ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်...

By Pen_99

117K 4K 155

စံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌 More

Part.1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
အသိပေးချက်
Part 24(Final)
Extra (1)

Part 12

3.6K 131 2
By Pen_99

Unicode

ညသည် တိတ်ဆိတ်လျက်ရှိသည်။အချိန်လာ်း လင့်နေပြီဖြစ်သောကြောင့် သက်ပိုင်ခြင်ထောင်ချကာ အိပ်ရာဝင်ရန်ပြင် လိုက်သည်။မအိပ်ခင် ဘုရားရှိခိုးဖို့ရန်ကိုလည်းမမေ့။ထို့အတူပင် မအိပ်ခင်သူ့ကိုကန်တော့တတ်သော ကလေးအားလည်း တွေးမိပြန်တော့ လူကအလိုလိုပြုံးမိသွားပြန်သည်။

"ချွတ်!…ချွတ်"

"ဟင်!"

ခေါင်းရင်း ဆီကကြားလိုက်ရသည့် သစ်ရွက်ခြောက်များအားနင်းလျှောက်သွားသည့်အသံ။‌သူနားကြားမှားတာနေမှာပါဟု တွေးပါသော်လည်း ခြေသံက ကျယ်သထက်ကျယ်လာသည်။ပုံမှန်ဆိုအဲ့လောက်မကြောက်တတ်ပေမယ့် ခုကသုသာန်နှင့်ကပ်ရပ်ကြီးလေ။သူလက်အုပ်ချီ၍ တရားစာကိုသာတိုးတိုးကလေးရွတ်နေမိတော့သည်။ထိုစဉ် ကြားလိုက်ရသည့် တံခါးခေါက်သံ။

"တောက်…တောက်"

ဒုက္ခပါပဲ တံခါးကသော့ခတ်မထားမိပေ။အဆက်မပြတ်ထွက်ပေါ်နေသည့် တံခါးခေါက်သံ။သူစောင်ကိုခေါင်းမှီးခြုံထားလိုက်ကာ ခန္ဓာကိုယ်ကို ပုဇွန်တုပ်ကလေးသဖွယ်ကွေးထားလိုက်သည်။

"ကျွီ"

တံခါးဖွင့်သံ နှင့်အတူညဉ့်ငှက်အော်သံတို့က တညံညံ။ထို့နောက် တံခါးပြန်ပိတ်လိုက်သံနှင့်အတူ ပျဉ်ချပ်များပေါ်သို့နင်းလျှောက်လာနေသည့် ခြေသံဖွဖွ။ထို့နောက် ခြင်ထောင်စကိုဆွဲဖယ်လိုက်သံနောက်တွင် သူ့ကိုယ်ပေါ်မှစောင်အားဆွဲယူခြင်းကို ခံစားလိုက်ရသည်။ထို့နောက် သူ့ပုခုံးအား ဆွဲကိုင်လာသည့် အေးစက်စက်လက်တစ်‌ဖက်။

"အားးးး"

"ရှုး ရှုး ဆရာနွေး ကျွန်တော်ပါ"

သူအလန့်တကြားအော်လိုက်ပြီးမှ

"ဟင် ဟင် ဘယ်ကကျွန်တော်"

တွေ့လိုက်ရသည့် မြတ်လေး၏မျက်နှာ။သူချက်ချင်းပင်စိတ်အေးသွားကာ သိမ်းကျုံးဖက်လိုက်မိတော့သည်။

"ဆ ‌ဆရာ"

"တော်သေးတာပေါ့ မြတ်လေးဖြစ်နေလို့"

ထို့နောက်မှ သူပြန်လည်၍ နှစ်ခြိုက်စွာအိပ်ပျော်နိုင်တော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

"မောင် လိုက်ခဲ့ရမယ်"

"မောင် သေချာရှင်းပြပြီးပြီလေ စင်စင်ရယ်"

သူမ၏ ဒီဇင်ဘာပိတ်ရက် သက်ပိုင်ဆီသွားမည့် ခရီးတွင်လိုက်ပါရန်ခေါ်ဆိုမှုအား မောင်က ချက်ချင်းပင်ငြင်းချက်ထုတ်လာသည်။မောင်ဟာ သူမထက်နှစ်နှစ်ကျော်မျှ ငယ်ရွယ်သည့်အမျိုးသားတစ်ယောက်။တစ်နည်းအားဖြင့်ဆိုရသော် သူ့ကဲ့သို့ဆေးကျောင်းသားတစ်ယောက်။သို့ပေမယိ့ မောင်ဟာသူမအား မ သို့မဟုတ် အစ်မဟုမခေါ်ပါပဲ မိမိ၏ညီမငယ်လေးများအား‌ခေါ်ဆိုသကဲ့သို့ သူမနာမည်တိမ်ကင်းစင်၏ နောက်ဆုံးစာလုံးဖြစ်သော စင်ကိုအဖျားဆွတ်ကာ စင်စင်ဟုခေါ်သည်။ရိုသေသမှု၊အခေါ်အ‌ဝေါ်နှင့်ပက်သက်၍ အလွန်ဇီဇာကြောင်သူ သူမသည် မောင့်ကို‌တော့ဖြင့်အပြစ်မမြင်ပါဘဲ ချစ်စရာဟုသာမြင်ခဲ့သည်။မောင်ဟာ ကြိုးစားလွန်းသည် သူ့ထက်ရင့်ကျက်သည့်ပုံစံဖမ်းသည်ဟု သူမြင်သည်။ယခုလည်း အလုပ်အကြောင်းပြကာ သူမအား တစ်ယောက်တည်းလွှတ်တော့မည်ပေါ့။

"ကျွန်မထက် အလုပ်ကပိုများ‌အ‌‌ရေးတကြီးဖြစ်နေသလား မောင်"

"စင်စင်ခေါင်းမမာစမ်းပါနဲ့ကွာ…မောင်လုပ်နေတာတွေအားလုံးက မောင်တို့နှစ်ယောက်အနာဂတ်အတွက်ပဲလေ"

"ကျွန်မတို့ အနာဂတ်အတွက်က လုံလောက်တာထက်ကိုပိုအောင်ရှိနေပြီးသားပါမောင်ရယ်…မောင်ဒီတိုင်းတောင်ထိုင်စားလို့ရပါတယ်'

"တော်တော့ စင်စင် မင်းစကားတွေက ဘာအဓိပ္ပါယ်တွေ သက်ရောက်သွားပြီးလဲဆိုတာ သိရဲ့လား…စကားကိုတတ်တိုင်းမပြောနဲ့"

"ကောင်းပြီလေ……ကျွန်မစကားကဘာတွေများ မောင့်ကိုအထိနာသွားစေမှန်းမသိပေမယ့် မောင်ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်နေတာ ဟုတ်တယ်မလား"

"စင်စင် မင်း……တော်ပြီမောင်သွားတော့မယ်…မောင်တို့ဆက်ပြောနေရင် ပြဿနာဖြစ်ဖို့ပဲရှိလိမ့်မယ်"

သူမ မောင့်ဆီကဘာတွေများ မျှော်လင့်မိသနည်း။မောင်သူ့ကိုလိုက်လျောလာဖို့လား၊မောင့် အတွက်သူမထက်အရေးကြီးတာဘာမှမရှိပါဆိုတာကိုလား ဘယ်လောက်တောင်ရူးမိုက်လိုက်လေခြင်းလဲ။မောင်ဆိုတဲ့ အမျိုးသားဟာ သူမဘက်ကစဖွင့်ပြောခဲ့တာတောင်မှ အထာကိုင်နေတတ်သေးတဲ့လူ။သို့ပေမယ့် တည်ငြိမ်ရင့်ကျက်တဲ့မောင်၊စကားကိုဘယ်တော့မှ အော်ကြီးဟစ်ကျယ်မပြောသည့်မောင်၊ပုဆိုးကိုသာ စွဲစွဲမြဲမြဲဝတ်တတ်သည့်မောင်၊ရယ်လိုက်လျှင် လှစ်ခနဲလှစ်ခနဲ တောက်သွားတတ်သည့် သွားတက်ဖြူဖြူကလေးဖြင့်မောင် သူမကဘာသားနဲ့ထုထားတာမို့လို့ မချစ်ဘဲနေနိုင်မည်နည်း။သို့ပေမယ့် သူ့အချစ်ကိုမောင်အလေးမအထားရကောင်းလားဟု အပြစ်တင်ပိုင်ခွင့်မရှိပါချေ။

"‌ဟေး ကင်းကောင်မလေး"

သူမဂိတ်တွင်ရပ်နေရင်းမှ ကြားလိုက်ရသည့်ခေါ်သံနှင့်ပင် သိလိုက်ပါပြီ။

"ဟာ ဦးမောင်မောင်ကြီး"

တိမ်ကင်းစင်၏ ပြန်လည်ချေပသံကြောင့် နေလတ်မျက်နှာကရှုံ့မဲ့သွားသည်။သူများကိုတော့အလွန်ပြောချင်သည် သူ့ပြန်ပြောရင်လုံးဝမကြိုက်ဆိုသည်မှာ နေလတ်မောင်မောင်မှ နေလတ်မောင်မောင်အစစ်။

"ဘယ်လိုလဲ ဇေလွန်းညိုက မလိုက်ဘူးတဲ့လား"

"အင်း နင်ရော ဘာလဲ နေစိုင်းနောင်ကမပါလာပါလား"

"ဘဝတူတွေပဲ လာပါကားပေါ်တက်တော့ ဟိုကောင်က လာမကြိုဘူး ကျောင်းကိုသာလာခဲ့ကြတဲ့"

သူတို့နှစ်ယောက် ကိုယ်စီခရီးဆောင်အိတ်များဆွဲကာ ကားပေါ်တက်ခဲ့လိုက်ကြတော့သည်။သူတို့သူငယ်ချင်းလေးကိုလည်း လွမ်းလှပြီမလား။

***************©®©**************

"ဟယ်လို ငပိုင် ငါတို့ကျောင်းကိုရောက်ပြီ ဘယ်နားလာခဲ့ရမှာလဲ"

"ငါလာခဲ့မယ်"

သူတို့အိတ်များချပြီးသွားတော့ ထိုင်၍အနားယူကြသည်။

"ရော့ ရေပဲတိုက်စရာရှိတယ်"

"အေးပါဟယ်"

"သက်ပိုင် မင်းအတွက် အန်တီချစ်က အနွေးထည်တွေပါးလိုက်သေးတယ်…ဒီဇင်ဘာပိတ်ရက်ပြီးရင်ပြီးပါပြီဆိုတာမရဘူး"

"အမေကတော့ လုပ်ပြီ"

"ဆရာနွေး"

တံခါးဝဆီသို့ပြိုင်တူလှည့်သွားသည့် ခေါင်းများ ။ကင်းစင်နှင့် နေလတ်ကတော့စူးစမ်းအကြည့်များဖြင့်။

"ဧည့်သည်တွေရောက်နေတာလား"

လေးရုံကပြောရင်းဆိုရင်း ကင်းစင်နှင့်သက်ပိုင်ကြားက နေရာလွတ်ကျဉ်းကျဉ်းတွင် မရမကတိုးထိုင်နေသောကြောင့် ကင်းစင်ကပင်ဟိုဘက်တိုးပေးလိုက်ရသည်။

"မြတ်လေး ဒါကိုယ့်သူငယ်ချင်းတွေ သူကနေလတ်မောင်မောင်၊သူကတော့ တိမ်ကင်းစင်"

နှစ်ယောက်လုံးက လေးရုံအားပြုံးပြလာသော်လည်း သူသတိထားမိသွားသည်က တိမ်ကင်းစင်ဆိုသည့်အမျိုးသမီး။တင်ပါးထိဖြာကျနေသော ဆံနွယ်များမှာအနည်းငယ်တော့ကောက်ဆင်းနေသည်။ပြုံးလိုက်တိုင်း ဆရာနွေးကဲ့သို့ပင် ပေါ်ပေါ်လာတတ်သည့် ပါးချိုင့်ခွက်ကြီးများ။ဆရာနွေး၏ ကင်းစင်ဆိုသည့်ထူးသံ။

"မြတ်လေးက ဘယ်နှစ်တန်းလဲ"

နေလတ်၏ စကားနောက်တွင် ဒိုင်းခနဲကျရောက်လာသော အကြည့်စူးစူးကြောင့် ဘာများစကားမှားမိသွားပြန်ပြီလဲ ဟုတွေးမိသွားရသည်။သက်ပိုင်ကပင် ဝင်ပြီးပြောရပြန်သည်။

"သူ့နာမည်က မြတ်လေးရုံ…ငါစာသင်ပေးနေတဲ့ကလေးလေ…ပြီးတော့အုပ်ချုပ်ရေးမှူးရဲ့သား"

"အော် မြတ်လေးကအုပ်ချုပ်ရေးမှူးသားကိုး"

"လေးရုံ"

"ဘာ"

"လေးရုံလို့ပဲခေါ်ပါ မြတ်လေးကဆရာနွေးပဲခေါ်လို့ရတာ"

"ဘာလို့"

အတော်လည်း ရှည်ကြောသည့်နေလတ်ပါ၏ အမေးက ထပ်မံထွက်ပေါ်လာသောအခါ လေးရုံသည် သူ့ဘေးမှထိုင်နေသော သက်ပိုင်အား ငုံ့မိုးကြည့်လာသည်။ထို့နောက်နူးနူးညံ့ညံ့ကလေးစိုက်ကြည့်လိုက်ကာ

"ဆရာနွေးက တစ်ဦးတည်းသောသူ"

"ဪ………"

လေးရုံ၏ အဖြေနောက်တွင် ကင်းစင်နှင့်နေလတ်၏ သံရှည်ဆွဲသံက တစ်ဆောင်လုံးပျံ့လွင့်သွားသည်။လေးရုံကတော့ ဘာမှမပြောဘဲ သက်ပိုင်ကိုမျက်နှာလွှဲသွားပြီး ဘာမှမဖြစ်သလို ဆက်ထိုင်နေသည်။သက်ပိုင်ကတော့ အခုန်မြန်သွားသောရင်ဘတ်အား ဖိထားချင်သော်လည်းမဖိရဲ ဖြစ်နေရှာလေသည်။သေချာနေပါပြီ သူဒီကောင်လေးကို သူ့နှလုံးသားသို့ဝင်ရောက်ရန်လမ်းကို လိုလိုလားလားပင် ညွှန်ပြခဲ့မိချေပြီ။ထိုအတွေးကြောင့် သူ့မျက်ဝန်းတို့ နူးညံ့သွားကာ ပါးပြင်ထက်မှ ပါးချိုင့်ခွက်လေးက ထင်ရှားစွာ ခွက်ဝင်နေလျက်။

**************©®©***************

"ဟောဟဲ မင်းတို့ကွာ မင်းတို့မို့လို့ လုပ်ရက်ကြတယ်"

တောင်တက်နေကြရင်းမှ နေလတ်၏ငိုသံပါကြီးက အောင်မြင်စွာပေါ်ထွက်လာည်။ကင်းစင်က မြေပြန့်တွင်ချည်းသာနေရသည်မှာပျင်းသည်ဆိုသောကြောင့် ယောနယ်ဒေသအစုံကိုလိုက်ပြခဲ့ရသည်။ယောလုံချည်၊ယောပုဆိုးများရက်လုပ်နေကြသည်များကို မြင်သည့်အခါမှာလည်း သူကိုယ်တိုင်ဝင်ရက်လိုက်သေးသည်။သို့ပေမယ့် ကြိုးများတစ်ချောင်းပြီးတစ်ချောင်းပြတ်သောကြောင့် ပိုင်ရှင်ကမယူပါဟုပြောသော်လည်း အားနာနာဖြင့်ပင် ချည်ဖိုးရှင်းခဲ့ရသည်။

"ကိုမောင်ရယ် နင်လည်းပျော့လှချေလား…နင်ဒီပုံနဲ့နမ့်ပန်မှာ ဘယ်လိုနေခဲ့တာလဲဟင်"

"အဲ့တုန်းက နောင်နဲ့အတူတက်ရတာကွ……အမောပြေတာပေါ့ကွာ ခုတော့နင့်မျက်နှာမြင်ရတာနဲ့တင် အမောဖောက်ချင်နေပြီ အဟွတ်"

"‌ဆရာနွေး ရေသောက်ဦး "

"အင်း အင်း မြတ်လေးလဲသောက်လေ ရေဆာနေရောပေါ့"

"ရပါတယ် ဆရာနွေးရဲ့ ကျွန်တော်ကရတယ်အေးဆေး"

သူတို့ဆက်တက်လာကြပြီး နေကလည်းမြင့်လာချေပြီ။တော်သေးသည် ခုကဆောင်းရာသီမို့ ။ယောနယ်ဆောင်းသည် တော်တော်လေးအေးပါသည် ရေမခဲရုံတမယ်ပါပင်။မနက်ဆိုအနွေးထည်အား ငါးထပ်လောက်ဝတ်ထားမှတော်ကာကျသည်။သူတို့တောင်တက်မည်ဆိုတော့ လေးရုံက ကျောပိုးအိတ်အသေးလေးတစ်လုံးသယ်ချလာသည်။ဘာအတွက်လဲမေးတော့

"ဆရာနွေး တောင်တက်တုန်း စားဖို့နဲ့သောက်ဖို့တွေ၊ပြီးတော့ ဆေးတွေလေ" တဲ့။

သူတို့တောင်အောက်ပြန်ဆင်းကြတော့ လမ်းကအနည်းငယ်ပိုခက်နေသယောင်။

"အား မြတ်လေး"

သက်ပိုင် လေးရုံကိုတလိုက်မိခြင်းနှင့်အတူ ဒလိမ့်ကောက်ကွေးလဲကျသွားသည်။

"ဆရာနွေး…ဆရာနွေးဘာဖြစ်သွားပြီလဲ…ကျိုးသွားပြီလားမသိဘူး…ကိုမောင်လာကြည့်ပါဦး"

နေလတ်ရော ကင်းစင်ပါ အပြေးကလေးလာကြည့်ကြသည်။ဆေးကျောင်းသူ ကင်းစင်က ခြေထောက်ကိုစမ်းကြည့်ပြီးမှ

"ခြေခေါက်သွားတာ…သိပ်တော့မဆိုးပေးမယ့် မနက်ဖြန်လောက်မှ သက်သာလိမ့်မယ်"

ပြောပြောဆိုဆိုပင် ခြေချင်းဝတ်အား လေးရုံပါလာသောအိတ်ထဲမှ လိမ်းဆေးဖြင့် နှိပ်နယ်ပေးသည်။

"ရလား သက်ပိုင် ငါတွဲကူပေးရမလား"

ကင်းစင်၏ အမေးကို သက်ပိုင်အားနာစွာပင်ငြင်းချက်ထုတ်လိုက်သည်။ထို့နောက် လေးရုံအားပြုံးပြလိုက်ကာ အားနာနာနှင့်ပင်တောင်းဆိုလိုက်သည်။

"မြတ်လေး ကိုယ့်ကိုတွဲကူပေးလို့ရမလား"

လေးရုံဘာမှပြန်မဖြေပါ။မလုပ်ချင် လို့များလားဟု သူတွေးမိသွားတော့ ရှက်ရွံ့ခြင်းက ဖိစီးလာပြန်သည်။

"ကျောပေါ်တက်"

"ဟင်"

"ဆရာနွေး ခြေထောက်နာနေတာမလား…ကျွန်တော်ကုန်းပိုးမယ်"

"ဖြစ်ပါ့မလား…"

"တက်ပါဆို"

"ကိုမောင် ကျွန်တော့်အိတ်လေးသယ်လာပေးနော် လက်မအားတော့လို့"

ရှေ့မှ နှစ်ယောက်အားကြည့်ရင်း ကင်းစင်နှင့်နေလတ်တစ်ယောကို တစ်ယောက်သနားရုံသာတတ်နိုင်တော့သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၁၇.၁၁.၂၀၂၃
ည၈နာရီ၄၅မိနစ်

Zawgyi

ညသည္ တိတ္ဆိတ္လ်က္ရွိသည္။အခ်ိန္လာ္း လင့္ေနၿပီျဖစ္ေသာေၾကာင့္ သက္ပိုင္ျခင္ေထာင္ခ်ကာ အိပ္ရာဝင္ရန္ျပင္ လိုက္သည္။မအိပ္ခင္ ဘုရားရွိခိုးဖို႔ရန္ကိုလည္းမေမ့။ထို႔အတူပင္ မအိပ္ခင္သူ႔ကိုကန္ေတာ့တတ္ေသာ ကေလးအားလည္း ေတြးမိျပန္ေတာ့ လူကအလိုလိုၿပဳံးမိသြားျပန္သည္။

"ခြၽတ္!…ခြၽတ္"

"ဟင္!"

ေခါင္းရင္း ဆီကၾကားလိုက္ရသည့္ သစ္႐ြက္ေျခာက္မ်ားအားနင္းေလွ်ာက္သြားသည့္အသံ။‌သူနားၾကားမွားတာေနမွာပါဟု ေတြးပါေသာ္လည္း ေျခသံက က်ယ္သထက္က်ယ္လာသည္။ပုံမွန္ဆိုအဲ့ေလာက္မေၾကာက္တတ္ေပမယ့္ ခုကသုသာန္ႏွင့္ကပ္ရပ္ႀကီးေလ။သူလက္အုပ္ခ်ီ၍ တရားစာကိုသာတိုးတိုးကေလး႐ြတ္ေနမိေတာ့သည္။ထိုစဥ္ ၾကားလိုက္ရသည့္ တံခါးေခါက္သံ။

"ေတာက္…ေတာက္"

ဒုကၡပါပဲ တံခါးကေသာ့ခတ္မထားမိေပ။အဆက္မျပတ္ထြက္ေပၚေနသည့္ တံခါးေခါက္သံ။သူေစာင္ကိုေခါင္းမွီးၿခဳံထားလိုက္ကာ ခႏၶာကိုယ္ကို ပုဇြန္တုပ္ကေလးသဖြယ္ေကြးထားလိုက္သည္။

"ကြၽီ"

တံခါးဖြင့္သံ ႏွင့္အတူညဥ့္ငွက္ေအာ္သံတို႔က တညံညံ။ထို႔ေနာက္ တံခါးျပန္ပိတ္လိုက္သံႏွင့္အတူ ပ်ဥ္ခ်ပ္မ်ားေပၚသို႔နင္းေလွ်ာက္လာေနသည့္ ေျခသံဖြဖြ။ထို႔ေနာက္ ျခင္ေထာင္စကိုဆြဲဖယ္လိုက္သံေနာက္တြင္ သူ႔ကိုယ္ေပၚမွေစာင္အားဆြဲယူျခင္းကို ခံစားလိုက္ရသည္။ထို႔ေနာက္ သူ႔ပုခုံးကား ဆြဲကိုင္လာသည့္ ေအးစက္စက္လက္တစ္‌ဖက္။

"အားးးး"

"ရႈး ရႈး ဆရာေႏြး ကြၽန္ေတာ္ပါ"

သူအလန႔္တၾကားေအာ္လိုက္ၿပီးမွ

"ဟင္ ဟင္ ဘယ္ကကြၽန္ေတာ္"

ေတြ႕လိုက္ရသည့္ ျမတ္ေလး၏မ်က္ႏွာ။သူခ်က္ခ်င္းပင္စိတ္ေအးသြားကာ သိမ္းက်ဳံးဖက္လိုက္မိေတာ့သည္။

"ဆ ‌ဆရာ"

"ေတာ္ေသးတာေပါ့ ျမတ္ေလးျဖစ္ေနလို႔"

ထို႔ေနာက္မွ သူျပန္လည္၍ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ႏိုင္ေတာ့သည္။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ေမာင္ လိုက္ခဲ့ရမယ္"

"ေမာင္ ေသခ်ာရွင္းျပၿပီးၿပီေလ စင္စင္ရယ္"

သူမ၏ ဒီဇင္ဘာပိတ္ရက္ သက္ပိုင္ဆီသြားမည့္ ခရီးတြင္လိုက္ပါရန္ေခၚဆိုမႈအား ေမာင္က ခ်က္ခ်င္းပင္ျငင္းခ်က္ထုတ္လာသည္။ေမာင္ဟာ သူမထက္ႏွစ္ႏွစ္ေက်ာ္မွ် ငယ္႐ြယ္သည့္အမ်ိဳးသားတစ္ေယာက္။တစ္နည္းအားျဖင့္ဆိုရေသာ္ သူ႔ကဲ့သို႔ေဆးေက်ာင္းသားတစ္ေယာက္။သို႔ေပမယိ့ ေမာင္ဟာသူမအား မ သို႔မဟုတ္ အစ္မဟုမေခၚပါပဲ မိမိ၏ညီမငယ္ေလးမ်ားအား‌ေခၚဆိုသကဲ့သို႔ သူမနာမည္တိမ္ကင္းစင္၏ ေနာက္ဆုံးစာလုံးျဖစ္ေသာ စင္ကိုအဖ်ားဆြတ္ကာ စင္စင္ဟုေခၚသည္။႐ိုေသသမႈ၊အေခၚအ‌ေဝၚႏွင့္ပက္သက္၍ အလြန္ဇီဇာေၾကာင္သူ သူမသည္ ေမာင့္ကို‌ေတာ့ျဖင့္အျပစ္မျမင္ပါဘဲ ခ်စ္စရာဟုသာျမင္ခဲ့သည္။ေမာင္ဟာ ႀကိဳးစားလြန္းသည္ သူ႔ထက္ရင့္က်က္သည့္ပုံစံဖမ္းသည္ဟု သူျမင္သည္။ယခုလည္း အလုပ္အေၾကာင္းျပကာ သူမအား တစ္ေယာက္တည္းလႊတ္ေတာ့မည္ေပါ့။

"ကြၽန္မထက္ အလုပ္ကပိုမ်ား‌အ‌‌ေရးတႀကီးျဖစ္ေနသလား ေမာင္"

"စင္စင္ေခါင္းမမာစမ္းပါနဲ႔ကြာ…ေမာင္လုပ္ေနတာေတြအားလုံးက ေမာင္တို႔ႏွစ္ေယာက္အနာဂတ္အတြက္ပဲေလ"

"ကြၽန္မတို႔ အနာဂတ္အတြက္က လုံေလာက္တာထက္ကိုပိုေအာင္ရွိေနၿပီးသားပါေမာင္ရယ္…ေမာင္ဒီတိုင္းေတာင္ထိုင္စားလို႔ရပါတယ္'

"ေတာ္ေတာ့ စင္စင္ မင္းစကားေတြက ဘာအဓိပၸါယ္ေတြ သက္ေရာက္သြားၿပီးလဲဆိုတာ သိရဲ႕လား…စကားကိုတတ္တိုင္းမေျပာနဲ႔"

"ေကာင္းၿပီေလ……ကြၽန္မစကားကဘာေတြမ်ား ေမာင့္ကိုအထိနာသြားေစမွန္းမသိေပမယ့္ ေမာင္ကိုယ့္ကိုယ္ကိုယ္သိမ္ငယ္ေနတာ ဟုတ္တယ္မလား"

"စင္စင္ မင္း……ေတာ္ၿပီေမာင္သြားေတာ့မယ္…ေမာင္တို႔ဆက္ေျပာေနရင္ ျပႆနာျဖစ္ဖို႔ပဲရွိလိမ့္မယ္"

သူမ ေမာင့္ဆီကဘာေတြမ်ား ေမွ်ာ္လင့္မိသနည္း။ေမာင္သူ႔ကိုလိုက္ေလ်ာလာဖို႔လား၊ေမာင့္ အတြက္သူမထက္အေရးႀကီးတာဘာမွမရွိပါဆိုတာကိုလား ဘယ္ေလာက္ေတာင္႐ူးမိုက္လိုက္ေလျခင္းလဲ။ေမာင္ဆိုတဲ့ အမ်ိဳးသားဟာ သူမဘက္ကစဖြင့္ေျပာခဲ့တာေတာင္မွ အထာကိုင္ေနတတ္ေသးတဲ့လူ။သို႔ေပမယ့္ တည္ၿငိမ္ရင့္က်က္တဲ့ေမာင္၊စကားကိုဘယ္ေတာ့မွ ေအာ္ႀကီးဟစ္က်ယ္မေျပာသည့္ေမာင္၊ပုဆိုးကိုသာ စြဲစြဲၿမဲၿမဲဝတ္တတ္သည့္ေမာင္၊ရယ္လိုက္လွ်င္ လွစ္ခနဲလွစ္ခနဲ ေတာက္သြားတတ္သည့္ သြားတက္ျဖဴျဖဴကေလးျဖင့္ေမာင္ သူမကဘာသားနဲ႔ထုထားတာမို႔လို႔ မခ်စ္ဘဲေနႏိုင္မည္နည္း။သို႔ေပမယ့္ သူ႔အခ်စ္ကိုေမာင္အေလးမအထားရေကာင္းလားဟု အျပစ္တင္ပိုင္ခြင့္မရွိပါေခ်။

"‌ေဟး ကင္းေကာင္မေလး"

သူမဂိတ္တြင္ရပ္ေနရင္းမွ ၾကားလိုက္ရသည့္ေခၚသံႏွင့္ပင္ သိလိုက္ပါၿပီ။

"ဟာ ဦးေမာင္ေမာင္ႀကီး"

တိမ္ကင္းစင္၏ ျပန္လည္ေခ်ပသံေၾကာင့္ ေနလတ္မ်က္ႏွာကရႈံ႕မဲ့သြားသည္။သူမ်ားကိုေတာ့အလြန္ေျပာခ်င္သည္ သူ႔ျပန္ေျပာရင္လုံးဝမႀကိဳက္ဆိုသည္မွာ ေနလတ္ေမာင္ေမာင္မွ ေနလတ္ေမာင္ေမာင္အစစ္။

"ဘယ္လိုလဲ ေဇလြန္းညိဳက မလိုက္ဘူးတဲ့လား"

"အင္း နင္ေရာ ဘာလဲ ေနစိုင္းေနာင္ကမပါလာပါလား"

"ဘဝတူေတြပဲ လာပါကားေပၚတက္ေတာ့ ဟိုေကာင္က လာမႀကိဳဘူး ေက်ာင္းကိုသာလာခဲ့ၾကတဲ့"

သူတို႔ႏွစ္ေယာက္ ကိုယ္စီခရီးေဆာင္အိတ္မ်ားဆြဲကာ ကားေပၚတက္ခဲ့လိုက္ၾကေတာ့သည္။သူတို႔သူငယ္ခ်င္းေလးကိုလည္း လြမ္းလွၿပီမလား။

***************©®©**************

"ဟယ္လို ငပိုင္ ငါတို႔ေက်ာင္းကိုေရာက္ၿပီ ဘယ္နားလာခဲ့ရမွာလဲ"

"ငါလာခဲ့မယ္"

သူတို႔အိတ္မ်ားခ်ၿပီးသြားေတာ့ ထိုင္၍အနားယူၾကသည္။

"ေရာ့ ေရပဲတိုက္စရာရွိတယ္"

"ေအးပါဟယ္"

"သက္ပိုင္ မင္းအတြက္ အန္တီခ်စ္က အေႏြးထည္ေတြပါးလိုက္ေသးတယ္…ဒီဇင္ဘာပိတ္ရက္ၿပီးရင္ၿပီးပါၿပီဆိုတာမရဘူး"

"အေမကေတာ့ လုပ္ၿပီ"

"ဆရာေႏြး"

တံခါးဝဆီသို႔ၿပိဳင္တူလွည့္သြားသည့္ ေခါင္းမ်ား ။ကင္းစင္ႏွင့္ ေနလတ္ကေတာ့စူးစမ္းအၾကည့္မ်ားျဖင့္။

"ဧည့္သည္ေတြေရာက္ေနတာလား"

ေလး႐ုံကေျပာရင္းဆိုရင္း ကင္းစင္ႏွင့္သက္ပိုင္ၾကားက ေနရာလြတ္က်ဥ္းက်ဥ္းတြင္ မရမကတိုးထိုင္ေနေသာေၾကာင့္ ကင္းစင္ကပင္ဟိုဘက္တိုးေပးလိုက္ရသည္။

"ျမတ္ေလး ဒါကိုယ့္သူငယ္ခ်င္းေတြ သူကေနလတ္ေမာင္ေမာင္၊သူကေတာ့ တိမ္ကင္းစင္"

ႏွစ္ေယာက္လုံးက ေလး႐ုံအားၿပဳံးျပလာေသာ္လည္း သူသတိထားမိသြားသည္က တိမ္ကင္းစင္ဆိုသည့္အမ်ိဳးသမီး။တင္ပါးထိျဖာက်ေနေသာ ဆံႏြယ္မ်ားမွာအနည္းငယ္ေတာ့ေကာက္ဆင္းေနသည္။ၿပဳံးလိုက္တိုင္း ဆရာေႏြးကဲ့သို႔ပင္ ေပၚေပၚလာတတ္သည့္ ပါးခ်ိဳင့္ခြက္ႀကီးမ်ား။ဆရာေႏြး၏ ကင္းစင္ဆိုသည့္ထူးသံ။

"ျမတ္ေလးက ဘယ္ႏွစ္တန္းလဲ"

ေနလတ္၏ စကားေနာက္တြင္ ဒိုင္းခနဲက်ေရာက္လာေသာ အၾကည့္စူးစူးေၾကာင့္ ဘာမ်ားစကားမွားမိသြားျပန္ၿပီလဲ ဟုေတြးမိသြားရသည္။သက္ပိုင္ကပင္ ဝင္ၿပီးေျပာရျပန္သည္။

"သူ႔နာမည္က ျမတ္ေလး႐ုံ…ငါစာသင္ေပးေနတဲ့ကေလးေလ…ၿပီးေတာ့အုပ္ခ်ဳပ္ေရးမႉးရဲ႕သား"

"ေအာ္ ျမတ္ေလးကအုပ္ခ်ဳပ္ေရးမႉးသားကိုး"

"ေလး႐ုံ"

"ဘာ"

"ေလး႐ုံလို႔ပဲေခၚပါ ျမတ္ေလးကဆရာေႏြးပဲေခၚလို႔ရတာ"

"ဘာလို႔"

အေတာ္လည္း ရွည္ေၾကာသည့္ေနလတ္ပါ၏ အေမးက ထပ္မံထြက္ေပၚလာေသာအခါ ေလး႐ုံသည္ သူ႔ေဘးမွထိုင္ေနေသာ သက္ပိုင္အား ငုံ႔မိုးၾကည့္လာသည္။ထို႔ေနာက္ႏူးႏူးညံ့ညံ့ကေလးစိုက္ၾကည့္လိုက္ကာ

"ဆရာေႏြးက တစ္ဦးတည္းေသာသူ"

"ဪ………"

ေလး႐ုံ၏ အေျဖေနာက္တြင္ ကင္းစင္ႏွင့္ေနလတ္၏ သံရွည္ဆြဲသံက တစ္ေဆာင္လုံးပ်ံ႕လြင့္သြားသည္။ေလး႐ုံကေတာ့ ဘာမွမေျပာဘဲ သက္ပိုင္ကိုမ်က္ႏွာလႊဲသြားၿပီး ဘာမွမျဖစ္သလို ဆက္ထိုင္ေနသည္။သက္ပိုင္ကေတာ့ အခုန္ျမန္သြားေသာရင္ဘတ္အား ဖိထားခ်င္ေသာ္လည္းမဖိရဲ ျဖစ္ေနရွာေလသည္။ေသခ်ာေနပါၿပီ သူဒီေကာင္ေလးကို သူ႔ႏွလုံးသားသို႔ဝင္ေရာက္ရန္လမ္းကို လိုလိုလားလားပင္ ၫႊန္ျပခဲ့မိေခ်ၿပီ။ထိုအေတြးေၾကာင့္ သူ႔မ်က္ဝန္းတို႔ ႏူးညံ့သြားကာ ပါးျပင္ထက္မွ ပါးခ်ိဳင့္ခြက္ေလးက ထင္ရွားစြာ ခြက္ဝင္ေနလ်က္။

**************©®©***************

"ေဟာဟဲ မင္းတို႔ကြာ မင္းတို႔မို႔လို႔ လုပ္ရက္ၾကတယ္"

ေတာင္တက္ေနၾကရင္းမွ ေနလတ္၏ငိုသံပါႀကီးက ေအာင္ျမင္စြာေပၚထြက္လာည္။ကင္းစင္က ေျမျပန႔္တြင္ခ်ည္းသာေနရသည္မွာပ်င္းသည္ဆိုေသာေၾကာင့္ ေယာနယ္ေဒသအစုံကိုလိုက္ျပခဲ့ရသည္။ေယာလုံခ်ည္၊ေယာပုဆိုးမ်ားရက္လုပ္ေနၾကသည္မ်ားကို ျမင္သည့္အခါမွာလည္း သူကိုယ္တိုင္ဝင္ရက္လိုက္ေသးသည္။သို႔ေပမယ့္ ႀကိဳးမ်ားတစ္ေခ်ာင္းၿပီးတစ္ေခ်ာင္းျပတ္ေသာေၾကာင့္ ပိုင္ရွင္ကမယူပါဟုေျပာေသာ္လည္း အားနာနာျဖင့္ပင္ ခ်ည္ဖိုးရွင္းခဲ့ရသည္။

"ကိုေမာင္ရယ္ နင္လည္းေပ်ာ့လွေခ်လား…နင္ဒီပုံနဲ႔နမ့္ပန္မွာ ဘယ္လိုေနခဲ့တာလဲဟင္"

"အဲ့တုန္းက ေနာင္နဲ႔အတူတက္ရတာကြ……အေမာေျပတာေပါ့ကြာ ခုေတာ့နင့္မ်က္ႏွာျမင္ရတာနဲ႔တင္ အေမာေဖာက္ခ်င္ေနၿပီ အဟြတ္"

"‌ဆရာေႏြး ေရေသာက္ဦး "

"အင္း အင္း ျမတ္ေလးလဲေသာက္ေလ ေရဆာေနေရာေပါ့"

"ရပါတယ္ ဆရာေႏြးရဲ႕ ကြၽန္ေတာ္ကရတယ္ေအးေဆး"

သူတို႔ဆက္တက္လာၾကၿပီး ေနကလည္းျမင့္လာေခ်ၿပီ။ေတာ္ေသးသည္ ခုကေဆာင္းရာသီမို႔ ။ေယာနယ္ေဆာင္းသည္ ေတာ္ေတာ္ေလးေအးပါသည္ ေရမခဲ႐ုံတမယ္ပါပင္။မနက္ဆိုအေႏြးထည္အား ငါးထပ္ေလာက္ဝတ္ထားမွေတာ္ကာက်သည္။သူတို႔ေတာင္တက္မည္ဆိုေတာ့ ေလး႐ုံက ေက်ာပိုးအိတ္အေသးေလးတစ္လုံးသယ္ခ်လာသည္။ဘာအတြက္လဲေမးေတာ့

"ဆရာေႏြး ေတာင္တက္တုန္း စားဖို႔နဲ႔ေသာက္ဖို႔ေတြ၊ၿပီးေတာ့ ေဆးေတြေလ" တဲ့။

သူတို႔ေတာင္ေအာက္ျပန္ဆင္းၾကေတာ့ လမ္းကအနည္းငယ္ပိုခက္ေနသေယာင္။

"အား ျမတ္ေလး"

သက္ပိုင္ ေလး႐ုံကိုတလိုက္မိျခင္းႏွင့္အတူ ဒလိမ့္ေကာက္ေကြးလဲက်သြားသည္။

"ဆရာေႏြး…ဆရာေႏြးဘာျဖစ္သြားၿပီလဲ…က်ိဳးသြားၿပီလားမသိဘူး…ကိုေမာင္လာၾကည့္ပါဦး"

ေနလတ္ေရာ ကင္းစင္ပါ အေျပးကေလးလာၾကည့္ၾကသည္။ေဆးေက်ာင္းသူ ကင္းစင္က ေျခေထာက္ကိုစမ္းၾကည့္ၿပီးမွ

"ေျခေခါက္သြားတာ…သိပ္ေတာ့မဆိုးေပးမယ့္ မနက္ျဖန္ေလာက္မွ သက္သာလိမ့္မယ္"

ေျပာေျပာဆိုဆိုပင္ ေျခခ်င္းဝတ္အား ေလး႐ုံပါလာေသာအိတ္ထဲမွ လိမ္းေဆးျဖင့္ ႏွိပ္နယ္ေပးသည္။

"ရလား သက္ပိုင္ ငါတြဲကူေပးရမလား"

ကင္းစင္၏ အေမးကို သက္ပိုင္အားနာစြာပင္ျငင္းခ်က္ထုတ္လိုက္သည္။ထို႔ေနာက္ ေလး႐ုံအားၿပဳံးျပလိုက္ကာ အားနာနာႏွင့္ပင္ေတာင္းဆိုလိုက္သည္။

"ျမတ္ေလး ကိုယ့္ကိုတြဲကူေပးလို႔ရမလား"

ေလး႐ုံဘာမွျပန္မေျဖပါ။မလုပ္ခ်င္ လို႔မ်ားလားဟု သူေတြးမိသြားေတာ့ ရွက္႐ြံ႕ျခင္းက ဖိစီးလာျပန္သည္။

"ေက်ာေပၚတက္"

"ဟင္"

"ဆရာေႏြး ေျခေထာက္နာေနတာမလား…ကြၽန္ေတာ္ကုန္းပိုးမယ္"

"ျဖစ္ပါ့မလား…"

"တက္ပါဆို"

"ကိုေမာင္ ကြၽန္ေတာ့္အိတ္ေလးသယ္လာေပးေနာ္ လက္မအားေတာ့လို႔"

ေရွ႕မွ ႏွစ္ေယာက္အားၾကည့္ရင္း ကင္းစင္ႏွင့္ေနလတ္တစ္ေယာကို တစ္ေယာက္သနား႐ုံသာတတ္ႏိုင္ေတာ့သည္။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၁၇.၁၁.၂၀၂၃
ည၈နာရီ၄၅မိနစ္




Continue Reading

You'll Also Like

2.8K 73 28
' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြု...
270K 4.5K 27
📍 Vietnamese version belongs to page, wattpad : Perthchi (Wattpad), PerthChimon_Cúp Pồ Ngang Ngược Do Con Gà Mái Mơ Ship (Facebook) ꧁Equation: Wind...
563K 10.3K 171
Hi readers~ requests are [✔️] As stated by the title, this is mpreg, if this content makes you feel uncomfortable please do not read. At anytime yo...