုတယ်တွင်တည်းခိုနေကြတာဖြစ်ရုံသာမက အံဆွဲထဲတွင် ကွန်ဒုံးနှင့်ချောဆီနှစ်ခုစလုံးလည်း အရံသင့်ရှိနေ၏။

ယွီချင့်ဟွမ်သက်ပြင်းချရင်း ချွေးများဖြင့်ရွှဲနေသောဟော်ချွီမျက်နှာချောချောကိုထိတွေ့ကာ သူ၏ညာလက်မှာ ဟော်ချွီ၏ပခုံးကနေ တရွေ့ရွေ့ဆင်းသွားသည်။ နောက်ဆုံးမှာ ဟော်ချွီ၏လက်များကို ဆုပ်ကိုင်လိုက်မိသည်အထိ။ ပြီးရင် ထိုလက်ကို သူ၏ခါးဆီကနေ အောက်ပိုင်းကိုလမ်းပြခေါ်သွားခဲ့သည်။

“ဒီနေရာ ... ”

သူလက်ဖဝါးပြင်အောက်က ခံစားချက်မှာ လုံးဝန်းတင်းရင်းနေ၏။ ဟော်ချွီ၏စိတ်သည် စက္ကန့်အနည်းငယ်မျှ ဗလာသတ်သတ်ဖြစ်သွားခဲ့သည်၊ ထို့နောက် သူ၏မျက်လုံးများနီမြန်းလာပြီး ယွီချင့်ဟွမ်ကို မှောက်ခုံလှန်လိုက်သည်။

ယွီချင့်ဟွမ်မှာ မျက်လုံးများကိုပိတ်ထားပြီး သူ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ထားကာ အသံများတုန်နေသည်။

“အိပ်ရာဘေးကအံဆွဲဆီသွားပြီး ကွန်ဒုံးနဲ့ချောဆီကိုထုတ်လိုက်”

ထိုစကားလုံးအသုံးအနှုန်းများအပေါ် ဟော်ချွီ အရင့်အရင်ဘယ်တုန်းကမှ အာရုံမစူးစိုက်မိခဲ့သော်လည်း ဒီပစ္စည်းနှစ်ခုက အလွန်အရေးပါတယ်ဆိုတာကို သူသိနေခဲ့ကာ အိပ်ရာပေါ်မှ စွေ့ခနဲခုန်ဆင်းလိုက်သည်။ ယွီချင့်ဟွမ်၏ လမ်းညွှန်မှုအောက်တွင် ထိုပစ္စည်းများကို သူ့လက်ထဲယူဆောင်လိုက်နိုင်၏။

ဒါတွေကို ဘယ်လိုအသုံးချရမလဲဟု ခေါင်းမော့ပြီးမေးမလို့လုပ်စဉ်မှာ သူ့ဖုန်းက ရုတ်တရက်ထမြည်လာခဲ့သည်။ လေထုထဲရစ်ဝဲနေတဲ့ ဘာလိုလိုညာလိုလိုဒွိဟဖြစ်ဖွယ်အခြေအနေသည် ချက်ချင်းကိုပျက်ယွင်းသွားတော့သည်။

ဟော်ချွီမျက်နှာမှာ မည်းမှောင်သွားရပြီး ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ်အသံကို ရပ်တန့်ဖို့လက်ဆန့်လိုက်သည်။

“ဖုန်းကိုင်လိုက်ဦး” ယွီချင့်ဟွမ်မှာ သူ့ကိုယ်ပေါ် စောင်ဆွဲယူ၍အုပ်ထားလိုက်ပြီး ခေါင်းလှည့်၍ ဟော်ချွီကိုပြောလိုက်သည်။ ဟော်ချွီသည် လက်ထဲကထိုအရာများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး မလှုပ်ပေ။

“ဟော်ချွီ” ယွီချင့်ဟွမ်က နောက်တခွန်း ထပ်မံခေါ်လိုက်သည်။

ဟော်ချွီ၏ မျက်တောင်များလှုပ်ခတ်သွားသော်လည်း မလှုပ်မရှက်ရှိနေဆဲ။ ယွီချင့်ဟွမ် သူ့ကို တတိယအကြိမ်ခေါ်တော့မလိုလုပ်စဉ်မှ နောက်ဆုံးမှာ ဖုန်းကိုင်ရန်လက်ဆန့်ထုတ်လာပြီး ဖုန်းဖြေဆိုတဲ့ခလုတ်ကို စိတ်ဆိုးတကြီးဖိနှိုပ်လိုက်သည်။ သူ့ကိုလည်း မတရားသဖြင့်ခံရသည်ဟူသော အကြည့်ဖြင့်မမေ့မလျော့ကြည့်လာ၏။

“ပရော်ဖက်ဆာဟော်” တယ်လီဖုန်း၏အခြားတဖက်ကနေ ကြက်တကောင်ခိုးယူနိုင်ခဲ့သော မြွေပါပုံပေါ်နေလေသော ဌာနမှူး၏တက်ကြွလှုပ်ရှားနေသော အသံကိုကြားလိုက်ရသည်။

“ဌာနကိုခုချက်ချင်းပြန်လာခဲ့ပါဦး၊ မင်းကိုအရေးတကြီးပြောပြစရာရှိတယ်”

ခေတ္တရပ်တန့်သွားပြီးနောက် သူကအလေးအနက်ထပ်ဖြည့်ပြောကြားခဲ့သည်။ “အခုချက်ချင်းလာပြောတာနော်!”

ဟော်ချွီမှာ နှုတ်ခမ်းများကို တင်းတင်းစေ့ပိတ်လိုက်ကာ အသံများအေးစက်နေပြီး “အခုပဲပြောပြလို့ရပါတယ်"

“အာလာ” ဌာနမှုးက သူ့ပေါင်သူရိုက်ရင်း ဆက်ပြောသည်။ “ဖုန်းထဲမှာပြောလို့မဖြစ်ဘူး!"

ခေတ္တတန့်သွားပြီးနောက် သူ၏အသံမှာ အလွန်အလေးအနက်ရှိလာ၏။

“ဒီကိစ္စက မင်းတို့အသင်းအဖွဲ့တစ်ခုလုံးအတွက် အရမ်းအရေးကြီးတယ်၊ ပရော်ဖက်ဆာဟော် မင်းကိုယ်တိုင်လာမှရမယ်”

ဟော်ချွီမှာ ယွီချင့်ဟွမ်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ သူချစ်မြတ်နိုးရသူသည် သူ့ကိုအိပ်ရာထဲက စောင့်ဆိုင်းနေသည်။ ဖုန်းလေးသာချလိုက်တာနှင့် ဘယ်အရာကမှ သူတို့ကိုအနှောင့်အယှက်ပြုနိုင်မှာမဟုတ်တော့။ သူ၏လက်ချောင်းများရွေ့လျားသွားပြီး ဖုန်းစခရင်ပေါ်နှိပ်တော့မည့်ဆဲဆဲ ရုတ်တရက်လက်ကိုပြန်မလိုက်သည်။

သို့ရာတွင် ချင့်ဟွမ်အရင်ကပြောခဲ့ဖူးသည်။ တာဝန်ယူစိတ် တာဝန်ခံစိတ်မရှိတဲ့သူတွေကို မုန်းတယ်ဟူ၍။ ဤအခိုက်အတန့်တွင် အနှီလူကို သူအရမ်းကိုလိုချင်တပ်မက်နေရင်တောင်မှ ချင့်ဟွမ် မုန်းသောလူတစ်ယောက်ပုံစံကဲ့သို့ ပြုမူဖို့မသင့်ပါပေ။

ဟော်ချွီမှာ မျက်လွှာချရင်း အသံနက်နက်ဖြင့် အဖြေပြန်ပေးလိုက်သည်။ “ကောင်းပါပြီ ”

ဖုန်းကိုချလိုက်ပြီး အိပ်ရာပေါ်တက်သွားကာ ယွီချင့်ဟွမ်ကို သူဖက်ထားလိုက်သည်။ ထိုသူ၏လည်တိုင်တွင် သူ့ခေါင်းလေးကိုမြှပ်နှံထားလိုက်၏။ သူတကိုယ်လုံးမှာ မကျေမချမ်းဖြစ်မှုတွေဖြင့် ဖုံးလွှမ်းပြည့်နှက်နေတော့သည်။

"ကောင်းပါပြီ ကောင်းပါပြီ" ယွီချင့်ဟွမ်မှာ သူ့ဆီကနေပဲ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ နားလည်သဘောပေါက်လိုက်ရသည်။ ထိုသူအား အခုချိန် ဒီလိုလေးမြင်ရတော့ သူ့မှာစိတ်ထဲလည်းမကောင်း အားတုံ့အားနာလည်းဖြစ်ရ၏။

"ကိစ္စပြီးတာနဲ့ပြန်လာခဲ့ ဝမ်းနည်းမနေပါနဲ့တော့"

ဟော်ချွီက ဘာစကားမှမဆိုပေ။ သူ့သွားများမှာ ယွီချင့်ဟွမ်လည်တိုင်က အရေပြားပါးပါးလွှာလွှာလေးကို ကြိတ်‌ချေနေကာ စိတ်အခြေအနေအလွန်မကောင်းဖြစ်နေပုံပေါ်သည်။

ယွီချင့်ဟွမ်မှ သူ့ဆံပင်လေးတွေကိုပင့်တင်ပြီး ခေါင်းလှည့်၍ သူ့နဖူးလေးကိုနမ်းလိုက်ကာ တိုးဖွဖွလေးဆိုလိုက်သည်။

"ပရော်ဖက်ဆာဟော် ငါမင်းကို ပိုပိုတိုးပြီးချစ်လာတယ်လို့ ရှာဖွေတွေ့ရှိလာရတယ်"

ဟော်ချွီ၏ လှုပ်ရှားမှုတွေရပ်တန့်သွားပြီး မယုံနိုင်သလိုခေါင်းကိုမော့လာကာ ယွီချင့်ဟွမ်ကို မျက်လုံးအပြူးသား စိုက်ကြည့်နေ၏။

ယွီချင့်ဟွမ် ဆက်ပြောသည်။

“အရင်ကမင်းသာဆို ဘယ်နိုင်ငံရောက်နေပါစေဦးတော့ အပြေးပြန်ချလာမှာ၊ ဒါပေမယ့် အခုချိန်မှာ မင်းကိုယ်မင်းထိန်းချုပ်ထားနိုင်ပြီ၊ အဖွဲ့တစ်ခုလုံးအတွက် တာဝန်အပြည့်ယူထားနိုင်နေပြီ"

ဟော်ချွီ၏ နက်မှောင်သောမျက်လုံးထဲမှာ ပျော်ရွှင်မှုမီးတောက်လေး ဖြည်းညှင်းစွာတောက်ပလာသည်။

ယွီချင့်ဟွမ် အပြုံးဖြင့်ဆက်ပြောသည်။
“သွား၊ ငါမင်းပြန်အလာကိုစောင့်နေမယ်”

ဟော်ချွီသည် တခဏလောက်စဉ်းစားခန်းဖွင့်နေပြီးမှ နောက်ဆုံးမှာ တဖြည်းဖြည်းခေါင်းညိတ်ပြလာ၏။

အရင်ရက်တွေတုန်းက ယွီရှင်းမှာ ယွီချင့်ဟွမ်အတွက် အရင်းအမြစ်များ ရှာဖွေလေ့လာနေသဖြင့်
ရိုက်ကွင်းနေရာမှာမရှိပါပေ။ မနေ့မှစ၍ The Line of Life and Death ၏ Box's office မှာ ယွမ် ၄.၅ ဘီလီယံကျော်သွားလေပြီဖြစ်ကာ ယွီချင့်ဟွမ်မှာ လတ်တလောလျှမ်းလျှမ်းတောက်နာမည်ကြီးနေတာမို့ တက္ကစီစီးပြီး ဟော်ချွီကိုပြန်လိုက်ပို့လို့မရပါပေ။

အဆုံးသတ်မှာ သူရွေးချယ်စရာမရှိတော့ဘဲ ဟော်မိသားစုယာဉ်မောင်းကိုသာ လှမ်းခေါ်လိုက်ရတော့သည်။

သူ့အား မခွဲနိုင်မခွာရက်နှုတ်ဆက်ပြီး ခြေလှမ်းသုံးလှမ်းလှမ်းပြီးတိုင်း လည်ပြန်တကြည့်ကြည့်ဖြစ်နေသော ဟော်ချွီ၏ပုံရိပ်ကိုကြည့်၍ ယွီချင့်ဟွမ် နှလုံးသားလေးမှာ ချိုမြိန်မှု ခါးသက်မှုတို့ကို တချိန်တည်းခံစားလာရသည်။ ဟော်ချွီကို ရိုက်ကူးရေးနေရာမှအထွက်ထိ လိုက်ပို့ပေးပြီးတာနှင့် သူပြန်လာခဲ့လိုက်၏။

ဟော်ချွီမှာ သုတေသနဌာနသို့ ရောက်သွားခဲ့သော်လည်း စိတ်မပျော်မရွှင်ရှိနေဆဲဖြစ်ကာ သူ၏မျက်နှာအမူအရာမှာ ပိုမိုအေးစက်နေသည်။ ကံကောင်းထောက်မစွာဖြင့် အပြင်လောကအတွက် သူ့ထံတွင် ထိုကဲ့သို့သောပုံရိပ်ပဲအမြဲရှိလေရာ ဌာနမှူးဖြစ်သူသည် သူ၏မူမမှန်မှုကို လုံးဝသတိမမူမိခဲ့ပေ။

ရုံးခန်းတံခါးကိုတင်းတင်းပိတ်ပြီးတဲ့နောက် ဌာနမှူးဖြစ်သူရဲ့အကြည့်များက ဟော်ချွီအပေါ် ကျရောက်လာသည်။

“ပရော်ဖက်ဆာဟော်၊ ဒီနှစ်  နိုဘယ်ဆုချီးမြှင်တဲ့ကော်မတီမှာ ငါ့ရဲ့မိတ်ဆွေတစ်ယောက်ရှိတယ်၊ အဲ့ဒါမနေ့တုန်းက သူ့ငါ့ကိုသတင်းထူးလေးတစ်ခု ထုတ်ပြောပြလာခဲ့တယ်”

သူ့လက်များကို လက်သီးအဖြစ် ကျစ်ကျစ်ဆုပ်ထားပြီး သူ၏မျက်နှာတပြင်လုံးမှာ စိတ်လှုပ်ရှားမှုနှင့်အတူ နီမြန်းနေသည်။

“ပရော်ဖက်ဆာဟော်၊ မင်းက ဒီနှစ်ရဲ့ နိုဘယ်ဆုအတွက် နာမည်ပြေးနေတယ်တဲ့”

ဟော်ချွီမှ အေးခဲသွားသည်။ သုတေသနပညာရှင်တစ်ယောက်အနေဖြင့် နိုဘယ်ဆုဆိုတာ သူအပါအဝင် လူတိုင်းရဲ့မျက်လုံးထဲမှာ တန်ဖိုးအထားရဆုံး အမျှော်လင့်အတောင့်တဆုံးအရာတခုဖြစ်လေသည်။

သူတစ်ခါတုန်းကပြောခဲ့ဖူးသည်။ သူစင်မြင့်ပေါ်တက်နိုင်တဲ့အချိန်တနေ့ရောက်ရင် ချင့်ဟွမ်ကို လူအုပ်ကြားထဲကနေ သူ့အားကြည့်နေစေလိုတယ်ဟူ၍။ ထိုအတွက်လည်း သူအပတ်တကုပ်အားထုတ်ကြိုးပမ်းခဲ့သည်။ သို့ပေမယ့် သူဘယ်လိုမှမမျှော်မှန်းထားတာက ‌တနေ့မှာ ဒီလိုအမြင့်မားဆုံးဆုတစ်ဆုကို သူချဉ်းကပ်နိုင်လိမ့်မည်ဆိုတာပင်။

အကယ်၍ ... အကယ်၍များ သူ ဒီဆုကို အမှန်တကယ်ဆွတ်ခူးနိုင်ခဲ့သည်ရှိသော်... ဟော်ချွီရဲ့အသက်ရှုသံတွေမှာ ကမောက်ကမဖြစ်လာခဲ့သည်။

ဒီလိုသာဆို သူ့ကိုယ်သူသက်သေပြနိုင်ရုံသာမက အရေးအကြီးဆုံးအချက်က အမြင့်မားဆုံးဂုဏ်ကျက်သရေကိုပါ ချင့်ဟွမ်နှင့်အတူတူမျှဝေနိုင်မှာဖြစ်၏။

“ဒါပေမယ့် မင်း အလုပ်ကိုပြန်လာဖို့လိုလိမ့်မယ်”
ဌာနမှူးက ခေါင်းစဉ်ပြောင်းပြီး ဟော်ချွီအားဆိုလာသည်။

“နောက်ဆုံးရလဒ်ကဘာပဲဖြစ်ပါစေ အဲ့ဒီအတွက် ဘယ်နည်းနဲ့မဆို ငါတို့ကြိုးစားလုပ်ဆောင်ဖို့သင့်တယ်”

“ကျွန်တော်နားလည်ပါပြီ” ဒီတစ်ကြိမ်မှာတော့ ဟော်ချွီက တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လို့ ချက်ချင်းပဲသဘောတူခဲ့သည်။

ဟော်ချွီ အလုပ်ပြန်ဝင်သွားသည်ကိုသိရတော့ ယွီချင့်ဟွမ် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ တစုံတခုဖြစ်ပျက်ခဲ့သည်ကို သူ၏ပင်ကိုယ်သိစိတ်အရ ခံစားသိရှိနေပေမယ့် ဟော်ချွီက ပါးစပ်ကိုလုံနေအောင်ပိတ်ထားပြီး ဘာတခုမှထုတ်ဖေါ်ပြောဆိုဖို့ငြင်းဆန်ကာ စက်တင်ဘာမတိုင်မီ သူအလုပ်အရမ်းများလိမ့်မည်ဟုသာ ဆိုလာခဲ့သည်။

သို့နှင့် ယွီချင့်ဟွမ်လည်း များများစားစားတွေးမနေတော့ပေ။ ဟော်ချွီ၏အလုပ်က သမရိုးကျမဟုတ်ဘဲ လျှို့ဝှက်ရမယ့်ကိစ္စတွေရှိနေမှတော့ ရိုက်ကူးရေးနေရာမှာ ဆက်နေလို့မရတော့။

How to Love You ရိုက်ကူးနေစဉ်အတွင်း ဇာတ်လမ်းအသွားအလာပေါက်ကြားခြင်းမှ ကာကွယ်ရန်အလို့ငှာ အလုံးစုံလျှို့ဝှက်ထားရ၏။ လျိုကျားအန့်မှာ ရုပ်ရှင်အဖွဲ့၀င်တိုင်းကို အလွန်တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသည်။

အကယ်၍ ဟော်ချွီမှ နေ့တိုင်းလိုလို ရိုက်ကူးရေးကိုအဝင်အထွက်လုပ်နေပြီး သတင်းထောက်များဆီက သတိပြုပစ်မှတ်ထားခြင်းခံရပါက ပြသနာအကြီးအကျယ်ဖြစ်လာလိမ့်မည်ပင်။

တခြားရွေးချယ်စရာမရှိတော့ဘဲ ဟော်ချွီသည် သူ၏ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းပြီး ရုပ်ရှင်အဖွဲ့မှထွက်ခွာခဲ့ရသည်။ ဒီတစ်‌ခေါက် သူဟာ တွန့်ဆုတ်နေမြဲဖြစ်ပေမယ့် ယွီချင့်ဟွမ်ကို အချိန်အကြာကြီးဖက်ထားပြီး ပြန်မလွှတ်ပေမယ့် မကျေမနပ်ညည်းတွားသံတလုံးတလေမှ ထွက်မလာပါပေ။

စစ်ချီတက်မည့်စစ်သားတယောက်ကဲ့သို့ သူ့အား မည်သည့်ကံကြမ္မာက စောင့်ဆိုင်းနေသည်ကို မသိသော်လည်း တုံ့ဆိုင်းခြင်းမရှိ ရှေ့ဆက်လှမ်းမည်သာ။

ယွီချင့်ဟွမ်မှာ ဟော်ချွီကျောပြင်ကို စိုက်ကြည့်နေရင်း သူ့လက်ထဲကအနွေးဓါ‌တ်လေး တဖြည်းဖြည်းပျောက်ကွယ်သွားတာကို ခံစားလိုက်ရသည်။ သူ့စိတ်ထဲ အချိန်အတော်ကြာရှိနေခဲ့သည့်စိတ်ကူးတခုက ယခုအချိန်မှာ ပို၍ရှင်းလင်းပြတ်သားလာ၏။

ထို့ကြောင့် နောက်ဆုံး ရိုက်ကွင်းနေရာကို ယွီရှင်းရောက်လာပြီး ချင့်ဟွမ်ကို သူမကြာမီက လက်ခံရရှိထားခဲ့တဲ့ဇာတ်ညွှန်းများကိုပြသတော့မလိုရှိစဉ် ယွီချင့်ဟွမ်က ရုတ်တရက်သူ့ကိုပြောလိုက်သည်။

“ကော ကျွန်‌တော် ကားမောင်းသင်ချင်တယ်"

ယွီရှင်းရဲ့မျက်ခုံးများ ချက်ချင်းပဲတွန့်ချိုးသွားရသည်။ “Kenn ဘက်က တောင်းဆိုလာတာလား?”

ယွီချင့်ဟွမ်၏ ကားမောင်းအကြောက်လွန်ရောဂါနှင့်ပတ်သက်၍ မည်သူတစ်ဦးကမှ သူ့ထက်ပိုရှင်းရှင်းလင်းလင်းခြင်းသိရှိခြင်းမရှိခဲ့။

ချင့်ဟွမ်မိဘများသေဆုံးမှုသည် ဤလူငယ်လေး၏ နှလုံးသားထဲတွင် စိတ်ဒဏ်ရာဒဏ်ချက်အရိပ်ဆိုးကြီးတစ်ခုအဖြစ် အမြဲရှိနေခဲ့ရာ သူသည် ကားစတီယာရင်ကိုပင် ထိတွေ့ရန် တခါလေးမှမဝံ့ခဲ့။

ထိုနှစ်ကယာဉ်မောင်းကဲ့သို့ တူညီသောအမှားကျူးလွန်မိပြီး တပါးမိသားစုများအပေါ်သို့ ဘေးကပ်ဆိုးများယူငင်လာမိမည်ကို သူစိုးထိတ်လေသည်။

ထိုအကြောက်တရားက သူအထီးကျန်အဖော်မဲ့တဲ့နေ့ရက်တွေမှာ သူ့စိတ်အာရုံထဲစွဲထင်နေတဲ့ အလိုအလျောက်တုံ့ပြန်မှုတစ်ခုဖြစ်လာပြီး ထိတွေ့မှုလေးတခုတည်းနှင့် သူက ပြင်းပြင်းထန်ထန်တုံ့ပြန်နာကျင်တတ်၏။

တစ်ခါတုန်းက ကျောက်ချင်းယွမ်က သူ့အားစနောက်ပြီး ယာဉ်မောင်းခုံပေါ်သို့ မတော်တဆတွန်းပို့ခဲ့သည်။ ချင့်ဟွမ်၏မျက်နှာ ချက်ချင်းပဲသေမတတ်ဖြူလျော်သွားတာကို ယွီရှင်းမြင်တွေ့ခဲ့ရ၏။

“ငါသူတို့ကိုပြောပြလိုက်မယ်! မင်းကားမောင်းလို့မဖြစ်ဘူးဆိုတာ"

“မဟုတ်ဘူး” ယွီချင့်ဟွမ် ခေါင်းခါလိုက်သည်။
“ကျွန်တော့်ဘာသာ ကျွန်တော်သင်ချင်တာ”

သူကားမောင်းတက်သွားတာနှင့် သူ့အချိန်ကိုအားလပ်‌အောင်ညှိယူပြီး ဟော်ချွီဆီသို့ သွားရောက်လည်ပတ်နိုင်မည်ဖြစ်ကာ သူတို့လမ်းခွဲနှုတ်ဆက်တဲ့အခါတိုင်း ဟော်ချွီကို ကိုယ်တိုင်ကိုယ်ကျပြန်လိုက်ပို့နိုင်မှာဖြစ်၏။

ခက်ခဲကောင်းခက်ခဲနိုင်တောင်မှ ဟော်ချွီက သူ့အတွက် အိမ်အပြန်လမ်းရှာနိုင်ရင် သူကလည်း ဟော်ချွီအတွက် ကားမောင်းသင်ယူနိုင်ရမည်ပင်။

****************

[Zawgyi]

ယြီခ်င့္ဟြမ္ ႏွလုံးအိမ္အ႐ူးအမူးခုန္ေပါက္ေနသည္မွာ တစ္စုံတစ္ဦးက ဒရမ္တစ္ခုလာေရာက္သြတ္သြင္းထားသကဲ့သို႔ပင္။အရမ္းကိုခုန္ေနတာမွ သူ႔ရင္ဘတ္ႀကီးထဲက အခ်ိန္မေ႐ြး ခုန္ထြက္လာေတာ့မည့္အလား။

သူႏႈတ္ခမ္းမ်ားသပ္လ်က္ ေဟာ္ခြၽီ၏ နက္ေမွာင္ေတာက္ပေနေသာအၾကည့္မ်ားႏွင့္ ရင္ဆိုင္လိုက္စဥ္ သူ႔ခႏၶာကိုယ္ထဲကအရက္ေတြ ခ်က္ခ်င္းပဲအေငြ႕ျပန္သြားရသည္။

“ငါ_ဒါတကယ္ပဲဘာမွမဟုတ္ဘူး မင္း_နားလည္မႈလြဲတာ...”

ေဟာ္ခြၽီမွာ ထိုကဲ့သို႔ေသာကိစၥရပ္မ်ားႏွင့္ပတ္သက္ရင္ လွည့္စားဖို႔အလြန္ခက္ခဲတာ ဘာေၾကာင့္မွန္း သူနားမလည္ႏိုင္ပါေပ။ သမ႐ိုးက်အခ်ိန္ေတြမွာဆို ေဟာ္ခြၽီနားမလည္တဲ့တစုံတရာ သူေျပာလိုက္ရင္ အႏွီသူကေ႐ြးႏုတ္ၿပီး မသိက်ိဳးကြၽန္ျပဳပစ္မည္သာ။

ေဟာ္ခြၽီ၏ ေခြၽးမ်ားျဖင့္ ပူေႏြးစြတ္စိုေနေသာလက္ဖဝါးျပင္ကို ခံစားမိလိုက္စဥ္ ယြီခ်င့္ဟြမ္တစ္ကိုယ္လုံးေတာင့္တင္းသြားၿပီး တခဏေလးေတာင္စိတ္ေအးလက္ေအးေနဖို႔မဝံ့ျဖစ္သြားရ၏။

"မဟုတ္ဘူး" ေဟာ္ခြၽီက တုံ႔ဆိုင္းျခင္းမရွိ တုံ႔ျပန္ေျပာၾကားလာသည္။ သူအၾကည့္မ်ားက ယြီခ်င့္ဟြမ္အေပၚ စူးစိုက္က်ေရာက္လ်က္ရွိၿပီး ေျဖးေျဖးဆိုလာသည္။

"မင္းသက္ေတာင့္သက္သာမျဖစ္ဘူး၊ ပိုသက္ေတာင့္သက္သာျဖစ္မယ့္နည္းလမ္း ေသခ်ာေပါက္ရွိကိုရွိရမယ္"

ေခတၱရပ္တန္႔သြားၿပီးေနာက္ သူကေခါင္းကိုငုံ႔လို႔ ယြီခ်င့္ဟြမ္၏ညႇပ္႐ိုးေလးအား နမ္းလိုက္လ်က္လိုက္ျဖင့္ “ခ်င့္ဟြမ္၊ ကိုယ္ဘာလုပ္သင့္လဲ?”

အၾကင္သူ၏ ပူေႏြးစြတ္စိုေနသည့္ အသက္ရႈေငြ႕ေတြက သူ႔ခႏၶာကိုယ္ေပၚကို တရစပ္ျဖန႔္က်က္လ်က္ရွိၿပီး
ယြီခ်င့္ဟြမ္အေရျပားေပၚက ၾကက္သီးေမႊးညႇင္းေလးမ်ားကို ခ်က္ခ်င္းပဲေထာင္ထလာ‌ေစသည္။

ယြီခ်င့္ဟြမ္၏အသက္ရႉသံေတြမွာ တျဖည္းျဖည္းေလးလံလာလ်က္ရွိၿပီး သူ႔ႏွလုံးအိမ္ထဲတြင္ အျပင္းအထန္လြန္ဆြဲ႐ုန္းကန္ေနရ၏။

ဘာလုပ္ရမလဲ? သူဘာလုပ္သင့္သလဲ?
ဒီလိုေန႔ အေႏွးႏွင့္အျမန္ေရာက္လာလိမ့္မည္ဆိုတာ သူေမွ်ာ္မွန္းထားၿပီးျဖစ္ေသာ္လည္း သူကိုယ္တိုင္က ဦးေဆာင္လမ္းျပရလိမ့္မည္ကိုေတာ့ လုံးဝမထင္ထားခဲ့မိပါေပ။

သူလက္ကိုေျမႇာက္၍ မ်က္လုံးမ်ားကိုဖုံးအုပ္လိုက္ကာ မ်က္ႏွာမွနား႐ြက္အထိ တျဖည္းျဖည္းခ်င္းနီျမန္းလာသည္။

"ခ်င့္ဟြမ္” ေဟာ္ခြၽီဟာ ယြီခ်င့္ဟြမ္ကို သူ႔ဆီကေန အၾကည့္မ်ားဖယ္ခြာခြင့္မျပဳပါေပ။

ခ်င့္ဟြမ္ရဲ႕လက္မ်ားကိုဖယ္ရွားရန္ သူ၏လက္ကိုဆန႔္ထုတ္လိုက္၏။ သူ႔အၾကည့္မ်ား ခ်င့္ဟြမ္မ်က္ႏွာဆီေရာက္သြားသည္ႏွင့္ ခ်က္ခ်င္းပဲမွင္သက္သြားရသည္။

ယြီခ်င့္ဟြမ္၏ အတန္ငယ္ဝိုင္းစက္တဲ့ မက္မြန္ပြင့္အသြင္မ်က္ဝန္းမ်ားသည္ အခုခ်ိန္မွာ ရွက္႐ြံ႕မႈေၾကာင့္ တဝက္တပ်က္ပိတ္လို႔ေနေလ၏။

သူ၏ရွည္လ်ားထူထပ္ေသာမ်က္ေတာင္မ်ားမွာ ဖြဖြေလးတုန္ယင္လႈပ္ခတ္ေနၿပီး ၾကည္လင္ေတာက္ပေနတဲ့သူငယ္အိမ္တဝက္ကို ဖုံးအုပ္ထားေပမယ့္ တလက္လက္ေတာက္ပကာ အရည္လဲ့ေနတဲ့တစိတ္တေဒသကိုေတာ့ေဖာ္လွစ္ထားရွိဆဲ။

ေႏြးေထြးတဲ့အဝါေရာင္အိပ္ရာဝင္မီးႏွင့္အတူ သူဟာပို၍ႏူးႏူးညံ့ညံ့ေလးရွိေနကာ ညႇိဳ႕ယူဖမ္းစားမႈအားေကာင္းေနေတာ့သည္။

ေဟာ္ခြၽီ၏အသက္ရႈသံမ်ား ရပ္တန႔္သြားခဲ့ၿပီး သူ၏ႏွလုံးေအာက္ေျခမွ မီးေတာက္တခု႐ုတ္တရက္ေပါက္ပြားလာကာ သူ႔အသိစိတ္မ်ားကို မယုတ္မဆိုင္းေလာင္ကြၽမ္းျပာက်သြားေစတာကိုသာ ခံစားမိေတာ့သည္။

ေဟာ္ခြၽီလက္မ်ား သူ႔အေပၚဆုပ္ကိုင္ထားသည္မွာ အားပါသည္ထက္ပါလာတာေၾကာင့္ ခ်င့္ဟြမ္မ်က္ေမွာင္မႀကဳံ႕မိဘဲမေနႏိုင္ျဖစ္ရစဥ္ အႏွီသူက ႐ုတ္တရက္ေခါင္းငုံ႔လာၿပီး သူ႔လည္ပင္းကို ႐ုတ္တရက္ကိုက္ခဲလာ၏!

ယြီခ်င့္ဟြမ္ရဲ႕ခါးမွာနာက်င္မႈေၾကာင့္ ႂကြတက္လာၿပီး ခံစားမႈကိုတုံ႔ျပန္ေနဆဲျဖစ္တဲ့ ခႏၶာကိုယ္ဟာ ေဟာ္ခြၽီ ခႏၶာကိုယ္ႏွင့္ ခ်က္ခ်င္းပဲပိုလို႔ေတာင္ပူးကပ္သြားသည္မွာ ရည္႐ြယ္ခ်က္ရွိရွိ သူ႔ကိုယ္သူ ထိုသူ႔ထံအပ္ႏွင္းလိုက္သလိုပင္။ ထိုခဏတြင္ သူ႔မွာ ထိုကိစၥကို အာ႐ုံမထားႏိုင္ေသးလင့္ကစား။

“ေဟာ္ခြၽီ၊ မင္းကေခြးႏွစ္မွာေမြးတာလား?"

ယြီခ်င့္ဟြမ္မွာ အသည္းအသန္ရႈိက္ငင္ေနရင္း ေဟာ္ခြၽီမွ သူ႔ညႇပ္႐ိုးကိုဆက္လက္ကိုက္ခဲေနစဥ္ ေဟာ္ခြၽီရဲ႕ဆံပင္ကိုဆြဲဆုပ္ကာ သူ႔ေခါင္းကို အားကုန္သုံး၍ပင့္မၿပီး ေငါက္ငမ္းလိုက္၏။ 

“ဒါမနာဘူးလို႔မင္းထင္ေနတယ္ေပါ့ေလ ဟုတ္စ"

ေဟာ္ခြၽီမွ သူ၏စကားမ်ားကို မၾကားသေယာင္ျပဳကာ ယြီခ်င့္ဟြမ္ညႇပ္႐ိုးတြင္ သိသာထင္ရွားတဲ့ အနမ္းအမွတ္အသားမ်ားတခုၿပီးတခု ခ်န္လွစ္ထားရွိေနသည္။

အၾကင္သူကို သူအရမ္းကိုခ်စ္ျမတ္ႏိုး၏။ ခ်စ္တာမွ ဘယ္လိုအေသအခ်ာခ်စ္ေပးရမလဲဆိုတာကိုပင္ မသိနားမလည္ေတာ့ဟု ဆိုရေလာက္ေအာင္ပင္။ ဤသူကို လုံးလုံးလ်ားလ်ား သူ႔အပိုင္ျဖစ္လာေအာင္ ရသမွ်နည္းေပါင္းစုံနဲ႔ ဖန္တီးယူခ်င္သည္။

“ခ်င့္ဟြမ္” ဦးေရျပားေပၚကနာက်င္မႈက ေနာက္ဆုံးတြင္ ေဟာ္ခြၽီအား ေခါင္းေမာ့လာေစသည္။ ယြီခ်င့္ဟြမ္ကိုမ်က္လုံးနီနီျဖင့္ၾကည့္ၿပီး သူ၏အၾကည့္မ်ားထဲက လိုအင္ဆႏၵမ်ားကို ဖုံးကြယ္ထားလို႔မရပါဘဲ ဖိေျပာၾကားလာ၏။

“မင္းအဲ့ဒါကိုဘယ္လိုလုပ္ခ်င္လဲ?”

ညႇပ္႐ိုးမွတစစ္စစ္နာက်င္မႈေၾကာင့္ ယြီခ်င့္ဟြမ္မွာ အစတုန္းက အေတာ္ေလးကြၽဲမွီးတိုေနခဲ့ေသာ္လည္း အလိုဆႏၵမ်ားျဖင့္ျပည့္ႏွက္‌ေနတဲ့ ေဟာ္ခြၽီ၏ မ်က္ဝန္းတစ္စုံကို ရင္ဆိုင္မိေသာအခိုက္အတန္႔တြင္ သူ႔ႏွလုံးသားထဲကအမ်က္ေဒါသမ်ားဟာ စကၠန႔္ပိုင္းေလးအတြင္း လုံးဝလြင့္စင္ေပ်ာက္ကြယ္သြားခဲ့သည္။

ရွက္ေနစရာဘာမွမရွိသလို ေၾကာက္ေနစရာလည္းဘာမွမလိုအပ္ပါေပ။ ဤသူသည္ အလြန္ၾကင္နာတက္သည္။ မ်က္ကန္းေတာတိုးျပဳမူတက္ရင္ေတာင္မွ သူ႔အား မည္သည့္အခါမွ နာက်င္ေစလိမ့္မည္မဟုတ္။ ထို႔အျပင္ သူတို႔ဟာ ဟိုတယ္တြင္တည္းခိုေနၾကတာျဖစ္႐ုံသာမက အံဆြဲထဲတြင္ ကြန္ဒုံးႏွင့္ေခ်ာဆီႏွစ္ခုစလုံးလည္း အရံသင့္ရွိေန၏။

ယြီခ်င့္ဟြမ္သက္ျပင္းခ်ရင္း ေခြၽးမ်ားျဖင့္႐ႊဲေနေသာေဟာ္ခြၽီမ်က္ႏွာေခ်ာေခ်ာကိုထိေတြ႕ကာ သူ၏ညာလက္မွာ ေဟာ္ခြၽီ၏ပခုံးကေန တေ႐ြ႕ေ႐ြ႕ဆင္းသြားသည္။ ေနာက္ဆုံးမွာ ေဟာ္ခြၽီ၏လက္မ်ားကို ဆုပ္ကိုင္လိုက္မိသည္အထိ။ ၿပီးရင္ ထိုလက္ကို သူ၏ခါးဆီကေန ေအာက္ပိုင္းကိုလမ္းျပေခၚသြားခဲ့သည္။

“ဒီေနရာ ... ”

သူလက္ဖဝါးျပင္ေအာက္က ခံစားခ်က္မွာ လုံးဝန္းတင္းရင္းေန၏။ ေဟာ္ခြၽီ၏စိတ္သည္ စကၠန႔္အနည္းငယ္မွ် ဗလာသတ္သတ္ျဖစ္သြားခဲ့သည္၊ ထို႔ေနာက္ သူ၏မ်က္လုံးမ်ားနီျမန္းလာၿပီး ယြီခ်င့္ဟြမ္ကို ေမွာက္ခုံလွန္လိုက္သည္။

ယြီခ်င့္ဟြမ္မွာ မ်က္လုံးမ်ားကိုပိတ္ထားၿပီး သူ၏လက္ေကာက္ဝတ္ကို ဆြဲကိုင္ထားကာ အသံမ်ားတုန္ေနသည္။

“အိပ္ရာေဘးကအံဆြဲဆီသြားၿပီး ကြန္ဒုံးနဲ႔ေခ်ာဆီကိုထုတ္လိုက္”

ထိုစကားလုံးအသုံးအႏႈန္းမ်ားအေပၚ ေဟာ္ခြၽီ အရင့္အရင္ဘယ္တုန္းကမွ အာ႐ုံမစူးစိုက္မိခဲ့ေသာ္လည္း ဒီပစၥည္းႏွစ္ခုက အလြန္အေရးပါတယ္ဆိုတာကို သူသိေနခဲ့ကာ အိပ္ရာေပၚမွ ေစြ႕ခနဲခုန္ဆင္းလိုက္သည္။ ယြီခ်င့္ဟြမ္၏ လမ္းၫႊန္မႈေအာက္တြင္ ထိုပစၥည္းမ်ားကို သူ႔လက္ထဲယူေဆာင္လိုက္ႏိုင္၏။

ဒါေတြကို ဘယ္လိုအသုံးခ်ရမလဲဟု ေခါင္းေမာ့ၿပီးေမးမလို႔လုပ္စဥ္မွာ သူ႔ဖုန္းက ႐ုတ္တရက္ထျမည္လာခဲ့သည္။ ေလထုထဲရစ္ဝဲေနတဲ့ ဘာလိုလိုညာလိုလိုဒြိဟျဖစ္ဖြယ္အေျခအေနသည္ ခ်က္ခ်င္းကိုပ်က္ယြင္းသြားေတာ့သည္။

ေဟာ္ခြၽီမ်က္ႏွာမွာ မည္းေမွာင္သြားရၿပီး ထိုစိတ္အေႏွာင့္အယွက္ျဖစ္ဖြယ္အသံကို ရပ္တန႔္ဖို႔လက္ဆန္႔လိုက္သည္။

“ဖုန္းကိုင္လိုက္ဦး” ယြီခ်င့္ဟြမ္မွာ သူ႔ကိုယ္ေပၚ ေစာင္ဆြဲယူ၍အုပ္ထားလိုက္ၿပီး ေခါင္းလွည့္၍ ေဟာ္ခြၽီကိုေျပာလိုက္သည္။ ေဟာ္ခြၽီသည္ လက္ထဲကထိုအရာမ်ားကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားၿပီး မလႈပ္ေပ။

“ေဟာ္ခြၽီ” ယြီခ်င့္ဟြမ္က ေနာက္တခြန္း ထပ္မံေခၚလိုက္သည္။

ေဟာ္ခြၽီ၏ မ်က္ေတာင္မ်ားလႈပ္ခတ္သြားေသာ္လည္း မလႈပ္မရွက္ရွိေနဆဲ။ ယြီခ်င့္ဟြမ္ သူ႔ကို တတိယအႀကိမ္ေခၚေတာ့မလိုလုပ္စဥ္မွ ေနာက္ဆုံးမွာ ဖုန္းကိုင္ရန္လက္ဆန႔္ထုတ္လာၿပီး ဖုန္းေျဖဆိုတဲ့ခလုတ္ကို စိတ္ဆိုးတႀကီးဖိႏႈိပ္လိုက္သည္။ သူ႔ကိုလည္း မတရားသျဖင့္ခံရသည္ဟူေသာ အၾကည့္ျဖင့္မေမ့မေလ်ာ့ၾကည့္လာ၏။

“ပေရာ္ဖက္ဆာေဟာ္” တယ္လီဖုန္း၏အျခားတဖက္ကေန ၾကက္တေကာင္ခိုးယူႏိုင္ခဲ့ေသာ ေႁမြပါပုံေပၚေနေလေသာ ဌာနမႉး၏တက္ႂကြလႈပ္ရွားေနေသာ အသံကိုၾကားလိုက္ရသည္။

“ဌာနကိုခုခ်က္ခ်င္းျပန္လာခဲ့ပါဦး၊ မင္းကိုအေရးတႀကီးေျပာျပစရာရွိတယ္”

ေခတၱရပ္တန္႔သြားၿပီးေနာက္ သူကအေလးအနက္ထပ္ျဖည့္ေျပာၾကားခဲ့သည္။ “အခုခ်က္ခ်င္းလာေျပာတာေနာ္!”

ေဟာ္ခြၽီမွာ ႏႈတ္ခမ္းမ်ားကို တင္းတင္းေစ့ပိတ္လိုက္ကာ အသံမ်ားေအးစက္ေနၿပီး “အခုပဲေျပာျပလို႔ရပါတယ္"

“အာလာ” ဌာနမႈးက သူ႔ေပါင္သူ႐ိုက္ရင္း ဆက္ေျပာသည္။ “ဖုန္းထဲမွာေျပာလို႔မျဖစ္ဘူး!"

ေခတၱတန္႔သြားၿပီးေနာက္ သူ၏အသံမွာ အလြန္အေလးအနက္ရွိလာ၏။

“ဒီကိစၥက မင္းတို႔အသင္းအဖြဲ႕တစ္ခုလုံးအတြက္ အရမ္းအေရးႀကီးတယ္၊ ပေရာ္ဖက္ဆာေဟာ္ မင္းကိုယ္တိုင္လာမွရမယ္”

ေဟာ္ခြၽီမွာ ယြီခ်င့္ဟြမ္ဘက္သို႔ ေခါင္းလွည့္ၾကည့္လိုက္သည္။ သူခ်စ္ျမတ္ႏိုးရသူသည္ သူ႔ကိုအိပ္ရာထဲက ေစာင့္ဆိုင္းေနသည္။ ဖုန္းေလးသာခ်လိုက္တာႏွင့္ ဘယ္အရာကမွ သူတို႔ကိုအေႏွာင့္အယွက္ျပဳႏိုင္မွာမဟုတ္ေတာ့။ သူ၏လက္ေခ်ာင္းမ်ားေ႐ြ႕လ်ားသြားၿပီး ဖုန္းစခရင္ေပၚႏွိပ္ေတာ့မည့္ဆဲဆဲ ႐ုတ္တရက္လက္ကိုျပန္မလိုက္သည္။

သို႔ရာတြင္ ခ်င့္ဟြမ္အရင္ကေျပာခဲ့ဖူးသည္။ တာဝန္ယူစိတ္ တာဝန္ခံစိတ္မရွိတဲ့သူေတြကို မုန္းတယ္ဟူ၍။ ဤအခိုက္အတန္႔တြင္ အႏွီလူကို သူအရမ္းကိုလိုခ်င္တပ္မက္ေနရင္ေတာင္မွ ခ်င့္ဟြမ္ မုန္းေသာလူတစ္ေယာက္ပုံစံကဲ့သို႔ ျပဳမူဖို႔မသင့္ပါေပ။

ေဟာ္ခြၽီမွာ မ်က္လႊာခ်ရင္း အသံနက္နက္ျဖင့္ အေျဖျပန္ေပးလိုက္သည္။ “ေကာင္းပါၿပီ ”

ဖုန္းကိုခ်လိုက္ၿပီး အိပ္ရာေပၚတက္သြားကာ ယြီခ်င့္ဟြမ္ကို သူဖက္ထားလိုက္သည္။ ထိုသူ၏လည္တိုင္တြင္ သူ႔ေခါင္းေလးကိုျမႇပ္ႏွံထားလိုက္၏။ သူတကိုယ္လုံးမွာ မေက်မခ်မ္းျဖစ္မႈေတြျဖင့္ ဖုံးလႊမ္းျပည့္ႏွက္ေနေတာ့သည္။

"ေကာင္းပါၿပီ ေကာင္းပါၿပီ" ယြီခ်င့္ဟြမ္မွာ သူ႔ဆီကေနပဲ ဘာေတြျဖစ္ပ်က္ခဲ့တယ္ဆိုတာ နားလည္သေဘာေပါက္လိုက္ရသည္။ ထိုသူအား အခုခ်ိန္ ဒီလိုေလးျမင္ရေတာ့ သူ႔မွာစိတ္ထဲလည္းမေကာင္း အားတုံ႔အားနာလည္းျဖစ္ရ၏။

"ကိစၥၿပီးတာနဲ႔ျပန္လာခဲ့ ဝမ္းနည္းမေနပါနဲ႔ေတာ့"

ေဟာ္ခြၽီက ဘာစကားမွမဆိုေပ။ သူ႔သြားမ်ားမွာ ယြီခ်င့္ဟြမ္လည္တိုင္က အေရျပားပါးပါးလႊာလႊာေလးကို ႀကိတ္‌ေခ်ေနကာ စိတ္အေျခအေနအလြန္မေကာင္းျဖစ္ေနပုံေပၚသည္။

ယြီခ်င့္ဟြမ္မွ သူ႔ဆံပင္ေလးေတြကိုပင့္တင္ၿပီး ေခါင္းလွည့္၍ သူ႔နဖူးေလးကိုနမ္းလိုက္ကာ တိုးဖြဖြေလးဆိုလိုက္သည္။

"ပေရာ္ဖက္ဆာေဟာ္ ငါမင္းကို ပိုပိုတိုးၿပီးခ်စ္လာတယ္လို႔ ရွာေဖြေတြ႕ရွိလာရတယ္"

ေဟာ္ခြၽီ၏ လႈပ္ရွားမႈေတြရပ္တန႔္သြားၿပီး မယုံႏိုင္သလိုေခါင္းကိုေမာ့လာကာ ယြီခ်င့္ဟြမ္ကို မ်က္လုံးအျပဴးသား စိုက္ၾကည့္ေန၏။

ယြီခ်င့္ဟြမ္ ဆက္ေျပာသည္။

“အရင္ကမင္းသာဆို ဘယ္ႏိုင္ငံေရာက္ေနပါေစဦးေတာ့ အေျပးျပန္ခ်လာမွာ၊ ဒါေပမယ့္ အခုခ်ိန္မွာ မင္းကိုယ္မင္းထိန္းခ်ဳပ္ထားႏိုင္ၿပီ၊ အဖြဲ႕တစ္ခုလုံးအတြက္ တာဝန္အျပည့္ယူထားႏိုင္ေနၿပီ"

ေဟာ္ခြၽီ၏ နက္ေမွာင္ေသာမ်က္လုံးထဲမွာ ေပ်ာ္႐ႊင္မႈမီးေတာက္ေလး ျဖည္းညႇင္းစြာေတာက္ပလာသည္။

ယြီခ်င့္ဟြမ္ အၿပဳံးျဖင့္ဆက္ေျပာသည္။
“သြား၊ ငါမင္းျပန္အလာကိုေစာင့္ေနမယ္”

ေဟာ္ခြၽီသည္ တခဏေလာက္စဥ္းစားခန္းဖြင့္ေနၿပီးမွ ေနာက္ဆုံးမွာ တျဖည္းျဖည္းေခါင္းညိတ္ျပလာ၏။

အရင္ရက္ေတြတုန္းက ယြီရွင္းမွာ ယြီခ်င့္ဟြမ္အတြက္ အရင္းအျမစ္မ်ား ရွာေဖြေလ့လာေနသျဖင့္
႐ိုက္ကြင္းေနရာမွာမရွိပါေပ။ မေန႔မွစ၍ The Line of Life and Death ၏ Box's office မွာ ယြမ္ ၄.၅ ဘီလီယံေက်ာ္သြားေလၿပီျဖစ္ကာ ယြီခ်င့္ဟြမ္မွာ လတ္တေလာလွ်မ္းလွ်မ္းေတာက္နာမည္ႀကီးေနတာမို႔ တကၠစီစီးၿပီး ေဟာ္ခြၽီကိုျပန္လိုက္ပို႔လို႔မရပါေပ။

အဆုံးသတ္မွာ သူေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ေဟာ္မိသားစုယာဥ္ေမာင္းကိုသာ လွမ္းေခၚလိုက္ရေတာ့သည္။

သူ႔အား မခြဲႏိုင္မခြာရက္ႏႈတ္ဆက္ၿပီး ေျခလွမ္းသုံးလွမ္းလွမ္းၿပီးတိုင္း လည္ျပန္တၾကည့္ၾကည့္ျဖစ္ေနေသာ ေဟာ္ခြၽီ၏ပုံရိပ္ကိုၾကည့္၍ ယြီခ်င့္ဟြမ္ ႏွလုံးသားေလးမွာ ခ်ိဳၿမိန္မႈ ခါးသက္မႈတို႔ကို တခ်ိန္တည္းခံစားလာရသည္။ ေဟာ္ခြၽီကို ႐ိုက္ကူးေရးေနရာမွအထြက္ထိ လိုက္ပို႔ေပးၿပီးတာႏွင့္ သူျပန္လာခဲ့လိုက္၏။

ေဟာ္ခြၽီမွာ သုေတသနဌာနသို႔ ေရာက္သြားခဲ့ေသာ္လည္း စိတ္မေပ်ာ္မ႐ႊင္ရွိေနဆဲျဖစ္ကာ သူ၏မ်က္ႏွာအမူအရာမွာ ပိုမိုေအးစက္ေနသည္။ ကံေကာင္းေထာက္မစြာျဖင့္ အျပင္ေလာကအတြက္ သူ႔ထံတြင္ ထိုကဲ့သို႔ေသာပုံရိပ္ပဲအၿမဲရွိေလရာ ဌာနမႉးျဖစ္သူသည္ သူ၏မူမမွန္မႈကို လုံးဝသတိမမူမိခဲ့ေပ။

႐ုံးခန္းတံခါးကိုတင္းတင္းပိတ္ၿပီးတဲ့ေနာက္ ဌာနမႉးျဖစ္သူရဲ႕အၾကည့္မ်ားက ေဟာ္ခြၽီအေပၚ က်ေရာက္လာသည္။

“ပေရာ္ဖက္ဆာေဟာ္၊ ဒီႏွစ္  ႏိုဘယ္ဆုခ်ီးျမႇင္တဲ့ေကာ္မတီမွာ ငါ့ရဲ႕မိတ္ေဆြတစ္ေယာက္ရွိတယ္၊ အဲ့ဒါမေန႔တုန္းက သူ႔ငါ့ကိုသတင္းထူးေလးတစ္ခု ထုတ္ေျပာျပလာခဲ့တယ္”

သူ႔လက္မ်ားကို လက္သီးအျဖစ္ က်စ္က်စ္ဆုပ္ထားၿပီး သူ၏မ်က္ႏွာတျပင္လုံးမွာ စိတ္လႈပ္ရွားမႈႏွင့္အတူ နီျမန္းေနသည္။

“ပေရာ္ဖက္ဆာေဟာ္၊ မင္းက ဒီႏွစ္ရဲ႕ ႏိုဘယ္ဆုအတြက္ နာမည္ေျပးေနတယ္တဲ့”

ေဟာ္ခြၽီမွ ေအးခဲသြားသည္။ သုေတသနပညာရွင္တစ္ေယာက္အေနျဖင့္ ႏိုဘယ္ဆုဆိုတာ သူအပါအဝင္ လူတိုင္းရဲ႕မ်က္လုံးထဲမွာ တန္ဖိုးအထားရဆုံး အေမွ်ာ္လင့္အေတာင့္တဆုံးအရာတခုျဖစ္ေလသည္။

သူတစ္ခါတုန္းကေျပာခဲ့ဖူးသည္။ သူစင္ျမင့္ေပၚတက္ႏိုင္တဲ့အခ်ိန္တေန႔ေရာက္ရင္ ခ်င့္ဟြမ္ကို လူအုပ္ၾကားထဲကေန သူ႔အားၾကည့္ေနေစလိုတယ္ဟူ၍။ ထိုအတြက္လည္း သူအပတ္တကုပ္အားထုတ္ႀကိဳးပမ္းခဲ့သည္။ သို႔ေပမယ့္ သူဘယ္လိုမွမေမွ်ာ္မွန္းထားတာက ‌တေန႔မွာ ဒီလိုအျမင့္မားဆုံးဆုတစ္ဆုကို သူခ်ဥ္းကပ္ႏိုင္လိမ့္မည္ဆိုတာပင္။

အကယ္၍ ... အကယ္၍မ်ား သူ ဒီဆုကို အမွန္တကယ္ဆြတ္ခူးႏိုင္ခဲ့သည္ရွိေသာ္... ေဟာ္ခြၽီရဲ႕အသက္ရႈသံေတြမွာ ကေမာက္ကမျဖစ္လာခဲ့သည္။

ဒီလိုသာဆို သူ႔ကိုယ္သူသက္ေသျပႏိုင္႐ုံသာမက အေရးအႀကီးဆုံးအခ်က္က အျမင့္မားဆုံးဂုဏ္က်က္သေရကိုပါ ခ်င့္ဟြမ္ႏွင့္အတူတူမွ်ေဝႏိုင္မွာျဖစ္၏။

“ဒါေပမယ့္ မင္း အလုပ္ကိုျပန္လာဖို႔လိုလိမ့္မယ္”
ဌာနမႉးက ေခါင္းစဥ္ေျပာင္းၿပီး ေဟာ္ခြၽီအားဆိုလာသည္။

“ေနာက္ဆုံးရလဒ္ကဘာပဲျဖစ္ပါေစ အဲ့ဒီအတြက္ ဘယ္နည္းနဲ႔မဆို ငါတို႔ႀကိဳးစားလုပ္ေဆာင္ဖို႔သင့္တယ္”

“ကြၽန္ေတာ္နားလည္ပါၿပီ” ဒီတစ္ႀကိမ္မွာေတာ့ ေဟာ္ခြၽီက တြန႔္ဆုတ္မေနဘဲ ေခါင္းညိတ္လို႔ ခ်က္ခ်င္းပဲသေဘာတူခဲ့သည္။

ေဟာ္ခြၽီ အလုပ္ျပန္ဝင္သြားသည္ကိုသိရေတာ့ ယြီခ်င့္ဟြမ္ အေတာ္ေလး အံ့အားသင့္သြားခဲ့ရသည္။ တစုံတခုျဖစ္ပ်က္ခဲ့သည္ကို သူ၏ပင္ကိုယ္သိစိတ္အရ ခံစားသိရွိေနေပမယ့္ ေဟာ္ခြၽီက ပါးစပ္ကိုလုံေနေအာင္ပိတ္ထားၿပီး ဘာတခုမွထုတ္ေဖၚေျပာဆိုဖို႔ျငင္းဆန္ကာ စက္တင္ဘာမတိုင္မီ သူအလုပ္အရမ္းမ်ားလိမ့္မည္ဟုသာ ဆိုလာခဲ့သည္။

သို႔ႏွင့္ ယြီခ်င့္ဟြမ္လည္း မ်ားမ်ားစားစားေတြးမေနေတာ့ေပ။ ေဟာ္ခြၽီ၏အလုပ္က သမ႐ိုးက်မဟုတ္ဘဲ လွ်ိဳ႕ဝွက္ရမယ့္ကိစၥေတြရွိေနမွေတာ့ ႐ိုက္ကူးေရးေနရာမွာ ဆက္ေနလို႔မရေတာ့။

How to Love You ႐ိုက္ကူးေနစဥ္အတြင္း ဇာတ္လမ္းအသြားအလာေပါက္ၾကားျခင္းမွ ကာကြယ္ရန္အလို႔ငွာ အလုံးစုံလွ်ိဳ႕ဝွက္ထားရ၏။ လ်ိဳက်ားအန႔္မွာ ႐ုပ္ရွင္အဖြဲ႕၀င္တိုင္းကို အလြန္တင္းတင္းက်ပ္က်ပ္ထိန္းခ်ဳပ္ထားသည္။

အကယ္၍ ေဟာ္ခြၽီမွ ေန႔တိုင္းလိုလို ႐ိုက္ကူးေရးကိုအဝင္အထြက္လုပ္ေနၿပီး သတင္းေထာက္မ်ားဆီက သတိျပဳပစ္မွတ္ထားျခင္းခံရပါက ျပသနာအႀကီးအက်ယ္ျဖစ္လာလိမ့္မည္ပင္။

တျခားေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ေဟာ္ခြၽီသည္ သူ၏ပစၥည္းမ်ားကို ထုပ္ပိုးသိမ္းဆည္းၿပီး ႐ုပ္ရွင္အဖြဲ႕မွထြက္ခြာခဲ့ရသည္။ ဒီတစ္‌ေခါက္ သူဟာ တြန႔္ဆုတ္ေနၿမဲျဖစ္ေပမယ့္ ယြီခ်င့္ဟြမ္ကို အခ်ိန္အၾကာႀကီးဖက္ထားၿပီး ျပန္မလႊတ္ေပမယ့္ မေက်မနပ္ညည္းတြားသံတလုံးတေလမွ ထြက္မလာပါေပ။

စစ္ခ်ီတက္မည့္စစ္သားတေယာက္ကဲ့သို႔ သူ႔အား မည္သည့္ကံၾကမၼာက ေစာင့္ဆိုင္းေနသည္ကို မသိေသာ္လည္း တုံ႔ဆိုင္းျခင္းမရွိ ေရွ႕ဆက္လွမ္းမည္သာ။

ယြီခ်င့္ဟြမ္မွာ ေဟာ္ခြၽီေက်ာျပင္ကို စိုက္ၾကည့္ေနရင္း သူ႔လက္ထဲကအေႏြးဓါ‌တ္ေလး တျဖည္းျဖည္းေပ်ာက္ကြယ္သြားတာကို ခံစားလိုက္ရသည္။ သူ႔စိတ္ထဲ အခ်ိန္အေတာ္ၾကာရွိေနခဲ့သည့္စိတ္ကူးတခုက ယခုအခ်ိန္မွာ ပို၍ရွင္းလင္းျပတ္သားလာ၏။

ထို႔ေၾကာင့္ ေနာက္ဆုံး ႐ိုက္ကြင္းေနရာကို ယြီရွင္းေရာက္လာၿပီး ခ်င့္ဟြမ္ကို သူမၾကာမီက လက္ခံရရွိထားခဲ့တဲ့ဇာတ္ၫႊန္းမ်ားကိုျပသေတာ့မလိုရွိစဥ္ ယြီခ်င့္ဟြမ္က ႐ုတ္တရက္သူ႔ကိုေျပာလိုက္သည္။

“ေကာ ကြၽန္‌ေတာ္ ကားေမာင္းသင္ခ်င္တယ္"

ယြီရွင္းရဲ႕မ်က္ခုံးမ်ား ခ်က္ခ်င္းပဲတြန္႔ခ်ိဳးသြားရသည္။ “Kenn ဘက္က ေတာင္းဆိုလာတာလား?”

ယြီခ်င့္ဟြမ္၏ ကားေမာင္းအေၾကာက္လြန္ေရာဂါႏွင့္ပတ္သက္၍ မည္သူတစ္ဦးကမွ သူ႔ထက္ပိုရွင္းရွင္းလင္းလင္းျခင္းသိရွိျခင္းမရွိခဲ့။

ခ်င့္ဟြမ္မိဘမ်ားေသဆုံးမႈသည္ ဤလူငယ္ေလး၏ ႏွလုံးသားထဲတြင္ စိတ္ဒဏ္ရာဒဏ္ခ်က္အရိပ္ဆိုးႀကီးတစ္ခုအျဖစ္ အၿမဲရွိေနခဲ့ရာ သူသည္ ကားစတီယာရင္ကိုပင္ ထိေတြ႕ရန္ တခါေလးမွမဝံ့ခဲ့။

ထိုႏွစ္ကယာဥ္ေမာင္းကဲ့သို႔ တူညီေသာအမွားက်ဴးလြန္မိၿပီး တပါးမိသားစုမ်ားအေပၚသို႔ ေဘးကပ္ဆိုးမ်ားယူငင္လာမိမည္ကို သူစိုးထိတ္ေလသည္။

ထိုအေၾကာက္တရားက သူအထီးက်န္အေဖာ္မဲ့တဲ့ေန႔ရက္ေတြမွာ သူ႔စိတ္အာ႐ုံထဲစြဲထင္ေနတဲ့ အလိုအေလ်ာက္တုံ႔ျပန္မႈတစ္ခုျဖစ္လာၿပီး ထိေတြ႕မႈေလးတခုတည္းႏွင့္ သူက ျပင္းျပင္းထန္ထန္တုံ႔ျပန္နာက်င္တတ္၏။

တစ္ခါတုန္းက ေက်ာက္ခ်င္းယြမ္က သူ႔အားစေနာက္ၿပီး ယာဥ္ေမာင္းခုံေပၚသို႔ မေတာ္တဆတြန္းပို႔ခဲ့သည္။ ခ်င့္ဟြမ္၏မ်က္ႏွာ ခ်က္ခ်င္းပဲေသမတတ္ျဖဴေလ်ာ္သြားတာကို ယြီရွင္းျမင္ေတြ႕ခဲ့ရ၏။

“ငါသူတို႔ကိုေျပာျပလိုက္မယ္! မင္းကားေမာင္းလို႔မျဖစ္ဘူးဆိုတာ"

“မဟုတ္ဘူး” ယြီခ်င့္ဟြမ္ ေခါင္းခါလိုက္သည္။
“ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္သင္ခ်င္တာ”

သူကားေမာင္းတက္သြားတာႏွင့္ သူ႔အခ်ိန္ကိုအားလပ္‌ေအာင္ညႇိယူၿပီး ေဟာ္ခြၽီဆီသို႔ သြားေရာက္လည္ပတ္ႏိုင္မည္ျဖစ္ကာ သူတို႔လမ္းခြဲႏႈတ္ဆက္တဲ့အခါတိုင္း ေဟာ္ခြၽီကို ကိုယ္တိုင္ကိုယ္က်ျပန္လိုက္ပို႔ႏိုင္မွာျဖစ္၏။

ခက္ခဲေကာင္းခက္ခဲႏိုင္ေတာင္မွ ေဟာ္ခြၽီက သူ႔အတြက္ အိမ္အျပန္လမ္းရွာႏိုင္ရင္ သူကလည္း ေဟာ္ခြၽီအတြက္ ကားေမာင္းသင္ယူႏိုင္ရမည္ပင္။


Continue Reading

You'll Also Like

212K 5.2K 72
α€α€±α€¬α€„α€Ία€•α€±α€«α€Ία€žα€¬α€Έα€”α€²α€· α€™α€Όα€±α€•α€Όα€”α€·α€Ία€žα€° α€‡α€¬α€α€Ία€œα€™α€Ία€Έα€œα€±α€Έα€•α€«α€›α€Ύα€„α€Ία€·
281K 54.8K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
657K 95.2K 149
α€α€…α€Ίβ€‹α€€α€Όα€±α€¬α€„α€Ία€Έα€α€Šα€Ία€Έα€–α€Όα€„α€Ία€·α€™α€­α€α€Ία€†α€€α€Ία€α€Όα€„α€Ία€Έ : α€‘α€›α€­α€―α€Έβ€‹α€€α€±α€¬α€„α€Ίβ€‹β€‹α€œα€±α€Έβ€‹α€α€½α€±α€™α€Ύα€¬α€œα€Šα€Ία€Έ α€‘α€α€»α€…α€Ίβ€‹α€α€½α€±α€›α€Ύα€­α€α€šα€Ί~ α€‘α€›α€­α€―α€Έβ€‹α€€α€±α€¬α€„α€Ίβ€‹α€œα€±α€Έβ€‹α€α€½α€±α€™α€Ύα€¬α€œα€Šα€Ία€Έ α€α€Άα€…α€¬α€Έα€α€»α€€α€Ίβ€‹α€α€½α€±α€›α€Ύα€­α€α€šα€Ί~