Light for You-Chapter 2 (GL)Z...
By Among_Thalhin
10.4K 847 47
Chapter 2.ပါ Chapter 1 ရဲ့အဆက်။ ညို့ရစ်တမ်းနဲ့ဆူးရံပန်းတို့ရဲ့Storey လေးတပုဒ်ပါ။ အားပေးပါအုံးနော် More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23 End
Extra
Part 13
337 36 2
By Among_Thalhin
Unicode Version
"ဒီတော့ ပူတူးက ဖွင့်ပြောလိုက်တာလား"
ဆူးခေါင်းညိတ်လိုက်သည်။ သက်လျာ လက်ဖျားတွေအေးစက်သွားသည်။ ဘယ်အချိန်ကများ တူမလေးက ညို့အပေါ်ကို တိမ်းညွှတ်သွားတာလဲ။
ပြီးတော့ ပူတူးဘက်က ဖွင့်ပြောတြဲအထိ ဆိုတော့။ ရှေ့ဆက် ဘယ်လိုလုပ်ကြမလဲ။ ည့်ုဘက်က အခြေအနေကို သက်လျာ သိထား ပြီးဖြစ်သည်။
တူမလေး ဘက်ကို အခုမှ သိရတာ။ ဒီတော့။
"ညို့ပြန်ရောက် နေပြီကြားတယ် တွေ့ပြီး ကြပြီလား"
ဆူးခေါင်းညိတ်သည်။
"အဲဒီတော့...."
ဆူးက မျက်လွှာလေးချပြီး လက်နှစ်ဖက်ကို အချင်းချင်းပွတ်နေကာ
"ဆူးနဲ့စကားမပြောဖြစ်သေးဘူး၊ တွေ့တယ် ဆိုရုံလေးပဲ"
သက်လျာ တခုခုတော့ စီစဉ် ရတော့မည်။ ညို့ ကိုလဲ ခေါ်ပြောရမည်။ တူမလေး မျက်နှာ မကောင်းရင် သက်လျာလဲ စိတ်မချမ်းသာပေ။
"အချင်းချင်း ဆွေးနွေးကြည့်ပါအုံး၊ သူ့ဘက်က အဖြေလဲ မပေးသေးဘူးမဟုတ်လား"
ဆူးလဲ ခေါင်းညိတ်ရင်း
"ပူတူးလဲ အဲတာစောင့်နေတာ၊ သူငြင်းမှာလား၊ လက်ခံမှာလားဆိုတာ အခုထိ မသိသေးဘူး"
သက်လျာက ခေါင်းညိတ်ပြီး
"သူမသွားခင်ကတဲက ပြောရမှာ ၊ထားပါတော့ ပူတူး အဲဒီအတွက် အရမ်းစိတ်မဆင်း ရဲပါနဲ့၊ ‌အရမ်းလဲမမျှော်လင့်နဲ့၊ ကိုယ်ထင်သလို ဖြစ်မလာရင် ပိုခံစားရတယ်"
ဆူးကလဲ
"ပူတူးလဲ အဆိုးဆုံးအခြေအနေကိုပဲ တွေးထားပါတယ်၊ သူငြင်းလာခဲ့ချည်သော် ဆိုပြီး"
သက်လျာ သူမပုခုံးလေးကိုပုတ်ပြီး
"ကောင်းတယ်၊ တို့ရဲ့ ပူတူးက စဉ်းစားတက်ပါတယ်၊ ဆုံးဖြတ်ချက်လဲပျက်သားတယ်၊ အန်တီလေးကယုံပြီးသား"
"ဟုတ်"
ဆူး ပြုံးလိုက်သည်။ အိမ်ကိုပြောလိူ့မဖြစ်တဲ့စကားတွေဆိုရင် အန်တီလေးဆီ လာဖွင့်ပြော တက်တဲ့အကျင့်လေးက ကောင်းသည်။ ထိုမှသာဒီကလေးရဲ့ အခြေအနေကို သိရမှာ။ ပူတူးရဲ့အဖေကိုတော့ပြောထားရအုံးမည်။
ယောင်းမကိုတော့ နားဝင်အောင် အတော်နားချယူရမှာ။
++++++++++++++
ဆူး ကားပေါ်ကဆင်းပြီး ပင်မဆောင်ဘက်တစ်ယောက်ထဲ လျောက်လာချိန်မှာတော့ တချို့တချို့တွေရဲ့ ကွက်ကြည့်ကွက်ကြည့် နှင့် သွားနေကြသူတွေကြောင့် စိတ်အနှောက်အယှက် အတော်ဖြစ်သည်။
သူမကျောင်းလာတက်တာကိုပဲ အထူးအဆန်း လုပ်နေကြတာလား။ ပင်မဆောင်ထဲ ဝင်လာသည်။ ကျောင်းရဲ့ Website က ကျောင်းတွင်းမှာသာ အသုံးပြု လို့ရသည်။ သူမမေဂျာ ဘက်မရောက်မှီပဲ သစ်စနဲ့ မျက်နှာချင်းဆိုင် တွေ့သည်။ အရင်ကသူငယ်ချင်းဖြစ်ခဲ့တယ် ဆိုပေမယ့် အခုက။
ဆူးဘက်က နူတ်မဆက်ပဲ ဒီအတိုင်းကြည့်မိနေသော်။ သစ်စကပင် သူမရှေ့ကို ပိတ်ရပ်ကာ
"ဆူး ငါပြောစရာရှိတယ်"
အထူးအဆန်းပါလား။ မိုင်နာအချိန်များတဲ့ နေဆို သူတို့တွေ ကျောင်းမတက်ကြတာများသည်။ သစ်စက တကူးတက သူမကို လာ‌ေတွ့သလိုပင်။
ဆူးက မျက်ခုံးပင့်မိရင်း
"အင်း"
ဆိုတာနဲ့ သူမလက်ကို ဆွဲပြီး လာရာလမ်းကို ပြန်ခေါ်လာသည်။ ပင်မဆောင်ထဲကထွက်ပြီး လူရှင်းသည့် ရှေ့က ပန်းခြံထဲ ခေါ်လာသည်။
သစ်စက သူမကိုကြည့်ပြီး
"နင် တွေ့ပြီးပြီလား"
ဟင်။ ဘာကိုပြောတာလဲ။ အဆက်အစပ် မရှိ၍ ဆူး ယောင်နနဖြစ်သွားသည်။
"တွေ့ပြီးပြီလားလို့ Students website မှာ တင်ထားတဲ့ပို့စ်"
ဘာလဲ။ သူမ အခုမှ ကျောင်းရောက်တာလေ။ ဘာကိုရည်ညွှန်းနေလဲ သူမ မသိ။ အခုထိမသိသေးသည့် သူမကို အားမလိုအားမရ ဖြစ်ကာ
"မိုးပွင့်က နင့်အကြောင်း ကျောင်းWebsite မှာတင်ဖို့အစပျိုးနေပြီ။ အခုလဲ ပဟေဠိပုံစံ မျိုးတင်ထားတယ်၊ နာမည်ကိုမဖော်ပြပေမယ့် နင်ဆိုတာ သေချာသိတယ်"
ထိုအခါမှ ဖုန်းဖွင့်ပြီး ဝိုင်ဖိုင်ချိတ်ကာ ကျောင်း website ထဲ ဝင်ကြည့်မိသည်။ သတင်းတပုဒ်ပင်။ အဲ့တာကတော့
"မပြောချင်ပေမယ့် ပြောရအုံးမယ်၊ LGBT အသိုင်းအဝိုင်းက ဘယ်လောက်ရွံစရာကောင်းလဲဆိုရင် ကျွန်မတို့ ရဲ့သူငယ်ချင်း ကိုတောင်ဂေးသွားအောင်လုပ်နိုင်တယ်တော့၊ မကြာခင် အဲဒီဂေးအသစ်ကဘယ်သူဆိုတာ ချပြ‌မယ်နော်၊
အားလုံးအံ့အားသင့်သွားစေရမယ်၊ ခန့်မှန်းမိတဲ့သူရှိရင် မန့်ပေးနော်၊ မှန်တဲ့သူ $၁၀၀ ပေးမယ်၊ဟဟ"
ဆိုပဲ။ တင်ထားတဲ့ 15 မိနစ်အတွင်း 1k ကျော်ကျော် View တက်နေရုံမက
မန့်တွေလဲရှိသည်။ သူမ မန့်တွေဖတ်ကြည့်တော့
"မှန်းရဲပါဘူးတော်၊ မှန်နေရင် ပိုက်ဆံရနေအုံး မယ်"
"ဘယ်သူဖြစ်ရမှာလဲ သူပဲရှိမှာပေါ့"
"ဟဟ တကျောင်းလုံးရဲ့ အပယ်ခံလေး ဖြစ်အောင် ထပ်လုပ်အုံးမလို့လားစိတ်ထိန်းမမ"
ညို့ကို သူမ လုပ်ခဲ့သလိုပေါ့။ LGBT ဆန့်ကျင့်ရေးလုပ်ရှားမှုမှာ ညို့ကိုနာမည်နဲ့ တပ်ပြီး အရှက်ခွဲခဲ့တာ။ ယခု။ သူမအလှည့်။
အရှက်ခွဲခံရတဲ့သူကို အတော်များများက ပယ်ထားကြသည်။ ကြာတော့အပေါင်းအသင်း မဲ့လာသည်။ မိန်းကလေးတွေ အနေနဲ့ ပိုခံရခက်သည်။
တစ်ယောက်ထဲ ရှင်သန်နိုင်တယ်ဆိုတာ အင်မတန်ရှားတာကိုး။ အဲ့တာကြောင့်။ ဆူးက ဖုန်းကို မကြည့်တော့ဘဲ
"ဒါလား၊"
"အင်း၊ ခါတိုင်းဆို အများသဘောတူမှ ဒီလို လုပ်တာလေ၊ အခုက မိုးပွင့် သူ့တစ်ယောက်ထဲ ဆုံးဖြတ်ပြီး သူ့တယောက်ထဲ တာဝန်ယူ နေတာ၊ ဘယ်လိုဖျောင့်ဖျ‌ ဖျောင့်ဖျ မရဘူးဖြစ်နေတယ်"
ဆူးက
"လွတ်ထားလိုက်၊ အစည်းတွေဘောင်တွေ ကျော်လာမှ ငါဖြေရှင်းမယ်၊ အခု သူ့ဘာပြောပြော ငါရုမစိုက်နိုင်သေးဘူး"
သစ်စက သက်ပြင်းချပြီး
"သူက ထင်သလိုလုပ်တက်တယ်နော်၊ နင်လဲသိသားနဲ့၊ မဟုတ်က ဟူတ်က တွေပါ ပါလာရင် နင့်အတွက် အဆင်‌မပြေနိုင်ဘူး"
ဆူးလဲသိသည်။ မိုးပွင့်က အစကတဲက သူမကို ကြည်တာ မဟုတ်။ သူမ အဖွဲ့ထဲ ရောက်လာတော့ သူ့ဆုံးဖြတ်ချက်တွေ ကသိပ်ပြီး လူရာမဝင်တော့တာ။ သူထင်သလို လူပ်လို့မရတော့တာလဲပါမည်။
"အခုလဲ တော်တော်များများက ငါဆိုတာ သိနေပြီးသားပဲ၊ နင်တို့နဲ့ ငါက တပူးတွဲတွဲ မဖြစ်နေဘူးဆိုတော့ ဘယ်သူမဆို သတိထားမိ မှာပဲ"
"ဟူတ်တယ်၊ ငါ့ဘက်ကလဲ ‌ရှင်းရှင်းပြောပြီးသား၊ ငါLGBT ကို လက်ခံတာ မဟုတ်ဘူး၊ သူ့တယောက်ထဲကိုပဲ လက်ခံတယ် ဆိုတာ၊
နင်တို့ကိုယ်တိုင်က အရမ်းတဖက်သတ်ဆန် နေတယ်လို့ကော မတွေးမိဘူးလား"
သစ်စက ခေါင်းရှုတ်သွားသည့် ပုံစံဖြင့်
"ဘာဖြစ်ဖြစ်ဟာ၊ ငါလဲ စိတ်တော့ နည်းနည်း ပျက်နေပြီဟ"
ဆူးလဲ သိသည်။ သိူ့သော် အဖွဲ့အစည်း မဟုတ်လား။
"ငါသိသလောက်တော့ နင့်ကိုပြောပြပေးပါမယ်၊ တစ်နှစ်လောက်ပေါင်းလဲ သူငယ်ချင်း ပဲလေဟာ"
ဆူး ခေါင်းညိတ်လိုက်သည်။
"အေးပါ"
သစ်စ ဟိုကြည့်ဒီကြည့်ဖြင့်  သူမ ဘေးက အမြန်ထွက်သွားသည်။ ဆူး ထိုအခါမှ သက်ပြင်း ချလိုက်တော့ သည်။ မိုးပွင့်ဖက်က စပြီး သူမကို ဦးတည် လာပြီဆိုတော့ ဆူးကကော ဘာပြန်လုပ်လို့ရလဲ။
လောလောဆယ်တော့ ဒီအတိုင်းပဲ နေတာ ကောင်းမည်။ သူမကို နာမည်ဖျက်ဖို့ ထိ ဖြစ် လာပြီဆိုရင်တော့ ဒီအတိုင်းနေလို့ အဆင်ပြေ မည်မဟုတ်။
မှားမှားမှန်မှန် အကုန်လျောက်တင်
ကြတော့မှာ မို့။ လေပူမှုတ်ထုတ်ပြီးပင်မဆောင် ကိုသာ ပြန်လှည့်လာသည်။ ဘာဖြစ် ဖြစ် အတန်းတော့ တက်ရအုံးမည်။
+++++++++
SS ရိုက်ထားသည့် ပုံကိုကြည့်ရင်း။ညို့ လက်သီးဆုတ်ထားသည်။ စာအသွားအလာအရ နာမည်မပါရုံပါပဲ၊ ဆူးကို ပြောထားတယ် ဆိုတာ သိသာသည်။
"ဆူးကတော့ အခုလောလောဆယ်ထိ သိပ်ပြီး ဂရုမစိုက်သလိုပဲ"
ဟိန်းသူက သူ့ကိုလှည့်ကြည့်ပြီး
"အဲ့ဒီမိုးပွင့်ဆိုတဲ့တယောက်က အရင်ကတဲက အကျင့်သိပ်မကောင်းဘူးလို့ကြား ဖူးတယ်၊ ညို့ကိစ္စဖော်တုန်းကလဲ အဓိက ပြဿနာက သူ၊ မဟုတ်ရင် ညို့ ကိုယ့်ဖြစ်တည်မှုကို ဖော်ထုတ် စရာအကြောင်းမှ မရှိတာ"
ညို့က
"သူနဲ့အတူရှိနေပေးတာကိုက နည်းနည်း စိတ်သက်သာသေးတယ်"
"ကျေးဇူးပဲ ညီမ၊ လောလောဆယ် ဆူး အတွက် နှစ်သိမ့်ပေးမယ့် သူလိုတယ်"
ဖုန်းပြန်ပေးတော့ မို့က ခေါင်းလေးညိတ်ပြီး
"ဆူးနဲ့က အရင်ကတဲက မြင်ကတဲက ခင်ချင် ခဲ့တာ၊ ညီမအတွက်က အပမကြီးပါဘူး"
ဟိန်းသူက
"မင်း သူ့ကို မတွေ့ဘူးလား၊ မင်းကိုဆို သူပိုပြီး နှစ်သိမ့်မှုပေးနိုင်မယ်လို့ သူထင်မှာပေါ့"
သူ သွားရမယ်လား၊ သွားချင်သည်။ မျှော်လင့်ချက်ပေးရာ ရောက်မည် ဆိုးသည်။ ဆူးဘက်က ဖွင့်ပြောထားတဲ့အခြေအနေမှာ သူ့ဘက်က ဂရုစိုက်ပေးရင် မျှော်လင့်ချက် ပေးတာနဲ့ အတူတူပဲ မဟုတ်လား၊
"ဘွဲ့လျှောက်လွှာဘယ်နေ့ သွားတင်မှာလဲ"
ဟိန်းသူက ကိုလာဘူးဖောက်ရင်း
"မနက်ဖန်လေ၊ မနက်ဖန် နောက်ဆုံးပဲကို..."
ညို့ခေါင်းညိတ်ရင်း ထရပ်ပြီး ကားသော့ ယူကာ
"မနက်ငါလာခေါ်မယ်"
"အိုကေ"
ညို့ ထိုင်နေကျ ဆိုင်ထဲက ထွက်ပြီး ကားပေါ်တက်ကာ အိမ်ကိုသာ ပြန်ခဲ့ သည်။ အန်ကယ်လေးနဲ့ Night Out ထွက်ဖို့ ချိန်းထားတယ်၊
အချိန်မှီအိမ်ပြန်မှ ရမည်မို့၊
အိမ်ရှေ့ကားထိုးရပ်တော့ အန်ကယ်လေးက ဧည့်ခန်းထဲပင် အဝတ်လဲပြီး ရောက်နေပြီ။ ဖေဖေနဲ့ အကြီးတော်နဲ့ စုစုပေါင်းသုံး ယောက်သာ။
"သွားရအောင် အဝတ်လဲအုံးမှာလား"
"ဟုတ် အန်ကယ်လေး"
ဆိုတော့ အဝတ်လဲဖို့ လက်အမူအယာနဲ့ ပြသည်။ ဆူး သူ့ရဲ့လုံးချင်းအိမ်ဘက်ထွက်သွားတော့မှ အကြီးတော်က
"သူ့အမေ ခရီးထွက်သွားတာ သူသိလား"
ကျော်ဇောနိုင်က ခေါင်းခါရင်း
"မသိဘူးထင်တယ်၊ ကျော့က ကွာရှင်းရမှာစိုး လို့ ပတ်ပြေးနေတာ ဖြစ်မယ်၊ ကျွန်တော် ခဏလွှတ်ထားပေးတာ၊ သူပြန်ရောက် တာနဲ့ အားလုံအဆုံးသတ်မှာပါ"
အကြီးတော်လဲ ခေါင်းတညိတ်ညိတ်နှင့်
"မိခင်ဖြစ်ပြီး မိခင်မပီသတဲ့ အပြင် ကိုယ့်ကလေးကိုလဲ မခင်တွယ်ဘူး၊ မြန်မြန်ကွာရှင်း တာပဲကောင်းတယ်"
ကံဇောနိုင်လဲ ခေါင်းညိတ်သည်။ ဂျာမဏီမှာ ရှိတဲ့အချိန်အတွင်း ကိုယ့်တူမ ကိုယ် အကဲ ခက်ကြည့်ထားသည်။ ဟိုမှာမပျော်ဘူးဆိုတာ သေချာသိသည်
သို‌့သော် နူတ်ကတော့ အမြဲတမ်းနေချင်ကြောင်း ဂျာမဏီမှာ ဘာတွေလုပ်လို့ရတယ် ကိုယ်လို့ရတယ် ဆိုတာချည်းပဲ။
သူ့တစ်ယောက်ထဲဆို ငေးမောနေတက်တာ။
"သူ့ရောဂါအခြေအနေကကော"
ကံဇောနိုင်က သက်ပြင်းချသည်။ အကြီးတော် ဘက် လှည့်ပြီး
"ပြောရခက်တယ်၊ သူ့အတွက်က ဘယ်အချိန် ထိအသက်ရှင်ရမယ်ဆိုတာ ဘယ်သူမှ မဝေခွဲ နိုင်သေးဘူး။
ဒီတခါပြန်ရင် ထပ်ပြီး ဆေးစစ်ရမှာ၊ အရင်ထက် စာရင် နည်းနည်းပြည့်လာတယ် ဆိုပေမယ့် စိတ်ချရမယ့် အနေအထားတော့ မဟုတ်သေးဘူး။ ကျော်ဇောနိုင် အဲ့တာကိုပဲ စိတ်ပူတာပင်။ ဒီကလေးက ဘယ်သူဆိုတာ သိထား တော့ ပိုဆိုး။
သက်လျာကလဲ အမြဲတမ်းလိုလို ညို့ နဲ့ပတ်သတ်ပြီး သတိထားရမယ့် အရာတွေ ပြောပေး နေပေမယ့် စိတ်ဘယ်လိုမှ မချနိုင်ပေ
"တွီ...တွီ...တွီ"
ညို့ ရဲ့အိမ်ဖက်မှထွက်ပေါ်လာသော အရေးပေါ်အချက်ပြစနစ် ကြောင့် ကျော‌်ဇောနိုင် အမြန် ပြေးထွက်လာသည်။ ကံဇောနိုင်ကော နှစ်ယောက်လုံး ညို့ရဲ့လုံးချင်းအိမ် ဆီအရောက် တံခါးအမြန်ဆွဲဖွင့် လိုက်တော့ အိပ်ခန်းတခါးဝတွင် လဲကျသတိလစ်နေ သည့် ညို့ကြောင့် မျက်လုံးများ ပြာဝေသွားတော့ သည်။
"ညို့ ညို့"
ကံဇောနိုင် အမြန်ပွေ့ထူတော့ သတိတော့ ရှိနေသေး သည်။ သို့သော် ချွေးဇောများ ပျံပြီး အောက်ဆီဂျင်ကို မနည်းအရယူ နေရသည်။
ရုတ်တရပ် နှ‌လုံးသွေးရပ်ပြီး အောက်ဆီဂျင် ပျက်လက်သွားပုံရသည်။ အမြန် အခန်းထဲကို ပွေ့ချီခေါ်လာပြီး အသင့်ရှိနေသည့် အောက်ဆီ ဂျင် ဘူးကိုဖွင့်ကာ သူမရဲ့ နှာခေါင်းနှင့် ပါးစပ်တဝိုက်ကို အုပ်ဆောင်းအကြည်လေးနှင့် အုပ်ပေးတော့မှ အသက်ရူဖြေးဖြေးချင်း မှန်လာသည်။
ကျော်ဇောနိုင် ကုတင်ပေါ်ထိုင်ကျသွားသည်။ ကံဇောနိုင်ကတော့ အရင်လောက်ကြီးမတုန်လှုတ်တော့။
"ဂျာမဏီမှာ ခဏခဏ ဖြစ်တယ်၊ နည်းနည်း စိတ်ထိခိုက်တာနဲ့ အခုလို ဖြစ်သွားတာပဲ၊ ဟိူမှာ သွေးသွင်းရတဲ့အထိ ဖြစ်သွားသေးတယ်"
"အခုလိုဖြစ်စေတဲ့ အကြောင်းအရင်းက ရှိကိုရှိရမယ်"
ကျော်ဇောနိုင် ဘာမှ မပြောဘဲ ငေးကြည့် နေတော့ သည်။အသက်ရူနူန်းတိုင်းတာပြီး Heart Monitor ကိုပါ တပါထဲ တွဲချိတ်လိုက် သည်။
အိပ်ပျော်သွားတော့မှ နှလုံးခုန်နူန်းက အမှန်ပြန် ဖြစ်သွားသည်။ ကျော်ဇောနိုင် သိနေသည်။ ဒီပုံစံက အသက်မရှည် လောက်ဘူး ဆိုတာ။
ကိုယ့်ကလေးက ကိုယ့်ထက် အရင် ထွက်သွား မယ့်ခြေအနေကို ဘယ်မိဘကမှ ကြည့်နေနိုင်မှာ မဟုတ်။ ကံဇောနိုင်က သူ့ပုခုံးကို ပုတ်ရင်း
"ကိုကြီး စိတ်ပူတာကို ကျွန်တော်နားလည်တယ်၊ မိဘပဲလေ။ ကျွန်တော်တောင် သူအခုလို ဖြစ်သွားတိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသေးတာ။
ဒါကြောင့် ဆေးစစ်ပြီးရင် ကျွန်တော် ဒီကိုပဲ ပြန်ပို့လိုက်မယ်၊ ကျွန်တော်လဲ ဟိုမှာကြာကြာ မနေဖြစ်တော့ပါဘူး၊ သိချင်တာက ညို့မှာ ချစ်သူရှိပြီလား၊ သူ့ချစ်သူကြောင့် စိတ်ထိခိုက်မှု ရှိနေတာများလား"
ကျော်ဇောနိုင်က
"မရှိပါဘူး၊ သူကပဲ ဖွင့်ပြောခံထားရတာ၊ ငါထင်တာတော့ သူအဲ့ကလေးမကို ချစ်နေပုံပါပဲ၊ သူ့အခြေအနေ သူသိလို့ တွန်းထုတ်နေတာ၊ အဲ့အတွက် သူပို ခံစားရမှာပေါ့၊"
ကံဇောနိုင် နားလည်လိုက်သည်။ သူရှောင်ပြေးနေတာကို၊ ရှောင်ပြေးတာက ထိပ်တိုက်ရင်ဆိုင်တာထက် ပိုခက်ခဲ ဆင်းရဲ ပင်ပန်းတယ် ဆိုတာ မသိဘူးလား၊
ရှောင်ပြေးရင်းရှောင်ပြေးရင်း ဒီဘဝအဆုံးမသက်ခင်လေးမှာ ကိုယ်ချစ်တဲ့ သူနဲ့အတူတူမနေသွားတော့ဘူးတဲ့လား။
စိတ်မရှည်လိုက်တာ။ တဖက်က ဖွင့်ပြောနေပြီပဲ လက်ခံလိုက်ပြီးရော။
ကျော်ဇောနိုင် သူမလက်လေးကို ဖမ်းဆုတ်လိုက်ချိန်မှာတော့ သူ့လက်မှာ တင်းတင်းကြပ်ကြပ် ဆုတ်ထားတဲ့စက္ကူတစ်ရွက်
"ဒါကဘာလဲ"
ကံဇောနိုင်လဲ သူပြရာကို ကြည့်တော့ စာရွက်ကို အတင်းဆုတ်ကိုင်ထား သည်ပင်။ ဒါကြောင့်များလား။ နှစ်ယောက် ကြိုးစားပြီး။စာကိုထုတ်လာချိန် စာကအတော်ကို တွန့်ကြေနေပြီ။
ကျော်ဇောနိုင် ဖြန့်ပြီးဖတ်ကြည့်ချိန်မှာတော့ အတော်လေးကို အံ့အားသင့်သွားကာ။ညို့ ကိုလှည့်ကြည့်တော့ သည်။
စာတွင်
-မင်းဘယ်လောက်ပဲ သူ့ကိုကာကွယ်နေပါစေ အဆုံးသတ်က အတူတူပဲ ညို့ရစ်တမ်း၊
-မင်းထက်အရင် သူ့ကို သေစေမှာမို့ ဘယ်လောက်ထိကာကွယ်နိုင်မလဲ ကြည့်ရအောင်၊
-ဆူးယံပန်း ရဲ့အသက်က ငါ့လက်ထဲမှာဆိုတာ မင်းသိရင် မင်းထပ်ပြီးထွက်သွား နိုင်အုံး မှာလား။
ထိုစာက ဘယ်သူရေးတာလဲ။ ညို့ကို ဆူးရဲ့အသက်နဲ့ ခြိမ်းခြောက်နေတဲ့သူ ရှိနေတာလား။
ဒီစာကြောင့် ရှော့ဖြစ်သွားတာ ဖြစ်ရမည်။ ကျော်ဇောနိုင် လက်သီးကျစ်နေအောင် ဆုတ် ထားရင်း
"ငါတို့ ညို့ ကိုသေချာစောင့်ကြည့်ရတော့မယ်"
စာကိုကံဇောနိုင်လက်ထဲ ထည့်ပေးလိုက် တော့ သည်။
&&&&&&&&&&&&
"မင်းဘာထပ်ဖြစ်ထားတာလဲ အရင်လို ဖြူဖျော့ နေပြန်ပြီ"
ညို့ ရယ်လိုက်သည်။ မနေ့ညနေက သေမလို ဖြစ်ထားတာ မဟုတ်လား။
ကျောင်းသားရေးရာဆီ ဘွဲ့ဖောင် တင်ဖို့ ရောက်နေခြင်းပင်။ ညို့ လောလောဆယ် ဘာဆက် လုပ်ရမလဲ ဆိုတာ မသိဖြစ်နေတာပင်။ ဆူး ကို ပန်သူရာ တခုခုနဲ့ချုပ်ကိုင် လိုက်ပြီမို့။ အဲ့တာကို ဘယ်လိုအဖြေရှာရမည် ကိုမသိ။
မူယာကျော့ သူပြန်လာပြီးနောက် အိမ်ကနေ ထွက်သွားတာ အခုထိပြန်မလာသေးပါ။ ဘယ်ကိုသွားရှာပြီးမေးရမလဲ။ မေးရင်ကော သူကပြောမှာတဲ့လား။
"ဒီနေ့ဆေးရုံသွားရမှာ။မင်းနဲ့ ချိန်းထားလို့သာ"
ဟိန်းသူ သူ့ကိုကြည့်ရတာ တကယ်ကို ိစတ်မချမ်းသာပေ။
"ညို့"
သူ့ရှေ့ကိုရုတ်တရပ်ရောက်လာသည့် ဆူး။ ဆူးက သူ့အခြေအနေကို ကြည့်ပြီး
"ညို့နေမကောင်းဘူးလား"
ညို့က ပြုံးပြီး
"တခုခုရှိလို့လား"
ဆူးက
"ညို့ကို မေးစရာရှိလို့"
ဆိုတော့ ဒီတကြိမ် ညို့က ခေါင်းညိတ်ပြီး
"ကိုယ့်ကားထဲ သွားရအောင် ။ စကား ပြောဖို့ အချိန်နည်းနည်းတော့ရှိပါတယ်"
ဆူး လဲ မငြင်းပယ်တော့ဘဲ သူလှည့်ထွက်သွားရာနောက်ကို လိုက်လာခဲ့တော့ သည်။ ဟိန်းသူက
"ဌာနထဲမှာစောင့်မယ်နော်"
ဆိုတော့ လက်သာပြန်ပြသည်။ ကားပါကင် ဆီပြန်ရောက်တော့ ကားတံခါးဖွင့်ပေးသည်။ Driver set နဲ့ဘေးချင်း ကပ်လျက် Lover set တွင် ဖြစ်သည်။
သူက တဖက် တံခါးမှ ဖွင့်ပြီး ဝင်ထိုင်ကာ အလယ်မှ ထိုင်ခုံအသေးကို ဖြန့်ချရင်း
"ညီမ အချိန်ရလား"
"ဪ..."
ဆူး အနည်းငယ်အန်းသွားကာ နောက်တော့
"ဟုတ် ရှိပါတယ်၊"
ဆိုတော့ ချက်ချင်းကြီး လှဲချကာ သူမပေါင် ပေါ်သို့ ဦးခေါင်းတင်ရင်း ‌လှဲနေရာမှ သူမကို မော့ကြည့်သည်။
"ကိုယ်ခဏ အနားယူချင်လို့"
ဆူး အံ့အားသင့်သွားတော့ သည်။ သူမကစကားပြောဖို့လာတာ။ သူက ပြောပြောဆိုဆို နှင့် ထိုမျက်နှာလုလုလေးရဲ့တန်ဆာ ဆင်ထားမှု တခုဖြစ်တဲ့ မျက်ဝန်းတစုံက ပိတ်သွားတော့ သည်။
ဆူးပြန်ပင် မဖြေရသေး။ သူကအိပ်သွားပြ္လား။ ဖြေးဖြေးချင်း စောင်းကာ ကိုယ်ကိုလဲ လှည့်စောင်းပြီး အသက်မှန်မှန်ရူနေသည့် အနေအထားကို ခံစားလိုက်ရရုံသာမက
သူမနှလူံသားသည်လဲ ထိန်းချုပ်မရအောင် တဒိန်းဒိန်းခုန်နေသည်။ နားရွက်မှာပူလောင်နေသလို။ မျက်နှာတွင်လဲ အလိုလို ပြုံးရိပ်သန်းနေသည်မှာ အမှန်ပင်။
သူနဲ့ထိတွေ့ထားတဲ့နေရာလေးမှာကို .....။
သူ့ရဲ့နားသပ်စပ် နားရွက်နားမှာ ဖြူဝင်းဝင်း အသားအရေလေးက စိမ်းရောင်သန်းနေသလိုပင်။ချောလိုက်တာ ။ပြုံးမိနေပြန်သည်။
ပိုပြီးနီးစပ်သွားတယ်လို့ထင်ရသည်။ တကာ်လဲ ဆူးဘက်က တရက်ထက်ပိုပြီး တရက် ပိုနီးစပ်ချင်သည်။ အမုန်းကနေ အချစ်။ ဘယ်အချိန်ကစတင်ဖြစ်ပေါ်လာနည်း။
&&&&&&&&&&&
To be continued
Project တခုလက်ခံထားတဲ့အတွက် စာမရေးနိုင်လိုက်ဘူး၊ အခုမှ တင်လိုက်နိုင်တယ်၊ ဖတ်ပေးပါအုံးနော်
Zawgyi Version
ဆူးခေါင်းညိတ်သည်။
"အဲဒီတော့...."
ဆူးလဲ ခေါင်းညိတ်ရင်း
ဆူးကလဲ
"ဟုတ်"
++++++++++++++
"ဆူး ငါပြောစရာရှိတယ်"
"အင်း"
"နင် တွေ့ပြီးပြီလား"
"ဒါလား၊"
ဆူးက
သစ်စက သက်ပြင်းချပြီး
ဆူးလဲ သိသည်။ သို့သော် အဖွဲ့အစည်း မဟုတ်လား။
"အေးပါ"
+++++++++
ညို့က
ဟိန်းသူက
"မနက်ငါလာခေါ်မယ်"
"အိုကေ"
"ဟုတ် အန်ကယ်လေး"
"သူ့ရောဂါအခြေအနေကကော"
"တွီ...တွီ...တွီ"
"ညို့ ညို့"
"ဂျာမဏီမှာ ခဏခဏ ဖြစ်တယ်၊ နည်းနည်း စိတ်ထိခိုက်တာနဲ့ အခုလို ဖြစ်သွားတာပဲ၊ ဟိုမှာ သွေးသွင်းရတဲ့အထိ ဖြစ်သွားသေးတယ်"
ကျော်ဇောနိုင်က
"ဒါကဘာလဲ"
စာတွင်
&&&&&&&&&&&&
ဟိန်းသူ သူ့ကိုကြည့်ရတာ တကယ်ကိုစတ်မချမ်းသာပေ။
"ညို့"
"ညို့နေမကောင်းဘူးလား"
ညို့က ပြုံးပြီး
"တခုခုရှိလို့လား"
ဆူးက
"ညီမ အချိန်ရလား"
"ဪ..."
"ဟုတ် ရှိပါတယ်၊"
&&&&&&&&&&&
To be continued
Continue Reading
You'll Also Like
31.9K 1.1K 16
„Please love me more than I hate myself..." Hyunjin is struggling and nobody seems to notice, not even his brothers. He is slowly losing himself... T...
65.8K 3.7K 16
Own Creation // { Complete } အရင်တုန်းက မရဲ့ အချစ်ဦး ချစ်သူတွေဘယ်သူတွေပဲရှိခဲ့ရှိခဲ့ အဆုံးသတ်မှာ ငယ်နဲ့မ အတူတူပေါင်းဖက်ရဖို့ပဲလိုတယ် ​- ခြူးမြတ်သွ...
37.9K 2.7K 27
အချစ်ကိုရွေးမလား။ ဘဝကိုရွေးမလား။ ဘယ်အရာက ကိုယ့်အတွက် လမ်းဆုံးကိုရောက်စေနိုင်မလဲ။ သင်ကိုယ်တိုင်ရွေးချယ်နိုင်သည်။ ++++++++ Own creation from Lacunovc.
18.6K 1.2K 48
မနက်​ဖြန်ဆိုတာ မရှိခဲ့ရင်......