Chapter 28

2.4K 129 27
                                    

​ရှောင်းမျိုးနွယ်ရဲ့ပထမဦးဆုံးမင်္ဂလာပွဲဖြစ်တာ​ကြောင့် ထိမ်းမြှားပွဲဟာပုံမှန်ထက်ပိုကြာသည်။နိုင်ငံအသီးသီးကဆက်သ​ပေးလာတဲ့လက်​ဆောင်ဘဏ္ဍာ​တွေကိုလည်းတစ်ခမ်းတနားလက်ခံရရှိ၏။
သံတမာန်​တွေနဲ့စကား​ပြော၊ဧည့်ခံနဲ့မင်္ဂလာပွဲဟာည​နေ​စောင်းမှပင်ပြီး​တော့သည်။

ပွဲပြီး​တော့ ထုံးစံအရ​ရှောင်းမင်းသား​လေးကို စစ်သူကြီးဝမ်ရဲ့နန်းပြင်အိမ်​တော်ကို​ခေါ်​ဆောင်သွားရမည်ဖြစ်သည်။
ဒါ​ကြောင့်​ရှောင်းဧကရာဇ်ကသူ့သား​တော်နဲ့စစ်သူကြီးဝမ်ကိုနန်းရင်းပြင်မှာတင်နှုတ်ဆတ်စကားဆိုရသည်။

"စစ်သူကြီးဝမ် ကိုယ်​​တော့်သား​တော်​လေးကို​စောင့်​ရှောက်​ပေးပါ၊"

​ရှောင်းဧကရာဇ်ဟာစကားအများကြီး​ပြောချင်​ပေမဲ့ သူ့သား​တော်ကိုနှုတ်ဆတ်စကားဆိုရမှာမလို့ဆက်​ပြောလို့မထွက်ပဲ မျက်ရည်​တွေဝဲကာမျက်ရည်မကျ​​အောင်သာအံတင်းခံ​နေသည်။
​ရှောင်းကျန့်​လေးကလည်းသူ့ခမည်း​တော်မျက်နှာမ​ကောင်း​တော့သူပါမျက်ရည်​လေးဝဲတဲတဲနှင့်။

"ကျွန်​တော်​ရှောင်မင်းသား​လေးကိုမှဲ့တစ်​ပေါက်မစွန်း​အောင်ကရုစိုက်မှာပါ၊
ညတိုင်း​အေးချမ်းစွာအိပ်စက်​စေပြီး​နေ့တိုင်း​ပျော်ရွှင်​အောင်ထားပါ့မယ်လို့အရှင့်ကိုကတိ​ပေးပါတယ်..."

အရှင်က​ခေါင်းဆတ်ဆတ်ငြိမ့်သည်။
ထို့​နောက်သူ့သား​တော်​လေးကို​ပွေ့ဖက်ကာနဖူး​လေးကိုခပ်ဖွဖွနမ်းသည်။

"​ခမည်း​တော်ကိုအားတိုင်းလာ​တွေ့​နော်
နန်းပြင်မှာပွဲ​တော်တည်ရတာအဆင်မ​ပြေရင်လဲ.နန်းတွင်းထဲလာခဲ့သိလား၊ခမည်း​တော်ကသား​တော်ကြိုက်တတ်တဲ့မုန့်​တွေကိုလည်း​နေ့တိုင်းလုပ်ခိုင်းပြီးပို့​ပေးမယ်၊ လိုချင်တာရှိရင်လဲ အချိန်မ​ရွေး​ပြော၊အိမ်​​​ထာင်ကျသွားပြီဆိုပြီးရင့်ကျက်ချင်​ယောင်​ဆောင်မ​နေနဲ့
သား​တော်ကအခုမှ၁၉နှစ်ပဲရှိ​သေးတာ.."

"ဟုတ်..သား​တော်မှတ်ထားပါ့မယ်.."

"ခမည်း​တော်ကမခွဲချင်​သေးဘူးကွယ်."

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now