Unicode
ခပ်ကျဉ်းကျဉ်းဧည့်ခန်းငယ်လေးအတွင်း ဖန်ကွဲစတွေသည် ဟိုတစ်ဒီတစ်စဖြင့် ရေများသည်လည်း အညိုရောင်ကြမ်းပြင်ခင်းထက်ရွှဲရွှဲစိုနေသည်။
"Tae.. Taehyung မင်းတော့.. မင်းတော့ ငါ့ကိုကူညီမှဖြစ်မယ်.. ငါ့ကိုဒီတစ်ခါလောက်ပဲ ကျေးဇူးပြုပြီး ကူညီပေးပါ Taehyung ရယ် ငါတစ်ခါပဲတောင်းဆိုပါတယ်"
စိတ်လွတ်စွာနှင့်ဖျက်စီးပစ်ခဲ့သည့် ပစ္စည်းအစအနတွေအား Taehyung ကကောက်သိမ်းနေရင်းနဲ့မှ အစ်ကိုဖြစ်သူအားစိတ်ပျက်စွာဖြင့်မော့ကြည့်လာသည်။
ထို့နောက်လက်ဟန်များဖြင့် သူပြောချင်သောစကားများကို တိတ်ဆိတ်စွာပြောလိုက်သည်။
*တော်လောက်ပြီ အစ်ကို.. မင်းဘယ်အချိန်ထိဒီလိုတွေလုပ်ပြီး ပြဿနာရှာနေဦးမှာလဲ ငါတို့၊မေမေတို့ကို မင်းနည်းနည်းလေးတောင်မသနားတော့ဘူးလား*
Taehyung ပြောချင်တဲ့စကားတွေကို Taehyung ရဲ့အစ်ကိုဖြစ်သူက နားလည်သော်လည်း ခေါင်းပင်အတင်းခါယမ်းမိသည်။
"Taehyung အစ်ကိုကဒီလိုမျိုးတောင်းဆိုပါတယ်နော် အစ်ကိုအားလုံးကို သူတို့ကိုပြောထားပြီးပြီ Taehyung ကအစ်ကို့အစားသွားတွေ့ပေးရုံပါပဲ.. တွေ့ပြီးရင် ပြီးပြီ တကယ်ပြီးပြီ အစ်ကို့ကိုယုံပါနော် အစ်ကို့ကိုတစ်ခါလောက်ကူညီပေးပါ တကယ်တောင်းဆိုပါတယ်"
အစ်ကို ဘေးနားကဆိုဂျူပုလင်းကိုလည်း ကယောင်ကတမ်းကောက်မော့ရင်း သူ့ကိုကူညီပေးဖို့ကိုသာ တရစပ်တောင်းဆိုနေတော့သည်။
အစ်ကိုအရင်းတစ်ယောက်ဖြစ်တာမို့ Taehyung မျက်နှာလွှဲမပစ်နိုင်ပေမယ့် အစ်ကိုကအသိတရားရှိလာမှဖြစ်မည်။
အစ်ကိုသိပ်ဆိုးလွန်းနေတာတွေက များလွန်းနေပြီ။
Taehyung ထပ်မံလက်ဟန်ပြုလိုက်ပြီး
*မကြာခင် မေမေဆိုင်သိမ်းပြန်လာတော့မှာ.. ကျွန်တော်လည်း အချိန်ပိုင်းအလုပ်ကိုသွားရဦးမယ် အစ်ကို*
"Taehyungah.. အစ်ကိုက အခုကိစ္စပြီးရင် နောက်တစ်ခါထပ်မရှိစေရတော့ပါဘူးလို့ကတိပေးပါတယ် Taehyungah.. အစ်ကိုတကယ် အင့် အစ်ကိုတကယ်ကိုဆင်ခြင်ပါ့မယ် Taehyung ရယ်"
အစ်ကိုရှိုက်သံတွေပါစွက်လျက် အသည်းအသန်တောင်းဆိုလာတော့ Taehyung မနေနိုင်တော့။ ရှားရှားပါးပါးတစ်ဦးတည်းရှိသည့် အစ်ကိုကသိပ်ဆိုးလွန်းလို့ သူ့အနေနဲ့စိတ်ပျက်မိသည့်အခိုက်အတန့်တွေရှိခဲ့သော် သွေးသားအရင်းအချာလည်းဖြစ်နေသေးသည်လေ။
ရှုံးပွဲချငို၍ အရူးတစ်ယောက်နှယ်အသိစိတ်လွတ်ပြီး ကယောင်းကတမ်းဖြစ်နေတဲ့ အစ်ကို ဆုပ်ကိုင်ထားသည့် သူ့လက်မောင်းကိုအသာဆွဲဖြုတ်လိုက်ပြီး Taehyung နေရာမှထကာ စားပွဲပေါ်ကအညိုရောင်မာဖလာတစ်ထည်ကို လည်ပင်း၌နွေးထွေးစေရန် ကောက်ပတ်လိုက်သည်။
အစ်ကိုကသူ့ကိုမော့ကြည့်လာတော့ လက်ဟန်ထပ်ပြကာ..
*ကောင်းပြီ အစ်ကို.. ကျွန်တော်ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်အဖြစ် အစ်ကို့ကိစ္စကိုကူညီပေးမယ် ဒါပေမယ့် အစ်ကိုဘယ်တော့မှပြဿနာမရှာတော့ဘူး ဒီလိုကိစ္စတွေ ဘယ်တော့မှထပ်မလုပ်တော့ပါဘူးလို့ ကျွန်တော်နဲ့အမေ့ကိုကတိပေးပါ*
"ငါ..ငါကတိပေးတယ် Taehyung..ငါကတိပေးတယ်နော် ဒီ..ဒီလိပ်စာကဒ်အတိုင်းမင်းသွားတွေ့လိုက်ပါ"
အစ်ကိုက ကပျာကယာကုန်းရုန်းမတ်တပ်ထရပ်ရင်း လိပ်စာကဒ်တစ်ခုကိုလည်း သူ့လက်ထဲအတင်းထည့်ပေးလာသည်။
*ငါကသွားတွေ့ပြီး ဘာပြောရမှာလဲ အစ်ကို*
သူ့ရဲ့တိတ်ဆိတ်သောစကားကို အစ်ကိုကသူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြန်ပြောလာသည်။
"ဒီအတိုင်းပဲ သွားတွေ့လိုက်ပါ Taehyung.. မင်းသွားတွေ့ပေးရုံပါပဲ အစ်ကိုတောင်းဆိုပါတယ်"
အစ်ကို့စကားတွေကသိပ်တော့ယုံချင်စရာမကောင်းပေမယ့် ညီအစ်ကိုမျက်နှာထောက်ပြီး ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်အဖြစ်သာ ကူညီပေးဖို့အတွက် အစ်ကို့ကိုဘာမှပြန်ပြောမနေတော့ဘဲ သူ့အိတ်ကလေးသာဆွဲယူ၍ဘေးလွယ်ကာ အိမ်ကနေမှထွက်လာခဲ့လိုက်သည်။
လိပ်စာကဒ်အတိုင်းရောက်မည့် Busတစ်ခုပေါ်တက်ပြီး Taehyungစိုးရိမ်စိတ်တွေတော့ အနည်းနဲ့အများကိန်းအောင်းနေသည်။
အတွေးတွေကလည်းလွန်ရင်း သူကအစ်ကို့ရဲ့တစ်ဦးတည်းသော သွေးသားအရင်းအချာတော်စပ်တဲ့ညီဖြစ်တာမို့ အဆင်ပြေသွားမှာပါဆိုပြီး အစ်ကို့ကိုလည်းယုံကြည်မိသည်။
လိပ်စာကဒ်အတိုင်းရောက်လာသည်က အဆင်မြင့်စားသောက်ဆိုင်ကြီးတစ်ခုဖြစ်နေတာမို့ Taehyung အနည်းငယ်တော့သက်ပြင်းချမိလိုက်သည်။
ထိုကြီးမားခမ်းနားလွန်းလှသည့် အဆောက်အအုံကြီးကိုတစ်ချက်ဝေ့ကြည့်ရင်း Taehyung ခပ်သွက်သွက်သာအထဲဝင်သွားလိုက်သည်။
အထဲရောက်သည်နှင့် ဝန်ထမ်းတချို့ကဆီးကြိုလာပြီး နာမည်အမေးပြုလာလျှင် သူ့နာမည်ကိုသာ အိတ်ထဲကစာရွက်လေးနှင့် ရေးပြလိုက်သည်။
သူ့နာမည်ကိုသိသည်နှင့် ဝန်ထမ်းများကချက်ချင်းဓာတ်လှေကားဘက်သို့ညွှန်ပို့ပေးကြသည်။
စားသောက်ဆိုင်ဆိုသော်လည်း မြေညီထပ်တွင်တော့ အလှအပများကိုသာအသားပေးထားသည့်Hallခန်းကြီးနှင့် ဧည့်တွေ့ခန်းကြီးလိုသာဖြစ်နေပြီး ပထမထပ်တွင်မှစားသောက်ဆိုင်ဖွင့်လှစ်ထားပုံရသည်။
သူ့ရဲ့အပေါ်ထပ်တွေကတော့ VVIP room တွေသာ။ ဒီစားသောက်ဆိုင်ကြီးက အခန်းတစ်ခုကိုကြိုတင်booking လုပ်ထားမှ စားသောက်ဆိုင်တွင် ထိုင်စားသောက်နိုင်မည်ကို သူရိပ်မိလာသည်။
ဓာတ်လှေကားဟာ ပထမထပ်ကိုကျော်လွန်ပြီး ဒုတိယထပ်ကိုဆက်တက်သွားတာကြောင့် အိတ်ကြိုးကိုဆုပ်ကိုင်ထားသည့် Taehyung လက်သီးခပ်တင်းတင်းဆုပ်မိလိုက်သည်။
တစ်ထပ်ချင်းတက်ရင်း အပေါ်ဆုံးရောက်သည်နှင့်ဓာတ်လှေကားပွင့်လာတာကြောင့် Taehyung အသက်ပြင်းပြင်းရှု၍ အစ်ကိုပေးလိုက်သည့်လိပ်စာကဒ်ကို ပြန်ထုတ်ကြည့်လိုက်တော့ Room No. 901 ။
ဒီနေရာသည်အပေါ်ဆုံးအထပ်တွင် အခန်းများက စုစုပေါင်း 2 ခန်းမျှသာပါရှိသည်။ဘေးနှစ်ဖက်ကြည့်၍ လျှောက်လာခဲ့လိုက်တော့ ဘယ်ဘက်ခြမ်းအလယ်နေရာတွင်တည်ရှိနေပါသည့် No.901နှင့်အနက်ရောင်အခန်းတံခါး။
Taehyung အချိန်အတော်ကြာအထိ ရပ်ကြည့်နေမိပြီး ဆက်သွားသင့်၊မသွားသင့်ကိုဆုံးဖြတ်နေမိသည်။
ဒီတံခါးကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုအရာမျိုးတွေက သူ့အတွက်စောင့်ကြိုနေသလဲ သူမသိနိုင်။ အစ်ကို့ကိုယုံကြည်ပြီး သူရောက်လာခဲ့ပေမယ့် ဘာအကြောင်းကြောင့်လာခဲ့ရသလဲ သူမသိ။
တွေဝေစွာနောက်ဆုတ်သွားသည့် ခြေလှမ်းတွေနောက် Taehyung ပြန်လှည့်ပြန်ဖို့ပြင်နေစဉ်တွင် ဖွင့်ဟလာသည့် ထိုတံခါး။
Taehyung မျက်လုံးတွေဝိုင်းခနဲဖြစ်သွားပြီး အထဲကထွက်လာသည့် သူကိုကြည့်မိလိုက်သည်။
အသက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ဝတ်စုံပြည့်ကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ ဆံပင်ကိုလည်းသေသပ်အောင်ဖြီးသင်ထားပုံက သူဟာလက်ထောက်အတွင်းရေးမှူးတစ်ယောက်လို။
Taehyung ကိုတွေ့သည်နှင့် ခပ်ပါးပါးမျက်မှန်အောက်က မျက်လုံးတစ်စုံကအနည်းငယ်လှုပ်ရှားသွားသည်။
"ဝင်သွားလိုက်ပါ.. သူအထဲမှာစောင့်နေပါတယ်"
Taehyung လည်စလုတ်လှုပ်ရှားသွားပြီး စာရွက်နှင့်ဘောပင်ထုတ်၍ စာလုံးတချို့ရေးချလိုက်သည်။
*သူ ဆိုတာဘယ်သူလဲ*
ထိုမျက်မှန်နှင့်လူက သူရေးထားသည့်စာကိုဖတ်ပြီးသည်နှင့် အကြည့်တစ်ချက်သူ့ဆီပြန်ရောက်လာသည်။
"စိတ်မပူဘဲ ဝင်သွားလိုက်ပါ"
ထိုလူက အပြင်ဘက်ကနေတံခါးကိုဖွင့်ဟပေး၍ အထဲသို့ဝင်ရန်ညွှန်ပြသည်။
တုံ့ဆိုင်းနေသည့်သူ့ကို ခေါင်းတစ်ချက်ညိတ်၍ ဝင်ရန်အချက်ပြသည်။
သူဘာမှဆက်မတွေးနိုင်တော့ဘဲ တရွေ့ချင်းစီဝင်၍အထဲရောက်သွားသည်နှင့် အခန်းတံခါးကိုပြန်ပြီးပိတ်သွားသည်။
ပိတ်သွားသည့်တံခါးကိုတစ်ချက်လှည့်ကြည့်ပြီးမှ အခန်းတစ်ဝိုက်စူးစမ်းအကဲခတ်မိရင်း လျှောက်လာလိုက်တော့ ဒီအခန်းဟာ Hotel Room မဟုတ်ဘဲ အတော်လေးကြီးမားကျယ်ပြန့်ပြီး ကွန်ဒိုအိမ်ကြီးတစ်လုံးနှင့်တောင် ဆင်တူနေတော့သည်။
ကျယ်ပြန့်လွန်းသည့်နေရာကို ယောင်လည်လည်ငေးမောကြည့်မိရင်းမှ ဧည့်ခန်းဖြစ်လောက်မည့် နေရာဘက်သို့သာ သူဆက်လျှောက်သွားမိလိုက်သည်။
ထိုနေရာသို့ရောက်တော့ အနက်ရောင်ဆိုဖာတွေရယ်၊ မှန်စားပွဲကြီးတစ်ခုရယ် ခပ်ကြီးကြီးTVကြီးတစ်လုံး နောက်ပြီး ကျောခိုင်းထားနေသည့် လူတစ်ယောက်။
Taehyung ဆက်လျှောက်မသွားတော့ဘဲ နေရာမှာတင်ပဲ တိခနဲရပ်၍စူးစိုက်ကြည့်နေမိလိုက်သည်။
သူ့မျက်စိရှေ့က ကျောခိုင်းထားသည့်ထိုအနက်ရောင်T shirt နှင့်လူက ခန္ဓာကိုယ်ဖွံ့ဖြိုးပြီးကြွက်သားများဖြင့်တောင့်တင်းနေကာ အသက်အစိတ်ပိုင်းလောက်သာရှိမည့် လူငယ်တစ်ယောက်၏ပုံစံပင်။
ထို့နောက် ကျောပေးထိုင်နေရာမှ တက်တူးအပြည့်ဖြင့် အနက်ရောင်လက်အိတ်ဝတ်ဆင်ထားသည့် ညာဘက်လက်တစ်ဖက်က ဆိုဖာတန်းပေါ်တင်လာပြီး သူ့ကိုလှည့်ကြည့်ကာ ခပ်စောင်းစောင်းပြုံးပြလာသည်။
"ဘာလို့ရပ်လိုက်တာလဲ လျှောက်လာပြီးမှတော့ အဆုံးထိလျှောက်လာခဲ့လေ"
ထိုလူ့ကိုမြင်ပြီးနောက် Taehyung မျက်လုံးများဝိုင်းစက်ကာ အသည်းနှလုံးအိမ်တွေပေါက်ထွက်မတတ် ထိတ်ခနဲတုန်လှုပ်သွားခဲ့ရသည်။
7:47
15/11/2023 (Wed)
Zawgyi
ခပ္က်ဥ္းက်ဥ္းဧည့္ခန္းငယ္ေလးအတြင္း ဖန္ကြဲစေတြသည္ ဟိုတစ္ဒီတစ္စျဖင့္ ေရမ်ားသည္လည္း အညိုေရာင္ၾကမ္းျပင္ခင္းထက္႐ႊဲ႐ႊဲစိုေနသည္။
"Tae.. Taehyung မင္းေတာ့.. မင္းေတာ့ ငါ့ကိုကူညီမွျဖစ္မယ္.. ငါ့ကိုဒီတစ္ခါေလာက္ပဲ ေက်းဇူးျပဳၿပီး ကူညီေပးပါ Taehyung ရယ္ ငါတစ္ခါပဲေတာင္းဆိုပါတယ္"
စိတ္လြတ္စြာႏွင့္ဖ်က္စီးပစ္ခဲ့သည့္ ပစၥည္းအစအနေတြအား Taehyung ကေကာက္သိမ္းေနရင္းနဲ႕မွ အစ္ကိုျဖစ္သူအားစိတ္ပ်က္စြာျဖင့္ေမာ့ၾကည့္လာသည္။
ထို႔ေနာက္လက္ဟန္မ်ားျဖင့္ သူေျပာခ်င္ေသာစကားမ်ားကို တိတ္ဆိတ္စြာေျပာလိုက္သည္။
*ေတာ္ေလာက္ၿပီ အစ္ကို.. မင္းဘယ္အခ်ိန္ထိဒီလိုေတြလုပ္ၿပီး ျပႆနာရွာေနဦးမွာလဲ ငါတို႔၊ေမေမတို႔ကို မင္းနည္းနည္းေလးေတာင္မသနားေတာ့ဘူးလား*
Taehyung ေျပာခ်င္တဲ့စကားေတြကို Taehyung ရဲ႕အစ္ကိုျဖစ္သူက နားလည္ေသာ္လည္း ေခါင္းပင္အတင္းခါယမ္းမိသည္။
"Taehyung အစ္ကိုကဒီလိုမ်ိဳးေတာင္းဆိုပါတယ္ေနာ္ အစ္ကိုအားလုံးကို သူတို႔ကိုေျပာထားၿပီးၿပီ Taehyung ကအစ္ကို႔အစားသြားေတြ႕ေပး႐ုံပါပဲ.. ေတြ႕ၿပီးရင္ ၿပီးၿပီ တကယ္ၿပီးၿပီ အစ္ကို႔ကိုယုံပါေနာ္ အစ္ကို႔ကိုတစ္ခါေလာက္ကူညီေပးပါ တကယ္ေတာင္းဆိုပါတယ္"
အစ္ကို ေဘးနားကဆိုဂ်ဴပုလင္းကိုလည္း ကေယာင္ကတမ္းေကာက္ေမာ့ရင္း သူ႕ကိုကူညီေပးဖို႔ကိုသာ တရစပ္ေတာင္းဆိုေနေတာ့သည္။
အစ္ကိုအရင္းတစ္ေယာက္ျဖစ္တာမို႔ Taehyung မ်က္ႏွာလႊဲမပစ္နိုင္ေပမယ့္ အစ္ကိုကအသိတရားရွိလာမွျဖစ္မည္။
အစ္ကိုသိပ္ဆိုးလြန္းေနတာေတြက မ်ားလြန္းေနၿပီ။
Taehyung ထပ္မံလက္ဟန္ျပဳလိုက္ၿပီး
*မၾကာခင္ ေမေမဆိုင္သိမ္းျပန္လာေတာ့မွာ.. ကြၽန္ေတာ္လည္း အခ်ိန္ပိုင္းအလုပ္ကိုသြားရဦးမယ္ အစ္ကို*
"Taehyungah.. အစ္ကိုက အခုကိစၥၿပီးရင္ ေနာက္တစ္ခါထပ္မရွိေစရေတာ့ပါဘူးလို႔ကတိေပးပါတယ္ Taehyungah.. အစ္ကိုတကယ္ အင့္ အစ္ကိုတကယ္ကိုဆင္ျခင္ပါ့မယ္ Taehyung ရယ္"
အစ္ကိုရွိုက္သံေတြပါစြက္လ်က္ အသည္းအသန္ေတာင္းဆိုလာေတာ့ Taehyung မေနနိုင္ေတာ့။ ရွားရွားပါးပါးတစ္ဦးတည္းရွိသည့္ အစ္ကိုကသိပ္ဆိုးလြန္းလို႔ သူ႕အေနနဲ႕စိတ္ပ်က္မိသည့္အခိုက္အတန႔္ေတြရွိခဲ့ေသာ္ ေသြးသားအရင္းအခ်ာလည္းျဖစ္ေနေသးသည္ေလ။
ရႈံးပြဲခ်ငိဳ၍ အ႐ူးတစ္ေယာက္ႏွယ္အသိစိတ္လြတ္ၿပီး ကေယာင္းကတမ္းျဖစ္ေနတဲ့ အစ္ကို ဆုပ္ကိုင္ထားသည့္ သူ႕လက္ေမာင္းကိုအသာဆြဲျဖဳတ္လိုက္ၿပီး Taehyung ေနရာမွထကာ စားပြဲေပၚကအညိုေရာင္မာဖလာတစ္ထည္ကို လည္ပင္း၌ေႏြးေထြးေစရန္ ေကာက္ပတ္လိုက္သည္။
အစ္ကိုကသူ႕ကိုေမာ့ၾကည့္လာေတာ့ လက္ဟန္ထပ္ျပကာ..
*ေကာင္းၿပီ အစ္ကို.. ကြၽန္ေတာ္ပထမဆုံးအႀကိမ္နဲ႕ေနာက္ဆုံးအႀကိမ္အျဖစ္ အစ္ကို႔ကိစၥကိုကူညီေပးမယ္ ဒါေပမယ့္ အစ္ကိုဘယ္ေတာ့မွျပႆနာမရွာေတာ့ဘူး ဒီလိုကိစၥေတြ ဘယ္ေတာ့မွထပ္မလုပ္ေတာ့ပါဘူးလို႔ ကြၽန္ေတာ္နဲ႕အေမ့ကိုကတိေပးပါ*
"ငါ..ငါကတိေပးတယ္ Taehyung..ငါကတိေပးတယ္ေနာ္ ဒီ..ဒီလိပ္စာကဒ္အတိုင္းမင္းသြားေတြ႕လိုက္ပါ"
အစ္ကိုက ကပ်ာကယာကုန္း႐ုန္းမတ္တပ္ထရပ္ရင္း လိပ္စာကဒ္တစ္ခုကိုလည္း သူ႕လက္ထဲအတင္းထည့္ေပးလာသည္။
*ငါကသြားေတြ႕ၿပီး ဘာေျပာရမွာလဲ အစ္ကို*
သူ႕ရဲ႕တိတ္ဆိတ္ေသာစကားကို အစ္ကိုကသူ႕လက္ႏွစ္ဖက္ကိုဆုပ္ကိုင္၍ ျပန္ေျပာလာသည္။
"ဒီအတိုင္းပဲ သြားေတြ႕လိုက္ပါ Taehyung.. မင္းသြားေတြ႕ေပး႐ုံပါပဲ အစ္ကိုေတာင္းဆိုပါတယ္"
အစ္ကို႔စကားေတြကသိပ္ေတာ့ယုံခ်င္စရာမေကာင္းေပမယ့္ ညီအစ္ကိုမ်က္ႏွာေထာက္ၿပီး ပထမဆုံးအႀကိမ္နဲ႕ေနာက္ဆုံးအႀကိမ္အျဖစ္သာ ကူညီေပးဖို႔အတြက္ အစ္ကို႔ကိုဘာမွျပန္ေျပာမေနေတာ့ဘဲ သူ႕အိတ္ကေလးသာဆြဲယူ၍ေဘးလြယ္ကာ အိမ္ကေနမွထြက္လာခဲ့လိုက္သည္။
လိပ္စာကဒ္အတိုင္းေရာက္မည့္ Busတစ္ခုေပၚတက္ၿပီး Taehyungစိုးရိမ္စိတ္ေတြေတာ့ အနည္းနဲ႕အမ်ားကိန္းေအာင္းေနသည္။
အေတြးေတြကလည္းလြန္ရင္း သူကအစ္ကို႔ရဲ႕တစ္ဦးတည္းေသာ ေသြးသားအရင္းအခ်ာေတာ္စပ္တဲ့ညီျဖစ္တာမို႔ အဆင္ေျပသြားမွာပါဆိုၿပီး အစ္ကို႔ကိုလည္းယုံၾကည္မိသည္။
လိပ္စာကဒ္အတိုင္းေရာက္လာသည္က အဆင္ျမင့္စားေသာက္ဆိုင္ႀကီးတစ္ခုျဖစ္ေနတာမို႔ Taehyung အနည္းငယ္ေတာ့သက္ျပင္းခ်မိလိုက္သည္။
ထိုႀကီးမားခမ္းနားလြန္းလွသည့္ အေဆာက္အအုံႀကီးကိုတစ္ခ်က္ေဝ့ၾကည့္ရင္း Taehyung ခပ္သြက္သြက္သာအထဲဝင္သြားလိုက္သည္။
အထဲေရာက္သည္ႏွင့္ ဝန္ထမ္းတခ်ိဳ႕ကဆီးႀကိဳလာၿပီး နာမည္အေမးျပဳလာလွ်င္ သူ႕နာမည္ကိုသာ အိတ္ထဲကစာ႐ြက္ေလးႏွင့္ ေရးျပလိုက္သည္။
သူ႕နာမည္ကိုသိသည္ႏွင့္ ဝန္ထမ္းမ်ားကခ်က္ခ်င္းဓာတ္ေလွကားဘက္သို႔ၫႊန္ပို႔ေပးၾကသည္။
စားေသာက္ဆိုင္ဆိုေသာ္လည္း ေျမညီထပ္တြင္ေတာ့ အလွအပမ်ားကိုသာအသားေပးထားသည့္Hallခန္းႀကီးႏွင့္ ဧည့္ေတြ႕ခန္းႀကီးလိုသာျဖစ္ေနၿပီး ပထမထပ္တြင္မွစားေသာက္ဆိုင္ဖြင့္လွစ္ထားပုံရသည္။
သူ႕ရဲ႕အေပၚထပ္ေတြကေတာ့ VVIP room ေတြသာ။ ဒီစားေသာက္ဆိုင္ႀကီးက အခန္းတစ္ခုကိုႀကိဳတင္booking လုပ္ထားမွ စားေသာက္ဆိုင္တြင္ ထိုင္စားေသာက္နိုင္မည္ကို သူရိပ္မိလာသည္။
ဓာတ္ေလွကားဟာ ပထမထပ္ကိုေက်ာ္လြန္ၿပီး ဒုတိယထပ္ကိုဆက္တက္သြားတာေၾကာင့္ အိတ္ႀကိဳးကိုဆုပ္ကိုင္ထားသည့္ Taehyung လက္သီးခပ္တင္းတင္းဆုပ္မိလိုက္သည္။
တစ္ထပ္ခ်င္းတက္ရင္း အေပၚဆုံးေရာက္သည္ႏွင့္ဓာတ္ေလွကားပြင့္လာတာေၾကာင့္ Taehyung အသက္ျပင္းျပင္းရႈ၍ အစ္ကိုေပးလိုက္သည့္လိပ္စာကဒ္ကို ျပန္ထုတ္ၾကည့္လိုက္ေတာ့ Room No. 901 ။
ဒီေနရာသည္အေပၚဆုံးအထပ္တြင္ အခန္းမ်ားက စုစုေပါင္း 2 ခန္းမွ်သာပါရွိသည္။ေဘးႏွစ္ဖက္ၾကည့္၍ ေလွ်ာက္လာခဲ့လိုက္ေတာ့ ဘယ္ဘက္ျခမ္းအလယ္ေနရာတြင္တည္ရွိေနပါသည့္ No.901ႏွင့္အနက္ေရာင္အခန္းတံခါး။
Taehyung အခ်ိန္အေတာ္ၾကာအထိ ရပ္ၾကည့္ေနမိၿပီး ဆက္သြားသင့္၊မသြားသင့္ကိုဆုံးျဖတ္ေနမိသည္။
ဒီတံခါးႀကီးရဲ႕ေနာက္ကြယ္မွာ ဘယ္လိုအရာမ်ိဳးေတြက သူ႕အတြက္ေစာင့္ႀကိဳေနသလဲ သူမသိနိုင္။ အစ္ကို႔ကိုယုံၾကည္ၿပီး သူေရာက္လာခဲ့ေပမယ့္ ဘာအေၾကာင္းေၾကာင့္လာခဲ့ရသလဲ သူမသိ။
ေတြေဝစြာေနာက္ဆုတ္သြားသည့္ ေျခလွမ္းေတြေနာက္ Taehyung ျပန္လွည့္ျပန္ဖို႔ျပင္ေနစဥ္တြင္ ဖြင့္ဟလာသည့္ ထိုတံခါး။
Taehyung မ်က္လုံးေတြဝိုင္းခနဲျဖစ္သြားၿပီး အထဲကထြက္လာသည့္ သူကိုၾကည့္မိလိုက္သည္။
အသက္လတ္ပိုင္းအ႐ြယ္ျဖစ္ၿပီး ဝတ္စုံျပည့္ကိုသပ္သပ္ရပ္ရပ္ဝတ္ဆင္ထားကာ ဆံပင္ကိုလည္းေသသပ္ေအာင္ၿဖီးသင္ထားပုံက သူဟာလက္ေထာက္အတြင္းေရးမႉးတစ္ေယာက္လို။
Taehyung ကိုေတြ႕သည္ႏွင့္ ခပ္ပါးပါးမ်က္မွန္ေအာက္က မ်က္လုံးတစ္စုံကအနည္းငယ္လႈပ္ရွားသြားသည္။
"ဝင္သြားလိုက္ပါ.. သူအထဲမွာေစာင့္ေနပါတယ္"
Taehyung လည္စလုတ္လႈပ္ရွားသြားၿပီး စာ႐ြက္ႏွင့္ေဘာပင္ထုတ္၍ စာလုံးတခ်ိဳ႕ေရးခ်လိဳက္သည္။
*သူ ဆိုတာဘယ္သူလဲ*
ထိုမ်က္မွန္ႏွင့္လူက သူေရးထားသည့္စာကိုဖတ္ၿပီးသည္ႏွင့္ အၾကည့္တစ္ခ်က္သူ႕ဆီျပန္ေရာက္လာသည္။
"စိတ္မပူဘဲ ဝင္သြားလိုက္ပါ"
ထိုလူက အျပင္ဘက္ကေနတံခါးကိုဖြင့္ဟေပး၍ အထဲသို႔ဝင္ရန္ၫႊန္ျပသည္။
တုံ႕ဆိုင္းေနသည့္သူ႕ကို ေခါင္းတစ္ခ်က္ညိတ္၍ ဝင္ရန္အခ်က္ျပသည္။
သူဘာမွဆက္မေတြးနိုင္ေတာ့ဘဲ တေ႐ြ႕ခ်င္းစီဝင္၍အထဲေရာက္သြားသည္ႏွင့္ အခန္းတံခါးကိုျပန္ၿပီးပိတ္သြားသည္။
ပိတ္သြားသည့္တံခါးကိုတစ္ခ်က္လွည့္ၾကည့္ၿပီးမွ အခန္းတစ္ဝိုက္စူးစမ္းအကဲခတ္မိရင္း ေလွ်ာက္လာလိုက္ေတာ့ ဒီအခန္းဟာ Hotel Room မဟုတ္ဘဲ အေတာ္ေလးႀကီးမားက်ယ္ျပန႔္ၿပီး ကြန္ဒိုအိမ္ႀကီးတစ္လုံးႏွင့္ေတာင္ ဆင္တူေနေတာ့သည္။
က်ယ္ျပန႔္လြန္းသည့္ေနရာကို ေယာင္လည္လည္ေငးေမာၾကည့္မိရင္းမွ ဧည့္ခန္းျဖစ္ေလာက္မည့္ ေနရာဘက္သို႔သာ သူဆက္ေလွ်ာက္သြားမိလိုက္သည္။
ထိုေနရာသို႔ေရာက္ေတာ့ အနက္ေရာင္ဆိုဖာေတြရယ္၊ မွန္စားပြဲႀကီးတစ္ခုရယ္ ခပ္ႀကီးႀကီးTVႀကီးတစ္လုံး ေနာက္ၿပီး ေက်ာခိုင္းထားေနသည့္ လူတစ္ေယာက္။
Taehyung ဆက္ေလွ်ာက္မသြားေတာ့ဘဲ ေနရာမွာတင္ပဲ တိခနဲရပ္၍စူးစိုက္ၾကည့္ေနမိလိုက္သည္။
သူ႕မ်က္စိေရွ႕က ေက်ာခိုင္းထားသည့္ထိုအနက္ေရာင္T shirt ႏွင့္လူက ခႏၶာကိုယ္ဖြံ႕ၿဖိဳးၿပီးႂကြက္သားမ်ားျဖင့္ေတာင့္တင္းေနကာ အသက္အစိတ္ပိုင္းေလာက္သာရွိမည့္ လူငယ္တစ္ေယာက္၏ပုံစံပင္။
ထို႔ေနာက္ ေက်ာေပးထိုင္ေနရာမွ တက္တူးအျပည့္ျဖင့္ အနက္ေရာင္လက္အိတ္ဝတ္ဆင္ထားသည့္ ညာဘက္လက္တစ္ဖက္က ဆိုဖာတန္းေပၚတင္လာၿပီး သူ႕ကိုလွည့္ၾကည့္ကာ ခပ္ေစာင္းေစာင္းၿပဳံးျပလာသည္။
"ဘာလို႔ရပ္လိုက္တာလဲ ေလွ်ာက္လာၿပီးမွေတာ့ အဆုံးထိေလွ်ာက္လာခဲ့ေလ"
ထိုလူ႕ကိုျမင္ၿပီးေနာက္ Taehyung မ်က္လုံးမ်ားဝိုင္းစက္ကာ အသည္းႏွလုံးအိမ္ေတြေပါက္ထြက္မတတ္ ထိတ္ခနဲတုန္လႈပ္သြားခဲ့ရသည္။
7:47
15/11/2023 (Wed)