ကိုလူချောရဲ့ ပင်တိုင်စံ(Compl...

By SaraMuu92

233K 2.6K 123

"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်... More

Into
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13

Part 9

5.2K 182 8
By SaraMuu92

အပိုင်း - ၉

"ကဲ မောင်လူချော...လာကွာ ထိုင်...."

ဦးဇေယျာမင်းညွှန်ပြသည့်ဆိုဖာမှာ သူဝင်ထိုင်သည်။ဒေါ်မာလာဦးကလည်း သူ့ကိုခရီးဦးကြိုပြု၏။ကောင်မလေးက သူ့ကိုပြုံး‌ပြီးသာကြည့်နေပြီး ဘာစကားမှတော့မဆို။ကောင်မလေး၏ ဒီနေ့အဝတ်အစားကပန်းရောင်လေးမှန်း သူသတိထားမိသည်။ဒီကောင်မလေး ပန်းရောင်ကိုတော်တော်ကြိုက်ပုံရ၏။

"..အန်ကယ်တို့ ဖုန်းနဲ့ပြောဆိုထားပြီးသားဆိုတော့ ကျန်တာသိပ်အထွေအထူးမရှိပါဘူး…အဓိကက မောင်လူချောဘယ်မှာနေဖို့ စဉ်းစားထားလဲ...."

"ဦးလေးကြီးက စံတို့အိမ်မှာပဲနေရမှာလေ..."

သူဝင်လာကတည်းက တစ်ချိန်လုံးနှုတ်ဆိတ်နေသည့်ကောင်မလေးဆီမှအသံထွက်လာသည်။သူ ဦးဇေယျာမင်းကိုသာတည့်တည့်ကြည့်လိုက်၏။

"ကျွန်တော်တို့အလုပ်က ကိုယ်ရံတော်ဖြစ်တဲ့အတွက် ကိုယ်ကာကွယ်ပေးရမယ့်သူနဲ့အနီးစပ်ဆုံး‌နေတာကောင်းပါတယ်…ဒါပေမဲ့ တစ်မိုးတည်းအောက်မှာတော့ မနေရပါဘူးဗျ…ဒါက ကျွန်တော်ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းကမ်းပါ…အဲဒါကြောင့် ဒီနားတဝိုက်မှာပဲ ကျွန်တော်နေဖို့ အိမ်ရှာပါ့မယ်..."

စံကတော့ ဦးလေးကြီးစကားတွေအများကြီးပြောတာ ဒါပထမဆုံးကြားဖူးသည်မို့ မေးလေးထောက်ပြီးနားထောင်နေသည်။သူ့အသံ၊ သူ့ဟန်ပန်က တော်တော့်ကိုဆွဲဆောင်မှုရှိ‌လွန်းလှသည်။ဩရှရှအသံအောက်ကစကားလုံးတွေဟာ အပိုအလိုမရှိ တိကျပြတ်သား၏။

"ဒီလိုလုပ်ပါ့လား မောင်လူချောရယ်…ဒီအိမ်ကြီးပေါ်မှာမနေချင်ရင်တောင် အနောက်ဖက်မှာ တိုက်သေးသေးလေးတစ်လုံး ရှိပါသေးတယ်…မောင်လူချော
တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့…အပြင်မှာတော့ ငှားမနေပါနဲ့ကွယ်…မသိတဲ့သူစိမ်းတွေမှမဟုတ်တာ....."

"..ဟုတ်တယ်...စံက ညဘက်ရှိုးတွေရှိရင် အိမ်ပြန်နောက်ကျတယ်…အဲဒီအခါ ဦးလေးကြီးပြန်ရတာ မိုးချုပ်မှာ...ဒီမှာပဲနေလိုက်...."

မာမီ့စကားကို စံကပါဝင်ထောက်ပေးသည်။ ဦးလေးကြီးဒီအိမ်မှာနေမှ သူမ ဦးလေးကြီးကိုအချိန်ပြည့်မြင်တွေ့နိုင်မည်။

ဒေါ်မာလာဦး၏အစီအစဉ်က သူ့အတွက်အဆင်ပြေသည်မို့ သူသဘောတူလိုက်သည်။သူတို့လုပ်ငန်း၏သဘောတရားမှာ ကိုယ်ရံတော်တစ်ယောက်ကိုပထမစငှားခြင်းကာလအတွက်တစ်နှစ်သတ်မှတ်သည်။စာချုပ်သက်တမ်းပြည့်ပါက နောက်ထပ်နှစ်တိုးငှားရမ်းနိုင်သည်။ထို့ကြောင့် ပင်တိုင်စံနှင့်သူလည်းတစ်နှစ်တိတိ ပတ်သက်ရပေဦးမည်။

💮💮💮💮💮💮💮💮💮💮💮💮

ဦးလေးကြီး တိုက်အိမ်လေးမှာနေဖို့သဘောတူလိုက်တာကို စံ သဘောခွေ့နေသည်။သူသာငြင်းမည်ဆိုလျှင် ဇွတ်ဆွဲထားဖို့အထိ စံ့မှာစကားလုံးတွေတောင်ပြင်ဆင်ထား၏။အခုတော့ ဘာမှတောင်မတိုက်တွန်းလိုက်ရပေ။ ဦးလေးကြီးဘက်က လိုလိုလားလားနှင့်သဘောတူခဲ့သည်။

စံ့အိပ်ခန်းကနေလှမ်းကြည့်ပါက ဦးလေးကြီးတိုက်လေးကိုတိုက်ရိုက်မြင်ရသည်။စံကတော့ သူ့ကိုချောင်းချင်တိုင်းချောင်းခွင့်ရပြီမို့ အပျော်ကြီးပျော်နေ၏။

💮💮💮💮💮💮💮💮💮💮💮💮

သူ တိုက်ထဲအရောက်မှာ မန္တလေးမှပါလာသည့်သူ့ပစ္စည်းတွေကိုနေရာချနေခဲ့သည်။ဆဌမအာရုံအရ တစ်ယောက်ယောက်ကသူ့ကိုစူးစိုက်ကြည့်နေသည်ဟုခံစားမိပြီး ဘေးဘီဝဲယာကိုရှာကြည့်သည်။လူမတွေ့။

သူ ပြတင်းပေါက်နားသွားရပ်ပြီး မျက်နှာကိုနည်းနည်းမော့ကြည့်ရာ  မျက်နှာချင်းဆိုင်တိုက်ကြီး၏အခန်းတစ်ခန်းဆီမှ လိုက်ကာစလေးလှုပ်သွားတာကိုမြင်ရသည်။သူတို့လုပ်ငန်း၏လေ့ကျင့်ခြင်းထဲတွင် မျက်စိ၊ နား၊ အနံ့ အကုန်လျင်ရသည်။လေတိုးသံမှအစ မလွတ်စေရအောင်နားပါးရ၏။သူ အပေါ်ထပ်ကိုတိုက်ရိုက်စူးစိုက်ပြီး  အာရုံစိုက်ကြည့်သည်။လိုက်ကာနောက်ကွယ်ကိုထိုးဖောက်ပြီးမြင်နိုင်အောင် သူအကြည့်တွေကိုစူးစိုက်ထား၏။တဖြည်းဖြည်းနှင့်လှုပ်လီလှုပ်လဲ့ပုံရိပ်လေးကို ဖမ်းမိလာသည်။

*ဒုန်းးး

လူချော တိုက်လေး၏ပြတင်းတံခါးကိုဒုန်းခနဲအသံမြည်အောင်ဆွဲပိတ်လိုက်သည်။အပေါ်ထပ်အခန်းထဲမှာ သူ့ကို သူခိုးချောင်းနည်းချောင်းနေသည့် မိန်းကလေးရှိတာမျိုး သူ မနှစ်မြို့ပေ။ဒီပြတင်းပေါက်ကို အစဉ်အမြဲပိတ်ထားမှဖြစ်ပေမည်။

စိတ်တိုတိုနှင့်အခန်းထဲပြန်ဝင်လာပြီး အဝတ်အစားချွတ်၍ရေချိုးခန်းဘက်ကူးခဲ့သည်။ဒီတိုက်က ရေချိုးခန်းနှင့်အိပ်ခန်း သီးသန့်စီဖြစ်နေ၏။

ရှပ်..ရှပ်..ရှပ်…

ရေပန်းခဏပိတ်၍ဆပ်ပြာတိုက်နေစဉ် အကျင့်ဖြစ်နေကျနားက တရှပ်ရှပ်နှင့်ခြေသံလိုလိုကြားရသည်။ရေပန်းကိုမြန်မြန်ဆွဲချ၍ ခန္ဓာကိုယ်ပေါ်မှဆပ်ပြာတွေကိုပြောင်စင်အောင်လုပ်ပြီး ခါးမှာတဘက်ပတ်၍ထွက်လာခဲ့သည်။အသက်အောင့်ပြီး‌နောက် တိုက်ထဲတစ်ချက်ဝေ့ကြည့်၏။

*ချွတ်…

အိပ်ခန်းဘက်မှလာသည့်အသံဖြစ်မှန်း သေချာသွားသည့်နောက်မှာ သူအခန်းတွင်းကိုခြေဖော့သွားပြီး  စေ့ထားသည့်တံခါးကိုဆတ်ခနဲဆွဲဖွင့်၍ မဲမဲမြင်ရာခုန်အုပ်လိုက်သည်။

* အွတ် …အွတ်..

သူ့လက်မောင်းထဲမှာ လူတစ်ယောက်တအွတ်အွတ်နှင့်အသက်ရှူကျပ်နေသည်။သူကလည်း ထိုလူ၏လည်ပင်းကိုအားကုန်သုံးပြီး နောက်ကနေညှစ်၍လက်နှစ်ဖက်ကိုဖိချုပ်ထားသည်။ရန်သူမှာခေါင်းစွပ်အင်္ကျီဝတ်ထားသည့်အတွက် လူချော သူ့နောက်ကနေပဲ ထိုခေါင်းစွပ်ကိုဆွဲချွတ်လိုက်သည်။

ခွေလိပ်လိပ်ဆံနွယ်တွေကဖွားခနဲကျလာပြီး မျက်လုံးပြူးပြီးကြောက်လန့်နေသည့် ဝင်းစက်စက်မျက်နှာလေးကိုမြင်လိုက်ရာ....

“ဟာ..မင်း…”

သူ လန့်ဖျပ်ပြီးချုပ်ထားသည့်လက်ကို အလျင်အမြန်ပဲလွှတ်ပေးလိုက်သည်။

*အဟွတ်..အဟွတ်…

စံ သူ့လက်မှလွတ်သည်နှင့် ချောင်းတဟွတ်ဟွတ်ဆိုးပြီးလူကယိုင်သွားရာ ဆွဲမိဆွဲရာသူ့လက်ကိုဖမ်းဆွဲမိသည်။

“..ဟာ..ဟေ့..ဟေ့…”

"အဲ…”

ကောင်မလေးကသူ့လက်ကိုလာဆွဲသဖြင့် နောက်တစ်ကြိမ်လန့်ပြီး ခုန်ရှောင်လိုက်ရာ နှစ်ယောက်သားမွေ့ရာပေါ်လုံးထွေးပစ်ကျသွားသည်။

စံ့ ဦးလေးကြီးရင်ဘတ်ပေါ်ဝမ်းလျားမှောက်လျက်လေးကျ၏။သူမအကြည့်က တဘက်ကင်းလွတ်နေသည့်သူ့ရင်ဘတ်မှအစိုင်အခဲတွေဆီ တန်းခနဲရောက်သွားသည်။

*အိုးဂေါ့….

အမြှောင်းလိုက်တင်းရင်းကျစ်လျစ်နေသည့်ကြွက်သားတွေကိုမြင်ပြီး စံ ဘုရားတမိသည်။သူမကအနုပညာရှင်တစ်ယောက်မို့ ကြော်ငြာရိုက်ကွင်းတွေလည်း ကြုံခဲ့ဖူးသည်။ရင်ဘတ်ဟပြဲမင်းသားတွေနှင့်လည်းဆုံခဲ့ဖူးသည်။ယောက်ျားသားတစ်ယောက်၏အပေါ်ပိုင်းလွတ်ခန္ဓာကိုယ်ကိုမြင်ရခြင်းက စံ့အတွက်တော့ဘာမှထူးဆန်းမနေ။

သို့သော် စံ့အောက်မှာပက်လက်လန်နေသည့်ဦးလေးကြီးကိုကြည့်ပြီး စံ့ရင်တွေတအားလှုပ်ရှားလာသည်။မည်းနက်နေသည့်သူ့မျက်ခုံးတွေကို စံသိပ်သဘောကျ၏။စူးရဲပြီးနက်ရှိုင်းသည့်အကြည့်တွေ၊ခပ်ရေးရေးသာမြင်ရသောနှုတ်ခမ်းမွေးနှင့်ပါးသိုင်းမွေးရာတွေ စံ့ သူ့ချောမွေ့မှုကိုအသေးစိတ်လိုက်ကြည့်ရင်း သူမမျက်လုံးက သူ့လည်ပင်းကိုရောက်သွားပြန်သည်။

ထင်းနေသည့်သူ့လည်ဇလုတ်(စလုတ်)ကြီးကြောင့် အခြောက်ဟန်ဆောင်လို့တော့ရမှာမဟုတ်ဘူးဟု သူမစိတ်ထဲ မတော်တရော်တွေးမိသေးသည်။ထို့နောက် လက်ကလေးနှင့်ဦးလေးကြီး၏ရင်ဘတ်တွေကိုလိုက်ပြီးတို့ထိကြည့်ပြန်သည်။

“ဟေ့..ဖယ်စမ်း…”

လူချောမှာလည်း ခန္ဓာကိုယ်နှစ်ခုပူးကပ်ထပ်သည့်အနေအထားကြောင့် ကြောင်ပြီးငြိမ်နေရာမှ သူ့ရင်ဘက်ကိုလက်သေးသေးလေးနှင့်လာထိလေမှ အသိဝင်လာပြီးအော်ထုတ်လိုက်သည်။

စံ သူ့အော်သံကိုကြားသော်လည်းမကြားဟန်ဆောင်၍ သူ့လက်မောင်းမှအဖုတွေ၊ ဝမ်းဗိုက်ကအမြှောင်းတွေကိုလက်ကလေးဖြင့်လျှောက်တို့ထိနေသည်။

လူချောမှာ ကောင်မလေးအောက်မှနေ၍ သူမ ပြုသမျှနုနေရသည်။သူမကိုလည်းမထိရဲဘဲ လက်ကိုသာကားရားကြီးဖြင့်အပေါ်မြှောက်လှန်ထားသည်။

“..ဖယ်စမ်းလို့ပြောနေတာ မကြားဘူးလား…”

ဦးလေးကြီး၏ငေါက်ဆတ်ဆတ်အသံကြောင့် စံမျက်လုံးလေးထောင့်ကပ်ပြီး သူ့ကိုကြည့်လိုက်၏။

“ဒါလေးထိကြည့်တာကို တွန့်တိုမနေပါနဲ…ဘာမှလည်းပဲ့ပါသွားတာမှ မဟုတ်တာ….”

“..ဘာ…”

“..အဟီး.. ဦးလေးကြီးက ကိုယ်ရံတော်ပီသတယ်…ဘော်ဒီကရှယ်ကြီး…”

အပြောရဲသည့်ကောင်မလေးကြောင့် သူ့မျက်နှာရဲသွားသည်။သူစိမ်းမိန်းကလေးကတောင် မကြောက်မရွံသူ့ခန္ဓာကိုယ်ကိုလာထိနေမှတော့ သူကလည်းကျားမှန်းသိအောင်ပြရဦးမည်။စဉ်းစားမိသည်နှင့် သူမကိုယ်လုံးလေးကိုချက်ချင်းဆွဲလှန်ချပြီး တစ်ပတ်လှိမ့်၍သူမအပေါ်မှ နေရာယူလိုက်သည်။

“..အို…ဘာလုပ်တာလဲ…”

ရုတ်တရက်ဒီလိုဖြစ်လာမည်မှန်းမသိ၍ ဦးလေးကြီးကိုစကောင်းကောင်းနှင့်စနေမိသည့်စံ့မှာ မျက်လုံးလေးပြူးလျက်သူ့အောက်မှရောက်သွားသည်။

သူ့ရင်ခွင်ထဲရောက်သွားတာတောင်ကြောက်သွားပုံမပြသည့်ကောင်မလေးကိုကြည့်ပြီး လူချော သူမလက်ကိုဆွဲချုပ်လိုက်၏။ထို့နောက် သူမလက်နှစ်ဖက်ကိုယှက်၍ သူမရင်ဘက်ပေါ်ကိုပဲကြက်ခြေခတ်ပြန်ချုပ်ပြီး သူ့လက်တစ်ဖက်ကိုမြှောက်လိုက်ရာ...

“..အား...မလုပ်ပါနဲ့…စံကြောက်တယ်…စံကိုပြန်ပို့ပေးပါ…”

ကောင်မလေးက ရုတ်ခြည်းဆိုသလိုစူးခနဲထအော်ပြီးငိုတော့သည်။သူမငိုသံကြောင့် သူပျာယာခတ်ပြီးဘာလုပ်ရမှန်းမသိဘဲ သူမပါးစပ်ကိုသာသူ့လက်နှင့်အသည်းအသန်ဖိပိတ်ရ၏။

“..ဟေ့…မင်းကို ဘာမှမလုပ်ဘူး…”

“အု..အု…ဟင့်…ဟင့်…”

“အသံအကျယ်ကြီးမထွက်နဲ့ အထင်လွဲသွားမယ်…”

သူမ ခေါင်းညိတ်ပြမှချုပ်ထားသည့်သူ့လက်ကိုလွှတ်ပေးလိုက်သည်။သူမက သူ့လက်မှလွတ်သည်နှင့် ချက်ချင်းဆိုသလိုခုတင်ပေါ်မှဆင်းသွားပြီး မျက်နှာကဖြီးစပ်စပ်ဖြစ်သွားပြန်သည်။

သူ ဒေါသကရှူးခနဲထွက်လာ၏။မူရာမာယာများသည့်မိန်းမတွေ၏စိတ်ကိုခန့်မှန်း၍မရနိုင်။စိတ်တိုတိုနှင့်နီးရာအင်္ကျီတစ်ထည်ကောက်ဝတ်ပြီး သူမကိုအော်ထုတ်လိုက်သည်။

“..အပြင်ကိုခုချက်ချင်းထွက်…ဧည့်ခန်းမှာစောင့်နေ…ငါလာခဲ့မယ်….”

ဒီတစ်ကြိမ်မှာတော့ သူမက အလျင်စလိုပဲအခန်းထဲမှပြေးထွက်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူ ခါးမှတဘက်ကိုဆွဲဖြုတ်မည့်ဟန်ပြင်လိုက်၍ဖြစ်သည်။

💮💮💮💮💮💮💮💮💮💮💮💮

သူအဝတ်အစားလဲပြီး အပြင်ဧည့်ခန်းထဲကိုထွက်လာတော့ သူမကငုတ်တုတ်လေးထိုင်နေသည်။

“ကဲ..ပြော..မင်းဘာဖြစ်ချင်တာလဲ…”

စံ ဦးလေးကြီးကိုဖြဲခနဲတစ်ချက်ရယ်ပြလိုက်သည်။

“စံက ဦးလေးကြီးကိုစံ့အချိန်စာရင်းတွေလာပေးတာပါ…”

“..ရေချိုးပြီးရင် မင်းဆီလာမှာ….ငါလုပ်ရမယ့်အလုပ် ငါသိတယ်…”

သူ့ရဲ့မူလဒေါသကပြန်ထလာ၍ အသံကနည်းနည်းတော့မာဆတ်ဆတ်ဖြစ်သွားသည်။

“မင်းကို ငါပြောထားမယ်…မင်းက ငါ့အလုပ်ရှင်…ငါ့မှာ မင်းကိုမှဲ့တစ်ပေါက်မစွန်းရအောင် ကာကွယ်ရမယ့်တာဝန်အပြည့်ရှိတယ်…ဒါပေမဲ့....ငါ့အခန်းထဲကို ငါ့ခွင့်ပြုချက်မရှိဘဲ ဝင်တာမကြိုက်ဘူး…ငါ့အသားကို ထိတာမကြိုက်ဘူး….ရှင်းလား….”

*ဟွန့်…..

စံ နှုတ်ခမ်းကိုစူထော်ပြီး သူ့ကိုမျက်စောင်းထိုးလိုက်၏။သူကများ စံ့ကိုတင်တင်စီးစီးနဲ့...။ဒါပေမဲ့ သူဘယ်လိုပြောပြော စံကတော့စိတ်မဆိုးပေ။အဲဒီလို မာနတခွဲသားနှင့်ချေတာမျိုးဆို စံကပိုလို့တောင်ကြိုက်သေးသည်။

“..နောက်ပြီး ငါ့ကို ဦးလေးကြီးလို့လည်းမခေါ်နဲ့…”

“အဲဒါဆို ဘယ်လိုခေါ်ရမှာလဲ…ကိုကိုလို့ခေါ်ရမှာလား..”

“မင်း…”

လူချော မျက်မှောင်ကြီးကုတ်ပြီးကောင်မလေးကိုစိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။သူ ဒီကောင်မလေး၏ဖြီးစပ်စပ်မျက်နှာနှင့်ပြောရဲဆိုရဲပုံစံကိုနည်းနည်းလေးမှမနှစ်မြို့ပေ။

“..ငါ့မှာနာမည်ရှိတယ်…”

ဦးလေးကြီးစကားအဆုံးမှာစံထရပ်လိုက်သည်။

“..ကိုလူချော…”

“..ဗျာ…”

ကောင်မလေးကခေါ်နေကျမဟုတ်ဘဲ ခပ်တည်တည်နှင့်ကိုလူချောဟုခေါ်လိုက်သဖြင့် သူယောင်ပြီးဗျာခနဲထူးမိသွားသည်။

“ဟိ……ဟိ……..”

စံ တဟိဟိရယ်ပြီးပြန်ထိုင်လိုက်သည်။ဒီလူကြီးက တကယ်ကိုအရိုးခံကြီး။

“..အဲဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်ကတင်စီးလိုက်တာ..စံမကြိုက်ပါဘူး…”

သူမဘာသာတစ်ယောက်တည်းရေရွတ်နေ၍ သူနှုတ်ဆိတ်နေသည်။သူ့နာမည်လူချောမို့လို့ ကိုလူချောခေါ်တာဖြစ်သင့်တယ်မဟုတ်ဘူးလား။သူမ ဘာတွေများခက်ခဲနေပါလိမ့်။

“တော်ပြီ...တော်ပြီ..ကိုကြီးလို့ပဲခေါ်မယ်….”

လူချောမျက်လုံးကြီးပြူးလာသည်။

“..ဒါတော့ မသင့်….”

“..ကိုကြီးရေ ခဏနေဟိုဘက်တိုက်လာခဲ့နော်…စံတို့အလုပ်ကိစ္စပြောကြမယ်လေ.. နော်..ကိုကြီး…နော်…နော်…"

သူ့စကားမဆုံးခင် စံပြောင်စပ်စပ်ပြောပြီးပြေးထွက်လာခဲ့သည်။

'ဟွန့်….ပင်တိုင်စံတဲ့ တစ်စံတည်းရှိတယ်..နောက်ကျ ယောက်ျားရေလို့ ပြောင်းခေါ်မှာ…'

စံ စိတ်ထဲကနေတေးထားပါသည်။

By #ဆာရာမူး

To be continued

💙💙💙💙💙💙💙💙💙💙💙💙

အပိုင္း - ၉

"ကဲ ေမာင္လူေခ်ာ...လာကြာ ထိုင္...."

ဦးေဇယ်ာမင္းၫႊန္ျပသည့္ဆိုဖာမွာ သူဝင္ထိုင္သည္။ေဒၚမာလာဦးကလည္း သူ႔ကိုခရီးဦးႀကိဳျပဳ၏။ေကာင္မေလးက သူ႔ကိုၿပဳံး‌ၿပီးသာၾကည့္ေနၿပီး ဘာစကားမွေတာ့မဆို။ေကာင္မေလး၏ ဒီေန႔အဝတ္အစားကပန္းေရာင္ေလးမွန္း သူသတိထားမိသည္။ဒီေကာင္မေလး ပန္းေရာင္ကိုေတာ္ေတာ္ႀကိဳက္ပုံရ၏။

"..အန္ကယ္တို႔ ဖုန္းနဲ႔ေျပာဆိုထားၿပီးသားဆိုေတာ့ က်န္တာသိပ္အေထြအထူးမရွိပါဘူး…အဓိကက ေမာင္လူေခ်ာဘယ္မွာေနဖို႔ စဥ္းစားထားလဲ...."

"ဦးေလးႀကီးက စံတို႔အိမ္မွာပဲေနရမွာေလ..."

သူဝင္လာကတည္းက တစ္ခ်ိန္လုံးႏႈတ္ဆိတ္ေနသည့္ေကာင္မေလးဆီမွအသံထြက္လာသည္။သူ ဦးေဇယ်ာမင္းကိုသာတည့္တည့္ၾကည့္လိုက္၏။

"ကြၽန္ေတာ္တို႔အလုပ္က ကိုယ္ရံေတာ္ျဖစ္တဲ့အတြက္ ကိုယ္ကာကြယ္ေပးရမယ့္သူနဲ႔အနီးစပ္ဆုံး‌ေနတာေကာင္းပါတယ္…ဒါေပမဲ့ တစ္မိုးတည္းေအာက္မွာေတာ့ မေနရပါဘူးဗ်…ဒါက ကြၽန္ေတာ္ကိုယ္တိုင္ခ်မွတ္ထားတဲ့ စည္းကမ္းပါ…အဲဒါေၾကာင့္ ဒီနားတဝိုက္မွာပဲ ကြၽန္ေတာ္ေနဖို႔ အိမ္ရွာပါ့မယ္..."

စံကေတာ့ ဦးေလးႀကီးစကားေတြအမ်ားႀကီးေျပာတာ ဒါပထမဆုံးၾကားဖူးသည္မို႔ ေမးေလးေထာက္ၿပီးနားေထာင္ေနသည္။သူ႔အသံ၊ သူ႔ဟန္ပန္က ေတာ္ေတာ့္ကိုဆြဲေဆာင္မႈရွိ‌လြန္းလွသည္။ဩရွရွအသံေအာက္ကစကားလုံးေတြဟာ အပိုအလိုမရွိ တိက်ျပတ္သား၏။

"ဒီလိုလုပ္ပါ့လား ေမာင္လူေခ်ာရယ္…ဒီအိမ္ႀကီးေပၚမွာမေနခ်င္ရင္ေတာင္ အေနာက္ဖက္မွာ တိုက္ေသးေသးေလးတစ္လုံး ရွိပါေသးတယ္…ေမာင္လူေခ်ာ
တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ေနလို႔ရတာေပါ့…အျပင္မွာေတာ့ ငွားမေနပါနဲ႔ကြယ္…မသိတဲ့သူစိမ္းေတြမွမဟုတ္တာ....."

"..ဟုတ္တယ္...စံက ညဘက္ရႈိးေတြရွိရင္ အိမ္ျပန္ေနာက္က်တယ္…အဲဒီအခါ ဦးေလးႀကီးျပန္ရတာ မိုးခ်ဳပ္မွာ...ဒီမွာပဲေနလိုက္...."

မာမီ့စကားကို စံကပါဝင္ေထာက္ေပးသည္။ ဦးေလးႀကီးဒီအိမ္မွာေနမွ သူမ ဦးေလးႀကီးကိုအခ်ိန္ျပည့္ျမင္ေတြ႕ႏိုင္မည္။

ေဒၚမာလာဦး၏အစီအစဥ္က သူ႔အတြက္အဆင္ေျပသည္မို႔ သူသေဘာတူလိုက္သည္။သူတို႔လုပ္ငန္း၏သေဘာတရားမွာ ကိုယ္ရံေတာ္တစ္ေယာက္ကိုပထမစငွားျခင္းကာလအတြက္တစ္ႏွစ္သတ္မွတ္သည္။စာခ်ဳပ္သက္တမ္းျပည့္ပါက ေနာက္ထပ္ႏွစ္တိုးငွားရမ္းႏိုင္သည္။ထို႔ေၾကာင့္ ပင္တိုင္စံႏွင့္သူလည္းတစ္ႏွစ္တိတိ ပတ္သက္ရေပဦးမည္။

💮💮💮💮💮💮💮💮💮💮💮💮

ဦးေလးႀကီး တိုက္အိမ္ေလးမွာေနဖို႔သေဘာတူလိုက္တာကို စံ သေဘာေခြ႕ေနသည္။သူသာျငင္းမည္ဆိုလွ်င္ ဇြတ္ဆြဲထားဖို႔အထိ စံ့မွာစကားလုံးေတြေတာင္ျပင္ဆင္ထား၏။အခုေတာ့ ဘာမွေတာင္မတိုက္တြန္းလိုက္ရေပ။ ဦးေလးႀကီးဘက္က လိုလိုလားလားႏွင့္သေဘာတူခဲ့သည္။

စံ့အိပ္ခန္းကေနလွမ္းၾကည့္ပါက ဦးေလးႀကီးတိုက္ေလးကိုတိုက္႐ိုက္ျမင္ရသည္။စံကေတာ့ သူ႔ကိုေခ်ာင္းခ်င္တိုင္းေခ်ာင္းခြင့္ရၿပီမို႔ အေပ်ာ္ႀကီးေပ်ာ္ေန၏။

💮💮💮💮💮💮💮💮💮💮💮💮

သူ တိုက္ထဲအေရာက္မွာ မႏၲေလးမွပါလာသည့္သူ႔ပစၥည္းေတြကိုေနရာခ်ေနခဲ့သည္။ဆဌမအာ႐ုံအရ တစ္ေယာက္ေယာက္ကသူ႔ကိုစူးစိုက္ၾကည့္ေနသည္ဟုခံစားမိၿပီး ေဘးဘီဝဲယာကိုရွာၾကည့္သည္။လူမေတြ႕။

သူ ျပတင္းေပါက္နားသြားရပ္ၿပီး မ်က္ႏွာကိုနည္းနည္းေမာ့ၾကည့္ရာ  မ်က္ႏွာခ်င္းဆိုင္တိုက္ႀကီး၏အခန္းတစ္ခန္းဆီမွ လိုက္ကာစေလးလႈပ္သြားတာကိုျမင္ရသည္။သူတို႔လုပ္ငန္း၏ေလ့က်င့္ျခင္းထဲတြင္ မ်က္စိ၊ နား၊ အနံ႔ အကုန္လ်င္ရသည္။ေလတိုးသံမွအစ မလြတ္ေစရေအာင္နားပါးရ၏။သူ အေပၚထပ္ကိုတိုက္႐ိုက္စူးစိုက္ၿပီး  အာ႐ုံစိုက္ၾကည့္သည္။လိုက္ကာေနာက္ကြယ္ကိုထိုးေဖာက္ၿပီးျမင္ႏိုင္ေအာင္ သူအၾကည့္ေတြကိုစူးစိုက္ထား၏။တျဖည္းျဖည္းႏွင့္လႈပ္လီလႈပ္လဲ့ပုံရိပ္ေလးကို ဖမ္းမိလာသည္။

*ဒုန္းးး

လူေခ်ာ တိုက္ေလး၏ျပတင္းတံခါးကိုဒုန္းခနဲအသံျမည္ေအာင္ဆြဲပိတ္လိုက္သည္။အေပၚထပ္အခန္းထဲမွာ သူ႔ကို သူခိုးေခ်ာင္းနည္းေခ်ာင္းေနသည့္ မိန္းကေလးရွိတာမ်ိဳး သူ မႏွစ္ၿမိဳ႕ေပ။ဒီျပတင္းေပါက္ကို အစဥ္အၿမဲပိတ္ထားမွျဖစ္ေပမည္။

စိတ္တိုတိုႏွင့္အခန္းထဲျပန္ဝင္လာၿပီး အဝတ္အစားခြၽတ္၍ေရခ်ိဳးခန္းဘက္ကူးခဲ့သည္။ဒီတိုက္က ေရခ်ိဳးခန္းႏွင့္အိပ္ခန္း သီးသန႔္စီျဖစ္ေန၏။

ရွပ္..ရွပ္..ရွပ္…

ေရပန္းခဏပိတ္၍ဆပ္ျပာတိုက္ေနစဥ္ အက်င့္ျဖစ္ေနက်နားက တရွပ္ရွပ္ႏွင့္ေျခသံလိုလိုၾကားရသည္။ေရပန္းကိုျမန္ျမန္ဆြဲခ်၍ ခႏၶာကိုယ္ေပၚမွဆပ္ျပာေတြကိုေျပာင္စင္ေအာင္လုပ္ၿပီး ခါးမွာတဘက္ပတ္၍ထြက္လာခဲ့သည္။အသက္ေအာင့္ၿပီး‌ေနာက္ တိုက္ထဲတစ္ခ်က္ေဝ့ၾကည့္၏။

*ခြၽတ္…

အိပ္ခန္းဘက္မွလာသည့္အသံျဖစ္မွန္း ေသခ်ာသြားသည့္ေနာက္မွာ သူအခန္းတြင္းကိုေျခေဖာ့သြားၿပီး  ေစ့ထားသည့္တံခါးကိုဆတ္ခနဲဆြဲဖြင့္၍ မဲမဲျမင္ရာခုန္အုပ္လိုက္သည္။

* အြတ္ …အြတ္..

သူ႔လက္ေမာင္းထဲမွာ လူတစ္ေယာက္တအြတ္အြတ္ႏွင့္အသက္ရႉက်ပ္ေနသည္။သူကလည္း ထိုလူ၏လည္ပင္းကိုအားကုန္သုံးၿပီး ေနာက္ကေနညႇစ္၍လက္ႏွစ္ဖက္ကိုဖိခ်ဳပ္ထားသည္။ရန္သူမွာေခါင္းစြပ္အက်ႌဝတ္ထားသည့္အတြက္ လူေခ်ာ သူ႔ေနာက္ကေနပဲ ထိုေခါင္းစြပ္ကိုဆြဲခြၽတ္လိုက္သည္။

ေခြလိပ္လိပ္ဆံႏြယ္ေတြကဖြားခနဲက်လာၿပီး မ်က္လုံးျပဴးၿပီးေၾကာက္လန႔္ေနသည့္ ဝင္းစက္စက္မ်က္ႏွာေလးကိုျမင္လိုက္ရာ....

“ဟာ..မင္း…”

သူ လန႔္ဖ်ပ္ၿပီးခ်ဳပ္ထားသည့္လက္ကို အလ်င္အျမန္ပဲလႊတ္ေပးလိုက္သည္။

*အဟြတ္..အဟြတ္…

စံ သူ႔လက္မွလြတ္သည္ႏွင့္ ေခ်ာင္းတဟြတ္ဟြတ္ဆိုးၿပီးလူကယိုင္သြားရာ ဆြဲမိဆြဲရာသူ႔လက္ကိုဖမ္းဆြဲမိသည္။

“..ဟာ..ေဟ့..ေဟ့…”

"အဲ…”

ေကာင္မေလးကသူ႔လက္ကိုလာဆြဲသျဖင့္ ေနာက္တစ္ႀကိမ္လန႔္ၿပီး ခုန္ေရွာင္လိုက္ရာ ႏွစ္ေယာက္သားေမြ႕ရာေပၚလုံးေထြးပစ္က်သြားသည္။

စံ့ ဦးေလးႀကီးရင္ဘတ္ေပၚဝမ္းလ်ားေမွာက္လ်က္ေလးက်၏။သူမအၾကည့္က တဘက္ကင္းလြတ္ေနသည့္သူ႔ရင္ဘတ္မွအစိုင္အခဲေတြဆီ တန္းခနဲေရာက္သြားသည္။

*အိုးေဂါ့….

အေျမႇာင္းလိုက္တင္းရင္းက်စ္လ်စ္ေနသည့္ႂကြက္သားေတြကိုျမင္ၿပီး စံ ဘုရားတမိသည္။သူမကအႏုပညာရွင္တစ္ေယာက္မို႔ ေၾကာ္ျငာ႐ိုက္ကြင္းေတြလည္း ႀကဳံခဲ့ဖူးသည္။ရင္ဘတ္ဟၿပဲမင္းသားေတြႏွင့္လည္းဆုံခဲ့ဖူးသည္။ေယာက္်ားသားတစ္ေယာက္၏အေပၚပိုင္းလြတ္ခႏၶာကိုယ္ကိုျမင္ရျခင္းက စံ့အတြက္ေတာ့ဘာမွထူးဆန္းမေန။

သို႔ေသာ္ စံ့ေအာက္မွာပက္လက္လန္ေနသည့္ဦးေလးႀကီးကိုၾကည့္ၿပီး စံ့ရင္ေတြတအားလႈပ္ရွားလာသည္။မည္းနက္ေနသည့္သူ႔မ်က္ခုံးေတြကို စံသိပ္သေဘာက်၏။စူးရဲၿပီးနက္ရႈိင္းသည့္အၾကည့္ေတြ၊ခပ္ေရးေရးသာျမင္ရေသာႏႈတ္ခမ္းေမြးႏွင့္ပါးသိုင္းေမြးရာေတြ စံ့ သူ႔ေခ်ာေမြ႕မႈကိုအေသးစိတ္လိုက္ၾကည့္ရင္း သူမမ်က္လုံးက သူ႔လည္ပင္းကိုေရာက္သြားျပန္သည္။

ထင္းေနသည့္သူ႔လည္ဇလုတ္(စလုတ္)ႀကီးေၾကာင့္ အေျခာက္ဟန္ေဆာင္လို႔ေတာ့ရမွာမဟုတ္ဘူးဟု သူမစိတ္ထဲ မေတာ္တေရာ္ေတြးမိေသးသည္။ထို႔ေနာက္ လက္ကေလးႏွင့္ဦးေလးႀကီး၏ရင္ဘတ္ေတြကိုလိုက္ၿပီးတို႔ထိၾကည့္ျပန္သည္။

“ေဟ့..ဖယ္စမ္း…”

လူေခ်ာမွာလည္း ခႏၶာကိုယ္ႏွစ္ခုပူးကပ္ထပ္သည့္အေနအထားေၾကာင့္ ေၾကာင္ၿပီးၿငိမ္ေနရာမွ သူ႔ရင္ဘက္ကိုလက္ေသးေသးေလးႏွင့္လာထိေလမွ အသိဝင္လာၿပီးေအာ္ထုတ္လိုက္သည္။

စံ သူ႔ေအာ္သံကိုၾကားေသာ္လည္းမၾကားဟန္ေဆာင္၍ သူ႔လက္ေမာင္းမွအဖုေတြ၊ ဝမ္းဗိုက္ကအေျမႇာင္းေတြကိုလက္ကေလးျဖင့္ေလွ်ာက္တို႔ထိေနသည္။

လူေခ်ာမွာ ေကာင္မေလးေအာက္မွေန၍ သူမ ျပဳသမွ်ႏုေနရသည္။သူမကိုလည္းမထိရဲဘဲ လက္ကိုသာကားရားႀကီးျဖင့္အေပၚေျမႇာက္လွန္ထားသည္။

“..ဖယ္စမ္းလို႔ေျပာေနတာ မၾကားဘူးလား…”

ဦးေလးႀကီး၏ေငါက္ဆတ္ဆတ္အသံေၾကာင့္ စံမ်က္လုံးေလးေထာင့္ကပ္ၿပီး သူ႔ကိုၾကည့္လိုက္၏။

“ဒါေလးထိၾကည့္တာကို တြန႔္တိုမေနပါနဲ…ဘာမွလည္းပဲ့ပါသြားတာမွ မဟုတ္တာ….”

“..ဘာ…”

“..အဟီး.. ဦးေလးႀကီးက ကိုယ္ရံေတာ္ပီသတယ္…ေဘာ္ဒီကရွယ္ႀကီး…”

အေျပာရဲသည့္ေကာင္မေလးေၾကာင့္ သူ႔မ်က္ႏွာရဲသြားသည္။သူစိမ္းမိန္းကေလးကေတာင္ မေၾကာက္မ႐ြံသူ႔ခႏၶာကိုယ္ကိုလာထိေနမွေတာ့ သူကလည္းက်ားမွန္းသိေအာင္ျပရဦးမည္။စဥ္းစားမိသည္ႏွင့္ သူမကိုယ္လုံးေလးကိုခ်က္ခ်င္းဆြဲလွန္ခ်ၿပီး တစ္ပတ္လွိမ့္၍သူမအေပၚမွ ေနရာယူလိုက္သည္။

“..အို…ဘာလုပ္တာလဲ…”

႐ုတ္တရက္ဒီလိုျဖစ္လာမည္မွန္းမသိ၍ ဦးေလးႀကီးကိုစေကာင္းေကာင္းႏွင့္စေနမိသည့္စံ့မွာ မ်က္လုံးေလးျပဴးလ်က္သူ႔ေအာက္မွေရာက္သြားသည္။

သူ႔ရင္ခြင္ထဲေရာက္သြားတာေတာင္ေၾကာက္သြားပုံမျပသည့္ေကာင္မေလးကိုၾကည့္ၿပီး လူေခ်ာ သူမလက္ကိုဆြဲခ်ဳပ္လိုက္၏။ထို႔ေနာက္ သူမလက္ႏွစ္ဖက္ကိုယွက္၍ သူမရင္ဘက္ေပၚကိုပဲၾကက္ေျခခတ္ျပန္ခ်ဳပ္ၿပီး သူ႔လက္တစ္ဖက္ကိုေျမႇာက္လိုက္ရာ...

“..အား...မလုပ္ပါနဲ႔…စံေၾကာက္တယ္…စံကိုျပန္ပို႔ေပးပါ…”

ေကာင္မေလးက ႐ုတ္ျခည္းဆိုသလိုစူးခနဲထေအာ္ၿပီးငိုေတာ့သည္။သူမငိုသံေၾကာင့္ သူပ်ာယာခတ္ၿပီးဘာလုပ္ရမွန္းမသိဘဲ သူမပါးစပ္ကိုသာသူ႔လက္ႏွင့္အသည္းအသန္ဖိပိတ္ရ၏။

“..ေဟ့…မင္းကို ဘာမွမလုပ္ဘူး…”

“အု..အု…ဟင့္…ဟင့္…”

“အသံအက်ယ္ႀကီးမထြက္နဲ႔ အထင္လြဲသြားမယ္…”

သူမ ေခါင္းညိတ္ျပမွခ်ဳပ္ထားသည့္သူ႔လက္ကိုလႊတ္ေပးလိုက္သည္။သူမက သူ႔လက္မွလြတ္သည္ႏွင့္ ခ်က္ခ်င္းဆိုသလိုခုတင္ေပၚမွဆင္းသြားၿပီး မ်က္ႏွာကၿဖီးစပ္စပ္ျဖစ္သြားျပန္သည္။

သူ ေဒါသကရႉးခနဲထြက္လာ၏။မူရာမာယာမ်ားသည့္မိန္းမေတြ၏စိတ္ကိုခန႔္မွန္း၍မရႏိုင္။စိတ္တိုတိုႏွင့္နီးရာအက်ႌတစ္ထည္ေကာက္ဝတ္ၿပီး သူမကိုေအာ္ထုတ္လိုက္သည္။

“..အျပင္ကိုခုခ်က္ခ်င္းထြက္…ဧည့္ခန္းမွာေစာင့္ေန…ငါလာခဲ့မယ္….”

ဒီတစ္ႀကိမ္မွာေတာ့ သူမက အလ်င္စလိုပဲအခန္းထဲမွေျပးထြက္သြားသည္။

အဘယ္ေၾကာင့္ဆိုေသာ္ သူ ခါးမွတဘက္ကိုဆြဲျဖဳတ္မည့္ဟန္ျပင္လိုက္၍ျဖစ္သည္။

💮💮💮💮💮💮💮💮💮💮💮💮

သူအဝတ္အစားလဲၿပီး အျပင္ဧည့္ခန္းထဲကိုထြက္လာေတာ့ သူမကငုတ္တုတ္ေလးထိုင္ေနသည္။

“ကဲ..ေျပာ..မင္းဘာျဖစ္ခ်င္တာလဲ…”

စံ ဦးေလးႀကီးကိုၿဖဲခနဲတစ္ခ်က္ရယ္ျပလိုက္သည္။

“စံက ဦးေလးႀကီးကိုစံ့အခ်ိန္စာရင္းေတြလာေပးတာပါ…”

“..ေရခ်ိဳးၿပီးရင္ မင္းဆီလာမွာ….ငါလုပ္ရမယ့္အလုပ္ ငါသိတယ္…”

သူ႔ရဲ႕မူလေဒါသကျပန္ထလာ၍ အသံကနည္းနည္းေတာ့မာဆတ္ဆတ္ျဖစ္သြားသည္။

“မင္းကို ငါေျပာထားမယ္…မင္းက ငါ့အလုပ္ရွင္…ငါ့မွာ မင္းကိုမွဲ႔တစ္ေပါက္မစြန္းရေအာင္ ကာကြယ္ရမယ့္တာဝန္အျပည့္ရွိတယ္…ဒါေပမဲ့....ငါ့အခန္းထဲကို ငါ့ခြင့္ျပဳခ်က္မရွိဘဲ ဝင္တာမႀကိဳက္ဘူး…ငါ့အသားကို ထိတာမႀကိဳက္ဘူး….ရွင္းလား….”

*ဟြန႔္…..

စံ ႏႈတ္ခမ္းကိုစူေထာ္ၿပီး သူ႔ကိုမ်က္ေစာင္းထိုးလိုက္၏။သူကမ်ား စံ့ကိုတင္တင္စီးစီးနဲ႔...။ဒါေပမဲ့ သူဘယ္လိုေျပာေျပာ စံကေတာ့စိတ္မဆိုးေပ။အဲဒီလို မာနတခြဲသားႏွင့္ေခ်တာမ်ိဳးဆို စံကပိုလို႔ေတာင္ႀကိဳက္ေသးသည္။

“..ေနာက္ၿပီး ငါ့ကို ဦးေလးႀကီးလို႔လည္းမေခၚနဲ႔…”

“အဲဒါဆို ဘယ္လိုေခၚရမွာလဲ…ကိုကိုလို႔ေခၚရမွာလား..”

“မင္း…”

လူေခ်ာ မ်က္ေမွာင္ႀကီးကုတ္ၿပီးေကာင္မေလးကိုစိတ္ပ်က္လက္ပ်က္ၾကည့္လိုက္သည္။သူ ဒီေကာင္မေလး၏ၿဖီးစပ္စပ္မ်က္ႏွာႏွင့္ေျပာရဲဆိုရဲပုံစံကိုနည္းနည္းေလးမွမႏွစ္ၿမိဳ႕ေပ။

“..ငါ့မွာနာမည္ရွိတယ္…”

ဦးေလးႀကီးစကားအဆုံးမွာစံထရပ္လိုက္သည္။

“..ကိုလူေခ်ာ…”

“..ဗ်ာ…”

ေကာင္မေလးကေခၚေနက်မဟုတ္ဘဲ ခပ္တည္တည္ႏွင့္ကိုလူေခ်ာဟုေခၚလိုက္သျဖင့္ သူေယာင္ၿပီးဗ်ာခနဲထူးမိသြားသည္။

“ဟိ……ဟိ……..”

စံ တဟိဟိရယ္ၿပီးျပန္ထိုင္လိုက္သည္။ဒီလူႀကီးက တကယ္ကိုအ႐ိုးခံႀကီး။

“..အဲဒီလိုေခၚျပန္ရင္လည္း ဦးေလးႀကီးနာမည္ကတင္စီးလိုက္တာ..စံမႀကိဳက္ပါဘူး…”

သူမဘာသာတစ္ေယာက္တည္းေရ႐ြတ္ေန၍ သူႏႈတ္ဆိတ္ေနသည္။သူ႔နာမည္လူေခ်ာမို႔လို႔ ကိုလူေခ်ာေခၚတာျဖစ္သင့္တယ္မဟုတ္ဘူးလား။သူမ ဘာေတြမ်ားခက္ခဲေနပါလိမ့္။

“ေတာ္ၿပီ...ေတာ္ၿပီ..ကိုႀကီးလို႔ပဲေခၚမယ္….”

လူေခ်ာမ်က္လုံးႀကီးျပဴးလာသည္။

“..ဒါေတာ့ မသင့္….”

“..ကိုႀကီးေရ ခဏေနဟိုဘက္တိုက္လာခဲ့ေနာ္…စံတို႔အလုပ္ကိစၥေျပာၾကမယ္ေလ.. ေနာ္..ကိုႀကီး…ေနာ္…ေနာ္…"

သူ႔စကားမဆုံးခင္ စံေျပာင္စပ္စပ္ေျပာၿပီးေျပးထြက္လာခဲ့သည္။

'ဟြန႔္….ပင္တိုင္စံတဲ့ တစ္စံတည္းရွိတယ္..ေနာက္က် ေယာက္်ားေရလို႔ ေျပာင္းေခၚမွာ…'

စံ စိတ္ထဲကေနေတးထားပါသည္။

By #ဆာရာမူး

To be continued

💙💙💙💙💙💙💙💙💙💙💙💙

Continue Reading

You'll Also Like

55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
9.6M 654K 82
[ BOOK 1 OF AZITERA: YTHER'S QUEEN ] Consumed by avarice, the four human kingdoms-the Infernal Empire, the Kingdom of Caelum, the Kingdom of Treterra...
194M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
6.3M 190K 45
She isn't short. She is bite sized. Anita Rosaline Nightshade has always been small. 4'11 height but a 6'7ft attitude. She might be small, but she...