မို့ရွီတုန်းသည် ဗိုလ်ချုပ်၏ အိမ်တော်သို့ သွားပြီး နေ့လယ်စာ စားခဲ့သည်။ ရှင်းယန် မြို့စားကတော်သည် လုရှ၏ဝမ်းကွဲတော်ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ အသက်အရွယ်မှာ ရက်အနည်းငယ်သာ ကွာပြီး သူတို့အတူတူကြီးပြင်းလာခဲ့ကြတယ်။ မြို့စားကတော် ရှင်းယန်သည် မြို့စားကြီးကို အရင် လက်ထပ်ခဲ့ပြီးနောက် လုရှသည် မို့ဟွာဝမ်နှင့် လက်ထပ်ခဲ့သည်။ သူတို့နှစ်ဦးသည် ခင်ပွန်းဖြစ်သူနောက်သို့လိုက်ကာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး လုရှဆုံးပါးသွားချိန်အထိ ထပ်မံတွေ့ဆုံခြင်း မရှိခဲ့ပေ။
ယခုအခါ မြို့စားကတော် ရှင်းယန်သည် ခင်ပွန်းဖြစ်သူနှင့်အတူ မြို့တော်သို့ ပြန်လာခဲ့ပြီး သခင်မကြီးကို နှုတ်ဆက်ရန် ဗိုလ်ချုပ်၏ အိမ်တော်သို့ သွားခဲ့သည်။ သူမသည် သခင်မကြီးဆုနဲ့ စကားများပြောပြီးနောက် မိုရွှီတုန်းသည် မြို့တော်သို့ ရောက်လာကြောင်း သူမသိလိုက်ရသည်။ ထို့ကြောင့် သူမသည် မို့ရွီတုန်းအား သူမနှင့် သိကျွမ်းရန်အတွက် အထူးတလည် ဖိတ်ကြားရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။ သခင်မကြီးဆုက သူ့မြေးမလေးကို တွေ့ချင်ပြီး မြို့စားကတော် ရှင်းယန်ကလည်း သူ့တူမကို တွေ့လိုကြောင်း ပြောဖို့ တစ်စုံတစ်ယောက်ထံ စကားပါးခဲ့သည် ။ သူတို့ရဲ့ စကားတွေက မိုရေလို ချဲ့ကားထားတာ မဟုတ်ပါဘူး။
"သခင်မလေး ၊ ထိုမိန်းကလေးလန်က တကယ်ပဲ ပြောင်းရွှေ့လာမှာလား။ " မိုလန်သည် မိုရွှီတုန်း၏နောက်သို့ လိုက်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
မိုလန်သည် မို့ရွှီတုန်း၏အနားတွင် အမြဲရှိခဲ့ပြီး သခင်မကြီး၏ အကြံအစည်ကို သဘာဝကျကျသိလေသည် ။ လန်ချိလုသည် သူမ၏သခင်မကို လူအများရှေ့တွင် နှစ်သက်ကြောင်း ပြုမှုသော်လည်း နောက်ကွယ်တွင် မို့သခင်မဖြစ်လိုကာ မခိုမကပ်ဖြစ်ပြီး နူးညံ့သိမ်မွေ့ဟန်ဆောင်၍ သခင်ကြီးနှင့် ပရောပလုပ်လိုကြောင်း သဘာဝကျကျသိသည်။
သူမသည် တစ်ခါက သခင်ကြီးထံသွားပြီး ရည်ရွယ်ချက်ရှိရှိ လဲကျသွားခဲ့တယ်။ သို့သော် သခင်ကြီးသည် သူမကိုစိတ်မဝင်စားဘဲ သူမအား လဲကျရန် ခွင့်ပြုထားခဲ့သည် ။ ထိုနောက် သခင်ကြီးသည် သူမကို မကြည့်ဘဲ ထွက်သွားခဲ့သည်။ နောက်တော့ ကိုယ်လုပ်တော်သခင်မကြီးက အပြင်းဖျားသွားတယ်။ လန်ချိလုသည် သခင်မအိုကြီးကို ပြုစုစောင့်ရှောက်ရန် အမည်ဖြင့် မို့အိမ်တော်သို့ ထပ်မံဝင်ရောက်ခဲ့သည်။ သူမသည် ဆွဲဆောင်မှုရှိစွာ ဝတ်စားဆင်ယင်ပြီး နေ့တိုင်း သခင်မအိုကြီးထံ အလည်လာခဲ့သည်။ ထိုအရာကြောင့် သခင်မလုဘေးက အစေခံတွေက ဒေါ်သအရမ်းထွက်ခဲ့ကြသည် ။
အဲဒီတုန်းက သခင်မလုက အပြင်းဖျားပြီး ဒါတွေအားလုံးကို ဂရုမစိုက်နိုင်ခဲ့ဘူး။ သခင်မလုသည် ဖျားနာနေသော ကိုယ်လုပ်တော်သခင်မအိုကြီးကို ကူညီရန်အမည်ဖြင့်ဝင်လာသော လန်ချိလုကို မသိခဲ့ပေ ။ ကံကောင်းထောက်မစွာ၊ သခင်ကြီးသည် သခင်မလုကိုသာ လေးလေးနက်နက် ချစ်ခဲ့ပြီး လန်ချိလုကို လုံးဝလျစ်လျူရှုခဲ့သည်။ သခင်ကြီးသည် လန်ချိလုကို သူမ မရပ်တန်းမချင်း သူမကို လူသိရှင်ကြား အကြိမ်ကြိမ် အရှက်ခွဲခဲ့တယ်။ အခု သူသည် သခင်ကြီးထံ နောက်တစ်ကြိမ် လာရဲဦးမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
“သခင်မကြီးက ဒီကိစ္စကို တွေးနေတာကြာပြီ၊ သူမက ဘယ်လိုလုပ် မလာပဲနေမှာလဲ ၊ နန်မိမင်ကို သွားရှာပြီး အဒေါ်နှစ်ယောက်နဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ပြောလိုက်ပါ ။သခင်မလေးလန်ချိလုက အိမ်တော်သို့ လာနေကြောင်း သူတို့ကို ပြောပြလိုက်ပါ ။ အိမ်၏အရှေ့ဘက်စွန်းမှာ သန့်စင်ပြီး အံဝင်ခွင်ကျရှိသော ဝင်းတစ်ခုရှိတယ် ။ အဲဒီမှာ ရှုခင်းက အရမ်းကောင်းတယ်။ အစေခံတွေကို ဒီခြံဝင်းကို ရှင်းဖို့ ပြောလိုက်ပါ ။သူမက ရက်အနည်းငယ်အတွင်း လာလိမ့်မယ်" မို့ရွှီတုန်းက တံခါးကို ဖြတ်ပြီး ပန်းခြံထဲကို ဝင်သွားသည် ။ သူမ ပြုံးနေပုံပေါ်သော်လည်း မိုလန်က အနီးကပ်ကြည့်လိုက်သောအခါ အပြုံးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
မိုရီသည် မည်သည့်အခါမှ လက်အောက်ခံလိုသော လူစားမျိုး မဖြစ်ဖူးသော်လည်း တတိယသခင်မလေးမို့ထံတွင် မိုရီစတင်တာဝန် ထမ်းဆောင်ချိန်ကစ၍ သူမ၏ သခင်မလေးကို အမှန်တကယ်ပင် လေးစားမိခဲ့သည်။
မိုရိသည် မိုလန်ထံမှ သတင်းအချက်အလက်များကို အစောပိုင်းက သီးသန့်ရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က သခင်မလေးလန်၏ ကြိုးစားအားထုတ်မှုများအကြောင်း သိရှိခဲ့သည်။ အဒေါ်နှစ်ယောက်ကို သူတို့ယောကျာ်းကို ခိုးယူဖို့ ဒီမှာလာနေတဲ့ မိန်းမရှိသေးတယ်ဆိုပြီး အဒေါ်နှစ်ယောက်ကို ပြောပြရင် တကယ်ဒုက္ခဖြစ်လိမ့်မယ်။
မိုရီသည် အရှေ့ဘက်ရှိ ခြံဝင်းသို့ ရောက်ဖူးသည်။ ထိုနေရာသည် သိပ်မဝေးဘေဲ ရှုခင်းက တကယ်ကို သာယာတယ်။ သို့သော် ထိုအချက်များသည် အရေးကြီးဆုံးအချက်များမဟုတ်ပေ။ အဓိကကတော့ ထိုနေရာသည် တံခါးနားမှာရှိပြီး တခြားတံခါးက ဖြတ်ကျော်ရင် အပြင်ဘက် ဝင်းထဲကို ရောက်သွားလိမ့်မယ်။ ထိုနေရာသည် မြင့်မြတ်သောအမျိုးသမီးများအတွက် သင့်လျော်သောနေရာမဟုတ်ပေ။
ထိုနေရာသည် အပြင်က ခြံနဲ့ နီးသည် ။ သတိမထားမိရင် မိသားစုထဲက မဟုတ်တဲ့ လူတစ်ယောက်နဲ့ တွေ့လိမ့်မယ်။ သခင်မလေးလင်းကသာ သူ့ကိုယ်သူ ဂရုမစိုက်ရင် အိမ်တော်ထဲက ထွက်သွားနိုင်တယ်။ ဟုတ်ပါတယ် ၊ အဒေါ်နှစ်ယောက်က ဒီလိုဖြစ်သွားတာကို တွေ့ရရင် ဝမ်းသာသွားလိမ့်မည် ။ လန်ချိလုသည် အိမ်တွင်းရှိ အခြားယောက်ျားနှင့် ကောလဟာလများ ဖန်တီးခဲ့မည်ဆိုလျှင် သူမသည် မို့ဟွာဝမ်၏ အဓိကတရားဝင်ဇနီးဖြစ်လာနိုင်မည်မဟုတ်ပေ။ သူတို့သခင်မ၏ စကားကိုကြားသောအခါ အဒေါ်နှစ်ယောက်သည် ဆိုလိုရင်းကို သဘာဝကျကျသိလိမ့်မည် ။ သူတို့သည် လန်ချိလုကို အပြင်ကိုရောက်အောင်တောင် ထုတ်ပေးလိုက်နိုင်သည် ။
သူ့သခင်မလေးက တကယ်ကို ကြောက်ဖို့ကောင်းသည် ။ စကားအနည်းငယ်ပြောရုံဖြင့် အဒေါ်များက သခင်မလေးလန်ကို မုန်းတီးစေသည် ။
သို့သော်လည်း သူမသခင်မ၏ ယုတ်ညံ့မှုနှင့် ကြောက်စရာကောင်းသည့်ပုံစံသည် သူမ၏ ယခင်သခင်နှင့် မယှဉ်နိုင်ကြောင်း မိုရီလည်း သိသည်။ သူမ၏ ယခင် သခင်သည် လိမ်လည်လှည့်ဖြားတတ်ပြီး သူ၏ရန်သူများကို လုံခြုံရေး၏ လွဲမှားသောသဘောဖြင့် သွေးဆောင်တတ်လေသည် ။ ကံကောင်းထောက်မစွာပင်၊ သူမသည် လက်ရှိသခင်မကို အမှုထမ်းရာတွင် နစ်နာမည်မဟုတ်ပေ။ မိုရီက အဲဒါကို တော်တော်ကျေနပ်သွားတယ်။
"ဟုတ်ကဲ့ ၊ ကျုပ်က အဒေါ်ချင်းကို သွားရှာပြီး သခင်မအိုကြီးက သခင်မလေးလန်ကို နှစ်သက်ကူးနေ့မှာ မို့အိမ်တော်ကို လာပြီး သခင်မတို့နဲ့အတူ ဆင်နွဲစေချင်ကြောင်း ပြောပြလိုက်ပါမယ် ။ " မိုလန်သည် ဉာဏ်ရည်ထက်မြက်ပြီး အတွေးအနည်းငယ်ဖြင့် နားလည်ခဲ့သည်။ သူမ မျက်လုံးမှိတ်ပြပြီး သူမ၏ အမူအရာက ပြေလျော့သွားခဲ့သည်။
မိုလန်၏ နောက်ပြောင်သည့် စကားကို ကြားသောအခါ မိုရွှီတုန်းက ရယ်မောလိုက်သည် ။
လန်ချိလုသည် သခင်မအိုကြီး၏အမိန့်ကြောင့် မို့အိမ်တော်ကိုရောက်ရှိလာမည်ဟု မိုလန်သည် အဒေါ်နှစ်ယောက်ကို ပြောကြားခဲ့သည် ။ သခင်မအိုကြီးသည် မို့ဟွာဝမ် လေးစားသောသူ ဖြစ်သည် ။
မိုဟွာဝမ်သည် အရာရာ၌ သခင်မကြီးကို နာခံခြင်းမရှိသော်လည်း သခင်မကြီးသည် တချို့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်ပါသေးတယ်။ သူမသည် အရင်တုန်းကတော့ တိတ်တိတ်လေးပဲ လုပ်လို့ရတယ်။ ဒါပေမယ့် အခုက မတူတော့ဘူး ။ အိမ်ကြီးထဲတွင် သင့်လျော်သော သခင်မမရှိသဖြင့် အိမ်ထဲသို့ လန်ချိလု ဝင်လာခြင်း၏ သက်ရောက်မှုများမှာ ကွဲပြားသည်။
အကယ်၍ အဒေါ်နှစ်ယောက်က ထိုအဖွားအိုကြီးသာ လန်ချိလုကို တရားဝင်ဇနီးဖြစ်စေချင်ကြောင်းသိလျှင် သူတို့သည် လန်ချိလုကို ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းများကို သေချာစွာ တွေးတောမိကြလိမ့်မည်။ သူမ၏ အတိတ်ဘဝတွင် အဒေါ်နှစ်ယောက်၌ သားတစ်ယောက်မျှ မရှိခဲ့သဖြင့် အဒေါ်ဖန်ကဲ့သို ချစ်ခင်မှုကို မရနိုင်ခဲ့ပေ။ သူတို့သည် နောက်ဆုံးတွင် အဒေါ်ဖန်အား နာခံမှုရှိသောပုံစံဖြင့် ဆက်ဆံခဲ့သည် ။ ဒါတောင် အဒေါ်ဖန်က သူတို့ကို ဖယ်ရှားဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး၊ အဲဒါက အဒေါ်နှစ်ယောက်သည်လည်း ဆက်ဆံရတာ မလွယ်ဘူးဆိုတာ ပြသခဲ့ပါတယ်။
လန်ချိလုက သူ့အဖေကို ဆွဲဆောင်ချင်နေရင်တောင်မှ အနားမှာရှိတဲ့ အဒေါ်နှစ်ယောက်ကြောင့် လွယ်မှာမဟုတ်ဘူး။ ထို့အပြင်၊ သူမ၏ဖခင်သည် ထိုသို့သော ပျော့ပျောင်းသောမိန်းမကို မကြိုက်သည်မှာ သေချာပါသည်။ ဒီလိုမှမဟုတ်ရင် သူက သခင်မအိုကြီးကို လျစ်လျူရှုပြီး လန်ချိလုကို အရမ်းအရှက်ရစေအောင်လုပ်ပြီး အိမ်ပြန်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိအောင် လုပ်ခဲ့မှာ မဟုတ်ဘူး ။
သခင်မနှင့် အစေခံတို့သည် ရုတ်တရက် တစ်စုံတစ်ယောက်၏ အော်သံကို မကြားလိုက်ရခင်အထိ အချင်းချင်း ရယ်မောခဲ့ကြသည်။
"တတိယသခင်မလေးမို ၊ မင်း ပထမသခင်မလေးမို ရဲ့ နေရာကို လာတာလား ? အခု သူမ ဘယ်လိုနေသေးလဲ " ဟူသော ဟန်ဆောင်မှု ကင်းမဲ့သော အသံသည် သူမနား မှ ယဉ်ကျေးစွာ ထွက်ပေါ်လာသည် ။ မို့ရွှီတုန်းက ရပ်လိုက်ပြီး ဘယ်ဘက်လမ်းကို လှည့်လိုက်သည်။ အဲဒီလမ်းက သူ့အဖေရဲ့ စာကြည့်ဆောင်ဆီကို ဦးတည်နေလေသည် ။ အစေခံတစ်ဦးသည် လူနှစ်ယောက်ကို ခေါ်ဆောင်လာကာ ထိုလမ်း၏အဆုံးတွင် ရပ်နေခဲ့သည်။
ယုရန်ချန်သည် အရောင်ဖျော့ဖျော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူ့ခါးတစ်ဝိုက်တွင် ကျယ်ပြန့်သော ရွှေခါးပတ်ကို ချည်နှောင်ထားပြီး လှပသော ကျောက်စိမ်းတုံးတစ်တုံးကို ချိတ်ဆွဲထားသည်။ ကျောက်စိမ်း၏ပုံသဏ္ဍာန်သည် ဂန္ထဝင်ဆန်ပြီး အံဝင်ခွင်ကျဖြစ်ကာ မှောင်မိုက်ခြင်းကို ခံစားရစေသည်။ သူ၏ ဦးခေါင်းပေါ်တွင် ခရမ်းရောင်ရွှေဦးထုပ်ကို ဆောင်းထားသည်။ သူ့မျက်နှာက ချောမောပေမယ့် သူ့အမူအရာက အေးစက်ပြီး အနည်းငယ် မာနကြီးနေသည် ။ သူသည် ယဉ်ကျေးသော်လည်း သူမအား နှိမ့်ချနေသကဲ့သို့ ခံစားရသည်။
သူ့ဘေးမှာ ရပ်နေတဲ့ တခြားလူက ဆန့်ကျင်ဘက်ပင် ။ သူသည် ဇိမ်ကျကျ ဝတ်ဆင်ထားပြီး သူ့ခါးမှာ ကျောက်စိမ်း လေးငါးတုံးကို ဝတ်ဆင်ထားတယ်။ အံဝင်ခွင်ကျရှိသော မြင့်မြတ်သော ဝတ်စုံများကို သူ့အပေါ်မှ တော်ရိလျော်စွာ လှဲချကာ ဝတ်ဆင်ထားသဖြင့် ကြည့်နေသူတစ်ဦးကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် ရှက်ရွံ့သော အပြုံးတစ်ခု ရှိနေသည်။ သူ စကားမပြောသေးသော်လည်း သူ့မျက်လုံးများက မို့ရွှီတုန်းကို စိုက်ကြည့် နေပြီဖြစ်သည်။ အဲဒါက တစ်ခုတော့ သိပ်အဆင်မပြေဘူး။ မိုရီသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းလှမ်းပြီး သူ့အမြင်ကို တားလိုက်သည်။
ယုရန်ချန်ဖြစ်သည်ကို သူမမြင်သောအခါ မို့ရွီတုန်း ၏ မျက်လုံးများတွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ယုရန်ချန်က ကြောင်သူတော်တစ်ယောက် ဖြစ်သည် ။ သူသည် သူမကို မကြိုက်သော်လည်း ကြင်နာဟန်ဆောင်နေသည်။ မနေ့ညက သူသည် မို့ရွီတုန်းနှင့် ဆန့်ကျင်ဘက် ကြံစည်ခဲ့ပြီး မို့ရွှမ်မင်နှင့် မို့ရွီတုန်းသည် တစ်ယောက်နှင့်တစ်ယောက် မပြေလည်ကြောင်း သူသိခဲ့သည်။ မို့ရွှမ်မင်က သူမကို သေစေချင်ခဲ့တယ်။
အခု သူက မို့ရွှီတုန်းကို လာစိတ်ပူပြနေတာလား။ ဒါမှမဟုတ် ယုရန်ချန်က သူမသည် သူ့အစ်မကို မရိုမသေလုပ်ပြီး အိပ်ပျော်နေစဉ် ကျောက်ခဲနဲ့ပေါက်တယ်ဆိုတဲ့ ကောလာဟလတွေကို ဖြန့်ဖို့ ကြိုးစားချင်လို့လား ။
"မင်္ဂလာပါ သခင်လေး။" မို့ရွှီတုန်းက ညင်ညင်သာသာ ပြောလိုက်ပါတယ်။ ရင်တွင်းထဲတွင် အေးစက်စွာ ရယ်ခဲ့သော်လည်း သူမသည် အပြင်ဘက်၌ မျက်နှာစာကိုတော့ ထိန်းသိမ်းထားရသေးသည်။ သူမသည် မိုရီနောက်မှ ထွက်လာပြီး ယုရန်ချန်နှင့် အခြားလူကို လေးလေးနက်နက် ရိုသေစွာ နှုတ်ဆက်လိုက်သည် ။
သူမသည် ပြုံးပြုံးလေးဖြင့် ပြန်ပြောသည် ။ "တို့က အခုမှ ဗိုလ်ချုပ်အိမ်က ပြန်လာခဲ့တာ။ အစ်မအကြီးဆုံးက ဘာဖြစ်သွားတာလဲ။ သခင်လေးကတောင် သူ့အကြောင်း မေးဖို့ ဒီမှာ ရှိနေတယ်။ အစ်မကြီး တစ်ခုခု တကယ် ဖြစ်သွားတာလား။ "
ထို့နောက် သူမသည် စိတ်ရှုပ်ထွေးသော သူမ၏လှပသော မျက်လုံးများဖြင့် ယုရန်ချန်ကို စိတ်ရှုတ်ထွေးစွာ မော့ကြည့်လိုက်သည်။ ယုရန်ချန်သည် လူများစွာရှေ့တွင် မို့ရွှမ်မင် ဖြစ်ပျက်ခဲ့သည်ကို ကြေငြာမည်ဟု သူမ မယုံပေ ။
ယုရန်ချန်က မို့ရွှီတုန်းဘာမှမသိဖို့ မမျှော်လင့်ထားခဲ့ပါဘူး။ သူသည် တစ်စုံတစ်ဦးကို ပုတ်ခတ်ပြီးနောက် ထိုလူသည် ဂွမ်းများဖြင့် ပြည့်နေပြီး ထိခိုက်ဒဏ်ရာ လုံးဝမရရှိကြောင်း သိလိုက်ရသလိုပင် ဖြစ်သည် ။ သူသည် လိယွီမိုနှင့်အတူ မိုအိမ်တော်သို့ လိုက်ပါရန် သဘောတူခဲ့သည်။ သူသည် မို့ဟွာဝမ်၏ စာကြည့်ဆောင်မှ ထွက်လာပြီး သူမ၏ အိမ်အကူနှင့်အတူ ရယ်မောနေသော မို့ရွှီတုန်းကိုတွေ့ဆုံခဲ့သည်။ ထိုအပြုံးသည် သူ့အတွက် အနှောင့်အယှက်ဖြစ်ခဲ့သည်။
မို့ရွှမ်မင်က သူ့ကို အရာအားလုံး ပြောပြခဲ့ပြီး သူသည် မို့ရွှီတုန်းအတွက် ခက်ခဲတဲ့အရာတွေကို လုပ်ချင်ခဲ့တယ်။ ထိုကြောင့် သူသည် သူမကို ရည်ရွယ်ချက်ရှိရှိနဲ့ တားခဲ့တယ်။ သူမသည် မို့ရွှမ်မင်ရဲ့အဖြစ်အပျက်ကို ဂရုမစိုက်ပဲ မို့ရွှီတုန်းသည် သူ့အိမ်အကူနဲ့သာ ပျော်ပျော်နေတတ်တဲ့ ညီမဆိုးတစ်ယောက် ဖြစ်ကြောင်း ပြောပြချင်ခဲ့တာပါ ။ သူသည် မို့ရွှီတုန်းကို မိသားစု၏ပြဿနာကို ဂရုမစိုက်ဘဲ စိတ်အေးအေးထားသူတစ်ယောက်ဟုသာ သဘောထားစေချင်သည်။ သူမသည် ဖြစ်ပျက်ခဲ့တာကို မသိဖို့ သူ မမျှော်လင့်ထားမိဘူး ။
ယုရန်ချန်သည် သူပြောချင်တဲ့ လှောင်ပြောင်တဲ့ စကားတွေကို မပြောနိုင်ဘဲ သူ့ရင်ဘတ်မှာ မသက်မသာသလို ခံစားလိုက်ရသည် ။
သူသည် စကားမပြောနိုင်သလို ခံစားရပြီး ဆန့်ကျင်ဘက်အနေနဲ့ လိယွီမိုက ဝင်ပြောလေသည် ။" ဒါက တတိယညီမလေး မဟုတ်လား ၊ ကျုပ်က မင်းရဲ့ ခဲအိုပါ ၊ မင်းရဲ့အစ်မအကြီးဆုံးက တစ်ခုခုဖြစ်သွားတယ်လို့ကြားတော့ ကျုပ်လာခဲ့တာပါ ။ သူမက ခြံထဲမှာလား? ကျုပ် သူမကို မတွေ့ရတာ ကြာပြီဆိုတော့ တော်တော်ကို လွမ်းနေပြီ ။ ကျုပ်လည်း သူ့ခြံကို သွားလည်ချင်တယ်။ ယုချန် ကျုပ်တို့ အတူတူသွားရအောင် ၊ ပထမဆုံးသခင်မလေးမိုက ကျုပ်ကို လက်ထပ်တော့မှာဆိုတော့ မင်းက အပြင်လူမဟုတ်ပါဘူး၊ ဒါကြောင့် ငါ မင်းကို စိတ်မဆိုးပါဘူး "
သူ့စကားသည် အလွန်ကြောက်စရာကောင်းသည်။ မို့ရွှီတုန်းသည် ပြန်လည်မွေးဖွားပြီး စိတ်ဓာတ်ကြံခိုင်သော်လည်း သူပြောခဲ့သောစကားကြောင့် သွေးအန်လုနီးပါးဖြစ်ခဲ့သည်။ လိယွီမိုအနားတွင် ရပ်နေချိန်တွင် ယုရန်ချန်၏ မာနထောင်လွှားသည့် အမူအရာမှာ အေးခဲသွားသည်။ မိုလန်နှင့် မိုရီသည်လည်း ချက်ချင်း အေးခဲသွားသည်။ ထိုသို့အရေထူတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး။ ဘာကိုမှ အတည်မပြုနိုင်သေးဘဲ မို့ရွှီတုန်းကို သူ့ယောင်းမလို့ခေါ်ပြီး သူ့ကိုယ်သူ ခဲအိုအဖြစ် သတ်မှတ်လိုက်တော့သည် ။
သူတို့နှစ်ယောက်သည် မနေ့ကမှ တွေ့ဖူးခဲ့သော်လည်း အခုတွင် မတွေ့တာကြာပြီလို့ ပြောနေသည် ။ သူသည် မိုအိမ်တော်တွင်ရှိသော်လည်း ၎င်းကို ၎င်း၏အိမ်ကဲ့သို့ သဘောထားကာ အမျိုးသားတစ်ဦးကို အမျိုးသမီး၏ အခန်းသို့ပင် ဖိတ်ကြားခဲ့သည်။ သူ့၏ ဂရုမစိုက်သောအမူအရာသည် လုံးဝသက်တောင့်သက်သာရှိပုံရပြီး သူပြောသမျှသည် ရှောင်လွှဲ၍မရဘဲ မှန်နေသလိုပင်။
တကယ့်ကို ဒေါသထွက်စရာပင် ။ ဒီလူက တကယ့်ကို ဒေါသထွက်စရာကောင်းသော သူဖြစ်သည် ! သို့သော် မို့ရွှီတုန်းသည် အလွန်ရယ်မောချင်နေ၍ ပေါက်ကွဲထွက်တော့မည့် ရယ်မောခြင်းကို တွန်းလှန်ရန် ပြင်းပြင်းထန်ထန် အသက်ရှူရန် လိုအပ်သည်။
ဒီလို ဒေါသကြီးတဲ့လူက မို့ရွှမ်မင်အတွက် တကယ်ကို ပွဲကောင်းတစ်ပွဲဖြစ်မှာပါ ။
ယုတ်မာသော မိန်းမနှင့် လူမိုက်သည် တကယ့်ကိုလိုက်ဖက်သည် ။ သူမမှာ အဆိပ်ပြင်းတဲ့ အကြံအစည်တွေ ဘယ်လောက်ပဲရှိရှိ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။
"မင်း လူယုတ်မာ၊ မင်းက ရိုင်းစိုင်းလိုက်တာ!" မို့ရွှမ်မင်က မိုစုနဲ့ အတူ ပန်းခြံတံခါးဝမှာ ရပ်နေခဲ့တယ်။ သူမဒေါသထွက်လွန်းလို့ မျက်နှာက ဖြူဖျော့သွားတယ်။ သူမ တုန်လှုပ်သွားကာ လိယွီမိုကို လက်ညှိုးထိုးပြပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သည်။
"အိုး ၊ ပထမသခင်မလေး ရောက်လာပြီပဲ ၊ ကျုပ်တို့ရဲ့ စိတ်ချင်းက အမှန်တကယ်ကို ချိတ်ဆက်နေတယ် ။ ပထမသခင်မလေး မင်းလည်း ကျုပ်နဲ့ အတွေးတူတယ်မလား ။ မတွေ့ရတဲ့တစ်ရက်ဟာ သုံးနှစ်ကြာပြီး မတွေ့ရတဲ့ သုံးရက်ဟာ ကိုးနှစ်ကြာတယ်လို့ ခံစားရတယ်။ ပထမသခင်မလေး မင်းက ကျုပ်ကို ကောင်းကောင်းနားလည်တယ်။ မနက်ဖြန်က ကောင်းသောနေ့ဖြစ်ပြီး ကျုပ်တို့မြန်မြန်လက်ထပ်သင့်တယ်လို့ ယောက္ခမကို အခုချက်ချင်း သွားပြောရမယ် ။ ဒီလိုမှမဟုတ်ရင် ပထမသခင်မလေးနဲ့ ကျုပ်ကတစ်ယောက်နဲ့တစ်ယောက် အရမ်းလွမ်းဆွတ်နေမယ်ဆိုရင် ကျုပ်တို့ အင်္ဂါတွေ ကွဲသွားသလို ခံစားရလိမ့်မယ်။ ဒီလိုဆို နှစ်သစ်မပြီးခင်မှာ ငါတို့ နှလုံးသားရဲ့နှိပ်စက်မှုကြောင့် နေမကောင်းဖြစ်သွားနိုင်တယ်။" လိယွီမိုသည် မို့ရွှမ်မင်ပေါ်လာချိန်တွင် သူမကိုသာ အာရုံစိုက်ခဲ့ပြီး သူမကို ရင်ကော့ကာ ပြောကြားခဲ့သည် ။
သူသည် ချောမောပြီး မြင့်မြတ်သူဟု သတ်မှတ်ခံရသော်လည်း သူလမ်းလျှောက်သည့်အခါတွင် သူသည် လူရိုင်းတစ်ယောက်လို ပိုခံစားရတယ်။ သူလမ်းလျှောက်တဲ့အခါ သူ့အသုံးအဆောင်ပစ္စည်းတွေအားလုံးက ပြင်းထန်စွာ တုန်ခါသွားပြီး သူ့အသုံးအဆောင်တွေ ပြုတ်ကျသွားမလားလို့ ထင်မြင်မိစေပါတယ် ။
အရေခြုံ မို့ရွှမ်မင်သည် လိယွီမိုကဲ့သို့ လူစားမျိုးနှင့် တွေ့ဆုံသောအခါ ဘာဖြစ်သွားမည်နည်း။ ဘယ်သူကအနိုင်ရမှာလဲ?
မို့ရွှီတုန်းသည် ရုတ်တရက် အလွန်မျှော်လင့်ထားသလို ခံစားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်ပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန် စိုးရိမ်စွာဖြင့် မို့ရွှမ်မင်ထံ ချဉ်းကပ်ခဲ့သည်။
ယုရန်ချန်သည် ဘာတွေ တွေးနေမှန်းမသိရပေ ။ သူသည် ခဏရပ်လိုက်ပြီး မို့ရွှမ်မင်အနားသို့ မရောက်သေးသော မို့ရွှီတုန်းကို မောက်မာစွာ ကြည့်လိုက်သည် ။