အပိုင်း - ၁၁
မိုက်ခရိုဖုန်းမှ 'ပင်တိုင်စံ'ဆိုသည့်အမည်ဟစ်သံကြားသည်နှင့် လက်ခုပ်သံတွေက ဝေါခနဲဆူညံသွားသည်။ သူ စတိတ်ချ်စင်၏ထောင့်နားမှာရပ်လျက် ကောင်မလေးကိုမမှိတ်မသုန်စိုက်ကြည့်နေ၏။
သူမက မိုက်ကိုလှမ်းယူပြီးသူ့ဘက်ကိုအကြည့်တစ်ချက်နှင့်ဝေ့ကြည့်လာသေးသည်။သူမသီချင်းစတင်ဆိုပြီး
သိပ်မကြာခင်မှာပဲ ပရိတ်သတ်တွေနှင့်တစ်သားတည်းဖြစ်လို့သွား၏။ပရိတ်သတ်များက သူမသီချင်းကိုလိုက်ဆိုနေကြသလို ပင်တိုင်စံကလည်းခန္ဓာကိုယ်လေးကိုလှုပ်ယမ်းလျက် ဂီတထဲမှာစီးမျောခံစားနေသည်။စည်းချက်ညီညီကနေသည့်ကောင်မလေးကိုကြည့်ရင်း သူပါပျော်လာသည်။သူ့ကိုယ်သူသတိမထားမိခင်မှာပဲ သူ့မျက်နှာကပြုံးယောင်သမ်းလာ၏။
သီချင်းပြီးဆုံးခါနီးရောက်လာချိန်တွင် ပရိတ်သတ်တွေက သူမ ရှိသည့်စင်နားကို တိုးသည်ထက်တိုးလာကြသည်။သူ မျက်စိကိုလျင်လျင်ထားပြီး ဘာကိုမှအလွတ်မပေးဘဲသေချာစောင့်ကြည့်နေ၏။ရုတ်တရက် လူအုပ်ထဲမှလက်တစ်ဖက်မြှောက်တက်လာပြီး အအေးဘူးတစ်ဘူးက စင်ဘက်ကိုလွင့်တက်လာတာကိုသူမြင်လိုက်ရသည်။
“ကောင်မလေး…”
သူ လျင်မြန်သည့်အရှိန်နှင့် ကောင်မလေးအနားအပြေးရောက်သွား၏။
* ဖောင်း…
တိုးသဲ့သဲ့သူ့ခေါ်သံအဆုံးမှာ သူ့ကျောပြင်ကိုအအေးဘူးမှန်သည့်အသံက တစ်ပြိုင်နက်ထွက်လာသည်။
“ဟာ…..”
“ဟေ့…ဘယ်သူပစ်လိုက်တာလဲ….”
“မိုက်ရိုင်းလှချေလားကွ….”
လူတွေရုတ်ရုတ်သဲသဲဖြစ်သွားပြီး အသံတွေလည်းဆူညံပွက်လောရိုက်ကုန်သည်။ဆဲဆိုသံတွေရော အအေးဘူးပစ်သည့်လူကို ရှာသည့်အသံတွေ
ကြောင့်ပါ လူအုပ်ကြီးကထိန်းမရအောင်ဖြစ်လာ၏။
စံ့ခန္ဓာကိုယ်ကိုယ်လေး စိတ်လှုပ်ရှားမှုကြောင့် ရပ်တည်၍မရနိုင်အောင်တုန်နေသည်။အအေးဘူးပျံတက်လာတာကို သူမမြင်ပေမဲ့ ရှောင်ဖို့သတိမရနိုင်ဘဲ မျက်လုံးအကြောင်သားနှင့်ငေးနေမိချိန်…ကိုကြီးက လစ်ခနဲသူမအနားရောက်လာပြီး စံ့ကိုဆွဲလှည့်၍သူ့ခန္ဓာကိုယ်နှင့်ကာပေးထားသည်။အဖြစ်အပျက်မှာ ခဏလေးဆိုသော်ငြား စံမျက်ရည်တွေဝေ့တက်လာ၏။
“ပင်တိုင်စံ ဘာဖြစ်သွားသေးလဲ….”
တဆတ်ဆတ်တုန်နေသည့်မိုက်ကိုင်ထားဆဲသူမလက်လေးကို သူအသာအယာထွေးဆုပ်၍ မေးလိုက်၏။
“…ဟေ့…ကိုယ်မေးတာဖြေဦး…..”
“စံ…စံ..ကြောက်တယ် ကိုကြီး…..”
သူမ ကိုကြီးကိုအားကိုးတကြီးနှင့်မော့ကြည့်၍ ဆိုလိုက်သည်။
“….မကြောက်နဲ့ ကိုယ်ရှိတယ်… ကိုယ့်နောက်လိုက်ခဲ့….”
လူချော သူမကိုဆုပ်ကိုင်ထားသည့်သူ့လက်ကိုဖယ်လိုက်ပြီး သူမလက်ကောက်ဝတ်ကနေ ပြောင်းကိုင်လိုက်သည်။
*ဝုန်း.....
"ဟာ ....."
သူခြေလှမ်းစရုံရှိသေး သူမကပြိုလဲကျသွား၏။
သူ စဉ်းစားတွေဝေမနေဘဲ သူမကိုယ်လုံးလေးကို စွေ့ခနဲကောက်ပွေ့လိုက်သည်။
သူမနားနေဆောင်ထဲသို့ပြန်ရောက်သည့်အခါ သူမကိုခုံပေါ်ချပေးလိုက်၏။
“အဟင့်…ဟင့်…စံကြောက်တယ်…”
“မင်းနေရာပြန်ရောက်ပြီ...ဘာမှမဖြစ်တော့ဘူး…”
“ဟင့်အင်း…ဟင့်အင်း….”
မျက်လုံးစုံမှိတ်ပြီး သူ့လည်ပင်းကိုဖက်တွယ်ထားသည့်ကောင်မလေးလက်တွေကြောင့် သူထရပ်လို့မရဖြစ်နေသည်။
“မစံ စိတ်ထိန်းဦး…ဘယ်သူမှမရှိတော့ဘူး....မျက်လုံးဖွင့်ကြည့် မစံ…”
နွယ်ရုံ့အသံကိုပါကြားရသဖြင့် စံမျက်လုံးဖွင့်ကြည့်လိုက်သည်။စံ့ခန္ဓာကိုယ်ကခုံပေါ်ရောက်နေပြီး လက်တွေကကိုကြီးလည်ပင်းကိုဆွဲထားသည်။ထို့ကြောင့် ကိုကြီးမှာ ထမရဘဲကုန်းကုန်းကြီးဖြစ်လို့နေ၏။
စိုးရိမ်နေသည့်သူ့မျက်လုံးများနှင့်တည့်တည့်တိုးသဖြင့် စံ့မှာ ကိုယ်ကြုံခဲ့ရသည့် ထိတ်လန့်စရာကိစ္စကိုတောင်မေ့သွားခဲ့သည်။
“ဟေ့..လက်ကိုလွှတ်ဦး…”
"ဩော...."
သူမလက်ကို မလွှတ်ချင်လွှတ်ချင်နှင့်လွှတ်ပေးလိုက်ရသည်။
“မင်း သူ့ကိုခဏအနားယူခိုင်းလိုက် …ငါ အပြင်ကစောင့်မယ်…”
သူနွယ်ရုံ့ကိုပြောပြီး အခန်းပြင်ထွက်လာခဲ့သည်။အပြင်ရောက်မှ သက်ပြင်းမောကိုမှုတ်ထုတ်၏။လက်တစ်လုံးခန့်သာခြားသည့် နီးကပ်လွန်းသည့်မျက်နှာလေးကမျက်လုံးထဲပေါ်လာပြန်သည်။
*ဟူးးး
သူ နောက်ထပ်သက်ပြင်းကိုချပြန်သည်။သူ့ခန္ဓာကိုယ်က နေမရထိုင်မရနိုင်အောင်ပူလာ၏။
“ဘော့စ်..”
ညီထူးက သူ့အနားရောက်လာသည်။
“ညီထူး ရေဘူးပါလား..”
“ပါတယ် ဘော့စ်…
ညီထူးကမ်းဘေးသည့်ရေဘူးကို သူကုန်စင်အောင်မော့သောက်ချသည်။ဒါတောင် နားရွက်တွေပူနေတာမပျောက်ချင်သေးပေ။ဘာလို့ပူနေမှန်းလဲ သူ့ကိုယ်သူနားမလည်..
“မစံ..အဟိ…ကိုလူချောက တကယ့်ကို စူပါကယ်တင်ရှင်ကြီးပဲ…..”
“အဟီးးး”
နွယ်ရုံကသူမကို အားကျသည့်မျက်လုံးများနှင့်ကြည့်၍ပြောနေသည်။ကျေနပ်ပြုံးကြီးဖြင့် စံ့မျက်နှာကစပ်ဖြီးဖြီးဖြစ်လို့နေသည်။ကြောက်သည့်ကြားမှ ကိုကြီး၏သူ့ကိုယ်သူ 'ကိုယ်' ဟုသုံးနှုန်းလိုက်သည့်အသံကို စံ ကြားဖြစ်အောင်ကြားလိုက်သည်။
“..မစံကို ကောက်ပွေ့လိုက်တာများ အရုပ်လေးတစ်ရုပ်ကို ပွေ့လိုက်သလိုပဲ….”
“ဟုတ်လား…ငါလည်း အကြောက်လွန်ပြီးမျက်လုံးကိုပိတ်ထားမိတာ….”
“..ဘယ်သူကများ မစံကိုဒါမျိုးလုပ်ရပါလိမ့်နော်…”
“ငါလည်းမသိတော့ပါဘူးဟယ်…ငါ့ကိုမကြိုက်တဲ့သူ တစ်ယောက်ယောက်နေမှာပေါ့…”
နှစ်ယောက်သား အတွေးကိုယ်စီနှင့်ခဏငြိမ်သက်သွားကြသည်။
စံ့နောက်မှာ မဆိုရသေးသည့်အဆိုတော်ပေါင်းများစွာကျန်နေသေးသည့်အတွက် ခဏအတွင်းမှာပဲ ရှိုးပွဲက ပုံမှန်အတိုင်းပြန်လည် လည်ပတ်သွားသည်။
💮💮💮💮💮💮💮💮💮💮💮💮
*ဒေါက်..ဒေါက်..ဒေါက်
လူချော တံခါးခေါက်၊ အသံပြုပြီးမှသူမအခန်းထဲဝင်လိုက်၏။
“မင်းတို့ပြန်မယ့်လမ်းမှာ မီဒီယာတွေရှိနေနိုင်တယ်…”
“ကိုကြီးရှိသားပဲ…”
စံ မျက်လုံးလေးထောင့်ကပ်၍ဆိုလိုက်၏။
“အခုဟာက မတူဘူး...ခုနက အဖြစ်အပျက်ကြောင့် မင်းနောက်ကိုလိုက်ပြီးသတင်းယူကြမှာ အသေအချာပဲ…”
“..အဲဒါဆို ဘယ်လိုလုပ်ရမှာလဲဟင်…”
လူချော တစ်ချက်စဉ်းစားပြီးမှ သူမတို့နှစ်ယောက်လုံးကိုကြည့်လိုက်သည်။
“..မင်းတို့နှစ်ယောက် အဝတ်လဲဝတ်လို့ရလား…”
“လူချိန်းမှာလား ကိုလူချော….”
နွယ်ရုံက အကင်းပါးပါးနှင့်ဝင်မေးသည်။
“.ဟုတ်တယ်…”
“..နှစ်ယောက်လုံး မက်စ်တပ်ထား… ရော့ ဒီမှာဦးထုပ်…ဆံပင်တွေကိုဦးထုပ်ထဲထည့်လိုက်…”
သူ့တပည့်နှစ်ဦးဆီမှာ ယူဆောင်လာသည့်ဦးထုပ်နှစ်လုံးကို သူမတို့နှစ်ယောက်ဆီပေးလိုက်၏။
“..အပြင်ရောက်ရင် ဘယ်လိုသွားမှာလဲ….”
“..နွယ်ရုံ့ဘက်ကိုဝိုင်းနေချိန် မင်းကငါ့နောက်လိုက်ခဲ့..ဟိုတယ်ရောက်မှပဲပြန်ဆုံကြမယ်….”
“ဟုတ်…ကိုကြီး…”
စံကတော့ ကိုကြီးဘယ်လိုစီစဉ် စီစဉ်လိုက်နာဖို့ရန်အဆင်သင့်ဖြစ်သည်။စံနှင့်နွယ်ရုံ အဝတ်အစားလဲဝတ်ပြီး နှစ်ဦးသားဦးထုပ်ကိုယ်စီဆောင်း၍ mask တပ်ခဲ့ကြသည်။
အပြင်ရောက်ချိန်မှာ သူ ကြိုတင်ခန့်မှန်းထားခဲ့သလို နွယ်ရုံ့ကိုပင်တိုင်စံအထင်နှင့် စုပြုံဝိုင်းနေချိန်မှာ သူနှင့်ကောင်မလေးက ကားဆီအရောက်သွားကြသည်။
💮💮💮💮💮💮💮💮💮💮💮💮
စံ ကိုကြီးကားမောင်းနေတာကို မပီပြင်သည့်ဝိုးတဝါးအလင်းရောင်အောက်ကနေ ငေးကြည့်နေသည်။ကိုကြီးက ရုပ်ရည်ရော၊အကျင့်စာရိတ္တပါ ချို့ယွင်းချက်မရှိ အရည်အချင်းကောင်းတွေနှင့်ပြည့်စုံသည့်ယောက်ျားတစ်ယောက်ဟု သူမ ထင်သည်။ကိုကြီး၏မျက်နှာကျပုံမှာ ယောက်ျားပီသသည့်ဟန်ပန်က ထင်းနေ၏။ကားစတီရီယာရင်ပေါ်တင်ထားသည့် သူ့လက်တွေမှာအကြောတွေကတင်းရင်းနေသည်။
“ကိုကြီး…..”
ကောင်မလေးခေါ်သံကြားကြောင့် သူ
ငဲ့စောင်းကြည့်ပြီးမေးဆတ်ပြသည်။
“..ကန်တော်ကြီးဘက် လေညင်းခံသွားရအောင်….”
“..ဘာလုပ်ဖို့လဲ…”
“..စံ့စိတ်တွေ မွန်းကျပ်နေလို့ပါ….”
လူချော နည်းနည်းတွေဝေသွားသည်။စိုးရိမ်စရာကိစ္စရပ်ကိုကြုံတွေ့ခဲ့ရခြင်းဖြစ်၍ သူမပြောတာလည်းသဘာဝကျသည်မို့ သူကားကိုကန်တော်ကြီးဘက်ချိုးကွေ့လိုက်သည်။
“ကိုကြီး….”
“ပြော….”
“ကိုကြီးမှာ ရည်းစားရှိလား….”
*ကျွိ.....
ကောင်မလေး၏အမေးစကားကြောင့် သူ လန့်ဖျပ်ပြီး ကားဘရိတ်ကိုဖမ်းမိသွားသည်။သူမ ထိုသို့မေးလာမည်ဟု သူ မထင်ခဲ့မိပေ။
“..ဟင်..ဘာလို့ ကားရပ်လိုက်တာလဲ….”
"အဟမ်း…ဘာမှမဟုတ်ဘူး...ရေသောက်မလို့…..”
သူ ခပ်တည်တည်နှင့်ရေသောက်ပြီး ကားကိုဆက်မောင်းထွက်ခဲ့သည်။
“..ကိုကြီး ခုနကမေးခွန်းကိုမဖြေရသေးဘူးနော်….”
*ကျစ်…
သူမ မမြင်နိုင်မှန်းသိပေမဲ့သူစိတ်ရှုပ်ပြီးမျက်မှောင်ကုတ်လိုက်သည်။
စံကလည်းဇွဲမလျော့ပေ။ကိုကြီးနှုတ်ခမ်းတွေတင်းတင်းစေ့နေတာကိုမြင်ပေမဲ့လည်း သိချင်စိတ်ကြောင့်ဇွတ်တိုးမေးမိသည်။
“ဟင်…လို့….ကိုကြီး...ရည်းစားရှိလား……”
“မရှိဘူး…..”
“ထားရော ထားဖူးလား…..”
“…မင်းနဲ့ဘာဆိုင်လဲ…..”
သူမ၏ထပ်ဆင့်အမေးကြောင့် သူ စိတ်တိုတိုနှင့်ဘုတောလိုက်၏။
“စံက သိချင်လို့ပဲဟာ…..”
“..ငါမိန်းမတွေကိုစိတ်မဝင်စားဘူး…..”
“ဘာ….”
သူမရဲ့ 'ဘာ' ဟုအော်သည့်အသံကျယ်အကြီးကိုကြားပေမဲ့ သူ မသိချင်ယောင်ဆောင်ပြီး ကားကိုဆက်မောင်းနေသည်။ဒီလိုဖြေမှ သူမ ဆက်မမေးမည်မဟုတ်လား။
💮💮💮💮💮💮💮💮💮💮💮💮
ကန်တော်ကြီးပတ်လမ်းရှိ ညရှုခင်းကြည့်ရန်သာယာသည့်နေရာအရောက်မှာ သူ ကားကိုထိုးရပ်လိုက်သည်။
“ဆင်း..ဒီနားလေးကလေရှူလို့ကောင်းတယ်…”
စံ ကားပေါ်မှဆင်းသာလာခဲ့သည်။စိတ်ထဲကတော့ သူ့ကိုမကျေနပ်ပေ။သူ့အဖြေစကားကြောင့် တနုံ့နုံ့ဖြစ်နေ၏။
*မိန်းမတွေကို စိတ်မဝင်စားဘူးဆိုတော့ သူက ယောက်ျားတွေကိုစိတ်ဝင်စားနေလို့များလား…..အင်းးးဖြစ်တော့ဖြစ်နိုင်တာပဲ....သူ့အလုပ်မှာလည်း ယောက်ျားတွေပဲရှိတဲ့ဥစ္စာ...ဒါပေမဲ့ သူ့ပုံစံက ဒီလောက်ကျားကျားလျားလျားကြီးပဲ...ဂေးနေတာဖြစ်နိုင်ပါ့မလား….
စသည်ဖြင့် စံ့အတွေးထဲမှာ ကိုကြီးဂေးလားမဂေးလားက အရေးကြီးနေသည်။
လူချော ကားကိုမှီလျက်မတ်တတ်ရပ်နေပြီး ကောင်မလေးကိုငေးကြည့်နေသည်။လေတိုက်သဖြင့်ဝေ့ဝဲနေသည့် ဆံနွယ်တွေ၊ လမ်းမီးတိုင်အလင်းရောင်အောက်မှမြင်နေရသည့် မဖျက်ရသေးသောအလှအပတွေ၊ မျက်မှောင်တွန့်လျက် တစ်စုံတစ်ခုကိုအသည်းအသန်စဉ်းစားနေသည့်သူမမျက်ဝန်းလေးတွေက ကဗျာဆရာသာမြင်ခဲ့မည်လျှင် စာဆိုဖွဲ့ချင်စိတ်ပေါက်သွားနိုင်သည်။သူ လက်မှနာရီကိုကြည့်လိုက်သည်။အချိန်မစောတော့ပေ။
“ပင်တိုင်စံ ပြန်ကြစို့….”
အတွေးထဲမျောနေရာမှ ကိုကြီးခေါ်သံကြောင့် စံ ကားပေါ်ပြန်တက်ခဲ့၏။
“ကိုကြီး....ခဏ….”
“ဘာလုပ်ချင်ပြန်ပြီလဲ…..”
ကိုကြီးက ကားစက်နှိုးမည့်ဟန်ပြင်နေစဉ် စံအလျင်အမြန်တားလိုက်သည်။
“ကိုကြီး မိန်းကလေးတစ်ယောက်နဲ့နမ်းဖူးလား….”
“မင်း….”
လူချောမျက်နှာကြီး ရှက်စိတ်ကြောင့်နီရဲသွား၏။
“ဖြေလေ….”
“မင်း ဒီနေ့ဘာဖြစ်နေတာလဲ...ဘာလို့မဆိုင်တာတွေမေးနေတာလဲ….”
“သိချင်လို့ပေါ့….”
“မနမ်းဖူးဘူးကွာ..ရပြီလား...ပြန်မယ်….”
“အဲဒါဆို ယောက်ျားလေးကိုရောနမ်းဖူးလား…..”
“ဘာ….”
သူ့အော်သံကြီးက ကားထဲမှာဟိန်းခနဲ ထွက်သွားသည်။
“မင်း…ဟာကွာ…..”
သူ ဒေါသဖြစ်ဖြစ်နှင့် ကားစတီရီယာရင်ကိုဖိဆုပ်ထားသည်။အံကြိတ်ထားသဖြင့် သူ့မေးကြောတွေကတင်းလာ၏။ဒီကောင်မလေး သူ့ကို တစ်ချိန်လုံးဂေးလို့ထင်နေခြင်းက ပိုပြီးခံရခက်စေသည်။
“..ဒါလေးမေးတာကို ပဲ့ပါသွားတာမှတ်လို့..ဟုတ်ရင်ဟုတ်တယ်...မဟုတ်ရင်မဟုတ်ဘူးပေါ့….”
ကိုကြီး ဒေါသဖြစ်သွားမှန်းသိသဖြင့် စံနှုတ်ခမ်းကိုစူပုပ်ပြီးပြောလိုက်သည်။
“တော်…တော်….မင်းဆက်မပြောနဲ့တော့...ဟိုတယ်ရောက်တဲ့အထိ ပါးစပ်ပိတ်ပြီးလိုက်ခဲ့…..”
“ကိုကြီး စံက…..”
“ဆက်ပြောရင် ငါလျော်ကြေးပေးပြီးထွက်မှာ…..”
ပါးစပ်ကြီးအပြည့်နှင့်ပြောတော့မည့်စံ့အသံလေး တိခနဲတိတ်ကျသွားသည်။စိတ်တိုတိုနှင့် မျက်နှာကိုကားပြတင်းဘက်မူထား၏။သူ့ဘက်ကိုလုံးဝမလှည့်ပေ။
စံ့အိမ်ပြန်လမ်းမှာ တစ်ကိုယ်တည်းဒေါသဖြစ်လိုက်တွေးလိုက်ရှိနေသည်။ကိုကြီးက မိန်းမတွေကိုစိတ်မဝင်စားတာမဖြစ်နိုင်ပေ။အတွေ့အကြုံမရှိတာပဲဖြစ်ရမယ်ဟု ကိုယ့်ဘက်ကိုယ်ယက်တွေးရင်း စံ့ကျေနပ်သွားသည်။ကိုကြီးကို မိန်းမတွေကိုစိတ်ဝင်စားလာစေရန် သူမ သင်ပေးလိုက်ရင်ကောင်းမလားဟု တွေးမိသွား၏။ထို့နောက် တစ်ခုခုကိုတွေးမိသွားပြီး သူမမျက်နှာလေးကရှက်သွေးလေးပါဖြန်းသွားသည်။
*ပင်တိုင်စံပဲလေ …လုပ်မယ်လို့ဆုံးဖြတ်ထားရင် လုပ်ကိုလုပ်မှကျေနပ်သူ....
“ရောက်ပြီ….”
ဟိုတယ်ရှေ့အရောက်မှာ သူ ကားစက်သတ်ပြီး သူမကိုပြောလိုက်၏။
စံ မဆင်းသေးဘဲ သူမခန္ဓာကိုယ်ကို ကိုကြီးဘက်တည့်တည့်လှည့်လိုက်သည်။
“ကိုကြီး….”
ကောင်မလေးက သူ့ကိုထပ်ခေါ်လာသဖြင့် 'မဆင်းသေးဘဲဘာရှုပ်ဦးမှာလဲ' ဆိုသည့်အကြည့်နှင့် သူကြည့်လိုက်၏။
“စံ သိသွားပြီ…..”
“ဘာလဲ…..”
“တကယ်တော့ ကိုကြီးကမိန်းမတွေကို စိတ်မဝင်စားတာမဟုတ်ဘူး...အတွေ့အကြုံမရှိသေးတာ..အဲဒါကြောင့်…စံ သင်ပေးမယ်….”
“မင်း ထပ်စလာပြန်ပြီလားငါ..သည်း….”
သူ စကားဆက်ပြော၍မရနိုင်အောင် နူးညံ့သည့်နှုတ်ခမ်းတစ်စုံက သူ့ကိုတားဆီးသွား၏။
လူချော မျက်လုံးတွေပြူးကျယ်သွားပြီး လက်တွေကဘောင်းဘီကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။သူ့တစ်သက်မှာ အိပ်မက်အဖြစ်နှင့်တောင်မမက်ခဲ့ဖူးသည့်အဖြစ်အပျက်မို့ သူ့မှာအရှင်လတ်လတ် အသက်ရှူရပ်သွား၏။
* ပြွတ်...
စံ့နှုတ်ခမ်းလွှာလေး နောက်ဆုတ်လိုက်သည့်အချိန်မှာ ထိုအသံကထွက်သွား၏။
“မိန်းမဆိုတာ ဘာလဲသိပြီနော်…..”
သူမ ထိုစကားကိုပြောပြီးသည်နှင့် ကားပေါ်ကနေတစ်ရှိန်ထိုးဆင်းပြေးခဲ့သည်။ကိုကြီးကိုသွေးတိုးစမ်းချင်၍သာနမ်းခဲ့ပေမဲ့ စံကိုယ်တိုင်ရင်တုန်မပြယ်သေးပေ။
လူချောမှာ ကားလည်းဆက်မမောင်းနိုင်…လူကလည်းမလှုပ်နိုင်တော့ဘဲ ခန္ဓာကိုယ်ကတောင့်တောင့်ကြီးနှင့်ငေးကြောင်နေမိသည်။
*မိန်းကလေးတစ်ယောက်၏နှုတ်ခမ်းက အဲဒီလောက်တောင် နူးညံ့သတဲ့လား...
By #ဆာရာမူး
To be continued
💙💙💙💙💙💙💙💙💙💙💙💙
အပိုင္း - ၁၁
မိုက္ခ႐ိုဖုန္းမွ 'ပင္တိုင္စံ'ဆိုသည့္အမည္ဟစ္သံၾကားသည္ႏွင့္ လက္ခုပ္သံေတြက ေဝါခနဲဆူညံသြားသည္။ သူ စတိတ္ခ်္စင္၏ေထာင့္နားမွာရပ္လ်က္ ေကာင္မေလးကိုမမွိတ္မသုန္စိုက္ၾကည့္ေန၏။
သူမက မိုက္ကိုလွမ္းယူၿပီးသူ႔ဘက္ကိုအၾကည့္တစ္ခ်က္ႏွင့္ေဝ့ၾကည့္လာေသးသည္။သူမသီခ်င္းစတင္ဆိုၿပီး
သိပ္မၾကာခင္မွာပဲ ပရိတ္သတ္ေတြႏွင့္တစ္သားတည္းျဖစ္လို႔သြား၏။ပရိတ္သတ္မ်ားက သူမသီခ်င္းကိုလိုက္ဆိုေနၾကသလို ပင္တိုင္စံကလည္းခႏၶာကိုယ္ေလးကိုလႈပ္ယမ္းလ်က္ ဂီတထဲမွာစီးေမ်ာခံစားေနသည္။စည္းခ်က္ညီညီကေနသည့္ေကာင္မေလးကိုၾကည့္ရင္း သူပါေပ်ာ္လာသည္။သူ႔ကိုယ္သူသတိမထားမိခင္မွာပဲ သူ႔မ်က္ႏွာကၿပဳံးေယာင္သမ္းလာ၏။
သီခ်င္းၿပီးဆုံးခါနီးေရာက္လာခ်ိန္တြင္ ပရိတ္သတ္ေတြက သူမ ရွိသည့္စင္နားကို တိုးသည္ထက္တိုးလာၾကသည္။သူ မ်က္စိကိုလ်င္လ်င္ထားၿပီး ဘာကိုမွအလြတ္မေပးဘဲေသခ်ာေစာင့္ၾကည့္ေန၏။႐ုတ္တရက္ လူအုပ္ထဲမွလက္တစ္ဖက္ေျမႇာက္တက္လာၿပီး အေအးဘူးတစ္ဘူးက စင္ဘက္ကိုလြင့္တက္လာတာကိုသူျမင္လိုက္ရသည္။
“ေကာင္မေလး…”
သူ လ်င္ျမန္သည့္အရွိန္ႏွင့္ ေကာင္မေလးအနားအေျပးေရာက္သြား၏။
* ေဖာင္း…
တိုးသဲ့သဲ့သူ႔ေခၚသံအဆုံးမွာ သူ႔ေက်ာျပင္ကိုအေအးဘူးမွန္သည့္အသံက တစ္ၿပိဳင္နက္ထြက္လာသည္။
“ဟာ…..”
“ေဟ့…ဘယ္သူပစ္လိုက္တာလဲ….”
“မိုက္႐ိုင္းလွေခ်လားကြ….”
လူေတြ႐ုတ္႐ုတ္သဲသဲျဖစ္သြားၿပီး အသံေတြလည္းဆူညံပြက္ေလာ႐ိုက္ကုန္သည္။ဆဲဆိုသံေတြေရာ အေအးဘူးပစ္သည့္လူကို ရွာသည့္အသံေတြ
ေၾကာင့္ပါ လူအုပ္ႀကီးကထိန္းမရေအာင္ျဖစ္လာ၏။
စံ့ခႏၶာကိုယ္ကိုယ္ေလး စိတ္လႈပ္ရွားမႈေၾကာင့္ ရပ္တည္၍မရႏိုင္ေအာင္တုန္ေနသည္။အေအးဘူးပ်ံတက္လာတာကို သူမျမင္ေပမဲ့ ေရွာင္ဖို႔သတိမရႏိုင္ဘဲ မ်က္လုံးအေၾကာင္သားႏွင့္ေငးေနမိခ်ိန္…ကိုႀကီးက လစ္ခနဲသူမအနားေရာက္လာၿပီး စံ့ကိုဆြဲလွည့္၍သူ႔ခႏၶာကိုယ္ႏွင့္ကာေပးထားသည္။အျဖစ္အပ်က္မွာ ခဏေလးဆိုေသာ္ျငား စံမ်က္ရည္ေတြေဝ့တက္လာ၏။
“ပင္တိုင္စံ ဘာျဖစ္သြားေသးလဲ….”
တဆတ္ဆတ္တုန္ေနသည့္မိုက္ကိုင္ထားဆဲသူမလက္ေလးကို သူအသာအယာေထြးဆုပ္၍ ေမးလိုက္၏။
“…ေဟ့…ကိုယ္ေမးတာေျဖဦး…..”
“စံ…စံ..ေၾကာက္တယ္ ကိုႀကီး…..”
သူမ ကိုႀကီးကိုအားကိုးတႀကီးႏွင့္ေမာ့ၾကည့္၍ ဆိုလိုက္သည္။
“….မေၾကာက္နဲ႔ ကိုယ္ရွိတယ္… ကိုယ့္ေနာက္လိုက္ခဲ့….”
လူေခ်ာ သူမကိုဆုပ္ကိုင္ထားသည့္သူ႔လက္ကိုဖယ္လိုက္ၿပီး သူမလက္ေကာက္ဝတ္ကေန ေျပာင္းကိုင္လိုက္သည္။
*ဝုန္း.....
"ဟာ ....."
သူေျခလွမ္းစ႐ုံရွိေသး သူမကၿပိဳလဲက်သြား၏။
သူ စဥ္းစားေတြေဝမေနဘဲ သူမကိုယ္လုံးေလးကို ေစြ႕ခနဲေကာက္ေပြ႕လိုက္သည္။
သူမနားေနေဆာင္ထဲသို႔ျပန္ေရာက္သည့္အခါ သူမကိုခုံေပၚခ်ေပးလိုက္၏။
“အဟင့္…ဟင့္…စံေၾကာက္တယ္…”
“မင္းေနရာျပန္ေရာက္ၿပီ...ဘာမွမျဖစ္ေတာ့ဘူး…”
“ဟင့္အင္း…ဟင့္အင္း….”
မ်က္လုံးစုံမွိတ္ၿပီး သူ႔လည္ပင္းကိုဖက္တြယ္ထားသည့္ေကာင္မေလးလက္ေတြေၾကာင့္ သူထရပ္လို႔မရျဖစ္ေနသည္။
“မစံ စိတ္ထိန္းဦး…ဘယ္သူမွမရွိေတာ့ဘူး....မ်က္လုံးဖြင့္ၾကည့္ မစံ…”
ႏြယ္႐ုံ႔အသံကိုပါၾကားရသျဖင့္ စံမ်က္လုံးဖြင့္ၾကည့္လိုက္သည္။စံ့ခႏၶာကိုယ္ကခုံေပၚေရာက္ေနၿပီး လက္ေတြကကိုႀကီးလည္ပင္းကိုဆြဲထားသည္။ထို႔ေၾကာင့္ ကိုႀကီးမွာ ထမရဘဲကုန္းကုန္းႀကီးျဖစ္လို႔ေန၏။
စိုးရိမ္ေနသည့္သူ႔မ်က္လုံးမ်ားႏွင့္တည့္တည့္တိုးသျဖင့္ စံ့မွာ ကိုယ္ႀကဳံခဲ့ရသည့္ ထိတ္လန႔္စရာကိစၥကိုေတာင္ေမ့သြားခဲ့သည္။
“ေဟ့..လက္ကိုလႊတ္ဦး…”
"ေဩာ...."
သူမလက္ကို မလႊတ္ခ်င္လႊတ္ခ်င္ႏွင့္လႊတ္ေပးလိုက္ရသည္။
“မင္း သူ႔ကိုခဏအနားယူခိုင္းလိုက္ …ငါ အျပင္ကေစာင့္မယ္…”
သူႏြယ္႐ုံ႔ကိုေျပာၿပီး အခန္းျပင္ထြက္လာခဲ့သည္။အျပင္ေရာက္မွ သက္ျပင္းေမာကိုမႈတ္ထုတ္၏။လက္တစ္လုံးခန႔္သာျခားသည့္ နီးကပ္လြန္းသည့္မ်က္ႏွာေလးကမ်က္လုံးထဲေပၚလာျပန္သည္။
*ဟူးးး
သူ ေနာက္ထပ္သက္ျပင္းကိုခ်ျပန္သည္။သူ႔ခႏၶာကိုယ္က ေနမရထိုင္မရႏိုင္ေအာင္ပူလာ၏။
“ေဘာ့စ္..”
ညီထူးက သူ႔အနားေရာက္လာသည္။
“ညီထူး ေရဘူးပါလား..”
“ပါတယ္ ေဘာ့စ္…
ညီထူးကမ္းေဘးသည့္ေရဘူးကို သူကုန္စင္ေအာင္ေမာ့ေသာက္ခ်သည္။ဒါေတာင္ နား႐ြက္ေတြပူေနတာမေပ်ာက္ခ်င္ေသးေပ။ဘာလို႔ပူေနမွန္းလဲ သူ႔ကိုယ္သူနားမလည္..
“မစံ..အဟိ…ကိုလူေခ်ာက တကယ့္ကို စူပါကယ္တင္ရွင္ႀကီးပဲ…..”
“အဟီးးး”
ႏြယ္႐ုံကသူမကို အားက်သည့္မ်က္လုံးမ်ားႏွင့္ၾကည့္၍ေျပာေနသည္။ေက်နပ္ၿပဳံးႀကီးျဖင့္ စံ့မ်က္ႏွာကစပ္ၿဖီးၿဖီးျဖစ္လို႔ေနသည္။ေၾကာက္သည့္ၾကားမွ ကိုႀကီး၏သူ႔ကိုယ္သူ 'ကိုယ္' ဟုသုံးႏႈန္းလိုက္သည့္အသံကို စံ ၾကားျဖစ္ေအာင္ၾကားလိုက္သည္။
“..မစံကို ေကာက္ေပြ႕လိုက္တာမ်ား အ႐ုပ္ေလးတစ္႐ုပ္ကို ေပြ႕လိုက္သလိုပဲ….”
“ဟုတ္လား…ငါလည္း အေၾကာက္လြန္ၿပီးမ်က္လုံးကိုပိတ္ထားမိတာ….”
“..ဘယ္သူကမ်ား မစံကိုဒါမ်ိဳးလုပ္ရပါလိမ့္ေနာ္…”
“ငါလည္းမသိေတာ့ပါဘူးဟယ္…ငါ့ကိုမႀကိဳက္တဲ့သူ တစ္ေယာက္ေယာက္ေနမွာေပါ့…”
ႏွစ္ေယာက္သား အေတြးကိုယ္စီႏွင့္ခဏၿငိမ္သက္သြားၾကသည္။
စံ့ေနာက္မွာ မဆိုရေသးသည့္အဆိုေတာ္ေပါင္းမ်ားစြာက်န္ေနေသးသည့္အတြက္ ခဏအတြင္းမွာပဲ ရႈိးပြဲက ပုံမွန္အတိုင္းျပန္လည္ လည္ပတ္သြားသည္။
💮💮💮💮💮💮💮💮💮💮💮💮
*ေဒါက္..ေဒါက္..ေဒါက္
လူေခ်ာ တံခါးေခါက္၊ အသံျပဳၿပီးမွသူမအခန္းထဲဝင္လိုက္၏။
“မင္းတို႔ျပန္မယ့္လမ္းမွာ မီဒီယာေတြရွိေနႏိုင္တယ္…”
“ကိုႀကီးရွိသားပဲ…”
စံ မ်က္လုံးေလးေထာင့္ကပ္၍ဆိုလိုက္၏။
“အခုဟာက မတူဘူး...ခုနက အျဖစ္အပ်က္ေၾကာင့္ မင္းေနာက္ကိုလိုက္ၿပီးသတင္းယူၾကမွာ အေသအခ်ာပဲ…”
“..အဲဒါဆို ဘယ္လိုလုပ္ရမွာလဲဟင္…”
လူေခ်ာ တစ္ခ်က္စဥ္းစားၿပီးမွ သူမတို႔ႏွစ္ေယာက္လုံးကိုၾကည့္လိုက္သည္။
“..မင္းတို႔ႏွစ္ေယာက္ အဝတ္လဲဝတ္လို႔ရလား…”
“လူခ်ိန္းမွာလား ကိုလူေခ်ာ….”
ႏြယ္႐ုံက အကင္းပါးပါးႏွင့္ဝင္ေမးသည္။
“.ဟုတ္တယ္…”
“..ႏွစ္ေယာက္လုံး မက္စ္တပ္ထား… ေရာ့ ဒီမွာဦးထုပ္…ဆံပင္ေတြကိုဦးထုပ္ထဲထည့္လိုက္…”
သူ႔တပည့္ႏွစ္ဦးဆီမွာ ယူေဆာင္လာသည့္ဦးထုပ္ႏွစ္လုံးကို သူမတို႔ႏွစ္ေယာက္ဆီေပးလိုက္၏။
“..အျပင္ေရာက္ရင္ ဘယ္လိုသြားမွာလဲ….”
“..ႏြယ္႐ုံ႔ဘက္ကိုဝိုင္းေနခ်ိန္ မင္းကငါ့ေနာက္လိုက္ခဲ့..ဟိုတယ္ေရာက္မွပဲျပန္ဆုံၾကမယ္….”
“ဟုတ္…ကိုႀကီး…”
စံကေတာ့ ကိုႀကီးဘယ္လိုစီစဥ္ စီစဥ္လိုက္နာဖို႔ရန္အဆင္သင့္ျဖစ္သည္။စံႏွင့္ႏြယ္႐ုံ အဝတ္အစားလဲဝတ္ၿပီး ႏွစ္ဦးသားဦးထုပ္ကိုယ္စီေဆာင္း၍ mask တပ္ခဲ့ၾကသည္။
အျပင္ေရာက္ခ်ိန္မွာ သူ ႀကိဳတင္ခန႔္မွန္းထားခဲ့သလို ႏြယ္႐ုံ႔ကိုပင္တိုင္စံအထင္ႏွင့္ စုၿပဳံဝိုင္းေနခ်ိန္မွာ သူႏွင့္ေကာင္မေလးက ကားဆီအေရာက္သြားၾကသည္။
💮💮💮💮💮💮💮💮💮💮💮💮
စံ ကိုႀကီးကားေမာင္းေနတာကို မပီျပင္သည့္ဝိုးတဝါးအလင္းေရာင္ေအာက္ကေန ေငးၾကည့္ေနသည္။ကိုႀကီးက ႐ုပ္ရည္ေရာ၊အက်င့္စာရိတၱပါ ခ်ိဳ႕ယြင္းခ်က္မရွိ အရည္အခ်င္းေကာင္းေတြႏွင့္ျပည့္စုံသည့္ေယာက္်ားတစ္ေယာက္ဟု သူမ ထင္သည္။ကိုႀကီး၏မ်က္ႏွာက်ပုံမွာ ေယာက္်ားပီသသည့္ဟန္ပန္က ထင္းေန၏။ကားစတီရီယာရင္ေပၚတင္ထားသည့္ သူ႔လက္ေတြမွာအေၾကာေတြကတင္းရင္းေနသည္။
“ကိုႀကီး…..”
ေကာင္မေလးေခၚသံၾကားေၾကာင့္ သူ
ငဲ့ေစာင္းၾကည့္ၿပီးေမးဆတ္ျပသည္။
“..ကန္ေတာ္ႀကီးဘက္ ေလညင္းခံသြားရေအာင္….”
“..ဘာလုပ္ဖို႔လဲ…”
“..စံ့စိတ္ေတြ မြန္းက်ပ္ေနလို႔ပါ….”
လူေခ်ာ နည္းနည္းေတြေဝသြားသည္။စိုးရိမ္စရာကိစၥရပ္ကိုႀကဳံေတြ႕ခဲ့ရျခင္းျဖစ္၍ သူမေျပာတာလည္းသဘာဝက်သည္မို႔ သူကားကိုကန္ေတာ္ႀကီးဘက္ခ်ိဳးေကြ႕လိုက္သည္။
“ကိုႀကီး….”
“ေျပာ….”
“ကိုႀကီးမွာ ရည္းစားရွိလား….”
*ကြၽိ.....
ေကာင္မေလး၏အေမးစကားေၾကာင့္ သူ လန႔္ဖ်ပ္ၿပီး ကားဘရိတ္ကိုဖမ္းမိသြားသည္။သူမ ထိုသို႔ေမးလာမည္ဟု သူ မထင္ခဲ့မိေပ။
“..ဟင္..ဘာလို႔ ကားရပ္လိုက္တာလဲ….”
"အဟမ္း…ဘာမွမဟုတ္ဘူး...ေရေသာက္မလို႔…..”
သူ ခပ္တည္တည္ႏွင့္ေရေသာက္ၿပီး ကားကိုဆက္ေမာင္းထြက္ခဲ့သည္။
“..ကိုႀကီး ခုနကေမးခြန္းကိုမေျဖရေသးဘူးေနာ္….”
*က်စ္…
သူမ မျမင္ႏိုင္မွန္းသိေပမဲ့သူစိတ္ရႈပ္ၿပီးမ်က္ေမွာင္ကုတ္လိုက္သည္။
စံကလည္းဇြဲမေလ်ာ့ေပ။ကိုႀကီးႏႈတ္ခမ္းေတြတင္းတင္းေစ့ေနတာကိုျမင္ေပမဲ့လည္း သိခ်င္စိတ္ေၾကာင့္ဇြတ္တိုးေမးမိသည္။
“ဟင္…လို႔….ကိုႀကီး...ရည္းစားရွိလား……”
“မရွိဘူး…..”
“ထားေရာ ထားဖူးလား…..”
“…မင္းနဲ႔ဘာဆိုင္လဲ…..”
သူမ၏ထပ္ဆင့္အေမးေၾကာင့္ သူ စိတ္တိုတိုႏွင့္ဘုေတာလိုက္၏။
“စံက သိခ်င္လို႔ပဲဟာ…..”
“..ငါမိန္းမေတြကိုစိတ္မဝင္စားဘူး…..”
“ဘာ….”
သူမရဲ႕ 'ဘာ' ဟုေအာ္သည့္အသံက်ယ္အႀကီးကိုၾကားေပမဲ့ သူ မသိခ်င္ေယာင္ေဆာင္ၿပီး ကားကိုဆက္ေမာင္းေနသည္။ဒီလိုေျဖမွ သူမ ဆက္မေမးမည္မဟုတ္လား။
💮💮💮💮💮💮💮💮💮💮💮💮
ကန္ေတာ္ႀကီးပတ္လမ္းရွိ ညရႈခင္းၾကည့္ရန္သာယာသည့္ေနရာအေရာက္မွာ သူ ကားကိုထိုးရပ္လိုက္သည္။
“ဆင္း..ဒီနားေလးကေလရႉလို႔ေကာင္းတယ္…”
စံ ကားေပၚမွဆင္းသာလာခဲ့သည္။စိတ္ထဲကေတာ့ သူ႔ကိုမေက်နပ္ေပ။သူ႔အေျဖစကားေၾကာင့္ တႏုံ႔ႏုံ႔ျဖစ္ေန၏။
*မိန္းမေတြကို စိတ္မဝင္စားဘူးဆိုေတာ့ သူက ေယာက္်ားေတြကိုစိတ္ဝင္စားေနလို႔မ်ားလား…..အင္းးးျဖစ္ေတာ့ျဖစ္ႏိုင္တာပဲ....သူ႔အလုပ္မွာလည္း ေယာက္်ားေတြပဲရွိတဲ့ဥစၥာ...ဒါေပမဲ့ သူ႔ပုံစံက ဒီေလာက္က်ားက်ားလ်ားလ်ားႀကီးပဲ...ေဂးေနတာျဖစ္ႏိုင္ပါ့မလား….
စသည္ျဖင့္ စံ့အေတြးထဲမွာ ကိုႀကီးေဂးလားမေဂးလားက အေရးႀကီးေနသည္။
လူေခ်ာ ကားကိုမွီလ်က္မတ္တတ္ရပ္ေနၿပီး ေကာင္မေလးကိုေငးၾကည့္ေနသည္။ေလတိုက္သျဖင့္ေဝ့ဝဲေနသည့္ ဆံႏြယ္ေတြ၊ လမ္းမီးတိုင္အလင္းေရာင္ေအာက္မွျမင္ေနရသည့္ မဖ်က္ရေသးေသာအလွအပေတြ၊ မ်က္ေမွာင္တြန႔္လ်က္ တစ္စုံတစ္ခုကိုအသည္းအသန္စဥ္းစားေနသည့္သူမမ်က္ဝန္းေလးေတြက ကဗ်ာဆရာသာျမင္ခဲ့မည္လွ်င္ စာဆိုဖြဲ႕ခ်င္စိတ္ေပါက္သြားႏိုင္သည္။သူ လက္မွနာရီကိုၾကည့္လိုက္သည္။အခ်ိန္မေစာေတာ့ေပ။
“ပင္တိုင္စံ ျပန္ၾကစို႔….”
အေတြးထဲေမ်ာေနရာမွ ကိုႀကီးေခၚသံေၾကာင့္ စံ ကားေပၚျပန္တက္ခဲ့၏။
“ကိုႀကီး....ခဏ….”
“ဘာလုပ္ခ်င္ျပန္ၿပီလဲ…..”
ကိုႀကီးက ကားစက္ႏႈိးမည့္ဟန္ျပင္ေနစဥ္ စံအလ်င္အျမန္တားလိုက္သည္။
“ကိုႀကီး မိန္းကေလးတစ္ေယာက္နဲ႔နမ္းဖူးလား….”
“မင္း….”
လူေခ်ာမ်က္ႏွာႀကီး ရွက္စိတ္ေၾကာင့္နီရဲသြား၏။
“ေျဖေလ….”
“မင္း ဒီေန႔ဘာျဖစ္ေနတာလဲ...ဘာလို႔မဆိုင္တာေတြေမးေနတာလဲ….”
“သိခ်င္လို႔ေပါ့….”
“မနမ္းဖူးဘူးကြာ..ရၿပီလား...ျပန္မယ္….”
“အဲဒါဆို ေယာက္်ားေလးကိုေရာနမ္းဖူးလား…..”
“ဘာ….”
သူ႔ေအာ္သံႀကီးက ကားထဲမွာဟိန္းခနဲ ထြက္သြားသည္။
“မင္း…ဟာကြာ…..”
သူ ေဒါသျဖစ္ျဖစ္ႏွင့္ ကားစတီရီယာရင္ကိုဖိဆုပ္ထားသည္။အံႀကိတ္ထားသျဖင့္ သူ႔ေမးေၾကာေတြကတင္းလာ၏။ဒီေကာင္မေလး သူ႔ကို တစ္ခ်ိန္လုံးေဂးလို႔ထင္ေနျခင္းက ပိုၿပီးခံရခက္ေစသည္။
“..ဒါေလးေမးတာကို ပဲ့ပါသြားတာမွတ္လို႔..ဟုတ္ရင္ဟုတ္တယ္...မဟုတ္ရင္မဟုတ္ဘူးေပါ့….”
ကိုႀကီး ေဒါသျဖစ္သြားမွန္းသိသျဖင့္ စံႏႈတ္ခမ္းကိုစူပုပ္ၿပီးေျပာလိုက္သည္။
“ေတာ္…ေတာ္….မင္းဆက္မေျပာနဲ႔ေတာ့...ဟိုတယ္ေရာက္တဲ့အထိ ပါးစပ္ပိတ္ၿပီးလိုက္ခဲ့…..”
“ကိုႀကီး စံက…..”
“ဆက္ေျပာရင္ ငါေလ်ာ္ေၾကးေပးၿပီးထြက္မွာ…..”
ပါးစပ္ႀကီးအျပည့္ႏွင့္ေျပာေတာ့မည့္စံ့အသံေလး တိခနဲတိတ္က်သြားသည္။စိတ္တိုတိုႏွင့္ မ်က္ႏွာကိုကားျပတင္းဘက္မူထား၏။သူ႔ဘက္ကိုလုံးဝမလွည့္ေပ။
စံ့အိမ္ျပန္လမ္းမွာ တစ္ကိုယ္တည္းေဒါသျဖစ္လိုက္ေတြးလိုက္ရွိေနသည္။ကိုႀကီးက မိန္းမေတြကိုစိတ္မဝင္စားတာမျဖစ္ႏိုင္ေပ။အေတြ႕အႀကဳံမရွိတာပဲျဖစ္ရမယ္ဟု ကိုယ့္ဘက္ကိုယ္ယက္ေတြးရင္း စံ့ေက်နပ္သြားသည္။ကိုႀကီးကို မိန္းမေတြကိုစိတ္ဝင္စားလာေစရန္ သူမ သင္ေပးလိုက္ရင္ေကာင္းမလားဟု ေတြးမိသြား၏။ထို႔ေနာက္ တစ္ခုခုကိုေတြးမိသြားၿပီး သူမမ်က္ႏွာေလးကရွက္ေသြးေလးပါျဖန္းသြားသည္။
*ပင္တိုင္စံပဲေလ …လုပ္မယ္လို႔ဆုံးျဖတ္ထားရင္ လုပ္ကိုလုပ္မွေက်နပ္သူ....
“ေရာက္ၿပီ….”
ဟိုတယ္ေရွ႕အေရာက္မွာ သူ ကားစက္သတ္ၿပီး သူမကိုေျပာလိုက္၏။
စံ မဆင္းေသးဘဲ သူမခႏၶာကိုယ္ကို ကိုႀကီးဘက္တည့္တည့္လွည့္လိုက္သည္။
“ကိုႀကီး….”
ေကာင္မေလးက သူ႔ကိုထပ္ေခၚလာသျဖင့္ 'မဆင္းေသးဘဲဘာရႈပ္ဦးမွာလဲ' ဆိုသည့္အၾကည့္ႏွင့္ သူၾကည့္လိုက္၏။
“စံ သိသြားၿပီ…..”
“ဘာလဲ…..”
“တကယ္ေတာ့ ကိုႀကီးကမိန္းမေတြကို စိတ္မဝင္စားတာမဟုတ္ဘူး...အေတြ႕အႀကဳံမရွိေသးတာ..အဲဒါေၾကာင့္…စံ သင္ေပးမယ္….”
“မင္း ထပ္စလာျပန္ၿပီလားငါ..သည္း….”
သူ စကားဆက္ေျပာ၍မရႏိုင္ေအာင္ ႏူးညံ့သည့္ႏႈတ္ခမ္းတစ္စုံက သူ႔ကိုတားဆီးသြား၏။
လူေခ်ာ မ်က္လုံးေတြျပဴးက်ယ္သြားၿပီး လက္ေတြကေဘာင္းဘီကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားမိသည္။သူ႔တစ္သက္မွာ အိပ္မက္အျဖစ္ႏွင့္ေတာင္မမက္ခဲ့ဖူးသည့္အျဖစ္အပ်က္မို႔ သူ႔မွာအရွင္လတ္လတ္ အသက္ရႉရပ္သြား၏။
* ႁပြတ္...
စံ့ႏႈတ္ခမ္းလႊာေလး ေနာက္ဆုတ္လိုက္သည့္အခ်ိန္မွာ ထိုအသံကထြက္သြား၏။
“မိန္းမဆိုတာ ဘာလဲသိၿပီေနာ္…..”
သူမ ထိုစကားကိုေျပာၿပီးသည္ႏွင့္ ကားေပၚကေနတစ္ရွိန္ထိုးဆင္းေျပးခဲ့သည္။ကိုႀကီးကိုေသြးတိုးစမ္းခ်င္၍သာနမ္းခဲ့ေပမဲ့ စံကိုယ္တိုင္ရင္တုန္မျပယ္ေသးေပ။
လူေခ်ာမွာ ကားလည္းဆက္မေမာင္းႏိုင္…လူကလည္းမလႈပ္ႏိုင္ေတာ့ဘဲ ခႏၶာကိုယ္ကေတာင့္ေတာင့္ႀကီးႏွင့္ေငးေၾကာင္ေနမိသည္။
*မိန္းကေလးတစ္ေယာက္၏ႏႈတ္ခမ္းက အဲဒီေလာက္ေတာင္ ႏူးညံ့သတဲ့လား...
By #ဆာရာမူး
To be continued
💙💙💙💙💙💙💙💙💙💙💙💙