စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Com...
By Saung_Kyaoe
112K 8.5K 1K
Yizhan More
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-(8.1)
Chapter(8.2)
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter 13
Chapter 14
Chapter -15
Chapter 16
Chapter-17
Chapter -18
Chapter 19
Chapter-20
Chapter 22
Chapter 23
Chapter -24
Chapter 25
Chapter 26
Chapter-27
Chapter 28
Chapter 29
Chapter -30
Chapter 31
Final
​စျေးဗန်း!!!
Chapter-21
2.2K 180 22
By Saung_Kyaoe
ချန်နန်း​တော်က​နေထွက်ခဲ့တဲ့​နောက်မှာ မြို့နယ်အထွက်မှာရှိသည့်ဂိတ်​​တွေကိုအဆင်​ပြေ​​ပြေဖြတ်​ကျော်နိုင်ခဲ့သည်။
သူတို့မြင်း​တွေကမြန်တာ​ပဲလား။ချန်နန်း​​တော်ကပဲသူတို့က်ိုဖမ်းခွင့်မထုတ်တာ​လား​​တော့မသိ။
"​ရှောင်းငယ်နားချင်လား.."
သူ့ကိုကရုတစိုက်​မေးလာတဲ့လူကြီးကိုသူ​ခေါင်းခါပြလိုက်သည်။နား​နေလို့အ​ခြေအ​နေက​ပြောင်းလဲသွားရင်တစ်ဒုက္ခမလား။
"မနား​တော့ဘူးလူကြီး၊ဆက်သွားမယ်"
"​ကောင်းပြီ.."
လူကြီးကလဲအ​​ခြေအ​နေ​ကြောင့်သူ့ကိုထပ်မ​ပြော။
သူတို့​မြင်းက​နောက်တစ်ဂိတ်ကိုဖြတ်ဖို့နီးကပ်လာ​လေပြီ။ထိုဂိတ်ကိုအ​ဝေးကလှမ်းကြည့်ရင်း ရဲမက်​တွေစုရုံးစုရုံးဖြစ်​နေတာကို စစ်သူကြီးဝမ်ကလှမ်းမြင်သည်။
ဘာလဲ.။သူတို့ကိုဖမ်းခွင့်ထုတ်လိုက်လို့များလား?။
"စစ်သူကြီး အ​ရှေ့ကစစ်​ဆေး​ရေးဂိတ်ပုံစံကတစ်မျိုးပဲ.."
သူတို့မြင်းကိုကိုယ်ရှိန်သတ်လိုက်တုန်း သူ့​မြင်း​ဘေး​ရောက်လာသည့်တပ်မှူးယွီပင်းကဆိုသည်။
ကုန်သည်​တွေ။သာမာန်ပြည်သူ​တွေကို​တော့ဖြင့်လွယ်လင့်တကူဖြတ်သန်းသွားခွင့်​ပေးပြီး
ဝတ်ရုံအ​ကောင်းစားနဲ့၊မြင်း​ကောင်း​ကောင်းစီးထားတဲ့သူ​ဌေး​တွေကို​တော့ဖြင့် စစ်​​ဆေး​နေသည်မှာ ဖင်တစ်ပြန်​ခေါင်းတစ်ပြန်ပင်။
"ကျွန်​တော့်တို့ကိုများရှာ​​လေသလားမသိဘူး
စစ်သူကြီးဘယ်လိုလုပ်ချင်တုန်း.."
​ရှေ့ကဂိတ်ကိုစူးစိုက်ကြည့်ရင်းစစ်သူကြီးဝမ်ရဲ့အညို​ရောင်မျက်ဝန်း​တွေကတစ်ဖျက်ဖျက်လက်​နေသည်။
စစ်​ဆေး​ရေးဂိတ်​လေးတစ်ခုကို ရုပ်ဖျက်ပြီးဝင်ရင်လဲသူ့ရဲ့စစ်သူကြီးသိက္ခာကရှိ​သေးသည်။
တစ်ဖက်မှာလဲသူအထိအခိုက်မခံန်ိုင်သည့်​ရှောင်းမင်းသား​လေးကရှိ​သေးသည်။
(A/N..ဒီ​သိက္ခာဆိုတဲ့အရာ​က​လေ..​စောင်းကြည့်ရ​သ​လောက် ကြီးမြတ်တဲ့လူ​တွေ၊ရာထူးရာခံကြီးတဲ့လူ​​တွေမှာ​တော်​တော်သုံးကြတယ်။အဲ့လို​ပြောလို့ တခြားလူ​တွေမှာမရှိဘူးမ​ပြောဘူး​နော်။
သိက္ခာဆိုတာကိုထည့်​တွေး၊ထည့်တွက်လွန်းတာကို​ပြောချင်တာ။
ဖတ်ဖူးရသ​လောက် ​မြန်မာရဲ့အိမ်​ရှေ့ကိုယ်​တော်ကြီးတုန်းကလဲ.မြင်းကွင်းနဲ့မြင်းခုန်တိုင်မင်းသားနှစ်ပါးလုပ်ကြံမယ်ဆိုတာကိုကြားရက်နဲ့.သိက္ခာ​ကြောင့်မ​ပြေးတာတဲ့။
​ရှောင်လို့ရရက်နဲ့ အဲ့​နေ့ကိုမ​ရှောင်တာလို့ကြားတယ်။
ဟိုမင်းသားနှစ်​ကောင်က စ​သလို​နောက်သလို​ပြေးလာတာက​တော့ သူတို့ပရိယာယ်​ပေါ့​လေ။
ဟိီးးး.စကားများကြည့်တာ😁)
သူရပ်ကာစဥ်းစား​နေတုန်းမှာပဲသူတို့ဆီကိုဂိတ်က​စစ်​ဆေး​ရေးရဲမက်က​လျှောက်လာသည်။
"​ဟေ့..ဘာလို့ရပ်​နေတာလဲ!..လာခဲ့ ဖြတ်သန်းခွင့်တံဆိပ်တုံးပြ.."
စစ်သူကြီးဝမ်ဟာသူ့က်ို​လေသံမာမာနဲ့​ပြောလာသူကို​မြင်း​​ပေါ်က​​နေ ငုံကြည့်သည်။
​အေးစက်ပြီးအင်အားကြီးတဲ့အ​ငွေ့အသက်ကိုခံစားလိုက်ရလို့ထင်။
သူတို့ဆီရဲမက်​လျှောက်လာတာက​တ​ဖြေး​ဖြေး​နှေးသွားပြီး ​​​နောက်ဆုံးရပ်သွားသည်။
ထိုအခါမှစစ်သူကြီးဝမ်ကစိုက်ကြည့်​​နေတာကို​ဖြေ​လျော့​ပေးလ်ိုက်ကာသူ့ရဲ့ခါးစည်းတံဆိပ်ပြားကို​မြှောက်ပြလိုက်သည်။
​နေ​ရောင်​အောက်မှာလင်းလက်​နေသည့် အရည်​ကောင်းသည့် အစိမ်းရင့်​ရောင်ကျောက်စိမ်း​ပေါ်မှာ ဝင့်ကြွား​နေသည့်
ဥ​ဒေါင်းပုံတံဆိပ်ကြောင့်ရဲမက်သူ့ကိုအလန့်တကြားကြည့်ကာ
"စစ်သူကြီးတံဆိပ်ပဲ...​ရှောင်းနိုင်ငံကစစ်သူကြီးလား.."
"ဟုတ်တယ်.."
"ရွှိီ...."
ရဲမက်လက်​ခေါက်ကိုခပ်ကျယ်ကျယ်မှုတ်သည်။ထိုရဲမက်၏အချက်​​ပေးသံအဆုံးမှာချက်ချင်းဆိုသလိုသူတို့​ဘေးကိုရဲမက်​တွေကဝိုင်းလာသည်။
ဂိတ်ရဲ့မြို့ရိုး​ပေါ်က​နေလဲ ​လေးတပ်ဖွဲ့ကသူတို့ကို လှမ်းချိန်ထားကာ တိုက်ခိုက်ဖို့အသင့်ပြင်၏။
ခဏချင်းပြင်ဆင်သွားတဲ့ဖြစ်အင်ကိုကြည့်ကာ ဌာနအတွင်းမှာအလွန်လျှင်မြန်​စွာနဲ့ချိတ်အဆတ်မိလွန်း​အောင်​လေ့ကျင့်​ပေးထားနိုင်သည့်ချန်နိုင်ငံက​လေ့ကျင့်​ရေး​ခေါင်း​ဆောင်​​တွေကိုသူကြိတ်ချီးကျူးမိသည်။
သူ​ရှေ့ကရဲမက်ကဆို၏။
"ငါတို့မင်းကြီးကအမိန့်ချမှတ်ထားတယ်။​ရှောင်းနိုင်ငံကစစ်သူကြီးကိုအ​သေ​ရရ အရှင်ရရ ရ​အောင်ဖမ်းခဲ့တဲ့။
အသာတကြည်အဖမ်းခံပါ။
အသာတကြည်အဖမ်းမခံရင် အကြမ်းနည်းသုံးရပါလိမ့်မယ်..."
"အဟက်...ဖမ်းမယ်..မင်းတို့ကငါတို့ကို.."
စစ်သူကြီးဝမ်ကခနဲ့ပြုံး ပြုံးရင်းမြို့ရိုး​​ပေါ်က​လေးတပ်ဖွဲ့ကိုအကဲခတ်သည်။
အ​တော်ဆုံး​လေးစစ်သည်​​တွေကိုသုံးထားပုံရတာ​ကြောင့်သူတို့လှုပ်တာနဲ့ပစ်မယ့်ပုံ။
​အောက်ကရဲမက်​တွေကလဲ ဓါးဆွဲ၊လှံဆွဲနဲ့။
အနည်းဆုံးအင်အားက ၅၀​လောက်ရှိသည်။
သူ့မှာပါလာသည့်လူနဲ့ဆို နိုင် နိုင်တယ်ဆို​ပေမဲ့အထိအခိုက်ကများ​လောက်သည်။
"စစ်သူကြီးဝမ်..ကျွန်​တော်တို့ဘယ်လိုလုပ်ကြမလဲ.."
ယွီပင်း​မေးလာတာကိုမျက်ခုံးတစ်ဖက်သာ အသာပင့်ပြမိသည်။
အဖမ်းမှမခံနိုင်တာ။အဲ့​တော့လဲ တိုက်ထွက်ရုံ​ပေါ့။
"အဖမ်းခံလို့မဖြစ်ဘူး..ယွီပင်း."
".........."
တပ်မှူးယွီပင်းကဘာမှမ​ပြော​တော့။
သူ့ခါးလွယ်ထားတဲ့ဓါးအိမ်ထဲကဓါးကို​ကောက်ထုတ်သည်။
စစ်သူကြီးဝမ်လဲ ဓါးကိုဓါးအိမ်ထဲကထုတ်မလို့ပြင်လိုက်သည်။
မြိုရိုး​ပေါ်ကစစ်သည်​တွေကသူလက်လှုပ်တာနဲ့သူ့ကိုလိုက်ပြီးမြှားနဲ့ချိန်ထားပြီးပြီ။
သူဓါးထုတ်တာနဲ့ပစ်မည့်သ​ဘော။
သူ့ဓါး ဓါးအိမ်ကကျွတ်တာနဲ့ အရှိန်ပြင်းပြင်းလွင့်ပျံလာတဲ့မြှားတံသုံး​ချောင်းကို ဓါးနဲ့ပိုင်းချလိုက်သည်။
"လူကြီး!.."
​ရှောင်းငယ်ရဲ့အထိတ်အလန့်​ခေါ်သံကိုလှည့်မကြည့်အား။ရဲမက်​​ပေါင်းများစွာရဲ့ဦးတည်ရာကိုရင်ဆိုင်​နေရတာ​ကြောင့်သူအကြည့်မလွဲနိုင်။
"မင်းတို့က အကြမ်းနည်းသုံးချင်တယ်ဆိုရင်​တော့လဲ သ​ဘော​ပေါ့.."
စစ်သူကြီးက​နေ​ရောင်​အောက်မှာသူ့ဓါးကိုဝင့်ရင်းတိုက်ပွဲ​ခေါ်ဖ်ု့အသင့်ဖြစ်​နေ​​လေပြီ။
ထိုစဥ်မှာပင်.မြို့ရိုး​ပေါ်ကရဲမက်​တွေဟာမြှား​တွေမှန်ကာတစ်ဖြုတ်ဖြုတ်ပြုတ်ကျကုန်၏။
"ဘာ..ဘာဖြစ်တာလဲ.."
စစ်​ဆေး​ရေးရဲမက်​ခေါင်း​ဆောင်၏အထိတ်အလန့်​ရေရွတ်သံနဲ့အတူ ​မြေပြင်​ပေါ်ကရဲမက်​တွေဟာလဲမြှားတစ်စင်းပြီးတစ်စင်းစိုက်ကုန်၏။
စစ်သူကြီးဝမ်ထိုအ​ခြေအ​နေ​ကြောင့်မြှား​တွေလားရာကိုလှမ်းကြည့်မိ​တော့ နှစ်လွှာ၊သုံးလွှာမြင့်​သည့်စံအိမ်ကြီး​တွေရဲ့ ​ခေါင်မိုး​ပေါ်က​နေ ​လေး​တွေကိုင်ထားသည့်လူ​တွေကိုလှမ်းမြင်သည်။
​ရှောင်းဧကရာဇ်လွှတ်ထားသည့်အရိပ်တပ်ဖွဲ့လားလို့ကြည့်​တော့ဝတ်ပုံစားပုံကမတူတာမို့ ဘယ်သူ​တွေများလဲလို့​မေးခွန်းထုတ်မိ၏။
"လူကြီး ကျွန်​တော်တို့သွားသင့်ပြီ
ထင်တယ် ."
စစ်​ဆေး​ရေးရဲမက်​တွေအကုန်ကျသွားတဲ့အ​ခြေအ​နေကသူတို့အတွက်လမ်းရှင်း​ပေးလိုက်သလို။
"မြန်မြန်သွားကြစို့..!!"
__________________________________________________________________________________
"အ​ရှေ့ဂိတ်လွန်ရင် ကျွန်​တော်တို့နယ်စပ်ထဲ​ရောက်ပါပြီစစ်သူကြီး..."
သူတို့ကအခု​တောစပ်မှာမြင်း​တွေကို​​ရေချ​နေတာဖြစ်သည်။
(A/N မြင်း​ရေချ=မြင်း​ရေတိုက်)
စစ်သူကြီးဝမ်က​တော့ သူလမ်းတစ်ဝက်မှာ ​ရှောင်းနန်း​တော်ကိုအ​ကြောင်းကြားစာပို့ထားသည့်စာပိုခိုပြန်​​ရောက်လာလို့ ဖွင့်ဖတ်​နေသည်။
စာထဲပါလာသည်က​တော့
"​ရှောင်းဧကရာဇ်ထံမှသဝဏ်လွှာပါးလိုက်ပါသည်။
မကြာခင်​ရှောင်းနယ်နိမိတ်ပြန်​ရောက်လာ​တော့မှာမို့ကိုယ်​တော်စိတ်အ​မော​ပြေ​ပေ​တော့မည်။
အခုလို​ရှောင်းပြည်နယ်ကိုပြန်တဲ့လမ်းမှာအတိုက်အခိုက်ပြုခဲ့တဲ့ ချန်တိုင်းပြည်ရဲ့ဧည့်ဝတ်ကျေပွန်မှုကို စစ်​ရေးနဲ့ပြန်လည်တုံ့ပြန်ဖို့ တပ်မှုး​တွေကို ငါအရှင်​စေခိုင်းထားလိုက်ပါပြီ။
နယ်နိမိတ်စည်းထဲ ​မောင်မင်းတို့​ခြေချပြီးတာနဲ့ နယ်စပ်ကတပ်ဖွဲ့တွေကိုထိုးစစ်ဆင်ဖို့​စေခိုင်းထားသည်။
​မောင်မင်းနဲ့အတူပါသွားသည့် တပ်မှုးယွီပင်းကို ​ငါ့သား​ထွေးနဲ့မြို့​တော်ကိုလိုက်ပါခိုင်းလိုက်ပါ။
​မောင်းမင်းက​တော့နယ်စပ်မှာ​နေခဲ့လို့ချန်တိုင်းပြည်ကို​ခြေမှုန်းရာမှာဦး​ဆောင်​စေ..။
​ရှောင်းတိုင်းပြည်ဧကရာဇ်.."
စစ်သူကြီးက​ပေစာရွက်ကိုပြန်လိပ်ရင်း သက်ပြင်းရှည်ကြီးချမိ​တော့သည်။
အရှင်က​တော့အဆုံးထိသွားဖို့စိတ်ကူးရှိ​နေ​ချေပြီ။သူက​ကော..။
စစ်သူကြီးဆိုတာစစ်ပွဲ​တွေအတွက်ဦးစီးဦး​ဆောင်ပြုရသည့်စစ်​ခေါင်း​​ဆောင်တစ်​ယောက်ဖြစ်သည်။
ဒါကလဲ.ကိုယ်​ရေးကိုယ်တာ​တွေမပါသည့်နိုင်ငံ​ရေးအ​ခြေအ​နေ​ကြောင့်သူတပ်ဖွဲ့ကိုသူဦး​ဆောင်ကာတိုက်ပွဲအလီလီပြုခဲ့ခြင်းပင်။
အခုတိုက်ပွဲကိစ္စက​တော့ ကိုယ်​ရေးကိုယ်တာအနည်းငယ်ပါဝင်​နေတာ​ကြောင့် သူ့တပ်သား​တွေရဲ့အသက်ကိုရင်းပြီးသူစစ်ထွက်ဖို့လိပ်ပြာမလုံ​ပေ။
"စစ်သူကြီး ​ရေ​လေးသုံး​​ဆောင်ပါဦး. "
ယွီပင်းကမ်း​ပေးလာသည့်ဝါးဆစ်ခွက်​လေးကိုသူလှမ်းယူပြီး​သောက်ဖို့ပြင်လိုက်သည်။
"​ရှောင်းငယ်​​ရော..."
"​ရေစပ်နားကိုခဏသွားပါတယ်။​​ခြေလက်​ဆေးမယ်ထင်ရဲ့၊ကျွန်​တော်ရဲမက်​တွေကိုလိုက်ခိုင်းထားပါတယ်..."
"အင်း..."
စစ်သူကြီးရဲ့မျက်နှာမလန်းတာကိုကြည့်ရင်းတပ်မှူးယွီပင်းကလဲသက်ပြင်းချမိ၏။
"ယွီပင်း နယ်စပ်ဂိတ်ထဲဝင်ပြီးရင် မင်းနဲ့​ရှောင်းငယ်ကိုအရှင်ကနန်း​တော်ကိုပြန်လာ​စေချင်​နေတယ်။လမ်းခရီးမှာ ​ရှောင်းမင်းသားကိုကရုစိုက်​ပေးပါဦးကွာ ငါမင်းကိုအပ်ပါတယ်.."
"ကျွန်​တော်အစွမ်းကုန်​စောင့်​ရှောက်မှာပါ.။
ဒါ​ပေမဲ့..ကျွန်​​တော်နဲ့​ရှောင်းမင်းသားနဲ့ နန်း​​​တော်ပြန်ဆို​တော့၊စစ်သူကြီးက​ရောခင်ဗျ."
သူ​ပြော​တော့စစ်သူကြီးက​ကြေကွဲပြုံးပြုံးသည်။သူ​တွေ့ဖူးသ​လောက်စစ်သူကြီးပြုံးဖူးတဲ့အပြုံးထဲမှာ ထိုအပြုံးကရင်နာမှု​တွေ၊နာကျင်မှု​တွေ​ရော ​ပျော်ဝင်​နေသလိုပင်။
"ငါနဲ့​ရှောင်းမင်းသားရဲ့ထိမ်းမြှားဖို့ကိစ္စကိုအရှင်ကပယ်ဖျက်လိုက်ပြီတဲ့.."
"ဘယ်လို..အဲ့​တော့ အခုကဘယ်လိုဖြစ်သွားမှာလဲ.."
"ငါတို့တစ်သက်စာ​ဝေးပြီထင်ပါရဲ့ကွာ.."
စစ်သူကြီးကနာနာကျင်ကျင်ပြုံးပြန်သည်။
တပ်မှူးယွီပင်းကလဲ စစ်သူကြီးရဲ့တပ်ထဲကပဲမို့ သူ့စစ်သူကြီးနဲ့​ရှောင်းမင်းသား​လေးရဲ့​သံ​ယောဇဥ်အတိမ်အနက်ကိုသိသည်။
စစ်သူကြီး​ကရှောင်းမင်းသားအ​ပေါ်စိတ်ရှိ​နေတာကို သူတို့တစ်တပ်လုံးသိသလို။
​ရှောင်းမင်းသားကလဲ စစ်သူကြီးအပေါ်စိတ်ရှိ​နေတာကို ဒိီခရီးတစ်​လျှောက်အ​တွေ့အကြုံအရသူသိသည်။
ဒါကိုအရှင်ကဘာ​ကြောင့် သူ့သား​​တော်နဲ့ထိမ်းမြှား​ပေးဖို့ကိစ္စကို ပယ်ဖျက်ရသနည်း။
"ငါ့ကိုနယ်စပ်ဘက်မှာ​နေခိုင်းခဲ့ရတာက ချန်တိုင်းပြည်ကိုစစ်ပြုမလို့တဲ့.."
"ဒါဆိုနှစ်နိုင်ငံငြိမ်းချမ်း​ရေးက​​ရော.."
စစ်သူကြီးက​​ခေါင်းကိုတွင်တွင်ခါသည်။
"မရှိ​တော့ဘူး​ပေါ့ ။တစ်ခြားစစ်ပွဲ​တွေလိုမဟုတ်ပဲ ဒိီတစ်​ခေါက်တိုက်ပွဲကိုတပ်သား​တွေ​အ​ပေါ်မှာငါလိပ်ပြာမလုံဘူးယွီပင်း။
ငါတို့​ကြောင့်နဲ့အစပြုလာတဲ့စစ်ပွဲမှာ ရင်းနှီးရမှာက အသက်​တွေအများကြီးပဲ.."
"ကျွန်​တော် တစ်ခု​လောက်​ပြောလို့ရမလား?"
"အွန်း.."
စစ်သူကြီးက​ခေါင်းငြိမ့်ကာခွင့်ပြုသည်မို့
ယွီပင်းသူ့စကားကိုဆက်လိုက်သည်။
"​ချန်တိုင်းပြည်ဘက်က စစ်သူကြီးတို့လို
နိုင်ငံ့ရဲ့​သံတမာန်ဆိုပြီး​ခေါင်း​စဥ်အောက်ကလူ​တွေကို​တောင် သူတို့က​ဒီလိုဆက်ဆံလိုက်တာ​လေ.."
"ဒါ​ပေမဲ့ ဒိီကိစ္စမှာက ကိုယ်​ရေးကိုယ်တာခံစားချက်​တွေအများကြီးပါတယ် ယွီပင်း.."
စစ်သူကြီးကစစ်​ရေးစစ်ရာမှာ​တော်လွန်း​ပေမဲ့ တစ်ဖက်သားကိုလဲသိပ်ကိုငဲ့ညှာတတ်သည်။
စစ်သူကြီးဝမ်ကဆုံးဖြတ်ချက်မချခင်​တေည့အကုန်​တွေးပြီးငဲ့ညှာလွန်း​ပေမဲ့ ဆုံးဖြတ်ချက်ချပြီးသွားရင်​တော့ အနိုင်ရ​အောင်တိုက်တတ်တာသူတို့အသိ။
"ကျွန်​တော်သိပါတယ်..။
ဒါ​ပေမဲ့စစ်သူကြီး သူတို့ဘက်ကအရင်ကျွန်​တော်တို့နိုင်ငံရဲ့ သံတမာန်​တွေကို​စော်ကားလိုက်တာ​လေ။ပြီး​တော့​ပြောမယ်ဆိုရင် အခုကဘာမှမဖြစ်လို့​​တော်ပါ​​သေးရဲ့။
မ​တော်လို့များ ကြီးကြီးမားမားထိခိုက်မိတယ်ဆိုရင်ဖြင့်....."
ယွီပင်းကစကားကိုရပ်သည်။
မျက်​တောင်တစ်ခတ်ခတ်ပြု​​နေသည့်စစ်သူကြီးက စစ်ပွဲ​တွေနဲ့အနီးကပ်​နေခဲ့ရသည့်သူဆို​တော့ စစ်ပွဲရဲ့အနိဌာရုံမြင်ကွင်း​တွေကို အရင်းနှီးဆုံးသူလဲဖြစ်သည်။
ဒါ​ကြောင့်စစ်ပွဲကို ​ကိစ္စကြီးကြီးမရှိဘဲမစချင်
သည့်သ​ဘောပင်။
"စစ်သူကြီးဘယ်လိုလုပ်ချင်လဲ..."
"နိုင်ငံ​ရေးမှားယွင်းချက်ဆိုလို့ သူတို့ဘက်ကငါတို့ကို လိုက်ပြီးတိုက်ခိုက်တာတစ်ခုပဲရှိ​သေးတယ်။
ဒါကလဲ ငါ့ရဲ့ပ​​ယောဂမကင်းဘူး​လေ။
အဲ့​တော့ကွာ တိုက်မယ်ဆိုရင်​တောင် ငါနဲ့ပဲဖြစ်ဖြစ်​ပေါ့..ငါတစ်​ယောက်ထဲနဲ့ပဲ..။
ဒါကလဲအရှင့်လို တိုင်းပြည်ဧကရာဇ်ကလှမ်းညှိမှအဆင်​ပြေမယ့်ကိစ္စ။
ငါကချန်မင်းကြီးကိုလှမ်း​ပြောရင် ငါကစစ်သူကြီးဆို​တော့ တန်းနိမ့်တယ်​လေ.."
(A/N တန်းနိမ့်တယ်ဆိုတဲ့စကားက.
ချက်ချင်းကြီးနိမ့်သွားတယ်ကို​ပြောချင်တာမဟုတ်ပါ။
​ရှောင်းဧကရာဇ်နဲ့​ချန်မင်းကြီးဆိုတဲ့ ရှင်ဘုရင်​တွေဆိုတာကို တန်းတစ်တန်းလို့သတ်မှတ်ထားပြီး..၊
စစ်သူကြီး​အချင်းချင်းကိုလဲတစ်တန်းလို့သတ်မှတ်ထားတာပါ။
စစ်သူကြီးဝမ်​ပြောချင်တာက နိမ့်တဲ့သူက
မြင့်တဲ့သူကို လှမ်းညှိလို့အဆင်မ​ပြေတဲ့သ​ဘောပါ။)
"အရှင့်ကို​လျှောက်တင်ကြည့်ပါ့လား.."
"ငါ့ကိုအရှင်ကနန်း​တော်​တောင်ပြန်မလာခိုင်းတာကို ဘယ်ချိန်သွား​​လျှောက်ရမလဲ ။ဒိီလိုကိစ္စက ​ပေလွှာနဲ့ပို့ပြီးညှိလို့ရမယ့်ကိစ္စထဲမပါဘူး.."
"​ရှောင်းမင်းသားကနန်း​​တော်ပြန်မှာပဲ
​ရှောင်းမင်းသားကို​လျှောက်တင်ခိုင်းရင်​​ရော.."
တပ်မှူးယွီပင်းရဲ့အကြံ​ကြောင့်စစ်သူကြီးမျက်နှာကတစ်ချက်လက်သွားသည်။
"မင်းအကြံမဆိုးဘူး..ငါ​ရှောင်းငယ်ကို​ပြောကြည့်လိုက်မယ်.. "
"ဟုတ်..."
"လူကြီး..."
​ရှောင်းမင်းသားက မျက်နှာ​သစ်ကာ၊​ခြေလက်​ဆေးပြီးသူတို့ဆီ​လျှောက်လာသည်။
ယွီပင်းကသူ့စစ်သူကြီးကို ဦးညွတ်အရိုအ​​သေ​ပေးပြီး​ဘေးနားကထွက်သွားသည်။
စစ်သူကြီးဝမ်သူ့ဆီ​လျှောက်လာတဲ့အမျိူးသားငယ်​လေးကိုကြည့်ပြီး လက်လွှတ်​ပေးရ​တော့မယ်ဆိုသည့်အ​တွေးကဝင်လာသည်။
ဒါ​ပေမဲ့ သူ့ပါးစပ်က​နေ ​ရှောင်းမင်းသား​လေးနဲ့ထိမ်းမြှားဖို့ပယ်ဖျက်ဖို့ကိစ္စကို​ပြောပြဖို့သူအခုထိမရဲ​သေး။
သူကိုယ်​တိုင်ပြောဖို့ဘယ်လိုမှ​ပြောမထွက်။
"လူကြီး ဘာမှမစားတော့ဘူးလား"
​ရှောင်းငယ်ကသူ့ရင်ခွင်ထဲဝင်ရပ်ရင်းဆိုသည်။
သူရင်ခွင်ထဲက​ကောင်​လေးရဲ့ခါးက်ိုအသာအယာဖက်တွယ်ထားလိုက်ရင်း
"ကိုယ်မဆာပါဘူး ​ရှောင်း​​ရော.."
"ကျွန်​တော့်ကိုရဲမက်​တွေကအသီးခူး​ကျွေးလို့စားပြီးပြီ.."
"ဟုတ်ပါပြီ..."
စစ်သူကြီးဝမ်ကပြုံးရင်း သူ့ရင်ခွင်ထဲက​ကောင်​လေးရဲ့ဆံနွယ်​လေး​တွေကိုပွတ်သပ်​ပေးလိုက်သည်။
​ရှောင်းကသူ့ကို​မော့လို့​ပြုံးပြလာရင်း သူ့ရင်ခွင်​ပေါ်မှီကျလာသည်။
ဒါဟာ​နောက်ဆုံးဖက်ရခြင်းလဲဖြစ်သွားနိုင်တာ​ကြောင့်စစ်သူကြီးဝမ်ကခပ်တိုးတိုးပင့်သက်ရှိုက်မိရင်း ခါး​သေး​သေး​လေး​ကိုဆွဲဖက်ကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။
ချစ်ရသူကိုဖက်ထားရတဲ့အခိုက်အတန့်ဟာ ကမ္ဘာ​ပေါ်မှာအ​​အေးချမ်းဆုံးအချိန်​လေးပင်။
ဘယ်​လောက်ပဲခက်ခဲတဲ့အချိန်ဖြစ်​နေ​နေ ​ရှောင်းမင်းသားရှိရင် ဘာမဆို​ကျော်လွှားနိုင်​လောက်တဲ့အထိသူ့မှာအင်အားရှိသည်။
ကိုယ်လုံး​နွေးအိအိ​လေးကိုဖက်ထားရင်းစစ်သူကြီးကသူ​ပြောရမယ့်ကိစ္စကိုသတိရသွားသည်။
"​ရှောင်းငယ်..."
"ဟင်.."
"အရှင်က ချန်တိုင်းပြည်ကိုစစ်ပြုဖို့ကိုယ်ကို​စေခိုင်းထားတယ်.။ အဲ့​တော့ ကိုယ်တို့နယ်စပ်ဂိတ်လွန်ပြီးရင် ​ရှောင်းကတပ်မှူးယွီပင်းနဲ့ နန်း​တော်ဆီပြန်ပါ။ကိုယ်ကနယ်စပ်ဂိတ်မှာ ကျန်​နေခဲ့မယ်...ဒါကအရှင့်အမိန့်ပဲ.."
သူ​ပြော​​တော့​ရှောင်းကရင်ခွင်ထဲက​နေ ရုန်းထွက်ကာ​​မော့ကြည့်သည်။
"ခမည်း​တော်အမိန့်ထုတ်ထားတာလား.."
"အွန်း..."
"ချန်တိုင်းပြည်နဲ့က တကယ်စစ်ဖြစ်ကြမှာ​ပေါ့​နော်.."
"​သေချာသ​လောက်ရှိတယ်။
ဒါ​ပေမဲ့ ကိုယ့်စိတ်ရင်းကို​ပြောရရင် စစ်ပွဲစဖို့နည်းနည်း​တော့စဥ်းစား​စေချင်​သေးတယ်။
စစ်ဆိုတာပြုဖို့လွယ်တယ်၊ရုတ်သိမ်းဖို့ခက်တယ်။
စစ်ပွဲအလီလီပြုပြီးတဲ့ကိုယ်က စစ်ရဲ့သ​ဘောကိုပိုသိတယ်​ရှောင်း။
တိုက်ပွဲထဲမှာ အသက်​ပျောက်သွားတဲ့သူ​တွေ။မျက်စိကွယ်သွားတဲ့သူ​တွေ၊ကိုယ်လက်အင်္ဂါမစုံ​တော့တဲ့သူ​တွေ၊စစ်ထွက်သွားတယ်ဆိုပြီးပြန်မလာ​တော့တဲ့ခင်ပွန်း​တွေ​ကြောင့် အနာဂတ်​ပျောက်သွားတဲ့ ဇနီးသည်​တွေ။
.ဒါ​တွေအများကြီးပဲ..ဒါ​ကြောင့်မလို့အရှင့်ကိုပြန်စဥ်းစား​ခိုင်းစေချင်​ပေမဲ့..အရှင်ကကိုယ့်ကိုနယ်စပ်မှာပဲ​နေခိုင်း​နေတယ်.."
​ရှောင်းကနားလည်သလို​ခေါင်း​လေးငြိမ့်ရင်း
"ကျွန်​တော်နန်း​တော်ပြန်မှာပဲ..လူကြီးဖြစ်​စေချင်တာကို ကျွန်​​တော့်ကို​ပြောလိုက်ပါ
ကျွန်​တော် ခမည်း​တော်ကို​ပြောပြ​ပေးပါ့မယ်.."
စစ်သူကြီးဝမ်ပြုံးလိုက်ရင်း​ရှောင်းငယ်ရဲ့နားထင်​ထောင့်​လေးကိုမြတ်နိုးစွာငုံ့နမ်းလိုက်သည်။
သူ့ရင်ခွင်ထဲက​နေ မှည့်နက်​လေးထင်း​နေ​အောင်ပြုံးပြလာတဲ့​ကောင်​လေးက တကယ့်ကိုသူ့ရဲ့​နွေး​ထွေးရာ​လေး။
"ကိုယ်​ဖြစ်​စေချင်တာက​တော့၊
ဒီကိစ္စကကိုယ်တို့ရဲ့ကိုယ်​ရေးကိုယ်​တာ​လေး​တွေလဲနည်းနည်းပါ​တော့.ကိုယ် ကိုယ်တိုင်ပဲ
တစ်​ယောက်ချင်းစီ စီးချင်းထိုးချင်တယ်..။
ကိုယ်ရှုံးရင် ထိုက်သင့်တဲ့အပြစ်ဒဏ်ခံယူပြီးသူတို့ရှုံးရင်လဲ ထိုက်သင့်တဲ့အပြစ်ဒဏ် ခံယူ​စေပြီး ကိစ္စကိုပြီးလိုက်​စေချင်တယ်။
နှစ်နိုင်ငံလဲ အိမ်နီးချင်းတိုင်းပြည်​တွေကြားမှာမျက်နှာမပျက်ရဘူး​ပေါ့.."
"လူကြီးအကြံကိုကျွန်​တော်​သေချာ​ပြော​ပြလိုက်ပါ့မယ်.."
"အားကိုးပါတယ်. ​ရှောင်းငယ်.."
"ကျွန်​တော်​သေချာ​ပြောပြ​လိုက်ပါ့မယ်.လူကြီးစိတ်ချ​နော်.."
"အင်း..."
စစ်သူကြီးဝမ်ကပြုံးပြလိုက်ကာ ရင်ခွင်ထဲကို ​ရှောင်းရဲ့ကိုယ်လုံး​လေးပြန်ဆွဲသွင်းလိုက်သည်။ခပ်သင်းသင်း​​မွှေး​နေသည့်​ရှောင်းရဲ့ကိုယ်သင်းရနံ့​လေးကိုခိုးရှုရင်းငြိမ်းချမ်းချင်းတရားကို တစ်ဖန်ပြန်လည်ခံစား​နေ၏။
အရှင်ကထိမ်းမြှားမှုကိုပယ်ဖျက်တယ်လို့​ပြောလာတုန်းကသူရှောင်းမင်းသား​လေးကိုခိုး​ပြေးသွားလိုက်ချင်​သည်။
သို့ပေမဲ့..ဘုရင့်သား​တော်ကိုခိုးဖို့ဆိုတာလွယ်ကူတဲ့အလုပ်လဲမဟုတ်။
အဲ့တာထက်ပိုအ​ရေးကြီးတာက သူဟာစစ်သူကြီးရာထူးကထွက်ပြီး​ရှောင်းမင်းသားကိုခိုး​ပြေးရင်ဘာမှမရှိတဲ့တစ်​ကောင်ကြွက်မို့ မို့ သူ့​နောက်ကို​ရှောင်းမင်းသား​လေးလိုက်လာနိုင်ဖို့​ဆိုတာမ​သေချာ​ပေ။
သူ့ရင်ထဲမှာ​​တော့မစွန့်လွှတ်နိုင်လို့မီးလိုပူ​နေ​ပေမဲ့..ချစ်သူကသူနဲ့မ​နေနိုင်တာ​သေချာ​တော့ရင်ဘက်အစုံဟာတစ်ဖန်အစိတ်စိတ်အမွှာမွှာကွဲ​ကြေ​ရ၏။
"လူကြီး..."
"ဟင်..."
"လူကြီးဘာ​တွေတွေး​နေတာလဲဟင် လူကြီးရင်ဘက်ထဲကနှလုံးခုန်သံကတစ်မျိုးကြီးပဲ.."
ရင်ခွင်ထဲကခပ်တိုးတိုးအသံ​လေး​ကြောင့်စစ်သူကြီးဝမ် ရယ်လိုက်ကာ မျက်နှာလှလှ​လေးကို​မေးက​နေ​မော့​စေလိုက်သည်။
မျက်ဝန်းနက်နက်​လေး​တွေကို သူစူးစိုက်ကြည့်လိုက်ရင်း
"​ရှောင်းမင်းသား​လေး..တဲအိုအိမ်ပျက်မှာ​နေရဲသလား.."
သူ့ကိုကြည့်​နေတဲ့မျက်ဝန်းနက်​​လေး​တွေကပြူးကျယ်သွားကာ
"လူကြီးဘာ​တွေ​မေး​နေတာလဲ..."
ဟုတ်သား။​မင်းသားတစ်ပါးကိုသူဘာ​တွေ​မေးမိတာလဲ။
​မွေးကတည်းက​​ရွှေလင်ပန်းနဲ့အချင်း​ဆေးပြီး မင်း​မွေးတဲ့​​ယောကျာ်သား​လေးတစ်​ယောက်ကိုသူဘာ​​တွေ​မေးမိသွားပြီလဲ။
"အလကား​ပြောတာပါ ​မေ့လိုက်​တော့​နော်.."
"မဟုတ်ဘူး​လေ.ဘာကိုအလကား​ပြောတာလဲ?..ဘာလို့တဲအိုအိမ်ပျက်မှာ​နေရဲလားလို့​မေးတာလဲ.."
"ကိုယ်​လျှောက်​ပြော​နေတာပါ..."
မျက်လွှာချရင်းသူ​ပြောလိုက်မိသည်။
တကယ်ပဲ သူအိမ်မက်​တွေများခဲ့တာပဲ။သူ့လိုလူက ​ရှောင်းမင်းသား​လေးနဲ့တကယ်ကိုမဖြစ်နိုင်​တော့ဘူးထင်ရဲ့။
သူ့လူကြီးမျက်နှာမ​ကောင်းတာကိုရိပ်စားမိတဲ့​ရှောင်းမင်းသားကလူကြီးရဲ့အ​ဖြေကို​ဖြေဖို့ပြင်လိုက်သည်။
"လူကြီး..၊ကျွန်​တော်ကလူကြီးသာကျွန်​တော်နဲ့အတူရှိမယ်ဆို ဘယ်​နေရာမှာမဆို​နေရဲပါတယ်.."
သူ့ကိုပြန်ကြည့်လာတဲ့လူကြီးရဲ့မျက်ဝန်း​တွေကအနည်းငယ်လင်းလက်လာသလိုပင်။
"ကိုယ်နဲ့အတူဆိုရင်လား.."
အတည်ပြုချင်​နေပုံရသည့်လူကြီးရဲ့အသံကထပ်မံထွက်​ပေါ်လာ၏။ဒိီ​လောက်ဆို လူကြီးနဲ့သူ့ကြားမှာ ကိစ္စတစ်ခုခုရှိ​နေတာ ​သေချာပြီ။အဲ့တာကဘာလဲလို့သူထုတ်မ​မေးချင်ပါ။
လူကြီး​ပြောဖို့အဆင်​ပြေတဲ့အခါသူ့ကို​ပြောပြလိမ့်မ​ပေါ့။
"ကျွန်​တော်လူကြီးနဲ့အတူဆိုရင်..ဘယ်​နေရာမဆိုလိုက်ရဲတယ်။လူကြီးနဲ့သာဆိုရင် ရပြီ.."
​​ရှောင်းမင်းသားစကား​ကြောင့်​ချောက်နက်ထဲပြုတ်ကျလုနီးနီးစစ်သူကြီးဝမ်ရဲ့စိတ်အစုံဟာပြန်လက်မြင့်တက်လာသည်။
ဒိီလိုဆို သူ​ရှောင်းမင်းသား​လေးကိုမရရ​အောင်ခိုး​ပြေးပြီး တစ်နယ်​တစ်​ကျေးမှာဖွက်ထားတာ ဘဝသစ်စလို့ရတာ​ပေါ့။
သူက​ယောကျာ်းပဲ။သူယူမယ့်​ရှောင်းမင်းသား​လေးကို မ​တောင့်မတ မ​ကြောင့်မကျ​နေနိုင်​အောင်သူကြိုးစားပြီးထားမှာ​ပေါ့။
သူလယ်လုပ်ရမယ်ဆိုလဲရတယ်။
သူနွား​ကျောင်း၊ကျွဲ​ကျောင်းရမယ်ဆိုလဲရတယ်။
သူ့​ဘေးနားမှာ​ရှောင်းမင်းသား​လေးသာရှိမယ်ဆိုရင် သူဘယ်လိုအ​ခြေအ​နေမျိုးဖြစ်ဖြစ်ရ​အောင်ရုန်းကန်နိုင်မယ်လို့ယုံကြည်ချက်ရှိသည်။
ဒါ​ပေမဲ့လည်း တစ်ဖက်မှာ​တော့နည်းနည်း​လေး​ကြောက်မိ​သေးသည်။သူနဲ့အတူဆိုရင်ဆိုတာ ​ပြော​တော့သာလွယ်တာ လက်​တွေ့ကျရင် သူ့​ရှောင်းငယ်​လေး​တောင့်ခံနိုင်ပါ့မလား။
"​ရှောင်းငယ်."
"ဟုတ်..."
"တကယ်လို့ ကိုယ်ကစစ်သူကြီးမဟုတ်ပဲ နွား​ကျောင်းသားဆိုရင်​ကော...​ရှောင်းငယ်ကိုယ်နဲ့ဘဝခရီးမှာ​ရှေ့ဆက်​လျှောက်ဖို့လက်တွဲရဲသလား.."
"လူကြီးကနွား​ကျောင်းသားဆို ကျွန်​​တော်လဲနွားလိုက်​ကျောင်းမယ်..။လူကြီးမရှိပဲနဲ့​တော့မ​နေချင်ပါဘူး.."
စစ်သူကြီးကသ​ဘောကျလို့ခပ်ဟဟရယ်ရင်း.
"ကိုယ်က လယ်သမားကြီးဆိုရင်​​ရော.."
"ကျွန်​တော်က​လူကြီးစားဖို့နေ့လည်စာကို​တောင်းရွက်ပြီးလာပို့​ပေးမှာ​ပေါ့.ပြီး​တော့ကျွန်​တော်​မျော့​တွေ​ကြောက်တဲ့အခါလူကြီးကဖက်ထား​ပေး ."
"ကိုယ်ကသားသတ်သမားကြီးဆိုရင်​ကော.."
ဒီတစ်ခါမှာ​တော့​ရှောင်းမင်းသားရဲ့မျက်လုံး​လေးက ကလယ်ကလယ်ဖြစ်သွားရင်း
"အဲ့ဒီအခါကျ ကျွန်​တော်လူကြီးကိုအသားညှိီနံ့​ပျောက်​အောင်​ရေချိုး​​ပေးရ​တော့မှာပဲ.."
"ဟား ဟား.ဟား..မင်း​လေးကဘာ​လေးတုန်းကွာ.."
လူကြီးကသူ့ကိုအူယားသလိုဖြစ်ညစ်ပစ်ရင်း သူ့ပါး​လေးကိုနှာ​တံချွန်ချွန်နဲ့ရန်ရှာပြန်သည်။
"လူ..လူကြီး​နော်...."
ရှက်ရွံ့စွာလူကြီးရင်ခွင်ထဲမျက်နှာဖွက်မိ​တော့ သူ့ကို​မေးဖျားက​နေပင့်​မော့ကာ တစ်မျက်နှာလုံးကိုတမွမွနမ်းသည်။
ထို့​နောက် နှုတ်ခမ်းနု​ထွေး​ထွေးပါမကျန်အပိုင်သိမ်းသွားရင်း သူ့ခါး​လေးကိုလဲကျိုး​ကြေမတတ်ဖက်တွယ်ထားလာပြန်ပါ၏။
​မေတ္တာစကားအရင်မဆိုပဲ ဖက်ဖက်နမ်းတတ်တဲ့လူကြီးရဲ့အနမ်း​တွေဟာ ​မေတ္တာဓါတ်​တွေကူးဝင်​နေ၏။သို့​​ပေမဲ့​ရှောင်းကျန့်က​တော့ လူကြီးရဲ့​မေတ္တာစကား​လေးကြားရဖို့ငံ့လင့်​နေမိတုန်းပင်။
__________________________________________________________________________________
​ရှေ့ကမြင်​နေရတဲ့ ချစ်သူနှစ်ဦးရဲ့အနမ်းခန်းဖွင့်ခြင်းကို ချန်အိမ်​ရှေ့စံ​​နောက်​ယောင်ခံခိုင်းလို့လိုက်​နေရသည့် ကိုယ်ရံ​တော်​တွေကမြင်လိုက်​တော့ ဖြဲကြည့်​နေသည့်ချုံပုတ်​လေးကိုပြန်စိ​ပေးလိုက်သည်။
အမျိုးသားနှစ်​ယောက်နမ်း​နေကြတာ​ပေမဲ့
နှစ်​ယောက်လုံးကသူမတူ​အောင်​ချော​မောလွန်းကြတာ​ရော၊ တစ်​ယောက်နဲ့တစ်​ယောက်ကခန္တာကိုယ်အရွယ်အစားကွာခြားလွန်းတာ​ကြောင့်သာ မျက်စိပသာဒဖြစ်​နေခြင်းပင်။
တဆက်တည်း ရဲ​ဖော်အချင်းချင်း အကြည့်ချင်းစုံမိ​တော့ ကပြာကယာပြန်လွှဲလိုက်ရသည်အထိအ​နေခက်​စေသည်။
"ငါတို့ တာ တာဝန်ကိုဘယ်​တော့လုပ်ကြမလဲ."
ရဲမက်ခေါင်း​ဆောင်​က​မေးသည်။
"မသိဘူး​လေ အခုသူတို့နှစ်​ယောက်​ဘေးမှာလူရှင်းတယ် စစ်သူကြီးကို ဝင်သတ်လိုက်ကြမလား.."
"အခု​တော့မလုပ်ပါနဲ့ဦး သူတို့မှာနမ်း​နေကြတာကို သနားပါတယ်။မလုပ်ပါနဲ့ နမ်းလို့ပြီးတဲ့အထိ​စောင့်လိုက်ရ​အောင်ပါ.."
ရဲမက်​ခေါင်း​ဆောင်စကား​ကြောင့်သူတို့ရဲမက်​တွေ​ခေါင်းငြိမ့်လိုက်ရင်း ပြန်စိ​ပေးထားသည့်ချုံပုတ်​လေးကိုပြန်ဖြဲကြည့်လိုက်သည်။
ချစ်ပန်း​တွေပွင့်​နေကြသည့်ချစ်သူနှစ်ဦးကရပ်ဖို့အလားအလာမမြင်​သေး။
​ခေါင်း​တွေဘယ်ညာ​စောင်းကာ အနမ်းရှိန်ကို​တောင်ပိုလို့တိုးမြင့်လာသလိုပင်။
သူတို့ဒိီတစ်ခါ​တော့ချုံပုတ်​လေးကိုပြန်စိမ​ပေးတော့ဘဲ အတွဲ​ချောင်းမိသွား၏။
စစ်သူကြီးဝမ်ရဲ့ခပ်ကြီးကြီးလက်​ဖဝါး​တွေက ​ရှောင်းအမတ်ငယ်ရဲ့ခါး​လေးကိုမချင့်မရဲဆုတ်ကိုင်လိုက်ကာ ဆံနွယ်အိအိ​လေး​တွေကြားလက်ဝင်ရင်းပွတ်သပ်လာသည်။
​ချောင်းကြည့်​နေသည့်ရဲမက်​တွေဟာလည်း အတွဲတစ်​တွဲရဲ့ အနမ်းခန်းဖွင့်ချင်းကိုအခုမှ လွတ်လွတ်လပ်လပ်ဘွင်းဘွင်းရှင်းရှင်းကြီးမြင်ဖူးတာမို့ မျက်နှာ​တွေရဲတက်လာ၏။
စစ်သူကြီးကအ​တော်သက်လုံ​​ကောင်း​ပုံ​ပေါ်သည်။​ရှောင်းအမတ်ငယ်​လေးရဲ့နှုတ်ခမ်း​တွေကိုငုံပြီးနမ်းရှိုက်​နေတာများ တစ်ချက်မှကိုအလွတ်မ​ပေး။
အတွဲက​ခေါင်း​​​လေးဘယ်ညာအလိုက်သင့်ယိမ်းရင် သူတို့ပါလိုက်ယိမ်းမိသည်အထိအတွဲ​ချောင်း​ကောင်း​နေတုန်း ရဲမက်​ခေါင်း​​ဆောင်​နောက်ကအသံထွက်လာ၏။
"မင်းတို့ဘာလုပ်​နေတာလဲ.."
အသံကလဲခပ်တိုးတိုးပင်။ရဲမက်​ခေါင်း​ဆောင်ကလှည့်မကြည့်ပဲ​ဖြေ၏။
"အတွဲ​ချောင်း​နေတာ.."
"ဘာလို့အတွဲ​ချောင်း​နေတာလဲ.."
"အိုကွာ ဒိီလိုမြင်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ပါးစပ်ပိတ်ပြီးကြည့်စမ်းပါ.."
ရဲမက်​ခေါင်း​ဆောင်ကပြန်​ဖြေပြီးခဏကြာမှ ဘယ်သူ​မေးတာလဲဟုဆိုကာပြန်လှည့်ကြည့်၏။သူတို့​နောက်မှာ ကိုယ်ရံ​​တော်ဝတ်စုံနဲ့ အဖွဲ့ကိုမြင်​တော့ မျက်လုံး​တွေပြူးသွားကာ
"မင်း..မင်းတို့ ဘယ်က​ကောင်​တွေလဲ. "
​မေးခွန်းတစ်ခုပဲထွက်လိုက်နိုင်သည်။ကိုယ်ရံ​တော်​တွေရဲ့ ဓါးကသူတို့ဗိုက်ကိုစိုက်ဝင်သွား၏။သူတို့အင်အားက၁၀​ယောက်​ပေမဲ့ တစ်ဖက်ဖျက်လက်ကာအနီးကပ်တိုက်ခိုက်မှု​တွေကြား အသံ​လေး​တောင်​ဖြောင့်​​အောင်မထွက်လိုက်ရ။
"​ခေါင်း​ဆောင် အားလုံးအသက်မရှိ​တော့ပါဘူး.."
အရိပ်ကိုယ်ရံ​တော်​ခေါင်း​ဆောင်က​ခေါင်းငြိမ့်ရင်း အနမ်းခန်းဖွင့်​နေသည့်စစ်သူကြီးတို့အတွဲကို ချုံကွယ်ကလှမ်းကြည့်ကာစုတ်သုတ်မိသည်။
တိုင်း​ရေးပြည်​ရေးကမ​ကောင်းပါဘူး​ဆို။သူများနယ်​မြေထဲချစ်စခန်းလာထ​နေသည်။
တိုက်ပွဲ​တွေမှာနာမည်​ကောင်းပဲဆက်တိုက်ရထားတဲ့စစ်သူကြီးလဲ အချစ်နဲ့​တွေ့​တော့ ပတ်ဝန်းကျင်​တွေဘာ​တွေ​​တောင်အကဲမခတ်နိုင်​တော့ဘူးထင်ရဲ့။
လူ၁၀​ယောက်​ချောင်း​နေတာကို​တောင် မခံစားနိုင်​တော့တဲ့အထိမွှန်​နေတဲ့စစ်သူကြီးကိုကိုယ်ရံ​တော်​ခေါင်း​ဆောင်ကခဲနဲလှမ်းပစ်ဖို့​ခဲလုံး​ကောက်လိုက်သည်။
ပစ်မလို့လက်ချိန်တုန်းမှာ အနမ်းခန်းပြီးသွားပြီး​ရှောင်းမင်းသား​​လေးကိုလက်ဆွဲကာထွက်သွားတဲ့စစ်သူကြီး​ကြောင့် ပစ်မဲ့ခဲကို ​အောက်ပြန်ပစ်ချလိုက်သည်။
​တော်​သေးတာ​ပေါ့ အရှင်ကသူ့သားငယ်​လေးကို ​စောင့်​ရှောက်ဖို့အရိပ်စစ်​ကိုယ်ရံ​တော်အဖွဲ့ကိုလွှတ်ထားလို့။
မဟုတ်လို့က​တော့မ​တွေးရဲစရာပင်။
___________________________________________________________________________________________________________________________
ကြာသွားတာသိပါတယ်ကွယ်။
ရှမ်းပြည်​မြောက်ပိုင်းမှာ​နေတဲ့​စောင်းကြိုးအတွက်က နိုင်ငံ​ရေးအ​​ခြေအ​နေမ​ကောင်းလို့​ပြေး​နေလွှား​နေရလို့ပါ။
ဘယ်​​နေ့လက်နက်ကြီးစာမိမလဲမသိနိုင်တာမလို့
၁၀ရက်​ကျော်ကြာပြီးလို့ဆက်ပြီးမupရင် သဲ​လေးတို့​စောင်းကြိုး လက်နက်ကြီးစာမိသွားပြီလို့​တွေးကြပါကွယ်။🥲
လိုင်းကလဲဘယ်လိုင်းမှမရ​တော့ပါဘူး။
Wifi​တွေပါအကုန်ဖျက်ထားကြ​တော့ update​ပေးဖို့အ​တော်တိုင်ပတ်ရပါတယ်။
အခု​တောင် တရုတ်Wifi​လေးခဏရလို့။
မန့်​လေး​တွေ rpမပြန်ဖြစ်ရင်စိတ်ဆိုးကြနဲ့​နော်😙
____________________________________________________________________________________________________________________________________________________________________
Zawji
"​ကောင်းပြီ.."
တစ်ဖက်မှာလဲသူအထိအခိုက်မခံနိုင်သည့်​ရှောင်းမင်းသား​လေးကရှိ​သေးသည်။
ဟီးးး.စကားများကြည့်တာ😁)
စစ်သူကြီးဝမ်ဟာသူ့ကို​လေသံမာမာနဲ့​ပြောလာသူကို​မြင်း​​ပေါ်က​​နေ ငုံကြည့်သည်။
ထိုအခါမှစစ်သူကြီးဝမ်ကစိုက်ကြည့်​​နေတာကို​ဖြေ​လျော့​ပေးလိုက်ကာသူ့ရဲ့ခါးစည်းတံဆိပ်ပြားကို​မြှောက်ပြလိုက်သည်။
"ဟုတ်တယ်.."
"ရွှီ...."
သူ​ရှေ့ကရဲမက်ကဆို၏။
အသာတကြည်အဖမ်းခံပါ။
".........."
"လူကြီး!.."
"ဘာ..ဘာဖြစ်တာလဲ.."
ထင်တယ် ."
"မြန်မြန်သွားကြစို့..!!"
__________________________________________________________________________________
စာထဲပါလာသည်က​တော့
"​ရှောင်းငယ်​​ရော..."
"အင်း..."
ရှောင်းမင်းသားကလဲ စစ်သူကြီးအပေါ်စိတ်ရှိ​နေတာကို ဒီခရီးတစ်​လျှောက်အ​တွေ့အကြုံအရသူသိသည်။
"မရှိ​တော့ဘူး​ပေါ့ ။တစ်ခြားစစ်ပွဲ​တွေလိုမဟုတ်ပဲ ဒီတစ်​ခေါက်တိုက်ပွဲကိုတပ်သား​တွေ​အ​ပေါ်မှာငါလိပ်ပြာမလုံဘူးယွီပင်း။
"အွန်း.."
"ဒါ​ပေမဲ့ ဒီကိစ္စမှာက ကိုယ်​ရေးကိုယ်တာခံစားချက်​တွေအများကြီးပါတယ် ယွီပင်း.."
"ကျွန်​တော်သိပါတယ်..။
သည့်သ​ဘောပင်။
"ဟုတ်..."
"လူကြီး..."
စစ်သူကြီးဝမ်သူ့ဆီ​လျှောက်လာတဲ့အမျိုးသားငယ်​လေးကိုကြည့်ပြီး လက်လွှတ်​ပေးရ​တော့မယ်ဆိုသည့်အ​တွေးကဝင်လာသည်။
သူရင်ခွင်ထဲက​ကောင်​လေးရဲ့ခါးကိုအသာအယာဖက်တွယ်ထားလိုက်ရင်း
"ဟုတ်ပါပြီ..."
"​ရှောင်းငယ်..."
"ဟင်.."
"အွန်း..."
"​သေချာသ​လောက်ရှိတယ်။
"အင်း..."
"လူကြီး..."
"ဟင်..."
ဒီလိုဆို သူ​ရှောင်းမင်းသား​လေးကိုမရရ​အောင်ခိုး​ပြေးပြီး တစ်နယ်​တစ်​ကျေးမှာဖွက်ထားတာ ဘဝသစ်စလို့ရတာ​ပေါ့။
"​ရှောင်းငယ်."
"ဟုတ်..."
"အဲ့ဒီအခါကျ ကျွန်​တော်လူကြီးကိုအသားညှီနံ့​ပျောက်​အောင်​ရေချိုး​​ပေးရ​တော့မှာပဲ.."
"လူ..လူကြီး​နော်...."
__________________________________________________________________________________
သူတို့ဒီတစ်ခါ​တော့ချုံပုတ်​လေးကိုပြန်စိမ​ပေးတော့ဘဲ အတွဲ​ချောင်းမိသွား၏။
"အတွဲ​ချောင်း​နေတာ.."
"အိုကွာ ဒီလိုမြင်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ပါးစပ်ပိတ်ပြီးကြည့်စမ်းပါ.."
အရိပ်စစ်ကိုယ်ရံ​တော်​ခေါင်း​ဆောင်က​ခေါင်းငြိမ့်ရင်း အနမ်းခန်းဖွင့်​နေသည့်စစ်သူကြီးတို့အတွဲကို ချုံကွယ်ကလှမ်းကြည့်ကာစုတ်သုတ်မိသည်။
___________________________________________________________________________________________________________________________
Continue Reading
You'll Also Like
173K 3.6K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
180K 5.2K 68
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
806K 18.5K 106
Part of the blackpink x bts "Baby" portion
13.3K 697 24
မထင်မှတ်ပဲချစ်ခဲ့မိတဲ့မင်းက ကိုယ့်ကိုလူကြီးကြီးလို့လဲခေါ်တက်သေးတယ်~~~