ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်...

By Pen_99

93.5K 3.2K 150

စံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌 More

Part.1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
အသိပေးချက်
Part 24(Final)
Extra (1)

Part 10

3.2K 120 4
By Pen_99

Unicode

ပြာမှုန်များကို ကန်ကျောက်နေရင်းမှ နားစည်အတွင်းမှတစ်ဆင့် နှလုံးသည်းခြေအထိ နစ်ဝင်သွားစေသောအသံကြည်ကြည်ကြောင့် ကိုယ်ရှိန်ကိုသတ်လိုက်ရသည်။ကျောင်းဆောင်ပေါ်မှ ဆရာနွေးကသူ့ကို လက်လှမ်းပြနေသည်။ဟုတ်သည် ရေအိုင်ငယ်လေးများနှင့် ဖွဲ့စည်းထားသည့် အပြုံးဟာ ဘယ်လိုပုံစံနှင့်ပဲဖြစ်ပါစေ ဘယ်လိုအချိန်မှာပဲဖြစ်ပါစေ ကြည့်ကောင်းနေဆဲ။ရုန်းထွက်လေလေ ပိုနစ်လေလေ သမုဒယတရားကလေးပါပင်။

"မြတ်လေး……ဘာလုပ်‌နေတာတုန်းကျောင်းတက်တော့မယ်လေ"

"အာ အရေးကြီးကိစ္စရှိလို့ပါဗျာ"

"ဘာကိစ္စလဲ အရမ်းအရေးကြီးနေလို့လား"

သူဆရာနွေးရှိရာဆီသို့ ပို၍နီးကပ်အောင် သွားလိုက်သည်။

"သေချာပေါက် ပေါ့ဗျာ"

ထိုသို့ဆို၍ သူဆရာနွေး၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို အသေးစိတ် ကြည့်နေလိုက်သည်သွေးကြောစိမ်းကလေးများ‌ ရေးရေးပေါ်နေသည်အထိ ဖြူဖွေးနေတတ်သည့် ပါးပြင်။နှာတံစင်းစင်းကလေး သွယ်တန်းသွားရာတစ်လျှောက် လိုက်ကြည့်မိတော့ ချယ်ရီရောင် နှုတ်ခမ်းလွှာတွေသည် တကယ့်အလင်္ကာ။မျက်တောင် စိတ်စိတ်ကလေးများကို ရေတွက်ရန်ကြိုစားကြည့်ဖူးသည်။သို့သော်ဘယ်တော့မှ မအောင်မြင်။အညိုရောင်မျက်ဝန်းတွေနဲ့အတွေ့မှာ သူဟာအရာအားလုံးကိုမေ့လျော့သွားတတ်ခြင်းသည် လိုလိုလားလားပါပင်။

"ဟိုလေ မြတ်လေး အရေးကြီးကိစ္စကဘာလဲ"

"ပြီးသွားပြီ"

"ဟင်"

"အရေးကြီးကိစ္စက လုပ်ပြီးသွားပြီ"

"ဘယ်တုန်းက……"

"အခုပဲလေ"

သူပြောပြီး ပြေးထွက်လာခဲ့လိုက်ပုံမှာ မည်မျှသရုပ်ပျက်နေသလဲတော့မသိ လမ်းတွင်တွေ့ရသော ကွန်ပြူတာဆရာမ၏ အကြည့်စူးစူးတစ်ချက်ကို မျက်လုံးထောင့်စွန်းမှ ရိပ်ခနဲမြင်လိုက်ရသည်။

*********

‌‌လေးရုံတစ်ယောက် ဒုန်းစိုင်းကာပြေးထွက်သွားတော့ အူကြောင်ကြောင်ကျန်ခဲ့ရသူက ထုံးစံအတိုင်း နွေးသက်ပိုင်ပါပင်။ဘာလို့ ဒီကောင်ငယ်လေးနှင့် ဆိုလျှင် အူကြောင်ကြောင် ဖြစ်သွားတတ်မှန်းသူနားမလည်နိုင်သလို နားလည်ဖို့ရန်လည်းမလိုအပ်ဟုခံယူထားသည်။

"သားတို့ သမီးတို့အားလုံးပဲ မင်္ဂလာပါ"

"မင်္ဂလာပါ ဆရာ"

"အေးအေး ထိုင်ကြ"

"ဒီနေ့သင်ရမယ့် သင်ခန်းစာကတော့ လေထုညစ်ညမ်းမှုအကြောင်း…ကယ် ညစ်ညမ်းတယ်ဆိုတာဘာလဲ"

"ညစ်ပတ်တာကိုပြောတာပါဆရာ"

"အေး ဟုတ်တယ် သမီးထိုင်"

"သား သုသုလေးပြော"

"ဟိုလေ ညစ်ညမ်းတယ်ဆိုတာ နိုင်လူကိုပြောတာပါဆရာ"

နေသုဟန်၏ အဖြေကြောင့် စူပင်ခဏလောက် ဇ‌ဝေဇဝါဖြစ်သွားသည်။ဘယ့်နှယ် ညစ်ညမ်းတာကနိုင်လူဖြစ်ရတာတုန်း။

"ဟေ ဘယ်လို ဘယ်လို"

"ဟိုလိုလေ ညကမေမေနဲ့တူတူ မြန်မာဇာတ်ကားကြည့်တော့ မင်းသမီးကနိုင်လူကို
ညစ်ညမ်းတယ် ဆိုတာသူမှသူအစစ်လို့ပြောလို့ပါ"

ပြောစရာစကားလုံးများပင် ထွက်မလာနိုင်တော့။ဒီကလေးများနှယ်။

"ဟုတ်ပြီ ဆရာရှင်းပြမယ် စာမျက်နှာ၂၈ကိုလှန်ထားပါတွေ့ကြရဲ့လား တိမ်ပုံလေးနှစ်ခုနဲ့အောက်ကနှစ်ပုံ"

"ဟုတ်"

"အိမ်း လေထုညစ်ညမ်းတယ်ဆိုတာ လေထဲမှာ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ့ပျံ့လွင့်နေတာကို ပြောတာကွဲ့……အများအားဖြင့် မြို့တွေမှာဆိုပိုဖြစ်တတ်တယ်…ဘာလို့လဲဆိုတော့ မီးခိုးငွေ့တွေ နဲ့အခြားဟာတွေကြောင့်ပေါ့…ကယ်သားတို့သမီးတို့ လေနဲ့မီးခိုးငွေ့ဘယ်ဟာ ရှုကြမလဲ"

"လေ"

"ဒါပေါ့ လေကိုပဲရှုလို့ရတာလေ မီးခိုးငွေ့တွေကကောင်းနေရင် မီးခိုးငွေ့ပဲရှုမှာ ပေါ့"

ပြောနေရင်းဖြင့် သင်ခန်းစာအားပိုလေးနက်သွားအောင် စာအုပ်ထဲမှပုံအား လက်ဖြင့်ထောက်ပြလိုက်သည်။

"ဒီပုံနှစ်ခုပေါ်က တိမ်တွေကိုပဲကြည့် သစ်တောတွေအပေါ်ကတိမ်ပုံက ဖြူဖွေးနေပြီး စက်ရုံတွေအပေါ်က‌‌တိမိကတော့ အဝါရောင်သမ်းနေတယ်တွေ့လား ဒါလေထုညစ်ညမ်းမှုကြောင့်ဖြစ်တာပေါ့"

သူပြောလိုက်တာ ဘာကဟာသမြောက်သွားမှန်းတော့မသိ။တစ်ခန်းလုံး တသောသောရယ်သံများဖြင့်ဖုံးလွှမ်းသွားသည်။

"ဆရာ…တိမ်ကမဝါဘူးဆရာရဲ့ အဲဒါခုနက တာရာ မုန့်စားနေတုန်းဖိတ်ကျလို့ လက်နဲ့သုတ်လိုက်တာနဲ့ဝါသွားတာ"

"ဟေ"

ထိုစကားကြောင့် သူ လင်းတာရာဆိုသည့် ကလေးအား ကြည့်လိုက်တော့ သွားကလေးဖြဲကာ ဟီးခနဲရယ်ပြလာသည်။အင်း ဖြဲပြလိုက်ပေမယ့် သွားကိုမတွေ့ရပဲ ဟောင်းလောင်းပေါက်ကလေးကိုသာတွေ့လိုက်ရသည်ကလွဲရင်ပေါ့။သူကိုယ့်နဖူးကိုယ်သာရိုက်ချလိုက်မိတော့သည်။

ညနေကျောင်းဆင်းချိန် ရောက်ချေပြီ။ဒီအချိန်ဆို မြတ်လေးက လာကြိုနေကျ။မြန်မြန်ရေမိုးချိုးပြီး လာခေါ်မည့်အချိန်အားမျှော်နေစဉ် အိတ်ကပ်ထဲမှ တဒူဒူမြည်လာသည့် ဖုန်းအဝင်ကောလ်သံနှင့်အတူ တက်လာသော
မယ်တော်ဆိုသည့် အမည်နာမ။

"ဟဲ့ သက်ပိုင် ‌နင်နေနိုင်တယ်နော်"

"နင်တောင် နေနိုင်သေးတာပဲ ကင်းစင်ရယ်……ခုကရောဘာပြောချင်ပြန်ပြီလဲ"

"ဟဲဟဲ အချစ်ကလည်း ကိုယ်ကစတာပါ……ခုနင်အားလား"

"အင်းခဏနေဆို မအားတော့ဘူး"

"အေးပါဟယ် ကျောင်းဆရာကြီးဆိုတော့ တော်တော်ကိုအလုပ်တွေများနေပါတယ်ပေါ့"

"ဒါကိုခင်ဗျားကပိုသိမှာပေါ့ ဆရာဝန်မကြီးခင်ဗျ"

"အဟိ…ဟုတ်ပါပြီ…ဟိုနေ့က နေလတ်ဆီက သတင်းရလို့…နင်ချစ်သူရနေပြီဆို"

"ဟာ မဟုတ်တာ ပေါက်တတ်ကရ အဲ့ကောင်လျှောက်ပြောတာ မယုံနဲ့လေ"

"ဟုတ်ပါပြီ ဒါဆိုငါနင့်ကိုနိုင်သွားပြန်ပြီ"

"ဘာလို့"

"ငါ ကြိတ်ကြွေနေတဲ့ ဂျူနီယာလေးဆီကနေ အဖြေပြန်ရပြီဟ"

"ဟင် ကောင်း ကောင်းပါတယ် နင်ချစ်တဲ့သူဆိုတော့လည်း"

"အေး ဒါဆိုဒါပဲနော် ဘာမှတော့မဟုတ်ဘူး လာကြွားတာ…မောင်ခေါ်နေပြီ"

"အေး အေး"

သူဖုန်းကိုချ၍ ပြုံးရယ်လျက်ခေါင်းခါလိုက်မိသည်။သူမဟာ ယခုအချိန်ထိ ငယ်ငယ်အကျင့်တွေပျောက်မသွားသေးပါ။သူမကြိုက်တာတစ်ခုခုရပြီဆို သူ့ကိုအရင်အသိပေးတတ်သည်။တစ်ယောက်တည်း တွေးတောနေမှုကြောင့် ဘေးတွင် လေးရုံထိုင်နေသည်ကိုပင် သူသတိလက်လွတ်နေမိခဲ့သည်။

"ဆရာနွေး……သူကဘယ်သူလဲ"ဟုမေးမည်ထင်ထားသော်လည်း တစ်ခွန်းမျှမမေး။မပြုံးမရယ်ဖြင့် သူ့ကိုထရန်ခေါ်သည်။လမ်းလျှောက်နေစဉ်တစ်လျှောက်တွင်လည်း ယခင်လိုစနောက်နေခြင်းမျိုးလည်းမရှိသောကြောင့် ရယ်သံလွင်လွင်တို့သည်လည်းနတ္တိ။ထမင်းစားတော့ သူ့ကိုပုံမှန်အတိုင်း ဟင်းအရင်ဦးချပါသည်။ရေချိုးတော့လည်း မိုးချုပ်နေပြီးဖြစ်၍ မြန်မြန်ချိုးရန်ပြောသော်လည်း နားမထောင်။စာသင်နေသည့် အချိန်တွင်လည်း နားလည်လားမေးလျှင်လည်သည်ပဲဖြေပြီး ကျန်တာဘာမှဆက်မပြော။ကြာတော့ သူနေရခက်လှသည်လေ။ထိုနေ့ည လေးရုံတို့အိမ်တွင်ပင် ညအိပ်လိုက်တော့လည်း ထုံးစံအတိုင်းဦးသုံးကြိမ်ချရှိခိုးကန်တော့မပျက်ပါပင်။အရာအားလုံးကပုံမှန် သို့ပေမယ့်တချို့အရာတွေက ကသိကအောက်ဖြစ်စရာ။သူဘာမျှဆက်မတွေးနိုင်တော့ပဲ အိပ်မောကျသွားတော့သည်။

****************©®©**************

နောက်နေ့ရောက်တော့ လေးရုံတစ်ယောက် အအေးမိဖျားသည်။သက်ပိုင်မှာတော့ တစ်နေ့လုံးစာပင်ဖြောင့်ဖြောင့်မသင်နိုင်။ညနေရောက်ရောက်ချင်း ‌ရေပင်မချိုးနိုင်တော့ပဲ လေးရုံတို့အိမ်ရှိသည့် ကြားတိုက်ထဲအပြေးသွားရသည်။သူအိမ်ထဲဝင်လာတော့ အိမ်ထဲမှ ဆေးဆရာ၏အသံကိုမပီဝိုးတဝါးကြားနေရသည်။လှေကားထစ်များအတိုင်းအပေါ်တက်လာတော့မှ ကုတင်ပေါ်တွင် မျက်နှာသေကြီးဖြင့် ဆေးဆရာအားကြည့်နေသော လေးရုံ၏မျက်လုံးများနှင့် အကြည့်ချင်းခလုတ်တုက်သွားသည်။

"ဆရာရယ် ကျုပ်သားကို ဆေးထိုးရင်လေ မနာအောင်ထိုးပေးပါတော်…"

"မေမေထား"

"ဟေ သားနွေး လာလာ ဒီမှာသားညီလေးကသားကိုမျှော်နေတာ"

"ဟုတ် မြတ်လေး ဘယ်လိုဖြစ်တာတုန်း"

"ဒီလိုပါပဲ"

"ကယ် လေးရုံ ငါကတော့ဆေးထိုးပြီးသွားလို့ တာဝန်ပြီးသွားပြီကျန်တာမင့်တာဝနပဲ……အသားများများစား စွပ်ပြုတ်ပူပူလေးတွေများများသောက်…အသားလဲစားမုန့်တွေလည်းအများကြီးသာဝယ်ခိုင်းအမေ့ကို တကယ်လို့မကုန်ရင်လည်း ငါ့အိမ်လာပို့ပေါ့"

၁၁.၁၁.၂၀၂၃
ည၉နာရီ ၅၃မိနစ်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Zawgyi

ျပာမႈန္မ်ားကို ကန္ေက်ာက္ေနရင္းမွ နားစည္အတြင္းမွတစ္ဆင့္ ႏွလုံးသည္းေျခအထိ နစ္ဝင္သြားေစေသာအသံၾကည္ၾကည္ေၾကာင့္ ကိုယ္ရွိန္ကိုသတ္လိုက္ရသည္။ေက်ာင္းေဆာင္ေပၚမွ ဆရာေႏြးကသူ႔ကို လက္လွမ္းျပေနသည္။ဟုတ္သည္ ေရအိုင္ငယ္ေလးမ်ားႏွင့္ ဖြဲ႕စည္းထားသည့္ အၿပဳံးဟာ ဘယ္လိုပုံစံႏွင့္ပဲျဖစ္ပါေစ ဘယ္လိုအခ်ိန္မွာပဲျဖစ္ပါေစ ၾကည့္ေကာင္းေနဆဲ။႐ုန္းထြက္ေလေလ ပိုနစ္ေလေလ သမုဒယတရားကေလးပါပင္။

"ျမတ္ေလး……ဘာလုပ္‌ေနတာတုန္းေက်ာင္းတက္ေတာ့မယ္ေလ"

"အာ အေရးႀကီးကိစၥရွိလို႔ပါဗ်ာ"

"ဘာကိစၥလဲ အရမ္းအေရးႀကီးေနလို႔လား"

သူဆရာေႏြးရွိရာဆီသို႔ ပို၍နီးကပ္ေအာင္ သြားလိုက္သည္။

"ေသခ်ာေပါက္ ေပါ့ဗ်ာ"

ထိုသို႔ဆို၍ သူဆရာေႏြး၏ မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းစီတိုင္းကို အေသးစိတ္ ၾကည့္ေနလိုက္သည္ေသြးေၾကာစိမ္းကေလးမ်ား‌ ေရးေရးေပၚေနသည္အထိ ျဖဴေဖြးေနတတ္သည့္ ပါးျပင္။ႏွာတံစင္းစင္းကေလး သြယ္တန္းသြားရာတစ္ေလွ်ာက္ လိုက္ၾကည့္မိေတာ့ ခ်ယ္ရီေရာင္ ႏႈတ္ခမ္းလႊာေတြသည္ တကယ့္အလကၤာ။မ်က္ေတာင္ စိတ္စိတ္ကေလးမ်ားကို ေရတြက္ရန္ႀကိဳစားၾကည့္ဖူးသည္။သို႔ေသာ္ဘယ္ေတာ့မွ မေအာင္ျမင္။အညိဳေရာင္မ်က္ဝန္းေတြနဲ႔အေတြ႕မွာ သူဟာအရာအားလုံးကိုေမ့ေလ်ာ့သြားတတ္ျခင္းသည္ လိုလိုလားလားပါပင္။

"ဟိုေလ ျမတ္ေလး အေရးႀကီးကိစၥကဘာလဲ"

"ၿပီးသြားၿပီ"

"ဟင္"

"အေရးႀကီးကိစၥက လုပ္ၿပီးသြားၿပီ"

"ဘယ္တုန္းက……"

"အခုပဲေလ"

သူေျပာၿပီး ေျပးထြက္လာခဲ့လိုက္ပုံမွာ မည္မွ်သ႐ုပ္ပ်က္ေနသလဲေတာ့မသိ လမ္းတြင္ေတြ႕ရေသာ ကြန္ျပဴတာဆရာမ၏ အၾကည့္စူးစူးတစ္ခ်က္ကို မ်က္လုံးေထာင့္စြန္းမွ ရိပ္ခနဲျမင္လိုက္ရသည္။

*********

‌‌ေလး႐ုံတစ္ေယာက္ ဒုန္းစိုင္းကာေျပးထြက္သြားေတာ့ အူေၾကာင္ေၾကာင္က်န္ခဲ့ရသူက ထုံးစံအတိုင္း ေႏြးသက္ပိုင္ပါပင္။ဘာလို႔ ဒီေကာင္ငယ္ေလးႏွင့္ ဆိုလွ်င္ အူေၾကာင္ေၾကာင္ ျဖစ္သြားတတ္မွန္းသူနားမလည္ႏိုင္သလို နားလည္ဖို႔ရန္လည္းမလိုအပ္ဟုခံယူထားသည္။

"သားတို႔ သမီးတို႔အားလုံးပဲ မဂၤလာပါ"

"မဂၤလာပါ ဆရာ"

"ေအးေအး ထိုင္ၾက"

"ဒီေန႔သင္ရမယ့္ သင္ခန္းစာကေတာ့ ေလထုညစ္ညမ္းမႈအေၾကာင္း…ကယ္ ညစ္ညမ္းတယ္ဆိုတာဘာလဲ"

"ညစ္ပတ္တာကိုေျပာတာပါဆရာ"

"ေအး ဟုတ္တယ္ သမီးထိုင္"

"သား သုသုေလးေျပာ"

"ဟိုေလ ညစ္ညမ္းတယ္ဆိုတာ ႏိုင္လူကိုေျပာတာပါဆရာ"

ေနသုဟန္၏ အေျဖေၾကာင့္ စူပင္ခဏေလာက္ ဇ‌ေဝဇဝါျဖစ္သြားသည္။ဘယ့္ႏွယ္ ညစ္ညမ္းတာကႏိုင္လူျဖစ္ရတာတုန္း။

"ေဟ ဘယ္လို ဘယ္လို"

"ဟိုလိုေလ ညကေမေမနဲ႔တူတူ ျမန္မာဇာတ္ကားၾကည့္ေတာ့ မင္းသမီးကႏိုင္လူကို
ညစ္ညမ္းတယ္ ဆိုတာသူမွသူအစစ္လို႔ေျပာလို႔ပါ"

ေျပာစရာစကားလုံးမ်ားပင္ ထြက္မလာႏိုင္ေတာ့။ဒီကေလးမ်ားႏွယ္။

"ဟုတ္ၿပီ ဆရာရွင္းျပမယ္ စာမ်က္ႏွာ၂၈ကိုလွန္ထားပါေတြ႕ၾကရဲ႕လား တိမ္ပုံေလးႏွစ္ခုနဲ႔ေအာက္ကႏွစ္ပုံ"

"ဟုတ္"

"အိမ္း ေလထုညစ္ညမ္းတယ္ဆိုတာ ေလထဲမွာ အႏၲရာယ္ရွိတဲ့ အဆိပ္အေတာက္ေတြ႕ပ်ံ႕လြင့္ေနတာကို ေျပာတာကြဲ႕……အမ်ားအားျဖင့္ ၿမိဳ႕ေတြမွာဆိုပိုျဖစ္တတ္တယ္…ဘာလို႔လဲဆိုေတာ့ မီးခိုးေငြ႕ေတြ နဲ႔အျခားဟာေတြေၾကာင့္ေပါ့…ကယ္သားတို႔သမီးတို႔ ေလနဲ႔မီးခိုးေငြ႕ဘယ္ဟာ ရႈၾကမလဲ"

"ေလ"

"ဒါေပါ့ ေလကိုပဲရႈလို႔ရတာေလ မီးခိုးေငြ႕ေတြကေကာင္းေနရင္ မီးခိုးေငြ႕ပဲရႈမွာ ေပါ့"

ေျပာေနရင္းျဖင့္ သင္ခန္းစာအားပိုေလးနက္သြားေအာင္ စာအုပ္ထဲမွပုံအား လက္ျဖင့္ေထာက္ျပလိုက္သည္။

"ဒီပုံႏွစ္ခုေပၚက တိမ္ေတြကိုပဲၾကည့္ သစ္ေတာေတြအေပၚကတိမ္ပုံက ျဖဴေဖြးေနၿပီး စက္႐ုံေတြအေပၚက‌‌တိမိကေတာ့ အဝါေရာင္သမ္းေနတယ္ေတြ႕လား ဒါေလထုညစ္ညမ္းမႈေၾကာင့္ျဖစ္တာေပါ့"

သူေျပာလိုက္တာ ဘာကဟာသေျမာက္သြားမွန္းေတာ့မသိ။တစ္ခန္းလုံး တေသာေသာရယ္သံမ်ားျဖင့္ဖုံးလႊမ္းသြားသည္။

"ဆရာ…တိမ္ကမဝါဘူးဆရာရဲ႕ အဲဒါခုနက တာရာ မုန႔္စားေနတုန္းဖိတ္က်လို႔ လက္နဲ႔သုတ္လိုက္တာနဲ႔ဝါသြားတာ"

"ေဟ"

ထိုစကားေၾကာင့္ သူ လင္းတာရာဆိုသည့္ ကေလးအား ၾကည့္လိုက္ေတာ့ သြားကေလးၿဖဲကာ ဟီးခနဲရယ္ျပလာသည္။အင္း ၿဖဲျပလိုက္ေပမယ့္ သြားကိုမေတြ႕ရပဲ ေဟာင္းေလာင္းေပါက္ကေလးကိုသာေတြ႕လိုက္ရသည္ကလြဲရင္ေပါ့။သူကိုယ့္နဖူးကိုယ္သာ႐ိုက္ခ်လိုက္မိေတာ့သည္။

ညေနေက်ာင္းဆင္းခ်ိန္ ေရာက္ေခ်ၿပီ။ဒီအခ်ိန္ဆို ျမတ္ေလးက လာႀကိဳေနက်။ျမန္ျမန္ေရမိုးခ်ိဳးၿပီး လာေခၚမည့္အခ်ိန္အားေမွ်ာ္ေနစဥ္ အိတ္ကပ္ထဲမွ တဒူဒူျမည္လာသည့္ ဖုန္းအဝင္ေကာလ္သံႏွင့္အတူ တက္လာေသာ
မယ္ေတာ္ဆိုသည့္ အမည္နာမ။

"ဟဲ့ သက္ပိုင္ ‌နင္ေနႏိုင္တယ္ေနာ္"

"နင္ေတာင္ ေနႏိုင္ေသးတာပဲ ကင္းစင္ရယ္……ခုကေရာဘာေျပာခ်င္ျပန္ၿပီလဲ"

"ဟဲဟဲ အခ်စ္ကလည္း ကိုယ္ကစတာပါ……ခုနင္အားလား"

"အင္းခဏေနဆို မအားေတာ့ဘူး"

"ေအးပါဟယ္ ေက်ာင္းဆရာႀကီးဆိုေတာ့ ေတာ္ေတာ္ကိုအလုပ္ေတြမ်ားေနပါတယ္ေပါ့"

"ဒါကိုခင္ဗ်ားကပိုသိမွာေပါ့ ဆရာဝန္မႀကီးခင္ဗ်"

"အဟိ…ဟုတ္ပါၿပီ…ဟိုေန႔က ေနလတ္ဆီက သတင္းရလို႔…နင္ခ်စ္သူရေနၿပီဆို"

"ဟာ မဟုတ္တာ ေပါက္တတ္ကရ အဲ့ေကာင္ေလွ်ာက္ေျပာတာ မယုံနဲ႔ေလ"

"ဟုတ္ပါၿပီ ဒါဆိုငါနင့္ကိုႏိုင္သြားျပန္ၿပီ"

"ဘာလို႔"

"ငါ ႀကိတ္ေႂကြေနတဲ့ ဂ်ဴနီယာေလးဆီကေန အေျဖျပန္ရၿပီဟ"

"ဟင္ ေကာင္း ေကာင္းပါတယ္ နင္ခ်စ္တဲ့သူဆိုေတာ့လည္း"

"ေအး ဒါဆိုဒါပဲေနာ္ ဘာမွေတာ့မဟုတ္ဘူး လာႂကြားတာ…ေမာင္ေခၚေနၿပီ"

"ေအး ေအး"

သူဖုန္းကိုခ်၍ ၿပဳံးရယ္လ်က္ေခါင္းခါလိုက္မိသည္။သူမဟာ ယခုအခ်ိန္ထိ ငယ္ငယ္အက်င့္ေတြေပ်ာက္မသြားေသးပါ။သူမႀကိဳက္တာတစ္ခုခုရၿပီဆို သူ႔ကိုအရင္အသိေပးတတ္သည္။တစ္ေယာက္တည္း ေတြးေတာေနမႈေၾကာင့္ ေဘးတြင္ ေလး႐ုံထိုင္ေနသည္ကိုပင္ သူသတိလက္လြတ္ေနမိခဲ့သည္။

"ဆရာေႏြး……သူကဘယ္သူလဲ"ဟုေမးမည္ထင္ထားေသာ္လည္း တစ္ခြန္းမွ်မေမး။မၿပဳံးမရယ္ျဖင့္ သူ႔ကိုထရန္ေခၚသည္။လမ္းေလွ်ာက္ေနစဥ္တစ္ေလွ်ာက္တြင္လည္း ယခင္လိုစေနာက္ေနျခင္းမ်ိဳးလည္းမရွိေသာေၾကာင့္ ရယ္သံလြင္လြင္တို႔သည္လည္းနတၱိ။ထမင္းစားေတာ့ သူ႔ကိုပုံမွန္အတိုင္း ဟင္းအရင္ဦးခ်ပါသည္။ေရခ်ိဳးေတာ့လည္း မိုးခ်ဳပ္ေနၿပီးျဖစ္၍ ျမန္ျမန္ခ်ိဳးရန္ေျပာေသာ္လည္း နားမေထာင္။စာသင္ေနသည့္ အခ်ိန္တြင္လည္း နားလည္လားေမးလွ်င္လည္သည္ပဲေျဖၿပီး က်န္တာဘာမွဆက္မေျပာ။ၾကာေတာ့ သူေနရခက္လွသည္ေလ။ထိုေန႔ည ေလး႐ုံတို႔အိမ္တြင္ပင္ ညအိပ္လိုက္ေတာ့လည္း ထုံးစံအတိုင္းဦးသုံးႀကိမ္ခ်ရွိခိုးကန္ေတာ့မပ်က္ပါပင္။အရာအားလုံးကပုံမွန္ သို႔ေပမယ့္တခ်ိဳ႕အရာေတြက ကသိကေအာက္ျဖစ္စရာ။သူဘာမွ်ဆက္မေတြးႏိုင္ေတာ့ပဲ အိပ္ေမာက်သြားေတာ့သည္။

****************©®©**************

ေနာက္ေန႔ေရာက္ေတာ့ ေလး႐ုံတစ္ေယာက္ အေအးမိဖ်ားသည္။သက္ပိုင္မွာေတာ့ တစ္ေန႔လုံးစာပင္ေျဖာင့္ေျဖာင့္မသင္ႏိုင္။ညေနေရာက္ေရာက္ခ်င္း ‌ေရပင္မခ်ိဳးႏိုင္ေတာ့ပဲ ေလး႐ုံတို႔အိမ္ရွိသည့္ ၾကားတိုက္ထဲအေျပးသြားရသည္။သူအိမ္ထဲဝင္လာေတာ့ အိမ္ထဲမွ ေဆးဆရာ၏အသံကိုမပီဝိုးတဝါးၾကားေနရသည္။ေလွကားထစ္မ်ားအတိုင္းအေပၚတက္လာေတာ့မွ ကုတင္ေပၚတြင္ မ်က္ႏွာေသႀကီးျဖင့္ ေဆးဆရာအားၾကည့္ေနေသာ ေလး႐ုံ၏မ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းခလုတ္တုက္သြားသည္။

"ဆရာရယ္ က်ဳပ္သားကို ေဆးထိုးရင္ေလ မနာေအာင္ထိုးေပးပါေတာ္…"

"ေမေမထား"

"ေဟ သားေႏြး လာလာ ဒီမွာသားညီေလးကသားကိုေမွ်ာ္ေနတာ"

"ဟုတ္ ျမတ္ေလး ဘယ္လိုျဖစ္တာတုန္း"

"ဒီလိုပါပဲ"

"ကယ္ ေလး႐ုံ ငါကေတာ့ေဆးထိုးၿပီးသြားလို႔ တာဝန္ၿပီးသြားၿပီက်န္တာမင့္တာဝနပဲ……အသားမ်ားမ်ားစား စြပ္ျပဳတ္ပူပူေလးေတြမ်ားမ်ားေသာက္…အသားလဲစားမုန႔္ေတြလည္းအမ်ားႀကီးသာဝယ္ခိုင္းအေမ့ကို တကယ္လို႔မကုန္ရင္လည္း ငါ့အိမ္လာပို႔ေပါ့"

၁၁.၁၁.၂၀၂၃
ည၉နာရီ ၅၃မိနစ္

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Zawgyi

Continue Reading

You'll Also Like

35.4K 7.2K 30
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...
26K 344 57
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...
233K 19.1K 19
Jeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available !
27.9K 886 11
mark tuan + jackson wang [originally posted in 2019 - revised in 2020]