ဧည့်ခန်းထဲတွင် ထိုက်၏ ရင်ခွင်ထဲတွေးဝေ့ကာ ချွဲနေတဲ့ စိုင်းခက်ကြောင့် ထိုက်မှာအသဲတယားယားနှင့် အချစ်တွေပိုနေရသည်။ မနေ့ညက ချစ်ကြောင်းဝင်ခံ၍ နောက်ဆုံးတော့ သူတို့နှစ်ဦးချစ်သူတွေ ဖြစ်ခဲ့ကြပီလေ။ ထိုက်အတွက်တော့ မမျှော်လင့်ထားတဲ့ အရာတစ်ခုဖြစ်၍ ပျော်ရွှင်မှုကတော့ အတိုင်းမသိပေ။ ခုထိပင်မယုံနိုင်သေး သူ့ရင်ခွင်ထဲမှာ ချွဲနေတဲ့ ကောင်လေးက သူ့
အပိုင်ဖြစ်သွားပြီတဲ့လေ။
"ကဲ ခက်လေး သွားရအောင်လေကွာရုံးသွားရအုံးမယ်လေ ၊ ခက်ရုံးကိုလဲဝင်ရအုံးမယ်မို့လား "
ရင်ခွင်ထဲတွင်ချွဲနေတာ မနက်စာစားပီးကထဲက
ပင်။ ရုံးသွားရအုန်းမည်မို့ ကောင်လေးအား ငုံ့
ကြည့်ရင်း ပြောရသေးသည်။ ရင်ခွင်ထဲမှကောင် လေးက ခေါင်းလေးမှီရင်း မော့ကြည့်လာသဖြင့် နှုတ်ခမ်းရဲရဲလေးအား ဆက်ကနဲ ဖိကပ်
လိုက်တော့ သူ့ရင်ဘက်အား လက်သီးဖြင့် ဖွဖွထု၍ ခေါင်းလေးပြန်ငုံ့သွားကာ
"အကိုနော် ရင်ခုန်အောင်အရမ်းလုပ်တာပဲ "
"ဟော ကိုယ်ဘာမှမလုပ်မိပါဘူး "
"ဘာမလုပ်ပါဘူးလဲ ဟွန်း "
ထိုက်အား နှုတ်ခမ်းလေးစူကာမျက်စောင်းပစ်၍ ပြန်မော့ကြည့်လာသောကောင်လေးအား အူယားလွန်းနေရပါပြီ ။
"ရင်ခုန်အောင်က ခုမှလုပ်မှာ "
"ဟင် "
"အွန့် "
ထိုက်က စိုင်းခက်မေးဖျားလေးအားမော့လျက် နှုတ်ခမ်းဖူးဖူးလေးအား ငုံထွေးလိုက်သည်။ စိုင်းခက်ကလဲမျက်လုံးများမှေးဆင်းလျက် နှုတ်ခမ်းတို့ကိုအပေါ်အောက် စုပ်ယူရင်းလက်ခံသည်။ စိုင်းခက်မှ ထိုက်ရင်း လည်ပင်းကို သိုင်းဖက်ကာ လက်များက ဆံပင်တို့အားထိုးဖွလျက် နက်ရှိုင်းစွာ နမ်းရှိုက်နေသဖြင့် ထိုက်၏ စိတ်အဆင်မှာ ထိန်းချုပ်ဖို့ပင်ခက်လာသည်။
ထိုက်၏ လက်များဟာလဲ စိုင်းခက်ကျောပြင် အားခပ်ဖွဖွပွတ်နေရင်းမှ hoddie လည်ဝိုင်းဝတ် ထားသော အကျီထဲကို လက်များလျှိုဝင်၍ ကျောပြင်ပြင် သေးသေးလေးအား ပွတ်သတ်
လိုက်မိသည်။
" ဟင်းး "
နမ်းနေရင်း စိုင်းခက်ဆီမှ ထွက်ပေါ်လာသော အသံများက ထိုက်အားပို၍ ရူးသွပ်နိုင်စေသည်။
စိတ်အစုံကိုထိန်းချုပ်မှရမည်ဆိုတဲ့အတွေးကြောင့် အနမ်း တို့ကိုကြိုးစားရပ်ရန် နှုတ်ခမ်းတို့ကိုခွါတော့သည်။ စိုင်းခက် ဘာလို့လဲဆိုသော မျက်လုံးအဝိုင်းသားလေးဖြင့် နှုတ်ခမ်းလေးဟကာကြည့်နေသည်။
" ထတော့ ခက် သွားကြရအောင် "
"မွ"
သူ့အားပြူးကြောင်ကြောင်လေးကြည့်နေတဲ့
စိုင်းခက်အား ပါးကို ဆွဲညစ်လိုက်ပြီး နဖူးအား အသံမြည်အောင် နမ်း၍ အရင်ထလိုက်ရသည်။
အန္တရယ်များလှတဲ့ နှုတ်ခမ်းတွေ နဲ့ အထိအတွေ့တွေပါလား ။ ဆက်နေလို့မဖြစ်တော့ဘူးဆိုတဲ့ အတွေးနဲ့ ရင်ဘက်အားခပ်ဖွဖွ ဖိ၍ အသက်ပြင်းပြင်းရူထုတ်လိုက်ရသည်။
*****🌸🌸🌸🌸*******
ထိုက်မှာ ကုပ်ချောင်းကုပ်ချောင်းဖြင့် ရုံးခန်းထဲ
ဝင်နေသော စိုင်းခက်ကို ကြည့်၍ ရီချင်စိတ်ကို ထိန်းကာ အနောက်မှဖြည်းဖြည်းခြင်းကပ်၍
လိုက်နေရသည်။ သူ့ဘက်လှည့်၍လဲ နှုတ်ခမ်း
နှင့်လက်ညှိုးထိကပ်ကာ "ရူးတိုးတိုး" ဆိုပြီးလဲပြောနေသေးသည်။
သူ့အလုပ်စားပွဲရှေ့အရောက် စားပွဲပေါ်က ဖိုင် များအား ဖြည်းဖြည်းခြင်းဆွဲယူနေစဉ် ဘေး
အခန်းမှ ဆွဲတံခါးအား တွန်းဖွင့်ကာလာစိုင်းခက် ကျောပြင်သို့ ရောက်လာသည့် ဖိုင်တွဲ။ ရိုက်ချ
လိုက်သည်နှင့်အတူ ခန့်မှူးလွင်၏ ကျယ်လောင် လှအသံကြောင့် စိုင်းခက်မှာ ကုန်းထားသောခါးပင် ပြန်မက်လျက် တောင့်တောင့်ကြီးဖြစ် သွားရသည်။ သူခိုးလူမိသွားသည်မို့လား ....
"ဟျောင့်စိုင်းခက် မင်းဒီလို ခိုးချောင်ခိုးဝှက် လာလို့ရမယ်ထင်နေသလား "
"ဟီးဟီး မင်းကလဲ ငါဘယ်မှာခိုးလာလို့လဲ
စေတနာနဲ့ အလုပ်တွေကူဖို့ ဖိုင်တွဲလာယူတာကို "
စပ်ဖြီးဖြီး ဖြင့် ခန့်မှူးလက်မောင်းအား လှမ်းထိုး၍ ပြောလာသော စိုင်းခက်ကို စိတ်ရှိလက်ရှိ နရင်းရိုက်ပစ်ချင်မိပါသည်။
"မင်းကိုလစာဖြတ်မယ် "
"ဘာဆိုင်လို့လဲ ငါကရုံးပဲမလာတာကို
အလုပ်တွေကပြီးတယ်လေ "
"ဘာကွ ငါလုပ်လိုက်ရ နာတော့မယ်ဒီကောင် "
ထိုက်မှာတော့ သူ့ရှေ့တွင် အချေအတင်ပြောဆိုကာ စကားများနေသော သူငယ်ချင်းနှစ်ယောက် အား ပြုံး၍သာ ကြည့်နေရတော့သည် ။ ထိုစဉ် အခန်းတွင်းမှ လေပြေသွေးထွက်လာကာ
"ကဲ တော်တော့ ကိုက်မနေကြနဲ့တော့ "
" ဘာ "
" ဘာ "
စိုင်းခက်ရော ခန့်မှူးလွင်ရော ဆီမှ သံပြိုင်ထွက် လာသဖြင့် လေပြေသွေးမှာ ဇက်ကလေး ပုသွားရသည်။ ပြီးမှ တဟီးဟီးပြုံးပြပြီး
"ဟို .. သွေးက ရန်မဖြစ်တော့နဲ့လို့ပြောတာပါ ၊
ကိုထိုက်ကိုလဲ အားနာစရာလေ "
ထိုအခါက ခန့်မှူးလွင်က ထိုက်ဘက်လှည့်ကာ
" sorry နော် ကိုထိုက် ဒီကောင်ကို ဆုံးမချင်စောများသွားလို့ ကိုထိုက်ကို မေ့သွားတာ "
"ရပါတယ်ကွာ ကိုယ်တို့သူငယ်ချင်းတွေဆိုလဲ ဒီလိုပါပဲ "
"ဟင့် အကို ဒီကောင် ကျွန်တော့်ခေါင်းကို ရိုက် တာ ခေါင်းမူးသွားပြီ "
ရုတ်တရက် ခန့်မှူးလွင်နားကနေ သူ့အနားရောက် လာသည်။ လက်မောင်းကိုကိုင်၍ ခေါင်းမှီကာ ခန့်မှူးလွင်ကို လက်ညှိုးထိုးပြီး သူ့အား အတိုင်အတောထူနေတဲ့ ကောင်လေးကိုကြည့်ပြီး ထိုက်မှာ အသံပင် ထွက်အောင်ရီလိုက်မိသည်။
" ဟားဟား "
"ဟွန်း အကိုက ဘာရီတာလဲ "
စလာပါပြီ သူစိတ်ဆိုးရင်လုပ်နေတဲ့ အပြုအမူလေး ။ မျက်စောင်းထိုး၍ စူထွက်လာသော
နှုတ်ခမ်းဖူးဖူးလေး ၊
"အာ ကိုယ်က ခက် ပုံစံလေးကိုချစ်လို့ပါ "
"ဟုတ်လား အဲတာဆိုလဲ ရီရီ ဟီး "
ချက်ချင်းပုံစံပြောင်းကာ သူ့အားမျက်လုံးတွေပျောက်အောင် ပြုံးပြလာသဖြင့် ပါးရဲရဲလေးအား အသာဆွဲညစ်ပစ်လိုက်သည်။
" မင်းဘယ်တုန်းက အဲလိုချွဲတတ်သွားတာလဲ
စိုင်းခက် ငါကြည့်မရတော့ဘူးနော် "
သူနဲ့သွေးကို ရှိတယ်လို့တောင်မထင် တစ်တီးတူးပြနေတဲ့ နှစ်ယောက်အား အမြင်ကပ်လာသည် ။ အဆိုးဆုံးကတော့ စိုင်းခက်ပင် ချွဲပြနေတာ အရင်က သူမဟုတ်တဲ့အတိုင်းပင်ခုမှဖြစ်ပြနေတာ ။
"ဘာဖြစ်လဲ ငါ့ချစ်သူငါချွဲတာ မင်းကိုရော
သွေးကမချွဲတာကျလို့ "
"ဟ ငါ့ကလေးလေးချွဲတာက ချစ်ဖို့ကောင်းတယ်
နော် အချစ်ကလေး "
ခန့်မှူးကဘေးမှ လေပြေသွေးကို ပုခုံးကိုဆွဲဖက် ကာ မေးငေါ့ပြလေသည်။
"ငါချွဲတာကိုလဲ အကိုက တအားချစ်တာပါနော်
ဟုတ်တယ်မို့လား အကို "
စိုင်းခက်ကလဲ အားကျမခံ ထိုက်ဘက်လှည့်ကာ မေးပြန်သည်။
ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ရဲ့ ငြင်းခုံပွဲတစ်ခု ပြန်စလာတော့သည် ။ ဒီတစ်ခါကတော့ အချစ်ငြင်းခုံပွဲသာ ဖြစ်သည် ။ သူတစ်ပြန်ငါတစ်ပြန်ဖြစ်ပြော ပြီး ထိုက် နှင့် လေပြေသွေးကို
" ဟုတ်တယ်မို့လား " ဟု၍ သက်သေထူကြသေး
သည်မို့ ခေါင်းသာငြိမ့်ပြနေရသည်။ ထိုက် နှင့် သွေး ကတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ပြုံး၍ နားလည်မှုယူကာ သူတို့နှစ် ယောက် ပွဲအား ငေးကြည့်၍သာ ပါဝင်ရတော့
သည်။
********🌸🌸🌸🌸********
တစ်ယောက်ထဲ အိမ်ပြန်ရတဲ့အတွက် အရာအာလုံးတိတ်ဆိတ်လျက် ၊ ရက်အတော်ကြာဘေးမှာကပ်၍ ရှုပ်သောကောင်လေး အသံကပျောက်
ကွယ်နေတော့ ထိုက်မှာမနေတတ်တော့ပေ။
ခုမှရည်းစားဖြစ်ခါစလေး ခွဲရတော့ ပို့လို့တောင် လွမ်းနေရတော့သည်။ မတော်ရသေးတဲ့ ယောက္ခထိီးကြီးက စိုင်းခက်အား အိမ်ပြန်လာခဲ့ရန် အမိန့်ထုတ်သဖြင့် အိမ်သို့ပြန်ပို့လိုက်ရသည်။ ဧည့်ခန်းထဲမှာ တစ်ယောက်ထဲထိုင်ဆွေးနေရပြီလေ ။
Ring ! Ring !
စိတ်ပျက်လက်ပျက်ထိုင်နေတုန်း စိုင်းခက်ဆီမှ ဖုန်းဝင်လာသဖြင့် ချက်ချင်းတန်းကိုင်လိုက်သည်။
" ခက် "
"အကို အိမ်ပြန်ရောက်ပြီလား "
"အင်းခုနကပဲရောက်တယ်၊ ခက် မရှိတဲ့ဧည့်ခန်းလေးက တိတ်ဆိတ်နေတာပဲ ကိုယ်မနေတတ် တော့ဘူးကွာ "
"တူတူပဲဗျာ အကို့ရင်ခွင်ထဲမှာ နေချင်တယ် "
"အရမ်းလွမ်းတာပဲ ခက်လေး ရာ ကိုယ်ဘယ်လိုလုပ်ရမလဲဟင် "
"ကျွန်တော်လဲ လွမ်းတာပေါ့ လွမ်းလွန်းလို့သေ
နိုင်တယ်ဗျ "
" မခွဲချင်တော့ဘူး ခက် အိမ်ကိုကိုယ်လာတောင်းရမလား "
"ဟာ ဟိုးထားဆရာရေ ခုမှ ရည်းစားဖြစ်တာ 1ပတ်ပဲရှိသေးတယ်လေ ကျွန်တော့်ဖေဖေ့ကို ပြောရအုံးမှာ၊ ကျွန်တော့်ကိုသာပြောနေတာ အကို့ အိမ်ကျတော့ရော "
"အင်းအဲကိစ္စကိုယ်စဉ်းစားထားပြီးသားပါ မနက်ဖြန် အိမ်ပြန်ပြီးဖွင့်ပြောလိုက်မယ် "
"ဖြစ်ပါမလား အကို့ ဖေဖေက လက်ခံပမလား "
ထိုက်က သူ့မိသားစုအကြောင်းစိုင်းခက်ကို
အကုန် ပြောပြထားသဖြင့် စိုးရိမ်၍ မေးနေခြင်းပင်၊ထိုက်မေမေကတော့ လက်ခံပေးမှာသေချာပေမဲ့ ဖေဖေနဲ့ကတော့ အတိုက်အခံတော့ဖြစ်ရပေအုန်းမည်။သို့ပေမဲ့ ဒီတစ်ခါကိုတော့ စိုင်းခက် ကိုလုံးဝလက်လွတ်ခံမည်မဟုတ်ပါ ။ ဖေဖေ
လက်မခံလဲ စိုင်းခက်ကို မစွန့်လွတ်ရန် ဆုံးဖြတ် ထားသည်။
"စိတ်မပူပါနဲ့ ကိုယ်လက်ခံအောင်ကြိုးစားမှာပါ လက်မခံလဲ ကိုယ်က ခက် နားပဲနေမှာ ၊
ဒီကောင်လေးကို ဘယ်သူ့ကြောင့်နဲ့မှ လက်လွတ် မခံနိုင်တော့ဘူး ၊ အရမ်းချစ်တယ်နော် ကိုယ့်
အသဲလေး "
ခက် ဆိုတဲ့နာမ်စားအပြင် ပထမဆုံးထပ် ခေါ်သော နာမ်စားတစ်ခုက အသဲလေး တဲ့လား။
"အားး ဘယ်လိုခေါ်လိုက်တာလဲဗျာ အကိုရာ
ကျွန်တော့်ကိုရူးအောင်လုပ်နေတာပဲ "
"ဟားဟား မကြိုက်ဘူးလား ကိုယ့်အသဲက "
"ဟီး ကြိုက်တယ် ရမ်းကြိုက်တယ် "
"ဒါဆို ကိုယ့်ကို ဘယ်လောက်ထိချစ်လဲ
ကိုယ့်အသဲက "
" အများကြီးချစ် ကမ္ဘာလောက်ကြီးချစ် မိုးလောက်ကြီးချစ် အရမ်းရမ်းကိုချစ်တယ်ဗျာ "
" ကိုယ်လဲအရမ်းချစ်တယ်နော် ၊ ဘာတွေပဲဖြစ် လာဖြစ်လာ ကိုယ့်လက်ကို မလွတ်လိုက်ပါနဲ့နော်"
"စိတ်ချ အကိုထွက်သွားချင်ရင်တောင်
ဒီကကောင်က ထွက်သွားခွင့်မပေးဘူး လက်ပဲဆွဲရဆွဲရ ၊ ခြေထောက်ပဲဆွဲထားရထားရ လုံးဝမ
လွတ်ဘူး "
"ကျေးဇူးပါနော် ခက် မင်းဘဝထဲကို ကိုယ့်ကို ဝင်ခွင့်ပေးခဲ့လို့ "
"ကျွန်တော်လဲ ကျေးဇူးပါ အကို့ ရင်ခွင်ထဲမှာ
ခိုလုံခွင့်ပေးခဲ့လို့ "
"ဒါဆို ဒါပဲနော် ခက် မနက်ဖြန်စောစောလာ
ခေါ်မယ် စောစောအိပ် ကိုယ့်ကို အိမ်မက်ထည့်မက်နော် ချစ်တယ် "
"ဟုတ်အကို ချစ်တယ် "
မင်းလေးရဲ့အပြုံးတွေကို နေ့တိုင်းမြင်ခွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
ဒီရင်ခွင်က မင်းအတွက် အပူအပင်ကေးစွာ ခိုနားဖို့အတွက် အဆင်သင့်ပြင်ထားပါ့မယ်
ကိုယ့်ရဲ့ခက်......။
*******🌸🌸🌸🌸*******
ဧည့်ခန်းထဲတွင် ထိုက်ဖေဖေ၏ အလာကိုထိုင် စောင့်နေသည် ။ အိမ်မပြန်တာ ကြာသဖြင့် မေမေကတော့ထိုက်ဘေးတွင်ပွစိပွစိပြောနေသည်။ မကြာပါဖေဖေဧည့်ခန်းထဲဝင်လာသဖြင့်
ထိုက်မှာ ထိုင်ရာမှထလိုက်သည်။
" ထိုင်ထိုင် "
ဦးထွန်းရှိန်ကထိုက်အား ထိုင်စေလျက်
ဒေါ်သက်ထားဝတိီဘေးတွင်သူလဲဝင်ထိုင်ကာ
"ကဲ ငါ့သားအိမ်လာဖို့ပြောတုန်းကမလာ ၊ ခုဗြုန်းစားကြီးရောက်လာတာဘာရှိလို့လဲ "
"ဟုတ်ဖေဖေ ဟိုရက်တွေက အလုပ်ရှုပ်နေလို့ပါ ခုက အားသွားပြီမို့ နေ့လည်စာစားရင်း ဖေဖေနဲ့မေမေကိုလဲပြောစရာလေးရှိလို့ပါ "
" ဘာများလဲသားရဲ့ ပြောလေ "
ဒေါ်သက်ထားဝတီက ထိုက် မျက်နှာမှစိုးရိမ်ရိပ် များပေါ်နေသဖြင့် စိတ်ပူစွာမေးလိုက်သည်။
"ဟိုသားမှာ ချစ်ရတဲ့သူရှိနေပါပြီ အဲတာ ဖေဖေ နဲ့မေမေကို အသိပေးတာပါ "
" ခွင့်တောင်းတာမဟုတ်ပဲ အသိပေးတာဆိုတော့ မင်းချစ်သူကို ငါတို့လက်မခံနိုင်မှန်းကြိုသိလို့ပေါ့ မင်းကလဲ ငါတို့လက်မခံလဲ ရှေ့ဆက်မယ်ဆိုပြီးဆုံးဖြတ်ထားပုံပဲ ဟုတ်ရဲ့လား ထိုက်ဘုန်းရှိန် "
ဦးထွန်းရှိန်မှာလေသံမာလာသဖြင့် ဒေါ်သက် ထားဝတိီက စိတ်လျော့ရန်တားထားကာ ထိုက်ရဲ့ လက်ကိုအုပ် ကိုင်၍ မေးရတော့သည်။
"ကိုထိုက် သား မေ့ကိုပြောပါအုန်း သားချစ်သူကဘယ်ကလဲ ဘယ်သူလဲ "
" မေမေ သူက ယောကျာ်းလေးတစ်ယောက်ပါ ၊
သူ့အဖေဖေ "SKP ကျောက်မြတ် ကုမ္ပဏီ " CEO ပါ "
" SKP " ဆိုတော့ ဦးစိုင်းပန် နဲ့ ဒေါ်နန်းပန်ခမ်းတို့မို့လား ဖေကြီး ရှင်သိတယ်မို့လား "
" ဟင် မေမေတို့က သိတယ်လား "
"သိတာပေါ့ သားရဲ့ ခင်တာတော့မဟုတ်ပေမဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တွေဆိုတော့ dinner ပွဲတွေတက်ရင်းတွေ့တဲ့အခါ မျက်မှန်းတန်းမိလောက်တော့ရှိတာပေါ့ "
ဦးထွန်းရှိန်က ခုထိစကားဝိုင်းထဲဝင်မလာသေးသဖြင့် ထိုက် ဦးထွန်းရှိန်ဘက်လှည့်ကာ စကားဆက် ရတော့သည်။
"ဖေဖေ သားသူ့ကို တကယ်ချစ်တာပါ သားကို
ခွင့်ပြုပေးဖို့တောင်းဆိုပါတယ်ဖေဖေ"
"မင်းတို့တွဲတာ ဘယ်လောက်ကြာပီလဲ "
"သားတို့တွဲတာ ၁ပတ်ပဲရှိပါသေးတယ် ၊ ဒါမဲ့သားတို့သိတာ ၁၀ လလောက်ရှိပါပြီ "
ဦးထွန်းရှိန် ထိုက်မျက်နှာကိုကြည့်လိုက်တော့ မျက်ဝန်းတွေက ဆုံးဖြတ်ချက်ပြတ်သားနေသည်။ သူတားလျှင် လဲရှေ့ဆက်ဖို့ဆုံးဖြတ်ပြီးမှ သူတို့ကိုလာပြောမှန်းပေါ်လွင်နေသည်။သူလက် မခံချင်ပေမဲ့လဲ တစ်ဖက်မှကောင်လေးရဲ့ မိသားစုကလဲ စီးပွါးရေးလောကထဲက ခေသူတော့မဟုတ်ပေ၊ သူနဲ့ လိုင်းချင်းမတူပေမဲ့လဲ စီးပွါးရေး
နယ်ပယ်မှာတော့ မျက်နှာထောက်စရာတွေရှိ
သည်။ ပီးတော့ သူတို့သားရဲ့မျက်ဝန်းတွေက တကယ်လေးနက်နေမှန်းသိသဖြင့် အရွယ်ရောက်၍ လုပ်ငန်းအခြေကျနေပြီဖြစ်တဲ့ လူငယ် တစ်ယောက်ကို သူချုပ်ချယ်တားဆီးလိုက်ရင် လဲ အပျက်အပျက်နဲ့စိတ်ဆင်းရဲစရာတွေပဲဖြစ် ကုန်လိမ့်မည် ထို့ကြောင့်တစ်ထစ်လျော့ကာ
"ဟုတ်ပြီလေ ငါတို့ဘက်ကတော့ စောင့်ကြည့်အုံးမယ် မင်းတို့က ၁ပတ်ပဲရှိသေးတော့ဆုံးဖြတ် ဖို့စောလွန်းသေးတယ် သူတို့မိဘတွေဘက်ကိုလဲ မျက်နှာပျက်စရာတွေမဖြစ်ချင်ဘူး "
ထိုက်အရမ်းကိုဝမ်းသာသွားရသည်။ ဒီလောက် လွယ်လွယ်နဲ့လက်ခံလိမ့်မယ်ဟုသူတကယ်ပင်မထင်ခဲ့ပါ မေမေကလဲ သူ့အားကြည့်၍ ခေါင်းငြိမ့်ပြသည်။
"ကျေးဇူးတင်ပါတယ် ဖေဖေ သားကြိုးစားပါမယ် ဖေဖေနဲ့မေမေစိတ်မပျက်စေရပါဘူး "
ထိုက်မှာပျော်လွန်းလို့မျက်ရည်ပင်ကျရပါသည်။ မိဘကိုဆန့်ကျင်၍ လုပ်မိလျှင်လဲ သူအေးချမ်းစွာပျော်ရွှင်နိုင်မည်မဟုတ်တာကြောင့် စိတ်ပူနေခဲ့ရတာခုမှစိတ်ချနိုင်တော့သည်။
ခုဆိုကိုယ်တို့ချစ်ခရီးလမ်းက ဖြောင့်ဖြူးနေပီ ။
ကိုယ်တို့ရဲ့ အချစ်တွေပဲ တည်မြဲဖို့ပဲလိုတော့
တယ်ခက် ....
******🌸🌸🌸******
Zawgyi
"ဘာမလုပ်ပါဘူးလဲ ဟွန်း "
"ဟင် "
"အွန့် "
လိုက်မိသည်။
" ဟင်းး "
"မွ"
*****🌸🌸🌸🌸*******
"မင်းကိုလစာဖြတ်မယ် "
အလုပ်တွေကပြီးတယ်လေ "
" ဘာ "
" ဘာ "
" ဟားဟား "
"ဟွန်း အကိုက ဘာရီတာလဲ "
နှုတ်ခမ်းဖူးဖူးလေး ၊
သွေးကမချွဲတာကျလို့ "
နော် အချစ်ကလေး "
ဟုတ်တယ်မို့လား အကို "
သည်။
********🌸🌸🌸🌸********
Ring ! Ring !
" ခက် "
နိုင်တယ်ဗျ "
အသဲလေး "
ကိုယ့်အသဲက "
လွတ်ဘူး "
"ဟုတ်အကို ချစ်တယ် "
ကိုယ့်ရဲ့ခက်......။
*******🌸🌸🌸🌸*******
" ထိုင်ထိုင် "
ဒေါ်သက်ထားဝတီဘေးတွင်သူလဲဝင်ထိုင်ကာ
ဦးထွန်းရှိန်မှာလေသံမာလာသဖြင့် ဒေါ်သက် ထားဝတီက စိတ်လျော့ရန်တားထားကာ ထိုက်ရဲ့ လက်ကိုအုပ် ကိုင်၍ မေးရတော့သည်။
တယ်ခက် ....
******🌸🌸🌸******