Unicode
အပိုင်း - ၇
စံ့ကိုဘယ်လောက်ပင် လွတ်လပ်ခွင့်ပေးထားပါသည်ဆိုဆို ဒယ်ဒီတစ်ချက်လွတ်အမိန့်ထုတ်လျှင် စံမငြင်းဆန်နိုင်ပါ။အခုလည်း မန္တလေးကို လိုက်ရမည်ဆို၍သာ လိုက်လာခဲ့ရသည်။ဘာကြောင့်ဆိုတာလည်း မပြောသလို ဘယ်သွားမယ်လို့လည်း ကြိုမပြော။
"နွယ်ရုံ ဒယ်ဒီက နင့်ကို
ဘာတွေပြောသေးလဲ..."
"..ဘာမှမပြောဘူး မစံ... မန္တလေးကို နင့်အမ လိုက်ကိုလိုက်ရမယ်တဲ့..."
*ဟူး
စံနှင့်နွယ်ရုံ ကားပေါ်မှာ
ဒယ်ဒီဘာလို့ စံတို့ကို မန္တလေးခေါ်လဲဆိုတာကို စဉ်းစားမရဖြစ်နေကြသည်။ စံ့အတွက်တော့ မန္တလေးကို နှစ်ကြိမ်ထက်မနည်းရောက်ဖူးခဲ့သည်မို့ နေရာဒေသက သိပ်တော့မစိမ်းလှပါ။ဒါပေမဲ့ အခုဒယ်ဒီခေါ်သွားသောနေရာကို စံမသိ။ဒယ်ဒီ့ကားနောက်ကိုသာ လိုက်ရင်း ဒယ်ဒီ့ကို နားမလည်နိုင်ရှိနေသည်။
💮💮💮💮💮💮💮💮💮💮💮
ဒယ်ဒီ့ကားလေးက နှစ်ထပ်တိုက်လေးရှေ့မှာရပ်သွားသည်။ဒယ်ဒီက စံတို့ကားအနားကို လျှောက်လာပြီး...
"ဒေါက်...ဒေါက်....."
စံ ကားမှန်ကို လျှောခနဲဖွင့်လိုက်၏။
"...ရောက်ပြီလား ဒယ်ဒီ...."
"..ဆင်းတော့ စံစံ...."
ဒယ်ဒီက စံ့ကိုပြောပြီးသည်နှင့် အရှေ့မှဦးဆောင်ပြီး သွားနှင့်၏။
"...နွယ်ရုံ မ ကို မက်စ်(mask) ပေး...."
ဆယ်လီပီပီ စံ့မှာ ဘယ်နေရာရောက်ရောက် မက်စ်ကြီးတကားကားနှင့်နေရသည်။
"..လာ..လာ..ဆင်းကြစို့...."
နွယ်ရုံ့လက်ကိုဆွဲ၍ ဒယ်ဒီဝင်သွားရာ တိုက်ထဲကို ဝင်လိုက်သည်။
*အိုး…မိုင်….ဂေါ့...
*ဟယ်....
စံတို့နှစ်ယောက်နှုတ်မှ အာမေဋိတ်သံတွေ ပြိုင်တူထွက်သွားသည်။တိုက်ထဲတွင် တွေ့လိုက်ရသည်မှာ ယောက်ကျားတွေချည်းပဲ ဆယ်ယောက်ကျော်လောက်ရှိမည်။အားလုံးက အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး လက်တွေရှေ့ချ၍ မတ်တတ်ရပ်နေကြသည်။ထူးခြားချက်မှာ သူတို့အားလုံး၏ body တွေက တောင့်တင်းကျစ်လစ်နေပြီး အရပ်အမောင်းတွေကလည်း မြင့်မြင့်မားမားရှိလှသည်။
စံ့မျက်လုံးတွေက ဒယ်ဒီထိုင်နေသည့် ဆိုဖာပေါ်ရောက်သွား၏။
* အိုးးး
သူ့ကိုမြင်လိုက်ရခြင်းမှာ စံ့အကြည့်တွေမလွှဲနိုင်အောင်ဖြစ်သွားသည်။
ခန့်ညားလိုက်တဲ့လူပါလား....
ဂျာကင်အနက် ဘောင်းဘီအနက်နှင်ါ ဆံပင်တိုတိုအောက်က မျက်ခုံးတွေက...
ဟင်... ဒီမျက်လုံးတွေကို ရင်းနှီးနေသလိုပါပဲ...
"စံစံ ဒီနားလာလေ...."
စံ ကြောင်ငေးနေရာမှ ဒယ်ဒီ့ခေါ်သံကြောင့် အသိဝင်လာပြီး ဒယ်ဒီတို့အနား သွားလိုက်သည်။
လူချော ကောင်မလေးကို တစ်ချက်ကြည့်ပြီး ချက်ချင်းအကြည့်လွှဲလိုက်သည်။ဒါပေမဲ့ သူ့အာရုံမှာ သူမပုံရိပ်က ငြိတွယ်ပါလာ၏။
လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလို ဆံပင်တိုတိုဖောင်းဖောင်းလေးတွေမဟုတ်တော့။အဲ့ဒီအစား ခွေလိမ်ကောက်နေသည့် ရွှေဝါရောင်ဆံနွယ်တွေအဖြစ် ပြောင်းလဲသွားသည်။ခန္ဓာကိုယ်အချိုးအစားကတော့ သူ့ထက်စာလျှင် အရပ်ပုတယ်လို့ပဲ ကောက်ချက်ချရမည်။ဒါပေမဲ့ လှပတဲ့ကောက်ကြောင်းတွေပေါ်အောင် သူမက သိသာစွာဝတ်ဆင်ထားသည်။မျက်နှာကိုတော့ မက်စ်တပ်ထား၍ သေချာမမြင်ရပေ။
"စံ သူ့ကိုမှတ်မိလား...."
ဒယ်ဒီကမှတ်မိလား မေးနေပေမဲ့ စံ့မှာဝိုးတဝါးဖြစ်နေသည်။
"...ကုန်းသာရွာက လူချောလေ..."
"...ဟင် ဦး...ဦးလေးကြီးလား...."
စံ လက်ညိုးလေးတထိုးထိုးနှင့် စကားကိုရှေ့မဆက်နိုင်ဘဲ အံ့ဩနေ၏။
"..ဟုတ်တယ် စံစံ့ကိုချောင်းထဲလိုက်ပို့တဲ့ဆရာလေ..."
ဒယ်ဒီကသေချာအောင်
ထပ်ပြောလာသည်။
"..အာ...ဒယ်ဒီကလည်း မဖြစ်နိုင်ပါဘူး...ရွာကဦးလေးကြီးက ကတုံးကြီးနဲ့လေ...."
"...စံစံ..."
လူချောမျက်နှာ မဲ့သွား၏။
(ဒီကောင်မလေး ငါ့ကိုတွေ့တိုင်း ဒီကတုံးပဲလာလာ ခလုတ်တိုက်နေတာ...)
"ကတုံးက ဆံပင်ပြန်မပေါက်ဘူးလို့ ရှိလို့လား သမီး..."
"..ဟို ဒယ်ဒီ...စံက စံမှတ်မိတာကို ပြောပြတာပါ...."
ကိုယ့်စကားမှားသွားမှန်းသိတော့ စံလေသံကို အသာလေးပြန်လျော့ရသည်။
"...ကဲ မောင်လူချော....အန်ကယ့်သမီးကတော့ မြင်တဲ့အတိုင်းပဲ။အခုချိန်ထိကို စကားပြောမတတ်ဘူး။ဒါနဲ့...ဒီဘက်က သမီးရဲ့လက်ထောက်လေ လေးနွယ်ရုံ တဲ့ ...."
လူချော မိန်းကလေးနှစ်ယောက်ကို ဝေ့ကြည့်ပြီးနောက် ပြုံးတယ်ဆိုရုံသာ နှုတ်ခမ်းကိုတွန့်၍ အသိအမှတ်ပြုလိုက်သည်။
"..စံစံ ဒယ်ဒီ..သမီးကို ဒီခေါ်လာတာက ကိုယ်ရံတော် ရွေးခိုင်းမလို့..."
".ကိုယ်ရံတော်...."
စံနှင့်နွယ်ရုံ နှုတ်မှ ပြိုင်တူထွက်သွားသည်။ပြီးတဲ့နောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး မျက်နှာတွေက မချိုမချဉ်နဲ့ ဖြစ်ကုန်ကြ၏။
"..အဟမ်း...ကိုယ်ရံတော်က ဘာလုပ်ဖို့လဲဒယ်ဒီ....."
"..သမီးအတွက် ဒယ်ဒီရှာပေးတာ။သမီးက ဒယ်ဒီ့စကားနားမထောင်ဘူးလေ။လုပ်ချင်ရာလုပ်တာ။အဲ့ဒီတော့ ကိုယ်ရံတော်တဖြစ်လည်း ဒယ်ဒီ့လူယုံပဲ။သမီးသွားလေရာ လိုက်ပို့စောင့်ရှောက်ပေးရမယ်။သမီးကို ကာကွယ်ပေးနိုင်မယ်။သမီးမှာရှိတဲ့ ကိစ္စအားလုံးကို ဒယ်ဒီသိနိုင်မယ်...."
"..ဟာ ဒယ်ဒီ...ဒါကတော့....."
"..ထပ်ပြီးအတွန့်မတက်နဲ့ စံစံ...ဟိုမှာ ကိုယ်ရံတော်တွေ ကြိုက်ရာသွားရွေး...."
စံ့မျက်နှာ ရှုသိုးသိုးဖြစ်နေသည်။ဒယ်ဒီ့လုပ်ရပ်ကို မကျေနပ်နိုင်ပါ။နောက်ကနေ တကောက်ကောက်လိုက် ထိန်းချုပ်တာမျိုးကို စံမကြိုက်။ဟိုလူကြီးလို ခပ်ချောချောမျိုးဆိုလျှင်တော့....
စံ တွေးရင်းဖြင့်အဖြေရသွားပြီး မျက်နှာက တဖြည်းဖြည်းပြုံးလာ၏။
"...အိုကေလေ..ဒယ်ဒီ...စံရွေးမယ်။ဒါပေမဲ့ မရွေးခင် သိချင်တာတစ်ခုရှိတယ်။ဒီကိုယ်ရံတော်တွေကို အုပ်ချုပ်တာက ဘယ်သူလဲ...."
သူမအသံကြောင့် လူချော မျက်လွှာပင့်ကြည့်သည်။
"ဦးလေးကြီးလား..."
သူ ခေါင်းတစ်ချက်ဆတ်ပြ၏။ဟုတ်တယ်ဆိုသည့်သဘော....
"ဒါဆို ဒီဂရုမှာရှိတဲ့လူတွေအကုန်လုံးထဲကမှ စိတ်ကြိုက်တစ်ယောက်ရွေးနိုင်တယ်ပေါ့....."
"....မင်းသဘောပါ...."
လူချောရဲ့အသံ ပထမဆုံးထွက်လာသည်။
"..ဟုတ်ပြီလေ..ဦးလေးကြီးကိုရွေးမယ်..."
ကောင်မလေး စကားအဆုံးမှာ သူ့မျက်လုံးတွေပြူးသွားသည်။မတ်တတ်ရပ်နေသည့် ကိုယ်ရံတော်တွေလည်း လှုပ်လှုပ်ရှားရှားဖြစ်သွား၏။နွယ်ရုံတောင် မစံစကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီ။
စံ့ကို ငြင်းဆိုဖို့ဟန်ပြင်နေတဲ့ ဦးလေးကြီးကို စံ လက်ကာပြပြီး...
"..ခဏလေး စံ့စကားမဆုံးသေးဘူး။ဒယ်ဒီ...ဦးလေးကြီးမှမဟုတ်ရင် စံ့အနား ဘယ်သူစိမ်းယောက်ျားသားမှကပ်တာ မကြိုက်ဘူး။ဆိုတော့ ဦးလေးကြီးကို စံယူမယ်...အဲ....ငှားမယ်လို့ပြောတာ...."
* ဟားးးဟားးးဟားးး
ယောက်ျားလေးအုပ်စုဆီမှ မတိုးမကျယ်ရယ်သံတွေ ထွက်လာ၏။
လူချော မျက်နှာကြီးရဲပြီး နားရွက်တွေပါနီလာသည်။ရှက်လွန်းပြီး ဘာလုပ်ရမှန်းမသိ၍ နှာခေါင်းပွတ်လိုက် လက်ပွတ်လိုက် လုပ်နေမိသည်။
"အင်း...ဘယ်လိုတောင်လုပ်ရပါ့မလဲ မောင်လူချောရယ်။အန်ကယ့်ကို ဖြစ်နိုင်ရင် ကူညီပေးပါဦး..."
"ဒီလိုပါအန်ကယ် ကိုယ်ရံတော်တွေကိုပဲ ရွေးခွင့်ရှိပါမယ်ဗျ။ကျွန်တော်က အနားယူထားလို့ပါ....."
"..အိုးးးခုနကပဲ ဦးလေးကြီးပြောတော့ ဒီဂရုက ရှိသမျှယောက်ျားလေး အကုန်ရွေးလို့ရတယ်ဆို။ဘာလဲ..ဦးလေးကြီးမပါဘူးဆိုတော့ ဦးလေးကြီးက ယောက်ျားမဟုတ်ဘူးလား..."
"..မင်း..."
"..စံစံ သမီးဘယ်လိုပြောလိုက်တာလဲ..."
လူချော နှုတ်သီးကောင်းတဲ့ကောင်မလေးကို ဘယ်လိုချေပရမှန်းမသိဘဲ ဒေါသတွေသာထွက်လာသည်။
စံကတော့ ဦးလေးကြီးငြင်းမှာစိုး၍ စကားကို တွန်းပြောပစ်၏။မသင့်တော်မှန်းတော့ စံလည်းနားလည်သည်။
"..အန်ကယ်ကြားထဲကပဲ တောင်းပန်ပါတယ်ကွယ်။အန်ကယ့်သမီးလေးက အဲ့ဒီလိုမျိုး စကားကိုပိဿလေးနဘေးပစ်ပြောလို့လည်း အန်ကယ်စိတ်မချနိုင်တာပါ...."
လူချော အခုမှအခက်တွေ့ပြီ။လက်မခံဘူးဆိုလျှင် သူယောက်ျားမစစ်ရာကျမည်။လက်ခံမည်ဆိုလျှင်လည်း ဒီကောင်မလေးနှင့်သူ ရှေ့ဆက်နှစ်ပါးသွားရလိမ့်မည်။
"..ကျွန်တော် ပြန်ဆက်သွယ်ပေးပါ့မယ် အန်ကယ်..."
"..အေးကွာ အန်ကယ်သတင်းကောင်းပဲကြားချင်ပါတယ်။ကဲ အန်ကယ်တို့ကို ခွင့်ပြုပါဦး..."
"...ဦးလေးကြီးနော် စံခွင့်တောင်းတာကို လက်မခံရင် ယောက်ျားမစစ်လို့ပဲ..အွန့်..."
"လာပါ မစံရယ်...."
နှုတ်ခမ်းတထော်ထော်နှင့် သူ့ကိုကြိမ်းသွားသည့်ကောင်မလေးကို သူ့လက်ထောက်က ဆွဲခေါ်သွားသည်။
ဒီကောင်မလေး ဒီစကားကို ပြောသင့်မှန်းမသိ မပြောသင့်မှန်းမသိ မြွေမကြောက် ကင်းမကြောက်ပြောရသလား....
To be continued
💙💙💙💙💙💙💙💙💙💙💙
Zawgyi
အပိုင္း - ၇
စံ့ကိုဘယ္ေလာက္ပင္ လြတ္လပ္ခြင့္ေပးထားပါသည္ဆိုဆို ဒယ္ဒီတစ္ခ်က္လြတ္အမိန္႔ထုတ္လွ်င္ စံမျငင္းဆန္ႏိုင္ပါ။အခုလည္း မႏၲေလးကို လိုက္ရမည္ဆို၍သာ လိုက္လာခဲ့ရသည္။ဘာေၾကာင့္ဆိုတာလည္း မေျပာသလို ဘယ္သြားမယ္လို႔လည္း ႀကိဳမေျပာ။
"ႏြယ္႐ုံ ဒယ္ဒီက နင့္ကို
ဘာေတြေျပာေသးလဲ..."
"..ဘာမွမေျပာဘူး မစံ... မႏၲေလးကို နင့္အမ လိုက္ကိုလိုက္ရမယ္တဲ့..."
*ဟူး
စံႏွင့္ႏြယ္႐ုံ ကားေပၚမွာ
ဒယ္ဒီဘာလို႔ စံတို႔ကို မႏၲေလးေခၚလဲဆိုတာကို စဥ္းစားမရျဖစ္ေနၾကသည္။ စံ့အတြက္ေတာ့ မႏၲေလးကို ႏွစ္ႀကိမ္ထက္မနည္းေရာက္ဖူးခဲ့သည္မို႔ ေနရာေဒသက သိပ္ေတာ့မစိမ္းလွပါ။ဒါေပမဲ့ အခုဒယ္ဒီေခၚသြားေသာေနရာကို စံမသိ။ဒယ္ဒီ့ကားေနာက္ကိုသာ လိုက္ရင္း ဒယ္ဒီ့ကို နားမလည္ႏိုင္ရွိေနသည္။
💮💮💮💮💮💮💮💮💮💮💮
ဒယ္ဒီ့ကားေလးက ႏွစ္ထပ္တိုက္ေလးေရွ႕မွာရပ္သြားသည္။ဒယ္ဒီက စံတို႔ကားအနားကို ေလွ်ာက္လာၿပီး...
"ေဒါက္...ေဒါက္....."
စံ ကားမွန္ကို ေလွ်ာခနဲဖြင့္လိုက္၏။
"...ေရာက္ၿပီလား ဒယ္ဒီ...."
"..ဆင္းေတာ့ စံစံ...."
ဒယ္ဒီက စံ့ကိုေျပာၿပီးသည္ႏွင့္ အေရွ႕မွဦးေဆာင္ၿပီး သြားႏွင့္၏။
"...ႏြယ္႐ုံ မ ကို မက္စ္(mask) ေပး...."
ဆယ္လီပီပီ စံ့မွာ ဘယ္ေနရာေရာက္ေရာက္ မက္စ္ႀကီးတကားကားႏွင့္ေနရသည္။
"..လာ..လာ..ဆင္းၾကစို႔...."
ႏြယ္႐ုံ႔လက္ကိုဆြဲ၍ ဒယ္ဒီဝင္သြားရာ တိုက္ထဲကို ဝင္လိုက္သည္။
*အိုး…မိုင္….ေဂါ့...
*ဟယ္....
စံတို႔ႏွစ္ေယာက္ႏႈတ္မွ အာေမဋိတ္သံေတြ ၿပိဳင္တူထြက္သြားသည္။တိုက္ထဲတြင္ ေတြ႕လိုက္ရသည္မွာ ေယာက္က်ားေတြခ်ည္းပဲ ဆယ္ေယာက္ေက်ာ္ေလာက္ရွိမည္။အားလုံးက အနက္ေရာင္ဝတ္စုံေတြ ဝတ္ဆင္ထားၾကၿပီး လက္ေတြေရွ႕ခ်၍ မတ္တတ္ရပ္ေနၾကသည္။ထူးျခားခ်က္မွာ သူတို႔အားလုံး၏ body ေတြက ေတာင့္တင္းက်စ္လစ္ေနၿပီး အရပ္အေမာင္းေတြကလည္း ျမင့္ျမင့္မားမားရွိလွသည္။
စံ့မ်က္လုံးေတြက ဒယ္ဒီထိုင္ေနသည့္ ဆိုဖာေပၚေရာက္သြား၏။
* အိုးးး
သူ႔ကိုျမင္လိုက္ရျခင္းမွာ စံ့အၾကည့္ေတြမလႊဲႏိုင္ေအာင္ျဖစ္သြားသည္။
ခန႔္ညားလိုက္တဲ့လူပါလား....
ဂ်ာကင္အနက္ ေဘာင္းဘီအနက္ႏွင္ါ ဆံပင္တိုတိုေအာက္က မ်က္ခုံးေတြက...
ဟင္... ဒီမ်က္လုံးေတြကို ရင္းႏွီးေနသလိုပါပဲ...
"စံစံ ဒီနားလာေလ...."
စံ ေၾကာင္ေငးေနရာမွ ဒယ္ဒီ့ေခၚသံေၾကာင့္ အသိဝင္လာၿပီး ဒယ္ဒီတို႔အနား သြားလိုက္သည္။
လူေခ်ာ ေကာင္မေလးကို တစ္ခ်က္ၾကည့္ၿပီး ခ်က္ခ်င္းအၾကည့္လႊဲလိုက္သည္။ဒါေပမဲ့ သူ႔အာ႐ုံမွာ သူမပုံရိပ္က ၿငိတြယ္ပါလာ၏။
လြန္ခဲ့တဲ့ ၅ ႏွစ္တုန္းကလို ဆံပင္တိုတိုေဖာင္းေဖာင္းေလးေတြမဟုတ္ေတာ့။အဲ့ဒီအစား ေခြလိမ္ေကာက္ေနသည့္ ေ႐ႊဝါေရာင္ဆံႏြယ္ေတြအျဖစ္ ေျပာင္းလဲသြားသည္။ခႏၶာကိုယ္အခ်ိဳးအစားကေတာ့ သူ႔ထက္စာလွ်င္ အရပ္ပုတယ္လို႔ပဲ ေကာက္ခ်က္ခ်ရမည္။ဒါေပမဲ့ လွပတဲ့ေကာက္ေၾကာင္းေတြေပၚေအာင္ သူမက သိသာစြာဝတ္ဆင္ထားသည္။မ်က္ႏွာကိုေတာ့ မက္စ္တပ္ထား၍ ေသခ်ာမျမင္ရေပ။
"စံ သူ႔ကိုမွတ္မိလား...."
ဒယ္ဒီကမွတ္မိလား ေမးေနေပမဲ့ စံ့မွာဝိုးတဝါးျဖစ္ေနသည္။
"...ကုန္းသာ႐ြာက လူေခ်ာေလ..."
"...ဟင္ ဦး...ဦးေလးႀကီးလား...."
စံ လက္ညိဳးေလးတထိုးထိုးႏွင့္ စကားကိုေရွ႕မဆက္ႏိုင္ဘဲ အံ့ဩေန၏။
"..ဟုတ္တယ္ စံစံ့ကိုေခ်ာင္းထဲလိုက္ပို႔တဲ့ဆရာေလ..."
ဒယ္ဒီကေသခ်ာေအာင္
ထပ္ေျပာလာသည္။
"..အာ...ဒယ္ဒီကလည္း မျဖစ္ႏိုင္ပါဘူး...႐ြာကဦးေလးႀကီးက ကတုံးႀကီးနဲ႔ေလ...."
"...စံစံ..."
လူေခ်ာမ်က္ႏွာ မဲ့သြား၏။
(ဒီေကာင္မေလး ငါ့ကိုေတြ႕တိုင္း ဒီကတုံးပဲလာလာ ခလုတ္တိုက္ေနတာ...)
"ကတုံးက ဆံပင္ျပန္မေပါက္ဘူးလို႔ ရွိလို႔လား သမီး..."
"..ဟို ဒယ္ဒီ...စံက စံမွတ္မိတာကို ေျပာျပတာပါ...."
ကိုယ့္စကားမွားသြားမွန္းသိေတာ့ စံေလသံကို အသာေလးျပန္ေလ်ာ့ရသည္။
"...ကဲ ေမာင္လူေခ်ာ....အန္ကယ့္သမီးကေတာ့ ျမင္တဲ့အတိုင္းပဲ။အခုခ်ိန္ထိကို စကားေျပာမတတ္ဘူး။ဒါနဲ႔...ဒီဘက္က သမီးရဲ႕လက္ေထာက္ေလ ေလးႏြယ္႐ုံ တဲ့ ...."
လူေခ်ာ မိန္းကေလးႏွစ္ေယာက္ကို ေဝ့ၾကည့္ၿပီးေနာက္ ၿပဳံးတယ္ဆို႐ုံသာ ႏႈတ္ခမ္းကိုတြန္႔၍ အသိအမွတ္ျပဳလိုက္သည္။
"..စံစံ ဒယ္ဒီ..သမီးကို ဒီေခၚလာတာက ကိုယ္ရံေတာ္ ေ႐ြးခိုင္းမလို႔..."
".ကိုယ္ရံေတာ္...."
စံႏွင့္ႏြယ္႐ုံ ႏႈတ္မွ ၿပိဳင္တူထြက္သြားသည္။ၿပီးတဲ့ေနာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကၿပီး မ်က္ႏွာေတြက မခ်ိဳမခ်ဥ္နဲ႔ ျဖစ္ကုန္ၾက၏။
"..အဟမ္း...ကိုယ္ရံေတာ္က ဘာလုပ္ဖို႔လဲဒယ္ဒီ....."
"..သမီးအတြက္ ဒယ္ဒီရွာေပးတာ။သမီးက ဒယ္ဒီ့စကားနားမေထာင္ဘူးေလ။လုပ္ခ်င္ရာလုပ္တာ။အဲ့ဒီေတာ့ ကိုယ္ရံေတာ္တျဖစ္လည္း ဒယ္ဒီ့လူယုံပဲ။သမီးသြားေလရာ လိုက္ပို႔ေစာင့္ေရွာက္ေပးရမယ္။သမီးကို ကာကြယ္ေပးႏိုင္မယ္။သမီးမွာရွိတဲ့ ကိစၥအားလုံးကို ဒယ္ဒီသိႏိုင္မယ္...."
"..ဟာ ဒယ္ဒီ...ဒါကေတာ့....."
"..ထပ္ၿပီးအတြန႔္မတက္နဲ႔ စံစံ...ဟိုမွာ ကိုယ္ရံေတာ္ေတြ ႀကိဳက္ရာသြားေ႐ြး...."
စံ့မ်က္ႏွာ ရႈသိုးသိုးျဖစ္ေနသည္။ဒယ္ဒီ့လုပ္ရပ္ကို မေက်နပ္ႏိုင္ပါ။ေနာက္ကေန တေကာက္ေကာက္လိုက္ ထိန္းခ်ဳပ္တာမ်ိဳးကို စံမႀကိဳက္။ဟိုလူႀကီးလို ခပ္ေခ်ာေခ်ာမ်ိဳးဆိုလွ်င္ေတာ့....
စံ ေတြးရင္းျဖင့္အေျဖရသြားၿပီး မ်က္ႏွာက တျဖည္းျဖည္းၿပဳံးလာ၏။
"...အိုေကေလ..ဒယ္ဒီ...စံေ႐ြးမယ္။ဒါေပမဲ့ မေ႐ြးခင္ သိခ်င္တာတစ္ခုရွိတယ္။ဒီကိုယ္ရံေတာ္ေတြကို အုပ္ခ်ဳပ္တာက ဘယ္သူလဲ...."
သူမအသံေၾကာင့္ လူေခ်ာ မ်က္လႊာပင့္ၾကည့္သည္။
"ဦးေလးႀကီးလား..."
သူ ေခါင္းတစ္ခ်က္ဆတ္ျပ၏။ဟုတ္တယ္ဆိုသည့္သေဘာ....
"ဒါဆို ဒီဂ႐ုမွာရွိတဲ့လူေတြအကုန္လုံးထဲကမွ စိတ္ႀကိဳက္တစ္ေယာက္ေ႐ြးႏိုင္တယ္ေပါ့....."
"....မင္းသေဘာပါ...."
လူေခ်ာရဲ႕အသံ ပထမဆုံးထြက္လာသည္။
"..ဟုတ္ၿပီေလ..ဦးေလးႀကီးကိုေ႐ြးမယ္..."
ေကာင္မေလး စကားအဆုံးမွာ သူ႔မ်က္လုံးေတြျပဴးသြားသည္။မတ္တတ္ရပ္ေနသည့္ ကိုယ္ရံေတာ္ေတြလည္း လႈပ္လႈပ္ရွားရွားျဖစ္သြား၏။ႏြယ္႐ုံေတာင္ မစံစကားေၾကာင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားၿပီ။
စံ့ကို ျငင္းဆိုဖို႔ဟန္ျပင္ေနတဲ့ ဦးေလးႀကီးကို စံ လက္ကာျပၿပီး...
"..ခဏေလး စံ့စကားမဆုံးေသးဘူး။ဒယ္ဒီ...ဦးေလးႀကီးမွမဟုတ္ရင္ စံ့အနား ဘယ္သူစိမ္းေယာက္်ားသားမွကပ္တာ မႀကိဳက္ဘူး။ဆိုေတာ့ ဦးေလးႀကီးကို စံယူမယ္...အဲ....ငွားမယ္လို႔ေျပာတာ...."
* ဟားးးဟားးးဟားးး
ေယာက္်ားေလးအုပ္စုဆီမွ မတိုးမက်ယ္ရယ္သံေတြ ထြက္လာ၏။
လူေခ်ာ မ်က္ႏွာႀကီးရဲၿပီး နား႐ြက္ေတြပါနီလာသည္။ရွက္လြန္းၿပီး ဘာလုပ္ရမွန္းမသိ၍ ႏွာေခါင္းပြတ္လိုက္ လက္ပြတ္လိုက္ လုပ္ေနမိသည္။
"အင္း...ဘယ္လိုေတာင္လုပ္ရပါ့မလဲ ေမာင္လူေခ်ာရယ္။အန္ကယ့္ကို ျဖစ္ႏိုင္ရင္ ကူညီေပးပါဦး..."
"ဒီလိုပါအန္ကယ္ ကိုယ္ရံေတာ္ေတြကိုပဲ ေ႐ြးခြင့္ရွိပါမယ္ဗ်။ကြၽန္ေတာ္က အနားယူထားလို႔ပါ....."
"..အိုးးးခုနကပဲ ဦးေလးႀကီးေျပာေတာ့ ဒီဂ႐ုက ရွိသမွ်ေယာက္်ားေလး အကုန္ေ႐ြးလို႔ရတယ္ဆို။ဘာလဲ..ဦးေလးႀကီးမပါဘူးဆိုေတာ့ ဦးေလးႀကီးက ေယာက္်ားမဟုတ္ဘူးလား..."
"..မင္း..."
"..စံစံ သမီးဘယ္လိုေျပာလိုက္တာလဲ..."
လူေခ်ာ ႏႈတ္သီးေကာင္းတဲ့ေကာင္မေလးကို ဘယ္လိုေခ်ပရမွန္းမသိဘဲ ေဒါသေတြသာထြက္လာသည္။
စံကေတာ့ ဦးေလးႀကီးျငင္းမွာစိုး၍ စကားကို တြန္းေျပာပစ္၏။မသင့္ေတာ္မွန္းေတာ့ စံလည္းနားလည္သည္။
"..အန္ကယ္ၾကားထဲကပဲ ေတာင္းပန္ပါတယ္ကြယ္။အန္ကယ့္သမီးေလးက အဲ့ဒီလိုမ်ိဳး စကားကိုပိႆေလးနေဘးပစ္ေျပာလို႔လည္း အန္ကယ္စိတ္မခ်ႏိုင္တာပါ...."
လူေခ်ာ အခုမွအခက္ေတြ႕ၿပီ။လက္မခံဘူးဆိုလွ်င္ သူေယာက္်ားမစစ္ရာက်မည္။လက္ခံမည္ဆိုလွ်င္လည္း ဒီေကာင္မေလးႏွင့္သူ ေရွ႕ဆက္ႏွစ္ပါးသြားရလိမ့္မည္။
"..ကြၽန္ေတာ္ ျပန္ဆက္သြယ္ေပးပါ့မယ္ အန္ကယ္..."
"..ေအးကြာ အန္ကယ္သတင္းေကာင္းပဲၾကားခ်င္ပါတယ္။ကဲ အန္ကယ္တို႔ကို ခြင့္ျပဳပါဦး..."
"...ဦးေလးႀကီးေနာ္ စံခြင့္ေတာင္းတာကို လက္မခံရင္ ေယာက္်ားမစစ္လို႔ပဲ..အြန႔္..."
"လာပါ မစံရယ္...."
ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္ သူ႔ကိုႀကိမ္းသြားသည့္ေကာင္မေလးကို သူ႔လက္ေထာက္က ဆြဲေခၚသြားသည္။
ဒီေကာင္မေလး ဒီစကားကို ေျပာသင့္မွန္းမသိ မေျပာသင့္မွန္းမသိ ေႁမြမေၾကာက္ ကင္းမေၾကာက္ေျပာရသလား....
To be continued
💙💙💙💙💙💙💙💙💙💙💙