ကိုလူချောရဲ့ ပင်တိုင်စံ(Compl...

By SaraMuu92

191K 4.2K 266

"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်... More

Into
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 24 (and) 25
18 နှစ်ပြည့်မှ ဖတ်ပေးပါရှင့်
Part 26
Part 2 7
Part 28
Part 29 (S- 1 Final )
S-2 Announcement
Hello

Part 13

3.7K 102 0
By SaraMuu92

Unicode

အပိုင်း - ၁၃

စံတို့ ရန်ကုန်ကိုပြန်ဖို့ လေယာဉ်ပေါ် ရောက်နေကြသည်။မနေ့ညက ရှိုးပွဲတွင် စံ့ကိုအအေးဘူးနှင့်ပေါက်သည့်ကိစ္စမှာ fb ပေါ်ချက်ချင်းပဲ ပျံ့နှံ့သွားသည်။ဒယ်ဒီကလည်းစိတ်ပူပြီး ဖုန်းတွေတဂွမ်ဂွမ်ဆက်လှပြီ။

“မစံ အန်ကယ်က ဘာပြောသေးလဲ….”

“မနေ့ညက ကိစ္စကို စိတ်ပူတာပေါ့ဟာ။လုပ်တဲ့သူကို မိလိုက်လားဘာညာပေါ့…..”

“…နွယ်ရုံလည်း အဲ့ဒါကို စဉ်းစားလို့ကိုမရတာ။မစံက ဘယ်သူနဲ့မှလည်း ပွဲမဖြစ်ဖူးပါဘူး…..”

“…လူတိုင်းကို ကိုယ်လိုတွက်လို့တော့မရဘူး နွယ်ရုံ….ငါ့ကိုကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်တာပဲလေ….”

နှစ်ယောက်သား ပြောစရာစကားမရှိဘဲ တဒင်္ဂ နှုတ်ဆိတ်သွားကြပြန်သည်။တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူက နွယ်ရုံပဲဖြစ်သည်။

“ဒါနဲ့ မစံ….မစံနဲ့ကိုလူချော မနေ့ညက ဘာဖြစ်ကြတာလဲ….နှစ်ယောက်စလုံး စကားလည်းမပြောကြဘူး….”

နွယ်ရုံ မေးလိုက်တယ်ဆိုလျှင်ပဲ စံ မနေ့ညက အကြောင်းအရာကိုတွေးမိပြီး ပါးလေးတွေ ရဲသွား၏။

“အယ်…အယ်…မစံ…ဒါက ရှက်တဲ့ပုံစံပေါ့လေ…ပြော…ပြော….ဘာဖြစ်တာလဲ….”

“ဘာမှမဖြစ်ပါဘူးအေ…အသာနေစမ်းပါ…..”

အစစအရာရာနွယ်ရုံ့ကို တိုင်ပင်တတ်သော်လည်း အခုကိစ္စကတော့ စံကစပြီး နမ်းလိုက်ခြင်းဖြစ်၍ နွယ်ရုံ့ကိုပြောပြရမှာ ဝန်လေးနေသည်။ကိုကြီးက ဒီနေ့မနက် ဟိုတယ်မှာ  စံ့ကိုလာခေါ်ကတည်းက တစ်ချက်လေးတောင် မကြည့်။မျက်နှာကြီးက တည်တင်းနေ၍ စံ့မှာ သူ့ကိုစကားမစရဲအောင် ရှိနေသည်။

စံ လည်ပင်းလေးလိမ်၍ ကိုကြီးကို ခိုးကြည့်၏။မျက်လုံးကို ဇွတ်အတင်းဖိပိတ်၍ ‌နောက်ကိုမှီထားသည်။သူအိပ်နေတာ မဟုတ်မှန်း စံသိပါသည်။

'..ဟွန်း မျက်လုံးပိတ်ပြီး အိပ်တာမဟုတ်ရင် တရားမှတ်နေတာပဲနေမှာ...ပြောရတာမဟုတ်ဘူး....ဘုန်းကြီးလူထွက်ပဲဟာ....'

စံ ပွစိပွစိရေရွတ်၍ သူ မမြင်နိုင်မှန်းသိပေမဲ့ မျက်စောင်းလေးထိုးလိုက်သည်။

💮💮💮💮💮💮💮💮💮💮💮💮

ဆိုရှယ်မီဒီယာတခွင်မှာ ပျံ့နှံ့လာသည့်ပင်တိုင်စံ့ပုံတွေကိုကြည့်ပြီး ချောအိန္ဒြေ ဆောက်တည်ရာမရအောင် ဒေါသဖြစ်နေသည်။သူမခိုင်းလိုက်သည့်သူကလည်း ကိစ္စကိုအောင်မြင်အောင် မလုပ်နိုင်ခဲ့၍ ပိုပြီးဒေါသဖြစ်ရ၏။ဖုန်းဖွင့်ပြီး သုတဆီစာပို့လိုက်သည်။

“သုတ နင်ဘယ်မှာလဲ…ငါတို့တွေ့ရအောင်….”

“မအားဘူး..ရိုက်ကွင်းမှာ…”

သုတရဲ့ ပြန်ဖြေသံက စိတ်မရှည်သည့်ပုံ ပေါက်နေသည်။

“ဘယ်အချိန်ပြီးမှာလဲ….”

“ညမိုးချုပ်မှာ….”

“နင်ဘယ်အချိန်ပြီးမှာလဲသာပြော…..ငါလာမယ်…”

“မနက်ဖြန် ၁၀ နာရီ..ငါ မင်းအိမ်လာခဲ့မယ်….”

သုတက အခုနောက်ပိုင်း အရင်လိုမဟုတ်တော့။သူမအပေါ် ဆက်ဆံတာ အေးတိအေးစက်နိုင်လာသည်။

တကယ်တော့ ပိုင်သုတအောင်ဆိုတာကလည်း သူမကိုချစ်လွန်းလို့ တွဲခဲ့ခြင်းတော့ မဟုတ်ပေ။အထိအတွေ့မှာ မလွန်ဆန်နိုင်၍သာ သူမဘက်ယိမ်းယိုင်ခဲ့ရခြင်းပင်….

ချောအိန္ဒြေ ခုတင်ပေါ်မှာလှဲနေရင်း စိတ်တွေက သုတအကြောင်းစဉ်းစားလိုက်၊ ပင်တိုင်စံအကြောင်းစဉ်းစားလိုက်ဖြင့် အတိတ်ကာလကအဖြစ်အပျက်တွေကို ပြန်မြင်ယောင်လာသည်။

💮💮💮💮💮💮💮💮💮💮💮

(လွန်ခဲ့သော  ၅ နှစ်)
စွမ်းရည်နှင့် ချောအိန္ဒြေဆိုသည့် ငယ်သူငယ်ချင်းနှစ်ယောက်ဟာ တက္ကသိုလ်တက်ဖို့ရန်အတွက် ရန်ကုန်မြို့ပေါ်ကို ရောက်လာခဲ့ကြသည်။ချောတို့နှစ်ယောက်လုံးက ကွမ်းခြံကုန်းဇာတိဖြစ်၍ သာမန်လယ်ယာလုပ်ကိုင်စားသောက်သည့်မိသားစုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ရန်ကုန်လို မြို့ကြီးနှင့်ယှဉ်လျှင် သာမန်ဆိုပေမဲ့ ချောတို့မြို့မှာတော့ နှစ်ယောက်လုံးက သူဌေးစာရင်းဝင်ကြပါသည်။အဲ့ဒါကြောင့်လည်း မပူမပင်မကြောင့်မကျနှင့် ရန်ကုန်မှာအဆောင်နေ၍ အေးအေးဆေးဆေး ကျောင်းတက်နိုင်ခြင်းသာ ဖြစ်သည်။

စွမ်းနှင့်ချောက မေဂျာမတူ။ချောက ဓာတုဗေဒယူပြီး စွမ်းကတော့ သင်္ချာမေဂျာကို ယူခဲ့သည်။ပထမနှစ်အစမှာပဲ ချောနှင့်ပင်တိုင်စံ ခင်ခဲ့ကြ၏။

ချမ်းသာကြတာခြင်းအတူတူတောင် စံက မင်းသမီးလေးတစ်ပါးလို ဖူးဖူးမှုတ်အချစ်ခံရသည်။လှတာခြင်းအတူတူတောင် ချောကစံ့အလှနှင့်ယှဉ်နိုင်ဖို့ ခေတ်မီမိတ်ကပ်တွေသုံးရသည်။ဘဝခြင်းက တူမလိုလိုနှင့် ကွာခြားပါသည်။

ကျောင်းထိပ်မှာ စံ့ကိုမျှော်နေတုန်း စွမ်းရည်ရောက်လာသည်။

"ချော...ငါ့ကိုပိုက်ဆံချေးဦး...."

"နင်ကလည်း ကုန်ပြန်ပြီလား...."

"....ငါ အသုံးလွန်သွားလို့ပါ...."

"..ချွေချွေတာတာ သုံးမှပေါ့ဟာ...."

"..လုပ်ပါဟာ ချေးစမ်းပါ..နင်ကလည်း နောက်လအိမ်ကပို့ရင် ပြန်ပေးပါ့မယ်...."

စွမ်းကို ချောဘယ်တုန်းကမှ မနိုင်ပေ။ငယ်စဉ်ကတည်းက စွမ်းကိုသူမကပဲ အမြဲအလျော့ပေးခဲ့ရသည်။ရူပါရှိတဲ့ သူဌေးသားစွမ်းက အိမ်အပေါ်မှာဆိုးသလို မြို့မှာလည်း ငပွေးလေးဖြစ်ခဲ့သည်။သူ ဘယ်လောက်ဆိုးဆိုး ချောကတော့ သူ့ကိုတဖက်သတ် ချစ်နေရသူမို့ အပြစ်မမြင်နိုင်ပေ...

စွမ်းဂျီကျနေတုန်း စံတို့အိမ်ကကားလေး ထိုးဆိုက်လာသည်။ဆံပင်ကုပ်ဝဲဖောင်းဖောင်းလေးနှင့် အိတ်လေးလွယ်၍ စာအုပ်ပိုက်ပြီး ပင်တိုင်စံဆင်းလာသည်။ပုတဲ့အရပ်ကို မသိသာစေရန် ဒေါက်ဖိနပ်လေးပါ စီးထားသေးသည်။ချောကိုမြင်တော့ သူမက လက်လေးလှမ်းပြပြီး အပြေးလျှောက်လာသည်။

" ဟာ....ဘယ်ကနတ်သမီးလေး လူ့ပြည်ရောက်လာတာလဲ...."

စွမ်းရဲ့မှတ်ချက်ပြုသံကို ကြားလိုက်သည်ဆိုလျှင်ပဲ...

"နင်နော်...ဒါငါ့သူငယ်ချင်း...နင့်အကန့်တွေနဲ့ မရောနဲ့...."

"...ချောအိန္ဒြေ နင်တော်တော် အကျင့်မကောင်းတဲ့လူပဲ။ဒီလောက်လှတဲ့သူငယ်ချင်း ရထားတာတောင် ငါ့ကိုမိတ်ဆက်မပေးဘူး...."

"...ငါပြောပြီးပြီးနော် စွမ်း...သူ့အိမ်က အရမ်းချုပ်ချယ်တယ်...သူ့ကိုတော့ လက်ရှောင်ပေးပါဟာ...."

"ငါ တကယ်ကြွေသွားပြီ...မရတော့ဘူး....."

ချော ဘယ်လိုပြောပြော သူကတော့ နားမဝင်ပေ။စံ့ကိုသာ ငေးကြည့်ပြီး ပြောချင်ရာပြောနေသည်။

"ချော ရောက်နေတာ ကြာပြီလား။စံနောက်ကျသွားတယ်....."

"မကြာသေးပါဘူး...."

"အဟဲ...ကျွန်တော့်နာမည်က စွမ်းရည်ပါ...သင်္ချာမေဂျာကပါ..."

စံနှင့်မသိဘဲ သူ့ကိုယ်သူ မိတ်ဆက်လာသည့် အသားဖြူဖြူကောင်လေးကြောင့် စံကြောင်အသွား၏။ကားပေါ်က ဆင်းလာကတည်းက ချောဘေးနားမှာ ကောင်လေးတစ်ယောက်ရပ်နေတာကို မြင်ခဲ့ရသည်။ချောကောင်လေးလို့ပဲ စံကထင်မိသည်။

စွမ်းရည်က ဝင်လုံးပြီဆိုမှတော့ ချောလည်း မနေသာတော့ဘဲ မိတ်ဆက်ပေးရပါသည်။

"စံ သူက ငါနဲ့တနယ်တည်းသားလေ။ကွမ်းခြံကုန်းကပဲ...."

"ဪ....."

"ကျွန်တော်တို့က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေပါဗျ....ချောကိုခင်သလို ကျွန်တော့်ကိုလည်း ခင်နိုင်ပါတယ် မ...."

"....ပင်တိုင်စံပါ..."

ချောကတိုတိုတုတ်တုတ်ပဲ မိတ်ဆက်ပေးတော့ စွမ်းကအတွန့်တက်ပြီး အရစ်ရှည်လိုက်သေးသည်။

💮💮💮💮💮💮💮💮💮💮💮

စွမ်းရည်တစ်ယောက် စံ့ကိုတွေ့ချင်၍ အကြောင်းမရှိအကြောင်းရှာပြီး ချောတို့မေဂျာဘက်ကို ရောက်ရောက်လာသည်။

စွမ်းရည်ကပဲ စံ့ကိုတကယ်ချစ်မိသွားခဲ့လေသလား….

စံကပဲ အချစ်ကိုမကြုံဘူးတဲ့ တပင်တိုင်မင်းသမီးလေး ဖြစ်ခဲ့ခြင်းကြောင့်လား…..

ချောကပဲ စွမ်းကိုချစ်လွန်းမကချစ်မိ၍ သဝန်တိုခဲ့မိလေသလား…

ဘယ်ကံတရားကြောင့်ရယ်မသိ…ချောတို့၏သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးမှာ ဇာတ်သိမ်းမလှခဲ့ပေ။

To be continued

💙💙💙💙💙💙💙💙💙💙💙

Zawgyi

အပိုင္း - ၁၃

စံတို႔ ရန္ကုန္ကိုျပန္ဖို႔ ေလယာဥ္ေပၚ ေရာက္ေနၾကသည္။မေန႔ညက ရႈိးပြဲတြင္ စံ့ကိုအေအးဘူးႏွင့္ေပါက္သည့္ကိစၥမွာ fb ေပၚခ်က္ခ်င္းပဲ ပ်ံ႕ႏွံ႔သြားသည္။ဒယ္ဒီကလည္းစိတ္ပူၿပီး ဖုန္းေတြတဂြမ္ဂြမ္ဆက္လွၿပီ။

“မစံ အန္ကယ္က ဘာေျပာေသးလဲ….”

“မေန႔ညက ကိစၥကို စိတ္ပူတာေပါ့ဟာ။လုပ္တဲ့သူကို မိလိုက္လားဘာညာေပါ့…..”

“…ႏြယ္႐ုံလည္း အဲ့ဒါကို စဥ္းစားလို႔ကိုမရတာ။မစံက ဘယ္သူနဲ႔မွလည္း ပြဲမျဖစ္ဖူးပါဘူး…..”

“…လူတိုင္းကို ကိုယ္လိုတြက္လို႔ေတာ့မရဘူး ႏြယ္႐ုံ….ငါ့ကိုႀကိဳက္တဲ့သူရွိသလို မႀကိဳက္တဲ့သူလည္း ရွိႏိုင္တာပဲေလ….”

ႏွစ္ေယာက္သား ေျပာစရာစကားမရွိဘဲ တဒဂၤ ႏႈတ္ဆိတ္သြားၾကျပန္သည္။တိတ္ဆိတ္မႈကို စတင္ၿဖိဳခြဲလိုက္သူက ႏြယ္႐ုံပဲျဖစ္သည္။

“ဒါနဲ႔ မစံ….မစံနဲ႔ကိုလူေခ်ာ မေန႔ညက ဘာျဖစ္ၾကတာလဲ….ႏွစ္ေယာက္စလုံး စကားလည္းမေျပာၾကဘူး….”

ႏြယ္႐ုံ ေမးလိုက္တယ္ဆိုလွ်င္ပဲ စံ မေန႔ညက အေၾကာင္းအရာကိုေတြးမိၿပီး ပါးေလးေတြ ရဲသြား၏။

“အယ္…အယ္…မစံ…ဒါက ရွက္တဲ့ပုံစံေပါ့ေလ…ေျပာ…ေျပာ….ဘာျဖစ္တာလဲ….”

“ဘာမွမျဖစ္ပါဘူးေအ…အသာေနစမ္းပါ…..”

အစစအရာရာႏြယ္႐ုံ႔ကို တိုင္ပင္တတ္ေသာ္လည္း အခုကိစၥကေတာ့ စံကစၿပီး နမ္းလိုက္ျခင္းျဖစ္၍ ႏြယ္႐ုံ႔ကိုေျပာျပရမွာ ဝန္ေလးေနသည္။ကိုႀကီးက ဒီေန႔မနက္ ဟိုတယ္မွာ  စံ့ကိုလာေခၚကတည္းက တစ္ခ်က္ေလးေတာင္ မၾကည့္။မ်က္ႏွာႀကီးက တည္တင္းေန၍ စံ့မွာ သူ႔ကိုစကားမစရဲေအာင္ ရွိေနသည္။

စံ လည္ပင္းေလးလိမ္၍ ကိုႀကီးကို ခိုးၾကည့္၏။မ်က္လုံးကို ဇြတ္အတင္းဖိပိတ္၍ ‌ေနာက္ကိုမွီထားသည္။သူအိပ္ေနတာ မဟုတ္မွန္း စံသိပါသည္။

'..ဟြန္း မ်က္လုံးပိတ္ၿပီး အိပ္တာမဟုတ္ရင္ တရားမွတ္ေနတာပဲေနမွာ...ေျပာရတာမဟုတ္ဘူး....ဘုန္းႀကီးလူထြက္ပဲဟာ....'

စံ ပြစိပြစိေရ႐ြတ္၍ သူ မျမင္ႏိုင္မွန္းသိေပမဲ့ မ်က္ေစာင္းေလးထိုးလိုက္သည္။

💮💮💮💮💮💮💮💮💮💮💮💮

ဆိုရွယ္မီဒီယာတခြင္မွာ ပ်ံ႕ႏွံ႔လာသည့္ပင္တိုင္စံ့ပုံေတြကိုၾကည့္ၿပီး ေခ်ာအိေျႏၵ ေဆာက္တည္ရာမရေအာင္ ေဒါသျဖစ္ေနသည္။သူမခိုင္းလိုက္သည့္သူကလည္း ကိစၥကိုေအာင္ျမင္ေအာင္ မလုပ္ႏိုင္ခဲ့၍ ပိုၿပီးေဒါသျဖစ္ရ၏။ဖုန္းဖြင့္ၿပီး သုတဆီစာပို႔လိုက္သည္။

“သုတ နင္ဘယ္မွာလဲ…ငါတို႔ေတြ႕ရေအာင္….”

“မအားဘူး..႐ိုက္ကြင္းမွာ…”

သုတရဲ႕ ျပန္ေျဖသံက စိတ္မရွည္သည့္ပုံ ေပါက္ေနသည္။

“ဘယ္အခ်ိန္ၿပီးမွာလဲ….”

“ညမိုးခ်ဳပ္မွာ….”

“နင္ဘယ္အခ်ိန္ၿပီးမွာလဲသာေျပာ…..ငါလာမယ္…”

“မနက္ျဖန္ ၁၀ နာရီ..ငါ မင္းအိမ္လာခဲ့မယ္….”

သုတက အခုေနာက္ပိုင္း အရင္လိုမဟုတ္ေတာ့။သူမအေပၚ ဆက္ဆံတာ ေအးတိေအးစက္ႏိုင္လာသည္။

တကယ္ေတာ့ ပိုင္သုတေအာင္ဆိုတာကလည္း သူမကိုခ်စ္လြန္းလို႔ တြဲခဲ့ျခင္းေတာ့ မဟုတ္ေပ။အထိအေတြ႕မွာ မလြန္ဆန္ႏိုင္၍သာ သူမဘက္ယိမ္းယိုင္ခဲ့ရျခင္းပင္….

ေခ်ာအိေျႏၵ ခုတင္ေပၚမွာလွဲေနရင္း စိတ္ေတြက သုတအေၾကာင္းစဥ္းစားလိုက္၊ ပင္တိုင္စံအေၾကာင္းစဥ္းစားလိုက္ျဖင့္ အတိတ္ကာလကအျဖစ္အပ်က္ေတြကို ျပန္ျမင္ေယာင္လာသည္။

💮💮💮💮💮💮💮💮💮💮💮

(လြန္ခဲ့ေသာ  ၅ ႏွစ္)
စြမ္းရည္ႏွင့္ ေခ်ာအိေျႏၵဆိုသည့္ ငယ္သူငယ္ခ်င္းႏွစ္ေယာက္ဟာ တကၠသိုလ္တက္ဖို႔ရန္အတြက္ ရန္ကုန္ၿမိဳ႕ေပၚကို ေရာက္လာခဲ့ၾကသည္။ေခ်ာတို႔ႏွစ္ေယာက္လုံးက ကြမ္းၿခံကုန္းဇာတိျဖစ္၍ သာမန္လယ္ယာလုပ္ကိုင္စားေသာက္သည့္မိသားစုမွ ေပါက္ဖြားလာျခင္းျဖစ္သည္။ရန္ကုန္လို ၿမိဳ႕ႀကီးႏွင့္ယွဥ္လွ်င္ သာမန္ဆိုေပမဲ့ ေခ်ာတို႔ၿမိဳ႕မွာေတာ့ ႏွစ္ေယာက္လုံးက သူေဌးစာရင္းဝင္ၾကပါသည္။အဲ့ဒါေၾကာင့္လည္း မပူမပင္မေၾကာင့္မက်ႏွင့္ ရန္ကုန္မွာအေဆာင္ေန၍ ေအးေအးေဆးေဆး ေက်ာင္းတက္ႏိုင္ျခင္းသာ ျဖစ္သည္။

စြမ္းႏွင့္ေခ်ာက ေမဂ်ာမတူ။ေခ်ာက ဓာတုေဗဒယူၿပီး စြမ္းကေတာ့ သခ်ၤာေမဂ်ာကို ယူခဲ့သည္။ပထမႏွစ္အစမွာပဲ ေခ်ာႏွင့္ပင္တိုင္စံ ခင္ခဲ့ၾက၏။

ခ်မ္းသာၾကတာျခင္းအတူတူေတာင္ စံက မင္းသမီးေလးတစ္ပါးလို ဖူးဖူးမႈတ္အခ်စ္ခံရသည္။လွတာျခင္းအတူတူေတာင္ ေခ်ာကစံ့အလွႏွင့္ယွဥ္ႏိုင္ဖို႔ ေခတ္မီမိတ္ကပ္ေတြသုံးရသည္။ဘဝျခင္းက တူမလိုလိုႏွင့္ ကြာျခားပါသည္။

ေက်ာင္းထိပ္မွာ စံ့ကိုေမွ်ာ္ေနတုန္း စြမ္းရည္ေရာက္လာသည္။

"ေခ်ာ...ငါ့ကိုပိုက္ဆံေခ်းဦး...."

"နင္ကလည္း ကုန္ျပန္ၿပီလား...."

"....ငါ အသုံးလြန္သြားလို႔ပါ...."

"..ေခြၽေခြၽတာတာ သုံးမွေပါ့ဟာ...."

"..လုပ္ပါဟာ ေခ်းစမ္းပါ..နင္ကလည္း ေနာက္လအိမ္ကပို႔ရင္ ျပန္ေပးပါ့မယ္...."

စြမ္းကို ေခ်ာဘယ္တုန္းကမွ မႏိုင္ေပ။ငယ္စဥ္ကတည္းက စြမ္းကိုသူမကပဲ အၿမဲအေလ်ာ့ေပးခဲ့ရသည္။႐ူပါရွိတဲ့ သူေဌးသားစြမ္းက အိမ္အေပၚမွာဆိုးသလို ၿမိဳ႕မွာလည္း ငေပြးေလးျဖစ္ခဲ့သည္။သူ ဘယ္ေလာက္ဆိုးဆိုး ေခ်ာကေတာ့ သူ႔ကိုတဖက္သတ္ ခ်စ္ေနရသူမို႔ အျပစ္မျမင္ႏိုင္ေပ...

စြမ္းဂ်ီက်ေနတုန္း စံတို႔အိမ္ကကားေလး ထိုးဆိုက္လာသည္။ဆံပင္ကုပ္ဝဲေဖာင္းေဖာင္းေလးႏွင့္ အိတ္ေလးလြယ္၍ စာအုပ္ပိုက္ၿပီး ပင္တိုင္စံဆင္းလာသည္။ပုတဲ့အရပ္ကို မသိသာေစရန္ ေဒါက္ဖိနပ္ေလးပါ စီးထားေသးသည္။ေခ်ာကိုျမင္ေတာ့ သူမက လက္ေလးလွမ္းျပၿပီး အေျပးေလွ်ာက္လာသည္။

" ဟာ....ဘယ္ကနတ္သမီးေလး လူ႔ျပည္ေရာက္လာတာလဲ...."

စြမ္းရဲ႕မွတ္ခ်က္ျပဳသံကို ၾကားလိုက္သည္ဆိုလွ်င္ပဲ...

"နင္ေနာ္...ဒါငါ့သူငယ္ခ်င္း...နင့္အကန႔္ေတြနဲ႔ မေရာနဲ႔...."

"...ေခ်ာအိေျႏၵ နင္ေတာ္ေတာ္ အက်င့္မေကာင္းတဲ့လူပဲ။ဒီေလာက္လွတဲ့သူငယ္ခ်င္း ရထားတာေတာင္ ငါ့ကိုမိတ္ဆက္မေပးဘူး...."

"...ငါေျပာၿပီးၿပီးေနာ္ စြမ္း...သူ႔အိမ္က အရမ္းခ်ဳပ္ခ်ယ္တယ္...သူ႔ကိုေတာ့ လက္ေရွာင္ေပးပါဟာ...."

"ငါ တကယ္ေႂကြသြားၿပီ...မရေတာ့ဘူး....."

ေခ်ာ ဘယ္လိုေျပာေျပာ သူကေတာ့ နားမဝင္ေပ။စံ့ကိုသာ ေငးၾကည့္ၿပီး ေျပာခ်င္ရာေျပာေနသည္။

"ေခ်ာ ေရာက္ေနတာ ၾကာၿပီလား။စံေနာက္က်သြားတယ္....."

"မၾကာေသးပါဘူး...."

"အဟဲ...ကြၽန္ေတာ့္နာမည္က စြမ္းရည္ပါ...သခ်ၤာေမဂ်ာကပါ..."

စံႏွင့္မသိဘဲ သူ႔ကိုယ္သူ မိတ္ဆက္လာသည့္ အသားျဖဴျဖဴေကာင္ေလးေၾကာင့္ စံေၾကာင္အသြား၏။ကားေပၚက ဆင္းလာကတည္းက ေခ်ာေဘးနားမွာ ေကာင္ေလးတစ္ေယာက္ရပ္ေနတာကို ျမင္ခဲ့ရသည္။ေခ်ာေကာင္ေလးလို႔ပဲ စံကထင္မိသည္။

စြမ္းရည္က ဝင္လုံးၿပီဆိုမွေတာ့ ေခ်ာလည္း မေနသာေတာ့ဘဲ မိတ္ဆက္ေပးရပါသည္။

"စံ သူက ငါနဲ႔တနယ္တည္းသားေလ။ကြမ္းၿခံကုန္းကပဲ...."

"ဪ....."

"ကြၽန္ေတာ္တို႔က ငယ္ေပါင္းႀကီးေဖာ္ သူငယ္ခ်င္းေတြပါဗ်....ေခ်ာကိုခင္သလို ကြၽန္ေတာ့္ကိုလည္း ခင္ႏိုင္ပါတယ္ မ...."

"....ပင္တိုင္စံပါ..."

ေခ်ာကတိုတိုတုတ္တုတ္ပဲ မိတ္ဆက္ေပးေတာ့ စြမ္းကအတြန႔္တက္ၿပီး အရစ္ရွည္လိုက္ေသးသည္။

💮💮💮💮💮💮💮💮💮💮💮

စြမ္းရည္တစ္ေယာက္ စံ့ကိုေတြ႕ခ်င္၍ အေၾကာင္းမရွိအေၾကာင္းရွာၿပီး ေခ်ာတို႔ေမဂ်ာဘက္ကို ေရာက္ေရာက္လာသည္။

စြမ္းရည္ကပဲ စံ့ကိုတကယ္ခ်စ္မိသြားခဲ့ေလသလား….

စံကပဲ အခ်စ္ကိုမႀကဳံဘူးတဲ့ တပင္တိုင္မင္းသမီးေလး ျဖစ္ခဲ့ျခင္းေၾကာင့္လား…..

ေခ်ာကပဲ စြမ္းကိုခ်စ္လြန္းမကခ်စ္မိ၍ သဝန္တိုခဲ့မိေလသလား…

ဘယ္ကံတရားေၾကာင့္ရယ္မသိ…ေခ်ာတို႔၏သုံးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းေလးမွာ ဇာတ္သိမ္းမလွခဲ့ေပ။

To be continued

💙💙💙💙💙💙💙💙💙💙💙

Continue Reading

You'll Also Like

222K 13.5K 49
ဗီလိန္တစ္ေယာက္၏ဖြင့္ဟဝန္ခံခ်က္ by byun baekkie coverလက္ေဆာင္အတြက္ေက်းဇူးတင္ပါတယ္ညီမေလးSuSu602 #chanbaek #normal @Matainyu
1.2M 33.4K 61
ဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ...
2.5K 133 46
မင်းသုဝေ(စိန္ပန္းေျမ)၊ ဝိုင္းဝိုင္း၊Minsetwai၊ Snow Hninnတို႔၏ ကဗ်ာေကာင္းေလးမ်ား
805K 32.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....