A Desire(ဆန္ဒတစ်ခု)

By Smrik123

3.3K 297 5

တောင်းဆုတွေဟာ မပြည့်ဝတတ်ဘူး... More

Part_1
Part_2
Part.3
Part.4
Part_6
Part.7
Part.8
Part.9
Part_10
Part_11
Part_12
Part . 13
Part.14
Part.15
Part.16

Part_5

186 16 0
By Smrik123

" မမ .. ဒီမှာကြည့်ပေးအုံး .. ကျွန်တော် နဲ့လိုက်လားလို့ "

" မိုးရိပ် နင့်ဆီမှာ အင်္ကျီတွေဒီလောက်အများကြီး ရှိနေတာကို ဘာလို့ထပ်ဝယ်နေအုံးမှာလဲ ဝတ်စရာမရှိတဲ့သူလဲမဟုတ် "

မပြီးနိုင်မစီးနိုင် အမျိုးမျိုး စမ်းကြည့်နေသည့် မိုးရိပ်ကို စိတ်မရှည်တော့၍ ပြောလိုက်မိခြင်း ဖြစ်သည် ။
ဆိုင်ဝန်ထမ်းတချို့ကတော့ ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသော်လည်း ဂရုမစိုက်နိုင် ။

" မမကလဲ တခါတလေမှ အတူတူအပြင်ထွက်ရတာကို စိတ်မရှည်တဲ့ ပုံစံနဲ့...
ကျွန်တော်က မမရွေးပေးတာလေးတွေ ဝတ်ချင်လို့ မမကို ကြည့်ခိုင်းတာကို "

ချွဲချွဲနွဲ့နွဲ့ပြောနေသည့် ပုံစံက တကယ်ကို အငွေ့ပျံချင်စရာကောင်းလှသည် ။

" အစိမ်းရောင်နဲ့မလိုက်ဘူး ခုနကအပြာရောင်ဘဲ ယူလိုက် "

" ကျွန်တော့်ကို ဒါလေးထည့်ပေးနော် "

ပျော်ရွှင်ကြည်နူးစွာ ဘေးကနေ တောက်တဲ့လိုကပ်တွယ်နေသည့် မိုးရိပ်ကို ဘဝင်မကျတော့ပေ ။
အခုရက်ပိုင် အရမ်း sensitive ဖြစ်နေသလို ၊ အရမ်းလဲ စိတ်ရှုပ်လွယ်နေသလို ၊
တစ်ခုခုဆို အလိုမကျတာက များနေသည် ။

" မိုးရိပ် နင်ငြိမ်ငြိမ်လေးနေလို့မရဘူးလား "

" ကျွန်တော် ငြိမ်ငြိမ်လေးဘဲ‌လမ်းလျှောက်နေတာလေ "

" နင့်ပါးစပ်လေးကိုလဲ ငြိမ်ငြိမ်လေးနေလိုက်တော့ "

" မမကတော့ တခါတလေလေးအပြင်ထွက်တာကို ပျော်ပျော်ရွှင်ရွှင်နေစမ်းပါ ... ကြည့်ပါအုံး ဆူပုတ်နေလိုက်တာများ ကျွန်တော်ကဘဲ အတင်းအဓ္မအပြင်ခေါ်ထုတ်လာသလိုနဲ့ "

" မဟုတ်လို့လား "

" ဟော ကလေးကျနေတာဘဲ "

စိတ်ဆိုးသည့်ပုံစံနှင့် ထွက်သွားသော မမရဲ့နောက်သို့ အပြေးလိုက်ကာ ချော့ရတော့သည် ။
ကလေးမဟုတ်တဲ့ ကလေးတွေကို ချော့ရတာ တကယ်ကို ခက်ခဲလွန်းသည် ။

" မမ ဘယ်တွေသွားနေတာလဲ "

" ငါ့ဘာသာ ဘယ်သွားသွားပေါ့ "

" ဟောဗျာ .. ဒါက စိတ်ဆိုးနေတဲ့ပုံစံလား ..
အရမ်း ချစ်ဖို့ကောင်းတာဘဲ "

" မိုးရိပ် နင်တော်လိုက်တော့နော် "

" ကျွန်တော်က ဘာလုပ်နေလို့လဲ "

" ခဏ "

ခဏဆိုသည့်စကားဟာ ကျွန်တော်ကိုပြောလိုက်သည် ဖြစ်သော်လည်း မမရဲ့အကြည့်တို့ကတော့ ကျွန်တော့ဆီမှာ မဟုတ်ပေ ။
မမကြည့်နေရာကို လိုက်ကြည့်မိတော့ ကောင်လေးတစ်ယောက်နှင့် အမျိူသမီးတစ်ယောက် အတူတူယှဉ်တွဲ လမ်းလျှောက်နေကြသည် ။
ကောင်လေးကို သိသော်လည်း အမျိုးသမီးကိုတော့ မသိချေ ။

" အော် .. ဟိုနေ့ကတစ်ယောက်ဘဲ "

" သူ့ကိုသိလို့လား "

" အင်း.. ဟိုနေ့က ကျောင်းမှာ ဒီဘက်ကကောင်လေးနဲ့ ဝင်တိုက်မိသေးတယ် ..... အဲ့နေ့က သူခြေထောက်ထိသွားတာ အခုတော့ သက်သာသွားပြီထင်တယ် "

ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်လာသည့် ပုံစံလေးကို မျက်လုံးထဲမြင်ယောင်လာမိသည် ။
မိုးရိပ်နဲ့တိုက်မိလို့ ဒဏ်ရာရလာသည့် အဖြစ်ကို သိရှိပြီး မိုးရိပ်ကို အပြစ်တင်ချင်ပါသော်လည်း
ယခုအခြေအနေတွင်တော့ စကားတစ်လုံးမှမဆိုနိုင်သေးချေ ။

မြင်နေရသည့် မြင်ကွင်းသည် ရင်ကိုအစိတ်အစိတ်ကွဲစေသလိုပင် နာကျင်ရသည် ။
ဘာကြောင့်နာကျင်ရသည် ဆိုသည့် အကြောင်းအရင်းကို မသိသော်ငြားလည်း
အမျိုးသမီးတစ်ယောက်ကို ရွှန်းရွှန်းစားစားကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းလေးများကို မြင်နေရသည့် အခိုက်အတန့်ဟာ သိပ်ကို နာကျင်‌နေရသည် ။

တခါတလေမှ ဖြစ်ပေါ်တတ်သည့် အပြုံးလေးတွေကို ထိုအမျိုးသမီးကတော့ ဖောဖောသီသီရနေသလိုပင် ။ မနာလိုဝန်တိုခြင်း ကင်းမဲ့ခဲ့သည့်တိုင်အောင် ထိုအမျိုးအပေါ်တွင်တော့ ပထမဆုံးမနာလိုခြင်း ဖြစ်ပေါ်မိသည် ။

" မမ အဆင်ပြေရဲ့လား "

မျက်ရည်များဝဲကာ အံတကြိတ်ကြိတ်နှင့် ဖြစ်နေသော မမကိုကြည့်ကာ နားလည်ရန်ခက်ခဲသော အခြေအနေများကို မြင်တွေ့လိုက်ရသည် ။

မိုးရိပ်အသံကြားမှ သက်ရှိကမ္ဘာထဲပြန်ရောက်လာသလို ပတ်ဝန်းကျင်မှ အသံများစွာကို ပြန်ကြားရတော့သည် ။ တစ်ခဏအတွင်းမှာ ဖြစ်ပေါ်သွားသည့် စိတ်ခံစားချက်တို့ဟာ သိပ်ကိုပြင်းထန်သွားဟန်ရသည် ။ နည်းနည်းလေးတောင် အထိခိုက်မခံချင် နေသည့် စိတ်တို့ဟာ နာကျင်မှုများစွာကို တစ်ချိန်တည်းမှာပင် ခံစားလိုက်ရ၏ ။

" အိမ်ပြန်ရအောင် "

" အင်း...ကျွန်တော် ကားမောင်းပေးမယ် "

အခုလို အသိစိတ်လွတ်သွားသည့် မမရဲ့ပုံစံကို တစ်ခါမျှမမြင်ဖူးချေ ။ တဆက်တည်း ခံစားချက်အချို့ဟာလဲ ရှုပ်ထွေးလာခဲ့သည် ။
နာကျင်စွာကြည့်နေသည့် မမရဲ့ မျက်ဝန်းတို့ကို အဖြေရှာနေမိသည် ။
ဝဲတက်လာသည့် မျက်ရည်တို့ဟာလဲ ရင်ထဲကို အကူမလိုဘဲ စူးနစ်စွာ နာကျင်စေသည် ။

မမရဲ့ အရာသေးသေးလေးကိုတောင် တန်ဖိုးထားသည့် သူမို့လို့ မမကို နည်းနည်းလေးတောင် အထိခိုက်မခံနိုင်ပေ ။ ပြောဖူးခဲ့သည့် စကားတစ်ခွန်း.. မမက ကျွန်တော်တစ်‌ယောက်တည်းရဲ့ အပိုင်ဖြစ်သည် ။
ဘယ်နာကျင်မှုကိုမှ မမကိုမခံစားစေချင်သလို ဘယ်တစ်ဦးတစ်ယောက်ကမှလဲ မမအနားကပ်ခွင့်မရှိပေ ။ မမက ကျွန်တော်ရဲ့အပိုင် ။ ကျွန်တော်ပိုင်ဆိုင်ရမဲ့ တစ်ဦးတည်းသော အမျိုးသမီး ။

>>>>>>>>>>>>>>

တီ!......
တီ!......
တီ!......

အဆက်မပြတ် ထွက်ပေါ်နေသည့် လူခေါ်ဘဲလ်ကြောင့် ဖတ်လက်စစာအုပ်ကိုချကာ တံခါးဆီသို့ ထလာလိုက်သည် ။ အချိန်အားဖြင့် ည၉နာရီကျော်နေပြီဖြစ်ကာ မေကလဲ ဒီအချိန်ဆိုရင်မလာတတ်ပေ ။

" အစ်မ! "

ညအချိန်မတော်တွင် မြင်လိုက်ရသည့် အစ်မကြောင့် အနည်းငယ်တော့ အံ့ဩမိသည် ။

" တိမ်လွှာ...
အစ်မ အိမ်ထဲဝင်လို့ရမလား "

" အော် .. ဟုတ် "

ခပ်ယိုင်ယိုင်ခြေလှမ်းတို့ဖြင့် အိမ်ထဲသို့ဝင်လာသော အစ်မကို အနည်းငယ် ကူတွဲပေးကာ ဆိုဖာတွင်ထိုင်စေလိုက်သည် ။

" ကျွန်တော်ရေသွား ခပ်ပေးမယ်‌နော် "

ထွက်သွားဖို့ ဟန်ပြင်နေစဉ် ရုတ်တရက်လက်ကို ဖမ်းဆွဲခံလိုက်ရတာကြောင့် ဟန်ပြင်နေသည့် ခြေလှမ်းတို့ရပ်တန့်သွားခဲ့သည် ။

" ဒီမှာထိုင် "

နှစ်ယောက်ထိုင်လို့ရသည့်ဆိုဖာတွင် ဘေးဘက်ကို ဝင်ထိုင်ရန် ဟန်ပြနေသည့် အစ်မကြောင့် ကြောင်အစွာနှင့်ပင် ဝင်ထိုင်လိုက်သည် ။

" ဘာဖြစ်လို့လဲ အစ်မ "

" မင်းက သိပ်နားလည်ရခက်တာဘဲ "

" ဗျာ! "

အဆက်အစပ်မရှိလှသည့် စကားတို့ဟာ လူကို ကြောင်တောင်တောင်ဖြစ်စေသည် ။

" ဟုတ်တယ် .. မင်းက နားလည်ရသိပ်ခက်တယ် ..
မင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒီရင်ဘတ်ထဲက ခံစားချက်တွေက ပိုပြီး နားလည်ရခက်တယ် "

" အစ်မက ဘာကိုပြောချင်တာလဲ "

" မသိဘူး ... ပြောချင်တာတွေ အများကြီး ရှိနေပေမဲ့ ပြောလို့မရဘူး ..
ဘာကို ပြောလို့ပြောချင်နေမှန်းလဲ မသိဘူး "

" အစ်မ အရမ်းမူးနေပြီထင်တယ် "

ရယ်စရာမပါသော်လည်း ခပ်ဖွဖွရယ်လိုက်သည့် အစ်မရဲ့ ပုံစံဟာ မေ နှင့်ပင် ခပ်ဆင်ဆင်တူလှသည် ။

" အစ်မကို မူးနေ ‌တယ်လို့ ထင်တာလား "

" အစ်မ နာကျင်နေတာလား "

ထပ်မံရယ်လိုက်သည့် အစ်မရဲ့ပုံစံဟာ သိပ်ကိုနာကျင်နေသည့် ပုံစံပင် ။

" တွေ့လား .. မင်းကသိပ်နားလည်ရ ခက်ပါတယ်ဆို "

စိုက်ကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် တစ်စုံတစ်ခုကို လက်ခံချင်လာသလို ။
အရှုံးပေးချင်လာသလို ။

" မကြည့်နဲ့.. အဲ့လိုအကြည့်တွေနဲ့ မကြည့်နဲ့ ..အဲ့မျက်ဝန်းတွေကြောင့် ကျရှုံးနေရတာ အခါခါဘဲ "

" တောင်းပန်ပါတယ် "

" ဘာလို့တောင်းပန်တာလဲ "

" အစ်မကို နာကျင်အောင် လုပ်မိလို့ "

ညှိုးငယ်သွားသည့် မျက်နှာလေးကြောင့် ဒီရင်ထဲမှာ ပိုပြီးနာကျင်ရတယ်ဆိုတာ မသိပါရောလား ။

" ချစ်တယ် ... ဘယ်လိုမှ ထိန်းချုပ်လို့မရတော့အောင် ချစ်နေမိလို့ "

" ကျွန်တော်က မိန်းကလေးပါအစ်မ ..
အစ်မကျွန်တော့ကို မချစ်သင့်ဘူး "

" သိတယ် မချစ်သင့်ဘူးဆိုတာ သိတယ် ..
မချစ်မိအောင်လဲ ကြိုးစားခဲ့တယ် .. ဒါပေမဲ့
နောက်ဆုံး မင်းကို ချစ်တဲ့စိတ်ကဘဲ အနိုင်ရသွားခဲ့တာ ...
သိပ်ချစ်တယ် "

" ကျွန်တော်ကို ချစ်ရင် နာကျင်ရလိမ့်မယ် "

" အခုရော မနာကျင်ရလို့လား "

ရှေ့ဆက်ဖို့စကားလုံးတို့ ပြောမထွက်နိုင်လောက်အောင်ပင် ။
ဘယ်တစ်ဦးတစ်ယောက်ကိုမှ နာကျင်ပါစေဆိုသည့် စိတ်တို့ မရှိခဲ့သည့်တိုင်အောင် ပတ်သတ်မိသမျှလူတွေကို အမြဲနာကျင်စေခဲ့ရသည် ။
မရည်ရွယ်ပါဘဲ အမြဲတစေလို နာကျင်စေခဲ့မိသည် ။
ကျိန်စာလား ဝဋ်ကြွေးလား ..
ထပ်တူနာကျင်မှုတွေကလဲ မဖိတ်ခေါ်ပါဘဲ ဝင်ရောက်လာတတ်သေးသည် ။

" ချစ်နေတာကိုတော့ သိစေချင်တယ် ..
နောက်ပြီး ဖြစ်နိုင်ရင် ပိုင်ဆိုင်ချင်မိတယ် "

" ကျွန်တော့ကို ပိုင်ဆိုင်ရရင် အစ်မကပျော်မှာလား "

" အတွေးထဲက ပုံရိပ်လေးတွေနဲ့တောင် ကြည်နူးနေမိတာ... ပိုင်ဆိုင်ရမယ်ဆို သေချာပေါက်ပျော်ရွှင်မိမှာဘဲ "

" ကျွန်တော် မရင်းနှီးသေးတဲ့ အခြေအနေတစ်ခုဖြစ်တာမို့ ကျွန်တော့်ကို အချိန်တစ်ခုလောက်တော့ပေးပါ "

" အချိန်.. အင်း ရတယ် ...
မင်း အစ်မကိုပြန်ချစ်လာမယ် .. မင်းကိုပိုင်ဆိုင်ရမယ်ဆို အချိန်ဘယ်လောက်ဘဲဖြစ်ဖြစ်ရတယ် ...
ဒါပေမဲ့ မင်းရဲ့ ရွေးချယ်မှုက အစ်မဘဲ ဖြစ်ရမယ် "

အတ္တကြီးခြင်းတွေဟာ ကိုယ်တိုင်အတွက်သာ ဖြစ်ကြသည် ။
ကိုယ်ပျော်ရွှင်ရဖို့
ကိုယ်လိုချင်တာရဖို့
ကိုယ့်အတွက်ဆိုတဲ့ အတ္တတချို့ကတော့ လူတော်တော်များများတွင် ရှိတတ်ကြသည် ။
အတ္တကြီးတဲ့အချစ်တွေဟာ အစစ်အမှန်ဖြစ်သော်လည်း နာကျင်မှုတွေ ရောထွေးပါနေတတ်သည် ။

*****************

ကိုင်မဲ့သူမရှိသည့် ဖုန်းနံပါတ်လေးကို ခေါ်ဆိုနေမိသည်က အကြိမ်ကြိမ်ပင် ။
ဝင်သွားသည့် ဖုန်းသံလေးရဲ့‌နောက်မှာ ဘယ်အချိန်များ ကိုင်လာမလဲဆိုသည့် မျှော်လင့်ချက်နှင့် ခေါ်ဆိုနေမိခြင်းဖြစ်သည် ။
အဆုံးမှာကြားလိုက်ရသည့် အသံဟာ မျှော်နေသူအသံ မဟုတ်တော့ စိတ်ပျက်ခြင်း သက်ပြင်းတွေချရသည်မှာလဲ အခါခါပင် ။

" ဘာလို့များ ဖုန်းမကိုင်ရတာလဲ .. "

ဘဝမှာလိုချင်တာကို မရခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ဖူးတဲ့ ကျွန်တော်က မမဆီကနေတော့ စိတ်လိုလက်ရနဲ့ အကြည့်လေးတစ်ခုတောင် မရခဲ့ဖူးတဲ့အဖြစ် ။

မမနဲ့ပတ်သတ်တဲ့ အိမ်မက်တွေလဲ အများကြီး ရှိနေတယ် ။ ဒါပေမဲ့ ကိုယ်တိုင်‌တောင် ခွင့်ပြုချက်မပေးရပါဘဲ နိုးထလာရသည်က အခါခါပင် ။
မမနဲ့ပတ်သတ်လာရင် နောက်ဆုံးအဆုံးသတ်ကို မတွေးရဲလောက်အောင် ကျွန်တော်ကြောက်နေမိသည် ။

" ကျွန်တော်က မမကို သိပ်ချစ်တာ .. မမ ထင်ထားတာထက်ကို မမကို သိပ်ချစ်နေမိတာ ဒါကြောင့် မမကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး "

မမရဲ့ မျက်ဝန်းအကြည့်တွေကြောင့် အခြေအနေတချို့ကို ခန့်မှန်းမိသည် ။ မမကို ချစ်နေမိတဲ့ လူ‌ဖြစ်နေသည့်အလျောက် မမရဲ့မျက်ဝန်းတွေရဲ့ အဓိပ္ပါယ်ကို သိနေသည်ကတော့ ထူးဆန်းမည်တော့မဟုတ် ။
နာကျင်မှုတွေနဲ့ မမရဲ့အကြည့်တို့ကို အခုထိအမှတ်ရနေပြီး ထိုအကြည့်တို့ကြောင့် အခုထိလဲ နာကျင်နေရသည် ။

>>>>>>>>>

စားပွဲပေါ်မှ အဆက်မပြတ်မည်နေသည့် ဖုန်းကို အကြောင်းအရင်းမရှိ ငေးကြည့်နေမိသည် ။
ကျသွားတိုင်း စက္ကန့်မခြား ပြန်ပြန်ခေါ်လာသည့် ဖုန်းနံပါတ်ရဲ့ ပိုင်ရှင်၏ စိတ်ရှည်မှုကတော့ နီရဲရဲ missed callများစွာက ‌သက်သေပင် ။

သက်ပြင်းခပ်ဖွဖွချကာ ဝရံတာဘက်သို့ ထွက်လာခဲ့လိုက်သည့် ။ ခပ်နောက်နောက်ဖြစ်နေသည့် ခေါင်းကြောင့် နားထင်ကြောကို ခပ်ဖွဖွဖိကာ မျက်လုံးကို မှိတ်ထားလိုက်သည် ။

ညဘက်လေအေး၏ အထိအတွေ့ဟာ ခပ်စိမ့်စိမ့်ပင် ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်မဲတချို့၏ ဖုံးလွှမ်းမှုကြောင့် လမင်းကြီးနှင့် ကြယ်ရောင်စုံတို့ကို ကောင်းကောင်းမမြင်ရချေ ။

နာရီအပိုင်းအခြားက အဖြစ်အပျက်တချို့ကို ပြန်စဉ်းစားမိတော့ နှုတ်ခမ်းထက်ကအပြုံးတို့ဟာ ဖြစ်ပေါ်လာပြန်သည် ။ ဖျက်ကနဲ ပေါ်လာသည့် အတွေးလေးတစ်ခုကတောင် ပျော်ရွှင်အောင်ဖန်တီးပေးနိုင်သည် ။ အကြည့်တစ်ချက် ၊ အပြုံးတစ်ပွင့် ၊ စကားတစ်ခွန်းကိုပင် ဘယ်အချိန်ကများ ဒီလောက်ထိ သဘောကျ‌မိသွားလဲ မသိချေ ။

" ဒီလောက်ထိ သဘောကျပြီး ..
ဒီလောက်ထိ ချစ်မိသွားတာလား "

အပြုံးတစ်ချို့နှင့် ကောင်မလေးရဲ့ အပြုံးနှင့်ထပ်တူ လျစ်လျှူရှုခံလိုက်ရသည့် ကောင်လေးတစ်ယောက်ကတော့ ရင်နာစွာနှင့် အိပ်စက်ရပေအုံးမည် ။

###############

Continue Reading

You'll Also Like

137K 2.2K 27
រឿងមួយនេះជាប្រភេទ BL s*x ចង់អានក៏អានចុះតែបើប៉ះពាល់អារម្មណ៍កុំបន្ទោសអ្នកសរសេរឲ្យសោះហើយក្នុងនេះក៏មានពាក្យមិនសរម្យច្រើនដែល🤏🔞 Taekook all story 🤯 ___...
66.6K 4.4K 31
A story of four brothers whose life revolves around each other. Fate wasn't kind to them, but they were in it together, always have been and always w...
81.2K 6.1K 27
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆𝚑𝚎...