မုန်းခွင့်ရှိလျှင် မုန်းချင်သ...

By DVassan

4.5K 228 18

မျှော်လင့်ခြင်းရဲ့ တခြားတစ်ဖက်မှာ ဘာရှိလဲနွယ်... ကိုယ်ကတော့ ဘာကိုမှ‌မမျှော်လင့်ချင်တော့ဘူး... ပင်ပန်းနေပြီ... More

Ep-1
Ep-2
Ep-3
Ep-4
Ep-6
Ep-7
Ep-8
Ep- 11
Ep-9
Ep-10
Ep-12
Ep-13

Ep-5

217 18 2
By DVassan

Unicode

သူရိန်နေမင်းကြီးက တစ်နေ့တာအစပြုဖို့ တာဆူနေပါပြီ။ ချမ်းလို့ကွေးကောင်းကောင်းဖြင့် စောင်အလွှာကြား ရုန်းမထွက်မိ။ နှိုးစက်သံကိုလည်း ပိတ်နေမိတာအကြိမ်ကြိမ်ပင်။

"သား ထတော့ မင်းမေမေတောင် ဈေးကပြန်လာတော့မယ်..."

"ငါးမိနစ်ပဲဖေဖေ အရမ်းချမ်းလို့ပါ..."

"ငါးမိနစ်လုပ်မနေနဲ့ ဧည့်သည်တွေလည်းရှိတယ် မင်းမေမေအကြောင်း သိတယ်နော်..."

အိပ်မှုန်စုတ်ဖွားဖြင့်သာ စောင်အလွှာတွေကိုဖယ်ချရင်း ခဏမှေးနေလိုက်သည်။ ဖေဖေဘုရားရှိခိုးနေပြီမလို့ အိပ်ရာသိမ်းရင်း ရေချိုးခန်းဆီဦးတည်လိုက်သည်။ မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် တစ်နေ့တာကိုအစီစဉ်ချလိုက်သည်။

အဝတ်အစားလဲပြီး မေမေတို့ပြန်မရောက်သေးတာမလို့ ဘုရားရှိခိုးလိုက်သည်။ ဗိုက်ဆာနေသော်လည်း မေမေတို့‌တော်တော်နှင့်ပြန်မလာ။ ဝယ်စရာများနေသည် ထင်သည်။ ထိုကြောင့် ဆိုင်ကယ်ထုတ်ရင်း ဖေဖေ့ကိုမနက်စာသွားစားလိုက်ဦးမယ်ဟုပြောပြီး ထွက်လာလိုက်သည်။

မည်မျှပင်ချမ်းအေးစေကာမူ တောင်ပေါ်ဒေသ၏ လေပြေအေးကအစ ကြည်နူးဖွယ်ကောင်းလှသည်။ မနက်ခင်းအစကတည်းမှာပင် လူကနေသာထိုင်သာရှိနေသည်။ စားနေကျဆိုင်မှာထိုင်ရင်း ရှမ်းခေါက်ဆွဲအဖွယ်ရေဖျော်နှင့် ဆေးလိပ်တစ်ပွဲမှာလိုက်သည်။ စားပြီးသည်နှင့် စီးကရက်ဖွာရင်း...

"ဒီကလူလေး..."

"ဟုတ်ကဲ့အဘ..."

မသိသည့်လူတစ်ယောက် ပခုံးပုတ်ပြီးခေါ်နေသည်မလို့ ရိုရိုသေသေပြန်ပြောလိုက်သည်။ ဥပဓိရုပ်ခန့်ညားတည်ကြည်ပြီး လူလိမ်အသွင်မရှိတာကြောင့် စကားပြန်ဆိုမိသည်။

"လူလေးရဲ့ရှေ့ရေးက ရင်လေးစရာပါလားကွယ်..."

"ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲအဘ..."

"အဘကလည်းဒီလိုတည့်သမားကိုကြိုက်တာဟေ့... ဟားဟား ဒီလိုရှိတယ်ကွယ့် အဘကိုယုံမလားတော့မသိပေမဲ့ပေါ့ လူလေးဆီမှာ စွမ်းအားတစ်ချို့ကိုခံစားမိနေတယ်... ပဌာန်းဆက်ပါတယ်ဆိုပါတော့ ဒါကြောင့် အဘကလူလေးကို အပေးအယူလုပ်မယ် ဘယ်လိုလဲကွဲ့..."

"အပေးအယူ..."

ကျွန်တော်ရဲ့ခံယူချက်မှာ သဘာဝလောကကြီးဟာ အပေးအယူသဘောဖြင့် ယှဉ်တွဲနေသည်။ အပေးရှိလျှင် အယူရှိရသည်။ ကိုယ်ပေးမှ ကိုယ့်ကိုပေးမဲ့သူရှိမည်။ ရယူလိုခြင်းကို သဘောမကျသော်လည်း အပေးအယူသဘောကိုတော့ ကိုယ်တိုင်ကျင့်သုံးသည်။

"ဆိုပါဦး အဘက ဘာပေးမှာလဲ ကျွန်တော်ကရော ဘာပေးရမလဲ..."

ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး တည်ကြည်စွာကြည့်ပြန်သည်။ အညိုရောင်ရှပ်အင်္ကျီနှင့် အပြာရောင်ချည်သားပုဆိုးဝတ်ဆင်ထားသည်။ အညိုရောင်ကတ္ထီပါဖိနပ်ကိုဆင်မြန်းထားသည့် အဘခြေထောက်ဟာလည်း ထူးထူးခြားခြား ဖြူ၍သန့်နေသည်။ ပို၍ထူးခြားသည်မှာ ဆံပင်ဖြူနေ၍သာ လူကြီးဟုသတ်မှတ်ပေမဲ့ အရွယ်တင်လှသည်။

"အဘက မင်းကိုပညာပေးမယ် မင်းပေးရမဲ့အရာက..."

..........

အိမ်ပြန်ရောက်တော့အစ်ကိုမနက်စာသွားစားသည်တဲ့။ အဝင်အထွက်လေးလွဲသွားသည်နှင့်တူပါသည်။ အမေနဲ့အန်တီတို့စကားကောင်းနေကြတာမလို့ ခြံပြင်သာထွက်နေလိုက်သည်။ ကျောင်းတက်ရမှာကို မပျော်မိ။ တစ်ခုခုလိုအပ်နေသလိုပင်။ အစ်ကို့ကိုစိတ်ဝင်စားတာ မှန်ပေမဲ့ ဖြူဖြူစင်စင်ပါဘဲ။

အကယ်၍သာဆိုသည့် စကားနောက် ကျန်တာဆက်မတွေးမိ။ ဘယ်လိုနေနေ ကျွန်မတို့ဟာ ဇာတ်လမ်းမစနိုင်သလို အဆုံးလည်းမသတ်နိုင်ပါ။ ဒါကြောင့် ဖြစ်တည်နေတဲ့အရာကို မျိုသိပ်လိုက်သည်။ ဟုတ်ပါတယ် ကျွန်မဟာStraightတစ်ယောက်။ ကျွန်မရဲ့အိမ်ထောင်ဘက်ဟာ ယောက်ျားသားတစ်ဦးဘဲဖြစ်ရမယ်။ နွေးထွေးပျော်ရွှင်တဲ့ မိသားစုကမ္ဘာလေးကို ဖန်တီးချင်ပါသည်။ မိခင်‌ကောင်းတစ်ဦး ဖြစ်ချင်ပါသည်။

"ဟိတ်..."

အနောက်ကလှမ်းပုတ်လိုက်သည်မလို့ လန့်သွားသည်။ အစ်ကို့အသံမဟုတ်။

"ရှင်က..."

"ဟားဟား ဘာရုပ်ကြီးဖြစ်သွားတာလဲမသိဘူး ဒီမှာနှမတော် ဒါကအိပ်မက်ဘဲ နှမတော်လွန်ဆန်နေတဲ့အရာတွေဟာ တစ်ချိန်ကြရင် နောင်တရစရာတွေဖြစ်ကုန်မယ်နော်..."

"ရှင်ဘာတွေပြောနေတာလဲ အမေရေ အန်တီတို့..."

"နှမတော်အော်လည်းမထူးပါဘူး ဒါကအိပ်မက်လေ အိပ်မက် ကြိုက်သလောက်အော်လိုက်စမ်းပါ ပြီးတော့ မှာစရာရှိတယ် ဝေးကွာခြင်းတွေကသက်သေပြုမှာမလို့ ရှေ့မှာရှိတာကိုမကြည့်ဘဲ ဘေးကလူကိုကြည့်ပါ ဟားဟား ဟားဟား..."

ရယ်သံကျယ်လောင်လာပြီးနောက် ကျွန်မလန့်နှိုးလာသည်။ ဘယ်အချိန်ကအိပ်ပျော်သွားသလဲမသိ။ အိမ်ရှေ့ကိုကြည့်မိတော့ အစ်ကိုဆိုင်ကယ်ရပ်ပြီး ကျွန်မရဲ့အခန်းပြတင်းပေါက်ဆီကိုကြည့်နေသည်။ အနည်းငယ်ခေါင်းခါလိုက်ပြီး တီးတိုးပြောနေသည်။ ပါးစပ်လှုပ်တာကိုကြည့်ရင် သိနိုင်ပါသည်။

"မြင့်မိုရ်နွယ် နင်ဟာလေ သူများအိမ်ရောက်နေတာတောင် ကူမယ်ဘာမယ်မရှိဘူး... ပြန်ဝင်သွားပြီး တော်တော်နဲ့ထွက်မလာဘူး ကြပ်ကြပ်သတိထားနေနော် သူများတွေရှေ့မလို့ မပြောချင်ဘူး အလိုက်တသိနေ..."

သက်ပြင်းရှည်ချရင်းသာ...။ ကျွန်မအကြောင်းပြောရရင် စိတ်နာစရာတွေကြည့်ဘဲလေ။ ‌အမေဆုံးမပုံကိုကြည့်ပြီး နောင်တစ်ချိန် အမေ့လိုလူမျိုးမဖြစ်စေရဘူးဟု သန္ဒိဌာန်ချလိုက်သည်။

"သား မျက်နှာမကောင်းပါလား အပြင်မှာကိစ္စတစ်ခုခုရှိခဲ့လို့လား..."

မေမေဆိုသည့်အတိုင်း ကျွန်တော့်စိတ်ကိုသိနေဟန်ရှိသည်။ မပြောပြချင်ပါ။ ကျွန်တော်ဟန်နီဈာန်ဖြိုးက သံသယများတဲ့သူတစ်ဦးပါ။ ကျွန်တော်ရဲ့ယုံကြည်မှုကိုရဖို့ အင်မတန်ခက်ခဲပါသည်။

"ဒီလိုပါဘဲမေမေ..."

"မပြောချင်လည်း အတင်းမမေးတော့ပါဘူး သားကိုယုံကြည်တာမလို့နော်..."

"ဟုတ်ကဲ့ပါမေမေ မေမေ့ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ပါဘူး..."

ဖေဖေသတင်းစာဖတ်နေရင်း ကျွန်တော်ကိုကြည့်နေသည်။ အပြင်ကပြန်လာပြီး မျက်နှာမကောင်းတော့ မိဘတွေစိတ်ပူကြတာ မဆန်းပေ။ ဆန်းတာဆိုလို့ သူမမျက်ဝန်းတွေပါ။

အစ်ကိုတို့စကားဝိုင်းကို မတော်တဆကြားမိသည်။ မျက်နှာမကောင်းတာကို သတိထားမိပေမဲ့ အစ်ကိုကိုယ်တိုင်တစ်မျိုးပြောင်းလဲသွားသည်ကို တွေ့လိုက်သည်။ မနေ့ကသိခဲ့တဲ့အစ်ကိုမဟုတ်သလိုပင်။

"မေမေ သား ညီမလေးနဲ့အပြင်သွားချင်လို့... အန်တီရောခွင့်ပြုပေးပါ..."

ထူးထူးဆန်းဆန်း သားတောင်းဆိုနေသည်မလို့ ခေါင်းငြိမ့်လိုက်သည်။ ဒီကလေးမနှင့် ဘယ်လိုဆက်ဆံရေးမျိုးရှိနေသလဲ။ မေးခွန်းထုတ်မိသည်။ ယခုအချိန်ထိတော့ မျက်ဝန်းတွေက ဖြူစင်နေကြဆဲ။

"အန်တီရော..."

"သွားပါ သိပ်မကြာစေနဲ့နော်..."

"ဟုတ်ကဲ့ပါ..."

အစ်ကိုရှေ့ကထွက်သွားသည်မလို့ အနောက်ကနေ ကြောင်တောင်တောင်ဖြင့်သာ လိုက်သွားရသည်။ ဘာကိစ္စလည်းမသိ။ အမေက မသွားစေလိုသည့်သဘောမှာရှိပေမဲ့ အန်တီဒေါ်ဟန်နီထွေးကြောင့် လွှတ်လိုက်သည်။

လမ်းတစ်လျှောက်လည်းတိတ်ဆိတ်နေသလို ကန်ဘောင်ရောက်သည်အထိ တိတ်ဆိတ်နေဆဲ။ တစ်ခုခုကိုပြောဖို့ အားယူနေတဲ့အစ်ကို့မှာ ဘာတွေများအခက်အခဲရှိနေပါလိမ့်။

"အစ်ကို ရောက်တာဆယ်မိနစ်ကျော်နေပြီ..."

သနားညှာတာသောအကြည့် မဟုတ်ဘူး...။ ကရုဏာသက်သောအကြည့်ဖြင့် ခေတ္တကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် ဖျော့တော့သောလေသံဖြင့်...

"အစ်ကို ညီမလေးကိုစောင့်ရှောက်လို့ရမလား..."

ဘယ်လိုစောင့်ရှောက်မှုမျိုးလဲ။ ကျွန်မသိချင်မိပါရဲ့။ ဖြူစင်နေတဲ့အစ်ကို့မျက်ဝန်းထဲမှာ ညီမလေးတစ်ယောက်လို အကြည့်မျိုးကိုခံစားမိသည်။ လေပြေတစ်ချက်တိုက်တိုင်း အစ်ကိုရဲ့ပြင်းပြသောအသက်ရှုသံတစ်ချို့ကိုကြားနေရသည်။ မကြာပါ လွယ်အိတ်ထဲကဆေးတစ်ချို့ကိုထုတ်ပြီး သောက်နေသည်။

"အစ်ကိုနေမကောင်းဘူးလား..."

"အွန်း..."

"ဒါဆိုလည်းပြန်ကြရအောင်လေ အိမ်မှာအေးအေးဆေးဆေးနားပါအစ်ကို..."

ဆေးသောက်ပြီးသည်နှင့် ဆေးလိပ်တစ်လိပ်ကိုခဲကာ မီးညှိ‌နေသည်။ အစ်ကိုဆေးလိပ်သောက်သည်လား။ ဒါကိုကျွန်မမကြိုက်ပါ။ ဖြစ်နိုင်လျှင် ဆေးလိပ်ကိုနင်း‌ခြေလိုက်ချင်သည်။ သို့ပေမဲ့ စီးကရက်ဖွာနေသည့်အစ်ကိုပုံဟာ တစ်နည်းနည်းဖြင့် ကြည့်ကောင်းနေပြန်သည်။

"အစ်ကိုနေမကောင်းတာက ကြာပြီလား..."

စီးကရက်ကို ရှိုက်လိုက်ပြီး တော်တော်နှင့်အငွေ့ပြန်မထုတ်မိ။ ခေတ္တကြာပြီးနောက် ‌အငွေ့တွေနှင့်အတူ...

"မွေးရာပါ နှလုံးအားနည်းတာပါ ကလေး..."

"ရှင်..."

နှလုံးရောဂါရှိတဲ့သူက ဆေးလိပ်သောက်သည်။ ဘာမှမဆိုင်ပေမဲ့ ကျွန်မတားရမည်။

"အစ်ကို ညီမကိုစောင့်ရှောက်မယ်ဆိုရင် အသက်ရှည်ရှည်နေရမှာပေါ့ ဆေးလိပ်မသောက်ပါနဲ့လားအစ်ကို..."

စိတ်ပူနေသည့်မျက်ဝန်းထဲကို အဖြေရှာနေမိသည်။ ဒီကလေးမကို ကျွန်တော်မည်သို့စောင့်ရှောက်ရမလဲ။ အမိန့်သံမပါ တောင်းဆိုနေသည့်အသံမလို့ ကျွန်တော်သောက်လက်စ ဆေးလိပ်ကိုလွှင့်ပစ်လိုက်သည်။

"မသောက်တော့ပါဘူး... အသက်ရှည်ရှည်မနေရလည်း ညီမလေးဘေးနား တစ်သက်လုံးရှိနေမှာပါ..."

ဘဝမှာပထမဆုံးနွေးထွေးမှုကို ခံစားရသည်။ လေပြေအဝှေ့တစ်ချက် ရင်ခုန်သံကို ကျွန်မကိုယ်တိုင်ကြားနေရသည်။ ကျယ်လောင်လွန်းလို့ အစ်ကိုကြားသွားမည်ကို ကြောက်မိသည်။ ကျွန်မအစ်ကို့ကို မိတ်ဆွေတစ်ဦးအဖြစ်သာ သတ်မှတ်ထားသည်။ ဒီထက်မပိုပါ။

"စိတ်မပူပါနဲ့ အစ်ကိုရိုးရိုးသားသားပြောပါ..."

ထပ်ပြီးကျွန်မအတွေးကို သိနေပြန်သည်။ အစ်ကိုကလူမှဟုတ်ရဲ့လား။ အစ်ကိုပြုံးပြသည်။ ထိုအပြုံးဟာ ဖြူစင်လွန်းသည့်အပြုံး...

"ပြန်ကြ‌ရအောင်ညီမ အချိန်တန်ရင်သိလာပါလိမ့်မယ်..."

ဖုန်းသံကြောင့် အစ်ကိုဖုန်းကိုကြည့်ပြီး အနည်းငယ်မျက်နှာထားပြောင်းလဲသွားသည်။ ဘယ်သူမှန်းမသိသော်လည်း အစ်ကိုဖုန်းကိုင်လိုက်သည်။

"ဟယ်လို..."

"ဟယ်လို အခု‌ပြောနေတာမဟန်နီဈာန်ဖြိုးလားဗျ..."

"ဟုတ်ပါတယ်..."

"ဟုတ်ကဲ့ ပြောရမှာအားနာပေမဲ့ ကျွန်တော့်ကိုအဘဖုန်းဆက်ခိုင်းလိုက်တာပါ..."

"အဘ... ဘာကိစ္စရှိလို့လဲမသိဘူး..."

"အခု ကျွန်တော်တို့နတ်ရေကန်နားမှာစောင့်နေပါတယ် လာလို့ရရင် ခဏဖြစ်ဖြစ်အချိန်ယူလို့ရမလား..."

"ကျွန်တော့်အချိန်ပေးရင် ကျွန်တော်ဘာပြန်ရမှာလဲ..."

"ပေးမဲ့အရာကိုတော့ အဘဘဲသိပါလိမ့်မယ်..."

"ကောင်းပြီ ဆယ့်ငါးမိနစ်စောင့်ပေးပါအစ်ကို..."

တစ်ဖက်ကပြောနေသည့်အသံကိုမကြားရပေမဲ့ အစ်ကိုလေသံအနည်းငယ်မာနေသည်။ ဖုန်းချပြီး ကျွန်မနဲ့အတူ အိမ်ပြန်လာခဲ့သည်။ အိမ်ရှေ့မှာချသွားပေးပြီး...

"မေမေမေးရင် ဘုရားခဏသွားတယ်ပြောလိုက်ပါ ညီမ..."

"ဟုတ်ကဲ့ အရေးကြီးရင် ဖုန်းဆက်လိုက်ပါ..."

"ကောင်းပါပြီ..."

အရှိန်တင်ကာ မောင်းထွက်သွားသည့် အစ်ကို့ကိုကြည့်ပြီး တွေးဝေနေမိသည်။ အခုထိရင်ခုန်သံမရပ်သေးတာ အနေနီးလို့ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေရင်း အန်တီကိုအကျိုးကြောင်းပြောပြလိုက်သည်။

..........

နတ်ရေကန်ရောက်တော့ အဘဟာငါးစာကျွေးနေသည်။ ဘေးဘီကြည့်တော့ မည်သူမှမတွေ့ရ။ အဘအနားသွားရင်း စိတ်ကိုအတတ်နိုင်ဆုံး ရှင်းလင်းနေခဲ့သည်။

" လူလေးရောက်လာပြီလား..."

"ဟုတ်ကဲ့အဘ..."

"သတ္တဝါတစ်ခု ကံတစ်ခုတဲ့ သေချိန်တန်လျှင်သေရမှာဘဲ ဘာကြောင့်ဘဝကိုစိတ်ပျက်စွာနေနေရတာလဲ..."

ရေပြင်ကိုကြည့်ပြီး ငေးနေမိသည်။ အဖြေမပေးနိုင်သလို ဘာကြောင့်ဆိုသည့်မေးခွန်းပေါင်းများစွာ ထုတ်ခဲ့ပြီးပြီမဟုတ်လား။ ဘာအတွက် ပျော်ရွှင်မှုကို ဖန်တီးနေရဦးမလဲ။

"အဘဆေးလိပ်သောက်မလား..."

"တော်ပါပြီလူလေး... အမြင်ကျယ်ကျယ်ထားပါ ဝဋ်ရှိသမျှ တွေ့ဆုံကြုံကြိုက်ရဦးမှာဘဲ... အဘပေးစရာရှိတယ် လူလေးလက်ဖြန့်ထား..."

"ဟုတ်ကဲ့..."

လက်ဖဝါးဖြန့်ထားသည်ကို အဘလက်နဲ့အုပ်ပြီး ဂါထာတစ်ပုဒ်ရွတ်နေသည်။ ပြီးတော့ ကျွန်တော့်ကိုကြည့်ပြီးပြုံးနေသည်။

"အဘပေးပြီးပြီ လူလေးဘာရလိုက်လဲ..."

"ယူတတ်ရင်တော့ပညာပါအဘ ကျွန်တော်မီးစာကို ဆက်လက်ထိန်းသိမ်းပါ့မယ်..."

"ဒါဆို အဘအယူကို လူလေးသိတယ်နော် ကံမကုန်ရင် ပြန်ဆုံကြတာပေါ့..."

အဘထွက်သွားပြီးနောက် ကျွန်တော်ဘုရားမှာဘဲထိုင်နေလိုက်သည်။ မည်မျှကြာသွားသည်မသိ။ ဖုန်းသံကြားမှ နာရီကိုကြည့်လိုက်တော့ နေ့လည်၁၂နာရီကျော်နေပြီ။

"မေမေ..."

"ဘုရားသွားတယ်ဆို နေ့လည်စာစားချိန်ကျော်နေပြီ ပြန်လာခဲ့တော့သား..."

"ဟုတ် ခုပြန်လာပါပြီ..."

ဖုန်းချပြီးသည်နှင့် ဆေးလိပ်ကိုခဲလိုက်သည်။ မီးညှိဖို့လျာနေတုန်း သူမပြောသည့် စကားကြားယောင်ရင်း ပြုံးမိသည်။ ဆေးလိပ်ကိုလွှင့်ပစ်ပြီး ပြန်ဖို့ပြင်သည်။ ဘေးနားကလူတစ်ဦး ကျွန်တော်အထ သူအလာဝင်တိုက်မိသည်။

"အလို ဈာန်ဖြိုး..."

ကျွန်တော့်နာမည်သိနေသည်မလို့ အသံလာရာကြည့်လိုက်သည်။ မြန်မာဝမ်းဆက်နှင့် နက်မှောင်သောဆံနွယ်က ခြေသလုံးနားပင်ရောက်နေပြီ။ သူမအလှကို ငေးကြည့်နေပြီး သူမဘက်မှ အသံပေးမှ...

"အဟမ်း ဈာန်ဖြိုး..."

"အာ အော် တောင်းပန်ပါတယ်..."

"အခုထိ မြန်မာဆန်တာကိုကြိုက်နေတုန်းလား..."

"ဟုတ်တယ် ဒါနဲ့ဒီဘက်က..."

"မမှတ်မိတော့ဘူးလား..."

"ဟို စိတ်မရှိပါနဲ့ မှတ်ဉာဏ်မကောင်းလို့ပါ..."

"ဖြစ်ရမယ် ငါဆောင်းဦးလေ..."

"ဟင် ဆောင်းဦး..."

ကျွန်တော်ခုနစ်တန်းကတည်းက တစ်ဖက်သတ်ကြိုက်ခဲ့သည့် မိန်းကလေး...။ ဆောင်းဦးဟာ ခေတ်ဆန်သူတစ်ဦးပါ။ ဘယ်လိုဖြစ်ပြီး...

"ကဲ အဲ့လောက်အံ့အားသင့်မနေပါနဲ့ ငါ့ကောင်လေးအကြိုက်နေတာလေ... ဘယ်လိုလဲ ငါလှလာတယ်မလား..."

"အေး လှပါတယ်... ဒါနဲ့ပြင်ဦးလွင်ကိုဘယ်လိုရောက်လာတာလဲ..."

"ငါ့ကောင်လေးကမေမြို့သားလေ သူ့ဆီအလည်လာတာ သူနောက်မှာကျန်ခဲ့တယ် ဟိုမှာ ပြောရင်းဆိုရင်းလာပြီ..."

ဆောင်းဦးကောင်လေးနဲ့မိတ်ဆက်ပေးပြီး အိမ်ပြန်နောက်ကျနေသည်မလို့ ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် တိုက်ဆိုင်မှုများစွာကဆီးကြိုနေသည်။ မီးပွိုင့်မိတော့ ဘေးနားမှာ ပထမဆုံးexကို သူ့ကောင်လေးနဲ့တွေ့ရပြန်သည်။ ပြုံးပြရုံသာနှုတ်ဆက်ခဲ့ပြီး အိမ်ပြန်လိုက်သည်။ အိမ်ရောက်တော့ ရမှုံဝင့်ကို ဧည့်ခန်းထဲတွေ့လိုက်ရသည်။

"မင်း မင်း..."

"သား လူကြီးတွေရှိတယ်လေ... ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို ဧည့်ဝတ်ကျေမှပေါ့..."

"မေမေ..."

"အစ်ကိုပြန်ရောက်ပြီလား..."

အသံကျယ်သွား၍ထင်ပါတယ်။ အပေါ်ထပ်ကနေ ဆင်းလာတဲ့သူမအရှေ့ ကျွန်တော့်ဒေါသကိုချမပြချင်ပါ။

"အော် သူငယ်ချင်းရောက်နေတာဘဲ ပြီးတော့မှ စကားပြောကြတာပေါ့အစ်ကို..."

"ဟုတ်ကဲ့ပါ..."

ရမှုံဝင့်အရှေ့ထိုင်လိုက်သည်။ ဘေးမှာမေမေရှိနေသည်မလို့ စကားပြောမကြမ်းအောင်သာ အံ့ကြိတ်နေမိသည်။

"မေမေ့ကိုလွမ်းနေတာ သမီးကိုရောသတိမရဘူးလား..."

"သတိရတာပေါ့ ဆိုင်းမဆင့် ဗုံမဆင့် ကလေးကနေ ဒီအထိရောက်လာတာ အလုပ်ကိစ္စရှိလို့လား..."

"မဟုတ်ပါဘူးမေမေရယ် ကိုကို့ကိုလွမ်းလို့ ကိုကိုကစိတ်ကောက်နေတာလေ ၆လလောက်ရှိပြီမလို့ လာချော့ရတာ..."

"ဒီလိုဆိုလည်း နှစ်ယောက်သားစကားပြောကြဦး... မေမေ သားအတွက်ထမင်းပြင်ပေးလိုက်ဦးမယ်..."

"ဟုတ်ကဲ့ပါမေမေ..."

မေမေထွက်သွားသည်နှင့် တိတ်ဆိတ်သွားသည်။ ရမှုံဝင့် ကျွန်တော့်ဘေးနားလာထိုင်ပြီး ပုခုံးကိုမှီလျက်...

..............

updateမှန်အောင်ကြိုးစားလျက်ပါ...

Thanks all my reader...

#DVassan





...….......

Zawgyi

သူရိန္ေနမင္းႀကီးက တစ္ေန႔တာအစျပဳဖို႔ တာဆူေနပါၿပီ။ ခ်မ္းလို႔ေကြးေကာင္းေကာင္းျဖင့္ ေစာင္အလႊာၾကား ႐ုန္းမထြက္မိ။ ႏႈိးစက္သံကိုလည္း ပိတ္ေနမိတာအႀကိမ္ႀကိမ္ပင္။

"သား ထေတာ့ မင္းေမေမေတာင္ ေဈးကျပန္လာေတာ့မယ္..."

"ငါးမိနစ္ပဲေဖေဖ အရမ္းခ်မ္းလို႔ပါ..."

"ငါးမိနစ္လုပ္မေနနဲ႔ ဧည့္သည္ေတြလည္းရွိတယ္ မင္းေမေမအေၾကာင္း သိတယ္ေနာ္..."

အိပ္မႈန္စုတ္ဖြားျဖင့္သာ ေစာင္အလႊာေတြကိုဖယ္ခ်ရင္း ခဏေမွးေနလိုက္သည္။ ေဖေဖဘုရားရွိခိုးေနၿပီမလို႔ အိပ္ရာသိမ္းရင္း ေရခ်ိဳးခန္းဆီဦးတည္လိုက္သည္။ မ်က္ႏွာသစ္သြားတိုက္ၿပီးသည္ႏွင့္ တစ္ေန႔တာကိုအစီစဥ္ခ်လိုက္သည္။

အဝတ္အစားလဲၿပီး ေမေမတို႔ျပန္မေရာက္ေသးတာမလို႔ ဘုရားရွိခိုးလိုက္သည္။ ဗိုက္ဆာေနေသာ္လည္း ေမေမတို႔‌ေတာ္ေတာ္ႏွင့္ျပန္မလာ။ ဝယ္စရာမ်ားေနသည္ ထင္သည္။ ထိုေၾကာင့္ ဆိုင္ကယ္ထုတ္ရင္း ေဖေဖ့ကိုမနက္စာသြားစားလိုက္ဦးမယ္ဟုေျပာၿပီး ထြက္လာလိုက္သည္။

မည္မွ်ပင္ခ်မ္းေအးေစကာမူ ေတာင္ေပၚေဒသ၏ ေလေျပေအးကအစ ၾကည္ႏူးဖြယ္ေကာင္းလွသည္။ မနက္ခင္းအစကတည္းမွာပင္ လူကေနသာထိုင္သာရွိေနသည္။ စားေနက်ဆိုင္မွာထိုင္ရင္း ရွမ္းေခါက္ဆြဲအဖြယ္ေရေဖ်ာ္ႏွင့္ ေဆးလိပ္တစ္ပြဲမွာလိုက္သည္။ စားၿပီးသည္ႏွင့္ စီးကရက္ဖြာရင္း...

"ဒီကလူေလး..."

"ဟုတ္ကဲ့အဘ..."

မသိသည့္လူတစ္ေယာက္ ပခုံးပုတ္ၿပီးေခၚေနသည္မလို႔ ႐ို႐ိုေသေသျပန္ေျပာလိုက္သည္။ ဥပဓိ႐ုပ္ခန႔္ညားတည္ၾကည္ၿပီး လူလိမ္အသြင္မရွိတာေၾကာင့္ စကားျပန္ဆိုမိသည္။

"လူေလးရဲ႕ေရွ႕ေရးက ရင္ေလးစရာပါလားကြယ္..."

"ဘာလို႔ တပ္အပ္ေျပာႏိုင္ရတာလဲအဘ..."

"အဘကလည္းဒီလိုတည့္သမားကိုႀကိဳက္တာေဟ့... ဟားဟား ဒီလိုရွိတယ္ကြယ့္ အဘကိုယုံမလားေတာ့မသိေပမဲ့ေပါ့ လူေလးဆီမွာ စြမ္းအားတစ္ခ်ိဳ႕ကိုခံစားမိေနတယ္... ပဌာန္းဆက္ပါတယ္ဆိုပါေတာ့ ဒါေၾကာင့္ အဘကလူေလးကို အေပးအယူလုပ္မယ္ ဘယ္လိုလဲကြဲ႕..."

"အေပးအယူ..."

ကြၽန္ေတာ္ရဲ႕ခံယူခ်က္မွာ သဘာဝေလာကႀကီးဟာ အေပးအယူသေဘာျဖင့္ ယွဥ္တြဲေနသည္။ အေပးရွိလွ်င္ အယူရွိရသည္။ ကိုယ္ေပးမွ ကိုယ့္ကိုေပးမဲ့သူရွိမည္။ ရယူလိုျခင္းကို သေဘာမက်ေသာ္လည္း အေပးအယူသေဘာကိုေတာ့ ကိုယ္တိုင္က်င့္သုံးသည္။

"ဆိုပါဦး အဘက ဘာေပးမွာလဲ ကြၽန္ေတာ္ကေရာ ဘာေပးရမလဲ..."

ဟက္ဟက္ပက္ပက္ရယ္လိုက္ၿပီး တည္ၾကည္စြာၾကည့္ျပန္သည္။ အညိဳေရာင္ရွပ္အက်ႌႏွင့္ အျပာေရာင္ခ်ည္သားပုဆိုးဝတ္ဆင္ထားသည္။ အညိဳေရာင္ကတၳီပါဖိနပ္ကိုဆင္ျမန္းထားသည့္ အဘေျခေထာက္ဟာလည္း ထူးထူးျခားျခား ျဖဴ၍သန႔္ေနသည္။ ပို၍ထူးျခားသည္မွာ ဆံပင္ျဖဴေန၍သာ လူႀကီးဟုသတ္မွတ္ေပမဲ့ အ႐ြယ္တင္လွသည္။

"အဘက မင္းကိုပညာေပးမယ္ မင္းေပးရမဲ့အရာက..."

..........

အိမ္ျပန္ေရာက္ေတာ့အစ္ကိုမနက္စာသြားစားသည္တဲ့။ အဝင္အထြက္ေလးလြဲသြားသည္ႏွင့္တူပါသည္။ အေမနဲ႔အန္တီတို႔စကားေကာင္းေနၾကတာမလို႔ ၿခံျပင္သာထြက္ေနလိုက္သည္။ ေက်ာင္းတက္ရမွာကို မေပ်ာ္မိ။ တစ္ခုခုလိုအပ္ေနသလိုပင္။ အစ္ကို႔ကိုစိတ္ဝင္စားတာ မွန္ေပမဲ့ ျဖဴျဖဴစင္စင္ပါဘဲ။

အကယ္၍သာဆိုသည့္ စကားေနာက္ က်န္တာဆက္မေတြးမိ။ ဘယ္လိုေနေန ကြၽန္မတို႔ဟာ ဇာတ္လမ္းမစႏိုင္သလို အဆုံးလည္းမသတ္ႏိုင္ပါ။ ဒါေၾကာင့္ ျဖစ္တည္ေနတဲ့အရာကို မ်ိဳသိပ္လိုက္သည္။ ဟုတ္ပါတယ္ ကြၽန္မဟာStraightတစ္ေယာက္။ ကြၽန္မရဲ႕အိမ္ေထာင္ဘက္ဟာ ေယာက္်ားသားတစ္ဦးဘဲျဖစ္ရမယ္။ ေႏြးေထြးေပ်ာ္႐ႊင္တဲ့ မိသားစုကမာၻေလးကို ဖန္တီးခ်င္ပါသည္။ မိခင္‌ေကာင္းတစ္ဦး ျဖစ္ခ်င္ပါသည္။

"ဟိတ္..."

အေနာက္ကလွမ္းပုတ္လိုက္သည္မလို႔ လန႔္သြားသည္။ အစ္ကို႔အသံမဟုတ္။

"ရွင္က..."

"ဟားဟား ဘာ႐ုပ္ႀကီးျဖစ္သြားတာလဲမသိဘူး ဒီမွာႏွမေတာ္ ဒါကအိပ္မက္ဘဲ ႏွမေတာ္လြန္ဆန္ေနတဲ့အရာေတြဟာ တစ္ခ်ိန္ၾကရင္ ေနာင္တရစရာေတြျဖစ္ကုန္မယ္ေနာ္..."

"ရွင္ဘာေတြေျပာေနတာလဲ အေမေရ အန္တီတို႔..."

"ႏွမေတာ္ေအာ္လည္းမထူးပါဘူး ဒါကအိပ္မက္ေလ အိပ္မက္ ႀကိဳက္သေလာက္ေအာ္လိုက္စမ္းပါ ၿပီးေတာ့ မွာစရာရွိတယ္ ေဝးကြာျခင္းေတြကသက္ေသျပဳမွာမလို႔ ေရွ႕မွာရွိတာကိုမၾကည့္ဘဲ ေဘးကလူကိုၾကည့္ပါ ဟားဟား ဟားဟား..."

ရယ္သံက်ယ္ေလာင္လာၿပီးေနာက္ ကြၽန္မလန႔္ႏႈိးလာသည္။ ဘယ္အခ်ိန္ကအိပ္ေပ်ာ္သြားသလဲမသိ။ အိမ္ေရွ႕ကိုၾကည့္မိေတာ့ အစ္ကိုဆိုင္ကယ္ရပ္ၿပီး ကြၽန္မရဲ႕အခန္းျပတင္းေပါက္ဆီကိုၾကည့္ေနသည္။ အနည္းငယ္ေခါင္းခါလိုက္ၿပီး တီးတိုးေျပာေနသည္။ ပါးစပ္လႈပ္တာကိုၾကည့္ရင္ သိႏိုင္ပါသည္။

"ျမင့္မိုရ္ႏြယ္ နင္ဟာေလ သူမ်ားအိမ္ေရာက္ေနတာေတာင္ ကူမယ္ဘာမယ္မရွိဘူး... ျပန္ဝင္သြားၿပီး ေတာ္ေတာ္နဲ႔ထြက္မလာဘူး ၾကပ္ၾကပ္သတိထားေနေနာ္ သူမ်ားေတြေရွ႕မလို႔ မေျပာခ်င္ဘူး အလိုက္တသိေန..."

သက္ျပင္းရွည္ခ်ရင္းသာ...။ ကြၽန္မအေၾကာင္းေျပာရရင္ စိတ္နာစရာေတြၾကည့္ဘဲေလ။ ‌အေမဆုံးမပုံကိုၾကည့္ၿပီး ေနာင္တစ္ခ်ိန္ အေမ့လိုလူမ်ိဳးမျဖစ္ေစရဘူးဟု သႏၵိဌာန္ခ်လိုက္သည္။

"သား မ်က္ႏွာမေကာင္းပါလား အျပင္မွာကိစၥတစ္ခုခုရွိခဲ့လို႔လား..."

ေမေမဆိုသည့္အတိုင္း ကြၽန္ေတာ့္စိတ္ကိုသိေနဟန္ရွိသည္။ မေျပာျပခ်င္ပါ။ ကြၽန္ေတာ္ဟန္နီဈာန္ၿဖိဳးက သံသယမ်ားတဲ့သူတစ္ဦးပါ။ ကြၽန္ေတာ္ရဲ႕ယုံၾကည္မႈကိုရဖို႔ အင္မတန္ခက္ခဲပါသည္။

"ဒီလိုပါဘဲေမေမ..."

"မေျပာခ်င္လည္း အတင္းမေမးေတာ့ပါဘူး သားကိုယုံၾကည္တာမလို႔ေနာ္..."

"ဟုတ္ကဲ့ပါေမေမ ေမေမ့ယုံၾကည္မႈကိုအလြဲသုံးစားမလုပ္ပါဘူး..."

ေဖေဖသတင္းစာဖတ္ေနရင္း ကြၽန္ေတာ္ကိုၾကည့္ေနသည္။ အျပင္ကျပန္လာၿပီး မ်က္ႏွာမေကာင္းေတာ့ မိဘေတြစိတ္ပူၾကတာ မဆန္းေပ။ ဆန္းတာဆိုလို႔ သူမမ်က္ဝန္းေတြပါ။

အစ္ကိုတို႔စကားဝိုင္းကို မေတာ္တဆၾကားမိသည္။ မ်က္ႏွာမေကာင္းတာကို သတိထားမိေပမဲ့ အစ္ကိုကိုယ္တိုင္တစ္မ်ိဳးေျပာင္းလဲသြားသည္ကို ေတြ႕လိုက္သည္။ မေန႔ကသိခဲ့တဲ့အစ္ကိုမဟုတ္သလိုပင္။

"ေမေမ သား ညီမေလးနဲ႔အျပင္သြားခ်င္လို႔... အန္တီေရာခြင့္ျပဳေပးပါ..."

ထူးထူးဆန္းဆန္း သားေတာင္းဆိုေနသည္မလို႔ ေခါင္းၿငိမ့္လိုက္သည္။ ဒီကေလးမႏွင့္ ဘယ္လိုဆက္ဆံေရးမ်ိဳးရွိေနသလဲ။ ေမးခြန္းထုတ္မိသည္။ ယခုအခ်ိန္ထိေတာ့ မ်က္ဝန္းေတြက ျဖဴစင္ေနၾကဆဲ။

"အန္တီေရာ..."

"သြားပါ သိပ္မၾကာေစနဲ႔ေနာ္..."

"ဟုတ္ကဲ့ပါ..."

အစ္ကိုေရွ႕ကထြက္သြားသည္မလို႔ အေနာက္ကေန ေၾကာင္ေတာင္ေတာင္ျဖင့္သာ လိုက္သြားရသည္။ ဘာကိစၥလည္းမသိ။ အေမက မသြားေစလိုသည့္သေဘာမွာရွိေပမဲ့ အန္တီေဒၚဟန္နီေထြးေၾကာင့္ လႊတ္လိုက္သည္။

လမ္းတစ္ေလွ်ာက္လည္းတိတ္ဆိတ္ေနသလို ကန္ေဘာင္ေရာက္သည္အထိ တိတ္ဆိတ္ေနဆဲ။ တစ္ခုခုကိုေျပာဖို႔ အားယူေနတဲ့အစ္ကို႔မွာ ဘာေတြမ်ားအခက္အခဲရွိေနပါလိမ့္။

"အစ္ကို ေရာက္တာဆယ္မိနစ္ေက်ာ္ေနၿပီ..."

သနားညႇာတာေသာအၾကည့္ မဟုတ္ဘူး...။ က႐ုဏာသက္ေသာအၾကည့္ျဖင့္ ေခတၱၾကည့္ၿပီး သက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္ ေဖ်ာ့ေတာ့ေသာေလသံျဖင့္...

"အစ္ကို ညီမေလးကိုေစာင့္ေရွာက္လို႔ရမလား..."

ဘယ္လိုေစာင့္ေရွာက္မႈမ်ိဳးလဲ။ ကြၽန္မသိခ်င္မိပါရဲ႕။ ျဖဴစင္ေနတဲ့အစ္ကို႔မ်က္ဝန္းထဲမွာ ညီမေလးတစ္ေယာက္လို အၾကည့္မ်ိဳးကိုခံစားမိသည္။ ေလေျပတစ္ခ်က္တိုက္တိုင္း အစ္ကိုရဲ႕ျပင္းျပေသာအသက္ရႈသံတစ္ခ်ိဳ႕ကိုၾကားေနရသည္။ မၾကာပါ လြယ္အိတ္ထဲကေဆးတစ္ခ်ိဳ႕ကိုထုတ္ၿပီး ေသာက္ေနသည္။

"အစ္ကိုေနမေကာင္းဘူးလား..."

"အြန္း..."

"ဒါဆိုလည္းျပန္ၾကရေအာင္ေလ အိမ္မွာေအးေအးေဆးေဆးနားပါအစ္ကို..."

ေဆးေသာက္ၿပီးသည္ႏွင့္ ေဆးလိပ္တစ္လိပ္ကိုခဲကာ မီးညႇိ‌ေနသည္။ အစ္ကိုေဆးလိပ္ေသာက္သည္လား။ ဒါကိုကြၽန္မမႀကိဳက္ပါ။ ျဖစ္ႏိုင္လွ်င္ ေဆးလိပ္ကိုနင္း‌ေျခလိုက္ခ်င္သည္။ သို႔ေပမဲ့ စီးကရက္ဖြာေနသည့္အစ္ကိုပုံဟာ တစ္နည္းနည္းျဖင့္ ၾကည့္ေကာင္းေနျပန္သည္။

"အစ္ကိုေနမေကာင္းတာက ၾကာၿပီလား..."

စီးကရက္ကို ရႈိက္လိုက္ၿပီး ေတာ္ေတာ္ႏွင့္အေငြ႕ျပန္မထုတ္မိ။ ေခတၱၾကာၿပီးေနာက္ ‌အေငြ႕ေတြႏွင့္အတူ...

"ေမြးရာပါ ႏွလုံးအားနည္းတာပါ ကေလး..."

"ရွင္..."

ႏွလုံးေရာဂါရွိတဲ့သူက ေဆးလိပ္ေသာက္သည္။ ဘာမွမဆိုင္ေပမဲ့ ကြၽန္မတားရမည္။

"အစ္ကို ညီမကိုေစာင့္ေရွာက္မယ္ဆိုရင္ အသက္ရွည္ရွည္ေနရမွာေပါ့ ေဆးလိပ္မေသာက္ပါနဲ႔လားအစ္ကို..."

စိတ္ပူေနသည့္မ်က္ဝန္းထဲကို အေျဖရွာေနမိသည္။ ဒီကေလးမကို ကြၽန္ေတာ္မည္သို႔ေစာင့္ေရွာက္ရမလဲ။ အမိန႔္သံမပါ ေတာင္းဆိုေနသည့္အသံမလို႔ ကြၽန္ေတာ္ေသာက္လက္စ ေဆးလိပ္ကိုလႊင့္ပစ္လိုက္သည္။

"မေသာက္ေတာ့ပါဘူး... အသက္ရွည္ရွည္မေနရလည္း ညီမေလးေဘးနား တစ္သက္လုံးရွိေနမွာပါ..."

ဘဝမွာပထမဆုံးေႏြးေထြးမႈကို ခံစားရသည္။ ေလေျပအေဝွ႔တစ္ခ်က္ ရင္ခုန္သံကို ကြၽန္မကိုယ္တိုင္ၾကားေနရသည္။ က်ယ္ေလာင္လြန္းလို႔ အစ္ကိုၾကားသြားမည္ကို ေၾကာက္မိသည္။ ကြၽန္မအစ္ကို႔ကို မိတ္ေဆြတစ္ဦးအျဖစ္သာ သတ္မွတ္ထားသည္။ ဒီထက္မပိုပါ။

"စိတ္မပူပါနဲ႔ အစ္ကို႐ိုး႐ိုးသားသားေျပာပါ..."

ထပ္ၿပီးကြၽန္မအေတြးကို သိေနျပန္သည္။ အစ္ကိုကလူမွဟုတ္ရဲ႕လား။ အစ္ကိုၿပဳံးျပသည္။ ထိုအၿပဳံးဟာ ျဖဴစင္လြန္းသည့္အၿပဳံး...

"ျပန္ၾက‌ရေအာင္ညီမ အခ်ိန္တန္ရင္သိလာပါလိမ့္မယ္..."

ဖုန္းသံေၾကာင့္ အစ္ကိုဖုန္းကိုၾကည့္ၿပီး အနည္းငယ္မ်က္ႏွာထားေျပာင္းလဲသြားသည္။ ဘယ္သူမွန္းမသိေသာ္လည္း အစ္ကိုဖုန္းကိုင္လိုက္သည္။

"ဟယ္လို..."

"ဟယ္လို အခု‌ေျပာေနတာမဟန္နီဈာန္ၿဖိဳးလားဗ်..."

"ဟုတ္ပါတယ္..."

"ဟုတ္ကဲ့ ေျပာရမွာအားနာေပမဲ့ ကြၽန္ေတာ့္ကိုအဘဖုန္းဆက္ခိုင္းလိုက္တာပါ..."

"အဘ... ဘာကိစၥရွိလို႔လဲမသိဘူး..."

"အခု ကြၽန္ေတာ္တို႔နတ္ေရကန္နားမွာေစာင့္ေနပါတယ္ လာလို႔ရရင္ ခဏျဖစ္ျဖစ္အခ်ိန္ယူလို႔ရမလား..."

"ကြၽန္ေတာ့္အခ်ိန္ေပးရင္ ကြၽန္ေတာ္ဘာျပန္ရမွာလဲ..."

"ေပးမဲ့အရာကိုေတာ့ အဘဘဲသိပါလိမ့္မယ္..."

"ေကာင္းၿပီ ဆယ့္ငါးမိနစ္ေစာင့္ေပးပါအစ္ကို..."

တစ္ဖက္ကေျပာေနသည့္အသံကိုမၾကားရေပမဲ့ အစ္ကိုေလသံအနည္းငယ္မာေနသည္။ ဖုန္းခ်ၿပီး ကြၽန္မနဲ႔အတူ အိမ္ျပန္လာခဲ့သည္။ အိမ္ေရွ႕မွာခ်သြားေပးၿပီး...

"ေမေမေမးရင္ ဘုရားခဏသြားတယ္ေျပာလိုက္ပါ ညီမ..."

"ဟုတ္ကဲ့ အေရးႀကီးရင္ ဖုန္းဆက္လိုက္ပါ..."

"ေကာင္းပါၿပီ..."

အရွိန္တင္ကာ ေမာင္းထြက္သြားသည့္ အစ္ကို႔ကိုၾကည့္ၿပီး ေတြးေဝေနမိသည္။ အခုထိရင္ခုန္သံမရပ္ေသးတာ အေနနီးလို႔ျဖစ္ပါလိမ့္မယ္။ ကိုယ့္ကိုယ္ကိုယ္ လိမ္ညာေနရင္း အန္တီကိုအက်ိဳးေၾကာင္းေျပာျပလိုက္သည္။

..........

နတ္ေရကန္ေရာက္ေတာ့ အဘဟာငါးစာေကြၽးေနသည္။ ေဘးဘီၾကည့္ေတာ့ မည္သူမွမေတြ႕ရ။ အဘအနားသြားရင္း စိတ္ကိုအတတ္ႏိုင္ဆုံး ရွင္းလင္းေနခဲ့သည္။

" လူေလးေရာက္လာၿပီလား..."

"ဟုတ္ကဲ့အဘ..."

"သတၱဝါတစ္ခု ကံတစ္ခုတဲ့ ေသခ်ိန္တန္လွ်င္ေသရမွာဘဲ ဘာေၾကာင့္ဘဝကိုစိတ္ပ်က္စြာေနေနရတာလဲ..."

ေရျပင္ကိုၾကည့္ၿပီး ေငးေနမိသည္။ အေျဖမေပးႏိုင္သလို ဘာေၾကာင့္ဆိုသည့္ေမးခြန္းေပါင္းမ်ားစြာ ထုတ္ခဲ့ၿပီးၿပီမဟုတ္လား။ ဘာအတြက္ ေပ်ာ္႐ႊင္မႈကို ဖန္တီးေနရဦးမလဲ။

"အဘေဆးလိပ္ေသာက္မလား..."

"ေတာ္ပါၿပီလူေလး... အျမင္က်ယ္က်ယ္ထားပါ ဝဋ္ရွိသမွ် ေတြ႕ဆုံႀကဳံႀကိဳက္ရဦးမွာဘဲ... အဘေပးစရာရွိတယ္ လူေလးလက္ျဖန႔္ထား..."

"ဟုတ္ကဲ့..."

လက္ဖဝါးျဖန႔္ထားသည္ကို အဘလက္နဲ႔အုပ္ၿပီး ဂါထာတစ္ပုဒ္႐ြတ္ေနသည္။ ၿပီးေတာ့ ကြၽန္ေတာ့္ကိုၾကည့္ၿပီးၿပဳံးေနသည္။

"အဘေပးၿပီးၿပီ လူေလးဘာရလိုက္လဲ..."

"ယူတတ္ရင္ေတာ့ပညာပါအဘ ကြၽန္ေတာ္မီးစာကို ဆက္လက္ထိန္းသိမ္းပါ့မယ္..."

"ဒါဆို အဘအယူကို လူေလးသိတယ္ေနာ္ ကံမကုန္ရင္ ျပန္ဆုံၾကတာေပါ့..."

အဘထြက္သြားၿပီးေနာက္ ကြၽန္ေတာ္ဘုရားမွာဘဲထိုင္ေနလိုက္သည္။ မည္မွ်ၾကာသြားသည္မသိ။ ဖုန္းသံၾကားမွ နာရီကိုၾကည့္လိုက္ေတာ့ ေန႔လည္၁၂နာရီေက်ာ္ေနၿပီ။

"ေမေမ..."

"ဘုရားသြားတယ္ဆို ေန႔လည္စာစားခ်ိန္ေက်ာ္ေနၿပီ ျပန္လာခဲ့ေတာ့သား..."

"ဟုတ္ ခုျပန္လာပါၿပီ..."

ဖုန္းခ်ၿပီးသည္ႏွင့္ ေဆးလိပ္ကိုခဲလိုက္သည္။ မီးညႇိဖို႔လ်ာေနတုန္း သူမေျပာသည့္ စကားၾကားေယာင္ရင္း ၿပဳံးမိသည္။ ေဆးလိပ္ကိုလႊင့္ပစ္ၿပီး ျပန္ဖို႔ျပင္သည္။ ေဘးနားကလူတစ္ဦး ကြၽန္ေတာ္အထ သူအလာဝင္တိုက္မိသည္။

"အလို ဈာန္ၿဖိဳး..."

ကြၽန္ေတာ့္နာမည္သိေနသည္မလို႔ အသံလာရာၾကည့္လိုက္သည္။ ျမန္မာဝမ္းဆက္ႏွင့္ နက္ေမွာင္ေသာဆံႏြယ္က ေျခသလုံးနားပင္ေရာက္ေနၿပီ။ သူမအလွကို ေငးၾကည့္ေနၿပီး သူမဘက္မွ အသံေပးမွ...

"အဟမ္း ဈာန္ၿဖိဳး..."

"အာ ေအာ္ ေတာင္းပန္ပါတယ္..."

"အခုထိ ျမန္မာဆန္တာကိုႀကိဳက္ေနတုန္းလား..."

"ဟုတ္တယ္ ဒါနဲ႔ဒီဘက္က..."

"မမွတ္မိေတာ့ဘူးလား..."

"ဟို စိတ္မရွိပါနဲ႔ မွတ္ဉာဏ္မေကာင္းလို႔ပါ..."

"ျဖစ္ရမယ္ ငါေဆာင္းဦးေလ..."

"ဟင္ ေဆာင္းဦး..."

ကြၽန္ေတာ္ခုနစ္တန္းကတည္းက တစ္ဖက္သတ္ႀကိဳက္ခဲ့သည့္ မိန္းကေလး...။ ေဆာင္းဦးဟာ ေခတ္ဆန္သူတစ္ဦးပါ။ ဘယ္လိုျဖစ္ၿပီး...

"ကဲ အဲ့ေလာက္အံ့အားသင့္မေနပါနဲ႔ ငါ့ေကာင္ေလးအႀကိဳက္ေနတာေလ... ဘယ္လိုလဲ ငါလွလာတယ္မလား..."

"ေအး လွပါတယ္... ဒါနဲ႔ျပင္ဦးလြင္ကိုဘယ္လိုေရာက္လာတာလဲ..."

"ငါ့ေကာင္ေလးကေမၿမိဳ႕သားေလ သူ႔ဆီအလည္လာတာ သူေနာက္မွာက်န္ခဲ့တယ္ ဟိုမွာ ေျပာရင္းဆိုရင္းလာၿပီ..."

ေဆာင္းဦးေကာင္ေလးနဲ႔မိတ္ဆက္ေပးၿပီး အိမ္ျပန္ေနာက္က်ေနသည္မလို႔ ျပန္လာခဲ့သည္။ လမ္းတစ္ေလွ်ာက္ တိုက္ဆိုင္မႈမ်ားစြာကဆီးႀကိဳေနသည္။ မီးပြိဳင့္မိေတာ့ ေဘးနားမွာ ပထမဆုံးexကို သူ႔ေကာင္ေလးနဲ႔ေတြ႕ရျပန္သည္။ ၿပဳံးျပ႐ုံသာႏႈတ္ဆက္ခဲ့ၿပီး အိမ္ျပန္လိုက္သည္။ အိမ္ေရာက္ေတာ့ ရမႈံဝင့္ကို ဧည့္ခန္းထဲေတြ႕လိုက္ရသည္။

"မင္း မင္း..."

"သား လူႀကီးေတြရွိတယ္ေလ... ကိုယ့္အိမ္လာတဲ့ဧည့္သည္ကို ဧည့္ဝတ္ေက်မွေပါ့..."

"ေမေမ..."

"အစ္ကိုျပန္ေရာက္ၿပီလား..."

အသံက်ယ္သြား၍ထင္ပါတယ္။ အေပၚထပ္ကေန ဆင္းလာတဲ့သူမအေရွ႕ ကြၽန္ေတာ့္ေဒါသကိုခ်မျပခ်င္ပါ။

"ေအာ္ သူငယ္ခ်င္းေရာက္ေနတာဘဲ ၿပီးေတာ့မွ စကားေျပာၾကတာေပါ့အစ္ကို..."

"ဟုတ္ကဲ့ပါ..."

ရမႈံဝင့္အေရွ႕ထိုင္လိုက္သည္။ ေဘးမွာေမေမရွိေနသည္မလို႔ စကားေျပာမၾကမ္းေအာင္သာ အံ့ႀကိတ္ေနမိသည္။

"ေမေမ့ကိုလြမ္းေနတာ သမီးကိုေရာသတိမရဘူးလား..."

"သတိရတာေပါ့ ဆိုင္းမဆင့္ ဗုံမဆင့္ ကေလးကေန ဒီအထိေရာက္လာတာ အလုပ္ကိစၥရွိလို႔လား..."

"မဟုတ္ပါဘူးေမေမရယ္ ကိုကို႔ကိုလြမ္းလို႔ ကိုကိုကစိတ္ေကာက္ေနတာေလ ၆လေလာက္ရွိၿပီမလို႔ လာေခ်ာ့ရတာ..."

"ဒီလိုဆိုလည္း ႏွစ္ေယာက္သားစကားေျပာၾကဦး... ေမေမ သားအတြက္ထမင္းျပင္ေပးလိုက္ဦးမယ္..."

"ဟုတ္ကဲ့ပါေမေမ..."

ေမေမထြက္သြားသည္ႏွင့္ တိတ္ဆိတ္သြားသည္။ ရမႈံဝင့္ ကြၽန္ေတာ့္ေဘးနားလာထိုင္ၿပီး ပုခုံးကိုမွီလ်က္...

..............

updateမွန္ေအာင္ႀကိဳးစားလ်က္ပါ...

Thanks all my reader...

#DVassan



   

Continue Reading

You'll Also Like

9.3K 275 10
ချစ်မိသွားတဲ့အခါ အရာအားလုံး အလိုအလျောက် ဖြစ်တည်လာတတ်တယ် ချစ်ရသူကို ပျော်ရွှင်မှု စိတ်ကျေနပ်မှု ကြည်လင်အေးမြမှု အရာအားလုံး ပေးချင်ပါရဲ့
21.6K 901 11
"ကြိတ်မုန်းနေလည်း ပေးငုံစရာ လော်မပါဘူး"
219K 11K 90
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
46.1K 496 8
Jasmine was hired to be Tony Starks assistant but was actually agreed to be his and his team's submissive.