Fa Wei Lan၏ပြန်လည်မွေးဖွားခြင...

By lilypark202

4.8K 261 33

I do not own this story and I just translated this story. I give full credit to the original author- @Harui30 More

စာတို
Ch 43(လိပ်ပြာများအား ဆွဲဆောင်ခြင်း)
Ch 44: ဇာမဏီ
Ch45 (သတိရပီးစောင့်နေပါ)
Vol2(Ch1) ပိုင်သခင်လေး
Ch 2:ငါ့ကိုရွေးပါ
Ch 3:ကောလဟာလ
Ch 4: 18နှစ်

Ch 5: မှတ်မိနေဆဲပဲ

305 32 4
By lilypark202

ဦးလေးဇီသုံးနဲ့အဘိုးတို့ ဝမ်ဖုန်းအကြောင်းကို ပြောနေတာ မကြားမိ ခင်အထိ သူအေးအေးချမ်းချမ်းနေတော့မယ်လို့ ဝေလန်ကတွေးထားခဲ့တာ။

အိမ်ရှေ့စံအား တိုက်ခိုက်ခံရမှုတစ်ခုက ကာကွယ်ပေးခဲ့တာကြောင့် ဝမ်ဖုန်းက ဆိုးဆိုးရွားရွားဒဏ်ရာရသွားခဲ့သည်။ စစ်သူကြီးနှင့် သူ၏တပ်ဖွဲ့မှာသစ္စာဖောက်များအား တစ်ယောက်မကျန်ရှင်းပစ်နိုင်ခဲ့သော်လည်း သူကိုယ်တိုင်ကတော့ဓါးထိုးခံလိုက်ရသည်။ အဘိုးအတွက် လက်ဖက်ရည်ကို ယူ၍ဧည့်ခန်းမထဲသို့ဝင်လာသော ဝေလန်ရဲ့လက်ထဲက ဗန်းကတော့ ကြမ်းပြင်ပေါ်သို့ကျသွားတော့သည်။ ကွဲအက်သွားသော ခွက်က အခန်းထဲရှိ လူနှစ်ယောက်လုံးကို လန့်သွားစေခဲ့သည်။

"သူ...သူအဆင်ပြေရဲ့လား?" ဝေလန်ကဦးလေးဆီ အလောတကြီးသွားလိုက်ကာ ဦးလေးလက်မောင်းအား လှမ်းဆုပ်ကိုင်လိုက်သည်။
"ဦးလေးဇီသုံး ဝမ်ဖုန်းက-"

"သူကမြို့တော်ပြန်ရောက်ပါပီ တော်ဝင်သမားတော်တွေက သူ့ဒဏ်ရာကိုကုပေးပီးပီ"

"ဒ_ဒါဆို သူအသက်ရှင်မှာလားဟင်?"ဝေလန်မှာ ထိတ်ထိတ်ပျာပျာဖြင့်မေးလိုက်သည်။

"အင်း ဦးလေးလည်းအဲ့တာကိုတော့အသေအချာမသိဘူး...လွန်ခဲ့တဲ့နှစ်ရက်ကတည်းကဆိုတော့..."

"ဒါပေမယ့် သူသေလို့မဖြစ်ဘူး!" ဝေလန့်ရဲ့ နှလုံးခုန်နှုန်းမှာမြန်လာ၍ ထိတ်လန့်တုန်လှုပ်လာတော့သည်။

"ဝေလန်" အဘိုးက သူ့ရဲ့တုန်ရီအေးစက်နေသော လက်များကို ဆွဲယူလိုက်ကာ"ကလေး ဝမ်ဖုန်းက သန်မာတဲ့ယောက်ျားတစ်ယောက်ပါ။ သူအဆင်ပြေမှာပါ သမီးစိတ်အေးအေးထားပါဦး"

အဘိုးက သူ့ကိုမငိုဖို့ ပြောသည်အထိ သူ့ကိုယ်သူငိုနေမိသည်မှန်း သူမသိခဲ့ပေ။

ဝမ်ဖုန်းဆီတွင် ဖြစ်ပျက်သွားတာကို ကြားပီးချိန်တွင်
ဝေလန်က အဘိုးအား မြို့တော်သို့သွားခွင့်ပေးပါရန် တောင်းပန်တော့သည်။ အဘိုးက တွန့်ဆုတ်နေခဲ့သော်လည်း အဆုံးတွင်တော့ မင့်ကိုသူ(မ)အား လိုက်ပို့ခိုင်းလိုက်သည်။ မင်က သူကြောက်နေတာကိုသိတာကြောင့် ဘာမှပင်မမေးတော့ပဲ မြို့တော်သို့
နေ့ရောညပါ ခရီးနှင်တော့သည်။ ဝေလန်က မနားချင်သော်လည်း မင်ကသူ့ကိုအတင်းနားခိုင်းသည်_အိပ်ဖို့နှင့် အစားစားဖို့အတွက်ပေါ့။ သို့သော် သူ့မှာ စားတယ်ဆိုရုံမျှဖြစ်၍ ခဏလောက်အိပ်ပီးလျှင်လည်း ပြန်နိုးလာရသည်။ ပုံမှန်ဆိုလျှင် ဂျင်မှမြို့တော်သို့ တစ်ပတ်ကျော်ထိ သွားရသော ခရီးကို မင်နှင့်သူတော့ ၃ရက်နှင့်ပင် ရောက်ခဲ့သည်။

"ညီမလေး ကိုကြီးတို့ ခုဒီထိရောက်ပီးမှ မဝင်တော့ဘူးလား?"

ကြီးမားသော ကျောက်တံခါးကြီးနှင့် ကျားအစောင့်နှစ်ကောင်ရုပ်တုများမှာ သူတို့ဝမ်အိမ်တော်သို့ရောက်နေပီဆိုတာကိုပြသနေသည်။ ဒါပေမယ့်လို့ သူကရှေ့ဆက်မတိုးနိုင်ပေ။ သူ့လက်များကအေးစက်နေသည်။ ဖုန်းကသူ့ကိုတွေ့ချင်ပါ့မလား သူမသိပေ။ အဆိုးဆုံးမှာ သူက သူ(မ)ကိုမှတ်မိဦးပါ့မလား။ မသိလိုက်ခင်မှာပင် သူကတံခါးများဆီမှ လှည့်ထွက်သွားသည်။

"ညီမလေး" မင်က သူ့လက်ကိုဆွဲထားကာ ထွက်သွားမှာကနေတားလိုက်သည်။

"ဝေလန်လား?"

လှည့်ကြည့်လိုက်ရာ ချစ်စရာကောင်းသောခရမ်းဖျော့ဝတ်စုံကိုဝတ်ဆင်ထားသည့် အဖြူရောင်မျက်နှာလွှားစာကို ခေါင်းပေါ်တွင် ဆောင်းထားသည့် ငယ်ရွယ်သောအမျိုးသမီးလေးကိုတွေ့လိုက်ရသည်။
သူ့ဘေးမှာတော့ ပိုရင့်သောခရမ်းရောင်ကိုဝတ်ဆင်ထားသည့် လှပသောအစေခံနှစ်ဦးက ရှိနေကြသည်။

"ဝေလန်!" လီရှက ဝေလန့်ဆီပြေးလာပီး သူ့လက်ကိုလှမ်းဆွဲသည်။ "တကယ်နင်ပဲ နင်မြို့တော်ဆီပြန်လာတယ် နင်ပြန်လာတယ်"

သူကဝေလန့်ကိုဖက်၍ ပျော်ရွှင်စွာရယ်နေတော့သည်။

"နေကောင်းရဲ့လား လီရှ?" လီရှက သူ့ကိုမှတ်မိဆဲဖြစ်တာကြောင့် သူစိတ်လှုပ်ရှားသွားရကာ လီရှကိုပြန်ဖက်ထားလိုက်သည်။

"ငါကနေကောင်းပါတယ် နင်ရော? နေကောင်းတယ်မဟုတ်လား?"

သူကခေါင်းငြိမ့်ပြတော့ လီရှကသူ့ကိုထပ်ဖက်သည်။

"အဲ" လီရှက သူ့လက်ကိုကိုင်ထားရင်းကပင် နောက်ကိုလျှင်မြန်စွာပြန်ဆုတ်သည်။
"နင်ဒီကိုလာတာ ကိုကြီးဖုန်းကြောင့်မလား?သူ့ဒဏ်ရာအကြောင်းကြားလို့ရောက်လာတာ ဟုတ်တယ်မလား?"

သူက ဆက်တိုက်ပြောရင်းကပင် မင်နှင့်ဝေလန်တို့ကို ဝမ်အိမ်တော်ထဲသို့ ကတိုက်ကရိုက်ဝင်ခိုင်းတော့သည်။ ဝေလန်မှာတုန့်ပြန်ချိန်တောင်မရလိုက်ပဲ လီရှကသူ့ကို ကြီးမားသောခြံဝန်းထဲသို့ခေါ်သွားတော့သည်။ လီရှကသူ့အကို၏အခြေအနေနှင့် သူနာလန်ထူဆဲဖြစ်ကြောင်းကို ပြောပြလေသည်။ သူ့(မ)မှာသူ့အကိုဆေးအတွက် နေ့တိုင်းအပြင်ထွက်နေရသော်လည်း ထိုခေါင်းမာသောလူကတော့ ဆေးသောက်ဖို့ငြင်းဆန်နေတုန်းပဲပင်။ လီရှက သူ့အကိုဒေါသဘယ်လောက်ဆိုးရွားလာကြောင်း ပြောနေဆဲမှာပင် အခြားသူများအားသူ့ကိုဒီတိုင်းလွှတ်ထားပါရန် အမိန့်ပေးနေသော ဒေါသထွက်နေသည့် အသံသြောသြောတစ်သံကိုကြားလိုက်ရသည်။ ထို့နောက်တွင်တော့ ခွက် သို့မဟုတ် ပန်းကန်လုံးတစ်လုံး ကျကွဲသံကဲ့သို့သော အသံတစ်သံကိုကြားရသည်။ သိပ်မကြာမီမှာပင် အစေခံတော်တော်များများက ထိုအခန်းထဲကမှ၍ ကြောက်လန့်တကြား ပြေးထွက်လာကြသည်။

"ကိုကြီးဖုန်း!" အဲ့ဆေးတစ်ခွက်ရဖို့အတွက်နေ့တိုင်းညီမလေး ဘယ်လောက် ကြိုးစားရလဲကိုကြီးသိလား?" လီရှကအခန်းထဲဝင်သွား၍ ဒေါသထွက်စွာပြောသည်။ "အမြဲဒီလိုပဲ လွှင့်ပစ်နေတော့တာပဲ! အပြင်ထိသွားပီးယူရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲလို့?

"နင့်ကိုဘယ်သူက ခိုင်းနေလို့လဲ" ဖုန်းကအေးစက်စွာပြန်ပြောသည်။

"ကိုကြီးဖုန်းနော်! ဒီလိုခေါင်းမာနေမှဖြစ်မှာလား? ဆေးသောက်ဖို့ကိုလည်းငြင်းတယ်။ ဒီပုံစံအတိုင်းဆိုဘယ်လိုလို့ပြန်ကောင်းလာတော့မှာလဲ"

တံခါးအပြင်ဘက်၌ရပ်နေခဲ့သော ဝေလန်မှာ ဝမ်ဖုန်းရဲ့ပုံစံကြောင့် နေရာ၌ပင်တောင့်တင်းသွားတော့သည်။ သူကသစ်သားစားပွဲပေါ်တွင် တံတောင်ဆစ်တင်ထားပီး လက်သီးနှင့် သူ့ရဲ့လှပသောမေးရိုးကိုထောက်ကန်ထားပီးအေးအေးသက် သာဖြင့်ထိုင်နေသည်။ သူ့ကြည့်ရတာပျင်းနေပုံလည်းပေါ်သည်။ လီရှကသူ့ကို ဆူနေတာကို လုံးဝဂရုမစိုက်သည်မှာ အသိသာကြီးဖြစ်သည်။ ဖုန်းက အနက်ရောင်ဘောင်းဘီတစ်ထည်တည်းသာ ဝတ်ဆင်ထားကာ; ပေါ်နေသော သူ့ရဲ့ရင်ဘတ်မှာတော့ ဒဏ်ရာအားစည်းနှောင်ထားသော ပတ်တီးများအပြည့်နှင့်ဖြစ်သည်။ သူ့ရဲ့ဆံပင်ရှည်တွေကိုတော့ ရိုးရှင်းသောအထုံးတစ်ခုနှင့်သာ ချည်နှောင်ထားသည်။ သူ့ရဲ့အသားအရေက ဖျော့တော့လွန်းလှသည်။ ဖျော့လွန်းလို့ စက္ကူတစ်စလိုပင်။ သူ့နှုတ်ခမ်းများက အရောင်ကင်းမဲ့နေကာ မျက်လုံးထဲတွင်လည်း အပြာရောင်တောက်ပမှုကမရှိတော့ပေ။ ဝေလန်၏နှလုံးသားမှာ သူ့လက်ရှိအခြေအနေကိုကြည့်ပီး နာကျင်လာရသည်။

"ကိုကြီးဖုန်း! ညီမလေးပြောတာ နားရောထောင်နေရဲ့လား?"

"နင်က ငါ့ကိုခေါင်းကိုက်အောင်လာလုပ်နေတာပဲ"သူကအေးစက်စွာပြော၍ လီရှကိုတစ်ချက်ကြည့်လိုက်ကာ

"ပိတ်ထား_"

လီရှနောက်က တံခါးပေါက်တွင်ရပ်နေသော ဝေလန့်ကိုမြင်သွားသောအခါ သူကရပ်တန့်သွားခဲ့သည်။ သူကအလွန်လျှင်မြန်စွာ ထရပ်လိုက်သောကြောင့် ထိုင်ခုံမှာနောက်ပင်လဲကျသွားရသည်။ ဝေလန်၏နှလုံးသားမှာ ဝမ်ဖုန်းရဲ့မည်းနက်သောမျက်လုံးများ သူ့အပေါ်ရောက်လာချိန်တွင် ရင်ဘတ်ထဲက ခုန်ထွက်တော့မလို့ကိုတုန်လှုပ်နေတော့သည်။
အကြောက်တရားများအားလုံးက တစ်ခဏအတွင်းဝေလန့်ဆီပြေးဝင်လာကြသောကြောင့် သူထွက်ပြေးချင်သွားရသည်။ သို့သော် သူထိုသို့မလုပ်နိုင်ခင်မှာပင် သန်မာသောလက်မောင်းများက ခိုင်မြဲစွာ သူ့ကိုရစ်ပတ်ထားပီးပီဖြစ်သည်။

"လန်"

သူ့ဆီကခေါ်သံတစ်ခွန်းတည်းဖြင့်ပင် ဝေလန်မှာကတိများအားလုံးကို အမှတ်ရသွားတော့သည်။

"လန်"

သူ့အသံမှာ တိုးညှင်းသော်လည်း ပျော်ရွှင်မှုကိုတော့အတိုင်းသားကြားနိုင်သည်။ သူ့ရဲ့နှုတ်ခမ်းများက ဝေလန့်ခေါင်းပေါ်တွင်ဖိကပ်ထားတာ၊ လက်များက သူ့(မ)ပုခုံးများတစ်ဝိုက်တွင် ပို၍တင်းကျပ်လာတာ
ကိုခံစားမိသည်။ အဆုံးတွင်တော့ ဝေလန်မှာတူညီသောညင်သာသည့် အပြုံးများကိုမြင်ရရန် လှည့်၍ သူ့ကိုမော့ကြည့်လိုက်သည်။

"ဖုန်း...ဘာလို့များကိုယ့်ကိုယ်ကိုဒီလိုထိခိုက်အောင်လုပ်လာရတာလဲ..." ဝေလန်က သူ့ပါးနှင့်မေးရိုးကို ထိတွေ့ရန် လက်လှမ်းလိုက်ကာ
"နာနေသေးလား? ဘယ်နားမှာဒဏ်ရာရှိ_"

ဖုန်းက ဝေလန့်ရဲ့လက်ကိုယူပီးလက်ချောင်းထိပ်ကလေးတွေကိုနမ်းလိုက်ကာ ဝေလန်ပြောနေတာကိုရပ်တန့်စေလိုက်သည်။ သူ့မျက်လုံးများက ဝေလန့်မျက်လုံးတွေထဲကိုစိုက်ကြည့်နေတာကြောင့် ဝေလန်အကြည့်လွှဲရခက်နေတော့သည်။

"ဝေလန် ဒီလိုမျိုး ဖုန်း ဒဏ်ရာရတာမြင်ရတာကို မကြိုက်ဘူး..."ဝေလန်ကနူးညံ့စွာပြောသည်။ "ဘာလို့များသတိမထားရတာလဲ..."

သူကဝေလန့်ရဲ့ခေါင်းနောက်ကိုကိုင်လိုက်ကာ ကိုင်းညွှတ်၍ဝေလန့်နဖူးကို နမ်းလိုက်သည်။ ဖုန်းကသူ့ရဲ့နှလုံးသားနှင့်အပ်၍ဝေလန့်ကိုထွေးပွေ့ထားသောအခါ သူ(မ)ခံစားရသမျှမှာ နွေးထွေးမှုသာဖြစ်တော့သည်။

🩵🩵🩵🩵🩵

ၪီးေလးဇီသံုးနဲ႔အဘိုးတို႔ ဝမ္ဖုန္းအေၾကာင္းကို ေျပာေနတာ မၾကားမိ ခင္အထိ သူေအးေအးခ်မ္းခ်မ္းေနေတာ့မယ္လို႔ ေဝလန္ကေတြးထားခဲ့တာ။

အိမ္ေရ႔ွစံအား တိုက္ခိုက္ခံရမႈတစ္ခုက ကာကြယ္ေပးခဲ့တာေၾကာင့္ ဝမ္ဖုန္းက ဆိုးဆိုးရြားရြားဒဏ္ရာရသြားခဲ့သည္။ စစ္သူႀကီးႏွင့္ သူ၏တပ္ဖြဲ႔မွာသစၥာေဖာက္မ်ားအား တစ္ေယာက္မက်န္ရွင္းပစ္ႏိုင္ခဲ့ေသာ္လည္း သူကိုယ္တိုင္ကေတာ့ဓါးထိုးခံလိုက္ရသည္။ အဘိုးအတြက္ လက္ဖက္ရည္ကို ယူ၍ဧည့္ခန္းမထဲသို႔ဝင္လာေသာ ေဝလန္ရဲ့လက္ထဲက ဗန္းကေတာ့ ၾကမ္းျပင္ေပၚသို႔က်သြားေတာ့သည္။ ကြဲအက္သြားေသာ ခြက္က အခန္းထဲရိွ လူႏွစ္ေယာက္လံုးကို လန္႔သြားေစခဲ့သည္။

"သူ...သူအဆင္ေျပရဲ့လား?" ေဝလန္ကၪီးေလးဆီ အေလာတႀကီးသြားလိုက္ကာ ၪီးေလးလက္ေမာင္းအား လွမ္းဆုပ္ကိုင္လိုက္သည္။
"ၪီးေလးဇီသံုး ဝမ္ဖုန္းက-"

"သူကၿမိဳ႔ေတာ္ျပန္ေရာက္ပါပီ ေတာ္ဝင္သမားေတာ္ေတြက သူ႔ဒဏ္ရာကိုကုေပးပီးပီ"

"ဒ_ဒါဆို သူအသက္ရွင္မွာလားဟင္?"ေဝလန္မွာ ထိတ္ထိတ္ပ်ာပ်ာျဖင့္ေမးလိုက္သည္။

"အင္း ၪီးေလးလည္းအဲ့တာကိုေတာ့အေသအခ်ာမသိဘူး...လြန္ခဲ့တဲ့ႏွစ္ရက္ကတည္းကဆိုေတာ့..."

"ဒါေပမယ့္ သူေသလို႔မျဖစ္ဘူး!" ေဝလန္႔ရဲ့ ႏွလံုးခုန္ႏႈန္းမွာျမန္လာ၍ ထိတ္လန္႔တုန္လႈပ္လာေတာ့သည္။

"ေဝလန္" အဘိုးက သူ႔ရဲ့တုန္ရီေအးစက္ေနေသာ လက္မ်ားကို ဆြဲယူလိုက္ကာ"ကေလး ဝမ္ဖုန္းက သန္မာတဲ့ေယာက္်ားတစ္ေယာက္ပါ။ သူအဆင္ေျပမွာပါ သမီးစိတ္ေအးေအးထားပါၪီး"

အဘိုးက သူ႔ကိုမငိုဖို႔ ေျပာသည္အထိ သူ႔ကိုယ္သူငိုေနမိသည္မွန္း သူမသိခဲ့ေပ။

ဝမ္ဖုန္းဆီတြင္ ျဖစ္ပ်က္သြားတာကို ၾကားပီးခ်ိန္တြင္
ေဝလန္က အဘိုးအား ၿမိဳ႔ေတာ္သို႔သြားခြင့္ေပးပါရန္ ေတာင္းပန္ေတာ့သည္။ အဘိုးက တြန္႔ဆုတ္ေနခဲ့ေသာ္လည္း အဆံုးတြင္ေတာ့ မင့္ကိုသူ(မ)အား လိုက္ပို႔ခိုင္းလိုက္သည္။ မင္က သူေၾကာက္ေနတာကိုသိတာေၾကာင့္ ဘာမွပင္မေမးေတာ့ပဲ ၿမိဳ႔ေတာ္သို႔
ေန့ေရာညပါ ခရီးႏွင္ေတာ့သည္။ ေဝလန္က မနားခ်င္ေသာ္လည္း မင္ကသူ႔ကိုအတင္းနားခိုင္းသည္_အိပ္ဖို႔ႏွင့္ အစားစားဖို႔အတြက္ေပါ့။ သို႔ေသာ္ သူ႔မွာ စားတယ္ဆိုရံုမ်ျွဖစ္၍ ခဏေလာက္အိပ္ပီးလ်ွင္လည္း ျပန္ႏိုးလာရသည္။ ပံုမွန္ဆိုလ်ွင္ ဂ်င္မွၿမိဳ႔ေတာ္သို႔ တစ္ပတ္ေက်ာ္ထိ သြားရေသာ ခရီးကို မင္ႏွင့္သူေတာ့ ၃ရက္ႏွင့္ပင္ ေရာက္ခဲ့သည္။

"ညီမေလး ကိုႀကီးတို႔ ခုဒီထိေရာက္ပီးမွ မဝင္ေတာ့ဘူးလား?"

ႀကီးမားေသာ ေက်ာက္တံခါးႀကီးႏွင့္ က်ားအေစာင့္ႏွစ္ေကာင္ရုပ္တုမ်ားမွာ သူတို႔ဝမ္အိမ္ေတာ္သို႔ေရာက္ေနပီဆိုတာကိုျပသေနသည္။ ဒါေပမယ့္လို႔ သူကေရ႔ွဆက္မတိုးႏိုင္ေပ။ သူ႔လက္မ်ားကေအးစက္ေနသည္။ ဖုန္းကသူ႔ကိုေတြ့ခ်င္ပါ့မလား သူမသိေပ။ အဆိုးဆံုးမွာ သူက သူ(မ)ကိုမွတ္မိၪီးပါ့မလား။ မသိလိုက္ခင္မွာပင္ သူကတံခါးမ်ားဆီမွ လွည့္ထြက္သြားသည္။

"ညီမေလး" မင္က သူ႔လက္ကိုဆြဲထားကာ ထြက္သြားမွာကေနတားလိုက္သည္။

"ေဝလန္လား?"

လွည့္ၾကည့္လိုက္ရာ ခ်စ္စရာေကာင္းေသာခရမ္းေဖ်ာ့ဝတ္စံုကိုဝတ္ဆင္ထားသည့္ အျဖဴေရာင္မ်က္ႏွာလႊားစာကို ေခါင္းေပၚတြင္ ေဆာင္းထားသည့္ ငယ္ရြယ္ေသာအမ်ိဳးသမီးေလးကိုေတြ့လိုက္ရသည္။
သူ႔ေဘးမွာေတာ့ ပိုရင့္ေသာခရမ္းေရာင္ကိုဝတ္ဆင္ထားသည့္ လွပေသာအေစခံႏွစ္ၪီးက ရိွေနၾကသည္။

"ေဝလန္!" လီရွက ေဝလန္႔ဆီေျပးလာပီး သူ႔လက္ကိုလွမ္းဆြဲသည္။ "တကယ္နင္ပဲ နင္ၿမိဳ႔ေတာ္ဆီျပန္လာတယ္ နင္ျပန္လာတယ္"

သူကေဝလန္႔ကိုဖက္၍ ေပ်ာ္ရႊင္စြာရယ္ေနေတာ့သည္။

"ေနေကာင္းရဲ့လား လီရွ?" လီရွက သူ႔ကိုမွတ္မိဆဲျဖစ္တာေၾကာင့္ သူစိတ္လႈပ္ရွားသြားရကာ လီရွကိုျပန္ဖက္ထားလိုက္သည္။

"ငါကေနေကာင္းပါတယ္ နင္ေရာ? ေနေကာင္းတယ္မဟုတ္လား?"

သူကေခါင္းၿငိမ့္ျပေတာ့ လီရွကသူ႔ကိုထပ္ဖက္သည္။

"အဲ" လီရွက သူ႔လက္ကိုကိုင္ထားရင္းကပင္ ေနာက္ကိုလ်ွင္ျမန္စြာျပန္ဆုတ္သည္။
"နင္ဒီကိုလာတာ ကိုႀကီးဖုန္းေၾကာင့္မလား?သူ႔ဒဏ္ရာအေၾကာင္းၾကားလို႔ေရာက္လာတာ ဟုတ္တယ္မလား?"

သူက ဆက္တိုက္ေျပာရင္းကပင္ မင္ႏွင့္ေဝလန္တို႔ကို ဝမ္အိမ္ေတာ္ထဲသို႔ ကတိုက္ကရိုက္ဝင္ခိုင္းေတာ့သည္။ ေဝလန္မွာတုန္႔ျပန္ခ်ိန္ေတာင္မရလိုက္ပဲ လီရွကသူ႔ကို ႀကီးမားေသာၿခံဝန္းထဲသို႔ေခၚသြားေတာ့သည္။ လီရွကသူ႔အကို၏အေျခအေနႏွင့္ သူနာလန္ထူဆဲျဖစ္ေၾကာင္းကို ေျပာျပေလသည္။ သူ႔(မ)မွာသူ႔အကိုေဆးအတြက္ ေန့တိုင္းအျပင္ထြက္ေနရေသာ္လည္း ထိုေခါင္းမာေသာလူကေတာ့ ေဆးေသာက္ဖို႔ျငင္းဆန္ေနတုန္းပဲပင္။ လီရွက သူ႔အကိုေဒါသဘယ္ေလာက္ဆိုးရြားလာေၾကာင္း ေျပာေနဆဲမွာပင္ အျခားသူမ်ားအားသူ႔ကိုဒီတိုင္းလႊတ္ထားပါရန္ အမိန္႔ေပးေနေသာ ေဒါသထြက္ေနသည့္ အသံေၾသာေၾသာတစ္သံကိုၾကားလိုက္ရသည္။ ထို႔ေနာက္တြင္ေတာ့ ခြက္ သို႔မဟုတ္ ပန္းကန္လံုးတစ္လံုး က်ကြဲသံကဲ့သို႔ေသာ အသံတစ္သံကိုၾကားရသည္။ သိပ္မၾကာမီမွာပင္ အေစခံေတာ္ေတာ္မ်ားမ်ားက ထိုအခန္းထဲကမွ၍ ေၾကာက္လန္႔တၾကား ေျပးထြက္လာၾကသည္။

"ကိုႀကီးဖုန္း!" အဲ့ေဆးတစ္ခြက္ရဖို႔အတြက္ေန့တိုင္းညီမေလး ဘယ္ေလာက္ ႀကိဳးစားရလဲကိုႀကီးသိလား?" လီရွကအခန္းထဲဝင္သြား၍ ေဒါသထြက္စြာေျပာသည္။ "အၿမဲဒီလိုပဲ လႊင့္ပစ္ေနေတာ့တာပဲ! အျပင္ထိသြားပီးယူရတာ ဘာအဓိပၸါယ္ရိွေတာ့မွာလဲလို႔?

"နင့္ကိုဘယ္သူက ခိုင္းေနလို႔လဲ" ဖုန္းကေအးစက္စြာျပန္ေျပာသည္။

"ကိုႀကီးဖုန္းေနာ္! ဒီလိုေခါင္းမာေနမျွဖစ္မွာလား? ေဆးေသာက္ဖို႔ကိုလည္းျငင္းတယ္။ ဒီပံုစံအတိုင္းဆိုဘယ္လိုလို႔ျပန္ေကာင္းလာေတာ့မွာလဲ"

တံခါးအျပင္ဘက္၌ရပ္ေနခဲ့ေသာ ေဝလန္မွာ ဝမ္ဖုန္းရဲ့ပံုစံေၾကာင့္ ေနရာ၌ပင္ေတာင့္တင္းသြားေတာ့သည္။ သူကသစ္သားစားပြဲေပၚတြင္ တံေတာင္ဆစ္တင္ထားပီး လက္သီးႏွင့္ သူ႔ရဲ့လွပေသာေမးရိုးကိုေထာက္ကန္ထားပီးေအးေအးသက္ သာျဖင့္ထိုင္ေနသည္။ သူ႔ၾကည့္ရတာပ်င္းေနပံုလည္းေပၚသည္။ လီရွကသူ႔ကို ဆူေနတာကို လံုးဝဂရုမစိုက္သည္မွာ အသိသာႀကီးျဖစ္သည္။ ဖုန္းက အနက္ေရာင္ေဘာင္းဘီတစ္ထည္တည္းသာ ဝတ္ဆင္ထားကာ; ေပၚေနေသာ သူ႔ရဲ့ရင္ဘတ္မွာေတာ့ ဒဏ္ရာအားစည္းေနွာင္ထားေသာ ပတ္တီးမ်ားအျပည့္ႏွင့္ျဖစ္သည္။ သူ႔ရဲ့ဆံပင္ရွည္ေတြကိုေတာ့ ရိုးရွင္းေသာအထံုးတစ္ခုႏွင့္သာ ခ်ည္ေနွာင္ထားသည္။ သူ႔ရဲ့အသားအေရက ေဖ်ာ့ေတာ့လြန္းလွသည္။ ေဖ်ာ့လြန္းလို႔ စကၠူတစ္စလိုပင္။ သူ႔ႏႈတ္ခမ္းမ်ားက အေရာင္ကင္းမဲ့ေနကာ မ်က္လံုးထဲတြင္လည္း အျပာေရာင္ေတာက္ပမႈကမရိွေတာ့ေပ။ ေဝလန္၏ႏွလံုးသားမွာ သူ႔လက္ရိွအေျခအေနကိုၾကည့္ပီး နာက်င္လာရသည္။

"ကိုႀကီးဖုန္း! ညီမေလးေျပာတာ နားေရာေထာင္ေနရဲ့လား?"

"နင္က ငါ့ကိုေခါင္းကိုက္ေအာင္လာလုပ္ေနတာပဲ"သူကေအးစက္စြာေျပာ၍ လီရွကိုတစ္ခ်က္ၾကည့္လိုက္ကာ

"ပိတ္ထား_"

လီရွေနာက္က တံခါးေပါက္တြင္ရပ္ေနေသာ ေဝလန္႔ကိုျမင္သြားေသာအခါ သူကရပ္တန္႔သြားခဲ့သည္။ သူကအလြန္လ်ွင္ျမန္စြာ ထရပ္လိုက္ေသာေၾကာင့္ ထိုင္ခံုမွာေနာက္ပင္လဲက်သြားရသည္။ ေဝလန္၏ႏွလံုးသားမွာ ဝမ္ဖုန္းရဲ့မည္းနက္ေသာမ်က္လံုးမ်ား သူ႔အေပၚေရာက္လာခ်ိန္တြင္ ရင္ဘတ္ထဲက ခုန္ထြက္ေတာ့မလို႔ကိုတုန္လႈပ္ေနေတာ့သည္။
အေၾကာက္တရားမ်ားအားလံုးက တစ္ခဏအတြင္းေဝလန္႔ဆီေျပးဝင္လာၾကေသာေၾကာင့္ သူထြက္ေျပးခ်င္သြားရသည္။ သို႔ေသာ္ သူထိုသို႔မလုပ္ႏိုင္ခင္မွာပင္ သန္မာေသာလက္ေမာင္းမ်ားက ခိုင္ၿမဲစြာ သူ႔ကိုရစ္ပတ္ထားပီးပီျဖစ္သည္။

"လန္"

သူ႔ဆီကေခၚသံတစ္ခြန္းတည္းျဖင့္ပင္ ေဝလန္မွာကတိမ်ားအားလံုးကို အမွတ္ရသြားေတာ့သည္။

"လန္"

သူ႔အသံမွာ တိုးၫွင္းေသာ္လည္း ေပ်ာ္ရႊင္မႈကိုေတာ့အတိုင္းသားၾကားႏိုင္သည္။ သူ႔ရဲ့ႏႈတ္ခမ္းမ်ားက ေဝလန္႔ေခါင္းေပၚတြင္ဖိကပ္ထားတာ၊ လက္မ်ားက သူ႔(မ)ပုခံုးမ်ားတစ္ဝိုက္တြင္ ပို၍တင္းက်ပ္လာတာ
ကိုခံစားမိသည္။ အဆံုးတြင္ေတာ့ ေဝလန္မွာတူညီေသာညင္သာသည့္ အၿပံဳးမ်ားကိုျမင္ရရန္ လွည့္၍ သူ႔ကိုေမာ့ၾကည့္လိုက္သည္။

"ဖုန္း...ဘာလို႔မ်ားကိုယ့္ကိုယ္ကိုဒီလိုထိခိုက္ေအာင္လုပ္လာရတာလဲ..." ေဝလန္က သူ႔ပါးႏွင့္ေမးရိုးကို ထိေတြ့ရန္ လက္လွမ္းလိုက္ကာ
"နာေနေသးလား? ဘယ္နားမွာဒဏ္ရာရိွ_"

ဖုန္းက ေဝလန္႔ရဲ့လက္ကိုယူပီးလက္ေခ်ာင္းထိပ္ကေလးေတြကိုနမ္းလိုက္ကာ ေဝလန္ေျပာေနတာကိုရပ္တန္႔ေစလိုက္သည္။ သူ႔မ်က္လံုးမ်ားက ေဝလန္႔မ်က္လံုးေတြထဲကိုစိုက္ၾကည့္ေနတာေၾကာင့္ ေဝလန္အၾကည့္လႊဲရခက္ေနေတာ့သည္။

"ေဝလန္ ဒီလိုမ်ိဳး ဖုန္း ဒဏ္ရာရတာျမင္ရတာကို မႀကိဳက္ဘူး..."ေဝလန္ကႏူးညံ့စြာေျပာသည္။ "ဘာလို႔မ်ားသတိမထားရတာလဲ..."

သူကေဝလန္႔ရဲ့ေခါင္းေနာက္ကိုကိုင္လိုက္ကာ ကိုင္းၫႊတ္၍ေဝလန္႔နဖူးကို နမ္းလိုက္သည္။ ဖုန္းကသူ႔ရဲ့ႏွလံုးသားႏွင့္အပ္၍ေဝလန္႔ကိုေထြးေပြ့ထားေသာအခါ သူ(မ)ခံစားရသမ်ွမွာ ေနြးေထြးမႈသာျဖစ္ေတာ့သည္။

Continue Reading

You'll Also Like

73.3K 7.1K 92
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္..... ေကာင္းမြန္ေသာ အိ...
16.4K 1.1K 64
What if Karna is the most powerful ruler of the world? What if he is son of king of Ayodhya? What if his love story has a beautiful ending? What if M...
Our Curse By Lilly

Historical Fiction

7.3K 612 26
This story has been running in my brain lately. About the great sons of Mahabharatha warriors getting cursed to live a painful life in the cruel time...
44.9K 5.2K 41
ဗုဒ္ဒဟူးနေ့တိုင်း update ပါမည် ကြာပန်းဖြူလေးများ