A Desire(ဆန္ဒတစ်ခု)

Por Smrik123

2.2K 176 5

တောင်းဆုတွေဟာ မပြည့်ဝတတ်ဘူး... Más

Part_1
Part_2
Part.3
Part.4
Part_5
Part.7
Part.8
Part.9
Part_10
Part_11
Part_12
Part . 13
Part.14
Part.15
Part.16

Part_6

126 10 0
Por Smrik123

ခပ်အုံ့အုံ့ဖြစ်နေသည့် ရာသီဥတုဟာ အနည်းငယ်ထိုင်းမှိုင်းသော်လည်း နေထိုင်ရသည်အတွက်တော့ သင့်တော်လှသည် ။
မပူလွန်းမအေးလွန်းသည့် ဒီနေ့လိုရာသီဥတုလေးကို သိပ်ကိုသဘောကျမိသည် ။
မနက်ခင်းကတည်းက တက်ကြွနေသည့် စိတ်တို့ဟာ ဘဝတွင် ပထမဆုံး အကြိမ်သာဖြစ်မည် ။
ဘာ‌ကြောင့်မှန်းမသိ ခြေလှမ်းတို့ဟာလဲ တက်ကြွနေသေးသည် ။

" အစ်မ! "

တိုက်ရှေ့တွင် ရပ်စောင့်နေသည့် အစ်မကို တွေ့လိုက်ရတော့ အနည်းငယ်အံ့ဩမိသည် ။
တဆက်တည်း ညကအဖြစ်အပျက်တချို့ကို ပြန်မြင်ယောင်မိတော့ မျက်နှာပူမိသည် ။

" ကျောင်းသွားမလို့လား "

" ဟုတ် "

" လိုက်ပို့ပေးမယ် "

" ရပါတယ် ၊ ကျွန်တော့ဘာသာ .."

စိုက်ကြည့်ခံလိုက်ရသည့် အကြည့်တို့ကြောင့် စကားလုံးတို့ ထပ်ထွက်မလာတော့သလို ခေါင်းကိုငုံ့လျှိုးလိုက်တော့သည် ။

" ကားပေါ်တက် "

မငြင်းဆန်နိုင်သည့် အခြေအနေတို့ကို လိုက်လျောဖို့ကလွဲရင် ဘာများတတ်နိုင်မည်နည်း ။
တကယ်ဘဲ မငြင်းဆန်နိုင်သည့်အခြေအနေလား ၊ ကိုယ်တိုင်ကဘဲ မငြင်းဆန်နိုင်ခဲ့သည်လား ။
သေချာတာတစ်ခုကတော့ အစ်မအနားရှိနေရရင် ပျော်ရွှင်ရသလို လုံခြုံတယ်လို့ ခံစားရသည် ။

" ညက ."

" ဘာဖြစ်လို့လဲ "

စရုံရှိသေး ခပ်တိုးတိုးလေသံလေးဟာ စိုးရိမ်မှုအပြည့်ဖြင့် ဖြတ်ပြောလာသည်ကြောင့် ပြောထွက်မဲ့စကားတို့တောင် တစ်ဆို့သွားရသည် ။

" ဟားဟား... တိမ်လွှာရယ် ဘာတွေဒီလောက်များ ကြောက်နေရတာလဲ ။ ညက ကောင်းကောင်းအိပ်ပျော်ရဲ့လားလို့ မေးမလို့ပါ ၊
ညက အစ်မက အနှောင့်အယှက်ပေးမိထားတာဆိုတော့ "

" ဟုတ် ၊ ကောင်းကောင်အိပ်ပျော်ပါတယ် "

မျက်လုံးဝိုင်းဝိုင်းလေးကို စွဲလန်းနေမိသလို ၊
ခပ်တိုးတိုးအသံလေးကိုလဲ စွဲမက်နေမိသည် ။
မပွင့်တပွင့်စကားပြောပုံလေးဟာ စတွေ့ကတည်းက ဆွဲဆောင်ထားခြင်း ဖြစ်သည်မဟုတ်လား ။

ပုံမှန်လူရှင်းနေသည့် ကျောင်းအဝင်လမ်းမကြီးဟာ ယနေ့မှ လူရှုပ်နေသယောင် ။
ကျောင်းနဲ့တိုက်ခန်းဟာ သိပ်မဝေးသဖြင့် ပုံမှန်ဆို လမ်းလျှောက်လာနေကျ ဖြစ်သော်လည်း ဒီနေ့က ပုံမှန်လာခြင်းနှင့်မဟုတ်တာကြောင့် စိတ်ထဲတွင် ကသိကအောက်ဖြစ်မိသည် ။

" တိမ်လွှာ ဘာတွေတွေးနေတာလဲ။ ကျောင်းရောက်နေပြီလေ "

" ဘာ.. ဘာမှမတွေးပါဘူး ။ ကျွန်တော်သွားတော့မယ်နော် "

" ခဏ "

ရုတ်တရက်ဟန့်တားခံလိုက်ရခြင်းတွေဟာ စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည် ။

" ညနေ အစ်မကို အချိန်ပေးလို့ရမလား "

" ညနေ "

" အင်း ... ညနေစာ အတူစားပြီး တိမ်လွှာနဲ့အချိန်ကုန်ဆုံးချင်တယ် ။ ဟိုဟာ ..စကားတွေ ဘာတွေပြောရင်းနဲ့ပေါ့ "

စိုက်ကြည့်ခံနေရသည့် မျက်ဝန်းအစုံတို့ကြောင့် ...
စည်းချက်မျန်မှန် ထွက်ပေါ်လာသည့် နှလုံခုန်သံတို့ဟာ အသက်ရှူလိုက်တိုင်း ပြင်းထန်လာသယောင် ။

" ရပါတယ် "

" ဒါဆို ညနေအစ်မလာခေါ်လိုက်မယ်နော် "

" ဟုတ် "

စကားပြောခြင်း အဆုံးသတ်မှာ ကားပေါ်ကဆင်းကာ 
ခြေလှမ်းတို့မရွေ့လျားနိုင်သေးပေ ။ ကားလေးဟာ ထွက်ခွာသွားသော်လည်း ထိုနေရာတွင်သာ ရပ်ကာ ရင်ဘတ်ပေါ်သို့ ညာဘက်လက်လေးတင်ကာ စမ်းသပ်မိတော့သည် ။

" ဘာလို့ ဒီလောက်တောင် ခုန်နေရတာလဲ "

ဝေခွဲရခက်စွာဖြင့် ကျောင်းဆောင်ရှိရာဘက်သို့သာ ခပ်မှန်မှန်ခြေလှမ်းတို့ဖြင့် လျှောက်လာလိုက်သည် ။
ရုတ်တရက်‌အရှေ့မှ လူတစ်ယောက် ပိတ်ရပ်လာတာကြောင့် ခြေလှမ်းတို့ကို ရပ်တန့်လိုက်ရသည် ။
အနည်းငယ်မြင့်နေသော အရပ်ကြောင့် ခပ်မော့မော့ကြည့်လိုက်ရသည် ။

မော့ကြည့်လာသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် ပြောထွက်မည့်စကားလုံးတို့ပင် ပျောက်ရှကုန်သည် ။
ခပ်ထန်တင်းနေသည့်စိတ်တို့ဟာလဲ ထိုမျက်လုံးဝိုင်းဝိုင်းလေးအောက်တွင် ပြေလျော့သွားသည်က ဘာကြောင့်များလဲ ။ အကြောင်းအရင်းမရှိ ဒီမျက်လုံးဝိုင်းဝိုင်းလေးများကို သဘောကျနေမိသည် ။

" ဘာပြောစရာရှိလို့လဲ "

ပုံမှန်ဆို စိတ်ထဲရှိသလို ပြောဆိုပြုမူတတ်ပေမဲ့ ခပ်တိုးတိုးလေသံလေးကြောင့် ပုံစံတွေကွဲထွက်သွားရတော့သည် ။

" ခုနက ကားပေါ်ကဆင်းလာတာ တွေ့လိုက်တယ် ။ အဲ့ကားပိုင်ရှင်နဲ့ အသိတွေလား "

" ဘာလို့လဲ "

" သိချင်လို့ "

" ငါနဲ့မင်းနဲ့မှ မသိတာ "

" အော် ဟုတ်သား.. ကျွန်တော့်နာမည် မိုးရိပ် "

" ငါမသိချင်ဘူး "

" ဘာလို့လဲ "

ဦးတည်ရာပြောင်းလဲသွားသည့် စကားဝိုင်းဟာ တိတ်ဆိတ်သွားခဲ့သည် ။ တစ်ဖတ်ကအမေးကို အဖြေပြန်မပေးခဲ့ဘဲ နှုတ်ဆိတ်နေခြင်းကြောင့်သာ ဖြစ်သည် ။

" ထားပါ မဖြေချင်ဘူး ဆိုလဲ ၊
ဒါပေမဲ့ ခုနကမေးခွန်းကိုတော့ ဖြေပေးအုံး ။
မရတီမိုးမြင့်နဲ့ ဘယ်လိုသိတာလဲ ၊ ပုံမှန်ဆက်ဆံရေးဘဲလား "

" အစ်မနဲ့က ဒီတိုင်းရင်းနှီးရုံဘဲ တခြားဘာမှမရှိဘူး ။ရပြီမလား ၊ သွားခွင့်ပြုအုံး "

"ခဏလေး ၊ မမြင်နိုင်တဲ့ အခြေအနေတွေအတွက် ကြိုသတိပေးချင်လို့ ၊ မမအနားကို တတ်နိုင်သလောက်မကပ်ပါနဲ့ ။ "

ထွက်ခွာသွားသောကျောပြင်ကို ကြည့်ကာ အလိုမကျဖြစ်မိသည် ။
တကယ်ဆို တစ်ယောက်တည်းနေနေတာက ကိုယ်တိုင်သာဖြစ်ပြီး တခြားလူများကသာ လာကပ်နေကြခြင်းသာ ဖြစ်သည် ။

သို့သော် အစ်မနဲ့သာဆိုပုံစံကွဲထွက် နေသည်ကိုတော့ သတိထားမိသည် ။ သူစိမ်းများနှင့်အတူနေရခြင်းကို မနှစ်သက်သော်လည်း အစ်မနှင့်အတူရှိနေရခြင်းကိုတော့ နှစ်သက်နေမိသည် ။ အစ်မအနားကို ရောက်လာသည်နှင့် ပျော်ရွှင်ရသည့်စိတ်တို့ကို အမှန်တကယ် သဘောကျနေမိသည် ။

>>>>>>>>>>>>>

ခပ်ငြိမ့်ငြိမ့် တီးလုံးသံတို့ဟာ နားထဲသို့တိုးဝင်လာခဲ့ပြီး မရင်းနှီးသည့် ပတ်ဝန်းကျင် ၊ မရင်းနှီးသည့် အနေအထားတွင် နေထိုင်နေရသည်က သိပ်တော့ အဆင်မပြေလှပေ ။

" အဆင်မပြေလို့လား တိမ်လွှာ ။ ဘာမှလဲ သိပ်မစားဘူး "

" အဆင်ပြေပါတယ် ။ အပြင်ထွက်နေကျမဟုတ်တော့ မရင်းနှီးသေးလို့ပါ "

" အာ.. sorryနော်  ကြိုမမေးမိလို့ ။ အစ်မ သဘောတိုင်း လုပ်မိသွားပြီထင်တယ် "

" မဟုတ်ပါဘူး ရပါတယ် "

စိတ်ကျဉ်းကြပ်နေဟန်ပေါ်နေသည့် တိမ်လွှာ့ကိုကြည့်ကာ အားနာရသည် ။ စိတ်မသက်သာနေရသည့် အခြေအနေသည် သည်းခံရန်အခက်ဆုံးသာဖြစ်မည် ။

"တိမ်လွှာ ၊ လာ .. အစ်မနဲ့လိုက်ခဲ့ "

လက်ကောက်ဝတ်မှ ဆွဲကာ ခေါ်သွားသည့် အစ်မရဲ့အနောက်သို့ ကြောင်တောင်တောင်နှင့် လိုက်သွားရသည် ။ လှေကားထစ်များကို ဖြတ်ကျော်နေချိန် မလွှတ်တမ်းဆုတ်ကိုင်ထားသည့် လက်ကအထိအတွေ့ကြောင့် မနက်ကလို နှလုံးခုန်သံတို့ဟာ စည်းချက်ညီစွာ ထွက်ပေါ်လာပြန်သည် ။
ခေါ်ဆောင်ရာ ကျောပြင်ထက်ကို ကြည့်မိပြန်တော့ ခပ်စိမ့်စိမ့်ဖြစ်သွားသည့် ခံစားချက်တို့ဟာ ရင်ဘတ်ထဲတွင် ဖြတ်ပြေးသွားပြန်သည် ။

စားသောက်ဆိုင်ရဲ့ ခေါင်မိုးထပ်သို့ရောက်တော့ အစ်မဟာ လှည့်ကြည့်လာခဲ့သည် ။
ခပ်မှိန်မှိန်မီးရောင်များနှင့် လရောင်အောက်က အစ်မရဲ့အပြုံးတို့ဟာ သိပ်ကိုတောက်ပနေခဲ့သည် ။

" အထဲမှာဆို စိတ်ကျဉ်းကြပ်နေမယ်ထင်လို့ ဒီခေါ်လာတာ ။ အဆင်ပြေရဲ့လား "

" ရပါတယ် ၊ အစ်မရှိနေတာဘဲကို "

စိုက်ကြည့်နေသည့် အစ်မရဲ့မျက်ဝန်းတို့ကို ရင်မဆိုင်ရဲဘဲ ရှောင်တိမ်းနေမိသည် ။ အခုချိန်ထိ မလွှတ်တမ်း ဆုပ်ကိုင်ထားသည့် လက်တို့ဟာလဲ ပိုမိုတင်းကြပ်လာသယောင် ။

" တိမ်လွှာ "

အနည်းငယ်ရုန်းနေသည့် လက်တို့သည် ခေါ်သံ၏အနောက်တွင် ငြိမ်ကျသွားခဲ့သည် ။
လ‌ရောင်အောက်တွင် မော့ကြည့်လာသည့် မျက်လုံးဝိုင်းဝိုင်းလေးများဟာ ပိုပြီးတောက်ပနေသယောင် ။ တစ်စုံတစ်ခုကို စိုးထိတ်နေသည့် အမူအရာလေးဟာ ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေခဲ့သည် ။

" အစ်မရဲ့ အချစ်ကို လက်ခံပေးပါလား "

" ကျွန်တော် အစ်မကိုပြန်ချစ်လို့မရဘူး "

" ရတယ် ။ တိမ်လွှာ ပြန်မချစ်လဲရတယ် ။
တိမ်လွှာက ဒီတိုင်းအစ်မရဲ့အချစ်ကိုဘဲ လက်ခံပေး..
အစ်မလေ တိမ်လွှာ့ကို ချစ်လွန်းလို့ ရူးတော့မှာဘဲ "

" မဖြစ်နိုင်ဘူး အစ်မ။ အစ်မပင်ပန်းလိမ့်မယ် "

" တိမ်လွှာနဲ့မတွေ့ရတဲ့နေ့တွေက ပိုပြီးပင်ပန်းတယ် ။ ဒီတိုင်း အနားမှာဘဲ လက်ခံပေးထားလို့မရဘူးလား "

တောင်းဆိုနေသည့် မျက်ဝန်းတို့ကို ဘယ်လိုအင်အားနဲ့များ လျှစ်လျှူရှုနိုင်မည်နည်း ။
အစ်မအနားမှာရှိနေရတဲ့အချိန်ဆို ဝမ်းနည်းခြင်းတွေ  ၊နာကျင်ခြင်းတွေက ဖြေးဖြေးချင်းသက်သာလာသလို ခံစားရသည် ။

" အစ်မအနားမှာ ရှိနေရရင် ကျွန်တော် ပျော်ရွှင်သလိုခံစားရတယ် ။ အစ်မဘေးနားမှာဆို လုံခြုံတယ်လို့ ခံစားရတယ် ။ ဒါတွေကို အချစ်လို့တော့ ခေါင်းစဉ်မတပ်ချင်ဘူး "

" ရတယ် ။ အစ်မကတိမ်လွှာ့ကို ပျော်ရွှင်အောင် လုပ်ပေးမှာမို့လို့ ဒီတိုင်း အနားမှာဘဲ နေခွင့်ပေးပါ ။ "

ခေါင်းကိုသာငြိမ့်လိုက်ပြီး ကျန်တာဘာမှမစဉ်းစားချင်တော့ ။ နွေးထွေးသည့် အစ်မရဲ့ရင်ခွင်မှာ ခဏတာ ခိုလှုံခွင့်ရလဲ ကျေနပ်မှာမို့လို့ ခဏလောက်ဖြစ်ဖြစ် အစ်မကိုအနားမှာခေါ်ထား ချင်မိတာ အတ္တကြီးတယ်လို့ ဆိုနိုင်သည်လား ။

ဘယ်နေရာမှာ ဘယ်လိုမှားသွားမယ်မှန်း မသိပေမဲ့ ခါးခါးသီးသီး မောင်းမထုတ်ခင်အထိတော့ အနားမှာရှိနေနိုင်ဖို့ ကြိုးစားနေအုံးမည် ။ ဘယ်တော့မှ အနီးနားမသွားဖို့ ကိုယ့်ကိုကိုယ်တားနေသည့်ကြားက တစ်နေ့ထက်တစ်နေ့ ပိုတွယ်တာလာမိသလို ၊ မျက်နှာလေးများ မတွေ့ရရင် တစ်နေ့တာက အဆင်မပြေတော့သည်အထိ ချစ်တဲ့စိတ်တို့က အနိုင်ရသွားခဲ့သည်လေ ။ ရှုံးလက်စနဲ့မို့ ဒူးထောက်ရလဲ ဒူးထောက်ဖို့အထိ ဆက်ချစ်သွားဖို့သာ တတ်နိုင်တော့သည် ။

>>>>>>>>>

" ဘယ်ကပြန်လာတာလဲ တိမ်လွှာ "

တိုက်ခန်းရှေ့တွင် ရပ်စောင့်‌နေသည့် မေ့ရဲ့မျက်နှာဟာ ပုံမှန်ထက်ကို ခက်ထန်နေသည် ။ မေဟာ တစ်ခုခုကို ဒေါသထွက်နေသလို ။

" ဟို ... "

" ဘာတွေတွန့်ဆုတ်နေတာလဲ "

" ကျွန်တော်တို့ အထဲဝင်ရအောင်လား "

မေဟာ သဘောတူဟန်ဖြင့် အခန်းသော့ကိုဖွင့်ကာ ဝင်သွားခဲ့သည် ။ အားလျော့စွာသော ခြေလှမ်းတို့ဖြင့် မေ့ရဲ့အနောက်မှ လိုက်ဝင်ခဲ့ကာ ဆိုဖာတွင်ထိုင်နေသော မေ့အရှေ့၌ အပြစ်သားသဖွယ်ရပ်နေမိသည် ။

" ငါမေးတာဖြေလေ တိမ်လွှာ ! "

အဆုံးသတ်မှာ ကျယ်သွားတဲ့ မေ့အသံကြောင့် ကြောက်စိတ်တို့ဟာ အဘက်ဘက်မှ တိုးဝင်လာခဲ့သည် ။

" အသိတစ်ယောက်နဲ့ ညစာစားပြီး ပြန်လာတာပါ "

" အဲ့မိန်းမက ဘယ်သူလဲ "

မေ့စကားကြောင့် ခေါင်းငုံ့နေရာမှ မေ့ကိုကြည့်လိုက်တော့ မျက်လုံးတို့နီရဲကာ မေဟာအတော်လေးဒေါသထွက်နေခဲ့သည် ။ မေ တွေ့သွားခဲ့သည် ။
မေ့ရဲ့အကြည့်တို့ကိုလဲ ရင်မဆိုင်ရဲပေ ။

" တိမ်လွှာ ! အဲ့မိန်းမနဲ့ ပတ်သတ်လို့မရဘူးနော် ။
ငါလွှတ်ထားပေးတယ်ဆိုတာ အဲ့လိုမိန်းမတွေနဲ့ ပတ်သတ်ဖို့မဟုတ်ဘူး "

" ကျွန်တော်သိပြီမို့လို့ .. မေ ဒေါသမတွက်ပါနဲ့လား။ "

ခက်တယ် ... ခက်တယ်ဆိုတာထက် ပိုပြီးတော့ခက်နေပြီ ကလေးရေ ။ ဒဏ်ရာတွေအများကြီး မပေးချင်သလို အများကြီးလဲ မနာကျင်စေချင်ဘူး ။ ထွက်သွားခဲ့ချင်ပေမဲ့ တကယ်တမ်းထွက်သွား နိုင်ခဲ့ဘူး ။ ချစ်တဲ့စိတ်တို့ဟာ အနီးနားကနေ ရုန်းထွက်ခွင့်မပေးခဲ့ဘူး ။
ချစ်လို့သာ အဝေးကိုထွက်သွားချင်ယောင်ဆောင်ခဲ့တာဘဲ ရှိတာ ။ တကယ်တမ်း အနီးနားကနေ ခိုးကြည့်ပြီး ကြိတ်ငိုနေခဲ့ရတာ ။ သိပ်ချစ်တယ် ကလေးရယ် ။ နောက်ပြီး သိပ်လွမ်းတယ် ... ခိုးလွမ်းခဲ့ရတဲ့ ညတာတွေကလဲ သိပ်ကိုကြာရှည်ခဲ့တယ် ။

                   ################

Seguir leyendo

También te gustarán

39.9K 7.6K 30
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...
131K 5.5K 49
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
1.7K 66 8
professional အဆင့်မဟုတ်တာကြောင့် အမှားတစုံတရာပါခဲ့ရင် ကြိုတောင်းပန်ထားပါတယ်နော် အခုရေးထားတဲ့ပုံလေးက သိပ်ဂရုမစိုက်တတ်တဲ့ကောင်မလေးနဲ့ ဂျစ်ကန်ကန် ကလေးဆ...
5.2K 116 37
It's been 12 years since the Darkflame family came to Garside Grange. And four years since Ingrid wreaked chaos on Stokely. But Kalinda is going to h...