ရင်ခုန်သံထပ်တူကျသောအခါ အချစ်မ...

By Drabin-one

343K 8.4K 2.4K

ဘယ်တုန်းကမှ မချစ်ဖူးတဲ့အချစ်မျိုးနဲ့ ကို့ကိုချစ်မိသွားတာဖြစ်လိမ့်မည်။ အချစ်မှာ ပိုင်ဆိုင်ခြင်းလည်းမဟုတ်ဘူး။ စ... More

Characters Names
PART 1🏷️(U/Z)
PART 2🏷️
PART 3🏷️
PART 4🏷️
PART 5🏷️
PART 6🏷️
PART 7🏷️
PART 8🏷️
PART 9🏷️
PART 10🏷️
PART 11🏷️
PART 12🏷️
PART 13🏷️
PART 14🏷️
PART 15🏷️
PART 16🏷️
PART 17🏷️
PART 18🏷️
Request
PART 19🏷️
PART 20🏷️
PART 21🏷️
PART 22🏷️
PART 23🏷️
PART 24🏷️
PART 25🏷️
PART 26🏷️
PART 27🏷️
PART 28🏷️
PART 29🏷️
PART 30🏷️
PART 32🏷️
PART 33🏷️
PART 34🏷️
PART 35🏷️
PART 36 🏷️
PART 37🏷️
PART 38🏷️
PART 39🏷️
PART 40🏷️
PART 41🏷️
PART 42🏷️ Final
Extra 🎄☃️
Extra 2🎉

PART 31🏷️

4.9K 152 46
By Drabin-one


PART 31🏷️

အကျဉ်းထောင်ဌာနတစ်ခုတွင် ကောင်းသည် ဦးကောင်းမင်းမြတ်၏ တရားခံအကျိုးတော်ဆောင်ရှေ့နေအနေနဲ့ ဦးကောင်းမင်းမြတ်ရှေ့ကိုရောက်လာသည်။ မမြင်ရသောအတောအတွင်းမှာ ဦးကောင်းမင်းမြတ်၏မျက်နှာကကျသွားသလို လူကပါ ပိန်ကျသွားပုံ....

အခုချိန်မှာ သွေးသစ်ရဲရင့်ပြောခဲ့သော အကြောင်းအရာကိုမေးရန်သင့်မသင့်ကို စဉ်းစားနေမိ၏။

ရှယ်ယာတွေက ဦးကောင်းမင်းမြတ်နာမည်နဲ့သာရှိနေသေးသောကြောင့် ဒီအချိန်မှာ မေးလိုက်လျှင် ကောင်းအတွက် အရာရာဆုံးရှုံးသွားရလိမ့်မည်။ အချိန်မရောက်သေးဘူး....

"သမီး မေမေနေကောင်းလား..."

ကောင်းရှေ့၌ ရှိနေသောလူသားဟာ မေမေ့ကိုဘယ်တုန်းကမှ စိတ်ပူခြင်းမရှိ၊ စိတ်ဝင်စားခဲ့ခြင်းတစ်စက်မှမရှိ၊ သွေးအေးအေးနဲ့ဆက်ဆံတတ်တာကိုသိပေမယ့် ထိုသို့မေးလာတော့ ဟားတိုက်ပြီးရယ်ချင်ပေမယ့် ဟန်ဆောင်လိုက်သည်။

"ဒယ်ဒီကို အရမ်းစိတ်ပူနေတယ်။ အစားအသောက်အစဉ်ပြေလား နေရအဆင်ပြေလားတော့မေးပေးပါလို့ပြောလာတယ်။ ဒယ်ဒီလိုအပ်မယ့်ဆေးတွေလည်း ထည့်ပေးလာတယ်"

"ဒယ်ဒီကို မာဃကိုယ်တိုင်တရားစွဲတာလား"

"ဟုတ်တယ်၊ ယှဉ်ရဲရင့်သွေးဆေးရုံက မဆင်းခင်အထိကို ဟတ်တန်နာမည်နဲ့စွဲထားပေမယ့် အခုတော့ တရားလိုက ယှဉ်ရဲရင့်သွေးပြန်ဖြစ်သွားပြီး။ ပြီးတော့ လွန်ခဲ့တဲ့15နှစ်က ပြန်ပေးစွဲတဲ့အမှုကိုပါ ထပ်တိုးထားတာ ဒယ်ဒီသိတယ်မလား။ ဒယ်ဒီဘယ်လိုဖြစ်ချင်လည်းဆိုတာ ကောင်းကိုပြောပါ ကောင်းအကောင်းဆုံးဒယ်ဒီကို ကာကွယ်ပေးမယ်"

"မာဃရောနေကောင်းလား၊ သူနဲ့တွေ့သေးလား"

သူ့ကိုယ်သူထက် ပိုဂရုစိုက်နေပြီး ဟတ်တန်ကိုမေးပေမယ့် ကောင်းရင်ထဲမှာ ဒီအရှေ့ကအပြစ်သားဟာ ကောင်းမှာ သနားညှာတာစိတ်မရှိသလို ဖခင်တစ်ယောက်ဖြစ်ခဲ့ဖူးသူဟု၍ နှလုံးသားထဲထည့်ထားလို့မရတော့ပါ.....

"ကုမ္မဏီကပရောဂျက်ဖျက်တဲ့ကိစ္စတွေနဲ့တော့ တွေ့ပါတယ်
ဒါပေမယ့် သူ့ဆီက ကိုယ်ရေးကိုယ်တာဘာမှမေးလို့မရဘူး။ ပြီးတော့ ဟတ်တန်နဲ့ယှဉ်ရဲရင့်သွေးတို့က အတူမနေတော့ဘူးထင်တယ် ယှဉ်ရဲရင့်သွေးက သူ့ရုံးခန်းအိမ်မှာရောက်နေတယ်တဲ့....။ ဒယ်ဒီ,အမှုကို ဘယ်လိုလုပ်စေချင်လဲ"

"ဒယ်ဒီအမှုကိုသမီးလိုက်နိုင်ရင် ရှယ်ယာအားလုံးကို သမီးနာမည်နဲ့လွှဲပေးမယ်။ လောလောဆယ် ဒယ်ဒီ သမီးကို 10%လွှဲပေးမယ်။ ကျန်တာ သားငယ်နာမည်နဲ့ ဒယ်ဒီလွှဲထားချင်တယ်။ ဒါကိုသမီးသဘောတူနိုင်လား...."

"ကောင်းရှယ်ယာကိုစိတ်မဝင်စားဘူးဒယ်ဒီ အမှုကိုအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လိုက်မယ်။ ဒယ်ဒီထွက်လာမှ ဒယ်ဒီသဘောနဲ့ထပ်စီမံပါ"

"တွေ့လား၊ ဒယ်ဒီခန့်မှန်းတာမမှားဘူး။ သမီးက ဒယ်ဒီအတွက် အားအကိုးရဆုံး ရဲဖော်ရဲဖက်တစ်ယောက်ဆိုတာ။ ဒါကြောင့် ဒယ်ဒီအမှုကို သမီးကို ယုံကြည်စိတ်ချပြီး လိုက်စေချင်တာ"

"ဒယ်ဒီက ကောင်းရဲ့ထာဝရဒယ်ဒီပါ"

စိတ်မပါသောစကား အော်ဂလီဆန်သောစကားကို ဟန်ဆောင်ပြီးပြောရတာ သိပ်အရသာရှိသည်။ 15နှစ်နီးပါးကို သမီးအရင်းပမာ အနီးမှာနေပေးခဲ့တာကို 10%ပဲရလည်းကိစ္စမရှိဘူး။ ကောင်းမြတ်ထက်သူက သူမ၏သွေးသားတစ်ဝက်ပါနေသောကြောင့် ချော့မော့ပြောလျှင် နားဝင်သည်မို့ SPဟာ မကြာခင်မှာ သူမအပိုင်ဖြစ်လာတော့မည်။

ကာကွယ်ပေးမယ်...

ရှင့်ကို ထောင်ဒဏ်နှစ်ပေါင်းများစွာကြသွားအောင် ကျွန်မက ကျသွားအောင်လုပ်ပေးမှာမို့လို ရှင်ရဲ့အုတ်ဂူဟာ ဒီအကျဉ်းထောင်ဘဲဆိုတာ မှတ်ထားစမ်းပါ ဦးသီဟသူ....

"မမလေး၊ ဥက္ကဌကြီး နေကောင်းလားခင်ဗျ"

အကျဉ်းထောင်ဌာနမှထွက်လာစဥ် ဦးသီဟသူ၏လူယုံဖြစ်ခဲ့သော နေဗလက ကောင်းကိုမေးလျှင် ကောင်းသည် မျက်ခုံးတစ်ဖက် ပင့်၍....

"အခု ရှင်ဦးညွှတ်နေတဲ့သခင်က ဘယ်သူလဲ ကိုနေဗလ"

ဗလ၏နပ်တိုင်ကို တင်းတင်းဆွဲကာ ကောင်း စကားကို တစ်လုံးချင်း မျက်လုံးအကြည့်စုံပြီးမေးလျှင် ဗလမှာ ဉီးညွှတ်၍...

"မမလေးပါ..."

" သိပြီးဆိုရင် AB Law Firmကိုမောင်း..."

🏷️♡♡♡♡♡♡♡♡♡♡♡♡♡♡🏷️

📜ရာဇသတ်ကြီး📜

1. Code 307 (လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း)

2. Code 312 (ကိုယ်ဝန်ပျက်စေခြင်း )

3. Code 320 (အပြင်းအထန် နာကျင်စေမှု )

4. Code 346 (လျှို့ဝှက်စွာ မတရားချုပ်နှောင်ထားမှု)

"ပုဒ်မ307၊ ပုဒ်မ312၊ ပုဒ်မ 320၊ ပုဒ်မ346တို့နဲ့ဆို သူအနည်းဆုံး ထောင်ဒဏ်နှစ်နှစ်ဆယ်နဲ့အထက်မှာ ကျနိုင်ကိန်းရှိမယ်။ ပုဒ်မ346က ပြန်ပေးစွဲတဲ့အမှုရဲ့ နစ်နာသူမှာ ယှဉ်ရဲရင့်သွေးအပြင် သွေးသစ်ရဲရင့်ပါတယ်နော်....အင်း..... ဒီ346မှာ ကိုယ်တို့သက်သေပြဖို့ ကျူးလွန်ထားတဲ့အိမ်အဆောက်အဦးကလွဲ တခြားမင်းတို့နဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ မင်းတို့ကို ချည်နှောင်ထားစရာကြိုးတို့ DNAတို့မှာ အားနည်းနေတယ်သွေး....

ပြီးတော့ ဦးကောင်းမင်းမြတ် မင်းတို့ကိုချုပ်နှောင်ထားတဲ့အတောအတွင်းမှာ သူရဲ့လှုပ်ရှားမှု သူ့ရဲ့အလီဘိုင်ကိုလည်း ငါတို့ထပ်သိဖို့ စုံစမ်းကြမယ်...... 304 နဲ့312မှာ အိမ်ကCCTVနဲ့သက်သေရော မျက်မြင်သက်သေပါရှိနေတော့ လွယ်ကူပေမယ့် 346မှာ ငါတို့ သက်သေရဖို့က အားအရမ်းနည်းနေတယ်..."

တည်တံ့အိမ်စကားကြောင့် သွေးနဲ့သွေးသစ်တို့က ခေါင်းညိတ်သဘောတူကြ၏။

သွေး ကိုယ်ဝန်ပျက်ကျခဲ့ချိန်မှာ တရားရုံးသို့မသွားနိုင်ပေမယ့် အခုနေကောင်းသွားပြီဆိုမှ တရားလိုနေရာ ကိုယ်စာလှယ်ပြောင်းယူလိုက်ကာ သွေးကိုယ်တိုင်တရားရုံးတတ်သည်။

"သက်သေပြစရာ အရာဝတ္ထုတွေမရှိရင်လည်း တရားခံကိုယ်တိုင်ဝန်ခံလာဖို့ပဲ ထပ်ကြိုးစားရမယ် မင်းတို့ပြန်ပေးစွဲခံရတဲ့အမှုက တစ်ချိန်က နာမည်ကြီးခဲ့တာပဲ... ကဲ့ အရင်ဆုံး ငါတို့ 304နဲ့ 312ဆီကိုတဖြည်းဖြည်းချဥ်းကပ်ပြီးမှ 346ကိုထပ်ဆွဲသွားကြမယ်"

" ဒါဆိုကျွန်တော် ဟိုအိမ်ကိုထပ်သွားလိုက်မယ် သက်သေတစ်ခုခုများထပ်ပေါ်လာမလားလို့"

သွေးသစ်သည် အတွေးတစ်ခုပေါ်လာသောကြောင့် ပြောလျှင်.....

"ဆယ်နှစ်ကျော်နေပြီကို သက်သေပစ္စည်းတွေဖျောက်ပစ်လိုက်မှာပဲ။ သွားရင် အချိန်ကုန်ပြီး သဲထဲရေသွန်သလိုဖြစ်မှာ..."

နောက်ဆုံးတော့ ဦးကောင်းမင်းမြတ်၏ ဝန်ခံချက်တစ်ခုကလွဲနောက်ထပ်မျှော်လင့်ချက်မရှိတော့.....

သွေးဘာလုပ်သင့်လဲ....

"ဖြစ်မှာပဲမဟုတ်ဘူး၊ ဖြစ်ကိုဖြစ်မှာ..... ပြီးတော့ရှင်တို့စွဲတဲ့ 346ကလည်း ဦးကောင်းမင်းမြတ်ဆိုတဲ့လူအတွက်ဆိုရင် ဒီပုဒ်မက အကျိုးသက်ရောက်မှုမရှိဘူး။ ဘာလို့လဲဆိုတော့..."

ရုံးခန်းထဲ ကောင်းမြတ်ပမာ၏အသံကြောင့် တည်တံ့အိမ်၊ သွေး၊ သွေးသစ်တို့အကုန်လုံးကို အံ့အားသင့်သွားစေသလို ကောင်းဘာကြောင့်ရောက်လာသလဲဆိုတာကိုလည်း သိချင်လာကြ၏။

တရားခံအကျိုးဆောင်ရှေ့နေက တရားလိုအကျိုးဆောင်ရှိသည့်နေရာကို ဒီအချိန်မျိုးမှာ မလာသင့်ဘူးဆို‌‌ပေမယ့် သူမကဘာလာလုပ်တာလဲ။ အားလုံးက သူမကိုသာ အလိုမရှိပေမယ့် ထွက်သွားဟုလည်း မတားကြ။

"ဘာလို့လဲဆိုတော့ ဦးကောင်းမင်းမြတ်ဆိုတဲ့လူအစစ်က ရှင်တို့ကို ပြန်ပေးဆွဲသွားတဲ့လူမဟုတ်ဘူး။ ဦးကောင်းမင်းမြတ်နာမည်ကို ပိုင်ဆိုင်ထားတဲ့လူအစစ်က လွန်ခဲ့တဲ့ 15နှစ်က ရှင်တို့ကို ပြန်မပေးစွဲခင်ထဲက သေဆုံးထားပြီးသားဖြစ်နေလို့ပဲ...."

"ဟင်..."

"ဟင်...."

သွေးသစ်ကလွဲ ကျန်သည့်နှစ်ယောက်က အထူးအဆန်းနဲ့ ရှုပ်ထွေးသွားသည့်မျက်နှာတို့ ဖြစ်လျှင် ကောင်းက မျက်ခုံးတစ်ဖက်ပင့်၍....

"ရှင်တို့ရဲ့ 346ကို အသက်ဝင်အောင် အမှုစွဲချင်ရင် ဦးကောင်းမင်းမြတ်ဟု အမည်ခံထားသည့် အမည်ရင်းဖြစ်သော ဦးသီဟသူဆိုတဲ့ လူကိုတရားစွဲမှပဲရမှာ.....

ရှင်တို့သာ ဦးကောင်းမင်းမြတ်နာမည်နဲ့တရားစွဲမယ်ဆို သေဆုံးသွားတဲ့ ကျွန်မရဲ့ဖခင်အရင်းနာမည်မို့လို့ ရှင်တို့ရှုံးမှာကြိမ်းသေတယ်....

ဘာလို့လဲဆို ရှင်တို့ကို ပြန်ပေးစွဲတဲ့ 2006ခုနစ် 9လပိုင်း 9ရက်နေ့ က ကျွန်မအဖေဦးကောင်းမင်းမြတ်က သေဆုံးတာ တစ်လပြည့်သွားတဲ့ တရားဝင်အတည်ပြုပြီးသား ၊ အလီဘိုင်ကိုကျွန်မလက်ထဲမှာရှိနေတယ်.... ဒီမှာကြည့်ကြည့်လိုက်ကြ..."

ကောင်း ပြသောစာရွက်ဖိုင်ဟာ အမှန်တကယ်ကို ‌ဦးကောင်းမင်းမြတ်ဆိုသည့်လူက သေဆုံးကြောင်း အတည်ပြုထားသည်။

ဒါဆို အခုလက်ရှိ ဦးကောင်းမင်းမြတ်က ဘယ်ကလာတဲ့လူလဲ......

သွေးသည် ကောင်းကို နားမလည်နိုင်သော အကြည့်မျိုးနဲ့ကြည့်မိလျှင် ကောင်းမြတ်ပမာဆိုသည့် အမျိုးသမီးက နာကျည်းချက်တို့ပါသော လှောင်ပြုံးနှင့်.....

"ဘာလို့လာပြောပြနေလဲဆိုတာ ရှင်နားမလည်ဘူးဖြစ်နေတယ်မလား။ ဟွန့်.....ပြောပြမယ်...."

ကောင်းသည် ဘယ်သူမှ ဧည့်မခံပေမယ့်လည်း လွတ်နေသည့်ဆိုဖာတစ်ခုမှာ ခြေချိတ်၍လှပစွာထိုင်ပြီးမှ ကိုဗလဆီကို လက်ဖြန့်လိုက်လျှင် သူမ၏အတွင်းရေမှုးက နောက်ထပ်စာဖိုင်တစ်ခုကို ကမ်းပေးလာ၏။

"ကျွန်မအဖိုးလက်နဲ့ တစ်ခုချင်းဆီတည်ဆောက်ထားတဲ့SPဂရုကို အဖေအရင်းနဲ့နာမည်နဲ့ရှင်သန်နေတဲ့ ဖထွေးလက်ထဲမှာ အဆုံးရှုံးမခံနိုင်လို့ပဲ...

ရှင်က ဦးသီဟသူဆိုတဲ့ ရှင့်ရဲ့တရားခံကိုထောင်ထဲထည့် ကျွန်မက SPကိုပိုင်ဖို့ ဒီလူကို သူ့နေရာအမှန်ကိုပို့ချင်လို့ ရှင်းရှင်းလေးပါပဲ..."

ကောင်းတို့ မိသားစုအရှုပ်အထွေးကြောင့် သွေး‌တို့မှာ နားမလည်ပေမယ့် ကောင်းပြသော သက်သေပြချက်တို့ကြောင့် ပိုပြီးရှုပ်ထွေးရ‌သွားတော့သည်။

"မင်းမိသားစုရဲ့ပြဿနာကို မင်းပဲရှင်းပါ ကောင်းမြတ်ပမာ"

"ဒါကမိသားစု ပြဿနာမဟုတ်ဘူး.... စီးပွားရေးပြဿနာပါ ကိုတည့်တံအိမ်၊ ကျွန်မကလည်း ရှင်တို့နည်းတူ ဦးသီဟသူကို ထောင်နန်းစံစေဖို့ ရည်ရွက်ချက်ရှိတယ်‌ဆိုတော့ ရန်သူရဲ့ရန်သူကို မိတ်ဆွေလာဖွဲ့တာပါရှင်။ ဦးသီဟသူနာမည်နဲ့ တရားစွဲမယ်ဆို အရင်ဆုံး သူဟာ ဦးကောင်းမင်းမြတ်မဟုတ်ဘူးဆိုတာ အရင်ရှာရမယ်မဟုတ်လား....
ရှင်တို့စွဲထားတဲ့အမှုမှန်သမျှကို သူဝန်ခံလာသည်ဖြစ်စေ ငြင်းဆိုလာသည်ဖြစ်စေ ကျွန်မ ရှင်တို့ဘက်အလေးသာအောင် ကူညီပေးမယ်...."

"မင်းရဲ့အကူအညီကို ကျွန်တော်တို့မလိုအပ်ဘူး။ ကျွန်တော်တို့အမှုကို ကျွန်တော်တို့ပဲ သက်သေရှာမယ်၊ စွဲချက်တင်မယ်... "

တည့်တံ့အိမ်က ဝင်ပြောလျှင် ကောင်းက ဟားခနဲ့တစ်ချက်ပခုံးတွန့်၍....

"အိုး...ရှင်တို့ဘက်က လုံးဝရှာလို့မရတဲ့ အကြောင်းအရာကို ကျွန်မကလာပေးတာနော်၊ ကျွန်မပြောထားပြီးသား ဦးကောင်းမင်းမြတ်နာမည်နဲ့တရားစွဲရင် ရှင်တို့ရှုံးမယ်ဆိုတာ....
ဆယ်နှစ်ကျော် ရှာနေတဲ့တရားခံရဲ့နောက်ကြောင်းကို မပပ်လက်သင့်ဘူးနော်...."

"ပလပ်လုပ်ခြင်း မလုပ်ခြင်းက ငါတို့အပိုင်းပါ... ရှင်‌ပေးတဲ့အချက်အလက်တွေက မှန်နေမယ်လို့ ငါမယုံဘူး။ အချက်အလက်ကမှန်သည်ရှိအုံး ငါ...."

"ကောင်းမြတ်ပမာပြောတဲ့အချက်အလက်တွေကို ငါတို့ယာယီလက်ခံထားရအောင်သွေး။ နင်မသင်္ကာရင် ဒါတွေမှန်လား လိမ်ညာနေလားဆိုတာ ငါဆက်ရှာဖွေလိုက်မယ်... ကောင်းမင်းမြတ်ပဲဖြစ်ဖြစ် သီဟသူပဲဖြစ်ဖြစ် အဲ့ဒီလူသတ်တရားခံကို နင်အပြစ်ပေးဖို့ပဲအဓိကျတယ်.... နင်လိုချင်တဲ့သက်သေကို ရှာဖွေဖို့ကငါ့တာဝန်ထားလိုက် လူသတ်သမားကိုထောင်ချပေးဖို့က မမ နင်တာဝန်ယူ"

သွေးသစ် စကားကိုဖြတ်ပြောလျှင် ကောင်းက သွေးသစ်ကိုအဓိပ္ပါယ်ပေါင်းများစွာပါဝင်နေသော မျက်လုံးတို့နှင့်စိုက်ကြည့်၏။ သွေးသစ်ကလည်း ဒါကို မသိသလိုအကြည့်နဲ့......

ယှဉ်ရဲရင့်သွေးရဲ့နောက်ကွယ်မှာ သွေးသစ်ရဲ့လုပ်နိုင်စွမ်းတွေကို သူမမြင်ဖူးခဲ့ပြီ။

ဒီအမှုတစ်ခုလုံးရဲ့အသွားအလာအားလုံးကိုသိရက်သားနဲ့ကိုယ်တိုင်မဖော်ထုတ်ဘဲ ဘာကြောင့်ကောင်းကို ပါဝင်ခိုင်းနေလည်းဆိုတာ သွေးသစ်နဲ့သူမကလွဲ ဘယ်သူမှမသိနေဘူးဆိုတာ သဘောပေါက်သွားသည်။

သွေးသစ်ကိုပထမဆုံးတွေ့ဖူးတုန်းက သူသည် ဟတ်တန်၏ယောက်ဖဟု သူ့ကိုယ်သူပြောခဲ့သည့်ကောင်လေး
ဟာ ကောင်လေးတစ်ယောက်မဟုတ်ဘဲ နဂါးတစ်ကောင်ဆိုတာကို သူမမကြာခင်ကမှ သိခွင့်ခဲ့ရသည်။

အခု ဒီကိုရောက်လာတာက သူ့အမိန့်ကြောင့်...

သူခြိမ်းခြောက်ခဲ့လို့။ ဖေဖေနာရီတစ်လုံးနဲ့သူမကို အပေးအယူလုပ်ခဲ့ခြင်းကြောင့်.....

🏷️♡♡♡♡♡♡♡♡♡♡♡♡♡♡🏷️

"သွေး ဒီအမှုက လွယ်မယောင်နဲ့ရှုပ်ထွေးနေပြီး ကိုယ်တို့ ကောင်းနဲ့ပူးပေါင်းသင့်တယ်ထင်တယ်"

အမှန်တကယ်ပဲ ဦးကောင်းမင်းမြတ်နာမည်နဲ့လူဟာ သွေးတို့ကို ပြန်ပေးဆွဲမတိုင်ခင်တစ်လမှာ သေဆုံးသွားသည့်မှတ်တမ်းက အစစ်ဖြစ်နေသောကြောင့် တည်တံ့ကပြော၏။

သွေးတို့သာ ဒီဦးကောင်းမင်းမြတ်အတုကို အစစ်ထင်ပြီး တရားစွဲလျှင် ကောင်းက သူ့အဖေအရင်းနဲ့နာမည်ကို အစွန်းထင်ခံနိုင်မှာမဟုတ်ဘူး။ သူ့အဖေအရင်းမဟုတ်ကြောင်းကို ဖော်ထုတ်ပစ်ပြီးရင် သွေးတို့မှာ တရားခံပျောက်ကွယ်သွားမှာ။ အရေးကြီးဆုံးက ဒီလူဟာ တရားခံဖြစ်ကြောင်းကို ဘာနဲ့သက်သေပြရမလဲ။

အမှန်တိုင်းပြောလျှင် ကောင်းပေသောအချက်အလက်တို့က အရမ်းကိုအသုံးဝင်မှန်းသိသည်။ ဒါပေမယ့် ကောင်းကို မယုံဘူး....

ဘာကြောင့်ဆို သူမသည် သူမ၏ဖထွေးဆိုသောလူကို တခဏအတွင်းရန်သူလုပ်ပစ်လိုက်တာကို နားမလည်သောကြောင့်.....

ဘယ်လိုပဲဖထွေးဆိုဦး သူမကို သမီးအရင်းလိုချစ်ခင်ပေးပြီး သူ့သွေးသားနဲ့တောင် နီးစပ်အောင် အမျိုးမျိုးကြိုးစားပေးနေခဲ့တာကို....

"ပူးပေါင်းမယ်ဆိုရင် အရင်ဆုံး ကောင်းမြတ်ပမာက သွေးတို့ဘက်ဆိုတာကို ဦးကောင်းမင်းမြတ်သိလို့မဖြစ်ဘူး။ သိသွားရင် သူရှေ့နေပြောင်းသွားနိုင်တယ်..... အရင်ဆုံးဦးကောင်းမင်းမြတ်ကို ပုဒ်မ307နဲ့312ကို အရင်စွဲပြီးမှ သူဟာ ဦးကောင်းမင်းမြတ်မဟုတ်ကြောင်းကို ဖော်ထုတ်ရမယ်။ ပြီးမှ ဦးသီဟသူဖြစ်ကြောင်းနဲ့ သူ့လုပ်ရပ်တွေကို ဖော်ထုတ်ရမယ်..."

"အခုလက်ရှိတရားခံဟာ သူ့အဖေမဟုတ်ကြောင်းကို သူဖော်ထုတ်ပြီး ဦးကောင်းမင်းမြတ်ဆိုအမည်နဲ့နေထိုင်နေတဲ့လူဟာ ဦးသီသူဖြစ်‌ကြောင်းကို ကိုယ်တို့ပြသရမယ်။ ဒီအတွက် သူနေထိုင်ခဲ့ဖူးတဲ့နေရာကို ကိုယ်တို့ထပ်ရှာကြမယ်.... ဒါကိုလည်း သူမပြောပြရင် ကိုယ်တို့သိမှာမဟုတ်ဘူး.... သူ့အကြောင်းမှာတင် ကိုယ်တို့ထပ်ပိတ်သွားပြန်ပြီ"

ကိုတည့်စကားကြောင့် သွေးအတွေးတချို့ကို သတိရလိုက်သည်။ သူ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြရင်တောင် သူ့သွေးသားကိုတော့ သူပြောပြမှာပဲ....

"သူ့အကြောင်းကို ဘယ်သူမှမသိရင်တောင် သိနိုင်တဲ့သူ တစ်ယောက်ရှိတယ်"

"သူနဲ့ဒီအမှုကို မနီးစပ်စေချင်လို့ မင်းကွာရှင်းထားတယ်မလား"

တည်တံ့ပြောလိုက်သောစကားကြောင့် သွေးငိုင်ကျသွားကာ သူ့ကိုပါသတိရသွားပြီး မျက်ရည်က ဝဲပြည့်တတ်လာ၏။ သူမလုပ်ထားသည့်ကိစ္စကို နောင်တမရချင်သောကြောင့် ဝဲတတ်လာသည့်မျက်ရည်စတို့ကို ပွတ်သုတ်ပစ်လိုက်၏။

ကိုနဲ့အခုထိ ကွာရှင်းထားတယ်ဆိုတဲ့အကြောင်းကို ကြားလျှင် နေသားမကျနေသေး....

သွေးတို့ကွာရှင်းလိုက်တာ တစ်ပတ်တိတိရှိသွားပြီး၊ သွေးက ရုံးခန်းလုပ်ထားသည့်အိမ်မှာပြန်လာနေခဲ့လိုက်ကာ သူနဲ့အဆက်အသွယ်ဖြတ်ထားသည်။

ဒီလိုလုပ်သွားလို့ သူလည်းသွေးအပေါ်စိတ်နာနိုင်သည်ကို တွေးမိလျှင် နောင်တရပေမယ့် ဒီလိုလုပ်မှဖြစ်မှာမို့လို့ပါ။

သူကတော့ မာမီနဲ့ ဒတ်သိသွားမှာဆိုး၍ သွေးကို အနားယူချင်လို့ အိမ်ခဏပြန်သွားသည်ဟု လိမ်ပေးခဲ့ရသည်။ မာမီတို့သိသွားလို့ မေးလာလျှင် သူမတို့ဖြေတတ်မှာမဟုတ်သလို သွေးလည်း မာမီကို အမှန်တိုင်းမပြောပြချင်။ ဒါပေမယ့်ရေရှည်မှာ အလိမ်ပေါ်သွားနိုင်သည်မို့ တစ်နေ့တော့ ကွာရှင်းသည့်အကြောင်းကို ပြောပြရအုံးမည်....

"ဒီကိစ္စမှာ သွေးမှားမှန်းသိပါတယ်"

တစ်ပတ်အတွင်းသိမ်းထားရသော သွေးသည် ဆို့နစ်မှုတစ်ခုကို ပထမဆုံးအကြိမ်ထုတ်ပြောမိ၏။

"သွေး သူ့ကို နေ့တိုင်းသတိရတယ်။ ဒီလိုအချိန်မျိုးရောက်လာရင် သွေးစိတ်ပင်ပန်းစေမဲ့ ဒီအရာရောက်လာတဲ့အချိန်ကျ သူသွေးကို ကာကွယ်ပေးမယ်လို့ပြောထားရက်သားနဲ့ သူ့စကားကိုနားမထောင်ဘဲ သွေးသူ့ကို မောင်းထုတ်ပစ်လိုက်မိတယ်။ သူအရမ်းခံစားရမှာ၊ သွေးမှားသွားမှန်းသိပေမယ့်....."

အမှန်တကယ် သွေးသူ့ကိုအဝေးပို့လိုက်တာက မမှန်သော ဆုံးဖြတ်ချက်ဆို‌တာသိသည်။ သွေးအနားမှာရှိစေချင်ပေမယ့်....

လက်နှစ်ဖက်နဲ့မျက်နှာကိုအုပ်ကာ တသိမ့်သိမ့်တုန်လာ၍ငိုလာလျှင် တည်တံ့သည်လည်း ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိ။ စားပွဲပေါ်က တစ်ရှူးဘောစ်က တစ်ရှူးကို သွေးလက်ထဲထည့်ပေးကာ......

"မင်းလည်း သူ့ကို ကာကွယ်ပေးချင်လို့ မောင်းထုတ်ခဲ့မိတာပဲ။ မင်းမမှားပါဘူး၊ မင်းအကောင်းဆုံး ဆုံးဖြတ်ချက်ကို ချခဲ့တာပါ...."

"သူ သွေးကို စိတ်နာနေလောက်ပြီနော်"

" မင်းလုပ်ခဲ့တဲ့ အမှားရဲ့အကျိုးဆက်ပဲ။ လုပ်ရဲရင် ခံရဲရမယ် ယှဉ်ရဲရင့်သွေး၊ အမှုကိုအာရုံစိုက်ပြီးမှ ကိုယ်ရေးကိုယ်တာကို နောက်မှဖြေရှင်း"

မာဃမုန်းသွားပြီမလားဟု စိုးရိမ်နေသော ကောင်မလေးက ကွာရှင်းမယ်ဟုပြောတုန်းက ဒါကိုဘာလို့မတွေးခဲ့တာ ဘာလိမ့်။ ယှဉ်ရဲရင့်သွေးဆိုသည့် မိန်းကလေးက သူ့ဆုံးဖြတ်ချက်တို့ကို ချပြီးလျှင် တစ်ချက်မှ ပြန်လှည့်မကြည့်တော့သည့် ခေါင်းမာသည့်အမျိုးသမီး။

🏷️♡♡♡♡♡♡♡♡♡♡♡♡♡♡🏷️

"တောင်းပန်ပါတယ်..."

"တောင်းပန်ပါတယ် မင်းအပေါ်မှာလုပ်မိသွားတဲ့ ဒီအဖေတစ်ယောက်ရဲ့အမှားတွေက ခွင့်လွှတ်စရာမရှိပေမယ့် ပြောစရာဒီစကားကလွဲပြီး ဘာမှမရှိတော့လို့ပါ...."

အရင်လိုတွေ့ဖူးနေကြ မြင်နေရသောလူ၏ မျက်နှာမှာ ညှိုးမှောင်ကျနေသည်။ နောင်တတရားတို့များ ခံစားနေမလားဟု မျက်ဝန်းကနေအဖြေရှာကြည့်တော့ ဝမ်းနည်းရိပ်အထင်းသားတို့တော့ ပေါ်လွင်နေ၏။ နောင်တရနေမလား မရဘူးလားဆိုတာ ထိုလူသာ သိလိမ့်မည်။

သူ့အရှေ့၌ မြင်နေရသောလူကို သူခွင့်လွှတ်သင့်လား မသင့်လား ဆိုသည်ထက် တစ်စုံတစ်ယောက်ကပေးလာသော အပြစ်ဒဏ်လောက် အရေးမပါနေ ဟု ခံစားနေရသည်။

"ကျွန်တော့်ကလေးသာ လောကမှာရှိနေသေးရင် သွေးက ကျွန်တော့်နဲ့အတူ သားသား မီးမီးလေးကိုပါ ထပ်မုန်းတီးနေမှာလားမသိဘူးနော်..... "

ပြောပြနေတာမဟုတ်ဘဲ သူ့စိတ်ထဲက ကြေကွဲမှုကို အပြင်ကိုထုတ်ပြောချင်ရုံလေးပါ။

"ကျွန်တော်တို့နှစ်ယောက်မှာ စိတ်ကူးယဉ်အိပ်မက် မက်ခွင့်ရှိမယ့်လူတွေထင်လို့ နှစ်ဦးသဘောတူ ရူးသွပ်ပြီး မိသားစုတစ်ခုကို ဖန်တီးဖို့ကြိုးစားခဲ့ကြတယ်၊ ဒီလို ကံကြမ္မာဆိုးတွေ မသိခင်တုန်းကလေ။ ရင်သွေးလေးကို ခင်ဗျားလက်ထဲမှာ ဆုံးရှုံးရမယ်မှန်းသိရင် အစကတည်းက သွေးကို ကျွန်တော်လက်မထပ်ခဲ့သင့်ဘူးနော်"

မရည်ရွယ်ဘဲ မျက်ရည်ကပေါက်ခနဲ့ကျလာတော့ သူ မသုတ်ပစ်ပဲ ခေါင်းမော့ပြစ်လိုက်ပြီး ထပ်မကျအောင် ထိန်းလိုက်၏။

ဒီမျက်ရည်တွေကျတာက ဒီအရှေ့ကလူသားကြောင့်မဟုတ်ဘဲ နှလုံးသားတစ်ခုလုံးကို သွေးအေးစွာစီရင်ဆုံးဖြတ်ပြီး အပြစ်ဒဏ်ခက်ခဲ့သော အဝေးရောက်ချစ်ရသူလေးကြောင့်ဆိုတာ သူမသည်လည်း သိမှာမဟုတ်ဘူး.....

"ခင်ဗျားပြောတာသိပ်မှန်တယ်၊ ကျွန်တော့်အချစ်က သွေးအိပ်နေသလောက်ပဲရှိတယ်ဆိုတာ။ သူကျွန်တော့်မျက်နှာကိုတစ်ချက်မှမငဲ့ဘဲ ကွာရှင်းသွားတယ်။ သူ့လောက် ကျွန်တော်မပြက်သားနိုင်ဘူး။ သူပြောပြဖူးတယ် သူ့လက်နဲ့သူကိုယ်တိုင်တရားခံကိုအပြစ်ပေးမှာတဲ့ သူတကယ်ပဲ ခင်ဗျားထပ် ပိုပြီးအင်အားကြီးအောင် လည်းကြိုးစားနေထိုင်ခဲ့တယ်။ သူ ခင်ဗျားကို နေ့တိုင်းလိုက်ရှာနေတာ...."

ဒီလူက သွေးရဲ့မိဘကိုသွေးအေးစွာသတ်ဖြတ်သွားသည့်လူသတ်သမား။ သွေးနဲ့သွေးသစ်ကို ပြန်ပေးဆွဲသွားတဲ့တရားခံ....

ဒီလူဟာ သွေးနေ့တိုင်းအဆက်မပြက် အိပ်မက်ထဲမှာရှာဖွေနေသည့်လူ မကောင်းဆိုးဝါး....

"မိုးရွာတဲ့နေ့တွေဆို ခင်ဗျားသူ့အနားကိုလာနေပြီ သူ့ကိုသံကြိုးနဲ့ချည်နေပြီ ဆိုပြီး၊ ‌ယောင်ပြီး အော်ဟစ်နေရင်းနဲ့သတိလစ်သွားတဲ့အခါမျိုးဆို ကျွန်တော့် ဒီနှလုံးသားက သေမတတ်နာကျင်ခံစားရတယ်၊ သူလည်း သေသူနဲ့ မခြားနားပဲ နာကျင်ရတယ်။

သူပြန်နိုးလာရင်လည်း ဘာမှမဖြစ်ခဲ့သလိုမျိုးပဲ သူဘာပြောလဲသိလား။ ဒီသတိလစ်တတ်တဲ့အဖြစ်အပျက်တွေက နေ့တိုင်းလိုလိုကြုံနေရတော့ ထုံသွားလို့ ထူးဆန်းတယ်လို့တောင်မခံစားရတော့ဘူးတဲ့....

လုပ်သွားတဲ့တရားခံက မေ့ချင်မေ့သွားလိမ့်မယ် သူကြုံခဲ့ရတဲ့ငရဲတွင်းကို သူ့အသက်ဆယ်နှစ်၊ ကျွန်တော့်မွေးနေ့ကအပြန်ည ဒီနေ့ဒီအချိန်ထိ အဲဒီဂိုဒေါင်ထဲမှာပဲ သူ့မှတ်ဉာဏ်တွေက ပိတ်မိနေတုန်းပဲတဲ့..."

" အဖေတောင်းပန်ပါတယ်သား...."

"မတောင်းပန်ပါနဲ့....၊ တောင်းပန်တိုင်း ကျွန်တော်က ခင်ဗျားသားဖြစ်လာမှာမဟုတ်ဘူး၊ သွေးလည်း အဲ့ဒီဂိုဒေါင်ကနေရုန်းမထွက်လာနိုင်သလို ကျွန်တော့်ကလေးလည်းပြန်အသက်မရှင်လာတော့ဘူး၊ တစ်ခုပဲ..."

"ဟင်... အဖေဘာလုပ်ပေးရမလဲ သား"

ဦးသီဟသူမှာ သူသည် သူ့သားအပေါ်မှာ အမှားများစွာကို ကျူးလွန်ရင်း ကျူးလွန်နေခဲ့ပြီ။ အခုဆို သူ့သားဟာ သူ့အပေါ် ကို မုန်းတီးနေသည်၊ နာကျည်းနေသည်ထပ် ဘာမှ မခံစားရသလို ခံစားချက်ကင်းမဲ့နေပုံက သူ့မျှော်လင့်ခဲ့ဖူးသည့် အတူတူနေကြရန်ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ ဒီဘဝမှာအတပ်သိလိုက်ပါပြီ....

တစ်ဆက်တည်း သူမြင်နေကျ တည်ကြည်ခန့်ညားတို့ပုံရိပ်တို့ပျောက်ကွယ်နေကာ အရှုံးသမားလို အပြစ်သားတစ်ယောက်လို လက်မှိုင်ခြေမှိုင်နဲ့ဖြစ်နေသောကြောင့် ပို၍ရင်ကွဲရသူဟာ သူဖြစ်နေ၏။

အပြင်မှာ မျက်ရည်ကျခွင့်မရှိပေမယ့် ရင်ထဲမှသွေးမျက်ရည်တို့က သားပေးသော အပြစ်‌ဒဏ်တို့နဲ့အတူ အလူးအလှိမ့်ပါပဲ။

သူ့ဘဝမှာ လိုအပ်နေတာက သူ့သွေးသားလေး သူ့ကို အသိအမှတ်ပြုဖို့တစ်ခုသာ ဆန္ဒရှိသည်။

"အဖေ့ကို အဖေအဖြစ်နဲ့ မမြင်နိုင်သေးဘူးလားဟင် သား.."

တိုးလျသော အသံနက သူ့ကို အကြောင်းမဲ့ငေးစေ၏။

"ကျွန်တော်က ခင်ဗျားကို အဖေနေရာမှာ အသိအမှတ်ပြုခံရဖို့အတွက်များ ခင်ဗျားက SPမှာ လူယုံဝင်လုပ်ခဲ့တာလား"

သူ့မေးခွန်းထွက်လာတာနဲ့ ဦးသီဟသူ၏ မျက်နှာလေးက သူ့ကိုမော့ကြည့်လာလျှင် သူ့ဆီမှာ ခံစားချက်မဲ့နေသောမျက်နှာက မရယ်မပြုံးနဲ့ရှိနေ၏။

"ဟို..."

"ကျွန်တော်အသိအမှတ်ပြုတာခံရဖို့များ သွေးတို့မိဘကို သတ်ခဲ့ပြီး သွေးတို့ကို ပြန်ပေးဆွဲခဲ့တာလား။ ခင်ဗျားရဲ့ကိုယ်ပိုင်လောဘတွေပါ ဦးသီဟသူ။ သူများကြိုးဆွဲကိုင်တိုင်း လိုက်ကရအောင် ခင်ဗျားက အသိဉာဏ်ကင်းမဲ့နေတဲ့လူမှမဟုတ်တာ။ ခင်ဗျားကိုယ်တိုင်က သူများကိုအားကိုးချင်လို့ သူများပိုင်ဆိုင်မှုကို လောဘကြီးစွာမက်မောနေလို့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာပါ.....

ပြီးတော့မတန်မရာနဲ့ သူများသားသမီးကို ခိုးယူပေါင်းသင်းပြီး မရှာကျွေးနိုင်လို့ အရှက်သိက္ခာမရှိမျက်နှာပြောင်ပြောင်နဲ့ အိမ်ပေါ်တတ်လာခဲ့တဲ့ အကျိုးဆက်ကို ကျွန်တော့်ဆီက အသိအမှတ်ပြုခံရဖို့ ကြိုးစားနေတယ်လို့ အပြစ်မတွေမလွှဲချပါနဲ့၊ ယုတ္တိမရှိဘူး...."

"ဟား..."

နာကျည်းစွာရယ်မိတာက မာဃကအဆုံးထိ သူ့အပေါ်အထင်လွဲနေတုန်းပဲ။

"ကောင်းပြီး မင်းက ငါ့သားမဟုတ်ပါဘူး ဝီလျံဟတ်တန်ရဲ့သားပါ။ ကောင်းပြီ မင်းသွေးသားကို သတ်တဲ့တရားခံအဖြစ်နဲ့ ငါ့ကိုသတ်မှတ်ထားတယ်ဆိုတော့ ငါတို့မှာ ပြောစရာစကားမရှိတော့ဘူး။ တရားခွင်မှာ ဆက်တွေ့ကြတာပေါ့.....

မင်းမိန်းမနိုင်မလား ငါဒီထဲကနေလွတ်မလားဆိုတာ မင်းစောင့်ကြည့်နေ...."

"နားမလည်လို့မေးကြည့်ချင်နေတာတစ်ခုရှိတယ်"

ဆက်ခနဲ့မတ်တပ်ရပ်လိုက်သော တံတိုင်းနောက်က ဦးသီဟသူနဲ့ ပတ်သက်ပြီး သူစိတ်ဝင်စားတာ ဒီတစ်ခါပထမဆုံးပါပဲ။ ဒါကိုဦးသီဟသူကလည်း အံ့အားသင့်နေပြီး ကျောက်ရုပ်လို ရပ်နေဆဲ.....

"သွေးရဲ့မိဘကို ဘယ်သူကသတ်ခိုင်းတာလည်း ဖိုးဖိုးမိုးရဲခေါင်လား၊ ဦးသတိုးစံလား ဘာတွေဖြစ်ခဲ့ကြလဲဆိုတာ ပြောပြပါ"

သူဘာကြောင့်မေးလဲဆိုလျှင် ဒီအဖြေကြောင့် သွေးနဲ့သူ့ကြားတွင် ဘယ်လောက်အကွာအဝေးတွေ ထပ် ဝေးကွာသွားနိုင်မလဲဆိုတာ သိချင်လာသောကြောင့်ပဲ။

အနည်းဆုံးတော့ မာမီနဲ့ဦးသီဟသူတို့မှာ တစ်ယောက်ဘက်ကိုတော့ အပြစ်ကင်းပါ‌စေဟု မျှော်လင့်ချက်ထားမိသောကြောင့်။ နောက်မဟုတ် သူ့ခန္တာကိုယ်မှာတည်ဆောက်ထားသော အသွေးအသားတွေကိုက လူ့လောကမှာ မထားသင့်တော့တဲ့ အရာများဖြစ်နေမလားဟု တွေးမိသည်။

"မင်းနဲ့ငါ့ကြားမှာ ဘာပတ်သက်မှုမှ မရှိမှတော့ ပြောပြစရာအကြောင်းမရှိဘူး။ သိချင် ငါ့ရှေ့နေကိုပဲမေး သူဖြေပေးလိမ့်မယ်..."

"သွေးတို့ကို ဘာကြောင့်အသက်ရှင်ခွင့်ပေးခဲ့လည်း ကားထဲမှာ ကလေးတွေရှိတာကို မသိခဲ့လို့လား..... ကလေးတွေကို ဘာကြောင့်ဖွက်ထားခဲ့တာလဲ။ အနည်းဆုံးတော့ သွေးတို့ကို သတ်ဖို့စိတ်ကူးရှိလား မရှိဘူးလားဆိုတာ သိချင်တယ် ဖြေပေးပါ တောင်းဆိုပါတယ် ကျွန်တော့်ကို ဒါလေးတော့ ကျေးဇူးပြု၍ ဖြေပေးပါ..."

သူဘယ်လိုပဲအဖြေပေးပေး သားက သူ့အပေါ်ပြောင်းလဲလာမှာမှမဟုတ်တာ......

"ငါ့အဖြေက မင်းအတွက်အရေးကြီးလို့လား"

"အရေးကြီးတယ်၊ ကျွန်တော့်တစ်ဘဝစာလုံးကို သွေးပေးတဲ့အပြစ်ဒဏ်နဲ့ ကျေကျေနပ်‌နပ်ခံယူမှာမို့လို့ အရမ်းကိုအရေးကြီးပါတယ်"

မာဃနဲ့သီဟသူဆိုသည့်လူတို့ တူညီသည့်နေရာက မိန်းကလေးတစ်ယောက်အပေါ် မှာထားသည့် တွယ်တာမှုတို့ပါပဲ.....

မိုးသားပေးတဲ့အပြစ်ဒဏ်က သူ့ကိုသူမရဲ့မှတ်ဉာဏ်ထဲမှာ ဖျောက်ပစ်လိုက်တာဖြစ်ပြီး မာဃကို ယှဉ်ရဲရင့်သွေးက ရာဇဝတ်သားတစ်ယောက်လို ဆက်ဆံမှုတို့ဖြစ်၏။

"မင်းကြောင့်"

"မင်းကြောင့်.... ငါ့မှာလူစိတ်မရှိရင်တောင် ငါ့သားအရွယ်ကလေးတွေကို ငါမလုပ်ရက်ဘူး။ ငါ့ကိုခိုင်းခဲ့တာ ကားပေါ်မှာ အသက်ရှင်တဲ့လူမရှိစေရဘူးဆိုတာနဲ့ အသက်ရှင်နေတဲ့ကလေးနှစ်ယောက်ကို သူတို့တွေ့သွားမှာဆိုးလို့ ငါခေါ်ထားမိတယ်...

ကလေးတွေက မိုးသားနဲ့စကားပြောနေတာကို ငါတွေ့လိုက်တယ်။ မင်းနဲ့မိုးသားရယ် ဒီကလေးတွေနဲ့ရင်းနှီးနေမှန်းသိတော့ ငါလည်း ဘာလုပ်ရမှန်းမသိတာနဲ့......"

ကြိုတင်ကြံစည်းထားသော ယာဉ်တိုက်မှုပဲ။ တရားသူကြီး ဦးထိန်လင်းသွေး၏သမီးနဲ့သားမက်တို့ကို မတော်တဆမှုဖြစ်အောင် ဖန်တီးရန် သူ့ကိုအမိန့်ပေး စေခိုင်းထားခြင်းကြောင့် ဦးမင်းသစ် ဒေါ်နှင်းဆီရဲနီတို့ကို လုပ်ကြံရမည်။

ခိုင်းသည့်အတိုင်းကို လုပ်ပေးမှ သူ့သား မာဃဟတ်တန်လည်း လုံခြုံမှာမို့....

ဒီအတွက် အခွင့်အရေးကောင်းသော အချိန်ဖြစ်သည့် မာဃဟတ်တန်၏ မွေးနေ့ပါတီပွဲလေးညမှာ အစီအစဉ်ကို ကြံစည်ခဲ့သည်။ သူသည် မိုးသားတို့အိမ်အနားတစ်ဝိုက်ကိုကြိုရောက်နေပြီး အခြေအနေကို အကဲခက်ရသည်။ မိုးသား မာဃလေးနဲ့ ထိုကလေးမောင်နှမလေးတို့စကားပြောနေကြတာကိုလည်း သူခြံထောင့်တစ်နေရာကနေ လှမ်းမြင်လိုက်သည်။ ထို့ကြောင့် ကားတိုက်ပြီးနောက်မှာ အသက်ရှင်ကျန်မကျန်သွားစစ်ဆေးစဉ်မှာ ကလေးနှစ်ယောက်ကအသက်ရှင်နေသေးသောကြောင့် သူအိမ်တစ်လုံးထဲမှာ ဖွက်ထားခဲ့မိသည်။

အကယ်၍ ကားထဲမှာအသက်ရှင်နေတဲ့လူ ကျန်ရစ်ခဲ့လျှင် မာဃဟတ်တန်လေးကို အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ခြင်းခံထားရသောကြောင့် အမှားလုပ်မိသွားခဲ့သည့်အရာက အခု သူ့ကို တပြန် တန်ပြန်သက်ရောက်မှုဖြစ်လာစေသည်။

ဒီအမှားအကျိုးဆက်ကို အပြစ်ခံယူမည်ဟု ဆုံးဖြတ်ချက်မချရဲခဲ့တာက မာဃ၏မိန်းမဖြစ်သော ယှဉ်ရဲရင့်သွေးက သူဖွက်ထားသည့်ကလေးဖြစ်နေကြောင်းကို သိခဲ့ရတုန်းက။

ဒီကိစ္စကို ‌မာဃနဲ့ ယှဉ်ရဲရင့်သွေးသိသွားမှာ အင်မတန်ကြောက်ရွံ့နေခဲ့တာ။ မာဃရဲ့အိမ်ထောင်ရေးဒီလိုဖြစ်သွားမှာကို သူကြောက်ခဲ့ပေမယ့် ယှဉ်ရဲရင့်သွေးက သူ့ဆီကိုရောက်အောင်လာခဲ့တာပဲ......

"အဲ့ဒီကလေးတွေက ငါ့သားအရွယ်လေးတွေ သူတို့တွေက ငါ့သားရဲ့သူငယ်ချင်းဖြစ်နေမလားဆိုတဲ့စိတ်နဲ့ ငါကာကွယ်သင့်တယ်ထင်လို့ ခေါ်သွားမိတယ်။

ဟွန့်.... ငါအသက်ရှင်ခွင့်ပေးတဲ့ကလေးက ငါ့ကိုမိသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒီကောင်မလေးရဲ့ သတ္တိကို ငါလေးစားတယ်။ အဲ့ဒီတုန်းက ငါ့ကိုကြည့်တဲ့အကြည့်ကို အခုထိမမေ့သေးဘူး ခြင်္သေ့တစ်ကောင်လိုပဲ ရဲရင့်တယ်....."

"ခင်ဗျား အပြစ်တွေကိုဝန်ခံလိုက်။ သွေးတို့မိသားစုကိုလုပ်ကြံခဲ့တဲ့အပြစ်အတွက် ခင်ဗျားနောင်တရနေဖို့ ‌ကျွန်တော်မျှော်လင့်တယ်၊ ကျွန်တော်က ခင်ဗျားကို ဘာမှပြန်မလုပ်နိုင်လို့ ဒီအတိုင်းရပ်ကြည့်နေခဲ့တာမဟုတ်ဘူး၊ သွေးက ကျွန်တော့်ကို ခင်ဗျားနဲ့မပတ်သက်စေချင်လို့ သူဖယ်ထုတ်ပစ်ခဲ့ပေမယ့် သူ့နောက်ကွယ်မှာ ကျွန်တော်ရှိနေတယ်ဆိုတာကို အမြဲသိထားပေးပါ"

"ခင်ဗျားဟာ ဦးသီဟသူဖြစ်ကြောင်းကို စစ်ဆေးတဲ့အခါ မာမီအကြောင်းကို လုံးဝမပြောမိစေနဲ့၊ သူ့ကို အမှန်တကယ်ချစ်ခဲ့တယ်ဆိုရင် မာမီ့ကို ချစ်တဲ့စိတ်နဲ့ ကာကွယ်ပေးပါ"

ဒီနေ့ရဲ့ပထမဆုံးလူတွေ့စာရင်းမှာ ဒီဧည့်သည်က သူ့ကိုအကြီးအကျယ်ရင်နာစေ၏။

ဟုတ်မယ် ချစ်ရသူကို ကိုယ့်လက်ကိုယ့်ခြေနဲ့မစောင့်ရှောက်နိုင်ခဲ့လို့ သူ့ကိုပြစ်ဒဏ်ခက်လိုက်တာဖြစ်မည်။

ထိုနောက် သူတစ်ခါမှမမျှော်လင့်ဖူးသော ဧည့်သည်တစ်ဦးက သူ့ဆီလာတွေ့သောကြောင့် သူတွေ့ဖို့ဆုံးဖြတ်ခဲ့မိတာက လွန်ခဲ့သော15နှစ်က သူတို့နှစ်ဦးကြားက ပတ်သက်မှုတစ်ခုကြောင့်.....

မတွေ့ရတာကြာပြီ၊ မင်းလည်းကြီးလာပြီးကလေး....

🏷️♡♡♡♡♡♡♡♡♡♡♡♡♡🏷️

AB Law Frim...

ကြက်သွေးရောင်နဲ့ ခြယ်မှုန်ထားသော ဆိုင်းဘုတ်လေးကိုကြည့်လိုက် အဆောက်အအုံထဲက ထွန်းလင်းထားသောညမီးတို့ကိုလှမ်းကြည့်လိုက်နဲ့ တစ်ယောက်သောသူများကို တွေ့ရမလားဟု မျှော်လင့်နေမိသည်။

သူမဒီတစ်လော ဖိုးဖိုးဖွားဖွားရှိသောအိမ်ကိုလည်းမပြန်ပဲ ရုံးချိန်းအတွက်နဲ့အလုပ်ရှုပ်နေသည်။ ဘယ်လောက်တောင်ပင်ပန်းနေမလဲ။ မကြာခင်ကမှ ခန္တာကိုယ်မကျန်းမာထားသည့်အပြင် စိတ်ပင်ပမ်း၊ လူပင်ပမ်း၊ ဖိအားမှုပေါင်းစုံနဲ့ သူမအခုထိသွားလာလှုပ်ရှားနေတာကို အဝေးကနေမြင်ရလျှင် ဘယ်အချိန်များ ပြိုလဲသွားမလည်းဟု ရင်တဒိတ်ဒိတ်နဲ့စိုးရိမ်နေရသည်။ အနားမှာမရှိပေးနိုင်သောကြောင့် သွေးသစ်ကို အနားမှာအချိန်ပြည့်နေဖို့လည်း အကူအညီတောင်းထားရသည်။

"အစ်ကို..."

အနောက်ကနေ ဆိုင်ကယ်တစ်စီးပေါ်ခွထားရင်းနဲ့သွေးသစ်က သူ့အနားကိုရောက်လာပြီးနှုတ်ဆက်လိုက်သောကြောင့် သူခိုးလူမိသွားသလို သူမချိမဲ့ပြုံးလိုက်ရသည်။အစ်မကိုလာချောင်းတာ မောင်ကမိသွားတဲ့အဖြစ်....

"အင်း ညီ.... ဘယ်ကလာလဲ"

"ဟိုရှေ့နေတစ်ဖွဲ့စားဖို့ စားစရာသွားဝယ်တာ၊ ဘယ်ကလှည့်လာလဲ"

ဘယ်ကိုမှလှည့်စရာမရှိ ဒီနေရာကိုပဲ တည့်တည့်မတ်မတ်လာတာမလို့ စကားလမ်းကြောင်းလွှဲဖို့က ဒီအနားမှာ အသိတစ်ယောက်မှလည်း မရှိနေ၊ သွားပါပြီ.....

သွေးသစ်ကလည်း အထဲကိုခေါ်သွားဖို့ စိတ်ကူးမရှိနေပုံရသည်။

သူ့စကားကြောင့် လည်ပင်းပေါ်လက်တင်ကာ အလိမ်ပေါ်သွားသူပမာ လုပ်နေပုံနဲ့ အနေရခက်နေသောအစ်ကို့ကို လမ်းကြောင်းဖွင့်ပေးသည့်အနေနဲ့.....

"ကျွန်တော်တောင်းထားတဲ့အကူအညီအဆင်ပြေလား အစ်ကို..."

"ဟမ်... ဪ ရပြီ၊ ပါလာတယ် အဲ့ဒါမင်းကိုပေးချင်လို့ လာရင်းနဲ့......"

အခုမှစကားလုံးထွက်ပေါက်ရသွားသည်နှယ် မာဃက သူ့ကားထဲက ဖိုင်တစ်ခုကို လျင်မြန်စွာဆွဲယူပြီး သွေးသစ်ဆီကို လှမ်းပေးတော့မှ အသက်ရှူချောင်သွားတော့၏။

ဟူး...

"အင်း....ဒီအတွက်လာတာပါ၊ ဒီဟာကြောင့်..."

"သိပါတယ်..."

အစ်ကို့ရဲ့ကြောင်တောင်တောင်နိုင်ပုံနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်သွားပုံကို အခုမှမြင်ဖူးသည်မို့ သူလှစ်ခနဲ့ပြုံးလိုက်လျှင် ထိုအခါမှ မာဃသည် သူ့ကိုသွေးသစ်တစ်ယောက် လုံးဝသူခိုးမိသွားပြီဆိုသည့်အပြုံးနဲ့ပြုံးလာသောကြောင့် သူဒီနေရာမှာပဲ အငွေ့ထပျံချင်စိတ်ပေါက်သွားတော့သည်.....

"ဒီဖိုင်အတွက်ကျေးဇူးပါ"

"မလိုပါဘူး မင်းတို့အတွက် အကူအညီသေးသေးလေးတစ်နေရာလောက်မှာ ဒီဖိုင်အသုံးဝင်ရင် ရပါပြီ"

"အစ်ကို့ဖိုင်က ဒီအမှုတစ်ခုလုံးလိုအပ်တဲ့ အချက်အလက်တွေပါ။ ပြီးတော့ မနေ့က ဦးသီဟသူနဲ့တွေ့ခဲ့တယ်မလား။ သက်သေ ပျောက်ဆုံးနေတဲ့အမှုမှာ သူ့အပြစ်ကိုသူဝန်ခံဖို့တွန်းအားတစ်ခုကို အစ်ကိုကလုပ်ပေးခဲ့တာပဲလေ......

အစ်ကို့ဆီကရတဲ့အကူအညီတွေကို သွေးကအခုချိန်မှာအသိမပေးချင်ဘူးဆိုပေမယ့် အချိန်တစ်ခုကျရောက်လာရင် သူ့ကို အစ်ကို အသိပေးလိုက်ပါ။ အခု သူ့စိတ်အခြေအနေမကောင်းလို့ ဒီလိုလုပ်နေတာပါ အစ်ကိုကပဲ နားလည်ပေးလိုက်ပါဗျာ..."

အစ်ကိုပေးသောအချက်အလက်တို့က ဦးသီဟသူ၏ငယ်ဘဝ ဆွေမျိုးသားချင်းနောက်ကြောင်းရာဇဝင်နဲ့ တရားမဝင်လုပ်ငန်းအချို့တို့ရဲ့ အကြောင်းအရာတို့ပါဝင်နေ၏။

"အင်းပါ..."

သွေးစိတ်အခြေအနေကြောင့် သူ့ကို ကွာရှင်းခဲ့တာမှန်ပေမယ့် ‌နောက်ထပ်နီးစပ်လာဖို့အတွက် သူမမှာအတွေးမရှိဘူးဆိုတာ သူသိသည်။

"ပြီးတော့ ဆေးရုံမှာ ကျွန်တော်ရင့်သွားတယ် တောင်းပန်ပါတယ်အစ်ကို"

"မဟုတ်တာ မင်းနေရာမှာ ငါဆိုလည်း ဒီလိုပြောမိမှာပဲ... ကိစ္စမရှိဘူး... သူ့ကိုဂရုစိုက်ပေးနော် အရမ်းခေါင်းမာတယ်"

"ဟုတ်ပါပြီဗျာ"

‌ ထပ်များအပြင်ထွက်မလားဟု တိတ်တိတ်လေး မျှော်လင့်နေခဲ့ပေမယ့် သွေးသစ်နဲ့ပဲ တွေ့လိုက်ရသဖြင့် သူဒီလောက်နဲ့ပဲ ဒီနေ့အတွက် ကျေနပ်လိုက်တော့မည်။

သွေးသစ်ဝင်သွားပြီးလျှင် အပြင်မှာ သူတစ်ယောက်သာ ရပ်ကျန်နေခဲ့သည်။ လက်ထဲကဖုန်းကနေ သူမကိုခေါ်ချင်နေစိတ်က တဖွားဖွားခုန်ပေါက်နေ၏။ သူမအသံလေးကို စက္ကန့်ပိုင်းလေးဖြစ်ဖြစ် ကြားချင်နေ၏။ မဖြစ်နိုင်တော့မှန်းကို လိုက်ခံလိုက်သည့်အနေနဲ့ ဖုန်းHome Screenက သွေးရဲ့ရယ်မောနေသော ပုံလေးနဲ့သာ ဖြေသိမ့်လိုက်ရသည်။

'ကို မင်းကိုအရမ်းလွမ်းနေတယ်သွေး၊ မင်းမရှိ‌နေတာကို နေသားမကျနေဘူး....'

' မိုးလင်းလို့ အိပ်ယာကနိုးရင် မောနင်းကစ်ပေးဖို့လူမရှိတော့ဘူး မနက်စာစားရင်ပိုဆိုးတယ် ကြက်ဥနဲ့ကော်ဖီက ကို့ကို အရူးလိုပဲ ကြည့်နေတယ်.... ညဘက်ဆို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားရမယ့် ကို့နွေးထွေးမှုမရှိတော့ ဟာတာတာကြီးရယ်.... ရေခဲမုန့်ထဲဝိုင်ထည့်ပြီး ပေါက်ကရလုပ်တတ်တဲ့ ကို့မိန်းမကို အရမ်းလွမ်းတယ်....'

အမှုဖိုင်တွဲတို့ကြားထိုင်၍ အမှုဖတ်နေသောကောင်မလေးပုံကို ဖုန်းထဲနေ သူ့လက်ချောင်းတို့ထိကြည့်ရင်း သူဘယ်လောက်ချစ်ကာ လွမ်းနေမလည်းဆိုတာ သူမသိတောင်သိပါ့မလား......

မင်းအသံ‌ မင်းအပြုံးလေး မင်းရနံ့လေး မင်းအပြုအမှုလေးကို မမြင်ရတဲ့နေ့တွေကို ကိုတစ်ယောက်ထဲဖြတ်သန်းနေရတာ အရမ်းကိုအဓိပ္ပါယ်မဲ့နေသလိုခံစားရပြီး သွေး......

မင်းမရှိတဲ့စက္ကန့်တိုင်းကို ကိုတစ်ယောက်ထဲဖြတ်သန်းနေရတာ အရမ်းကိုအထီးကျန်တယ်သွေးရယ်....

'ကိုကမင်းအပေါ်ကို တာဝန်ကျေတဲ့ ခင်ပွန်းတစ်ယောက်မဖြစ်နိုင်ခဲ့လို့ တောင်းပန်ပါတယ်။ နာကျင်မှုတွေသာ ယူဆောင်လာပေးတဲ့ ခင်ပွန်းဖြစ်ခဲ့ရတဲ့အတွက်လည်း တောင်းပန်ပါတယ် '

PART 32ဆက်ရန်...

🏷️♡♡♡♡♡♡♡♡♡♡♡♡♡🏷️

Law Codeနဲ့ပတ်သက်ပြီး အမှားတွေပါလာခဲ့ရင် ဝေဖန်ထောက်ပြလို့ရပါတယ်နော၊ စာလုံးပေါင်းကတော့ ဒီFicတစ်ခုလုံးပီးတော့မှ ပြန်စစ်တော့မယ်နော်...

Drabin-one (13.11.2023)

🏷️

🏷️

🏷️

ZAWGYI

PART 31🏷️

အက်ဥ္းေထာင္ဌာနတစ္ခုတြင္ ေကာင္းသည္ ဦးေကာင္းမင္းျမတ္၏ တရားခံအက်ိဳးေတာ္ေဆာင္ေရွ႕ေနအေနနဲ႔ ဦးေကာင္းမင္းျမတ္ေရွ႕ကိုေရာက္လာသည္။ မျမင္ရေသာအေတာအတြင္းမွာ ဦးေကာင္းမင္းျမတ္၏မ်က္ႏွာကက်သြားသလို လူကပါ ပိန္က်သြားပုံ....

အခုခ်ိန္မွာ ေသြးသစ္ရဲရင့္ေျပာခဲ့ေသာ အေၾကာင္းအရာကိုေမးရန္သင့္မသင့္ကို စဥ္းစားေနမိ၏။

ရွယ္ယာေတြက ဦးေကာင္းမင္းျမတ္နာမည္နဲ႔သာရွိေနေသးေသာေၾကာင့္ ဒီအခ်ိန္မွာ ေမးလိုက္လွ်င္ ေကာင္းအတြက္ အရာရာဆုံးရႈံးသြားရလိမ့္မည္။ အခ်ိန္မေရာက္ေသးဘူး....

"သမီး ေမေမေနေကာင္းလား..."

ေကာင္းေရွ႕၌ ရွိေနေသာလူသားဟာ ေမေမ့ကိုဘယ္တုန္းကမွ စိတ္ပူျခင္းမရွိ၊ စိတ္ဝင္စားခဲ့ျခင္းတစ္စက္မွမရွိ၊ ေသြးေအးေအးနဲ႔ဆက္ဆံတတ္တာကိုသိေပမယ့္ ထိုသို႔ေမးလာေတာ့ ဟားတိုက္ၿပီးရယ္ခ်င္ေပမယ့္ ဟန္ေဆာင္လိုက္သည္။

"ဒယ္ဒီကို အရမ္းစိတ္ပူေနတယ္။ အစားအေသာက္အစဥ္ေျပလား ေနရအဆင္ေျပလားေတာ့ေမးေပးပါလို႔ေျပာလာတယ္။ ဒယ္ဒီလိုအပ္မယ့္ေဆးေတြလည္း ထည့္ေပးလာတယ္"

"ဒယ္ဒီကို မာဃကိုယ္တိုင္တရားစြဲတာလား"

"ဟုတ္တယ္၊ ယွဥ္ရဲရင့္ေသြးေဆး႐ုံက မဆင္းခင္အထိကို ဟတ္တန္နာမည္နဲ႔စြဲထားေပမယ့္ အခုေတာ့ တရားလိုက ယွဥ္ရဲရင့္ေသြးျပန္ျဖစ္သြားၿပီး။ ၿပီးေတာ့ လြန္ခဲ့တဲ့15ႏွစ္က ျပန္ေပးစြဲတဲ့အမႈကိုပါ ထပ္တိုးထားတာ ဒယ္ဒီသိတယ္မလား။ ဒယ္ဒီဘယ္လိုျဖစ္ခ်င္လည္းဆိုတာ ေကာင္းကိုေျပာပါ ေကာင္းအေကာင္းဆုံးဒယ္ဒီကို ကာကြယ္ေပးမယ္"

"မာဃေရာေနေကာင္းလား၊ သူနဲ႔ေတြ႕ေသးလား"

သူ႔ကိုယ္သူထက္ ပိုဂ႐ုစိုက္ေနၿပီး ဟတ္တန္ကိုေမးေပမယ့္ ေကာင္းရင္ထဲမွာ ဒီအေရွ႕ကအျပစ္သားဟာ ေကာင္းမွာ သနားညႇာတာစိတ္မရွိသလို ဖခင္တစ္ေယာက္ျဖစ္ခဲ့ဖူးသူဟု၍ ႏွလုံးသားထဲထည့္ထားလို႔မရေတာ့ပါ.....

"ကုမၼဏီကပေရာဂ်က္ဖ်က္တဲ့ကိစၥေတြနဲ႔ေတာ့ ေတြ႕ပါတယ္
ဒါေပမယ့္ သူ႔ဆီက ကိုယ္ေရးကိုယ္တာဘာမွေမးလို႔မရဘူး။ ၿပီးေတာ့ ဟတ္တန္နဲ႔ယွဥ္ရဲရင့္ေသြးတို႔က အတူမေနေတာ့ဘူးထင္တယ္ ယွဥ္ရဲရင့္ေသြးက သူ႔႐ုံးခန္းအိမ္မွာေရာက္ေနတယ္တဲ့....။ ဒယ္ဒီ,အမႈကို ဘယ္လိုလုပ္ေစခ်င္လဲ"

"ဒယ္ဒီအမႈကိုသမီးလိုက္ႏိုင္ရင္ ရွယ္ယာအားလုံးကို သမီးနာမည္နဲ႔လႊဲေပးမယ္။ ေလာေလာဆယ္ ဒယ္ဒီ သမီးကို 10%လႊဲေပးမယ္။ က်န္တာ သားငယ္နာမည္နဲ႔ ဒယ္ဒီလႊဲထားခ်င္တယ္။ ဒါကိုသမီးသေဘာတူႏိုင္လား...."

"ေကာင္းရွယ္ယာကိုစိတ္မဝင္စားဘူးဒယ္ဒီ အမႈကိုအတတ္ႏိုင္ဆုံးအေကာင္းဆုံးျဖစ္ေအာင္လိုက္မယ္။ ဒယ္ဒီထြက္လာမွ ဒယ္ဒီသေဘာနဲ႔ထပ္စီမံပါ"

"ေတြ႕လား၊ ဒယ္ဒီခန႔္မွန္းတာမမွားဘူး။ သမီးက ဒယ္ဒီအတြက္ အားအကိုးရဆုံး ရဲေဖာ္ရဲဖက္တစ္ေယာက္ဆိုတာ။ ဒါေၾကာင့္ ဒယ္ဒီအမႈကို သမီးကို ယုံၾကည္စိတ္ခ်ၿပီး လိုက္ေစခ်င္တာ"

"ဒယ္ဒီက ေကာင္းရဲ႕ထာဝရဒယ္ဒီပါ"

စိတ္မပါေသာစကား ေအာ္ဂလီဆန္ေသာစကားကို ဟန္ေဆာင္ၿပီးေျပာရတာ သိပ္အရသာရွိသည္။ 15ႏွစ္နီးပါးကို သမီးအရင္းပမာ အနီးမွာေနေပးခဲ့တာကို 10%ပဲရလည္းကိစၥမရွိဘူး။ ေကာင္းျမတ္ထက္သူက သူမ၏ေသြးသားတစ္ဝက္ပါေနေသာေၾကာင့္ ေခ်ာ့ေမာ့ေျပာလွ်င္ နားဝင္သည္မို႔ SPဟာ မၾကာခင္မွာ သူမအပိုင္ျဖစ္လာေတာ့မည္။

ကာကြယ္ေပးမယ္...

ရွင့္ကို ေထာင္ဒဏ္ႏွစ္ေပါင္းမ်ားစြာၾကသြားေအာင္ ကြၽန္မက က်သြားေအာင္လုပ္ေပးမွာမို႔လို ရွင္ရဲ႕အုတ္ဂူဟာ ဒီအက်ဥ္းေထာင္ဘဲဆိုတာ မွတ္ထားစမ္းပါ ဦးသီဟသူ....

"မမေလး၊ ဥကၠဌႀကီး ေနေကာင္းလားခင္ဗ်"

အက်ဥ္းေထာင္ဌာနမွထြက္လာစဥ္ ဦးသီဟသူ၏လူယုံျဖစ္ခဲ့ေသာ ေနဗလက ေကာင္းကိုေမးလွ်င္ ေကာင္းသည္ မ်က္ခုံးတစ္ဖက္ ပင့္၍....

"အခု ရွင္ဦးၫႊတ္ေနတဲ့သခင္က ဘယ္သူလဲ ကိုေနဗလ"

ဗလ၏နပ္တိုင္ကို တင္းတင္းဆြဲကာ ေကာင္း စကားကို တစ္လုံးခ်င္း မ်က္လုံးအၾကည့္စုံၿပီးေမးလွ်င္ ဗလမွာ ဉီးၫႊတ္၍...

"မမေလးပါ..."

" သိၿပီးဆိုရင္ AB Law Firmကိုေမာင္း..."

🏷️♡♡♡♡♡♡♡♡♡♡♡♡♡♡🏷️

📜ရာဇသတ္ႀကီး📜

1. Code 307 (လူသတ္မႈကို က်ဴးလြန္ရန္ အားထုတ္ျခင္း)

2. Code 312 (ကိုယ္ဝန္ပ်က္ေစျခင္း )

3. Code 320 (အျပင္းအထန္ နာက်င္ေစမႈ )

4. Code 346 (လွ်ိဳ႕ဝွက္စြာ မတရားခ်ဳပ္ေႏွာင္ထားမႈ)

"ပုဒ္မ307၊ ပုဒ္မ312၊ ပုဒ္မ 320၊ ပုဒ္မ346တို႔နဲ႔ဆို သူအနည္းဆုံး ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္နဲ႔အထက္မွာ က်ႏိုင္ကိန္းရွိမယ္။ ပုဒ္မ346က ျပန္ေပးစြဲတဲ့အမႈရဲ႕ နစ္နာသူမွာ ယွဥ္ရဲရင့္ေသြးအျပင္ ေသြးသစ္ရဲရင့္ပါတယ္ေနာ္....အင္း..... ဒီ346မွာ ကိုယ္တို႔သက္ေသျပဖို႔ က်ဴးလြန္ထားတဲ့အိမ္အေဆာက္အဦးကလြဲ တျခားမင္းတို႔နဲ႔တိုက္႐ိုက္ပတ္သက္ဆက္ႏြယ္ေနတဲ့ မင္းတို႔ကို ခ်ည္ေႏွာင္ထားစရာႀကိဳးတို႔ DNAတို႔မွာ အားနည္းေနတယ္ေသြး....

ၿပီးေတာ့ ဦးေကာင္းမင္းျမတ္ မင္းတို႔ကိုခ်ဳပ္ေႏွာင္ထားတဲ့အေတာအတြင္းမွာ သူရဲ႕လႈပ္ရွားမႈ သူ႔ရဲ႕အလီဘိုင္ကိုလည္း ငါတို႔ထပ္သိဖို႔ စုံစမ္းၾကမယ္...... 304 နဲ႔312မွာ အိမ္ကCCTVနဲ႔သက္ေသေရာ မ်က္ျမင္သက္ေသပါရွိေနေတာ့ လြယ္ကူေပမယ့္ 346မွာ ငါတို႔ သက္ေသရဖို႔က အားအရမ္းနည္းေနတယ္..."

တည္တံ့အိမ္စကားေၾကာင့္ ေသြးနဲ႔ေသြးသစ္တို႔က ေခါင္းညိတ္သေဘာတူၾက၏။

ေသြး ကိုယ္ဝန္ပ်က္က်ခဲ့ခ်ိန္မွာ တရား႐ုံးသို႔မသြားႏိုင္ေပမယ့္ အခုေနေကာင္းသြားၿပီဆိုမွ တရားလိုေနရာ ကိုယ္စာလွယ္ေျပာင္းယူလိုက္ကာ ေသြးကိုယ္တိုင္တရား႐ုံးတတ္သည္။

"သက္ေသျပစရာ အရာဝတၳဳေတြမရွိရင္လည္း တရားခံကိုယ္တိုင္ဝန္ခံလာဖို႔ပဲ ထပ္ႀကိဳးစားရမယ္ မင္းတို႔ျပန္ေပးစြဲခံရတဲ့အမႈက တစ္ခ်ိန္က နာမည္ႀကီးခဲ့တာပဲ... ကဲ့ အရင္ဆုံး ငါတို႔ 304နဲ႔ 312ဆီကိုတျဖည္းျဖည္းခ်ဥ္းကပ္ၿပီးမွ 346ကိုထပ္ဆြဲသြားၾကမယ္"

" ဒါဆိုကြၽန္ေတာ္ ဟိုအိမ္ကိုထပ္သြားလိုက္မယ္ သက္ေသတစ္ခုခုမ်ားထပ္ေပၚလာမလားလို႔"

ေသြးသစ္သည္ အေတြးတစ္ခုေပၚလာေသာေၾကာင့္ ေျပာလွ်င္.....

"ဆယ္ႏွစ္ေက်ာ္ေနၿပီကို သက္ေသပစၥည္းေတြေဖ်ာက္ပစ္လိုက္မွာပဲ။ သြားရင္ အခ်ိန္ကုန္ၿပီး သဲထဲေရသြန္သလိုျဖစ္မွာ..."

ေနာက္ဆုံးေတာ့ ဦးေကာင္းမင္းျမတ္၏ ဝန္ခံခ်က္တစ္ခုကလြဲေနာက္ထပ္ေမွ်ာ္လင့္ခ်က္မရွိေတာ့.....

ေသြးဘာလုပ္သင့္လဲ....

"ျဖစ္မွာပဲမဟုတ္ဘူး၊ ျဖစ္ကိုျဖစ္မွာ..... ၿပီးေတာ့ရွင္တို႔စြဲတဲ့ 346ကလည္း ဦးေကာင္းမင္းျမတ္ဆိုတဲ့လူအတြက္ဆိုရင္ ဒီပုဒ္မက အက်ိဳးသက္ေရာက္မႈမရွိဘူး။ ဘာလို႔လဲဆိုေတာ့..."

႐ုံးခန္းထဲ ေကာင္းျမတ္ပမာ၏အသံေၾကာင့္ တည္တံ့အိမ္၊ ေသြး၊ ေသြးသစ္တို႔အကုန္လုံးကို အံ့အားသင့္သြားေစသလို ေကာင္းဘာေၾကာင့္ေရာက္လာသလဲဆိုတာကိုလည္း သိခ်င္လာၾက၏။

တရားခံအက်ိဳးေဆာင္ေရွ႕ေနက တရားလိုအက်ိဳးေဆာင္ရွိသည့္ေနရာကို ဒီအခ်ိန္မ်ိဳးမွာ မလာသင့္ဘူးဆို‌‌ေပမယ့္ သူမကဘာလာလုပ္တာလဲ။ အားလုံးက သူမကိုသာ အလိုမရွိေပမယ့္ ထြက္သြားဟုလည္း မတားၾက။

"ဘာလို႔လဲဆိုေတာ့ ဦးေကာင္းမင္းျမတ္ဆိုတဲ့လူအစစ္က ရွင္တို႔ကို ျပန္ေပးဆြဲသြားတဲ့လူမဟုတ္ဘူး။ ဦးေကာင္းမင္းျမတ္နာမည္ကို ပိုင္ဆိုင္ထားတဲ့လူအစစ္က လြန္ခဲ့တဲ့ 15ႏွစ္က ရွင္တို႔ကို ျပန္မေပးစြဲခင္ထဲက ေသဆုံးထားၿပီးသားျဖစ္ေနလို႔ပဲ...."

"ဟင္..."

"ဟင္...."

ေသြးသစ္ကလြဲ က်န္သည့္ႏွစ္ေယာက္က အထူးအဆန္းနဲ႔ ရႈပ္ေထြးသြားသည့္မ်က္ႏွာတို႔ ျဖစ္လွ်င္ ေကာင္းက မ်က္ခုံးတစ္ဖက္ပင့္၍....

"ရွင္တို႔ရဲ႕ 346ကို အသက္ဝင္ေအာင္ အမႈစြဲခ်င္ရင္ ဦးေကာင္းမင္းျမတ္ဟု အမည္ခံထားသည့္ အမည္ရင္းျဖစ္ေသာ ဦးသီဟသူဆိုတဲ့ လူကိုတရားစြဲမွပဲရမွာ.....

ရွင္တို႔သာ ဦးေကာင္းမင္းျမတ္နာမည္နဲ႔တရားစြဲမယ္ဆို ေသဆုံးသြားတဲ့ ကြၽန္မရဲ႕ဖခင္အရင္းနာမည္မို႔လို႔ ရွင္တို႔ရႈံးမွာႀကိမ္းေသတယ္....

ဘာလို႔လဲဆို ရွင္တို႔ကို ျပန္ေပးစြဲတဲ့ 2006ခုနစ္ 9လပိုင္း 9ရက္ေန႔ က ကြၽန္မအေဖဦးေကာင္းမင္းျမတ္က ေသဆုံးတာ တစ္လျပည့္သြားတဲ့ တရားဝင္အတည္ျပဳၿပီးသား ၊ အလီဘိုင္ကိုကြၽန္မလက္ထဲမွာရွိေနတယ္.... ဒီမွာၾကည့္ၾကည့္လိုက္ၾက..."

ေကာင္း ျပေသာစာ႐ြက္ဖိုင္ဟာ အမွန္တကယ္ကို ‌ဦးေကာင္းမင္းျမတ္ဆိုသည့္လူက ေသဆုံးေၾကာင္း အတည္ျပဳထားသည္။

ဒါဆို အခုလက္ရွိ ဦးေကာင္းမင္းျမတ္က ဘယ္ကလာတဲ့လူလဲ......

ေသြးသည္ ေကာင္းကို နားမလည္ႏိုင္ေသာ အၾကည့္မ်ိဳးနဲ႔ၾကည့္မိလွ်င္ ေကာင္းျမတ္ပမာဆိုသည့္ အမ်ိဳးသမီးက နာက်ည္းခ်က္တို႔ပါေသာ ေလွာင္ၿပဳံးႏွင့္.....

"ဘာလို႔လာေျပာျပေနလဲဆိုတာ ရွင္နားမလည္ဘူးျဖစ္ေနတယ္မလား။ ဟြန႔္.....ေျပာျပမယ္...."

ေကာင္းသည္ ဘယ္သူမွ ဧည့္မခံေပမယ့္လည္း လြတ္ေနသည့္ဆိုဖာတစ္ခုမွာ ေျခခ်ိတ္၍လွပစြာထိုင္ၿပီးမွ ကိုဗလဆီကို လက္ျဖန႔္လိုက္လွ်င္ သူမ၏အတြင္းေရမႈးက ေနာက္ထပ္စာဖိုင္တစ္ခုကို ကမ္းေပးလာ၏။

"ကြၽန္မအဖိုးလက္နဲ႔ တစ္ခုခ်င္းဆီတည္ေဆာက္ထားတဲ့SPဂ႐ုကို အေဖအရင္းနဲ႔နာမည္နဲ႔ရွင္သန္ေနတဲ့ ဖေထြးလက္ထဲမွာ အဆုံးရႈံးမခံႏိုင္လို႔ပဲ...

ရွင္က ဦးသီဟသူဆိုတဲ့ ရွင့္ရဲ႕တရားခံကိုေထာင္ထဲထည့္ ကြၽန္မက SPကိုပိုင္ဖို႔ ဒီလူကို သူ႔ေနရာအမွန္ကိုပို႔ခ်င္လို႔ ရွင္းရွင္းေလးပါပဲ..."

ေကာင္းတို႔ မိသားစုအရႈပ္အေထြးေၾကာင့္ ေသြး‌တို႔မွာ နားမလည္ေပမယ့္ ေကာင္းျပေသာ သက္ေသျပခ်က္တို႔ေၾကာင့္ ပိုၿပီးရႈပ္ေထြးရ‌သြားေတာ့သည္။

"မင္းမိသားစုရဲ႕ျပႆနာကို မင္းပဲရွင္းပါ ေကာင္းျမတ္ပမာ"

"ဒါကမိသားစု ျပႆနာမဟုတ္ဘူး.... စီးပြားေရးျပႆနာပါ ကိုတည့္တံအိမ္၊ ကြၽန္မကလည္း ရွင္တို႔နည္းတူ ဦးသီဟသူကို ေထာင္နန္းစံေစဖို႔ ရည္႐ြက္ခ်က္ရွိတယ္‌ဆိုေတာ့ ရန္သူရဲ႕ရန္သူကို မိတ္ေဆြလာဖြဲ႕တာပါရွင္။ ဦးသီဟသူနာမည္နဲ႔ တရားစြဲမယ္ဆို အရင္ဆုံး သူဟာ ဦးေကာင္းမင္းျမတ္မဟုတ္ဘူးဆိုတာ အရင္ရွာရမယ္မဟုတ္လား....
ရွင္တို႔စြဲထားတဲ့အမႈမွန္သမွ်ကို သူဝန္ခံလာသည္ျဖစ္ေစ ျငင္းဆိုလာသည္ျဖစ္ေစ ကြၽန္မ ရွင္တို႔ဘက္အေလးသာေအာင္ ကူညီေပးမယ္...."

"မင္းရဲ႕အကူအညီကို ကြၽန္ေတာ္တို႔မလိုအပ္ဘူး။ ကြၽန္ေတာ္တို႔အမႈကို ကြၽန္ေတာ္တို႔ပဲ သက္ေသရွာမယ္၊ စြဲခ်က္တင္မယ္... "

တည့္တံ့အိမ္က ဝင္ေျပာလွ်င္ ေကာင္းက ဟားခနဲ႔တစ္ခ်က္ပခုံးတြန႔္၍....

"အိုး...ရွင္တို႔ဘက္က လုံးဝရွာလို႔မရတဲ့ အေၾကာင္းအရာကို ကြၽန္မကလာေပးတာေနာ္၊ ကြၽန္မေျပာထားၿပီးသား ဦးေကာင္းမင္းျမတ္နာမည္နဲ႔တရားစြဲရင္ ရွင္တို႔ရႈံးမယ္ဆိုတာ....
ဆယ္ႏွစ္ေက်ာ္ ရွာေနတဲ့တရားခံရဲ႕ေနာက္ေၾကာင္းကို မပပ္လက္သင့္ဘူးေနာ္...."

"ပလပ္လုပ္ျခင္း မလုပ္ျခင္းက ငါတို႔အပိုင္းပါ... ရွင္‌ေပးတဲ့အခ်က္အလက္ေတြက မွန္ေနမယ္လို႔ ငါမယုံဘူး။ အခ်က္အလက္ကမွန္သည္ရွိအုံး ငါ...."

"ေကာင္းျမတ္ပမာေျပာတဲ့အခ်က္အလက္ေတြကို ငါတို႔ယာယီလက္ခံထားရေအာင္ေသြး။ နင္မသကၤာရင္ ဒါေတြမွန္လား လိမ္ညာေနလားဆိုတာ ငါဆက္ရွာေဖြလိုက္မယ္... ေကာင္းမင္းျမတ္ပဲျဖစ္ျဖစ္ သီဟသူပဲျဖစ္ျဖစ္ အဲ့ဒီလူသတ္တရားခံကို နင္အျပစ္ေပးဖို႔ပဲအဓိက်တယ္.... နင္လိုခ်င္တဲ့သက္ေသကို ရွာေဖြဖို႔ကငါ့တာဝန္ထားလိုက္ လူသတ္သမားကိုေထာင္ခ်ေပးဖို႔က မမ နင္တာဝန္ယူ"

ေသြးသစ္ စကားကိုျဖတ္ေျပာလွ်င္ ေကာင္းက ေသြးသစ္ကိုအဓိပၸါယ္ေပါင္းမ်ားစြာပါဝင္ေနေသာ မ်က္လုံးတို႔ႏွင့္စိုက္ၾကည့္၏။ ေသြးသစ္ကလည္း ဒါကို မသိသလိုအၾကည့္နဲ႔......

ယွဥ္ရဲရင့္ေသြးရဲ႕ေနာက္ကြယ္မွာ ေသြးသစ္ရဲ႕လုပ္ႏိုင္စြမ္းေတြကို သူမျမင္ဖူးခဲ့ၿပီ။

ဒီအမႈတစ္ခုလုံးရဲ႕အသြားအလာအားလုံးကိုသိရက္သားနဲ႔ကိုယ္တိုင္မေဖာ္ထုတ္ဘဲ ဘာေၾကာင့္ေကာင္းကို ပါဝင္ခိုင္းေနလည္းဆိုတာ ေသြးသစ္နဲ႔သူမကလြဲ ဘယ္သူမွမသိေနဘူးဆိုတာ သေဘာေပါက္သြားသည္။

ေသြးသစ္ကိုပထမဆုံးေတြ႕ဖူးတုန္းက သူသည္ ဟတ္တန္၏ေယာက္ဖဟု သူ႔ကိုယ္သူေျပာခဲ့သည့္ေကာင္ေလး
ဟာ ေကာင္ေလးတစ္ေယာက္မဟုတ္ဘဲ နဂါးတစ္ေကာင္ဆိုတာကို သူမမၾကာခင္ကမွ သိခြင့္ခဲ့ရသည္။

အခု ဒီကိုေရာက္လာတာက သူ႔အမိန႔္ေၾကာင့္...

သူၿခိမ္းေျခာက္ခဲ့လို႔။ ေဖေဖနာရီတစ္လုံးနဲ႔သူမကို အေပးအယူလုပ္ခဲ့ျခင္းေၾကာင့္.....

🏷️♡♡♡♡♡♡♡♡♡♡♡♡♡♡🏷️

"ေသြး ဒီအမႈက လြယ္မေယာင္နဲ႔ရႈပ္ေထြးေနၿပီး ကိုယ္တို႔ ေကာင္းနဲ႔ပူးေပါင္းသင့္တယ္ထင္တယ္"

အမွန္တကယ္ပဲ ဦးေကာင္းမင္းျမတ္နာမည္နဲ႔လူဟာ ေသြးတို႔ကို ျပန္ေပးဆြဲမတိုင္ခင္တစ္လမွာ ေသဆုံးသြားသည့္မွတ္တမ္းက အစစ္ျဖစ္ေနေသာေၾကာင့္ တည္တံ့ကေျပာ၏။

ေသြးတို႔သာ ဒီဦးေကာင္းမင္းျမတ္အတုကို အစစ္ထင္ၿပီး တရားစြဲလွ်င္ ေကာင္းက သူ႔အေဖအရင္းနဲ႔နာမည္ကို အစြန္းထင္ခံႏိုင္မွာမဟုတ္ဘူး။ သူ႔အေဖအရင္းမဟုတ္ေၾကာင္းကို ေဖာ္ထုတ္ပစ္ၿပီးရင္ ေသြးတို႔မွာ တရားခံေပ်ာက္ကြယ္သြားမွာ။ အေရးႀကီးဆုံးက ဒီလူဟာ တရားခံျဖစ္ေၾကာင္းကို ဘာနဲ႔သက္ေသျပရမလဲ။

အမွန္တိုင္းေျပာလွ်င္ ေကာင္းေပေသာအခ်က္အလက္တို႔က အရမ္းကိုအသုံးဝင္မွန္းသိသည္။ ဒါေပမယ့္ ေကာင္းကို မယုံဘူး....

ဘာေၾကာင့္ဆို သူမသည္ သူမ၏ဖေထြးဆိုေသာလူကို တခဏအတြင္းရန္သူလုပ္ပစ္လိုက္တာကို နားမလည္ေသာေၾကာင့္.....

ဘယ္လိုပဲဖေထြးဆိုဦး သူမကို သမီးအရင္းလိုခ်စ္ခင္ေပးၿပီး သူ႔ေသြးသားနဲ႔ေတာင္ နီးစပ္ေအာင္ အမ်ိဳးမ်ိဳးႀကိဳးစားေပးေနခဲ့တာကို....

"ပူးေပါင္းမယ္ဆိုရင္ အရင္ဆုံး ေကာင္းျမတ္ပမာက ေသြးတို႔ဘက္ဆိုတာကို ဦးေကာင္းမင္းျမတ္သိလို႔မျဖစ္ဘူး။ သိသြားရင္ သူေရွ႕ေနေျပာင္းသြားႏိုင္တယ္..... အရင္ဆုံးဦးေကာင္းမင္းျမတ္ကို ပုဒ္မ307နဲ႔312ကို အရင္စြဲၿပီးမွ သူဟာ ဦးေကာင္းမင္းျမတ္မဟုတ္ေၾကာင္းကို ေဖာ္ထုတ္ရမယ္။ ၿပီးမွ ဦးသီဟသူျဖစ္ေၾကာင္းနဲ႔ သူ႔လုပ္ရပ္ေတြကို ေဖာ္ထုတ္ရမယ္..."

"အခုလက္ရွိတရားခံဟာ သူ႔အေဖမဟုတ္ေၾကာင္းကို သူေဖာ္ထုတ္ၿပီး ဦးေကာင္းမင္းျမတ္ဆိုအမည္နဲ႔ေနထိုင္ေနတဲ့လူဟာ ဦးသီသူျဖစ္‌ေၾကာင္းကို ကိုယ္တို႔ျပသရမယ္။ ဒီအတြက္ သူေနထိုင္ခဲ့ဖူးတဲ့ေနရာကို ကိုယ္တို႔ထပ္ရွာၾကမယ္.... ဒါကိုလည္း သူမေျပာျပရင္ ကိုယ္တို႔သိမွာမဟုတ္ဘူး.... သူ႔အေၾကာင္းမွာတင္ ကိုယ္တို႔ထပ္ပိတ္သြားျပန္ၿပီ"

ကိုတည့္စကားေၾကာင့္ ေသြးအေတြးတခ်ိဳ႕ကို သတိရလိုက္သည္။ သူ႔အေၾကာင္းကို ဘယ္သူ႔ကိုမွ မေျပာျပရင္ေတာင္ သူ႔ေသြးသားကိုေတာ့ သူေျပာျပမွာပဲ....

"သူ႔အေၾကာင္းကို ဘယ္သူမွမသိရင္ေတာင္ သိႏိုင္တဲ့သူ တစ္ေယာက္ရွိတယ္"

"သူနဲ႔ဒီအမႈကို မနီးစပ္ေစခ်င္လို႔ မင္းကြာရွင္းထားတယ္မလား"

တည္တံ့ေျပာလိုက္ေသာစကားေၾကာင့္ ေသြးငိုင္က်သြားကာ သူ႔ကိုပါသတိရသြားၿပီး မ်က္ရည္က ဝဲျပည့္တတ္လာ၏။ သူမလုပ္ထားသည့္ကိစၥကို ေနာင္တမရခ်င္ေသာေၾကာင့္ ဝဲတတ္လာသည့္မ်က္ရည္စတို႔ကို ပြတ္သုတ္ပစ္လိုက္၏။

ကိုနဲ႔အခုထိ ကြာရွင္းထားတယ္ဆိုတဲ့အေၾကာင္းကို ၾကားလွ်င္ ေနသားမက်ေနေသး....

ေသြးတို႔ကြာရွင္းလိုက္တာ တစ္ပတ္တိတိရွိသြားၿပီး၊ ေသြးက ႐ုံးခန္းလုပ္ထားသည့္အိမ္မွာျပန္လာေနခဲ့လိုက္ကာ သူနဲ႔အဆက္အသြယ္ျဖတ္ထားသည္။

ဒီလိုလုပ္သြားလို႔ သူလည္းေသြးအေပၚစိတ္နာႏိုင္သည္ကို ေတြးမိလွ်င္ ေနာင္တရေပမယ့္ ဒီလိုလုပ္မွျဖစ္မွာမို႔လို႔ပါ။

သူကေတာ့ မာမီနဲ႔ ဒတ္သိသြားမွာဆိုး၍ ေသြးကို အနားယူခ်င္လို႔ အိမ္ခဏျပန္သြားသည္ဟု လိမ္ေပးခဲ့ရသည္။ မာမီတို႔သိသြားလို႔ ေမးလာလွ်င္ သူမတို႔ေျဖတတ္မွာမဟုတ္သလို ေသြးလည္း မာမီကို အမွန္တိုင္းမေျပာျပခ်င္။ ဒါေပမယ့္ေရရွည္မွာ အလိမ္ေပၚသြားႏိုင္သည္မို႔ တစ္ေန႔ေတာ့ ကြာရွင္းသည့္အေၾကာင္းကို ေျပာျပရအုံးမည္....

"ဒီကိစၥမွာ ေသြးမွားမွန္းသိပါတယ္"

တစ္ပတ္အတြင္းသိမ္းထားရေသာ ေသြးသည္ ဆို႔နစ္မႈတစ္ခုကို ပထမဆုံးအႀကိမ္ထုတ္ေျပာမိ၏။

"ေသြး သူ႔ကို ေန႔တိုင္းသတိရတယ္။ ဒီလိုအခ်ိန္မ်ိဳးေရာက္လာရင္ ေသြးစိတ္ပင္ပန္းေစမဲ့ ဒီအရာေရာက္လာတဲ့အခ်ိန္က် သူေသြးကို ကာကြယ္ေပးမယ္လို႔ေျပာထားရက္သားနဲ႔ သူ႔စကားကိုနားမေထာင္ဘဲ ေသြးသူ႔ကို ေမာင္းထုတ္ပစ္လိုက္မိတယ္။ သူအရမ္းခံစားရမွာ၊ ေသြးမွားသြားမွန္းသိေပမယ့္....."

အမွန္တကယ္ ေသြးသူ႔ကိုအေဝးပို႔လိုက္တာက မမွန္ေသာ ဆုံးျဖတ္ခ်က္ဆို‌တာသိသည္။ ေသြးအနားမွာရွိေစခ်င္ေပမယ့္....

လက္ႏွစ္ဖက္နဲ႔မ်က္ႏွာကိုအုပ္ကာ တသိမ့္သိမ့္တုန္လာ၍ငိုလာလွ်င္ တည္တံ့သည္လည္း ဘယ္လိုႏွစ္သိမ့္ေပးရမွန္းမသိ။ စားပြဲေပၚက သစ္ရွဴးေဘာစ္က သစ္ရွဴးကို ေသြးလက္ထဲထည့္ေပးကာ......

"မင္းလည္း သူ႔ကို ကာကြယ္ေပးခ်င္လို႔ ေမာင္းထုတ္ခဲ့မိတာပဲ။ မင္းမမွားပါဘူး၊ မင္းအေကာင္းဆုံး ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တာပါ...."

"သူ ေသြးကို စိတ္နာေနေလာက္ၿပီေနာ္"

" မင္းလုပ္ခဲ့တဲ့ အမွားရဲ႕အက်ိဳးဆက္ပဲ။ လုပ္ရဲရင္ ခံရဲရမယ္ ယွဥ္ရဲရင့္ေသြး၊ အမႈကိုအာ႐ုံစိုက္ၿပီးမွ ကိုယ္ေရးကိုယ္တာကို ေနာက္မွေျဖရွင္း"

မာဃမုန္းသြားၿပီမလားဟု စိုးရိမ္ေနေသာ ေကာင္မေလးက ကြာရွင္းမယ္ဟုေျပာတုန္းက ဒါကိုဘာလို႔မေတြးခဲ့တာ ဘာလိမ့္။ ယွဥ္ရဲရင့္ေသြးဆိုသည့္ မိန္းကေလးက သူ႔ဆုံးျဖတ္ခ်က္တို႔ကို ခ်ၿပီးလွ်င္ တစ္ခ်က္မွ ျပန္လွည့္မၾကည့္ေတာ့သည့္ ေခါင္းမာသည့္အမ်ိဳးသမီး။

🏷️♡♡♡♡♡♡♡♡♡♡♡♡♡♡🏷️

"ေတာင္းပန္ပါတယ္..."

"ေတာင္းပန္ပါတယ္ မင္းအေပၚမွာလုပ္မိသြားတဲ့ ဒီအေဖတစ္ေယာက္ရဲ႕အမွားေတြက ခြင့္လႊတ္စရာမရွိေပမယ့္ ေျပာစရာဒီစကားကလြဲၿပီး ဘာမွမရွိေတာ့လို႔ပါ...."

အရင္လိုေတြ႕ဖူးေနၾက ျမင္ေနရေသာလူ၏ မ်က္ႏွာမွာ ညႇိဳးေမွာင္က်ေနသည္။ ေနာင္တတရားတို႔မ်ား ခံစားေနမလားဟု မ်က္ဝန္းကေနအေျဖရွာၾကည့္ေတာ့ ဝမ္းနည္းရိပ္အထင္းသားတို႔ေတာ့ ေပၚလြင္ေန၏။ ေနာင္တရေနမလား မရဘူးလားဆိုတာ ထိုလူသာ သိလိမ့္မည္။

သူ႔အေရွ႕၌ ျမင္ေနရေသာလူကို သူခြင့္လႊတ္သင့္လား မသင့္လား ဆိုသည္ထက္ တစ္စုံတစ္ေယာက္ကေပးလာေသာ အျပစ္ဒဏ္ေလာက္ အေရးမပါေန ဟု ခံစားေနရသည္။

"ကြၽန္ေတာ့္ကေလးသာ ေလာကမွာရွိေနေသးရင္ ေသြးက ကြၽန္ေတာ့္နဲ႔အတူ သားသား မီးမီးေလးကိုပါ ထပ္မုန္းတီးေနမွာလားမသိဘူးေနာ္..... "

ေျပာျပေနတာမဟုတ္ဘဲ သူ႔စိတ္ထဲက ေၾကကြဲမႈကို အျပင္ကိုထုတ္ေျပာခ်င္႐ုံေလးပါ။

"ကြၽန္ေတာ္တို႔ႏွစ္ေယာက္မွာ စိတ္ကူးယဥ္အိပ္မက္ မက္ခြင့္ရွိမယ့္လူေတြထင္လို႔ ႏွစ္ဦးသေဘာတူ ႐ူးသြပ္ၿပီး မိသားစုတစ္ခုကို ဖန္တီးဖို႔ႀကိဳးစားခဲ့ၾကတယ္၊ ဒီလို ကံၾကမၼာဆိုးေတြ မသိခင္တုန္းကေလ။ ရင္ေသြးေလးကို ခင္ဗ်ားလက္ထဲမွာ ဆုံးရႈံးရမယ္မွန္းသိရင္ အစကတည္းက ေသြးကို ကြၽန္ေတာ္လက္မထပ္ခဲ့သင့္ဘူးေနာ္"

မရည္႐ြယ္ဘဲ မ်က္ရည္ကေပါက္ခနဲ႔က်လာေတာ့ သူ မသုတ္ပစ္ပဲ ေခါင္းေမာ့ျပစ္လိုက္ၿပီး ထပ္မက်ေအာင္ ထိန္းလိုက္၏။

ဒီမ်က္ရည္ေတြက်တာက ဒီအေရွ႕ကလူသားေၾကာင့္မဟုတ္ဘဲ ႏွလုံးသားတစ္ခုလုံးကို ေသြးေအးစြာစီရင္ဆုံးျဖတ္ၿပီး အျပစ္ဒဏ္ခက္ခဲ့ေသာ အေဝးေရာက္ခ်စ္ရသူေလးေၾကာင့္ဆိုတာ သူမသည္လည္း သိမွာမဟုတ္ဘူး.....

"ခင္ဗ်ားေျပာတာသိပ္မွန္တယ္၊ ကြၽန္ေတာ့္အခ်စ္က ေသြးအိပ္ေနသေလာက္ပဲရွိတယ္ဆိုတာ။ သူကြၽန္ေတာ့္မ်က္ႏွာကိုတစ္ခ်က္မွမငဲ့ဘဲ ကြာရွင္းသြားတယ္။ သူ႔ေလာက္ ကြၽန္ေတာ္မျပက္သားႏိုင္ဘူး။ သူေျပာျပဖူးတယ္ သူ႔လက္နဲ႔သူကိုယ္တိုင္တရားခံကိုအျပစ္ေပးမွာတဲ့ သူတကယ္ပဲ ခင္ဗ်ားထပ္ ပိုၿပီးအင္အားႀကီးေအာင္ လည္းႀကိဳးစားေနထိုင္ခဲ့တယ္။ သူ ခင္ဗ်ားကို ေန႔တိုင္းလိုက္ရွာေနတာ...."

ဒီလူက ေသြးရဲ႕မိဘကိုေသြးေအးစြာသတ္ျဖတ္သြားသည့္လူသတ္သမား။ ေသြးနဲ႔ေသြးသစ္ကို ျပန္ေပးဆြဲသြားတဲ့တရားခံ....

ဒီလူဟာ ေသြးေန႔တိုင္းအဆက္မျပက္ အိပ္မက္ထဲမွာရွာေဖြေနသည့္လူ မေကာင္းဆိုးဝါး....

"မိုး႐ြာတဲ့ေန႔ေတြဆို ခင္ဗ်ားသူ႔အနားကိုလာေနၿပီ သူ႔ကိုသံႀကိဳးနဲ႔ခ်ည္ေနၿပီ ဆိုၿပီး၊ ‌ေယာင္ၿပီး ေအာ္ဟစ္ေနရင္းနဲ႔သတိလစ္သြားတဲ့အခါမ်ိဳးဆို ကြၽန္ေတာ့္ ဒီႏွလုံးသားက ေသမတတ္နာက်င္ခံစားရတယ္၊ သူလည္း ေသသူနဲ႔ မျခားနားပဲ နာက်င္ရတယ္။

သူျပန္ႏိုးလာရင္လည္း ဘာမွမျဖစ္ခဲ့သလိုမ်ိဳးပဲ သူဘာေျပာလဲသိလား။ ဒီသတိလစ္တတ္တဲ့အျဖစ္အပ်က္ေတြက ေန႔တိုင္းလိုလိုႀကဳံေနရေတာ့ ထုံသြားလို႔ ထူးဆန္းတယ္လို႔ေတာင္မခံစားရေတာ့ဘူးတဲ့....

လုပ္သြားတဲ့တရားခံက ေမ့ခ်င္ေမ့သြားလိမ့္မယ္ သူႀကဳံခဲ့ရတဲ့ငရဲတြင္းကို သူ႔အသက္ဆယ္ႏွစ္၊ ကြၽန္ေတာ့္ေမြးေန႔ကအျပန္ည ဒီေန႔ဒီအခ်ိန္ထိ အဲဒီဂိုေဒါင္ထဲမွာပဲ သူ႔မွတ္ဉာဏ္ေတြက ပိတ္မိေနတုန္းပဲတဲ့..."

" အေဖေတာင္းပန္ပါတယ္သား...."

"မေတာင္းပန္ပါနဲ႔....၊ ေတာင္းပန္တိုင္း ကြၽန္ေတာ္က ခင္ဗ်ားသားျဖစ္လာမွာမဟုတ္ဘူး၊ ေသြးလည္း အဲ့ဒီဂိုေဒါင္ကေန႐ုန္းမထြက္လာႏိုင္သလို ကြၽန္ေတာ့္ကေလးလည္းျပန္အသက္မရွင္လာေတာ့ဘူး၊ တစ္ခုပဲ..."

"ဟင္... အေဖဘာလုပ္ေပးရမလဲ သား"

ဦးသီဟသူမွာ သူသည္ သူ႔သားအေပၚမွာ အမွားမ်ားစြာကို က်ဴးလြန္ရင္း က်ဴးလြန္ေနခဲ့ၿပီ။ အခုဆို သူ႔သားဟာ သူ႔အေပၚ ကို မုန္းတီးေနသည္၊ နာက်ည္းေနသည္ထပ္ ဘာမွ မခံစားရသလို ခံစားခ်က္ကင္းမဲ့ေနပုံက သူ႔ေမွ်ာ္လင့္ခဲ့ဖူးသည့္ အတူတူေနၾကရန္ဆိုတာက ဘယ္လိုမွမျဖစ္ႏိုင္ဘူးဆိုတာ ဒီဘဝမွာအတပ္သိလိုက္ပါၿပီ....

တစ္ဆက္တည္း သူျမင္ေနက် တည္ၾကည္ခန႔္ညားတို႔ပုံရိပ္တို႔ေပ်ာက္ကြယ္ေနကာ အရႈံးသမားလို အျပစ္သားတစ္ေယာက္လို လက္မႈိင္ေျခမႈိင္နဲ႔ျဖစ္ေနေသာေၾကာင့္ ပို၍ရင္ကြဲရသူဟာ သူျဖစ္ေန၏။

အျပင္မွာ မ်က္ရည္က်ခြင့္မရွိေပမယ့္ ရင္ထဲမွေသြးမ်က္ရည္တို႔က သားေပးေသာ အျပစ္‌ဒဏ္တို႔နဲ႔အတူ အလူးအလွိမ့္ပါပဲ။

သူ႔ဘဝမွာ လိုအပ္ေနတာက သူ႔ေသြးသားေလး သူ႔ကို အသိအမွတ္ျပဳဖို႔တစ္ခုသာ ဆႏၵရွိသည္။

"အေဖ့ကို အေဖအျဖစ္နဲ႔ မျမင္ႏိုင္ေသးဘူးလားဟင္ သား.."

တိုးလ်ေသာ အသံနက သူ႔ကို အေၾကာင္းမဲ့ေငးေစ၏။

"ကြၽန္ေတာ္က ခင္ဗ်ားကို အေဖေနရာမွာ အသိအမွတ္ျပဳခံရဖို႔အတြက္မ်ား ခင္ဗ်ားက SPမွာ လူယုံဝင္လုပ္ခဲ့တာလား"

သူ႔ေမးခြန္းထြက္လာတာနဲ႔ ဦးသီဟသူ၏ မ်က္ႏွာေလးက သူ႔ကိုေမာ့ၾကည့္လာလွ်င္ သူ႔ဆီမွာ ခံစားခ်က္မဲ့ေနေသာမ်က္ႏွာက မရယ္မၿပဳံးနဲ႔ရွိေန၏။

"ဟို..."

"ကြၽန္ေတာ္အသိအမွတ္ျပဳတာခံရဖို႔မ်ား ေသြးတို႔မိဘကို သတ္ခဲ့ၿပီး ေသြးတို႔ကို ျပန္ေပးဆြဲခဲ့တာလား။ ခင္ဗ်ားရဲ႕ကိုယ္ပိုင္ေလာဘေတြပါ ဦးသီဟသူ။ သူမ်ားႀကိဳးဆြဲကိုင္တိုင္း လိုက္ကရေအာင္ ခင္ဗ်ားက အသိဉာဏ္ကင္းမဲ့ေနတဲ့လူမွမဟုတ္တာ။ ခင္ဗ်ားကိုယ္တိုင္က သူမ်ားကိုအားကိုးခ်င္လို႔ သူမ်ားပိုင္ဆိုင္မႈကို ေလာဘႀကီးစြာမက္ေမာေနလို႔ ရာဇဝတ္မႈေတြက်ဴးလြန္ခဲ့တာပါ.....

ၿပီးေတာ့မတန္မရာနဲ႔ သူမ်ားသားသမီးကို ခိုးယူေပါင္းသင္းၿပီး မရွာေကြၽးႏိုင္လို႔ အရွက္သိကၡာမရွိမ်က္ႏွာေျပာင္ေျပာင္နဲ႔ အိမ္ေပၚတတ္လာခဲ့တဲ့ အက်ိဳးဆက္ကို ကြၽန္ေတာ့္ဆီက အသိအမွတ္ျပဳခံရဖို႔ ႀကိဳးစားေနတယ္လို႔ အျပစ္မေတြမလႊဲခ်ပါနဲ႔၊ ယုတၱိမရွိဘူး...."

"ဟား..."

နာက်ည္းစြာရယ္မိတာက မာဃကအဆုံးထိ သူ႔အေပၚအထင္လြဲေနတုန္းပဲ။

"ေကာင္းၿပီး မင္းက ငါ့သားမဟုတ္ပါဘူး ဝီလ်ံဟတ္တန္ရဲ႕သားပါ။ ေကာင္းၿပီ မင္းေသြးသားကို သတ္တဲ့တရားခံအျဖစ္နဲ႔ ငါ့ကိုသတ္မွတ္ထားတယ္ဆိုေတာ့ ငါတို႔မွာ ေျပာစရာစကားမရွိေတာ့ဘူး။ တရားခြင္မွာ ဆက္ေတြ႕ၾကတာေပါ့.....

မင္းမိန္းမႏိုင္မလား ငါဒီထဲကေနလြတ္မလားဆိုတာ မင္းေစာင့္ၾကည့္ေန...."

"နားမလည္လို႔ေမးၾကည့္ခ်င္ေနတာတစ္ခုရွိတယ္"

ဆက္ခနဲ႔မတ္တပ္ရပ္လိုက္ေသာ တံတိုင္းေနာက္က ဦးသီဟသူနဲ႔ ပတ္သက္ၿပီး သူစိတ္ဝင္စားတာ ဒီတစ္ခါပထမဆုံးပါပဲ။ ဒါကိုဦးသီဟသူကလည္း အံ့အားသင့္ေနၿပီး ေက်ာက္႐ုပ္လို ရပ္ေနဆဲ.....

"ေသြးရဲ႕မိဘကို ဘယ္သူကသတ္ခိုင္းတာလည္း ဖိုးဖိုးမိုးရဲေခါင္လား၊ ဦးသတိုးစံလား ဘာေတြျဖစ္ခဲ့ၾကလဲဆိုတာ ေျပာျပပါ"

သူဘာေၾကာင့္ေမးလဲဆိုလွ်င္ ဒီအေျဖေၾကာင့္ ေသြးနဲ႔သူ႔ၾကားတြင္ ဘယ္ေလာက္အကြာအေဝးေတြ ထပ္ ေဝးကြာသြားႏိုင္မလဲဆိုတာ သိခ်င္လာေသာေၾကာင့္ပဲ။

အနည္းဆုံးေတာ့ မာမီနဲ႔ဦးသီဟသူတို႔မွာ တစ္ေယာက္ဘက္ကိုေတာ့ အျပစ္ကင္းပါ‌ေစဟု ေမွ်ာ္လင့္ခ်က္ထားမိေသာေၾကာင့္။ ေနာက္မဟုတ္ သူ႔ခႏၲာကိုယ္မွာတည္ေဆာက္ထားေသာ အေသြးအသားေတြကိုက လူ႔ေလာကမွာ မထားသင့္ေတာ့တဲ့ အရာမ်ားျဖစ္ေနမလားဟု ေတြးမိသည္။

"မင္းနဲ႔ငါ့ၾကားမွာ ဘာပတ္သက္မႈမွ မရွိမွေတာ့ ေျပာျပစရာအေၾကာင္းမရွိဘူး။ သိခ်င္ ငါ့ေရွ႕ေနကိုပဲေမး သူေျဖေပးလိမ့္မယ္..."

"ေသြးတို႔ကို ဘာေၾကာင့္အသက္ရွင္ခြင့္ေပးခဲ့လည္း ကားထဲမွာ ကေလးေတြရွိတာကို မသိခဲ့လို႔လား..... ကေလးေတြကို ဘာေၾကာင့္ဖြက္ထားခဲ့တာလဲ။ အနည္းဆုံးေတာ့ ေသြးတို႔ကို သတ္ဖို႔စိတ္ကူးရွိလား မရွိဘူးလားဆိုတာ သိခ်င္တယ္ ေျဖေပးပါ ေတာင္းဆိုပါတယ္ ကြၽန္ေတာ့္ကို ဒါေလးေတာ့ ေက်းဇူးျပဳ၍ ေျဖေပးပါ..."

သူဘယ္လိုပဲအေျဖေပးေပး သားက သူ႔အေပၚေျပာင္းလဲလာမွာမွမဟုတ္တာ......

"ငါ့အေျဖက မင္းအတြက္အေရးႀကီးလို႔လား"

"အေရးႀကီးတယ္၊ ကြၽန္ေတာ့္တစ္ဘဝစာလုံးကို ေသြးေပးတဲ့အျပစ္ဒဏ္နဲ႔ ေက်ေက်နပ္‌နပ္ခံယူမွာမို႔လို႔ အရမ္းကိုအေရးႀကီးပါတယ္"

မာဃနဲ႔သီဟသူဆိုသည့္လူတို႔ တူညီသည့္ေနရာက မိန္းကေလးတစ္ေယာက္အေပၚ မွာထားသည့္ တြယ္တာမႈတို႔ပါပဲ.....

မိုးသားေပးတဲ့အျပစ္ဒဏ္က သူ႔ကိုသူမရဲ႕မွတ္ဉာဏ္ထဲမွာ ေဖ်ာက္ပစ္လိုက္တာျဖစ္ၿပီး မာဃကို ယွဥ္ရဲရင့္ေသြးက ရာဇဝတ္သားတစ္ေယာက္လို ဆက္ဆံမႈတို႔ျဖစ္၏။

"မင္းေၾကာင့္"

"မင္းေၾကာင့္.... ငါ့မွာလူစိတ္မရွိရင္ေတာင္ ငါ့သားအ႐ြယ္ကေလးေတြကို ငါမလုပ္ရက္ဘူး။ ငါ့ကိုခိုင္းခဲ့တာ ကားေပၚမွာ အသက္ရွင္တဲ့လူမရွိေစရဘူးဆိုတာနဲ႔ အသက္ရွင္ေနတဲ့ကေလးႏွစ္ေယာက္ကို သူတို႔ေတြ႕သြားမွာဆိုးလို႔ ငါေခၚထားမိတယ္...

ကေလးေတြက မိုးသားနဲ႔စကားေျပာေနတာကို ငါေတြ႕လိုက္တယ္။ မင္းနဲ႔မိုးသားရယ္ ဒီကေလးေတြနဲ႔ရင္းႏွီးေနမွန္းသိေတာ့ ငါလည္း ဘာလုပ္ရမွန္းမသိတာနဲ႔......"

ႀကိဳတင္ႀကံစည္းထားေသာ ယာဥ္တိုက္မႈပဲ။ တရားသူႀကီး ဦးထိန္လင္းေသြး၏သမီးနဲ႔သားမက္တို႔ကို မေတာ္တဆမႈျဖစ္ေအာင္ ဖန္တီးရန္ သူ႔ကိုအမိန႔္ေပး ေစခိုင္းထားျခင္းေၾကာင့္ ဦးမင္းသစ္ ေဒၚႏွင္းဆီရဲနီတို႔ကို လုပ္ႀကံရမည္။

ခိုင္းသည့္အတိုင္းကို လုပ္ေပးမွ သူ႔သား မာဃဟတ္တန္လည္း လုံၿခဳံမွာမို႔....

ဒီအတြက္ အခြင့္အေရးေကာင္းေသာ အခ်ိန္ျဖစ္သည့္ မာဃဟတ္တန္၏ ေမြးေန႔ပါတီပြဲေလးညမွာ အစီအစဥ္ကို ႀကံစည္ခဲ့သည္။ သူသည္ မိုးသားတို႔အိမ္အနားတစ္ဝိုက္ကိုႀကိဳေရာက္ေနၿပီး အေျခအေနကို အကဲခက္ရသည္။ မိုးသား မာဃေလးနဲ႔ ထိုကေလးေမာင္ႏွမေလးတို႔စကားေျပာေနၾကတာကိုလည္း သူၿခံေထာင့္တစ္ေနရာကေန လွမ္းျမင္လိုက္သည္။ ထို႔ေၾကာင့္ ကားတိုက္ၿပီးေနာက္မွာ အသက္ရွင္က်န္မက်န္သြားစစ္ေဆးစဥ္မွာ ကေလးႏွစ္ေယာက္ကအသက္ရွင္ေနေသးေသာေၾကာင့္ သူအိမ္တစ္လုံးထဲမွာ ဖြက္ထားခဲ့မိသည္။

အကယ္၍ ကားထဲမွာအသက္ရွင္ေနတဲ့လူ က်န္ရစ္ခဲ့လွ်င္ မာဃဟတ္တန္ေလးကို အႏၲရာယ္ျပဳမည္ဟု ၿခိမ္းေျခာက္ျခင္းခံထားရေသာေၾကာင့္ အမွားလုပ္မိသြားခဲ့သည့္အရာက အခု သူ႔ကို တျပန္ တန္ျပန္သက္ေရာက္မႈျဖစ္လာေစသည္။

ဒီအမွားအက်ိဳးဆက္ကို အျပစ္ခံယူမည္ဟု ဆုံးျဖတ္ခ်က္မခ်ရဲခဲ့တာက မာဃ၏မိန္းမျဖစ္ေသာ ယွဥ္ရဲရင့္ေသြးက သူဖြက္ထားသည့္ကေလးျဖစ္ေနေၾကာင္းကို သိခဲ့ရတုန္းက။

ဒီကိစၥကို ‌မာဃနဲ႔ ယွဥ္ရဲရင့္ေသြးသိသြားမွာ အင္မတန္ေၾကာက္႐ြံ႕ေနခဲ့တာ။ မာဃရဲ႕အိမ္ေထာင္ေရးဒီလိုျဖစ္သြားမွာကို သူေၾကာက္ခဲ့ေပမယ့္ ယွဥ္ရဲရင့္ေသြးက သူ႔ဆီကိုေရာက္ေအာင္လာခဲ့တာပဲ......

"အဲ့ဒီကေလးေတြက ငါ့သားအ႐ြယ္ေလးေတြ သူတို႔ေတြက ငါ့သားရဲ႕သူငယ္ခ်င္းျဖစ္ေနမလားဆိုတဲ့စိတ္နဲ႔ ငါကာကြယ္သင့္တယ္ထင္လို႔ ေခၚသြားမိတယ္။

ဟြန႔္.... ငါအသက္ရွင္ခြင့္ေပးတဲ့ကေလးက ငါ့ကိုမိသြားလိမ့္မယ္လို႔ မထင္ခဲ့ဘူး။ ဒီေကာင္မေလးရဲ႕ သတၱိကို ငါေလးစားတယ္။ အဲ့ဒီတုန္းက ငါ့ကိုၾကည့္တဲ့အၾကည့္ကို အခုထိမေမ့ေသးဘူး ျခေသၤ့တစ္ေကာင္လိုပဲ ရဲရင့္တယ္....."

"ခင္ဗ်ား အျပစ္ေတြကိုဝန္ခံလိုက္။ ေသြးတို႔မိသားစုကိုလုပ္ႀကံခဲ့တဲ့အျပစ္အတြက္ ခင္ဗ်ားေနာင္တရေနဖို႔ ‌ကြၽန္ေတာ္ေမွ်ာ္လင့္တယ္၊ ကြၽန္ေတာ္က ခင္ဗ်ားကို ဘာမွျပန္မလုပ္ႏိုင္လို႔ ဒီအတိုင္းရပ္ၾကည့္ေနခဲ့တာမဟုတ္ဘူး၊ ေသြးက ကြၽန္ေတာ့္ကို ခင္ဗ်ားနဲ႔မပတ္သက္ေစခ်င္လို႔ သူဖယ္ထုတ္ပစ္ခဲ့ေပမယ့္ သူ႔ေနာက္ကြယ္မွာ ကြၽန္ေတာ္ရွိေနတယ္ဆိုတာကို အၿမဲသိထားေပးပါ"

"ခင္ဗ်ားဟာ ဦးသီဟသူျဖစ္ေၾကာင္းကို စစ္ေဆးတဲ့အခါ မာမီအေၾကာင္းကို လုံးဝမေျပာမိေစနဲ႔၊ သူ႔ကို အမွန္တကယ္ခ်စ္ခဲ့တယ္ဆိုရင္ မာမီ့ကို ခ်စ္တဲ့စိတ္နဲ႔ ကာကြယ္ေပးပါ"

ဒီေန႔ရဲ႕ပထမဆုံးလူေတြ႕စာရင္းမွာ ဒီဧည့္သည္က သူ႔ကိုအႀကီးအက်ယ္ရင္နာေစ၏။

ဟုတ္မယ္ ခ်စ္ရသူကို ကိုယ့္လက္ကိုယ့္ေျခနဲ႔မေစာင့္ေရွာက္ႏိုင္ခဲ့လို႔ သူ႔ကိုျပစ္ဒဏ္ခက္လိုက္တာျဖစ္မည္။

ထိုေနာက္ သူတစ္ခါမွမေမွ်ာ္လင့္ဖူးေသာ ဧည့္သည္တစ္ဦးက သူ႔ဆီလာေတြ႕ေသာေၾကာင့္ သူေတြ႕ဖို႔ဆုံးျဖတ္ခဲ့မိတာက လြန္ခဲ့ေသာ15ႏွစ္က သူတို႔ႏွစ္ဦးၾကားက ပတ္သက္မႈတစ္ခုေၾကာင့္.....

မေတြ႕ရတာၾကာၿပီ၊ မင္းလည္းႀကီးလာၿပီးကေလး....

🏷️♡♡♡♡♡♡♡♡♡♡♡♡♡🏷️

AB Law Frim...

ၾကက္ေသြးေရာင္နဲ႔ ျခယ္မႈန္ထားေသာ ဆိုင္းဘုတ္ေလးကိုၾကည့္လိုက္ အေဆာက္အအုံထဲက ထြန္းလင္းထားေသာညမီးတို႔ကိုလွမ္းၾကည့္လိုက္နဲ႔ တစ္ေယာက္ေသာသူမ်ားကို ေတြ႕ရမလားဟု ေမွ်ာ္လင့္ေနမိသည္။

သူမဒီတစ္ေလာ ဖိုးဖိုးဖြားဖြားရွိေသာအိမ္ကိုလည္းမျပန္ပဲ ႐ုံးခ်ိန္းအတြက္နဲ႔အလုပ္ရႈပ္ေနသည္။ ဘယ္ေလာက္ေတာင္ပင္ပန္းေနမလဲ။ မၾကာခင္ကမွ ခႏၲာကိုယ္မက်န္းမာထားသည့္အျပင္ စိတ္ပင္ပမ္း၊ လူပင္ပမ္း၊ ဖိအားမႈေပါင္းစုံနဲ႔ သူမအခုထိသြားလာလႈပ္ရွားေနတာကို အေဝးကေနျမင္ရလွ်င္ ဘယ္အခ်ိန္မ်ား ၿပိဳလဲသြားမလည္းဟု ရင္တဒိတ္ဒိတ္နဲ႔စိုးရိမ္ေနရသည္။ အနားမွာမရွိေပးႏိုင္ေသာေၾကာင့္ ေသြးသစ္ကို အနားမွာအခ်ိန္ျပည့္ေနဖို႔လည္း အကူအညီေတာင္းထားရသည္။

"အစ္ကို..."

အေနာက္ကေန ဆိုင္ကယ္တစ္စီးေပၚခြထားရင္းနဲ႔ေသြးသစ္က သူ႔အနားကိုေရာက္လာၿပီးႏႈတ္ဆက္လိုက္ေသာေၾကာင့္ သူခိုးလူမိသြားသလို သူမခ်ိမဲ့ၿပဳံးလိုက္ရသည္။အစ္မကိုလာေခ်ာင္းတာ ေမာင္ကမိသြားတဲ့အျဖစ္....

"အင္း ညီ.... ဘယ္ကလာလဲ"

"ဟိုေရွ႕ေနတစ္ဖြဲ႕စားဖို႔ စားစရာသြားဝယ္တာ၊ ဘယ္ကလွည့္လာလဲ"

ဘယ္ကိုမွလွည့္စရာမရွိ ဒီေနရာကိုပဲ တည့္တည့္မတ္မတ္လာတာမလို႔ စကားလမ္းေၾကာင္းလႊဲဖို႔က ဒီအနားမွာ အသိတစ္ေယာက္မွလည္း မရွိေန၊ သြားပါၿပီ.....

ေသြးသစ္ကလည္း အထဲကိုေခၚသြားဖို႔ စိတ္ကူးမရွိေနပုံရသည္။

သူ႔စကားေၾကာင့္ လည္ပင္းေပၚလက္တင္ကာ အလိမ္ေပၚသြားသူပမာ လုပ္ေနပုံနဲ႔ အေနရခက္ေနေသာအစ္ကို႔ကို လမ္းေၾကာင္းဖြင့္ေပးသည့္အေနနဲ႔.....

"ကြၽန္ေတာ္ေတာင္းထားတဲ့အကူအညီအဆင္ေျပလား အစ္ကို..."

"ဟမ္... ဪ ရၿပီ၊ ပါလာတယ္ အဲ့ဒါမင္းကိုေပးခ်င္လို႔ လာရင္းနဲ႔......"

အခုမွစကားလုံးထြက္ေပါက္ရသြားသည္ႏွယ္ မာဃက သူ႔ကားထဲက ဖိုင္တစ္ခုကို လ်င္ျမန္စြာဆြဲယူၿပီး ေသြးသစ္ဆီကို လွမ္းေပးေတာ့မွ အသက္ရွဴေခ်ာင္သြားေတာ့၏။

ဟူး...

"အင္း....ဒီအတြက္လာတာပါ၊ ဒီဟာေၾကာင့္..."

"သိပါတယ္..."

အစ္ကို႔ရဲ႕ေၾကာင္ေတာင္ေတာင္ႏိုင္ပုံနဲ႔ ရွက္ကိုးရွက္ကန္း ျဖစ္သြားပုံကို အခုမွျမင္ဖူးသည္မို႔ သူလွစ္ခနဲ႔ၿပဳံးလိုက္လွ်င္ ထိုအခါမွ မာဃသည္ သူ႔ကိုေသြးသစ္တစ္ေယာက္ လုံးဝသူခိုးမိသြားၿပီဆိုသည့္အၿပဳံးနဲ႔ၿပဳံးလာေသာေၾကာင့္ သူဒီေနရာမွာပဲ အေငြ႕ထပ်ံခ်င္စိတ္ေပါက္သြားေတာ့သည္.....

"ဒီဖိုင္အတြက္ေက်းဇူးပါ"

"မလိုပါဘူး မင္းတို႔အတြက္ အကူအညီေသးေသးေလးတစ္ေနရာေလာက္မွာ ဒီဖိုင္အသုံးဝင္ရင္ ရပါၿပီ"

"အစ္ကို႔ဖိုင္က ဒီအမႈတစ္ခုလုံးလိုအပ္တဲ့ အခ်က္အလက္ေတြပါ။ ၿပီးေတာ့ မေန႔က ဦးသီဟသူနဲ႔ေတြ႕ခဲ့တယ္မလား။ သက္ေသ ေပ်ာက္ဆုံးေနတဲ့အမႈမွာ သူ႔အျပစ္ကိုသူဝန္ခံဖို႔တြန္းအားတစ္ခုကို အစ္ကိုကလုပ္ေပးခဲ့တာပဲေလ......

အစ္ကို႔ဆီကရတဲ့အကူအညီေတြကို ေသြးကအခုခ်ိန္မွာအသိမေပးခ်င္ဘူးဆိုေပမယ့္ အခ်ိန္တစ္ခုက်ေရာက္လာရင္ သူ႔ကို အစ္ကို အသိေပးလိုက္ပါ။ အခု သူ႔စိတ္အေျခအေနမေကာင္းလို႔ ဒီလိုလုပ္ေနတာပါ အစ္ကိုကပဲ နားလည္ေပးလိုက္ပါဗ်ာ..."

အစ္ကိုေပးေသာအခ်က္အလက္တို႔က ဦးသီဟသူ၏ငယ္ဘဝ ေဆြမ်ိဳးသားခ်င္းေနာက္ေၾကာင္းရာဇဝင္နဲ႔ တရားမဝင္လုပ္ငန္းအခ်ိဳ႕တို႔ရဲ႕ အေၾကာင္းအရာတို႔ပါဝင္ေန၏။

"အင္းပါ..."

ေသြးစိတ္အေျခအေနေၾကာင့္ သူ႔ကို ကြာရွင္းခဲ့တာမွန္ေပမယ့္ ‌ေနာက္ထပ္နီးစပ္လာဖို႔အတြက္ သူမမွာအေတြးမရွိဘူးဆိုတာ သူသိသည္။

"ၿပီးေတာ့ ေဆး႐ုံမွာ ကြၽန္ေတာ္ရင့္သြားတယ္ ေတာင္းပန္ပါတယ္အစ္ကို"

"မဟုတ္တာ မင္းေနရာမွာ ငါဆိုလည္း ဒီလိုေျပာမိမွာပဲ... ကိစၥမရွိဘူး... သူ႔ကိုဂ႐ုစိုက္ေပးေနာ္ အရမ္းေခါင္းမာတယ္"

"ဟုတ္ပါၿပီဗ်ာ"

‌ ထပ္မ်ားအျပင္ထြက္မလားဟု တိတ္တိတ္ေလး ေမွ်ာ္လင့္ေနခဲ့ေပမယ့္ ေသြးသစ္နဲ႔ပဲ ေတြ႕လိုက္ရသျဖင့္ သူဒီေလာက္နဲ႔ပဲ ဒီေန႔အတြက္ ေက်နပ္လိုက္ေတာ့မည္။

ေသြးသစ္ဝင္သြားၿပီးလွ်င္ အျပင္မွာ သူတစ္ေယာက္သာ ရပ္က်န္ေနခဲ့သည္။ လက္ထဲကဖုန္းကေန သူမကိုေခၚခ်င္ေနစိတ္က တဖြားဖြားခုန္ေပါက္ေန၏။ သူမအသံေလးကို စကၠန႔္ပိုင္းေလးျဖစ္ျဖစ္ ၾကားခ်င္ေန၏။ မျဖစ္ႏိုင္ေတာ့မွန္းကို လိုက္ခံလိုက္သည့္အေနနဲ႔ ဖုန္းHome Screenက ေသြးရဲ႕ရယ္ေမာေနေသာ ပုံေလးနဲ႔သာ ေျဖသိမ့္လိုက္ရသည္။

'ကို မင္းကိုအရမ္းလြမ္းေနတယ္ေသြး၊ မင္းမရွိ‌ေနတာကို ေနသားမက်ေနဘူး....'

' မိုးလင္းလို႔ အိပ္ယာကႏိုးရင္ ေမာနင္းကစ္ေပးဖို႔လူမရွိေတာ့ဘူး မနက္စာစားရင္ပိုဆိုးတယ္ ၾကက္ဥနဲ႔ေကာ္ဖီက ကို႔ကို အ႐ူးလိုပဲ ၾကည့္ေနတယ္.... ညဘက္ဆို ရင္ခြင္ထဲမွာ ေပြ႕ဖက္ထားရမယ့္ ကို႔ေႏြးေထြးမႈမရွိေတာ့ ဟာတာတာႀကီးရယ္.... ေရခဲမုန႔္ထဲဝိုင္ထည့္ၿပီး ေပါက္ကရလုပ္တတ္တဲ့ ကို႔မိန္းမကို အရမ္းလြမ္းတယ္....'

အမႈဖိုင္တြဲတို႔ၾကားထိုင္၍ အမႈဖတ္ေနေသာေကာင္မေလးပုံကို ဖုန္းထဲေန သူ႔လက္ေခ်ာင္းတို႔ထိၾကည့္ရင္း သူဘယ္ေလာက္ခ်စ္ကာ လြမ္းေနမလည္းဆိုတာ သူမသိေတာင္သိပါ့မလား......

မင္းအသံ‌ မင္းအၿပဳံးေလး မင္းရနံ႔ေလး မင္းအျပဳအမႈေလးကို မျမင္ရတဲ့ေန႔ေတြကို ကိုတစ္ေယာက္ထဲျဖတ္သန္းေနရတာ အရမ္းကိုအဓိပၸါယ္မဲ့ေနသလိုခံစားရၿပီး ေသြး......

မင္းမရွိတဲ့စကၠန႔္တိုင္းကို ကိုတစ္ေယာက္ထဲျဖတ္သန္းေနရတာ အရမ္းကိုအထီးက်န္တယ္ေသြးရယ္....

'ကိုကမင္းအေပၚကို တာဝန္ေက်တဲ့ ခင္ပြန္းတစ္ေယာက္မျဖစ္ႏိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္။ နာက်င္မႈေတြသာ ယူေဆာင္လာေပးတဲ့ ခင္ပြန္းျဖစ္ခဲ့ရတဲ့အတြက္လည္း ေတာင္းပန္ပါတယ္ '

PART 32ဆက္ရန္...

🏷️♡♡♡♡♡♡♡♡♡♡♡♡♡🏷️

Law Codeနဲ႔ပတ္သက္ၿပီး အမွားေတြပါလာခဲ့ရင္ ေဝဖန္ေထာက္ျပလို႔ရပါတယ္ေနာ၊ စာလုံးေပါင္းကေတာ့ ဒီFicတစ္ခုလုံးပီးေတာ့မွ ျပန္စစ္ေတာ့မယ္ေနာ္...

Drabin-one (13.11.2023)

Continue Reading

You'll Also Like

842K 64.3K 36
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.8M 47K 15
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
265K 3.8K 30
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
521K 42.6K 20
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...