မုန်းခွင့်ရှိလျှင် မုန်းချင်သ...

Av DVassan

4.4K 224 18

မျှော်လင့်ခြင်းရဲ့ တခြားတစ်ဖက်မှာ ဘာရှိလဲနွယ်... ကိုယ်ကတော့ ဘာကိုမှ‌မမျှော်လင့်ချင်တော့ဘူး... ပင်ပန်းနေပြီ... Mer

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-7
Ep-8
Ep- 11
Ep-9
Ep-10
Ep-12
Ep-13

Ep-6

202 13 2
Av DVassan

Unicode

ဧည့်သည်ပြန်သွားပြီအထင်နဲ့ အောက်ဆင်းလာခဲ့တာ ကျွန်မမှားသွားသည်။ အစ်ကို့ပခုံးကိုမှီနေတဲ့မိန်းကလေးကို မဆီမဆိုင်ဒေါသထွက်မိသည်။ တစ်ခါမှမမြင်ဖူးတဲ့ တင်းမာနေတဲ့မျက်နှာထားနဲ့အစ်ကိုကလည်း ကြောက်ဖို့ကောင်းပါသည်။

အတွေးစကိုဖျောက်ရင်း ထမင်းစားခန်းထဲထိုင်နေလိုက်သည်။ အစ်ကိုနဲ့အတူထမင်းစားဖို့ စောင့်နေခဲ့တာလေ။ အခုတော့ မြင်ကွင်းကြောင့် မသိစိတ်ကဒေါသထွက်နေသည်။

"ရယ်ရပါလား မြင့်မိုရ်နွယ်... အစ်ကိုနဲ့နင်က ဘာမှမသက်ဆိုင်တာကို တောက်..."

ကိုယ့်ဘာသာကိုယ်အသိပေးရင်း မျက်ရည်တွေဝဲလာသည်။ မည်မျှပင်ထိန်းချုပ်ထားပါစေ... ကျွန်မသူစိမ်းတစ်ယောက်အတွက် မျက်ရည်တွေပြိုဆင်းလာသည်။ မျက်ရည်မလွယ်သည့် ကျွန်မအတွက်လေ...

ရမှုံဝင့်လို မာယာများတဲ့မိန်းမကို ကျွန်‌တော်ဘာကြောင့် မလွန်ဆန်နိုင်သေးတာလဲ။ ထမင်းစားဖို့ သူမစောင့်နေတာကိုသိပါသည်။ သို့ပေမဲ့...

"ကိုကို သူစိမ်းဆန်လိုက်တာ... ဝင့်ကိုမလွမ်းဘူးလား အဆက်သွယ်လည်းမလုပ်ဘူး..."

"မင်းဘာလုပ်ထားလဲမသိဘူးလား ရမှုံဝင့်... ငါ့ဘဝမှာ တန်ဖိုးအထားဆုံးက သစ္စာတရားဘဲ မင်းငါ့နောက်ကျောကိုဓားနဲ့ထိုးခဲ့တာ ငါအကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့တယ်... မင်းကိုအရမ်းစိတ်ကုန်နေပြီ ထွက်သွားပါတော့..."

"နှင်ထုတ်တိုင်း သွားရအောင် ဝင့်အကြောင်းမသိဘူးလားကိုကို... ကိုကိုမရှိရင် မဖြစ်လို့ပါ တောင်းပန်ပါတယ်နော် ဒီတစ်ခါနောက်ဆုံးပါ ခွင့်လွှတ်ပေးပါ... ဝင့်တို့ပြဿနာတက်တိုင်း ကိုကို့ဘက်ကအလျော့ပေးခဲ့ဖူးလား မာနကို‌ရှေ့တန်းထားပြီး ဝင့်အတွက်ကြည့်ပေးခဲ့ဖူးလား ဝင့်စိတ်ကိုနားမလည်သေးဘူးလား ဝင့် ကိုကို့ကိုချစ်တယ်လေ ဒါကလည်းစိတ်ထွက်ပေါက်ရှာမိရုံပါကိုကိုရယ်..."

"ဟားဟား ဘာ စိတ်ထွက်ပေါက် မင်းအကြိမ်ကြိမ်နောက်ကျောဓားနဲ့ထိုးခဲ့တိုင်း ငါ့အမှားတွေအတွက် မင်းကိုခွင့်လွှတ်ပေးခဲ့တာ ငါအနိုင်ယူသလိုဖြစ်ခဲ့လို့ မင်းကိုခွင့်လွှတ်ပေးခဲ့တာကွ... မင်းမျက်ရည်တွေအတွက် ငါ့အပေါ်ဖောက်ပြန်နေလည်း ငါနားလည်ပေးခဲ့တာ ငါ့ကိုလွတ်လပ်ခွင့်ပေးပါတော့ ငါပင်ပန်းနေပြီ စိတ်ကုန်နေပြီ မင်းလည်းအမှားမကင်းဘူး အေးငါလည်းအမှားမကင်းခဲ့ဘူး နေတတ်သွားတဲ့အချိန်ကျမှ ပြန်လိုချင်နေတာ မရယ်ရဘူးလား..."

ငိုယိုနေတဲ့ရမှုံဝင့်ကို ကျွန်တော်မသနားတော့ပါ။ နောက်ဆုံးပါလို့ပြောပြီး သစ္စာဖောက်ပြားနေတာ ဘယ်နှကြိမ်ရှိနေပြီလဲ။ ကျွန်တော်ရှိလျက်နဲ့ တခြားတစ်ယောက်ကို သဘောကျတယ်ပြောခဲ့တယ်။ ကျွန်တော်ဟာ သူ့ချစ်သူဖြစ်လျက်နဲ့ Silent ဘဝမှာနေခဲ့ရသည်။ သူကျူးလွန်တိုင်း ခွင့်လွှတ်နားလည်ပေးနေရလောက်တဲ့အထိ ကျွန်တော်ခန္တီပါရမီ မပြည့်ဝပါ။

"ဘာလဲ ခုနကကောင်မနဲ့ကိုကိုကဘာတွေလဲ အဲ့ကောင်မကြောင့် ဝင့်ကိုမောင်းထုတ်နေတာလား ဟမ်...ပြောစမ်းပါ ကိုကိုနဲ့ဝင့်တို့လက်ထပ်ဖို့အထိ..."

ဖြန်း!...

ရမှုံဝင့်ကို ကျွန်တော်ပါးရိုက်လိုက်သည်။ သူမကို ရိုင်းစိုင်းတဲ့အခေါ်အဝေါ်တွေ မသုံးစေလိုပါ။ သူမဟာဖြူစင်လွန်းသည်။ နာကျင်စရာအတိတ်တွေရှိသည်။ အသေးဖွဲ့လေးကအစ အထိခိုက်မခံနိုင်ပါ။

အံ့ဩမှုတွေနဲ့အတူ ကြောင်ကြည့်နေသည့်ရမှုံဝင့်။ အသံကြားလို့ မေမေထွက်လာသည်။ မေမေ့နောက်တွင်မူ သူမရပ်နေသည်။

"အော် ဒီလိုလားကိုကို... ဝင့်သဘောပေါက်ပြီ တစ်ခုဆုတောင်းပေးလိုက်ပါတယ် ဝင့်ကိုပေးခဲ့သလို Trauma‌တွေ သူ့ကိုမပေးပါနဲ့ နာကျင်ရတယ်လေ သူငယ်ချင်းတွေနဲ့ယှဉ်လာရင်လည်း ချစ်သူကိုရွေးချယ်ပါ ပြီးတော့ဝဋ်မလည်ပါစေနဲ့ကိုကို..."

"ဝဋ်လည်ခဲ့မယ်ဆိုရင်လည်း ကျေကျေနပ်နပ်ကြီးခံယူလိုက်မယ်... မင်းဆုတောင်းတော့ပြည့်မှာမဟုတ်ဘူး... Relationshipတစ်ခုစတိုင်း အဆုံးသတ်သည်အထိ ငါမဖောက်ပြားခဲ့ဘူး... မင်းဆုတောင်းတွေက မင်းနဲ့ပိုထိုက်တန်ပါတယ်..."

ဒေါသတကြီး ဝင့်ထွက်သွားပြီးနောက် ကျွန်တော်လဲကျသွားသည်။ စားပွဲခုံစောင်းနဲ့ ခေါင်းတိုက်မိပြီး တစ်စုံတစ်ယောက် ခေါ်နေသံကိုသာ ကြားလျက်...

"အစ်ကို အစ်ကိုသတိထားပါဦး..."

"သား သတိလေးထားပါဦး... ဖေဖေရေ သားသတိလစ်သွားပြန်ပြီ လုပ်ပါဦးကျွန်မသားလေးကို ကယ်ပေးကြပါ..."

ဦးလေးရောက်လာပြီး အစ်ကို့ကိုကားထဲပွေ့ချီသွားသည်။ အစ်ကို့အင်္ကျီမှာလည်း အနီရောင်တွေစွန်းပေနေသည်။ တုန်ရီနေသောအသံဖြင့်...

"ဦးလေး သမီးလိုက်ခဲ့ပါရစေ..."

ဦးလေးခေါင်းငြိမ့်လိုက်ပြီး ဆေးရုံသွားသည့်လမ်းတစ်လျှောက် အစ်ကို့ကိုစကားပြောပေးဖို့တောင်းဆိုသည်။ ဆေးရုံရောက်ပြီးခဏကြာတော့ အမေနဲ့အန်တီလိုက်လာသည်။ ငိုနေတဲ့အန်တီကို အမေနှစ်သိမ့်ပေးနေခဲ့သည်။ ဆေးရုံကုတင်ထက် လှဲလျောင်းနေသောအစ်ကိုမှာ အန်တီနဲ့ကျွန်မရဲ့ ဝေဒနာတွေကို ကြားနိုင်ပါ့မလား။

"အစ်မရယ် ကလေးဘာမှမဖြစ်ပါဘူး..."

"အစ်မအမှားပါညီမရယ် အဲ့ကလေးမကို အိမ်ထဲမခေါ်ခဲ့သင့်ဘူး... သားခါးခါးသီးသီးဖြစ်နေပေမဲ့ ရန်မများစေချင်လို့သာ... အစ်မအမှားပါ..."

"တိတ်တော့ မိန်းမ မင်းသားဘာမှမဖြစ်ဘူး သွေးထွက်လွန်လို့ သတိလစ်သွားတာပါ သားသတိရလာရင် မင်းမျက်နှာကြည့်ပြီး စိတ်မကောင်းဖြစ်နေလိမ့်မယ် ပြီးတော့သားရဲ့ကိုယ်ရေးကိုယ်တာဖြစ်ဖြစ် အချစ်ရေးကိစ္စဖြစ်ဖြစ်ဝင်မပါနဲ့တော့..."

ဦးလေးပြောမှ အန်တီအငိုတိတ်သွားသည်။ အားနာနေသည့်အကြည့်နဲ့ ကျွန်မတို့ကိုကြည့်နေသည်မလို့...

"စိတ်မပူပါနဲ့အန်တီ အားလည်းမနာပါနဲ့...
အစ်ကိုဘာမှမဖြစ်ပါဘူး..."

အန်တီကိုသာနှစ်သိမ့်ပေးနေရတာ ကျွန်မကိုယ်တိုင်လည်း အမည်မသိခံစားချက်ကြောင့် စိတ်ပူနေမိသည်။ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါ။

"လူနာသတိရလာပါပြီ... ဆရာဝန်ကြီးစစ်ဆေးပြီးတာနဲ့ ဝင်လာလို့ရပါပြီ..."

သတိရလာပြီပြောမှ ကျွန်မစိတ်အနည်းငယ်သက်သာသွားသည်။ အခန်းထဲဝင်တော့ အစ်ကို့ခေါင်းမှာပတ်တီဖြူဖြူ‌လေးတွေ စည်းထားသည်။ ပတ်တီးဖြူဖြူလေးအပေါ် သွေးအနည်းငယ်စွန်းနေသည်။ ဒဏ်ရာရထားသည်ဆိုပေမဲ့ စိတ်ပူတာမမြင်ချင်လို့ထင်ပါရဲ့။ အစ်ကိုပြုံးပြနေသည်။

"သား အရမ်းနာနေလား နှလုံးရောအောင့်နေလား..."

"ဘာမှမဖြစ်ပါဘူးမေမေ နည်းနည်းဘဲနာနေတာပါ သားတော့အလှပျက်ပါပြီမေမေရယ် ခေါင်းကချုပ်ရသေးလား..."

ခပ်နောက်နောက်ပြောနေတော့ အန်တီတစ်ယောက် စိတ်ကောက်သွားသည်။ စိတ်ကောက်သင့်ပါသည်။ အစ်ကို့ကို စိတ်အပူဆုံးက အစ်ကို့အမေဘဲလေ။

"ဈာန်ဖြိုး မင်းတော့လေ..."

"အား နာတယ်မေမေရ..."

"လူကြီးကိုနောက်ချင်ဦး မချုပ်ရပါဘူး ဒီအတိုင်းပေါက်သွားတာ  ၆ချက်လားဘဲ အလှလည်းမပျက်ဘူး တကယ်တည်းမပြောချင်ဘူး..."

"ခြောက်ချက်တောင်... မေမေက သားကိုငြိုငြင်ပြီပေါ့လေ ရပါတယ်မေမေရယ် သားနားလည်လိုက်ပါပြီ..."

"ဒီကလေး‌နဲ့တော့..."

စကားဝိုင်းဖွဲ့ရင်း ရယ်သံတွေသာလွင့်ပြယ်လာသည်။ အစ်ကို့ရဲ့ထူးဆန်းတဲ့အကြည့်ကို ခဏလေးဘဲတွေ့လိုက်ရသည်။ ရင်ထဲလှပ်ခနဲ့ဖြစ်သွားသည်။ ဗလာနတ္ထိခံစားချက်မျိုးပါ။

ကျွန်တော့်ခြေရင်းမှာရပ်နေသည့် သူမကိုကြည့်လိုက်သည်။ အကြည့်ချင်းဆုံနေသည့်အခိုက်တန့်အတွင်း ကျွန်တော်ကိုယ်တိုင်ခံစားချက်ရောထွေးနေလေပြီ။ ကျွန်တော်သူမကိုစောင့်ရှောက်ရမည်။ ဒီအပေးအယူမှာ စတေးမှုသက်သက်ဖြစ်လာခဲ့မယ်ဆိုရင်တောင်ပေါ့။

"သား ဒီမှာညီမလေးနေခဲ့လိမ့်မယ် မေမေတို့အိမ်ပြန်ပြီး အဝတ်အစားထုပ်လိုက်ဦးမယ် ဘာစားချင်လဲ..."

"ဖက်ထုပ်ပြုတ်လေးကို ဆီချက်ကလေးနဲ့..."

"ဟုတ်ပါပြီ ညီမပြန်ကြရအောင်..."

"ဟုတ်ကဲ့အစ်မ... မြင့်မိုရ်နွယ် အစ်ကိုလိုအပ်တာလုပ်ပေးလိုက်နော် ဖုန်းကိုင်မနေနဲ့..."

"ဟုတ်ကဲ့ပါအမေ..."

အမေတို့ထွက်သွားပြီး အစ်ကို့ဘေးနားကထိုင်ခုံမှာထိုင်လိုက်သည်။ အစ်ကိုကတော့ ကျွန်မကိုမကြည့်ဘဲ မျက်နှာကျက်ကိုသာကြည့်နေသည်။ စဉ်းစားစရာများမယ်ထင်ပါသည်။ ရည်းစားဟောင်းကောင်းမှုကြောင့် ဆေးရုံရောက်လာတာမဟုတ်လား။

"ဘာမှမေးစရာမရှိဘူးလား ညီမလေး..."

"ဘာမေးရမှာလဲအစ်ကို..."

"တောင်းပန်ပါတယ် သူ့အပြုအမူအပြောအဆိုတွေအတွက်..."

"မလိုပါဘူး သူပြောတာလေ အစ်ကိုပြောတာမှမဟုတ်ဘဲ..."

"ဒါပေမဲ့..."

စကားမဆက်ဘဲ သက်ပြင်းချလိုက်သည်။ အခုချိန်ထိ ကျွန်မကိုမကြည့်သေးပါ။

"ဒါပေမဲ့ ဘာဖြစ်လဲအစ်ကို..."

"ညီမလေးရဲ့ အနာဂတ်ကိုဘယ်လိုဖြစ်ချင်လဲ..."

"အနာဂတ်..."

အနာဂတ်ဆိုသည်မှာလည်း အမေထားရာနေ စေရာသွားပါ။ အမေဖြစ်ချင်တာက ကျွန်မဖြစ်ရမဲ့အရာပါ။ သို့ပေမဲ့...

"နွေးထွေးတဲ့မိသားစုလိုချင်တယ်... ယောက်ျားကောင်းတစ်ယောက်နဲ့ အိမ်ထောင်ပြုမယ် ပြီးတော့ကလေးတစ်ယောက်မွေးမယ် နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုပေါ့ ငွေကြေးပူပန်မှုမရှိတဲ့ မိသားစုမျိုး ပြီးတော့ တရားသူကြီးဖြစ်ချင်တယ်... အစိုးရအလုပ်မှာ အာဏာရှိတဲ့လူကြီးတစ်ယောက်ပေါ့..."

"မိသားစု ပိုက်ဆံ အာဏာ ... အွန်း‌ ကောင်းပါတယ်..."

"အစ်ကိုကရော..."

မျက်နှာကျက်ကိုကြည့်နေရာမှ ကျွန်မကိုကြည့်သည်။ ဘယ်လိုအကြည့်မျိုးဆိုတာ မခန့်မှန်းတတ်။ အစ်ကို့ကိုသိတာမကြာသေးလို့လားမသိ အစ်ကို့စိတ်ကိုနားမလည်ပါ။

"အနာဂတ်မှာ လူတွေကိုကယ်တင်ချင်တယ်... ဘုရားတည်ချင်တယ် လှူတန်းမယ် ပရဟိတလုပ်မယ် ငယ်ကတည်းက တောင်းရမ်းနေတဲ့ကလေးဖြစ်ဖြစ် ပညာမသင်နိုင်တဲ့ကလေးဖြစ်ဖြစ် စာသင်ပေးချင်တယ်... တစ်နိုင်ငံလုံးပတ်ပြီး အစ်ကိုတတ်တဲ့ပညာနဲ့ လိုအပ်တဲ့သူတွေကို ထောက်ပံ့ပေးချင်တယ် ပြီးတော့ ဘဝကိုအေးအေးဆေးဆေးဘဲ ဖြတ်သန်းချင်တယ်..."

"အစ်ကိုကပေးဆပ်သူပေါ့ ရယူလိုချင်စိတ်ရော မရှိဘူးလား..."

"ပေးဆပ်သူသက်သက်ပါ ရယူလိုခြင်းမှာအတ္တတွေပါတယ် အစ်ကိုအတ္တမကြီးချင်ပါဘူး အစ်ကိုချစ်တဲ့သူတွေကို ပျော်ရွှင်စေချင်တယ် သူများတွေအတွက် အစ်ကိုက လိုသုံးဖြစ်နေနိုင်တယ် အသုံးချခံဖြစ်နေနိုင်တယ် အဖြည့်ခံဖြစ်‌နေနိုင်တယ် ပေးဆပ်သူဖြစ်နေနိုင်တယ် ပြီးတော့ စတေးခံသူလည်းဖြစ်နေနိုင်တယ်... အစ်ကိုစတေးလို့ အနစ်နာခံလို့ ပေးဆပ်လို့ တစ်ဖက်လူပျော်ရွှင်ရမယ်ဆိုရင် ကျေနပ်ပါပြီ ဆိုပေမဲ့ ရယူလိုတဲ့အထိချစ်မိရင်တော့ ပုထုစဉ်လူသားပီပီ အတ္တကြီးမိမယ်ထင်တယ်..."

"အော် သဘောထားကြီးတာဘဲ ချစ်တဲ့သူအပေါ်တော့ လူတိုင်းပိုင်ဆိုင်ချင်တဲ့အတ္တရှိကြတာဘဲလေ..."

"ဟင့်အင်း အစ်ကိုအဲ့လောက် သဘောထားမကြီးပါဘူး ဖြစ်လာရမဲ့ကံပါရင် ဘာအတွက်ရှောင်လွဲနေရမလဲ ပြဿနာတစ်ခုကို ရှောင်တိုင်းလည်းမကောင်းသလို ရင်ဆိုင်တိုင်းလည်းမကောင်းဘူး အလိုက်ထိုက်လေးပေါ့..."

"အစ်ကိုအချစ်ကို ဘယ်လိုခံယူလဲ..."

"အချစ်စစ်ဆိုတာ ကိုယ်ချစ်ရတဲ့သူနဲ့တွေ့ရင်အေးချမ်းသွားတာမျိုး သူနဲ့တွေ့မှ တည်ငြိမ်သွားတာမျိုး သူမကြိုက်တဲ့အကျင့်တွေ သူ့အလိုလိုပြင်သွားတာမျိုး ရှင်းရှင်းပြောရရင် သူကြောင့်အေးချမ်းရတယ် ဒါကိုအချစ်လို့ခံယူတယ်..."

"အို... ဒါဆို အေးအတူပူအမျှဆိုတာ မရှိဘူးပေါ့..."

"ရှိတာပေါ့ လူတစ်ယောက်ကို နှလုံးသားနဲ့ချစ်မိပြီဆိုကတည်းက သူ့အပူလည်းကိုယ့်အပူ သူ့အအေးလည်းကိုယ့်အအေးဘဲ ချစ်ခြင်းမေတ္တာတရားတိုင်းဟာ ၅၂၈ဖြစ်ဖြစ် ၁၅၀၀ဖြစ်ဖြစ် ပူလောင်ရတာကြည့်ဘဲ ညီမရောအချစ်ကိုဘယ်လိုခံယူလဲ..."

"အင်း အချစ်ကို အချစ်လို့ဘဲခံယူပါတယ် ဦးနှောက်နဲ့နှလုံးသား ယှဉ်ရွေးရတဲ့အခါ ဦးနှောက်ကိုဘဲရွေးချယ်ဖြစ်မယ် ဘာလို့လဲဆိုရင် ညီမကအတ္တကြီးတယ်လေ..."

"ကောင်းပါတယ်..."

အစ်ကိုမျက်နှာလွဲသွားသည်။ ကျွန်မအဖြေကြောင့်လား။ ကျွန်မ မချစ်ဖူးဘူး။ ပျော်ချင်လို့တွဲတယ်။ မပျော်တော့ဘူးထင်ရင် လမ်းခွဲလိုက်တယ်။ အတ္တကြီးသူလို့ ကိုယ်တိုင်သတ်မှတ်ထားတာဘဲ။ ကျွန်မရဲ့ပျော်ရွှင်မှုဆိုတာ ဖန်တီးယူရတာပါ။

"ပျော်ရွှင်မှုက ဖန်တီးယူရတယ်ဆိုတာ တစ်ခါတလေမှားတယ်နော် ညီမလေး... ပျော်ရွှင်မှုဆိုတာ အလိုလိုဖြစ်တည်တတ်တယ် နေတတ်ရင် ကမ္ဘာကြီးကကျေနပ်စရာကြီးပါ..."

"အောင်မလေး အစ်ကို ကျွန်မအတွေးကို..."

"ဒီအတိုင်းပြောတာပါ..."

စကားပြောနေတုန်း အစ်ကို့ရဲ့ဧည့်သည်ရောက်လာသည်။ ဆံပင်ရှည်နဲ့ မြန်မာဝမ်းဆက်ဝတ်ထားသည့် မိန်းကလေးနှင့် ခေတ်ဆန်ဆန်ဝတ်ဆင်ထားသည့် မိန်းကလေးပင်။

"ဈာန်ဖြိုး နင့်အိမ်ရောက်တော့ ဆေးရုံတက်နေရတယ်ဆိုလို့ ဘယ်လိုဖြစ်တာလဲ..."

"ရောက်တုန်းရောက်ခိုက်လေး လည်ဖို့လာခေါ်ပါတယ်ဆို..."

"ရေသောက်ကြဦးမလား ဖြည်းဖြည်းပြောကြပါဟာ ဒါကဒီလိုရှိပါတယ် နေမကောင်းလို့လဲကျသွားတာ ခေါင်းခိုက်မိသွားတယ် ဒါပါဘဲ..."

"မဖြစ်နိုင်တာဟယ် ဒါလေးကဘယ်သူလဲ ငါတို့နဲ့မိတ်ဆက်ပေးဦးလေ..."

အစ်ကိုပြုံးနေသည်။ အစ်ကိုစိတ်ပါလက်ပါပြုံးတာ အခုမှသေချာမြင်ရသည်။ တစ်ဖက်ကကြည့်ရင် အပြစ်ကင်းစင်သည်။ တစ်ဖက်ကကြည့်ရင် အမြင်ကပ်ဖို့ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ဤအပြုံးက သူများအတွက်...

"ညီမလေး ဒါအစ်ကိုရဲ့သူငယ်ချင်းတွေ သန္တာနဲ့စုမြတ်တဲ့ ဟဲ့အစစ်မတွေ ဒါငါနဲ့ကျောင်းသွားတက်မဲ့ကလေး မေမေ့မိတ်ဆွေရဲ့သမီး မြင့်မိုရ်နွယ်တဲ့..."

"တွေ့ရတာဝမ်းသာပါတယ် ညီမလေး ဒီကောင်ကြီးက စကားပြောမတတ်ပေမဲ့ သဘောကောင်းပါတယ် ကျောင်းရောက်ရင်လည်း ထိန်းပေးပါဦး... ပြီးတော့အကျင့်မကောင်းဘူး..."

"တွေ့ရတာဝမ်းသာပါတယ် အစ်မတို့..."

"နောက်ပိုင်းတွေ့ဖြစ်ရင်လည်းခေါ်နော် အစ်မတို့ကခင်တတ်ပါတယ်..."

အစ်ကို့သူငယ်ချင်းတွေက ဖော်ရွေရှာပါတယ်။ မိန်းကလေးအချင်းချင်းမလို့လားမသိဘူး။ စုမြတ်ဆိုတဲ့တစ်ယောက် အစ်ကို့ကိုသဘောကျနေပုံဘဲ။ အစ်ကို့ကိုစိတ်ပူနေတဲ့အကြည့်တွေကနေတစ်ဆင့် သိနိုင်ပါတယ်။ ဒါဆိုအစ်ကိုကရော မသိတာလား။ မသိချင်ယောင်ဆောင်နေတာလား။

"နင်တို့ ကလေးကို ငါ့မကောင်းကြောင်းမပြောပါနဲ့ ဆေးရုံလာ‌တာကလည်း လက်ဗလာနဲ့နော်..."

"ဟဲဟဲ မည်သို့ပင်ဆိုစေကာမူ သူငယ်ချင်းဆိုတာ လာဘ်မယူရဘူး လာဘ်ပေးလာဘ်ယူ တို့ရန်သူတဲ့ နင်ဘဲပြောဖူးတယ်လေ အဲ့တာကြောင့်ပါ..."

"အော် ဒါမျိုးကျ ငါ့စကားနားထောင်တယ်နော်... နင်တို့ပြင်ဦးလွင်တက်လာတာ မင်းထိုက်တို့မပါဘူးလား..."

"မပြောချင်ပါဘူး သန္တာနင်ပြောလိုက်..."

"အော် အေးအေး ဒီလိုဟ သူရဲ့Play Girlလေးနဲ့ လုံးဝကို သာယာokနေတာ အရင်နှစ်လက ပြတ်မယ်ဆိုပြီး ဘယ်လိုဖြစ်သွားလဲမသိပါဘူးဟယ် ဟိုကောင်မလေးက တထိုက်တည်းထိုက်နေတာ အရမ်းRoလွန်းလို့ အမြင်ကပ်နေပြီ... သူလိုက်ရင် သူ့ဟာမလေးပါ ပါလာမှာဆိုးလို့ ပါတာအရေးမကြီးဘူး တော်ကြာအဲ့ကလေးမအိမ်က မင်းထိုက်နဲ့လိုက်ပြေးတယ်ထင်နေဦးမယ်..."

"နင်တို့ကလည်း မင်းထိုက်အဆင်ပြေတော့ နင်တို့သက်သာတာပေါ့ မဟုတ်ရင် ဘီယာဆိုင်လိုက်ထိုင်ရပြီး အမြည်းစားရတာနည်းနည်း သူငိုယိုနေတာများများနားထောင်နေရမယ်..."

"အေး အဲ့တာလည်းဟုတ်တာဘဲ... နင်ဂရုစိုက်ဦးနော် ငါတို့နေ့ချင်းပြန်မလို့ သန္တာအဒေါ်ဆီဝင်ပြီး ပြန်တော့မယ်..."

"နင်တို့ကလည်း ရောက်တာမကြာသေးတာကို..."

"အဖေရဲ့အရစ်ရှည်မနေနဲ့ သန္တာအဒေါ်တို့ကရွာဘက်မှာ ပြန်တာနဲ့မိုးချုပ်မှာဆိုးလို့... ငါတို့ကဆိုင်ကယ်နဲ့လာတာ မိန်းကလေးနှစ်ယောက်တည်းဆိုတော့..."

"ထားပါလေ ကျောင်းရောက်မှတွေ့ကြတာပေါ့ ဂရုစိုက်ပြန်ကြနော်..."

"အေးပါ ညီမလေး အစ်မတို့ပြန်တော့မယ်နော်..."

"ဟုတ်ကဲ့ပါ အစ်မတို့ဂရုစိုက်ပြန်ပါနော်..."

ဧည့်သည်တွေပြန်ပြီးနောက် တိတ်ဆိတ်လို့သွားပြန်သည်။ အစ်ကိုက ချက်ချင်းအပြုံးရပ်သွားပြီး မျက်နှာကျက်ကို ကြည့်နေသည်။ အစ်ကို့အပြုအမူ‌တွေ အပြောအဆိုတွေ လုပ်ရပ်တွေက ခန့်မှန်းလို့မရပေ။

............

မီးမှန်းသိလျက် အချစ်အတွက်ရှေ့ဆက်တိုးကြမဲ့ Readerပိုးဖလံတို့အတွက် Cheers...

Thanks all my reader...

#DVassan




.........


Zawgyi

ဧည့္သည္ျပန္သြားၿပီအထင္နဲ႔ ေအာက္ဆင္းလာခဲ့တာ ကြၽန္မမွားသြားသည္။ အစ္ကို႔ပခုံးကိုမွီေနတဲ့မိန္းကေလးကို မဆီမဆိုင္ေဒါသထြက္မိသည္။ တစ္ခါမွမျမင္ဖူးတဲ့ တင္းမာေနတဲ့မ်က္ႏွာထားနဲ႔အစ္ကိုကလည္း ေၾကာက္ဖို႔ေကာင္းပါသည္။

အေတြးစကိုေဖ်ာက္ရင္း ထမင္းစားခန္းထဲထိုင္ေနလိုက္သည္။ အစ္ကိုနဲ႔အတူထမင္းစားဖို႔ ေစာင့္ေနခဲ့တာေလ။ အခုေတာ့ ျမင္ကြင္းေၾကာင့္ မသိစိတ္ကေဒါသထြက္ေနသည္။

"ရယ္ရပါလား ျမင့္မိုရ္ႏြယ္... အစ္ကိုနဲ႔နင္က ဘာမွမသက္ဆိုင္တာကို ေတာက္..."

ကိုယ့္ဘာသာကိုယ္အသိေပးရင္း မ်က္ရည္ေတြဝဲလာသည္။ မည္မွ်ပင္ထိန္းခ်ဳပ္ထားပါေစ... ကြၽန္မသူစိမ္းတစ္ေယာက္အတြက္ မ်က္ရည္ေတြၿပိဳဆင္းလာသည္။ မ်က္ရည္မလြယ္သည့္ ကြၽန္မအတြက္ေလ...

ရမႈံဝင့္လို မာယာမ်ားတဲ့မိန္းမကို ကြၽန္‌ေတာ္ဘာေၾကာင့္ မလြန္ဆန္ႏိုင္ေသးတာလဲ။ ထမင္းစားဖို႔ သူမေစာင့္ေနတာကိုသိပါသည္။ သို႔ေပမဲ့...

"ကိုကို သူစိမ္းဆန္လိုက္တာ... ဝင့္ကိုမလြမ္းဘူးလား အဆက္သြယ္လည္းမလုပ္ဘူး..."

"မင္းဘာလုပ္ထားလဲမသိဘူးလား ရမႈံဝင့္... ငါ့ဘဝမွာ တန္ဖိုးအထားဆုံးက သစၥာတရားဘဲ မင္းငါ့ေနာက္ေက်ာကိုဓားနဲ႔ထိုးခဲ့တာ ငါအႀကိမ္ႀကိမ္ခြင့္လႊတ္ေပးခဲ့တယ္... မင္းကိုအရမ္းစိတ္ကုန္ေနၿပီ ထြက္သြားပါေတာ့..."

"ႏွင္ထုတ္တိုင္း သြားရေအာင္ ဝင့္အေၾကာင္းမသိဘူးလားကိုကို... ကိုကိုမရွိရင္ မျဖစ္လို႔ပါ ေတာင္းပန္ပါတယ္ေနာ္ ဒီတစ္ခါေနာက္ဆုံးပါ ခြင့္လႊတ္ေပးပါ... ဝင့္တို႔ျပႆနာတက္တိုင္း ကိုကို႔ဘက္ကအေလ်ာ့ေပးခဲ့ဖူးလား မာနကို‌ေရွ႕တန္းထားၿပီး ဝင့္အတြက္ၾကည့္ေပးခဲ့ဖူးလား ဝင့္စိတ္ကိုနားမလည္ေသးဘူးလား ဝင့္ ကိုကို႔ကိုခ်စ္တယ္ေလ ဒါကလည္းစိတ္ထြက္ေပါက္ရွာမိ႐ုံပါကိုကိုရယ္..."

"ဟားဟား ဘာ စိတ္ထြက္ေပါက္ မင္းအႀကိမ္ႀကိမ္ေနာက္ေက်ာဓားနဲ႔ထိုးခဲ့တိုင္း ငါ့အမွားေတြအတြက္ မင္းကိုခြင့္လႊတ္ေပးခဲ့တာ ငါအႏိုင္ယူသလိုျဖစ္ခဲ့လို႔ မင္းကိုခြင့္လႊတ္ေပးခဲ့တာကြ... မင္းမ်က္ရည္ေတြအတြက္ ငါ့အေပၚေဖာက္ျပန္ေနလည္း ငါနားလည္ေပးခဲ့တာ ငါ့ကိုလြတ္လပ္ခြင့္ေပးပါေတာ့ ငါပင္ပန္းေနၿပီ စိတ္ကုန္ေနၿပီ မင္းလည္းအမွားမကင္းဘူး ေအးငါလည္းအမွားမကင္းခဲ့ဘူး ေနတတ္သြားတဲ့အခ်ိန္က်မွ ျပန္လိုခ်င္ေနတာ မရယ္ရဘူးလား..."

ငိုယိုေနတဲ့ရမႈံဝင့္ကို ကြၽန္ေတာ္မသနားေတာ့ပါ။ ေနာက္ဆုံးပါလို႔ေျပာၿပီး သစၥာေဖာက္ျပားေနတာ ဘယ္ႏွႀကိမ္ရွိေနၿပီလဲ။ ကြၽန္ေတာ္ရွိလ်က္နဲ႔ တျခားတစ္ေယာက္ကို သေဘာက်တယ္ေျပာခဲ့တယ္။ ကြၽန္ေတာ္ဟာ သူ႔ခ်စ္သူျဖစ္လ်က္နဲ႔ Silent ဘဝမွာေနခဲ့ရသည္။ သူက်ဴးလြန္တိုင္း ခြင့္လႊတ္နားလည္ေပးေနရေလာက္တဲ့အထိ ကြၽန္ေတာ္ခႏၲီပါရမီ မျပည့္ဝပါ။

"ဘာလဲ ခုနကေကာင္မနဲ႔ကိုကိုကဘာေတြလဲ အဲ့ေကာင္မေၾကာင့္ ဝင့္ကိုေမာင္းထုတ္ေနတာလား ဟမ္...ေျပာစမ္းပါ ကိုကိုနဲ႔ဝင့္တို႔လက္ထပ္ဖို႔အထိ..."

ျဖန္း!...

ရမႈံဝင့္ကို ကြၽန္ေတာ္ပါး႐ိုက္လိုက္သည္။ သူမကို ႐ိုင္းစိုင္းတဲ့အေခၚအေဝၚေတြ မသုံးေစလိုပါ။ သူမဟာျဖဴစင္လြန္းသည္။ နာက်င္စရာအတိတ္ေတြရွိသည္။ အေသးဖြဲ႕ေလးကအစ အထိခိုက္မခံႏိုင္ပါ။

အံ့ဩမႈေတြနဲ႔အတူ ေၾကာင္ၾကည့္ေနသည့္ရမႈံဝင့္။ အသံၾကားလို႔ ေမေမထြက္လာသည္။ ေမေမ့ေနာက္တြင္မူ သူမရပ္ေနသည္။

"ေအာ္ ဒီလိုလားကိုကို... ဝင့္သေဘာေပါက္ၿပီ တစ္ခုဆုေတာင္းေပးလိုက္ပါတယ္ ဝင့္ကိုေပးခဲ့သလို Trauma‌ေတြ သူ႔ကိုမေပးပါနဲ႔ နာက်င္ရတယ္ေလ သူငယ္ခ်င္းေတြနဲ႔ယွဥ္လာရင္လည္း ခ်စ္သူကိုေ႐ြးခ်ယ္ပါ ၿပီးေတာ့ဝဋ္မလည္ပါေစနဲ႔ကိုကို..."

"ဝဋ္လည္ခဲ့မယ္ဆိုရင္လည္း ေက်ေက်နပ္နပ္ႀကီးခံယူလိုက္မယ္... မင္းဆုေတာင္းေတာ့ျပည့္မွာမဟုတ္ဘူး... Relationshipတစ္ခုစတိုင္း အဆုံးသတ္သည္အထိ ငါမေဖာက္ျပားခဲ့ဘူး... မင္းဆုေတာင္းေတြက မင္းနဲ႔ပိုထိုက္တန္ပါတယ္..."

ေဒါသတႀကီး ဝင့္ထြက္သြားၿပီးေနာက္ ကြၽန္ေတာ္လဲက်သြားသည္။ စားပြဲခုံေစာင္းနဲ႔ ေခါင္းတိုက္မိၿပီး တစ္စုံတစ္ေယာက္ ေခၚေနသံကိုသာ ၾကားလ်က္...

"အစ္ကို အစ္ကိုသတိထားပါဦး..."

"သား သတိေလးထားပါဦး... ေဖေဖေရ သားသတိလစ္သြားျပန္ၿပီ လုပ္ပါဦးကြၽန္မသားေလးကို ကယ္ေပးၾကပါ..."

ဦးေလးေရာက္လာၿပီး အစ္ကို႔ကိုကားထဲေပြ႕ခ်ီသြားသည္။ အစ္ကို႔အက်ႌမွာလည္း အနီေရာင္ေတြစြန္းေပေနသည္။ တုန္ရီေနေသာအသံျဖင့္...

"ဦးေလး သမီးလိုက္ခဲ့ပါရေစ..."

ဦးေလးေခါင္းၿငိမ့္လိုက္ၿပီး ေဆး႐ုံသြားသည့္လမ္းတစ္ေလွ်ာက္ အစ္ကို႔ကိုစကားေျပာေပးဖို႔ေတာင္းဆိုသည္။ ေဆး႐ုံေရာက္ၿပီးခဏၾကာေတာ့ အေမနဲ႔အန္တီလိုက္လာသည္။ ငိုေနတဲ့အန္တီကို အေမႏွစ္သိမ့္ေပးေနခဲ့သည္။ ေဆး႐ုံကုတင္ထက္ လွဲေလ်ာင္းေနေသာအစ္ကိုမွာ အန္တီနဲ႔ကြၽန္မရဲ႕ ေဝဒနာေတြကို ၾကားႏိုင္ပါ့မလား။

"အစ္မရယ္ ကေလးဘာမွမျဖစ္ပါဘူး..."

"အစ္မအမွားပါညီမရယ္ အဲ့ကေလးမကို အိမ္ထဲမေခၚခဲ့သင့္ဘူး... သားခါးခါးသီးသီးျဖစ္ေနေပမဲ့ ရန္မမ်ားေစခ်င္လို႔သာ... အစ္မအမွားပါ..."

"တိတ္ေတာ့ မိန္းမ မင္းသားဘာမွမျဖစ္ဘူး ေသြးထြက္လြန္လို႔ သတိလစ္သြားတာပါ သားသတိရလာရင္ မင္းမ်က္ႏွာၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနလိမ့္မယ္ ၿပီးေတာ့သားရဲ႕ကိုယ္ေရးကိုယ္တာျဖစ္ျဖစ္ အခ်စ္ေရးကိစၥျဖစ္ျဖစ္ဝင္မပါနဲ႔ေတာ့..."

ဦးေလးေျပာမွ အန္တီအငိုတိတ္သြားသည္။ အားနာေနသည့္အၾကည့္နဲ႔ ကြၽန္မတို႔ကိုၾကည့္ေနသည္မလို႔...

"စိတ္မပူပါနဲ႔အန္တီ အားလည္းမနာပါနဲ႔...
အစ္ကိုဘာမွမျဖစ္ပါဘူး..."

အန္တီကိုသာႏွစ္သိမ့္ေပးေနရတာ ကြၽန္မကိုယ္တိုင္လည္း အမည္မသိခံစားခ်က္ေၾကာင့္ စိတ္ပူေနမိသည္။ ဘယ္လိုနည္းနဲ႔မွ အဆုံးရႈံးမခံႏိုင္ပါ။

"လူနာသတိရလာပါၿပီ... ဆရာဝန္ႀကီးစစ္ေဆးၿပီးတာနဲ႔ ဝင္လာလို႔ရပါၿပီ..."

သတိရလာၿပီေျပာမွ ကြၽန္မစိတ္အနည္းငယ္သက္သာသြားသည္။ အခန္းထဲဝင္ေတာ့ အစ္ကို႔ေခါင္းမွာပတ္တီျဖဴျဖဴ‌ေလးေတြ စည္းထားသည္။ ပတ္တီးျဖဴျဖဴေလးအေပၚ ေသြးအနည္းငယ္စြန္းေနသည္။ ဒဏ္ရာရထားသည္ဆိုေပမဲ့ စိတ္ပူတာမျမင္ခ်င္လို႔ထင္ပါရဲ႕။ အစ္ကိုၿပဳံးျပေနသည္။

"သား အရမ္းနာေနလား ႏွလုံးေရာေအာင့္ေနလား..."

"ဘာမွမျဖစ္ပါဘူးေမေမ နည္းနည္းဘဲနာေနတာပါ သားေတာ့အလွပ်က္ပါၿပီေမေမရယ္ ေခါင္းကခ်ဳပ္ရေသးလား..."

ခပ္ေနာက္ေနာက္ေျပာေနေတာ့ အန္တီတစ္ေယာက္ စိတ္ေကာက္သြားသည္။ စိတ္ေကာက္သင့္ပါသည္။ အစ္ကို႔ကို စိတ္အပူဆုံးက အစ္ကို႔အေမဘဲေလ။

"ဈာန္ၿဖိဳး မင္းေတာ့ေလ..."

"အား နာတယ္ေမေမရ..."

"လူႀကီးကိုေနာက္ခ်င္ဦး မခ်ဳပ္ရပါဘူး ဒီအတိုင္းေပါက္သြားတာ  ၆ခ်က္လားဘဲ အလွလည္းမပ်က္ဘူး တကယ္တည္းမေျပာခ်င္ဘူး..."

"ေျခာက္ခ်က္ေတာင္... ေမေမက သားကိုၿငိဳျငင္ၿပီေပါ့ေလ ရပါတယ္ေမေမရယ္ သားနားလည္လိုက္ပါၿပီ..."

"ဒီကေလး‌နဲ႔ေတာ့..."

စကားဝိုင္းဖြဲ႕ရင္း ရယ္သံေတြသာလြင့္ျပယ္လာသည္။ အစ္ကို႔ရဲ႕ထူးဆန္းတဲ့အၾကည့္ကို ခဏေလးဘဲေတြ႕လိုက္ရသည္။ ရင္ထဲလွပ္ခနဲ႔ျဖစ္သြားသည္။ ဗလာနတၳိခံစားခ်က္မ်ိဳးပါ။

ကြၽန္ေတာ့္ေျခရင္းမွာရပ္ေနသည့္ သူမကိုၾကည့္လိုက္သည္။ အၾကည့္ခ်င္းဆုံေနသည့္အခိုက္တန႔္အတြင္း ကြၽန္ေတာ္ကိုယ္တိုင္ခံစားခ်က္ေရာေထြးေနေလၿပီ။ ကြၽန္ေတာ္သူမကိုေစာင့္ေရွာက္ရမည္။ ဒီအေပးအယူမွာ စေတးမႈသက္သက္ျဖစ္လာခဲ့မယ္ဆိုရင္ေတာင္ေပါ့။

"သား ဒီမွာညီမေလးေနခဲ့လိမ့္မယ္ ေမေမတို႔အိမ္ျပန္ၿပီး အဝတ္အစားထုပ္လိုက္ဦးမယ္ ဘာစားခ်င္လဲ..."

"ဖက္ထုပ္ျပဳတ္ေလးကို ဆီခ်က္ကေလးနဲ႔..."

"ဟုတ္ပါၿပီ ညီမျပန္ၾကရေအာင္..."

"ဟုတ္ကဲ့အစ္မ... ျမင့္မိုရ္ႏြယ္ အစ္ကိုလိုအပ္တာလုပ္ေပးလိုက္ေနာ္ ဖုန္းကိုင္မေနနဲ႔..."

"ဟုတ္ကဲ့ပါအေမ..."

အေမတို႔ထြက္သြားၿပီး အစ္ကို႔ေဘးနားကထိုင္ခုံမွာထိုင္လိုက္သည္။ အစ္ကိုကေတာ့ ကြၽန္မကိုမၾကည့္ဘဲ မ်က္ႏွာက်က္ကိုသာၾကည့္ေနသည္။ စဥ္းစားစရာမ်ားမယ္ထင္ပါသည္။ ရည္းစားေဟာင္းေကာင္းမႈေၾကာင့္ ေဆး႐ုံေရာက္လာတာမဟုတ္လား။

"ဘာမွေမးစရာမရွိဘူးလား ညီမေလး..."

"ဘာေမးရမွာလဲအစ္ကို..."

"ေတာင္းပန္ပါတယ္ သူ႔အျပဳအမူအေျပာအဆိုေတြအတြက္..."

"မလိုပါဘူး သူေျပာတာေလ အစ္ကိုေျပာတာမွမဟုတ္ဘဲ..."

"ဒါေပမဲ့..."

စကားမဆက္ဘဲ သက္ျပင္းခ်လိုက္သည္။ အခုခ်ိန္ထိ ကြၽန္မကိုမၾကည့္ေသးပါ။

"ဒါေပမဲ့ ဘာျဖစ္လဲအစ္ကို..."

"ညီမေလးရဲ႕ အနာဂတ္ကိုဘယ္လိုျဖစ္ခ်င္လဲ..."

"အနာဂတ္..."

အနာဂတ္ဆိုသည္မွာလည္း အေမထားရာေန ေစရာသြားပါ။ အေမျဖစ္ခ်င္တာက ကြၽန္မျဖစ္ရမဲ့အရာပါ။ သို႔ေပမဲ့...

"ေႏြးေထြးတဲ့မိသားစုလိုခ်င္တယ္... ေယာက္်ားေကာင္းတစ္ေယာက္နဲ႔ အိမ္ေထာင္ျပဳမယ္ ၿပီးေတာ့ကေလးတစ္ေယာက္ေမြးမယ္ ေႏြးေထြးၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုေပါ့ ေငြေၾကးပူပန္မႈမရွိတဲ့ မိသားစုမ်ိဳး ၿပီးေတာ့ တရားသူႀကီးျဖစ္ခ်င္တယ္... အစိုးရအလုပ္မွာ အာဏာရွိတဲ့လူႀကီးတစ္ေယာက္ေပါ့..."

"မိသားစု ပိုက္ဆံ အာဏာ ... အြန္း‌ ေကာင္းပါတယ္..."

"အစ္ကိုကေရာ..."

မ်က္ႏွာက်က္ကိုၾကည့္ေနရာမွ ကြၽန္မကိုၾကည့္သည္။ ဘယ္လိုအၾကည့္မ်ိဳးဆိုတာ မခန႔္မွန္းတတ္။ အစ္ကို႔ကိုသိတာမၾကာေသးလို႔လားမသိ အစ္ကို႔စိတ္ကိုနားမလည္ပါ။

"အနာဂတ္မွာ လူေတြကိုကယ္တင္ခ်င္တယ္... ဘုရားတည္ခ်င္တယ္ လႉတန္းမယ္ ပရဟိတလုပ္မယ္ ငယ္ကတည္းက ေတာင္းရမ္းေနတဲ့ကေလးျဖစ္ျဖစ္ ပညာမသင္ႏိုင္တဲ့ကေလးျဖစ္ျဖစ္ စာသင္ေပးခ်င္တယ္... တစ္ႏိုင္ငံလုံးပတ္ၿပီး အစ္ကိုတတ္တဲ့ပညာနဲ႔ လိုအပ္တဲ့သူေတြကို ေထာက္ပံ့ေပးခ်င္တယ္ ၿပီးေတာ့ ဘဝကိုေအးေအးေဆးေဆးဘဲ ျဖတ္သန္းခ်င္တယ္..."

"အစ္ကိုကေပးဆပ္သူေပါ့ ရယူလိုခ်င္စိတ္ေရာ မရွိဘူးလား..."

"ေပးဆပ္သူသက္သက္ပါ ရယူလိုျခင္းမွာအတၱေတြပါတယ္ အစ္ကိုအတၱမႀကီးခ်င္ပါဘူး အစ္ကိုခ်စ္တဲ့သူေတြကို ေပ်ာ္႐ႊင္ေစခ်င္တယ္ သူမ်ားေတြအတြက္ အစ္ကိုက လိုသုံးျဖစ္ေနႏိုင္တယ္ အသုံးခ်ခံျဖစ္ေနႏိုင္တယ္ အျဖည့္ခံျဖစ္‌ေနႏိုင္တယ္ ေပးဆပ္သူျဖစ္ေနႏိုင္တယ္ ၿပီးေတာ့ စေတးခံသူလည္းျဖစ္ေနႏိုင္တယ္... အစ္ကိုစေတးလို႔ အနစ္နာခံလို႔ ေပးဆပ္လို႔ တစ္ဖက္လူေပ်ာ္႐ႊင္ရမယ္ဆိုရင္ ေက်နပ္ပါၿပီ ဆိုေပမဲ့ ရယူလိုတဲ့အထိခ်စ္မိရင္ေတာ့ ပုထုစဥ္လူသားပီပီ အတၱႀကီးမိမယ္ထင္တယ္..."

"ေအာ္ သေဘာထားႀကီးတာဘဲ ခ်စ္တဲ့သူအေပၚေတာ့ လူတိုင္းပိုင္ဆိုင္ခ်င္တဲ့အတၱရွိၾကတာဘဲေလ..."

"ဟင့္အင္း အစ္ကိုအဲ့ေလာက္ သေဘာထားမႀကီးပါဘူး ျဖစ္လာရမဲ့ကံပါရင္ ဘာအတြက္ေရွာင္လြဲေနရမလဲ ျပႆနာတစ္ခုကို ေရွာင္တိုင္းလည္းမေကာင္းသလို ရင္ဆိုင္တိုင္းလည္းမေကာင္းဘူး အလိုက္ထိုက္ေလးေပါ့..."

"အစ္ကိုအခ်စ္ကို ဘယ္လိုခံယူလဲ..."

"အခ်စ္စစ္ဆိုတာ ကိုယ္ခ်စ္ရတဲ့သူနဲ႔ေတြ႕ရင္ေအးခ်မ္းသြားတာမ်ိဳး သူနဲ႔ေတြ႕မွ တည္ၿငိမ္သြားတာမ်ိဳး သူမႀကိဳက္တဲ့အက်င့္ေတြ သူ႔အလိုလိုျပင္သြားတာမ်ိဳး ရွင္းရွင္းေျပာရရင္ သူေၾကာင့္ေအးခ်မ္းရတယ္ ဒါကိုအခ်စ္လို႔ခံယူတယ္..."

"အို... ဒါဆို ေအးအတူပူအမွ်ဆိုတာ မရွိဘူးေပါ့..."

"ရွိတာေပါ့ လူတစ္ေယာက္ကို ႏွလုံးသားနဲ႔ခ်စ္မိၿပီဆိုကတည္းက သူ႔အပူလည္းကိုယ့္အပူ သူ႔အေအးလည္းကိုယ့္အေအးဘဲ ခ်စ္ျခင္းေမတၱာတရားတိုင္းဟာ ၅၂၈ျဖစ္ျဖစ္ ၁၅၀၀ျဖစ္ျဖစ္ ပူေလာင္ရတာၾကည့္ဘဲ ညီမေရာအခ်စ္ကိုဘယ္လိုခံယူလဲ..."

"အင္း အခ်စ္ကို အခ်စ္လို႔ဘဲခံယူပါတယ္ ဦးေႏွာက္နဲ႔ႏွလုံးသား ယွဥ္ေ႐ြးရတဲ့အခါ ဦးေႏွာက္ကိုဘဲေ႐ြးခ်ယ္ျဖစ္မယ္ ဘာလို႔လဲဆိုရင္ ညီမကအတၱႀကီးတယ္ေလ..."

"ေကာင္းပါတယ္..."

အစ္ကိုမ်က္ႏွာလြဲသြားသည္။ ကြၽန္မအေျဖေၾကာင့္လား။ ကြၽန္မ မခ်စ္ဖူးဘူး။ ေပ်ာ္ခ်င္လို႔တြဲတယ္။ မေပ်ာ္ေတာ့ဘူးထင္ရင္ လမ္းခြဲလိုက္တယ္။ အတၱႀကီးသူလို႔ ကိုယ္တိုင္သတ္မွတ္ထားတာဘဲ။ ကြၽန္မရဲ႕ေပ်ာ္႐ႊင္မႈဆိုတာ ဖန္တီးယူရတာပါ။

"ေပ်ာ္႐ႊင္မႈက ဖန္တီးယူရတယ္ဆိုတာ တစ္ခါတေလမွားတယ္ေနာ္ ညီမေလး... ေပ်ာ္႐ႊင္မႈဆိုတာ အလိုလိုျဖစ္တည္တတ္တယ္ ေနတတ္ရင္ ကမာၻႀကီးကေက်နပ္စရာႀကီးပါ..."

"ေအာင္မေလး အစ္ကို ကြၽန္မအေတြးကို..."

"ဒီအတိုင္းေျပာတာပါ..."

စကားေျပာေနတုန္း အစ္ကို႔ရဲ႕ဧည့္သည္ေရာက္လာသည္။ ဆံပင္ရွည္နဲ႔ ျမန္မာဝမ္းဆက္ဝတ္ထားသည့္ မိန္းကေလးႏွင့္ ေခတ္ဆန္ဆန္ဝတ္ဆင္ထားသည့္ မိန္းကေလးပင္။

"ဈာန္ၿဖိဳး နင့္အိမ္ေရာက္ေတာ့ ေဆး႐ုံတက္ေနရတယ္ဆိုလို႔ ဘယ္လိုျဖစ္တာလဲ..."

"ေရာက္တုန္းေရာက္ခိုက္ေလး လည္ဖို႔လာေခၚပါတယ္ဆို..."

"ေရေသာက္ၾကဦးမလား ျဖည္းျဖည္းေျပာၾကပါဟာ ဒါကဒီလိုရွိပါတယ္ ေနမေကာင္းလို႔လဲက်သြားတာ ေခါင္းခိုက္မိသြားတယ္ ဒါပါဘဲ..."

"မျဖစ္ႏိုင္တာဟယ္ ဒါေလးကဘယ္သူလဲ ငါတို႔နဲ႔မိတ္ဆက္ေပးဦးေလ..."

အစ္ကိုၿပဳံးေနသည္။ အစ္ကိုစိတ္ပါလက္ပါၿပဳံးတာ အခုမွေသခ်ာျမင္ရသည္။ တစ္ဖက္ကၾကည့္ရင္ အျပစ္ကင္းစင္သည္။ တစ္ဖက္ကၾကည့္ရင္ အျမင္ကပ္ဖို႔ေကာင္းပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဤအၿပဳံးက သူမ်ားအတြက္...

"ညီမေလး ဒါအစ္ကိုရဲ႕သူငယ္ခ်င္းေတြ သႏၲာနဲ႔စုျမတ္တဲ့ ဟဲ့အစစ္မေတြ ဒါငါနဲ႔ေက်ာင္းသြားတက္မဲ့ကေလး ေမေမ့မိတ္ေဆြရဲ႕သမီး ျမင့္မိုရ္ႏြယ္တဲ့..."

"ေတြ႕ရတာဝမ္းသာပါတယ္ ညီမေလး ဒီေကာင္ႀကီးက စကားေျပာမတတ္ေပမဲ့ သေဘာေကာင္းပါတယ္ ေက်ာင္းေရာက္ရင္လည္း ထိန္းေပးပါဦး... ၿပီးေတာ့အက်င့္မေကာင္းဘူး..."

"ေတြ႕ရတာဝမ္းသာပါတယ္ အစ္မတို႔..."

"ေနာက္ပိုင္းေတြ႕ျဖစ္ရင္လည္းေခၚေနာ္ အစ္မတို႔ကခင္တတ္ပါတယ္..."

အစ္ကို႔သူငယ္ခ်င္းေတြက ေဖာ္ေ႐ြရွာပါတယ္။ မိန္းကေလးအခ်င္းခ်င္းမလို႔လားမသိဘူး။ စုျမတ္ဆိုတဲ့တစ္ေယာက္ အစ္ကို႔ကိုသေဘာက်ေနပုံဘဲ။ အစ္ကို႔ကိုစိတ္ပူေနတဲ့အၾကည့္ေတြကေနတစ္ဆင့္ သိႏိုင္ပါတယ္။ ဒါဆိုအစ္ကိုကေရာ မသိတာလား။ မသိခ်င္ေယာင္ေဆာင္ေနတာလား။

"နင္တို႔ ကေလးကို ငါ့မေကာင္းေၾကာင္းမေျပာပါနဲ႔ ေဆး႐ုံလာ‌တာကလည္း လက္ဗလာနဲ႔ေနာ္..."

"ဟဲဟဲ မည္သို႔ပင္ဆိုေစကာမူ သူငယ္ခ်င္းဆိုတာ လာဘ္မယူရဘူး လာဘ္ေပးလာဘ္ယူ တို႔ရန္သူတဲ့ နင္ဘဲေျပာဖူးတယ္ေလ အဲ့တာေၾကာင့္ပါ..."

"ေအာ္ ဒါမ်ိဳးက် ငါ့စကားနားေထာင္တယ္ေနာ္... နင္တို႔ျပင္ဦးလြင္တက္လာတာ မင္းထိုက္တို႔မပါဘူးလား..."

"မေျပာခ်င္ပါဘူး သႏၲာနင္ေျပာလိုက္..."

"ေအာ္ ေအးေအး ဒီလိုဟ သူရဲ႕Play Girlေလးနဲ႔ လုံးဝကို သာယာokေနတာ အရင္ႏွစ္လက ျပတ္မယ္ဆိုၿပီး ဘယ္လိုျဖစ္သြားလဲမသိပါဘူးဟယ္ ဟိုေကာင္မေလးက တထိုက္တည္းထိုက္ေနတာ အရမ္းRoလြန္းလို႔ အျမင္ကပ္ေနၿပီ... သူလိုက္ရင္ သူ႔ဟာမေလးပါ ပါလာမွာဆိုးလို႔ ပါတာအေရးမႀကီးဘူး ေတာ္ၾကာအဲ့ကေလးမအိမ္က မင္းထိုက္နဲ႔လိုက္ေျပးတယ္ထင္ေနဦးမယ္..."

"နင္တို႔ကလည္း မင္းထိုက္အဆင္ေျပေတာ့ နင္တို႔သက္သာတာေပါ့ မဟုတ္ရင္ ဘီယာဆိုင္လိုက္ထိုင္ရၿပီး အျမည္းစားရတာနည္းနည္း သူငိုယိုေနတာမ်ားမ်ားနားေထာင္ေနရမယ္..."

"ေအး အဲ့တာလည္းဟုတ္တာဘဲ... နင္ဂ႐ုစိုက္ဦးေနာ္ ငါတို႔ေန႔ခ်င္းျပန္မလို႔ သႏၲာအေဒၚဆီဝင္ၿပီး ျပန္ေတာ့မယ္..."

"နင္တို႔ကလည္း ေရာက္တာမၾကာေသးတာကို..."

"အေဖရဲ႕အရစ္ရွည္မေနနဲ႔ သႏၲာအေဒၚတို႔က႐ြာဘက္မွာ ျပန္တာနဲ႔မိုးခ်ဳပ္မွာဆိုးလို႔... ငါတို႔ကဆိုင္ကယ္နဲ႔လာတာ မိန္းကေလးႏွစ္ေယာက္တည္းဆိုေတာ့..."

"ထားပါေလ ေက်ာင္းေရာက္မွေတြ႕ၾကတာေပါ့ ဂ႐ုစိုက္ျပန္ၾကေနာ္..."

"ေအးပါ ညီမေလး အစ္မတို႔ျပန္ေတာ့မယ္ေနာ္..."

"ဟုတ္ကဲ့ပါ အစ္မတို႔ဂ႐ုစိုက္ျပန္ပါေနာ္..."

ဧည့္သည္ေတြျပန္ၿပီးေနာက္ တိတ္ဆိတ္လို႔သြားျပန္သည္။ အစ္ကိုက ခ်က္ခ်င္းအၿပဳံးရပ္သြားၿပီး မ်က္ႏွာက်က္ကို ၾကည့္ေနသည္။ အစ္ကို႔အျပဳအမူ‌ေတြ အေျပာအဆိုေတြ လုပ္ရပ္ေတြက ခန႔္မွန္းလို႔မရေပ။

............

မီးမွန္းသိလ်က္ အခ်စ္အတြက္ေရွ႕ဆက္တိုးၾကမဲ့ Readerပိုးဖလံတို႔အတြက္ Cheers...

Thanks all my reader...

#DVassan

Fortsätt läs

Du kommer också att gilla

2.7K 187 21
မင်းကိုတွေ့တိုင်းအမြဲမုန်းတီးနေတဲ့ငါ့စိတ်တွေကမင်းပြုံးလိုက်ချိန်ခနတာအတွင်းမှာပြောင်းလဲသွားခဲ့တယ်... လရောင်လှိုင်း... သူ့ကိုတွေ့ရင်စိတ်ထဲကနေအလိုလိုမုန...
110K 1.5K 51
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
1.8K 118 7
မူယာနှင်းဆီ အိမ်ထောင်ရှိပီးအမွှာလေး၂ယောက်နဲ့ သာယာတဲ့မိသားစုကိုပိုင်ဆိုင်ထားတဲ့ ချမ်းသာသလို၊သိပ်မာနကြီးတဲ့အမျိုးသမီးပေါ့ ခင်ပွန်း ဖြစ်သူကလည်း အလိုလိ...